Chapter 19 – ဈေးဝယ်ထွက်ခြင်း
ထိုပစ္စည်းအားလုံးကိုဝယ်ယူပြီးနောက် သူမရဲ့စက်မှုလက်မှတ်တွေ ကုန်လုနီးပါးဖြစ်သွားသည်။
တကယ်တော့ သူမကမီးဖိုတစ်ခုနဲ့ အိုးတစ်လုံးဝယ်ချင်ခဲ့တာ။ ကျေးလက်ကိုသွားပြီးနောက် သူမဘာသာချက်စားလို့ရမရ တွေးမိသည်။ ဒါပေမဲ့ သူမမှာစက်မှုလက်မှတ်တွေ မရှိတော့သည့်အတွက် နောက်မှဝယ်ဖို့အတွက်ပဲ စဉ်းစားနိုင်သည်။ ဒါတွေကအရေးတကြီးမဟုတ်ရာ ကျေးလက်ကိုသွားပြီးနောက်မှ ပြင်ဆင်လို့ရပါသည်။
လက်မှတ်တွေလိုအပ်တဲ့ ပစ္စည်းအကြီးစားတွေကိုတော့ သူမတစ်ခုမှမဝယ်ခဲ့ပေ။ အချိန်ကိုမသိရရင်အဆက်မပြေတာကြောင့် လက်ပတ်နာရီတစ်လုံးဝယ်ချင်ခဲ့ပေမဲ့ မနက်ဖြန်ကျမှပဲကျင်းမင်ကို မေးကြည့်ရတော့မည်။
ကျန်ရှိတဲ့မုန့်ကူပွန်တွေနဲ့ သကြားကူပွန်တွေကိုလည်း သုံးပြီးသွားပြီ။ သူမကထိုကူပွန်တွေကို ပဲစိမ်းကိတ်နဲ့ယုန်ဖြူနို့သကြားလုံးတို့နဲ့လဲလှယ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် နေရာလွတ်ထဲထည့်ထားရင် ပုပ်သိုးသွားမှာစိုးရိမ်စရာမလိုပေ။
ထို့နောက် ဆပ်ပြာ၊ သွားတိုက်ဆေးနဲ့တဘက်တို့လို နေ့စဉ်သုံးမရှိမဖြစ်တွေကို ဝယ်ယူလိုက်သည်။ လက်မှတ်တွေအားလုံးနီးပါးသုံးကုန်သွားချိန်တွင် လုရှသည်ကျောပေါ်မှာ ခြင်းတောင်းကြီးတစ်လုံးအပြည့်နဲ့ ထွက်သွားဖို့ဆုံးဖြတ်လိုက်သည်။
သူမဝယ်ချင်တဲ့ပစ္စည်းတွေအများကြီးရှိနေသေးပေမဲ့ လက်မှတ်တွေမရှိတော့တာကြောင့် နောက်မှဝယ်ဖို့ပဲ စောင့်နိုင်သည်။ ဒါပေမဲ့ အောက်ထပ်ဆင်းလာချိန်တွင် အလှကုန်ကောင်တာဘေးမှဖြတ်သွားရာ စနိုးခရင်မ်ဘူးတစ်ချို့ဝယ်လိုက်ပါသေးသည်။
ဒီခေတ်မှာစနိုးခရင်မ်ကပင် ဇိမ်ခံအလှကုန်လို့သတ်မှတ်နိုင်တာကြောင့် တန်ဖိုးကြီးအလှကုန်တွေကို မဝယ်လိုက်ပေ။ သာမာန်လူတွေဆို ဈေးအပေါဆုံးမျက်နှာလိမ်းဆီပင် ဝယ်ဖို့မတတ်နိုင်ကြပေ။
