မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

166K 28.8K 917

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်

1.2K 206 2
By XiaoManTou96

Unicode

ကံကောင်းထောက်မစွာ  ဂိမ်းသည် ဂိမ်းတစ်ခုသာဖြစ်ပြီးဟဲကျင့် သည် ထိုနတ်ဆိုးလေး ကို တတ်နိုင်သမျှ ဤနေရာတွင် ပျော် အောင်လိုက်ကစားပေးမည်ဖြစ်သည်။စိတ်မပူနဲ့ အဲ့ဒါက ကိုယ့်ကိုကိုယ် ပျံသန်းခွင့်ပေးတဲ့နေရာပဲ! သူသည် မိမိကိုယ်ကို နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။

သူ့ကျင့်ဝတ်သိက္ခာက အနိမ့်ဆုံးအထိ ကျသွားရင်တောင် အရေးမကြီးပေ။ ဒီနေရာသည် အတုယောင်ကမ္ဘာတစ်ခုသာ ဖြစ်ပြီး အရမ်းတွေတင်းကြပ်နေဖို့ မလိုပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အစစ်အမှန်ကို ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူးလေ...

ဟုန်တုန်ယွမ် နဲ့တော့ နောက်ပိုင်း ဂိမ်းထဲမှာ အချင်းချင်း ဆုံတွေ့နိုင်သည့် အလားအလာတော့ရှိ၏။သို့သော်လည်း မျောက်ရဲ့ အကျင့်စရိုက်အရ ဟဲကျင့်က နတ်ဆိုးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားရင်တောင် စိတ်ရှုပ်မှာမဟုတ်ဘူးလို့ ခံစားမိတဲ့အတွက် သော့ချက်က သူ့ကိုယ်သူသာ စိတ်အေးအေးထားဖို့လိုတာပင် စ်တ်အေးအေးထား  စိတ်အေးအေးထား...

သူ့ကိုယ်သူ ယုံကြည်ပြီးနောက် ဟဲကျင့်သည် ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့သည်။

ဟဲကျင့် သည် ထိုညက အိပ်မက်မမက်ခဲ့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။

မကြာမီ မှာပင် နောက်တစ်နေ့ စနေနေ့ရောက်လာခဲ့သည်။ ဟဲကျင့်တွင် ယနေ့စီစဉ်ထားသည့် မည်သည့်လှုပ်ရှားမှုမှမရှိပေ ။ ကျောင်းသားသမဂ္ဂမှ နှုတ်ထွက်ပြီးနောက် ရုတ်တရက် အားလပ်ချိန်များစွာ ရခဲ့သည်။ တတိယနှစ်ကျောင်းသားတစ်ယောက်အနေဖြင့် အိမ်စာတွေနဲ့ ရှုပ်နေပေမယ့် သူ့လို စည်းကမ်းကြီးတဲ့သူအတွက် ကိုင်တွယ်ရတာ လွယ်တုန်းပါပဲ။

မနက်မိုးလင်းသည့် အခါတွင် ဟဲကျင့် သည် စာလေ့လာရန် ခဏလောက်သွားပြီးသည့်အခါ ကျောင်းရဲ့ အချိန်ပိုင်းစင်တာ ရှိ စာရင်းပေးထားတဲ့ အချိန်ပိုင်း အလုပ်တွေကို သွားကြည့်ခဲ့လေသည်

လူမူရေးရာစီမံခန့်ခွဲမှုနယ်ပယ်တွင် အချိန်ပိုင်းအလုပ်တစ်ခုရှာရန် မလွယ်ကူပေ။ ကျူရှင်ဆရာအလုပ်ကိုလရှာချင်သော်လည်း အများစုမှာ ကာယဓာတုဗေဒဌာနမှ လူများကို ရှာဖွေနေခြင်းသာရှိပြီး အလုပ်သင်ကမ်းလှမ်းမှု အရေအတွက်မှာလည်း အလွန်နည်းပါးသည်။ယခုအချိန်သည် နွေရာသီ သို့မဟုတ် ဆောင်းရာသီအားလပ်ရက်မဟုတ်သောကြောင့် ကျောင်းသားများသည် နာရီပေါင်းများစွာ အလုပ်လုပ်နိုင်မည်မဟုတ်ပေ။

အချို့သော ကုမ္ပဏီများသည် ရေတိုဝန်ထမ်းများအတွက် ခေါ်ယူခန့်ထားသော်လည်း အရည်အချင်းများသည် လိုအပ်ချက်ထက်ကျော်လွန်နေသောကြောင့် ကျောင်းသားများကို ငှားရမ်းရန် စဉ်းစားနိုင်ခြေနည်းပါးလေ၏။

ဟဲကျင့် သည် လူသိများသော ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုတွင် လက်ထောက်ရာထူးအတွက်  ဝန်ထမ်းခေါ်ယူမှုအား ရှာဖွေတွေ့ရှိသည်အထိ တစ်ရက်ခွဲကြာ အလုပ်စာရင်းဒေတာကို ကြည့်ရှုခဲ့ရသည်။ သို့သော်လည်း စီးပွားရေး စီမံခန့်ခွဲမှု ကျောင်းသားများကို ဦးစားပေးမည်ဟု ကုမ္ပဏီက ဆိုသည်။

ဟဲကျင့်ရဲ့ မေဂျာက ဒီအလုပ်နဲ့ တကယ်မကိုက်ညီပေမယ့် ဒီအလုပ်အတွက် တခြားလိုအပ်ချက်တွေကို တော့ကိုက်ညီအောင် သူလုပ်နိုင်သေးသည်။ထိုအကြောင်းကိုတွေးမိရာ  ကိုယ်ရေးမှတ်တမ်းတစ်စောင်ပို့ပြီးတော့ ကြိုးစားကြည့်ရန်  ဆုံးဖြတ်လိုက်တော့သည်။

ညဘက်တွင်တော့ ဟဲကျင့် သည်သေချင်စော်နံလောက်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ဖုန်းခေါ်ဆိုမှုတွင် အကြောင်းအရာ အားလုံးကို မေးမြန်းခံရသည်။ သူ့ရဲ့ပညာရေးအခြေအနေကနေ တခြားကျောင်းသားတွေနဲ့ ဆက်ဆံရေးအထိ။

မေးခွန်းများသည် အဆုံးမရှိ ခံစားခဲ့ရပြီး ယင်းကြောင့် သူ စိတ်ရှုပ်သွားတော့သည်။ အမှန်တော့ သူသည် ရေကန်သို့သွားသည့် သူ၏ခရီးစဉ်နှင့် Demon God ဂိမ်းအကြောင်း ကိုတော့ဘာမှ မပြောခဲ့ပေ။ နှစ်နှစ်ခွဲကြာပြီးနောက် ဟဲကျင့် သည် သူ့မိသားစုနှင့် မည်သို့ဆက်ဆံရမည်ကို သင်ယူခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးသည် အလွန်အမင်းစိုးရိမ်ရုံသာမက သဘာဝအားဖြင့်လည်း သံသယဖြစ်တတ်ပြီး မည်သည့်အရာကိုမဆို စစ်ဆေးလိုစိတ်ရှိခဲ့သည်။

"မင်းဘာလို့အဲ့ဒါကိုမ​ပြောတာလဲ? ကျောင်းမှာ မင်းအပေါ် ခံစားချက်ရှိတဲ့သူရှိလား?မင်းကိုငါပြောမယ် မင်းတို့နှစ်ယောက်လုံး ကျောင်းသားဖြစ်နေချိန်မှာ အဖော်မရှာတာ အကောင်းဆုံးပဲ။ နှစ်ယောက်စလုံး ဘွဲ့ရပြီးရင် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."

"အမေ ကျွန်တော့်မှာမရှိဘူး..."

"မင်းတို့ကျောင်းက မိန်းကလေးအများစုက မာနကြီးတယ် တကယ့်မိသားစုကို အလေးထားတဲ့ပုံစံမဟုတ်ဘူး။ မင်း ဆင်ခြင်တုံတရားရှိရမယ် မင်းအိမ်ပြန်ရောက်တာနဲ့ ရွေးဖို့ ဒီနေရာမှာ ပိုကောင်းတဲ့ မိန်းကလေးတွေ ရှိလိမ့်မယ်..."

"......"

