[COMPLETED]ကျုန်းလိဘုရင်က ဒီန...

By Deity_YuZhang

129K 10.9K 121

Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yao... More

Description
(၁)
(၂)
(၃)
(၄)
(၅) ❗️
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉) ❗️
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂)
(၄၃)
V1 end
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
(၆၄)
(၆၅)
(၆၆)
(၆၇)
(၆၈)
(၆၉)
(၇၀)
(၇၁)
(၇၂)
(၇၃)
(၇၄)
(၇၅)
(၇၆)
(၇၇)❗️
(၇၈)
(၇၉)
(၈၀)
(၈၁)
(၈၂)
(၈၃)
(၈၄)
(၈၅)
(၈၆)
(၈၇)
(၈၈)
(၈၉)
(၉၀)
(၉၁) ❗️
(၉၂)
(၉၃)
Extra - ဖုန်းရွှယ်ပိုင်
(၉၄)
(၉၅)
(၉၆)
(၉၇)
(၉၈)
99
(၁၀၀)
(၁၀၁)
(၁၀၂)
(၁၀၃)
(၁၀၄)
(၁၀၅)
(၁၀၆)
(၁၀၇)
(၁၀၈)
(၁၀၉)
(၁၁၀)
(၁၁၁) ❗️
(၁၁၂) - ပထမပိုင်း
(၁၁၂) - ဒုတိယပိုင်း
(၁၁၃)
(၁၁၄)
(၁၁၅)
(၁၁၆)
(၁၁၇)
(၁၁၈) ❗️ 3p
(၁၁၉)
(၁၂၀)
(၁၂၁)
(၁၂၂)
(၁၂၃)
(၁၂၄)
(၁၂၅)
(၁၂၆)
(၁၂၇)
(၁၂၈)
(၁၂၉)
(၁၃၀) - ဇာတ်သိမ်းပိုင်း
Extra - လီယွန်ဟာ
Extra - သွမ့်ဟန်ချင်း
Extra - လျိုကျန့်နန်
Extra - ဖုန်းရွှယ်ပိုင်

(၂၈)

940 110 7
By Deity_YuZhang


[မိုးရေနှစ်စက်၏ပုံပြင်]

လမ်းမတစ်လျှောက်ရှိ ချိတ်ဆွဲစာတန်းများကိုကြည့်ရင်း ပိုင်ယွီ သဘောတကျရယ်လျက်ရှိ၏။ ပိုင်ရှန်ပွဲတော်အတွင်း ရှောင်ဖုန်းကိုသူနှင့်အတူပျော်ရန် ဆွဲခေါ်လာခြင်းပင်ဖြစ်သည်။ အမှန်၌ ယခုကဲ့သို့သောနေ့မျိုးတွင် ဘုရင့်စစ်သည်တော်များတစ်ယောက်မျှ အားလပ်မည်မဟုတ်။ ရှောင်ဖုန်းကဲ့သို့စစ်သူကြီးသည်လည်း ထမ်းဆောင်ရန်တာဝန်ရပ်များစွာရှိပေသည်။

သို့သော်ငြား ပိုင်ယွီက သူကူညီပေးခဲ့သည့်အတွက် ဆုကြေးအနေဖြင့် ဘုရင့်ဆီမှ ရှောင်ဖုန်း၏ခွင့်ရက်တောင်းထားခဲ့သည်မို့ လွတ်လွတ်လပ်လပ်သွားခွင့်ရခြင်းပင်။ ပန်းနုရောင်ဆံနွယ်လေးများအား မမြင်နိုင်စေရန်ခမောက်ဖြင့်အုပ်၍ ဟိုဟိုဒီဒီလွင့်လူးနေသော ပိတ်စအဝါဖျော့လေးအား ရှောင်ဖုန်းကငေးစိုက်ကြည့်နေပေသည်။

"ရှောင်ဖုန်း..ရှောင်ဖုန်း...ခင်ဗျားကြည့်ကြည့် ဒီမှာစစ်သေနာပတိဖန်း!"

မိမိအရှေ့မှ အကောင်ပေါက်လေးက လက်ယက်ခေါ်နေသည်မို့ ရှောင်ဖုန်းဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။ ပိုင်ယွီကသူ့ထက်ငယ်သည်ဖြစ်သော်ငြား ထိုကဲ့သို့တရင်းတနှီးနာမည်သာတပ်ခေါ်လေ့ရှိ၏။ အထူးသဖြင့် နှစ်ယောက်ထဲရှိသည့်အချိန်မျိုးတွင် 'စစ်သူကြီး' နှင့် 'မင်းသားငယ်' ဟူသောအခေါ်အဝေါ်များအား ပိုင်ယွီကအလွန်ပင်သဘောမကျပေ။ သူကိုယ်တိုင်မသုံးသလို ရှောင်ဖုန်းသုံးနှုန်းသည့်အခါလည်းစိတ်ဆိုးတတ်ပေ၏။