ဆောင်စတွင်းမှာ သူမအသားအရေကို အစိုဓာတ်ဖြည့်ပေးရန် စနိုးခရင်မ်ကိုသုံးရန်ကြံရွယ်ထားသည်။ စိတ်ဝိဉာဉ်စမ်းရေကိုသောက်သုံးခြင်းကလည်း သူမအသားအရေကိုအစိုဓာတ်ဖြည့်ပေးနိုင်တာကို သိပေမဲ့ အရှေ့မြောက်ပိုင်းရဲ့ဆောင်းရာသီက ကြမ်းတမ်းပြီးအေးစက်သည်။ သေချာဂရုမစိုက်ပါက အရေပြားတွေအလွယ်တကူပက်ကြားအက်နိုင်သည်။ သူမကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်ထားချင်သည်။
နောက်ဆုံးတွင် မျက်ခုံးမွှေးဆွဲတံ၊ စနိုးခရင်မ်၊ ပါးနီ၊ အိုင်းရှဲဒိုး၊ မျက်တောင်ကော့ဆေးနဲ့ နှုတ်ခမ်းနီတို့အပါအဝင် ဒီခေတ်ရဲ့ထူးခြားတဲ့အလှကုန်တွေကို မြင်လိုက်မိသည်။ သူမအတွက်ဒါတွေမလိုအပ်ပေမဲ့ အမှတ်တရအနေနဲ့တော့ တစ်စုံစာဝယ်ယူလိုက်ပါသေးသည်။
နောက်ဆုံးမှာ ပစ္စည်းတွေထပ်သယ်လို့မရတော့တာကြောင့် လုရှသည်ဈေးဝယ်ခြင်းကိုယာယီရပ်တန့်လိုက်ပြီး ကုန်တိုက်ထဲမှထွက်လာခဲ့သည်။ အပြင်ရောက်ပြီးနောက်တွင် လူသူမရှိတဲ့တစ်နေရာကိုရှာပြီး ပစ္စည်းတွေကိုနေရာလွတ်ထဲထည့်လိုက်သည်။
ဒီခေတ်မှာစောင့်ကြည့်ကင်မရာတွေမရှိသဖြင့် ၂၁ရာစုနဲ့ယှဉ်လျှင် ကိစ္စတွေကိုအများကြီးပိုလွယ်ကူစေပြီး သူမကိုပြဿနာအများအပြား သက်သာစေသည်။ လုရှအိမ်ပြန်ရောက်တဲ့အခါ မနေ့ကလိုတူညီတဲ့အချိန်ဖြစ်နေတုန်းပဲ။
ဒီတစ်ခေါက်မှာတော့ သူမမိသားစုသည်တနေ့လုံးအပြင်ထွက်သွားတဲ့အကြောင်း မေးခွန်းတွေအများကြီးမမေးတော့ပေ။ သူမဘာတွေပဲလုပ်ပါစေ ပြောင်းလဲလို့မရနိုင်ကြောင်း သူတို့သိတာကြောင့် သူမကိုလုပ်ချင်သလိုလုပ်ခွင့်ပြုထားသည်။
ဒါပေမဲ့ ညစာစားချိန်တွင် အမေလုသည်ဒီပြီးခဲ့တဲ့နှစ်ရက်ကလောက် လုရှဒေါသမထွက်တော့တာကို ခန့်မှန်းမိလိုက်တာကြောင့် ပြောလိုက်သည်။
" ရှောင်ရှ နင်ကရက်အနည်းငယ်အတွင်းမှာကျေးလက်သွားရတော့မှာ မင်းစပြီးပြင်ဆင်ထားဖို့လိုတယ် ဒီတစ်ခေါက် နင်နစ်နာရတာကိုအမေသိပါတယ် အမေအရင်ကပြင်ဆင်ထားတဲ့ မင်္ဂလာခန်းဝင်စောင်လေးထည်ထဲကနှစ်ထည်ကို နင့်ကိုပေးလိုက်မယ် အနောပ်မြောက်မှာဆောင်းတွင်းဆိုအရမ်းအေစတယ် ကြားတယ် နွေးနွေးထွေးထွေးရှ်ိအောင် စောင်နှစ်ထည်လုံး အတူသုံးလို့ရတာပေါ့ နင့်ညီမလေးကြီးလာတော့မှ အမေသူ့အတွက်ပြင်ပေးလိုက်မယ်"
