Magic Hides My Man

By Nway_Nwayy

253K 14.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 24

3.9K 298 20
By Nway_Nwayy

Unicode

"တစ်ယောက်တည်း နေခဲ့လို့ ဖြစ်ပါ့မလား"

မမက ထမင်းချိုင့် ပြင်ဆင်နေရင်းက လှမ်းမေးသည်မို့ ခေါင်းညိတ်ပြလိုက်ရင်း -

"ဖြစ်ပါတယ် မမရဲ့၊ ပိုင်ခန့်ကလည်း နေ့လည်လောက် ပြန်ရောက်မယ်ပြောတယ်၊ ပြီးတော့ ကျွန်တော်လည်း သက်သာနေပါပြီ"

ပိုင်ခန့်က မနက်အစောကြီး အလုပ်ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားသည်။ ညကတည်းက မနက်ကျရင် ဆေးသောက်ဖို့ မေ့မနေနဲ့ဦး ဆိုတာရယ်၊ သူ နေ့လည်လောက် ပြန်ရောက်မယ် ဆိုတာရယ်ကို မှာထား၏။ ပိုင်ခန့်က ဗညားထွဋ်ခေါင်ထက် နှစ်နှစ်သာ ကြီးပေမယ့်၊ လူကြီးတစ်ယောက်လိုပင်။ သူ့ကိုယ်သူက လွဲပြီး မမနဲ့ ဗညားကိုဆို အရမ်းစိတ်ပူတတ်သည်။ အခုလည်း ဒဏ်ရာက ‌လုံး၀သက်သာသလောက် ဖြစ်နေပေမယ့်၊ ဆေးကို ရက်ပြည့်တဲ့အထိ အတင်းသောက်ခိုင်းနေတုန်း ဖြစ်သည်။ သူကိုယ်တိုင်ကတော့ နေ့ညမရွေး အလုပ်ရှိရင် အကုန်လုပ်ပြီး ကိုယ့်ကိုယ်ကို ဘယ်တော့မှ မညှာသော သူမျိုး။

"ကိုခန့်က မမကို သေချာမှာသွားတာ၊ ဗညား ဆေးသောက်ဖို့ မေ့နေမှာရော၊ တစ်ယောက်တည်းကျန်ခဲ့တုန်း ခေါင်းတွေဘာတွေ ပြန်မူးနေမှာရော စိုးလို့တဲ့"

"မမူးတော့ပါဘူး၊ အခု တော်တော်ကို သက်သာနေပြီ၊ ဆေးသောက်ဖို့လည်း မမေ့ပါဘူး"

"နေ့လည်စာ စားဖို့ လုပ်ပေးထားခဲ့တယ်၊ အစာလည်း ၀င်အောင်စားပြီးမှ ဆေးသောက်နော်၊ ပြီးတော့ တစ်ခုခုဖြစ်ရင် မမကို ဖုန်းဆက် ကြားလား"

"ဟုတ်ကဲ့ပါ မမရဲ့၊ စိတ်ချပါ"

မမက ထမင်းချိုင့်အိတ်ကို ယူကာ သွားဖို့ပြင်တော့မှ၊ လက်စွပ်ကိစ္စကို သတိရလိုက်ရင်း -

"မမ ... ကျွန်တော် တစ်ခုလောက် အကူညီတောင်းမလို့"

"ပြောလေ .. ဗညား"

ဗညားထွဋ်ခေါင် လက်မှာ၀တ်ထားသော လက်စွပ်အား ချွတ်လိုက်ရင်း -

"ကျွန်တော့်ကို ဒါလေး ရောင်းပေးပါလား"

မမက လက်စွပ်ကို လှမ်းကြည့်ပြီး ယူတော့ မယူချေ။

"ဘာလိုလို့လဲ ဗညားရဲ့၊ ပစ္စည်းတွေ လျှောက်မရောင်းပါနဲ့၊ တစ်ခုခုလိုတာဆို မမကိုပြောလေ၊ မဟုတ်လည်း ကိုခန့်ကို ပြောပေါ့"

"အမှန်တိုင်းပြောရရင်တော့ ကျွန်တော်လည်း သုံးဖို့ လိုတာတွေရှိလို့ပါ၊ ပြီးတော့ ပိုင်ခန့်ကိုလည်း ပြန်ပေးချင်တယ်"

"ကိုခန့်ကို ဘာပေးစရာ ရှိလို့လဲ၊ ဗညား ဒီမှာနေတဲ့အတွက် ပေးတာဆိုရင်တော့ ကိုခန့်က လက်ခံမှာမဟုတ်ဘူးနော်"

ဗညားထွဋ်ခေါင် သက်ပြင်းချမိသည်။ ထိုအချက်ကို သူသိပြီးသားပါ။ ပိုင်ခန့် ကို ပိုက်ဆံသွားပေးရင် လက်ခံမှာ မဟုတ်သလို၊ စိတ်ဆိုးရင်တောင် ဆိုးသွားနိုင်သည်။

"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဒီရက်ထဲ ပိုင်ခန့် ကုန်တာတွေလည်း များတယ်မလား၊ အလုပ်ကလည်း ပြန်ရသေးတာ မဟုတ်ဘူး"

မမက ဘာပြန်ပြောရမှန်း မသိသလို ကြည့်နေ၏။

"ပြီးတော့ ဒီလက်စွပ်က ကျွန်တော့်ပစ္စည်းပါ၊ ဘာပြဿနာမှလည်း မရှိပါဘူး"

"အဲ့ဒါကြောင့် မဟုတ်ပါဘူး၊ ကဲပါ ... ဗညား သုံးဖို့လိုတယ်ဆိုလည်း မမရောင်းကြည့်ပေးမယ်၊ ဒါပေမယ့် လက်စွပ်တန်ဖိုးက များတယ်မလား၊ အဆင်ပြေတဲ့ဆိုင် မေးကြည့်ပြီးမှ ရောင်းပေးမယ်နော်"

"ဟုတ် ရတယ် မမ၊ မမအဆင်ပြေတဲ့‌ ဈေးနဲ့သာ ရောင်းလိုက် ရတယ်သိလား"

မမက လက်စွပ်ကို မတတ်သာလို့သာ ယူလိုက်ရသလို ယူရင်း သက်ပြင်းချသည်။ ဗညားထွဋ်ခေါင်အား ပစ္စည်းတွေလျှောက်မရောင်းဖို့ ပိုင်ခန့် မှာထားတယ်ဆိုတာကို မမလည်း သိနေသည်လေ။ ဒါပေမယ့်လည်း မတတ်နိုင်။ သူ့မှာ တခြားပိုက်ဆံရနိုင်တဲ့ နည်းလမ်းမှ မရှိဘဲ။

.........