ထို့ကြောင့်လည်း တိုင်းပြည်၏မင်းသားငယ်အား စစ်သူကြီးတစ်ယောက်ဖြစ်သည့်သူက 'ရှောင်ယွီ'ဟု အစားထိုးနာမည်ကို ရဲရဲတင်းတင်းအသုံးပြုလာနိုင်ခဲ့သည်။

"ဒီမှာကြည့် ခင်ဗျားဆရာ.. ဟားဟားဟား"

ပိုင်ယွီညွှန်ပြသည့်နေရာတွင် 'စစ်သေနာပတိဖန်း' ဟုအမည်တပ်ထားသော ရုပ်ပုံကားချပ်တစ်ခုရှိနေပြီး ထိုပုံကကျုန်းလိစစ်ဝတ်စုံနှင့်လူ..မဟုတ်ပဲ ဘီလူးတစ်ကောင်နှင့်ပိုတူလှသည်။

ဝဝဖိုင့်ဖိုင့်၊ ဗလတောင့်တောင့်၊ မျက်နှာတွင်လည်းအမာရွတ်အစင်းအရာမျိုးစုံဖြင့်၊ အတော်လေးအကျည်းတန်လှ၏။ ထိုပုံကိုကြည့်ရင်း ရှောင်ဖုန်းမျက်မှောင်မကြုံ့ပဲမနေနိုင်တော့ပေ။ သူ၏ဆရာဖြစ်သူမှာ စစ်ပွဲများစွာအောင်နိုင်ခဲ့သည့် အကျော်အမော်စစ်သူကြီးဖြစ်သော်ငြား ထိုကဲ့သို့သောရုပ်ရည်မျိုးမဟုတ်ရပါချေ။ မျက်နှာတွင်ရခဲ့သည့်အမာရွတ်မှာလည်း ထိုမျှလောက်မဆိုးရွားလှ။ ပုံအောက်မှဆုတောင်းစာများကိုကြည့်သည့်အခါ၌ သူပို၍ပင်သွေးတက်သွားရ၏။

-စစ်သေနာပတိကြီး ကျန်းမာပါစေ
-မျက်နှာကဒဏ်ရာတွေကဘုရင်မင်းမြတ်ကိုကာကွယ်ရင်းရခဲ့တာကွ! တကယ်ကိုသူရဲကောင်းပါပဲ!
-တိုင်းပြည်အတွက်အင်အားဖြစ်စေမဲ့စစ်သည်တော်ပဲ!
-ကျန်းမာ ချမ်းသာပါစေ!

အစကထိုပုံအား ကလေးငယ်များပြောင်နောက်၍ဆွဲထားသည်ဟုထင်ခဲ့သော်ငြား ယခုတွင်မူ အဟုတ်ကြီးဆုတောင်းနေကြခြင်းဖြစ်နေခဲ့သည်။ သေချာသလောက်ကတော့ စစ်သေနာပတိဖန်းကိုလည်း ရေးဆွဲသူကမြင်ဖူးသည့်ပုံမပေါ်ပေ။ ကြည့်ရသည်မှာ ပြည်သူများက စစ်သေနာပတိ၏ဂုဏ်သတင်းကြောင့် ထိုကဲ့သို့ပုံစံအဖြစ်မှတ်ယူထားကြသည့်ပုံပေါ်၏။

"ကဲ ကဲ စိတ်မဆိုးပါနဲ့ ဒီလောက်ပုံထွက်လာတာတောင်ကံကောင်းတယ်ပြောရမှာ.. ဒီနှစ်ပိုင်းတွေမှာပြည်သူတွေက နန်းတော်ထဲကသတ်လတ်ပိုင်းလူငယ်တွေကိုပဲစိတ်ဝင်စားကြတာအသိသာကြီးကို"

ပိုင်ယွီက ရယ်ရယ်မောမောဖြင့်ဖြောင့်ဖြလာသည်မို့ ရှောင်ဖုန်း၏မှုန်ကုပ်နေသောမျက်နှာထားက ပြန်လည်ကြည်သာသွားသည်။ အမှန်၌လည်း ပွဲတော်လမ်းတစ်လျှောက် နာမည်ကျော်ကြားသော သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ၏ပန်းချီမှာနည်းပါးလှ၏။ စစ်သေနာပတိ၏ပုံတစ်ပုံရှိနေသည်ကပင် ကံကောင်းသည်ဟုဆိုရမည်။ ပုံမှန်အားဖြင့် လူအများစိတ်ဝင်စားသည့်သူများ၏ ပုံကိုသာ ပညာရှင်များကလည်း ဆွဲလိုကြသည်လေ။

ထိုအထဲ၌ အများဆုံးမှာ ဘုရင်ပိုင်လီထျန်း၏ပုံဖြစ်၍ လမ်းမကြီးတစ်လျှောက်တွင် တွေ့နိုင်ပေသည်။ ဘုရင်မင်းမြတ်၏ပုံမှာ ခန့်ညားထည်ဝါလှပြီး အင်မတိအင်မတန် ချောမောလှသောရုပ်ရည်မျိုးကိုသာ ခန့်မှန်း၍ဆွဲထားကြမှန်းသိသာ၏။ သို့သော်ငြား ထိုပုံများကဘယ်လောက်ပဲလက်ရာကောင်းပါစေ သူ့အစ်ကိုတော်၏ခံ့ညားမှုအားလိုက်မမှီနိုင်ဟု ပိုင်ယွီကမှတ်ချက်ပြုသည်။

