What's wrong? ( Completed )

By NangKhaingNiTun

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 22

453 36 4
By NangKhaingNiTun

ကမ္ဘာပေါ်မှာ အထပ်မြင့် အဆောက်အဦးတွေ ရှိနေတာ မဆန်းပဲ မရှိတဲ့ နိုင်ငံမှာသာ အဆန်း ဖြစ်နေတဲ့ ခေတ်မှာ ရေထဲလောက်မှာပဲ ကမ္ဘာပတ်နေရတဲ့ မုလုံ အတွက်ကတော့ မီးလင်းတဲ့ အဆောက်အဦး မှန်သမျှ ကြည့်စရာ ဖြစ်နေတယ်။

သူ့မှာ မစားဖူးတဲ့ အမဲသား ပြားကို တစ်ခါပဲ စားပြီး ထပ်မစားတော့ပါ။ အဲ့ဒါထက် လက်ထဲမှာ မကိုင်တတ် ကိုင်တတ်နဲ့ ကိုင်ထားတဲ့ ဝိုင် ခွက်ကို ကိုင်ရင်း ခေါင်မိုးထပ်မှာ ကာထားတဲ့ လက်ရန်းကို မှီပြီး မျက်စိ အစာကျွေးနေတယ်။

' ဟိုမှာ မီး ကို အရောင်စုံလိုက် လင်းလိုက် မှိတ်လိုက် ဖြစ်နေတဲ့ဟာက ဘာလဲ ...။'

' အဲ့ဒါ ပြင်သစ်က စျေးအကြီးဆုံး နိုက်ကလပ် ...။'

' နိုက်ကလပ် ဆိုတာကရော ဘာလဲ ...။'

ဟုန်လုံ သူ ဒီတစ်ယောက် နားမှာ နေတာ မှားပြီဆိုတာ ဒီစားသောက်ဆိုင် ရောက်ကတည်းက သိတာဖြစ်သည်။ ဒါပေမယ့် ခုထိ သူ ဘာလို့ ဒီ တစ်ယောက် အနား ဆက်ရှိပြီး ပေါက်ကရ မေးတာကို ဖြေပေးနေမိနေတာလဲ ဆိုတာကို သူလည်း မသိပါ။

.
.
.

' ရှောင်းကျန့် !!!!

ရှောင်းကျန့် !!!။'

ရှောင်းကျန့် အနီး အနား ရှိနေတာတောင် တစ်ခြား လူတွေပါ ကြားနိုင်တဲ့ အသံနဲ့ အော်နေတဲ့ မုလုံက သူ့လှည့်ကြည့်တော့ လက်ယပ် ပါ ခေါ်လာတယ်။

' လာအုံး ...။ ဒီကို လာကြည့် ...။'

ရှောင်းကျန့် သူ ထ လိုက်တော့ ရိပေါ် ပါ ထ လာတာကြောင့် ...

' ဘာလိုက်လုပ်မှာလဲ ...။'

' လိုက်တော့ ဘာဖြစ်လဲ ...။'

ရှောင်းကျန့် မျက်စောင်း တစ်ချက် ထိုး ပြီး ထ သွားလိုက်သည်။ ဝမ်ရိပေါ် ခေါင်းမာရင် သူ ဘာပြောပြော လေ ပဲ ကုန်တာလေ။

မုလုံ ရှောင်းကျန့် အနား ရောက်လာတာနဲ့ လက် ဆွဲလိုက်ပြီး ...

' ဟိုမှာ ... နိုက်ကလပ် တဲ့ ...။'

' ဘယ်သူ ပြောတာလဲ ...။'

' ဟုန်လုံ လေ ...။ သူ ပြောပြတာ။ ငါတို့ အဲ့ကို သွားကြည့်ရအောင် ...။'

' မသွားချင်ဘူး။ ပြီးတော့ နိုက်ကလပ် ဆိုတာ ဘာလဲ ဆိုတာရော မင်း သိလို့လား ...။'

' ဟုန်လုံ ပြောတော့ အရက် သွားသောက်ပြီး က ကြတာဆို ...။'

' အေးလေ ...။ မင်းက အရက်လည်း မသောက်ဖူးသေးပဲနဲ့ ဘယ်လို သွားသောက်မလဲ ...။'

ထိုစဉ် ...

' သူ သွားချင်နေတာကို သွားခိုင်းလိုက်ပါ။ အဲ့ဒါမှ သူလည်း ကုန်းပေါ် တက်လာတာ အကျိုး ရှိမှာပေါ့။'

ရှောင်းကျန့် ဝင်ပြီး ထပ်ဆွ ပေးလာတဲ့ ရိပေါ်ရဲ့ စကားကြောင့် မျက်လုံးသေနဲ့ စိုက်ကြည့်လိုက်ပြီး ...

' ခင်ဗျား ဘာလို့ မဟုတ်တာဆို အရမ်းကို လုပ်ဖို့ တွန်းအားပေးနေတာလဲ။ ပြီးတော့ ဟော်ရှင်း ပါ ပါ နေတာကို ကလပ် က သွားစရာလား ...။'

' ရော် ... တွန်းအား ပေးတယ်လို့တော့ ဘယ်ဟုတ်မလဲ။ သူ မသိသေးတဲ့ အရာ ကို "ဘာ" ဆိုတာ သိအောင် လုပ်ပေးသင့်တယ် မဟုတ်ဘူးလား။ တစ်ချို့အရာဆိုတာ ကောင်းတာလား မကောင်းဘူးလား ဆိုတာ ကိုယ်တိုင် ကြုံ ကြည့်သင့်တယ်လေ။'

ရိပေါ် ရှောင်း ကို ပြောပြီး ဟော်ရှင်း ကို ကြည့်ရင်း ...

' ဟော်ရှင်း ကိုက ဟုန်လုံ ကို အိမ်ပြန်လိုက်ပို့ခိုင်းလိုက်မယ်။ မင်း ရယ် ကိုယ်ရယ် မုလုံ နဲ့ ကျန်တစ်ယောက်ရယ်က ကလပ် သွားကြမယ်။'

ဟုန်လုံ ကတော့ သွားမယ့် စာရင်းထဲ သူ မပါဘူး သိရတာနဲ့ စားပွဲဝိုင်းမှာ ပြန်သွားထိုင်လိုက်သည်။

' အဟင်း !!!.'

ရှောင်းကျန့် ရိပေါ် ကို သွား စေ့ ပြီး ရယ်ပြလိုက်ရင်း ...

' သွားမယ့် အထဲ ကျနော့်ကို ထည့်မတွက်နဲ့။ သွားချင်ရင် ခင်ဗျားတို့ပဲ သွားကြ ...။'

' ရှောင်းကျန့် မင်း ကလဲ ... ဘာလို့ မလိုက်တာလဲ။ မင်း မပါတော့ ငါက ဝမ်ရိပေါ် ကို လိုက်ပို့ခိုင်းရမှာ အားနာစရာကြီး ...။ လိုက်ခဲ့ပါကွာ ...။ ငါ က မသွားဖူးလို့ သွားကြည့်ချင်တာ။ ခဏပဲ ...။ သွားကြည့်ပြီး ဘာ ဆိုတာ သိတာနဲ့ ပြန်ကြမယ် ...။'

ရှောင်းကျန့် သူ့ လက်ကို လာဆွဲလွှဲနေတဲ့ မုလုံ ရဲ့ လက်ကို ဆွဲဖြုတ်လိုက်ပြီး ...

' "ဘာ" ... ဆိုတာပဲ သိချင်ရင် ငါ မင်းကို ပြောပြပြီးပြီလေ။'

' ငါက သေချာ သိချင်သေးတယ်လေ ...။ လိုက်ခဲ့ပါကွာ ... နော် ... နော် ...။'

ရိပေါ်ကလည်း ဝင် နှောင့်သည်။

' ကိုယ် တစ်ယောက်လုံး ပါ မှာပဲ ..။ ရှောင်း က ကြောက်နေတာလား ...။'

' ဘာကြောက်ရမှာလဲ ...။ အခုက မသွားချင်လို့ မသွားတာ။'

' ပြောချင်တာက ရောက်ဖူးတယ်ပေါ့ ...။'

' ရောက်ဖူး စရာ မလိုဘူး။ ကြည့်တဲ့ ဇာတ်ကား တိုင်းမှာ အဲ့ဒီလို နိုက်ကလပ် ဆိုတာတွေ ဇာတ်ကား တိုင်း လိုလို ပါတယ်။'

' ဇာတ်ကား ထဲကနဲ့ အပြင် လက်တွေ့နဲ့ ဘယ်လိုတူမလဲ ...။ ဇာတ်ကား ဆိုတာက တကယ့် နိုက်ကလပ် နေရာ မသွားပဲနဲ့ ရိုက်ကွင်းနေရာမှာ အစားထိုး ကလပ် ပြင်လိုက်တာလည်း ရတာပဲ။'

မုလုံ မျက်နှာ တစ်ချက် မဲ့လိုက်ပြီး ...

' ကဲပါ ... မင်း မသွားချင် မသွားနဲ့။'

ရှောင်းကျန့် မျက်နှာ မသာမယာနဲ့ ပြောလာတဲ့ မုလုံ ကို ဖြတ်ပြောလိုက်သည်။

' မင်း ကတော့ သွားမှာပဲပေါ့။'

' သွားမှာ ...။ ဝမ်ရိပေါ် မင်း ငါ့ကို လိုက်ပို့မှာမလား ...။'

ရိပေါ် ပြန်မပြောပဲ ရှောင်း ကို အဓိပ္ပာယ် ပါပါ နဲ့ တစ်ချက်ကြည့်လိုက်သည်။

ရှောင်းကျန့် သူ့ကို ကြည့်လာတဲ့ ရိပေါ် ရဲ့ အကြည့်ကို သိတာကြောင့် မုလုံ ကို တစ်ချက်ကြည့်တော့ ရိပေါ် သူ့ကို လိုက်ပို့ပေးမှာပါ ဆိုတဲ့ ယုံကြည်ချက် အပြည့် မျက်ဝန်းတွေနဲ့ လက်လက် တောက်နေတယ်။ အဲ့လိုကျလည်း မသွားရတော့ဘူး ပြောလိုက်ရမှာလည်း သနားစရာလေး ...။

အဲ့ဒါကြောင့် ရှောင်းကျန့် မျက်လုံးမှိတ်ရင်း အသက် ပြင်းပြင်း တစ်ချက် ရှူ လိုက်ပြီးမှ မုလုံ ကို ပြန်ကြည့်ရင်း ...

' မုလုံ မင်း ခဏပဲ သွားကြည့်ပြီး ပြန်မယ်ဆိုတာ သေချာတယ်နော် ...။'

မုလုံ ခေါင်းကို ပြုတ်ထွက်မတတ် ညိတ်ပြလိုက်ပြီး ...

' တကယ် ...။ သေချာတယ်။'

' အဲ့ဒါဆိုလည်း ခဏ သွားကြမယ် ...။'

