[COMPLETED]ကျုန်းလိဘုရင်က ဒီန...

By Deity_YuZhang

129K 10.9K 121

Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yao... More

Description
(၁)
(၂)
(၃)
(၄)
(၅) ❗️
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉) ❗️
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂)
(၄၃)
V1 end
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
(၆၄)
(၆၅)
(၆၆)
(၆၇)
(၆၈)
(၆၉)
(၇၀)
(၇၁)
(၇၂)
(၇၃)
(၇၄)
(၇၅)
(၇၆)
(၇၇)❗️
(၇၈)
(၇၉)
(၈၀)
(၈၁)
(၈၂)
(၈၃)
(၈၄)
(၈၅)
(၈၆)
(၈၇)
(၈၈)
(၈၉)
(၉၀)
(၉၁) ❗️
(၉၂)
(၉၃)
Extra - ဖုန်းရွှယ်ပိုင်
(၉၄)
(၉၅)
(၉၆)
(၉၇)
(၉၈)
99
(၁၀၀)
(၁၀၁)
(၁၀၂)
(၁၀၃)
(၁၀၄)
(၁၀၅)
(၁၀၆)
(၁၀၇)
(၁၀၈)
(၁၀၉)
(၁၁၀)
(၁၁၁) ❗️
(၁၁၂) - ပထမပိုင်း
(၁၁၂) - ဒုတိယပိုင်း
(၁၁၃)
(၁၁၄)
(၁၁၅)
(၁၁၆)
(၁၁၇)
(၁၁၈) ❗️ 3p
(၁၁၉)
(၁၂၀)
(၁၂၁)
(၁၂၂)
(၁၂၃)
(၁၂၄)
(၁၂၅)
(၁၂၆)
(၁၂၇)
(၁၂၈)
(၁၂၉)
(၁၃၀) - ဇာတ်သိမ်းပိုင်း
Extra - လီယွန်ဟာ
Extra - သွမ့်ဟန်ချင်း
Extra - လျိုကျန့်နန်
Extra - ဖုန်းရွှယ်ပိုင်

(၃၃)

909 89 1
By Deity_YuZhang


[မူလဇာတ်ကြောင်းမှ သွေဖယ်၍...]

ထိုအပြုအမူများနှင့်ပိုင်လီထျန်းနေသားကျနေပြီဖြစ်တာကြောင့် အံ့သြခြင်းမရှိတော့ပေ။ သူ မပြောဖူးသည်တော့မဟုတ်။ ထိုကဲ့သို့ ရုတ်တရပ်လာလာဆွဲမည့်အစား ကောင်းကောင်းမွန်မွန်ပြော၍ခေါ်သင့်ကြောင့် ဆရာဟန်ဇီအားပိုင်လီထျန်းအကြိမ်ကြိမ်ပြောခဲ့ဖူးသည်။ သို့သော်လည်း အရာထင်ခြင်းမရှိခဲ့။ သူ့ဆရာဖြစ်သူမှာ လူကိုဆွဲခေါ်ရသည့်အကျင့်ဆိုးအား အင်မတန်သဘောကျပုံပေါ်၏။ အလွန် ကပေါက်တိကပေါက်ချာနိုင်လှပေသည်။

ထို့နောက် သူမြင်နေကြ စိမ်းစိုစိုပတ်ဝန်းကျင်သို့ ပိုင်လီထျန်းထပ်မံရောက်လာခဲ့ပြီး ဆရာဟန်ဇီက အသင့်ရှိနေ၏။

"ရှစ်ဖူ..."

ပိုင်လီထျန်း၏နှုတ်ဆက်မှုအား ဆရာဟန်ဇီက ပြုံးရုံသာပြုံးပြ၍ နှစ်ဦးသားစတင်ဆွေးနွေး၏။ အဖြူရောင်ကျောက်သားခုံကြီးတွင်ထိုင်ရသည်အား ပိုင်လီထျန်းနေသားကျနေပြီဖြစ်သဖြင့် ၎င်းကပို၍သက်တောင့်သက်သာဖြစ်စေပေသည်။

"နိမိတ်လက္ခာကို ရှစ်ဖူဘယ်လိုမြင်လဲ"

ထိုအမေးအား ဆရာဟန်ဇီကခေါင်းတညိတ်ညိတ်လုပ်၏။

"မြွေပြောင်းလဲမှသာ ဖားလည်းပြောင်းလဲမယ်၊
မိုးမရွာခင် မြက်ခင်းစိုမှာမဟုတ်ဘူး၊ တိမ်စိုင်အပေါ်လိုက်ပြီး ပျိုးချမှသင့်ပေမယ်"

ဆရာဟန်ဇီ ထိုစကားလုံးများအား ပိုင်လီထျန်းနေသားကျနေခဲ့ပြီမို့ အနက်အဓိပ္ပါယ်ကို ၎င်းဘာသာ ပြန်ရှင်းပြမည့်အချိန်ထိသာစောင့်နေလိုက်သည်။ မဟုတ်ပါက ရှည်လျားရစ်ခွေ ပေါက်ကရဆန်လှသည့် ဤကဗျာများအား ထပ်ထွင်နေဦးမည်ကို ပိုင်လီထျန်းစိတ်မရှည်ချင်ပေ။ ဆရာဟန်ဇီကဆို၏။

"ငါပြောခဲ့သလိုပဲကောင်းသလားဆိုးသလားက မင်းအပေါ်ပဲမူတည်တယ် ဒီပုံစံအတိုင်းဆိုရင်တော့ အကောင်းလက္ခဏာကိုပြတာပဲ အဲ့တော့မင်းလည်းပြင်ဆင်ထားသင့်ပြီ ဝူရှီးပြည်မှာအဖြေရှာဖို့လိုတယ်"

