Chapter 23 – ပိုက်ဆံလိုအပ်ခြင်း
သူမထိုကဲ့သို့တွေးပြီး ပိုပြင်ဆင်ထားရမယ်လို့ခံစားလိုက်ရသည်။
ဒါပေမဲ့ သူမမေးမြန်းကြည့်ခဲ့ရာ လက်ရှိအချိန်မှာအိမ်သာသုံးစက္ကူတွေဝယ်ဖို့ လက်မှတ်တွေမလိုဘူးဆိုသော်ငြား ဝယ်ယူမှုကိုကန့်သတ်ထားပြီး လူတစ်ယောက်သည်ပမာဏနည်းနည်းလေးပဲ ဝယ်ယူနိုင်ကြောင်းသိရှိခဲ့သည်။
ထို့ကြောင့် နေရာအမျိုးမျိုးက ထောက်ပံ့ရေးနဲ့ရောင်းဝယ်ဖောက်ကားရေးသမဝါယမဆီသွားပြီး တတ်နိုင်သမျှအကုန်ဝယ်သွားရပေမည်။
မှောင်လာပြီဖြစ်သဖြင့် ဆက်မသွားတော့ပဲ မနက်ဖြန်ကျမှကုန်တိုက်ကိုသွားရန် ကြံရွယ်လိုက်သည်။ ဒီတစ်ကြိမ်ပြန်လာပြီးနောက်တွင် မိသားစုအားလုံးရှိနေသေးသည်။
အမေလုသည်သူမရဲ့ချစ်လှစွာသောအကြီးဆုံးသမီးလေးက နောက်ဆုံးမှာတည်ငြိမ်တဲ့အလုပ်တစ်ခုရသွားတာကြောင့်ဖြစ်မယ် အတော်လေးပျော်နေပုံရသည်။ စားသောက်နေရင်းနဲ့ သူမသမီးကိုမိတ်ဆက်ပေးချင်တဲ့ အလားအလာရှိတဲ့လက်တွဲဖော်အကြောင်း ပြောပြပြီး သူမနဲ့တွေ့ပေးရန် ကောင်းမွန်တဲ့သူတစ်ယောက်ရွေးချယ်ပေးဖို့ ပြင်ဆင်နေသည်။
အဖေလုသည်လည်း ရှားရှားပါးပါးသဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
လုရှသည်လုချိုးပြောခဲ့တာကို မှတ်မိလိုက်ပြီး လုချွမ်ကိုကြည့်လိုက်သည်။ လုချွမ်ရဲ့မျကှနှာအမူအရာသည်မူမမှန်ပေမဲ့ ဘာမှထုတ်မပြောခဲ့ရာ သူမရဲ့အလားအလာရှိတဲ့လက်တွဲဖော်နဲ့ပတ်သတ်ပြီး ဘာမှမသိလိုက်ရပေ။
ဒါပေမဲ့ သူမမိသားစုဝင်တွေရဲ့မျက်နှာတွေအပေါ်က ပျော်ရွှင်မှုပြည့်နေတဲ့အပြုံးတွေကို မြင်လိုက်ရတော့ လုရှသည်အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရသည်။ သူမကမကြာခင်ကျေးလက်ကိုသွားရတော့မည်ဆိုတာကို သူတို့ကမေ့နေကြတာဖြစ်နိုင်လောက်သည်။
လုရှသည်မူလကိုယ်ရဲ့ကိုယ်စား ရှင်းပြလို့မရလောက်အောင် မခံမရပ်နိုင်ဖြစ်သွားရသည်။
ထို့ကြောင့် သူမတစ်ခုခုကိုတွေးလိုက်မိပြီး ချက်ချင်းပြောလိုက်သည်။
" အမေ ကျွန်မကကျေးလက်ကိုမကြာခင်သွားရတော့မှာ ကျွန်မအတွက်ပစ္စည်းတွေပြင်ဆင်ပေးမယ်လို့ အမေမပြောခဲ့ဘူးလား? အဆင်သင့်ဖြစ်ပြီလား?
တစ်လက်စတည်း မနေ့ကအရှေ့မြောက်ပိုင်းမှာအရမ်းအေးတယ်လို့ အမေပြောခဲ့တယ်လေ ကျွန်မအတွက်ဂွမ်းကပ်အနွေးထည်ထူထူတစ်ထည်လောက် ပြင်ဆင်ပေးသင့်တာမဟုတ်လား?
