"ဟေ ...!"
"ဒါကြောင့် အသင်ဒီမှာ အချိန်ခဏလောက်နေလိုက်ရင် အသင်အတွက်အမှန်တရားတွေပေါ်လာမှာသေချာတယ်"
"မင်းသိနေတာပဲ တခါတည်းပြောသာပြလိုက်ပါလားကွာ"
"ဖြစ်ပျက်အကြောင်းတွေက အချိန်နဲ့တပြေးညီတယ်၊ အချိန်တန်မှ ထွက်ပေါ်လာမဲ့ အမှန်တရားတွေကို ကြိုမသိချင်စမ်းပါနဲ့ အသင်"
"ငါအခုဘာဆက်လုပ်ရမလဲ အသင်ကျီးကန်ရယ်"
"သခင်လေး Witရဲ့ အနောက်ကိုလိုက်ပါ မျက်ခြေမပျက်စေနဲ့ ဒါဆို အမှန်တရားကိုသိရလိမ့်မယ်"
Wit ..ထပ်ရင်းနှီးနေပြန်တဲ့အသုံးအနှုန်း၊ ကျတော့်ဘ၀ကို ဘယ်လိုဖြစ်စေချင်နေတာလဲ ဘုရားရှင် ။
တစ်ခုခုကို သတိရချင်သလိုလိုခံစားရတိုင်း ကျောကအောင့်အောင့်လာသည်။ စောနက Witဆိုတဲ့သူကို တွေ့တိုင်းလည်း နှလုံးသားတစ်ခုလုံး ဓားနဲ့ဆုတ်ထားသလို နာကျင်ပြန်တယ်။
ဒီအိမ်မက်က လွတ်ချင်တယ်၊ အိမ်မက်မှန်းသိသိရက်နဲ့ ဆက်မမက်နိုင်တော့ဘူး၊ မဟုတ်ဘူး အိမ်မက်မှန်းသိနေရင် ဆက်မမက်သင့်တော့တာ။
"အင်း မင်းပြောသလိုလိုက်လိုက်ပါ့မယ် ဒါပေမဲ့ မင်းငါ့ကိုတခုကူညီနိုင်မလား"
"ပြောပါ အသင်"
"ငါ....ကျတော် စောနကကိုင်လာတဲ့ ပန်းချီကားဘယ်ရောက်သွားလဲမသိဘူး၊ လိုက်ရှာပေးပါဦး"
"ဟင်"
ကိုကျီးကန်းPov*ကျီးကန်းပါ အလုပ်လာပေးနေတယ်*
"ဟုတ်တယ်၊ ကျတော့် သူငယ်ချင်း Phuwinရဲ့ ပန်းချီကား သူ့ကိုပြန်ပေးရမှာ ပျောက်သွားတယ်ပြောလဲ မယုံမဲ့တူတူ ကူရှာပေးပါဦး"
"သူက စိတ်ထဲမရှိတော့ပါဘူး၊ "
"ကျီးကန်းကဘယ်လိုလုပ်သိနိုင်မှာလဲ ရှာမှာဖြင့်ရှာပေးပါ ကျတော်သွားတော့မယ်"
ခပ်သုတ်သုတ် စောနကအခန်းထဲသွားလိုက်သည်။ထိုသခင်လေးက ငိုမြဲငိုနေဆဲ။
အော်မေ့လို့ ဟိုကျီးကန်းကိုဘာလို့ ပန်းချီကားနဲ့ မျက်လုံးကို မမြင်ရတဲ့အကြောင်းတောင်မမေးလိုက်ရဘူးး။
တော်သေးတာတခုက ဟိုလူကျတော့်ကိုမမြင်ရတာပဲ ၊ မြင်နေရရင် ကျတော်ကချော့နေရဦးမယ်။ သနားတော့လဲသနားပါတယ် သူဘာဖြစ်နေလဲတော့ ကျတော်မသိဘူး။
"WAT... မင်းအခုအခြေအနေမှာရော ငါ့ကိုပြန်ချစ်ဦးမှာလား Wat"
အရူးလို တွေတွေဝေဝေနှင့်ထိုင်ကာ တယောက်ထဲစကားပြောနေသည်၊ ထိုပန်းချီကားအား ပွေ့ဖက်ရင်းပေါ့။
"ဟင် ကြားဖူးတယ်၊ တော်တော်ရင်းရင်းနှီးနှီး... မဟုတ်မှ ငါမက်ခဲ့တဲ့ အိမ်မက်ထဲကအတွဲများလား"
"ကိုယ်တောင်းပန်ပါတယ် Wat... ဒါပေမဲ့ စိတ်ချပါ ဒီနေ့နေမထွက်ခင်မင်းကိုပြန်ခေါ်မယ်"
"ဟင်..."