ရိပေါ် လည်း သူ ရှောင်း ကို ကလပ် ခေါ်သွားလို့ ရတော့မယ် ဆိုတာနဲ့ ရင်ထဲ ပန်းတွေ ပွင့်နေပြီး မျက်နှာကလည်း မချိုမချဉ်နဲ့ အပျော်ကို မနည်းဖုံးကွယ်ထားနေရတယ်။

~~~~~~~~~

စားသောက်ဆိုင်ရဲ့ အောက်ထပ် ဆိုင်ရှေ့တွင် ...

' ဟော်ရှင်း !!!.'

' ကင်း !!!!.'

ကင်း ဒီတစ်ခါတော့ ဟော်ရှင်း နဲ့ စကားပြောရဖို့ ဆုံးဖြတ်ထားတာကြောင့် ကိုကြီး နဲ့တောင် လိုက်မသွားပဲ တမင် နေခဲ့တာ။

ဟော်ရှင်း သူ့ဆီ လျှောက်လာနေတဲ့ ကင်း ကို ကျော်ပြီး ဟိုဟို ဒီဒီ ရှာပေမယ့် ဘယ်သူမှ မတွေ့ပါ။

' ကိုကြီး က သွားစရာ ရှိလို့ ...။ အဲ့ဒါကြောင့် ငါ တစ်ယာက်တည်း ကျန်ခဲ့တာ ...။'

ဟော်ရှင်း ခုန လိုက်ရှာနေတဲ့ သူ့မျက်လုံးကို ပုံမှန်အတိုင်း ပြန်တည်လိုက်ပြီး ...

' အဲ့ဒါ ဘယ်သူက သိချင်လို့လဲ ...။'

' မင်း သိအောင် ပြောပြနေတာက ငါ အခု မင်း နဲ့ လမ်းကြုံ အိမ်ပြန်လိုက်ပါရစေလို့ အကူညီ တောင်းချင်လို့ပါ။'

ဟော်ရှင်း မျက်နှာ တစ်ချက်မဲ့ပြီး ရယ်လိုက်ရင်း ...

' မင်း ကို ငါက တင်ခေါ်သွားမယ်လို့ ဘယ်လို ယုံကြည်ချက် ရှိတာလဲ ...။ မင်း နဲ့ ငါ သူငယ်ချင်းမှ မဟုတ်တာ။ ပြီးတော့ မင်း ကတောင် ငါ့ကို မင်း သူငယ်ချင်းနဲ့ ပေါင်းပြီး အနိုင်ကျင့်ခဲ့သေးတာ။'

' ငါ အဲ့ဒါအတွက် နှစ်ခါတောင် တောင်းပန်ပြီးပြီလေ။ ငါ ကျိန်ဆို ကျိန်ပါတယ်။ နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရှိစေရတော့ဘူး။'

ကင်း ခုထိ မျက်နှာ မဲ့ နေတဲ့ ဟော်ရှင်းကို ကြည့်ပြီး သူလည်း မျက်နှာ မကောင်းနိုင်ပါ။ အမှား သိလို့ တောင်းပန် တဲ့ သူကို အခွင့်အရေး တစ်ခါပေးပြီး ယုံကြည်မှု ပြန်ပေးသင့်တယ်မလား ...။

သူတို့နှစ်ယောက် စကားပြောနေကြတဲ့ အချိန်အတွင်းမှာပဲ သူတို့ရပ်နေတဲ့ အနားမှာ ကား တစ်စီး ထိုးရပ်လာသည်။

ဟုန်လုံ ကား ပေါ်က ဆင်းလာပြီး ကား နောက်ခန်း တံခါးကိုဖွင့်ပေးလိုက်ရင်း ...

' ဟော်ရှင်း တက်လို့ ရပြီ။'

ဟော်ရှင်း ကား ပေါ် မတက်ခင် ကင်း ကို ကြည့်မိတော့ ညိုးငယ်တဲ့ မျက်နှာနဲ့ သူ့ကို ကြည့်နေတာ တွေ့လိုက်ရတာကြောင့် ဟုန်လုံ ဦးလေး ဖွင့်ပေးတဲ့ နောက်ခန်းကို မတက်ပဲ ကား ရှေ့ခန်း တံခါးကို ဆွဲဖွင့်လိုက်ရင်း ...

' သူ့ကို နောက်ခန်းမှာ တက်ခိုင်းလိုက် ...။'

ကင်း ကား ပေါ်တက်တော့မယ့် ဟော်ရှင်း ကို ကြည့်ပြီး ပိုပြီး စိတ်ပျက် လက်ပျက် မျက်နှာ ဖြစ်နေတုန်း ကြားလိုက်ရတဲ့ စကားကြောင့် ခုထိ ကား တံခါး ဆွဲဖွင့်ထားလျက်သားနဲ့ ဦးလေးကို ကျေးဇူးတင်ပါတယ်လို့လည်း မပြောအားပဲ ကား နောက်ခန်းကို အမြန်ပြေးတက်လိုက်သည်။

တော်ကြာ ဝမ်ဟော်ရှင်း စိတ်ပြန်ပြောင်းသွားမှာ။

~~~~~~~~~

ကင်း ကား ပေါ်တော့ရောက်ပြီ။ ဒါပေမယ့် ဟော်ရှင်း ကို ဘာ စကား ပြောရမလဲ မသိပါ။ အရှေ့ခန်းမှာ ထိုင်နေတဲ့ ဟော်ရှင်း ကို ခိုးကြည့်တော့ ဖုန်း သုံးနေတာ တွေ့ရပြီး အစိမ်းရောင် ပုံစံနဲ့ app တစ်ခုကို ကြည့်နေတာ တွေ့လိုက်ရတာကြောင့် ဖုန်း ကို အမြန်ထုတ်ပြီး ဟော်ရှင်း ကို နှောင့်ယှက်ဖို့ ကြံကတည်းက တရုတ်တွေ သုံးတဲ့ WeChat ဆိုတာကြီးကို ဖွင့်လိုက်သည်။

!!!! ထင်း !!!!

ဟော်ရှင်း ရုတ်တရက်ကြီး WeChat acc က noti တက်လာတာကြောင့် မက်ဆေ့ ဘောက်စ် ကို ဖွင့်ကြည့်တော့ အကောင့်တစ်ခုက ပို့လာတာ။

နှိပ်ကြည့်လိုက်တော့ လက်နှစ်ချောင်း ထောင်ထားတဲ့ အီမိုဂျီ တစ်ခု ပို့ထားတယ်။

ဟော်ရှင်း သူ စကား တစ်ခါမှ မပြောဖူးတဲ့ အကောင့် ဖြစ်တာကြောင့် တစ်ချက်ပဲ ကြည့်ပြီး ပြန်ထွက်လိုက်သည်။

!!!! ထင်း !!!!

ထပ်ကြည့်တော့ ခုန အကောင့်ပဲ။

ဒီတစ်ခါတော့ ငိုတော့မယ့် မျက်နှာနဲ့ သနားစရာ ကောင်းတဲ့ အီမိုဂျီ ပို့လာတယ်။

ကြည့်နေစဉ်ပဲ စာ ထပ်ပို့လာတယ်။

📩 ငါ့ကို တကယ်ပဲ စကားမပြောချင်ဘူးလား။

ဟော်ရှင်း မြင်လိုက်ရတဲ့ စာကြောင့် အကောင့် ရဲ့ ပရိုဖိုင် ကို ဝင်ကြည့်လိုက်သည်။

တွေ့ပြီ... အကောင့်ထဲမှာ ကင်း ရဲ့ ပုံတွေက ပြူးလို့ ...။ တကယ်တော့ ပရိုဖိုင်မှာ သူ့ပုံ မတင်ထားလို့ မသိတာ။ မဟုတ်ရင် အကောင့် ကို လက်ခံမှာ မဟုတ်ဘူး။

!!!! ထင်း !!!!

📩 😭😭😭😭

ဟော်ရှင်း ဒီတစ်ခါတော့ ဖုန်းကို မကြည့်တော့ပဲ အနောက်ကို လှည့်ကြည့်လိုက်သည်။

' ဘာတွေ ဖြစ်ချင်နေတာလဲ ...။'

' ဟော်ရှင်း မင်းကလဲကွာ ငါ ဒီလောက် အောက်ကျပြီး တောင်းပန်ပြီးပြီပဲကို။ ငါ့ကို ကျေအေးပေးလိုက်ပါတော့ ...။'

' အဟင်း !!!.'

ဟော်ရှင်း ကြားလိုက်ရတဲ့ စကားကြောင့် နှာခေါင်းထဲက လေ ထွက်ရုံ လှောင်ရယ်လိုက်ပြီး ...

' ဘယ်လိုမျိုး ပြောတာလဲ မင်း ပြောတဲ့ အောက်ကျပြီး တောင်းပန်တယ်ဆိုတာ ...။'

' မင်း ဦးလေး ရှေ့မှာ ငါ အထိုးခံရလည်း ခံမယ် ဆိုတဲ့ စိတ်နဲ့ လည်စင်းပြီး တောင်းပန်တယ်လေ။'

' ဟွန်း ...။ ဟာသ တွေ ...။'

ကင်း သူ ဘယ်လိုပြောပြော ခုချိန် ဟော်ရှင်း ဆီက ထွက်လာမယ့် စကား က အလှောင် စကားတွေပဲ ဖြစ်မှာမို့ ဘာမှ ထပ်မပြောတော့ပဲ ငြိမ်နေလိုက်သည်။

ဟော်ရှင်း သူ့ကို ပြန်မပြောလာတော့တဲ့ ကင်း ကြောင့် လှောင်ပြုံး မျက်နှာ တန်းလန်းကြီးနဲ့ အရှေ့ကို ပြန်လှည့်လိုက်သည်။ ပြီးတော့ ဘာကို မကျေနပ်သည် မသိ နှုတ်ခမ်းက စူပုပ်ပုပ်နဲ့ပေါ့။

~~~~~~~~~

ရေခဲပြင် စကိတ်စီးလို့ ရတဲ့ ကွင်း တစ်ကွင်းမှာတွင်လည်း မတတ်တဲ့ မုယွီ့ကျင်း က ဆရာကြီး အထာလုပ်ပြီး ရှဲန့်မု ကို ရေခဲပြင် စကိတ် ဘယ်လို စီးရလဲ သင်ပေးနေတယ်။

' ဟာ ... ခန္ဓာကိုယ်ကို တောင့် မထားပါနဲ့ဆို ...။'

ရှဲန့်မု သူက ရေသူမ ဖြစ်တာကြောင့် ဒီလောက် အအေးကတော့ မမှုဘူးဆိုပြီး င်္အကျီ လက်တိုနဲ့ စကိတ်စီး သင်နေတာ ဖြစ်သည်။

အခုလည်း သူ့ကို အော် ပဲ အော် နေတဲ့ ယွီ့ကျင်း ကို တစ်ချက်ကြည့်တော့ ယွီ့ကျင်း က သူ့ကို ကြည့်မနေပဲ သူ တတ်ဖို့ကို တကယ် အာရုံ စိုက်ပေးနေတာ မြင်ရတော့ ပြောချင်လွန်းလို့ ယားနေတဲ့ ပါးစပ် ကို ပြန်ထိန်းသိမ်းထားလိုက်သည်။

သတိမထားမိတဲ့ တစ်ခဏမှာတော့ ချော နေတဲ့ ရေခဲပြင်ဆိုတဲ့ အတိုင်း ရှဲန့်မု တစ်ယောက် ဖင်ထိုင်လျက် ကျသွားသည်။

' ဘုတ် !!!!.'

' ဟော ...။ ဖြစ်ပြီ ...။ အဲ့ဒါကြောင့် ခန္ဓာကိုယ်ကို တောင့်မထားနဲ့ ပြောတာ ...။'

ယွီ့ကျင်း ပြောလည်း ပြော ရှဲန့်မု ရဲ့ လက်ကို ဆွဲလိုက်ရင်း ...

' ပြန် ထ ကြည့် ...။ ထ လို့ ရလား ...။'

' ဖျတ် ...။'

ရှဲန့်မု သူ့ကို ဆွဲထူတဲ့ ယွီ့ကျင်းရဲ့ လက်ကို ဖြတ်ထုတ်လိုက်ရင်း ...

' တော်ပြီ မဆွဲနဲ့ ...။ ပြီးတော့ မသင်ပေးနဲ့တော့။ နင် ငါ့ကို သင်ပေးတာ နည်းနည်း အော် ငေါက်နေတာ ခပ်များများ ဖြစ်နေတယ်။ ငါ မစီးတော့ဘူး ...။'

ယွီ့ကျင်း လုပ်စရာ မရှိတော့တဲ့ လက် နှစ်ဖက်ကို ခါးမှာ ထောက်လိုက်ပြီး ကလေးလို ခြေဆင်းရင်း ထိုင်မြဲ ထိုင်နေတဲ့ ရှဲန့်မု ကို ငုံ့ကြည့်ရင်း ...

' ငါ ဒီကို မလာဘူး ပြောတော့ နင် ပဲ လာမယ်ဆို ...။ ငါ ပြောပါတယ် ဒါက ရေခဲပြင် စကိတ် သပ်သပ်ပဲလို့ ...။ ပင်ကွင်း တွေ ပန်ဒါ ဝက်ဝံတွေ သွားကြည့်မယ် ဆိုတော့လည်း ဒီကို အသည်းအသန် လာချင်တာ ဘယ်သူလဲ ...။'

ရှဲန့်မု ချော့ မခံရတဲ့ အပြင် ထပ်ပြီးတောင် အော်ငေါက်လာသေးတဲ့ ယွီ့ကျင်း ကြောင့် မျက်လုံး တောင့်ကပ်ရင်း မော့ကြည့်လိုက်ပြီး ...

' ငါ့ကို ခုထိ အော် ငေါက်ပြီး သင်ပေးမယ်မှန်း မသိလို့လေ။ ပြီးတော့ နင်လည်း စီးတတ်တာ မဟုတ်ပဲ ဘာလို့ သူများတွေလို ဒီကွင်းပြင်မှာ တာဝန်ကျတဲ့ လူကို မသင်ခိုင်းတာလဲ ...။'

' နင့် ကို ဘယ်သူ့မှ မထိ မကိုင်စေချင်လို့လေ။ မမြင်ဘူးလား သင်ပေးတဲ့ ကောင်တွေက အကုန် ယောကျာ်းလေးတွေ ဖြစ်နေတာ။'

ရှဲန့်မု အဲ့တော့မှ နည်းနည်း ကျေနပ် သွားပြီး သူ့လက်ကို ဆန့်ထုတ်ပေးလိုက်ရင်း ...

' ရော့ ... ငါ့ကို ဆွဲ။ ပြီးရင် ပြန်ရအောင် ။ ငါ ဗိုက်ဆာလာပြီ ...။'

' အင်း ...။'

ယွီ့ကျင်း သူ့ကို ဆန့်ထုတ်ပေးလာတဲ့ လက်ကို အားပါပါ ဆွဲလိုက်ပြီး မျက်နှာချင်း နီးလာတော့မှ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်သည်။

' မွ !!!!.'

' အာ ... ဘာလုပ်တာလဲ ...။'

ရှဲန့်မု လစ်ရင် လစ်သလို ယွီ့ကျင်း က အမြဲရင်ခုန်အောင် လုပ်နေပေမယ့်လည်း ခုထိ ကျင့်သား မရပဲ ရှက်နေရတုန်းပါ။

ယွီ့ကျင်း သူ့လက်ထဲက ရှဲန့်မု ရဲ့ လက်ကို ပြန်ပြင်ပြီး လက်ချင်း ယှက်လိုက်ရင်း ...

' လာ ... သွားမယ်။ ပြီးမှ ဖိနပ် ချွတ်ပေးမယ် ...။'

' အင်း ...။'

~~~~~~~~

ကား လမ်းမကြီးပေါ် သွားနေတဲ့ ကိုယ်ပိုင်ကားတွေ အငှါးကားတွေ များစွာထဲက အနီရောင် အငှါးကား တစ်စီးထဲတွင် ...

