Unicode
နောက်တစ်နေ့မနက်တွင် ဟဲကျင့် သည် ခေါင်းမူးဝေခြင်း၊ လည်ချောင်းနာခြင်း၊ ခြေလက်များ နာကျင်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။
သူဖျားနေပြီပင်။ မနေ့က သူ ရေကန်ကိုသွားတုန်းက မိုးရွာနေခဲ့သည်။ အိပ်ဆောင်ကိုပြန်လာပြီး နောက်တွင်လည်း ရေနွေးနဲ့ ရေမချိုးခဲ့ပဲ ရောဂါအားလုံးကို ခံနိုင်ရည် ရှိသူလိုပင် ပြုမူခဲ့သည်။ထို့ကြောင့် ဖျားတာ မထူးဆန်းပေ။
ဟဲကျင့် သည် ထကာ ရေတစ်ခွက်သောက်ပြီးနောက် အလောင်းကောင်ကဲ့သို့ အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။
မနေ့ညက အိပ်ယာဝင် နောက်ကျခဲ့တဲ့ ဟုန်တုန်ယွမ် နောက်ဆုံး နိုးလာချိန်မှာတောင် ဟဲကျင့် ရဲ့ အနေအထားက အတူတူပင်။
"ဘာလို့ သွားဖို့ အဆင်သင့် မဖြစ်သေးတာလဲ?"
သူတို့ ၂နှစ်ခွဲကြာ အတူနေထိုင်လာခဲ့တဲ့တစ်လျှောက် ဟဲကျင့် ဟာ နေ့တိုင်း မနက်စောစော ခြောက်နာရီဆို ထလေ့ရှိသည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ အိပ်စက်နေခြင်းကို အမှန်တကယ်မြင်ရသည်မှာ ဟုန်တုန်ယွမ် အတွက် တစ်သက်တွင် တစ်ကြိမ်သာ ဖြစ်သည်။
ဟဲကျင့် : "ငါ နေမကောင်းဘူး အဖျားနည်းနည်းရှိနေတယ်ထင်တယ်"
"ဒါပေမယ့် မင်းရဲ့မျက်နှာ အခြေအနေက မဆိုးပါဘူး အာ" ဟုန်တုန်ယွမ် က ဟဲကျင့်နဖူးကို လက်နဲ့တင်ပြီး
"အိုး အင်း နည်းနည်းပူတယ်ဆေးခန်းသွားချင်လား?"
ဟဲကျင့် ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် အမြဲတစေ ထူးထူးခြားခြား ဖြစ်နေတတ်သည်။ သူ့မှာ တုပ်ကွေး ရှိသည်ဖြစ်စေ ရိုးရိုးဖျားသည်ဖြစ်စေ သို့မဟုတ် ရိုးရိုးလေး ပင်ပန်းနေသည်ဖြစ်စေ သူ့မျက်နှာ အခြေအနေ သည် ဘယ်တော့မှ မဆိုးပေ။
သူ့ အသံ သည် လည်း ထိုနည်း လည်ကောင်းပင် အလွန်ဆုံးမှ အသံနည်းနည်း အက်ရုံပင်။ ထို့ကြောင့် သူနေမကောင်းဖြစ်နေချိန်မှာတောင် တခြားလူတွေက သူနေကောင်းတယ်လို့ပဲ အလိုလိုတွေးမိကြလိမ့်မည်။
"ဟင့် အခုတော့ ငါ ဒီတိုင်း နားလိုက်မယ်"
ဟဲကျင့်က ဆိုသည် "ငါ မကြာခင် ပိုသက်သာလာမှာပါ"
ဟုန်တုန်ယွမ် သည် သူတပါးကို ပြုစုစောင့်ရှောက်ရာတွင် ကောင်းသော လူအမျိုးအစားမဟုတ်သောကြောင့် ဟဲကျင့် ၏စကားကိုကြားပြီးနောက်တွင် သူကလည်း အတင်းအကြပ်မလုပ်ခဲ့ပေ။
နေ့ခင်းဘက်တွင် ဟုန်တုန်ယွမ် သည် ကန်တင်း မှ ဟဲကျင့် အတွက် နေ့လည်စာ ဝယ်ကာ ပြန်လာခဲ့သည်။ အချိန်အကြာကြီးမနေခဲ့ ပဲ ခဏအကြာတွင်တော့ အပြင် ပြန်ထွက်သွားကာ ညနေမှ ဟဲကျင့် ကို စစ်ဆေးဖို့ ပြန်လာခဲ့လေသည်။
သို့သော်ဟဲကျင့် သည် ယခင်ကဲ့သို့ အနေအထားတွင် ရှိနေဆဲဖြစ်ပြီး နောက်ဆုံးအကြိမ် သူယူလာခဲ့သော အစားအသောက်မှာ ကုတင်ဘေး စားပွဲပေါ်တွင် ဒီတိုင်း ရှိနေသည်ကို တွေ့လိုက်ရသောအခါ တုန်ယွမ် သည် တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ သူ ဟဲကျင့် ရဲ့ နံဘေးကို ပြေးသွားပြီး သူ့နဖူးကို ထိလိုက်ပြန်တော့သည်။ သူ့ ရဲ့ အပူချိန်က အရင်ကထက် ပိုမြင့်လာတယ်ဟ ဒီချွေးတွေ ကရော ဘာတွေလဲ အာ!!
"ကျင့်ကော, ကျင့်ကော..."
သူသည် ဟဲကျင့် ၏ နာမည်ကို အကြိမ်အနည်းငယ် ခေါ်ရန် ကြိုးစားသော်လည်း အဖြေမရှိပေ။ ဟုန်တုန်ယွမ် ထိတ်လန့်သွားသည်။ သူသည် အခြားလူကို အမြန်ဆွဲထူကာ ပေါ့ပေါ့ပါးပါး အဝတ်အစားများဝတ်ပေးပြီးအကူအညီတောင်းရန် အခန်းတွင်းမှ ပြေးထွက်လာသည်။
"ခေါင်းကြီး! ချီကော မင်းရှိလား?!" သူ့ဘေးနားက အခန်းကို ခဏလောက်ခေါက်လိုက်ပေမယ့် သူထင်တဲ့အတိုင်း အခန်းက လွတ်နေ၏။ထိုအခန်းမှာ နေထိုင်တဲ့ လူနှစ်ယောက်က ဒေသခံတွေမို့ တနင်္ဂနွေတိုင်း အိမ်ပြန်ကြသည်။
ဟုန်တုန်ယွမ် သည် ဟဲကျင့် ၏အခန်းသို့ တုံ့ဆိုင်းစွာဖြင့် ပြန်လာပြီး ဟဲကျင့် ကို သူ့ဘာသာသူ ဆေးရုံသို့ မည်သို့ခေါ်ဆောင်ရမည်ကို တွေးတော့သည်။
ဟဲကျင့် က ကိုယ်အလေးချိန် သိပ်မရှိကာ တကယ်မလေးပါဘူး။ ဒါက.. ဟုန်တုန်ယွမ် ရဲ့ ခန္တာကိုယ်က သေးလွန်းနေတာပင်။ သူ့အရပ်က 165cm သာရှိပြီး ဟဲကျင့် က 175cm သူ့ထက် ဆယ်စင်တီမီတာ အရပ်မြင့်တဲ့ လူတစ်ယောက်ကို သယ်ဖို့ ... ဆိုတာ ဒါက အရမ်းပင်ပန်းတဲ့ အလုပ်ဖြစ်မှာ သေချာနေတယ်လို့။
သို့သော် သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ဟုန်တုန်ယွမ် က သက်ပြင်းချလိုက်ပြီး ဟဲကျင့်ကို ကောက်ထူလိုက်ကာ အခန်းထဲက ဂရုတစိုက် သယ်သွားတော့သည် ။ အိပ်ဆောင်ရဲ့ လှေကားထစ်ကို ရောက်တဲ့အခါ မထင်မှတ်ပဲ ကျောင်းသားနှစ်ယောက်ကို ဝင်တိုက်မိတော့သည်။
"သူ ဘာဖြစ်နေတာလဲ?"
ဟုန်တုန်ယွမ် က ရပ်လိုက်ပြီး သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းကာ
"ငါ့အခန်းဖော်က အဖျားရှိနေတာ ခုနကတည်းက ကိုယ်ပူပြီး မူးနေတယ်!"
"ဟင် သူ က ဟဲကျင့်မဟုတ်ဘူးလား?" တယောက်က အော်သည်။
"ဟေး မင်းသူ့ကိုသိလား?" ဟုန်တုန်ယွမ် က အံ့အားသင့်စွာ ပြောလာတော့သည်။
"ဒါဆို ငါ့ကို မြန်မြန်ကူညီပါဦး!"