သူသည် စကားတစ်ဝက်တောင် ပြီးအောင် ပြန်လည်မချေပနိုင်ချေ။ သူမကို ချေပရန်ကြိုးစားခြင်းသည် အသုံးမဝင်ပေ။ ထို့ကြောင့် ဟဲကျင့် သည် ထိုအမျိုးသမီးပြောသမျှကို နှုတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

ထိုလုပ်ရပ်များသည် "သူ့အတွက်ကောင်းသည်" ဟု အမြဲထင်နေသောကြောင့် သူမသည် ဤအရာအားလုံးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို သူသိသည်။ ထိုအမျိုးသမီးသည် သူ၏အကောင်းဆုံးအကျိုးစီးပွားကို အမှန်တကယ်ပင် စဉ်းစားနေပြီဖြစ်ကြောင်းလည်း သူသိပါသည်။ ဟဲကျင့် သည် သူမ၏ စိတ်ဓာတ်နှင့် ဆင်ခြင် တုံတရားကို နားလည်ပေးနိုင်သော်လည်း ၎င်းကို သဘောတူသည်ဟု မဆိုလိုပါ။

နာရီဝက်ကြာ ဗီဒီယိုခေါ်ဆိုပြီးနောက် ဟဲကျင့် သည် နောက်ဆုံးတွင် ဖုန်းချလိုက်ကာ ကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ အကုန်စုပ်ယူပစ်လိုက်သလို ခံစားနေရလေသည်။

ထိုအခိုက်အတန့်တွင် ချင်ယွီသည် မနက်ဖြန်တွင် သူတို့ ချိန်းဆိုထားသည့်အကြောင်း ‌မေးသည့် စာတိုတစ်စောင် ပေးပို့ခဲ့သည်။ စိတ်အားထက်သန်ပြီး ရိုးရိုးရှင်းရှင်း ချောမောသော ရွှယ်တိ လေးကို  စာသင်ရန် စဉ်းစားရင်း နောက်ဆုံးတွင် ဟဲကျင့် သည် သူ၏ စိတ်ဝိညာဉ်အချို့ကို ပြန်လည်ရရှိခဲ့သည်။

"မင်း ဘယ်နှနာရီအိပ်ရာထလဲ? စာကြည့်တိုက်မှာ စာကြည့်ခန်းကို ဘွတ်ကင်လုပ်မလား?ဟဲကျင့်က မေးသည် ။

ချင်ယွီ: "ငါက ရှစ်နာရီလောက် ထတာ  ကိုးနာရီမှာတွေ့တာ ဘယ်လိုလဲ?ငါ့အဆောင်ကိုသွားလို့ရတယ်အဲဒါက 417B "

နှစ်ယောက် အိပ်ဆောင်အခန်းတိုင်းတွင် စာကြည့်ခန်းကို မျှဝေအသုံးပြုထားသောကြောင့် အိပ်ဆောင်တွင် စာလုပ်နိုင်သည့်အပြင် ပိုအဆင်ပြေလေသည်။

နောက်တစ်နေ့တွင် ဟဲကျင့် သည် အခန်း 417 သို့ မှတ်စုများ ယူဆောင်ကာ အချိန်မီ လာခဲ့သည်။ သူ တံခါးခေါက်ရန်ပြင် နေစဉ်မှာပင် ချင်ယွီက အတွင်းမှ ပထမဆုံးဖွင့်လိုက်သည်။

"မင်းရောက်လာပြီပဲ"

ယနေ့ ချင်ယွီ သည် Vပုံစံလည်ပင်းပေါက် ချည်သားရှပ်အင်္ကျီ လက်ရှည်နှင့် ဖလန်နယ်ဘောင်းဘီတို့ကို ပေါ့ပေါ့ပါးပါး ဝတ်ထားလေသည်။

ဟဲကျင့် က သူတို့ ဧည့်ခန်းမှာ စာကျက်ဖို့ တွေးထားပေမယ့် ချင်ယွီ က သူ့ကို အခန်းထဲကို ခေါ်သွားခဲ့လေသည်။

"မင်းအခန်းထဲမှာဘယ်သူမှမရှိဘူးလား?" ဟဲကျင့်သည် ပဟေဌိဖြစ်သွားလေသည်။ ဟွားတက္ကသိုလ် ၏ အိပ်ဆောင်ခန်းများသည် လူနှစ်ယောက်အတွက် အခန်းများအဖြစ် ဒီဇိုင်းထုတ်ထားသောကြောင့် အိပ်ခန်းအပြင်ဘက်တွင် စာကျက်လျှင် စိတ်အနှောက်အယှက်မဖြစ်စရာမလိုပေ။

ချင်ယွီ က တံခါးကိုတွန်းဖွင့်ပြီးပြောလာသည်။ "ငါတစ်ယောက်တည်းနေတာ"

အခန်း၏အပူပေးစက်ကို အပြည့်ဖွင့်ထားသည်။ ဟဲကျင့်က အံ့သြစွာ မေးလိုက်သည်

" မင်းဘာလို့ တစ်ယောက်တည်းနေရတာလဲ? "

အခန်းအတွင်းရှိ အခြားကုတင်တွင် အိပ်ယာမရှိ၊အဖြူရောင် သိုလှောင်သေတ္တာ အနည်းငယ်ဖြင့်သာ ပြည့်နေလေသည်။

"ငါရဲ့ အရင်အခန်းဖော်က ကျောင်းစတက်ပြီး သိပ်မကြာခင်မှာပဲ နိုင်ငံခြားကို ထွက်သွားတယ်လေ ဒါပေမယ် ပထမနှစ်အတွက် အိပ်ဆောင်ခကို ပေးခဲ့တယ်လို့ ပြောတာပဲ နောက်တော့ ဒုတိယနှစ်အစမှာ အိပ်ဆောင်ရုံးက ကျောင်းသားသစ်ကို ဒီအခန်းမှာ မစီစဉ်ထားဘူးလေ သူတို့ မေ့နေကြပြီထင်တယ်" ချင်ယွီက ရှင်းပြသည်။

ဟဲကျင့် : "မင်းကံကောင်းတာပဲ တစ်ယောက်ထဲတစ်ခန်းနေရတယ်!"

"အိုး  ဒါပေမယ့် တစ်ခါတလေ အရမ်းပျင်းစရာကောင်းတယ်။"

ချင်ယွီ၏ စားပွဲပေါ်တွင် ကွန်ပျူတာတစ်လုံးနှင့် ပညာရှင်စာအုပ်နှစ်အုပ်ရှိနေပြီး လွတ်နေသောကုလားထိုင်ကို ဆွဲထုတ်ကာ "ဒီမှာထိုင်ရအောင်" လို့ပြောလိုက်သည်။

ဟဲကျင့် က ခေါင်းညိတ်ကာ ထိုင်လိုက်ပြီး ပြောလာသည်။

"ဒါက..." အခန်းဖော်တစ်ယောက်ရှိလျှင် နေ့တိုင်း စကားစမြည်ပြောပြီး ဟာသဘာညာ နားထောင်လို့ရသောကြောင့်  တစ်ခန်းတည်းတွင် တစ်ယောက်တည်းနေရသည်မှာ အမှန်ပင် ပျင်းစရာပင်။

"ခဏထိုင်ဉီး ငါ ကော်ဖီတစ်ခွက် လုပ်လိုက်မယ်" ချင်ယွီက ပြောပြီး တံခါးကို ဖွင့်ကာထွက်သွားသည်။

ဟဲကျင့် သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ထောင့် တွင် ထောင်ထားသောတင်းနစ်ရက်ကက်တစ်စုံနှင့် ချင်ယွီ မသပ်မရပ် ခေါက်ထားသော စောင်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ ကုတင်ကို ရှုပ်နေပုံမပေါ်ပေမယ့် နည်းနည်းပျင်းတဲ့ပုံပေါ်နေလေသည်။

ရင်းနှီးပြီးသား အမှတ်တံဆိပ်ပါသော ကုတ်အင်္ကျီကို အခြားကုလားထိုင်၏နောက်ကျောတွင် ချိတ်ဆွဲထားပြီး ၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ချင်ယွီက သူ့ ပခုံးပေါ်၌  ခြုံပေးခဲ့သောကုတ်အင်္ကျီဖြစ်သည်။  ဟဲကျင့် သည် ထိုမြင်ကွင်းကို တွေး မိကာ မျက်နှာပူလာတော့သည်။ သူယူလာခဲ့သည့် သင်ကြားရေးပစ္စည်းများကို အလျင်အမြန် ပြန်ကြည့်လိုက်ကာ သင်ခန်းစာကို ဘယ်ကစရမလဲဟု စဉ်းစားတော့သည်။

ချင်ယွီသည် ကော်ဖီဖျော်ပြီးသည့်နောက် ပြန်လာကာ ဟဲကျင့်၏နောက်ဘက်သို့ လျှောက်သွားသည်။ တိတ်တိတ်ဆိတ်ဆိတ်ပင် ကုလားထိုင် နောက်ဘက်တွင် လက်တစ်ဖက်ကို တင်လိုက်ပြီး ကျန်လက်တစ်ဖက်က စားပွဲခုံပေါ်သို့ ခွက်တင်ရန် လှန်းလိုက်သည်။

မူလက ဤကိုယ်ဟန်အနေအထားမှာ အမှားအယွင်းမရှိခဲ့သော်လည်း ချင်ယွီသည် သူ့ကိုယ်သူ ‌ရှေ့သို့ကိုင်းလိုက်သည်။သူ၏ဝမ်းဗိုက်သည် ဟဲကျင့် ၏ ဦးခေါင်းနောက်ဘက်နှင့် ပွတ်တိုက်နေပြီး ဟဲကျင့် ကို  သူ၏ ဖြူစင်သော ယောက်ျားဆန်သော ရောင်ဝါတွင် အပြည့်အ၀ ချုပ်နှောင်ထားလိုက်သလိုပင်။

[T/N: ယူနော် အခန်းထဲခေါ် ပြီး မြူစွမ် ကတိုက်နေပြီ]

"မင်းအများကြီး ဝတ်ထားတာ မပူဘူးလား? " ထိုစကားကို သူ့အပေါ်ဘက်မှ တိုက်ရိုက်ပြောခဲ့တာပင်။

ဟဲကျင့်သည် ထိုအခိုက်တန့် တွင် သူ့ကို မီး က "ကျင့်အာ" လို့ ခေါ်တုန်းကလိုပဲ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။အဲ့ဒါက  သူ့ခေါင်းထဲက လျှပ်စစ်စီးကြောင်းက သူ့ခန္ဓာကိုယ်ထဲကို တည့်တည့်ဝင်သွားသလိုပါပဲ။

"အာ ဟင့်အင်း..."