နာရီကိုလှမ်းကြည့်လိုက်တော့ ၂:၅၄ မိနစ် သူဘာတွေလုပ်ဦးမှာလဲမသိဘူး၊ ကျတော်ကသူ့နောက်ကလိုက်ရဦးမယ်။
"သခင်လေး ..."
"ဟင် Earth"
"သူရောက်လာပြီ"
ထို့နောက် ၀ရုန်းသုန်းကား ပြေးထွက်သွားတဲ့ ထိုသခင်လေး၊ ကျတော်ပါပြေးလိုက်ရပြီ။
ကြာကန်တစ်ခုသို့ ဦးတည်နေကြသည်၊ သခင်လေးရဲ့ရည်းစားက ကြာကန်ထဲရေနစ်သေတာလားမသိဘူး။
"သခင်လေး Norawit ကြွချီလာပြီ၊ လမ်းရှင်းကြစမ်း"
"နေဦး သူတို့ကို ထွက်သွားခိုင်းစမ်း"
ထို့နောက် ထိုကြာကန်နားမှ အစောင့်တွေရော အစေခံတွေပါမကြံ ထွက်သွားကြသည်။
ထို့နောက် ကြာကန်အနားတွင် သခင်လေးရယ် Earthရယ် ဘိုးတော်တစ်ဦးရယ် ထို့နောက် သူတို့မမြင်ရတဲ့ ကျတော်ရယ်
ထို့နောက်ထိုဘိုးတော်က အထုပ်ထဲမှ အုန်းမို့ခွက်တစ်လုံး၊ ရွှေရောင်ကြာစေ့တစ်စေ့၊ အုန်းမို့ခွက်တီးရန်ထင်တယ်...ရွှေရောင်သစ်သားတုတ်ချောင်း အသေးလေး၊ ထိုတုတ် ချောင်းရဲ့ထိပ်တွင် ကြာပန်းပွင့် ရွှေရောင်လေး၊ ထို့နောက် ပြောခဲ့တာက..
"သခင်လေး Wat နဲ့ပတ်သတ်တဲ့ သခင်လေး Watရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုပါတဲ့အသုံးအဆောင် ပစ္စည်း တခုခုပေးပါ၊ မဟုတ်ရင်တောင် သခင်လေး ၀တ်နေကျ အသုံးအဆောင် ပစ္စည်းမျိုး"
"ဟင် ခန္ဓာကိုယ်အစိတ်အပိုင်းတော့ဘယ်ရှိလိမ့်မလဲ ဆရာရယ် တခုခုတော့ ဖြစ်နိုင်တာပြောပါဦး"
"မဟုတ်ရင်တော့မဖြစ်နိုင်ဘူး Earth ၊ အသက်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးကိုပြန်ယူရင် ယူချင်တဲ့ခန္ဓာကတခုခု ပေးမှ ရမှာ"
"ကျတော့် ကျတော် အစိတ်အပိုင်းနဲ့ရော ဖြစ်နိုင်လား"
"သခင်လေး အစိတ်အပိုင်းလဲထည့်ရမှာပါ ဒါပေမဲ့ သခင်Nattawatရဲ့ အစိတ်အပိုင်းလဲလိုပါသေးတယ်"
"ဟင် Nattawat... ငါ့နာမည်ကြီး"
"သခင်လေး တခုခုအမြန်လုပ်မှဖြစ်မယ်နော် မနက်မိုးလင်းတော့မယ် သခင်လေး"
"Earth.....မင်းဒီမှာစောင့်နေ... ငါပြန်လာခဲ့မယ်"
"မဖြစ်ဘူး သခင်လေး ကျတော်မျိုးပါလိုက်ခဲ့ပါရစေ"
"ရတယ် ငါပြောသလိုသာလုပ်စမ်း!"
"သဘောပါပဲ သခင်လေး"
ထို့နောက် ထိုသခင်လေးက ပြေးပြန်သည်။ စံအိမ်ထဲသို့ ပြေး၀င်ပြီးလျှင် စံအိမ်ရဲ့ ထောင့်အကျဆုံး အခန်းထဲကို၀င်သွားသည်။
ထိုအခန်းထဲလိုက်၀င်လိုက်တော့ ဖုန်မှုန့်တွေက ဝီးးးကနဲပဲ၊ အရမ်း ကြာကြာ သန့်ရှင်းရေးမလုပ်ထားတဲ့ အခန်းမျိုးဖြစ်နိုင်သည်။
ငါအိမ်မက်မက်နေပေမဲ့ ထိုဖုန်မှုန့်တွေတော့ အနံ့ခံနေရတာလား...
