မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

203K 33.8K 985

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

022: အပြင်ထွက်စားမယ်

1.4K 252 5
By XiaoManTou96

Unicode

ဟဲကျင့် ရဲ့ သဘောသဘာဝအရ တစ်ဖက်လူက သူ့အကူအညီကို ပြောင်ပြောင်တင်းတင်း ကမ်းလှမ်းလာရင်  ငြင်းဖို့ရန် အားနာတတ်သည်။ ထို့ကြောင့် အနည်းငယ် တောင့်တင်းသော လှုပ်ရှားမှုဖြင့်  ဟဲကျင့် သည် သူ့ကိုယ်သူ ချင်ယွီ၏ နောက်ကျောပေါ်သို့ မှီချလိုက်သည်။လည်ပင်းကို ဖက်ထားရတာ ရှက်လွန်းဖြင့် လက်ကို တစ်ဖက်လူရဲ့ ပခုံးပေါ်တွင်သာ တင်ထားလိုက်သည်။

အပြင်ဘက်တွင်တော့  ချင်ယွီ ၏အသွင်အပြင်သည် ပိန်ပိန်ပါးပါးနှင့် လိုက်လျောညီထွေဖြစ်နေပုံရသော်လည်း ယခုအခါ တွင်တော့ ထိုသူ့မှာ  ပခုံးကျယ်များရှိနေကြောင်း ဟဲကျင့် မထင်မှတ်ပဲ သိလိုက်ရသည်။၊ ဒီလိုအေးတဲ့နေ့မှာ တောင် ဒီကောင်လေးက သူ့ရဲ့ ယူနီဖောင်းနဲ့ ဂျာကင်ကို ပဲ  ၀တ်ထားခဲ့သည်။

"မြဲမြဲကိုင်ထား။" ချင်ယွီ၏ လက်များက ဟဲကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာကာ ပေါ့ပေါ့လေးပင် ကုန်းပိုးလိုက်သည်။

သူ့ရဲ့ ဖျားနာနေမူကြောင့်  ချင်ယွီ၏ လုပ်ရပ်သည် ချဲ့ကားသည်ဟု မည်သူမျှ မထင်ခဲ့ပေ။ ဟုန်တုန်ယွမ်  နှင့် ရှန် သည်ပင်  စိတ်အားထက်သန်မှုအနည်းငယ်ရှိနေသလို သာ တွေးခဲ့ကြသည်။

ဟဲကျင့်သည်သာ စိတ်လှုပ်ရှားကာ စိတ်အနှောင့်အယှက် ဖြစ်သည် ဟု ခံစားနေရတာပင်.....

သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည် အကယ်၍ အားနည်းပြီး အားကိုးရာမဲ့နေ လျှင်တောင် သူတပါးအား ဤမျှလောက် အားကိုးရန် မတွေးခဲ့မိပေ။ ပြီးတော့ သူ့ဂျူနီယာ ဆီကနေသူ့ကို ဒီလောက် ဂရုတစိုက် ဆက်ဆံခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလို့!

ဆောင်းရာသီနီးနေပြီမို့ အပြင်မှာ လေပြင်းတွေတိုက်ပြီး အပူချိန်က ဒီဂရီများစွာ ကျဆင်းသွားသည်။ ဟုန်တုန်ယွမ် က သူအရင်က ယူလာခဲ့တဲ့ အဝတ်အစားတွေကို ဟဲကျင့် ရဲ့ကျောပေါ် တင်ပေးလိုက်ကာ  သူတို့အားလုံး အိပ်ဆောင်ဆီသို့ လျှောက်သွားကြတော့သည်။

ဟဲကျင့်  သည် ချင်ယွီ ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး မနေ့ညက ရေကန်ခရီးစဉ်ကို ပြန်တွေးမိသွား၏။ ချင်ယွီသည် ထိုအချိန်က လူတိုင်းအတွက် အစားအစာများအတွက် ကုန်ကျစရိတ်ကို ပေးဆောင်ရန် ကမ်းလှမ်းခဲ့ဖူးသောကြောင့် ဤလူသည် အမှန်တကယ်ပင် ကိုယ်ကျိုးမဖက်သော လူတစ်ဦးဖြစ်နေပုံရသည်။

ဟဲကျင့် သည် ယခု ချင်ယွီ နှင့် အနည်းငယ် ပိုရင်းနှီးလာသည်ဟု ခံစားမိသည်။

ချင်ယွီသည် အိပ်ဆောင်သို့ ရောက်သည်အထိ ဟဲကျင့်ကို သယ်ဆောင်သွားခဲ့သည်။

"ဘယ်ဖက် ဘယ်ဖက် အခန်း 306A!"

ဟုန်တုန်ယွမ် က သူတို့ကို အနောက်ကနေ ညွှန်ကြားလေသည်။

"ငါ့ကို ချလိုက်ပါ ငါနိုင်..."

ဟဲကျင့် က သူ့ဘာသာသူ လမ်းလျှောက်ဖို့ တောင်းဆိုချင်ပေမယ့် ချင်ယွီ က သူ့ကို ခွင့်မပြုခဲ့ပေ။ အရပ်ရှည်ရှည်လူက "မင်း ဗုဒ္ဓကို ပို့ဆောင်ချင်ရင် အနောက်ဖက်ကို ရောက်တဲ့ အထိ အဆုံးထိပို့ရမယ်" ဆိုပြီး စကားတစ်ခွန်းသာ ပြောပြီး အခန်းထဲ သို့ တိုက်ရိုက်သာ ကျောပိုး ပြီးခေါ်သွားတော့သည်။

ရှန် လည်း သူတို့နောက်ကို လိုက်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကာ  "မင်းတို့ ရဲ့ အိပ်ဆောင်က တကယ်သန့်တာပဲ!"

ဟုန်တုန်ယွမ် က သူ့ခေါင်းနောက်ကို ကုတ်ကာပြောလိုက်သည်။

" ဟဲကျင့်ကော က ဒီအခန်းကို ပုံမှန်သန့်ရှင်းရေးလုပ်တာကိုပဲ ကျေးဇူးတင်ရမယ်  သူက သန့်ရှင်းသပ်ရပ်တာကို ကြိုက်တယ်လေ  အိပ်ဆောင် ရှုပ်ပွနေရင် သူမကြိုက်ဘူး"

ရှန် ၏မျက်နှာတွင် မနာလိုမှုအရိပ်အမြွက်ပြနေသည်။

"ငါ့အခန်းထဲမှာ ငါ့အခန်းဖော်တွေက ခေါက်ဆွဲခြောက်ခွက်တွေကို ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ ထားလေ့ရှိပြီး စွန့်ပစ်ဖို့ ဘယ်သူကမှ အစပြုမှာမဟုတ်ဘူး..."

ဟုန်တုန်ယွမ် : "မင်းတို့နှစ်ယောက် က အတူတူမနေဘူးလား?"

ရှန်: "ဟားဟား မနေဘူးလေ ချင်ယွီ က ဒုတိယနှစ် ကျောင်းသားဖြစ်နေတုန်းပဲ"

ချင်ယွီသည် သူ၏ စမတ်လက်ပတ်ကို ကြည့်လိုက်ရာ ကိုးနာရီထိုးခါနီးနေပြီဖြစ်သည်။ အရင်က ဆို ညစာသွားစားရင် အားကျင့် ရဲ့ အွန်လိုင်းအချိန်တွေကို လွတ်သွားမှာကို အရမ်းစိုးရိမ်ခဲ့ရပေမယ့် အခုအချိန်မှာ တော့ အားကျင့် က သူ့ရှေ့မှာ ရပ်နေတာကြောင့် စိုးရိမ်စရာမရှိတော့ပေ။

သူက ဟဲကျင့် ကို ပြောလိုက်သည်။

"ဒီည စောစော အနားယူပြီး ဆေးသောက်ဖို့ မမေ့နဲ့နော်...ငါ့ ဆဲလ်ဖုန်းနံပါတ်ကို ဒီမှာထားခဲ့မယ် ဒါကြောင့် မင်းအကူအညီလိုရင် ငါ့ကို ဖုန်းဆက်လိုက်ပါ"

ချင်ယွီ က အရင်မပြောခဲ့ဘူးဆိုရင်တောင် ဟဲကျင့် က သူ့နံပါတ်ကို မေးဖို့ကြံရွယ်ပြီးသားပင်။တစ်ချိန်တော့ သူ့တိုကို ထမင်းစားဖို့  ဖိတ်မယ်လို့ ပြောခဲ့ကာ  ဟဲကျင့်  က သူ့ကတိကို ပြန်ရုတ်သိမ်းမည့်လူမျိုး မဟုတ်ပါ။

ချင်ယွီ နဲ့  ရှန် ထွက်သွားပြီးနောက် ဟုန်တုန်ယွမ် သည် ချင်ယွီ ကို ချီးကျူးစကားဆိုခဲ့သည် ။

" ချင်ယွီ ဒီကောင်လေးက အရပ်ရှည်ပြီးရုပ်ချောရရုံတင်မကဘဲသဘောလဲကောင်းတယ်ဟ သူ့ကို သဘောကျတဲ့ မိန်းကလေးတွေ အများကြီးရှိမယ်လို့ ထင်တယ်။"

ဟဲကျင့် က ပြုံးကာ "သူက ငါတို့ကျောင်းရဲ့ idol ပဲလေ.."

ဟုန်တုန်ယွမ် သည် ကျောင်းသားသမဂ္ဂနှင့် အဆက်အစပ်ရှိနေသည့် ဟဲကျင့် နှင့် မတူသောကြောင့် အတင်းအဖျင်းစကားများကို ရံဖန်ရံခါ နားထောင်နိုင်သည်။ အိုး မဟုတ်သေးဘူး ဟုန်တုန်ယွမ် ရဲ့ နားနဲ့ နှလုံးသားဟာ သူ့ရဲ့ အိုတာကု ဘဝနေထိုင်မှုပုံစံအတွက်ပဲ မြှုပ်နှံထားတာဖြစ်သည်။

ဟုန်တုန်ယွမ်: "အိုး ဒီ 'ကျောင်း idol' ဆိုတဲ့ ခေါင်းစဉ်က ရိုးရိုးရှင်းရှင်းနဲ့ ကွက်တိဖြစ်နေရောပဲ အာ..."

ဟဲကျင့် က သူ့ကုတင်ပေါ် လှဲချလိုက်ပြီးပြောလိုက်သည်။

"မင်းလဲ သူ ချောတယ်လို့ ထင်တာလား?"

