Unicode
နံရံပေါ်က နာရီကို မော့ကြည့်ပြီး ပိုင်ခန့်ကို နဲနဲတော့ စိတ်ပူလာသည်။ အခုပဲ ညဆယ်နာရီခွဲနေပြီ။ ဒီရပ်ကွက်ထဲ သွားလာနေကျလည်း မဟုတ်ဘဲ၊ ဟိုပြဿနာကောင် ဘယ်ရောက်နေမလဲ မသိပါ။ ဖြစ်နိုင်တာတော့ ဇင်မင်းတို့ဆီရောက်နေတာပဲ ဖြစ်မည်။ ဖုန်းလည်း ဆက်မမေးချင်။ ထွက်ရှာဖို့ကျတော့လည်း ညနေက ကိုယ့်ဟာကိုယ် မမရှေ့မှာ ပြောဆိုထားပြီးမှ ချက်ချင်းလည်း စိတ်ပြန်မပြေချင်သေး။ မနက်အပြင်သွားစရာရှိပေမယ့် အခုထိလည်း အိပ်လို့မရသေးပါ။ မမကတော့ အိပ်နေပြီလား မသိ။
"ကိုခန့် .."
တွေးနေမိတုန်း အခန်းထဲကနေ လှမ်းခေါ်တဲ့ မမအသံကြောင့် ထိုင်နေရာကနေ အိမ်ရှေ့ခန်းမှာ လှဲချလိုက်ရင်း ဖုန်းကို စောစောကတည်းက ကြည့်နေသလို ဖွင့်ကြည့်နေလိုက်သည်။ ပြန်ထူးတဲ့အသံ မကြားတာကြောင့် မမက အိမ်ရှေ့ခန်းကို ထွက်လာ၏။
"ကိုခန့် .."
"မမ မအိပ်သေးဘူးလား"
"ဟဲ့ ဘယ်လို အိပ်ပျော်မလဲ၊ ဗညားက အခုထိလည်း ပြန်ရောက်မလာသေးဘူး၊ မမ ဖုန်းဆက်တာလဲ မကိုင်ဘူး"
"ဒီညပြန်မလာလည်း မနက်ပြန်လာမှာပေါ့"
"အဲ့လို ပြောလို့ရမလား ကိုခန့်ရဲ့၊ ဒါ သူ့နေရာလည်း မဟုတ်တာကို၊ အန္တရာယ်တစ်ခုခု ဖြစ်နေမှ ဒုက္ခ၊ ပြီးတော့ သူ့လက်ထဲ ပိုက်ဆံတွေလည်း တော်တော်များများ ပါသွားတာ၊ လုတဲ့ယက်တဲ့သူနဲ့ တွေ့ပြီး လူကိုပါ ဒုက္ခပေးနေရင် ဘယ်လိုလုပ်မလဲ"
မမပြောမှ ပိုပြီး စိတ်ပူလာပေမယ့် ဘာမှ မဖြစ်သလိုပဲ ဖုန်းကိုသာ ဆက်ကြည့်နေလိုက်သည်။
"သွားရှာကြည့်ပါဦး ဟိုနား ဒီနား၊ သူက ဇင်မင်းတို့နဲ့ ခင်တယ်မလား သူတို့ဆီ မေးကြည့်ပါလား"
"အာ .. မရှာချင်ပါဘူး၊ မိုးလည်း ချုပ်နေပြီ"
"ဟဲ့ ... မရှာလို့ မရဘူး၊ နင် ပြဿနာရှာလိုက်လို့ ဗညားက ထွက်သွားတာလေ၊ တခုခုဖြစ်သွားရင် ကောင်းမလား"
"မမကလဲ ... ကျွန်တော် ပြဿနာရှာတာမှ မဟုတ်တာ၊ သူ့ကို ပစ္စည်းတွေ မရောင်းဖို့ပဲပြောတာ"
မမက သက်ပြင်းချသည်။ ပိုင်ခန့်ကို ဘာလို့ ဒီလိုပြောနေရလဲဆိုတာ မမလည်း နားလည်ပါလိမ့်မည်။ ဗညားဟာ ဘယ်ကနေလာခဲ့တာပဲဖြစ်ဖြစ်၊ သူ့မှာပါလာတဲ့ ဘာပစ္စည်းကိုမှ ရောင်းပြီးသုံးရတာမျိုး မဖြစ်စေချင်ပါ။ ပြီးတော့ ဒီလက်စွပ်တန်ဖိုးက ပိုင်ခန့်ကိုတို့ အခုနေနေသော အိမ်တန်ဖိုးနီးပါးလောက် ရှိသည်။ ဒီငွေတွေကို သူတို့မောင်နှမ ယူသုံးတယ်ဆိုတာမျိုးလည်း အဖြစ်မခံနိုင်ပါ။
"ဘာလို့ဒီလိုပြောနေတာလဲ ဆိုတာ မမ သိပါတယ်၊ ဒါပေမယ့် ဗညားက တကယ်အသုံးလိုနေတာ၊ မမ မရောင်းပေးလည်း ဇင်မင်းတို့ကို သွားရောင်းခိုင်းမှာပဲ၊ အဲ့ကျရင် ရသင့်သလောက်တောင် ရမှာမဟုတ်ဘူး၊ သူ့ပစ္စည်း အလဟဿ ဖြစ်သွားမှာလေ၊ ဒီ ပိုက်ဆံတွေလည်း မမ မသုံးပါဘူး၊ လိုလည်း မလိုဘူး"
မမက သူအထင်လွဲနေမှာစိုး၍ ထင်သည်။ အသေအချာ ရှင်းပြသည်။ မမ ဒီငွေတွေကို မလိုချင်ဘူးဆိုတာလည်း သူသိပါသည်။ မမက ဗညားကို သူနဲ့တန်းတူ မောင်အရင်းတစ်ယောက်လိုကို သံယောဇဉ်ဖြစ်နေတာ ဖြစ်သည်။
"ကျွန်တော် သိပါတယ် မမရယ်၊ ဒါပေမယ့် သူ့ကို အဲ့လိုတွေ လျှောက်မရောင်းစေချင်တာပါ၊ ပြီးတော့ ပိုက်ဆံတွေ အဲ့လောက်အများကြီးကိုရော သူက ဘာလုပ်ဖို့ လိုနေတာလဲ မသိပါဘူး"
"ဗညားက အရင်က ဘယ်လိုမျိုး သုံးနိုင်စွဲနိုင်တဲ့ဘ၀မျိုးက လာတယ်ဆိုတာ မမ ခန့်မှန်းလို့ရပါတယ်၊ အဲ့ဒါကြောင့် အခု သူပိုက်ဆံသုံးချင်နေတာကို အပြစ်တင်လို့တော့ မရဘူးပေါ့"
မမက ဗညားဘက်ကနေ ပြောပေးနေတာမို့ ဘာမှ ဆက်မပြောချင်တော့။ ဇင်မင်းတို့က ဘယ်လိုကောင်တွေဆိုတာကို မမလည်း သိသင့်သလောက်သိပေမယ့်၊ ဗညားရော ဘာတွေလုပ်နေလဲဆိုတာကိုတော့ မမကို အသေးစိတ်ပြောပြမနေချင်တော့ပါ။
ပိုင်ခန့်ကို ကိုယ်တိုင်လည်း ဗညား ဘာလုပ်နေလဲဆိုတာကို မသိလို့ မဟုတ်။ ဗညား သူ့စိတ်နဲ့သူ စဉ်းစားတတ်မှာမို့၊ သူ့ဟာသူ ဆင်ခြင်လာမှာပဲဟု လွှတ်ထားပေးခဲ့တာ ဖြစ်သည်။ အခုကတော့ လွှတ်ထားပေးလို့ မရတော့ဘူး ထင်သည်။
"ပြီးတော့ ဗညားက နင့်ကိုလည်း ပေးချင်နေတာ ကိုခန့်ရဲ့၊ မယူလောက်ဘူးဆိုတာလည်း သူသိတယ်၊ ဒါပေမယ့် အလုပ်မရှိတဲ့အချိန် သူ့အတွက် ကုန်ကျနေတာတွေကို တကယ်အားနာနေရှာတာ"
ပိုင်ခန့်ကို မမကိုကြည့်ကာ ဘာမှတောင် မပြောနိုင်တော့။ မမက လုံး၀ကို ဗညားထွဋ်ခေါင်ရဲ့ ဘက်တော်သား ဖြစ်သွားပြီ ဖြစ်သည်။
"ဟုတ်ကဲ့ပါ မမရယ်၊ ကျွန်တော်လည်း သူ့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး၊ အခုလည်း သွားရှာပေးမယ် ဟုတ်ပြီလား၊ မတွေ့ရင်တော့ မသိဘူးနော်"
.........
