[COMPLETED]ကျုန်းလိဘုရင်က ဒီန...

By Deity_YuZhang

129K 10.9K 121

Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yao... More

Description
(၁)
(၂)
(၃)
(၄)
(၅) ❗️
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉) ❗️
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂)
(၄၃)
V1 end
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
(၆၄)
(၆၅)
(၆၆)
(၆၇)
(၆၈)
(၆၉)
(၇၀)
(၇၁)
(၇၂)
(၇၃)
(၇၄)
(၇၅)
(၇၆)
(၇၇)❗️
(၇၈)
(၇၉)
(၈၀)
(၈၁)
(၈၂)
(၈၃)
(၈၄)
(၈၅)
(၈၆)
(၈၇)
(၈၈)
(၈၉)
(၉၀)
(၉၁) ❗️
(၉၂)
Extra - ဖုန်းရွှယ်ပိုင်
(၉၄)
(၉၅)
(၉၆)
(၉၇)
(၉၈)
99
(၁၀၀)
(၁၀၁)
(၁၀၂)
(၁၀၃)
(၁၀၄)
(၁၀၅)
(၁၀၆)
(၁၀၇)
(၁၀၈)
(၁၀၉)
(၁၁၀)
(၁၁၁) ❗️
(၁၁၂) - ပထမပိုင်း
(၁၁၂) - ဒုတိယပိုင်း
(၁၁၃)
(၁၁၄)
(၁၁၅)
(၁၁၆)
(၁၁၇)
(၁၁၈) ❗️ 3p
(၁၁၉)
(၁၂၀)
(၁၂၁)
(၁၂၂)
(၁၂၃)
(၁၂၄)
(၁၂၅)
(၁၂၆)
(၁၂၇)
(၁၂၈)
(၁၂၉)
(၁၃၀) - ဇာတ်သိမ်းပိုင်း
Extra - လီယွန်ဟာ
Extra - သွမ့်ဟန်ချင်း
Extra - လျိုကျန့်နန်
Extra - ဖုန်းရွှယ်ပိုင်

(၉၃)

736 58 0
By Deity_YuZhang

U••

[အလှတရားပေါ်ထွက်လာခြင်း]

ဘဏ္ဍာရေးအမတ်အိမ်တော်၊ သမီးတော်ချင်ယွဲ့ယန်၏ဈာပန။

အိမ်တော်တစ်ခုလုံး၏အခြေအနေကမှောင်မှိုင်းလျက်။ ဈာပနသို့လာသူများသည်ပင် အရိပ်အခြည်အကဲခတ်၍ တတ်နိုင်သလောက် အသံမထွက်ပဲနေမိကြလေသည်။ ဝတ်ရုံဖြူဝတ်ဆင်ထားသည့်ဘဏ္ဍာရေးအမတ်ကမူ ပြုံးလဲမပြုံးသလို ထင်ထားသလို ငိုလည်းငိုမနေချေ။ ၎င်းပုံမှန်အတိုင်းပြုမူနေသည်ကပင် မြင်သူလူအပေါင်းကိုဝမ်းနည်းစေ၏။

ချင်ယွဲ့ယန်ကမည်သူနည်း။ ဘဏ္ဍာရေးအမတ်ကြီးအလွန်ချစ်မြတ်နိုး၍တန်ဖိုးထားရပါသော သမီးတော်လေးပင်မဟုတ်ပါလား။ သူမအတွက်ဆိုလျှင် အမတ်ကြီးကကောင်းကင်မှကြယ်များကိုပင်ခူးဆွတ်ပေးနိုင်သည်အထိ သမီးတော်ကိုအလွန်ချစ်မြတ်နိုး၊အလိုလိုက်ထားကြောင်းလူတိုင်းသိကြသည်ပင်။

ထို့အပြင်ယွဲ့ယန်ကလည်း လိမ္မာရေးခြားရှိ၍ ဖခင်စကားကိုနားထောင်သည့် ယဉ်ကျေးသိမ်မွေ့သောမိန်းမပျိုလေးသာဖြစ်၏။ ထိုအရည်အချင်းရှိသော မိန်းမကောင်းလေးက ငယ်ငယ်ရွယ်ရွယ်၌အသက်ဆုံးရှုံးခဲ့ရသည်မို့ ကြားရသူတိုင်းနှမြောတသစုတ်သက်မိကြလေသည်။

နောင်များတွင်တော့ သူမလေး၏ ရေပြာကဲ့သို့တောက်ပသည့်မျက်ဝန်းများကိုမြင်နိုင်တော့မည်မဟုတ်သလို နာမည်ကြီးလှပါသည့် 'အပျော်မယ်၏တမ်းချင်း'ကကွက်ကိုလည်း ထပ်မံတွေ့ရတော့မည်မဟုတ်ချေ။

သမီးဖြစ်သူ၏အရိုးပြာအိုးကို မျက်နှာတစ်ချက်မပျက်ဘဲ စိုက်ကြည့်နေသော ဘဏ္ဍာရေးအမတ်ကိုကြည့်ရင်း ၎င်းဘာမှမဖြစ်သယောင်ဟန်ဆောင်နေသည်အထင်ဖြင့် အတိုင်ပင်ခံအမတ်ကြီးကနှစ်သိမ့်လေသည်။

"သွားတဲ့သူကသွားပြီပဲ။ ခင်ဗျားကိုယ့်ကိုကိုယ်သာဂရုစိုက်ပါတော့။ ခင်ဗျားရဲ့သမီးလေးကလည်း သူ့အဖေကျန်းမာရေးမကောင်းတာကိုမြင်ချင်မှာမဟုတ်ဘူးလေ"

ဝိညာဉ်ပူဇော်သည့်အမွှေးတိုင်ကိုမျက်နှာသေဖြင့်စိုက်ကြည့်နေသည့် ဘဏ္ဍာရေးအမတ်ကြီးက အတိုင်ပင်ခံအမတ်ကြီး၏စကားကြောင့်ခေါင်းသာငြိမ့်ပြသည်။

"ကျုပ်ကိုယ့်ကိုကိုယ်ဂရုစိုက်မှာပါ။ ဘဝခရီးလမ်းကရှည်တယ်။ တွေ့ကြ၊ဆုံကြပြီးရင်ခွဲခွာရမှာပဲလေ"

အလွန်တည်ငြိမ်နေဆဲဖြစ်သည့် ဘဏ္ဍာရေးအမတ်ကိုကြည့်ရင်း အတိုင်ပင်ခံအမတ်ကြီးကခေါင်းတငြိမ့်ငြိမ့်ဖြင့်။ သူထင်ထားသည်ထက် ဒီလူကတည်ငြိမ်နေခဲ့သည်။ အစက သမီးဖြစ်သူ၏အရိုးပြာကိုပိုက်၍ အဆုတ်ကွဲမတတ်အော်ဟစ်ငိုကြွေးတော့မည်ဟု ခန့်မှန်းမိ၍ အမတ်ချုပ်ကြီးကိုဆွဲကာသူတို့နှစ်ယောက်သားရောက်လာကြခြင်းပင်။

သို့သော်လည်း တစ်ဖက်လူကတည်ငြိမ်နေသည်မို့ ဘာမှနှစ်သိမ့်စရာမလိုတော့ပဲ ဘေးကအဖော်ပြုပေးရုံသာတတ်နိုင်သည်။ သမီးတစ်ယောက်၏ဖခင်အနေဖြင့် အမတ်ချုပ်ကြီးသည်လည်း ဘဏ္ဍာရေးအမတ်၏ခံစားချက်ကိုထပ်တူနားလည်ပေးနိုင်သည်မို့ သက်ပြင်းသာချလေ၏။

"ခင်ဗျားတစ်ယောက်တည်းအဆင်မပြေဘူးဆိုရင် ကျုပ်အိမ်လာနေလို့ရတယ်"

မည်သို့ပင် အစေခံများရှိသည်ဟုဆိုစေကာမူ ၎င်းတို့ကအလုပ်လုပ်ပေးရုံသာတတ်နိုင်ကာ သူတို့သခင်ကြီးကိုအဖော်ပြုပေးဖို့မတတ်နိုင်ကြချေ။ အကယ်၍ ၎င်းသာအမတ်ချုပ်ကြီးအိမ်တွင်လာနေပါက သူ့အိမ်သို့ခဏခဏလာတတ်သည့်ဝမ်ရယ်တို့သားအဖနှင့် မာကျောက်ကစားခြင်း၊ ကဗျာစာပေဖွဲ့ဆိုခြင်းစသည်ဖြင့် အဖော်ပြုပေးနိုင်သည်မို့ အတွေးများကာစိတ်မဆင်းရဲရတော့ချေ။ သို့သော်လည်း ဘဏ္ဍာရေးအမတ်ကတော့ခေါင်းသာခါ၏။

"ကျုပ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျုပ်ရဲ့သားတော်ကအဖော်ပြုပေးဖို့အိမ်မှာရှိတယ်"

သူ့စကားကြောင့် အရှေ့မှအမတ်နှစ်ယောက်သာမက ဈာပနသို့လာသည့်အခြားသူများပါ အံ့သြသွားကြသည်။ ဘဏ္ဍာရေးအမတ်၌သမီးတစ်ယောက်ရှိသည်ဟုသာ လူတိုင်းကသိထားကြသည်မို့ သားတော်အကြောင်းထုတ်ပြောလာသည့်အခါ ဘယ်သူမှမျက်မှန်းမတန်းမိကြချေ။ ဤအဘိုးကြီး၌အမှန်တကယ်ကြီး သားတော်တစ်ပါးရှိနေသေးသည်လား?

သို့လော၊ သို့လောမေးခွန်းများအောက် တည်ငြိမ်စွာထိုင်နေသည့် ဘုရင်မင်းမြတ်၏ နှုတ်ခမ်းပါးကအနည်းတွန့်ကွေးသွားကာ ဘဏ္ဍာရေးအမတ်ဘက်သို့လှည့်၍ဆိုသည်။

"ဒီလိုဆိုမှတော့ အမတ်မင်းဘာလို့အားဟန်ကို အမတ်ချုပ်ကြီးနဲ့မိတ်ဆက်မပေးလိုက်မှာလဲ"

ရှင်ဘုရင်သုံးနှုန်းသွားသည့်ပုံစံအရ ဘဏ္ဍာရေးအမတ်၌အခြားသားတော်တစ်ပါးရှိနေသည်ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင်သိထားပုံပင်။ ထိုအတွေးကြောင့် လူအများကမျက်ခုံးပင့်သွားကာ ဘဏ္ဍာရေးအမတ်ကိုကြည့်မိကြ၏။ အမတ်ကြီးကလည်းပါးနပ်စွာဖြင့် အစေခံတစ်ယောက်ကိုခေါ်ကာ ညွှန်ကြားလိုက်လေသည်။

"သခင်လေးကိုသွားခေါ်ခဲ့ချေ..."

အစေခံထွက်သွားပြီးခဏအကြာ၌ ခြေသံအချို့ကြားလိုက်ရလေသည်။ ထိုအခိုက်၌လူအပေါင်းကအသက်ရှုအောင့်ထားမိကြရင်း အဝင်အဝဘက်သို့ လှမ်းကြည့်နေမိကြ၏။ တစ်ချိန်လုံးဖုံးကွယ်ခံထားရသည့် ဘဏ္ဍာရေးအမတ်၏သားတော်၊ ရှင်ဘုရင်နှင့်ရင်းနှီးဟန်ပေါ်သောထိုလူသား၏ပုံစံကမည်သို့ဖြစ်မည်နည်း။

တကယ်တမ်း ရွှေဝါရောင်ဝတ်ရုံပိုင်ရှင်လေး ခမ်းမထဲဝင်လာသည့်အခါတွင်မူ လူအပေါင်းကပင့်သက်ရှိုက်မိသွားကြသည်။ လူငယ်လေးက ဆံနွယ်များကိုတစ်ဝက်ခန့်စည်းနှောင်၍ ကျန်သည်များကိုပခုံးပေါ်သို့ကပိုကရိုချထားလေ၏။ ဖြူစွတ်ဝင်းဝါသောအသားအရည်၊ သေးသွယ်သောခါး၊ ဖြောင့်မတ်သောကျောပြင်နှင့်ခြေတံရှည်များက တစ်ဖက်လူ၏အလှတရားကိုဖော်ကြူးနေ၏။

ပြစ်မျိုးမှဲ့မထင်အောင်လှသော မျက်နှာလေး၌ နှုတ်ခမ်းဖူးဖူးလေးကစိုစွတ်နီရဲနေကာ နှာတံချွန်ချွန်လေးနှင့်လိုက်ဖက်ညီလှသည်။ အထူးသဖြင့် ထိုစိမ်းပြာရောင်မျက်ဝန်းများပင်။ ပင်လယ်ရေကဲ့သို့ကြည်လင်တောက်ပနေသောထိုမျက်ဝန်းများကို ချင်ယွဲ့ယန်သေဆုံးပြီးနောက် ဘယ်သူကမှထပ်မံမြင်တွေ့ခွင့်မရှိတော့ဟုထင်ခဲ့သော်လည်း ယခုတွင်မူပြန်လည်မြင်တွေ့ခဲ့ရချေပြီ။ ၎င်းက ဘဏ္ဍာရေးအမတ်၏သားတော်စစ်စစ်ဖြစ်ကြောင်း ထိုမျက်ဝန်းများကပင်သက်သေထူနေချေတော့သည်။

လူငယ်လေး၏အလှကိုလူအများက စိတ်ထဲ၌အသိအမှတ်ပြုမိကာ မိနစ်အနည်းငယ်အကြာအထိ ကြောင်အစွာကြည့်နေမိကြ၏။ စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်လေးက သူ့ဖခင်ဘေးသို့လျှောက်သွား၍ ရှင်ဘုရင်ကိုရိုကျိုးစွာဂါရဝပြုလိုက်သည့်အခါမှသာ လက်တွေ့အချိန်သို့ပြန်လည်ရောက်ရှိလာကြတော့သည်။

"အရှင်မင်းကြီး..."

ပိုင်လီထျန်းကခေါင်းငြိမ့်အသိအမှတ်ပြု၍ လက်ခါပြကာ ထရန်အသိပေးလိုက်လေသည်။ ဘဏ္ဍာရေးအမတ်ကြီးကအလိုက်တသိဖြင့်...

