အဆုံးမရှိတန်ခိုးထွားလှပါသောအမ...
Da dream_n99
222K 25.9K 181
Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... Altro
Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Tele Channel
Chapter 20
2.4K 278 4
Da dream_n99
Chapter 20 – လုရှရဲ့အကြံအစည်
" ဘာလို့မသင့်တော်ရမှာလဲ? အလုပ်ကိုလူစားထိုးတာပုံမှန်ပဲလေ နင်ကအလုပ်ကိုရောင်းစားနေတာမှမဟုတ်တာ ပြီးတော့ ဒါကနင့်အစ်မအရင်းအတွက်လေ"
အမေလုပြောလိုက်သည်။
ထိုအချိန်တွင် အမေလုမျက်နှာနက်မှောင်သွားပြီး ဒေါသတကြီးဖြင့်  " ဘာလဲ? နင့်အစ်မကိုမပေးချင်လို့လား?"
" မဟုတ်ပါဘူး"
လုရှခေါင်းခါလိုက်တယ်။
" မီးသီးစက်ရုံမှာလက်ထောက်ဒါရိုက်တာအသစ်ရောက်နေတာ သူတို့ကအလုပ်သမားတွေအတွက်တင်းကြပ်တဲ့လိုအပ်ချက်တွေရှိတယ်လို့ ကျွန်မကြားမိလို့ပါ ဝန်ထမ်းအားလုံးကစာမေးပွဲရလာဒ်အပေါ်မူတည်ပြီး ဝင်ခွင့်ရမှာ ဒါ့ကြောင့်ကျွန်မအောင်မြင်ခဲ့တာပဲ"
ဒီစကားကြားလိုက်ရတော့ လုမိသားစုသည် နောက်ဆုံးမှာသဘောပေါက်သွားကြသည်။
ဒီလိုကောင်းမွန်တဲ့အလုပ်တစ်ခုကို ဘာကြောင့်တခြားစက်ရုံကခေါင်းဆောင်ရဲ့ ကလေးအတွက်သီးသန့်ဖယ်မထားပေးပဲ သူတို့မိသားစုကလုရှဆီရောက်သွားပါလိမ့်လို့ သိချင်ခဲ့ကြတာ။ ဆိုတော့ ဒါကြောင့်ကိုး။
" ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ခေါင်းဆောင်ကအကောင်းဆုံးအလုပ်တွေကို စီမံခန့်ခွဲနိုင်သင့်တာမဟုတ်လား? တိုင်းပြည်မှာ ဆွေမျိုးသားချင်းတွေနဲ့အလုပ်ကိုလူစားထိုးဖို့ ခွင့်ပြုပေးထားတာပဲ!"
အမေလု တိုက်ရိုက်ပြောလိုက်သည်။
ဒီစကားကြားလိုက်ရတော့ လုရှခေါင်းညိတ်လိုက်ပြီး " ဟုတ်ပါတယ် ခွင့်ပြုထားတယ် ဒါပေမဲ့ ကျွန်မကတာဝန်အတွက်သတင်းမပို့ရသေးဘူးလေ ကျွန်မအလုပ်စမဆင်းရသေးတာကို သူတို့သိသွားရင် တခြားတစ်ယောက်ကိုပေးပစ်လိုက်မှာ စိုးရိမ်မိတယ် ကျွန်မကိုသူတို့မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ? ဘာပဲဖြစ်ဖြစ် သူတို့ကအမှတ်ကောင်းကောင်းရတဲ့လူကို လိုချင်တာလေ ကျွန်မအနောက်ကတစ်ယောက်ကိုတောင် အစားထိုးလိုက်နိုင်တယ်"
သူမရဲ့ရှင်းပြချက်ကိုကြားလိုက်ရတော့ လုမိသားစုဝင်တွေ ထိတ်လန့်အံ့အားသင့်သွားကြသည်။ အမှန်ပဲ ဒီလိုဖြစ်နိုင်ချေရှိတယ်။
ခုထိသတင်းမပို့ရသေးဘူးဆိုတာက အလုပ်သည်အပြည့်အဝအတည်မပြုရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပင်။ ဒီအဆင့်မှာလူအစားထိုးတာက တကယ်ပဲစွန့်စားမှုများသည်။
ဒီတစ်ကြိမ်မှာတော့ လုမိသားစုသည်ရတတ်မအေးဖြစ်သွားကြပြီး အထူးသဖြင့်လုချွမ်ပင်။ နောက်ဆုံးမှာတော့ သူမကကျေးလက်သွားရခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ပြီး ဒီလိုအလုပ်ကောင်းကောင်းတစ်ခုရခဲ့တာ။ ဘယ်လိုလုပ်ပြီး အလွယ်တကူလက်လျှော့နိုင်မှာလဲ?