လမ်းထိပ်မှာ ကားရပ်ကာ စောင့်နေသော ရဲမြတ်ထွဋ်ခေါင်ဆီသို့ ဇာနည် လျှောက်လာခဲ့သည်။ ဒီနေ့တော့ ပြဿနာဖြစ်ချင်လည်း ဖြစ်။ တစ်ခါတည်း အပြတ်ပြောလိုက်မည် ဟု စဉ်းစားထားသည်။ ညကမှ ကိုခန့်နဲ့ ဖုန်းပြောဖြစ်ရင်း ရဲမြတ်ထွဋ်ခေါင် ဘယ်လိုပြဿနာတွေ လုပ်ထားခဲ့တယ်ဆိုတာကို သိရတာ ဖြစ်သည်။ ဒီလိုလူဆီမှာတော့ အလုပ်ဆက်မလုပ်နိုင်တော့တာကြောင့် "အလုပ် မလုပ်တော့ဘူး" ဟု မနက်ကပြောလိုက်၍ လမ်းထိပ်အထိ ရောက်လာတာ ဖြစ်သည်။

တကယ်လည်း ဘာအလုပ်မှ ရှိတယ်ရယ်လို့ မဟုတ်ဘဲ၊ သူ့အိမ်မှာ သွားထိုင်နေလိုက်၊ သူနဲ့ ဟိုနား ဒီနား လျှောက်လိုက်သွားလိုက်နှင့်၊ ပိုက်ဆံယူနေရတာလည်း မယူချင်တော့ပါ။ ပြီးတော့ သူ့ကို အလုပ်ပေးမယ်ဆိုပြီး ခေါ်ထားတာကလည်း ဘာအကြံအစည်နဲ့မှန်းမသိ။ ပိုက်ဆံချမ်းသာတဲ့လူတွေဟာ သိပ်ကြောက်ဖို့ ကောင်းသည်။ အာဏာရော၊ အင်အားရော သူတို့လက်ထဲမှာပဲ ရှိကာ လုပ်ချင်တာကို အချိန်မရွေး လုပ်နိုင်သူတွေ။

ဇာနည် ကားဘေးကို ရောက်မှ ကားမှန်တစ်ဖက်က ကျလာသည်။

"ကားပေါ်တက်"

"ကျွန်တော် အလုပ်ဆက်မလုပ်တော့ဘူးလို့ ပြောပြီးပြီလေ"

"ငါ အချိန်သိပ်မရဘူး ဇာနည်"

သူကပဲ စိတ်မရှည်တဲ့ပုံစံနဲ့ ပြောလာသော ရဲမြတ်ထွဋ်ခေါင်ကိုကြည့်ကာ ဇာနည် စိတ်ပျက်စွာ စုတ်သတ်လိုက်သည်။ ဒီလူက ပြဿနာပါပဲ။

"အချိန်မရရင် ပြန်ပါ၊ ကျွန်တော်လည်း မအားဘူး၊ ခဏနေ ဒေါ်လေးကို ဆေးခန်းပို့ပေးရဦးမယ်"

ပြောပြီး လှည့်ထွက်လာဖို့ ပြင်လိုက်တဲ့အချိန်မှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ ကားဟွန်းသံကြောင့် ဖြတ်သွားဖြတ်လာလူတွေက ရဲမြတ်ထွဋ်ခေါင်ကားထံ လှည့်ကြည့်ကြသည်။ ဇာနည် ကားဆီသို့ ပြန်လှည့်သွားလိုက်ရင်း -

"ခင်ဗျား ဘာပြောစရာ ရှိသေးလို့လဲ"

"မင်း အလုပ်မလုပ်ချင်တဲ့ အကြောင်းရင်းကို ပြော"

"ကျွန်တော် သူများအိမ်မှာ နေ့တိုင်း လာလာထိုင်ပြီး ပိုက်ဆံယူနေရတာ၊ အလုပ်မှ မဟုတ်ဘဲ၊ ပြီးတော့ အဆင်ပြေတဲ့ အလုပ်တစ်ခုကို ရှာရဦးမှာမို့လို့ အဲ့ဒီလို နေ့တိုင်းလာထိုင်မနေနိုင်ဘူး၊ ခင်ဗျား ဘာလို့ ဒီလိုလုပ်နေလဲ မသိပေမယ့် ကျွန်တော် တောင်းပန်ပါတယ်"

"မင်းက စကားအရမ်းများတာပဲ ဇာနည်"

"ခင်ဗျားမှာ အချိန်ရော ငွေရော အရမ်းပေါနေတဲ့ ပုံပဲ"

"ဟုတ်တယ်၊ အချိန်တွေ အရမ်းပိုနေတာမို့လို့ ငါမင်းအိမ်ရှေ့မှာ တနေကုန် ကားရပ်ပြီး စောင့်နေပေးမယ်၊ မင်း အားရင်ပြော"

ပြောပြီး ကားမှန်ကို ပြန်တင်ကာ၊ တကယ်ပဲ ရပ်ကွက်ထဲ ကားကို မောင်း၀င်တော့မည့် ပုံမျိုးမို့၊ ဇာနည် ကားအနားကို ကပ်သွားလိုက်ကာ မှန်ကို တစ်ချက်လောက်ထိရင်း မှန်ပြန်ချခိုင်းလိုက်ရသည်။

"ဘာလဲ ... အခု အားသွားပြီလား"

ဘာမှ ဆက်မပြောနေတော့ဘဲ တစ်ဖက်ကို လျှောက်သွားပြီး ကားထဲ၀င်ထိုင်လိုက်တော့၊ ခပ်တိုးတိုးနှင့် ရယ်နေ၏။ ဒီလူဟာ အကြံအစည်တစ်ခုခု ရှိနေတာ မဟုတ်ရင်၊ ယဉ်ယဉ်လေး ရူးနေတာပဲ ဖြစ်လိမ့်မည်။

"ပြောစရာရှိရင် မြန်မြန်ပြောပါ၊ ကျွန်တော် တကယ်မအားလို့"

"ငါပြောရမှာ မဟုတ်ဘူးလေ၊ မင်းပြောရမှာ၊ ဘာလို့ ငါ့ဆီမှာ အလုပ်မလုပ်ချင်တာလဲ ဆိုတာ"

"ကျွန်တော် ပြောပြီးပြီလေ"

"အဲ့ဒါ အကုန်မဟုတ်လောက်ပါဘူး၊ ရတယ် မင်း ပြောချင်နေတာ ရှိရင် အကုန်ပြော၊ ငါက စကားများတာကို မုန်းပေမယ့် နားထောင်ပေးလိုက်မယ်"

ဇာနည် လှည့်ကြည့်လိုက်တော့ "ပြောလေ" ဆိုသည့် သဘောမျိုးဖြင့် မေးဆတ်ပြသည်။

"ခင်ဗျား ကိုဗညားကို ဘာလုပ်လိုက်တယ်ဆိုတာ ကျွန်တော် ကြားပြီးပြီ"

ရဲမြတ်ထွဋ်ခေါင်က ဘာမှပြန်မပြောဘဲ စောစောကအတိုင်းပဲ ဆက်ကြည့်နေ၏။

"ကျွန်တော့်ကိုလည်း အလုပ်ပေးမယ်ဆိုပြီး ခေါ်ထားတာ ဘာကြောင့်မှန်းမှ မသိတာ၊ ပြီးတော့ ကိုခန့်တို့ကလည်း ကျွန်တော် ခင်ဗျားဆီမှာ အလုပ်လုပ်နေတယ်ဆိုရင် ကျွန်တော့်ကိုပါ တစ်မျိုးထင်မှာပေါ့"

စကားကိုဆုံးအောင် နားထောင်ပေးအပြီး၊ ရဲမြတ်ထွဋ်ခေါင်က ရယ်ရင်း -

"မင်းအတွေးကလည်း ကလေးဆန်လိုက်တာ၊ အေးပေါ့ ကလေးပဲကို"