ပြီးတော့ ကျွန်မကလေးဘဝတည်းကနေကြီးလာတဲ့အထိ အဝတ်အစားအသစ်တွေတစ်ခါမှမဝတ်ဖူးဘူး ဒီတစ်ခေါက်မှာ ကျေးလက်ကိုသွားပြီးရင် ကျွန်မပြန်လာနိုင်ပါ့မလားမသိနိုင်ဘူး အနည်းဆုံးတော့ကျွန်မအတွက်အဝတ်စားသစ်တစ်စုံလောက်ပြင်ဆင်ပေးသင့်တယ်မလား?"
သူမစကားတွေပြောပြီးသွားတာနဲ့ အိမ်ထဲချက်ချင်းဆိုသလိုတိတ်ဆိတ်ငြိမ်သက်သွားပြီး ခုနကအသက်ဝင်တတ်ကြွမှုတို့ပျောက်ကွယ်သွားသည်။
အမေလုသည်သူမစကားတွေကိုကြားလိုက်ရတော့ ပါးစပ်ဖွင့်လိုက်ပေမဲ့ ဘာပြောရမှန်းမသိသဖြင့် နောက်ဆုံးမှာ " နင့်ကိုစောင်နှစ်ထည်ပေးမယ်လို့ ငါမပြောခဲ့ဘူးလား? ဒါတွေကအသစ်စက်စက်တွေလေ"
လုရှခေါင်းညိတ်လိုက်ပြီး " ဟုတ်ပါတယ် ကျွန်မသိတယ် ဒီစောင်တွေအပြင် တခြားဘာရှိသေးလဲ?"
အမေလုဆက်လက်တိတ်ဆိတ်နေတာမြင်လိုက်ရတော့ လုရှအံ့အားသင့်သွားချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
" ဒီစောင်တွေအပြင် အမေကျွန်မအတွက်ဘာမှမပြင်ဆင်ထားပေးတာ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား?"
သူမစကားတွေကြားလိုက်ရတော့ အမေလုမျက်နှာရှစ်ခေါက်ချိုးပြောင်းသွားသည်။
" နင်ကတခြားဘာများလိုချင်သေးလို့လဲ? ကျေးလက်သွားတဲ့အခါ ဘယ်သူကစောင်ကောင်းနှစ်ထည်ယူလာမှာလဲ?"
ထိုစကားတွေပြီးနောက် လုရှခနဲ့တဲ့တဲ့ရယ်လိုက်သည်။
" ဟုတ်ပါတယ် စောင်တွေကကောင်းပါတယ် ဒါပေမဲ့ ကျွန်မမှာတခြားပစ္စည်းတွေမရှိဘူးလေ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မကအစ်မကြီးရဲ့အကျတွေကိုပဲ ဝတ်ခဲ့ရတာ အခုချိန်ထိဂွမ်းကတ်အနွေးထည်တစ်ထည်တည်းကိုပဲ နှစ်ပေါင်းများစွာဝတ်ခဲ့ရတယ် အထဲကဝါဂွမ်းတွေဆို လိပ်ကုန်ပြီ မနွေးတော့ဘူး မြို့တော်မှာဝတ်တာတောင် နွေးနွေးထွေးထွေးမရှိဘူး အရှေ့မြောက်ပိုင်းမှာဒါကိုဝတ်ပြီးသွားရင် အေးခဲပြီးသေသွားလောက်တယ်
အဝတ်တွေကအဖာအထပ်ထပ်နဲ့ပြည့်နေပြီ ဘာပဲဖြစ်ဖြစ် အရင်ကဆိုအစ်မကြီးကကျွန်မကိုအဖာနည်းနည်းလေးပါတဲ့ အဝတ်အစားကိုတောင်မပေးဘူး အဲ့ဒီအစားသူကဖုန်ပဲအတက်ခံလိုက်မှာ ကျွန်မမှာသွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ရေဇလုံတောင်မရှိဘူး အမေကျွန်မကိုဒီအတိုင်းပဲကျေးလက်ကိုလွှတ်လိုက်တော့မှာလား? ကျွန်မကဒုက္ခသည်စခန်းကိုသွားရမှာလား?"