ဘုရင်မင်းမြတ်အပြင် ဒုတိယတန်းကလိုက်သည့်ပုံများမှာ ကြင်ယာတော်ယွီရှင်းချန်နှင့် ကြင်ယာတော်ရှန်ယွင်၏ပုံများဖြစ်၍ ဆယ်ပုံဆယ့်ငါးပုံလောက်ထပ်နေသည်ဟုထင်ရ၏။ ဘယ်သူကပိုများလဲတော့ မသိရ။ သေချာသည်က တစ်ယောက်ဘက်ကအနိုင်မရမချင်း တစ်ဘက်နှင့်တစ်ဘက်ဆက်လက်ယှဉ်ပြိုင်နေဦးမည်မှန်းသေချာသည်။

အကယ်၍ သင်သာကျုန်းလိပြည်၌နေထိုင်သည့်သူဆိုပါက ထိုပြိုင်ပွဲအကြောင်းမသိ၍မရပေ။ ဘုရင်မင်းမြတ်၏ အလှဆုံး ကြင်ယာတော်နှစ်ပါးထံတွင် သူ့ပရိတ်သတ်နှင့်သူရှိ၍ နှစ်ဖက်လုံးမှာလည်း အပြိုင်အဆိုင်ကြီးလှပေ၏။ တစ်ပါးက ကျုန်းလိပြည်၏အလှဆုံးကြင်ယာတော်၊ တစ်ပါးက ရှန်းလော်ပြည်ထောင်၏အလှဆုံးကြင်ယာတော်၊ အကောင်းဆုံးပြိုင်ဘက်ပင်မဟုတ်ပါလား။

တစ်ဖက်နှင့်တစ်ဖက် ဆုတောင်းစာများနှင့် အပြိုင်ဆွဲထားသည့် ပုံများကိုကြည့်ရင်းနှင့် ပိုင်ယွီခေါင်းပင်မူးချင်လာသည်။ ၎င်းတို့ကဘယ်လောက်ပဲပြိုင်သည်ဆိုဆို နန်းတော်အတွင်းရှိကြင်ယာတော်နှစ်ပါးမှာတော့ အေးအေးချမ်းချမ်းသာရှိလှ၍တော်သေးသည်ဆိုရမည်။ မဟုတ်ပါက သူ့အစ်ကိုတော်ခေါင်းခဲရမည့် ကိစ္စဖြစ်လာမည်ပင်။

သိုင်းလောကဘက်တွင်တော့ ရုန်ဝမ်ဂိုဏ်း၏ သခင်လေးဖြစ်သော ကျန်းရှောင်ယွဲ့ ကအလွန်ထင်ရှား၏။ ၎င်းကနာမည်ကြီး ကျန်းသခင်လေးသုံးယောက်ထဲမှ အငယ်ဆုံးဖြစ်၍ စာပေလိုက်စားသည့် သာမာန်လူငယ်လေးသာဖြစ်သည်။ အလွန်အရည်အချင်းမြင့်သည့်မိသားစုထဲ၌နေ၍ ဓားသိုင်းမတတ်သော်လည်း ၎င်း၏ အလွန်ချောမောလှသောရုပ်ရည်ကြောင့် နတ်ဘုရားတစ်ပါးဟုပင်လူအများကတင်စားကြသည်။

ထိုအလှတရားကြောင့်လည်း ကျန်းရှောင်ယွဲ့ ကိုသိမ်းပိုက်ချင်သည့်သူအလွန်များပြား၍ ရုန်ဝမ်ဂိုဏ်းအားလူအများကရန်ရှာကြလေ၏။ ရုန်ဝမ်ဂိုဏ်းကအင်အားတောင့်တင်း၍ ကျန်းညီအစ်ကိုများက အလွန်ကာကွယ်ပေးနေခြင်းကြောင့်သာမဟုတ်ပါက ကျန်းရှောင်ယွဲ့ တစ်ယောက် သိုင်းလောကသားများ၏ တစ်စစီလုယူခြင်းကိုခံရပေလိမ့်မည်။

ထိုသခင်လေးအကြောင်းကောလဟာလများက အလွန်များပြား၍ မည်သည့်တစ်ခုကအမှန်ဖြစ်ကြောင်းတော့ ပိုင်ယွီလဲမသိပေ။ ပြသနာက သူစပ်စုချင်၍ ရုပ်ချောချောကောင်လေးများပုံကိုကြာကြာစိုက်ကြည့်မိတိုင်း ရှောင်ဖုန်းကမျက်မှောင်ကြီးကုတ်၍ ဂုတ်မှဆွဲခေါ်သွားတတ်ခြင်းပင်။