ဒီစကားတွေကြားလိုက်ရတော့ လုရှရင်ထဲမှာသရော်လိုက်သည်။ ဒီမင်္ဂလာခန်းဝင်စောင်လေးထည်ကိုသူမသိတာပေါ့။ အမေလုကဒါတွေအားလုံးကိုလုချွမ်ရဲ့မင်္ဂလာခန်းဝင်အဖြစ် ပေးဖို့ရည်ရွယ်ပြီး ပြင်ဆင်ပေးထားတာနှစ်တွေကြာနေပြီ။ သူမကအိမ်မှာဒီအကြောင်းကို တစ်ကြိမ်ထက်မကပြောခဲ့တာပဲ။
ဒီတစ်ခေါက်မှာ အမေလုကသူမကိုစောင်နှစ်ထည်ပေးဖို့ ဆန္ဒရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ နောက်ကွယ်မှာဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိပုံပဲ။ လုချွမ်ဘာမှသိပ်မပြောတာကိုမြင်လိုက်ရတော့ သူမအစ်မသိပြီးသားဆိုတာ သိလိုက်သည်။
ထို့ကြာက့် ဘာအကြောင်းပြောမှာလဲဆိုတာ လုရှလည်းသဘောပေါက်သွားသည်။ အလုပ်နဲ့ပတ်သတ်နေတာပဲဖြစ်ရမယ်။ မဟုတ်ရင် သူမသာလုချွမ်ပစ္စည်းတွေကိုသွားသုံးလိုက်မယ်ဆိုရင် လုချွမ်တစ်ယောက်ရူးသွပ်သွားလိမ့်မယ်။
အမှန်ပါပဲ အမေလုစကားဆုံးပြိးနောက်တွင် လုရှပြန်မဖြေပဲခေါင်းငုံ့ထားတာမြင်လိုက်ရတော့ သူမကလုရှသည်ပျော်ရွှင်သွားတာကို ထုတ်ပြရန်ရှက်ရွံ့နေသည်ဟုတွေးပြီး ဆက်ပြောလိုက်သည်။
" နောက်နှစ်ရက်မှာနင်လိုက်မသွားပဲ အိမ်မှာပဲနေသင့်တယ် ဒီအခွင့်အရေးကိုယူပြီး မီးသီးစက်ရုံဆီသွား နောက်မှနှောင့်နှေးကြန့်ကြာတာတွေမဖြစ်ရအောင် နင့်အစ်မရဲ့အလုပ်အတွက် လွှဲပြောင်းပေးဖို့သွားဖြေရှင်းလိုက်"
ဒီစကားကြားလိုက်ရတော့ လုရှခေါင်းငုံ့ထားကာ လှောင်မပြုံးမိပဲမနေနိုင်ပေ။ အမှန်ပဲ အမေလုကမစောင့်နိုင်တော့ဘူး။ ဒါပေမဲ့ သူမကလည်းဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းတွေးထားတာကြာပြီ။
အမေလုကိုမော့ကြည့်လိုက်ပြီး မူလကိုယ်လိုအသံတိုးတိုးလေးနဲ့ " တာဝန်ကိုသတင်းတောင်မပို့ရသေးပဲ စက်ရုံမှာလူပြောင်းလိုက်မယ်ဆိုရင် မသင့်တော်ဘူးမဟုတ်လား?"