ရဲမြတ်ထွဋ်ခေါင်ကိုကြည့်ကာ ခေါင်းခါလိုက်ရင်း ဘာမှ ဆက်ပြောချင်စိတ် မရှိတော့။

"မင်းအခု ငါ့ဆီမှာ အလုပ်မလုပ်ချင်တာက ဘာလို့လဲ၊ ဗညားထွဋ်ခေါင်ကြောင့်လား၊ ကိုခန့်ဆိုတဲ့ကောင် အထင်လွဲမှာ စိုးလို့လား၊ ငါက မင်းကို ဒုက္ခပေးမယ် ထင်နေလို့လား"

"အားလုံးပဲ၊ ခင်ဗျား ဒီလိုလုပ်နေတာ ကျွန်တော့်ကို ကူညီချင်လို့ ဆိုရင် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် အကူအညီမလိုဘူး"

ရဲမြတ်ထွဋ်ခေါင်က ခေါင်းညိတ်သည်။

"ဟုတ်ပြီလေ ... အလုပ် လုပ်ချင်တာ မလုပ်ချင်တာက မင်းသဘောပါ၊ ဒါပေမယ့် ငါက လူတွေကို အလကားနေ ဒုက္ခလိုက်ပေးနေတာ မဟုတ်ဘူး၊ မင်းကို ငါပြောဖူးပါတယ်၊ သူတို့နှစ်ယောက်က ငါ့အိမ်ရှေ့အထိတောင် ရောက်လာပြီး ပြဿနာကို စခဲ့တာ၊ အင်အားချင်း မမျှလို့ ငါ ဒီလောက်ပဲ တုန့်ပြန်လိုက်တာ"

"ဒီလောက်ပဲ တုန့်ပြန်လိုက်တာ" တဲ့။ ကိုခန့်က အလုပ်လက်မဲ့ ဖြစ်သွားရပြီး၊ ကိုဗညားက အရေးပေါ်ခန်းအထိ ရောက်သွားရတဲ့ ကိစ္စကို ဘာမှ မဟုတ်သလိုပြောနေသော ရဲမြတ်ထွဋ်ခေါင်အား တုန့်ပြန်ချင်စိတ် မရှိတော့ဘဲ၊ ဒီအတိုင်းသာ ငြိမ်နေလိုက်မိသည်။ သူတို့သာ ဖြစ်ချင်စိတ်ရှိရင် လူတစ်ယောက်လုံးကို သတ်ပြီးရင်တောင် အေးအေးဆေးဆေး ဖြေရှင်းလိုက်လို့ရတဲ့ လူစားမျိုးတွေပဲ။

"ပြီးတော့ မင်း သေသေချာချာ သိထားရမှာတစ်ခုက ငါအခုလုပ်နေတာတွေက မင်းကို ကူညီချင်လို့ဆိုတာပဲ၊ အဲ့ဒီအတွက် တခြားအကြောင်းပြချက်လည်း ငါ့မှာ မရှိဘူး"

"ကျွန်တော် အကူအညီမလိုဘူး" ဆိုတဲ့ စကားကိုတော့ ထပ်မပြောဖြစ်တော့ဘဲ၊ ရဲမြတ်ထွဋ်ခေါင်အား ဒီအတိုင်းပဲ ‌ကြည့်နေလိုက်သည်။ သူ့ကို ကူညီချင်တာ တစ်ခုတည်းနဲ့များ ဘာလို့ ဒီလောက်စကားတွေ အများကြီးနဲ့ ရှင်းပြနေရတာလဲဆိုတာ နားမလည်နိုင်ပေမယ့် မမေးချင်တော့။

"ငါက မင်းကို ဒါတွေဘာလို့ လာပြောပြနေတာလဲ လို့ မင်းတွေးရင် တွေးနေမှာပေါ့၊ ငါ မင်းကို ပြောပြချင်စိတ် ရှိလို့၊ ပြောပြချင်လို့ လို့ပဲ မှတ်ထားလိုက်၊ အခုတော့ မင်းကိစ္စရှိရင် သွားပါ၊ မနက်ဖြန် မနက် တွေ့တာပေါ့"

ဘာစကားမှ ပြန်ပြောမနေတော့ဘဲ ကားပေါ်ကနေ ဆင်းလာခဲ့လိုက်သည်။ အခု ရဲမြတ်ထွဋ်ခေါင်က သူ့ဆီမှာ အလုပ်မလုပ်တော့ဘူး ဆိုတာကို လက်မခံတဲ့သဘော မဟုတ်လား။ မနက်ဖြန် မနက် တွေ့ကြမယ် လို့ပြောနေသေးတာ၊ ထပ်ပြီး အလုပ်လာဆင်းခိုင်းတာပဲ မဟုတ်ဘူးလား။ ဒါနဲ့ ဇာနည်ကိုယ်တိုင်ကရော "မလာနိုင်ဘူး" လို့ ဘာလို့များ တစ်ခါတည်း မပြောခဲ့မိပါလိမ့်။

အတိုက်အခံပြောလိုက်ရင် ရဲမြတ်ထွဋ်ခေါင်က တစ်ခုခု ဒုက္ခပေးလာလိမ့်မည် ဟု ထင်နေလို့များလား။ ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးနေမိရင်း အိမ်ဘက်ကိုသာ ပြန်လျှောက်ခဲ့လိုက်တော့သည်။

.......

"မမကလဲ ဘာလို့ရောင်းပေးလိုက်တာလဲ"

ဗညားထွဋ်ခေါင်ကို ဘာမှမပြောဘဲ မမကိုသာကြည့်ပြီး အပြစ်တင်မိ၏။

"ငါအကူညီတောင်းလို့ မမကရောင်းပေးတာလေ၊ ပြီးတော့ အဲ့ဒါ ငါ့ပစ္စည်းပဲ ဘာဖြစ်လို့လဲ"

"မင်းပစ္စည်းတွေကို ရောင်းစားနေရတယ်ဆိုရင် ငါတို့ မောင်နှမက ဘာဖြစ်သွားမလဲ"

"ဘာမှ မဖြစ်ဘူးလေ၊ မင်းတို့ ယူရောင်းတာမှ မဟုတ်တာ၊ ငါ့ဟာငါ ရောင်းတာပဲ"

လက်စွပ်ကို မရောင်းပေးပါနဲ့လို့ ပြောထားရက်နဲ့ ရောင်းပေးလိုက်တဲ့ မမကို စိတ်ဆိုးပေမယ့် ကိုယ့်ထက်အကြီးဖြစ်နေတော့ ဒီထက်လည်း ပိုပြီးပြောလို့မရ။ မမကို ဖြစ်နေတဲ့ ဒေါသက အချိုးမပြေတဲ့လေသံနဲ့ လာပြောနေသော ဗညားထွဋ်ခေါင်ဆီ ဦးတည် သွားသည်။

"အဲ့ဒါဆို မင်းကိုယ်တိုင် သွားရောင်းလေ"

"ဟဲ့ ကိုခန့် .."