အိမ်အပြင်ကို ထွက်လာခဲ့ပြီး ဘယ်မှာအရင်လိုက်ရှာရမလဲ ဆိုတာ စဉ်းစားရသည်။ လမ်းထိပ်အုတ်ခုံမှာ ရပ်ရင်း ဖုန်းခေါ်ကြည့်တော့ ဖုန်းမကိုင်ပါ။ မမပြောသလို တစ်ခုခု ဖြစ်နေရင် ဆိုတာမျိုးတွေးကာ စိတ်ပိုပူလာမိသည်။ ဗညားထွဋ်ခေါင်က ဒီမှာ အသိမိတ်ဆွေဆိုလို့ ဇင်မင်းတို့သာ ရှိတာမို့ ဇင်မင်းဆီ ဖုန်းခေါ်ကြည့်ဖို့ပဲ ရှိသည်။
"Hello ... ကိုခန့်"
"ဗညား မင်းတို့နဲ့ ရှိနေလား"
"ပြန်သွားပြီ ကိုခန့်၊ တစ်နာရီလောက်ရှိပြီ"
တစ်နာရီလောက်ကြာပြီဆို သန္တာထိပ်ကနေ ဘုမ္မာထဲကို ပြန်ရောက်သင့်ပြီပေါ့။
"သူ တစ်ယောက်တည်း ပြန်သွားတာလား"
"ဟုတ်တယ် ကိုခန့်၊ ကျွန်တော်တို့ ပြန်လိုက်ပို့မလို့ပါပဲ၊ သူက ရတယ်ဆိုလို့၊ အခု မရောက်သေးလို့လား"
"အေး ... မရောက်လာသေးလို့"
"ကျွန်တော်တို့ ထွက်ရှာပေးရမလား"
"ရတယ်၊ လိုရင် ငါ ဖုန်းထပ်ဆက်လိုက်မယ်"
ဇင်မင်းက "ဟုတ်ကဲ့" ဟု ဆိုကာ ဖုန်းချသွားသည်။ ဇင်မင်းတို့လိုကောင်တွေက သူငယ်ချင်းလို ရင်းရင်းနှီးနှီး ပေါင်းလို့ကောင်းတဲ့ ကောင်တွေ မဟုတ်ပါ။ ဗညားကလည်း ဒီကောင်တွေနဲ့မှ ကြံဖန်ပြီး ပေါင်းမိနေရတယ်လို့။ အခုလည်း ပြန်ရောက်မလာဘူးဆိုတော့ ဘယ်မှာ လိုက်ရှာရမယ်မသိ။ ဘေး ဘယ်ညာကိုကြည့်ကာ လမ်းထိပ်ကို လျှောက်လာခဲ့လိုက်သည်။
ရပ်ကွက်ထဲက လ္ဘက်ရည်ဆိုင်တွေမှာတော့ လူရှိနေသေးပေမယ့် လမ်းသွားလမ်းလာတော့ ကျဲနေပြီ ဖြစ်သည်။ လမ်းမကြီးပေါ်မရောက်ခင် လမ်းသွယ်လေးတွေရဲ့ ထိပ်က အုတ်ခုံတွေမှာတော့ တချို့က အရက်ထိုင်သောက်နေကြသလို၊ တချို့ကလည်း ဂစ်တာတီးနေကြသည်။ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်လေးတွေရဲ့ ထုံးစံအတိုင်း လမ်းပေါ် လူလုံး၀မရှိတော့တာမျိုးတော့ ဘယ်တော့မှ မရှိ။
ဒီလမ်းသွယ်တစ်ဖြတ်ကျော်ရင် လမ်းမကို ရောက်ပြီမို့ မတွေ့ရင် ဇင်မင်းတို့ဘက်မှာ သွားရှာဖို့ပဲ ရှိသည်။ လမ်းမကြီးပေါ်မှာတော့ လိုက်ရှာဖို့လည်း မလွယ်ပါ။ စိတ်ပျက်လက်ပျက်နဲ့ ဆက်လျှောက်လာပြီး နောက်ဆုံးလမ်းသွယ်ထိပ်က အုတ်ခုံမှာ လူရိပ်တွေ့လိုက်တာမို့ အနားကပ်မသွားသေးဘဲ သေချာလှမ်းကြည့်လိုက်တော့ -
"ဗညားထွဋ်ခေါင် .."
အုတ်ခုံပေါ်မှာ ထိုင်နေတာမဟုတ်ဘဲ အုတ်ခုံကိုမှီကာ မြေကြီးပေါ် မှာ ဒီအတိုင်း ထိုင်နေတာ ဖြစ်သည်။ တစ်ခုခုများ ဖြစ်တာလားဟု လန့်သွားမိကာ အနားတိုးသွားလိုက်ရင်း -
"ဗညား .. ဘာလုပ်နေတာလဲ မင်း"
အနားသွားကပ်ကြည့်တော့ အရက်နံ့တွေ မွှန်ထူနေတဲ့ကောင်က ခေါင်းမထောင်နိုင်အောင် မူးနေပြီး ပိုင်ခန့်ကို ကိုလည်း မြင်ပုံမရပါ။ ဒီအခြေအနေနဲ့ တစ်ယောက်တည်းပြန်မယ်ဆိုတာကို ပြန်လွှတ်လိုက်တဲ့ အပေါင်းသင်းကောင်းတွေပဲ။
"ဗညား .... ငါ ခေါ်နေတာ ကြားလား၊ ကျစ် .. ဒီကောင် ပြဿနာပဲ"
ပုခုံးကနေ ဆွဲထူကာ မတ်တပ်ရပ်ခိုင်းတော့ ဒယိမ်းဒယိုင်နဲ့ ထလာသည်။ လဲကျမသွားအောင် ဘေးကနေ ထိန်းကိုင်ထားပေးရ၏။ မတွေ့ခင်က စိတ်ပူနေပေမယ့် ဒီလိုပုံစံနဲ့မြင်လိုက်ရတော့ ဒေါသက ပြန်ဖြစ်လာပြန်သည်။
"မင်းကတော့ သေတော့မယ်"
"ပိုင်ခန့်ကို လား"
မပီမသနဲ့ တစ်လုံးချင်းပြောနေတဲ့ကောင်ကို တွဲကာ ခေါ်လာဖို့ ပြင်တုန်း၊ ပိုင်ခန့်ကိုအား ရုတ်တရက် ခါးကနေ လှမ်းဖက်ကာ ပုခုံးပေါ် မျက်နှာအပ်လိုက်သော ဗညားထွဋ်ခေါင်ကြောင့် အံ့ဩသွားရသည်။
"အိမ်..ပြန်..မယ် .."