' ဟိုနေရာက ဘာလဲ ...။'

ယွီ့ကျင်း သူ့ကို ရှဲန့်မု လက်ညိုးထိုးပြလာတဲ့ နေရာကို လှမ်းကြည့်တော့ ...

' အဲ့ဒါ ပြင်သစ် က နိုက်ကလပ် လေ ...။'

' ဟုတ်လား !!!! ငါ သွားဖူးချင်တယ်။ သွားရအောင် ...။'

' အာ ... ဘာသွားလုပ်မှာလဲ ...။ အထဲ ရောက်မှ စိတ်ရှုပ်လို့ ဆိုပြီး ပြန်ထွက်ပြေးလာနေရမယ်။'

' ဟင့်အင်း ... မထွက်ပြေးဘူး။ ငါ တကယ် သွားဖူးချင်လို့ပါ။ သွားရအောင် ... နော် ... နော် ...။'

ယွီ့ကျင်း သူ့ကို မျက်လုံး ပေကလပ် ပေကလပ်နဲ့ ကြည့်လာတဲ့ ရှဲန့်မု ကြောင့် တံတွေး တစ်ချက် မြိုချလိုက်ရင်း ...

' အဟမ်း ... ဟမ်း ...။ ငါ ... ငါတို့က ရှောင်း ကိုကျ ဝမ်ရိပေါ် နဲ့ ထည့်ပေးပြီး ခုချိန် ဘာတွေ ဖြစ်နေလဲ လည်း မသိရဘူး။ ကလပ် သွားပြီး သွားပျော်အုံးမယ်ဆိုတာက လုပ်သင့်ရဲ့လား ...။'

' နင်ပဲ ပြောတာ​လေ ...။ အရင်ကတည်းက ရှောင်း ကို ဟိုတစ်ယောက်က သဘောကျနေပြီးသားဆို ...။'

' အဲ့တုန်းက ရှောင်း က မိန်းကလေးလို ပြင်ထားတာလေ။'

' အခုလည်း ဘာထူးလို့လဲ ...။ ဒီမျက်နှာနဲ့ ဒီလူပဲလေ ...။ ယောကျာ်းလေး နဲ့ မိန်းကလေး ပဲ ကွာတာ ...။ ဘယ်လိုပုံစံဖြစ်ဖြစ် သဘောကျတဲ့ လူ က ကျနေမှာပဲ ...။'

ရှဲန့်မု ပြောလည်း ပြော ခေါင်း ကို ယွီ့ကျင်းရဲ့ ရင်ခွင်ထဲ တိုးလိုက်ရင်း ယွီ့ကျင်းရဲ့ မျက်နှာကို ပြန်မော့ကြည့်ပြီး ...

' တရုတ် မပြန်ခင်မှာပဲ လည်ရမှာ။ သွားရအောင် နော် ...။'

ယွီ့ကျင်း မျက်ဝန်း တစ်ချက် မှိတ်လိုက်ရင်း သက်ပြင်းချလိုက်ပြီး ...

' အင်း ...။ ဒါပေမယ့် ခဏလေးပဲ နော် ...။'

' အင်း ... ရတယ်။'

သူ ခွင့်ပြုလိုက်တာနဲ့ သူ့ရင်ခွင်ထဲက ပြန်ထွက်ပြီး အရှေ့မှာ မြင်နေရတာကို ထပ်ကြည့်နေပြန်တဲ့ ရှဲန့်မု ကြောင့် ယွီ့ကျင်း ကား ဆရာကို ကလပ် ရှေ့မှာ သွားချပေးဖို့ ပြောလိုက်သည်။

~~~~~~~~

ကလပ် ထဲတွင် ...

ဆလိုက်မီး ရောင်စုံကိုမှ မှိတ်လိုက် လင်းလိုက် ဖြစ်နေသည်။

စျေး ဘယ်လောက်ပဲကြီးကြီး ဝင်ငွေ အလွယ်တကူ ရှိသူတွေအဖို့ကတော့ ပိုက်ဆံဖြုန်းတာဟာ သူတို့အတွက် စိတ်အပန်းဖြေ စရာ လို့ပဲ သတ်မှတ်တဲ့ သူဌေးတွေ ဒုနဲ့ဒေး ပါပဲ။

အဲ့ဒါကြောင့် ကလပ်ထဲမှာ လူတွေ ပြည့်နေသည်။ ပြင်သစ် လူမျိုးချည်း သက်သက်ပဲ မဟုတ်ပဲ နိုင်ငံတကာ ပေါင်းစုံ က လူတွေလည်း မနည်းမနောပါပဲ။

ကလပ် ပိုင်ရှင် ဘယ်လောက်တောင် အခွန်ဆောင်ထားသည် မသိ ပေါ်တင်ကြီး ဆေးခြောက် ရှူနေတဲ့ သူတွေလည်း မျက်လုံး ကြည့်မိတဲ့ နေရာတိုင်း ရှိနေပါတယ်။

' ဝေါင်း ...။ တကယ်ကို မိုက်တယ်နော် ...။ ငါတော့ ကုန်းပေါ်မှာပဲ စီးပွါးရေး တစ်ခုခု လုပ်ပြီး နေတော့မယ် ...။'

ရှောင်းကျန့် မုလုံ ရဲ့ စကားကြောင့် ခေါင်း ခါရမ်းလိုက်ရင်း စိတ်ထဲတွင်လည်း ရူးလိုက်တာလို့ ပြောနေတယ်။

မုလုံ ရဲ့ တပည့်ကလည်း သူ့ဆရာ အနား လူတွေ ကပ်မလာဖို့ကို လက် နှစ်ဖက်သုံးပြီး မကာထားရုံတမယ် အပြည့်အဝ ကာကွယ်မှုပေးနေတယ်။

ဝမ်ရိပေါ်လား ... ဝမ်ရိပေါ်ကတော့ ရှောင်း ကို သူ့ရင်ခွင်ထဲမှာ ထည့်ထားတာ။ ဘာလို့ဆို ကလပ် အဝင် ဝ မှာ ဟော်ရှင်း ကို အနိုင်ကျင့်တဲ့ ကောင်လေး ရဲ့ အစ်ကို ဖြစ်သူ နဲ့ တည့်တည့် တိုးထားလို့ပင်။

အခုလည်း သူတို့ နဲ့ မနီးမဝေးမှာ ရှိနေပြန်ပြီ။

ရိပေါ် သူတို့ဘက်ကို ကြည့်လာတဲ့ ကောင် ကြောင့် ရှောင်း ကို ရင်ခွင်ထဲ ထည့်ထားရုံ မကတော့ပဲ ရှောင်း ရဲ့ ပုခုံးကို ထပ်ဖက်ပြလိုက်သည်။

' ဝမ်ရိပေါ် ခင်ဗျား အခွင့်ရေး ယူတာ များနေပြီနော် ...။'

' ဘာလဲ ... ဘာပြောတာလဲ ...။'

ရိပေါ် ရှောင်း ပြောတာကို မကြားချင် ယောင်ဆောင်ရင်း ဖက်ထားတဲ့ လက်ကိုလည်း မဖယ်ပဲ ဆက်ဖက်ထားနေလိုက်သည်။

' ဝမ်ရိပေါ် ...။'

' ဘာလဲ ...။'

' ဟို အပေါ်ထပ်မှာက ဘာရှိတာလဲ ...။ အဲ့မှာလည်း လူများမယ့်ပုံပဲနော် ...။'

ရိပေါ် မုလုံ မေးတဲ့ အပေါ်ထပ် ဆိုတာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ...

' အဲ့မှာ လောင်းကစား ဝိုင်း ရှိတယ်။'

' ဟေ ... ဟုတ်လား ...။'

ရှောင်းကျန့် ကတော့ ခုကျ မုလုံ တစ်ချက် ပြောတာနဲ့ ပြန် ပြန် ပြောနေတဲ့ ဝမ်ရိပေါ် ကြောင့် နှုတ်ခမ်း တစ်ဖက် မဲ့ပြုံးရင်း ဝမ်ရိပေါ်ရဲ့ ဗိုက်ကို တံတောင် နဲ့ တွက်ပေးလိုက်သည်။

' အ !!! ရှောင်း ... ဘာလုပ်တာလဲ ...။'

' ဘာလုပ်ရမှာလဲ ... ခင်ဗျား နား ကြားအောင် လုပ်ပေးတာလေ။ အခု ကြားသွားပြီလား ...။'

ရိပေါ် သူ့ ဗိုက်ကို ပွတ်သပ်ရင်း ...

' နား နဲ့ ဗိုက် က ဘာဆိုင်လို့လဲ ...။'

ရှောင်းကျန့် ရိပေါ်ရဲ့ အမေးကြောင့် ပြုံးလိုက်ရင်း ...

' ဆိုင်လို့ပဲ အခု ခင်ဗျား ရဲ့ လက် လွှတ်လိုက်ရပြီမလား ...။'

ရိပေါ် ရှောင်းရဲ့ စကားကြောင့် မဲ့ ရုံပဲ မဲ့ ပြနိုင်တော့တယ်။

မုလုံ နေရာမရှောင် စ နောက်နေကြတဲ့ အချစ်ငှက် နှစ်ကောင် ကို ကြည့်လိုက်ပြီး ...

' လာပါ ... ငါတို့ အဲ့အပေါ်ကို သွားရအောင် ...။'

လောင်းကစားရုံ ဘက် သွားမယ်ဆိုတော့ ငွေသားကို ကြေးပြားနဲ့ လဲ ရတော့သည်။

မုလုံ သူတို့ ငွေသား နဲ့ ကြေးပြား သွားလဲ တဲ့ ဘက်က အခန်း တစ်ခန်းပြီး တစ်ခန်းထဲကို ဖက်ရင်း နမ်းရင်း နဲ့ ဝင်လိုက် ထွက်လိုက် လုပ်နေကြတဲ့ အတွဲတွေကို ကြည့်ပြီး ...

' အဲ့ဒါတွေက ဘာတွေလဲ ...။'

' အဲ့ဒါက နှစ်ဦး သဘောတူ ဝန်ဆောင်မှု အခန်း ...။'

မုလုံ ရိပေါ် ပြောတာကို ပိုတောင် နားမလည် ဖြစ်သွားပြီး ...

' ဘာလဲ နှစ်ဦး သဘောတူ ဝန်ဆောင်မှု ဆိုတာ ...။'

' မင်း မိန်းကလေး ခေါ်ချင် ခေါ်လို့ ရတယ်လို့ ပြောချင်တာ ...။'

' ဟင် ???.'

မုလုံ ရိပေါ်ရဲ့ စကားကြောင့် ကြက်သီးတွေတောင် ထ လာသလို ခံစားလိုက်ရသည်။

ရှောင်းကျန့် ကတော့ ဝမ်ရိပေါ် ကိုပဲ စိုက်ကြည့်နေတာ ဖြစ်သည်။

လူ တစ်ယောက်မှာ ဆဌမ အာရုံ ရှိတယ်ဆိုသလို ကိုယ့်ကို တစ်စုံ တစ်ယောက်က မျက်ဝန်း တစ်ချက်မှ မရွေ့ပဲ စိုက်ကြည့်နေရင်လည်း အဲ့လူကို ပြန်ကြည့်မိတတ်ကြတယ်။

အခု ရိပေါ်လည်း ရှောင်း သူ့ကို ကြည့်နေတယ်လို့ ခံစားမိတာကြောင့် ပြန်လှည့်ကြည့်တော့ တကယ်ပဲ မျက်တောင် မခတ် စိုက်ကြည့်နေတာ ...။

' ရှောင်း !!! ဘယ်လိုတွေ ကြည့်နေတာလဲ ...။ မသိရင် လူသတ်တော့မယ့် အတိုင်းပဲ။'

' ဘာမှမဖြစ်ဘူး။ ခင်ဗျား ရော အဲ့ဒီ နှစ်ဦး သဘောတူ ဝန်ဆောင်မှု ပေးတဲ့ အခန်းကို မသွားချင်ဘူးလား ...။'

' မသွားပါဘူး။ သွားစရာ လား ...။'

ရိပေါ် ရှောင်း ရဲ့ အမေးကို ချက်ချင်းကြီး ပြန်ဖြေလိုက်ပြီးမှ ပြန်စဉ်းစားမိသည်။ ရှောင်း က သူ့ကို သဝန်တိုချင်နေတာပဲ။

' ဘာလဲ ... ရှောင်း က ကိုယ့်ကို သဝန်တိုသွားတာလား ...။'

' ဘာ သဝန် တိုရမှာလဲ ...။ မတိုဘူး ...။ ခင်ဗျားတို့ လဲ ပြီးပြီလား။ ပြီးရင်လည်း သွားမယ် ...။'

ရှောင်းကျန့် သူ့ကို ရိပေါ် ပြန်ပြောလာတော့မှ ရှက်ရမ်းရမ်းပြီး ဟန် ကိုယ့်ဖို့ ဆိုသလို ဝမ်ရိပေါ် ဘာမှ ထပ်မပြောရဲလာအောင် အရင် ငေါက်ငမ်းပြီး ရှေ့က ထွက်လာလိုက်သည်။