သူမဒီလိုပုံစံနဲ့ပြောတာကိုကြားလိုက်ရတော့ အမလုမျက်နှာမသာမယာဖြစ်သွားပြီး တစ်ခုခုပြောလိုက်ချင်ပေမဲ့ လုရှကဆက်ကာ " ကျေးလက်သွားဖို့အတွက်ထုတ်ပြန်ချက်ထုတ်တုန်းက ပညာတတ်လူငယ်ရုံးကပြန်လည်နေရာချထားကြေးတွေပေးခဲ့တာကို ကျွန်မမှတ်မိပါတယ် ယွမ်နှစ်ရာကျော်မယ်ထင်တယ် အမေ အမေ့မှာအချိန်မရှိရင် ကျွန်မကိုဒီတိုင်းပိုက်ဆံပဲပေးလိုက် ကျွန်မဘာသာပြင်ဆင်လိုက်မယ်"
လုရှပိုက်ဆံတောင်းတာကြားလိုက်ရတော့ အမေလုအထိတ်တလန့်ဖြစ်လာတော့သည်။
" နင်ကသိပ်အတွေးတိမ်တာပဲ ဒီလောက်ငွေအများကြီးကိုနင်ကိုင်တွယ်နိုင်မှာတဲ့လား? ငါနင့်အတွက်မပြင်ဆင်ပေးဘူးလို့ ဘယ်တုန်းကမှမပြောခဲ့ပါဘူး နင့်မှာရက်နည်းနည်းကျန်သေးတယ်မဟုတ်လား?
ပြီးတော့ နင့်အပြောကတော့လွယ်ပေမဲ့ ဂွမ်းကပ်အနွေးထည်လုပ်ဖို့ဆိုတာ ဝါဂွမ်းနဲ့ချည်သားတွေဝယ်ဖို့လိုတယ် ငါတို့အိမ်မှာထောက်ပံ့ရေးလက်မှတ်တွေရှိလို့လား?
ဒါပေမဲ့ ငါနင့်အစ်မကြီးကိုပြောထားပြီးပြီ အချိန်ကျလာရင် နင့်အတွက်အဝတ်ကောင်းကောင်းလေးတွေ သူ့ကိုရွေးခိုင်းလိုက်မယ်"
သူမစကားတွေကိုကြားလိုက်ရတော့ လုရှခနဲ့တဲ့တဲ့ရယ်မောလိုက်သည်။
" ဆိုတော့ အဆုံးမှာ အမေကကျွန်မအတွက်ဘာတစ်ခုမှပြင်ဆင်ပေးဖို့ မစီစဉ်ထားဘူးပေါ့? ကျေးလက်ကအခြေအနေကို အမေမသိတာလည်းမဟုတ်ဘူး ဒီနှစ်တွေမှာ ကျွန်မထမင်းတစ်နပ်ကိုပြည့်ပြည့်ဝဝမစားဖူးလို့ ကျွန်မမှာအားသိပ်မရှိဘူး အစားအစာအတွက်လဲလှယ်ဖို့ အလုပ်ရမှတ်တွေအများကြီးရှာနိုင်လောက်မှာမဟုတ်ဘူး ဒါကြောင့် ဒီငွေတွေကကျွန်မစားသောက်နေထိုင်စားရိတ်တွေဖြစ်လာမှာ
ကျွန်မကျေးလက်ကိုတခါမှမရောက်ဖူးပေမဲ့ အဲ့ဒီမှာနေရတာမလွယ်ကူမှန်းတော့သိပါတယ် အထူးသဖြင့် ဆောင်းတွင်းဆိုအရမ်းအေးတယ် အသက်တွေတောင်ဆုံးရှုံးနိုင်တယ် ကျွန်မရဲ့အသက်ဆက်မဲ့ငွေတွေနဲ့ အမေစိတ်အေးလက်အေးနေနိုင်လား?"