"အေး .. အခု အိမ်ပြန်မလို့လေ"
"ငါ့ကို တစ်ယောက်တည်း မထားပါနဲ့"
"ဟင် .."
"ငါ့ကို တစ်ယောက်တည်း မထားနဲ့ ... လို့"
သေချာ မသဲကွဲတာကြောင့် အာရုံစိုက်ပြီး နားထောင်ကြည့်တော့ စောစောကအတိုင်း ဖက်ထားရင်းကပဲ တစ်ယောက်တည်း ညည်းနေသလို ခပ်တိုးတိုး ထပ်ပြော၏။
"အခု ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကိုပဲ ငါသိတာ"
မထင်မှတ်ထားတဲ့ ထူးထူးဆန်းဆန်းစကားကြောင့်လားတော့ မသိ၊ ပိုင်ခန့်ကို စိတ်ထဲ ၀မ်းနည်းသလို၊ အံ့ဩသလို ဘာမှန်းမသိ ခံစားလိုက်ရသည်။ ပုခုံးပေါ် မျက်နှာအပ်ထားတာကြောင့် ဗညားထွဋ်ခေါင်ရဲ့ အသက်ရှူသံကိုပါ ကြားနေ၏။
တစ်မိနစ်လား၊ စက္ကန့်ပိုင်းလား မသိတဲ့ အဲ့ဒီအချိန်ခဏလေးက ပိုင်ခန့်ကို ရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားမှုတစ်ခုနဲ့ လှုပ်ခတ်သွားစေသည်။ ခဏလောက် အသက်အောင့်ထားမိလိုက်ပြီးမှ ဗညားထွဋ်ခေါင်ကို ပုခုံးကနေထိန်းကိုင်ကာ လက်တစ်ဖက်ကို ပိုင်ခန့်ကို ပုခုံးပေါ်တင်လိုက်တဲ့အနေအထားနဲ့ တွဲခေါ်လိုက်သည်။
"မင်းပဲ ထွက်သွားတာ မဟုတ်ဘူးလား"
တွဲထားရင်းကနေ ခပ်တိုးတိုး ပြောလိုက်တဲ့စကားကို ခေါင်းငိုက်ကျနေပြီဖြစ်တဲ့ ဗညားထွဋ်ခေါင်ကတော့ ကြားဟန်မတူပါ။ ငမူးကောင်ကို တချက်ငဲ့ကြည့်ရင်း အကြောင်းပြချက်မရှိ ပြုံးလိုက်မိသည်။
"အခု အိမ်ပြန်ကြမယ်"
..........
အုတ်ခုံမှာ ထိုင်တာ ဆယ့်ငါးမိနစ်လောက် ကြာသွားပေမယ့်၊ ပိုင်ခန့်ကိုက ဘာစကားမှ စမပြောလာဘဲ ဒုတိယမြောက် စီးကရက်ကိုထုတ်ကာ မီးညှိသည်။ လက်စွပ်ရောင်းလိုက်သောကိစ္စကို အခုထိ စိတ်ဆိုးနေပုံရသည်။ ဘေးနားမှာ ငြိမ်ကာ ထိုင်နေရင်း တိတ်ဆိတ်နေသော အခြေအနေကြီးကို စိတ်ညစ်လာမိသည်။
"မင်း ငါ့ကို မရောင်းဖို့ပြောထားတာ သိပါတယ်"
ပိုင်ခန့်ကို က လှည့်ကြည့်ပြီး ဘာမှ ပြန်မပြော။
"ဒါပေမယ့် ... ငါ မင်းကိုလည်း ပြန်ပေးချင်တယ်လေ၊ ပြီးတော့ ..."
ပြီးတော့ ဇင်မင်းတို့ကိုလည်း ပေးစရာတွေ ရှိနေသေးသည်ဆိုတာကို ပြောဖို့ပြင်ပြီးမှ ဆက်မပြောမိ။ ပိုင်ခန့်ကို ဆီကနေ အပြစ်တင်ခံရမှာကို အလိုလိုနေရင်း စိုးရိမ်နေမိသောစိတ်က ပြောမဲ့စကားတို့ကို ရပ်သွားစေသည်။ ပိုင်ခန့်ကိုက ဘာဆက်ပြောမှာလဲ ဆိုသောပုံစံနှင့်သာ ကြည့်နေ၏။
"ပြီးတော့ ... မင်း ပြောသလိုပဲလေ၊ ငါက တခြားကနေ ပိုက်ဆံမှ မရှာတတ်တာ"
"ငါ့ကို ပေးဖို့တော့ တကူးတက ဘာပစ္စည်းမှ ရောင်းစားစရာ မလိုပါဘူး၊ ငါက လိုတယ်လို့ ပြောဖူးလို့လား"
"မင်းမပြောလည်း၊ ငါ့ကြောင့် ခက်ခဲနေတာကို ငါသိနေတာပဲ"
"မင်းကြောင့် ခက်ခဲနေတယ်လို့ ဘယ်သူပြောလဲ"
ကိုယ်တိုင်လည်း အသုံးလိုတယ်ဆိုပေမယ့်၊ ပိုင်ခန့်ကို ကို ပြန်ပေးချင်တယ်ဆိုတာကလည်း အကြောင်းပြတာ မဟုတ်ပါ။ ဘယ်လိုပဲ မလိုဘူး ပြောနေပေမယ့် ပိုင်ခန့်ကို အလုပ်မရှိတော့တဲ့အချိန်မှာ ပိုပြီးကြပ်တည်းသွားတာတော့ အမှန်ပဲ ဖြစ်သည်။
"ငါတို့က ဘယ်တုန်းကမှ အဆင်ပြေပြီး ပြည့်စုံနေတာ မဟုတ်ဘူး၊ ငါနဲ့ မမက ဒီလိုပဲ ဒီအလုပ်မရှိရင် ဟိုအလုပ် ရှာလုပ်ပြီး၊ တစ်သက်လုံး အဲ့အတိုင်းပဲ ရုန်းကန်လာတာ၊ မင်းရောက်လာလို့ ပိုခက်ခဲသွားတယ် ဆိုတာလည်း မရှိဘူး၊ အဲ့ဒါကို မင်းစိတ်မပူလည်း ရတယ်"
ပိုင်ခန့်ကို ပြောတာကို နားလည်ပေမယ့် သူတို့တောင် အဆင်မပြေဖြစ်နေရတဲ့ကြားထဲ ဒုက္ခထပ်ပေးသလို ဖြစ်နေတာမျိုးကို အားနာနေခြင်းအား ဘယ်လို ပြောပြရမှန်း မသိတော့။
"မင်း စိတ်ပူရမှာက မင်းကိုယ်မင်း ပဲ"
