(၆)

1.6K 135 0
                                    

[ရှင်ဘုရင်၏အိပ်မက်ဆိုးများ]

ခပ်ပြပြအလင်းရောင်တစ်ချို့ကို ပိုင်လီထျန်း လှမ်းမြင်နေရသည်။ သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်လျက်။ မိမိ၏ခြေထောက်များက ပျော့ခွေကာလဲကျတော့မည့်ဟန်။ သို့သော် ပိုင်လီထျန်း သတိထားမိသည်က သူအသက်လု၍ပြေးနေခြင်းပင်။ သူပြေးသည်။ ဘယ်သူ့ဆီကလွတ်မြောက်ချင်သည်လဲမသိ။ ဦးတည်ရာမဲ့စွာဖြင့်။

အရှေ့မှခပ်ပြပြအလင်းရောင်က ဝေးသည်ထက်ဝေးလာပြီး သူ့အနောက်ကတစ်စုံတစ်ခုက ပိုင်လီထျန်းကို အတင်းဖမ်းဆုပ်ဝါးမြိုနေသည့်အလား။ 

ရင်ဘတ်တစ်ခုလုံးတင်းကြပ်မောဝေလာသည်။

ပိုင်လီထျန်း ဆက်မပြေးပဲ လက်လျှော့လိုက်သည့်အချိန်တွင် ယာယီတဲစုတ်လေးတစ်ခုထဲရောက်နေသည်ကိုမြင်လိုက်ရ၏။ တဲကုပ်လေးမှာစုတ်ပြတ်လှ၍ သွေးစအချို့လဲပေစွန်းနေပေသည်။ အပြင်တွင်ရဲမက်များက ဟေးလားဝါးလားပျော်ပါးနေသော်ငြား ၎င်းတို့ကကျုန်းလိပြည်၏စစ်သည်တော်များဖြစ်ဟန်မတူပေ။

အထီးကျန်လှသောတဲကုပ်အတွင်းတွင် မုတ်ဆိတ်များပင်ဖြူနေပြီဖြစ်သော အကျဉ်းသားဝတ်စုံနှင့် အဖိုးကြီးနှစ်ယောက်သာရှိနေ၏။

'အမတ်ချုပ်ကြီး! အတိုင်ပင်ခံအမတ်ကြီး!"

ပိုင်လီထျန်းဟစ်ကြွေးလိုက်သည်။ သို့သော်ငြား ဘာသံမျှထွက်မလာ။ မိမိရှေ့မှနှစ်ဦးကလည်း သူ့ကိုပြန်လည်ဖြေကြားနိုင်စွမ်းမရှိတော့ပေ။ လဲကျနေသောအမတ်ချုပ်ကြီးလက်ထဲတွင် ကွဲနေသောကြွေပန်းကန်လုံးတစ်ခုရှိပြီး ၎င်း၏မျက်နှာတစ်ခုလုံးကပြာနှမ်း၍အဆိပ်သောက်သတ်သေထားသည့်အလား။ ထိုအလောင်းရှေ့တွင်တော့ လည်ပင်းတွင်ပြတ်ရှရာတစ်ခုဖြင့် သေဆုံးနေပြီဖြစ်သည့် အတိုင်ပင်ခံအမတ်ကြီးအားမြင်တွေ့ရပေသည်။

ပိုင်လီထျန်းထိုမြင်ကွင်းကို ရင်းရင်းနှီးနှီးသိနေ၏။

- အဆိပ်တစ်ခွက်၊ ဓားတစ်လက်..

သစ္စာဖောက်သွေးနဲ့ရှင်သန်မဲ့အစား မိတ်ဆွေကောင်းနဲ့အတူသေပွဲဝင်ဖို့ကျုပ်ရွေးချယ်တယ် -

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now