Zawgyi
Chapter 19 ေဈးဝယ္ထြက္ျခင္း
ထိုပစၥည္းအားလုံးကိုဝယ္ယူၿပီးေနာက္ သူမရဲ႕စက္မႈလက္မွတ္ေတြ ကုန္လုနီးပါးျဖစ္သြားသည္။
တကယ္ေတာ့ သူမကမီးဖိုတစ္ခုနဲ႕ အိုးတစ္လုံးဝယ္ခ်င္ခဲ့တာ။ ေက်းလက္ကိုသြားၿပီးေနာက္ သူမဘာသာခ်က္စားလို႔ရမရ ေတြးမိသည္။ ဒါေပမဲ့ သူမမွာစက္မႈလက္မွတ္ေတြ မရွိေတာ့သည့္အတြက္ ေနာက္မွဝယ္ဖို႔အတြက္ပဲ စဥ္းစားနိုင္သည္။ ဒါေတြကအေရးတႀကီးမဟုတ္ရာ ေက်းလက္ကိုသြားၿပီးေနာက္မွ ျပင္ဆင္လို႔ရပါသည္။
လက္မွတ္ေတြလိုအပ္တဲ့ ပစၥည္းအႀကီးစားေတြကိုေတာ့ သူမတစ္ခုမွမဝယ္ခဲ့ေပ။ အခ်ိန္ကိုမသိရရင္အဆက္မေျပတာေၾကာင့္ လက္ပတ္နာရီတစ္လုံးဝယ္ခ်င္ခဲ့ေပမဲ့ မနက္ျဖန္က်မွပဲက်င္းမင္ကို ေမးၾကည့္ရေတာ့မည္။
က်န္ရွိတဲ့မုန႔္ကူပြန္ေတြနဲ႕ သၾကားကူပြန္ေတြကိုလည္း သုံးၿပီးသြားၿပီ။ သူမကထိုကူပြန္ေတြကို ပဲစိမ္းကိတ္နဲ႕ယုန္ျဖဴနို႔သၾကားလုံးတို႔နဲ႕လဲလွယ္ခဲ့သည္။ ဘာပဲျဖစ္ျဖစ္ ေနရာလြတ္ထဲထည့္ထားရင္ ပုပ္သိုးသြားမွာစိုးရိမ္စရာမလိုေပ။
ထို႔ေနာက္ ဆပ္ျပာ၊ သြားတိုက္ေဆးနဲ႕တဘက္တို႔လို ေန႕စဥ္သုံးမရွိမျဖစ္ေတြကို ဝယ္ယူလိုက္သည္။ လက္မွတ္ေတြအားလုံးနီးပါးသုံးကုန္သြားခ်ိန္တြင္ လုရွသည္ေက်ာေပၚမွာ ျခင္းေတာင္းႀကီးတစ္လုံးအျပည့္နဲ႕ ထြက္သြားဖို႔ဆုံးျဖတ္လိုက္သည္။
သူမဝယ္ခ်င္တဲ့ပစၥည္းေတြအမ်ားႀကီးရွိေနေသးေပမဲ့ လက္မွတ္ေတြမရွိေတာ့တာေၾကာင့္ ေနာက္မွဝယ္ဖို႔ပဲ ေစာင့္နိုင္သည္။ ဒါေပမဲ့ ေအာက္ထပ္ဆင္းလာခ်ိန္တြင္ အလွကုန္ေကာင္တာေဘးမွျဖတ္သြားရာ စနိုးခရင္မ္ဘူးတစ္ခ်ိဳ႕ဝယ္လိုက္ပါေသးသည္။
ဒီေခတ္မွာစနိုးခရင္မ္ကပင္ ဇိမ္ခံအလွကုန္လို႔သတ္မွတ္နိုင္တာေၾကာင့္ တန္ဖိုးႀကီးအလွကုန္ေတြကို မဝယ္လိုက္ေပ။ သာမာန္လူေတြဆို ေဈးအေပါဆုံးမ်က္ႏွာလိမ္းဆီပင္ ဝယ္ဖို႔မတတ္နိုင္ၾကေပ။