မတတ်သာသည့်အဆုံး ပုံတိုင်းကိုတစ်ချက်ဝေ့ဝဲကြည့်ရုံသာတတ်နိုင်၍ အဆုံး၌ ပိုင်ယွီညည်းညူလာတော့သည်။

"အိုက်ယား! ဒီလောက်လျှောက်လာတာ ခုထိကျွန်တော့်ပုံမတွေ့သေးဘူး"

ချိုချဉ်တုတ်ထိုးလေးကိုင်ရင်း ဟိုကြည့်သည်ကြည့်လုပ်နေသည့် ပိုင်ယွီက အမှန်တကယ်ပင်သူ့ပုံတူပန်းချီအား မြင်ချင်နေသည့်ပုံပေါ်သည်။ ဖြတ်လာသည့်လမ်းတစ်လျှောက် ရှောင်ဖုန်းလည်းမရှာခဲ့သည်တော့မဟုတ်။ သို့သော်ငြား တစ်ပုံမှမတွေ့ခဲ့သည်ကတော့အမှန်ပင်။ ပိုင်ယွီက ပြသနာရှာတတ်သည့်မင်းသားငယ်ဆိုသော်ငြား ထိုမျှလောက်လူမသိသည်ကတော့မဖြစ်နိုင်ပေ။ ဆိုးရွားသည့်မှတ်ချက်ပင်ရှိစေကာမူ နန်းတော်တွင်းရှိလူငယ်တစ်ယောက်အနေဖြင့်၊ ဘုရင့်ညီတော်တစ်ယောက်အနေဖြင့် တစ်ပုံတော့ရှိသင့်သည်လေ။

"ရှောင်ဖုန်း! ရှောင်ဖုန်း! ဘယ်လိုလုပ်ရမလဲ? ကျွန်တော်ဒီထက်ပိုနာမည်ကြီးအောင်နေသင့်လား? တစ်ပုံလောက်တော့ပါချင်တယ်လေရော်..."

ရှောင်ဖုန်း၏လက်မောင်းအားဖက်တွယ်ရင်း ညည်းတွားနေသော ကောင်လေးကြောင့် သူ၏ဝတ်ရုံတွင်သကြားတုတ်ထိုးများဖြင့် ပေကျံသွားသည်။ သို့သော်ငြား ရှောင်ဖုန်းကတော့ နေသားကျနေသကဲ့သို့ စိတ်ဆိုးသည့်ပုံမပေါ်ပေ။ ဘေးတွင်ဂျီကျနေသည့်မျောက်လောင်းလေးအလိုကျစေရန်ငှာ ဖြတ်သွားဖြတ်လာ ဈေးသည်မိန်းမငယ်လေးတစ်ဦးအား မေးရတော့သည်။

"စိတ်မရှိပါနဲ့ မိန်းကလေး... မင်းသားငယ်ပိုင်ယွီရဲ့ပုံ ဒီနားတစ်ဝိုက်မှာတွေ့မိပါသလား"

ရုတ်တရပ်ရှောင်ဖုန်းကိုမြင်လိုက်သည့်အချိန် ထိုမိန်းမငယ်လေးကလန့်သွားသည့်ပုံပေါ်သည်။ အေးတိအေးစက်နိုင်၍ ချောမောလှသော ယောက်ျားပျိုကသူမကိုရုတ်တရပ်စကားဆိုလာသည်မို့ ခေတ္တမျှကြောင်အမ်းသွားပြီးနောက် သူမ၏မျက်နှာလေးရဲကာ ဆိုလာ၏။

"ရှင်ပြောတာ ယွီဖုန်းစုံတွဲကိုလား? ဟိုအရှေ့ကလမ်းမှာ ညာကိုကွေ့ရင်ရောက်ပြီ"

ထိုမိန်းကလေး၏စကားအား ရှောင်ဖုန်းသိပ်မရှင်းသော်ငြား ခေါင်းကိုညိတ်၍ ကျေးဇူးတင်စကားသာဆိုလိုက်ရသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သွားကြည့်ရမည်ကသူတို့အလုပ်သာဖြစ်ပြီး မဟုတ်ပါကလည်း တစ်နေ့လုံးသူတို့အတွက်အချိန်ရသည်လေ။

သို့နှင့် ပိုင်ယွီ၏ ပွစိပွစိစကားသံလေးများအကြား နှစ်ယောက်သား မိန်းမငယ်လေးညွှန်ပြခဲ့သည့်နေရာသို့ရောက်လာခဲ့ကြတော့သည်။ ထိုလမ်းဆုံသို့ရောက်ရောက်ချင်း အခိုက်အတန့်တွင်ပင် နှစ်ဦးသား ပြောစရာစကားများပျောက်ရှသွား၍ ကြက်သေသေသွားကြ၏။ ပွစိပွစိလုပ်နေသည့် ပိုင်ယွီသည်ပင်အသံမထွက်တော့။

အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်လုံးအနှံ့ ချိတ်ထားသည့် ပုံတူပန်းချီများကြောင့်ပင်။ မိန်းမငယ်လေးညွှန်ပြလိုက်သည့်နေရာမှာ အမှားတော့မဟုတ်ရ။ အမှန်တကယ် မင်းသားငယ်ပိုင်ယွီ၏ပုံများရှိနေပေသည်။ သို့သော်ငြား သူတစ်ယောက်ထဲတော့မဟုတ်။ ဘေးတွင် ရှောင်ဖုန်း၏ပုံများကပ်ပါလျက်ရှိပေသည်။

တစ်ပုံတည်းတောင်မဟုတ်၊ ပုံတိုင်း..ပုံတိုင်းပင်!!!