မမက ဆက်မပြောဖို့ ၀င်ဟန့်သည်။ ဗညားထွဋ်ခေါင်က ဘာမှ ပြန်မပြောဘဲ မျက်မှောင်ကြုံ့ပြီး ကြည့်ကာ ပိုက်ဆံထုပ်ကို မမဆီလှမ်းပေး၏။

"ဒါ မမယူထားလိုက်၊ ကျွန်တော် ဒီမှာ အလကားနေရတာ အားနာလို့"

မမက မယူဘဲ ပိုင်ခန့်ကို ကို မော့ကြည့်သည်။ ဗညားထွဋ်ခေါင် လက်ထဲက ပိုက်ဆံထုပ်ကို ဆွဲယူကာ ကြမ်းပေါ်ပစ်ချလိုက်ရင်း -

"မင်း ဘယ်လိုဖြစ်နေတာလဲ၊ ငါတို့က ပိုက်ဆံလိုတယ်လို့ ပြောလား"

"ငါ သုံးဖို့လိုလို့ လို့ ပြောပြီးပြီလေ၊ မင်းကမှ ဘာဖြစ်နေတာလဲ၊ ဒါ ပေးတာကလည်း ငါက မမကို ကျေးဇူးတင်လို့ ..."

"မလိုဘူး"

ဗညားထွဋ်ခေါင် စကားမဆုံးခင် ဖြတ်အော်လိုက်တော့ အသံတိတ်သွားရင်း ပိုင်ခန့်ကို ကို *စိတ်ရှုပ်လိုက်တာ* ဆိုသော အမူအယာနဲ့ ကြည့်သည်။

"မင်း ပိုက်ဆံပေးပြီးမှ နေချင်တယ်ဆို တခြားမှာ သွားနေ"

"ကိုခန့် ..."

"ခနလေး မမ၊ သူသိအောင် ပြောပြထားရမှာပဲ"

ဗညားထွဋ်ခေါင်က ပြောလေ ဆိုတဲ့ ပုံစံနဲ့ မေးဆတ်ပြသည်။ မမသာ ရှေ့မှာ ရှိမနေရင် ဒီကောင့်ကို ဆွဲထိုးလိုက်မိမယ်ထင်၏။

"ကိုယ်တိုင်တော့ အလုပ်တစ်ခုတောင် မလုပ်နိုင်ဘဲ ရှိတဲ့ပစ္စည်းတွေ ရောင်းစားနေရတာကို ဂုဏ်ယူနေတာလား"

"ဘာ .."

"ဟုတ်တယ်လေ၊ မင်း အိမ်ကို ပြန်အချိန်မှ ပြန်လို့ရမယ်ဆိုတာ သိလို့လား၊ အိမ်ပြန်မရောက်မချင်း အဲ့လိုရောင်းစားနေမှာလား၊ ဒါကုန်သွားရင်ရော ဘာထပ်ရောင်းပြီး သုံးဦးမှာလဲ"

ဗညားထွဋ်ခေါင် မျက်နှာပျက်သွားပေမယ့် ဘာမှ ပြန်မပြောပါ။

"အေး...၊ မင်းပစ္စည်းမို့လို့ မင်း သုံးဖို့လိုတယ်ဆိုလည်း မင်းဟာမင်း ရောင်း၊ ငါ့အမကို မရောင်းခိုင်းနဲ့၊ ပြီးတော့ မင်းပိုက်ဆံကို ငါတို့ လိုလည်း မလိုဘူး၊ အဲ့ဒါမှ အဆင်မပြေဘူးဆို နေချင်တဲ့နေရာသာ သွားနေ"

ဖြစ်နေတဲ့ ဒေါသအရှိန်ကြောင့် ပိုင်ခန့်ကို အသံက တော်တော်လေး ကျယ်သွားလိမ့်မည်။ စောစောကလို မထီမဲ့မြင် အမူအယာမျိုး မဟုတ်တော့ဘဲ၊ ဗညားထွဋ်ခေါင်က ငြိမ်ကာ ရပ်နေ၏။ မမက မျက်နှာပျက်ကာ ပိုင်ခန့်ကို ပုခုံးကို ပုတ်ရင်း စိတ်လျှော့ဖို့ ခပ်တိုးတိုး ပြောသည်။

ဗညားထွဋ်ခေါင်က ဆံပင်တွေထဲ လက်ထိုးဖွကာ သပ်တင်ရင်း တစ်ဖက်ကို လှည့်သွားသည်။ မမကလည်း ဘာပြောရမှန်းမသိဘဲ အားတုံ့အားနာနဲ့ "ကိုခန့်ကလည်း လေ" ဟု တစ်ယောက်တည်းရေရွတ်သလို ရေရွတ်နေ၏။

နှစ်မိနစ်လောက် အဲ့အတိုင်းရပ်နေပြီးမှ ဗညားထွဋ်ခေါင်က ကြမ်းပေါ်ကျနေတဲ့ ပိုက်ဆံထုပ်ကို ကောက်ယူကာ မမလက်ထဲ ထည့်သည်။ ပိုင်ခန့်ကို ရော မမပါ ဘာမှ မပြောရသေးခင် -

"ဒါက ကျွန်တော့်ကို အိမ်မှာ လက်ခံပေးထားလို့ မမကို ကန်တော့တာပါ၊ မမ ပိုက်ဆံဖြစ်သွားပြီမို့လို့ မလိုချင်ရင် လွှင့်ပစ်လိုက်လည်း ရပါတယ်"

"ဗညား ..."

ပြောပြီးပြီးချင်း အိမ်ထဲကနေ ထွက်သွားတဲ့ ဗညားထွဋ်ခေါင်က မမ လှမ်းခေါ်ပေမယ့် လှည့်မကြည့်ပါ။ ဗညားထွဋ်ခေါင် ကို လှမ်းကြည့်ကာ တောက်ခေါက်လိုက်သော ပိုင်ခန့်ကို ကို မမက ဘာမှ မပြောဘဲ အခန်းထဲသာ ၀င်သွား၏။

မမလက်ထဲက ပိုက်ဆံထုပ်ကတော့ အိမ်ရှေ့စားပွဲလေးပေါ်မှာ ကျန်ရစ်ခဲ့လေသည်။

.................................................................................

Zawgyi


"တစ္ေယာက္တည္း ေနခဲ့လို႔ ျဖစ္ပါ့မလား"

မမက ထမင္းခ်ိဳင့္ ျပင္ဆင္ေနရင္းက လွမ္းေမးသည္မို႔ ေခါင္းညိတ္ျပလိုက္ရင္း -

"ျဖစ္ပါတယ္ မမရဲ႕၊ ပိုင္ခန္႔ကလည္း ေန႔လည္ေလာက္ ျပန္ေရာက္မယ္ေျပာတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္လည္း သက္သာေနပါၿပီ"

ပိုင္ခန္႔က မနက္အေစာႀကီး အလုပ္ကိစၥတစ္ခုနဲ႔ အျပင္ထြက္သြားသည္။ ညကတည္းက မနက္က်ရင္ ေဆးေသာက္ဖို႔ ေမ့မေနနဲ႔ဦး ဆိုတာရယ္၊ သူ ေန႔လည္ေလာက္ ျပန္ေရာက္မယ္ ဆိုတာရယ္ကို မွာထား၏။ ပိုင္ခန္႔က ဗညားထြဋ္ေခါင္ထက္ ႏွစ္ႏွစ္သာ ႀကီးေပမယ့္၊ လူႀကီးတစ္ေယာက္လိုပင္။ သူ႕ကိုယ္သူက လြဲၿပီး မမနဲ႔ ဗညားကိုဆို အရမ္းစိတ္ပူတတ္သည္။ အခုလည္း ဒဏ္ရာက ‌လုံး၀သက္သာသေလာက္ ျဖစ္ေနေပမယ့္၊ ေဆးကို ရက္ျပည့္တဲ့အထိ အတင္းေသာက္ခိုင္းေနတုန္း ျဖစ္သည္။ သူကိုယ္တိုင္ကေတာ့ ေန႔ညမေ႐ြး အလုပ္႐ွိရင္ အကုန္လုပ္ၿပီး ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မညႇာေသာ သူမ်ိဳး။