ဒီလိုအချိန်မျိုးမှာ ဟဲကျင့်သည် အပြင်ပိုင်းပုံစံ ကြောင့် အနည်းငယ် ပျော်နေခဲ့သည်။ အဘယ် ကြောင့်ဆိုသော် သူ့နှလုံးသားက ဘယ်လောက်ပဲ မုန်တိုင်းထန်နေပါစေ သူ့မျက်နှာသွင်ပြင်မှာ ပေါ်လာမှာ မဟုတ်ပေ။

ချင်ယွီသည် လျင်မြန်စွာ နောက်ပြန်ဆုတ်ကာ သူ့ခုံကို ဟဲကျင့် ဘေးနားသို့ဆွဲကာ မှတ်စုရေးရန် ဘောပင်နှင့် စာရွက်ကို ယူလိုက်သည်။

ဟဲကျင့်သည် တည်ငြိမ် သွားသည်အထိ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူသည် ယခင်က ရေးသားထားသော Grammar ပုံစံကို ဖွင့်ကာ မေးလာသည်။

"level 6 grammar က စကားလုံးအားလုံးကို နားလည်ပြီလား?" ။

ချင်ယွီ: "နီးပါးပါပဲ"

"ကောင်းပြီ" ဟဲကျင့်  က ပုံစံဇယားကို ညွှန်ပြကာ ပြောလာသည်။

"level 6 grammar အဓိကအားဖြင့် ဒါတွေကို ပေါင်းစပ်ထားတာ အဲဒါတွေကို လေ့လာပြီးတဲ့အခါ မင်းအတွက် မေးခွန်းတချို့ ငါပေးမယ်။ တကယ်လို့ မေးစရာတွေရှိရင်ငါ့ ထပ်မေးလိုက်... ဒီနေ့ကြိယာတွေ၊ နေရာပြပုဒ်တွေ နဲ့ နာမ်အထူးပြုပုဒ်တွေကနေစပြီး စကားပြောရဲ့ အစိတ်အပိုင်းအလိုက် အဲဒါတွေကို လေ့လာမယ် မင်း လိုက်မှတ်စရာမလိုပါဘူး  ဒီစာအုပ်ကို ငါ ငှားပေးမယ်။"

ချင်ယွီက ရယ်ကာပြောလာသည်။

"အရမ်းရက်ရောတာပဲ မင်းမှတ်စုတွေကို အရင်က ရောင်းဖို့ ကူးယူထားတာ မှတ်မိတယ်"

"အခုတော့ ငါ့အတွက် အသုံးမဝင်တော့ဘူး။" ဟဲကျင့် ကပြောပြီး ပစ္စည်းတွေကို အမျိုးအစားခွဲလိုက်ပါတော့တယ်။

ပထမတော့ ချင်ယွီသည် ဟဲကျင့် ၏ ရှင်းပြချက်ကို စိတ်ရှည်စွာ နားထောင်ခဲ့သော်လည်း မကြာမီတွင် သူ၏ အာရုံမှာပျံ့လွင့်သွားကာ စတင် သိချင်လာတော့သည်။

သူသည် ဟဲကျင့် ၏လက်၊ ဘောပင်ကိုင်ပုံ၊ သူ၏လက်ကောက်ဝတ်နှင့် ရှည်လျားသောလက်ချောင်းများ ၊ ပြတ်သားထင်ရှားသောအဆစ်များနှင့် ကြည်လင်သောလက်သည်းခွံ များအောက်မှ ချောင်းကြည့်နေသော နီမြန်းသောအသားရေလေး ဖြင့် လက်သည်းလေးများ...

သူသည် လူသေးသေးလေး၏ လက်မောင်းများကို လည်း သူ့ပခုံးပေါ်မှ ကြည့်လိုက်သည် ။ပြီးတော့ ထိုလူသားလေး၏  Adam ပန်းသီးရဲ့ အထက်အောက် ရွေ့လျားမှုများ......

အပေါ်နည်းနည်းထပ်တက်ပြီးနောက် သူ့အကြည့်တွေက ဟဲကျင့်ရဲ့ ဘေးတိုက် မျက်နှာအသွင်အပြင် ပေါ်ကို ကျဆင်းသွားပြန်လေသည်။.......

ဒါက သာမန် အမျိုးသားတွေထက် ပိုနူးညံ့ပုံရသည်။ အခြားသော ဆယ်ကျော်သက် ယောက်ျားလေးများသည် ကြမ်းတမ်းပြီး ရှုပ်ထွေး ပုံရသော်လည်း သူသည် အလွန်သန့်ရှင်းပြီး လန်းဆန်းနေပုံရသည်။

ဟဲကျင့် က စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြနေရင်း စာမျက်နှာကို လှန်လိုက်စဉ်တွင် သူက လှည့်ကြည့် လိုက်သည်နှင့်  ချင်ယွီ၏ ကျောက်ချထားတဲ့ အကြည့်နှင့် သွားဆုံတော့သည်။

"မင်း..." ဟဲကျင့်  ရုတ်​တရက်​ ထိတ်​လန့်​သွားကာ  "ဘာလို့ငါ့ကိုကြည့်​​နေတာလဲ?"

ချင်ယွီ:  "မင်းမျက်နှာက နည်းနည်းညစ်ပတ်နေလို့"

ဟဲကျင့်က သူ့လက်ကို ဆန့်တန်းပြီး မျက်နှာကို တို့လိုက်သည် "ဘယ်မှာလဲ?"

ချင်ယွီက သူ့ထိုင်ခုံကို နောက်ပြန်တွန်းလိုက်ပြီး သူ့စားပွဲပေါ်က တစ်ရှူးတစ်ခုကို ယူကာ ဟဲကျင့် ကို ပေးလိုက်သည်

"မင်းရဲ့ပါးရိုးပေါ်မှာ ပြာတွေပေနေတာထင်တယ် အဲဒါသုတ်လိုက်ဉီး။" ထိုလေသံ သူစကားပြောပုံက အရမ်းရိုးသားလေ၏။

ဟဲကျင့် ကလည်း သူ့ကိုယုံပြီး မျက်နှာကို လေးလေးနက်နက် ပွတ်သပ်ရင်း "ရှိသေးလား?" ဟု မေးသည်။

"မရှိတော့ဘူး"

ချင်ယွီ က သူ့ကို နောက်တစ်ကြိမ် တစ်ချက်ကြည့်လိုက်ပြီး ဗြောင်ကျကျ ငုံ့ကြည့်ပြီးနောက် ပြောလာလေသည်။

"မင်းရဲ့လက်ရေးက အရမ်းကြည့်ကောင်းတယ် မင်း လေ့ကျင့်ခဲ့တာလား?"

ဟဲကျင့်: "ငယ်ငယ်တုန်းက လေ့ကျင့်ခဲ့တာ။"

ချင်ယွီ: "လက်ရေး ရေးနည်း ရေးဟန်?"

"တကယ်တော့ လက်ရေးလှပါပဲ။ ငါ ဆရာတစ်ယောက်နဲ့ လေ့ကျင့်ခဲ့တာ ပထမတော့ တရားဝင်  စာတမ်းတွေနဲ့  မြောက်ပိုင်း မင်းဆက်တွေရဲ့ ကျောက်စာ ကို ခဏလောက် ကူးယူပြီးလေ့ကျင့်ရတယ် နောက်မှ ပုံမှန် စာတမ်းတွေနဲ့ ဆက်လေ့ကျင့်ခဲ့တာ အဲ့နောက်ပိုင်းတော့ ငါရဲ့ ကိုယ်ပိုင် လက်ရေးကိုလည်း လေ့ကျင့်ခဲ့တယ်

ပြီးတော့ တခြားသူတွေရဲ့ လှပတဲ့လက်ရေးတွေကို အတုယူတတ်အောင်လည်း လေ့ကျင့်ခဲ့တယ်။ တရားဝင်သင်ခန်းစာမရှိဘူး အခြေခံအုတ်မြစ်ရှိသရွေ့ ကိုယ့်ပုံစံနဲ့ရေးလို့ရတာပဲလေ။"

ဟဲကျင့် သည် တစ်ရှူးကို လုံးလိုက်ကာ လုံးလုံးလျားလျား အာရုံပြောင်းသွားသည်။

ချင်ယွီ : "အခုတော့ လူတိုင်းက ကွန်ပြူတာသုံးတတ်လာပြီလေ လက်ရေးကိုလှလှပပရေးနိုင်တဲ့ လူအနည်းငယ်ပဲရှိတော့တယ်... 'လက်ရေးက လူကို ထင်ဟပ်စေတယ်' လို့ ပြောတဲ့ စကားတစ်ခုရှိတယ် မင်းရေးတဲ့ပုံစံက အရမ်းသဘာဝကျပြီး ပြေပြစ်တာပဲ အလျားလိုက်နဲ့ ဒေါင်လိုက် ရိုက်ခတ်မှုတွေက ခွန်အားအပြည့်ရှိတယ် ဒါပေမယ့် ဒါဟာ မင်းရဲ့အသွင်အပြင်ကို တကယ်ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ငါထင်တယ်"

ဟဲကျင့် က မျက်ခုံးပင့်လိုက်ပြီး "မင်း ငါ့ကို ဘယ်လိုမြင်လဲ?"