ဟုန်တုန်ယွမ် က ဟဲကျင့် ကို အထူးအဆန်းလို  ကြည့်လေသည်။

" ချောလား ? သူ့မျက်နှာက သရုပ်ဆောင်တစ်ယောက်ရဲ့ မျက်နှာနဲ့ နှိုင်းယှဉ်လိုတောင်ရတယ်ဟ!  မိန်းမချော ချောတာ မဟုတ်ဘူး အခုခေတ်မှာ ရုပ်ရည်ချောမောတဲ့သရုပ်ဆောင် ယောကျာ်းလေးတွေတော်တော်များများ က ချစ်စရာကောင်းပြီး ချောမောလှပတဲ့ ပုံစံမျိုးလေးတွေချည်း..."

ဟဲကျင့် က ဟုန်တုန်ယွမ် ဖက် ကို လှည့်လိုက်သည်။

"ဒီအရာတွေအတွက် ငါ ကနည်းနည်း မျက်စိကန်းနေသလိုပဲ အထူးသဖြင့် သူက ရုပ်ချောတယ် လို့ မထင်ဘူး။ ဒါပေမယ့် သူ့မှာ အရမ်းပြင်းထန်တဲ့ ရောင်ဝါရှိတယ် အထူးသဖြင့် သူ့မျက်လုံးတွေက တခြားသူတွေနဲ့ တစ်နည်းတစ်ဖုံ ကွဲပြားနေတယ်လို့ ငါထင်တယ်..."

ထိုစကားကိုပြောပြီးနောက် ဟဲကျင့် သည် ယနေ့အွန်လိုင်းပေါ်တက်လာရန် မီး ကို ကတိပေးထားကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ သူ့အဖျားကြောင့် တနေကုန် အိပ်ပျော်နေတော့ အဲဒါကို မေ့လုနီးနီးပင် ။ ဟဲကျင့် က သူ့ဂျာကင်ကို အမြန်ဝတ်ပြီး အိပ်ရာကနေ ထလိုက်သည်။

ဟုန်တုန်ယွမ်: "မင်းဘာလုပ်နေတာလဲ?"

ဟဲကျင့်  က သူ့ကွန်ပြူတာကိုဖွင့်ပြီး "ဒီည ဂိမ်းထဲမှာ အွန်လိုင်းပေါ်တက်ခဲ့မယ် လို့သူငယ်ချင်းတစ်ယောက်ကို ကတိပေးခဲ့တာ ဒါပေမယ့် ငါဖျားပြီး မေ့လုနီးပါးဖြစ်သွားလို့"

ဟုန်တုန်ယွမ်: "..."

အွန်လိုင်းပေါ်ရောက်တာနဲ့ ဟဲကျင့်  က သူ့သူငယ်ချင်းစာရင်းကို ချက်ချင်းဖွင့်ကြည့်လိုက်တော့ မီး မလာသေးတာကို တွေ့လိုက်ရသည်။

သူ့အဆင့်ကို ကြည့်လိုက်တော့ သူက အဆင့် 4 နတ်အိမ်မွေးတိရိစ္ဆာန်  ဖြစ်နေပြီ ဖြစ်သည်။ မီးသည် နေ့ဘက်တွင် လေ့ကျင့်ရန် ကူညီပေးထားပုံရသည်။ ထို့နောက် ဟဲကျင့်  သည် သူ့ရဲ့ သိုလှောင် ခန်းထဲ ကို ကြည့်လိုက်သည်။

၎င်းကို စနစ်တကျ စီ ထားကာ ယခင်က မမြင်ဖူးသော အရာများလည်း ရှိခဲ့သည်- အချို့သော ဆေးဝါးများ၊ ကိရိယာများနှင့် မီးရှူးမီးပန်း အသေးသုံးလုံး။

တစ်ဖန် ဟဲကျင့် ၏ နှလုံးသားသည် အပြစ်အနာအဆာများဖြင့် ပြည့်နှက်လာသည်။ မီး ၏ အမည် ကို ထောက်ကာ အော့ဖ်လိုင်းမက်ဆေ့ချ်ပို့ရန် ကြိုးစားခဲ့သည်။

နတ်သမီးလေးကျင့်: "တောင်းပန်ပါတယ် ဒီနေ့ ကိစ္စတစ်ခု ဖြစ်သွားလို့ ငါ့မှာ အွန်လိုင်းလာဖို့ အချိန်မရှိလိုက်ဘူး ဖုန်းရှိလား..."

ဟဲကျင့် သည် ထိုနေရာတွင် ခေတ္တရပ်လိုက်သည်။သူ သူ့ဖုန်းနံပါတ်ကို မီး ကို မပေးချင်ပေ။ သူစဉ်းစားပြီး နောက်ဆုံးတွင် ME ၏အကောင့်အသစ်အတွက်လျှောက်ထားရန် ၎င်း၏စမတ်လက်ပတ်ကိုအသုံးပြုခဲ့သည်။

ME သည် WeChat နှင့်ဆင်တူသော လူမှုစကားပြောဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ME တွင် လူများသည် စာတိုပေးပို့ခြင်း အသံစာတိုများ ပေးပို့နိုင်ပြီး အခြားသူများကိုလည်း အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်လေသည်။ ၎င်းသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း တက္ကသိုလ်ကျောင်းသားများကြားတွင် အမှန်တကယ် ရေပန်းစားလာခဲ့သည်။

ဟဲကျင့် သည် ယခင်က အကောင့်တစ်ခုရှိခဲ့သော်လည်း ဤအက်ပ်မှလာသော မက်ဆေ့ချ်များကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေလိုသောကြောင့် ၎င်းကို အမြန်စွန့်ပစ်ခဲ့သည်။ ထို့ကြောင့် မီး နှင့် ဆက်သွယ်ရန်အတွက် အကောင့်အသစ်တစ်ခု ပြုလုပ်ရမည်ပင်။

ဟဲကျင့် သည် မီးကို ပို့ရန် ရိုက်ထားသော စာကို ပြင်လိုက်တော့၏။

နတ်သမီးလေးကျင့် : မင်းမှာ ME ရှိလား? ဒါ ငါရဲ့ အကောင့်နာမည်- ahjin00 မင်းမှာ အကောင့်ရှိရင် ငါ့ကို အပ် လိုက်နော်"

——————————————–

ချင်ယွီသည် သူ၏အဆောင်ခန်းသို့ ပြန်သွားသောအခါတွင် ဟဲကျင့် သည် ယနေ့ညတွင် ဂိမ်းမကစားတော့လောက်ဘူးဟု တွေးမိသောကြောင့် သူလည်း အွန်လိုင်းတက်ရန် စိတ်မ၀င်စားခဲ့ပေ။

သူသည် အိပ်ယာပေါ်တွင် လှဲချလိုက်ပြီး ဟဲကျင့် အပေါ် ထင်မြင်ယူဆချက်များနှင့် သူစုဆောင်းထားသော သဲလွန်စအားလုံးကို အသေအချာ ချိတ်ဆက်လိုက်သည်။ ခြွင်းချက်မရှိဟု အတည်ပြုပြီးနောက်တွင် သူသည် ပျော်ရွှင်စွာ ပြုံးကာ တွေးလိုက်သည်။

အားကျင့် က ယောကျ်ားလေး ဖြစ်နေခဲ့တာကိုး အဲ့ဒါကြောင့် ငါ လက်တွေ့ဘဝမှာပါ ဆက်ဆံရေးကို တည်ဆောက်ချင်တယ်ပြောတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားတာ အံဩစရာတော့မဟုတ်ဘူး။သူ က ဓာတ်အားပြတ်တောက်သွားတယ်ဆိုပြီးတော့တောင် ဆင်ခြေပေးခဲ့သေး....

ဟမ့် ချင်ယွီ သည် ထိုညက အိပ်ဆောင်တွင် ဓာတ်အားပြတ်တောက်သွားသည်ကို မတွေ့ခဲ့ပေ။

အဲ့ဒါ လိမ်တာ မှန်း အသိအသာကြီး အရူးလေး!!!!

ဒါပေမယ့် ချင်ယွီ က နောက်ဆုံးတော့ ဟဲကျင့် ဟာ သူ့ရဲ့အွန်လိုင်းဘဝကို လက်တွေ့ဘဝနဲ့ မချည်နှောင်ထားချင်ခဲ့တာ ဘာကြောင့်လဲဆိုတာ သူနားလည်လာခဲ့သည်...။

သူသည် ယောက်ျားတစ်ယောက်ဖြစ်သောကြောင့်ပင် အွန်လိုင်းကပင် ဖြစ်ပါစေ ရှစ်နှစ်ကြာအောင်စောင့်ခဲ့ရသည်ဟုဝန်ခံသော အခြားလူတစ်ဦးနှင့်တွေ့ရန် အဆင်မပြေဖြစ်မည်ထင်သည်။

ဒါပေမယ့် သူ့လိင်အစစ်အမှန်ကို ငါ့ကို ဘာလို့ တစ်ခါမှ ဝန်မခံတာလဲ? သူဘာလို့ ငါနဲ့ ဒီအိမ်ထောင်ရေးဆက်ဆံရေးကို ဆက်လုပ်နေတာလဲ?

ချင်ယွီ က ဟဲကျင့် ဘာတွေတွေးနေလဲဆိုတာကို သူရဲ့ခေါင်းကိုဖွင့်ကြည့်ဖို့ ကြိုးစားချင်စိတ်တောင်နည်းနည်းရှိလာသလိုပဲ...

ပြန်တွေးကြည့်တော့ ဟဲကျင့် က သူ့ကို "ယောကျ်ား" လို့ နှစ်ရက်အတွင်း ခေါ်မယ်လို့ ကတိပေးခဲ့သေးတယ် သူတကယ်လုပ်လောက်လား?

ချင်ယွီ၏ မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။ ဟဲကျင့် နောက်ကျ ဘယ်လို အမူအရာမျိုးပြမလဲ ဆိုသည့် အကြောင်းတွေးရင်းချင်ယွီ၏ အပြုံးတွေက ပိုမိုတောက်ပလာတော့သည်။

အဲဒါက အနေခက်နေတဲ့အမူရာဖြစ်မလား? ရှက်ရွံ့နေတဲ့ အမူအရာလေးလား?
သေချာတာကတော့ သူရှက်သွားလိမ့်မယ်!!!!

————————————————

နောက်တစ်နေ့ နေ့လည်ပိုင်းတွင် ချင်ယွီသည် ဂိမ်းထဲသို့ ဝင်သွားသည်။ ဟဲကျင့် ဟာ မနေ့ညက အွန်လိုင်းပေါ်ရောက်လာတာကို ချက်ချင်းသိလိုက်ရပြီး အရမ်းအံ့ဩသွားတော့သည်။
သူတကယ်နေမကောင်းဖြစ်နေပေမယ့် မက်ဆေ့ချ်ပို့ဖို့ သတိရတုန်းပဲ...