သူပြောပြီးပြီးချင်းမှာပဲ သူ့ရင်ခွင်ထဲက ဝန်ထုပ်ဝန်ပိုးက ရုတ်တရက် ဆွဲယူခံလိုက်ပြီး အရပ်ရှည်တဲ့ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရွှေ့ခံလိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်တွင် ဟဲကျင့်၏ ကိုယ်အလေးချိန် တိုးလာသော်လည်း လှေကားမှ ဆင်းလာစဉ် ထိုအမျိုးသား၏ အမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်နေသေးသည် ။
ဟုန်တုန်ယွမ် နှုတ်ခမ်းစူရင်း - ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေကို ငါတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားက ဘာလို့ ဒီလောက်တောင် ကွာခြားရတာလဲ? အဲဒါကြောင့် ဂိမ်းတွေဆော့ရတာ ပိုကြိုက်တယ် အနည်းဆုံးတော့ အဲ့မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လို့ရတယ်!!!
"ငါတို့ကျောင်းဆေးရုံသွားရမှာ ဟုတ်တယ်မလား?"
အရပ်ရှည်ရှည်လူက မေးသည်။
ဟုန်တုန်ယွမ် က သူ့နောက်ကနေ လှမ်းပြောလိုက်သည်။
" ဟုတ်တယ်... မင်းက ကျောင်းသားသမဂ္ဂကလား? "
အခြားလူ: "မဟုတ်ဘူး ငါတို့က တင်းနစ်ကလပ်က" ဟု ရယ်သည်။
ဟုန်တုန်ယွမ်: "အိုး ဟဲကျင့်ကို မင်းဘယ်လိုသိတာလဲ?"
"မနေ့က ရေကန် ခရီးမှာ တွေ့တာ"
ဟုန်တုန်ယွမ် နှင့် တိုက်မိသော လူနှစ်ယောက်မှာ ရှန် နှင့် ချင်ယွီ ဖြစ်သည် ။
ကျောင်းရဲ့ ဆေးရုံက အိပ်ဆောင်နဲ့ တော်တော်ဝေးသည်။ လမ်းတစ်လျှောက်တွင် ကျောင်းသားများစွာ ရယ်မောနေကြပြီး မင်းသမီးပုံစံ ဖြင့် ဟဲကျင့်ကို ချီထားသော ချင်ယွီ၏ မြင်ကွင်းသည် သူတို့၏အာရုံကို အမှန်တကယ် စွဲဆောင်သွားခဲ့သည်။
အရေးပေါ်ခန်းသို့ ရောက်သောအခါ ဟုန်တုန်ယွမ် သည် ဟဲကျင့် ၏ ကျောင်းသား ID ကတ်ကို ယူဆောင်လာရန် မေ့သွားသည်ကို သိရှိသောကြောင့် ဟဲကျင့် ၏ အချက်အလက်များကို ကိုယ်တိုင်ရေးရတော့လေသည်။
သူရေးနေတဲ့အချိန်မှာ ချင်ယွီက form ကို တစ်ချက် ချောင်းကြည့်လိုက််သည်။ အဲဒီမှာ ရင်းနှီးတဲ့ "ကျင့်" စာလုံးကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေက အရောင် ပြောင်းသွားတော့သည်။ ဒါက အားကျင့် ထဲက စာလုံးနဲ့ အတူတူပဲ!!!!
မကြာမီ ဆရာဝန်အို တစ်ယောက် ရောက်လာပြီး ဟဲကျင့်၏ အပူချိန်ကို တိုင်းလိုက်သည်။ အမှန်တကယ်ကို 40°C ကို ရောက်နေလေသည်။
ရှန် : "သူ ခေါင်းမူးတာ မဆန်းပါဘူး။ အရင်က ငါ အဖျား 39°C ရှိခဲ့တုန်းက တောင် ငါ အဲဒီအချိန်မှာ လမ်းတောင်မလျှောက်နိုင်ခဲ့ဘူး!"
ဟဲကျင့် ၏သွေးကိုစစ်ဆေးပြီး IV drip သွင်းပြီး ခေတ္တအနားယူပြီးနောက် သက်သာလာမည်ဟု ဆရာဝန်က ပြောကြားခဲ့သည်။ဟုန်တုန်ယွမ် စိတ်သက်သာရာရသွားသည်။
"ကျေးဇူးတင်ပါတယ် ငါ သူ့ကို ဒီကို တစ်ယောက်တည်း ခေါ်လာရမယ် ဆိုရင် ငါ မရောက်ခင် ပြုတ်ကျမှာ သေချာတယ်!"
သူပြောပြီး ချင်ယွီမျက်နှာကို လှည့်ကြည့်လိုက်သည်။ သူအရင်က ထိတ်လန့်တုန်လှုပ်နေတော့ သတိမထားမိပေမယ့် အခု သူ့ကိုကူညီတဲ့လူက တကယ်ချောမောနေတာတွေ့လိုက်ရသည်။
သူက ဆက်ပြောလိုက်သည် "ဟဲကျင့် နိုးလာတဲ့အခါ သူ့ကိုလည်း မင်းကို ကျေးဇူးတင်ဖို့ ပြောလိုက်မယ် ငါ မင်းကို ဒုက္ခမပေးချင်တော့ဘူး မင်းသွားချင်ရင် မင်းသွားလို့ရတယ် ငါ ဘာသာ သူ့ကိုစောင့်ရှောက်လိုက်မယ် "
ရှန်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။ သို့သော် ချင်ယွီက မမျှော်လင့်ဘဲ "အဆင်ပြေပါတယ် သူနိုးမှ ငါသွားမယ်။" ဟုပြောလာသည်။
"ငါတို့စောင့်နေမယ်?" ရှန် က အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ချင်ယွီသည် "အခြားသူများကို ကူညီရန် အမြဲအသင့်ရှိနေသူ" ဇာတ်ကောင်ကဲ့သို့ မထင် ပေ။ ဟဲကျင့် ကို ဆေးရုံကို ခေါ်ပေးသွားတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်ကို ရှန်က နားလည်နိုင်တယ် ဒါက အရေးပေါ်ကိစ္စပဲ...
ဒါပေမယ့် အခုက မတူတော့ဘူး။ ဟဲကျင့်က သူ့အခန်းဖော် ဆရာဝန် နဲ့ သူနာပြုတွေ တခြား ဧည့်သည်တွေတောင် ရှိတယ် သူတို့ တကယ်နေဖို့ မလိုပေ...
ချင်ယွီ က ရှန် ကိုပြောလိုက်သည်။
"မင်းအရင်သွားစားလို့ရတယ် နောက်မှ ငါ့အတွက် စားစရာတစ်ခုခု ယူလာပေးလိုက် ငါဒီမှာစောင့်နေမယ်။"
ရှန် က ခေါင်းညိတ်ပြီး "အိုကေ ဒါဆို ငါအရင်သွားလိုက်မယ် ဒါနဲ့ မင်း.." သူက ဟုန်တုန်ယွမ် ကိုကြည့်ကာ "မင်းလည်း ညစာ မစားရသေးဘူးမလား ငါမင်းကို စားစရာတစ်ခုခု ယူလာပေးစေချင်လား?"
"ငါ့နာမည်က ဟုန်တုန်ယွမ် မင်းငါ့ကို မျောက်လို့ခေါ်နိုင်တယ်။"
ဟုန်တုန်ယွမ် က သူ့အတွက် အစားအသောက်ကတ်ကို ပေးခဲ့ပြီး "မင်းကို ဒုက္ခပေးရလို့ တောင်းပန်ပါတယ် အာ..."
ရှန် ထွက်သွားပြီးနောက် အခန်းထဲတွင် ချင်ယွီ နဲ့ ဟုန်တုန်ယွမ် သာရှိတော့သည်။ အတိုချုံး မိတ်ဆက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြ၏။
ချင်ယွီ: "သူ့အဖျားက ဘယ်အချိန်ကစဖြစ်တာလဲ?"
ဟုန်တုန်ယွမ် က စိုးရိမ်လို့ ချင်ယွီ က ထွက်မသွားဘူးလို့ ထင်တဲ့အတွက် သူ့ကို ရိုးရိုးသားသား ပြန်ပြောဖို့ မတွန့်ဆုတ်ခဲ့ပေ။
"ငါတော့ ဒီမနက် ထင်တာပဲ မနေ့ညက နေကောင်းနေတုန်းပဲ"
ချင်ယွီ: "မနေ့ညက သူဘာလုပ်နေတာလဲ?"
ဟုန်တုန်ယွမ် က ပေါ့ပေါ့ပါးပါးနဲ့ ဖြေတယ်
"ppt လုပ်နေတာ? မကြာခင် ဟောပြောပွဲတစ်ခု လုပ်ဖို့ရှိတယ် ထင်တယ်..."
ဒီအဖြေကိုကြားတော့ ချင်ယွီရဲ့ စိတ်တွေ ရုတ်တရက် ကျဆင်းသွားသည်။ ငါအရမ်းတွေးနေတာဖြစ်နိုင်လား? ဒါ ငါ့ရဲ့ စိတ်ကူးယဉ် အတွေးသက်သက်လား?
ဟုန်တုန်ယွမ် ပြောသည်မှာ မမှားပေ။ ဟဲကျင့် သည် မနေ့က နေ့လည်ပိုင်းလောက်မှာ ppt လုပ်ခဲ့ပေမယ့် နေ့လည်တစ်ဝက်လောက်မှာတော့ "Demon God" ကို ကစားခဲ့သည်။ ဟုန်တုန်ယွမ် သည် ဤအကြောင်းကို သိသော်လည်း အချိန်အတိအကျကို မသိပေ။ ကောင်းပြီ ဟုန်တုန်ယွမ် က ဟဲကျင့် ကို 24/7 စောင့်ကြည့်နေတာ မဟုတ် ပေ...