"မင်းရဲ့အသွင်အပြင်က အရမ်းနူးညံ့တယ် အရာရာကို အလျှော့ပေးလွယ်တဲ့သူနဲ့တူတယ်" ချင်ယွီ က သူ့အမူအရာကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာဆက်ပြောသည်။

"မင်းလက်ရေးက မင်းရဲ့ရုပ်ရည်ထက် မင်းရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပိုတူတယ်လို့ ငါထင်တယ်။"

ဟဲကျင့်က  အံ့အားသင့်သွားပြီး အရပ်မြင့်မြင့်ကောင်လေးက သူ့ကိုဖောက်ထွင်းမြင်နိုင်သလို ရုတ်တရက် ခံစားလိုက်ရသည် ။

ချင်ယွီ: "ငါမှန်တယ်မလား?"

ဟဲကျင့် ရယ်ကာ ပြောလေသည်။  "တစ်ဝက်ပဲ"

သူ့ပါးစပ်က ဒီလိုပြောနေပေမယ့် သူ့နှလုံးသားက အတော်လေး ထိရှသွားခဲ့သည်။ ထုန်ရွှမ် ပင်လျှင် သူ၏ "ကိုယ်ရည်ကိုယ်သွေး" ကို ပြတ်သားစွာ ခွဲခြမ်းစိတ်ဖြာနိုင်တာမျိုး တစ်ခါမျှ မရှိခဲ့ပေ။ ထုန်ရွှမ် နှင့် တစ်နှစ်လောက် အတူရှိခဲ့သော်လည်း ထိုအချိန်က သူသည် အိမ်၌ ပုန်းအောင်းနေလေ့ရှိပြီး အခြားသူများကို ပွင့်လင်းမြင်သာစွာ မပြောဝံ့ဘဲ သူ့လက်နှင့်ခြေများကို အမြဲတစေ ချည်နှောင်ထားသလို ခံစားရသည်။

လမ်းခွဲကြစဉ်တွင် ထုန်ရွှမ် သည် အလွန်ဝမ်းနည်းစွာငိုကြွေးကာ သူမအား နားမလည်ကြောင်းပြောခဲ့သည်။ သို့သော် အမှန်အတိုင်းဆိုလျှင် သူ့ကိုလည်း ထုန်ရွှမ်က နားမလည်သောကြောင့်  ဟဲကျင့် ၏နှလုံးသားသည်ထိုစဉ်ကပင်  မှားယွင်းသွားသည်ဟု ခံစားခဲ့ရသည်။

သို့သော်လည်း ဟဲကျင့် ၏အမြင်တွင် ယောက်ျားလေးများသည် မိန်းကလေးများအား ကျိုးနွံစွာ ပြုမူသင့်သည် ဖြစ်သောကြောင့် တစ်ဖက်လူက သူ့အကြောင်း တစ်ဖက်သတ် မကျေမနပ်ဖြစ်နေသော်လည်း ဟဲကျင့် သည် သူမ အတွက် တစ်စုံတစ်ရာ အကြွေးတင်နေသည်ဟု ထင်နေသေးသည်။ အနည်းဆုံးတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ သူ့ကြောင့် မိန်းကလေးတစ်ယောက်ကို ငိုအောင် မလုပ်သင့်ပေ။

ယခု ချင်ယွီ ၏ စကားကို နားထောင်လိုက်သည်နှင့် ဟဲကျင့် မတွေးပဲ မနေနိုင်တော့ပေ။

ထုန်ရွှမ် သာ  သူ၏ အပေါ်ယံ အသွင်အပြင်မဟုတ်ပဲ သူ့အတွင်းစိတ်ကိုသာ  မြင်နိုင်သည်ဆိုလျှင်သူတို့၏ ဆက်ဆံရေး ဦးတည်ချက်က ခြားနားနေလောက်လား?

သို့သော် သူသည် ဤအတွေးကို အမြန်ပယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ အတိတ်သည် လွန်သွားခဲ့ပြီဖြစ်သည်။ သူနှင့်ထုန်ရွှမ် သည် ရိုးရိုးရှင်းရှင်း လိုက်ဖက်မှုမရှိခဲ့ဘဲ ယခုအချိန်တွင် မည်သို့မည်ပုံဖြစ်မည်ကို တွေးတောခြင်းမှာ အသုံးမဝင်တော့ပေ။

"မင်းဘာတွေတွေးနေတာလဲ?" ချင်ယွီက ပေါ့ပေါ့ပါးပါး မေးသည်။

ဟဲကျင့် သည် သူ့အတွေးတွေကနေ ပြန်လည်ရောက်ရှိလာသည်။သူတို့၏ စကားစမြည် ပြောခြင်းကြောင့် ဖြစ်နိုင်သည်  ဟဲကျင့်နဲ့ ချင်ယွီ  အကြား အကွာအဝေးသည် ယခု ပို၍ နီးကပ်လာသည်ကို ခံစားရသည်။

သူက သူ့ကိုယ်သူ စီနီယာဆိုတဲ့ ရာထူးကို ဖယ်ကာ မေးလိုက်သည်။

"ချင်ယွီ မင်းမှာ ရည်းစားရှိဖူးလား?"

"မရှိဘူး" ချင်ယွီ က ရိုးရိုးရှင်းရှင်းပဲ ဖြေလေသည်။ သူက စားပွဲပေါ်ရှိ ကော်ဖီကို ဆွဲယူပြီး ငုံကာ ဟဲကျင့်ကို ပြန်ကြည့်ပြီး "ဒါပေမယ့် ငါ့မှာ သဘောအကျဆုံးလူရှိတယ်" ဟုဆိုခဲ့လေသည်။





Zawgyi

029:လက္ေရးက လူကို ေရာင္ျပန္ဟပ္ေစတယ္

ကံေကာင္းေထာက္မစြာ ဂိမ္းသည္ ဂိမ္းတစ္ခုသာျဖစ္ၿပီးဟဲက်င့္ သည္ ထိုနတ္ဆိုးေလး ကို တတ္ႏိုင္သမွ် ဤေနရာတြင္ ေပ်ာ္ ေအာင္လိုက္ကစားေပးမည္ျဖစ္သည္။စိတ္မပူနဲ႔ အဲ့ဒါက ကိုယ့္ကိုကိုယ္ ပ်ံသန္းခြင့္ေပးတဲ့ေနရာပဲ! သူသည္ မိမိကိုယ္ကို ႏွစ္သိမ့္ရန္ ႀကိဳးစားခဲ့သည္။

သူ႔က်င့္ဝတ္သိကၡာက အနိမ့္ဆုံးအထိ က်သြားရင္ေတာင္ အေရးမႀကီးေပ။ ဒီေနရာသည္ အတုေယာင္ကမာၻတစ္ခုသာ ျဖစ္ၿပီး အရမ္းေတြတင္းၾကပ္ေနဖို႔ မလိုေပ။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အစစ္အမွန္ကို ဘယ္သူမွ သိႏိုင္မွာမဟုတ္ပါဘူးေလ...

ဟုန္တုန္ယြမ္ နဲ႔ေတာ့ ေနာက္ပိုင္း ဂိမ္းထဲမွာ အခ်င္းခ်င္း ဆုံေတြ႕ႏိုင္သည့္ အလားအလာေတာ့ရွိ၏။သို႔ေသာ္လည္း ေမ်ာက္ရဲ႕ အက်င့္စ႐ိုက္အရ ဟဲက်င့္က နတ္ဆိုးဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ထားရင္ေတာင္ စိတ္ရႈပ္မွာမဟုတ္ဘူးလို႔ ခံစားမိတဲ့အတြက္ ေသာ့ခ်က္က သူ႔ကိုယ္သူသာ စိတ္ေအးေအးထားဖို႔လိုတာပင္ စ္တ္ေအးေအးထား စိတ္ေအးေအးထား...