~~~~~~~~~

' ဟိုမှာ ... ဟိုမှာ ... အဲ့ဒါ ရှောင်း တို့ မဟုတ်ဘူးလား ...။'

ယွီ့ကျင်း သူနဲ့ ရှဲန့်မု ကလပ် ထဲ ရောက်လာတော့ အရက်နံ့တွေရော ဆေးခြောက် နံ့တွေရော သီချင်းဆိုသံတွေရောကြောင့် ခေါင်းတွေ နောက်ချင်ချင် ဖြစ်နေတုန်း ရှဲန့်မု ပြတဲ့ ဘက်ကို ကြည့်တော့ အပေါ်တက်တဲ့ လှေခါးကို တက်သွားကြတဲ့ ဝမ်ရိပေါ်၊ ရှောင်း ၊ မုလုံ နဲ့ သူ့ တပည့်ကို တွေ့လိုက်ရသည်။

အမယ် ... ရှောင်း က ဝမ်ရိပေါ်ကြီးနဲ့ လက် တောင် တွဲထားသေးတာ။

ယွီ့ကျင်း အပေါ်ကို တက်သွားကြတဲ့ ရှောင်း တို့ကို ကြည့်ပြီး နှုတ်ခမ်း မဲ့ လိုက်သည်။ သူကျ ခုနလေးတင် စိတ်မကောင်း ဖြစ်ပေးနေလိုက်သေးတယ်။ သူကျ သူ့ရဲ့ ဟန်ဆောင် ယောကျာ်းကြီးနဲ့ အဆင်ကို ပြေလို့ ...။

~~~~~~~

' ဒါလင် ... အပေါ် လိုက်တက်သွားလိုက်ပါလား ...။'

ဒီမွန် ဆိုဖာမှာ ခြေချိတ်ထိုင်ရင်း ရုတ်တရက် ထ ပြောလာတဲ့ သူ့ဘေးက မိန်းကလေးရဲ့ စကားကို နားမလည်လိုက်ပါ။

မိန်းမလှလေးလည်း နီရဲနေတဲ့ သူ့ရဲ့ နှုတ်ခမ်းကို ရုပ်ဆိုးအောင် မဲ့ရွဲ့လိုက်ရင်း အပေါ်ကို ခေါင်းတစ်ချက် ဆတ်ပြလိုက်ပြီး ...

' ကလပ် ကို လာတာ ဟိုအပေါ်ကို တက်သွားတဲ့ တစ်ယောက်ကြောင့် မလား ...။ အခု သူတို့က ကာစီနို ဘက် သွားတာလေ။ အဲ့ဒါကြောင့် သူ့ နောက် ဆက်မလိုက်ဘူးလား မေးတာ ...။'

' ဪ !!!!!.'

ဒီမွန် အာမေဋိတ် သံ ပေးလိုက်ပြီး အပေါ်ထပ် ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ရင်း ...

' သူ့ နောက်လိုက်တာ နှောင့်ယှက်ချင်လို့မှ မဟုတ်တာ။ သူ့ အပြုအမူကိုပဲ လိုက်ငေးကြည့်ချင်တာ။ အခု လောင်းကစားဝိုင်း သွားတာဆိုတော့ အာရုံ သွားမနောက်တာ ကောင်းလိမ့်မယ်။'

' ဟွန်း !!!!.'

မိန်းကလေး ကြားလိုက်ရတဲ့ စကားကြောင့် မဲ့ပြုံး ပြုံးလိုက်ရင်း ...

' ဒါပေမယ့် သူ့မှာ ပိုင်ရှင် ရှိပြီးသား ဖြစ်နေတယ်နော် ...။ ပြီးတော့ အဲ့တစ်ယောက်ကလည်း သူ့ကို အရမ်းချစ်နေတဲ့ ပုံပဲ။'

' ဒါပေမယ့် ကြည့်ရသလောက်ကတော့ ဟိုတစ်ယောက်က တစ်ဖက်သတ် ဖြစ်နေတဲ့ပုံပါ။ ချစ်သူ ရည်းစားတွေသာဆို ကလပ် လာတာ လက်ပဲ တွဲထားရုံ နေမှာ မဟုတ်ဘူးဆိုတာ မင်း လည်း သိပါတယ်။'

မိန်းကလေး ဒီတစ်ခါတော့ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး အပေါ်ထပ်ဘက်ကို လူသတ်ချင်တဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။

အဲ့တစ်ယောက်ကြောင့် ဒီနေ့ သူ ဒီမွန် ဆီက အာရုံ စိုက်မခံရတာ စားသောက်ဆိုင်မှာ ကတည်းက မလား။ ဒီမွန် နဲ့ ကလပ် လိုက်လာတာ ဒီမွန် ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ပိုက်ဆံ နည်းနည်းပါးပါး တောင်းဖို့ စဉ်းစားထားတာ။

ကြည့်ရတာ အခုတော့ စဉ်းစားထားသလို မဖြစ်တော့ဘူး ထင်တယ်။

မိန်းကလေး မျက်နှာပျက်ပေမယ့် ပြန်ထိန်းလိုက်ရင်း ဝိုင် ခွက်ကို လှမ်းကိုင်ရင်း ဒီမွန် ရဲ့ အခြေနေကို စောင့်ကြည့်နေလိုက်သည်။

~~~~~~~

ရေသူမ တွေတော့ မသိဘူး၊ ရေသူထီး တွေကတော့ မဟုတ်တာဆို သင်လွယ် တတ်လွယ်ကြတယ်။

အခုလည်း ရှောင်းကျန့် ခုန ကလပ် မလာချင်တာ သူ မဟုတ်တဲ့ အတိုင်း ဝမ်ရိပေါ် လဲ ထားတဲ့ ကြေးပြားတွေနဲ့ ဖဲ ရိုက်နေပါပြီ။

မုလုံ ဆိုလည်း သူ့ဘာသာ တစ်လက်( ဖဲဝိုင်းမှာ လူ အများ ဝိုင်းဖွဲ့ ထိုင်တဲ့ ထဲက တစ်အိမ်ကို ပြောခြင်း ဖြစ်သည်။) ယူ ထားတယ်။

ရိပေါ်ကတော့ ရှောင်း ရဲ့ ဘေးမှာ ထိုင်ရင်း ရှောင်း ရဲ့ ဖဲ ကိုင်ပုံ ၊ သူများတွေ လုပ်သလို ဖဲ ကို တစ်ပွင့်ချင်း ပွတ်နေတဲ့ ပုံစံ ကို ကြည့်ရင်း သဘောတွေ ကျနေတယ်။

အချိန် အနည်းငယ် ကုန်သွားတော့ ကံ က မျက်စိလည် လမ်းမှားပြီး ရေသူထီး နှစ်ယောက်ဆီ ရောက်လာတာလား မသိ ဖဲ နိုင်နေကြတယ်။ ပြီးတော့ သူတို့ ရှေ့မှာလည်း ကြေးပြားတွေ တဖြေးဖြေး များလာပါတယ်။

ရှောင်းကျန့် ကတော့ သူ့ လက်ရည်ကို သဘောတွေ ကျနေတယ်။

ထိုစဉ် ဝန်ထမ်း တစ်ယောက် လက်ထဲမှာလည်း ဝိုင်ခွက်တွေ တင်ထားတဲ့ ဗန်း တစ်ခု ကိုင်ရင်း ဖဲ ဝိုင်းနားမှာ ပတ်နေတယ်။

မုလုံ ကတော့ ဝိုင်း ထဲက တစ်ယောက် လှမ်းယူလိုက်တာ မြင်ပြီး သူ့ အနား ရောက်လာတော့ သူလည်း လှမ်းယူလိုက်သည်။

ရှောင်းကျန့် သူ့ အနားကို ရောက်လာတော့ လှမ်းယူမလို့ လုပ်တုန်း ရိပေါ်က ဝန်ထမ်းကို ခေါင်းခါ ပြတာ တွေ့လိုက်ရတာကြောင့် သူ့မှာ သူများလို ဝိုင်သောက်လိုက် ဖဲ ပွင့်ကို ပွတ်လိုက် လုပ်လို့ မရတော့ပါ။

' ဟွန့် !!!.'

ရိပေါ် နှာတွေ မှုတ်ရင်း နှုတ်ခမ်း ပါ ထော်ထွက်နေတဲ့ ရှောင်း ကို ကြည့်လိုက်ပြီး ...

' မင်း ဝိုင် သောက်ချင်လို့လား ...။'

' အင်းပေါ့ ...။ သူများကို ကြည့်လေ ...။ သူတို့လည်း သောက်နေတာပဲ ...။'

' သူတို့ ဝန်ဆောင်မှု ပေးတဲ့ ဝိုင် က စျေးပေါတယ်။ အရသာလည်း မကောင်းဘူး။ မင်း သောက်ချင်ရင် ကိုယ် သွားဝယ်လိုက်မယ် ...။'

' အင်း ... သောက်ချင်တယ်။ မြန်မြန် သွားဝယ် ...။'

ရိပေါ် ခုမှ သူ့ကို ချစ်ဖို့ကောင်းအောင် ချက်ချင်း ခေါင်းညိတ်ရင်း ပြောလာတဲ့ ရှောင်း ကြောင့် သဘောကျစွာ ရယ်လိုက်ရင်း ရှောင်း ရဲ့ ခေါင်းကို ပွတ်လိုက်ပြီး ...

' အိုခေ ...။ ဒါဆို ကိုယ် သွားဝယ်လိုက်မယ်...။'

' အင်း ...။'

ဝမ်ရိပေါ် အောက် ပြန်ဆင်းသွားတာ ကို မျက်စိ တစ်ဆုံး ကြည့်ပြီးမှ ရှောင်းကျန့် ကို ပြန်ကြည့်ရင်း မျက်စောင်းတွေ ထိုး၊ နှုတ်ခမ်း ကလည်း မဲ့ရွဲ့နေတဲ့ လူ ရှိပါတယ်။

အဲ့ဒါကတော့ မုယွီ့ကျင်း ပါ။ သူ ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ပလူး နေတာကို ကြည့်ရင်း တော်တော် မျက်စိ စပါးမွှေး စူးနေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.01 ( Mon ) Happy New Year ပါ။

Zawgyi

ကမာၻေပၚမွာ အထပ္ျမင့္ အေဆာက္အဦးေတြ ရွိေနတာ မဆန္းပဲ မရွိတဲ့ ႏိုင္ငံမွာသာ အဆန္း ျဖစ္ေနတဲ့ ေခတ္မွာ ေရထဲေလာက္မွာပဲ ကမာၻပတ္ေနရတဲ့ မုလုံ အတြက္ကေတာ့ မီးလင္းတဲ့ အေဆာက္အဦး မွန္သမွ် ၾကည့္စရာ ျဖစ္ေနတယ္။

သူ႔မွာ မစားဖူးတဲ့ အမဲသား ျပားကို တစ္ခါပဲ စားၿပီး ထပ္မစားေတာ့ပါ။ အဲ့ဒါထက္ လက္ထဲမွာ မကိုင္တတ္ ကိုင္တတ္နဲ႔ ကိုင္ထားတဲ့ ဝိုင္ ခြက္ကို ကိုင္ရင္း ေခါင္မိုးထပ္မွာ ကာထားတဲ့ လက္ရန္းကို မွီၿပီး မ်က္စိ အစာေကြၽးေနတယ္။

' ဟိုမွာ မီး ကို အေရာင္စုံလိုက္ လင္းလိုက္ မွိတ္လိုက္ ျဖစ္ေနတဲ့ဟာက ဘာလဲ ...။'

' အဲ့ဒါ ျပင္သစ္က ေစ်းအႀကီးဆုံး ႏိုက္ကလပ္ ...။'

' ႏိုက္ကလပ္ ဆိုတာကေရာ ဘာလဲ ...။'

ဟုန္လုံ သူ ဒီတစ္ေယာက္ နားမွာ ေနတာ မွားၿပီဆိုတာ ဒီစားေသာက္ဆိုင္ ေရာက္ကတည္းက သိတာျဖစ္သည္။ ဒါေပမယ့္ ခုထိ သူ ဘာလို႔ ဒီ တစ္ေယာက္ အနား ဆက္ရွိၿပီး ေပါက္ကရ ေမးတာကို ေျဖေပးေနမိေနတာလဲ ဆိုတာကို သူလည္း မသိပါ။

.
.
.

' ေရွာင္းက်န္႔ !!!!

ေရွာင္းက်န္႔ !!!။'

ေရွာင္းက်န္႔ အနီး အနား ရွိေနတာေတာင္ တစ္ျခား လူေတြပါ ၾကားႏိုင္တဲ့ အသံနဲ႔ ေအာ္ေနတဲ့ မုလုံက သူ႔လွည့္ၾကည့္ေတာ့ လက္ယပ္ ပါ ေခၚလာတယ္။

' လာအုံး ...။ ဒီကို လာၾကည့္ ...။'

ေရွာင္းက်န္႔  သူ ထ လိုက္ေတာ့ ရိေပၚ ပါ ထ လာတာေၾကာင့္ ...