"ကိုခန္႔က မမကို ေသခ်ာမွာသြားတာ၊ ဗညား ေဆးေသာက္ဖို႔ ေမ့ေနမွာေရာ၊ တစ္ေယာက္တည္းက်န္ခဲ့တုန္း ေခါင္းေတြဘာေတြ ျပန္မူးေနမွာေရာ စိုးလို႔တဲ့"

"မမူးေတာ့ပါဘူး၊ အခု ေတာ္ေတာ္ကို သက္သာေနၿပီ၊ ေဆးေသာက္ဖို႔လည္း မေမ့ပါဘူး"

"ေန႔လည္စာ စားဖို႔ လုပ္ေပးထားခဲ့တယ္၊ အစာလည္း ၀င္ေအာင္စားၿပီးမွ ေဆးေသာက္ေနာ္၊ ၿပီးေတာ့ တစ္ခုခုျဖစ္ရင္ မမကို ဖုန္းဆက္ ၾကားလား"

"ဟုတ္ကဲ့ပါ မမရဲ႕၊ စိတ္ခ်ပါ"

မမက ထမင္းခ်ိဳင့္အိတ္ကို ယူကာ သြားဖို႔ျပင္ေတာ့မွ၊ လက္စြပ္ကိစၥကို သတိရလိုက္ရင္း -

"မမ ... ကြၽန္ေတာ္ တစ္ခုေလာက္ အကူညီေတာင္းမလို႔"

"ေျပာေလ .. ဗညား"

ဗညားထြဋ္ေခါင္ လက္မွာ၀တ္ထားေသာ လက္စြပ္အား ခြၽတ္လိုက္ရင္း -

"ကြၽန္ေတာ့္ကို ဒါေလး ေရာင္းေပးပါလား"

မမက လက္စြပ္ကို လွမ္းၾကည့္ၿပီး ယူေတာ့ မယူေခ်။

"ဘာလိုလို႔လဲ ဗညားရဲ႕၊ ပစၥည္းေတြ ေလွ်ာက္မေရာင္းပါနဲ႔၊ တစ္ခုခုလိုတာဆို မမကိုေျပာေလ၊ မဟုတ္လည္း ကိုခန္႔ကို ေျပာေပါ့"

"အမွန္တိုင္းေျပာရရင္ေတာ့ ကြၽန္ေတာ္လည္း သုံးဖို႔ လိုတာေတြ႐ွိလို႔ပါ၊ ၿပီးေတာ့ ပိုင္ခန္႔ကိုလည္း ျပန္ေပးခ်င္တယ္"

"ကိုခန္႔ကို ဘာေပးစရာ ႐ွိလို႔လဲ၊ ဗညား ဒီမွာေနတဲ့အတြက္ ေပးတာဆိုရင္ေတာ့ ကိုခန္႔က လက္ခံမွာမဟုတ္ဘူးေနာ္"

ဗညားထြဋ္ေခါင္ သက္ျပင္းခ်မိသည္။ ထိုအခ်က္ကို သူသိၿပီးသားပါ။ ပိုင္ခန္႔ ကို ပိုက္ဆံသြားေပးရင္ လက္ခံမွာ မဟုတ္သလို၊ စိတ္ဆိုးရင္ေတာင္ ဆိုးသြားႏိုင္သည္။

"ကြၽန္ေတာ္ သိပါတယ္၊ ဒါေပမယ့္ ဒီရက္ထဲ ပိုင္ခန္႔ ကုန္တာေတြလည္း မ်ားတယ္မလား၊ အလုပ္ကလည္း ျပန္ရေသးတာ မဟုတ္ဘူး"

မမက ဘာျပန္ေျပာရမွန္း မသိသလို ၾကည့္ေန၏။

"ၿပီးေတာ့ ဒီလက္စြပ္က ကြၽန္ေတာ့္ပစၥည္းပါ၊ ဘာျပႆနာမွလည္း မ႐ွိပါဘူး"

"အဲ့ဒါေၾကာင့္ မဟုတ္ပါဘူး၊ ကဲပါ ... ဗညား သုံးဖို႔လိုတယ္ဆိုလည္း မမေရာင္းၾကည့္ေပးမယ္၊ ဒါေပမယ့္ လက္စြပ္တန္ဖိုးက မ်ားတယ္မလား၊ အဆင္ေျပတဲ့ဆိုင္ ေမးၾကည့္ၿပီးမွ ေရာင္းေပးမယ္ေနာ္"

"ဟုတ္ ရတယ္ မမ၊ မမအဆင္ေျပတဲ့‌ ေဈးနဲ႔သာ ေရာင္းလိုက္ ရတယ္သိလား"

မမက လက္စြပ္ကို မတတ္သာလို႔သာ ယူလိုက္ရသလို ယူရင္း သက္ျပင္းခ်သည္။ ဗညားထြဋ္ေခါင္အား ပစၥည္းေတြေလွ်ာက္မေရာင္းဖို႔ ပိုင္ခန္႔ မွာထားတယ္ဆိုတာကို မမလည္း သိေနသည္ေလ။ ဒါေပမယ့္လည္း မတတ္ႏိုင္။ သူ႕မွာ တျခားပိုက္ဆံရႏိုင္တဲ့ နည္းလမ္းမွ မ႐ွိဘဲ။

.........

လမ္းထိပ္မွာ ကားရပ္ကာ ေစာင့္ေနေသာ ရဲျမတ္ထြဋ္ေခါင္ဆီသို႔ ဇာနည္ ေလွ်ာက္လာခဲ့သည္။ ဒီေန႔ေတာ့ ျပႆနာျဖစ္ခ်င္လည္း ျဖစ္။ တစ္ခါတည္း အျပတ္ေျပာလိုက္မည္ ဟု စဥ္းစားထားသည္။ ညကမွ ကိုခန္႔နဲ႔ ဖုန္းေျပာျဖစ္ရင္း ရဲျမတ္ထြဋ္ေခါင္ ဘယ္လိုျပႆနာေတြ လုပ္ထားခဲ့တယ္ဆိုတာကို သိရတာ ျဖစ္သည္။ ဒီလိုလူဆီမွာေတာ့ အလုပ္ဆက္မလုပ္ႏိုင္ေတာ့တာေၾကာင့္ "အလုပ္ မလုပ္ေတာ့ဘူး" ဟု မနက္ကေျပာလိုက္၍ လမ္းထိပ္အထိ ေရာက္လာတာ ျဖစ္သည္။