ဝူရှီးပြည်တွင် နတ်ဆိုး၊ မိစ္ဆာနှင့် ကဝေဟူ၍ အဓိကအားဖြင့်သုံးမျိူးခွဲခြားနိုင်ပြီး ၎င်းတို့၏မျိူးရိုးအလိုက်အဆင့်နှင့်စွမ်းအင် အနိမ့်အမြင့်ကွာခြားပေသည်။ အုပ်ချုပ်သူဘုရင်မင်းမြတ်မှာ နတ်ဆိုးတစ်ပါးဖြစ်၍ ကျောက်စိမ်းသခင်ဟုလူအများကသိကြသည်။ ဝူရှီးပြည်တွင် လူသတ်ခြင်းနှင့်ပက်သက်၍စည်းကမ်းချက်မရှိ။ အင်အားကြီးသည့်သူက အင်အားနည်းသူကို သတ်ပိုင်ခွင့်အပြည့်အဝရှိ၏။

၎င်းတို့၏မျိူးစိတ်အလိုက် ကျင့်ကြံစဉ်ကွာခြားကြသည်။ ဆရာဟန်ဇီကဲ့သို့ လိပ်ပြာမိစ္ဆာများက ပန်းဝတ်ရည်ကိုစုပ်၍ကျင့်ကြံသည်ကဥပမာပင်။ ဝူရှီးပြည်၌ လူသားဟူ၍မရှိ၊ အများစုကမိစ္ဆာများဖြစ်၍ နတ်ဆိုးများကိုမူ လက်ချိုးရေတွက်နိုင်သည်အထိနည်းလွန်းသည်။ ဇာတ်လိုက်ဖန်းချန်းလော့မှာ ကဝေနတ်ဆိုးမျိုးရိုးဖြစ်၍ သူမတူအောင်ထူးခြားသည်မို့ ကျောက်စိမ်းသခင်ကတပည့်အဖြစ်လက်ခံခဲ့သည်ဟု ပိုင်လီထျန်းဖတ်ဖူးသည်။

ထိုအထဲတွင်မှ ထူးခြားသည့်မျိုးနွယ်စိတ်များမှာ နတ်ဆေးဆရာမျိုးစိတ်ဖြစ်၍ ၎င်းတို့အား နတ်ဆေးလုံးဖော်စပ်ခြင်းတွင်အသုံးပြုကြသည်။ သို့သော်ငြား လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်ခန့်က နတ်ဆေးဆရာမျိုးစိတ်တစ်ခုအား ဖျက်ဆီးခြင်းခံခဲ့ရပေသည်။ အကြောင်းအရင်းကိုမူမသိရ၊ ရှင်ဘုရင်က ထိုမျိုးဆက်တစ်ယောက်တွေ့လျှင်တစ်ယောက်သတ်ပစ်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်ဟုဆိုသည်။

"ကျောက်စိမ်းသခင်ရဲ့တပည့်အကြောင်းရော ဆရာသိလား"

ပိုင်လီထျန်းသိချင်နေသည့်အကြောင်းအရာလေးအား ယခုမှသာထုတ်ပြောဖြစ်တော့သည်။ သူ့အနေဖြင့် ကျုန်းလိပြည်ဇာတ်ကြောင်းကို ပြောင်းထားသည့်အတွက် အနှီဇာတ်လိုက်နှစ်ယောက် မည်သည့်နေရာသို့ရောက်၍ မည်သို့ဖြစ်နေမည်ကိုလည်း သိချင်ပေ၏။

"သူ့တပည့်? ကဝေနတ်ဆိုးကိုမင်းပြောတာလား?"

ဆရာဟန်ဇီ၏မျက်မှောင်ကြုံ့၍မေးလာသောအမေးကို ပိုင်လီထျန်းခေါင်းညိတ်ပြလိုက်သည်။ သူ၏ဆရာဖြစ်သူက ထိုအပြုအမူကြောင့် တစ်ချက်မဲ့ပြုံးပြုံး၍ ဆို၏။

"အဲ့ဒီကျောက်စိမ်းသခင်ရဲ့တပည့်ကလည်း သူ့ဆရာနီးပါးယုတ်မာကောက်ကျစ်တာပဲ"

ပိုင်လီထျန်းထိုသို့ပြောလာမည်ဟုမထင်ထားသော်လည်း ဝတ္တုအစပိုင်း၌ လူအများက ဇာတ်လိုက်အားထိုကဲ့သို့သာ ထင်ခဲ့ကြသည်မို့ ဆရာဟန်ဇီ့အားနားလည်ပေးနိုင်ပေ၏။ နောက်ပိုင်းမှသာဖန်းချန်းလော့၏ဖြူစင်မှုများပေါ်မည်ဖြစ်၍ ယခုတွင်မူ မည်သူမျှသေချာမသိနိုင်ဟု သူထင်သည်။ ထို့ကြောင့်လည်း ဇာတ်လမ်းအစ၌ရေးထားခဲ့သည့် အကြောင်းအရာအားပြန်တွေးကာ ပိုင်လီထျန်းမေးလိုက်၏။

"တပည့်ဖြစ်ပြီး နှစ်သုံးရာအကြာမှာတင် 'ကျူး'မျိုးနွယ်စုတစ်ခုလုံးသုတ်သင်ပစ်လိုက်တာကိုပြောတာလား?"