ေဆာင္စတြင္းမွာ သူမအသားအေရကို အစိုဓာတ္ျဖည့္ေပးရန္ စနိုးခရင္မ္ကိုသုံးရန္ႀကံ႐ြယ္ထားသည္။ စိတ္ဝိဉာဥ္စမ္းေရကိုေသာက္သုံးျခင္းကလည္း သူမအသားအေရကိုအစိုဓာတ္ျဖည့္ေပးနိုင္တာကို သိေပမဲ့ အေရွ႕ေျမာက္ပိုင္းရဲ႕ေဆာင္းရာသီက ၾကမ္းတမ္းၿပီးေအးစက္သည္။ ေသခ်ာဂ႐ုမစိုက္ပါက အေရျပားေတြအလြယ္တကူပက္ၾကားအက္နိုင္သည္။ သူမႀကိဳတင္ကာကြယ္ေရး စီမံခ်က္ေတြလုပ္ထားခ်င္သည္။
ေနာက္ဆုံးတြင္ မ်က္ခုံးေမႊးဆြဲတံ၊ စနိုးခရင္မ္၊ ပါးနီ၊ အိုင္းရွဲဒိုး၊ မ်က္ေတာင္ေကာ့ေဆးနဲ႕ ႏႈတ္ခမ္းနီတို႔အပါအဝင္ ဒီေခတ္ရဲ႕ထူးျခားတဲ့အလွကုန္ေတြကို ျမင္လိုက္မိသည္။ သူမအတြက္ဒါေတြမလိုအပ္ေပမဲ့ အမွတ္တရအေနနဲ႕ေတာ့ တစ္စုံစာဝယ္ယူလိုက္ပါေသးသည္။
ေနာက္ဆုံးမွာ ပစၥည္းေတြထပ္သယ္လို႔မရေတာ့တာေၾကာင့္ လုရွသည္ေဈးဝယ္ျခင္းကိုယာယီရပ္တန႔္လိုက္ၿပီး ကုန္တိုက္ထဲမွထြက္လာခဲ့သည္။ အျပင္ေရာက္ၿပီးေနာက္တြင္ လူသူမရွိတဲ့တစ္ေနရာကိုရွာၿပီး ပစၥည္းေတြကိုေနရာလြတ္ထဲထည့္လိုက္သည္။
ဒီေခတ္မွာေစာင့္ၾကည့္ကင္မရာေတြမရွိသျဖင့္ ၂၁ရာစုနဲ႕ယွဥ္လွ်င္ ကိစၥေတြကိုအမ်ားႀကီးပိုလြယ္ကူေစၿပီး သူမကိုျပႆနာအမ်ားအျပား သက္သာေစသည္။ လုရွအိမ္ျပန္ေရာက္တဲ့အခါ မေန႕ကလိုတူညီတဲ့အခ်ိန္ျဖစ္ေနတုန္းပဲ။
ဒီတစ္ေခါက္မွာေတာ့ သူမမိသားစုသည္တေန႕လုံးအျပင္ထြက္သြားတဲ့အေၾကာင္း ေမးခြန္းေတြအမ်ားႀကီးမေမးေတာ့ေပ။ သူမဘာေတြပဲလုပ္ပါေစ ေျပာင္းလဲလို႔မရနိုင္ေၾကာင္း သူတို႔သိတာေၾကာင့္ သူမကိုလုပ္ခ်င္သလိုလုပ္ခြင့္ျပဳထားသည္။
ဒါေပမဲ့ ညစာစားခ်ိန္တြင္ အေမလုသည္ဒီၿပီးခဲ့တဲ့ႏွစ္ရက္ကေလာက္ လုရွေဒါသမထြက္ေတာ့တာကို ခန႔္မွန္းမိလိုက္တာေၾကာင့္ ေျပာလိုက္သည္။
" ေရွာင္ရွ နင္ကရက္အနည္းငယ္အတြင္းမွာေက်းလက္သြားရေတာ့မွာ မင္းစၿပီးျပင္ဆင္ထားဖို႔လိုတယ္ ဒီတစ္ေခါက္ နင္နစ္နာရတာကိုအေမသိပါတယ္ အေမအရင္ကျပင္ဆင္ထားတဲ့ မဂၤလာခန္းဝင္ေစာင္ေလးထည္ထဲကႏွစ္ထည္ကို နင့္ကိုေပးလိုက္မယ္ အေနာပ္ေျမာက္မွာေဆာင္းတြင္းဆိုအရမ္းေအစတယ္ ၾကားတယ္ နွေးနွေးထွေးထွေးရှ်ိအောင် ေစာင္ႏွစ္ထည္လုံး အတူသုံးလို႔ရတာေပါ့ နင့္ညီမေလးႀကီးလာေတာ့မွ အေမသူ႕အတြက္ျပင္ေပးလိုက္မယ္"