"ဒါကကျုပ်ရဲ့ပထမသားတော် ချင်ယဲ့ဟန်ပါ။ ယဲ့ဟန်ကကျန်းမာရေးမကောင်းတော့ အမြဲတမ်းအိမ်တော်ထဲမှာပဲနေတာ။ သူကအေးအေးချမ်းချမ်းနေချင်တော့ ကျုပ်လည်းသူ့ကိုထုတ်ပြဖို့အခွင့်မသာခဲ့ဘူးလေ။ ခင်ဗျားတို့ကိုစောစောကြိုမပြောထားမိတဲ့အတွက်အားနာပါတယ်"

ဘဏ္ဍာရေးအမတ်၏စကားကြောင့် အံ့သြနေသောအမတ်နှစ်ယောက်က ပြုံးရုံသာပြုံးကာ ခေါင်းညိတ်ပြကြသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူကသူတို့ကိုရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခြင်းမဟုတ်သရွေ့ ဘာပြသနာမှမရှိချေ။ အထူးသဖြင့် ယခုအချိန်မျိူး၌ဘဏ္ဍာရေးအမတ်ကိုအဖော်ပြုပေးမည့် တစ်စုံတစ်ယောက်ရှိနေသည်ကိုပင် သူတို့ကကျေနပ်နေချေပြီ။

"ခင်ဗျားရဲ့သားကတကယ်ကိုကြည့်ကောင်းတဲ့လူငယ်လေးပဲ"

အတိုင်ပင်ခံအမတ်ကြီး၏ချီးကျူးစကားကြောင့် လူငယ်လေး၏ပါးပြင်ကအနည်းငယ်နီသွားကာ ခေါင်းငုံ့သွားလေသည်။ ဘဏ္ဍာရေးအမတ်ကတော့ပြုံးရုံသာပြုံး၍ ခေါင်းညိတ်လေ၏။

လူအပေါင်းကထိုလူငယ်လေးကိုသာငေးကြည့်နေမိကြရင်း တီးတိုးတီးတိုးဆွေးနွေးဖို့လည်းမမေ့။

'ဒါကချင်ယွဲ့ယန်ရဲ့ဈာပနသာမဟုတ်ဘူးဆိုရင် အရှေ့ကလူကချင်ယွဲ့ယန်ယောက်ျားလေးလိုဝတ်လာတ
်လို့ပဲတွေးမိတော့မှာ'

'ဟုတ်ပ အဲ့ဒီစိမ်းပြာရောင်မျက်လုံးတွေကိုကြည့်ပါဦး။ တကယ်ကိုချင်ယွဲ့ယန်နဲ့တစ်ထပ်တည်းပဲ'

'မျက်လုံးကိုကြည့်ရုံနဲ့ဆုံးဖြတ်လို့တော့မရဘူးလေ။ ဘာပဲဖြစ်ဖြစ်သူကဘဏ္ဍာရေးအမတ်ရဲ့သားတော်ပဲကို။ ချင်ယွဲ့ယန်ရောသူရော အဖေ့ဆီကမျက်လုံးတောက်တောက်တွေကိုအမွေဆက်ခံတာမထူးခြားပါဘူး'

'ဟုတ်သားပဲ မင်းတို့ကချင်ယွဲ့ယန်နဲ့တူတယ်ပြောရအောင် သူမ မျက်နှာကိုတောင်မြင်ဖူးလို့လား'

'ဘာပဲဖြစ်ဖြစ် ကျုန်းလိပြည်မှာနောက်ထပ်အလှတစ်ပါးတိုးလာပြီလို့ငါတော့မြင်ယောင်နေတယ်'

'ဟုတ်တယ် ဘာပဲဖြစ်ဖြစ်ဒီလိုအလှမျိုးကကျုန်းလိအတွက် ဂုဏ်ယူစရာတစ်ခုပဲလေ'

'ဒါပေမဲ့ ဘဏ္ဍာရေးအမတ်ပြောပုံအရ သူကတရားမဝင်သားဖြစ်တဲ့ပုံပဲ။ စောစောမွေးလာခဲ့ပေမဲ့ လူသိထင်ရှားအသိအမှတ်ပြုမထားခဲ့ဘူးလေ'

'ဒါကိုဘယ်သူကဂရုစိုက်မှာလဲ? ခင်ဗျားမျက်လုံးတွေကိုဖွင့်ပြီးဟိုကိုကြည့်လိုက်ဦး။ ဘယ်တရားမဝင်သားက ရှင်ဘုရင်ဘေးမှာပုံမှန်အတိုင်းစကားပြောနေနိုင်မှာတဲ့လဲ'

တစ်ဖက်လူညွှန်ပြသည့်နေရာကိုကြည့်မိတော့ ပြောသည့်အတိုင်း ဘုရင်မင်းမြတ်နှင့် ချင်ယဲ့ဟန်တို့က အေးအေးလူလူစကားပြောနေကြလေသည်။ ဘုရင်မင်းမြတ်၏နှုတ်ခမ်းပါးကတွန့်ကွေးရုံမျှပြုံးနေကာ တစ်ဖက်ကောင်လေးက အနည်းငယ်ပန်းရောင်သန်းနေသောပါးပြင်လေးနှင့် ပြန်လည်ဖြေကြားနေ၏။ ထိုအပြုအမူကထူးထူးခြားခြားပနံသင့်နေကာ နှစ်ယောက်သားအခုမှတွေ့တာမဟုတ်မှန်းသိသာစေသည်။

တရားခံဖြစ်သည့်ဘုရင်ကြီးကတော့ ဘာကိုမှမခံစားမိသည့်အလား ယဲ့ဟန်ကိုသူ့အနားတွင်သာခေါ်ထား၏။ ခုနကကောင်လေးဝင်လာတုန်း ကြည့်နေသည့်မျက်ဝန်းများကိုသာကြည့်ပါတော့လေ။ ထိုလိုချင်တပ်မက်သည့်မျက်ဝန်းများအောက် သူသာယဲ့ဟန်ကိုဒီတိုင်းလွှတ်ထားလိုက်ပါက ကောင်လေးကိုလူတိုင်းဝိုင်းလုကြမည်ကိုပင်စိုးရိမ်ပါသေးသည်။

သူ့ရှေ့တွင်ရပ်နေသည့်ကောင်လေးက အရိုးပြာအိုးတွင်နာမည်တပ်ထားသည့် အနှီချင်ယွဲ့ယန်ပင်ဖြစ်ပါကြောင်း ဤကမ္ဘာ၌ ကောင်လေးအပါအဝင် သူနှင့် ဘဏ္ဍာရေးအမတ်သာသိပေလိမ့်မည်။

ြ့ဖန့်ထားသောကောလဟာလများက အတုအယောင်များသာဖြစ်၍ ချင်ယွဲ့ယန်ကဘယ်တုန်းကမှ မတော်တဆမရှိခဲ့ဖူးချေ။ အိမ်တွင်ပြန်လည်အနားယူ၍ သူ၏မျက်နှာစည်းပုဝါကိုစွန့်ခွာကာ သာမာန်ယောက်ျားတစ်ယောက်ကဲ့သို့လွတ်လွတ်လပ်လပ်ဝတ်ဆင်နိုင်စေရန် ပိုင်လီထျန်းကိုယ်တိုင်ဖန်တီးပေးခဲ့သည့် ပြသနာတစ်ခုသာဖြစ်သည်။

အကယ်၍ သူသာချင်ယွဲ့ယန်ကိုအနားတွင်ရှိစေလိုပါက အရာအားလုံးပြောင်းလဲပစ်ရမည်ပင်။ ကောင်လေးကိုမိန်းကလေးအတိုင်းဆက်လက်နေစေ၍ တစ်သက်လုံးစိတ်ကျဉ်းကြပ်စွာနေသွားရမည့်အဖြစ်မျိုး သူလက်မခံလို။ ထို့အပြင် ကချေသည်ဟူသည့်ဂုဏ်ပုဒ်ကယွဲ့ယန်နှင့်အတူအမြဲကပ်ပါလာသည်မို့ သူ့အားကောင်းမွန်သောနေရာတစ်ခုမပေးနိုင်မည်ကိုပင်စိုးရိမ်ရသည်။

သို့သော်လည်း ယဲ့ဟန်ကယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်း ကြေငြာလိုက်ပါက မည်မျှပင်ဘုရင့်ခွင့်ပြုချက်ရှိစေကာမူ ၎င်းတို့သားအဖသည် ယခင်ဘုရင်ဟောင်းကိုလှည့်စားရာကျသဖြင့် လူတိုင်း၏ပြစ်တင်ရှုံ့ချမှုကိုခံရပေလိမ့်မည်။ ထို့ကြောင့် ဤနည်းလမ်းကိုသုံး၍ လူငယ်လေးကိုလွတ်လပ်သောဘဝတစ်ခုပိုင်ဆိုင်နိုင်စေရန် ပိုင်လီထျန်းကဖန်တီးပေးခြင်းပင်။

ကျန်ကိစ္စရပ်များကိုတော့ တစ်ဆင့်ချင်းစီအကွက်ချသွားမည်ဖြစ်ကာ ယဲ့ဟန်သည်သူ့အနားသို့တစ်လှမ်းချင်းရောက်လာရပေလိမ့်မည်။ သူခင်းသည့်ဤလမ်း၌အပြန်လမ်းဟူ၍နတ္တိ။ ရှင်ဘုရင်၏ဦးနှောက်ထဲ၌ စနစ်တကျတည်ဆောက်ထားသောအကြံအစည်များဖြင့်ပြည့်နှက်နေ၏။

သူ့သဘောထားကိုသိရတုန်းက ဘဏ္ဍာရေးအမတ်တစ်ယောက် မျက်ရည်ပေါက်ပေါက်ကျ၍ဒူးထောက်ကာငိုကြွေးခဲ့လေသည်။ သူသည်ကားယွဲ့ယန်ကိုအသက်တစ်ချောင်းသာပေးနိုင်၍ ဘဝတစ်ခုကိုတော့မပေးနိုင်ခဲ့။ အကယ်၍ ရှင်ဘုရင်ကသာ စိတ်လိုလက်ရစီမံမပေးပါက သူ့သားတော်တစ်ဘဝလုံးမိန်းကလေးတစ်ယောက်ကဲ့သို့သာနေသွားရပေတော့မည်။

ဘုရင်မင်းမြတ်ကအမှန်တရားကိုသိသည့်တိုင် အမျက်ဒေါသထွက်တော်မမူဘဲ သူတို့သားအဖကိုကူညီပေးခဲ့လေ၏။ ဤကျေးဇူးကြွေးကဆပ်မကုန်နိုင်တော့သည်မို့ ဘဏ္ဍာရေးအမတ်မျက်ရည်မကျပဲမနေနိုင်တော့ချေ။

"ယဲ့ဟန်ရဲ့ဘဝကိုအရှင်မင်းကြီးပေးခဲ့တာပါ။ အခုကစပြီး ကျွန်တော်မျိုးရဲ့သားတော်လေးကအရှင်မင်းကြီးကိုပဲအလုပ်အကျွေးပြုပါလိမ့်မယ်။ ချင်မိသားစုကအရှင့်အတွက်ဓားကောင်းတစ်လက်၊ ဒိုင်းကာတစ်ခုဖြစ်စေပြီး အားကိုးအားထားရာပြုနိုင်ပါတယ်"

ထိုအချိန်၌ ပိုင်လီထျန်းကခေါင်းသာညိတ်ပြခဲ့လေသည်။

"အမတ်ကြီးနှိမ့်ချနေပါပြီ။ ချင်မိသားစုက တော်ဝင်မျိုးနွယ်ကို သစ္စာစောင့်သိခဲ့တဲ့အတွက် ကိုယ်တော်ကဆုလာဘ်ချီးမြှင့်ရုံပါပဲ။ လူတိုင်းအမှားကိုယ်စီရှိနိုင်ကြတယ်... ပြန်ပြင်ဖို့စိတ်ကူးရှိသရွေ့ ဒါကပြသနာမဟုတ်ပါဘူး"

ဤသို့ဖြင့် ချင်ယွဲ့ယန်၏ဈာပနက ကောင်းစွာပြီးမြောက်သွားခဲ့ရာ အပျော်မယ်လေးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာကြ၍ ဘဏ္ဍာရေးအမတ်၏သားတော် ချင်ယဲ့ဟန်ကိုသာ လူအများကအသိအမှတ်ပြုလာကြတော့သည်။ အချို့လူများက ၎င်းရုတ်တရပ်ထွက်ပေါ်လာမှုကိုသံသယဝင်ကြသော်လည်း ဘုရင်မင်းမြတ်ကိုယ်တိုင်ကကာကွယ်ထားသည်မို့ မည်သူကအတွန့်တက်ရဲဦးမည်နည်း။

လူငယ်လေးက စကားနည်းသည်။ လိမ္မာရေးခြားရှိ၍ သတင်းဆိုးလည်းမကြားရ။ အထူးသဖြင့်ရူးလောက်သည့်အလှတရားကိုပိုင်ဆိုင်ကာ လက်ထပ်ရမည့်အရွယ်သို့ရောက်နေချေပြီ။ သားရှင်၊ သမီးရှင်များအားလုံး ချင်အိမ်တော်သို့အပြေးသွား၍ မြန်းချင်လှပါသော်လည်း ဘယ်သူမှမတတ်နိုင်ရှာ။

အဘယ်ကြောင့်နည်း။ ဤအလှလေးက ရှင်ဘုရင်တစ်ယောက်ကိုသာစိတ်ဝင်စားကြောင်း လူတိုင်းသိကြသည်လေ။ မကြာမီအချိန်အတွင်း ကြင်ယာတော်ဖြစ်လာမည့်လူတစ်ယောက်ကိုဘယ်သူကများ မှန်းရဲပါမည်နည်း။ ဘုရင်မင်းမြတ်ကဘယ်သူ့ကိုမှ မတရားမသိမ်းပိုက်ပေမဲ့ အလှလေးတွေအားလုံးကိုကတော့ ဘုရင်မင်းမြတ်ကိုပဲစိတ်ဝင်စားကြတယ်။

ထျန်းနာ.... (ဘုရားရေ...) သူတို့ရဲ့အရှင်က အရင်ဘဝကပြည်ထောင်တစ်ခုလုံးကိုကယ်ခဲ့သလားဆိုတာ ဘယ်သူသိနိုင်မှာလဲ အာ!

