Unicode
မိန်းကလေးတွေကိုယ်တိုင်က အမှောင်ဖုံးနေတာကြောင့်လဲ ဖြစ်နိုင်သည်။ကျောင်း idol က ဒီစာကြောင်းကို အရမ်းလေးနက်တဲ့လေသံနဲ့ ပြောသော်လဲ ဘယ်သူ့အတွက်လဲဆိုတာ တောင် အတိအကျမသိပေမယ့် အားလုံးက မျက်နှာနီရဲကုန်ပြီး စိတ်ကူးတွေ ယဉ်ကုန်ကြသည်။
နောက်ဆုံးတွင်တော့ သူတို့သည် သူတို့ idol တွင်အမှန်တကယ် ရှိနေသော အရောင်ကို သိခဲ့ရသည်။အဲ့တာက ဆိုးသွမ်းပြီးဆွဲဆောင်မူရှိသည့် ရောင်ဝါပင် ဖြစ်သည်။
၎င်းသည် မိန်းကလေးများအတွက် ချက်ချင်းနှာခေါင်းသွေးလျှံစေနိုင်လေသည်။
ကောင်မလေးတွေက ကမန်းကတန်း ခေါင်းငုံ့ပြီး ဆက်စားကာ သူ့ကို နောက်ပြောင်ဖို့ မဝံ့ရဲတော့ပေ။
ကျန်တဲ့ အစားအသောက်တွေ ကိုလည်း ပျော်ပျော်ရွှင်ရွှင် အပြတ်ရှင်းလိုက်ကြသည်။ သူတို့ ဘေလ်ကို လက်ခံလိုက်တဲ့အခါ မထင်မှတ်ဘဲ စုစုပေါင်း ယွမ် 1200 သို့ ရောက်သွားလေသည်။
ချင်ယွီကို ဤပမာဏများစွာကို သူ့ဘာသာသူ ပေးခိုင်းရခြင်းမှာ မှားယွင်းသည်ဟု ခံစားမိသည်။ပြီးတော့လည်း ချင်ယွီသည် သူတို့နှင့် လျှောက်လည်ရန် ပထမဆုံးအကြိမ် သဘောတူလိုက်သောကြောင့် ဆိုးရွားသော ထင်မြင်ချက်ကြီးကို မထားခဲ့ချင်ပေ။
နောက်ဆုံးတွင် သူတို့တစ်ဦးစီသည် ယွမ် ၁၀၀ စီပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန်တာကို ချင်ယွီက ပေးဆောင်မည်ဖြစ်သည်။ ချင်ယွီ သည်လည်း မကန့်ကွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်အားလုံးက ကျောင်းသားတွေ ဖြစ်နေတုန်းပဲဖြစ်ကာ သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ သိပ်မလိုဘူးဟု ခံစားရ၍ပင်။
မိုးရွာနေတာကြောင့် လူတိုင်းက ရှုခင်းသာကို လှည့်ပတ်ပြီးနောက် ဘယ်ကိုသွားရမလဲ ဆိုတာ ဆွေးနွေးကြလေသည်။ ကောင်မလေးတွေက မြို့လယ်မှာ ဈေးဝယ်ထွက်ဖို့ အတွက် အဆိုပြုလာသည်။
မြေအောက်ရထားလိုင်းနဲ့ သွားရမှာမလို့ မိုးရွာမှာကို စိတ်ပူစရာမလိုပေ။ ကျောက်ရှီပိုင် သည်ကုံးယုံ ၏ချစ်သူအဖြစ် အလိုလို သူတို့နှင့်အတူ လိုက်ပါသွားမည်ဖြစ်သည်။
"နင်တို့ကရော?"ထုန်ရွှမ်သည် ကျန်သော ကောင်လေးသုံးယောက်ကို ကြည့်လိုက်သည်။
အထူးသဖြင့် သူမ၏အကြည့်သည် ဟဲကျင့် ပေါ်သို့ ကျဆင်းသွားသည်။ သူမ နှလုံးသားထဲတွင် ဟဲကျင့် က သူမနှင့် အတူလိုက်ရန် ရွေးချယ်မည်ဟု မျှော်လင့်ချက် အနည်းငယ် လည်းဆုပ်ကိုင်ထားသည်။
"ငါကျောင်းအရင်ပြန်နှင့်တော့မယ်"
ဟဲကျင့် က သူ့စမတ်လက်ပတ်ပေါ်က GPS ကို တစ်ချက်ကြည့်လိုက်ပြီး "အနီးနားမှာ ဘတ်စ်ကားမှတ်တိုင်ရှိတယ် ငါ ဘတ်စ်ကားနဲ့ ပြန်လိုက်မယ်။"
ထုန်ရွှမ်: "...."
ရှန် က မျက်မှောင်ကြုတ်ပြီး "မင်း ဘတ်စ်ကားနဲ့ ပြန်သွားရင် အနည်းဆုံး တစ်နာရီလောက် ကြာမယ် ဒါမှမဟုတ် တက္ကစီပေါင်းစီးချင်လား? "
ဟဲကျင့် က ခေါင်းခါလိုက်ပြီး
"ရတယ် အဆင်ပြေပါတယ်။ နောက်တော့ အခွင့်အရေးရရင် အတူတူ ကစားကြရအောင်" ဟု ဆိုကာ လမ်း လျှောက်ထွက်ခဲ့တော့သည်။
ဟဲကျင့် ၏နောက်ကျောကိုကြည့်ရင်း ကျောက်ရှီပိုင်က ပြောလာလေသည်။
"ဒီနောက်ပိုင်း ဘယ်သူတွေ ဘတ်စ်ကားစီးသေးလို့လဲ ?"
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မြေအောက်ရထားလမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ကားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နှေးကွေးပြီး အဆင်မပြေသောဘတ်စ်ကားများကို လူများချန်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။
ဘတ်စကားသည် မျိုးဆက်ဟောင်းများသာ အသုံးပြုရမည့်အရာတစ်ခု ဖြစ်လာလုနီးပါးဖြစ်သဖြင့်ဟဲကျင့် က ဘတ်စ်ကားစီးမည်ဟု ဆိုသည်ကို ကြားလိုက်သော် ကျောက်ရှီပိုင်တင် မဟုတ်ပဲ အများစုက သူက အနည်းငယ်ထူးဆန်းသည်ဟု ထင်ကြသည်။
ကုံးယုံ: "သူက နည်းနည်းတော့ သီးသန့် သလို ခံစားရတယ် ဒီနေ့ ဒီတစ်နေကုန်မှာတောင် သူ့စကားပြောသံကို မကြားခဲ့ရဘူး..."
"ငါလည်း လုပ်စရာရှိလို့ ငါအရင်သွားမယ်။"
သူ၏ စမတ်လက်ပတ်မှ သတင်းအချို့ကို ရရှိခဲ့ပုံပေါ်သည့် ချင်ယွီသည်လည်း ၎င်းတို့အား အမြန်နှုတ်ဆက်ကာ ဟဲကျင့်နှင့် ဆန့်ကျင်ဖက်သို့ ဦးတည်သွားခဲ့သည်။
"အမ် ခဏနေဉီး မင်း တက္ကစီစီးမှာလား?အာ ငါ့ကိုလည်း ခေါ်သွား...."