သူ႔ကိုယ္သူ ယုံၾကည္ၿပီးေနာက္ ဟဲက်င့္သည္ ၿငိမ္းခ်မ္းစြာ အိပ္ေပ်ာ္သြားခဲ့သည္။

ဟဲက်င့္ သည္ ထိုညက အိပ္မက္မမက္ခဲ့ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခဲ့ေလသည္။

မၾကာမီ မွာပင္ ေနာက္တစ္ေန႔ စေနေန႔ေရာက္လာခဲ့သည္။ ဟဲက်င့္တြင္ ယေန႔စီစဥ္ထားသည့္ မည္သည့္လႈပ္ရွားမႈမွမရွိေပ ။ ေက်ာင္းသားသမဂၢမွ ႏႈတ္ထြက္ၿပီးေနာက္ ႐ုတ္တရက္ အားလပ္ခ်ိန္မ်ားစြာ ရခဲ့သည္။ တတိယႏွစ္ေက်ာင္းသားတစ္ေယာက္အေနျဖင့္ အိမ္စာေတြနဲ႔ ရႈပ္ေနေပမယ့္ သူ႔လို စည္းကမ္းႀကီးတဲ့သူအတြက္ ကိုင္တြယ္ရတာ လြယ္တုန္းပါပဲ။

မနက္မိုးလင္းသည့္ အခါတြင္ ဟဲက်င့္ သည္ စာေလ့လာရန္ ခဏေလာက္သြားၿပီးသည့္အခါ ေက်ာင္းရဲ႕ အခ်ိန္ပိုင္းစင္တာ ရွိ စာရင္းေပးထားတဲ့ အခ်ိန္ပိုင္း အလုပ္ေတြကို သြားၾကည့္ခဲ့ေလသည္

လူမူေရးရာစီမံခန႔္ခြဲမႈနယ္ပယ္တြင္ အခ်ိန္ပိုင္းအလုပ္တစ္ခုရွာရန္ မလြယ္ကူေပ။ က်ဴရွင္ဆရာအလုပ္ကိုလရွာခ်င္ေသာ္လည္း အမ်ားစုမွာ ကာယဓာတုေဗဒဌာနမွ လူမ်ားကို ရွာေဖြေနျခင္းသာရွိၿပီး အလုပ္သင္ကမ္းလွမ္းမႈ အေရအတြက္မွာလည္း အလြန္နည္းပါးသည္။ယခုအခ်ိန္သည္ ေႏြရာသီ သို႔မဟုတ္ ေဆာင္းရာသီအားလပ္ရက္မဟုတ္ေသာေၾကာင့္ ေက်ာင္းသားမ်ားသည္ နာရီေပါင္းမ်ားစြာ အလုပ္လုပ္ႏိုင္မည္မဟုတ္ေပ။

အခ်ိဳ႕ေသာ ကုမၸဏီမ်ားသည္ ေရတိုဝန္ထမ္းမ်ားအတြက္ ေခၚယူခန႔္ထားေသာ္လည္း အရည္အခ်င္းမ်ားသည္ လိုအပ္ခ်က္ထက္ေက်ာ္လြန္ေနေသာေၾကာင့္ ေက်ာင္းသားမ်ားကို ငွားရမ္းရန္ စဥ္းစားႏိုင္ေျခနည္းပါးေလ၏။

ဟဲက်င့္ သည္ လူသိမ်ားေသာ ရင္းႏွီးျမဳပ္ႏွံမႈကုမၸဏီတစ္ခုတြင္ လက္ေထာက္ရာထူးအတြက္ ဝန္ထမ္းေခၚယူမႈအား ရွာေဖြေတြ႕ရွိသည္အထိ တစ္ရက္ခြဲၾကာ အလုပ္စာရင္းေဒတာကို ၾကည့္ရႈခဲ့ရသည္။ သို႔ေသာ္လည္း စီးပြားေရး စီမံခန႔္ခြဲမႈ ေက်ာင္းသားမ်ားကို ဦးစားေပးမည္ဟု ကုမၸဏီက ဆိုသည္။

ဟဲက်င့္ရဲ႕ ေမဂ်ာက ဒီအလုပ္နဲ႔ တကယ္မကိုက္ညီေပမယ့္ ဒီအလုပ္အတြက္ တျခားလိုအပ္ခ်က္ေတြကို ေတာ့ကိုက္ညီေအာင္ သူလုပ္ႏိုင္ေသးသည္။ထိုအေၾကာင္းကိုေတြးမိရာ ကိုယ္ေရးမွတ္တမ္းတစ္ေစာင္ပို႔ၿပီးေတာ့ ႀကိဳးစားၾကည့္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

ညဘက္တြင္ေတာ့ ဟဲက်င့္ သည္ေသခ်င္ေစာ္နံေလာက္သည့္ ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိခဲ့သည္။ ဖုန္းေခၚဆိုမႈတြင္ အေၾကာင္းအရာ အားလုံးကို ေမးျမန္းခံရသည္။ သူ႔ရဲ႕ပညာေရးအေျခအေနကေန တျခားေက်ာင္းသားေတြနဲ႔ ဆက္ဆံေရးအထိ။

ေမးခြန္းမ်ားသည္ အဆုံးမရွိ ခံစားခဲ့ရၿပီး ယင္းေၾကာင့္ သူ စိတ္ရႈပ္သြားေတာ့သည္။ အမွန္ေတာ့ သူသည္ ေရကန္သို႔သြားသည့္ သူ၏ခရီးစဥ္ႏွင့္ Demon God ဂိမ္းအေၾကာင္း ကိုေတာ့ဘာမွ မေျပာခဲ့ေပ။ ႏွစ္ႏွစ္ခြဲၾကာၿပီးေနာက္ ဟဲက်င့္ သည္ သူ႔မိသားစုႏွင့္ မည္သို႔ဆက္ဆံရမည္ကို သင္ယူခဲ့ၿပီး ျဖစ္သည္။

သို႔ေသာ္ ထိုအမ်ိဳးသမီးသည္ အလြန္အမင္းစိုးရိမ္႐ုံသာမက သဘာဝအားျဖင့္လည္း သံသယျဖစ္တတ္ၿပီး မည္သည့္အရာကိုမဆို စစ္ေဆးလိုစိတ္ရွိခဲ့သည္။

"မင္းဘာလို႔အဲ့ဒါကိုမ​ေျပာတာလဲ? ေက်ာင္းမွာ မင္းအေပၚ ခံစားခ်က္ရွိတဲ့သူရွိလား?မင္းကိုငါေျပာမယ္ မင္းတို႔ႏွစ္ေယာက္လုံး ေက်ာင္းသားျဖစ္ေနခ်ိန္မွာ အေဖာ္မရွာတာ အေကာင္းဆုံးပဲ။ ႏွစ္ေယာက္စလုံး ဘြဲ႕ရၿပီးရင္ ဘာျဖစ္သြားမလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ..."

"အေမ ကြၽန္ေတာ့္မွာမရွိဘူး..."

"မင္းတို႔ေက်ာင္းက မိန္းကေလးအမ်ားစုက မာနႀကီးတယ္ တကယ့္မိသားစုကို အေလးထားတဲ့ပုံစံမဟုတ္ဘူး။ မင္း ဆင္ျခင္တုံတရားရွိရမယ္ မင္းအိမ္ျပန္ေရာက္တာနဲ႔ ေ႐ြးဖို႔ ဒီေနရာမွာ ပိုေကာင္းတဲ့ မိန္းကေလးေတြ ရွိလိမ့္မယ္..."

"......"

သူသည္ စကားတစ္ဝက္ေတာင္ ၿပီးေအာင္ ျပန္လည္မေခ်ပႏိုင္ေခ်။ သူမကို ေခ်ပရန္ႀကိဳးစားျခင္းသည္ အသုံးမဝင္ေပ။ ထို႔ေၾကာင့္ ဟဲက်င့္ သည္ ထိုအမ်ိဳးသမီးေျပာသမွ်ကို ႏႈတ္ဆိတ္စြာ နားေထာင္ေနခဲ့သည္။

ထိုလုပ္ရပ္မ်ားသည္ "သူ႔အတြက္ေကာင္းသည္" ဟု အၿမဲထင္ေနေသာေၾကာင့္ သူမသည္ ဤအရာအားလုံးကို ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ကို သူသိသည္။ ထိုအမ်ိဳးသမီးသည္ သူ၏အေကာင္းဆုံးအက်ိဳးစီးပြားကို အမွန္တကယ္ပင္ စဥ္းစားေနၿပီျဖစ္ေၾကာင္းလည္း သူသိပါသည္။ ဟဲက်င့္ သည္ သူမ၏ စိတ္ဓာတ္ႏွင့္ ဆင္ျခင္ တုံတရားကို နားလည္ေပးႏိုင္ေသာ္လည္း ၎ကို သေဘာတူသည္ဟု မဆိုလိုပါ။

နာရီဝက္ၾကာ ဗီဒီယိုေခၚဆိုၿပီးေနာက္ ဟဲက်င့္ သည္ ေနာက္ဆုံးတြင္ ဖုန္းခ်လိုက္ကာ ကုတင္ေပၚတြင္ စိတ္ပ်က္လက္ပ်က္ လွဲခ်လိုက္သည္။ သူ႔ခႏၶာကိုယ္ထဲက ခြန္အားေတြ အကုန္စုပ္ယူပစ္လိုက္သလို ခံစားေနရေလသည္။