ဒီစကားေတြၾကားလိုက္ရေတာ့ လုရွရင္ထဲမွာသေရာ္လိုက္သည္။ ဒီမဂၤလာခန္းဝင္ေစာင္ေလးထည္ကိုသူမသိတာေပါ့။ အေမလုကဒါေတြအားလုံးကိုလုခြၽမ္ရဲ႕မဂၤလာခန္းဝင္အျဖစ္ ေပးဖို႔ရည္႐ြယ္ၿပီး ျပင္ဆင္ေပးထားတာႏွစ္ေတြၾကာေနၿပီ။ သူမကအိမ္မွာဒီအေၾကာင္းကို တစ္ႀကိမ္ထက္မကေျပာခဲ့တာပဲ။
ဒီတစ္ေခါက္မွာ အေမလုကသူမကိုေစာင္ႏွစ္ထည္ေပးဖို႔ ဆႏၵရွိလိမ့္မယ္လို႔ မထင္ထားမိဘူး။ ေနာက္ကြယ္မွာဖုံးကြယ္ထားတဲ့ရည္႐ြယ္ခ်က္ရွိပုံပဲ။ လုခြၽမ္ဘာမွသိပ္မေျပာတာကိုျမင္လိုက္ရေတာ့ သူမအစ္မသိၿပီးသားဆိုတာ သိလိုက္သည္။
ထို႔ၾကာက့္ ဘာအေၾကာင္းေျပာမွာလဲဆိုတာ လုရွလည္းသေဘာေပါက္သြားသည္။ အလုပ္နဲ႕ပတ္သတ္ေနတာပဲျဖစ္ရမယ္။ မဟုတ္ရင္ သူမသာလုခြၽမ္ပစၥည္းေတြကိုသြားသုံးလိုက္မယ္ဆိုရင္ လုခြၽမ္တစ္ေယာက္႐ူးသြပ္သြားလိမ့္မယ္။
အမွန္ပါပဲ အေမလုစကားဆုံးၿပိးေနာက္တြင္ လုရွျပန္မေျဖပဲေခါင္းငုံ႕ထားတာျမင္လိုက္ရေတာ့ သူမကလုရွသည္ေပ်ာ္႐ႊင္သြားတာကို ထုတ္ျပရန္ရွက္႐ြံ႕ေနသည္ဟုေတြးၿပီး ဆက္ေျပာလိုက္သည္။
" ေနာက္ႏွစ္ရက္မွာနင္လိုက္မသြားပဲ အိမ္မွာပဲေနသင့္တယ္ ဒီအခြင့္အေရးကိုယူၿပီး မီးသီးစက္႐ုံဆီသြား ေနာက္မွႏွောင့္ႏွေးၾကန႔္ၾကာတာေတြမျဖစ္ရေအာင္ နင့္အစ္မရဲ႕အလုပ္အတြက္ လႊဲေျပာင္းေပးဖို႔သြားေျဖရွင္းလိုက္"
ဒီစကားၾကားလိုက္ရေတာ့ လုရွေခါင္းငုံ႕ထားကာ ေလွာင္မၿပဳံးမိပဲမေနနိုင္ေပ။ အမွန္ပဲ အေမလုကမေစာင့္နိုင္ေတာ့ဘူး။ ဒါေပမဲ့ သူမကလည္းဒီကိစၥကိုေျဖရွင္းဖို႔ နည္းလမ္းေတြးထားတာၾကာၿပီ။
အေမလုကိုေမာ့ၾကည့္လိုက္ၿပီး မူလကိုယ္လိုအသံတိုးတိုးေလးနဲ႕ " တာဝန္ကိုသတင္းေတာင္မပို႔ရေသးပဲ စက္႐ုံမွာလူေျပာင္းလိုက္မယ္ဆိုရင္ မသင့္ေတာ္ဘူးမဟုတ္လား?"