"ငါက ဘာလို့လဲ"
ပိုင်ခန့်ကိုက စီးကရက်အငွေ့အချို့ မှုတ်ထုတ်ပစ်လိုက်ပြီး ဗညားထွဋ်ခေါင်ဘက်ကို လှည့်ကြည့်ရင်း -
"ဇင်မင်းတို့နဲ့ ပေါင်းပြီး မင်း ဘာတွေ လျှောက်လုပ်နေတာလဲ"
ပိုင်ခန့်ကို သိရင်သိလောက်တယ် ဆိုတာကို ခန့်မှန်းပြီးသားပေမယ့်၊ အခုလို ပြောလာတဲ့အချိန်မှာ ဘာပြန်ပြောရမယ် မသိ။ မီးသတ်ပြီးသား စီးကရက်ကို မြေပေါ်ချကာ အကြောင်းမဲ့ နင်းခြေနေမိသည်။
"ဇင်မင်းတို့ကို ဘာမှတ်နေလဲ၊ အဲ့ဒါ မင်းကို ချောက်ထဲအတူဆွဲခေါ်သွားမဲ့ကောင်တွေ မဟုတ်ဘူး၊ ချောက်ထဲကို တွန်းချခဲ့မဲ့ကောင်တွေ"
"ငါ သိပါတယ်"
"မင်း မသိပါဘူး၊ ဒီကောင်တွေက မင်းပေါင်းနေကျ သူငယ်ချင်းတွေလို မဟုတ်ဘူး၊ ရပ်ကွက်ထဲမှာတောင် လူတိုင်းက ကြည့်ရှောင်ကြ ဆိုတဲ့ကောင်တွေ၊ ငါ သူများမကောင်းကြောင်း ကွယ်ရာမှာ ပြောနေတာ မဟုတ်ဘူးနော်၊ သူတို့ရှေ့မှာလည်း ငါ ဒီလိုပဲပြောတာ"
ပိုင်ခန့်ကို ပြောတဲ့ စေတနာကို နားလည်ပေမယ့် ဇင်မင်းတို့က ဒီလောက်ကြီးတော့ ဆိုးဝါးတဲ့သူတွေ မဟုတ်ပါ။ ပိုင်ခန့်ကို ပြောသလို အရမ်းရောနှောလို့ မကောင်းတဲ့ကောင်တွေ ဆိုပေမယ့်၊ သူတို့စည်းနဲ့သူတို့ နေတတ်တဲ့ သူတွေပါပဲ။ အခုကိစ္စတွေမှာလည်း ဗညားထွဋ်ခေါင် ကိုယ်တိုင်က စမ်းသပ်ပြီး သုံးကြည့်ရာကနေ၊ နေလို့ထိုင်လို့ကောင်းရုံ ဆက်သုံးနေမိတာမျိုးပဲ ဖြစ်သည်။
အိမ်ပြန်မရောက်နိုင်တာကို တွေးမိပြီး စိတ်ညစ်ရတိုင်း၊ ကိုယ်က သူများအတွက် ၀န်ထုပ်၀န်ပိုး ဖြစ်နေလားတွေးပြီး စိတ်ညစ်ရတိုင်း၊ အဆင်မပြေသမျှကို ခဏတော့ မေ့ပျောက်သွားစေဖို့သာ။
"ငါ ကိုယ့်ကိုယ်ကို သိပါတယ်၊ ဘာမှ အလွန်အကျွံမလုပ်ပါဘူး"
"ဒါမျိုးတွေက ဘယ်သူကမှ အလွန်အကျွံလုပ်လိုက်ဦးမယ်ဆိုပြီး လုပ်ကြတာ မဟုတ်ဘူး ဗညား၊ ပြီးတော့ မင်းတို့ အခုလုပ်နေတာတွေက ဆေးခြောက်သောက်တာထက် အများကြီးပိုဆိုးတယ်ဆိုတာ မင်း မသိတာတော့ မဟုတ်ဘူးမလား"
ပိုင်ခန့်ကိုပြောတာလည်း ဟုတ်နေတာမို့ ဗညားထွဋ်ခေါင် ဘာဆက်ပြောရမှန်းမသိဘဲ ငြိမ်နေလိုက်သည်။ ပြည့်စုံမင်းနဲ့ ဇေယျာဖြိုးသာ သိခဲ့ရင်လည်း သူ့ကို ဆဲမှာ ကျိန်းသေသည်။ ဒီဆေးပြားတွေနဲ့ အဖြူကိုတော့ စမ်းပြီးတောင် မလုပ်ဖို့ အချင်းချင်း ပြောထားကြပြီးသား။
"မင်း အခုလောက်နဲ့ပဲ သူတို့ကို ရှောင်လိုက်တော့"
"အေးပါ ... "
ဒီလောက်ပဲပြောကာ ဗညားထွဋ်ခေါင်ကို တစ်ချက်ကြည့်ပြီး အိမ်ဘက်ကို ပြန်လျှောက်သွားသော ပိုင်ခန့်ကို ကျောပြင်ကို လိုက်ငေးနေမိသည်။ ဗညားထွဋ်ခေါင်ဆိုတာလည်း ကိုယ့်ကိုယ်ကိုထိန်းပြီးတော့ တစ်သက်လုံးနေလာခဲ့တဲ့သူပဲမို့လို့၊ ဒါမျိုးကိစ္စတွေမှာ ပိုင်ခန့်ကို စိုးရိမ်သလို အလွန်အကျွံဆိုတာမျိုးတွေ ရှိလာမှာ မဟုတ်ဘူးဟု ယုံကြည်သည်။
.................................................................................
Zawgyi
နံရံေပၚက နာရီကို ေမာ့ၾကည့္ၿပီး ပိုင္ခန္႔ကို နဲနဲေတာ့ စိတ္ပူလာသည္။ အခုပဲ ညဆယ္နာရီခြဲေနၿပီ။ ဒီရပ္ကြက္ထဲ သြားလာေနက်လည္း မဟုတ္ဘဲ၊ ဟိုျပႆနာေကာင္ ဘယ္ေရာက္ေနမလဲ မသိပါ။ ျဖစ္ႏိုင္တာေတာ့ ဇင္မင္းတို႔ဆီေရာက္ေနတာပဲ ျဖစ္မည္။ ဖုန္းလည္း ဆက္မေမးခ်င္။ ထြက္႐ွာဖို႔က်ေတာ့လည္း ညေနက ကိုယ့္ဟာကိုယ္ မမေ႐ွ႕မွာ ေျပာဆိုထားၿပီးမွ ခ်က္ခ်င္းလည္း စိတ္ျပန္မေျပခ်င္ေသး။ မနက္အျပင္သြားစရာ႐ွိေပမယ့္ အခုထိလည္း အိပ္လို႔မရေသးပါ။ မမကေတာ့ အိပ္ေနၿပီလား မသိ။
"ကိုခန္႔ .."