ပန်းချီများသည်လည်း သာမာန်လူနှစ်ယောက်၏အနေအထားနှင့်မတူ။ ပိုင်ယွီ၏ခေါင်းပန်းရောင်လေးမှာသိသာထင်ရှားလှပြီး အနက်ရောင်ဝတ်လူငယ်တစ်ယောက်က သူ့ဘေးတွင်တောက်လျှောက်ကပ်လျက်သားလိုက်ပါလျက်ရှိ၏။ ထိုင်နေသည့်အခါ၊ လမ်းလျှောက်သည့်အခါ၊ နေပူခံထွက်သည့်အခါ၊ မိုးရွာသည့်အခါ၊ အမျိုးစုံလှ၍ နှစ်ဦးသား၏အနေအထားမှာလည်း သာမာန်မိတ်ဆွေများထက် နီးနီးကပ်ကပ်ရှိလှသည်။

အချို့ပုံများမှာ နှစ်ဦးသား လက်ကိုင်လျက်၊ ဖက်လျက်၊ တစ်ယောက်ပေါင်ပေါ်တစ်ယောက်ထိုင်နေသည့်ပုံများပင်ရှိသေး၏။

ဤတစ်ခေါက်တွင်မူ ပိုင်ယွီတစ်ယောက်မရယ်နိုင်တော့ပေ။

အကယ်၍ ထိုပုံများသည်သာ လန်ကြုတ်များဖြစ်ပါက သူ့ဘာသာလျှောချ၍ဟာသလုပ်လို့ရသေးသည်။ သို့သော်ငြား ယခုပုံများမှာ သူတို့နေထိုင်သည့်ပုံစံအမှန်တိုင်းသာဖြစ်၍ အပြင်တွင်ထိုထက်တောင်ပိုနီးကပ်သေးသည်ဟုဆိုရမည်။

ထို့ကြောင့်လည်း ပိုင်ယွီ့မျက်နှာတစ်ခုလုံးပေါက်ထွက်မတတ် ရဲတွတ်နေ၍ ရှောင်ဖုန်းသည်လည်း မတ်တတ်ကြီး ကြက်သေသေလျက်ရှိ၏။ ကိုယ်တိုင်လုပ်သည့်အခါ၌ ဘယ်လိုမှမခံစားရသော်ငြား ထိုလုပ်ရက်အားတစ်စုံတစ်ယောက်ကပြန်ပြသည့်အခါတွင်မူ ရှက်ဖွယ်အတိဖြစ်လာသည်က ပုံမှန်ပင်။

ရှက်ရကောင်းမှန်းသိသွားကြသည့် ထိုနှစ်ဦးသားမှာ ယခုတွင်မူဘာစကားမှမဆိုနိုင်ကြတော့။ လည်ချောင်းထဲစကားလုံးများဆို့တစ်နေသည့်အလား တောင့်တောင့်ကြီးသာရပ်နေကြပေသည်။ ပုံတူပန်းချီများသာမဟုတ်၊ အောက်မှ ဆုတောင်းစာများကပို၍ပင်ထူးဆန်းသေးသည်။

-လိုက်ဖက်တဲ့အတွဲလေး
-အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြပါစေ
-အမြန်ဆုံးလက်ထပ်နိုင်ပါစေ
-ပျော်ရွှင်ကြပါစေ

"အဟွတ် အဟွတ် အဟွတ်!!"

ပိုင်ယွီခမျာ သူဆိုးသည့်ချောင်းထဲ၌ အရှက်ပါထွက်သွားလျှင်ပိုကောင်းမည်ဟုတွေးတောနေမိတော့သည်။ သို့သော်ငြားထိုကဲ့သို့ဖြစ်မလာနိုင်သည်မို့ သူ့ခမျာခြေမကိုင်မိလက်မကိုင်မိဖြင့် လက်နှင့်ခြေထောက်ကိုပင်မည်သည့်နေရာသို့ထားရမည်မသိဖြစ်နေ၍ မျက်နှာကိုဆိုလျှင် မြေအောက်ထဲသို့ ခြောက်ပေတူး၍ပင်ထည့်ဖွက်ထားလိုက်ချင်တော့သည်။

'ဘာကိုလိုက်ဖက်တဲ့အတွဲလဲ! ဘာကိုပေါင်းသင်း! အမြန်ဆုံးလက်ထပ်နိုင်ပါစေဆိုပဲ ဒီလူတွေကတော့...!