ရှန် သည် လူအုပ်ဆီသို့ သူ့လက်ကို ဝှေ့ယမ်းကာ ချင်ယွီနောက်သို့ လိုက်သွားခဲ့သည်။
ကျန်လူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် ရှက်ရွံ့နေသော ရှုယွီ သည် ၎င်းတို့၏ယခင်စကားစမြည်ကို ဆက်ပြောသည်
"သူ က သီးသန့်ဆန်တာမဟုတ်ဘူး... တကယ်တော့ ငါခံစားရတာက စီနီယာ ဟဲကျင့် နဲ့ ချင်ယွီ နှစ်ယောက်လုံးက စရိုက်တူကြတယ် သူတို့က အရမ်းကြီးမကွာခြားဘူး ..."
ထုန်ရွှမ် က သူ့မနှုတ်ခမ်းကို ကိုက်လိုက်ပြီး ဟဲကျင့် ကို ကာကွယ်ဖို့ စကားနည်းနည်းပြောချင်နေခဲ့သည်။
ဒီလူတွေက ဘာမှမသိပေ။တကယ်တော့ ဟဲကျင့်သည် ကျောင်းသားသမဂ္ဂထဲကို စဝင်တုန်းကဆို သူ့မျက်နှာသည် အမြဲတမ်း ပြုံးနေခဲ့သည်။ သူသည် နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်ကာကောင်းမွန်သော အမူအကျင့်ရှိကာ သူ့ပတ်ဝန်းကျင်ရှိလူများကို စိတ်မသက်မသာဖြစ်အောင်မလုပ်ခဲ့ပေ။
ဒါကြောင့် သူ့ကို တန်ဖိုးထားလေးစားတဲ့ စီနီယာတွေ အများကြီးရှိခဲ့ပြီး သူ့ကို ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌဖြစ်အောင် တွန်းအားပေးဖို့ ကြိုးစားခဲ့ကြလေသည်။ ဒါပေမယ့်လည်း... ဘယ်အချိန်ကတည်းကမှန်း မသိခဲ့ပေမယ့် ဟဲကျင့် သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
တာဝန်ခံမဖြစ်ချင်တော့သလို စုပေါင်းလှုပ်ရှားမှုတွေမှာလည်း မပါဝင်ဘဲ သူတို့၏ ဖုန်းခေါ်ဆိုမှုကိုလည်း တဖြည်းဖြည်းချင်း ရှောင်ရှားလာတော့သည်။ သူသည် တဖြည်းဖြည်းနှင့် သီးသန့် ဆန်လာကာ အချိန်ကြာလာတာနဲ့အမျှ သူတို့နဲ့ ပိုပိုပြီး ဝေးကွာလာခဲ့သည်။...
"ရွှမ်ကျဲ အဲ့မှာ ဘာလုပ်နေတာလဲ၊ သွားရအောင်!"
ကုံးယုံ၏ အသံသည် ထုန်ရွှမ်၏ အတွေးများကို အနှောင့်အယှက်ပေးခဲ့သည်။
"ငါလာပြီ..." အဆုံးတွင်တော့ ထုန်ရွှမ်က ဘာမှပြန်မပြောခဲ့ပေ။ ငါတို့က လမ်းခွဲကြပြီးပြီပဲဟာ ဘာကိစ္စရှိလို့ပြောရမှာလဲ!!!
***
ဟဲကျင့် က ဘတ်စ်ကားမှတ်တိုင်မှာ တစ်ယောက်တည်း ရပ်နေလေသည်။ အခုချိန်တွင်တော့ သူတစ်ယောက် တည်း နေချင်နေ၏။
10 မိနစ်လောက်စောင့်ပြီးနောက်မှတော့ "မြို့ပတ် ဘတ်စ်ကား" ကိုတွေ့လိုက်တော့သည်။ ယခုအချိန်တွင် မြို့ပြဧရိယာ၏ အရေးကြီးသောနေရာများတွင် ပြေးဆွဲနေသော ဘတ်စ်ကားများမှလွဲ၍ ဤဘတ်စ်ကားသည် ပြေးဆွဲဆဲတစ်ခုတည်းသော ဘတ်စ်ကားဖြစ်သည်။ ကွမ်းရေကန် သည် မြို့၏ ထင်ရှားသော ဆွဲဆောင်မှုတစ်ခုဖြစ်သောကြောင့် ဤလမ်းကို မြို့ပတ် ဘတ်စ်ကား ဖြတ်သန်းရမည်မှာပုံမှန်ပင်။
ခရီးသွားရာသီမဟုတ်သောကြောင့် ဘတ်စ်ကားပေါ်တွင် လူများစွာမရှိခဲ့ပေ။ဟဲကျင့် သည် ပြတင်းပေါက်နား ထိုင်ရန် ထိုင်ခုံတစ်ခုကို တွေ့ပြီးနောက် မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ အပြင်ဘက်မှ ရွေ့လျားနေသော ရှုခင်းကို ကြည့်နေလိုက်သည်...
အရင်က ရုတ်တရက် ဆိုးရွားခဲ့တဲ့ ရာသီဥတုနဲ့ သိပ်မခြားနားဘဲ ဟဲကျင့် ရဲ့ စိတ်တွေဟာ ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးကို ချွေးအလွှာပါးများဖြင့် ဖုံးအုပ်ထားသည်မှာ မိုးရေထဲမှ ပြေးထွက်လာခြင်းကြောင့် ဖြစ်နိုင်သည်။
"ကျင့်ကော မင်းလည်း သိပ်အလေးအနက်မထားနဲ့၊လက်တွေ့ဘဝမှာ ပင်ပန်းနေတာနဲ့ တင် လုံလောက်ပြီလေ အတုယောင် ဂိမ်းကမ္ဘာထဲမှာ တော့ လူတွေကို ပျော်ပျော်ပါးပါးနေခွင့်ပေးရမှာပေါ့မဟုတ်ဘူးလား?"
"တစ်နေ့လုံးပျင်းစရာကောင်းအောင် မနေပါနဲ့ နည်းနည်းတက်ကြွစမ်းပါ။ အခု ရာသီဉတု က အနေတော်ပဲ အပြင်လျှောက်သွားပြီး အပန်းဖြေရမယ်!"
"ဘာပဲလုပ်ချင်လုပ်ချင် တတ်နိုင်သမျှမြန်မြန်သာလုပ်မင်း ကြာကြာ တုံ့ဆိုင်းနေလေ လုပ်ရဲတဲ့ သတ္တိ နည်းပါးလေလေ"
ဤအားတက်စရာ အကြံဉာဏ်များသည် ဟဲကျင့်၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
ဟဲကျင့် က သူ့ကိုယ်သူ မေးသည်- ဘွဲ့ရပြီး အိမ်ပြန်ရမယ်ဆိုရင် ကျန်နေတဲ့ တစ်နှစ်ခွဲ လောက် လွတ်လပ်တဲ့ အချိန်အတွင်းမှာ ဘာလုပ်ချင်လဲ?
ငါ့ကိုယ်ငါ ပြန်သတ်မှတ်ဖို့ နောက်ထပ်အခွင့်အရေးရရင် ငါဘယ်လိုလူဖြစ်မလဲ?
ငါ့ဘဝကို ငါ့ဘာသာငါ ပိုင်တယ်ဆိုရင် ငါဘယ်လိုဘဝမျိုး အသက်ရှင်ချင်လဲ?
အောင်မြင်မှုတွေ ဒါမှမဟုတ် အဆင့်တွေကို အာရုံစိုက်မနေချင်ဘူး...
ခေါင်းစဉ်တွေ ဒါမှမဟုတ် ကိုယ်ရေးရာဇဝင်တွေကို ဂရုမစိုက်ချင်ဘူး...