ထိုအခိုက္အတန႔္တြင္ ခ်င္ယြီသည္ မနက္ျဖန္တြင္ သူတို႔ ခ်ိန္းဆိုထားသည့္အေၾကာင္း ‌ေမးသည့္ စာတိုတစ္ေစာင္ ေပးပို႔ခဲ့သည္။ စိတ္အားထက္သန္ၿပီး ႐ိုး႐ိုးရွင္းရွင္း ေခ်ာေမာေသာ ႐ႊယ္တိ ေလးကို စာသင္ရန္ စဥ္းစားရင္း ေနာက္ဆုံးတြင္ ဟဲက်င့္ သည္ သူ၏ စိတ္ဝိညာဥ္အခ်ိဳ႕ကို ျပန္လည္ရရွိခဲ့သည္။

"မင္း ဘယ္ႏွနာရီအိပ္ရာထလဲ? စာၾကည့္တိုက္မွာ စာၾကည့္ခန္းကို ဘြတ္ကင္လုပ္မလား?ဟဲက်င့္က ေမးသည္ ။

ခ်င္ယြီ: "ငါက ရွစ္နာရီေလာက္ ထတာ ကိုးနာရီမွာေတြ႕တာ ဘယ္လိုလဲ?ငါ့အေဆာင္ကိုသြားလို႔ရတယ္အဲဒါက 417B "

ႏွစ္ေယာက္ အိပ္ေဆာင္အခန္းတိုင္းတြင္ စာၾကည့္ခန္းကို မွ်ေဝအသုံးျပဳထားေသာေၾကာင့္ အိပ္ေဆာင္တြင္ စာလုပ္ႏိုင္သည့္အျပင္ ပိုအဆင္ေျပေလသည္။

ေနာက္တစ္ေန႔တြင္ ဟဲက်င့္ သည္ အခန္း 417 သို႔ မွတ္စုမ်ား ယူေဆာင္ကာ အခ်ိန္မီ လာခဲ့သည္။ သူ တံခါးေခါက္ရန္ျပင္ ေနစဥ္မွာပင္ ခ်င္ယြီက အတြင္းမွ ပထမဆုံးဖြင့္လိုက္သည္။

"မင္းေရာက္လာၿပီပဲ"

ယေန႔ ခ်င္ယြီ သည္ Vပုံစံလည္ပင္းေပါက္ ခ်ည္သားရွပ္အက်ႌ လက္ရွည္ႏွင့္ ဖလန္နယ္ေဘာင္းဘီတို႔ကို ေပါ့ေပါ့ပါးပါး ဝတ္ထားေလသည္။

ဟဲက်င့္ က သူတို႔ ဧည့္ခန္းမွာ စာက်က္ဖို႔ ေတြးထားေပမယ့္ ခ်င္ယြီ က သူ႔ကို အခန္းထဲကို ေခၚသြားခဲ့ေလသည္။

"မင္းအခန္းထဲမွာဘယ္သူမွမရွိဘူးလား?" ဟဲက်င့္သည္ ပေဟဌိျဖစ္သြားေလသည္။ ဟြားတကၠသိုလ္ ၏ အိပ္ေဆာင္ခန္းမ်ားသည္ လူႏွစ္ေယာက္အတြက္ အခန္းမ်ားအျဖစ္ ဒီဇိုင္းထုတ္ထားေသာေၾကာင့္ အိပ္ခန္းအျပင္ဘက္တြင္ စာက်က္လွ်င္ စိတ္အေႏွာက္အယွက္မျဖစ္စရာမလိုေပ။

ခ်င္ယြီ က တံခါးကိုတြန္းဖြင့္ၿပီးေျပာလာသည္။ "ငါတစ္ေယာက္တည္းေနတာ"

အခန္း၏အပူေပးစက္ကို အျပည့္ဖြင့္ထားသည္။ ဟဲက်င့္က အံ့ၾသစြာ ေမးလိုက္သည္

" မင္းဘာလို႔ တစ္ေယာက္တည္းေနရတာလဲ? "

အခန္းအတြင္းရွိ အျခားကုတင္တြင္ အိပ္ယာမရွိ၊အျဖဴေရာင္ သိုေလွာင္ေသတၱာ အနည္းငယ္ျဖင့္သာ ျပည့္ေနေလသည္။

"ငါရဲ႕ အရင္အခန္းေဖာ္က ေက်ာင္းစတက္ၿပီး သိပ္မၾကာခင္မွာပဲ ႏိုင္ငံျခားကို ထြက္သြားတယ္ေလ ဒါေပမယ္ ပထမႏွစ္အတြက္ အိပ္ေဆာင္ခကို ေပးခဲ့တယ္လို႔ ေျပာတာပဲ ေနာက္ေတာ့ ဒုတိယႏွစ္အစမွာ အိပ္ေဆာင္႐ုံးက ေက်ာင္းသားသစ္ကို ဒီအခန္းမွာ မစီစဥ္ထားဘူးေလ သူတို႔ ေမ့ေနၾကၿပီထင္တယ္" ခ်င္ယြီက ရွင္းျပသည္။

ဟဲက်င့္ : "မင္းကံေကာင္းတာပဲ တစ္ေယာက္ထဲတစ္ခန္းေနရတယ္!"

"အိုး ဒါေပမယ့္ တစ္ခါတေလ အရမ္းပ်င္းစရာေကာင္းတယ္။"

ခ်င္ယြီ၏ စားပြဲေပၚတြင္ ကြန္ပ်ဴတာတစ္လုံးႏွင့္ ပညာရွင္စာအုပ္ႏွစ္အုပ္ရွိေနၿပီး လြတ္ေနေသာကုလားထိုင္ကို ဆြဲထုတ္ကာ "ဒီမွာထိုင္ရေအာင္" လို႔ေျပာလိုက္သည္။

ဟဲက်င့္ က ေခါင္းညိတ္ကာ ထိုင္လိုက္ၿပီး ေျပာလာသည္။

"ဒါက..." အခန္းေဖာ္တစ္ေယာက္ရွိလွ်င္ ေန႔တိုင္း စကားစျမည္ေျပာၿပီး ဟာသဘာညာ နားေထာင္လို႔ရေသာေၾကာင့္ တစ္ခန္းတည္းတြင္ တစ္ေယာက္တည္းေနရသည္မွာ အမွန္ပင္ ပ်င္းစရာပင္။

"ခဏထိုင္ဉီး ငါ ေကာ္ဖီတစ္ခြက္ လုပ္လိုက္မယ္" ခ်င္ယြီက ေျပာၿပီး တံခါးကို ဖြင့္ကာထြက္သြားသည္။

ဟဲက်င့္ သည္ ပတ္ပတ္လည္ကို ၾကည့္လိုက္ရာ ေထာင့္ တြင္ ေထာင္ထားေသာတင္းနစ္ရက္ကက္တစ္စုံႏွင့္ ခ်င္ယြီ မသပ္မရပ္ ေခါက္ထားေသာ ေစာင္ကို ေတြ႕လိုက္ရသည္။ ထိုသည္မွာ ကုတင္ကို ရႈပ္ေနပုံမေပၚေပမယ့္ နည္းနည္းပ်င္းတဲ့ပုံေပၚေနေလသည္။

ရင္းႏွီးၿပီးသား အမွတ္တံဆိပ္ပါေသာ ကုတ္အက်ႌကို အျခားကုလားထိုင္၏ေနာက္ေက်ာတြင္ ခ်ိတ္ဆြဲထားၿပီး ၎မွာ လြန္ခဲ့ေသာ ရက္အနည္းငယ္က ခ်င္ယြီက သူ႔ ပခုံးေပၚ၌ ၿခဳံေပးခဲ့ေသာကုတ္အက်ႌျဖစ္သည္။ ဟဲက်င့္ သည္ ထိုျမင္ကြင္းကို ေတြး မိကာ မ်က္ႏွာပူလာေတာ့သည္။ သူယူလာခဲ့သည့္ သင္ၾကားေရးပစၥည္းမ်ားကို အလ်င္အျမန္ ျပန္ၾကည့္လိုက္ကာ သင္ခန္းစာကို ဘယ္ကစရမလဲဟု စဥ္းစားေတာ့သည္။

ခ်င္ယြီသည္ ေကာ္ဖီေဖ်ာ္ၿပီးသည့္ေနာက္ ျပန္လာကာ ဟဲက်င့္၏ေနာက္ဘက္သို႔ ေလွ်ာက္သြားသည္။ တိတ္တိတ္ဆိတ္ဆိတ္ပင္ ကုလားထိုင္ ေနာက္ဘက္တြင္ လက္တစ္ဖက္ကို တင္လိုက္ၿပီး က်န္လက္တစ္ဖက္က စားပြဲခုံေပၚသို႔ ခြက္တင္ရန္ လွန္းလိုက္သည္။

မူလက ဤကိုယ္ဟန္အေနအထားမွာ အမွားအယြင္းမရွိခဲ့ေသာ္လည္း ခ်င္ယြီသည္ သူ႔ကိုယ္သူ ‌ေရွ႕သို႔ကိုင္းလိုက္သည္။သူ၏ဝမ္းဗိုက္သည္ ဟဲက်င့္ ၏ ဦးေခါင္းေနာက္ဘက္ႏွင့္ ပြတ္တိုက္ေနၿပီး ဟဲက်င့္ ကို သူ၏ ျဖဴစင္ေသာ ေယာက္်ားဆန္ေသာ ေရာင္ဝါတြင္ အျပည့္အ၀ ခ်ဳပ္ေႏွာင္ထားလိုက္သလိုပင္။

[T/N: ယူေနာ္ အခန္းထဲေခၚ ၿပီး ျမဴစြမ္ ကတိုက္ေနၿပီ]

"မင္းအမ်ားႀကီး ဝတ္ထားတာ မပူဘူးလား? " ထိုစကားကို သူ႔အေပၚဘက္မွ တိုက္႐ိုက္ေျပာခဲ့တာပင္။

ဟဲက်င့္သည္ ထိုအခိုက္တန႔္ တြင္ သူ႔ကို မီး က "က်င့္အာ" လို႔ ေခၚတုန္းကလိုပဲ ခံစားခ်က္ကို ႐ုတ္တရက္ ခံစားလိုက္ရသည္။အဲ့ဒါက သူ႔ေခါင္းထဲက လွ်ပ္စစ္စီးေၾကာင္းက သူ႔ခႏၶာကိုယ္ထဲကို တည့္တည့္ဝင္သြားသလိုပါပဲ။

"အာ ဟင့္အင္း..."