သခင်လေးက ထိုအခန်းထဲမှ မှန်တစ်ချပ်အနားကိုသွားနေသည်၊ ကျတော်လဲလိုက်သွားလိုက်သည်။သခင် လေး မှန်ရှေ့ရပ်ပြီး ပြောလိုက်သည်က
"နှလုံးသားကိုခွဲပါ...ထို့နောက် အချစ်ကိုယူပါ"
"ဘာတွေပြောနေတာလဲဟ"
ထိုသခင်လေးရဲ့စကားအဆုံး မှန်တွေက တံခါးအဖြစ်ပြောင်းသွားသည်၊ တံခါးကိုဖွင့်ကာ လှေကားဖြင့် မြေအောက်ခန်းကိုဆင်းသွားသည်။
ကျတော်လဲအပြေးလေးလိုက်ဆင်းလိုက်တော့ ရလာပြန်တဲ့ အပုတ်နံ့ ဒီလူက ထိုအနံ့တွေကို မမှုသလိုနဲ့ သွားနေသည်။
မြေအောက်ခန်းက အကျယ်ကြီးပဲ ဟောခန်းကြီးလိုတော့မဟုတ်ဘူး၊ သူဟာနဲ့သူတော့ကျယ်သည်။ အခန်းတစ်ခန်းထဲ၀င်သွားတယ်။
ထိုအခန်းထဲပုဝါလေးတွေအများကြီးချိတ်ထားသည်။ တံဆိပ်လိုအမှတ်အသားတွေတူတူပဲ ပုဝါက အရောင်စုံသည်။ထိုပုဝါတွေရဲ့အနောက်မှာ အခေါင်းလိုလိုဘာလိုလို သစ်သားဟာကြီး။
ထိုသခင်လေးက အဲ့ဟာကြီးနားတိုးသွားနေသည်၊ ထို့နောက်ဆွဲဖွင့်လိုက်တော့ မြင်လိုက်ရတာက ဆွဲကြိုးလေး...
"အမလေး ဆွဲကြိုးလေးကိုများ ကြီးကြီးကျယ်ကျယ် အခေါင်းကြီးနဲ့ထည့်ထားရလားလို့!"
တစ်ယောက်တည်းရေရွတ်ရင်း အကြောက်ဖြေနေသည်။ နေပါဦး ကျတော်မြင်ဖူးတယ် ဒီဆွဲကြိုးကိုလဲ.. မထူးဆန်းပါဘူး ဒီအိမ်မက်ထဲကဟာတွေအကုန်လုံးနဲ့တောင်ရင်းနှီးနေတာပဲ
"ငါ့ကိုခွင့်လွှတ်ပါ Wat ငါဒီလိုနည်းနဲ့ မင်းအချစ်ကိုမလိုချင်ပေမဲ့..."
ပြောပြောဆိုဆိုနှင့် အခန်းထဲကထွက်သွားပြန်သည်၊ သူဘာလုပ်နေလဲကျတော်မသိဘူး ကျတော်လုပ်ရမှာက သူ့နောက်က လိုက်ဖို့ပဲမလား။
ထို့နောက် အခန်းတစ်ခုထဲ၀င်သွားပြန်သည်။
ဒီအခန်းကထွက်တာနေမယ် ပုတ်နံ့က ပြီးတော့ သွေးစ အချို့ကိုလဲ အခန်း၀င်လမ်းတစ်လျှောက်မှာတွေ့ရတယ်။
ဒါတွေကိုလဲသူကလစ်လျှူရှုနေသေးတယ်။ ကျတော်လဲစပ်စုချင်တာနဲ့ အမြန်ပင်ပြေးသွားတော့ စားပွဲကြီးအား၀င်တိုက်မိသည်၊
ထို့နောက် မောက်ယက်ကြီး အရှိန်ဖြင့်ပစ်လဲသွားသည်။ အရှေ့ခုတင်ပေါ်မှာ လှဲနေတဲ့သူရဲ့အပေါ်ကို မောက်လျက်သားကျသွားသည်။
တောင်းပန်ရန် မျက်လုံးပြူးကြည့်တော့ ကျတော်က ပက်လက်လှန်လျက်သား အနေအထားနဲ့ အပေါ်မှာက ခေါင်မိုးကိုကြည့်မိနေသည်။
ငါဘယ်ရောက်သွားတာလဲ ငါ့ ခန္ဓာကိုယ်က ဘာလို့ တင်းကြပ်ကြပ် အ၀တ်အစားတွေ၀တ်ထားသလိုခံစားနေရတာလဲ။
*နေဦး ဟိုလူကဘာလို့ ငါ့ဆီ အလောတကြီးပြေးလာနေတာလဲ*
"Wat...."
__________မဲရစ်တူးသယ်ဒတ်မန်း_______
ကျေးဇူး ❤️