အရက်သောက်ချင်တယ်,ကာရာအိုကေမှာ သီချင်းဆိုကခုန်ချင်တယ်,ဂိမ်းဆော့ချင်တယ်,နှင်းလျှောစီးချင်တယ်,တင်းနစ်ကစားချင်တယ်, ခရီးသွားချင်တယ်,စစ်မှန်တဲ့အချစ်ကို ခံစားချင်တယ်...
ဤအရာအားလုံးကို ထိုအမျိုးသမီး၏ပါးစပ်မှ မှားယွင်းသော,ဆိုးရွားသော, "သွေဖည်ခြင်း" ဟုခေါ်သည်။
ဒါပေမယ့်လည်း ဟဲကျင့် က အဲဒါကို လိုချင်တယ်,သူတကယ်လိုချင်တယ်။ ဒါဟာ သူ့အတွက် အမြဲတမ်း မေးခွန်းကောင်းတစ်ခုပင်..
အခြားသူများ အဘယ်ကြောင့် လုပ်နိုင်ပြီးတော့ သူကျ မလုပ်နိုင်သနည်း?
သူဘာကြောင့် အမြဲတမ်း ကလေးကောင်းတစ်ယောက်လို ပြုမူနေရတာလဲ?
သူဘာကြောင့် ရုပ်သေးရုပ်လို နေထိုင်ရမှာလဲ...
သူ၏ နက်ရှိုင်းသော စိတ်ခံစားချက်သည် နက်ရှိုင်းလာသည်နှင့်အမျှ ဟဲကျင့် သည် ထိုအထူးစကားလုံးများကို သူ့စိတ်ထဲတွင် မမှတ်မိစေရန် သူ့ကိုယ်သူ ဖိနှိပ်ချုပ်ချယ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း
"အားကျင့် ငါ ၈ နှစ်လုံးလုံး မင်း အွန်လိုင်းဖြစ်မှာကို အမြဲစောင့်နေခဲ့တာပါ။"
ထိုဝါကျ၏ စကားလုံးတိုင်းသည် သူ့စိတ်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေပြီး သူ့ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံကာ သူ့စိတ်ဝိညာဉ်၏ အူတိုင်အထိ ပျံ့လွင့်နေသည်...
သူ့အသိတရားမှ ကင်းလွတ်သွားကာ ရှစ်နှစ်ကြာ ငြိမ်သက်နေသော ဟဲကျင့် ၏ နှလုံးသားထဲတွင် တောက်လောင်နေသော ပုန်ကန်မှုခံစားချက်ကို မီးထိုးပေးလိုက်တော့သည်။
—
ဟဲကျင့် သည် တက္ကသိုလ်အရှေ့တံခါးတွင် ဘတ်စ်ကားပေါ်မှဆင်းခဲ့သည်။ မိုးမစဲသေးသဖြင့် သူ သည် အိပ်ဆောင်ဆီသို့ တောက်လျှောက်ပြေးလာခဲ့ရသည်။ သူ့တစ်ကိုယ်လုံး စိုစွတ်နေပေမယ့် အခုအချိန်မှာတော့ ကင်းကောင် လို ခံစားနေရပြီး အရာအားလုံးကို အနိုင်ယူနိုင်နေလေသည်။
အေးမြသောဆောင်းဦးရာသီတွင် ယနေ့နံနက်အထိ အပူချိန်သည် ခုနစ်ဒီဂရီမှ ရှစ်ဒီဂရီအထိ ကျဆင်းသွားခဲ့သည်။ ဟုန်တုန်ယွမ် သည် သူတို့အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး အောက်ခံ ဘောင်းဘီရှည်ကိုသာ ၀တ်ထားပြီး အခန်းအပူပေးစက်ကို အနီးကပ်ဖွင့်ထားသည်။ဟဲကျင့် ပြန်လာတာကိုမြင်တော့ သူက
"အိုး၊ မင်းဘယ်ရောက်နေတာလဲ?"
[T/N ဟုန်တုန်ယွမ် ဝတ်ထားတဲ့ ဘောင်းဘီပုံစံ]
"ငါ ကျောင်းသားသမဂ္ဂက သူငယ်ချင်းတချို့နဲ့ ကွမ်းရေကန်ကို သွားခဲ့တာ"
ပြေးရင်းမှ ချွေးများထွက်နေသော ဟဲကျင့် သည် ခေါင်းကိုသုတ်ရန် ပုဝါခြောက်တစ်ထည်ကို ပေါ့ပေါ့တန်တန်ယူခဲ့သော်လည်း အဝတ်တော့မလဲခဲ့ပေ။
ဗုဒ္ဓဟူးနေ့တွင် ထုန်ရွှမ် နှင့် ကုံးယုံ အား ဟောပြောပွဲပြုလုပ်ရန် ကတိပေးခဲ့သောကြောင့် ဟဲကျင့် သည် အိပ်ရာထပြီး မနှစ်က စာမေးပွဲမှ ပြန်လည်သုံးသပ်စရာများကို စတင်ရှာဖွေခြင်းမပြုမီ အချိန်အနည်းငယ်သာ ကျန်ရှိတော့သည် ။ သူ့အမြန်ဆုံးအမြန်နှုန်းနဲ့ အလုပ်လုပ်ရင် ဒီနေ့ ppt ကို အပြီးသတ်နိုင်မည်။
ဒီနေ့အပြီးလုပ်လို့ရတဲ့ အရာကို သူ မနက်ဖန်သို့ ဆွဲတတ်သည်မှာ ရှားလေသည်။
ညစာစားပြီးနောက် ဟဲကျင့် သည် ထိုမှတ်စုများကို စတင်ရိုက်နှိပ်ပြီး သပ်ရပ်စွာပြင်ဆင်ပြီးသည်နှင့် ည ရှစ်နာရီကျော်နေပြီဖြစ်သည်။
သူ့ကွန်ပြူတာရှေ့မှာထိုင်ရင်းဟဲကျင့် က "Demon God" ဂိမ်းအိုင်ကွန်ကို ကြည့်လိုက်သည်။ သူသည် နောက်ဆုံးတွင် ဘရောက်ဆာကိုဖွင့်ကာ Fire's Fly Tour ပင်မစာမျက်နှာသို့ သွားခြင်းမပြုမီ အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။ သူ enter နှိပ်လိုက်သည်နှင့် ချက်ချင်းပင် ပျံနေသော မက်ဆေ့ချ်များဖြင့် နှုတ်ဆက်လိုက်ရာ ဟဲကျင့် လန့်သွားသည်။
"အား အား အား ကျွန်မ ရှင့်ကို ချစ်တယ်..."