ဒီလိုအခ်ိန္မ်ိဳးမွာ ဟဲက်င့္သည္ အျပင္ပိုင္းပုံစံ ေၾကာင့္ အနည္းငယ္ ေပ်ာ္ေနခဲ့သည္။ အဘယ္ ေၾကာင့္ဆိုေသာ္ သူ႔ႏွလုံးသားက ဘယ္ေလာက္ပဲ မုန္တိုင္းထန္ေနပါေစ သူ႔မ်က္ႏွာသြင္ျပင္မွာ ေပၚလာမွာ မဟုတ္ေပ။

ခ်င္ယြီသည္ လ်င္ျမန္စြာ ေနာက္ျပန္ဆုတ္ကာ သူ႔ခုံကို ဟဲက်င့္ ေဘးနားသို႔ဆြဲကာ မွတ္စုေရးရန္ ေဘာပင္ႏွင့္ စာ႐ြက္ကို ယူလိုက္သည္။

ဟဲက်င့္သည္ တည္ၿငိမ္ သြားသည္အထိ အသက္ျပင္းျပင္းရႉလိုက္သည္။ ထို႔ေနာက္ သူသည္ ယခင္က ေရးသားထားေသာ Grammar ပုံစံကို ဖြင့္ကာ ေမးလာသည္။

"level 6 grammar က စကားလုံးအားလုံးကို နားလည္ၿပီလား?" ။

ခ်င္ယြီ: "နီးပါးပါပဲ"

"ေကာင္းၿပီ" ဟဲက်င့္ က ပုံစံဇယားကို ၫႊန္ျပကာ ေျပာလာသည္။

"level 6 grammar အဓိကအားျဖင့္ ဒါေတြကို ေပါင္းစပ္ထားတာ အဲဒါေတြကို ေလ့လာၿပီးတဲ့အခါ မင္းအတြက္ ေမးခြန္းတခ်ိဳ႕ ငါေပးမယ္။ တကယ္လို႔ ေမးစရာေတြရွိရင္ငါ့ ထပ္ေမးလိုက္... ဒီေန႔ႀကိယာေတြ၊ ေနရာျပပုဒ္ေတြ နဲ႔ နာမ္အထူးျပဳပုဒ္ေတြကေနစၿပီး စကားေျပာရဲ႕ အစိတ္အပိုင္းအလိုက္ အဲဒါေတြကို ေလ့လာမယ္ မင္း လိုက္မွတ္စရာမလိုပါဘူး ဒီစာအုပ္ကို ငါ ငွားေပးမယ္။"

ခ်င္ယြီက ရယ္ကာေျပာလာသည္။

"အရမ္းရက္ေရာတာပဲ မင္းမွတ္စုေတြကို အရင္က ေရာင္းဖို႔ ကူးယူထားတာ မွတ္မိတယ္"

"အခုေတာ့ ငါ့အတြက္ အသုံးမဝင္ေတာ့ဘူး။" ဟဲက်င့္ ကေျပာၿပီး ပစၥည္းေတြကို အမ်ိဳးအစားခြဲလိုက္ပါေတာ့တယ္။

ပထမေတာ့ ခ်င္ယြီသည္ ဟဲက်င့္ ၏ ရွင္းျပခ်က္ကို စိတ္ရွည္စြာ နားေထာင္ခဲ့ေသာ္လည္း မၾကာမီတြင္ သူ၏ အာ႐ုံမွာပ်ံ႕လြင့္သြားကာ စတင္ သိခ်င္လာေတာ့သည္။

သူသည္ ဟဲက်င့္ ၏လက္၊ ေဘာပင္ကိုင္ပုံ၊ သူ၏လက္ေကာက္ဝတ္ႏွင့္ ရွည္လ်ားေသာလက္ေခ်ာင္းမ်ား ၊ ျပတ္သားထင္ရွားေသာအဆစ္မ်ားႏွင့္ ၾကည္လင္ေသာလက္သည္းခြံ မ်ားေအာက္မွ ေခ်ာင္းၾကည့္ေနေသာ နီျမန္းေသာအသားေရေလး ျဖင့္ လက္သည္းေလးမ်ား...

သူသည္ လူေသးေသးေလး၏ လက္ေမာင္းမ်ားကို လည္း သူ႔ပခုံးေပၚမွ ၾကည့္လိုက္သည္ ။ၿပီးေတာ့ ထိုလူသားေလး၏ Adam ပန္းသီးရဲ႕ အထက္ေအာက္ ေ႐ြ႕လ်ားမႈမ်ား......

အေပၚနည္းနည္းထပ္တက္ၿပီးေနာက္ သူ႔အၾကည့္ေတြက ဟဲက်င့္ရဲ႕ ေဘးတိုက္ မ်က္ႏွာအသြင္အျပင္ ေပၚကို က်ဆင္းသြားျပန္ေလသည္။.......

ဒါက သာမန္ အမ်ိဳးသားေတြထက္ ပိုႏူးညံ့ပုံရသည္။ အျခားေသာ ဆယ္ေက်ာ္သက္ ေယာက္်ားေလးမ်ားသည္ ၾကမ္းတမ္းၿပီး ရႈပ္ေထြး ပုံရေသာ္လည္း သူသည္ အလြန္သန႔္ရွင္းၿပီး လန္းဆန္းေနပုံရသည္။

ဟဲက်င့္ က စိတ္ရွည္ရွည္နဲ႔ ေသခ်ာရွင္းျပေနရင္း စာမ်က္ႏွာကို လွန္လိုက္စဥ္တြင္ သူက လွည့္ၾကည့္ လိုက္သည္ႏွင့္ ခ်င္ယြီ၏ ေက်ာက္ခ်ထားတဲ့ အၾကည့္ႏွင့္ သြားဆုံေတာ့သည္။

"မင္း..." ဟဲက်င့္ ႐ုတ္​တရက္​ ထိတ္​လန႔္​သြားကာ "ဘာလို႔ငါ့ကိုၾကည့္​​ေနတာလဲ?"

ခ်င္ယြီ: "မင္းမ်က္ႏွာက နည္းနည္းညစ္ပတ္ေနလို႔"

ဟဲက်င့္က သူ႔လက္ကို ဆန႔္တန္းၿပီး မ်က္ႏွာကို တို႔လိုက္သည္ "ဘယ္မွာလဲ?"

ခ်င္ယြီက သူ႔ထိုင္ခုံကို ေနာက္ျပန္တြန္းလိုက္ၿပီး သူ႔စားပြဲေပၚက တစ္ရႉးတစ္ခုကို ယူကာ ဟဲက်င့္ ကို ေပးလိုက္သည္

"မင္းရဲ႕ပါး႐ိုးေပၚမွာ ျပာေတြေပေနတာထင္တယ္ အဲဒါသုတ္လိုက္ဉီး။" ထိုေလသံ သူစကားေျပာပုံက အရမ္း႐ိုးသားေလ၏။

ဟဲက်င့္ ကလည္း သူ႔ကိုယုံၿပီး မ်က္ႏွာကို ေလးေလးနက္နက္ ပြတ္သပ္ရင္း "ရွိေသးလား?" ဟု ေမးသည္။

"မရွိေတာ့ဘူး"

ခ်င္ယြီ က သူ႔ကို ေနာက္တစ္ႀကိမ္ တစ္ခ်က္ၾကည့္လိုက္ၿပီး ေျဗာင္က်က် ငုံ႔ၾကည့္ၿပီးေနာက္ ေျပာလာေလသည္။

"မင္းရဲ႕လက္ေရးက အရမ္းၾကည့္ေကာင္းတယ္ မင္း ေလ့က်င့္ခဲ့တာလား?"

ဟဲက်င့္: "ငယ္ငယ္တုန္းက ေလ့က်င့္ခဲ့တာ။"

ခ်င္ယြီ: "လက္ေရး ေရးနည္း ေရးဟန္?"