ချင်ယွီ သည် ME အကောင့်ကို ဆောလျင်စွာ ဖန်တီးပြီး ahjin00 ကို ရှာဖွေခဲ့သည်။ သူတွေ့လိုက်ရတာက သူ့ကို အူတက်အောင် ရယ်စေခဲ့ တော့သည်။

သူတကယ်ကို ဖာရက်ရဲ့ ခေါင်းပုံကို သူ့ရဲ့ကိုယ်ပွါးပုံအဖြစ် အသုံးပြုနေတယ်ဟ

ချင်ယွီ က ပြုံးပြီး သူ့ဆီ သူငယ်ချင်း တောင်းဆိုချက် ပို့လိုက်သည့်အခါ နှစ်စက္ကန့်မပြည့်မီတွင် လက်ခံခဲ့သည်။

မီး : "မိန်းမ ~"

[T/N ရှင် ယောကျ်ား🤭]

အားကျင့်: "..."

မီး : "မနေ့က မင်းကိုစောင့်နေသေးတယ်"

အားကျင့် : "တောင်းပန်ပါတယ် ဒါပေမယ့် နောက် ကျ မင်းဆီကို စာတစ်စောင်ပို့ခဲ့တယ်လေ ဟုတ်တယ်မလား?"

မီး : "ငါလည်း မင်းကို လေ့ကျင့်ဖို့ ကူညီပေးခဲ့တယ်"

အားကျင့် : "ငါမြင်ပါတယ်"

မီး : "မင်း ငါ့ကို ဘယ်လို လျော်ကြေးပေးမှာလဲ?"

အားကျင့် : "ဘယ်လို လျော်ကြေး လိုချင်လို့လဲ?"

တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်သော်လည်း ဟဲကျင့် သည် တစ်ဖက်လူက အထူးဝမ်းနည်းနေရမည်ကို အမြဲခံစားနေရသည်။ ဟဲကျင့် က သူမှားနေပြီဆိုတာ သိတဲ့အတွက် တစ်ခုခုတော့ ပြန်ပေးချင်ခဲ့သည်။

သို့သော်လည်း ဟဲကျင့်က  ဂိမ်းထဲမှာ ပိုက်ဆံအများကြီးမရှိဘူး အဲဒီမှာ မီး ကိုကူညီဖို့ သူသုံးနိုင်တဲ့ စကေ လည်းမရှိဘူး  ဒါဆို သူ့ကိုဘာများပေးနိုင်မလဲ?

မီး  : "ငါ့ကို ယောကျ်ားလို့ ခေါ်"

အားကျင့် : "..."

ထိုစာကို ကြည့်လိုက်တော့ ဟဲကျင့် ကိုယ်တိုင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။

ဟဲကျင့် : "သုံးရက်အတွင်း ငါလုပ်မယ် ဆိုတာကို ငါတို့သဘောတူပြီးပြီ မဟုတ်ဘူးလားလို့။"

မီး :  "ဒါပေမယ့် မင်း မနေ့က မလာဘူး ငါ့မှာ အချိန်ကန့်သတ်ချက်ကို တစ်ရက်တည်း လျှော့ချပိုင်ခွင့်ရှိတယ်။"

အားကျင့် : "မင်းဘာလို့ ဈေးညှိနေတာလဲ!"

ဟဲကျင့် သည် ကူကယ်ရာမဲ့သလို ခံစားခဲ့ရပြီး သူ့နှလုံးသားထဲတွင် အယူဝါဒဆိုင်ရာ ရုန်းကန်မှုအချို့ကို ပြုလုပ်ခဲ့သည် ။  ဘယ်လိုပဲဖြစ်ဖြစ် မီး ငါရဲ့ ကျားမ မအစစ်မှန် ကို သိဖို့ ဆိုတာ မဖြစ်နိုင်ဘူး!

ပြီးတော့ အနှေးနဲ့အမြန်တော့ခေါ်ရမှာပဲ အဆင်ပြေပါတယ် အခုခေါ်လဲ ဒါဟာဂိမ်းတစ်ခုပါပဲ။ ဂိမ်းတစ်ခု၊ ဂိမ်းတစ်ခုပဲ...

အားကျင့် : "ငါ့ယောကျ်ား..."

ချင်ယွီသည် ထိုစကားလုံးနှစ်လုံးကို စိုက်ကြည့်ကာ ဟဲကျင့်  ၏ နေရခက်သည့်အမူအရာကို စိတ်ကူးကြည့်လိုက်သည်။ အာ~~~ သူမပျော်ပဲ မနေနိုင်ဘူး

မီး:"ကောင်းပြီ~"

အာကျင့်: "..."

တစ်ချိန်တည်းမှာပင် ဟဲကျင့် သည် သူ့ကုတင်ပေါ်တွင် မှောက်လျက် လဲလျောင်းနေပြီး သူ့ကျင့်ဝတ်သိက္ခာက မြေပြင်ပေါ်သို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။

——————————-

ထိုညတွင် ဟဲကျင့် သည် အချိန်မှန်အွန်လိုင်းပေါ်ရောက်လာပြီး မီး က သူ့ကို အဆင့်မြှင့်တင်ရန် ခေါ်သွားလေသည်။ ဟဲကျင့် သည် စပါးပိုးမဖြစ်ချင်သောကြောင့် ရံဖန်ရံခါ ဘီလူးအချို့ကို တိုက်ခိုက်လေ့ရှိသော်လည်း ကံမကောင်းစွာပဲ သူ၏ ကျွမ်းကျင်မှုသည် အလွန်အခြေခံကျနေသေးသောကြောင့် အချည်းနှီးသာဖြစ်သည်...

ဟုန်တုန်ယွမ် နဲ့ အရင်က ဆွေးနွေးဖူးတဲ့ ဟိုလိုဂရပ်ဖစ် ဦးထုပ် အကြောင်း ရုတ်တရက် သတိရသွားပြီး မီး ကိုမေးလိုက်လေသည်။

"ထွက်လာရင် ဦးထုပ်အရင်ဝယ်မှာလား?"

မီး :  "ငါမဝယ်ဘူးလေ  ဆာဗာတစ်ခုစီမှာရှိတဲ့ ထိပ်တန်းကစားသမားဆယ်ယောက်ကို ဂိမ်းကုမ္ပဏီကနေ ဦးထုပ်တစ်လုံးအလကား ပေးမှာ... ဘာလို့?မင်းမဝယ်ချင်လို့လား?"

နတ်သမီးလေးကျင့် : "မဟုတ်ဘူး"

အမှန်အတိုင်းပြောရရင် ဟဲကျင့် ဟာ ဟိုလိုဂရပ်ဖစ် ဗားရှင်းကိုလည်း ခံစားချင်ပေမယ့် ဦးထုပ်က အရမ်းဈေးကြီးလေသည်။ ထီအချက်အလက်ကို ဖြည့်ထားသော်လည်း 5% သာ အခွင့်အရေးရှိသောကြောင့် မည်သည့်အရာကိုမျှ မျှော်လင့်ချက်မထားခဲ့ပေ။

နတ်သမီးလေးကျင့်:"ငါ ကီးဘုတ်သုံးပြီး ဆက်ကစားနေမယ်ဆိုရင် မင်းကို ထိခိုက်မှာလား"

"ငါ မင်းကို တစ်လုံးဝယ်ပေးမယ်" မီး  က ပြောလာသည် ။

နတ်သမီးလေးကျင့် :"မလုပ်နဲ့  ဒီလောက်စျေးကြီးတဲ့အရာတွေကို ငါမတတ်နိုင်ဘူး! ငါ ကီးဘုတ်ကို အမြဲတမ်း မသုံးပါဘူး ခဏလေးပါပဲ"

ဟဲကျင့် သည် သုံးစွဲရန် ငွေကြေးမပြတ်လပ်ခဲ့ပါ သူ့မိဘများက ကောလိပ်ကျောင်းသားတစ်ဦး၏ နေထိုင်စရိတ်ကို ကာမိစေရန် ပုံမှန်ငွေပမာဏကို ပေးခဲ့သည်။ ဒါပေမယ့် သူ့အမေက လစဉ် စစ်ဆေးတဲ့အတွက် သူ့ကုန်ကျစရိတ်တိုင်းကို သူ့အမေပြန်သိမှာပင်။

သောင်းချီတန်တဲ့ ဟိုလိုဂရပ်ဖစ်  ဦးထုပ်တစ်လုံးအတွက် သူဝယ်ဖို့ သူ့ပိုက်ဆံအကုန်ခံဖို့ မကြောက်ခဲ့ပေမယ့် သူ့မိဘတွေဆီကရတဲ့ ပိုက်ဆံကို မသုံးနိုင်ပေ။

ယခုအချိန်တွင်ဟဲကျင့်  သည် ယာယီကျူရှင်ဆရာတစ်ဦးအဖြစ် သို့မဟုတ် အခြားအလားတူအလုပ်များကို ရှာဖွေရန် စဉ်းစားနေသောကြောင့် ၎င်းကိုဝယ်ရန် သူ့ကိုယ်ပိုင်ငွေကို စုနိုင်မည် ဖြစ်သည်။

ဟဲကျင့် ရဲ့ တုံ့ပြန်မှုကို မြင်တော့ ချင်ယွီ က ပြဿနာက ငွေမရှိလို့ ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ မှန်းဆခဲ့လေသည်... သူ သိချင်ပေမယ့် အရင်ကတိအတိုင်း လိုက်နာဆဲဖြစ်ပြီး ဒီကိစ္စကို ဘာမှ မမေးဘဲ

"ဒါကအဆင်ပြေပါတယ်  မင်းကီးဘုတ်သုံးလို့ရပါတယ်  ငါ့ကို ထိခိုက်မှာ မဟုတ်ဘူး။"

ဘာပဲဖြစ်ဖြစ် ရလဒ်ကို စီစဉ်ပေးဖို့ ဖင်းယွီဟောင် ကို သူတောင်းဆိုခဲ့တယ်လေ။ မတော်တဆမှု မရှိရင် ဟဲကျင့် က ဒီဦးထုပ်ကို သေချာပေါက် ရလိမ့်မယ်။

ဂိမ်းကစားနေတုန်း ချင်ယွီက သူ့ရဲ့ စမတ်လက်ပတ် ကို အသုံးပြုပြီး ဟဲကျင့် ထံ စာတိုပေးပို့ကာ သက်သာလာသလား လို့ မေးခဲ့သေးသည်။ တစ်ချိန်တည်းမှာပင် သူသည် ဂိမ်းထဲတွင် "အားကျင့်" နှင့်လည်း စကားပြောနေသောကြောင့် တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ အနည်းငယ်နှေးကွေးသွားခဲ့သည်။

မကြာခင်မှာပဲ ဟဲကျင့် က "ပိုသက်သာလာပါပြီ မင်းရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ညနေ အားလား ?မင်းနဲ့ ရှန် ကို ညစာ လိုက်ကျွေးချင်လို့လေ"

ချင်ယွီသည် မနက်ဖြန်ညတွင် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရန် လိုအပ်သောကြောင့် ၎င်းက "မလိုပါဘူး" ဟု ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။

ဟဲကျင့် : "ငါလိုက်ကျွေးချင်လို့ပါ မဟုတ်ရင် ငါအားနာလို့"

ချင်ယွီ : "အိုး ဒါဆို အဆင်ပြေပါတယ်။ ဘယ်အချိန်မှာ? ပြီးတော့ နေရာရော?"