တော်တယ်...!'

မသင်္ကာဖွယ်အခြေအနေအား ရှင်းရှင်းလင်းလင်းသိရရန် ထိုလမ်းအတွင်းမှ စာအုပ်ဆိုင်တစ်ဆိုင်အား နှစ်ယောက်သားဝင်လာခဲ့ကြသည်။ ဆိုင်ပိုင်ရှင်မှာ အသက် ၄၀ လောက်ရှိမည့်လူတစ်ယောက်ဖြစ်၍ သူတို့ကိုမြင်သည်နှင့်ခပ်ပြုံးပြုံးဖြင့်လာကြိုဆို၏။

"သခင်လေးတို့ ဘာဝယ်ချင်လို့လဲဗျ"

ပိုင်ယွီ့ဆံပင်များအား ခမောက်ဖြင့်ဖုံးထား၍သာ တော်သေးသည်ဆိုရမည်။ ဆိုင်တစ်ခုလုံးအတွင်း၌ ပန်းရောင်ဆံပင်ဖြင့်လူငယ်နှင့် အနက်ရောင်ဝတ်လူငယ်တို့၏ နှစ်ယောက်တွဲပုံများအနှံ့ချိတ်ထားပေသည်။ နံရံတွင်ချိတ်သည့်ပန်းချီကားချပ်မှအစ သီချင်းစာအုပ်များ၊ ဝတ္တုစာအုပ်များအထိစုံလင်လှပေ၏။ သူတို့နှစ်ဦးမှလွဲ၍ အခြားတစ်ခုခုပင်ရှိမည့်ပုံမပေါ်ပေ။ ပိုင်ယွီကအသာချောင်းဟန့်လိုက်ပြီးနောက် ထိုဆိုင်ပိုင်ရှင်အား သူ၏ပုံမှန်အရပ်သားလေသံဖြင့်သာ မေးလိုက်၏။

"ကျုပ်မေးချင်တာရှိလို့ဗျ ဒီနေရာကဘာလုပ်တာလဲ? ဘာလို့အဲ့ဒီ..လူနှစ်ယောက်ပုံပဲရှိနေတာလဲ?"

ပိုင်ယွီ့အမေးကို ဆိုင်ရှင်က စိတ်ကွက်သွားသည့်ပုံတော့မပေါ်ပေ။ သူ့မတိုင်ခင် တခြားသူများကလည်း မေးသွားကြပုံပေါ်၏။ ထို့ကြောင့် ပိုင်ယွီ့တို့နှစ်ယောက်အား နေရာထိုင်ခင်းပေးလိုက်ပြီး ဆိုင်ရှင်ကအာပေါင်အာရင်းသန်သန်ဖြင့်ရှင်းပြလာသည်။

"ဒီနေရာကဒီနှစ်မှစပြီးဖွင့်လိုက်တဲ့ ယွီဖုန်းစုံတွဲအတွက်သီးသန့်လမ်းဗျ... ကျုပ်တို့ဒီနားကဆိုင်တွေအကုန်လုံးလည်း ယွီဖုန်းဝတ္တုတွေ၊ ပန်းချီကားတွေပဲရောင်းတာ... ခင်ဗျားကြည့်ပါလား... ဒီလမ်းတစ်လျှောက်ကသူတို့ပရိတ်သတ်တွေချည်းပဲ"

ပိုင်ယွီအပြင်မှလမ်းတစ်လျှောက်ကို လှမ်းကြည့်လိုက်သည့်အချိန် တံတွေးပင်မျိုချမိသည်။ လမ်းအပြည့်တွင် လမ်းမကြီးနီးပါးအပြည့် လူအတော်များများရှိကြပြီး ၎င်းတို့က သူတို့နှစ်ယောက်၏ပုံများကိုကြည့်ရင်း ရယ်ကြပြုံးကြဖြင့် ဆုတောင်းစာများလည်း အလုအယက်ကပ်နေကြသေး၏။ ပိုင်ယွီ့ခမျာ မည်သို့တုန့်ပြန်ရမည်ကိုပင်မသိတော့ချေ။

"စိတ်မရှိပါနဲ့ ခင်ဗျားပြောတဲ့ ယွီဖုန်းဆိုတာဘာလဲဗျ? ဘာလို့လူတွေကဒီလောက်သဘောကျနေတာလဲ?"