"ဘယ်လို ဟောပြောပွဲမျိုးလဲ?"
ချင်ယွီ သည် အမှတ်မထင်ဘဲ အကြောင်းအရာကို ဆက်ပြောသည်။
ဟုန်တုန်ယွမ် : "ကျောင်းသားငယ်လေးတွေကို အင်္ဂလိပ်စာ သင်ပေးဖို့လို့ ကြားတယ် ပွဲက နက်ဖြန် ဗုဒ္ဓဟူးနေ့..."
နတ်သမီးလေးကျင့် - "... ငါ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ ညတိုင်း ည ခုနှစ်နာရီ သို့မဟုတ် ရှစ်နာရီမှာ အွန်လိုင်းမှာ ရှိမယ်။ ဒါပေမယ့် ဒီလာမယ့် ဗုဒ္ဓဟူးနေ့ညနေမှာ ငါလုပ်စရာရှိတယ် ဒါကြောင့် ငါ အွန်လိုင်းပေါ်မလာဘူး။"
ချင်ယွီ၏ စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာသည်။ သူသည် ကုတင်ပေါ်ရှိ ဟဲကျင့် ၏ရုပ်သွင်ကို စေ့စေ့တွေးကာ ကြည့်လိုက်သည်။ မနေ့က ဟဲကျင့် က အားကျင့် အကြိုက်ဆုံးဟင်းအတိုင်း 'ဝက်နံရိုးချိုချဉ်' ကို ပေါ့ပေါ့ပါးပါး မှာစားတာကို သတိရမိလိုက်သည်...
ချင်ယွီ က "မနေ့ညက သူဘယ်နှနာရီ အိပ်တာလဲ?" ဟု ထပ်မေးလိုက်သည်။
ဟုန်တုန်ယွမ်: "တော်တော် နောက်ကျတယ် သူမနေ့ညက ဂိမ်းတချို့ ကစားနေတာ!!!"
ချင်ယွီ: "...!! "
ဒီအဖြေကိုကြားတော့ ချင်ယွီက သူ့စိတ်တွေ တဖန်ပြန်တက်ကြွလာပြီး မြေပြင်ကနေ ကောင်းကင်အထိ တက်သွားသလို ခံစားလိုက်ရသည်။
ချင်ယွီ က မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "သူလည်း ဂိမ်းဆော့နေတာလား? ဘာဂိမ်းလဲ? "
'ဂိမ်း' ဟူသောစကားတွင် ဟုန်တုန်ယွမ် သည် စိတ်လှုပ်ရှားလာသည်။
"Demon God ဆိုတဲ့ ပြည်တွင်း ဂိမ်း တစ်ခုလေ အဲ့ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး မကြာခင် ဟိုလိုဂရပ်ဖစ် ဗားရှင်းထွက်တော့မှာ မင်းကြားဖူးလား?"
ချင်ယွီ: "...!!! "
ဟွားတက္ကသိုလ်ကျောင်းသား သူ့ထက်အတန်းတစ်တန်းကြီးတယ် "HJ" ဆိုတဲ့ နာမည် အတိုကောက် ပြီးတော့ မနေ့ညက Demon God ဂိမ်း ကစားခဲ့တယ်။ ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသူ လူဘယ်နှယောက်ရှိနိုင်လဲ? ဒီလို တိုက်ဆိုင်မှုတွေက ဘယ်လိုဖြစ်နိုင်ရတာလဲ!!
ချင်ယွီ: "ငါကြားဖူးတယ် သူ... သူ အကြာကြီးကစားခဲ့တာလား။ "
ဟုန်တုန်ယွမ် က သူ့ခေါင်းကို ခါယမ်းသည်
"တကယ်တော့ မဟုတ်ဘူး သူက ပုံမှန်အားဖြင့် အရမ်းအလုပ်များနေတတ်တာ ဒါကြောင့် သူ ဂိမ်းတွေ တကယ်ဆော့တယ်လို့ ငါတောင် ဘယ်တုန်းကမှ မထင်ခဲ့ဘူး... သူ ဒီဂိမ်းကို အရင်က ကစားဖူးတာ ရက်အနည်းငယ်လောက်ကမှ သိခဲ့ရတာ
သူက ဂိမ်းတပ်ဆင်မှု ပက်ကေ့ချ်ကို တောင်းသွားတယ်လေ ငယ်ငယ်က ဒီဂိမ်းကို ဆော့ဖူးတယ်လို့ ပြောတာပဲ
အိုး မကြာခင်က ဒီဂိမ်းမှာ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့လည်းသူပြောခဲ့သေးတယ်..."
ချင်ယွီ: "!!!!! "
ဟုန်တုန်ယွမ် ကို တခြားမေးခွန်းတွေ မေးနေစရာ မလိုတော့ပါဘူး- တရုတ်နိုင်ငံတစ်ဝှမ်းမှာ "ဟွား တက္ကသိုလ် ကျောင်းသား သူ့ထက်အတန်း တစ်နှစ်ကြီးတဲ့သူ နာမည် အတိုကောက် "HJ" နံရိုးချိုချဉ်စားရတာ ကြိုက်တဲ့သူ မနေ့ညက Demon God ကစားခဲ့ပြီး မကြာသေးမီက ဂိမ်းထဲမှာ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောတဲ့သူ" အဲ့လို လူနောက်တစ်ယောက် တွေ့ခဲ့ရင် သူ့နာမည်ကို နောက်ပြန် ပြောင်းလိုက်မယ်!!
ချင်ယွီ သည် ဟဲကျင့် သည် သူ၏ "နတ်သမီးလေးကျင့်" ဖြစ်သည်ကို 99% သေချာနေပြီဖြစ်သည်။ ဖင်းယွီဟောင် သာ အချက်အလက်အစစ်အမှန်ကို စစ်ဆေးအတည်ပြုပြီးနောက် တွင် ကျန် 1% ကို သူအတည်ပြုနိုင်မည်ဖြစ်သည်။
ဒါကို တွေးရုံနဲ့ သူ့ရင်တွေ တဆတ်ဆတ် ခုန်လာတယ်...
သူ အားကျင့် ကို စောင့်နေတာ ကြာပြီ သူ သတိမထားမိဘဲ ဒီတခေါက်မှာ တခြားလူက သူနဲ့ အတူတူ အဆောက်အဦးတစ်ခုထဲမှာဘဲ တကယ်နေခဲ့တယ် ။ သူနဲ့အတူတူ ရေကန်ကို လည်းသွားခဲ့ပြီး ထမင်းအတူတူလည်းစားခဲ့ကြတယ်...
***
ချင်ယွီ သည် အကြောင်းအရာကိုပြောင်းလိုက်ပြီး ဟုန်တုန်ယွမ် နှင့် စကားစမြည်ပြောခဲ့သည်။ မကြာမီမှာပင် သူတို့သည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာကြသည်။
"ဟဲကျင့် နိုးလာတဲ့အခါ သူ့မှာ လမ်းပြန်လျှောက်ဖို့ ခွန်အားတွေ လုံလုံလောက်လောက် မရှိ လောက် သေးဘူး ထင်တယ် ဒါကြောင့် ငါမင်းကို ဒီမှာပဲ အဖော်လုပ်ပေးမယ်လေ ပြီးကျ သူ့ကို ပြန်ခေါ် သွားဖို့ ကူညီပေးမယ်။"
ဟုန်တုန်ယွမ် က သူ့ကို ကျေးဇူးတင်ကြောင်းပြောသည်။
"ကောင်ချောလေး မင်းက သိပ်ကြင်နာတတ်တာပဲ!"
ချင်ယွီ က ပြုံးပြီး "ဒါပေမယ့် အခု သူဝတ်ထားတဲ့အဝတ်တွေက နည်းနည်းပါးလွန်းတယ်ထင်တယ် နောက်ကျ အေးနေလိမ့်မယ် အိပ်ဆောင်ကို ပြန်သွားပြီး သူ့အတွက် အင်္ကျီတွေ ယူလာပေးနိုင်မလား?"
နုံချာသော ဟုန်တုန်ယွမ် သည် ချင်ယွီ ၏ "ကြင်နာမှု" ကို သံသယမ၀င်ဘဲ လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး "ကောင်းပြီ ငါ အခု သွားလိုက်မယ်!" "
ဟုန်တုန်ယွမ် ထွက်သွားပြီးနောက် ချင်ယွီသည် သူ့ထိုင်ခုံမှထကာ ဆေးရုံကုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူက အပေါ်ထပ်မှာ လဲလျောင်းနေတဲ့ လူကို ကြည့်ပြီး ခေါင်းကနေ ခြေဖျားအထိ ထပ်ခါထပ်ခါ ကြည့်နေမိသည်။
ချွေးစိုနေသောဆံပင်များ နူးညံ့သောမျက်နှာလေး ဖြူဖျော့နေသောနှုတ်ခမ်းလေး သွယ်လျသောခန္ဓာကိုယ် ပျမ်းမျှထက်သေးငယ်သော ခြေလက်လေးများ...