သူ့အမေးအား ဆရာဟန်ဇီကခေါင်းညိတ်သည်။ ပိုင်လီထျန်းစိတ်ထင်၍ပဲလားမသိ ထိုအကြောင်းအရာက ဆရာဟန်ဇီတစ်ယောက် ဖန်းချန်းလော့ကိုမုန်းနေသည့်အဓိအချက်မဟုတ်သယောင်။ မသိလျှင် ဤကိစ္စကအတော်သေးမွှားသည့်အရာလေးအလား။ ထို့နောက် ဆရာဟန်ဇီပြောလာသည့်စကားကိုကြားသည့်အခါတွင်တော့ ထိုအဓိပ္ပါယ်အား ကောင်းကောင်းကြီးနားလည်လိုက်ရတော့သည်။

"မှန်တယ်... အဲ့ဒီအပြင်ကို သူကကျောက်စိမ်းသခင်နဲ့လက်ထပ်ပြီး ဝူရှစ်ပြည်တစ်ခုလုံးကိုပါဖျက်ဆီးပစ်လိုက်တာလေ"

ပိုင်လီထျန်းရင်ထဲ ဒုန်းခနဲဆောင့်တက်သွားသယောင်ခံစားလိုက်ရသည်။

'လက်ထပ်...? နေပါဦး..လက်ထပ်သွားတယ်လို့ပြောတာလား?!
ဇာတ်လိုက်ဖန်းချန်းလော့က အဲ့ဒီ ကျောက်စိမ်းသခင်နဲ့လေ?!'

သူ့ခေါင်းတစ်ခုလုံး question mark များဖြင့် ပြည့်နှက်သွားသည်ဟု ပိုင်လီထျန်းခံစားနေရသည်။ မူလဇာတ်ကြောင်းက ပြောင်းသည်ဆိုလျှင်တောင် ဤမျှလောက်သွေဖယ်သွားစရာအကြောင်းမရှိပေ။ ဆိုရပါက ပိုင်လီထျန်းကိုယ်တိုင်ပြောင်းလဲပစ်နေသည့်ဇာတ်ကြောင်းမှာ ဖင်းယန်ပြည်ကိုမသိမ်းပိုက်ခြင်းနှင့် ရှန်ယွင့်ကိုချစ်မြတ်နိုးခြင်းသာဖြစ်သည်။ သူ့လုပ်ရပ်က ဝူရှီးပြည်နှင့်ပက်သက်စရာအကြောင်း တစ်စက်ပင်မရှိပါချေ။

ဖင်းယန်ပြည်၏မင်းသားငယ်ကသာ ဇာတ်လိုက်ဖန်းချန်းလော့၏အချစ်ကိုရမည်ဖြစ်၍ ယခုကဲ့သို့ တခြားတစ်ယောက်နှင့် လက်ထပ်သွားခြင်းဟူသည်က သွေးတက်စရာကိစ္စရပ်ပင်။ ထပ်ပြောရပါက ၎င်း၏ဆရာဖြစ်သူ ကျောက်စိမ်းသခင်မှာ မူလဇာတ်ကြောင်းတွင် Final boss၊ အကြီးဆုံးဗီလိန်ဖြစ်၍ ဖန်းချန်းလော့၏လက်ချက်နှင့်ပင် သေဆုံးရမည့်သူပင်။ သို့သော်ငြား ယခုတွင်မူ အနှီကျောက်စိမ်းသခင်နှင့်ဖန်းချန်းလော့က လက်ထပ်သွားသည်တဲ့!

လောကကြီးမည်သို့ဖြစ်ကုန်သနည်း။ ပိုင်လီထျန်းတွေးမရတော့ပေ။
ထိုသို့ဆိုပါက ဖုန်းရွှယ်ပိုင်ကမည်သို့အဆုံးသတ်သွားသည်နည်း။

"သူတို့..ဘယ်တုန်းကလက်ထပ်သွားကြတာလဲ?"

ပိုင်လီထျန်း၏ချိတုံချတုံဖြင့်အမေးကြောင့်ဆရာဟန်ဇီကမျက်မှောင်ကြုံ့၏။

"မင်းကအနာဂါတ်ကျကြိုသိပြီး ဒါလေးကျမသိဘူးလား? သူတို့ငါထွက်လာကတည်းကယူသွားတာ... ပြောရရင်လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကျော်ကတည်းက တရားဝင်ထိမ်းမြှားပြီးကြပြီလေ"

အားးးး!

ပိုင်လီထျန်းခေါင်းအား မိုးကြိုးပစ်လိုက်သယောင်ခံစားလိုက်ရသည်။

နှစ်ပေါင်းသုံးရာ..နှစ်ပေါင်းသုံးရာ..
ထိုသို့ဆိုပါက ကျုန်းလိပြည်မတည်ထောင်မီကတည်းက ၎င်းတို့နှစ်ဦး ညားသွားသည်ဟုဆိုလိုသည်မဟုတ်ပါလား။ ထိုသို့ဆိုပါက အဘယ်ကြောင့်ပိုင်လီထျန်းခမျာ ဖင်းယန်ပြည်ကိုမသိမ်းပိုက်ရန်အတွက် ကြိုးစားအားထုတ်နေရတော့မည်နည်း။

ဖင်းယန်ပြည်မှမင်းသားနှင့် ဖန်းချန်းလော့မချစ်ကြိုက်ပါက ဖင်းယန်ပြည်ကိုသိမ်းသည့်အခါ ဇာတ်လိုက်ပါလာစရာအကြောင်းမရှိပေ။ ၎င်းမပါလာပါက ဝူရှီးနှင့်ဝူရှစ်ပြည်လည်းပါဝင်လာစရာအကြောင်းမရှိသလို ကျုန်းလိပြည်လည်း ပျက်စီးဖို့မလိုအပ်တော့ပေ။ ကိစ္စများကရိုးရှင်းနေသည့်တိုင် ပိုင်လီထျန်းကမူရှုပ်ရှတ်ခတ်ကုန်၏။