Zawgyi
Chapter 23 ပိုက္ဆံလိုအပ္ျခင္း
သူမထိုကဲ့သို႔ေတြးၿပီး ပိုျပင္ဆင္ထားရမယ္လို႔ခံစားလိုက္ရသည္။
ဒါေပမဲ့ သူမေမးျမန္းၾကည့္ခဲ့ရာ လက္ရွိအခ်ိန္မွာအိမ္သာသုံးစကၠဴေတြဝယ္ဖို႔ လက္မွတ္ေတြမလိုဘူးဆိုေသာ္ျငား ဝယ္ယူမႈကိုကန႔္သတ္ထားၿပီး လူတစ္ေယာက္သည္ပမာဏနည္းနည္းေလးပဲ ဝယ္ယူနိုင္ေၾကာင္းသိရွိခဲ့သည္။
ထို႔ေၾကာင့္ ေနရာအမ်ိဳးမ်ိဳးက ေထာက္ပံ့ေရးနဲ႕ေရာင္းဝယ္ေဖာက္ကားေရးသမဝါယမဆီသြားၿပီး တတ္နိုင္သမွ်အကုန္ဝယ္သြားရေပမည္။
ေမွာင္လာၿပီျဖစ္သျဖင့္ ဆက္မသြားေတာ့ပဲ မနက္ျဖန္က်မွကုန္တိုက္ကိုသြားရန္ ႀကံ႐ြယ္လိုက္သည္။ ဒီတစ္ႀကိမ္ျပန္လာၿပီးေနာက္တြင္ မိသားစုအားလုံးရွိေနေသးသည္။
အေမလုသည္သူမရဲ႕ခ်စ္လွစြာေသာအႀကီးဆုံးသမီးေလးက ေနာက္ဆုံးမွာတည္ၿငိမ္တဲ့အလုပ္တစ္ခုရသြားတာေၾကာင့္ျဖစ္မယ္ အေတာ္ေလးေပ်ာ္ေနပုံရသည္။ စားေသာက္ေနရင္းနဲ႕ သူမသမီးကိုမိတ္ဆက္ေပးခ်င္တဲ့ အလားအလာရွိတဲ့လက္တြဲေဖာ္အေၾကာင္း ေျပာျပၿပီး သူမနဲ႕ေတြ႕ေပးရန္ ေကာင္းမြန္တဲ့သူတစ္ေယာက္ေ႐ြးခ်ယ္ေပးဖို႔ ျပင္ဆင္ေနသည္။
အေဖလုသည္လည္း ရွားရွားပါးပါးသေဘာတူညီစြာ ေခါင္းညိတ္လိုက္သည္။
လုရွသည္လုခ်ိဳးေျပာခဲ့တာကို မွတ္မိလိုက္ၿပီး လုခြၽမ္ကိုၾကည့္လိုက္သည္။ လုခြၽမ္ရဲ႕မ်ကွႏွာအမူအရာသည္မူမမွန္ေပမဲ့ ဘာမွထုတ္မေျပာခဲ့ရာ သူမရဲ႕အလားအလာရွိတဲ့လက္တြဲေဖာ္နဲ႕ပတ္သတ္ၿပီး ဘာမွမသိလိုက္ရေပ။
ဒါေပမဲ့ သူမမိသားစုဝင္ေတြရဲ႕မ်က္ႏွာေတြအေပၚက ေပ်ာ္႐ႊင္မႈျပည့္ေနတဲ့အၿပဳံးေတြကို ျမင္လိုက္ရေတာ့ လုရွသည္အနည္းငယ္စိတ္မသက္မသာခံစားလိုက္ရသည္။ သူမကမၾကာခင္ေက်းလက္ကိုသြားရေတာ့မည္ဆိုတာကို သူတို႔ကေမ့ေနၾကတာျဖစ္နိုင္ေလာက္သည္။
လုရွသည္မူလကိုယ္ရဲ႕ကိုယ္စား ရွင္းျပလို႔မရေလာက္ေအာင္ မခံမရပ္နိုင္ျဖစ္သြားရသည္။
ထို႔ေၾကာင့္ သူမတစ္ခုခုကိုေတြးလိုက္မိၿပီး ခ်က္ခ်င္းေျပာလိုက္သည္။
" အေမ ကြၽန္မကေက်းလက္ကိုမၾကာခင္သြားရေတာ့မွာ ကြၽန္မအတြက္ပစၥည္းေတြျပင္ဆင္ေပးမယ္လို႔ အေမမေျပာခဲ့ဘူးလား? အဆင္သင့္ျဖစ္ၿပီလား?
တစ္လက္စတည္း မေန႕ကအေရွ႕ေျမာက္ပိုင္းမွာအရမ္းေအးတယ္လို႔ အေမေျပာခဲ့တယ္ေလ ကြၽန္မအတြက္ဂြမ္းကပ္အႏြေးထည္ထူထူတစ္ထည္ေလာက္ ျပင္ဆင္ေပးသင့္တာမဟုတ္လား?