" ဒါဆို သမီးတို့ဘယ်လိုလုပ်ကြမလဲဟင်? ဒုတိယညီမကိုစောစောသတင်းသွားပို့ခိုင်းလို့ရမလား? မဟုတ်ရင် သတင်းပို့ရတဲ့အချိန်ကျ သူကကျေးလက်ကိုရောက်နေပြီးသားဖြစ်‌သွားလိမ့်မယ်!"
လုချွမ်အမှန်စင်စစ်စိတ်ပူပါသည်။ မမျှော်လင့်ထားတာတစ်ခုခု ဖြစ်ပွားမည်ကို သူမစိုးရိမ်သည်။ ဒီအလုပ်ကိုသူမမရခဲ့ရင် ကျေးလက်ကိုသွားရအုံးမှာပဲ။
အမေလုခေါင်းယမ်းပြီး သူမကိုစိတ်အေးစေလိုက်သည်။
" စိတ်မပူပါနဲ့ နောက်တစ်နည်းတွေးကြတာပေါ့ ဒီအလုပ်ကသမီးအတွက်ပဲ ဘယ်သူမှယူသွားလို့မရဘူး စိတ်အေးအေးထားနော်"
အမေဖြစ်သူပြောတာကြားလိုက်ရတော့ လုချွမ်ရဲ့စိတ်ပူနေတဲ့နှလုံးသားသည် နောက်ဆုံးမှာတည်ငြိမ်သွားသည်။
လုရှကကတော့ အနည်းငယ်ရွဲ့သလိုခံစားလိုက်ရသည်။ ဒီအချိန်မှာတောင်မှ အမေလုကသူမကိုဖိနှိပ်နေတုန်းပဲ။ အစတည်းက သူမမှာဒီမှာနေဖို့ရည်ရွယ်မရှိတာ မပြောနဲ့အုံး။ နေလို့ရမယ်ဆိုရင်တောင် သူမဘာသာထွက်သွားဖို့ နည်းလမ်းရှာရမှာပဲ။
သားသမီးဝတ်ကျေပွန်ခြင်းကိုအလေးပေးတဲ့ ဒီခေတ်မှာ သူမကလုမိသားစုရဲ့ကလေးဖြစ်ရာ ကျေးလက်ကိုသာမသွားခဲ့ပါက သူတို့ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လောက်မည်မဟုတ်ပေ။ ကျေးလက်ကိုသွားပြီး အေးအေးချမ်းချမ်းနေလိုက်တာမှ ပိုကောင်းအုံးမည်။
ထို့ကြောင့် သူတို့ကိုဆက်ပြီးဝေခွဲမရဖြစ်မနေခိုင်းတော့ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
" ကျွန်မတွေးထားတာကဒီလိုမျိုး အစ်မကြီးကိုကျွန်မနာမည်နဲ့သတင်းသွားပို့ခိုင်းလိုက် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကအသက်သိပ်မကွာဘူးလေ သူတို့ကမတူဘူးလို့ပြောနိုင်လောက်မှာမဟုတ်ဘူး အစ်မကြီးကအလုပ်မှာအတည်တကျဖြစ်သွားတဲ့အခါ နာမည်ပြန်ပြောင်းယူလို့ရတယ်"
လုမိသားစုကဒီအကြောင်းတွေးကြည့်လိုက်တော့ ဒီနည်းလမ်းကအလုပ်ဖြစ်နိုင်တယ်လို့ သိလိုက်ကြသည်။ နောက်ဆုံးမှာတော့ အဲ့ဒီအချိန်ဆိုလုရှကကျေးလက်မှာရှိနေတော့မှာ။ သူမကိုရှာတွေ့သွားကြရင်တောင် သူမကအလျင်လိုခဲ့လို့ လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ အခွင့်အရေးမရခင်မှာ အစ်မဖြစ်သူအတွက်အလုပ်စီစဉ်ပေးချင်ခဲ့လို့ပါဟု ပြောလို့ရသည်။