ဤသို့ဖြင့် ရွှေနန်းတော်ပြင်ပ၌ စကားစုတစ်ခုက ခေတ်စားခဲ့ချေတော့သည်။

'ကျုန်းလိပြည်၌ သုံးချပ်ပွင့်လွှာများဝေဆာ၍
၎င်းတို့အား ကျုန်းလိဘုရင်ကပိုင်ဆိုင်သည်။
ကောင်းကင်ဘုံ၏သားတော်က ကံကောင်းမှုကိုရှာဖွေရန်မလို၊ ကံကောင်းမှုကသာ ကျုန်းလိဘုရင်ကိုရှာဖွေလိမ့်မည်။
နဂါးမင်း၏သားတော်၌ ကျောက်မျက်ရတနာစီခြယ်သည့် နန်းဆောင်ရှိခြင်းမှာ အံဖွယ်မဟုတ်'

ဟူ၍။

°°

{ကျုန်းလိပြည်မှာ အလှတရားပေါများပေမဲ့ ကျုန်းလိကိုအုပ်စိုးတဲ့ဘုရင်က အဲ့ဒီအလှလေးတွေအားလုံးကိုပိုင်ဆိုင်ပါတယ်။ (ဘယ်တိုင်းပြည်ကမှလာလုလို့မရဘူးလို့ သွယ်ဝိုက်ညွှန်းဆိုတာပါ)

ကျုန်းလိဘုရင်က ကောင်းကင်ဘုံရဲ့သားတော်ဖြစ်လို့ အဲ့ဒီအလှလေးတွေကိုသူကရှာဖို့မလိုပဲ သူ့ရင်ခွင်ထဲကိုပဲအလှလေးတွေက ခိုအောင်းချင်ကြတယ်။ (လှပတဲ့ကြင်ယာတော်များစွာရှိတဲ့ဘုရင်တွေက တဏှာရမ္မက်ကြီးပြီး မတရားမှုတွေကိုပြုလုပ်တယ်လို့ထင်မှတ်ကြတဲ့အတွက် သူတို့ဘုရင်ကဘယ်သူ့ကိုမှအတင်းမသိမ်းပိုက်ထားကြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်)

နဂါးမင်းရဲ့သားတော်လို့တင်စားခေါ်ဝေါ်ကြတဲ့ ဘုရင်မင်းမြတ်ရဲ့နန်းဆောင်မှာ အရောင်အသွေးစုံစွာလှပတဲ့ ကြင်ယာတော်များစွာရှိနေတာက အထူးအဆန်းတော့မဟုတ်ပါဘူး} လို့အဓိပ္ပါယ်ရပါတယ်။

°°

ချင်အိမ်တော်၏အနောက်ခြံဝန်း။

ဘဏ္ဍာရေးအမတ်ထွက်သွားပြီးသည့်နောက် ဘုရင်မင်းမြတ်နှင့်ယဲ့ဟန်နှစ်ဦးတည်းသာကျန်တော့သည်ဖြစ်ရာ တိတ်ဆိတ်အေးချမ်းသောဤအနေအထားကို ဘယ်သူ့ဘက်ကမှစမဖျက်မိကြချေ။

လူငယ်လေးက လက်ဖက်ရည်ခွက်ကိုကိုင်ထားသည့် ဘုရင်မင်းမြတ်ကိုငေးကြည့်ရင်း မျက်နှာပြင်လေးကနီသွားလိုက်၊ မျက်ဝန်းလေးများစိုစွတ်လိုက်ဖြင့်။ ရံဖန်ရံခါ ပါးလေးကိုဖောင်းလိုက်ကားလိုက်လုပ်၍ စိတ်အလိုမကျမှုများပေါ်လာသေးသည်။ တွေးနေသမျှအကုန်မျက်နှာတွင်ပေါ်နေသော ကောင်လေးကိုကြည့်ရင်းပိုင်လီထျန်းမရယ်ပဲမနေနိုင်။

ခပ်ဟဟရယ်သံပျံ့လွင့်လာသည့်အခိုက် ချင်ယဲ့ဟန်၏မျက်နှာကပို၍ပင်ရဲတွတ်လာတော့သည်။ သူ့ရှေ့ကအရှင်မင်းမြတ်က ရူးသွပ်လောက်အောင်ခန့်ညားလွန်းနေ၏။ ဖြောင့်တန်းသောမျက်ခုံးများနှင့် ဆွဲဆောင်မှုအားပြင်းသောမျက်ဝန်းများက စစ်နတ်ဘုရားတစ်ပါး၏ရဲရင့်သောအသွင်ကိုဆောင်ကျဉ်းလျက်။ အကြင်သူ၏တည်ငြိမ်၍အလေးအနက်ထားသောပုံစံက ဘေးပတ်ဝန်းကျင်ကိုပင် သတိလက်လွတ်ဖြစ်သွားအောင်ပြုမူနေ၏။

အထူးသဖြင့် သြရှရှလေသံမှတစ်ဆင့် ခပ်ဟဟရယ်သံက ကြားရသူတိုင်း၏နားဝသို့ဖြတ်သန်းစီးဆင်းသွားကာ နှလုံးခုန်နှုန်းကိုပို၍မြန်လာစေသည်။ အပြုံးမှထွက်လာသော ဘယ်ဘက်ပါးမှပါးချိုင့်လေးနှင့် သွားတက်ချွန်ချွန်လေးများက မူလကျုန်းလိဘုရင်၏အသွင်ကိုဖုံး၍ ပေါ့ပါးသွက်လက်သောလူငယ်တစ်ယောက်ပုံစံပေါ်သွားစေသည်။ ချင်ယဲ့ဟန်တစ်ယောက် မိမိရှေ့မှဖျားယောင်းသူကြီး၏အလှတရားကြား လုံးလုံးလျားလျားကျရှုံးနေခဲ့ချေပြီ။

သူငေးကြည့်နေသည်ကိုမြင်တော့ ဘုရင်မင်းမြတ်ကလှည်ကြည့်လာကာ ကလေးလေးတစ်ယောက်ကိုချော့သကဲ့သို့ သူ့ပါးပြင်လေးကိုခပ်ဖွဖွညှစ်လိုက်လေသည်။

"ဘာမှစိတ်မပူနဲ့တော့... တကယ်လို့အမှန်တရားပေါ်သွားရင်တောင် ကိုယ်တော်မင်းကိုကာကွယ်ပေးမှာပါ"

သူ့အတွေးများကို အတိအကျသိနေသော ဘုရင်မင်းမြတ်ကြောင့် ယဲ့ဟန်မျက်နှာတစ်ခုလုံးပင်ပူထူသွားရ၏။ ပြသနာက ဒီအတွေးမဟုတ်၊ ထိုနောက်ပိုင်း၌သူ့ဘာသူကြံဖန်ငေး၍တွေးနေသော အရှင်မင်းကြီး၏ချောမောမှုများအကြောင်းကိုပါ တစ်ခါတည်းရိပ်မိသွားပါက သူတော့အဆုံးသတ်ချေပြီ။ အရှင်မင်းကြီးရှေ့ သတိလက်လွတ်နေမိသည့် သူ့ကိုယ်သူသာ တွင်းတစ်တွင်းတူး၍ယဲ့ဟန်မြှုပ်ပစ်လိုက်ချင်တော့သည်။

သူထိုသို့အတွေးများနေသည့်အချိန်၌ ဘုရင်မင်းမြတ်က ထိုင်နေရာမှ ဖြည်းဖြည်းချင်းထလိုက်၍ ကောင်းကင်ကိုကြည့်ကာဆိုလာ၏။

"အချိန်မစောတော့ဘူး၊ ကိုယ်တော်ပြန်တော့မယ်။ မင်းကိုယ်မင်းဂရုစိုက်ပါ"

ဘဏ္ဍာရေးအမတ်အိမ်တော်၌အချိန်ကြာကြာရှိနေသည်က မကောင်းသလို သူ့ထံတွင်လည်းအခြားလုပ်စရာများရှိသေးသည်မို့ ပိုင်လီထျန်းစောစောပြန်ဖို့စိတ်ကူးလိုက်၏။ ယဲ့ဟန်ကိုတော့အချိန်အချို့ပေးရဦးမည်ဖြစ်ကာ ထိုကောင်လေးသူ့အပေါ်ထားသည့်ခံစားချက်များအား ဘယ်အချိန်မှထုတ်ဖော်လာမလဲတော့သူမသိချေ။ ဤလိပ်ကလေးက သတ္တိကြောင်လွန်းပါသဖြင့် အခွံထဲပုန်းဖို့အချိန်ခဏတော့ပေးရဦးမည်လေ။

သို့သော်လည်း ပိုင်လီထျန်းထွက်မသွားမီ၌ပင် သူ့အင်္ကျီလက်ကို လှမ်းဆွဲသည့် လက်ချောင်းသွယ်လျလျလေးများအား မြင်တွေ့လိုက်ရချေ၏။ ပိုင်လီထျန်းမျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း အနောက်ကိုလှည့်ကြည့်မိတော့ ယဲ့ဟန်၏စိတ်လှုပ်ရှားနေသောမျက်ဝန်းလေးများဖြင့်သွားဆုံတော့သည်။

"အ..အရှင်..ကျွန်တော်မျိုး..."

ဘာပြောလို့ပြောရမှန်းမသိတော့သော ယဲ့ဟန်ကစိမ်းပြာရောင်မျက်ဝန်းလေးများဖြင့် ပိုင်လီထျန်းကိုငေးကြည့်နေမိတော့သည်။ သူ့မသိစိတ်အရ အရှင်မင်းကြီးကိုလှမ်းဆွဲမိသော်လည်း တကယ်တမ်း၌မူ နှစ်ယောက်ကြားပက်သက်စရာမရှိတော့။ သူ့လျို့ဝှက်ချက်ကိုလည်းထုတ်ဖော်ခံရပြီးဖြစ်ကာ ဘုရင်မင်းမြတ်ကလည်း ချင်ယဲ့ဟန်ဟူသောဘဝတစ်ခုကိုဖန်တီးပေးခဲ့ပြီးချေပြီ။

ထိုက်သင့်သလောင်ကူညီပြီးပြီမို့ နောင်အချိန်များ၌သူ့ဘဝကို ဝင်ရောက်စွက်ဖက်ဖို့ ရှင်ဘုရင်ကစိတ်ကူးတော့မည်မဟုတ်။ ပြသနာက သူကတော့ဘုရင်မင်းမြတ်ကို သူ့ဘဝတစ်ခုလုံးပုံအပ်ပေးချင်နေခြင်းပင်။ နောင်အနာဂါတ်နေ့ရက်များ၌ အရှင့်စကားကိုနားထောင်၍ ထိုလူ၏စိတ်လိုရာအတိုင်းနေချင်ပါသည်ဟု သူမည်သို့ပြောထွက်ပါမည်နည်း။

သို့မဟုတ်... သူ့ကိုတော်ကောက်ပါဟု ဒဲ့ပြောပစ်ရမည်လား? မဖြစ်သေး၊ ဤနည်းလမ်းကရိုးရှင်းသော်လည်း အလွန်ဗရုတ်ကျလွန်းသည်။

အရင်ဆုံးချစ်ခွင့်ပန်၍ အေးအေးဆေးဆေးစဉ်းစားဖို့ပြောရမည်လား? ၎င်းကလည်းအလုပ်မဖြစ်သေးချေ။ အကယ်၍ အရှင်မင်းကြီးကရွှေနန်းတော်ရောက်ခါမှ စဉ်းစားဖို့မေ့သွားလျှင်အဘယ်သို့လုပ်ရမည်နည်း။

ကိုယ်တိုင်နန်းတော်ထဲတိုက်ရိုက်ဝင်ဖို့ကလည်းမဖြစ်နိုင်တော့ပေ။ ချင်ယွဲ့ယန်ဘဝ၌ နန်းတွင်းသူယောင်ဆောင်လို့ရချင်ရဦးမည်ဖြစ်သော်လည်း ရွှေနန်းတော်အတွင်းယောက်ျားသားများအပေါ်ကန့်သတ်ထားမှုက ယခုသူ့အားအနေခက်စေ၏။

ဒါမှမဟုတ်... သူအရင်ဆုံးစားဖိုမှုးဖြစ်အောင်လုပ်သင့်လား? ဒါလည်းမဟုတ်သေးပါချေ။ သူမွေးကတည်းက မီးဖိုချောင်ကိုတစ်ခါမှမဝင်ဖူးသည်မို့ စားဖိုဆောင်ကိုဒုက္ခပေးရာသက်သက်သာကျသွားပေတော့မည်။

စဉ်းစားရင်းစဉ်းစားရင်းဖြင့် အတွေးထဲမြောသွားသော ယဲ့ဟန်တစ်ယောက် သူဘုရင်မင်းမြတ်၏ဝတ်ရုံတော်ကိုအချိန်အကြာကြီးဆွဲထားမိမှန်းတောင်သတိမထားမိတော့ချေ။ ရှင်ဘုရင်ကလည်း သူ့ရှေ့မှလူငယ်လေးကိုစိတ်ဆိုးဟန်မပေါ်၊ ၎င်းကနှုတ်ခမ်းပါးတွန့်ကွေးရုံမျှပြုံးရင်း ယဲ့ဟန်ကိုအတွေးထဲမှဆွဲထုတ်လိုက်လေ၏။

"ဘယ်လိုပဲပြောပြောရပါတယ်"

သူ့အတွေးများကိုထိုးဖောက်ဝင်ရောက်လာသောထိုစကားကြောင့် ယဲ့ဟန်ခေါင်းပေါ်သို့ရေအေးဖြင့်လောင်းချခံလိုက်ရသယောင်ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးတုန်ယင်သွား၍ စကားများပင်အထစ်ထစ်ဖြင့်၊ ခေါင်းကိုခါယမ်းပြ၏။

"ဒါက.. မဟုတ်ဘူး.. အာ..ဟုတ်တယ် ဒါပေမဲ့..."

တစ်ယောက်ထဲရှုပ်နေသောယဲ့ဟန်ကြောင့် ပိုင်လီထျန်းပြုံးလိုက်ရင်း ဝတ်ရုံစကိုဆွဲထားသော လက်ကလေးကိုဆွဲယူကာ သူ့လက်ဖဝါးအကြီးကြီးများထဲ ထည့်လိုက်လေသည်။
ထို့နောက် သူ့ကိုငေးကြည့်နေသော စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်လေး၏ပါးဖောင်းဖောင်းလေးများကို ကျန်လက်တစ်ဖက်ဖြင့် ဖိညှစ်လိုက်လေ၏။

"အားဟန်...မင်းကဘာလို့ဒီလောက်အတွေးများရတာလဲ? ဟမ်?"