ၿပီးေတာ့ ကြၽန္မကေလးဘဝတည္းကေနႀကီးလာတဲ့အထိ အဝတ္အစားအသစ္ေတြတစ္ခါမွမဝတ္ဖူးဘူး ဒီတစ္ေခါက္မွာ ေက်းလက္ကိုသြားၿပီးရင္ ကြၽန္မျပန္လာနိုင္ပါ့မလားမသိနိုင္ဘူး အနည္းဆုံးေတာ့ကြၽန္မအတြက္အဝတ္စားသစ္တစ္စုံေလာက္ျပင္ဆင္ေပးသင့္တယ္မလား?"
သူမစကားေတြေျပာၿပီးသြားတာနဲ႕ အိမ္ထဲခ်က္ခ်င္းဆိုသလိုတိတ္ဆိတ္ၿငိမ္သက္သြားၿပီး ခုနကအသက္ဝင္တတ္ႂကြမႈတို႔ေပ်ာက္ကြယ္သြားသည္။
အေမလုသည္သူမစကားေတြကိုၾကားလိုက္ရေတာ့ ပါးစပ္ဖြင့္လိုက္ေပမဲ့ ဘာေျပာရမွန္းမသိသျဖင့္ ေနာက္ဆုံးမွာ " နင့္ကိုေစာင္ႏွစ္ထည္ေပးမယ္လို႔ ငါမေျပာခဲ့ဘူးလား? ဒါေတြကအသစ္စက္စက္ေတြေလ"
လုရွေခါင္းညိတ္လိုက္ၿပီး " ဟုတ္ပါတယ္ ကြၽန္မသိတယ္ ဒီေစာင္ေတြအျပင္ တျခားဘာရွိေသးလဲ?"
အေမလုဆက္လက္တိတ္ဆိတ္ေနတာျမင္လိုက္ရေတာ့ လုရွအံ့အားသင့္သြားခ်င္ေယာင္ေဆာင္ၿပီး ေျပာလိုက္သည္။
" ဒီေစာင္ေတြအျပင္ အေမကြၽန္မအတြက္ဘာမွမျပင္ဆင္ထားေပးတာ မျဖစ္နိုင္ပါဘူးေနာ္ ဟုတ္တယ္မလား?"
သူမစကားေတြၾကားလိုက္ရေတာ့ အေမလုမ်က္ႏွာရွစ္ေခါက္ခ်ိဳးေျပာင္းသြားသည္။
" နင္ကတျခားဘာမ်ားလိုခ်င္ေသးလို႔လဲ? ေက်းလက္သြားတဲ့အခါ ဘယ္သူကေစာင္ေကာင္းႏွစ္ထည္ယူလာမွာလဲ?"
ထိုစကားေတြၿပီးေနာက္ လုရွခနဲ႕တဲ့တဲ့ရယ္လိုက္သည္။
" ဟုတ္ပါတယ္ ေစာင္ေတြကေကာင္းပါတယ္ ဒါေပမဲ့ ကြၽန္မမွာတျခားပစၥည္းေတြမရွိဘူးေလ ဒီႏွစ္ေတြတစ္ေလွ်ာက္လုံးမွာ ကြၽန္မကအစ္မႀကီးရဲ႕အက်ေတြကိုပဲ ဝတ္ခဲ့ရတာ အခုခ်ိန္ထိဂြမ္းကတ္အႏြေးထည္တစ္ထည္တည္းကိုပဲ ႏွစ္ေပါင္းမ်ားစြာဝတ္ခဲ့ရတယ္ အထဲကဝါဂြမ္းေတြဆို လိပ္ကုန္ၿပီ မႏြေးေတာ့ဘူး ၿမိဳ႕ေတာ္မွာဝတ္တာေတာင္ ႏြေးႏြေးေထြးေထြးမရွိဘူး အေရွ႕ေျမာက္ပိုင္းမွာဒါကိုဝတ္ၿပီးသြားရင္ ေအးခဲၿပီးေသသြားေလာက္တယ္
အဝတ္ေတြကအဖာအထပ္ထပ္နဲ႕ျပည့္ေနၿပီ ဘာပဲျဖစ္ျဖစ္ အရင္ကဆိုအစ္မႀကီးကကြၽန္မကိုအဖာနည္းနည္းေလးပါတဲ့ အဝတ္အစားကိုေတာင္မေပးဘူး အဲ့ဒီအစားသူကဖုန္ပဲအတက္ခံလိုက္မွာ ကြၽန္မမွာသြားတိုက္တံ၊ သြားတိုက္ေဆး၊ ဆပ္ျပာ၊ ေရဇလုံေတာင္မရွိဘူး အေမကြၽန္မကိုဒီအတိုင္းပဲေက်းလက္ကိုလႊတ္လိုက္ေတာ့မွာလား? ကြၽန္မကဒုကၡသည္စခန္းကိုသြားရမွာလား?"