ဤနှစ်ပိုင်းအတွင်း သူ့ခမျာ လမ်းကြောင်းအားတည့်တည့်မတ်မတ်သွားရမည့်အစား ကွေ့ပတ်နေမိခဲ့သည်ဟုပင်ထင်မိတော့သည်။

ပိုင်လီထျန်း၏စိတ်ရှုပ်ထွေးနေသောအမူအရာကြောင့် ဆရာဟန်ဇီကမျက်မှောင်ကြုံ့ကြည့်၍မေးလာ၏။

"ဘာလဲ ပြသနာတစ်ခုခုရှိလို့လား"

ပိုင်လီထျန်းခေါင်းအသာခါလိုက်သည်။

"ဝူရှစ်ပြည်ကရောဘာလို့ဖျက်ဆီးခံရတာလဲ? အဲ့ဒီသတင်းကိုမကြားမိသလိုပဲ"

မူလဇာတ်ကြောင်း၌ ဝူရှစ်ပြည်ဖျက်ဆီးခံရခြင်းဟူသည့် ဇာတ်ကွက်မျိူးမပါဝင်ခဲ့ပေ။ ကျောက်စိမ်းသခင်က ထိုသို့ပြုလုပ်ရန်အမျိုးမျိုးကြိုးစားသော်ငြား ဧကရာဇ်ဖြစ်သွားသောမင်းသားငယ်နှင့်သူ၏ချစ်သူဖန်းချန်းလော့တို့ကအမျိုးမျိုးတားဆီးခဲ့သည်မို့ ဖျက်ဆီးခွင့်မရခဲ့။ နောက်ဆုံး၎င်းသေဆုံးသည်အထိပင် ဤကိစ္စအားအကောင်ထည်မဖော်ခဲ့ပေ။ သို့ဆိုလျှင် မည်သို့ဖြစ်သွားရသနည်း။

ပိုင်လီထျန်း၏နားမလည်သောပုံစံကြောင့် ဆရာဟန်ဇီကသက်ပြင်းတစ်ချက်ချလိုက်ပြီး တွေးတွေးဆဆဆိုလာသည်။ ၎င်း၏ပုံစံက ပုံပြင်ပြောပြနေသည့်နှင့်အလားသဏ္ဍာန်တူ၍ အနှီဝူရှစ်ပြည်အပေါ်တော့ အလွန်အမင်းသနားနေသည့်ပုံမပေါ်။ သတင်းအချက်အလက်အား ထုတ်ပြောခြင်းသာဖြစ်၏။

"အမှန်ပဲ.. လူတွေအမြင်မှာတော့ဝူရှစ်ပြည်ကအကောင်းအတိုင်းရှိသေးတာပေါ့ ဒါပေမဲ့အတွင်းထဲမှာတော့ပုတ်ပွပြီးအနံ့သက်ထွက်နေတဲ့ ကျီးအာသီးသာသာပါပဲ... ဝူရှစ်ပြည်ရဲ့ဘုရင်မျိူးဆက်အကုန်ဖျက်ဆီးခံရပြီးနောက်ပိုင်း ဒီတိုင်းပြည်က ကျောက်စိမ်းသခင်လက်အောက်မှာပဲ လုံးလုံးလျားလျားရပ်တည်နေတာ"

ဇာတ်ကွက်ပြောင်း၍ ကျောက်စိမ်းသခင်ကမသေတော့သည်မို့ ဤပြည်ထောင်အား အနှေးနှင့်အမြန်ဖျက်ဆီးပစ်မည်ကတော့အသေအချာပင်။ ၎င်းအသက်ရှင်နေစဉ်ကာလအတွင်း အမုန်းတရားများကိုသာ လက်စားချေဖို့တွေးနေခဲ့သည်မဟုတ်ပါလား။ သို့သော်လည်း ပိုင်လီထျန်းနားမလည်သည်က ဤတစ်ခုမဟုတ်၊ အခြားအရာပင်။

"ကဝေနတ်ဆိုးကဘာလို့ ဝူရှစ်ပြည်ကိုဖျက်ဆီးရတာလဲ သူ့မှာ..သူ့မှာရန်ငြိုးမှမရှိပဲ"

ဇာတ်လိုက်ဖန်းချန်းလော့မှာ နာမည်ကသာ ကဝေနတ်ဆိုးဖြစ်၍ ကြာပန်းဖြူလေးကဲ့သို့ နူးညံ့နွေးထွေးသောစိတ်ထားရှိကြောင်း ပိုင်လီထျန်းအော်ဟစ်၍ပြောပစ်လိုက်ချင်ပါသည်။ သို့သော်လည်း ယခုသူ့စကားအား ဆရာဟန်ဇီကမည်သည့်အကြောင်းကြောင့်မျှ ယုံနိုင်ဖွယ်ရာမရှိ။ အဘယ်ကြောင့်ဆိုသော် ဖန်းချန်းလော့၏နာမည်ကို တစ်ခါထုတ်ပြောတိုင်း ဆရာဟန်ဇီ၏မျက်နှာတွင်ရွံရှာမှုများဖြင့် ပြည့်နှက်သွားသောကြောင့်ပင်။ ထိုအပြုအမူမှာ သူတစ်ဦးတည်းမဟုတ်၊ နတ်မိစ္ဆာတစ်ဝက်လောက်ကပင် ဖန်းချန်းလော့အား ကြည့်မရကြပေ။