ထိုအပြုအမူနှင့် အသုံးအနှုန်းကြောင့် ယဲ့ဟန်မျက်နှာတစ်ခုလုံးနီရဲသွားကာ ပိုင်လီထျန်းလက်ထဲ၌ ပေါက်စီနီနီလေးကိုဖမ်းမိထားသကဲ့သို့ပင်။ အိကျိကျိခံစားမှုက သူ့လက်ထဲရောက်နေ၍ ဂျယ်လီတုံးလေးကိုဖမ်းဆုပ်ထားမိသည့်အလား။

ထိုဂျယ်လီတုံးလေးက ရုတ်တရပ်အပြုအမူကိုနေသားမကျသည့်နှယ် ခေါင်းလေးကိုယမ်း၍ရှောင်ရှားသော်လည်း ၎င်းကအရာမထင်ပါချေ။ မနာအောင်ခပ်ဖွဖွလေးသာဆွဲထားခြင်းဖြစ်သော်လည်း သူ့ရှေ့မှအငိုတုံးလေးကတော့ စိန်ကဲ့သို့ကြည့်လင်တောက်ပသောစိမ်းပြာရောင်မျက်ဝန်းလေးများ၌ မျက်ရည်ဥလေးများတွဲခိုနေတော့သည်။

"အရှင်မင်းကြီး... ပါးက..ကျွန်တော်မျိုးရဲ့ပါးက..."

မခံမရပ်နိုင်လေသံလေးဖြင့်ဆိုလာသော ယဲ့ဟန်ကြောင့် ပိုင်လီထျန်းကမျက်ခုံးတစ်ဖက်ပင့်လျက်။

"လွှတ်ပေးစေချင်တာလား?"

သူ့အမေးကိုခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြသော ယဲ့ဟန်က ကြက်ပေါက်ကလေးအစားစားသည့်နှယ်။ ဆိုးသည်က ကြောင်အိုကြီးပိုင်လီထျန်းတစ်ယောက် ကြက်ကလေးကိုအလွတ်မပေးချင်ပါချေ။ ပါးဖောင်းဖောင်းလေးနှစ်ဖက်လုံးသူ့လက်ထဲရောက်လာသည့်အခါ၌ ပိုင်လီချန်းလက်ကအငြိမ်မနေတော့ပဲ ဖိလိုက်ညှစ်လိုက်ဖြင့် ယဲ့ဟန်၏မျက်နှာလှလှလေးကိုထိုင်ကစားနေလေရဲ့။

"စိတ်မကောင်းစရာက ကိုယ်တော်မလုပ်ချင်တာပဲ"

သူ့စကားကိုကြားတော့ ယဲ့ဟန်မျက်နှာလေးပိုမဲ့သွားကာ ကူရာကယ်ရာမဲ့သည့်ပုံစံဖြင့် သူ့ကိုကြည့်လာလေသည်။

"အခုပြောတော့... မင်းဘာတွေတွေးနေတာလဲ? တကယ်လို့အမှန်အတိုင်းမပြောဘူးဆိုရင်မလွှတ်ပေးဘူး.. ကိုယ်တော်ဒီပါးနှစ်ခုကိုရွှေနန်းတော်အထိယူသွားမယ်"

ခြိမ်းခြောက်ခံရသည့်လိပ်ကလေး၏မျက်ဝန်းလေးများက ဝိုင်းစက်သွားကာ ပိုင်လီထျန်းကိုတစ်လှည့်၊ သူ့ပါးကိုကိုင်ထားသည့်လက်ကိုတစ်လှည့်ကြည့်ရင်း ဗျာများနေလေ၏။ အကယ်၍များ ယခုအချိန် ဘုရင်မင်းမြတ်ကသူ့ကိုလွှတ်မပေးဘူးဆိုရင် နောက်ဘယ်သောအခါမှ သူ့မျက်နှာပေါ်၌ပါးဖောင်းဖောင်းလေးကိုမမြင်ရတော့မည့်နှယ်။

တုံးအလှသောအနှီလူသားလေးကိုကြည့်ရင်း ပိုင်လီထျန်းရယ်ချင်စိတ်ဖြစ်လာသော်လည်း မျက်နှာကိုခပ်တင်းတင်းထား၍ အလိုမကျသည့်ဟန်ပန်ကိုမပျက်စေရပဲခြိမ်းခြောက်လေ၏။

"ကိုယ်တော်က အလုပ်ပင်ပန်းရင်တစ်ခုခုကိုညှစ်ပစ်ချင်တာနော်၊ တကယ်လို့မောင်မင်းသာမြန်မြန်လေးမဆုံးဖြတ်ဘူးဆိုရင် ခုချက်ချင်းသိမ်းသွားရလိမ့်မယ်။ အဲ့အခါကျမှ ဘဏ္ဍာရေးအမတ်ကြီးလာတောင်းရင်တောင်ကိုယ်တော်ပြန်မပေးနိုင်တော့ဘူး"

ကြောက်တတ်လွန်းသောငတုံးလေးကို ခပ်တည်တည်နှင့်ခြိမ်းခြောက်ရသည့်အရသာက ဘာနှင့်မှမလဲနိုင်ချေ။ ပိုင်လီထျန်းက သူ၏ဗီလိန်ဇာတ်ရုပ်ကိုလုံးဝမပျက်စေရ။ မျက်မှောင်ကိုကြုံ့၊ အသံကိုမြှင့်ရင်း အနိုင်ကျင့်ဗိုလ်ကျတတ်သည့်ဘုရင်တစ်ပါး၏ဟန်ပန်ကိုအပြည့်ယူထားလျက်။

သူ့အမူအရာကိုကြည့်ရင်း ယဲ့ဟန်မည်သို့တုန့်ပြန်ရမည်ပင်မသိတော့ချေ။ ရှင်ဘုရင်က ကလေးတစ်ယောက်ကိုခြိမ်းခြောက်သည့်စကားများသုံးနေသော်လည်း အမှန်စင်စစ်သူ့မျက်နှာကမူအလွန်အမင်း အလေးနက်ထားပုံပေါ်နေလေ၏။ ယဲ့ဟန်၏မျက်နှာတစ်ခုလုံးက ဘုရင်မင်းမြတ်လက်ထဲရောက်နေပြီဖြစ်ရာ ငြင်းဆန်ဖို့ပင်မတတ်နိုင်တော့ချေ။

သူအသက်ဝဝရှုလိုက်ရင်း တွန့်ဆုတ်တွန့်ဆုတ်လေသံကြားမှ စကားအနည်းငယ်ကိုထုတ်ပြောလာတော့၏။

"ကျွန်တော်မျိုးတွေးတာက...တွေးတာက.. အရှင့်ကိုမေတ္တာရှိနေတဲ့အကြောင်းပါ"

ပြောပြီးနောက် ခေါင်းလေးငုံ့သွားသော ကောင်လေးကိုကြည့်ရင်း ပိုင်လီထျန်းပြုံးလေသည်။ လိပ်ပေါက်စလေးက အခွံထဲပြန်ဝင်ပုန်းသွားပြီဖြစ်ရာ သူပြန်ဆွဲထုတ်ရုံမှအပါးဘာလုပ်နိုင်ဦးမည်နည်း။ ထို့နောက်တွင်မူ အရပ်ရှည်၍ခန့်ညားသောထိုလူသားက သူ့ရှေ့မှကောင်လေး၏ခါးမှတစ်ဆင့် ရင်ခွင်ထဲဆွဲယူလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် မျက်နှာလေးကိုအုပ်မိုး၍ အကြည့်ချင်းဆုံစေသည်။

ရှင်ဘုရင်၏မျက်ဝန်းများက လေးနက်သည်ထက်ပို၍ နူးညံ့နွေးထွေးသောအကြည့်ဖြင့် ယဲ့ဟန်ကိုကြည့်နေလေသည်။ ထိုမျက်ဝန်းများက လိပ်ကလေး၏ပါးပြင်တစ်ခုလုံးကိုနီရဲသွားစေသည်မို့ နေရခက်စွာကိုယ်လေးကိုကြုံ့ထားမိလေ၏။

"ကောင်းပြီ...ကိုယ်တော်တံဆိပ်နှိပ်လိုက်မယ်"

သြရှရှလေသံထွက်လာပြီးသည့်နောက် ယဲ့ဟန်၏နဖူးပေါ်၌ အိစက်နူးညံ့သောအထိအတွေ့တစ်ခုကိုခံစားလိုက်ရလေသည်။

လေပြေညှင်းများက နှစ်ယောက်ကြားဖြတ်သန်းရန်အကြားအလပ်မရှိ၊ နူးညံ့သောဆံနွယ်များက လေထဲလွင့်မြောနေ၍ နှစ်ဦးသား၏ထွေးပွေ့ထားသောမြင်ကွင်းက အလွန်လိုက်ဖက်ညီစွာပနံသင့်နေတော့သည်။

ရှက်ရွံ့စွာခေါင်းငုံ့ထားသော လူငယ်လေးကိုကြည့်ရင်း ဘုရင်မင်းမြတ်က ရိုးရှင်းစွာအမိန့်ပေးခဲ့လေ၏။

"အခုကစပြီး မင်းကကိုယ်တော့်အပိုင်ပဲ"

ပြင်းထန်စွာခုန်ပေါက်နေသည့် နှလုံးသားကိုတည်ငြိမ်အောင်မလုပ်နိုင်ခင်၌ပင် ဘုရင်မင်းမြတ်ကသူ့ကိုနမ်းရှိုက်လာခဲ့၏။ နှုတ်ခမ်းပါးကိုအလိုက်တသိဖွင့်ဟပေးလိုက်သည့်နောက် နူးညံ့သောလျှာဖျားတစ်ခုက ယဲ့ဟန်၏နှုတ်ခမ်းပါးမှတစ်ဆင့်အရာအားလုံးကိုပြင်းထန်စွာခြယ်လှယ်စိုးမိုးလေတော့သည်။

လူငယ်လေး၏ပါးပြင်၌ စိုစွတ်သောအထိအတွေ့တစ်ခုကျဆင်းလာရင်း ရင်တွင်းမှဝမ်းမြောက်မှုကိုထုတ်ဖော်ပြသနေလေ၏။ သူ့လက်ချောင်းလေးများက စိတ်လှုပ်ရှားမှုကိုမလွန်ဆန်နိုင်စွာ ဘုရင့်ဝတ်ရုံတော်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိလေသည်။

ယခုတွင်မူ သူအိပ်မက်မက်ခွင့်ရှိခဲ့ချေပြီ။ ဘယ်သောအခါမှ မရနိုင်သည့်အဆုံးသတ်ဟုမျှော်လင့်ထားပါသော်ငြား၊ လက်တွေ့ဖြစ်ရပ်ကယဲ့ဟန်ရှေ့မှောက်သို့ရောက်လာခဲ့ပြီဖြစ်၏။ အရှင်ကသူ့ကိုလက်ခံခဲ့သည်။ ဤနိမ့်ကျသည့်လူသားကို သူတစ်ချိန်လုံးငေးကြည့်ခဲ့ရပါသော အရှင်မင်းမြတ်က လက်ခံပေးနိုင်သည်တဲ့။

၎င်းကလက်တွေ့မဆန်လွန်းပါသဖြင့် သူလက်များပင်တုန်ယင်နေကာ အိပ်မက်တစ်ခုဆိုလျှင်တောင် ပျောက်ကွယ်မသွားဖို့ကြိတ်ဆုတောင်းနေခဲ့မိလေ၏။

သူနှစ်ပေါင်းများစွာစောင့်စားခဲ့သည့်နေ့ရက်များအားလုံးကို ယခုတွင်မူနှမြောတသမဖြစ်မိတော့ချေ။ ၎င်းမှာ အေးစက်လှသောဆောင်းရာသီ၌ မီးတောက်တစ်ခုရလာသည့်နှယ်။ အလွန်နွေးထွေးလှပါ၏။ နွေးထွေးလွန်းပါသဖြင့် ထိုမီးတောက်ကလေးကို လက်လွှတ်ဖို့ရာလည်း ယဲ့ဟန်မဝံ့ရဲလှပါချေ။

ဤဘဝတွင်တော့ဖြင့် အကြင်သူ၏ရင်ခွင်၌ရိုကျိုးစွာနာခံရင်း သူလက်ခံရရှိခဲ့သော ထိုအမိန့်တော်အား ယဲ့ဟန်တစ်သက်လုံးအမှတ်ရနေပေတော့မည်။

°°

Z••

[အလွတရားေပၚထြက္လာျခင္း]

ဘ႑ာေရးအမတ္အိမ္ေတာ္၊ သမီးေတာ္ခ်င္ယြဲ႔ယန္၏ဈာပန။

အိမ္ေတာ္တစ္ခုလံုး၏အေျခအေနကေမွာင္မိႈင္းလ်က္။ ဈာပနသို႔လာသူမ်ားသည္ပင္ အရိပ္အျခည္အကဲခတ္၍ တတ္ႏိုင္သေလာက္ အသံမထြက္ပဲေနမိၾကေလသည္။ ဝတ္ရံုျဖဴဝတ္ဆင္ထားသၫ့္ဘ႑ာေရးအမတ္ကမူ ၿပံဳးလဲမၿပံဳးသလို ထင္ထားသလို ငိုလည္းငိုမေနေခ်။ ၄ပံုမွန္အတိုင္းျပဳမူေနသည္ကပင္ ျမင္သူလူအေပါင္းကိုဝမ္းနည္းေစ၏။

ခ်င္ယြဲ႔ယန္ကမည္သူနည္း။ ဘ႑ာေရးအမတ္ႀကီးအလြန္ခ်စ္ျမတ္ႏိုး၍တန္ဖိုးထားရပါေသာ သမီးေတာ္ေလးပင္မဟုတ္ပါလား။ သူမအတြက္ဆိုလ်ွင္ အမတ္ႀကီးကေကာင္းကင္မွၾကယ္မ်ားကိုပင္ခူးဆြတ္ေပးႏိုင္သည္အထိ သမီးေတာ္ကိုအလြန္ခ်စ္ျမတ္ႏိုး၊အလိုလိုက္ထားေၾကာင္းလူတိုင္းသိၾကသည္ပင္။

ထို႔အျပင္ယြဲ႔ယန္ကလည္း လိမၼာေရးျခားရိွ၍ ဖခင္စကားကိုနားေထာင္သၫ့္ ယဉ္ေက်းသိမ္ေမြ့ေသာမိန္းမပ်ိဳေလးသာျဖစ္၏။ ထိုအရည္အခ်င္းရိွေသာ မိန္းမေကာင္းေလးက ငယ္ငယ္ရြယ္ရြယ္၌အသက္ဆံုးရႈံးခဲ့ရသည္မို႔ ၾကားရသူတိုင္းႏွေျမာတသစုတ္သက္မိၾကေလသည္။