"အား ယောကျ်ားရေ! "
ဟဲကျင့် : "... " ဒါ က ဘာလဲဟ။ ( ̄_ ̄|||)
ဟဲကျင့် သည် သူ့နားကြပ်ကိုတပ်လိုက်ပြီး မီး ၏အသံကိုကြားလိုက်ရမှ သူနေရာမှားမ၀င်ကြောင်း အတည်ပြုခဲ့နိုင်ခဲ့သည်။ သို့သော်လည်း မီး က စကားအနည်းငယ်သာပြောသည်ကို ကြားလိုက်ရပြီး အခြားသူ၏အသံကိုမူ သူမသိနေပေ။
ဟဲကျင့် သည် ထိုပလူပျံနေသောမက်ဆေ့ချ်များကို ပိတ်လိုက်ပြီး နောက်ဆုံးတွင် စခရင်ပေါ်ရှိရုပ်ပုံတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် ယခင်က သူ၏ "နတ်သမီးလေးကျင့်" ဇာတ်ကောင်ရှေ့တွင် ပေါ်လာခဲ့သော တူညီသော ရင်းနှီးပြီးသား ဇာတ်ကောင်ပင် ဖြစ်သည်။
သူ၏ ခေါင်းအထက်တွင် ရေးထားသော "နှလုံးသားမဲ့ မီး" ဟူသော စကားလုံးလေးလုံးနှင့် တူညီသော ဇာတ်ကောင်ပင် ဖြစ်သော်လည်းယခုတစ်ကြိမ်တွင် တော့ ဟဲကျင့် ၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ခံစားချက်အချို့နှင့် ပြည့်နေပုံရသည်။
သူ့လက်ဝါးတွေက ပူနွေးလာကာ ရင်ဘတ်တွေ လည်း တဒုန်းဒုန်းခုန်နေလေသည်။
ဖန်သားပြင်တွင် တိုက်ပွဲမြင်ကွင်းကို ပြသထားပြီး ၎င်းသည် မီး နှင့် အခြားကစားသမားကြား 1vs 1 ဖြစ်သည်။ ဟဲကျင့် မြင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့၏ ပေါက်ကွဲနေသော မီးရှူးမီးပန်းများကဲ့သို့ မိုက်တဲ့ စွမ်းရည်ဖြစ်ပြီး ထို့နောက် နှစ်ယောက်စလုံး လေထဲတွင် အရိပ်များ ထိပ်တိုက်တွေ့သလို ရွေ့လျားပျောက်ကွယ်သွားကြသည်။
ဟဲကျင့်သည် ရှင်းပြချက်ကို နားထောင်ရန် ကြိုးစားသော်လည်း နားမလည်နိုင် သေးသော်လည်း သူတို့၏ သွေးအခြေအနေကို ကြည့်ခြင်းဖြင့် မီး က အနည်းငယ် ပိုကောင်းသည် ဆိုတာကတော့ သူသိလေသည်။
ဟဲကျင့် က ခဏလောက်ကြည့်ပြီးနောက် ဝက်ဘ်စာမျက်နှာကို တိတ်တဆိတ်ပိတ်လိုက်တော့သည်။ သူ၏ဖန်သားပြင်သည် ကွန်ပြူတာ၏ မူလစာမျက်နှာသို့ ပြန်ရောက်ပြီးနောက် သူသည် "Demon God" အိုင်ကွန်ကို နှစ်ချက်နှိပ်လိုက်တော့သည်။
-မီး က အခု တိုက်ရိုက်ထုတ် လွှင့်နေတာဆိုတော့ ငါ အွန်လိုင်းတက်လာတာ ကို ဂရုမစိုက်သင့်ဘူးလေနော် ဟုတ်တယ်မလား?
***
"အိုကေ ဒါဆို နှလုံးသားမဲ့ မီး ရဲ့ ရှုထောင့်ကနေပြီး သူ့ရဲ့ စကေး ပေါင်းစပ်မှုကို ကြည့်လိုက်ရအောင်..."
ဖင်းယွီဟောင် က ချင်ယွီ ၏ ဂိမ်းမျက်နှာပြင်ကို ချိတ်ဆက်ကာ ရှင်းပြခဲ့သည်။
လေထဲတွင် မီးတောက်များ တောက်လောင်နေပြီး ယခု ချင်ယွီက စကားမပြောသဖြင့် အမျိုးသမီး ပရိသတ်များ အော်ဟစ်သံများ နည်းပါးသွားခဲ့သည်။ ပရိသတ်အများစုကတော့ မီး က ဘယ်လိုအနိုင်ရမလဲဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး သူဇာတ်ကောင်ရဲ့ ကြည့်ကောင်းမူကိုတော့ရံဖန် ရံခါ ပြောလေ့ရှိကြသည်။
"ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ စကေးတွေက အရမ်းသန့်ရှင်းတယ် သူ့အရည်အချင်းတွေကို ဖုံးကွယ်ထားတုန်းပဲ..."
"နှလုံးသားမဲ့ မီး ရဲ့ PvP ကစားတာကို ကြည့်ရတာ အမြဲတမ်းမိမိုက်နေရော..."
" ဟိုလိုဂရပ်ဖစ် ဗားရှင်းထွက်ပြီးရင် ဘယ်လုပ်ရမှန်းတောင် မသိဘူး။"
***
"ကျွန်တော်တို့ဟာ အခု ဆိုရင် နှလုံးသားမဲ့ မီးက "Red Flame Purgatory"စကေးကို အသုံးပြုပြီးနောက် "Thunder" ကိုအသုံးပြုလိုက်တာ ကိုတွေ့ရမှာပါ။ ရေခဲမုန့် ရဲ့ သွေးဘား ကတော့ သိသိသာသာပဲ ကျဆင်းသွားပါပြီ!" ဖင်းယွီဟောင် က စိတ်လှုပ်ရှားစွာ ဖြင့် အော်လိုက်သည်။
ဤအခိုက်အတန့်တွင် နှလုံးသားမဲ့မီး ၏ဦးခေါင်းထက်တွင် ရွှေရောင်စာတန်းတစ်ခု ရုတ်တရက်ပေါ်လာသည်ကို ဖန်သားပြင်မှ တဆင့် တွေ့လိုက်ကြရတော့သည်။
〖System〗- သင့်ဇနီး "နတ်သမီးလေး ကျင့် " သည် အွန်လိုင်းပေါ်တွင် ရှိနေသည်။
အသံလွှင့်ခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ထို့နောက် ခဏအကြာတွင် မီး သည် ၎င်း၏ လုပ်ရပ်အားလုံးကို ရပ်လိုက်ပြီး ပရိသတ်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မူရဲ့ မက်ဆေ့ချ်ဘောက် သည် ပေါက်ကွဲသွားကာ ပရိသတ်များက တစ်လုံးပြီးတစ်လုံး ပွက်လောရိုက်နေသည့် မက်ဆေ့ချ်များကို စတင်ပြောဆိုကြသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး! (#°д°)"
"ဘာတွေ့တာလဲ! ငါဘာတွေ့လိုက်တာလဲ!"
"ဘာတွေဖြစ်နေတာလဲ ငါ့ကိုဘယ်သူပြောပြနိုင်မလဲ နှလုံးသားမဲ့ မီး က မတိုက်ခိုက်တော့ဘူးလား" "
"နှလုံးသားမဲ့ ရဲ့ ဇနီးလာပြီ..."
"တကယ့် ဇနီးအစစ်က တကယ် လာပြီ ဟ....."
〖သတိပေးချက်〗- အင်တာနက်သုံးစွဲသူ "လ" သည် "chat bubble " ကို နှလုံးသားမဲ့ မီးစီသို့ ပို့လာသည်။
"ငါငိုနေပြီ ငါငိုနေပြီလို့......"
"နှလုံးသားမဲ့ ရဲ့ မိန်းမ ? နတ်သမီးလေး ကျင့် ဘာလားဟ? "
"အား အား အား အား အား အား အား... "
〖သတိပေးချက်〗- အင်တာနက်သုံးစွဲသူ " မနက်ခင်း မြူနှင်းဖယ်ရီ " မှ " "chat bubble" ကို နှလုံးသားမဲ့ မီး စီသို့ ပို့လာသည်။
"မဟုတ်သေးပါဘူး အာ အာ ... ယောကျ်ား ရှင့်မှာ တကယ် မိန်းမရှိတယ်..."