ဒီနည်းက်ုတွေးကြည့်လိုက်တော့ အမေလုသည်နောက်ဆုံးမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
" အမေတော့အလုပ်ဖြစ်လိမ့်မယ်လို့ထင်တယ် ဒီအတိုင်းလုပ်ကြတာပေါ့ တာ့ချွမ်နဲ့ရှောင်ရှကရုပ်ချင်းဆင်တယ် သူတို့ရှာတွေ့မသွားလောက်ပါဘူး"
အမေလုပြောတာကြားလိုက်ရတော့ လုရှပါးစပ်တဆတ်ဆတ်တွန့်သွားသည်။
အမေလုကမျက်လုံးဖွင့်လျက်သားနဲ့ ‌အဓိပ္ပါယ်မရှိ‌တာတွေတကယ်ပြောထွက်တာပဲ။ သူမနဲ့လုချွမ်တို့ကညီအစ်မတွေဆိုပေမဲ့ တကယ်တမ်းတော့ရုပ်မတူကြပါဘူး။
လုချွမ်သည်ကိုယ်လုံးကိုယ်ပေါက်ပိုကြီးပြီး မိဘတွေရဲ့ကောင်းကွက်လေးတွေကို မဆက်ခံထားပေ။ ရိုးရိုးသားသားပြောရရင် သူမရုပ်ကသာမာန်ပဲ။ ဒါပေမဲ့ သူမကအမြဲလိုလို ဝတ်စားပြင်ဆင်ပြီး အဝတ်အသစ်တွေအများကြီးရှိတာကြောင့် သူမကိုရှိရင်းစွဲထက်ပိုလှပသလိုဖြစ်စေသည်။
တစ်ဖက်မှာတော့ လုရှသည်အတော်လေးကိုဆန့်ကျင်ဘက်ပဲ။ သူမကမိဘတွေရဲ့အားသာချက်တွေကို ဆက်ခံရရှိထားသည်။ သူမကပိန်ပါးပြီးအားနည်းသော်ငြား ကြည့်ရမဆိုးမှန်း အလွယ်တကူသိနိုင်ပါသည်။ ဒါကလုချွမ်သူမကိုမနှစ်သက်ရခြင်း အကြောင်းရင်းလည်းဖြစ်သည်။ သူမကလုရှကိုဘက်ပေါင်းစုံမှာအထင်သေးနှိမ့်ချပြီး မနာလိုဖြစ်သည်။
လုချိုးကတော့ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ သူမလည်းရုပ်မဆိုးပေ။ သူမကမိန်းမလှလေးအဖြစ်ကြီးပြင်းလာမည်လို့ ခန့်မှန်းရသည်။
ထို့ကြောင့် လုမိသားစုကသမီးသုံးယောက်အနက် လုချွမ်သည်ဆွဲဆောင်မှုအနည်းဆုံးဖြစ်သည်။ ယောက်ျားလေးဖြစ်တဲ့လုတုန်းတောင်မှ သိမ်မွေ့ပြီးချောမောခန့်ညားတဲ့ရုပ်ရည်ရှိသည်။
ထင်ထားတဲ့အတိုင်းပဲ အမေလုကထိုသို့ဆိုလိုက်တဲ့အခါ လုချွမ်မျက်နှာအလိုအလျောက်အေးစက်သွားခဲ့ပေမဲ့ အဆုံးမှာတော့သူမဘာမှဝင်မပြောခဲ့ပါဘူး။
Zawgyi
အမေလုပြောလိုက်သည်။
" မဟုတ်ပါဘူး"
Continua a leggere
Ti piacerà anche
6.5K 481 28
Original Work By TANGQI GONGZI အတွဲ (၁) English Translation : Hamster 428 English Editing : rockharlequin,JoannaKuang မြန်မာဘာသာပြန်ဆိုသူ : Purpl...
245K 9.7K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
42.7K 674 16
DELULU & GUILT PLEASURE
1.6M 109K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...