ပိုင်ယွီ့အမေးကို ဆိုင်ရှင်ကအံ့သြသွားဟန်ပေါ်ပြီး ဒီလောက်တောင်မသိရကောင်းလားဟူသည့်အကြည့်မျိုးဖြင့် ကြည့်နေလေသည်။ အမှန်၌လည်း ပိုင်ယွီတကယ်ပင်မသိရပါချေ။ သူကသူတောင်းစားလူငယ်လေးများနှင့်ပေါင်းသည်ဆိုသော်ငြား သူမေးချင်သည့်အချက်အလက်ကိုသာမေးတတ်သည့်လူစားမို့ ခေတ်စားနေသည့်အရာတိုင်းကိုတော့သူလိုက်မမှီနိုင်။ ထို့ကြောင့်လည်း ဤသို့သော ကိစ္စကြီးအား သူတစ်ခါလေးပင်မကြားဖူးခြင်းပင်။

ဆိုင်ရှင်က အားပါပါဖြင့် ဆိုလာ၏။

"အိုက်ယား သခင်လေးကဒါတောင်မသိဘူးလား? ယွီဖုန်းစုံတွဲဆိုတာ ဟိုးရွှေနန်းတော်က မင်းသားပိုင်ယွီနဲ့ စစ်သူကြီးရှောင်ဖုန်းတို့အတွဲကိုပြောတာလေ..."

အနောက်မှ ရှောင်ဖုန်း၏ ရေနွေးသီးသွားသည့်အသံကိုတော့ ပိုင်ယွီမကြားမဖြစ်ကြားလိုက်ပါသေးသည်။ သူ့မျက်နှာတစ်ခုလုံးသည်ပင် မီးလောင်ကျွမ်းသွားသည့်အတိုင်း ပူလောင်နေရပြီမို့ တခြားသူကိုလှောင်ပြောင်ဖို့အချိန်မရှိတော့။ 'အတွဲ' ဟူသည့်စကားလုံးကြီးကသာ သူ့နားထဲတွင်ဟိုဟိုဒီဒီလူးလာခေါက်ပြန်လုပ်နေပေတော့သည်။

ဆိုင်ရှင်ကတော့သူတို့နှစ်ဦး၏အမူအရာအားသတိထားမိပုံတော့မပေါ်ပေ။
၎င်းက ကျုန်းလိရွှေနန်းတော်ကြီးရှိသည့်ဘက်သို့ ငေးကြည့်ရင်း အလွန်အင်မတန် ဝမ်းနည်းနေသည့်လေသံဖြင့် ဆိုလာ၏။

"သူတို့နှစ်ယောက်ကသိပ်ချစ်ကြတဲ့စုံတွဲတွေပါဗျာ... ဒါပေမဲ့အခြေအနေမပေးတော့ မင်းသားက စစ်သူကြီးရှောင်ကိုလက်ထပ်ယူခွင့်မရရှာဘူးလေ... ဒီတော့ကျုပ်တို့ကပဲ ဒီလိုထောက်ခံပြီးနှစ်သိမ့်ပေးရတာပေါ့"

အမှန်၌မူ ပိုင်ယွီသည်ကား သူထင်သလိုနာမည်မကြီးခြင်းမဟုတ်ရပါချေ။ နာမည်ကြီးလွန်း၍ပင်ခက်နေခြင်းဖြစ်ပြီး ၎င်းတစ်ဦးတည်းမဟုတ်၊ တွဲဖက်အဖော်မွန်လည်းပါရှိပေ၏။

မင်းသားငယ်ပိုင်ယွီနှင့် စစ်သူကြီးရှောင်မှာ တပူးပူးတတွဲတွဲလုပ်လွန်းသဖြင့် နန်းတော်အတွင်းပြောစမှတ်ရှိကြပြီး တစ်ယောက်ဘေးတွင်တခြားတစ်ယောက်ကိုမမြင်ရသည့်နေ့များဆိုပါက မအိပ်နိုင်မစားနိုင်ဖြင့် တစ်ခုခုလိုနေသလိုတောင်ခံစားရသည်ဟုဆိုကြ၏။

ထို့ကြောင့်လည်း နန်းတော်အတွင်းမှကောလဟာလများ ပြည်သူများထံသို့ပျံ့လာသည့်အခိုက်တွင် ထိုကဲ့သို့သောအချစ်ဇာတ်လမ်းလေးများ ပေါ်ပေါက်လာခဲ့တော့သည်။ သူတို့နှစ်ဦးအား ယွီဖုန်းစုံတွဲဟုခေါ်ကြ၍ အမျိုးသမီးငယ်လေးများအကြားတွင်ရေပန်းစားသည်ဟုဆိုကြ၏။

နှစ်ဦးသား၏အချစ်ဇာတ်လမ်းအကြောင်း နည်းမျိုးအဖုံဖုံဖြင့်ရေးသားကြ၍ ရောင်းမလောက်သော ဝတ္တုစာရင်းထဲတွင်တောင်ပါသေးသည်။ ရေးထားသည်များက စိတ်ကူးယဉ်သက်သက်သာဖြစ်၍ အချက်အလက်အတိအကျမပါသော်ငြား၊ အမှန်ပင်မဟုတ်သော်ငြား ဖတ်လို့တော့ကောင်းသေး၏။