ေတြးေနမိတုန္း အခန္းထဲကေန လွမ္းေခၚတဲ့ မမအသံေၾကာင့္ ထိုင္ေနရာကေန အိမ္ေ႐ွ႕ခန္းမွာ လွဲခ်လိုက္ရင္း ဖုန္းကို ေစာေစာကတည္းက ၾကည့္ေနသလို ဖြင့္ၾကည့္ေနလိုက္သည္။ ျပန္ထူးတဲ့အသံ မၾကားတာေၾကာင့္ မမက အိမ္ေ႐ွ႕ခန္းကို ထြက္လာ၏။
"ကိုခန္႔ .."
"မမ မအိပ္ေသးဘူးလား"
"ဟဲ့ ဘယ္လို အိပ္ေပ်ာ္မလဲ၊ ဗညားက အခုထိလည္း ျပန္ေရာက္မလာေသးဘူး၊ မမ ဖုန္းဆက္တာလဲ မကိုင္ဘူး"
"ဒီညျပန္မလာလည္း မနက္ျပန္လာမွာေပါ့"
"အဲ့လို ေျပာလို႔ရမလား ကိုခန္႔ရဲ႕၊ ဒါ သူ႕ေနရာလည္း မဟုတ္တာကို၊ အႏၲရာယ္တစ္ခုခု ျဖစ္ေနမွ ဒုကၡ၊ ၿပီးေတာ့ သူ႕လက္ထဲ ပိုက္ဆံေတြလည္း ေတာ္ေတာ္မ်ားမ်ား ပါသြားတာ၊ လုတဲ့ယက္တဲ့သူနဲ႔ ေတြ႕ၿပီး လူကိုပါ ဒုကၡေပးေနရင္ ဘယ္လိုလုပ္မလဲ"
မမေျပာမွ ပိုၿပီး စိတ္ပူလာေပမယ့္ ဘာမွ မျဖစ္သလိုပဲ ဖုန္းကိုသာ ဆက္ၾကည့္ေနလိုက္သည္။
"သြား႐ွာၾကည့္ပါဦး ဟိုနား ဒီနား၊ သူက ဇင္မင္းတို႔နဲ႔ ခင္တယ္မလား သူတို႔ဆီ ေမးၾကည့္ပါလား"
"အာ .. မ႐ွာခ်င္ပါဘူး၊ မိုးလည္း ခ်ဳပ္ေနၿပီ"
"ဟဲ့ ... မ႐ွာလို႔ မရဘူး၊ နင္ ျပႆနာ႐ွာလိုက္လို႔ ဗညားက ထြက္သြားတာေလ၊ တခုခုျဖစ္သြားရင္ ေကာင္းမလား"
"မမကလဲ ... ကြၽန္ေတာ္ ျပႆနာ႐ွာတာမွ မဟုတ္တာ၊ သူ႕ကို ပစၥည္းေတြ မေရာင္းဖို႔ပဲေျပာတာ"
မမက သက္ျပင္းခ်သည္။ ပိုင္ခန္႔ကို ဘာလို႔ ဒီလိုေျပာေနရလဲဆိုတာ မမလည္း နားလည္ပါလိမ့္မည္။ ဗညားဟာ ဘယ္ကေနလာခဲ့တာပဲျဖစ္ျဖစ္၊ သူ႕မွာပါလာတဲ့ ဘာပစၥည္းကိုမွ ေရာင္းၿပီးသုံးရတာမ်ိဳး မျဖစ္ေစခ်င္ပါ။ ၿပီးေတာ့ ဒီလက္စြပ္တန္ဖိုးက ပိုင္ခန္႔ကိုတို႔ အခုေနေနေသာ အိမ္တန္ဖိုးနီးပါးေလာက္ ႐ွိသည္။ ဒီေငြေတြကို သူတို႔ေမာင္ႏွမ ယူသုံးတယ္ဆိုတာမ်ိဳးလည္း အျဖစ္မခံႏိုင္ပါ။
"ဘာလို႔ဒီလိုေျပာေနတာလဲ ဆိုတာ မမ သိပါတယ္၊ ဒါေပမယ့္ ဗညားက တကယ္အသုံးလိုေနတာ၊ မမ မေရာင္းေပးလည္း ဇင္မင္းတို႔ကို သြားေရာင္းခိုင္းမွာပဲ၊ အဲ့က်ရင္ ရသင့္သေလာက္ေတာင္ ရမွာမဟုတ္ဘူး၊ သူ႕ပစၥည္း အလဟႆ ျဖစ္သြားမွာေလ၊ ဒီ ပိုက္ဆံေတြလည္း မမ မသုံးပါဘူး၊ လိုလည္း မလိုဘူး"
မမက သူအထင္လြဲေနမွာစိုး၍ ထင္သည္။ အေသအခ်ာ ႐ွင္းျပသည္။ မမ ဒီေငြေတြကို မလိုခ်င္ဘူးဆိုတာလည္း သူသိပါသည္။ မမက ဗညားကို သူနဲ႔တန္းတူ ေမာင္အရင္းတစ္ေယာက္လိုကို သံေယာဇဥ္ျဖစ္ေနတာ ျဖစ္သည္။
"ကြၽန္ေတာ္ သိပါတယ္ မမရယ္၊ ဒါေပမယ့္ သူ႕ကို အဲ့လိုေတြ ေလွ်ာက္မေရာင္းေစခ်င္တာပါ၊ ၿပီးေတာ့ ပိုက္ဆံေတြ အဲ့ေလာက္အမ်ားႀကီးကိုေရာ သူက ဘာလုပ္ဖို႔ လိုေနတာလဲ မသိပါဘူး"
"ဗညားက အရင္က ဘယ္လိုမ်ိဳး သုံးႏိုင္စြဲႏိုင္တဲ့ဘ၀မ်ိဳးက လာတယ္ဆိုတာ မမ ခန္႔မွန္းလို႔ရပါတယ္၊ အဲ့ဒါေၾကာင့္ အခု သူပိုက္ဆံသုံးခ်င္ေနတာကို အျပစ္တင္လို႔ေတာ့ မရဘူးေပါ့"
မမက ဗညားဘက္ကေန ေျပာေပးေနတာမို႔ ဘာမွ ဆက္မေျပာခ်င္ေတာ့။ ဇင္မင္းတို႔က ဘယ္လိုေကာင္ေတြဆိုတာကို မမလည္း သိသင့္သေလာက္သိေပမယ့္၊ ဗညားေရာ ဘာေတြလုပ္ေနလဲဆိုတာကိုေတာ့ မမကို အေသးစိတ္ေျပာျပမေနခ်င္ေတာ့ပါ။
ပိုင္ခန္႔ကို ကိုယ္တိုင္လည္း ဗညား ဘာလုပ္ေနလဲဆိုတာကို မသိလို႔ မဟုတ္။ ဗညား သူ႕စိတ္နဲ႔သူ စဥ္းစားတတ္မွာမို႔၊ သူ႕ဟာသူ ဆင္ျခင္လာမွာပဲဟု လႊတ္ထားေပးခဲ့တာ ျဖစ္သည္။ အခုကေတာ့ လႊတ္ထားေပးလို႔ မရေတာ့ဘူး ထင္သည္။
"ၿပီးေတာ့ ဗညားက နင့္ကိုလည္း ေပးခ်င္ေနတာ ကိုခန္႔ရဲ႕၊ မယူေလာက္ဘူးဆိုတာလည္း သူသိတယ္၊ ဒါေပမယ့္ အလုပ္မ႐ွိတဲ့အခ်ိန္ သူ႕အတြက္ ကုန္က်ေနတာေတြကို တကယ္အားနာေန႐ွာတာ"
ပိုင္ခန္႔ကို မမကိုၾကည့္ကာ ဘာမွေတာင္ မေျပာႏိုင္ေတာ့။ မမက လုံး၀ကို ဗညားထြဋ္ေခါင္ရဲ႕ ဘက္ေတာ္သား ျဖစ္သြားၿပီ ျဖစ္သည္။
"ဟုတ္ကဲ့ပါ မမရယ္၊ ကြၽန္ေတာ္လည္း သူ႕ကို အျပစ္တင္ေနတာ မဟုတ္ပါဘူး၊ အခုလည္း သြား႐ွာေပးမယ္ ဟုတ္ၿပီလား၊ မေတြ႕ရင္ေတာ့ မသိဘူးေနာ္"
.........