ဟဲကျင့်: "ငါတို့ကျောင်းဝင်းထဲသွားကြမယ် မင်းဘာစားချင်လဲ?"

ချင်ယွီ : "မင်း ရွေးလိုက်ပါ"

ဟဲကျင့် : "ဒါဆို မနက်ဖြန် ခုနစ်နာရီမှာ တောင်ဖက်ဂိတ်တံခါးနားက Lala Fish Cantonese စားသောက်ဆိုင်ကို သွားမယ်။ အဲဒါဘယ်လိုလဲ?"

ချင်ယွီ: "အိုကေ ငါ ပိုင်ကျန်းကို ပြောလိုက်မယ်ဒါဆို အဲ့ကျမှတွေ့မယ်"

ချင်ယွီ သည် စာသားမက်ဆေ့ခ်ျပို့ရန် လက်တစ်ဖက်ကို အသုံးပြုကာ အခြားလက်တစ်ဖက်က သူ့ကီးဘုတ်ကို ထိန်းချုပ်နေချိန်တွင် ပါးစပ်ကိုဖွင့်ကာလဲ မေးနေသေး၏။

"မိန်းမလေး ဘာလို့မလှုပ်တာတုန်း အာရုံလွင့်နေတာလား?"

နတ်သမီးလေးကျင့်: "ငါဒီမှာ ငါ့သူငယ်ချင်းဆီ SMS ပို့နေလို့"

ချင်ယွီ၏ ပါးစပ်ထောင့်သည် ကွေးညွှတ်သွားကာ ဟဲကျင့် ၏ အဖြေသည် ဟဲကျင့် နှင့် အားကျင့် အကြား ဆက်နွယ်မှုအပေါ် ရှိနေသည့် သံသယကို ထပ်မံအတည်ပြုပေးခဲ့သည်။

ဟဲကျင့် ၏အအေးမိခြင်းမှာ အပြည့်အဝမပျောက်ကင်းနိုင်သေးသည်ကို သူသိသောကြောင့် ချင်ယွီသည် ထိုညက စောစောအိပ်ရာဝင်လိုကြောင်း ဟန်ဆောင်ကာ အားကျင့်ကို လည်း အော့ဖ်လိုင်းမှ အစောကြီးဆင်းခိုင်းခဲ့သည်။

နတ်သမီးလေးကျင့် ရဲ့ မီးခိုးရောင် သန်းနေတဲ့ နာမည်ကို ကြည့်လိုက်ကာ ချင်ယွီ သည်  ဖင်းယွီဟောင် ကိုခေါ်လိုက်သည်။

"မနက်ဖြန်ည အပြင်ထွက်မှာ နောက်ကျချင်နောက်ကျလိမ့်မယ်။ မင်းအတွက် ကြိုပြီး ဗီဒီယိုရိုက်ထားပေးမယ်"

ဒါကိုမြင်လိုက်ရတော့ ဖင်းယွီဟောင် က နည်းနည်းခါးသီးသွားသလို ခံစားလိုက်ရသည်။

"ချင် အစ်ကိုကြီး !မင်းအခုတလော ပြသာနာရှာလာသလိုပဲနော် တိုက်ရိုက်ထုတ်လွှင့်နေရင်း တန်းလန်းကြီး ပရိသတ်တွေကို လည်း ပစ်ပြီး ပြေးသွားပြီး အလွန်ဒုက္ခေရောက်ခဲ့ရတယ် ယခုလဲ ကြိုရိုက်ထားတဲ့ vd နဲ့ ထုတ်လွှင့်မယ်? Fly Tour Network က အခုနှစ်တွေမှာ အထူးခြားဆုံးသော ပလက်ဖောင်းဖြစ်လာတာ ငါတို့ရဲ့ကျော်ကြားမူကို ဂရုမစိုက်တော့ဘူးလား?"

ချင်ယွီ : "ငါ ဂရုစိုက်ပါတယ် အဲ့ဒါကြောင့်ငါ မရောက်နိုင်ရင် မင်းအတွက် ဗီဒီယို မှတ်တမ်းတစ်ခု ပြင်ဆင်ပေးမယ်ပြောတာလေ"

ဗီဒီယိုတစ်ခုကို ကြိုတင်ရိုက်ကူးရန် မဖြစ်နိုင်တာတော့ မဟုတ်ပေ။  တိုက်ရိုက် ထုတ်လွှင်တယ်ဆိုသည်မှာ ထုတ်လွှင့်သူနှင့် ပရိသတ်ကြား အပြန်အလှန်ဆက်ဆံမူဖြစ်သည်။

အဲဒီလို အပြန်အလှန် ဆက်ဆံမှု မရှိရင် ပျော်စရာကလျော့နည်းသွားပေမည်။ ပရိသတ်နှင့် အချိန်အတော်ကြာ ထိတွေ့ဆက်ဆံမှု မရှိခဲ့လျှင် ၎င်းတို့ကို လင်းယုန်မျက်လုံး ပရိသတ်အချို့က "ထုတ်လွှင့်မှုအတု " အဖြစ် သိရှိသွားပြီး ကဲ့ရဲ့ရှုတ်ချခြင်း ခံရနိုင်သည်။

ဟုတ်ပါတယ် ဒါပေမယ့်လည်း သူက သူ့ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိသလောက်ရှားတဲ့အတွက် ဒီအချက်က ချင်ယွီအတွက် တကယ်ကို မသက်ရောက်ပေ။

ဖင်းယွီဟောင် : "ပြောစမ်းပါဦး မင်းမိန်းမနဲ့ ပတ်သက်နေတာလား?"

ချင်ယွီ က မငြင်းဘဲ "အဲဒါပဲပေါ့" ဟု ပေါ့ပေါ့ပါးပါးပြောခဲ့သည်။

ဖင်းယွီဟောင်: "မင်း မင်း မင်း... မင်းမိန်းမရဲ့ကွန်ပြူတာ ချို့ယွင်းသွားပါစေလို့ ငါမျှော်လင့်တယ် အဲ့ဒါသူ အွန်လိုင်းကို ဘယ်တော့မှ ပြန်မတက် လာနိုင်တော့မှာ!"

ချင်ယွီ က မျက်လုံးကို မှေးကြည့်လိုက်ကာ "မင်းဘာပြောလိုက်တာလဲ?"

ဖင်းယွီဟောင် : "ငါလိုချင်တယ်ပြောတာပါ! ဘာမှမရှိတာထက် ပိုကောင်းတယ်! ငါ့အတွက် ဗီဒီယို မှတ်တမ်း တစ်ခုရိုက်ပေး~~~! "

Zawgyi

022:အျပင္ထြက္စားမယ္

ဟဲက်င့္ ရဲ႕ သေဘာသဘာဝအရ တစ္ဖက္လူက သူ႔အကူအညီကို ေျပာင္ေျပာင္တင္းတင္း ကမ္းလွမ္းလာရင္ ျငင္းဖို႔ရန္ အားနာတတ္သည္။ ထို႔ေၾကာင့္ အနည္းငယ္ ေတာင့္တင္းေသာ လႈပ္ရွားမႈျဖင့္  ဟဲက်င့္ သည္ သူ႔ကိုယ္သူ ခ်င္ယြီ၏ ေနာက္ေက်ာေပၚသို႔ မွီခ်လိုက္သည္။လည္ပင္းကို ဖက္ထားရတာ ရွက္လြန္းျဖင့္ လက္ကို တစ္ဖက္လူရဲ႕ ပခုံးေပၚတြင္သာ တင္ထားလိုက္သည္။

အျပင္ဘက္တြင္ေတာ့  ခ်င္ယြီ ၏အသြင္အျပင္သည္ ပိန္ပိန္ပါးပါးႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေနပုံရေသာ္လည္း ယခုအခါ တြင္ေတာ့ ထိုသူ႔မွာ  ပခုံးက်ယ္မ်ားရွိေနေၾကာင္း ဟဲက်င့္ မထင္မွတ္ပဲ သိလိုက္ရသည္။၊ ဒီလိုေအးတဲ့ေန႔မွာ ေတာင္ ဒီေကာင္ေလးက သူ႔ရဲ႕ ယူနီေဖာင္းနဲ႔ ဂ်ာကင္ကို ပဲ  ၀တ္ထားခဲ့သည္။

"ၿမဲၿမဲကိုင္ထား။" ခ်င္ယြီ၏ လက္မ်ားက ဟဲက်င္း၏ ခႏၶာကိုယ္ေပၚသို႔ ေရာက္လာကာ ေပါ့ေပါ့ေလးပင္ ကုန္းပိုးလိုက္သည္။

သူ႔ရဲ႕ ဖ်ားနာေနမူေၾကာင့္  ခ်င္ယြီ၏ လုပ္ရပ္သည္ ခ်ဲ႕ကားသည္ဟု မည္သူမွ် မထင္ခဲ့ေပ။ ဟုန္တုန္ယြမ္ ႏွင့္ ရွန္ သည္ပင္  စိတ္အားထက္သန္မႈအနည္းငယ္ရွိေနသလို သာ ေတြးခဲ့ၾကသည္။

ဟဲက်င့္သည္သာ စိတ္လႈပ္ရွားကာ စိတ္အေႏွာင့္အယွက္ ျဖစ္သည္ ဟု ခံစားေနရတာပင္.....

သူသည္ ေယာက္်ားေလးတစ္ေယာက္ျဖစ္သည္ အကယ္၍ အားနည္းၿပီး အားကိုးရာမဲ့ေန လွ်င္ေတာင္ သူတပါးအား ဤမွ်ေလာက္ အားကိုးရန္ မေတြးခဲ့မိေပ။ ၿပီးေတာ့ သူ႔ဂ်ဴနီယာ ဆီကေနသူ႔ကို ဒီေလာက္ ဂ႐ုတစိုက္ ဆက္ဆံခံရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိဘူးလို႔!