ချင်ယွီသည် အခြားသူ၏သဏ္ဌာန်ကို သူ့မှတ်ဉာဏ် အနက်ရှိုင်းဆုံးအထိ ထွင်းထုရန် ကြိုးစားနေသကဲ့သို့ ၎င်းကို ရှစ်နှစ်ကြာ အမြစ်တွယ်နေသည့် ထင် ယောင်ထင်မှားပုံရိပ် ဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ကာ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး နောက်ဆုံးတွင် သူ့နှလုံးသားထဲတွင် ရိုက်နှိပ်ထားလိုက်တော့သည်။.....
တွေ့လား? မင်းက ယောက်ျားလေးဆိုရင်တောင် မင်းကို ငါ မှတ်မိနေတုန်းပဲ ငါ မင်းကို ရှာနေတုန်းပဲ။
"ဟဲကျင့်..." ချင်ယွီ က သူ့နာမည်ကို ဆိုလိုက်ပြီး ဖြူဖျော့နေတဲ့ မျက်နှာလေးကို ပွတ်သပ်ပေးဖို့ သူ့လက်ချောင်းကို မြှောက်လိုက်သည်။ သူက ညင်သာစွာ ပြုံးပြီး "ကမ္ဘာကြီးက တကယ့်ကိုကျဉ်းတယ်နော် ဟုတ်တယ်မလား?" ဟု တိုးတိုးလေးပြောသည်။
ငါ မင်းကိုရှာဖို့ အချိန်အများကြီးမကုန်ပါဘူး ဒါပေမယ့် မင်းတကယ်ပဲ ငါ့ရဲ့ဘေးနားမှာ အရင်ရှိနေခဲ့တာပဲ။
ရှန်ရောက်လာသောအခါ ချင်ယွီက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ကံကောင်းထောက်မစွာပင် ရှန် သည် ထိုမြင်ကွင်းကို မမြင်ခဲ့ပေ မဟုတ်ပါက သူ၏ မေးစေ့သည် မြေပြင်ပေါ်သို့ ကျသွားနိုင်သည်။
"ဒီမှာ မင်းအတွက် ကြက်ဥလိပ်တွေ ယူလာပေးတယ်... မျောက်ရော သူဘယ်မှာလဲ?"
ရှန်ပိုင်ကျန်း က ဘေးပတ်လည် ကို ကြည့်လိုက်သည်။
" ဟဲကျင့် အတွက် ထူတဲ့အဝတ်အစားတွေယူဖို့ သူအဆောင်ကိုပြန်သွားတယ် "
ချင်ယွီက ကြက်ဥလိပ်ကိုယူကာ ပြုံးလိုက်သည်။
"မင်းဘာလို့စိတ်ကောင်း ဝင်နေရတာလဲ?" ရှန်ပိုင်ကျန်းက သံသယစိတ်နဲ့ မေးလေသည်။
"မင်းနဲ့ ဟဲကျင့်... အရင်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား?"
ချင်ယွီ က ခေါင်းညိတ်လိုက်ပြီး "ဒီလိုပါပဲ"
ရှန် က တစ်ခုခုကို တွေးမိပေမယ့် ဆက်မမေးတော့ပေ။ သိပ်မကြာခင်မှာပဲ ဟုန်တုန်ယွမ် က ပြန်ရောက်လာပြီး ဟဲကျင့် ရဲ့ အဝတ်အစားတွေကို လည်းသူ့လက်ထဲမှာ ကိုင်ထားခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်ဟဲကျင့် နိုးလာလေသည်။ ချင်ယွီ နှင့် ရှန် တို့ကို တွေ့လိုက်ရတော့ သူ အတော်လေး အံ့အားသင့်သွားသော်လည်း ဟုန်တုန်ယွမ် က သူ့အတွက် အဖြစ်အပျက်ကို အမြန်ရှင်းပြလိုက်သည်။
သူ့ကြောင့် တခြားသူတွေကို ဒုက္ခပေးသလိုဖြစ်ခဲ့သောကြောင့် ဟဲကျင့် က အရမ်းရှက်သွားသလို ခံစားလိုက်ရသည်။ဒါပေမယ့်လည်း ကျေးဇူးလည်းတင်၏။
"သူတို့ကို တချိန်ချိန် ညစာ ဝယ်ကျွေးလိုက်နော်" ဟုန်တုန်ယွမ်က ရယ်ကာ "အထူးသဖြင့် ချင်ယွီ ကော ကိုပဲ သူက မင်းကို ဒီမှာချီပြီး သယ်သွားပေးတဲ့သူပဲ"
...... ချီတယ်? ......သယ်သွားတာလား?
ဟဲကျင့် သည် ချင်ယွီ ကို ကြည့်လိုက်ရာ ထိုလူက သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးကို အမြန်လှည့်လိုက်ပြီး
"အင်း မနက်ဖြန်ညနေ ဘယ်လိုလဲ? ငါ မင်းကို ညစာကျွေးမယ်လေ "
"စိတ်မပူပါနဲ့ မင်းခန္ဓာကိုယ်ကို အရင်အနားယူဖို့လိုတယ်" ချင်ယွီက ပြောလိုက်သည်။
ထို့နောက် ဟုန်တုန်ယွမ် သည် IV အပ်ကိုဖြုတ်ရန်သူနာပြုကို ခေါ်လိုက်ပြီး ဟဲကျင့် ၏ဆေးများယူရန် ထွက်သွားသည်။
ဟဲကျင့် က မွေ့ယာကို ကိုင်လိုက်ပြီး ထဖို့ ကြိုးစားပေမယ့် မကြာခင်မှာ ချင်ယွီက "ငါ မင်းကို ကျောပိုးမယ်" ဟု ဆိုကာ တားလိုက်သည်။
ဟဲကျင့် အံ့သြသွားသည် "အာ..."
"အဆင်ပြေပါတယ် ငါလမ်းလျှောက်နိုင်တယ်" လို့ပြောမလို့ရှိသေးသည်...
.... သို့သော် ချင်ယွီသည် သူ့ရှေ့တွင် ကျောပေးထိုင်နေပြီဖြစ်သည်။
Zawgyi
021: ဖ်ားေနၿပီ
ေနာက္တစ္ေန႔မနက္တြင္ ဟဲက်င့္ သည္ ေခါင္းမူးေဝျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေျခလက္မ်ား နာက်င္ျခင္းႏွင့္ အသက္ရႉရခက္ခဲျခင္းတို႔ေၾကာင့္ အိပ္ရာမွ ႏိုးလာခဲ့သည္။
သူဖ်ားေနၿပီပင္။ မေန႔က သူ ေရကန္ကိုသြားတုန္းက မိုး႐ြာေနခဲ့သည္။ အိပ္ေဆာင္ကိုျပန္လာၿပီး ေနာက္တြင္လည္း ေရေႏြးနဲ႔ ေရမခ်ိဳးခဲ့ပဲ ေရာဂါအားလုံးကို ခံႏိုင္ရည္ ရွိသူလိုပင္ ျပဳမူခဲ့သည္။ထို႔ေၾကာင့္ ဖ်ားတာ မထူးဆန္းေပ။
ဟဲက်င့္ သည္ ထကာ ေရတစ္ခြက္ေသာက္ၿပီးေနာက္ အေလာင္းေကာင္ကဲ့သို႔ အိပ္ရာေပၚ ျပန္လွဲခ်လိုက္သည္။
မေန႔ညက အိပ္ယာဝင္ ေနာက္က်ခဲ့တဲ့ ဟုန္တုန္ယြမ္ ေနာက္ဆုံး ႏိုးလာခ်ိန္မွာေတာင္ ဟဲက်င့္ ရဲ႕ အေနအထားက အတူတူပင္။
"ဘာလို႔ သြားဖို႔ အဆင္သင့္ မျဖစ္ေသးတာလဲ?"
သူတို႔ ၂ႏွစ္ခြဲၾကာ အတူေနထိုင္လာခဲ့တဲ့တစ္ေလွ်ာက္ ဟဲက်င့္ ဟာ ေန႔တိုင္း မနက္ေစာေစာ ေျခာက္နာရီဆို ထေလ့ရွိသည္။ ထို႔ေၾကာင့္ သူသည္ ဤကဲ့သို႔ အိပ္စက္ေနျခင္းကို အမွန္တကယ္ျမင္ရသည္မွာ ဟုန္တုန္ယြမ္ အတြက္ တစ္သက္တြင္ တစ္ႀကိမ္သာ ျဖစ္သည္။
ဟဲက်င့္ : "ငါ ေနမေကာင္းဘူး အဖ်ားနည္းနည္းရွိေနတယ္ထင္တယ္"
"ဒါေပမယ့္ မင္းရဲ႕မ်က္ႏွာ အေျခအေနက မဆိုးပါဘူး အာ" ဟုန္တုန္ယြမ္ က ဟဲက်င့္နဖူးကို လက္နဲ႔တင္ၿပီး
"အိုး အင္း နည္းနည္းပူတယ္ေဆးခန္းသြားခ်င္လား?"