' ဘာလိုက္လုပ္မွာလဲ ...။'

' လိုက္ေတာ့ ဘာျဖစ္လဲ ...။'

ေရွာင္းက်န္႔ မ်က္ေစာင္း တစ္ခ်က္ ထိုး ၿပီး ထ သြားလိုက္သည္။ ဝမ္ရိေပၚ ေခါင္းမာရင္ သူ ဘာေျပာေျပာ ေလ ပဲ ကုန္တာေလ။

မုလုံ ေရွာင္းက်န္႔ အနား ေရာက္လာတာနဲ႔ လက္ ဆြဲလိုက္ၿပီး ...

' ဟိုမွာ ... ႏိုက္ကလပ္ တဲ့ ...။'

' ဘယ္သူ ေျပာတာလဲ ...။'

' ဟုန္လုံ ေလ ...။ သူ ေျပာျပတာ။ ငါတို႔ အဲ့ကို သြားၾကည့္ရေအာင္ ...။'

' မသြားခ်င္ဘူး။ ၿပီးေတာ့ ႏိုက္ကလပ္ ဆိုတာ ဘာလဲ ဆိုတာေရာ မင္း သိလို႔လား ...။'

' ဟုန္လုံ ေျပာေတာ့ အရက္ သြားေသာက္ၿပီး က ၾကတာဆို ...။'

' ေအးေလ ...။ မင္းက အရက္လည္း မေသာက္ဖူးေသးပဲနဲ႔ ဘယ္လို သြားေသာက္မလဲ ...။'

ထိုစဥ္ ...

' သူ သြားခ်င္ေနတာကို သြားခိုင္းလိုက္ပါ။ အဲ့ဒါမွ သူလည္း ကုန္းေပၚ တက္လာတာ အက်ိဳး ရွိမွာေပါ့။'

ေရွာင္းက်န္႔ ဝင္ၿပီး ထပ္ဆြ ေပးလာတဲ့ ရိေပၚရဲ႕ စကားေၾကာင့္ မ်က္လုံးေသနဲ႔ စိုက္ၾကည့္လိုက္ၿပီး ...

' ခင္ဗ်ား ဘာလို႔ မဟုတ္တာဆို အရမ္းကို လုပ္ဖို႔ တြန္းအားေပးေနတာလဲ။ ၿပီးေတာ့ ေဟာ္ရွင္း ပါ ပါ ေနတာကို ကလပ္ က သြားစရာလား ...။'

' ေရာ္ ... တြန္းအား ေပးတယ္လို႔ေတာ့ ဘယ္ဟုတ္မလဲ။ သူ မသိေသးတဲ့ အရာ ကို "ဘာ" ဆိုတာ သိေအာင္ လုပ္ေပးသင့္တယ္ မဟုတ္ဘူးလား။ တစ္ခ်ိဳ႕အရာဆိုတာ ေကာင္းတာလား မေကာင္းဘူးလား ဆိုတာ ကိုယ္တိုင္ ႀကဳံ ၾကည့္သင့္တယ္ေလ။'

ရိေပၚ ေရွာင္း ကို ေျပာၿပီး ေဟာ္ရွင္း ကို ၾကည့္ရင္း ...

' ေဟာ္ရွင္း ကိုက ဟုန္လုံ ကို အိမ္ျပန္လိုက္ပို႔ခိုင္းလိုက္မယ္။ မင္း ရယ္ ကိုယ္ရယ္ မုလုံ နဲ႔ က်န္တစ္ေယာက္ရယ္က ကလပ္ သြားၾကမယ္။'

ဟုန္လုံ ကေတာ့ သြားမယ့္ စာရင္းထဲ သူ မပါဘူး သိရတာနဲ႔ စားပြဲဝိုင္းမွာ ျပန္သြားထိုင္လိုက္သည္။

' အဟင္း !!!.'

ေရွာင္းက်န္႔ ရိေပၚ ကို သြား ေစ့ ၿပီး ရယ္ျပလိုက္ရင္း ...

' သြားမယ့္ အထဲ က်ေနာ့္ကို ထည့္မတြက္နဲ႔။ သြားခ်င္ရင္ ခင္ဗ်ားတို႔ပဲ သြားၾက ...။'

' ေရွာင္းက်န္႔ မင္း ကလဲ ... ဘာလို႔ မလိုက္တာလဲ။ မင္း မပါေတာ့ ငါက ဝမ္ရိေပၚ ကို လိုက္ပို႔ခိုင္းရမွာ အားနာစရာႀကီး ...။ လိုက္ခဲ့ပါကြာ ...။ ငါ က မသြားဖူးလို႔ သြားၾကည့္ခ်င္တာ။ ခဏပဲ ...။ သြားၾကည့္ၿပီး ဘာ ဆိုတာ သိတာနဲ႔ ျပန္ၾကမယ္ ...။'

ေရွာင္းက်န္႔ သူ႔ လက္ကို လာဆြဲလႊဲေနတဲ့ မုလုံ ရဲ႕ လက္ကို ဆြဲျဖဳတ္လိုက္ၿပီး ...

' "ဘာ" ... ဆိုတာပဲ သိခ်င္ရင္ ငါ မင္းကို ေျပာျပၿပီးၿပီေလ။'

' ငါက ေသခ်ာ သိခ်င္ေသးတယ္ေလ ...။ လိုက္ခဲ့ပါကြာ ... ေနာ္ ... ေနာ္ ...။'

ရိေပၚကလည္း ဝင္ ေႏွာင့္သည္။

' ကိုယ္ တစ္ေယာက္လုံး ပါ မွာပဲ ..။ ေရွာင္း က ေၾကာက္ေနတာလား ...။'

' ဘာေၾကာက္ရမွာလဲ ...။ အခုက မသြားခ်င္လို႔ မသြားတာ။'

' ေျပာခ်င္တာက ေရာက္ဖူးတယ္ေပါ့ ...။'

' ေရာက္ဖူး စရာ မလိုဘူး။ ၾကည့္တဲ့ ဇာတ္ကား တိုင္းမွာ အဲ့ဒီလို ႏိုက္ကလပ္ ဆိုတာေတြ ဇာတ္ကား တိုင္း လိုလို ပါတယ္။'

' ဇာတ္ကား ထဲကနဲ႔ အျပင္ လက္ေတြ႕နဲ႔ ဘယ္လိုတူမလဲ ...။ ဇာတ္ကား ဆိုတာက တကယ့္ ႏိုက္ကလပ္ ေနရာ မသြားပဲနဲ႔ ႐ိုက္ကြင္းေနရာမွာ အစားထိုး ကလပ္ ျပင္လိုက္တာလည္း ရတာပဲ။'

မုလုံ မ်က္ႏွာ တစ္ခ်က္ မဲ့လိုက္ၿပီး ...

' ကဲပါ ... မင္း မသြားခ်င္ မသြားနဲ႔။'

ေရွာင္းက်န္႔ မ်က္ႏွာ မသာမယာနဲ႔ ေျပာလာတဲ့ မုလုံ ကို ျဖတ္ေျပာလိုက္သည္။

' မင္း ကေတာ့ သြားမွာပဲေပါ့။'

' သြားမွာ ...။ ဝမ္ရိေပၚ မင္း ငါ့ကို လိုက္ပို႔မွာမလား ...။'

ရိေပၚ ျပန္မေျပာပဲ ေရွာင္း ကို အဓိပၸာယ္ ပါပါ နဲ႔ တစ္ခ်က္ၾကည့္လိုက္သည္။

ေရွာင္းက်န္႔ သူ႔ကို ၾကည့္လာတဲ့ ရိေပၚ ရဲ႕ အၾကည့္ကို သိတာေၾကာင့္ မုလုံ ကို တစ္ခ်က္ၾကည့္ေတာ့ ရိေပၚ သူ႔ကို လိုက္ပို႔ေပးမွာပါ ဆိုတဲ့ ယုံၾကည္ခ်က္ အျပည့္ မ်က္ဝန္းေတြနဲ႔ လက္လက္ ေတာက္ေနတယ္။ အဲ့လိုက်လည္း မသြားရေတာ့ဘူး ေျပာလိုက္ရမွာလည္း သနားစရာေလး ...။

အဲ့ဒါေၾကာင့္ ေရွာင္းက်န္႔ မ်က္လုံးမွိတ္ရင္း အသက္ ျပင္းျပင္း တစ္ခ်က္ ရွဴ လိုက္ၿပီးမွ မုလုံ ကို ျပန္ၾကည့္ရင္း ...

' မုလုံ မင္း ခဏပဲ သြားၾကည့္ၿပီး ျပန္မယ္ဆိုတာ ေသခ်ာတယ္ေနာ္ ...။'

မုလုံ ေခါင္းကို ျပဳတ္ထြက္မတတ္ ညိတ္ျပလိုက္ၿပီး ...

' တကယ္ ...။ ေသခ်ာတယ္။'

' အဲ့ဒါဆိုလည္း ခဏ သြားၾကမယ္ ...။'

ရိေပၚ လည္း သူ ေရွာင္း ကို ကလပ္ ေခၚသြားလို႔ ရေတာ့မယ္ ဆိုတာနဲ႔ ရင္ထဲ ပန္းေတြ ပြင့္ေနၿပီး မ်က္ႏွာကလည္း မခ်ိဳမခ်ဥ္နဲ႔ အေပ်ာ္ကို မနည္းဖုံးကြယ္ထားေနရတယ္။

~~~~~~~~~

စားေသာက္ဆိုင္ရဲ႕ ေအာက္ထပ္ ဆိုင္ေရွ႕တြင္ ...

' ေဟာ္ရွင္း !!!.'

' ကင္း !!!!.'

ကင္း ဒီတစ္ခါေတာ့ ေဟာ္ရွင္း နဲ႔ စကားေျပာရဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ကိုႀကီး နဲ႔ေတာင္ လိုက္မသြားပဲ တမင္ ေနခဲ့တာ။

ေဟာ္ရွင္း သူ႔ဆီ ေလွ်ာက္လာေနတဲ့ ကင္း ကို ေက်ာ္ၿပီး ဟိုဟို ဒီဒီ ရွာေပမယ့္ ဘယ္သူမွ မေတြ႕ပါ။

' ကိုႀကီး က သြားစရာ ရွိလို႔ ...။ အဲ့ဒါေၾကာင့္ ငါ တစ္ယာက္တည္း က်န္ခဲ့တာ ...။'

ေဟာ္ရွင္း ခုန လိုက္ရွာေနတဲ့ သူ႔မ်က္လုံးကို ပုံမွန္အတိုင္း ျပန္တည္လိုက္ၿပီး ...

' အဲ့ဒါ ဘယ္သူက သိခ်င္လို႔လဲ ...။'

' မင္း သိေအာင္ ေျပာျပေနတာက ငါ အခု မင္း နဲ႔ လမ္းႀကဳံ အိမ္ျပန္လိုက္ပါရေစလို႔ အကူညီ ေတာင္းခ်င္လို႔ပါ။'

ေဟာ္ရွင္း မ်က္ႏွာ တစ္ခ်က္မဲ့ၿပီး ရယ္လိုက္ရင္း ...

' မင္း ကို ငါက တင္ေခၚသြားမယ္လို႔ ဘယ္လို ယုံၾကည္ခ်က္ ရွိတာလဲ ...။ မင္း နဲ႔ ငါ သူငယ္ခ်င္းမွ မဟုတ္တာ။ ၿပီးေတာ့ မင္း ကေတာင္ ငါ့ကို မင္း သူငယ္ခ်င္းနဲ႔ ေပါင္းၿပီး အႏိုင္က်င့္ခဲ့ေသးတာ။'

' ငါ အဲ့ဒါအတြက္ ႏွစ္ခါေတာင္ ေတာင္းပန္ၿပီးၿပီေလ။ ငါ က်ိန္ဆို က်ိန္ပါတယ္။ ေနာက္တစ္ခါဆိုတာ ဘယ္ေတာ့မွ မရွိေစရေတာ့ဘူး။'

ကင္း ခုထိ မ်က္ႏွာ မဲ့ ေနတဲ့ ေဟာ္ရွင္းကို ၾကည့္ၿပီး သူလည္း မ်က္ႏွာ မေကာင္းႏိုင္ပါ။ အမွား သိလို႔ ေတာင္းပန္ တဲ့ သူကို အခြင့္အေရး တစ္ခါေပးၿပီး ယုံၾကည္မႈ ျပန္ေပးသင့္တယ္မလား ...။

သူတို႔ႏွစ္ေယာက္ စကားေျပာေနၾကတဲ့ အခ်ိန္အတြင္းမွာပဲ သူတို႔ရပ္ေနတဲ့ အနားမွာ ကား တစ္စီး ထိုးရပ္လာသည္။

ဟုန္လုံ ကား ေပၚက ဆင္းလာၿပီး ကား ေနာက္ခန္း တံခါးကိုဖြင့္ေပးလိုက္ရင္း ...

' ေဟာ္ရွင္း တက္လို႔ ရၿပီ။'

ေဟာ္ရွင္း ကား ေပၚ မတက္ခင္ ကင္း ကို ၾကည့္မိေတာ့ ညိဳးငယ္တဲ့ မ်က္ႏွာနဲ႔ သူ႔ကို ၾကည့္ေနတာ ေတြ႕လိုက္ရတာေၾကာင့္ ဟုန္လုံ ဦးေလး ဖြင့္ေပးတဲ့ ေနာက္ခန္းကို မတက္ပဲ ကား ေရွ႕ခန္း တံခါးကို ဆြဲဖြင့္လိုက္ရင္း ...

' သူ႔ကို ေနာက္ခန္းမွာ တက္ခိုင္းလိုက္ ...။'

ကင္း ကား ေပၚတက္ေတာ့မယ့္ ေဟာ္ရွင္း ကို ၾကည့္ၿပီး ပိုၿပီး စိတ္ပ်က္ လက္ပ်က္ မ်က္ႏွာ ျဖစ္ေနတုန္း ၾကားလိုက္ရတဲ့ စကားေၾကာင့္ ခုထိ ကား တံခါး ဆြဲဖြင့္ထားလ်က္သားနဲ႔ ဦးေလးကို ေက်းဇူးတင္ပါတယ္လို႔လည္း မေျပာအားပဲ ကား ေနာက္ခန္းကို အျမန္ေျပးတက္လိုက္သည္။

ေတာ္ၾကာ ဝမ္ေဟာ္ရွင္း စိတ္ျပန္ေျပာင္းသြားမွာ။