ေဆာင္းရာသီနီးေနၿပီမို႔ အျပင္မွာ ေလျပင္းေတြတိုက္ၿပီး အပူခ်ိန္က ဒီဂရီမ်ားစြာ က်ဆင္းသြားသည္။ ဟုန္တုန္ယြမ္ က သူအရင္က ယူလာခဲ့တဲ့ အဝတ္အစားေတြကို ဟဲက်င့္ ရဲ႕ေက်ာေပၚ တင္ေပးလိုက္ကာ  သူတို႔အားလုံး အိပ္ေဆာင္ဆီသို႔ ေလွ်ာက္သြားၾကေတာ့သည္။

ဟဲက်င့္  သည္ ခ်င္ယြီ ၏ ခႏၶာကိုယ္မွ ေႏြးေထြးမႈကို ခံစားလိုက္ရၿပီး မေန႔ညက ေရကန္ခရီးစဥ္ကို ျပန္ေတြးမိသြား၏။ ခ်င္ယြီသည္ ထိုအခ်ိန္က လူတိုင္းအတြက္ အစားအစာမ်ားအတြက္ ကုန္က်စရိတ္ကို ေပးေဆာင္ရန္ ကမ္းလွမ္းခဲ့ဖူးေသာေၾကာင့္ ဤလူသည္ အမွန္တကယ္ပင္ ကိုယ္က်ိဳးမဖက္ေသာ လူတစ္ဦးျဖစ္ေနပုံရသည္။

ဟဲက်င့္ သည္ ယခု ခ်င္ယြီ ႏွင့္ အနည္းငယ္ ပိုရင္းႏွီးလာသည္ဟု ခံစားမိသည္။

ခ်င္ယြီသည္ အိပ္ေဆာင္သို႔ ေရာက္သည္အထိ ဟဲက်င့္ကို သယ္ေဆာင္သြားခဲ့သည္။

"ဘယ္ဖက္ ဘယ္ဖက္ အခန္း 306A!"

ဟုန္တုန္ယြမ္ က သူတို႔ကို အေနာက္ကေန ၫႊန္ၾကားေလသည္။

"ငါ့ကို ခ်လိုက္ပါ ငါႏိုင္..."

ဟဲက်င့္ က သူ႔ဘာသာသူ လမ္းေလွ်ာက္ဖို႔ ေတာင္းဆိုခ်င္ေပမယ့္ ခ်င္ယြီ က သူ႔ကို ခြင့္မျပဳခဲ့ေပ။ အရပ္ရွည္ရွည္လူက "မင္း ဗုဒၶကို ပို႔ေဆာင္ခ်င္ရင္ အေနာက္ဖက္ကို ေရာက္တဲ့ အထိ အဆုံးထိပို႔ရမယ္" ဆိုၿပီး စကားတစ္ခြန္းသာ ေျပာၿပီး အခန္းထဲ သို႔ တိုက္႐ိုက္သာ ေက်ာပိုး ၿပီးေခၚသြားေတာ့သည္။

ရွန္ လည္း သူတို႔ေနာက္ကို လိုက္သြားၿပီး ပတ္ပတ္လည္ကို ၾကည့္လိုက္ကာ  "မင္းတို႔ ရဲ႕ အိပ္ေဆာင္က တကယ္သန႔္တာပဲ!"

ဟုန္တုန္ယြမ္ က သူ႔ေခါင္းေနာက္ကို ကုတ္ကာေျပာလိုက္သည္။

" ဟဲက်င့္ေကာ က ဒီအခန္းကို ပုံမွန္သန႔္ရွင္းေရးလုပ္တာကိုပဲ ေက်းဇူးတင္ရမယ္  သူက သန႔္ရွင္းသပ္ရပ္တာကို ႀကိဳက္တယ္ေလ  အိပ္ေဆာင္ ရႈပ္ပြေနရင္ သူမႀကိဳက္ဘူး"

ရွန္ ၏မ်က္ႏွာတြင္ မနာလိုမႈအရိပ္အႁမြက္ျပေနသည္။

"ငါ့အခန္းထဲမွာ ငါ့အခန္းေဖာ္ေတြက ေခါက္ဆြဲေျခာက္ခြက္ေတြကို ဧည့္ခန္းရဲ႕ စားပြဲေပၚမွာ ထားေလ့ရွိၿပီး စြန႔္ပစ္ဖို႔ ဘယ္သူကမွ အစျပဳမွာမဟုတ္ဘူး..."

ဟုန္တုန္ယြမ္ : "မင္းတို႔ႏွစ္ေယာက္ က အတူတူမေနဘူးလား?"

ရွန္: "ဟားဟား မေနဘူးေလ ခ်င္ယြီ က ဒုတိယႏွစ္ ေက်ာင္းသားျဖစ္ေနတုန္းပဲ"

ခ်င္ယြီသည္ သူ၏ စမတ္လက္ပတ္ကို ၾကည့္လိုက္ရာ ကိုးနာရီထိုးခါနီးေနၿပီျဖစ္သည္။ အရင္က ဆို ညစာသြားစားရင္ အားက်င့္ ရဲ႕ အြန္လိုင္းအခ်ိန္ေတြကို လြတ္သြားမွာကို အရမ္းစိုးရိမ္ခဲ့ရေပမယ့္ အခုအခ်ိန္မွာ ေတာ့ အားက်င့္ က သူ႔ေရွ႕မွာ ရပ္ေနတာေၾကာင့္ စိုးရိမ္စရာမရွိေတာ့ေပ။

သူက ဟဲက်င့္ ကို ေျပာလိုက္သည္။

"ဒီည ေစာေစာ အနားယူၿပီး ေဆးေသာက္ဖို႔ မေမ့နဲ႔ေနာ္...ငါ့ ဆဲလ္ဖုန္းနံပါတ္ကို ဒီမွာထားခဲ့မယ္ ဒါေၾကာင့္ မင္းအကူအညီလိုရင္ ငါ့ကို ဖုန္းဆက္လိုက္ပါ"

ခ်င္ယြီ က အရင္မေျပာခဲ့ဘူးဆိုရင္ေတာင္ ဟဲက်င့္ က သူ႔နံပါတ္ကို ေမးဖို႔ႀကံ႐ြယ္ၿပီးသားပင္။တစ္ခ်ိန္ေတာ့ သူ႔တိုကို ထမင္းစားဖို႔  ဖိတ္မယ္လို႔ ေျပာခဲ့ကာ  ဟဲက်င့္  က သူ႔ကတိကို ျပန္႐ုတ္သိမ္းမည့္လူမ်ိဳး မဟုတ္ပါ။

ခ်င္ယြီ နဲ႔  ရွန္ ထြက္သြားၿပီးေနာက္ ဟုန္တုန္ယြမ္ သည္ ခ်င္ယြီ ကို ခ်ီးက်ဴးစကားဆိုခဲ့သည္ ။

" ခ်င္ယြီ ဒီေကာင္ေလးက အရပ္ရွည္ၿပီး႐ုပ္ေခ်ာရ႐ုံတင္မကဘဲသေဘာလဲေကာင္းတယ္ဟ သူ႔ကို သေဘာက်တဲ့ မိန္းကေလးေတြ အမ်ားႀကီးရွိမယ္လို႔ ထင္တယ္။"

ဟဲက်င့္ က ၿပဳံးကာ "သူက ငါတို႔ေက်ာင္းရဲ႕ idol ပဲေလ.."

ဟုန္တုန္ယြမ္ သည္ ေက်ာင္းသားသမဂၢႏွင့္ အဆက္အစပ္ရွိေနသည့္ ဟဲက်င့္ ႏွင့္ မတူေသာေၾကာင့္ အတင္းအဖ်င္းစကားမ်ားကို ရံဖန္ရံခါ နားေထာင္ႏိုင္သည္။ အိုး မဟုတ္ေသးဘူး ဟုန္တုန္ယြမ္ ရဲ႕ နားနဲ႔ ႏွလုံးသားဟာ သူ႔ရဲ႕ အိုတာကု ဘဝေနထိုင္မႈပုံစံအတြက္ပဲ ျမႇဳပ္ႏွံထားတာျဖစ္သည္။

ဟုန္တုန္ယြမ္: "အိုး ဒီ 'ေက်ာင္း idol' ဆိုတဲ့ ေခါင္းစဥ္က ႐ိုး႐ိုးရွင္းရွင္းနဲ႔ ကြက္တိျဖစ္ေနေရာပဲ အာ..."

ဟဲက်င့္ က သူ႔ကုတင္ေပၚ လွဲခ်လိုက္ၿပီးေျပာလိုက္သည္။

"မင္းလဲ သူ ေခ်ာတယ္လို႔ ထင္တာလား?"

ဟုန္တုန္ယြမ္ က ဟဲက်င့္ ကို အထူးအဆန္းလို  ၾကည့္ေလသည္။

" ေခ်ာလား ? သူ႔မ်က္ႏွာက သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ မ်က္ႏွာနဲ႔ ႏႈိင္းယွဥ္လိုေတာင္ရတယ္ဟ!  မိန္းမေခ်ာ ေခ်ာတာ မဟုတ္ဘူး အခုေခတ္မွာ ႐ုပ္ရည္ေခ်ာေမာတဲ့သ႐ုပ္ေဆာင္ ေယာက်ာ္းေလးေတြေတာ္ေတာ္မ်ားမ်ား က ခ်စ္စရာေကာင္းၿပီး ေခ်ာေမာလွပတဲ့ ပုံစံမ်ိဳးေလးေတြခ်ည္း..."

ဟဲက်င့္ က ဟုန္တုန္ယြမ္ ဖက္ ကို လွည့္လိုက္သည္။

"ဒီအရာေတြအတြက္ ငါ ကနည္းနည္း မ်က္စိကန္းေနသလိုပဲ အထူးသျဖင့္ သူက ႐ုပ္ေခ်ာတယ္ လို႔ မထင္ဘူး။ ဒါေပမယ့္ သူ႔မွာ အရမ္းျပင္းထန္တဲ့ ေရာင္ဝါရွိတယ္ အထူးသျဖင့္ သူ႔မ်က္လုံးေတြက တျခားသူေတြနဲ႔ တစ္နည္းတစ္ဖုံ ကြဲျပားေနတယ္လို႔ ငါထင္တယ္..."