ဟဲက်င့္ ၏ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနသည္ အၿမဲတေစ ထူးထူးျခားျခား ျဖစ္ေနတတ္သည္။ သူ႔မွာ တုပ္ေကြး ရွိသည္ျဖစ္ေစ ႐ိုး႐ိုးဖ်ားသည္ျဖစ္ေစ သို႔မဟုတ္ ႐ိုး႐ိုးေလး ပင္ပန္းေနသည္ျဖစ္ေစ သူ႔မ်က္ႏွာ အေျခအေန သည္ ဘယ္ေတာ့မွ မဆိုးေပ။
သူ႔ အသံ သည္ လည္း ထိုနည္း လည္ေကာင္းပင္ အလြန္ဆုံးမွ အသံနည္းနည္း အက္႐ုံပင္။ ထို႔ေၾကာင့္ သူေနမေကာင္းျဖစ္ေနခ်ိန္မွာေတာင္ တျခားလူေတြက သူေနေကာင္းတယ္လို႔ပဲ အလိုလိုေတြးမိၾကလိမ့္မည္။
"ဟင့္ အခုေတာ့ ငါ ဒီတိုင္း နားလိုက္မယ္"
ဟဲက်င့္က ဆိုသည္ "ငါ မၾကာခင္ ပိုသက္သာလာမွာပါ"
ဟုန္တုန္ယြမ္ သည္ သူတပါးကို ျပဳစုေစာင့္ေရွာက္ရာတြင္ ေကာင္းေသာ လူအမ်ိဳးအစားမဟုတ္ေသာေၾကာင့္ ဟဲက်င့္ ၏စကားကိုၾကားၿပီးေနာက္တြင္ သူကလည္း အတင္းအၾကပ္မလုပ္ခဲ့ေပ။
ေန႔ခင္းဘက္တြင္ ဟုန္တုန္ယြမ္ သည္ ကန္တင္း မွ ဟဲက်င့္ အတြက္ ေန႔လည္စာ ဝယ္ကာ ျပန္လာခဲ့သည္။ အခ်ိန္အၾကာႀကီးမေနခဲ့ ပဲ ခဏအၾကာတြင္ေတာ့ အျပင္ ျပန္ထြက္သြားကာ ညေနမွ ဟဲက်င့္ ကို စစ္ေဆးဖို႔ ျပန္လာခဲ့ေလသည္။
သို႔ေသာ္ဟဲက်င့္ သည္ ယခင္ကဲ့သို႔ အေနအထားတြင္ ရွိေနဆဲျဖစ္ၿပီး ေနာက္ဆုံးအႀကိမ္ သူယူလာခဲ့ေသာ အစားအေသာက္မွာ ကုတင္ေဘး စားပြဲေပၚတြင္ ဒီတိုင္း ရွိေနသည္ကို ေတြ႕လိုက္ရေသာအခါ တုန္ယြမ္ သည္ တစ္ခုခုမွားေနၿပီမွန္း သိလိုက္သည္။ သူ ဟဲက်င့္ ရဲ႕ နံေဘးကို ေျပးသြားၿပီး သူ႔နဖူးကို ထိလိုက္ျပန္ေတာ့သည္။ သူ႔ ရဲ႕ အပူခ်ိန္က အရင္ကထက္ ပိုျမင့္လာတယ္ဟ ဒီေခြၽးေတြ ကေရာ ဘာေတြလဲ အာ!!
"က်င့္ေကာ, က်င့္ေကာ..."
သူသည္ ဟဲက်င့္ ၏ နာမည္ကို အႀကိမ္အနည္းငယ္ ေခၚရန္ ႀကိဳးစားေသာ္လည္း အေျဖမရွိေပ။ ဟုန္တုန္ယြမ္ ထိတ္လန႔္သြားသည္။ သူသည္ အျခားလူကို အျမန္ဆြဲထူကာ ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ားဝတ္ေပးၿပီးအကူအညီေတာင္းရန္ အခန္းတြင္းမွ ေျပးထြက္လာသည္။
"ေခါင္းႀကီး! ခ်ီေကာ မင္းရွိလား?!" သူ႔ေဘးနားက အခန္းကို ခဏေလာက္ေခါက္လိုက္ေပမယ့္ သူထင္တဲ့အတိုင္း အခန္းက လြတ္ေန၏။ထိုအခန္းမွာ ေနထိုင္တဲ့ လူႏွစ္ေယာက္က ေဒသခံေတြမို႔ တနဂၤေႏြတိုင္း အိမ္ျပန္ၾကသည္။
ဟုန္တုန္ယြမ္ သည္ ဟဲက်င့္ ၏အခန္းသို႔ တုံ႔ဆိုင္းစြာျဖင့္ ျပန္လာၿပီး ဟဲက်င့္ ကို သူ႔ဘာသာသူ ေဆး႐ုံသို႔ မည္သို႔ေခၚေဆာင္ရမည္ကို ေတြးေတာ့သည္။
ဟဲက်င့္ က ကိုယ္အေလးခ်ိန္ သိပ္မရွိကာ တကယ္မေလးပါဘူး။ ဒါက.. ဟုန္တုန္ယြမ္ ရဲ႕ ခႏၲာကိုယ္က ေသးလြန္းေနတာပင္။ သူ႔အရပ္က 165cm သာရွိၿပီး ဟဲက်င့္ က 175cm သူ႔ထက္ ဆယ္စင္တီမီတာ အရပ္ျမင့္တဲ့ လူတစ္ေယာက္ကို သယ္ဖို႔ ... ဆိုတာ ဒါက အရမ္းပင္ပန္းတဲ့ အလုပ္ျဖစ္မွာ ေသခ်ာေနတယ္လို႔။
သို႔ေသာ္ သူ႔တြင္ အျခားေ႐ြးခ်ယ္စရာမရွိေပ။ ဟုန္တုန္ယြမ္ က သက္ျပင္းခ်လိုက္ၿပီး ဟဲက်င့္ကို ေကာက္ထူလိုက္ကာ အခန္းထဲက ဂ႐ုတစိုက္ သယ္သြားေတာ့သည္ ။ အိပ္ေဆာင္ရဲ႕ ေလွကားထစ္ကို ေရာက္တဲ့အခါ မထင္မွတ္ပဲ ေက်ာင္းသားႏွစ္ေယာက္ကို ဝင္တိုက္မိေတာ့သည္။
"သူ ဘာျဖစ္ေနတာလဲ?"
ဟုန္တုန္ယြမ္ က ရပ္လိုက္ၿပီး သူ႔ကိုယ္သူ ဟန္ခ်က္ညီေအာင္ ထိန္းကာ
"ငါ့အခန္းေဖာ္က အဖ်ားရွိေနတာ ခုနကတည္းက ကိုယ္ပူၿပီး မူးေနတယ္!"
"ဟင္ သူ က ဟဲက်င့္မဟုတ္ဘူးလား?" တေယာက္က ေအာ္သည္။
"ေဟး မင္းသူ႔ကိုသိလား?" ဟုန္တုန္ယြမ္ က အံ့အားသင့္စြာ ေျပာလာေတာ့သည္။
"ဒါဆို ငါ့ကို ျမန္ျမန္ကူညီပါဦး!"
သူေျပာၿပီးၿပီးခ်င္းမွာပဲ သူ႔ရင္ခြင္ထဲက ဝန္ထုပ္ဝန္ပိုးက ႐ုတ္တရက္ ဆြဲယူခံလိုက္ၿပီး အရပ္ရွည္တဲ့ လူတစ္ေယာက္ရဲ႕ ရင္ခြင္ထဲကို ေ႐ႊ႕ခံလိုက္ရေတာ့သည္။ သူ႔ခႏၶာကိုယ္တြင္ ဟဲက်င့္၏ ကိုယ္အေလးခ်ိန္ တိုးလာေသာ္လည္း ေလွကားမွ ဆင္းလာစဥ္ ထိုအမ်ိဳးသား၏ အမူအရာမွာ မေျပာင္းလဲဘဲ တည္ၿငိမ္ေနေသးသည္ ။
ဟုန္တုန္ယြမ္ ႏႈတ္ခမ္းစူရင္း - ငါတို႔ႏွစ္ေယာက္လုံးက ေယာက္်ားေတြကို ငါတို႔ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားက ဘာလို႔ ဒီေလာက္ေတာင္ ကြာျခားရတာလဲ? အဲဒါေၾကာင့္ ဂိမ္းေတြေဆာ့ရတာ ပိုႀကိဳက္တယ္ အနည္းဆုံးေတာ့ အဲ့မွာ ကိုယ္ျဖစ္ခ်င္တဲ့အတိုင္း ျဖစ္လို႔ရတယ္!!!
"ငါတို႔ေက်ာင္းေဆး႐ုံသြားရမွာ ဟုတ္တယ္မလား?"
အရပ္ရွည္ရွည္လူက ေမးသည္။
ဟုန္တုန္ယြမ္ က သူ႔ေနာက္ကေန လွမ္းေျပာလိုက္သည္။
" ဟုတ္တယ္... မင္းက ေက်ာင္းသားသမဂၢကလား? "
အျခားလူ: "မဟုတ္ဘူး ငါတို႔က တင္းနစ္ကလပ္က" ဟု ရယ္သည္။
ဟုန္တုန္ယြမ္: "အိုး ဟဲက်င့္ကို မင္းဘယ္လိုသိတာလဲ?"