ဖြစ်အင်မှာ လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာခန့်ကစတင်ခဲ့၍ မည်သို့ဇာတ်ပြောင်းသွားသည်ကိုတော့ ပိုင်လီထျန်းလည်းမသိရ။ အစပိုင်း၌ ဖန်းချန်းလော့၏ကြင်နာတတ်သည့်သဘောထားကြောင့် လူအများက ရွှံ့နွံထဲမှကြာပန်းဖြူလေးဟုယုံကြည်ခဲ့ကြသည်။ ၎င်း၏ဆရာဖြစ်သူ ကျောက်စိမ်းသခင်လျန်ယိချန်၏လက်ထဲမှရုန်းထွက်၍ လောကကိုအလင်းဆောင်နိုင်မည့် နတ်ဘုရားတစ်ပါးဟုတင်စားကြ၏။

ထိုကိစ္စများကဝတ္တုဇာတ်ကြောင်းအရဆိုလျှင်တော့ အမှန်ဖြစ်လာခဲ့ခြင်းပင်။ အနှီဖန်းချန်းလော့ကဆရာဖြစ်သူ၏ မကောင်းမှုများကိုသိရှိ၍ ရန်ငြိုး၊ အာဃာတများကြား အပြစ်မဲ့သူများသေကြေပျက်စီးရမည်ကိုအင်မတန်ရွံမုန်းခဲ့သည်။ ထို့ကြောင့်လည်း ကျောက်စိမ်းသခင်အား ရပ်တန့်ရန်အစွမ်းကုန်ကြိုးစား၍ နောက်ဆုံးတွင်မူ သူ့လက်ဖြင့်သူ့ဆရာအားကိုယ်တိုင်အဆုံးသတ်ခဲ့ပေသည်။

သို့သော်လည်း ယခုတွင်မူ ကိစ္စများက အင်မတန်ခြားနားကုန်၏။ ဤလောက၏ ဖန်းချန်းလော့မှာ ကြာပန်းဖြူလေးမဟုတ်သလို ၎င်းက မိစ္ဆာကြာနက်ထက်ပင်ပိုဆိုးဦးမည်။ ဆရာဖြစ်သူကိုတွန်းလှန်ရမည့်အစား အလွန်သစ္စာရှိခဲ့၏။ ကျောက်စိမ်းသခင်က သေဆိုသေ၊ ရှင်ဆိုရှင်ဖြစ်၍ အနှီဗီလိန်ကြီးနှင့်ရန်ငြိုးရှိသူမှန်သမျှ သူကိုယ်တိုင်လိုက်လံသတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ တစ်ယောက်တစ်လေပင်မကျန်စေရ။

တစ်စုံတစ်ယောက်က သူ့ဆရာကို လေသံလေးဖြင့်ထိခိုက်လျှင်တောင် ချက်ချင်းလက်တုန့်ပြန်၍ ဆိုးရွားရက်စက်လှသော ကဝေနတ်ဆိုးအဖြစ် နာမည်ကြီးလာခဲ့သည်။ ၎င်းတို့နှစ်ဦးကြား၌ ဆရာတပည့်ထက်ပိုသော ဆက်ဆံရေးများရှိခဲ့၍ နောက်ပိုင်းတွင်မူ နှစ်ဦးသားလက်ထပ်သွားခဲ့သည်အထိပင်။ ဆရာတပည့်နှစ်ယောက်ထိုသို့လက်ထပ်ခြင်းမှာ ရှုတ်ချစရာတစ်ခုဖြစ်သော်ငြား ထိုနှစ်ဦးကိုမည်သူက အပြစ်တင်ရဲမည်နည်း။

ဖန်းချန်းလော့က ကောက်ကျစ်သည်ဆိုပါက ဗီလိန်ကြီးလျန်ယိချန်မှာ နှစ်ဆပို၍ယုတ်မာပေဦးမည်။ ဖန်းချန်းလော့အား အထိမခံသည်းသည်းလှုပ်ချစ်ရုံသာမက တစ်တိုင်းပြည်လုံးကိုပင်ပုံပေးနိုင်လောက်သည်အထိ အလိုလိုက်ခဲ့သည်။ အင်မတန်လိုက်ဖက်လှသည့် အနှီစုံတွဲအား ဝူရှီးတစ်ပြည်လုံး လက်ဖျားခါကြ၏။

အကြောင်းစုံသိပြီးသည့်နောက် ပိုင်လီထျန်းအသက်ရှုဖို့ပင်မေ့နေတော့သည်။

အဘယ်သို့ဖြစ်ကုန်သနည်း။
အဘယ်ကြောင့် ဤဇာတ်လိုက်နှင့်ဗီလိန်က ထိုကဲ့သို့အချစ်ပုံပြင်များပေါ်ထွက်လာရသနည်း။ သူ၏ဦးနှောက်ဖြင့် စဉ်းစားနိုင်စွမ်းရှိသည့်ဘောင်အား ကျော်လွန်သွားပေပြီ။ ဤတစ်ခေါက်တွင်တော့ သူနှင့်လုံးဝမသက်ဆိုင်သည်မှာသေချာ၏။ ဇာတ်လိုက်အား ဗီလိန်နှင့်ပေးစားရန်ကဲ့သို့သောအပြုအမူမျိုး ပိုင်လီထျန်းမလုပ်ဖူးသည်ကို ကျိန်ဆိုရဲပေသည်။

ထို့နောက်တွင်တော့ဆရာတပည့်နှစ်ယောက် ဤအကြောင်းဆက်မပြောဖြစ်တော့ပေ။ သက်ပြင်းတစ်ချက်ချရင်းဆရာဟန်ဇီက အမှာစကားဆို၏။

"ဒီရက်ပိုင်းအတွင်း မင်းခရီးထွက်ဖို့လုပ်ရလိမ့်မယ် အဆင်သင့်ပြင်ထားတော့"