ဥပမာဆိုရသော် ပန်းရောင်ဆံနွယ်ပိုင်ရှင်သခင်လေးအား တိတ်တခိုးသဘောကျမိလေသည့် လူငယ်လေးက နန်းတော်အတွင်းသို့ဝင်၍ အချစ်ရှိရာသို့လိုက်သွားရာမှ မင်းသားငယ်နှင့်တွေ့ဆုံခဲ့သည့်အကြောင်း၊ မင်းသားငယ်လေးကသူ့ကိုပြန်မှတ်မိလေမလား၊ မမှတ်မိမလားဆိုသည်ကို ရင်ခုန်စွာဖတ်ရှုရမည့်နူးနူးညံ့ညံ့အချစ်ဇာတ်လမ်းများ။

သို့မဟုတ် တားမြစ်ထားသည့်ရာထူးရာခံများအကြားမှ ချစ်ကြိုက်မိခဲ့ကြသည့် မင်းသားငယ်နှင့် ဘုရင့်စစ်သည်တော်လေး၊ နန်းတော်အတွင်းရှိဗီလိန်အမတ်ကြီးများ၏တားမြစ်မှုအကြားတွင် နှစ်ဦးသား၏အချစ်ကိုခက်ခက်ခဲခဲရင်ဆိုင်ရသည့်ဇာတ်ဝင်ခန်းများအားရေးဖွဲ့ထားသော လွမ်းမောနာကျင်ဖွယ်ဇာတ်လမ်းများ။

ကြမ်းကြမ်းရမ်းရမ်းသဘောကျသည့် ပရိတ်သတ်များအတွက်မူ စစ်သည်ငယ်လေးရှောင်ဖုန်း၏ဘဝအား ရက်ရက်စက်စက်သိမ်းပိုက်ခဲ့သည့် မင်းသားဆိုးကြီးတို့အကြောင်း ဝါဝါထိန်ထိန်အပီအပြင်ရေးချထားသော စာအုပ်များပင်ရှိသေး၏။

အမျိုးအစားစုံလင်လှသည်မို့ လက်ဖျားပင်ခါလောက်သည်။ အကြောင်းစုံကိုသိပြီးသည့်နောက်တွင် ပိုင်ယွီရော ရှောင်ဖုန်းပါ တစ်ခွန်းမှမဟနိုင်တော့။ နှစ်ဦးသား အကြည့်ချင်းမဆုံမိစေရန်ပင် ဟိုဟိုဒီဒီလိုက်ကြည့်ကာ ချောင်းဟန့်မိကြသည်။

"ကဲ မေးတာတော့အကုန်ဖြေပြီးပြီ သခင်လေးတို့ဘာဝယ်ချင်သလဲဗျာ"

စာအုပ်ဆိုင်ပိုင်ရှင်ကအမေးရှိလာသည်မို့ ရှောင်ဖုန်းက မျက်မှောင်ကြုံ့၍ ဘာမှမပြောပဲချာကနဲ လှည့်ထွက်သွားတော့သည်။ ကျန်ရှိနေသေးသည့် ပိုင်ယွီက သွားအဖြဲသားဖြင့်သာ ရယ်ပြနိုင်၏။

"သူမယူဘူးဆိုတော့ သခင်လေးယူမှာလား? နောက်ဆုံးထွက် မိုးရေနှစ်စက်ရဲ့ချစ်ပုံပြင်ဇာတ်လမ်းက ခုချိန်မှာရောင်းအားအကောင်းဆုံးနော်... သခင်လေးတခြားဆိုင်သွားရှာရင်တောင်မရနိုင်တော့ဘူး"

ဆိုင်ရှင်ကတော့ သူ၏အာသီသအတိုင်း ဆက်လက်၍ ကြော်ငြာပေးနေ၏။ ပိုင်ယွီက သူ၏မျက်နှာထားကိုတင်းမာလိုက်ကာ တည်ကြည်သောလေသံဖြင့် တစ်ခွန်းသာ ပိတ်ဟောက်လိုက်သည်။

"အကုန်ယူမယ်!"

အင်မတန်ဒေါသကြီးလှသော မင်းသားငယ်ပင်ဖြစ်သည်။ ထိုနေ့မှစ၍ ၎င်းဝယ်ယူသွားသည့်စာအုပ်များအား နေ့မနား ညမနားဖတ်၍ အိမ်အပြင်ပင်မထွက်တော့။ စာအုပ်များအတွင်း၌ ဗီလိန်ကြီးအဖြစ်အမြဲပါသည့် ၎င်း၏မွေးစားအဖေဖြစ်သူ အတိုင်ပင်ခံအမတ်ကြီးသည်လည်း ထိုစာအုပ်များကိုဖတ်ကာ သဘောအကျကြီးကျနေလေရဲ့။

ထိုနေ့ည၌ပင် စာအုပ်ဆိုင်မှ ပထမဆုံးထွက်သွားသည့်လူငယ်လေးပြန်ရောက်လာ၍ စာအုပ်များအား ခိုးကြောင်ခိုးဝှက် ဝယ်ယူသွားသေးသည့်အကြောင်းကိုတော့ မည်သူမျှသိမည်မဟုတ်ပေ။

°°

Continue Reading

You'll Also Like

388K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
92.8K 12.9K 91
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
194K 19.5K 75
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)