"မေန႔က ေရကန္ ခရီးမွာ ေတြ႕တာ"
ဟုန္တုန္ယြမ္ ႏွင့္ တိုက္မိေသာ လူႏွစ္ေယာက္မွာ ရွန္ ႏွင့္ ခ်င္ယြီ ျဖစ္သည္ ။
ေက်ာင္းရဲ႕ ေဆး႐ုံက အိပ္ေဆာင္နဲ႔ ေတာ္ေတာ္ေဝးသည္။ လမ္းတစ္ေလွ်ာက္တြင္ ေက်ာင္းသားမ်ားစြာ ရယ္ေမာေနၾကၿပီး မင္းသမီးပုံစံ ျဖင့္ ဟဲက်င့္ကို ခ်ီထားေသာ ခ်င္ယြီ၏ ျမင္ကြင္းသည္ သူတို႔၏အာ႐ုံကို အမွန္တကယ္ စြဲေဆာင္သြားခဲ့သည္။
အေရးေပၚခန္းသို႔ ေရာက္ေသာအခါ ဟုန္တုန္ယြမ္ သည္ ဟဲက်င့္ ၏ ေက်ာင္းသား ID ကတ္ကို ယူေဆာင္လာရန္ ေမ့သြားသည္ကို သိရွိေသာေၾကာင့္ ဟဲက်င့္ ၏ အခ်က္အလက္မ်ားကို ကိုယ္တိုင္ေရးရေတာ့ေလသည္။
သူေရးေနတဲ့အခ်ိန္မွာ ခ်င္ယြီက form ကို တစ္ခ်က္ ေခ်ာင္းၾကည့္လိုက္္သည္။ အဲဒီမွာ ရင္းႏွီးတဲ့ "က်င့္" စာလုံးကို ျမင္လိုက္တဲ့အခါ သူ႔မ်က္လုံးေတြက အေရာင္ ေျပာင္းသြားေတာ့သည္။ ဒါက အားက်င့္ ထဲက စာလုံးနဲ႔ အတူတူပဲ!!!!
မၾကာမီ ဆရာဝန္အို တစ္ေယာက္ ေရာက္လာၿပီး ဟဲက်င့္၏ အပူခ်ိန္ကို တိုင္းလိုက္သည္။ အမွန္တကယ္ကို 40°C ကို ေရာက္ေနေလသည္။
ရွန္ : "သူ ေခါင္းမူးတာ မဆန္းပါဘူး။ အရင္က ငါ အဖ်ား 39°C ရွိခဲ့တုန္းက ေတာင္ ငါ အဲဒီအခ်ိန္မွာ လမ္းေတာင္မေလွ်ာက္ႏိုင္ခဲ့ဘူး!"
ဟဲက်င့္ ၏ေသြးကိုစစ္ေဆးၿပီး IV drip သြင္းၿပီး ေခတၱအနားယူၿပီးေနာက္ သက္သာလာမည္ဟု ဆရာဝန္က ေျပာၾကားခဲ့သည္။ဟုန္တုန္ယြမ္ စိတ္သက္သာရာရသြားသည္။
"ေက်းဇူးတင္ပါတယ္ ငါ သူ႔ကို ဒီကို တစ္ေယာက္တည္း ေခၚလာရမယ္ ဆိုရင္ ငါ မေရာက္ခင္ ျပဳတ္က်မွာ ေသခ်ာတယ္!"
သူေျပာၿပီး ခ်င္ယြီမ်က္ႏွာကို လွည့္ၾကည့္လိုက္သည္။ သူအရင္က ထိတ္လန႔္တုန္လႈပ္ေနေတာ့ သတိမထားမိေပမယ့္ အခု သူ႔ကိုကူညီတဲ့လူက တကယ္ေခ်ာေမာေနတာေတြ႕လိုက္ရသည္။
သူက ဆက္ေျပာလိုက္သည္ "ဟဲက်င့္ ႏိုးလာတဲ့အခါ သူ႔ကိုလည္း မင္းကို ေက်းဇူးတင္ဖို႔ ေျပာလိုက္မယ္ ငါ မင္းကို ဒုကၡမေပးခ်င္ေတာ့ဘူး မင္းသြားခ်င္ရင္ မင္းသြားလို႔ရတယ္ ငါ ဘာသာ သူ႔ကိုေစာင့္ေရွာက္လိုက္မယ္ "
ရွန္က ေခါင္းညိတ္ျပၿပီး လွည့္ထြက္သြားသည္။ သို႔ေသာ္ ခ်င္ယြီက မေမွ်ာ္လင့္ဘဲ "အဆင္ေျပပါတယ္ သူႏိုးမွ ငါသြားမယ္။" ဟုေျပာလာသည္။
"ငါတို႔ေစာင့္ေနမယ္?" ရွန္ က အနည္းငယ္ အံ့ၾသသြားသလို ခံစားလိုက္ရသည္။ သူ႔စိတ္ထဲတြင္ ခ်င္ယြီသည္ "အျခားသူမ်ားကို ကူညီရန္ အၿမဲအသင့္ရွိေနသူ" ဇာတ္ေကာင္ကဲ့သို႔ မထင္ ေပ။ ဟဲက်င့္ ကို ေဆး႐ုံကို ေခၚေပးသြားတဲ့ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္ကို ရွန္က နားလည္ႏိုင္တယ္ ဒါက အေရးေပၚကိစၥပဲ...
ဒါေပမယ့္ အခုက မတူေတာ့ဘူး။ ဟဲက်င့္က သူ႔အခန္းေဖာ္ ဆရာဝန္ နဲ႔ သူနာျပဳေတြ တျခား ဧည့္သည္ေတြေတာင္ ရွိတယ္ သူတို႔ တကယ္ေနဖို႔ မလိုေပ...
ခ်င္ယြီ က ရွန္ ကိုေျပာလိုက္သည္။
"မင္းအရင္သြားစားလို႔ရတယ္ ေနာက္မွ ငါ့အတြက္ စားစရာတစ္ခုခု ယူလာေပးလိုက္ ငါဒီမွာေစာင့္ေနမယ္။"
ရွန္ က ေခါင္းညိတ္ၿပီး "အိုေက ဒါဆို ငါအရင္သြားလိုက္မယ္ ဒါနဲ႔ မင္း.." သူက ဟုန္တုန္ယြမ္ ကိုၾကည့္ကာ "မင္းလည္း ညစာ မစားရေသးဘူးမလား ငါမင္းကို စားစရာတစ္ခုခု ယူလာေပးေစခ်င္လား?"
"ငါ့နာမည္က ဟုန္တုန္ယြမ္ မင္းငါ့ကို ေမ်ာက္လို႔ေခၚႏိုင္တယ္။"
ဟုန္တုန္ယြမ္ က သူ႔အတြက္ အစားအေသာက္ကတ္ကို ေပးခဲ့ၿပီး "မင္းကို ဒုကၡေပးရလို႔ ေတာင္းပန္ပါတယ္ အာ..."
ရွန္ ထြက္သြားၿပီးေနာက္ အခန္းထဲတြင္ ခ်င္ယြီ နဲ႔ ဟုန္တုန္ယြမ္ သာရွိေတာ့သည္။ အတိုခ်ဳံး မိတ္ဆက္ၿပီး ေပါ့ေပါ့ပါးပါး စကားစျမည္ေျပာၾက၏။
ခ်င္ယြီ: "သူ႔အဖ်ားက ဘယ္အခ်ိန္ကစျဖစ္တာလဲ?"
ဟုန္တုန္ယြမ္ က စိုးရိမ္လို႔ ခ်င္ယြီ က ထြက္မသြားဘူးလို႔ ထင္တဲ့အတြက္ သူ႔ကို ႐ိုး႐ိုးသားသား ျပန္ေျပာဖို႔ မတြန႔္ဆုတ္ခဲ့ေပ။
"ငါေတာ့ ဒီမနက္ ထင္တာပဲ မေန႔ညက ေနေကာင္းေနတုန္းပဲ"
ခ်င္ယြီ: "မေန႔ညက သူဘာလုပ္ေနတာလဲ?"
ဟုန္တုန္ယြမ္ က ေပါ့ေပါ့ပါးပါးနဲ႔ ေျဖတယ္
"ppt လုပ္ေနတာ? မၾကာခင္ ေဟာေျပာပြဲတစ္ခု လုပ္ဖို႔ရွိတယ္ ထင္တယ္..."
ဒီအေျဖကိုၾကားေတာ့ ခ်င္ယြီရဲ႕ စိတ္ေတြ ႐ုတ္တရက္ က်ဆင္းသြားသည္။ ငါအရမ္းေတြးေနတာျဖစ္ႏိုင္လား? ဒါ ငါ့ရဲ႕ စိတ္ကူးယဥ္ အေတြးသက္သက္လား?