~~~~~~~~~

ကင္း ကား ေပၚေတာ့ေရာက္ၿပီ။ ဒါေပမယ့္ ေဟာ္ရွင္း ကို ဘာ စကား ေျပာရမလဲ မသိပါ။ အေရွ႕ခန္းမွာ ထိုင္ေနတဲ့ ေဟာ္ရွင္း ကို ခိုးၾကည့္ေတာ့ ဖုန္း သုံးေနတာ ေတြ႕ရၿပီး အစိမ္းေရာင္ ပုံစံနဲ႔ app တစ္ခုကို ၾကည့္ေနတာ ေတြ႕လိုက္ရတာေၾကာင့္ ဖုန္း ကို အျမန္ထုတ္ၿပီး ေဟာ္ရွင္း ကို ေႏွာင့္ယွက္ဖို႔ ႀကံကတည္းက တ႐ုတ္ေတြ သုံးတဲ့ WeChat ဆိုတာႀကီးကို ဖြင့္လိုက္သည္။

!!!! ထင္း !!!!

ေဟာ္ရွင္း ႐ုတ္တရက္ႀကီး WeChat acc က noti တက္လာတာေၾကာင့္ မက္ေဆ့ ေဘာက္စ္ ကို ဖြင့္ၾကည့္ေတာ့ အေကာင့္တစ္ခုက ပို႔လာတာ။

ႏွိပ္ၾကည့္လိုက္ေတာ့ လက္ႏွစ္ေခ်ာင္း ေထာင္ထားတဲ့ အီမိုဂ်ီ တစ္ခု ပို႔ထားတယ္။

ေဟာ္ရွင္း သူ စကား တစ္ခါမွ မေျပာဖူးတဲ့ အေကာင့္ ျဖစ္တာေၾကာင့္ တစ္ခ်က္ပဲ ၾကည့္ၿပီး ျပန္ထြက္လိုက္သည္။

!!!! ထင္း !!!!

ထပ္ၾကည့္ေတာ့ ခုန အေကာင့္ပဲ။

ဒီတစ္ခါေတာ့ ငိုေတာ့မယ့္ မ်က္ႏွာနဲ႔ သနားစရာ ေကာင္းတဲ့ အီမိုဂ်ီ ပို႔လာတယ္။

ၾကည့္ေနစဥ္ပဲ စာ ထပ္ပို႔လာတယ္။

📩 ငါ့ကို တကယ္ပဲ စကားမေျပာခ်င္ဘူးလား။

ေဟာ္ရွင္း ျမင္လိုက္ရတဲ့ စာေၾကာင့္ အေကာင့္ ရဲ႕ ပ႐ိုဖိုင္ ကို ဝင္ၾကည့္လိုက္သည္။

ေတြ႕ၿပီ... အေကာင့္ထဲမွာ ကင္း ရဲ႕ ပုံေတြက ျပဴးလို႔ ...။ တကယ္ေတာ့ ပ႐ိုဖိုင္မွာ သူ႔ပုံ မတင္ထားလို႔ မသိတာ။ မဟုတ္ရင္ အေကာင့္ ကို လက္ခံမွာ မဟုတ္ဘူး။

!!!! ထင္း !!!!

📩 😭😭😭😭

ေဟာ္ရွင္း ဒီတစ္ခါေတာ့ ဖုန္းကို မၾကည့္ေတာ့ပဲ အေနာက္ကို လွည့္ၾကည့္လိုက္သည္။

' ဘာေတြ ျဖစ္ခ်င္ေနတာလဲ ...။'

' ေဟာ္ရွင္း မင္းကလဲကြာ ငါ ဒီေလာက္ ေအာက္က်ၿပီး ေတာင္းပန္ၿပီးၿပီပဲကို။ ငါ့ကို ေက်ေအးေပးလိုက္ပါေတာ့ ...။'

' အဟင္း !!!.'

ေဟာ္ရွင္း ၾကားလိုက္ရတဲ့ စကားေၾကာင့္ ႏွာေခါင္းထဲက ေလ ထြက္႐ုံ ေလွာင္ရယ္လိုက္ၿပီး ...

' ဘယ္လိုမ်ိဳး ေျပာတာလဲ မင္း ေျပာတဲ့ ေအာက္က်ၿပီး ေတာင္းပန္တယ္ဆိုတာ ...။'

' မင္း ဦးေလး ေရွ႕မွာ ငါ အထိုးခံရလည္း ခံမယ္ ဆိုတဲ့ စိတ္နဲ႔ လည္စင္းၿပီး ေတာင္းပန္တယ္ေလ။'

' ဟြန္း ...။ ဟာသ ေတြ ...။'

ကင္း သူ ဘယ္လိုေျပာေျပာ ခုခ်ိန္ ေဟာ္ရွင္း ဆီက ထြက္လာမယ့္ စကား က အေလွာင္ စကားေတြပဲ ျဖစ္မွာမို႔ ဘာမွ ထပ္မေျပာေတာ့ပဲ ၿငိမ္ေနလိုက္သည္။

ေဟာ္ရွင္း သူ႔ကို ျပန္မေျပာလာေတာ့တဲ့ ကင္း ေၾကာင့္ ေလွာင္ၿပဳံး မ်က္ႏွာ တန္းလန္းႀကီးနဲ႔ အေရွ႕ကို ျပန္လွည့္လိုက္သည္။ ၿပီးေတာ့ ဘာကို မေက်နပ္သည္ မသိ ႏႈတ္ခမ္းက စူပုပ္ပုပ္နဲ႔ေပါ့။

~~~~~~~~~

ေရခဲျပင္ စကိတ္စီးလို႔ ရတဲ့ ကြင္း တစ္ကြင္းမွာတြင္လည္း မတတ္တဲ့ မုယြီ႕က်င္း က ဆရာႀကီး အထာလုပ္ၿပီး ရွဲန္႔မု ကို ေရခဲျပင္ စကိတ္ ဘယ္လို စီးရလဲ သင္ေပးေနတယ္။

' ဟာ ... ခႏၶာကိုယ္ကို ေတာင့္ မထားပါနဲ႔ဆို ...။'

ရွဲန္႔မု သူက ေရသူမ ျဖစ္တာေၾကာင့္ ဒီေလာက္ အေအးကေတာ့ မမႈဘူးဆိုၿပီး အၤက်ီ လက္တိုနဲ႔ စကိတ္စီး သင္ေနတာ ျဖစ္သည္။

အခုလည္း သူ႔ကို ေအာ္ ပဲ ေအာ္ ေနတဲ့ ယြီ႕က်င္း ကို တစ္ခ်က္ၾကည့္ေတာ့ ယြီ႕က်င္း က သူ႔ကို ၾကည့္မေနပဲ သူ တတ္ဖို႔ကို တကယ္ အာ႐ုံ စိုက္ေပးေနတာ ျမင္ရေတာ့ ေျပာခ်င္လြန္းလို႔ ယားေနတဲ့ ပါးစပ္ ကို ျပန္ထိန္းသိမ္းထားလိုက္သည္။

သတိမထားမိတဲ့ တစ္ခဏမွာေတာ့ ေခ်ာ ေနတဲ့ ေရခဲျပင္ဆိုတဲ့ အတိုင္း ရွဲန္႔မု တစ္ေယာက္ ဖင္ထိုင္လ်က္ က်သြားသည္။

' ဘုတ္ !!!!.'

' ေဟာ ...။ ျဖစ္ၿပီ ...။ အဲ့ဒါေၾကာင့္ ခႏၶာကိုယ္ကို ေတာင့္မထားနဲ႔ ေျပာတာ ...။'

ယြီ႕က်င္း ေျပာလည္း ေျပာ ရွဲန္႔မု ရဲ႕ လက္ကို ဆြဲလိုက္ရင္း ...

' ျပန္ ထ ၾကည့္ ...။ ထ လို႔ ရလား ...။'

' ဖ်တ္ ...။'

ရွဲန္႔မု သူ႔ကို ဆြဲထူတဲ့ ယြီ႕က်င္းရဲ႕ လက္ကို ျဖတ္ထုတ္လိုက္ရင္း ...

' ေတာ္ၿပီ မဆြဲနဲ႔ ...။ ၿပီးေတာ့ မသင္ေပးနဲ႔ေတာ့။ နင္ ငါ့ကို သင္ေပးတာ နည္းနည္း ေအာ္ ေငါက္ေနတာ ခပ္မ်ားမ်ား ျဖစ္ေနတယ္။ ငါ မစီးေတာ့ဘူး ...။'

ယြီ႕က်င္း လုပ္စရာ မရွိေတာ့တဲ့ လက္ ႏွစ္ဖက္ကို ခါးမွာ ေထာက္လိုက္ၿပီး ကေလးလို ေျခဆင္းရင္း ထိုင္ၿမဲ ထိုင္ေနတဲ့ ရွဲန္႔မု ကို ငုံ႔ၾကည့္ရင္း ...

' ငါ ဒီကို မလာဘူး ေျပာေတာ့ နင္ ပဲ လာမယ္ဆို ...။ ငါ ေျပာပါတယ္ ဒါက ေရခဲျပင္ စကိတ္ သပ္သပ္ပဲလို႔ ...။ ပင္ကြင္း ေတြ ပန္ဒါ ဝက္ဝံေတြ သြားၾကည့္မယ္ ဆိုေတာ့လည္း ဒီကို အသည္းအသန္ လာခ်င္တာ ဘယ္သူလဲ ...။'

ရွဲန္႔မု ေခ်ာ့ မခံရတဲ့ အျပင္ ထပ္ၿပီးေတာင္ ေအာ္ေငါက္လာေသးတဲ့ ယြီ႕က်င္း ေၾကာင့္ မ်က္လုံး ေတာင့္ကပ္ရင္း ေမာ့ၾကည့္လိုက္ၿပီး ...

' ငါ့ကို ခုထိ ေအာ္ ေငါက္ၿပီး သင္ေပးမယ္မွန္း မသိလို႔ေလ။ ၿပီးေတာ့ နင္လည္း စီးတတ္တာ မဟုတ္ပဲ ဘာလို႔ သူမ်ားေတြလို ဒီကြင္းျပင္မွာ တာဝန္က်တဲ့ လူကို မသင္ခိုင္းတာလဲ ...။'

' နင့္ ကို ဘယ္သူ႔မွ မထိ မကိုင္ေစခ်င္လို႔ေလ။ မျမင္ဘူးလား သင္ေပးတဲ့ ေကာင္ေတြက အကုန္ ေယာက်ာ္းေလးေတြ ျဖစ္ေနတာ။'

ရွဲန္႔မု အဲ့ေတာ့မွ နည္းနည္း ေက်နပ္ သြားၿပီး သူ႔လက္ကို ဆန္႔ထုတ္ေပးလိုက္ရင္း ...

' ေရာ့ ... ငါ့ကို ဆြဲ။ ၿပီးရင္ ျပန္ရေအာင္ ။ ငါ ဗိုက္ဆာလာၿပီ ...။'

' အင္း ...။'

ယြီ႕က်င္း သူ႔ကို ဆန္႔ထုတ္ေပးလာတဲ့ လက္ကို အားပါပါ ဆြဲလိုက္ၿပီး မ်က္ႏွာခ်င္း နီးလာေတာ့မွ ႏႈတ္ခမ္းကို တစ္ခ်က္ နမ္းလိုက္သည္။

' မြ !!!!.'

' အာ ... ဘာလုပ္တာလဲ ...။'

ရွဲန္႔မု လစ္ရင္ လစ္သလို ယြီ႕က်င္း က အၿမဲရင္ခုန္ေအာင္ လုပ္ေနေပမယ့္လည္း ခုထိ က်င့္သား မရပဲ ရွက္ေနရတုန္းပါ။

ယြီ႕က်င္း သူ႔လက္ထဲက ရွဲန္႔မု ရဲ႕ လက္ကို ျပန္ျပင္ၿပီး လက္ခ်င္း ယွက္လိုက္ရင္း ...

' လာ ... သြားမယ္။ ၿပီးမွ ဖိနပ္ ခြၽတ္ေပးမယ္ ...။'

' အင္း ...။'

~~~~~~~~

ကား လမ္းမႀကီးေပၚ သြားေနတဲ့ ကိုယ္ပိုင္ကားေတြ အငွါးကားေတြ မ်ားစြာထဲက အနီေရာင္ အငွါးကား တစ္စီးထဲတြင္ ...