အိမ္အျပင္ကို ထြက္လာခဲ့ၿပီး ဘယ္မွာအရင္လိုက္႐ွာရမလဲ ဆိုတာ စဥ္းစားရသည္။ လမ္းထိပ္အုတ္ခုံမွာ ရပ္ရင္း ဖုန္းေခၚၾကည့္ေတာ့ ဖုန္းမကိုင္ပါ။ မမေျပာသလို တစ္ခုခု ျဖစ္ေနရင္ ဆိုတာမ်ိဳးေတြးကာ စိတ္ပိုပူလာမိသည္။ ဗညားထြဋ္ေခါင္က ဒီမွာ အသိမိတ္ေဆြဆိုလို႔ ဇင္မင္းတို႔သာ ႐ွိတာမို႔ ဇင္မင္းဆီ ဖုန္းေခၚၾကည့္ဖို႔ပဲ ႐ွိသည္။
"Hello ... ကိုခန္႔"
"ဗညား မင္းတို႔နဲ႔ ႐ွိေနလား"
"ျပန္သြားၿပီ ကိုခန္႔၊ တစ္နာရီေလာက္႐ွိၿပီ"
တစ္နာရီေလာက္ၾကာၿပီဆို သႏၲာထိပ္ကေန ဘုမၼာထဲကို ျပန္ေရာက္သင့္ၿပီေပါ့။
"သူ တစ္ေယာက္တည္း ျပန္သြားတာလား"
"ဟုတ္တယ္ ကိုခန္႔၊ ကြၽန္ေတာ္တို႔ ျပန္လိုက္ပို႔မလို႔ပါပဲ၊ သူက ရတယ္ဆိုလို႔၊ အခု မေရာက္ေသးလို႔လား"
"ေအး ... မေရာက္လာေသးလို႔"
"ကြၽန္ေတာ္တို႔ ထြက္႐ွာေပးရမလား"
"ရတယ္၊ လိုရင္ ငါ ဖုန္းထပ္ဆက္လိုက္မယ္"
ဇင္မင္းက "ဟုတ္ကဲ့" ဟု ဆိုကာ ဖုန္းခ်သြားသည္။ ဇင္မင္းတို႔လိုေကာင္ေတြက သူငယ္ခ်င္းလို ရင္းရင္းႏွီးႏွီး ေပါင္းလို႔ေကာင္းတဲ့ ေကာင္ေတြ မဟုတ္ပါ။ ဗညားကလည္း ဒီေကာင္ေတြနဲ႔မွ ၾကံဖန္ၿပီး ေပါင္းမိေနရတယ္လို႔။ အခုလည္း ျပန္ေရာက္မလာဘူးဆိုေတာ့ ဘယ္မွာ လိုက္႐ွာရမယ္မသိ။ ေဘး ဘယ္ညာကိုၾကည့္ကာ လမ္းထိပ္ကို ေလွ်ာက္လာခဲ့လိုက္သည္။
ရပ္ကြက္ထဲက လၻက္ရည္ဆိုင္ေတြမွာေတာ့ လူ႐ွိေနေသးေပမယ့္ လမ္းသြားလမ္းလာေတာ့ က်ဲေနၿပီ ျဖစ္သည္။ လမ္းမႀကီးေပၚမေရာက္ခင္ လမ္းသြယ္ေလးေတြရဲ႕ ထိပ္က အုတ္ခုံေတြမွာေတာ့ တခ်ိဳ႕က အရက္ထိုင္ေသာက္ေနၾကသလို၊ တခ်ိဳ႕ကလည္း ဂစ္တာတီးေနၾကသည္။ ေျမာက္ဥကၠလာပၿမိဳ႕နယ္႐ွိ ရပ္ကြက္ေလးေတြရဲ႕ ထုံးစံအတိုင္း လမ္းေပၚ လူလုံး၀မ႐ွိေတာ့တာမ်ိဳးေတာ့ ဘယ္ေတာ့မွ မ႐ွိ။
ဒီလမ္းသြယ္တစ္ျဖတ္ေက်ာ္ရင္ လမ္းမကို ေရာက္ၿပီမို႔ မေတြ႕ရင္ ဇင္မင္းတို႔ဘက္မွာ သြား႐ွာဖို႔ပဲ ႐ွိသည္။ လမ္းမႀကီးေပၚမွာေတာ့ လိုက္႐ွာဖို႔လည္း မလြယ္ပါ။ စိတ္ပ်က္လက္ပ်က္နဲ႔ ဆက္ေလွ်ာက္လာၿပီး ေနာက္ဆုံးလမ္းသြယ္ထိပ္က အုတ္ခုံမွာ လူရိပ္ေတြ႕လိုက္တာမို႔ အနားကပ္မသြားေသးဘဲ ေသခ်ာလွမ္းၾကည့္လိုက္ေတာ့ -
"ဗညားထြဋ္ေခါင္ .."
အုတ္ခုံေပၚမွာ ထိုင္ေနတာမဟုတ္ဘဲ အုတ္ခုံကိုမွီကာ ေျမႀကီးေပၚ မွာ ဒီအတိုင္း ထိုင္ေနတာ ျဖစ္သည္။ တစ္ခုခုမ်ား ျဖစ္တာလားဟု လန္႔သြားမိကာ အနားတိုးသြားလိုက္ရင္း -
"ဗညား .. ဘာလုပ္ေနတာလဲ မင္း"
အနားသြားကပ္ၾကည့္ေတာ့ အရက္နံ႔ေတြ မႊန္ထူေနတဲ့ေကာင္က ေခါင္းမေထာင္ႏိုင္ေအာင္ မူးေနၿပီး ပိုင္ခန္႔ကို ကိုလည္း ျမင္ပုံမရပါ။ ဒီအေျခအေနနဲ႔ တစ္ေယာက္တည္းျပန္မယ္ဆိုတာကို ျပန္လႊတ္လိုက္တဲ့ အေပါင္းသင္းေကာင္းေတြပဲ။
"ဗညား .... ငါ ေခၚေနတာ ၾကားလား၊ က်စ္ .. ဒီေကာင္ ျပႆနာပဲ"
ပုခုံးကေန ဆြဲထူကာ မတ္တပ္ရပ္ခိုင္းေတာ့ ဒယိမ္းဒယိုင္နဲ႔ ထလာသည္။ လဲက်မသြားေအာင္ ေဘးကေန ထိန္းကိုင္ထားေပးရ၏။ မေတြ႕ခင္က စိတ္ပူေနေပမယ့္ ဒီလိုပုံစံနဲ႔ျမင္လိုက္ရေတာ့ ေဒါသက ျပန္ျဖစ္လာျပန္သည္။
"မင္းကေတာ့ ေသေတာ့မယ္"
"ပိုင္ခန္႔ကို လား"
မပီမသနဲ႔ တစ္လုံးခ်င္းေျပာေနတဲ့ေကာင္ကို တြဲကာ ေခၚလာဖို႔ ျပင္တုန္း၊ ပိုင္ခန္႔ကိုအား ႐ုတ္တရက္ ခါးကေန လွမ္းဖက္ကာ ပုခုံးေပၚ မ်က္ႏွာအပ္လိုက္ေသာ ဗညားထြဋ္ေခါင္ေၾကာင့္ အံ့ဩသြားရသည္။
"အိမ္..ျပန္..မယ္ .."