ဟုန္တုန္ယြမ္ ေျပာသည္မွာ မမွားေပ။ ဟဲက်င့္ သည္ မေန႔က ေန႔လည္ပိုင္းေလာက္မွာ ppt လုပ္ခဲ့ေပမယ့္ ေန႔လည္တစ္ဝက္ေလာက္မွာေတာ့ "Demon God" ကို ကစားခဲ့သည္။ ဟုန္တုန္ယြမ္ သည္ ဤအေၾကာင္းကို သိေသာ္လည္း အခ်ိန္အတိအက်ကို မသိေပ။ ေကာင္းၿပီ ဟုန္တုန္ယြမ္ က ဟဲက်င့္ ကို 24/7 ေစာင့္ၾကည့္ေနတာ မဟုတ္ ေပ...
"ဘယ္လို ေဟာေျပာပြဲမ်ိဳးလဲ?"
ခ်င္ယြီ သည္ အမွတ္မထင္ဘဲ အေၾကာင္းအရာကို ဆက္ေျပာသည္။
ဟုန္တုန္ယြမ္ : "ေက်ာင္းသားငယ္ေလးေတြကို အဂၤလိပ္စာ သင္ေပးဖို႔လို႔ ၾကားတယ္ ပြဲက နက္ျဖန္ ဗုဒၶဟူးေန႔..."
နတ္သမီးေလးက်င့္ - "... ငါ တနလၤာ၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔ ညတိုင္း ည ခုႏွစ္နာရီ သို႔မဟုတ္ ရွစ္နာရီမွာ အြန္လိုင္းမွာ ရွိမယ္။ ဒါေပမယ့္ ဒီလာမယ့္ ဗုဒၶဟူးေန႔ညေနမွာ ငါလုပ္စရာရွိတယ္ ဒါေၾကာင့္ ငါ အြန္လိုင္းေပၚမလာဘူး။"
ခ်င္ယြီ၏ စိတ္ဓာတ္မ်ား ျပန္လည္ျမင့္တက္လာသည္။ သူသည္ ကုတင္ေပၚရွိ ဟဲက်င့္ ၏႐ုပ္သြင္ကို ေစ့ေစ့ေတြးကာ ၾကည့္လိုက္သည္။ မေန႔က ဟဲက်င့္ က အားက်င့္ အႀကိဳက္ဆုံးဟင္းအတိုင္း 'ဝက္နံ႐ိုးခ်ိဳခ်ဥ္' ကို ေပါ့ေပါ့ပါးပါး မွာစားတာကို သတိရမိလိုက္သည္...
ခ်င္ယြီ က "မေန႔ညက သူဘယ္ႏွနာရီ အိပ္တာလဲ?" ဟု ထပ္ေမးလိုက္သည္။
ဟုန္တုန္ယြမ္: "ေတာ္ေတာ္ ေနာက္က်တယ္ သူမေန႔ညက ဂိမ္းတခ်ိဳ႕ ကစားေနတာ!!!"
ခ်င္ယြီ: "...!! "
ဒီအေျဖကိုၾကားေတာ့ ခ်င္ယြီက သူ႔စိတ္ေတြ တဖန္ျပန္တက္ႂကြလာၿပီး ေျမျပင္ကေန ေကာင္းကင္အထိ တက္သြားသလို ခံစားလိုက္ရသည္။
ခ်င္ယြီ က မ်က္ခုံးပင့္ကာ ၿပဳံးလိုက္ၿပီး "သူလည္း ဂိမ္းေဆာ့ေနတာလား? ဘာဂိမ္းလဲ? "
'ဂိမ္း' ဟူေသာစကားတြင္ ဟုန္တုန္ယြမ္ သည္ စိတ္လႈပ္ရွားလာသည္။
"Demon God ဆိုတဲ့ ျပည္တြင္း ဂိမ္း တစ္ခုေလ အဲ့ဒါက တကယ္ကို စိတ္ဝင္စားစရာေကာင္းၿပီး မၾကာခင္ ဟိုလိုဂရပ္ဖစ္ ဗားရွင္းထြက္ေတာ့မွာ မင္းၾကားဖူးလား?"
ခ်င္ယြီ: "...!!! "
ဟြားတကၠသိုလ္ေက်ာင္းသား သူ႔ထက္အတန္းတစ္တန္းႀကီးတယ္ "HJ" ဆိုတဲ့ နာမည္ အတိုေကာက္ ၿပီးေတာ့ မေန႔ညက Demon God ဂိမ္း ကစားခဲ့တယ္။ ဤသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသူ လူဘယ္ႏွေယာက္ရွိႏိုင္လဲ? ဒီလို တိုက္ဆိုင္မႈေတြက ဘယ္လိုျဖစ္ႏိုင္ရတာလဲ!!
ခ်င္ယြီ: "ငါၾကားဖူးတယ္ သူ... သူ အၾကာႀကီးကစားခဲ့တာလား။ "
ဟုန္တုန္ယြမ္ က သူ႔ေခါင္းကို ခါယမ္းသည္
"တကယ္ေတာ့ မဟုတ္ဘူး သူက ပုံမွန္အားျဖင့္ အရမ္းအလုပ္မ်ားေနတတ္တာ ဒါေၾကာင့္ သူ ဂိမ္းေတြ တကယ္ေဆာ့တယ္လို႔ ငါေတာင္ ဘယ္တုန္းကမွ မထင္ခဲ့ဘူး... သူ ဒီဂိမ္းကို အရင္က ကစားဖူးတာ ရက္အနည္းငယ္ေလာက္ကမွ သိခဲ့ရတာ
သူက ဂိမ္းတပ္ဆင္မႈ ပက္ေက့ခ်္ကို ေတာင္းသြားတယ္ေလ ငယ္ငယ္က ဒီဂိမ္းကို ေဆာ့ဖူးတယ္လို႔ ေျပာတာပဲ
အိုး မၾကာခင္က ဒီဂိမ္းမွာ သူငယ္ခ်င္းေဟာင္းတစ္ေယာက္နဲ႔ ေတြ႕ခဲ့တယ္လို႔လည္းသူေျပာခဲ့ေသးတယ္..."
ခ်င္ယြီ: "!!!!! "
ဟုန္တုန္ယြမ္ ကို တျခားေမးခြန္းေတြ ေမးေနစရာ မလိုေတာ့ပါဘူး- တ႐ုတ္ႏိုင္ငံတစ္ဝွမ္းမွာ "ဟြား တကၠသိုလ္ ေက်ာင္းသား သူ႔ထက္အတန္း တစ္ႏွစ္ႀကီးတဲ့သူ နာမည္ အတိုေကာက္ "HJ" နံ႐ိုးခ်ိဳခ်ဥ္စားရတာ ႀကိဳက္တဲ့သူ မေန႔ညက Demon God ကစားခဲ့ၿပီး မၾကာေသးမီက ဂိမ္းထဲမွာ သူငယ္ခ်င္းေဟာင္းတစ္ေယာက္နဲ႔ ေတြ႕ခဲ့တယ္လို႔ ေျပာတဲ့သူ" အဲ့လို လူေနာက္တစ္ေယာက္ ေတြ႕ခဲ့ရင္ သူ႔နာမည္ကို ေနာက္ျပန္ ေျပာင္းလိုက္မယ္!!
ခ်င္ယြီ သည္ ဟဲက်င့္ သည္ သူ၏ "နတ္သမီးေလးက်င့္" ျဖစ္သည္ကို 99% ေသခ်ာေနၿပီျဖစ္သည္။ ဖင္းယြီေဟာင္ သာ အခ်က္အလက္အစစ္အမွန္ကို စစ္ေဆးအတည္ျပဳၿပီးေနာက္ တြင္ က်န္ 1% ကို သူအတည္ျပဳႏိုင္မည္ျဖစ္သည္။
ဒါကို ေတြး႐ုံနဲ႔ သူ႔ရင္ေတြ တဆတ္ဆတ္ ခုန္လာတယ္...
သူ အားက်င့္ ကို ေစာင့္ေနတာ ၾကာၿပီ သူ သတိမထားမိဘဲ ဒီတေခါက္မွာ တျခားလူက သူနဲ႔ အတူတူ အေဆာက္အဦးတစ္ခုထဲမွာဘဲ တကယ္ေနခဲ့တယ္ ။ သူနဲ႔အတူတူ ေရကန္ကို လည္းသြားခဲ့ၿပီး ထမင္းအတူတူလည္းစားခဲ့ၾကတယ္...
***
ခ်င္ယြီ သည္ အေၾကာင္းအရာကိုေျပာင္းလိုက္ၿပီး ဟုန္တုန္ယြမ္ ႏွင့္ စကားစျမည္ေျပာခဲ့သည္။ မၾကာမီမွာပင္ သူတို႔သည္ တစ္ဦးႏွင့္တစ္ဦး ပိုမိုရင္းႏွီးလာၾကသည္။
"ဟဲက်င့္ ႏိုးလာတဲ့အခါ သူ႔မွာ လမ္းျပန္ေလွ်ာက္ဖို႔ ခြန္အားေတြ လုံလုံေလာက္ေလာက္ မရွိ ေလာက္ ေသးဘူး ထင္တယ္ ဒါေၾကာင့္ ငါမင္းကို ဒီမွာပဲ အေဖာ္လုပ္ေပးမယ္ေလ ၿပီးက် သူ႔ကို ျပန္ေခၚ သြားဖို႔ ကူညီေပးမယ္။"
ဟုန္တုန္ယြမ္ က သူ႔ကို ေက်းဇူးတင္ေၾကာင္းေျပာသည္။
"ေကာင္ေခ်ာေလး မင္းက သိပ္ၾကင္နာတတ္တာပဲ!"