' ဟိုေနရာက ဘာလဲ ...။'

ယြီ႕က်င္း သူ႔ကို ရွဲန္႔မု လက္ညိဳးထိုးျပလာတဲ့ ေနရာကို လွမ္းၾကည့္ေတာ့ ...

' အဲ့ဒါ ျပင္သစ္ က ႏိုက္ကလပ္ ေလ ...။'

' ဟုတ္လား !!!! ငါ သြားဖူးခ်င္တယ္။ သြားရေအာင္ ...။'

' အာ ... ဘာသြားလုပ္မွာလဲ ...။ အထဲ ေရာက္မွ စိတ္ရႈပ္လို႔ ဆိုၿပီး ျပန္ထြက္ေျပးလာေနရမယ္။'

' ဟင့္အင္း ... မထြက္ေျပးဘူး။ ငါ တကယ္ သြားဖူးခ်င္လို႔ပါ။ သြားရေအာင္ ... ေနာ္ ... ေနာ္ ...။'

ယြီ႕က်င္း သူ႔ကို မ်က္လုံး ေပကလပ္ ေပကလပ္နဲ႔ ၾကည့္လာတဲ့ ရွဲန္႔မု ေၾကာင့္ တံေတြး တစ္ခ်က္ ၿမိဳခ်လိုက္ရင္း ...

' အဟမ္း ... ဟမ္း ...။ ငါ ... ငါတို႔က ေရွာင္း ကိုက် ဝမ္ရိေပၚ နဲ႔ ထည့္ေပးၿပီး ခုခ်ိန္ ဘာေတြ ျဖစ္ေနလဲ လည္း မသိရဘူး။ ကလပ္ သြားၿပီး သြားေပ်ာ္အုံးမယ္ဆိုတာက လုပ္သင့္ရဲ႕လား ...။'

' နင္ပဲ ေျပာတာ​ေလ ...။ အရင္ကတည္းက ေရွာင္း ကို ဟိုတစ္ေယာက္က သေဘာက်ေနၿပီးသားဆို ...။'

' အဲ့တုန္းက ေရွာင္း က မိန္းကေလးလို ျပင္ထားတာေလ။'

' အခုလည္း ဘာထူးလို႔လဲ ...။ ဒီမ်က္ႏွာနဲ႔ ဒီလူပဲေလ ...။ ေယာက်ာ္းေလး နဲ႔ မိန္းကေလး ပဲ ကြာတာ ...။ ဘယ္လိုပုံစံျဖစ္ျဖစ္ သေဘာက်တဲ့ လူ က က်ေနမွာပဲ ...။'

ရွဲန္႔မု ေျပာလည္း ေျပာ ေခါင္း ကို ယြီ႕က်င္းရဲ႕ ရင္ခြင္ထဲ တိုးလိုက္ရင္း ယြီ႕က်င္းရဲ႕ မ်က္ႏွာကို ျပန္ေမာ့ၾကည့္ၿပီး ...

' တ႐ုတ္ မျပန္ခင္မွာပဲ လည္ရမွာ။ သြားရေအာင္ ေနာ္ ...။'

ယြီ႕က်င္း မ်က္ဝန္း တစ္ခ်က္ မွိတ္လိုက္ရင္း သက္ျပင္းခ်လိုက္ၿပီး ...

' အင္း ...။ ဒါေပမယ့္ ခဏေလးပဲ ေနာ္ ...။'

' အင္း ... ရတယ္။'

သူ ခြင့္ျပဳလိုက္တာနဲ႔ သူ႔ရင္ခြင္ထဲက ျပန္ထြက္ၿပီး အေရွ႕မွာ ျမင္ေနရတာကို ထပ္ၾကည့္ေနျပန္တဲ့ ရွဲန္႔မု ေၾကာင့္ ယြီ႕က်င္း ကား ဆရာကို ကလပ္ ေရွ႕မွာ သြားခ်ေပးဖို႔ ေျပာလိုက္သည္။

~~~~~~~~

ကလပ္ ထဲတြင္ ...

ဆလိုက္မီး ေရာင္စုံကိုမွ မွိတ္လိုက္ လင္းလိုက္ ျဖစ္ေနသည္။

ေစ်း ဘယ္ေလာက္ပဲႀကီးႀကီး ဝင္ေငြ အလြယ္တကူ ရွိသူေတြအဖို႔ကေတာ့ ပိုက္ဆံျဖဳန္းတာဟာ သူတို႔အတြက္ စိတ္အပန္းေျဖ စရာ လို႔ပဲ သတ္မွတ္တဲ့ သူေဌးေတြ ဒုနဲ႔ေဒး ပါပဲ။

အဲ့ဒါေၾကာင့္ ကလပ္ထဲမွာ လူေတြ ျပည့္ေနသည္။ ျပင္သစ္ လူမ်ိဳးခ်ည္း သက္သက္ပဲ မဟုတ္ပဲ ႏိုင္ငံတကာ ေပါင္းစုံ က လူေတြလည္း မနည္းမေနာပါပဲ။

ကလပ္ ပိုင္ရွင္ ဘယ္ေလာက္ေတာင္ အခြန္ေဆာင္ထားသည္ မသိ ေပၚတင္ႀကီး ေဆးေျခာက္ ရွဴေနတဲ့ သူေတြလည္း မ်က္လုံး ၾကည့္မိတဲ့ ေနရာတိုင္း ရွိေနပါတယ္။

' ေဝါင္း ...။ တကယ္ကို မိုက္တယ္ေနာ္ ...။ ငါေတာ့ ကုန္းေပၚမွာပဲ စီးပြါးေရး တစ္ခုခု လုပ္ၿပီး ေနေတာ့မယ္ ...။'

ေရွာင္းက်န္႔ မုလုံ ရဲ႕ စကားေၾကာင့္ ေခါင္း ခါရမ္းလိုက္ရင္း စိတ္ထဲတြင္လည္း ႐ူးလိုက္တာလို႔ ေျပာေနတယ္။

မုလုံ ရဲ႕ တပည့္ကလည္း သူ႔ဆရာ အနား လူေတြ ကပ္မလာဖို႔ကို လက္ ႏွစ္ဖက္သုံးၿပီး မကာထား႐ုံတမယ္ အျပည့္အဝ ကာကြယ္မႈေပးေနတယ္။

ဝမ္ရိေပၚလား ... ဝမ္ရိေပၚကေတာ့ ေရွာင္း ကို သူ႔ရင္ခြင္ထဲမွာ ထည့္ထားတာ။ ဘာလို႔ဆို ကလပ္ အဝင္ ဝ မွာ ေဟာ္ရွင္း ကို အႏိုင္က်င့္တဲ့ ေကာင္ေလး ရဲ႕ အစ္ကို ျဖစ္သူ နဲ႔ တည့္တည့္ တိုးထားလို႔ပင္။

အခုလည္း သူတို႔ နဲ႔ မနီးမေဝးမွာ ရွိေနျပန္ၿပီ။

ရိေပၚ သူတို႔ဘက္ကို ၾကည့္လာတဲ့ ေကာင္ ေၾကာင့္ ေရွာင္း ကို ရင္ခြင္ထဲ ထည့္ထား႐ုံ မကေတာ့ပဲ ေရွာင္း ရဲ႕ ပုခုံးကို ထပ္ဖက္ျပလိုက္သည္။

' ဝမ္ရိေပၚ ခင္ဗ်ား အခြင့္ေရး ယူတာ မ်ားေနၿပီေနာ္ ...။'

' ဘာလဲ ... ဘာေျပာတာလဲ ...။'

ရိေပၚ ေရွာင္း ေျပာတာကို မၾကားခ်င္ ေယာင္ေဆာင္ရင္း ဖက္ထားတဲ့ လက္ကိုလည္း မဖယ္ပဲ ဆက္ဖက္ထားေနလိုက္သည္။

' ဝမ္ရိေပၚ ...။'

' ဘာလဲ ...။'

' ဟို အေပၚထပ္မွာက ဘာရွိတာလဲ ...။ အဲ့မွာလည္း လူမ်ားမယ့္ပုံပဲေနာ္ ...။'

ရိေပၚ မုလုံ ေမးတဲ့ အေပၚထပ္ ဆိုတာကို တစ္ခ်က္ လွမ္းၾကည့္လိုက္ၿပီး ...

' အဲ့မွာ ေလာင္းကစား ဝိုင္း ရွိတယ္။'

' ေဟ ... ဟုတ္လား ...။'

ေရွာင္းက်န္႔ ကေတာ့ ခုက် မုလုံ တစ္ခ်က္ ေျပာတာနဲ႔ ျပန္ ျပန္ ေျပာေနတဲ့ ဝမ္ရိေပၚ ေၾကာင့္ ႏႈတ္ခမ္း တစ္ဖက္ မဲ့ၿပဳံးရင္း ဝမ္ရိေပၚရဲ႕ ဗိုက္ကို တံေတာင္ နဲ႔ တြက္ေပးလိုက္သည္။

' အ !!! ေရွာင္း ... ဘာလုပ္တာလဲ ...။'

' ဘာလုပ္ရမွာလဲ ... ခင္ဗ်ား နား ၾကားေအာင္ လုပ္ေပးတာေလ။ အခု ၾကားသြားၿပီလား ...။'

ရိေပၚ သူ႔ ဗိုက္ကို ပြတ္သပ္ရင္း ...

' နား နဲ႔ ဗိုက္ က ဘာဆိုင္လို႔လဲ ...။'

ေရွာင္းက်န္႔ ရိေပၚရဲ႕ အေမးေၾကာင့္ ၿပဳံးလိုက္ရင္း ...

' ဆိုင္လို႔ပဲ အခု ခင္ဗ်ား ရဲ႕ လက္ လႊတ္လိုက္ရၿပီမလား ...။'

ရိေပၚ ေရွာင္းရဲ႕ စကားေၾကာင့္ မဲ့ ႐ုံပဲ မဲ့ ျပႏိုင္ေတာ့တယ္။

မုလုံ ေနရာမေရွာင္ စ ေနာက္ေနၾကတဲ့ အခ်စ္ငွက္ ႏွစ္ေကာင္ ကို ၾကည့္လိုက္ၿပီး ...

' လာပါ ... ငါတို႔ အဲ့အေပၚကို သြားရေအာင္ ...။'

ေလာင္းကစား႐ုံ ဘက္ သြားမယ္ဆိုေတာ့ ေငြသားကို ေၾကးျပားနဲ႔ လဲ ရေတာ့သည္။

မုလုံ သူတို႔ ေငြသား နဲ႔ ေၾကးျပား သြားလဲ တဲ့ ဘက္က အခန္း တစ္ခန္းၿပီး တစ္ခန္းထဲကို ဖက္ရင္း နမ္းရင္း နဲ႔ ဝင္လိုက္ ထြက္လိုက္ လုပ္ေနၾကတဲ့ အတြဲေတြကို ၾကည့္ၿပီး ...

' အဲ့ဒါေတြက ဘာေတြလဲ ...။'

' အဲ့ဒါက ႏွစ္ဦး သေဘာတူ ဝန္ေဆာင္မႈ အခန္း ...။'

မုလုံ ရိေပၚ ေျပာတာကို ပိုေတာင္ နားမလည္ ျဖစ္သြားၿပီး ...

' ဘာလဲ ႏွစ္ဦး သေဘာတူ ဝန္ေဆာင္မႈ ဆိုတာ ...။'

' မင္း မိန္းကေလး ေခၚခ်င္ ေခၚလို႔ ရတယ္လို႔ ေျပာခ်င္တာ ...။'

' ဟင္ ???.'

မုလုံ ရိေပၚရဲ႕ စကားေၾကာင့္ ၾကက္သီးေတြေတာင္ ထ လာသလို ခံစားလိုက္ရသည္။

ေရွာင္းက်န္႔ ကေတာ့ ဝမ္ရိေပၚ ကိုပဲ စိုက္ၾကည့္ေနတာ ျဖစ္သည္။

လူ တစ္ေယာက္မွာ ဆဌမ အာ႐ုံ ရွိတယ္ဆိုသလို ကိုယ့္ကို တစ္စုံ တစ္ေယာက္က မ်က္ဝန္း တစ္ခ်က္မွ မေ႐ြ႕ပဲ စိုက္ၾကည့္ေနရင္လည္း အဲ့လူကို ျပန္ၾကည့္မိတတ္ၾကတယ္။

အခု ရိေပၚလည္း ေရွာင္း သူ႔ကို ၾကည့္ေနတယ္လို႔ ခံစားမိတာေၾကာင့္ ျပန္လွည့္ၾကည့္ေတာ့ တကယ္ပဲ မ်က္ေတာင္ မခတ္ စိုက္ၾကည့္ေနတာ ...။

' ေရွာင္း !!! ဘယ္လိုေတြ ၾကည့္ေနတာလဲ ...။ မသိရင္ လူသတ္ေတာ့မယ့္ အတိုင္းပဲ။'

' ဘာမွမျဖစ္ဘူး။ ခင္ဗ်ား ေရာ အဲ့ဒီ ႏွစ္ဦး သေဘာတူ ဝန္ေဆာင္မႈ ေပးတဲ့ အခန္းကို မသြားခ်င္ဘူးလား ...။'

' မသြားပါဘူး။ သြားစရာ လား ...။'

ရိေပၚ ေရွာင္း ရဲ႕ အေမးကို ခ်က္ခ်င္းႀကီး ျပန္ေျဖလိုက္ၿပီးမွ ျပန္စဥ္းစားမိသည္။ ေရွာင္း က သူ႔ကို သဝန္တိုခ်င္ေနတာပဲ။

' ဘာလဲ ... ေရွာင္း က ကိုယ့္ကို သဝန္တိုသြားတာလား ...။'

' ဘာ သဝန္ တိုရမွာလဲ ...။ မတိုဘူး ...။ ခင္ဗ်ားတို႔ လဲ ၿပီးၿပီလား။ ၿပီးရင္လည္း သြားမယ္ ...။'

ေရွာင္းက်န္႔ သူ႔ကို ရိေပၚ ျပန္ေျပာလာေတာ့မွ ရွက္ရမ္းရမ္းၿပီး ဟန္ ကိုယ့္ဖို႔ ဆိုသလို ဝမ္ရိေပၚ ဘာမွ ထပ္မေျပာရဲလာေအာင္ အရင္ ေငါက္ငမ္းၿပီး ေရွ႕က ထြက္လာလိုက္သည္။