ေနာင္မ်ားတြင္ေတာ့ သူမေလး၏ ေရျပာကဲ့သို႔ေတာက္ပသၫ့္မ်က္ဝန္းမ်ားကိုျမင္ႏိုင္ေတာ့မည္မဟုတ္သလို နာမည္ႀကီးလွပါသၫ့္ 'အေပ်ာ္မယ္၏တမ္းခ်င္း'ကကြက္ကိုလည္း ထပ္မံေတြ့ရေတာ့မည္မဟုတ္ေခ်။

သမီးျဖစ္သူ၏အရိုးျပာအိုးကို မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ စိုက္ၾကၫ့္ေနေသာ ဘ႑ာေရးအမတ္ကိုၾကၫ့္ရင္း ၄ဘာမွမျဖစ္သေယာင္ဟန္ေဆာင္ေနသည္အထင္ျဖင့္ အတိုင္ပင္ခံအမတ္ႀကီးကႏွစ္သိမ့္ေလသည္။

"သြားတဲ့သူကသြားၿပီပဲ။ ခင္ဗ်ားကိုယ့္ကိုကိုယ္သာဂရုစိုက္ပါေတာ့။ ခင္ဗ်ားရဲ့သမီးေလးကလည္း သူ႔အေဖက်န္းမာေရးမေကာင္းတာကိုျမင္ခ်င္မွာမဟုတ္ဘူးေလ"

ဝိညာဉ္ပူေဇာ္သၫ့္အေမႊးတိုင္ကိုမ်က္ႏွာေသျဖင့္စိုက္ၾကၫ့္ေနသၫ့္ ဘ႑ာေရးအမတ္ႀကီးက အတိုင္ပင္ခံအမတ္ႀကီး၏စကားေၾကာင့္ေခါင္းသာၿငိမ့္ျပသည္။

"က်ဳပ္ကိုယ့္ကိုကိုယ္ဂရုစိုက္မွာပါ။ ဘဝခရီးလမ္းကရွည္တယ္။ ေတြ့ၾက၊ဆံုၾကၿပီးရင္ခြဲခြာရမွာပဲေလ"

အလြန္တည္ၿငိမ္ေနဆဲျဖစ္သၫ့္ ဘ႑ာေရးအမတ္ကိုၾကၫ့္ရင္း အတိုင္ပင္ခံအမတ္ႀကီးကေခါင္းတၿငိမ့္ၿငိမ့္ျဖင့္။ သူထင္ထားသည္ထက္ ဒီလူကတည္ၿငိမ္ေနခဲ့သည္။ အစက သမီးျဖစ္သူ၏အရိုးျပာကိုပိုက္၍ အဆုတ္ကြဲမတတ္ေအာ္ဟစ္ငိုေႂကြးေတာ့မည္ဟု ခန႔္မွန္းမိ၍ အမတ္ခ်ဳပ္ႀကီးကိုဆြဲကာသူတို႔ႏွစ္ေယာက္သားေရာက္လာၾကျခင္းပင္။

သို႔ေသာ္လည္း တစ္ဖက္လူကတည္ၿငိမ္ေနသည္မို႔ ဘာမွႏွစ္သိမ့္စရာမလိုေတာ့ပဲ ေဘးကအေဖာ္ျပဳေပးရံုသာတတ္ႏိုင္သည္။ သမီးတစ္ေယာက္၏ဖခင္အေနျဖင့္ အမတ္ခ်ဳပ္ႀကီးသည္လည္း ဘ႑ာေရးအမတ္၏ခံစားခ်က္ကိုထပ္တူနားလည္ေပးႏိုင္သည္မို႔ သက္ျပင္းသာခ်ေလ၏။

"ခင္ဗ်ားတစ္ေယာက္တည္းအဆင္မေျပဘူးဆိုရင္ က်ဳပ္အိမ္လာေနလို႔ရတယ္"

မည္သို႔ပင္ အေစခံမ်ားရိွသည္ဟုဆိုေစကာမူ ၄တို႔ကအလုပ္လုပ္ေပးရံုသာတတ္ႏိုင္ကာ သူတို႔သခင္ႀကီးကိုအေဖာ္ျပဳေပးဖို႔မတတ္ႏိုင္ၾကေခ်။ အကယ္၍ ၄သာအမတ္ခ်ဳပ္ႀကီးအိမ္တြင္လာေနပါက သူ႔အိမ္သို႔ခဏခဏလာတတ္သၫ့္ဝမ္ရယ္တို႔သားအဖႏွင့္ မာေက်ာက္ကစားျခင္း၊ ကဗ်ာစာေပဖြဲ႔ဆိုျခင္းစသည္ျဖင့္ အေဖာ္ျပဳေပးႏိုင္သည္မို႔ အေတြးမ်ားကာစိတ္မဆင္းရဲရေတာ့ေခ်။ သို႔ေသာ္လည္း ဘ႑ာေရးအမတ္ကေတာ့ေခါင္းသာခါ၏။

"က်ဳပ္တစ္ေယာက္တည္းမဟုတ္ပါဘူး။ က်ဳပ္ရဲ့သားေတာ္ကအေဖာ္ျပဳေပးဖို႔အိမ္မွာရိွတယ္"

သူ႔စကားေၾကာင့္ အေရ႔ွမွအမတ္ႏွစ္ေယာက္သာမက ဈာပနသို႔လာသၫ့္အျခားသူမ်ားပါ အံ့ၾသသြားၾကသည္။ ဘ႑ာေရးအမတ္၌သမီးတစ္ေယာက္ရိွသည္ဟုသာ လူတိုင္းကသိထားၾကသည္မို႔ သားေတာ္အေၾကာင္းထုတ္ေျပာလာသၫ့္အခါ ဘယ္သူမွမ်က္မွန္းမတန္းမိၾကေခ်။ ဤအဘိုးႀကီး၌အမွန္တကယ္ႀကီး သားေတာ္တစ္ပါးရိွေနေသးသည္လား?

သို႔ေလာ၊ သို႔ေလာေမးခြန္းမ်ားေအာက္ တည္ၿငိမ္စြာထိုင္ေနသၫ့္ ဘုရင္မင္းျမတ္၏ ႏႈတ္ခမ္းပါးကအနည္းတြန႔္ေကြးသြားကာ ဘ႑ာေရးအမတ္ဘက္သို႔လွၫ့္၍ဆိုသည္။

"ဒီလိုဆိုမွေတာ့ အမတ္မင္းဘာလို႔အားဟန္ကို အမတ္ခ်ဳပ္ႀကီးနဲ႔မိတ္ဆက္မေပးလိုက္မွာလဲ"

ရွင္ဘုရင္သံုးႏႈန္းသြားသၫ့္ပံုစံအရ ဘ႑ာေရးအမတ္၌အျခားသားေတာ္တစ္ပါးရိွေနသည္ကို ဘုရင္မင္းျမတ္ကိုယ္ေတာ္တိုင္သိထားပံုပင္။ ထိုအေတြးေၾကာင့္ လူအမ်ားကမ်က္ခံုးပင့္သြားကာ ဘ႑ာေရးအမတ္ကိုၾကၫ့္မိၾက၏။ အမတ္ႀကီးကလည္းပါးနပ္စြာျဖင့္ အေစခံတစ္ေယာက္ကိုေခၚကာ ၫႊန္ၾကားလိုက္ေလသည္။

"သခင္ေလးကိုသြားေခၚခဲ့ေခ်..."

အေစခံထြက္သြားၿပီးခဏအၾကာ၌ ေျခသံအခ်ိဳ႕ၾကားလိုက္ရေလသည္။ ထိုအခိုက္၌လူအေပါင္းကအသက္ရႈေအာင့္ထားမိၾကရင္း အဝင္အဝဘက္သို႔ လွမ္းၾကၫ့္ေနမိၾက၏။ တစ္ခ်ိန္လံုးဖံုးကြယ္ခံထားရသၫ့္ ဘ႑ာေရးအမတ္၏သားေတာ္၊ ရွင္ဘုရင္ႏွင့္ရင္းႏွီးဟန္ေပၚေသာထိုလူသား၏ပံုစံကမည္သို႔ျဖစ္မည္နည္း။

တကယ္တမ္း ေရႊဝါေရာင္ဝတ္ရံုပိုင္ရွင္ေလး ခမ္းမထဲဝင္လာသၫ့္အခါတြင္မူ လူအေပါင္းကပင့္သက္ရိႈက္မိသြားၾကသည္။ လူငယ္ေလးက ဆံႏြယ္မ်ားကိုတစ္ဝက္ခန႔္စည္းေနွာင္၍ က်န္သည္မ်ားကိုပခံုးေပၚသို႔ကပိုကရိုခ်ထားေလ၏။ ျဖဴစြတ္ဝင္းဝါေသာအသားအရည္၊ ေသးသြယ္ေသာခါး၊ ေျဖာင့္မတ္ေသာေက်ာျပင္ႏွင့္ေျခတံရွည္မ်ားက တစ္ဖက္လူ၏အလွတရားကိုေဖာ္ၾကဴးေန၏။

ျပစ္မ်ိဳးမွဲ႔မထင္ေအာင္လွေသာ မ်က္ႏွာေလး၌ ႏႈတ္ခမ္းဖူးဖူးေလးကစိုစြတ္နီရဲေနကာ ႏွာတံခြၽန္ခြၽန္ေလးႏွင့္လိုက္ဖက္ညီလွသည္။ အထူးသျဖင့္ ထိုစိမ္းျပာေရာင္မ်က္ဝန္းမ်ားပင္။ ပင္လယ္ေရကဲ့သို႔ၾကည္လင္ေတာက္ပေနေသာထိုမ်က္ဝန္းမ်ားကို ခ်င္ယြဲ႔ယန္ေသဆံုးၿပီးေနာက္ ဘယ္သူကမွထပ္မံျမင္ေတြ့ခြင့္မရိွေတာ့ဟုထင္ခဲ့ေသာ္လည္း ယခုတြင္မူျပန္လည္ျမင္ေတြ့ခဲ့ရေခ်ၿပီ။ ၄က ဘ႑ာေရးအမတ္၏သားေတာ္စစ္စစ္ျဖစ္ေၾကာင္း ထိုမ်က္ဝန္းမ်ားကပင္သက္ေသထူေနေခ်ေတာ့သည္။

လူငယ္ေလး၏အလွကိုလူအမ်ားက စိတ္ထဲ၌အသိအမွတ္ျပဳမိကာ မိနစ္အနည္းငယ္အၾကာအထိ ေၾကာင္အစြာၾကၫ့္ေနမိၾက၏။ စိမ္းျပာေရာင္မ်က္ဝန္းပိုင္ရွင္ေလးက သူ႔ဖခင္ေဘးသို႔ေလ်ွာက္သြား၍ ရွင္ဘုရင္ကိုရိုက်ိဳးစြာဂါရဝျပဳလိုက္သၫ့္အခါမွသာ လက္ေတြ့အခ်ိန္သို႔ျပန္လည္ေရာက္ရိွလာၾကေတာ့သည္။

"အရွင္မင္းႀကီး..."

ပိုင္လီထ်န္းကေခါင္းၿငိမ့္အသိအမွတ္ျပဳ၍ လက္ခါျပကာ ထရန္အသိေပးလိုက္ေလသည္။ ဘ႑ာေရးအမတ္ႀကီးကအလိုက္တသိျဖင့္...

"ဒါကက်ဳပ္ရဲ့ပထမသားေတာ္ ခ်င္ယဲ့ဟန္ပါ။ ယဲ့ဟန္ကက်န္းမာေရးမေကာင္းေတာ့ အၿမဲတမ္းအိမ္ေတာ္ထဲမွာပဲေနတာ။ သူကေအးေအးခ်မ္းခ်မ္းေနခ်င္ေတာ့ က်ဳပ္လည္းသူ႔ကိုထုတ္ျပဖို႔အခြင့္မသာခဲ့ဘူးေလ။ ခင္ဗ်ားတို႔ကိုေစာေစာႀကိဳမေျပာထားမိတဲ့အတြက္အားနာပါတယ္"

ဘ႑ာေရးအမတ္၏စကားေၾကာင့္ အံ့ၾသေနေသာအမတ္ႏွစ္ေယာက္က ၿပံဳးရံုသာၿပံဳးကာ ေခါင္းညိတ္ျပၾကသည္။ မည္သို႔ပင္ဆိုေစကာမူ တစ္ဖက္လူကသူတို႔ကိုရည္ရြယ္ခ်က္ရိွရိွဖံုးကြယ္ထားျခင္းမဟုတ္သေရြ့ ဘာျပသနာမွမရိွေခ်။ အထူးသျဖင့္ ယခုအခ်ိန္မ်ိူး၌ဘ႑ာေရးအမတ္ကိုအေဖာ္ျပဳေပးမၫ့္ တစ္စံုတစ္ေယာက္ရိွေနသည္ကိုပင္ သူတို႔ကေက်နပ္ေနေခ်ၿပီ။

"ခင္ဗ်ားရဲ့သားကတကယ္ကိုၾကၫ့္ေကာင္းတဲ့လူငယ္ေလးပဲ"

အတိုင္ပင္ခံအမတ္ႀကီး၏ခ်ီးက်ူးစကားေၾကာင့္ လူငယ္ေလး၏ပါးျပင္ကအနည္းငယ္နီသြားကာ ေခါင္းငံု႔သြားေလသည္။ ဘ႑ာေရးအမတ္ကေတာ့ၿပံဳးရံုသာၿပံဳး၍ ေခါင္းညိတ္ေလ၏။

လူအေပါင္းကထိုလူငယ္ေလးကိုသာေငးၾကၫ့္ေနမိၾကရင္း တီးတိုးတီးတိုးေဆြးေနြးဖို႔လည္းမေမ့။

'ဒါကခ်င္ယြဲ႔ယန္ရဲ့ဈာပနသာမဟုတ္ဘူးဆိုရင္ အေရ႔ွကလူကခ်င္ယြဲ႔ယန္ေယာက္်ားေလးလိုဝတ္လာတ
္လို႔ပဲေတြးမိေတာ့မွာ'

'ဟုတ္ပ အဲ့ဒီစိမ္းျပာေရာင္မ်က္လံုးေတြကိုၾကၫ့္ပါဦး။ တကယ္ကိုခ်င္ယြဲ႔ယန္နဲ႔တစ္ထပ္တည္းပဲ'