တကယ္လည္း ဘာအလုပ္မွ ႐ွိတယ္ရယ္လို႔ မဟုတ္ဘဲ၊ သူ႕အိမ္မွာ သြားထိုင္ေနလိုက္၊ သူနဲ႔ ဟိုနား ဒီနား ေလွ်ာက္လိုက္သြားလိုက္ႏွင့္၊ ပိုက္ဆံယူေနရတာလည္း မယူခ်င္ေတာ့ပါ။ ၿပီးေတာ့ သူ႕ကို အလုပ္ေပးမယ္ဆိုၿပီး ေခၚထားတာကလည္း ဘာအၾကံအစည္နဲ႔မွန္းမသိ။ ပိုက္ဆံခ်မ္းသာတဲ့လူေတြဟာ သိပ္ေၾကာက္ဖို႔ ေကာင္းသည္။ အာဏာေရာ၊ အင္အားေရာ သူတို႔လက္ထဲမွာပဲ ႐ွိကာ လုပ္ခ်င္တာကို အခ်ိန္မေ႐ြး လုပ္ႏိုင္သူေတြ။

ဇာနည္ ကားေဘးကို ေရာက္မွ ကားမွန္တစ္ဖက္က က်လာသည္။

"ကားေပၚတက္"

"ကြၽန္ေတာ္ အလုပ္ဆက္မလုပ္ေတာ့ဘူးလို႔ ေျပာၿပီးၿပီေလ"

"ငါ အခ်ိန္သိပ္မရဘူး ဇာနည္"

သူကပဲ စိတ္မ႐ွည္တဲ့ပုံစံနဲ႔ ေျပာလာေသာ ရဲျမတ္ထြဋ္ေခါင္ကိုၾကည့္ကာ ဇာနည္ စိတ္ပ်က္စြာ စုတ္သတ္လိုက္သည္။ ဒီလူက ျပႆနာပါပဲ။

"အခ်ိန္မရရင္ ျပန္ပါ၊ ကြၽန္ေတာ္လည္း မအားဘူး၊ ခဏေန ေဒၚေလးကို ေဆးခန္းပို႔ေပးရဦးမယ္"

ေျပာၿပီး လွည့္ထြက္လာဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ ႐ုတ္တရက္ထြက္ေပၚလာတဲ့ ကားဟြန္းသံေၾကာင့္ ျဖတ္သြားျဖတ္လာလူေတြက ရဲျမတ္ထြဋ္ေခါင္ကားထံ လွည့္ၾကည့္ၾကသည္။ ဇာနည္ ကားဆီသို႔ ျပန္လွည့္သြားလိုက္ရင္း -

"ခင္ဗ်ား ဘာေျပာစရာ ႐ွိေသးလို႔လဲ"

"မင္း အလုပ္မလုပ္ခ်င္တဲ့ အေၾကာင္းရင္းကို ေျပာ"

"ကြၽန္ေတာ္ သူမ်ားအိမ္မွာ ေန႔တိုင္း လာလာထိုင္ၿပီး ပိုက္ဆံယူေနရတာ၊ အလုပ္မွ မဟုတ္ဘဲ၊ ၿပီးေတာ့ အဆင္ေျပတဲ့ အလုပ္တစ္ခုကို ႐ွာရဦးမွာမို႔လို႔ အဲ့ဒီလို ေန႔တိုင္းလာထိုင္မေနႏိုင္ဘူး၊ ခင္ဗ်ား ဘာလို႔ ဒီလိုလုပ္ေနလဲ မသိေပမယ့္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

"မင္းက စကားအရမ္းမ်ားတာပဲ ဇာနည္"

"ခင္ဗ်ားမွာ အခ်ိန္ေရာ ေငြေရာ အရမ္းေပါေနတဲ့ ပုံပဲ"

"ဟုတ္တယ္၊ အခ်ိန္ေတြ အရမ္းပိုေနတာမို႔လို႔ ငါမင္းအိမ္ေ႐ွ႕မွာ တေနကုန္ ကားရပ္ၿပီး ေစာင့္ေနေပးမယ္၊ မင္း အားရင္ေျပာ"

ေျပာၿပီး ကားမွန္ကို ျပန္တင္ကာ၊ တကယ္ပဲ ရပ္ကြက္ထဲ ကားကို ေမာင္း၀င္ေတာ့မည့္ ပုံမ်ိဳးမို႔၊ ဇာနည္ ကားအနားကို ကပ္သြားလိုက္ကာ မွန္ကို တစ္ခ်က္ေလာက္ထိရင္း မွန္ျပန္ခ်ခိုင္းလိုက္ရသည္။

"ဘာလဲ ... အခု အားသြားၿပီလား"

ဘာမွ ဆက္မေျပာေနေတာ့ဘဲ တစ္ဖက္ကို ေလွ်ာက္သြားၿပီး ကားထဲ၀င္ထိုင္လိုက္ေတာ့၊ ခပ္တိုးတိုးႏွင့္ ရယ္ေန၏။ ဒီလူဟာ အၾကံအစည္တစ္ခုခု ႐ွိေနတာ မဟုတ္ရင္၊ ယဥ္ယဥ္ေလး ႐ူးေနတာပဲ ျဖစ္လိမ့္မည္။

"ေျပာစရာ႐ွိရင္ ျမန္ျမန္ေျပာပါ၊ ကြၽန္ေတာ္ တကယ္မအားလို႔"

"ငါေျပာရမွာ မဟုတ္ဘူးေလ၊ မင္းေျပာရမွာ၊ ဘာလို႔ ငါ့ဆီမွာ အလုပ္မလုပ္ခ်င္တာလဲ ဆိုတာ"

"ကြၽန္ေတာ္ ေျပာၿပီးၿပီေလ"

"အဲ့ဒါ အကုန္မဟုတ္ေလာက္ပါဘူး၊ ရတယ္ မင္း ေျပာခ်င္ေနတာ ႐ွိရင္ အကုန္ေျပာ၊ ငါက စကားမ်ားတာကို မုန္းေပမယ့္ နားေထာင္ေပးလိုက္မယ္"

ဇာနည္ လွည့္ၾကည့္လိုက္ေတာ့ "ေျပာေလ" ဆိုသည့္ သေဘာမ်ိဳးျဖင့္ ေမးဆတ္ျပသည္။

"ခင္ဗ်ား ကိုဗညားကို ဘာလုပ္လိုက္တယ္ဆိုတာ ကြၽန္ေတာ္ ၾကားၿပီးၿပီ"

ရဲျမတ္ထြဋ္ေခါင္က ဘာမွျပန္မေျပာဘဲ ေစာေစာကအတိုင္းပဲ ဆက္ၾကည့္ေန၏။

"ကြၽန္ေတာ့္ကိုလည္း အလုပ္ေပးမယ္ဆိုၿပီး ေခၚထားတာ ဘာေၾကာင့္မွန္းမွ မသိတာ၊ ၿပီးေတာ့ ကိုခန္႔တို႔ကလည္း ကြၽန္ေတာ္ ခင္ဗ်ားဆီမွာ အလုပ္လုပ္ေနတယ္ဆိုရင္ ကြၽန္ေတာ့္ကိုပါ တစ္မ်ိဳးထင္မွာေပါ့"

စကားကိုဆုံးေအာင္ နားေထာင္ေပးအၿပီး၊ ရဲျမတ္ထြဋ္ေခါင္က ရယ္ရင္း -

"မင္းအေတြးကလည္း ကေလးဆန္လိုက္တာ၊ ေအးေပါ့ ကေလးပဲကို"