~~~~~~~~~

' ဟိုမွာ ... ဟိုမွာ ... အဲ့ဒါ ေရွာင္း တို႔ မဟုတ္ဘူးလား ...။'

ယြီ႕က်င္း သူနဲ႔ ရွဲန္႔မု ကလပ္ ထဲ ေရာက္လာေတာ့ အရက္နံ႔ေတြေရာ ေဆးေျခာက္ နံ႔ေတြေရာ သီခ်င္းဆိုသံေတြေရာေၾကာင့္ ေခါင္းေတြ ေနာက္ခ်င္ခ်င္ ျဖစ္ေနတုန္း ရွဲန္႔မု ျပတဲ့ ဘက္ကို ၾကည့္ေတာ့ အေပၚတက္တဲ့ ေလွခါးကို တက္သြားၾကတဲ့ ဝမ္ရိေပၚ၊ ေရွာင္း ၊ မုလုံ နဲ႔ သူ႔ တပည့္ကို ေတြ႕လိုက္ရသည္။

အမယ္ ... ေရွာင္း က ဝမ္ရိေပၚႀကီးနဲ႔ လက္ ေတာင္ တြဲထားေသးတာ။

ယြီ႕က်င္း အေပၚကို တက္သြားၾကတဲ့ ေရွာင္း တို႔ကို ၾကည့္ၿပီး ႏႈတ္ခမ္း မဲ့ လိုက္သည္။ သူက် ခုနေလးတင္ စိတ္မေကာင္း ျဖစ္ေပးေနလိုက္ေသးတယ္။ သူက် သူ႔ရဲ႕ ဟန္ေဆာင္ ေယာက်ာ္းႀကီးနဲ႔ အဆင္ကို ေျပလို႔ ...။

~~~~~~~

' ဒါလင္ ... အေပၚ လိုက္တက္သြားလိုက္ပါလား ...။'

ဒီမြန္ ဆိုဖာမွာ ေျခခ်ိတ္ထိုင္ရင္း ႐ုတ္တရက္ ထ ေျပာလာတဲ့ သူ႔ေဘးက မိန္းကေလးရဲ႕ စကားကို နားမလည္လိုက္ပါ။

မိန္းမလွေလးလည္း နီရဲေနတဲ့ သူ႔ရဲ႕ ႏႈတ္ခမ္းကို ႐ုပ္ဆိုးေအာင္ မဲ့႐ြဲ႕လိုက္ရင္း အေပၚကို ေခါင္းတစ္ခ်က္ ဆတ္ျပလိုက္ၿပီး ...

' ကလပ္ ကို လာတာ ဟိုအေပၚကို တက္သြားတဲ့ တစ္ေယာက္ေၾကာင့္ မလား ...။ အခု သူတို႔က ကာစီႏို ဘက္ သြားတာေလ။ အဲ့ဒါေၾကာင့္ သူ႔ ေနာက္ ဆက္မလိုက္ဘူးလား ေမးတာ ...။'

' ဪ !!!!!.'

ဒီမြန္ အာေမဋိတ္ သံ ေပးလိုက္ၿပီး အေပၚထပ္ ဘက္ကို တစ္ခ်က္ လွည့္ၾကည့္လိုက္ရင္း ...

' သူ႔ ေနာက္လိုက္တာ ေႏွာင့္ယွက္ခ်င္လို႔မွ မဟုတ္တာ။ သူ႔ အျပဳအမူကိုပဲ လိုက္ေငးၾကည့္ခ်င္တာ။ အခု ေလာင္းကစားဝိုင္း သြားတာဆိုေတာ့ အာ႐ုံ သြားမေနာက္တာ ေကာင္းလိမ့္မယ္။'

' ဟြန္း !!!!.'

မိန္းကေလး ၾကားလိုက္ရတဲ့ စကားေၾကာင့္ မဲ့ၿပဳံး ၿပဳံးလိုက္ရင္း ...

' ဒါေပမယ့္ သူ႔မွာ ပိုင္ရွင္ ရွိၿပီးသား ျဖစ္ေနတယ္ေနာ္ ...။ ၿပီးေတာ့ အဲ့တစ္ေယာက္ကလည္း သူ႔ကို အရမ္းခ်စ္ေနတဲ့ ပုံပဲ။'

' ဒါေပမယ့္ ၾကည့္ရသေလာက္ကေတာ့ ဟိုတစ္ေယာက္က တစ္ဖက္သတ္ ျဖစ္ေနတဲ့ပုံပါ။ ခ်စ္သူ ရည္းစားေတြသာဆို ကလပ္ လာတာ လက္ပဲ တြဲထား႐ုံ ေနမွာ မဟုတ္ဘူးဆိုတာ မင္း လည္း သိပါတယ္။'

မိန္းကေလး ဒီတစ္ခါေတာ့ မ်က္ႏွာ ကြက္ခနဲ ပ်က္သြားၿပီး အေပၚထပ္ဘက္ကို လူသတ္ခ်င္တဲ့ မ်က္ႏွာနဲ႔ ၾကည့္လိုက္သည္။

အဲ့တစ္ေယာက္ေၾကာင့္ ဒီေန႔ သူ ဒီမြန္ ဆီက အာ႐ုံ စိုက္မခံရတာ စားေသာက္ဆိုင္မွာ ကတည္းက မလား။ ဒီမြန္ နဲ႔ ကလပ္ လိုက္လာတာ ဒီမြန္ ရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးၿပီး ပိုက္ဆံ နည္းနည္းပါးပါး ေတာင္းဖို႔ စဥ္းစားထားတာ။

ၾကည့္ရတာ အခုေတာ့ စဥ္းစားထားသလို မျဖစ္ေတာ့ဘူး ထင္တယ္။

မိန္းကေလး မ်က္ႏွာပ်က္ေပမယ့္ ျပန္ထိန္းလိုက္ရင္း ဝိုင္ ခြက္ကို လွမ္းကိုင္ရင္း ဒီမြန္ ရဲ႕ အေျခေနကို ေစာင့္ၾကည့္ေနလိုက္သည္။

~~~~~~~

ေရသူမ ေတြေတာ့ မသိဘူး၊ ေရသူထီး ေတြကေတာ့ မဟုတ္တာဆို သင္လြယ္ တတ္လြယ္ၾကတယ္။

အခုလည္း ေရွာင္းက်န္႔ ခုန ကလပ္ မလာခ်င္တာ သူ မဟုတ္တဲ့ အတိုင္း ဝမ္ရိေပၚ လဲ ထားတဲ့ ေၾကးျပားေတြနဲ႔ ဖဲ ႐ိုက္ေနပါၿပီ။

မုလုံ ဆိုလည္း သူ႔ဘာသာ တစ္လက္( ဖဲဝိုင္းမွာ လူ အမ်ား ဝိုင္းဖြဲ႕ ထိုင္တဲ့ ထဲက တစ္အိမ္ကို ေျပာျခင္း ျဖစ္သည္။) ယူ ထားတယ္။

ရိေပၚကေတာ့ ေရွာင္း ရဲ႕ ေဘးမွာ ထိုင္ရင္း ေရွာင္း ရဲ႕ ဖဲ ကိုင္ပုံ ၊ သူမ်ားေတြ လုပ္သလို ဖဲ ကို တစ္ပြင့္ခ်င္း ပြတ္ေနတဲ့ ပုံစံ ကို ၾကည့္ရင္း သေဘာေတြ က်ေနတယ္။

အခ်ိန္ အနည္းငယ္ ကုန္သြားေတာ့ ကံ က မ်က္စိလည္ လမ္းမွားၿပီး ေရသူထီး ႏွစ္ေယာက္ဆီ ေရာက္လာတာလား မသိ ဖဲ ႏိုင္ေနၾကတယ္။ ၿပီးေတာ့ သူတို႔ ေရွ႕မွာလည္း ေၾကးျပားေတြ တေျဖးေျဖး မ်ားလာပါတယ္။

ေရွာင္းက်န္႔ ကေတာ့ သူ႔ လက္ရည္ကို သေဘာေတြ က်ေနတယ္။

ထိုစဥ္ ဝန္ထမ္း တစ္ေယာက္ လက္ထဲမွာလည္း ဝိုင္ခြက္ေတြ တင္ထားတဲ့ ဗန္း တစ္ခု ကိုင္ရင္း ဖဲ ဝိုင္းနားမွာ ပတ္ေနတယ္။

မုလုံ ကေတာ့ ဝိုင္း ထဲက တစ္ေယာက္ လွမ္းယူလိုက္တာ ျမင္ၿပီး သူ႔ အနား ေရာက္လာေတာ့ သူလည္း လွမ္းယူလိုက္သည္။

ေရွာင္းက်န္႔ သူ႔ အနားကို ေရာက္လာေတာ့ လွမ္းယူမလို႔ လုပ္တုန္း ရိေပၚက ဝန္ထမ္းကို ေခါင္းခါ ျပတာ ေတြ႕လိုက္ရတာေၾကာင့္ သူ႔မွာ သူမ်ားလို ဝိုင္ေသာက္လိုက္ ဖဲ ပြင့္ကို ပြတ္လိုက္ လုပ္လို႔ မရေတာ့ပါ။

' ဟြန္႔ !!!.'

ရိေပၚ ႏွာေတြ မႈတ္ရင္း ႏႈတ္ခမ္း ပါ ေထာ္ထြက္ေနတဲ့ ေရွာင္း ကို ၾကည့္လိုက္ၿပီး ...

' မင္း ဝိုင္ ေသာက္ခ်င္လို႔လား ...။'

' အင္းေပါ့ ...။ သူမ်ားကို ၾကည့္ေလ ...။ သူတို႔လည္း ေသာက္ေနတာပဲ ...။'

' သူတို႔ ဝန္ေဆာင္မႈ ေပးတဲ့ ဝိုင္ က ေစ်းေပါတယ္။ အရသာလည္း မေကာင္းဘူး။ မင္း ေသာက္ခ်င္ရင္ ကိုယ္ သြားဝယ္လိုက္မယ္ ...။'

' အင္း ... ေသာက္ခ်င္တယ္။ ျမန္ျမန္ သြားဝယ္ ...။'

ရိေပၚ ခုမွ သူ႔ကို ခ်စ္ဖို႔ေကာင္းေအာင္ ခ်က္ခ်င္း ေခါင္းညိတ္ရင္း ေျပာလာတဲ့ ေရွာင္း ေၾကာင့္ သေဘာက်စြာ ရယ္လိုက္ရင္း ေရွာင္း ရဲ႕ ေခါင္းကို ပြတ္လိုက္ၿပီး ...

' အိုေခ ...။ ဒါဆို ကိုယ္ သြားဝယ္လိုက္မယ္...။'

' အင္း ...။'

ဝမ္ရိေပၚ ေအာက္ ျပန္ဆင္းသြားတာ ကို မ်က္စိ တစ္ဆုံး ၾကည့္ၿပီးမွ ေရွာင္းက်န္႔ ကို ျပန္ၾကည့္ရင္း မ်က္ေစာင္းေတြ ထိုး၊ ႏႈတ္ခမ္း ကလည္း မဲ့႐ြဲ႕ေနတဲ့ လူ ရွိပါတယ္။

အဲ့ဒါကေတာ့ မုယြီ႕က်င္း ပါ။ သူ ေရွာင္းက်န္႔ နဲ႔ ဝမ္ရိေပၚ ပလူး ေနတာကို ၾကည့္ရင္း ေတာ္ေတာ္ မ်က္စိ စပါးေမႊး စူးေနပါတယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.01 ( Mon ) Happy New Year ပါ။

Continue Reading

You'll Also Like

91K 807 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
2.3M 64.2K 55
With Sally and Paul missing, Percy learns that he has a mortal uncle. Tony Stark was not expecting to find that he had a nephew; nor that said nephew...
267K 5.1K 32
#1 in couple 08/20/23 #3 in college 07/12/23 #3 in college romance 07/06/23 #2 in spicy 07/24/23 Emily Caldwell was a normal girl, living with her be...
2.6K 183 8
မင်းကဘာကောင်လေးလဲကွာ...?