သူမဒီလိုပုံစံနဲ႕ေျပာတာကိုၾကားလိုက္ရေတာ့ အမလုမ်က္ႏွာမသာမယာျဖစ္သြားၿပီး တစ္ခုခုေျပာလိုက္ခ်င္ေပမဲ့ လုရွကဆက္ကာ " ေက်းလက္သြားဖို႔အတြက္ထုတ္ျပန္ခ်က္ထုတ္တုန္းက ပညာတတ္လူငယ္႐ုံးကျပန္လည္ေနရာခ်ထားေၾကးေတြေပးခဲ့တာကို ကြၽန္မမွတ္မိပါတယ္ ယြမ္ႏွစ္ရာေက်ာ္မယ္ထင္တယ္ အေမ အေမ့မွာအခ်ိန္မရွိရင္ ကြၽန္မကိုဒီတိုင္းပိုက္ဆံပဲေပးလိုက္ ကြၽန္မဘာသာျပင္ဆင္လိုက္မယ္"
လုရွပိုက္ဆံေတာင္းတာၾကားလိုက္ရေတာ့ အေမလုအထိတ္တလန႔္ျဖစ္လာေတာ့သည္။
" နင္ကသိပ္အေတြးတိမ္တာပဲ ဒီေလာက္ေငြအမ်ားႀကီးကိုနင္ကိုင္တြယ္နိုင္မွာတဲ့လား? ငါနင့္အတြက္မျပင္ဆင္ေပးဘူးလို႔ ဘယ္တုန္းကမွမေျပာခဲ့ပါဘူး နင့္မွာရက္နည္းနည္းက်န္ေသးတယ္မဟုတ္လား?
ၿပီးေတာ့ နင့္အေျပာကေတာ့လြယ္ေပမဲ့ ဂြမ္းကပ္အႏြေးထည္လုပ္ဖို႔ဆိုတာ ဝါဂြမ္းနဲ႕ခ်ည္သားေတြဝယ္ဖို႔လိုတယ္ ငါတို႔အိမ္မွာေထာက္ပံ့ေရးလက္မွတ္ေတြရွိလို႔လား?
ဒါေပမဲ့ ငါနင့္အစ္မႀကီးကိုေျပာထားၿပီးၿပီ အခ်ိန္က်လာရင္ နင့္အတြက္အဝတ္ေကာင္းေကာင္းေလးေတြ သူ႕ကိုေ႐ြးခိုင္းလိုက္မယ္"
သူမစကားေတြကိုၾကားလိုက္ရေတာ့ လုရွခနဲ႕တဲ့တဲ့ရယ္ေမာလိုက္သည္။
" ဆိုေတာ့ အဆုံးမွာ အေမကကြၽန္မအတြက္ဘာတစ္ခုမွျပင္ဆင္ေပးဖို႔ မစီစဥ္ထားဘူးေပါ့? ေက်းလက္ကအေျခအေနကို အေမမသိတာလည္းမဟုတ္ဘူး ဒီႏွစ္ေတြမွာ ကြၽန္မထမင္းတစ္နပ္ကိုျပည့္ျပည့္ဝဝမစားဖူးလို႔ ကြၽန္မမွာအားသိပ္မရွိဘူး အစားအစာအတြက္လဲလွယ္ဖို႔ အလုပ္ရမွတ္ေတြအမ်ားႀကီးရွာနိုင္ေလာက္မွာမဟုတ္ဘူး ဒါေၾကာင့္ ဒီေငြေတြကကြၽန္မစားေသာက္ေနထိုင္စားရိတ္ေတြျဖစ္လာမွာ
ကြၽန္မေက်းလက္ကိုတခါမွမေရာက္ဖူးေပမဲ့ အဲ့ဒီမွာေနရတာမလြယ္ကူမွန္းေတာ့သိပါတယ္ အထူးသျဖင့္ ေဆာင္းတြင္းဆိုအရမ္းေအးတယ္ အသက္ေတြေတာင္ဆုံးရႈံးနိုင္တယ္ ကြၽန္မရဲ႕အသက္ဆက္မဲ့ေငြေတြနဲ႕ အေမစိတ္ေအးလက္ေအးေနနိုင္လား?"