ပိုင်လီထျန်းခေါင်းညိတ်ရင်း တွေးတောဆင်ခြင်မိ၏။ ထိုသို့ဆိုလျှင် ရှည်လျားလှသည့်ခရီးကိုတော့သူဖြတ်သန်းရပေဦးမည်။

ထိုအချိန်၌ ဆရာဟန်ဇီက ပန်းအိုးအသေးစားလေးတစ်ခုအားထုတ်၍ ပိုင်လီထျန်းရှေ့သို့ထိုးပေးလာသည်။ ထိုကြွေအိုးလေးထဲတွင် ပန်းရောင်ပျိုးနီပန်းလေးတစ်ပွင့်ရှိ၍ ကောင်းကောင်းမွန်မွန်ရှင်သန်နေ၏။ အိုးပေါ်တွင် 'ရှိုးယွမ်'ဟူသည့်စာသားလေးကိုမြင်ရပြီး ပိုင်လီထျန်းလက်ထဲသို့ရောက်သည့်အခိုက်တွင် ပန်းပွင့်လေး၏ပုံစံမှာပို၍ကြည်လင်တောက်ပပြီး ကခုန်နေသည်ဟုပင်ခံစားရစေတော့သည်။

"ဒါက မင်းအတွက်လက်ဆောင်..ခဏပဲဂရုစိုက်စောင့်ရှောက်လိုက် မကြာခင်အတော်လေးအသုံးဝင်တယ်ဆိုတာသိလိမ့်မယ်"

ပိုင်လီထျန်း ထိုပျိုးနီပန်းလေးအားကြည့်ရင်း မျက်မှောင်ကြုံ့မိသည်။ ပန်းလေးကချစ်စဖွယ်ကောင်း၍ လှပသောအရောင်အသွေးရှိသော်ငြား မည်သို့အသုံးဝင်မည်ကိုတော့သူလည်းမသိပေ။ အသက်ကယ်သည့်ဆေးပင်လား? သို့တည်းမဟုတ် Disney ဇာတ်လမ်းတွေထဲကလို သီချင်းဆို၍ ကိုယ့်ကိုကိုယ်နုပျိုအောင်လုပ်ရမည်လား?

ပိုင်လီထျန်း၏နားမလည်သောပုံစံကြောင့် ဆရာဟန်ဇီက ရယ်ရင်း အသာရှင်းပြလာသည်။

"ဒီပန်းကမင်းနဲ့ပဲသက်ဆိုင်တယ်.. ဒီကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေအားလုံးထဲမင်းတစ်ယောက်ထဲနဲ့ပဲသက်ဆိုင်တဲ့အရာပဲ"

ဤသို့ဖြစ်နေခဲ့သည်။ ဆရာဟန်ဇီ၏စိတ်ဝိညာဉ်နယ်မြေရှိပန်းများအားလုံးမှာ မိစ္ဆာအပင်အမျိုးအစားများဖြစ်၍ ၎င်းတို့တွင်လည်း ကိုယ်ပိုင်ဝိညာဉ်များရှိကြပေ၏။ သို့သော်လည်း ဝိညာဉ်အားကဖျော့တော့သည်မို့ဆရာဟန်ဇီ၏နယ်မြေ၌ပင် ထားရသည်။

ထိုအထဲတွင်မှ ဤပန်းရောင်ပျိုးနီပန်းလေး၏ ဝိညာဉ်မှာ ပိုင်လီထျန်းဆီမှထုတ်လွှတ်လျက်ရှိသော ယန်ဓာတ်နှင့်ဝတ်မှုံကူးသွား၍ အခြားပန်းများနှင့်မတူတော့ပဲ အမြန်ရင့်မှည့်လာတော့သည်။ ထိုအဖြစ်အပျက်ကို ဆရာဟန်ဇီကသတိထားမိသွားပြီးစမ်းသပ်ကြည့်သည့်အခါ ပိုင်လီထျန်း၏ဝိညာဉ်ဓာတ်များပါရှိနေသည်ကိုတွေ့ရှိခဲ့ရ၏။

ထိုသို့ဆိုလျှင် ဤပျိုးပင်အား သူ၏ဝိညာဉ်နယ်မြေတွင်ကြာကြာထား၍မဖြစ်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ဝိညာဉ်စုပ်စွမ်းအင်မှာပိုအင်အားကြီးလာ၍ နယ်မြေတစ်ခုလုံးမှ ပန်းများ၏ဝိညာဉ်များကိုစုပ်ယူသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ဆရာဟန်ဇီ၏ကျင့်စဉ်ပင်ပျက်ဆီး၍ အရှုပ်အထွေးများဖြစ်ကုန်ပေလိမ့်မည်။ ထို့ကြောင့် ပိုင်ရှင်တစ်ဖြစ်လဲ ထိုပန်းပင်အားအသက်ဝင်စေခဲ့သည့်ပိုင်လီထျန်းထံသို့ လွှဲပေးလိုက်ခြင်းပင်။

"ဒါပေမဲ့ နယ်မြေအပြင်ကိုထုတ်လိုက်ရင် ဒီပန်းလေးအသက်ရှင်ပါ့မလား? အပြင်ကလူတွေကိုတော့ မထိခိုက်လောက်ပါဘူးနော်"

ပိုင်လီထျန်းစိုးရိမ်လည်း စိုးရိမ်ချင်စရာပင်။ ထိုအပင်လေးမှာချစ်ဖို့ကောင်း၍ လှပသလောက် အဖျက်စွမ်းအင်လည်းအလွန်ကြီး၏။ ဆရာဟန်ဇီ၏နယ်မြေတွင်တောင်မရပါက အပြင်လောကဆိုလျှင် မည်သည့်ဝိညာဉ်များအားစုပ်ယူမည်နည်း။ မစုပ်ယူလျှင်လည်း ထိုအပင်လေးသေသွားဦးမည်။ သူ့ကြောင့်ဖြစ်တည်လာသည်ဟူသော စကားကြောင့် ပိုင်လီထျန်းထိုအပင်လေးအား နှမြောမိပေသည်။