ထိုစကားကိုေျပာၿပီးေနာက္ ဟဲက်င့္ သည္ ယေန႔အြန္လိုင္းေပၚတက္လာရန္ မီး ကို ကတိေပးထားေၾကာင္း ႐ုတ္တရက္ သတိရသြားခဲ့သည္။ သူ႔အဖ်ားေၾကာင့္ တေနကုန္ အိပ္ေပ်ာ္ေနေတာ့ အဲဒါကို ေမ့လုနီးနီးပင္ ။ ဟဲက်င့္ က သူ႔ဂ်ာကင္ကို အျမန္ဝတ္ၿပီး အိပ္ရာကေန ထလိုက္သည္။

ဟုန္တုန္ယြမ္: "မင္းဘာလုပ္ေနတာလဲ?"

ဟဲက်င့္  က သူ႔ကြန္ျပဴတာကိုဖြင့္ၿပီး "ဒီည ဂိမ္းထဲမွာ အြန္လိုင္းေပၚတက္ခဲ့မယ္ လို႔သူငယ္ခ်င္းတစ္ေယာက္ကို ကတိေပးခဲ့တာ ဒါေပမယ့္ ငါဖ်ားၿပီး ေမ့လုနီးပါးျဖစ္သြားလို႔"

ဟုန္တုန္ယြမ္: "..."

အြန္လိုင္းေပၚေရာက္တာနဲ႔ ဟဲက်င့္  က သူ႔သူငယ္ခ်င္းစာရင္းကို ခ်က္ခ်င္းဖြင့္ၾကည့္လိုက္ေတာ့ မီး မလာေသးတာကို ေတြ႕လိုက္ရသည္။

သူ႔အဆင့္ကို ၾကည့္လိုက္ေတာ့ သူက အဆင့္ 4 နတ္အိမ္ေမြးတိရိစာၦန္ ျဖစ္ေနၿပီ ျဖစ္သည္။ မီးသည္ ေန႔ဘက္တြင္ ေလ့က်င့္ရန္ ကူညီေပးထားပုံရသည္။ ထို႔ေနာက္ ဟဲက်င့္  သည္ သူ႔ရဲ႕ သိုေလွာင္ ခန္းထဲ ကို ၾကည့္လိုက္သည္။

၎ကို စနစ္တက် စီ ထားကာ ယခင္က မျမင္ဖူးေသာ အရာမ်ားလည္း ရွိခဲ့သည္- အခ်ိဳ႕ေသာ ေဆးဝါးမ်ား၊ ကိရိယာမ်ားႏွင့္ မီးရႉးမီးပန္း အေသးသုံးလုံး။

တစ္ဖန္ ဟဲက်င့္ ၏ ႏွလုံးသားသည္ အျပစ္အနာအဆာမ်ားျဖင့္ ျပည့္ႏွက္လာသည္။ မီး ၏ အမည္ ကို ေထာက္ကာ ေအာ့ဖ္လိုင္းမက္ေဆ့ခ်္ပို႔ရန္ ႀကိဳးစားခဲ့သည္။

နတ္သမီးေလးက်င့္: "ေတာင္းပန္ပါတယ္ ဒီေန႔ ကိစၥတစ္ခု ျဖစ္သြားလို႔ ငါ့မွာ အြန္လိုင္းလာဖို႔ အခ်ိန္မရွိလိုက္ဘူး ဖုန္းရွိလား..."

ဟဲက်င့္ သည္ ထိုေနရာတြင္ ေခတၱရပ္လိုက္သည္။သူ သူ႔ဖုန္းနံပါတ္ကို မီး ကို မေပးခ်င္ေပ။ သူစဥ္းစားၿပီး ေနာက္ဆုံးတြင္ ME ၏အေကာင့္အသစ္အတြက္ေလွ်ာက္ထားရန္ ၎၏စမတ္လက္ပတ္ကိုအသုံးျပဳခဲ့သည္။

ME သည္ WeChat ႏွင့္ဆင္တူေသာ လူမႈစကားေျပာေဆာ့ဖ္ဝဲတစ္ခုျဖစ္သည္။ ME တြင္ လူမ်ားသည္ စာတိုေပးပို႔ျခင္း အသံစာတိုမ်ား ေပးပို႔ႏိုင္ၿပီး အျခားသူမ်ားကိုလည္း အြန္လိုင္းမွ ဖုန္းေခၚဆိုႏိုင္ေလသည္။ ၎သည္ ၿပီးခဲ့သည့္ ႏွစ္ႏွစ္အတြင္း တကၠသိုလ္ေက်ာင္းသားမ်ားၾကားတြင္ အမွန္တကယ္ ေရပန္းစားလာခဲ့သည္။

ဟဲက်င့္ သည္ ယခင္က အေကာင့္တစ္ခုရွိခဲ့ေသာ္လည္း ဤအက္ပ္မွလာေသာ မက္ေဆ့ခ်္မ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ေစလိုေသာေၾကာင့္ ၎ကို အျမန္စြန႔္ပစ္ခဲ့သည္။ ထို႔ေၾကာင့္ မီး ႏွင့္ ဆက္သြယ္ရန္အတြက္ အေကာင့္အသစ္တစ္ခု ျပဳလုပ္ရမည္ပင္။

ဟဲက်င့္ သည္ မီးကို ပို႔ရန္ ႐ိုက္ထားေသာ စာကို ျပင္လိုက္ေတာ့၏။

နတ္သမီးေလးက်င့္ : မင္းမွာ ME ရွိလား? ဒါ ငါရဲ႕ အေကာင့္နာမည္- ahjin00 မင္းမွာ အေကာင့္ရွိရင္ ငါ့ကို အပ္ လိုက္ေနာ္"

——————————————–

ခ်င္ယြီသည္ သူ၏အေဆာင္ခန္းသို႔ ျပန္သြားေသာအခါတြင္ ဟဲက်င့္ သည္ ယေန႔ညတြင္ ဂိမ္းမကစားေတာ့ေလာက္ဘူးဟု ေတြးမိေသာေၾကာင့္ သူလည္း အြန္လိုင္းတက္ရန္ စိတ္မ၀င္စားခဲ့ေပ။

သူသည္ အိပ္ယာေပၚတြင္ လွဲခ်လိုက္ၿပီး ဟဲက်င့္ အေပၚ ထင္ျမင္ယူဆခ်က္မ်ားႏွင့္ သူစုေဆာင္းထားေသာ သဲလြန္စအားလုံးကို အေသအခ်ာ ခ်ိတ္ဆက္လိုက္သည္။ ႁခြင္းခ်က္မရွိဟု အတည္ျပဳၿပီးေနာက္တြင္ သူသည္ ေပ်ာ္႐ႊင္စြာ ၿပဳံးကာ ေတြးလိုက္သည္။

အားက်င့္ က ေယာက်္ားေလး ျဖစ္ေနခဲ့တာကိုး အဲ့ဒါေၾကာင့္ ငါ လက္ေတြ႕ဘဝမွာပါ ဆက္ဆံေရးကို တည္ေဆာက္ခ်င္တယ္ေျပာေတာ့ ေၾကာက္လန္႔ၿပီး ထြက္ေျပးသြားတာ အံဩစရာေတာ့မဟုတ္ဘူး။သူ က ဓာတ္အားျပတ္ေတာက္သြားတယ္ဆိုၿပီးေတာ့ေတာင္ ဆင္ေျခေပးခဲ့ေသး....

ဟမ့္ ခ်င္ယြီ သည္ ထိုညက အိပ္ေဆာင္တြင္ ဓာတ္အားျပတ္ေတာက္သြားသည္ကို မေတြ႕ခဲ့ေပ။

အဲ့ဒါ လိမ္တာ မွန္း အသိအသာႀကီး အ႐ူးေလး!!!!

ဒါေပမယ့္ ခ်င္ယြီ က ေနာက္ဆုံးေတာ့ ဟဲက်င့္ ဟာ သူ႔ရဲ႕အြန္လိုင္းဘဝကို လက္ေတြ႕ဘဝနဲ႔ မခ်ည္ေႏွာင္ထားခ်င္ခဲ့တာ ဘာေၾကာင့္လဲဆိုတာ သူနားလည္လာခဲ့သည္...။

သူသည္ ေယာက္်ားတစ္ေယာက္ျဖစ္ေသာေၾကာင့္ပင္ အြန္လိုင္းကပင္ ျဖစ္ပါေစ ရွစ္ႏွစ္ၾကာေအာင္ေစာင့္ခဲ့ရသည္ဟုဝန္ခံေသာ အျခားလူတစ္ဦးႏွင့္ေတြ႕ရန္ အဆင္မေျပျဖစ္မည္ထင္သည္။

ဒါေပမယ့္ သူ႔လိင္အစစ္အမွန္ကို ငါ့ကို ဘာလို႔ တစ္ခါမွ ဝန္မခံတာလဲ? သူဘာလို႔ ငါနဲ႔ ဒီအိမ္ေထာင္ေရးဆက္ဆံေရးကို ဆက္လုပ္ေနတာလဲ?

ခ်င္ယြီ က ဟဲက်င့္ ဘာေတြေတြးေနလဲဆိုတာကို သူရဲ႕ေခါင္းကိုဖြင့္ၾကည့္ဖို႔ ႀကိဳးစားခ်င္စိတ္ေတာင္နည္းနည္းရွိလာသလိုပဲ...

ျပန္ေတြးၾကည့္ေတာ့ ဟဲက်င့္ က သူ႔ကို "ေယာက်္ား" လို႔ ႏွစ္ရက္အတြင္း ေခၚမယ္လို႔ ကတိေပးခဲ့ေသးတယ္ သူတကယ္လုပ္ေလာက္လား?

ခ်င္ယြီ၏ မ်က္ႏွာေပၚတြင္ ဆိုးသြမ္းေသာ အၿပဳံးတစ္ခု ေပၚလာသည္။ ဟဲက်င့္ ေနာက္က် ဘယ္လို အမူအရာမ်ိဳးျပမလဲ ဆိုသည့္ အေၾကာင္းေတြးရင္းခ်င္ယြီ၏ အၿပဳံးေတြက ပိုမိုေတာက္ပလာေတာ့သည္။

အဲဒါက အေနခက္ေနတဲ့အမူရာျဖစ္မလား? ရွက္႐ြံ႕ေနတဲ့ အမူအရာေလးလား?
ေသခ်ာတာကေတာ့ သူရွက္သြားလိမ့္မယ္!!!!

————————————————

ေနာက္တစ္ေန႔ ေန႔လည္ပိုင္းတြင္ ခ်င္ယြီသည္ ဂိမ္းထဲသို႔ ဝင္သြားသည္။ ဟဲက်င့္ ဟာ မေန႔ညက အြန္လိုင္းေပၚေရာက္လာတာကို ခ်က္ခ်င္းသိလိုက္ရၿပီး အရမ္းအံ့ဩသြားေတာ့သည္။
သူတကယ္ေနမေကာင္းျဖစ္ေနေပမယ့္ မက္ေဆ့ခ်္ပို႔ဖို႔ သတိရတုန္းပဲ...