'မ်က္လံုးကိုၾကၫ့္ရံုနဲ႔ဆံုးျဖတ္လို႔ေတာ့မရဘူးေလ။ ဘာပဲျဖစ္ျဖစ္သူကဘ႑ာေရးအမတ္ရဲ့သားေတာ္ပဲကို။ ခ်င္ယြဲ႔ယန္ေရာသူေရာ အေဖ့ဆီကမ်က္လံုးေတာက္ေတာက္ေတြကိုအေမြဆက္ခံတာမထူးျခားပါဘူး'

'ဟုတ္သားပဲ မင္းတို႔ကခ်င္ယြဲ႔ယန္နဲ႔တူတယ္ေျပာရေအာင္ သူမ မ်က္ႏွာကိုေတာင္ျမင္ဖူးလို႔လား'

'ဘာပဲျဖစ္ျဖစ္ က်ဳန္းလိျပည္မွာေနာက္ထပ္အလွတစ္ပါးတိုးလာၿပီလို႔ငါေတာ့ျမင္ေယာင္ေနတယ္'

'ဟုတ္တယ္ ဘာပဲျဖစ္ျဖစ္ဒီလိုအလွမ်ိဳးကက်ဳန္းလိအတြက္ ဂုဏ္ယူစရာတစ္ခုပဲေလ'

'ဒါေပမဲ့ ဘ႑ာေရးအမတ္ေျပာပံုအရ သူကတရားမဝင္သားျဖစ္တဲ့ပံုပဲ။ ေစာေစာေမြးလာခဲ့ေပမဲ့ လူသိထင္ရွားအသိအမွတ္ျပဳမထားခဲ့ဘူးေလ'

'ဒါကိုဘယ္သူကဂရုစိုက္မွာလဲ? ခင္ဗ်ားမ်က္လံုးေတြကိုဖြင့္ၿပီးဟိုကိုၾကၫ့္လိုက္ဦး။ ဘယ္တရားမဝင္သားက ရွင္ဘုရင္ေဘးမွာပံုမွန္အတိုင္းစကားေျပာေနႏိုင္မွာတဲ့လဲ'

တစ္ဖက္လူၫႊန္ျပသၫ့္ေနရာကိုၾကၫ့္မိေတာ့ ေျပာသၫ့္အတိုင္း ဘုရင္မင္းျမတ္ႏွင့္ ခ်င္ယဲ့ဟန္တို႔က ေအးေအးလူလူစကားေျပာေနၾကေလသည္။ ဘုရင္မင္းျမတ္၏ႏႈတ္ခမ္းပါးကတြန႔္ေကြးရံုမ်ွၿပံဳးေနကာ တစ္ဖက္ေကာင္ေလးက အနည္းငယ္ပန္းေရာင္သန္းေနေသာပါးျပင္ေလးႏွင့္ ျပန္လည္ေျဖၾကားေန၏။ ထိုအျပဳအမူကထူးထူးျခားျခားပနံသင့္ေနကာ ႏွစ္ေယာက္သားအခုမွေတြ့တာမဟုတ္မွန္းသိသာေစသည္။

တရားခံျဖစ္သၫ့္ဘုရင္ႀကီးကေတာ့ ဘာကိုမွမခံစားမိသၫ့္အလား ယဲ့ဟန္ကိုသူ႔အနားတြင္သာေခၚထား၏။ ခုနကေကာင္ေလးဝင္လာတုန္း ၾကၫ့္ေနသၫ့္မ်က္ဝန္းမ်ားကိုသာၾကၫ့္ပါေတာ့ေလ။ ထိုလိုခ်င္တပ္မက္သၫ့္မ်က္ဝန္းမ်ားေအာက္ သူသာယဲ့ဟန္ကိုဒီတိုင္းလႊတ္ထားလိုက္ပါက ေကာင္ေလးကိုလူတိုင္းဝိုင္းလုၾကမည္ကိုပင္စိုးရိမ္ပါေသးသည္။

သူ႔ေရ႔ွတြင္ရပ္ေနသၫ့္ေကာင္ေလးက အရိုးျပာအိုးတြင္နာမည္တပ္ထားသၫ့္ အႏွီခ်င္ယြဲ႔ယန္ပင္ျဖစ္ပါေၾကာင္း ဤကမ႓ာ၌ ေကာင္ေလးအပါအဝင္ သူႏွင့္ ဘ႑ာေရးအမတ္သာသိေပလိမ့္မည္။

ျ့ဖန႔္ထားေသာေကာလဟာလမ်ားက အတုအေယာင္မ်ားသာျဖစ္၍ ခ်င္ယြဲ႔ယန္ကဘယ္တုန္းကမွ မေတာ္တဆမရိွခဲ့ဖူးေခ်။ အိမ္တြင္ျပန္လည္အနားယူ၍ သူ၏မ်က္ႏွာစည္းပုဝါကိုစြန႔္ခြာကာ သာမာန္ေယာက္်ားတစ္ေယာက္ကဲ့သို႔လြတ္လြတ္လပ္လပ္ဝတ္ဆင္ႏိုင္ေစရန္ ပိုင္လီထ်န္းကိုယ္တိုင္ဖန္တီးေပးခဲ့သၫ့္ ျပသနာတစ္ခုသာျဖစ္သည္။

အကယ္၍ သူသာခ်င္ယြဲ႔ယန္ကိုအနားတြင္ရိွေစလိုပါက အရာအားလံုးေျပာင္းလဲပစ္ရမည္ပင္။ ေကာင္ေလးကိုမိန္းကေလးအတိုင္းဆက္လက္ေနေစ၍ တစ္သက္လံုးစိတ္က်ဉ္းၾကပ္စြာေနသြားရမၫ့္အျဖစ္မ်ိဳး သူလက္မခံလို။ ထို႔အျပင္ ကေခ်သည္ဟူသၫ့္ဂုဏ္ပုဒ္ကယြဲ႔ယန္ႏွင့္အတူအၿမဲကပ္ပါလာသည္မို႔ သူ႔အားေကာင္းမြန္ေသာေနရာတစ္ခုမေပးႏိုင္မည္ကိုပင္စိုးရိမ္ရသည္။

သို႔ေသာ္လည္း ယဲ့ဟန္ကေယာက္်ားေလးတစ္ေယာက္ျဖစ္ေၾကာင္း ေၾကျငာလိုက္ပါက မည္မ်ွပင္ဘုရင့္ခြင့္ျပဳခ်က္ရိွေစကာမူ ၄တို႔သားအဖသည္ ယခင္ဘုရင္ေဟာင္းကိုလွၫ့္စားရာက်သျဖင့္ လူတိုင္း၏ျပစ္တင္ရႈံ႔ခ်မႈကိုခံရေပလိမ့္မည္။ ထို႔ေၾကာင့္ ဤနည္းလမ္းကိုသံုး၍ လူငယ္ေလးကိုလြတ္လပ္ေသာဘဝတစ္ခုပိုင္ဆိုင္ႏိုင္ေစရန္ ပိုင္လီထ်န္းကဖန္တီးေပးျခင္းပင္။

က်န္ကိစၥရပ္မ်ားကိုေတာ့ တစ္ဆင့္ခ်င္းစီအကြက္ခ်သြားမည္ျဖစ္ကာ ယဲ့ဟန္သည္သူ႔အနားသို႔တစ္လွမ္းခ်င္းေရာက္လာရေပလိမ့္မည္။ သူခင္းသၫ့္ဤလမ္း၌အျပန္လမ္းဟူ၍နတၲိ။ ရွင္ဘုရင္၏ဦးေနွာက္ထဲ၌ စနစ္တက်တည္ေဆာက္ထားေသာအႀကံအစည္မ်ားျဖင့္ျပၫ့္ႏွက္ေန၏။

သူ႔သေဘာထားကိုသိရတုန္းက ဘ႑ာေရးအမတ္တစ္ေယာက္ မ်က္ရည္ေပါက္ေပါက္က်၍ဒူးေထာက္ကာငိုေႂကြးခဲ့ေလသည္။ သူသည္ကားယြဲ႔ယန္ကိုအသက္တစ္ေခ်ာင္းသာေပးႏိုင္၍ ဘဝတစ္ခုကိုေတာ့မေပးႏိုင္ခဲ့။ အကယ္၍ ရွင္ဘုရင္ကသာ စိတ္လိုလက္ရစီမံမေပးပါက သူ႔သားေတာ္တစ္ဘဝလံုးမိန္းကေလးတစ္ေယာက္ကဲ့သို႔သာေနသြားရေပေတာ့မည္။

ဘုရင္မင္းျမတ္ကအမွန္တရားကိုသိသၫ့္တိုင္ အမ်က္ေဒါသထြက္ေတာ္မမူဘဲ သူတို႔သားအဖကိုကူညီေပးခဲ့ေလ၏။ ဤေက်းဇူးေႂကြးကဆပ္မကုန္ႏိုင္ေတာ့သည္မို႔ ဘ႑ာေရးအမတ္မ်က္ရည္မက်ပဲမေနႏိုင္ေတာ့ေခ်။

"ယဲ့ဟန္ရဲ့ဘဝကိုအရွင္မင္းႀကီးေပးခဲ့တာပါ။ အခုကစၿပီး ကြၽန္ေတာ္မ်ိဳးရဲ့သားေတာ္ေလးကအရွင္မင္းႀကီးကိုပဲအလုပ္အေကြၽးျပဳပါလိမ့္မယ္။ ခ်င္မိသားစုကအရွင့္အတြက္ဓားေကာင္းတစ္လက္၊ ဒိုင္းကာတစ္ခုျဖစ္ေစၿပီး အားကိုးအားထားရာျပဳႏိုင္ပါတယ္"

ထိုအခ်ိန္၌ ပိုင္လီထ်န္းကေခါင္းသာညိတ္ျပခဲ့ေလသည္။

"အမတ္ႀကီးႏိွမ့္ခ်ေနပါၿပီ။ ခ်င္မိသားစုက ေတာ္ဝင္မ်ိဳးႏြယ္ကို သစၥာေစာင့္သိခဲ့တဲ့အတြက္ ကိုယ္ေတာ္ကဆုလာဘ္ခ်ီးျမႇင့္ရံုပါပဲ။ လူတိုင္းအမွားကိုယ္စီရိွႏိုင္ၾကတယ္... ျပန္ျပင္ဖို႔စိတ္ကူးရိွသေရြ့ ဒါကျပသနာမဟုတ္ပါဘူး"

ဤသို႔ျဖင့္ ခ်င္ယြဲ႔ယန္၏ဈာပနက ေကာင္းစြာၿပီးေျမာက္သြားခဲ့ရာ အေပ်ာ္မယ္ေလးကိုေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္လာၾက၍ ဘ႑ာေရးအမတ္၏သားေတာ္ ခ်င္ယဲ့ဟန္ကိုသာ လူအမ်ားကအသိအမွတ္ျပဳလာၾကေတာ့သည္။ အခ်ိဳ႕လူမ်ားက ၄ရုတ္တရပ္ထြက္ေပၚလာမႈကိုသံသယဝင္ၾကေသာ္လည္း ဘုရင္မင္းျမတ္ကိုယ္တိုင္ကကာကြယ္ထားသည္မို႔ မည္သူကအတြန႔္တက္ရဲဦးမည္နည္း။

လူငယ္ေလးက စကားနည္းသည္။ လိမၼာေရးျခားရိွ၍ သတင္းဆိုးလည္းမၾကားရ။ အထူးသျဖင့္ရူးေလာက္သၫ့္အလွတရားကိုပိုင္ဆိုင္ကာ လက္ထပ္ရမၫ့္အရြယ္သို႔ေရာက္ေနေခ်ၿပီ။ သားရွင္၊ သမီးရွင္မ်ားအားလံုး ခ်င္အိမ္ေတာ္သို႔အေျပးသြား၍ ျမန္းခ်င္လွပါေသာ္လည္း ဘယ္သူမွမတတ္ႏိုင္ရွာ။

အဘယ္ေၾကာင့္နည္း။ ဤအလွေလးက ရွင္ဘုရင္တစ္ေယာက္ကိုသာစိတ္ဝင္စားေၾကာင္း လူတိုင္းသိၾကသည္ေလ။ မၾကာမီအခ်ိန္အတြင္း ၾကင္ယာေတာ္ျဖစ္လာမၫ့္လူတစ္ေယာက္ကိုဘယ္သူကမ်ား မွန္းရဲပါမည္နည္း။ ဘုရင္မင္းျမတ္ကဘယ္သူ႔ကိုမွ မတရားမသိမ္းပိုက္ေပမဲ့ အလွေလးေတြအားလံုးကိုကေတာ့ ဘုရင္မင္းျမတ္ကိုပဲစိတ္ဝင္စားၾကတယ္။

ထ်န္းနာ.... (ဘုရားေရ...) သူတို႔ရဲ့အရွင္က အရင္ဘဝကျပည္ေထာင္တစ္ခုလံုးကိုကယ္ခဲ့သလားဆိုတာ ဘယ္သူသိႏိုင္မွာလဲ အာ!