သူ့အတွေးများကိုသိနေသည့်ဆရာဟန်ဇီက ပခုံးကိုအသာပုတ်၍ဆို၏။

"စိတ်ပူဖို့မလိုဘူး လူသားတွေရဲ့ဝိညာဉ်သိကအရမ်းခိုင်မာတယ်.. ဒီကလေးလွယ်လွယ်စုပ်ယူလို့ရတဲ့အရာမရှိဘူး.. နောက်ပြီး မင်းအနားမှာထားရုံနဲ့ မင်းဆီကအငွေ့အသက်ကိုရရင် သူကပိုတောင်ကောင်းကောင်းကြီးပြင်းလာဦးမှာ"

ဘေးဥပါဒ်မဖြစ်စေသည်မို့ ပိုင်လီထျန်းထိုအပင်လေးအားလက်ခံ၍ သူ့အိပ်ဆောင်အတွင်း၌ထားရှိလိုက်သည်။ အခြားအပင်များကဲ့သို့ နေ့တိုင်းရေလောင်းပေးရန်၊ အစာကျွေးရန်မလိုအပ်သော်ငြား ပိုင်လီထျန်းကတော့ ဂရုတစိုက်ဖြင့်စောင့်ရှောက်ပေးသည်။ အပင်များကောင်းကောင်းရှင်သန်ရန် စကားကောင်းများပြောပေးသည်က အကောင်းဆုံးနည်းလမ်းမို့ နေ့တိုင်းလိုလို ပျိုးနီပင်လေးအနားကိုကပ်၍ ချိုသာစွာချော့မြူထိန်းကျောင်းပေ၏။

မည်သည့်ရလဒ်ရ၍ မည်သို့ဖြစ်လာမည်ကို ပိုင်လီထျန်းမသိသော်ငြား ထိုအပင်လေးကို ဂရုတစိုက်မွေးမြူရသည်အား သူကျေနပ်ပေ၏။ သူ၏လယ်သမားဘဝအိပ်မက် မပြီးမြောက်နိုင်လျှင်တောင် အနည်းဆုံးတော့ အပင်လေးများအားဂရုစိုက်ချင်သည့်စိတ်ကို ပျိုနီပန်းလေးဖြင့်ဖြေဖျောက်နိုင်ခဲ့ပေသည်။

°°

•StoryTime• [ကျောက်စိမ်းသခင်လျန်ယိချန်]

ဝူရှီးနဲ့ဝူရှစ်ခွဲခွာပြီး ဘုရင်နှစ်ပါးလဲသေဆုံးပြီးနောက်နှစ်ရာ​ကျော်ကြာတဲ့အခါမှာ အရာအားလုံးကပြောင်းလဲနေခဲ့ပါပြီ။

ဝူရှီးပြည်မှာအရင်လို သက်ဦးဆံပိုင်ဘုရင်စနစ်မရှိတော့ဘဲ အင်အားအကြီးဆုံးနတ်ဆိုးတွေကသာအုပ်ချုပ်တဲ့ရိုးရာဖြစ်လာခဲ့တယ်။ ဝူရှစ်ဘုရင်ရဲ့နောက်မျိုးဆက်တွေကတော့ ဝူရှီးပြည်အမှန်တကယ်ရှိမရှိကိုသိချင်နေကြပြီး သူတို့ရဲ့တိုင်းပြည်အခြေအနေမကောင်းတာကြောင့် ဝူရှီးရဲ့အကူအညီကိုတောင်းခံချင်ခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲဝူရှီးပြည်မှာတော့ ကျောက်စိမ်းတောင်ကိုအုပ်ချုပ်နိုင်သူပေါ်ပေါက်လာပြီလို့သတင်းတွေထွက်နေခဲ့တယ်။ အဲ့လူကလက်ရှိဘုရင်ကိုအစားထိုးပြီး အရင်မင်းဆက်တွေလိုမဟုတ်ဘဲ ဝူရှီးပြည်ကိုနှစ်သောင်းချီအုပ်ချုပ်သွားနိုင်မဲ့ ဝူရှီးရဲ့အစစ်အမှန်ဘုရင်လို့ဆိုတယ်။

ဒီသတင်းကြောင့်ဝူရှီးပြည်ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန် ဝူရှစ်ရဲ့တော်ဝင်မျိုးနွယ်တွေက အကြောင်းအမျိုးမျိုးကြောင့် ဝူရှီးမှာနေထိုင်တဲ့ နတ်ဆေးဆရာ'ကျူး'မျိုးနွယ်စုနဲ့ဆက်သွယ်မိသွားတယ်။ သူတို့ကလက်ရှိဝူရှီးဘုရင်ရော နောက်တက်မဲ့ဘုရင်ရောကပါ သူတို့နဲ့သွေးမတော်သားမစပ်ဘူးဆိုတာကိုသိလိုက်ရတဲ့အပြင် ဘယ်သူကမှသူတို့ကိုကူညီပေးမှာမဟုတ်ဘူးဆိုတာနားလည်လိုက်တယ်။