***
နှလုံးသားမဲ့ မီး ၏ PK ပြိုင်ဘက်သည် ယခုတစ်ကြိမ်တွင် ဒုတိယဆာဗာ မှ နံပါတ် 1 ကစားသားဖြစ်သည့် ရေခဲမုန့် ဖြစ်သည်။
နှလုံးသားမဲ့ မီး သည် ဆယ်စက္ကန့်ကျော်ကြာအောင် ငြိမ်သက်စွာရပ်နေသည်ကို မြင်သောအခါတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို စတင်သတိပြုမိကာ သူပါ ရပ်တန့်လိုက်သည်။ .
ရေခဲမုန့် - "ဘာဖြစ်နေတာလဲ?"
နှလုံးသားမဲ့ မီး- "GG"
[T/N: GG =Good Game အရှုံးပေးလိုသည်ဟု ပြောနိုင်သော ဂိမ်းတွင်း ဝေါဟာရတစ်ခု။]
ရေခဲမုန့် : "....."
ချင်ယွီက ချောင်းဟန့်ပြီး မိုက်ကရိုဖုန်းမှ တစ်ဆင့် ပြောလိုက်သည်။
"ရေခဲမုန့် ငါ့မိန်းမ လာပြီ ငါမတိုက်တော့ဘူး ဒီတစ်ခါ မင်းအနိုင်ရတယ်"
〖Demon God Arena #1〗- "နှလုံးသားမဲ့ မီး" ကစားသမား သည် ကွင်းထဲ မှ ထွက်သွားသည် ။
ရေခဲမုန့်: "... Wtf! "
နှေးကွေးတဲ့ ဦးနှောက်လည်ပတ်မှုရှိသော ဖင်းယွီဟောင် သည် နောက်ဆုံးတွင်မှ ဤအရာအားလုံးကိုသဘောပေါက်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်
"ငါ—-ဖာ့ခ်!"
[T/N ဒီမှာက ချင်ယွီ live လွှင့်တာကို ဖင်းယွီဟောင်က တစ်ဆင့် သူတို့ရဲ့ website home page မှာ ပြန်ပြီး တင်ဆက်နေတာပေါ့နော် အဲ့မှာ သူ့မိန်းမ လိုင်းတက်လာကို တွေ့လိုက်ကြတော့ live chatကနေရော ဂိမ်းထဲကနေပါ စာပို့ကြတာပါ။
သတိပေးချက် ဆိုတဲ့ဟာ တွေက ဂိမ်းထဲကနေ ပို့တာပါ။
မျက်လုံးထဲ မမြင်မှာစိုးလို့ ရှင်းပြတာပါ♥️]
Zawgyi
015:ငါ့မိန္းမေရာက္လာၿပီ
မိန္းကေလးေတြကိုယ္တိုင္က အေမွာင္ဖုံးေနတာေၾကာင့္လဲ ျဖစ္ႏိုင္သည္။ေက်ာင္း idol က ဒီစာေၾကာင္းကို အရမ္းေလးနက္တဲ့ေလသံနဲ႔ ေျပာေသာ္လဲ ဘယ္သူ႔အတြက္လဲဆိုတာ ေတာင္ အတိအက်မသိေပမယ့္ အားလုံးက မ်က္ႏွာနီရဲကုန္ၿပီး စိတ္ကူးေတြ ယဥ္ကုန္ၾကသည္။
ေနာက္ဆုံးတြင္ေတာ့ သူတို႔သည္ သူတို႔ idol တြင္အမွန္တကယ္ ရွိေနေသာ အေရာင္ကို သိခဲ့ရသည္။အဲ့တာက ဆိုးသြမ္းၿပီးဆြဲေဆာင္မူရွိသည့္ ေရာင္ဝါပင္ ျဖစ္သည္။
၎သည္ မိန္းကေလးမ်ားအတြက္ ခ်က္ခ်င္းႏွာေခါင္းေသြးလွ်ံေစႏိုင္ေလသည္။
ေကာင္မေလးေတြက ကမန္းကတန္း ေခါင္းငုံ႔ၿပီး ဆက္စားကာ သူ႔ကို ေနာက္ေျပာင္ဖို႔ မဝံ့ရဲေတာ့ေပ။
က်န္တဲ့ အစားအေသာက္ေတြ ကိုလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အျပတ္ရွင္းလိုက္ၾကသည္။ သူတို႔ ေဘလ္ကို လက္ခံလိုက္တဲ့အခါ မထင္မွတ္ဘဲ စုစုေပါင္း ယြမ္ 1200 သို႔ ေရာက္သြားေလသည္။
ခ်င္ယြီကို ဤပမာဏမ်ားစြာကို သူ႔ဘာသာသူ ေပးခိုင္းရျခင္းမွာ မွားယြင္းသည္ဟု ခံစားမိသည္။ၿပီးေတာ့လည္း ခ်င္ယြီသည္ သူတို႔ႏွင့္ ေလွ်ာက္လည္ရန္ ပထမဆုံးအႀကိမ္ သေဘာတူလိုက္ေသာေၾကာင့္ ဆိုး႐ြားေသာ ထင္ျမင္ခ်က္ႀကီးကို မထားခဲ့ခ်င္ေပ။
ေနာက္ဆုံးတြင္ သူတို႔တစ္ဦးစီသည္ ယြမ္ ၁၀၀ စီေပးေဆာင္ရန္ ဆုံးျဖတ္ခဲ့ၾကၿပီး က်န္တာကို ခ်င္ယြီက ေပးေဆာင္မည္ျဖစ္သည္။ ခ်င္ယြီ သည္လည္း မကန႔္ကြက္ခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္အားလုံးက ေက်ာင္းသားေတြ ျဖစ္ေနတုန္းပဲျဖစ္ကာ သူ႔ပုံရိပ္ကို ထိန္းသိမ္းဖို႔ သိပ္မလိုဘူးဟု ခံစားရ၍ပင္။
မိုး႐ြာေနတာေၾကာင့္ လူတိုင္းက ရႈခင္းသာကို လွည့္ပတ္ၿပီးေနာက္ ဘယ္ကိုသြားရမလဲ ဆိုတာ ေဆြးေႏြးၾကေလသည္။ ေကာင္မေလးေတြက ၿမိဳ႕လယ္မွာ ေဈးဝယ္ထြက္ဖို႔ အတြက္ အဆိုျပဳလာသည္။
ေျမေအာက္ရထားလိုင္းနဲ႔ သြားရမွာမလို႔ မိုး႐ြာမွာကို စိတ္ပူစရာမလိုေပ။ ေက်ာက္ရွီပိုင္ သည္ကုံးယုံ ၏ခ်စ္သူအျဖစ္ အလိုလို သူတို႔ႏွင့္အတူ လိုက္ပါသြားမည္ျဖစ္သည္။
"နင္တို႔ကေရာ?"ထုန္႐ႊမ္သည္ က်န္ေသာ ေကာင္ေလးသုံးေယာက္ကို ၾကည့္လိုက္သည္။
အထူးသျဖင့္ သူမ၏အၾကည့္သည္ ဟဲက်င့္ ေပၚသို႔ က်ဆင္းသြားသည္။ သူမ ႏွလုံးသားထဲတြင္ ဟဲက်င့္ က သူမႏွင့္ အတူလိုက္ရန္ ေ႐ြးခ်ယ္မည္ဟု ေမွ်ာ္လင့္ခ်က္ အနည္းငယ္ လည္းဆုပ္ကိုင္ထားသည္။
"ငါေက်ာင္းအရင္ျပန္ႏွင့္ေတာ့မယ္"
ဟဲက်င့္ က သူ႔စမတ္လက္ပတ္ေပၚက GPS ကို တစ္ခ်က္ၾကည့္လိုက္ၿပီး "အနီးနားမွာ ဘတ္စ္ကားမွတ္တိုင္ရွိတယ္ ငါ ဘတ္စ္ကားနဲ႔ ျပန္လိုက္မယ္။"
ထုန္႐ႊမ္: "...."