ရဲျမတ္ထြဋ္ေခါင္ကိုၾကည့္ကာ ေခါင္းခါလိုက္ရင္း ဘာမွ ဆက္ေျပာခ်င္စိတ္ မ႐ွိေတာ့။

"မင္းအခု ငါ့ဆီမွာ အလုပ္မလုပ္ခ်င္တာက ဘာလို႔လဲ၊ ဗညားထြဋ္ေခါင္ေၾကာင့္လား၊ ကိုခန္႔ဆိုတဲ့ေကာင္ အထင္လြဲမွာ စိုးလို႔လား၊ ငါက မင္းကို ဒုကၡေပးမယ္ ထင္ေနလို႔လား"

"အားလုံးပဲ၊ ခင္ဗ်ား ဒီလိုလုပ္ေနတာ ကြၽန္ေတာ့္ကို ကူညီခ်င္လို႔ ဆိုရင္ ေက်းဇူးတင္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ အကူအညီမလိုဘူး"

ရဲျမတ္ထြဋ္ေခါင္က ေခါင္းညိတ္သည္။

"ဟုတ္ၿပီေလ ... အလုပ္ လုပ္ခ်င္တာ မလုပ္ခ်င္တာက မင္းသေဘာပါ၊ ဒါေပမယ့္ ငါက လူေတြကို အလကားေန ဒုကၡလိုက္ေပးေနတာ မဟုတ္ဘူး၊ မင္းကို ငါေျပာဖူးပါတယ္၊ သူတို႔ႏွစ္ေယာက္က ငါ့အိမ္ေ႐ွ႕အထိေတာင္ ေရာက္လာၿပီး ျပႆနာကို စခဲ့တာ၊ အင္အားခ်င္း မမွ်လို႔ ငါ ဒီေလာက္ပဲ တုန္႔ျပန္လိုက္တာ"

"ဒီေလာက္ပဲ တုန္႔ျပန္လိုက္တာ" တဲ့။ ကိုခန္႔က အလုပ္လက္မဲ့ ျဖစ္သြားရၿပီး၊ ကိုဗညားက အေရးေပၚခန္းအထိ ေရာက္သြားရတဲ့ ကိစၥကို ဘာမွ မဟုတ္သလိုေျပာေနေသာ ရဲျမတ္ထြဋ္ေခါင္အား တုန္႔ျပန္ခ်င္စိတ္ မ႐ွိေတာ့ဘဲ၊ ဒီအတိုင္းသာ ၿငိမ္ေနလိုက္မိသည္။ သူတို႔သာ ျဖစ္ခ်င္စိတ္႐ွိရင္ လူတစ္ေယာက္လုံးကို သတ္ၿပီးရင္ေတာင္ ေအးေအးေဆးေဆး ေျဖ႐ွင္းလိုက္လို႔ရတဲ့ လူစားမ်ိဳးေတြပဲ။

"ၿပီးေတာ့ မင္း ေသေသခ်ာခ်ာ သိထားရမွာတစ္ခုက ငါအခုလုပ္ေနတာေတြက မင္းကို ကူညီခ်င္လို႔ဆိုတာပဲ၊ အဲ့ဒီအတြက္ တျခားအေၾကာင္းျပခ်က္လည္း ငါ့မွာ မ႐ွိဘူး"

"ကြၽန္ေတာ္ အကူအညီမလိုဘူး" ဆိုတဲ့ စကားကိုေတာ့ ထပ္မေျပာျဖစ္ေတာ့ဘဲ၊ ရဲျမတ္ထြဋ္ေခါင္အား ဒီအတိုင္းပဲ ‌ၾကည့္ေနလိုက္သည္။ သူ႕ကို ကူညီခ်င္တာ တစ္ခုတည္းနဲ႔မ်ား ဘာလို႔ ဒီေလာက္စကားေတြ အမ်ားႀကီးနဲ႔ ႐ွင္းျပေနရတာလဲဆိုတာ နားမလည္ႏိုင္ေပမယ့္ မေမးခ်င္ေတာ့။

"ငါက မင္းကို ဒါေတြဘာလို႔ လာေျပာျပေနတာလဲ လို႔ မင္းေတြးရင္ ေတြးေနမွာေပါ့၊ ငါ မင္းကို ေျပာျပခ်င္စိတ္ ႐ွိလို႔၊ ေျပာျပခ်င္လို႔ လို႔ပဲ မွတ္ထားလိုက္၊ အခုေတာ့ မင္းကိစၥ႐ွိရင္ သြားပါ၊ မနက္ျဖန္ မနက္ ေတြ႕တာေပါ့"

ဘာစကားမွ ျပန္ေျပာမေနေတာ့ဘဲ ကားေပၚကေန ဆင္းလာခဲ့လိုက္သည္။ အခု ရဲျမတ္ထြဋ္ေခါင္က သူ႕ဆီမွာ အလုပ္မလုပ္ေတာ့ဘူး ဆိုတာကို လက္မခံတဲ့သေဘာ မဟုတ္လား။ မနက္ျဖန္ မနက္ ေတြ႕ၾကမယ္ လို႔ေျပာေနေသးတာ၊ ထပ္ၿပီး အလုပ္လာဆင္းခိုင္းတာပဲ မဟုတ္ဘူးလား။ ဒါနဲ႔ ဇာနည္ကိုယ္တိုင္ကေရာ "မလာႏိုင္ဘူး" လို႔ ဘာလို႔မ်ား တစ္ခါတည္း မေျပာခဲ့မိပါလိမ့္။

အတိုက္အခံေျပာလိုက္ရင္ ရဲျမတ္ထြဋ္ေခါင္က တစ္ခုခု ဒုကၡေပးလာလိမ့္မည္ ဟု ထင္ေနလို႔မ်ားလား။ ကိုယ့္ကိုယ္ကို ေမးခြန္းေတြ ျပန္ေမးေနမိရင္း အိမ္ဘက္ကိုသာ ျပန္ေလွ်ာက္ခဲ့လိုက္ေတာ့သည္။

.......

"မမကလဲ ဘာလို႔ေရာင္းေပးလိုက္တာလဲ"

ဗညားထြဋ္ေခါင္ကို ဘာမွမေျပာဘဲ မမကိုသာၾကည့္ၿပီး အျပစ္တင္မိ၏။

"ငါအကူညီေတာင္းလို႔ မမကေရာင္းေပးတာေလ၊ ၿပီးေတာ့ အဲ့ဒါ ငါ့ပစၥည္းပဲ ဘာျဖစ္လို႔လဲ"

"မင္းပစၥည္းေတြကို ေရာင္းစားေနရတယ္ဆိုရင္ ငါတို႔ ေမာင္ႏွမက ဘာျဖစ္သြားမလဲ"

"ဘာမွ မျဖစ္ဘူးေလ၊ မင္းတို႔ ယူေရာင္းတာမွ မဟုတ္တာ၊ ငါ့ဟာငါ ေရာင္းတာပဲ"

လက္စြပ္ကို မေရာင္းေပးပါနဲ႔လို႔ ေျပာထားရက္နဲ႔ ေရာင္းေပးလိုက္တဲ့ မမကို စိတ္ဆိုးေပမယ့္ ကိုယ့္ထက္အႀကီးျဖစ္ေနေတာ့ ဒီထက္လည္း ပိုၿပီးေျပာလို႔မရ။ မမကို ျဖစ္ေနတဲ့ ေဒါသက အခ်ိဳးမေျပတဲ့ေလသံနဲ႔ လာေျပာေနေသာ ဗညားထြဋ္ေခါင္ဆီ ဦးတည္ သြားသည္။

"အဲ့ဒါဆို မင္းကိုယ္တိုင္ သြားေရာင္းေလ"

"ဟဲ့ ကိုခန္႔ .."