ဤသို႔ျဖင့္ ေရႊနန္းေတာ္ျပင္ပ၌ စကားစုတစ္ခုက ေခတ္စားခဲ့ေခ်ေတာ့သည္။

'က်ဳန္းလိျပည္၌ သံုးခ်ပ္ပြင့္လႊာမ်ားေဝဆာ၍
၄တို႔အား က်ဳန္းလိဘုရင္ကပိုင္ဆိုင္သည္။
ေကာင္းကင္ဘံု၏သားေတာ္က ကံေကာင္းမႈကိုရွာေဖြရန္မလို၊ ကံေကာင္းမႈကသာ က်ဳန္းလိဘုရင္ကိုရွာေဖြလိမ့္မည္။
နဂါးမင္း၏သားေတာ္၌ ေက်ာက္မ်က္ရတနာစီျခယ္သၫ့္ နန္းေဆာင္ရိျွခင္းမွာ အံဖြယ္မဟုတ္'

ဟူ၍။

°°

{က်ဳန္းလိျပည္မွာ အလွတရားေပါမ်ားေပမဲ့ က်ဳန္းလိကိုအုပ္စိုးတဲ့ဘုရင္က အဲ့ဒီအလွေလးေတြအားလံုးကိုပိုင္ဆိုင္ပါတယ္။ (ဘယ္တိုင္းျပည္ကမွလာလုလို႔မရဘူးလို႔ သြယ္ဝိုက္ၫႊန္းဆိုတာပါ)

က်ဳန္းလိဘုရင္က ေကာင္းကင္ဘံုရဲ့သားေတာ္ျဖစ္လို႔ အဲ့ဒီအလွေလးေတြကိုသူကရွာဖို႔မလိုပဲ သူ႔ရင္ခြင္ထဲကိုပဲအလွေလးေတြက ခိုေအာင္းခ်င္ၾကတယ္။ (လွပတဲ့ၾကင္ယာေတာ္မ်ားစြာရိွတဲ့ဘုရင္ေတြက တဏွာရမၼက္ႀကီးၿပီး မတရားမႈေတြကိုျပဳလုပ္တယ္လို႔ထင္မွတ္ၾကတဲ့အတြက္ သူတို႔ဘုရင္ကဘယ္သူ႔ကိုမွအတင္းမသိမ္းပိုက္ထားေၾကာင္း ေဖာ္ျပထားျခင္းျဖစ္ပါတယ္)

နဂါးမင္းရဲ့သားေတာ္လို႔တင္စားေခၚေဝၚၾကတဲ့ ဘုရင္မင္းျမတ္ရဲ့နန္းေဆာင္မွာ အေရာင္အေသြးစံုစြာလွပတဲ့ ၾကင္ယာေတာ္မ်ားစြာရိွေနတာက အထူးအဆန္းေတာ့မဟုတ္ပါဘူး} လို႔အဓိပၸါယ္ရပါတယ္။

°°

ခ်င္အိမ္ေတာ္၏အေနာက္ၿခံဝန္း။

ဘ႑ာေရးအမတ္ထြက္သြားၿပီးသၫ့္ေနာက္ ဘုရင္မင္းျမတ္ႏွင့္ယဲ့ဟန္ႏွစ္ဦးတည္းသာက်န္ေတာ့သည္ျဖစ္ရာ တိတ္ဆိတ္ေအးခ်မ္းေသာဤအေနအထားကို ဘယ္သူ႔ဘက္ကမွစမဖ်က္မိၾကေခ်။

လူငယ္ေလးက လက္ဖက္ရည္ခြက္ကိုကိုင္ထားသၫ့္ ဘုရင္မင္းျမတ္ကိုေငးၾကၫ့္ရင္း မ်က္ႏွာျပင္ေလးကနီသြားလိုက္၊ မ်က္ဝန္းေလးမ်ားစိုစြတ္လိုက္ျဖင့္။ ရံဖန္ရံခါ ပါးေလးကိုေဖာင္းလိုက္ကားလိုက္လုပ္၍ စိတ္အလိုမက်မႈမ်ားေပၚလာေသးသည္။ ေတြးေနသမ်ွအကုန္မ်က္ႏွာတြင္ေပၚေနေသာ ေကာင္ေလးကိုၾကၫ့္ရင္းပိုင္လီထ်န္းမရယ္ပဲမေနႏိုင္။

ခပ္ဟဟရယ္သံပ်ံ့လြင့္လာသၫ့္အခိုက္ ခ်င္ယဲ့ဟန္၏မ်က္ႏွာကပို၍ပင္ရဲတြတ္လာေတာ့သည္။ သူ႔ေရ႔ွကအရွင္မင္းျမတ္က ရူးသြပ္ေလာက္ေအာင္ခန႔္ညားလြန္းေန၏။ ေျဖာင့္တန္းေသာမ်က္ခံုးမ်ားႏွင့္ ဆြဲေဆာင္မႈအားျပင္းေသာမ်က္ဝန္းမ်ားက စစ္နတ္ဘုရားတစ္ပါး၏ရဲရင့္ေသာအသြင္ကိုေဆာင္က်ဉ္းလ်က္။ အၾကင္သူ၏တည္ၿငိမ္၍အေလးအနက္ထားေသာပံုစံက ေဘးပတ္ဝန္းက်င္ကိုပင္ သတိလက္လြတ္ျဖစ္သြားေအာင္ျပဳမူေန၏။

အထူးသျဖင့္ ၾသရွရွေလသံမွတစ္ဆင့္ ခပ္ဟဟရယ္သံက ၾကားရသူတိုင္း၏နားဝသို႔ျဖတ္သန္းစီးဆင္းသြားကာ ႏွလံုးခုန္ႏႈန္းကိုပို၍ျမန္လာေစသည္။ အၿပံဳးမွထြက္လာေသာ ဘယ္ဘက္ပါးမွပါးခ်ိဳင့္ေလးႏွင့္ သြားတက္ခြၽန္ခြၽန္ေလးမ်ားက မူလက်ဳန္းလိဘုရင္၏အသြင္ကိုဖံုး၍ ေပါ့ပါးသြက္လက္ေသာလူငယ္တစ္ေယာက္ပံုစံေပၚသြားေစသည္။ ခ်င္ယဲ့ဟန္တစ္ေယာက္ မိမိေရ႔ွမွဖ်ားေယာင္းသူႀကီး၏အလွတရားၾကား လံုးလံုးလ်ားလ်ားက်ရႈံးေနခဲ့ေခ်ၿပီ။

သူေငးၾကၫ့္ေနသည္ကိုျမင္ေတာ့ ဘုရင္မင္းျမတ္ကလွည္ၾကၫ့္လာကာ ကေလးေလးတစ္ေယာက္ကိုေခ်ာ့သကဲ့သို႔ သူ႔ပါးျပင္ေလးကိုခပ္ဖြဖြၫွစ္လိုက္ေလသည္။

"ဘာမွစိတ္မပူနဲ႔ေတာ့... တကယ္လို႔အမွန္တရားေပၚသြားရင္ေတာင္ ကိုယ္ေတာ္မင္းကိုကာကြယ္ေပးမွာပါ"

သူ႔အေတြးမ်ားကို အတိအက်သိေနေသာ ဘုရင္မင္းျမတ္ေၾကာင့္ ယဲ့ဟန္မ်က္ႏွာတစ္ခုလံုးပင္ပူထူသြားရ၏။ ျပသနာက ဒီအေတြးမဟုတ္၊ ထိုေနာက္ပိုင္း၌သူ႔ဘာသူႀကံဖန္ေငး၍ေတြးေနေသာ အရွင္မင္းႀကီး၏ေခ်ာေမာမႈမ်ားအေၾကာင္းကိုပါ တစ္ခါတည္းရိပ္မိသြားပါက သူေတာ့အဆံုးသတ္ေခ်ၿပီ။ အရွင္မင္းႀကီးေရ႔ွ သတိလက္လြတ္ေနမိသၫ့္ သူ႔ကိုယ္သူသာ တြင္းတစ္တြင္းတူး၍ယဲ့ဟန္ျမႇဳပ္ပစ္လိုက္ခ်င္ေတာ့သည္။

သူထိုသို႔အေတြးမ်ားေနသၫ့္အခ်ိန္၌ ဘုရင္မင္းျမတ္က ထိုင္ေနရာမွ ျဖည္းျဖည္းခ်င္းထလိုက္၍ ေကာင္းကင္ကိုၾကၫ့္ကာဆိုလာ၏။

"အခ်ိန္မေစာေတာ့ဘူး၊ ကိုယ္ေတာ္ျပန္ေတာ့မယ္။ မင္းကိုယ္မင္းဂရုစိုက္ပါ"

ဘ႑ာေရးအမတ္အိမ္ေတာ္၌အခ်ိန္ၾကာၾကာရိွေနသည္က မေကာင္းသလို သူ႔ထံတြင္လည္းအျခားလုပ္စရာမ်ားရိွေသးသည္မို႔ ပိုင္လီထ်န္းေစာေစာျပန္ဖို႔စိတ္ကူးလိုက္၏။ ယဲ့ဟန္ကိုေတာ့အခ်ိန္အခ်ိဳ႕ေပးရဦးမည္ျဖစ္ကာ ထိုေကာင္ေလးသူ႔အေပၚထားသၫ့္ခံစားခ်က္မ်ားအား ဘယ္အခ်ိန္မွထုတ္ေဖာ္လာမလဲေတာ့သူမသိေခ်။ ဤလိပ္ကေလးက သတၲိေၾကာင္လြန္းပါသျဖင့္ အခြံထဲပုန္းဖို႔အခ်ိန္ခဏေတာ့ေပးရဦးမည္ေလ။

သို႔ေသာ္လည္း ပိုင္လီထ်န္းထြက္မသြားမီ၌ပင္ သူ႔အက်ႌလက္ကို လွမ္းဆြဲသၫ့္ လက္ေခ်ာင္းသြယ္လ်လ်ေလးမ်ားအား ျမင္ေတြ့လိုက္ရေခ်၏။ ပိုင္လီထ်န္းမ်က္ေမွာင္တစ္ခ်က္ႀကံဳ႔လိုက္ရင္း အေနာက္ကိုလွၫ့္ၾကၫ့္မိေတာ့ ယဲ့ဟန္၏စိတ္လႈပ္ရွားေနေသာမ်က္ဝန္းေလးမ်ားျဖင့္သြားဆံုေတာ့သည္။

"အ..အရွင္..ကြၽန္ေတာ္မ်ိဳး..."

ဘာေျပာလို႔ေျပာရမွန္းမသိေတာ့ေသာ ယဲ့ဟန္ကစိမ္းျပာေရာင္မ်က္ဝန္းေလးမ်ားျဖင့္ ပိုင္လီထ်န္းကိုေငးၾကၫ့္ေနမိေတာ့သည္။ သူ႔မသိစိတ္အရ အရွင္မင္းႀကီးကိုလွမ္းဆြဲမိေသာ္လည္း တကယ္တမ္း၌မူ ႏွစ္ေယာက္ၾကားပက္သက္စရာမရိွေတာ့။ သူ႔လ်ိဳ႕ဝွက္ခ်က္ကိုလည္းထုတ္ေဖာ္ခံရၿပီးျဖစ္ကာ ဘုရင္မင္းျမတ္ကလည္း ခ်င္ယဲ့ဟန္ဟူေသာဘဝတစ္ခုကိုဖန္တီးေပးခဲ့ၿပီးေခ်ၿပီ။

ထိုက္သင့္သေလာင္ကူညီၿပီးၿပီမို႔ ေနာင္အခ်ိန္မ်ား၌သူ႔ဘဝကို ဝင္ေရာက္စြက္ဖက္ဖို႔ ရွင္ဘုရင္ကစိတ္ကူးေတာ့မည္မဟုတ္။ ျပသနာက သူကေတာ့ဘုရင္မင္းျမတ္ကို သူ႔ဘဝတစ္ခုလံုးပံုအပ္ေပးခ်င္ေနျခင္းပင္။ ေနာင္အနာဂါတ္ေန့ရက္မ်ား၌ အရွင့္စကားကိုနားေထာင္၍ ထိုလူ၏စိတ္လိုရာအတိုင္းေနခ်င္ပါသည္ဟု သူမည္သို႔ေျပာထြက္ပါမည္နည္း။

သို႔မဟုတ္... သူ႔ကိုေတာ္ေကာက္ပါဟု ဒဲ့ေျပာပစ္ရမည္လား? မျဖစ္ေသး၊ ဤနည္းလမ္းကရိုးရွင္းေသာ္လည္း အလြန္ဗရုတ္က်လြန္းသည္။

အရင္ဆံုးခ်စ္ခြင့္ပန္၍ ေအးေအးေဆးေဆးစဉ္းစားဖို႔ေျပာရမည္လား? ၄ကလည္းအလုပ္မျဖစ္ေသးေခ်။ အကယ္၍ အရွင္မင္းႀကီးကေရႊနန္းေတာ္ေရာက္ခါမွ စဉ္းစားဖို႔ေမ့သြားလ်ွင္အဘယ္သို႔လုပ္ရမည္နည္း။

ကိုယ္တိုင္နန္းေတာ္ထဲတိုက္ရိုက္ဝင္ဖို႔ကလည္းမျဖစ္ႏိုင္ေတာ့ေပ။ ခ်င္ယြဲ႔ယန္ဘဝ၌ နန္းတြင္းသူေယာင္ေဆာင္လို႔ရခ်င္ရဦးမည္ျဖစ္ေသာ္လည္း ေရႊနန္းေတာ္အတြင္းေယာက္်ားသားမ်ားအေပၚကန႔္သတ္ထားမႈက ယခုသူ႔အားအေနခက္ေစ၏။

ဒါမွမဟုတ္... သူအရင္ဆံုးစားဖိုမႈးျဖစ္ေအာင္လုပ္သင့္လား? ဒါလည္းမဟုတ္ေသးပါေခ်။ သူေမြးကတည္းက မီးဖိုေခ်ာင္ကိုတစ္ခါမွမဝင္ဖူးသည္မို႔ စားဖိုေဆာင္ကိုဒုကၡေပးရာသက္သက္သာက်သြားေပေတာ့မည္။

စဉ္းစားရင္းစဉ္းစားရင္းျဖင့္ အေတြးထဲေျမာသြားေသာ ယဲ့ဟန္တစ္ေယာက္ သူဘုရင္မင္းျမတ္၏ဝတ္ရံုေတာ္ကိုအခ်ိန္အၾကာႀကီးဆြဲထားမိမွန္းေတာင္သတိမထားမိေတာ့ေခ်။ ရွင္ဘုရင္ကလည္း သူ႔ေရ႔ွမွလူငယ္ေလးကိုစိတ္ဆိုးဟန္မေပၚ၊ ၄ကႏႈတ္ခမ္းပါးတြန႔္ေကြးရံုမ်ွၿပံဳးရင္း ယဲ့ဟန္ကိုအေတြးထဲမွဆြဲထုတ္လိုက္ေလ၏။

"ဘယ္လိုပဲေျပာေျပာရပါတယ္"

သူ႔အေတြးမ်ားကိုထိုးေဖာက္ဝင္ေရာက္လာေသာထိုစကားေၾကာင့္ ယဲ့ဟန္ေခါင္းေပၚသို႔ေရေအးျဖင့္ေလာင္းခ်ခံလိုက္ရသေယာင္ခံစားလိုက္ရသည္။ သူ႔တစ္ကိုယ္လံုးတုန္ယင္သြား၍ စကားမ်ားပင္အထစ္ထစ္ျဖင့္၊ ေခါင္းကိုခါယမ္းျပ၏။

"ဒါက.. မဟုတ္ဘူး.. အာ..ဟုတ္တယ္ ဒါေပမဲ့..."

တစ္ေယာက္ထဲရႈပ္ေနေသာယဲ့ဟန္ေၾကာင့္ ပိုင္လီထ်န္းၿပံဳးလိုက္ရင္း ဝတ္ရံုစကိုဆြဲထားေသာ လက္ကေလးကိုဆြဲယူကာ သူ႔လက္ဖဝါးအႀကီးႀကီးမ်ားထဲ ထၫ့္လိုက္ေလသည္။
ထို႔ေနာက္ သူ႔ကိုေငးၾကၫ့္ေနေသာ စိမ္းျပာေရာင္မ်က္ဝန္းပိုင္ရွင္ေလး၏ပါးေဖာင္းေဖာင္းေလးမ်ားကို က်န္လက္တစ္ဖက္ျဖင့္ ဖိၫွစ္လိုက္ေလ၏။

"အားဟန္...မင္းကဘာလို႔ဒီေလာက္အေတြးမ်ားရတာလဲ? ဟမ္?"