ရွန္ က မ်က္ေမွာင္ၾကဳတ္ၿပီး "မင္း ဘတ္စ္ကားနဲ႔ ျပန္သြားရင္ အနည္းဆုံး တစ္နာရီေလာက္ ၾကာမယ္ ဒါမွမဟုတ္ တကၠစီေပါင္းစီးခ်င္လား? "
ဟဲက်င့္ က ေခါင္းခါလိုက္ၿပီး
"ရတယ္ အဆင္ေျပပါတယ္။ ေနာက္ေတာ့ အခြင့္အေရးရရင္ အတူတူ ကစားၾကရေအာင္" ဟု ဆိုကာ လမ္း ေလွ်ာက္ထြက္ခဲ့ေတာ့သည္။
ဟဲက်င့္ ၏ေနာက္ေက်ာကိုၾကည့္ရင္း ေက်ာက္ရွီပိုင္က ေျပာလာေလသည္။
"ဒီေနာက္ပိုင္း ဘယ္သူေတြ ဘတ္စ္ကားစီးေသးလို႔လဲ ?"
လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ေျမေအာက္ရထားလမ္းမ်ား စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္ ကားစက္မႈလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္လာမႈေၾကာင့္ ေႏွးေကြးၿပီး အဆင္မေျပေသာဘတ္စ္ကားမ်ားကို လူမ်ားခ်န္ထားခဲ့သည္မွာ ၾကာခဲ့ေလၿပီ။
ဘတ္စကားသည္ မ်ိဳးဆက္ေဟာင္းမ်ားသာ အသုံးျပဳရမည့္အရာတစ္ခု ျဖစ္လာလုနီးပါးျဖစ္သျဖင့္ဟဲက်င့္ က ဘတ္စ္ကားစီးမည္ဟု ဆိုသည္ကို ၾကားလိုက္ေသာ္ ေက်ာက္ရွီပိုင္တင္ မဟုတ္ပဲ အမ်ားစုက သူက အနည္းငယ္ထူးဆန္းသည္ဟု ထင္ၾကသည္။
ကုံးယုံ: "သူက နည္းနည္းေတာ့ သီးသန႔္ သလို ခံစားရတယ္ ဒီေန႔ ဒီတစ္ေနကုန္မွာေတာင္ သူ႔စကားေျပာသံကို မၾကားခဲ့ရဘူး..."
"ငါလည္း လုပ္စရာရွိလို႔ ငါအရင္သြားမယ္။"
သူ၏ စမတ္လက္ပတ္မွ သတင္းအခ်ိဳ႕ကို ရရွိခဲ့ပုံေပၚသည့္ ခ်င္ယြီသည္လည္း ၎တို႔အား အျမန္ႏႈတ္ဆက္ကာ ဟဲက်င့္ႏွင့္ ဆန႔္က်င္ဖက္သို႔ ဦးတည္သြားခဲ့သည္။
"အမ္ ခဏေနဉီး မင္း တကၠစီစီးမွာလား?အာ ငါ့ကိုလည္း ေခၚသြား...."
ရွန္ သည္ လူအုပ္ဆီသို႔ သူ႔လက္ကို ေဝွ႔ယမ္းကာ ခ်င္ယြီေနာက္သို႔ လိုက္သြားခဲ့သည္။
က်န္လူမ်ားသည္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ေနာက္ဆုံးတြင္ ရွက္႐ြံ႕ေနေသာ ရႈယြီ သည္ ၎တို႔၏ယခင္စကားစျမည္ကို ဆက္ေျပာသည္
"သူ က သီးသန႔္ဆန္တာမဟုတ္ဘူး... တကယ္ေတာ့ ငါခံစားရတာက စီနီယာ ဟဲက်င့္ နဲ႔ ခ်င္ယြီ ႏွစ္ေယာက္လုံးက စ႐ိုက္တူၾကတယ္ သူတို႔က အရမ္းႀကီးမကြာျခားဘူး ..."
ထုန္႐ႊမ္ က သူ႔မႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ဟဲက်င့္ ကို ကာကြယ္ဖို႔ စကားနည္းနည္းေျပာခ်င္ေနခဲ့သည္။
ဒီလူေတြက ဘာမွမသိေပ။တကယ္ေတာ့ ဟဲက်င့္သည္ ေက်ာင္းသားသမဂၢထဲကို စဝင္တုန္းကဆို သူ႔မ်က္ႏွာသည္ အၿမဲတမ္း ၿပဳံးေနခဲ့သည္။ သူသည္ ႏူးညံ့သိမ္ေမြ႕ၿပီး ရင့္က်က္ကာေကာင္းမြန္ေသာ အမူအက်င့္ရွိကာ သူ႔ပတ္ဝန္းက်င္ရွိလူမ်ားကို စိတ္မသက္မသာျဖစ္ေအာင္မလုပ္ခဲ့ေပ။
ဒါေၾကာင့္ သူ႔ကို တန္ဖိုးထားေလးစားတဲ့ စီနီယာေတြ အမ်ားႀကီးရွိခဲ့ၿပီး သူ႔ကို ေက်ာင္းသားသမဂၢရဲ႕ ဥကၠဌျဖစ္ေအာင္ တြန္းအားေပးဖို႔ ႀကိဳးစားခဲ့ၾကေလသည္။ ဒါေပမယ့္လည္း... ဘယ္အခ်ိန္ကတည္းကမွန္း မသိခဲ့ေပမယ့္ ဟဲက်င့္ သည္ ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့သည္။
တာဝန္ခံမျဖစ္ခ်င္ေတာ့သလို စုေပါင္းလႈပ္ရွားမႈေတြမွာလည္း မပါဝင္ဘဲ သူတို႔၏ ဖုန္းေခၚဆိုမႈကိုလည္း တျဖည္းျဖည္းခ်င္း ေရွာင္ရွားလာေတာ့သည္။ သူသည္ တျဖည္းျဖည္းႏွင့္ သီးသန႔္ ဆန္လာကာ အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔နဲ႔ ပိုပိုၿပီး ေဝးကြာလာခဲ့သည္။...
"႐ႊမ္က်ဲ အဲ့မွာ ဘာလုပ္ေနတာလဲ၊ သြားရေအာင္!"
ကုံးယုံ၏ အသံသည္ ထုန္႐ႊမ္၏ အေတြးမ်ားကို အေႏွာင့္အယွက္ေပးခဲ့သည္။
"ငါလာၿပီ..." အဆုံးတြင္ေတာ့ ထုန္႐ႊမ္က ဘာမွျပန္မေျပာခဲ့ေပ။ ငါတို႔က လမ္းခြဲၾကၿပီးၿပီပဲဟာ ဘာကိစၥရွိလို႔ေျပာရမွာလဲ!!!