"ေအး .. အခု အိမ္ျပန္မလို႔ေလ"
"ငါ့ကို တစ္ေယာက္တည္း မထားပါနဲ႔"
"ဟင္ .."
"ငါ့ကို တစ္ေယာက္တည္း မထားနဲ႔ ... လို႔"
ေသခ်ာ မသဲကြဲတာေၾကာင့္ အာ႐ုံစိုက္ၿပီး နားေထာင္ၾကည့္ေတာ့ ေစာေစာကအတိုင္း ဖက္ထားရင္းကပဲ တစ္ေယာက္တည္း ညည္းေနသလို ခပ္တိုးတိုး ထပ္ေျပာ၏။
"အခု ဒီကမ႓ာမွာ မင္းတစ္ေယာက္တည္းကိုပဲ ငါသိတာ"
မထင္မွတ္ထားတဲ့ ထူးထူးဆန္းဆန္းစကားေၾကာင့္လားေတာ့ မသိ၊ ပိုင္ခန္႔ကို စိတ္ထဲ ၀မ္းနည္းသလို၊ အံ့ဩသလို ဘာမွန္းမသိ ခံစားလိုက္ရသည္။ ပုခုံးေပၚ မ်က္ႏွာအပ္ထားတာေၾကာင့္ ဗညားထြဋ္ေခါင္ရဲ႕ အသက္႐ွဴသံကိုပါ ၾကားေန၏။
တစ္မိနစ္လား၊ စကၠန္႔ပိုင္းလား မသိတဲ့ အဲ့ဒီအခ်ိန္ခဏေလးက ပိုင္ခန္႔ကို ရင္ထဲ အမ်ိဳးအမည္မသိတဲ့ ခံစားမႈတစ္ခုနဲ႔ လႈပ္ခတ္သြားေစသည္။ ခဏေလာက္ အသက္ေအာင့္ထားမိလိုက္ၿပီးမွ ဗညားထြဋ္ေခါင္ကို ပုခုံးကေနထိန္းကိုင္ကာ လက္တစ္ဖက္ကို ပိုင္ခန္႔ကို ပုခုံးေပၚတင္လိုက္တဲ့အေနအထားနဲ႔ တြဲေခၚလိုက္သည္။
"မင္းပဲ ထြက္သြားတာ မဟုတ္ဘူးလား"
တြဲထားရင္းကေန ခပ္တိုးတိုး ေျပာလိုက္တဲ့စကားကို ေခါင္းငိုက္က်ေနၿပီျဖစ္တဲ့ ဗညားထြဋ္ေခါင္ကေတာ့ ၾကားဟန္မတူပါ။ ငမူးေကာင္ကို တခ်က္ငဲ့ၾကည့္ရင္း အေၾကာင္းျပခ်က္မ႐ွိ ျပဳံးလိုက္မိသည္။
"အခု အိမ္ျပန္ၾကမယ္"
..........
အုတ္ခုံမွာ ထိုင္တာ ဆယ့္ငါးမိနစ္ေလာက္ ၾကာသြားေပမယ့္၊ ပိုင္ခန္႔ကိုက ဘာစကားမွ စမေျပာလာဘဲ ဒုတိယေျမာက္ စီးကရက္ကိုထုတ္ကာ မီးညႇိသည္။ လက္စြပ္ေရာင္းလိုက္ေသာကိစၥကို အခုထိ စိတ္ဆိုးေနပုံရသည္။ ေဘးနားမွာ ၿငိမ္ကာ ထိုင္ေနရင္း တိတ္ဆိတ္ေနေသာ အေျခအေနႀကီးကို စိတ္ညစ္လာမိသည္။
"မင္း ငါ့ကို မေရာင္းဖို႔ေျပာထားတာ သိပါတယ္"
ပိုင္ခန္႔ကို က လွည့္ၾကည့္ၿပီး ဘာမွ ျပန္မေျပာ။
"ဒါေပမယ့္ ... ငါ မင္းကိုလည္း ျပန္ေပးခ်င္တယ္ေလ၊ ၿပီးေတာ့ ..."