"တကယ္ေတာ့ လက္ေရးလွပါပဲ။ ငါ ဆရာတစ္ေယာက္နဲ႔ ေလ့က်င့္ခဲ့တာ ပထမေတာ့ တရားဝင္ စာတမ္းေတြနဲ႔ ေျမာက္ပိုင္း မင္းဆက္ေတြရဲ႕ ေက်ာက္စာ ကို ခဏေလာက္ ကူးယူၿပီးေလ့က်င့္ရတယ္ ေနာက္မွ ပုံမွန္ စာတမ္းေတြနဲ႔ ဆက္ေလ့က်င့္ခဲ့တာ အဲ့ေနာက္ပိုင္းေတာ့ ငါရဲ႕ ကိုယ္ပိုင္ လက္ေရးကိုလည္း ေလ့က်င့္ခဲ့တယ္

ၿပီးေတာ့ တျခားသူေတြရဲ႕ လွပတဲ့လက္ေရးေတြကို အတုယူတတ္ေအာင္လည္း ေလ့က်င့္ခဲ့တယ္။ တရားဝင္သင္ခန္းစာမရွိဘူး အေျခခံအုတ္ျမစ္ရွိသေ႐ြ႕ ကိုယ့္ပုံစံနဲ႔ေရးလို႔ရတာပဲေလ။"

ဟဲက်င့္ သည္ တစ္ရႉးကို လုံးလိုက္ကာ လုံးလုံးလ်ားလ်ား အာ႐ုံေျပာင္းသြားသည္။

ခ်င္ယြီ : "အခုေတာ့ လူတိုင္းက ကြန္ျပဴတာသုံးတတ္လာၿပီေလ လက္ေရးကိုလွလွပပေရးႏိုင္တဲ့ လူအနည္းငယ္ပဲရွိေတာ့တယ္... 'လက္ေရးက လူကို ထင္ဟပ္ေစတယ္' လို႔ ေျပာတဲ့ စကားတစ္ခုရွိတယ္ မင္းေရးတဲ့ပုံစံက အရမ္းသဘာဝက်ၿပီး ေျပျပစ္တာပဲ အလ်ားလိုက္နဲ႔ ေဒါင္လိုက္ ႐ိုက္ခတ္မႈေတြက ခြန္အားအျပည့္ရွိတယ္ ဒါေပမယ့္ ဒါဟာ မင္းရဲ႕အသြင္အျပင္ကို တကယ္ထင္ဟပ္ေစမွာ မဟုတ္ဘူးလို႔ ငါထင္တယ္"

ဟဲက်င့္ က မ်က္ခုံးပင့္လိုက္ၿပီး "မင္း ငါ့ကို ဘယ္လိုျမင္လဲ?"

"မင္းရဲ႕အသြင္အျပင္က အရမ္းႏူးညံ့တယ္ အရာရာကို အေလွ်ာ့ေပးလြယ္တဲ့သူနဲ႔တူတယ္" ခ်င္ယြီ က သူ႔အမူအရာကို ဆုပ္ကိုင္လိုက္ၿပီး ျဖည္းညႇင္းစြာဆက္ေျပာသည္။

"မင္းလက္ေရးက မင္းရဲ႕႐ုပ္ရည္ထက္ မင္းရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ ပိုတူတယ္လို႔ ငါထင္တယ္။"

ဟဲက်င့္က အံ့အားသင့္သြားၿပီး အရပ္ျမင့္ျမင့္ေကာင္ေလးက သူ႔ကိုေဖာက္ထြင္းျမင္ႏိုင္သလို ႐ုတ္တရက္ ခံစားလိုက္ရသည္ ။

ခ်င္ယြီ: "ငါမွန္တယ္မလား?"

ဟဲက်င့္ ရယ္ကာ ေျပာေလသည္။ "တစ္ဝက္ပဲ"

သူ႔ပါးစပ္က ဒီလိုေျပာေနေပမယ့္ သူ႔ႏွလုံးသားက အေတာ္ေလး ထိရွသြားခဲ့သည္။ ထုန္႐ႊမ္ ပင္လွ်င္ သူ၏ "ကိုယ္ရည္ကိုယ္ေသြး" ကို ျပတ္သားစြာ ခြဲျခမ္းစိတ္ျဖာႏိုင္တာမ်ိဳး တစ္ခါမွ် မရွိခဲ့ေပ။ ထုန္႐ႊမ္ ႏွင့္ တစ္ႏွစ္ေလာက္ အတူရွိခဲ့ေသာ္လည္း ထိုအခ်ိန္က သူသည္ အိမ္၌ ပုန္းေအာင္းေနေလ့ရွိၿပီး အျခားသူမ်ားကို ပြင့္လင္းျမင္သာစြာ မေျပာဝံ့ဘဲ သူ႔လက္ႏွင့္ေျခမ်ားကို အၿမဲတေစ ခ်ည္ေႏွာင္ထားသလို ခံစားရသည္။

လမ္းခြဲၾကစဥ္တြင္ ထုန္႐ႊမ္ သည္ အလြန္ဝမ္းနည္းစြာငိုေႂကြးကာ သူမအား နားမလည္ေၾကာင္းေျပာခဲ့သည္။ သို႔ေသာ္ အမွန္အတိုင္းဆိုလွ်င္ သူ႔ကိုလည္း ထုန္႐ႊမ္က နားမလည္ေသာေၾကာင့္ ဟဲက်င့္ ၏ႏွလုံးသားသည္ထိုစဥ္ကပင္ မွားယြင္းသြားသည္ဟု ခံစားခဲ့ရသည္။

သို႔ေသာ္လည္း ဟဲက်င့္ ၏အျမင္တြင္ ေယာက္်ားေလးမ်ားသည္ မိန္းကေလးမ်ားအား က်ိဳးႏြံစြာ ျပဳမူသင့္သည္ ျဖစ္ေသာေၾကာင့္ တစ္ဖက္လူက သူ႔အေၾကာင္း တစ္ဖက္သတ္ မေက်မနပ္ျဖစ္ေနေသာ္လည္း ဟဲက်င့္ သည္ သူမ အတြက္ တစ္စုံတစ္ရာ အေႂကြးတင္ေနသည္ဟု ထင္ေနေသးသည္။ အနည္းဆုံးေတာ့ ေယာက္်ားေလးတစ္ေယာက္အေနနဲ႔ သူ႔ေၾကာင့္ မိန္းကေလးတစ္ေယာက္ကို ငိုေအာင္ မလုပ္သင့္ေပ။

ယခု ခ်င္ယြီ ၏ စကားကို နားေထာင္လိုက္သည္ႏွင့္ ဟဲက်င့္ မေတြးပဲ မေနႏိုင္ေတာ့ေပ။

ထုန္႐ႊမ္ သာ သူ၏ အေပၚယံ အသြင္အျပင္မဟုတ္ပဲ သူ႔အတြင္းစိတ္ကိုသာ ျမင္ႏိုင္သည္ဆိုလွ်င္သူတို႔၏ ဆက္ဆံေရး ဦးတည္ခ်က္က ျခားနားေနေလာက္လား?

သို႔ေသာ္ သူသည္ ဤအေတြးကို အျမန္ပယ္လိုက္ၿပီး ေခါင္းယမ္းလိုက္သည္။ အတိတ္သည္ လြန္သြားခဲ့ၿပီျဖစ္သည္။ သူႏွင့္ထုန္႐ႊမ္ သည္ ႐ိုး႐ိုးရွင္းရွင္း လိုက္ဖက္မႈမရွိခဲ့ဘဲ ယခုအခ်ိန္တြင္ မည္သို႔မည္ပုံျဖစ္မည္ကို ေတြးေတာျခင္းမွာ အသုံးမဝင္ေတာ့ေပ။

"မင္းဘာေတြေတြးေနတာလဲ?" ခ်င္ယြီက ေပါ့ေပါ့ပါးပါး ေမးသည္။

ဟဲက်င့္ သည္ သူ႔အေတြးေတြကေန ျပန္လည္ေရာက္ရွိလာသည္။သူတို႔၏ စကားစျမည္ ေျပာျခင္းေၾကာင့္ ျဖစ္ႏိုင္သည္ ဟဲက်င့္နဲ႔ ခ်င္ယြီ အၾကား အကြာအေဝးသည္ ယခု ပို၍ နီးကပ္လာသည္ကို ခံစားရသည္။

သူက သူ႔ကိုယ္သူ စီနီယာဆိုတဲ့ ရာထူးကို ဖယ္ကာ ေမးလိုက္သည္။

"ခ်င္ယြီ မင္းမွာ ရည္းစားရွိဖူးလား?"

"မရွိဘူး" ခ်င္ယြီ က ႐ိုး႐ိုးရွင္းရွင္းပဲ ေျဖေလသည္။ သူက စားပြဲေပၚရွိ ေကာ္ဖီကို ဆြဲယူၿပီး ငုံကာ ဟဲက်င့္ကို ျပန္ၾကည့္ၿပီး "ဒါေပမယ့္ ငါ့မွာ သေဘာအက်ဆုံးလူရွိတယ္" ဟုဆိုခဲ့ေလသည္။

Continue Reading

You'll Also Like

723 81 4
original author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200
1.3M 33.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
824K 69.1K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
23.5K 2.4K 20
Chinese Title - 结婚 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] သားတစ်ယောက်အဖေ (နောက်နေတာ) ကျောင်းကိုခုန်ကျော်နိုင်တဲ့ ဒုတိယမျိုးဆက်သစ် ချမ်းသာကြွယ်...