***
ဟဲက်င့္ က ဘတ္စ္ကားမွတ္တိုင္မွာ တစ္ေယာက္တည္း ရပ္ေနေလသည္။ အခုခ်ိန္တြင္ေတာ့ သူတစ္ေယာက္ တည္း ေနခ်င္ေန၏။
10 မိနစ္ေလာက္ေစာင့္ၿပီးေနာက္မွေတာ့ "ၿမိဳ႕ပတ္ ဘတ္စ္ကား" ကိုေတြ႕လိုက္ေတာ့သည္။ ယခုအခ်ိန္တြင္ ၿမိဳ႕ျပဧရိယာ၏ အေရးႀကီးေသာေနရာမ်ားတြင္ ေျပးဆြဲေနေသာ ဘတ္စ္ကားမ်ားမွလြဲ၍ ဤဘတ္စ္ကားသည္ ေျပးဆြဲဆဲတစ္ခုတည္းေသာ ဘတ္စ္ကားျဖစ္သည္။ ကြမ္းေရကန္ သည္ ၿမိဳ႕၏ ထင္ရွားေသာ ဆြဲေဆာင္မႈတစ္ခုျဖစ္ေသာေၾကာင့္ ဤလမ္းကို ၿမိဳ႕ပတ္ ဘတ္စ္ကား ျဖတ္သန္းရမည္မွာပုံမွန္ပင္။
ခရီးသြားရာသီမဟုတ္ေသာေၾကာင့္ ဘတ္စ္ကားေပၚတြင္ လူမ်ားစြာမရွိခဲ့ေပ။ဟဲက်င့္ သည္ ျပတင္းေပါက္နား ထိုင္ရန္ ထိုင္ခုံတစ္ခုကို ေတြ႕ၿပီးေနာက္ ေမးေစ့ကို လက္ႏွစ္ဖက္ျဖင့္ ေထာက္ကာ အျပင္ဘက္မွ ေ႐ြ႕လ်ားေနေသာ ရႈခင္းကို ၾကည့္ေနလိုက္သည္...
အရင္က ႐ုတ္တရက္ ဆိုး႐ြားခဲ့တဲ့ ရာသီဥတုနဲ႔ သိပ္မျခားနားဘဲ ဟဲက်င့္ ရဲ႕ စိတ္ေတြဟာ ႐ုတ္တရက္ ေမွာင္မိုက္သြားခဲ့သည္။ သူ႔တစ္ကိုယ္လုံးကို ေခြၽးအလႊာပါးမ်ားျဖင့္ ဖုံးအုပ္ထားသည္မွာ မိုးေရထဲမွ ေျပးထြက္လာျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။
"က်င့္ေကာ မင္းလည္း သိပ္အေလးအနက္မထားနဲ႔၊လက္ေတြ႕ဘဝမွာ ပင္ပန္းေနတာနဲ႔ တင္ လုံေလာက္ၿပီေလ အတုေယာင္ ဂိမ္းကမာၻထဲမွာ ေတာ့ လူေတြကို ေပ်ာ္ေပ်ာ္ပါးပါးေနခြင့္ေပးရမွာေပါ့မဟုတ္ဘူးလား?"
"တစ္ေန႔လုံးပ်င္းစရာေကာင္းေအာင္ မေနပါနဲ႔ နည္းနည္းတက္ႂကြစမ္းပါ။ အခု ရာသီဉတု က အေနေတာ္ပဲ အျပင္ေလွ်ာက္သြားၿပီး အပန္းေျဖရမယ္!"
"ဘာပဲလုပ္ခ်င္လုပ္ခ်င္ တတ္ႏိုင္သမွ်ျမန္ျမန္သာလုပ္မင္း ၾကာၾကာ တုံ႔ဆိုင္းေနေလ လုပ္ရဲတဲ့ သတၱိ နည္းပါးေလေလ"
ဤအားတက္စရာ အႀကံဉာဏ္မ်ားသည္ ဟဲက်င့္၏ နားထဲတြင္ အဆက္မျပတ္ ပဲ့တင္ထပ္ေနခဲ့သည္။
ဟဲက်င့္ က သူ႔ကိုယ္သူ ေမးသည္- ဘြဲ႕ရၿပီး အိမ္ျပန္ရမယ္ဆိုရင္ က်န္ေနတဲ့ တစ္ႏွစ္ခြဲ ေလာက္ လြတ္လပ္တဲ့ အခ်ိန္အတြင္းမွာ ဘာလုပ္ခ်င္လဲ?
ငါ့ကိုယ္ငါ ျပန္သတ္မွတ္ဖို႔ ေနာက္ထပ္အခြင့္အေရးရရင္ ငါဘယ္လိုလူျဖစ္မလဲ?
ငါ့ဘဝကို ငါ့ဘာသာငါ ပိုင္တယ္ဆိုရင္ ငါဘယ္လိုဘဝမ်ိဳး အသက္ရွင္ခ်င္လဲ?
ေအာင္ျမင္မႈေတြ ဒါမွမဟုတ္ အဆင့္ေတြကို အာ႐ုံစိုက္မေနခ်င္ဘူး...
ေခါင္းစဥ္ေတြ ဒါမွမဟုတ္ ကိုယ္ေရးရာဇဝင္ေတြကို ဂ႐ုမစိုက္ခ်င္ဘူး...
အရက္ေသာက္ခ်င္တယ္,ကာရာအိုေကမွာ သီခ်င္းဆိုကခုန္ခ်င္တယ္,ဂိမ္းေဆာ့ခ်င္တယ္,ႏွင္းေလွ်ာစီးခ်င္တယ္,တင္းနစ္ကစားခ်င္တယ္, ခရီးသြားခ်င္တယ္,စစ္မွန္တဲ့အခ်စ္ကို ခံစားခ်င္တယ္...
ဤအရာအားလုံးကို ထိုအမ်ိဳးသမီး၏ပါးစပ္မွ မွားယြင္းေသာ,ဆိုး႐ြားေသာ, "ေသြဖည္ျခင္း" ဟုေခၚသည္။
ဒါေပမယ့္လည္း ဟဲက်င့္ က အဲဒါကို လိုခ်င္တယ္,သူတကယ္လိုခ်င္တယ္။ ဒါဟာ သူ႔အတြက္ အၿမဲတမ္း ေမးခြန္းေကာင္းတစ္ခုပင္..
အျခားသူမ်ား အဘယ္ေၾကာင့္ လုပ္ႏိုင္ၿပီးေတာ့ သူက် မလုပ္ႏိုင္သနည္း?
သူဘာေၾကာင့္ အၿမဲတမ္း ကေလးေကာင္းတစ္ေယာက္လို ျပဳမူေနရတာလဲ?
သူဘာေၾကာင့္ ႐ုပ္ေသး႐ုပ္လို ေနထိုင္ရမွာလဲ...
သူ၏ နက္ရႈိင္းေသာ စိတ္ခံစားခ်က္သည္ နက္ရႈိင္းလာသည္ႏွင့္အမွ် ဟဲက်င့္ သည္ ထိုအထူးစကားလုံးမ်ားကို သူ႔စိတ္ထဲတြင္ မမွတ္မိေစရန္ သူ႔ကိုယ္သူ ဖိႏွိပ္ခ်ဳပ္ခ်ယ္ရန္ အျပင္းအထန္ ႀကိဳးစားခဲ့ေသာ္လည္း
"အားက်င့္ ငါ ၈ ႏွစ္လုံးလုံး မင္း အြန္လိုင္းျဖစ္မွာကို အၿမဲေစာင့္ေနခဲ့တာပါ။"
ထိုဝါက်၏ စကားလုံးတိုင္းသည္ သူ႔စိတ္ထဲတြင္ တဟုန္းဟုန္းေတာက္ေလာင္ေနၿပီး သူ႔ဦးေႏွာက္တစ္ခုလုံးကို လႊမ္းၿခဳံကာ သူ႔စိတ္ဝိညာဥ္၏ အူတိုင္အထိ ပ်ံ႕လြင့္ေနသည္...