ဒါကြောင့် ကျူးမျိုးနွယ်နဲ့တော်ဝင်မျိုးနွယ်စုက သဘောတူညီချက်တစ်ခုလုပ်လိုက်ကြတော့တယ်။ ဝူရှီးပြည်မှာရှိတဲ့ကျူးမျိုးနွယ်စုက နောက်တက်မဲ့ဘုရင်ကိုသူတို့ရဲ့မျိုးနွယ်ဖြစ်စေချင်တာကြောင့် နတ်ဆိုးတွေကိုဖမ်းပြီး အတင်းအကြပ်မျိုးဆက်ရအောင်လုပ်နေခဲ့ကြတာဖြစ်တယ်။ နတ်ဆိုးတွေအားလုံးသာသူတို့လက်ထဲရှိနေမယ်ဆိုရင် တကယ်လို့ဟောကိန်းထဲကလူမွေးလာတဲ့အခါ သူတို့ရဲ့မျိုးဆက်ဖြစ်နေမှာပဲ။ အဲ့လိုရက်စက်တဲ့အပြအမူကိုဘယ်သူမှမသ်ိအောင်လုပ်နိုင်ဖို့အတွက် သူတို့ကနတ်ဆိုးတွေကိုဝူရှစ်ပြည်ဆီပို့ပြီးဖမ်းဆီးနှိပ်စက်မှာဖြစ်တယ်။ အပြန်အလှန်အနေနဲ့ ဝူရှစ်ရဲ့အကူအညီအတွက်ကျေးဇူးဆပ်တဲ့အနေနဲ့ သူတို့ကကျောက်စိမ်းတွေခိုးပြီးဖမ်းထားတဲ့နတ်ဆိုးတွေနဲ့အတူတကွပို့ဆောင်ပေးတယ်။ သူတို့ကမိစ္ဆာမျိုးနွယ်စုဖြစ်တာကြောင့် ဘယ်ကျောက်စိမ်းကရတနာဖြစ်ပြီးဘယ်ကျောက်စိမ်းကအသက်သွေးမျှင်မှန်းခွဲခြားနိုင်တာကြောင့် မိစ္ဆာတွေအတွက်တန်ဖိုးမရှိတဲ့ကျောက်သားတွေပျောက်ဆုံးတာကိုဘယ်သူမှမရိပ်မိခဲ့ကြဘူး။

ဒီလိုမျိုးနှစ်ဦးနှစ်ဖက်အဆင်ပြေနေခဲ့ပေမဲ့ သူတို့မသိတာက ဟောကိန်းထဲကနတ်ဆိုးဟာမွေးဖွားလာခဲ့ပြီးပြီဖြစ်ပြီး သူကနတ်ဆိုးအနေနဲ့မဟုတ်ဘဲ ကဝေမျိုးရိုးဖြစ်နေခဲ့တာပါပဲ။ အဲ့ဒီလူကတော့သေချာပေါက်ကို ဝတ္တုရဲ့ဗီလိန်ကြီးလျန်ယိချန်ပါ။

လျန်ယိချန်ကအရွယ်မရောက်သေးတာကြောင့်သူ့ရဲ့နတ်ဆိုးသွေးကနိုးထမလာခဲ့သေးဘူး။ ကံဆိုးတာက သူ့ရဲ့ဆရာတူအစ်မဟာ နတ်ဆိုးအဖြစ်သွေးနိုးထလာခဲ့တဲ့အပြင် ကျူးမျိုးနွယ်ရဲ့ဖမ်းဆီးနှိပ်စက်ခြင်းကိုခံခဲ့ရတယ်။

ဆရာတူအစ်မရဲ့အလောင်းကိုပြန်ရှာတွေ့ခဲ့တဲ့လျန်ယိချန်က ကျူးမျိုးနွယ်စုကိုစက်ဆုပ်မုန်းတီးပြီး ဝူရှီးဘုရင်ဖြစ်သည်အထိသူ့ရဲ့အင်အားနဲ့ကြိုးစားခဲ့တယ်။ သူကကျူးမျိုးနွယ်စုနဲ့ ဝူရှစ်တော်ဝင်မျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ပြီးလက်စားချေလိုခဲ့ခြင်းပင်။

သို့သော် လျန်ယိချန်ထိုသို့မလုပ်နိုင်အောင် သူ့ရဲ့တပည့်လးကမျိုးစုံတားဆီးခဲ့သည်မို့ ဖန်းချန်းလော့ကိုမြတ်နိုးသည့် ကျောက်စိမ်းသခင်ကြီးကလက်စားချေခြင်းကိုရှေ့မဆက်နိုင်ခဲ့ပေ။

မထင်မှတ်ထားစရာများဖြစ်ပေါ်လာခဲ့သည်က လွန်ခဲ့သောနှစ် ၃၀၀ ခန့်၌ ဖန်းချန်းလော့ကိုယ်တိုင်ကျူးမျိုးနွယ်စုကို သုတ်သင်ခဲ့စဥ်အခါကဖြစ်သည်။ သူနှင့်လျန်ယိချန်တို့လက်ထပ်ပြီးနောက် ဝူရှစ်တစ်ပြည်လုံးကိုဖျက်ဆီးခဲ့ကာ ဖုံးကွယ်ခံထားရသည့်သက်သေများပေါ်လာခဲ့သည်မို့ ထိုနှစ်မှဖန်းချန်းလော့၏အပြုအမူကိုမိစ္ဆာများနားလည်သွားကြသည်။ ထို့အပြင်  သစ္စာဖောက် ကျူးမျိုးနွယ်စုကိုရွံရှာစက်ဆုပ်ကာ နတ်ဆေးသမားတော်များသည်လည်းအနှိမ်ခံလူတန်းစားများအဖြစ်ပြောင်းလဲလာတော့သည်။

လက်စားချေခြင်းသည် အဆုံးမဲ့သောပျက်ဆီးခြင်းကိုသာယူဆောင်၏။

အမှန်နှင့်အမှားအား ခွဲခြားရန်ခဲယဥ်းလှပေသည်။

°°

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
391K 15.1K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...