မမက ဆက္မေျပာဖို႔ ၀င္ဟန္႔သည္။ ဗညားထြဋ္ေခါင္က ဘာမွ ျပန္မေျပာဘဲ မ်က္ေမွာင္ၾကဳံ႕ၿပီး ၾကည့္ကာ ပိုက္ဆံထုပ္ကို မမဆီလွမ္းေပး၏။

"ဒါ မမယူထားလိုက္၊ ကြၽန္ေတာ္ ဒီမွာ အလကားေနရတာ အားနာလို႔"

မမက မယူဘဲ ပိုင္ခန္႔ကို ကို ေမာ့ၾကည့္သည္။ ဗညားထြဋ္ေခါင္ လက္ထဲက ပိုက္ဆံထုပ္ကို ဆြဲယူကာ ၾကမ္းေပၚပစ္ခ်လိုက္ရင္း -

"မင္း ဘယ္လိုျဖစ္ေနတာလဲ၊ ငါတို႔က ပိုက္ဆံလိုတယ္လို႔ ေျပာလား"

"ငါ သုံးဖို႔လိုလို႔ လို႔ ေျပာၿပီးၿပီေလ၊ မင္းကမွ ဘာျဖစ္ေနတာလဲ၊ ဒါ ေပးတာကလည္း ငါက မမကို ေက်းဇူးတင္လို႔ ..."

"မလိုဘူး"

ဗညားထြဋ္ေခါင္ စကားမဆုံးခင္ ျဖတ္ေအာ္လိုက္ေတာ့ အသံတိတ္သြားရင္း ပိုင္ခန္႔ကို ကို *စိတ္႐ႈပ္လိုက္တာ* ဆိုေသာ အမူအယာနဲ႔ ၾကည့္သည္။

"မင္း ပိုက္ဆံေပးၿပီးမွ ေနခ်င္တယ္ဆို တျခားမွာ သြားေန"

"ကိုခန္႔ ..."

"ခနေလး မမ၊ သူသိေအာင္ ေျပာျပထားရမွာပဲ"

ဗညားထြဋ္ေခါင္က ေျပာေလ ဆိုတဲ့ ပုံစံနဲ႔ ေမးဆတ္ျပသည္။ မမသာ ေ႐ွ႕မွာ ႐ွိမေနရင္ ဒီေကာင့္ကို ဆြဲထိုးလိုက္မိမယ္ထင္၏။

"ကိုယ္တိုင္ေတာ့ အလုပ္တစ္ခုေတာင္ မလုပ္ႏိုင္ဘဲ ႐ွိတဲ့ပစၥည္းေတြ ေရာင္းစားေနရတာကို ဂုဏ္ယူေနတာလား"

"ဘာ .."

"ဟုတ္တယ္ေလ၊ မင္း အိမ္ကို ျပန္အခ်ိန္မွ ျပန္လို႔ရမယ္ဆိုတာ သိလို႔လား၊ အိမ္ျပန္မေရာက္မခ်င္း အဲ့လိုေရာင္းစားေနမွာလား၊ ဒါကုန္သြားရင္ေရာ ဘာထပ္ေရာင္းၿပီး သုံးဦးမွာလဲ"

ဗညားထြဋ္ေခါင္ မ်က္ႏွာပ်က္သြားေပမယ့္ ဘာမွ ျပန္မေျပာပါ။

"ေအး...၊ မင္းပစၥည္းမို႔လို႔ မင္း သုံးဖို႔လိုတယ္ဆိုလည္း မင္းဟာမင္း ေရာင္း၊ ငါ့အမကို မေရာင္းခိုင္းနဲ႔၊ ၿပီးေတာ့ မင္းပိုက္ဆံကို ငါတို႔ လိုလည္း မလိုဘူး၊ အဲ့ဒါမွ အဆင္မေျပဘူးဆို ေနခ်င္တဲ့ေနရာသာ သြားေန"

ျဖစ္ေနတဲ့ ေဒါသအ႐ွိန္ေၾကာင့္ ပိုင္ခန္႔ကို အသံက ေတာ္ေတာ္ေလး က်ယ္သြားလိမ့္မည္။ ေစာေစာကလို မထီမဲ့ျမင္ အမူအယာမ်ိဳး မဟုတ္ေတာ့ဘဲ၊ ဗညားထြဋ္ေခါင္က ၿငိမ္ကာ ရပ္ေန၏။ မမက မ်က္ႏွာပ်က္ကာ ပိုင္ခန္႔ကို ပုခုံးကို ပုတ္ရင္း စိတ္ေလွ်ာ့ဖို႔ ခပ္တိုးတိုး ေျပာသည္။

ဗညားထြဋ္ေခါင္က ဆံပင္ေတြထဲ လက္ထိုးဖြကာ သပ္တင္ရင္း တစ္ဖက္ကို လွည့္သြားသည္။ မမကလည္း ဘာေျပာရမွန္းမသိဘဲ အားတုံ႔အားနာနဲ႔ "ကိုခန္႔ကလည္း ေလ" ဟု တစ္ေယာက္တည္းေရ႐ြတ္သလို ေရ႐ြတ္ေန၏။

ႏွစ္မိနစ္ေလာက္ အဲ့အတိုင္းရပ္ေနၿပီးမွ ဗညားထြဋ္ေခါင္က ၾကမ္းေပၚက်ေနတဲ့ ပိုက္ဆံထုပ္ကို ေကာက္ယူကာ မမလက္ထဲ ထည့္သည္။ ပိုင္ခန္႔ကို ေရာ မမပါ ဘာမွ မေျပာရေသးခင္ -

"ဒါက ကြၽန္ေတာ့္ကို အိမ္မွာ လက္ခံေပးထားလို႔ မမကို ကန္ေတာ့တာပါ၊ မမ ပိုက္ဆံျဖစ္သြားၿပီမို႔လို႔ မလိုခ်င္ရင္ လႊင့္ပစ္လိုက္လည္း ရပါတယ္"

"ဗညား ..."

ေျပာၿပီးၿပီးခ်င္း အိမ္ထဲကေန ထြက္သြားတဲ့ ဗညားထြဋ္ေခါင္က မမ လွမ္းေခၚေပမယ့္ လွည့္မၾကည့္ပါ။ ဗညားထြဋ္ေခါင္ ကို လွမ္းၾကည့္ကာ ေတာက္ေခါက္လိုက္ေသာ ပိုင္ခန္႔ကို ကို မမက ဘာမွ မေျပာဘဲ အခန္းထဲသာ ၀င္သြား၏။

မမလက္ထဲက ပိုက္ဆံထုပ္ကေတာ့ အိမ္ေ႐ွ႕စားပြဲေလးေပၚမွာ က်န္ရစ္ခဲ့ေလသည္။

.................................................................................

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
366K 37.3K 52
I will love you unconditionally ~~~
6K 253 11
Kit had come up with a ridiculous plan to impress her nieces.
787K 7.9K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