ခ်င္ယြီ သည္ ME အေကာင့္ကို ေဆာလ်င္စြာ ဖန္တီးၿပီး ahjin00 ကို ရွာေဖြခဲ့သည္။ သူေတြ႕လိုက္ရတာက သူ႔ကို အူတက္ေအာင္ ရယ္ေစခဲ့ ေတာ့သည္။

သူတကယ္ကို ဖာရက္ရဲ႕ ေခါင္းပုံကို သူ႔ရဲ႕ကိုယ္ပြါးပုံအျဖစ္ အသုံးျပဳေနတယ္ဟ

ခ်င္ယြီ က ၿပဳံးၿပီး သူ႔ဆီ သူငယ္ခ်င္း ေတာင္းဆိုခ်က္ ပို႔လိုက္သည့္အခါ ႏွစ္စကၠန႔္မျပည့္မီတြင္ လက္ခံခဲ့သည္။

မီး : "မိန္းမ ~"

[T/N ရွင္ ေယာက်္ား🤭]

အားက်င့္: "..."

မီး : "မေန႔က မင္းကိုေစာင့္ေနေသးတယ္"

အားက်င့္ : "ေတာင္းပန္ပါတယ္ ဒါေပမယ့္ ေနာက္ က် မင္းဆီကို စာတစ္ေစာင္ပို႔ခဲ့တယ္ေလ ဟုတ္တယ္မလား?"

မီး : "ငါလည္း မင္းကို ေလ့က်င့္ဖို႔ ကူညီေပးခဲ့တယ္"

အားက်င့္ : "ငါျမင္ပါတယ္"

မီး : "မင္း ငါ့ကို ဘယ္လို ေလ်ာ္ေၾကးေပးမွာလဲ?"

အားက်င့္ : "ဘယ္လို ေလ်ာ္ေၾကး လိုခ်င္လို႔လဲ?"

တစ္ေယာက္ကိုတစ္ေယာက္ မျမင္ႏိုင္ေသာ္လည္း ဟဲက်င့္ သည္ တစ္ဖက္လူက အထူးဝမ္းနည္းေနရမည္ကို အၿမဲခံစားေနရသည္။ ဟဲက်င့္ က သူမွားေနၿပီဆိုတာ သိတဲ့အတြက္ တစ္ခုခုေတာ့ ျပန္ေပးခ်င္ခဲ့သည္။

သို႔ေသာ္လည္း ဟဲက်င့္က  ဂိမ္းထဲမွာ ပိုက္ဆံအမ်ားႀကီးမရွိဘူး အဲဒီမွာ မီး ကိုကူညီဖို႔ သူသုံးႏိုင္တဲ့ စေက လည္းမရွိဘူး  ဒါဆို သူ႔ကိုဘာမ်ားေပးႏိုင္မလဲ?

မီး  : "ငါ့ကို ေယာက်္ားလို႔ ေခၚ"

အားက်င့္ : "..."

ထိုစာကို ၾကည့္လိုက္ေတာ့ ဟဲက်င့္ ကိုယ္တိုင္ ေခါင္းကိုက္သြားသလို ခံစားလိုက္ရသည္။

ဟဲက်င့္ : "သုံးရက္အတြင္း ငါလုပ္မယ္ ဆိုတာကို ငါတို႔သေဘာတူၿပီးၿပီ မဟုတ္ဘူးလားလို႔။"

မီး :  "ဒါေပမယ့္ မင္း မေန႔က မလာဘူး ငါ့မွာ အခ်ိန္ကန႔္သတ္ခ်က္ကို တစ္ရက္တည္း ေလွ်ာ့ခ်ပိုင္ခြင့္ရွိတယ္။"

အားက်င့္ : "မင္းဘာလို႔ ေဈးညႇိေနတာလဲ!"

ဟဲက်င့္ သည္ ကူကယ္ရာမဲ့သလို ခံစားခဲ့ရၿပီး သူ႔ႏွလုံးသားထဲတြင္ အယူဝါဒဆိုင္ရာ ႐ုန္းကန္မႈအခ်ိဳ႕ကို ျပဳလုပ္ခဲ့သည္ ။  ဘယ္လိုပဲျဖစ္ျဖစ္ မီး ငါရဲ႕ က်ားမ မအစစ္မွန္ ကို သိဖို႔ ဆိုတာ မျဖစ္ႏိုင္ဘူး!

ၿပီးေတာ့ အေႏွးနဲ႔အျမန္ေတာ့ေခၚရမွာပဲ အဆင္ေျပပါတယ္ အခုေခၚလဲ ဒါဟာဂိမ္းတစ္ခုပါပဲ။ ဂိမ္းတစ္ခု၊ ဂိမ္းတစ္ခုပဲ...

အားက်င့္ : "ငါ့ေယာက်္ား..."

ခ်င္ယြီသည္ ထိုစကားလုံးႏွစ္လုံးကို စိုက္ၾကည့္ကာ ဟဲက်င့္  ၏ ေနရခက္သည့္အမူအရာကို စိတ္ကူးၾကည့္လိုက္သည္။ အာ~~~ သူမေပ်ာ္ပဲ မေနႏိုင္ဘူး

မီး:"ေကာင္းၿပီ~"

အာက်င့္: "..."

တစ္ခ်ိန္တည္းမွာပင္ ဟဲက်င့္ သည္ သူ႔ကုတင္ေပၚတြင္ ေမွာက္လ်က္ လဲေလ်ာင္းေနၿပီး သူ႔က်င့္ဝတ္သိကၡာက ေျမျပင္ေပၚသို႔ က်ဆင္းသြားသလို ခံစားလိုက္ရသည္။

——————————-

ထိုညတြင္ ဟဲက်င့္ သည္ အခ်ိန္မွန္အြန္လိုင္းေပၚေရာက္လာၿပီး မီး က သူ႔ကို အဆင့္ျမႇင့္တင္ရန္ ေခၚသြားေလသည္။ ဟဲက်င့္ သည္ စပါးပိုးမျဖစ္ခ်င္ေသာေၾကာင့္ ရံဖန္ရံခါ ဘီလူးအခ်ိဳ႕ကို တိုက္ခိုက္ေလ့ရွိေသာ္လည္း ကံမေကာင္းစြာပဲ သူ၏ ကြၽမ္းက်င္မႈသည္ အလြန္အေျခခံက်ေနေသးေသာေၾကာင့္ အခ်ည္းႏွီးသာျဖစ္သည္...

ဟုန္တုန္ယြမ္ နဲ႔ အရင္က ေဆြးေႏြးဖူးတဲ့ ဟိုလိုဂရပ္ဖစ္ ဦးထုပ္ အေၾကာင္း ႐ုတ္တရက္ သတိရသြားၿပီး မီး ကိုေမးလိုက္ေလသည္။

"ထြက္လာရင္ ဦးထုပ္အရင္ဝယ္မွာလား?"

မီး :  "ငါမဝယ္ဘူးေလ  ဆာဗာတစ္ခုစီမွာရွိတဲ့ ထိပ္တန္းကစားသမားဆယ္ေယာက္ကို ဂိမ္းကုမၸဏီကေန ဦးထုပ္တစ္လုံးအလကား ေပးမွာ... ဘာလို႔?မင္းမဝယ္ခ်င္လို႔လား?"

နတ္သမီးေလးက်င့္ : "မဟုတ္ဘူး"

အမွန္အတိုင္းေျပာရရင္ ဟဲက်င့္ ဟာ ဟိုလိုဂရပ္ဖစ္ ဗားရွင္းကိုလည္း ခံစားခ်င္ေပမယ့္ ဦးထုပ္က အရမ္းေဈးႀကီးေလသည္။ ထီအခ်က္အလက္ကို ျဖည့္ထားေသာ္လည္း 5% သာ အခြင့္အေရးရွိေသာေၾကာင့္ မည္သည့္အရာကိုမွ် ေမွ်ာ္လင့္ခ်က္မထားခဲ့ေပ။

နတ္သမီးေလးက်င့္:"ငါ ကီးဘုတ္သုံးၿပီး ဆက္ကစားေနမယ္ဆိုရင္ မင္းကို ထိခိုက္မွာလား"

"ငါ မင္းကို တစ္လုံးဝယ္ေပးမယ္" မီး  က ေျပာလာသည္ ။

နတ္သမီးေလးက်င့္ :"မလုပ္နဲ႔  ဒီေလာက္ေစ်းႀကီးတဲ့အရာေတြကို ငါမတတ္ႏိုင္ဘူး! ငါ ကီးဘုတ္ကို အၿမဲတမ္း မသုံးပါဘူး ခဏေလးပါပဲ"

ဟဲက်င့္ သည္ သုံးစြဲရန္ ေငြေၾကးမျပတ္လပ္ခဲ့ပါ သူ႔မိဘမ်ားက ေကာလိပ္ေက်ာင္းသားတစ္ဦး၏ ေနထိုင္စရိတ္ကို ကာမိေစရန္ ပုံမွန္ေငြပမာဏကို ေပးခဲ့သည္။ ဒါေပမယ့္ သူ႔အေမက လစဥ္ စစ္ေဆးတဲ့အတြက္ သူ႔ကုန္က်စရိတ္တိုင္းကို သူ႔အေမျပန္သိမွာပင္။

ေသာင္းခ်ီတန္တဲ့ ဟိုလိုဂရပ္ဖစ္  ဦးထုပ္တစ္လုံးအတြက္ သူဝယ္ဖို႔ သူ႔ပိုက္ဆံအကုန္ခံဖို႔ မေၾကာက္ခဲ့ေပမယ့္ သူ႔မိဘေတြဆီကရတဲ့ ပိုက္ဆံကို မသုံးႏိုင္ေပ။

ယခုအခ်ိန္တြင္ဟဲက်င့္  သည္ ယာယီက်ဴရွင္ဆရာတစ္ဦးအျဖစ္ သို႔မဟုတ္ အျခားအလားတူအလုပ္မ်ားကို ရွာေဖြရန္ စဥ္းစားေနေသာေၾကာင့္ ၎ကိုဝယ္ရန္ သူ႔ကိုယ္ပိုင္ေငြကို စုႏိုင္မည္ ျဖစ္သည္။