ခ်င္ယြီ က ၿပဳံးၿပီး "ဒါေပမယ့္ အခု သူဝတ္ထားတဲ့အဝတ္ေတြက နည္းနည္းပါးလြန္းတယ္ထင္တယ္ ေနာက္က် ေအးေနလိမ့္မယ္ အိပ္ေဆာင္ကို ျပန္သြားၿပီး သူ႔အတြက္ အက်ႌေတြ ယူလာေပးႏိုင္မလား?"
ႏုံခ်ာေသာ ဟုန္တုန္ယြမ္ သည္ ခ်င္ယြီ ၏ "ၾကင္နာမႈ" ကို သံသယမ၀င္ဘဲ လ်င္ျမန္စြာ မတ္တပ္ရပ္လိုက္ၿပီး "ေကာင္းၿပီ ငါ အခု သြားလိုက္မယ္!" "
ဟုန္တုန္ယြမ္ ထြက္သြားၿပီးေနာက္ ခ်င္ယြီသည္ သူ႔ထိုင္ခုံမွထကာ ေဆး႐ုံကုတင္ဆီသို႔ ျဖည္းညႇင္းစြာ ေလွ်ာက္လာခဲ့သည္။ သူက အေပၚထပ္မွာ လဲေလ်ာင္းေနတဲ့ လူကို ၾကည့္ၿပီး ေခါင္းကေန ေျခဖ်ားအထိ ထပ္ခါထပ္ခါ ၾကည့္ေနမိသည္။
ေခြၽးစိုေနေသာဆံပင္မ်ား ႏူးညံ့ေသာမ်က္ႏွာေလး ျဖဴေဖ်ာ့ေနေသာႏႈတ္ခမ္းေလး သြယ္လ်ေသာခႏၶာကိုယ္ ပ်မ္းမွ်ထက္ေသးငယ္ေသာ ေျခလက္ေလးမ်ား...
ခ်င္ယြီသည္ အျခားသူ၏သဏၭာန္ကို သူ႔မွတ္ဉာဏ္ အနက္ရႈိင္းဆုံးအထိ ထြင္းထုရန္ ႀကိဳးစားေနသကဲ့သို႔ ၎ကို ရွစ္ႏွစ္ၾကာ အျမစ္တြယ္ေနသည့္ ထင္ ေယာင္ထင္မွားပုံရိပ္ ျဖင့္ တင္းတင္းၾကပ္ၾကပ္ ရစ္ပတ္ကာ ၎တို႔ကို တစ္ခုတည္းအျဖစ္ ေပါင္းစပ္ၿပီး ေနာက္ဆုံးတြင္ သူ႔ႏွလုံးသားထဲတြင္ ႐ိုက္ႏွိပ္ထားလိုက္ေတာ့သည္။.....
ေတြ႕လား? မင္းက ေယာက္်ားေလးဆိုရင္ေတာင္ မင္းကို ငါ မွတ္မိေနတုန္းပဲ ငါ မင္းကို ရွာေနတုန္းပဲ။
"ဟဲက်င့္..." ခ်င္ယြီ က သူ႔နာမည္ကို ဆိုလိုက္ၿပီး ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာေလးကို ပြတ္သပ္ေပးဖို႔ သူ႔လက္ေခ်ာင္းကို ေျမႇာက္လိုက္သည္။ သူက ညင္သာစြာ ၿပဳံးၿပီး "ကမာၻႀကီးက တကယ့္ကိုက်ဥ္းတယ္ေနာ္ ဟုတ္တယ္မလား?" ဟု တိုးတိုးေလးေျပာသည္။
ငါ မင္းကိုရွာဖို႔ အခ်ိန္အမ်ားႀကီးမကုန္ပါဘူး ဒါေပမယ့္ မင္းတကယ္ပဲ ငါ့ရဲ႕ေဘးနားမွာ အရင္ရွိေနခဲ့တာပဲ။
ရွန္ေရာက္လာေသာအခါ ခ်င္ယြီက သူ႔လက္ကို ျပန္႐ုတ္လိုက္သည္။ ကံေကာင္းေထာက္မစြာပင္ ရွန္ သည္ ထိုျမင္ကြင္းကို မျမင္ခဲ့ေပ မဟုတ္ပါက သူ၏ ေမးေစ့သည္ ေျမျပင္ေပၚသို႔ က်သြားႏိုင္သည္။
"ဒီမွာ မင္းအတြက္ ၾကက္ဥလိပ္ေတြ ယူလာေပးတယ္... ေမ်ာက္ေရာ သူဘယ္မွာလဲ?"
ရွန္ပိုင္က်န္း က ေဘးပတ္လည္ ကို ၾကည့္လိုက္သည္။
" ဟဲက်င့္ အတြက္ ထူတဲ့အဝတ္အစားေတြယူဖို႔ သူအေဆာင္ကိုျပန္သြားတယ္ "
ခ်င္ယြီက ၾကက္ဥလိပ္ကိုယူကာ ၿပဳံးလိုက္သည္။
"မင္းဘာလို႔စိတ္ေကာင္း ဝင္ေနရတာလဲ?" ရွန္ပိုင္က်န္းက သံသယစိတ္နဲ႔ ေမးေလသည္။
"မင္းနဲ႔ ဟဲက်င့္... အရင္က တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကတာလား?"
ခ်င္ယြီ က ေခါင္းညိတ္လိုက္ၿပီး "ဒီလိုပါပဲ"
ရွန္ က တစ္ခုခုကို ေတြးမိေပမယ့္ ဆက္မေမးေတာ့ေပ။ သိပ္မၾကာခင္မွာပဲ ဟုန္တုန္ယြမ္ က ျပန္ေရာက္လာၿပီး ဟဲက်င့္ ရဲ႕ အဝတ္အစားေတြကို လည္းသူ႔လက္ထဲမွာ ကိုင္ထားခဲ့သည္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္ဟဲက်င့္ ႏိုးလာေလသည္။ ခ်င္ယြီ ႏွင့္ ရွန္ တို႔ကို ေတြ႕လိုက္ရေတာ့ သူ အေတာ္ေလး အံ့အားသင့္သြားေသာ္လည္း ဟုန္တုန္ယြမ္ က သူ႔အတြက္ အျဖစ္အပ်က္ကို အျမန္ရွင္းျပလိုက္သည္။
သူ႔ေၾကာင့္ တျခားသူေတြကို ဒုကၡေပးသလိုျဖစ္ခဲ့ေသာေၾကာင့္ ဟဲက်င့္ က အရမ္းရွက္သြားသလို ခံစားလိုက္ရသည္။ဒါေပမယ့္လည္း ေက်းဇူးလည္းတင္၏။
"သူတို႔ကို တခ်ိန္ခ်ိန္ ညစာ ဝယ္ေကြၽးလိုက္ေနာ္" ဟုန္တုန္ယြမ္က ရယ္ကာ "အထူးသျဖင့္ ခ်င္ယြီ ေကာ ကိုပဲ သူက မင္းကို ဒီမွာခ်ီၿပီး သယ္သြားေပးတဲ့သူပဲ"
...... ခ်ီတယ္? ......သယ္သြားတာလား?
ဟဲက်င့္ သည္ ခ်င္ယြီ ကို ၾကည့္လိုက္ရာ ထိုလူက သူ႔ကို ေလးေလးနက္နက္ စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ရွက္ကိုးရွက္ကန္းျဖင့္ မ်က္လုံးကို အျမန္လွည့္လိုက္ၿပီး
"အင္း မနက္ျဖန္ညေန ဘယ္လိုလဲ? ငါ မင္းကို ညစာေကြၽးမယ္ေလ "
"စိတ္မပူပါနဲ႔ မင္းခႏၶာကိုယ္ကို အရင္အနားယူဖို႔လိုတယ္" ခ်င္ယြီက ေျပာလိုက္သည္။
ထို႔ေနာက္ ဟုန္တုန္ယြမ္ သည္ IV အပ္ကိုျဖဳတ္ရန္သူနာျပဳကို ေခၚလိုက္ၿပီး ဟဲက်င့္ ၏ေဆးမ်ားယူရန္ ထြက္သြားသည္။
ဟဲက်င့္ က ေမြ႕ယာကို ကိုင္လိုက္ၿပီး ထဖို႔ ႀကိဳးစားေပမယ့္ မၾကာခင္မွာ ခ်င္ယြီက "ငါ မင္းကို ေက်ာပိုးမယ္" ဟု ဆိုကာ တားလိုက္သည္။
ဟဲက်င့္ အံ့ၾသသြားသည္ "အာ..."
"အဆင္ေျပပါတယ္ ငါလမ္းေလွ်ာက္ႏိုင္တယ္" လို႔ေျပာမလို႔ရွိေသးသည္...
.... သို႔ေသာ္ ခ်င္ယြီသည္ သူ႔ေရွ႕တြင္ ေက်ာေပးထိုင္ေနၿပီျဖစ္သည္။