ထိုအျပဳအမူႏွင့္ အသံုးအႏႈန္းေၾကာင့္ ယဲ့ဟန္မ်က္ႏွာတစ္ခုလံုးနီရဲသြားကာ ပိုင္လီထ်န္းလက္ထဲ၌ ေပါက္စီနီနီေလးကိုဖမ္းမိထားသကဲ့သို႔ပင္။ အိက်ိက်ိခံစားမႈက သူ႔လက္ထဲေရာက္ေန၍ ဂ်ယ္လီတံုးေလးကိုဖမ္းဆုပ္ထားမိသၫ့္အလား။

ထိုဂ်ယ္လီတံုးေလးက ရုတ္တရပ္အျပဳအမူကိုေနသားမက်သၫ့္ႏွယ္ ေခါင္းေလးကိုယမ္း၍ေရွာင္ရွားေသာ္လည္း ၄ကအရာမထင္ပါေခ်။ မနာေအာင္ခပ္ဖြဖြေလးသာဆြဲထားျခင္းျဖစ္ေသာ္လည္း သူ႔ေရ႔ွမွအငိုတံုးေလးကေတာ့ စိန္ကဲ့သို႔ၾကၫ့္လင္ေတာက္ပေသာစိမ္းျပာေရာင္မ်က္ဝန္းေလးမ်ား၌ မ်က္ရည္ဥေလးမ်ားတြဲခိုေနေတာ့သည္။

"အရွင္မင္းႀကီး... ပါးက..ကြၽန္ေတာ္မ်ိဳးရဲ့ပါးက..."

မခံမရပ္ႏိုင္ေလသံေလးျဖင့္ဆိုလာေသာ ယဲ့ဟန္ေၾကာင့္ ပိုင္လီထ်န္းကမ်က္ခံုးတစ္ဖက္ပင့္လ်က္။

"လႊတ္ေပးေစခ်င္တာလား?"

သူ႔အေမးကိုေခါင္းေလးတဆတ္ဆတ္ၿငိမ့္ျပေသာ ယဲ့ဟန္က ၾကက္ေပါက္ကေလးအစားစားသၫ့္ႏွယ္။ ဆိုးသည္က ေၾကာင္အိုႀကီးပိုင္လီထ်န္းတစ္ေယာက္ ၾကက္ကေလးကိုအလြတ္မေပးခ်င္ပါေခ်။ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္လံုးသူ႔လက္ထဲေရာက္လာသၫ့္အခါ၌ ပိုင္လီခ်န္းလက္ကအၿငိမ္မေနေတာ့ပဲ ဖိလိုက္ၫွစ္လိုက္ျဖင့္ ယဲ့ဟန္၏မ်က္ႏွာလွလွေလးကိုထိုင္ကစားေနေလရဲ့။

"စိတ္မေကာင္းစရာက ကိုယ္ေတာ္မလုပ္ခ်င္တာပဲ"

သူ႔စကားကိုၾကားေတာ့ ယဲ့ဟန္မ်က္ႏွာေလးပိုမဲ့သြားကာ ကူရာကယ္ရာမဲ့သၫ့္ပံုစံျဖင့္ သူ႔ကိုၾကၫ့္လာေလသည္။

"အခုေျပာေတာ့... မင္းဘာေတြေတြးေနတာလဲ? တကယ္လို႔အမွန္အတိုင္းမေျပာဘူးဆိုရင္မလႊတ္ေပးဘူး.. ကိုယ္ေတာ္ဒီပါးႏွစ္ခုကိုေရႊနန္းေတာ္အထိယူသြားမယ္"

ၿခိမ္းေျခာက္ခံရသၫ့္လိပ္ကေလး၏မ်က္ဝန္းေလးမ်ားက ဝိုင္းစက္သြားကာ ပိုင္လီထ်န္းကိုတစ္လွၫ့္၊ သူ႔ပါးကိုကိုင္ထားသၫ့္လက္ကိုတစ္လွၫ့္ၾကၫ့္ရင္း ဗ်ာမ်ားေနေလ၏။ အကယ္၍မ်ား ယခုအခ်ိန္ ဘုရင္မင္းျမတ္ကသူ႔ကိုလႊတ္မေပးဘူးဆိုရင္ ေနာက္ဘယ္ေသာအခါမွ သူ႔မ်က္ႏွာေပၚ၌ပါးေဖာင္းေဖာင္းေလးကိုမျမင္ရေတာ့မၫ့္ႏွယ္။

တံုးအလွေသာအႏွီလူသားေလးကိုၾကၫ့္ရင္း ပိုင္လီထ်န္းရယ္ခ်င္စိတ္ျဖစ္လာေသာ္လည္း မ်က္ႏွာကိုခပ္တင္းတင္းထား၍ အလိုမက်သၫ့္ဟန္ပန္ကိုမပ်က္ေစရပဲၿခိမ္းေျခာက္ေလ၏။

"ကိုယ္ေတာ္က အလုပ္ပင္ပန္းရင္တစ္ခုခုကိုၫွစ္ပစ္ခ်င္တာေနာ္၊ တကယ္လို႔ေမာင္မင္းသာျမန္ျမန္ေလးမဆံုးျဖတ္ဘူးဆိုရင္ ခုခ်က္ခ်င္းသိမ္းသြားရလိမ့္မယ္။ အဲ့အခါက်မွ ဘ႑ာေရးအမတ္ႀကီးလာေတာင္းရင္ေတာင္ကိုယ္ေတာ္ျပန္မေပးႏိုင္ေတာ့ဘူး"

ေၾကာက္တတ္လြန္းေသာငတံုးေလးကို ခပ္တည္တည္ႏွင့္ၿခိမ္းေျခာက္ရသၫ့္အရသာက ဘာႏွင့္မွမလဲႏိုင္ေခ်။ ပိုင္လီထ်န္းက သူ၏ဗီလိန္ဇာတ္ရုပ္ကိုလံုးဝမပ်က္ေစရ။ မ်က္ေမွာင္ကိုႀကံဳ႔၊ အသံကိုျမႇင့္ရင္း အႏိုင္က်င့္ဗိုလ္က်တတ္သၫ့္ဘုရင္တစ္ပါး၏ဟန္ပန္ကိုအျပၫ့္ယူထားလ်က္။

သူ႔အမူအရာကိုၾကၫ့္ရင္း ယဲ့ဟန္မည္သို႔တုန႔္ျပန္ရမည္ပင္မသိေတာ့ေခ်။ ရွင္ဘုရင္က ကေလးတစ္ေယာက္ကိုၿခိမ္းေျခာက္သၫ့္စကားမ်ားသံုးေနေသာ္လည္း အမွန္စင္စစ္သူ႔မ်က္ႏွာကမူအလြန္အမင္း အေလးနက္ထားပံုေပၚေနေလ၏။ ယဲ့ဟန္၏မ်က္ႏွာတစ္ခုလံုးက ဘုရင္မင္းျမတ္လက္ထဲေရာက္ေနၿပီျဖစ္ရာ ျငင္းဆန္ဖို႔ပင္မတတ္ႏိုင္ေတာ့ေခ်။

သူအသက္ဝဝရႈလိုက္ရင္း တြန႔္ဆုတ္တြန႔္ဆုတ္ေလသံၾကားမွ စကားအနည္းငယ္ကိုထုတ္ေျပာလာေတာ့၏။

"ကြၽန္ေတာ္မ်ိဳးေတြးတာက...ေတြးတာက.. အရွင့္ကိုေမတၲာရိွေနတဲ့အေၾကာင္းပါ"

ေျပာၿပီးေနာက္ ေခါင္းေလးငံု႔သြားေသာ ေကာင္ေလးကိုၾကၫ့္ရင္း ပိုင္လီထ်န္းၿပံဳးေလသည္။ လိပ္ေပါက္စေလးက အခြံထဲျပန္ဝင္ပုန္းသြားၿပီျဖစ္ရာ သူျပန္ဆြဲထုတ္ရံုမွအပါးဘာလုပ္ႏိုင္ဦးမည္နည္း။ ထို႔ေနာက္တြင္မူ အရပ္ရွည္၍ခန႔္ညားေသာထိုလူသားက သူ႔ေရ႔ွမွေကာင္ေလး၏ခါးမွတစ္ဆင့္ ရင္ခြင္ထဲဆြဲယူလိုက္ကာ က်န္လက္တစ္ဖက္ျဖင့္ မ်က္ႏွာေလးကိုအုပ္မိုး၍ အၾကၫ့္ခ်င္းဆံုေစသည္။

ရွင္ဘုရင္၏မ်က္ဝန္းမ်ားက ေလးနက္သည္ထက္ပို၍ ႏူးညံ့ေနြးေထြးေသာအၾကၫ့္ျဖင့္ ယဲ့ဟန္ကိုၾကၫ့္ေနေလသည္။ ထိုမ်က္ဝန္းမ်ားက လိပ္ကေလး၏ပါးျပင္တစ္ခုလံုးကိုနီရဲသြားေစသည္မို႔ ေနရခက္စြာကိုယ္ေလးကိုႀကံဳ႔ထားမိေလ၏။

"ေကာင္းၿပီ...ကိုယ္ေတာ္တံဆိပ္ႏိွပ္လိုက္မယ္"

ၾသရွရွေလသံထြက္လာၿပီးသၫ့္ေနာက္ ယဲ့ဟန္၏နဖူးေပၚ၌ အိစက္ႏူးညံ့ေသာအထိအေတြ့တစ္ခုကိုခံစားလိုက္ရေလသည္။

ေလေျပၫွင္းမ်ားက ႏွစ္ေယာက္ၾကားျဖတ္သန္းရန္အၾကားအလပ္မရိွ၊ ႏူးညံ့ေသာဆံႏြယ္မ်ားက ေလထဲလြင့္ေျမာေန၍ ႏွစ္ဦးသား၏ေထြးေပြ့ထားေသာျမင္ကြင္းက အလြန္လိုက္ဖက္ညီစြာပနံသင့္ေနေတာ့သည္။

ရွက္ရြံ႔စြာေခါင္းငံု႔ထားေသာ လူငယ္ေလးကိုၾကၫ့္ရင္း ဘုရင္မင္းျမတ္က ရိုးရွင္းစြာအမိန႔္ေပးခဲ့ေလ၏။

"အခုကစၿပီး မင္းကကိုယ္ေတာ့္အပိုင္ပဲ"

ျပင္းထန္စြာခုန္ေပါက္ေနသၫ့္ ႏွလံုးသားကိုတည္ၿငိမ္ေအာင္မလုပ္ႏိုင္ခင္၌ပင္ ဘုရင္မင္းျမတ္ကသူ႔ကိုနမ္းရိႈက္လာခဲ့၏။ ႏႈတ္ခမ္းပါးကိုအလိုက္တသိဖြင့္ဟေပးလိုက္သၫ့္ေနာက္ ႏူးညံ့ေသာလ်ွာဖ်ားတစ္ခုက ယဲ့ဟန္၏ႏႈတ္ခမ္းပါးမွတစ္ဆင့္အရာအားလံုးကိုျပင္းထန္စြာျခယ္လွယ္စိုးမိုးေလေတာ့သည္။

လူငယ္ေလး၏ပါးျပင္၌ စိုစြတ္ေသာအထိအေတြ့တစ္ခုက်ဆင္းလာရင္း ရင္တြင္းမွဝမ္းေျမာက္မႈကိုထုတ္ေဖာ္ျပသေနေလ၏။ သူ႔လက္ေခ်ာင္းေလးမ်ားက စိတ္လႈပ္ရွားမႈကိုမလြန္ဆန္ႏိုင္စြာ ဘုရင့္ဝတ္ရံုေတာ္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားမိေလသည္။

ယခုတြင္မူ သူအိပ္မက္မက္ခြင့္ရိွခဲ့ေခ်ၿပီ။ ဘယ္ေသာအခါမွ မရႏိုင္သၫ့္အဆံုးသတ္ဟုေမ်ွာ္လင့္ထားပါေသာ္ျငား၊ လက္ေတြ့ျဖစ္ရပ္ကယဲ့ဟန္ေရ႔ွေမွာက္သို႔ေရာက္လာခဲ့ၿပီျဖစ္၏။ အရွင္ကသူ႔ကိုလက္ခံခဲ့သည္။ ဤနိမ့္က်သၫ့္လူသားကို သူတစ္ခ်ိန္လံုးေငးၾကၫ့္ခဲ့ရပါေသာ အရွင္မင္းျမတ္က လက္ခံေပးႏိုင္သည္တဲ့။

၄ကလက္ေတြ့မဆန္လြန္းပါသျဖင့္ သူလက္မ်ားပင္တုန္ယင္ေနကာ အိပ္မက္တစ္ခုဆိုလ်ွင္ေတာင္ ေပ်ာက္ကြယ္မသြားဖို႔ႀကိတ္ဆုေတာင္းေနခဲ့မိေလ၏။

သူႏွစ္ေပါင္းမ်ားစြာေစာင့္စားခဲ့သၫ့္ေန့ရက္မ်ားအားလံုးကို ယခုတြင္မူႏွေျမာတသမျဖစ္မိေတာ့ေခ်။ ၄မွာ ေအးစက္လွေသာေဆာင္းရာသီ၌ မီးေတာက္တစ္ခုရလာသၫ့္ႏွယ္။ အလြန္ေနြးေထြးလွပါ၏။ ေနြးေထြးလြန္းပါသျဖင့္ ထိုမီးေတာက္ကေလးကို လက္လႊတ္ဖို႔ရာလည္း ယဲ့ဟန္မဝံ့ရဲလွပါေခ်။

ဤဘဝတြင္ေတာ့ျဖင့္ အၾကင္သူ၏ရင္ခြင္၌ရိုက်ိဳးစြာနာခံရင္း သူလက္ခံရရိွခဲ့ေသာ ထိုအမိန႔္ေတာ္အား ယဲ့ဟန္တစ္သက္လံုးအမွတ္ရေနေပေတာ့မည္။

°°

Continue Reading

You'll Also Like

250K 13.2K 81
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1M 11.3K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
219K 33.5K 84
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
2.5M 178K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...