ဟဲက်င့္ ရဲ႕ တုံ႔ျပန္မႈကို ျမင္ေတာ့ ခ်င္ယြီ က ျပႆနာက ေငြမရွိလို႔ ျဖစ္ေကာင္းျဖစ္ႏိုင္မယ္လို႔ မွန္းဆခဲ့ေလသည္... သူ သိခ်င္ေပမယ့္ အရင္ကတိအတိုင္း လိုက္နာဆဲျဖစ္ၿပီး ဒီကိစၥကို ဘာမွ မေမးဘဲ

"ဒါကအဆင္ေျပပါတယ္  မင္းကီးဘုတ္သုံးလို႔ရပါတယ္  ငါ့ကို ထိခိုက္မွာ မဟုတ္ဘူး။"

ဘာပဲျဖစ္ျဖစ္ ရလဒ္ကို စီစဥ္ေပးဖို႔ ဖင္းယြီေဟာင္ ကို သူေတာင္းဆိုခဲ့တယ္ေလ။ မေတာ္တဆမႈ မရွိရင္ ဟဲက်င့္ က ဒီဦးထုပ္ကို ေသခ်ာေပါက္ ရလိမ့္မယ္။

ဂိမ္းကစားေနတုန္း ခ်င္ယြီက သူ႔ရဲ႕ စမတ္လက္ပတ္ ကို အသုံးျပဳၿပီး ဟဲက်င့္ ထံ စာတိုေပးပို႔ကာ သက္သာလာသလား လို႔ ေမးခဲ့ေသးသည္။ တစ္ခ်ိန္တည္းမွာပင္ သူသည္ ဂိမ္းထဲတြင္ "အားက်င့္" ႏွင့္လည္း စကားေျပာေနေသာေၾကာင့္ တစ္ဖက္လူ၏ တုံ႔ျပန္မႈမွာ အနည္းငယ္ေႏွးေကြးသြားခဲ့သည္။

မၾကာခင္မွာပဲ ဟဲက်င့္ က "ပိုသက္သာလာပါၿပီ မင္းရဲ႕ဂ႐ုစိုက္မႈအတြက္ ေက်းဇူးတင္ပါတယ္။ မနက္ျဖန္ ညေန အားလား ?မင္းနဲ႔ ရွန္ ကို ညစာ လိုက္ေကြၽးခ်င္လို႔ေလ"

ခ်င္ယြီသည္ မနက္ျဖန္ညတြင္ တိုက္႐ိုက္ထုတ္လႊင့္မႈျပဳလုပ္ရန္ လိုအပ္ေသာေၾကာင့္ ၎က "မလိုပါဘူး" ဟု ယဥ္ေက်းစြာ ျငင္းဆိုခဲ့သည္။

ဟဲက်င့္ : "ငါလိုက္ေကြၽးခ်င္လို႔ပါ မဟုတ္ရင္ ငါအားနာလို႔"

ခ်င္ယြီ : "အိုး ဒါဆို အဆင္ေျပပါတယ္။ ဘယ္အခ်ိန္မွာ? ၿပီးေတာ့ ေနရာေရာ?"

ဟဲက်င့္: "ငါတို႔ေက်ာင္းဝင္းထဲသြားၾကမယ္ မင္းဘာစားခ်င္လဲ?"

ခ်င္ယြီ : "မင္း ေ႐ြးလိုက္ပါ"

ဟဲက်င့္ : "ဒါဆို မနက္ျဖန္ ခုနစ္နာရီမွာ ေတာင္ဖက္ဂိတ္တံခါးနားက Lala Fish Cantonese စားေသာက္ဆိုင္ကို သြားမယ္။ အဲဒါဘယ္လိုလဲ?"

ခ်င္ယြီ: "အိုေက ငါ ပိုင္က်န္းကို ေျပာလိုက္မယ္ဒါဆို အဲ့က်မွေတြ႕မယ္"

ခ်င္ယြီ သည္ စာသားမက္ေဆ့ခ္်ပို႔ရန္ လက္တစ္ဖက္ကို အသုံးျပဳကာ အျခားလက္တစ္ဖက္က သူ႔ကီးဘုတ္ကို ထိန္းခ်ဳပ္ေနခ်ိန္တြင္ ပါးစပ္ကိုဖြင့္ကာလဲ ေမးေနေသး၏။

"မိန္းမေလး ဘာလို႔မလႈပ္တာတုန္း အာ႐ုံလြင့္ေနတာလား?"

နတ္သမီးေလးက်င့္: "ငါဒီမွာ ငါ့သူငယ္ခ်င္းဆီ SMS ပို႔ေနလို႔"

ခ်င္ယြီ၏ ပါးစပ္ေထာင့္သည္ ေကြးၫႊတ္သြားကာ ဟဲက်င့္ ၏ အေျဖသည္ ဟဲက်င့္ ႏွင့္ အားက်င့္ အၾကား ဆက္ႏြယ္မႈအေပၚ ရွိေနသည့္ သံသယကို ထပ္မံအတည္ျပဳေပးခဲ့သည္။

ဟဲက်င့္ ၏အေအးမိျခင္းမွာ အျပည့္အဝမေပ်ာက္ကင္းႏိုင္ေသးသည္ကို သူသိေသာေၾကာင့္ ခ်င္ယြီသည္ ထိုညက ေစာေစာအိပ္ရာဝင္လိုေၾကာင္း ဟန္ေဆာင္ကာ အားက်င့္ကို လည္း ေအာ့ဖ္လိုင္းမွ အေစာႀကီးဆင္းခိုင္းခဲ့သည္။

နတ္သမီးေလးက်င့္ ရဲ႕ မီးခိုးေရာင္ သန္းေနတဲ့ နာမည္ကို ၾကည့္လိုက္ကာ ခ်င္ယြီ သည္  ဖင္းယြီေဟာင္ ကိုေခၚလိုက္သည္။

"မနက္ျဖန္ည အျပင္ထြက္မွာ ေနာက္က်ခ်င္ေနာက္က်လိမ့္မယ္။ မင္းအတြက္ ႀကိဳၿပီး ဗီဒီယို႐ိုက္ထားေပးမယ္"

ဒါကိုျမင္လိုက္ရေတာ့ ဖင္းယြီေဟာင္ က နည္းနည္းခါးသီးသြားသလို ခံစားလိုက္ရသည္။

"ခ်င္ အစ္ကိုႀကီး !မင္းအခုတေလာ ျပသာနာရွာလာသလိုပဲေနာ္ တိုက္႐ိုက္ထုတ္လႊင့္ေနရင္း တန္းလန္းႀကီး ပရိသတ္ေတြကို လည္း ပစ္ၿပီး ေျပးသြားၿပီး အလြန္ဒုေကၡေရာက္ခဲ့ရတယ္ ယခုလဲ ႀကိဳ႐ိုက္ထားတဲ့ vd နဲ႔ ထုတ္လႊင့္မယ္? Fly Tour Network က အခုႏွစ္ေတြမွာ အထူးျခားဆုံးေသာ ပလက္ေဖာင္းျဖစ္လာတာ ငါတို႔ရဲ႕ေက်ာ္ၾကားမူကို ဂ႐ုမစိုက္ေတာ့ဘူးလား?"

ခ်င္ယြီ : "ငါ ဂ႐ုစိုက္ပါတယ္ အဲ့ဒါေၾကာင့္ငါ မေရာက္ႏိုင္ရင္ မင္းအတြက္ ဗီဒီယို မွတ္တမ္းတစ္ခု ျပင္ဆင္ေပးမယ္ေျပာတာေလ"

ဗီဒီယိုတစ္ခုကို ႀကိဳတင္႐ိုက္ကူးရန္ မျဖစ္ႏိုင္တာေတာ့ မဟုတ္ေပ။  တိုက္႐ိုက္ ထုတ္လႊင္တယ္ဆိုသည္မွာ ထုတ္လႊင့္သူႏွင့္ ပရိသတ္ၾကား အျပန္အလွန္ဆက္ဆံမူျဖစ္သည္။

အဲဒီလို အျပန္အလွန္ ဆက္ဆံမႈ မရွိရင္ ေပ်ာ္စရာကေလ်ာ့နည္းသြားေပမည္။ ပရိသတ္ႏွင့္ အခ်ိန္အေတာ္ၾကာ ထိေတြ႕ဆက္ဆံမႈ မရွိခဲ့လွ်င္ ၎တို႔ကို လင္းယုန္မ်က္လုံး ပရိသတ္အခ်ိဳ႕က "ထုတ္လႊင့္မႈအတု " အျဖစ္ သိရွိသြားၿပီး ကဲ့ရဲ႕ရႈတ္ခ်ျခင္း ခံရႏိုင္သည္။

ဟုတ္ပါတယ္ ဒါေပမယ့္လည္း သူက သူ႔ပရိသတ္ေတြနဲ႔ ထိေတြ႕ဆက္ဆံမႈ မရွိသေလာက္ရွားတဲ့အတြက္ ဒီအခ်က္က ခ်င္ယြီအတြက္ တကယ္ကို မသက္ေရာက္ေပ။

ဖင္းယြီေဟာင္ : "ေျပာစမ္းပါဦး မင္းမိန္းမနဲ႔ ပတ္သက္ေနတာလား?"

ခ်င္ယြီ က မျငင္းဘဲ "အဲဒါပဲေပါ့" ဟု ေပါ့ေပါ့ပါးပါးေျပာခဲ့သည္။

ဖင္းယြီေဟာင္: "မင္း မင္း မင္း... မင္းမိန္းမရဲ႕ကြန္ျပဴတာ ခ်ိဳ႕ယြင္းသြားပါေစလို႔ ငါေမွ်ာ္လင့္တယ္ အဲ့ဒါသူ အြန္လိုင္းကို ဘယ္ေတာ့မွ ျပန္မတက္ လာႏိုင္ေတာ့မွာ!"

ခ်င္ယြီ က မ်က္လုံးကို ေမွးၾကည့္လိုက္ကာ "မင္းဘာေျပာလိုက္တာလဲ?"

ဖင္းယြီေဟာင္ : "ငါလိုခ်င္တယ္ေျပာတာပါ! ဘာမွမရွိတာထက္ ပိုေကာင္းတယ္! ငါ့အတြက္ ဗီဒီယို မွတ္တမ္း တစ္ခု႐ိုက္ေပး~~~! "

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
42.2K 1.9K 32
kinnporsche born again to reset everything, to kill korn and to help their family. it's gonna be major fluff. hurt/comfort story . Everyone broken wi...
251K 4.6K 45
【 𝗮𝗿𝘁𝗵𝘂𝗿𝘁𝘃 x 𝘧𝘦𝘮!𝘰𝘤 】 𝙄𝙉 𝙒𝙃𝙄𝘾𝙃, a lawyer-turned-youtuber and a baker unexpectedly meet at a house party, only to continuously f...