ၿပီးေတာ့ ဇင္မင္းတို႔ကိုလည္း ေပးစရာေတြ ႐ွိေနေသးသည္ဆိုတာကို ေျပာဖို႔ျပင္ၿပီးမွ ဆက္မေျပာမိ။ ပိုင္ခန္႔ကို ဆီကေန အျပစ္တင္ခံရမွာကို အလိုလိုေနရင္း စိုးရိမ္ေနမိေသာစိတ္က ေျပာမဲ့စကားတို႔ကို ရပ္သြားေစသည္။ ပိုင္ခန္႔ကိုက ဘာဆက္ေျပာမွာလဲ ဆိုေသာပုံစံႏွင့္သာ ၾကည့္ေန၏။
"ၿပီးေတာ့ ... မင္း ေျပာသလိုပဲေလ၊ ငါက တျခားကေန ပိုက္ဆံမွ မ႐ွာတတ္တာ"
"ငါ့ကို ေပးဖို႔ေတာ့ တကူးတက ဘာပစၥည္းမွ ေရာင္းစားစရာ မလိုပါဘူး၊ ငါက လိုတယ္လို႔ ေျပာဖူးလို႔လား"
"မင္းမေျပာလည္း၊ ငါ့ေၾကာင့္ ခက္ခဲေနတာကို ငါသိေနတာပဲ"
"မင္းေၾကာင့္ ခက္ခဲေနတယ္လို႔ ဘယ္သူေျပာလဲ"
ကိုယ္တိုင္လည္း အသုံးလိုတယ္ဆိုေပမယ့္၊ ပိုင္ခန္႔ကို ကို ျပန္ေပးခ်င္တယ္ဆိုတာကလည္း အေၾကာင္းျပတာ မဟုတ္ပါ။ ဘယ္လိုပဲ မလိုဘူး ေျပာေနေပမယ့္ ပိုင္ခန္႔ကို အလုပ္မ႐ွိေတာ့တဲ့အခ်ိန္မွာ ပိုၿပီးၾကပ္တည္းသြားတာေတာ့ အမွန္ပဲ ျဖစ္သည္။
"ငါတို႔က ဘယ္တုန္းကမွ အဆင္ေျပၿပီး ျပည့္စုံေနတာ မဟုတ္ဘူး၊ ငါနဲ႔ မမက ဒီလိုပဲ ဒီအလုပ္မ႐ွိရင္ ဟိုအလုပ္ ႐ွာလုပ္ၿပီး၊ တစ္သက္လုံး အဲ့အတိုင္းပဲ ႐ုန္းကန္လာတာ၊ မင္းေရာက္လာလို႔ ပိုခက္ခဲသြားတယ္ ဆိုတာလည္း မ႐ွိဘူး၊ အဲ့ဒါကို မင္းစိတ္မပူလည္း ရတယ္"
ပိုင္ခန္႔ကို ေျပာတာကို နားလည္ေပမယ့္ သူတို႔ေတာင္ အဆင္မေျပျဖစ္ေနရတဲ့ၾကားထဲ ဒုကၡထပ္ေပးသလို ျဖစ္ေနတာမ်ိဳးကို အားနာေနျခင္းအား ဘယ္လို ေျပာျပရမွန္း မသိေတာ့။
"မင္း စိတ္ပူရမွာက မင္းကိုယ္မင္း ပဲ"
"ငါက ဘာလို႔လဲ"
ပိုင္ခန္႔ကိုက စီးကရက္အေငြ႕အခ်ိဳ႕ မႈတ္ထုတ္ပစ္လိုက္ၿပီး ဗညားထြဋ္ေခါင္ဘက္ကို လွည့္ၾကည့္ရင္း -
"ဇင္မင္းတို႔နဲ႔ ေပါင္းၿပီး မင္း ဘာေတြ ေလွ်ာက္လုပ္ေနတာလဲ"
ပိုင္ခန္႔ကို သိရင္သိေလာက္တယ္ ဆိုတာကို ခန္႔မွန္းၿပီးသားေပမယ့္၊ အခုလို ေျပာလာတဲ့အခ်ိန္မွာ ဘာျပန္ေျပာရမယ္ မသိ။ မီးသတ္ၿပီးသား စီးကရက္ကို ေျမေပၚခ်ကာ အေၾကာင္းမဲ့ နင္းေျခေနမိသည္။
"ဇင္မင္းတို႔ကို ဘာမွတ္ေနလဲ၊ အဲ့ဒါ မင္းကို ေခ်ာက္ထဲအတူဆြဲေခၚသြားမဲ့ေကာင္ေတြ မဟုတ္ဘူး၊ ေခ်ာက္ထဲကို တြန္းခ်ခဲ့မဲ့ေကာင္ေတြ"
"ငါ သိပါတယ္"
"မင္း မသိပါဘူး၊ ဒီေကာင္ေတြက မင္းေပါင္းေနက် သူငယ္ခ်င္းေတြလို မဟုတ္ဘူး၊ ရပ္ကြက္ထဲမွာေတာင္ လူတိုင္းက ၾကည့္ေ႐ွာင္ၾက ဆိုတဲ့ေကာင္ေတြ၊ ငါ သူမ်ားမေကာင္းေၾကာင္း ကြယ္ရာမွာ ေျပာေနတာ မဟုတ္ဘူးေနာ္၊ သူတို႔ေ႐ွ႕မွာလည္း ငါ ဒီလိုပဲေျပာတာ"
ပိုင္ခန္႔ကို ေျပာတဲ့ ေစတနာကို နားလည္ေပမယ့္ ဇင္မင္းတို႔က ဒီေလာက္ႀကီးေတာ့ ဆိုးဝါးတဲ့သူေတြ မဟုတ္ပါ။ ပိုင္ခန္႔ကို ေျပာသလို အရမ္းေရာေႏွာလို႔ မေကာင္းတဲ့ေကာင္ေတြ ဆိုေပမယ့္၊ သူတို႔စည္းနဲ႔သူတို႔ ေနတတ္တဲ့ သူေတြပါပဲ။ အခုကိစၥေတြမွာလည္း ဗညားထြဋ္ေခါင္ ကိုယ္တိုင္က စမ္းသပ္ၿပီး သုံးၾကည့္ရာကေန၊ ေနလို႔ထိုင္လို႔ေကာင္း႐ုံ ဆက္သုံးေနမိတာမ်ိဳးပဲ ျဖစ္သည္။
အိမ္ျပန္မေရာက္ႏိုင္တာကို ေတြးမိၿပီး စိတ္ညစ္ရတိုင္း၊ ကိုယ္က သူမ်ားအတြက္ ၀န္ထုပ္၀န္ပိုး ျဖစ္ေနလားေတြးၿပီး စိတ္ညစ္ရတိုင္း၊ အဆင္မေျပသမွ်ကို ခဏေတာ့ ေမ့ေပ်ာက္သြားေစဖို႔သာ။
"ငါ ကိုယ့္ကိုယ္ကို သိပါတယ္၊ ဘာမွ အလြန္အကြၽံမလုပ္ပါဘူး"
"ဒါမ်ိဳးေတြက ဘယ္သူကမွ အလြန္အကြၽံလုပ္လိုက္ဦးမယ္ဆိုၿပီး လုပ္ၾကတာ မဟုတ္ဘူး ဗညား၊ ၿပီးေတာ့ မင္းတို႔ အခုလုပ္ေနတာေတြက ေဆးေျခာက္ေသာက္တာထက္ အမ်ားႀကီးပိုဆိုးတယ္ဆိုတာ မင္း မသိတာေတာ့ မဟုတ္ဘူးမလား"
ပိုင္ခန္႔ကိုေျပာတာလည္း ဟုတ္ေနတာမို႔ ဗညားထြဋ္ေခါင္ ဘာဆက္ေျပာရမွန္းမသိဘဲ ၿငိမ္ေနလိုက္သည္။ ျပည့္စုံမင္းနဲ႔ ေဇယ်ာၿဖိဳးသာ သိခဲ့ရင္လည္း သူ႕ကို ဆဲမွာ က်ိန္းေသသည္။ ဒီေဆးျပားေတြနဲ႔ အျဖဴကိုေတာ့ စမ္းၿပီးေတာင္ မလုပ္ဖို႔ အခ်င္းခ်င္း ေျပာထားၾကၿပီးသား။
"မင္း အခုေလာက္နဲ႔ပဲ သူတို႔ကို ေ႐ွာင္လိုက္ေတာ့"
"ေအးပါ ... "
ဒီေလာက္ပဲေျပာကာ ဗညားထြဋ္ေခါင္ကို တစ္ခ်က္ၾကည့္ၿပီး အိမ္ဘက္ကို ျပန္ေလွ်ာက္သြားေသာ ပိုင္ခန္႔ကို ေက်ာျပင္ကို လိုက္ေငးေနမိသည္။ ဗညားထြဋ္ေခါင္ဆိုတာလည္း ကိုယ့္ကိုယ္ကိုထိန္းၿပီးေတာ့ တစ္သက္လုံးေနလာခဲ့တဲ့သူပဲမို႔လို႔၊ ဒါမ်ိဳးကိစၥေတြမွာ ပိုင္ခန္႔ကို စိုးရိမ္သလို အလြန္အကြၽံဆိုတာမ်ိဳးေတြ ႐ွိလာမွာ မဟုတ္ဘူးဟု ယုံၾကည္သည္။
.................................................................................