သူ႔အသိတရားမွ ကင္းလြတ္သြားကာ ရွစ္ႏွစ္ၾကာ ၿငိမ္သက္ေနေသာ ဟဲက်င့္ ၏ ႏွလုံးသားထဲတြင္ ေတာက္ေလာင္ေနေသာ ပုန္ကန္မႈခံစားခ်က္ကို မီးထိုးေပးလိုက္ေတာ့သည္။
—
ဟဲက်င့္ သည္ တကၠသိုလ္အေရွ႕တံခါးတြင္ ဘတ္စ္ကားေပၚမွဆင္းခဲ့သည္။ မိုးမစဲေသးသျဖင့္ သူ သည္ အိပ္ေဆာင္ဆီသို႔ ေတာက္ေလွ်ာက္ေျပးလာခဲ့ရသည္။ သူ႔တစ္ကိုယ္လုံး စိုစြတ္ေနေပမယ့္ အခုအခ်ိန္မွာေတာ့ ကင္းေကာင္ လို ခံစားေနရၿပီး အရာအားလုံးကို အႏိုင္ယူႏိုင္ေနေလသည္။
ေအးျမေသာေဆာင္းဦးရာသီတြင္ ယေန႔နံနက္အထိ အပူခ်ိန္သည္ ခုနစ္ဒီဂရီမွ ရွစ္ဒီဂရီအထိ က်ဆင္းသြားခဲ့သည္။ ဟုန္တုန္ယြမ္ သည္ သူတို႔အခန္းထဲတြင္ တစ္ေယာက္တည္း ထိုင္ေနၿပီး ေအာက္ခံ ေဘာင္းဘီရွည္ကိုသာ ၀တ္ထားၿပီး အခန္းအပူေပးစက္ကို အနီးကပ္ဖြင့္ထားသည္။ဟဲက်င့္ ျပန္လာတာကိုျမင္ေတာ့ သူက
"အိုး၊ မင္းဘယ္ေရာက္ေနတာလဲ?"
[T/N ဟုန္တုန္ယြမ္ ဝတ္ထားတဲ့ ေဘာင္းဘီပုံစံ]
"ငါ ေက်ာင္းသားသမဂၢက သူငယ္ခ်င္းတခ်ိဳ႕နဲ႔ ကြမ္းေရကန္ကို သြားခဲ့တာ"
ေျပးရင္းမွ ေခြၽးမ်ားထြက္ေနေသာ ဟဲက်င့္ သည္ ေခါင္းကိုသုတ္ရန္ ပုဝါေျခာက္တစ္ထည္ကို ေပါ့ေပါ့တန္တန္ယူခဲ့ေသာ္လည္း အဝတ္ေတာ့မလဲခဲ့ေပ။
ဗုဒၶဟူးေန႔တြင္ ထုန္႐ႊမ္ ႏွင့္ ကုံးယုံ အား ေဟာေျပာပြဲျပဳလုပ္ရန္ ကတိေပးခဲ့ေသာေၾကာင့္ ဟဲက်င့္ သည္ အိပ္ရာထၿပီး မႏွစ္က စာေမးပြဲမွ ျပန္လည္သုံးသပ္စရာမ်ားကို စတင္ရွာေဖြျခင္းမျပဳမီ အခ်ိန္အနည္းငယ္သာ က်န္ရွိေတာ့သည္ ။ သူ႔အျမန္ဆုံးအျမန္ႏႈန္းနဲ႔ အလုပ္လုပ္ရင္ ဒီေန႔ ppt ကို အၿပီးသတ္ႏိုင္မည္။
ဒီေန႔အၿပီးလုပ္လို႔ရတဲ့ အရာကို သူ မနက္ဖန္သို႔ ဆြဲတတ္သည္မွာ ရွားေလသည္။
ညစာစားၿပီးေနာက္ ဟဲက်င့္ သည္ ထိုမွတ္စုမ်ားကို စတင္႐ိုက္ႏွိပ္ၿပီး သပ္ရပ္စြာျပင္ဆင္ၿပီးသည္ႏွင့္ ည ရွစ္နာရီေက်ာ္ေနၿပီျဖစ္သည္။
သူ႔ကြန္ျပဴတာေရွ႕မွာထိုင္ရင္းဟဲက်င့္ က "Demon God" ဂိမ္းအိုင္ကြန္ကို ၾကည့္လိုက္သည္။ သူသည္ ေနာက္ဆုံးတြင္ ဘေရာက္ဆာကိုဖြင့္ကာ Fire's Fly Tour ပင္မစာမ်က္ႏွာသို႔ သြားျခင္းမျပဳမီ အခ်ိန္အေတာ္ၾကာ တြန႔္ဆုတ္ေနခဲ့သည္။ သူ enter ႏွိပ္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ပ်ံေနေသာ မက္ေဆ့ခ်္မ်ားျဖင့္ ႏႈတ္ဆက္လိုက္ရာ ဟဲက်င့္ လန႔္သြားသည္။
"အား အား အား ကြၽန္မ ရွင့္ကို ခ်စ္တယ္..."
"အား ေယာက်္ားေရ! "
ဟဲက်င့္ : "... " ဒါ က ဘာလဲဟ။ ( ̄_ ̄|||)
ဟဲက်င့္ သည္ သူ႔နားၾကပ္ကိုတပ္လိုက္ၿပီး မီး ၏အသံကိုၾကားလိုက္ရမွ သူေနရာမွားမ၀င္ေၾကာင္း အတည္ျပဳခဲ့ႏိုင္ခဲ့သည္။ သို႔ေသာ္လည္း မီး က စကားအနည္းငယ္သာေျပာသည္ကို ၾကားလိုက္ရၿပီး အျခားသူ၏အသံကိုမူ သူမသိေနေပ။
ဟဲက်င့္ သည္ ထိုပလူပ်ံေနေသာမက္ေဆ့ခ်္မ်ားကို ပိတ္လိုက္ၿပီး ေနာက္ဆုံးတြင္ စခရင္ေပၚရွိ႐ုပ္ပုံတစ္ခုကို ေတြ႕လိုက္ရသည္။ ၎သည္ ယခင္က သူ၏ "နတ္သမီးေလးက်င့္" ဇာတ္ေကာင္ေရွ႕တြင္ ေပၚလာခဲ့ေသာ တူညီေသာ ရင္းႏွီးၿပီးသား ဇာတ္ေကာင္ပင္ ျဖစ္သည္။
သူ၏ ေခါင္းအထက္တြင္ ေရးထားေသာ "ႏွလုံးသားမဲ့ မီး" ဟူေသာ စကားလုံးေလးလုံးႏွင့္ တူညီေသာ ဇာတ္ေကာင္ပင္ ျဖစ္ေသာ္လည္းယခုတစ္ႀကိမ္တြင္ ေတာ့ ဟဲက်င့္ ၏ ႏွလုံးသားထဲတြင္ နားမလည္ႏိုင္ေသာ ခံစားခ်က္အခ်ိဳ႕ႏွင့္ ျပည့္ေနပုံရသည္။
သူ႔လက္ဝါးေတြက ပူေႏြးလာကာ ရင္ဘတ္ေတြ လည္း တဒုန္းဒုန္းခုန္ေနေလသည္။
ဖန္သားျပင္တြင္ တိုက္ပြဲျမင္ကြင္းကို ျပသထားၿပီး ၎သည္ မီး ႏွင့္ အျခားကစားသမားၾကား 1vs 1 ျဖစ္သည္။ ဟဲက်င့္ ျမင္ႏိုင္သည့္ တစ္ခုတည္းေသာ အရာမွာ ၎တို႔၏ ေပါက္ကြဲေနေသာ မီးရႉးမီးပန္းမ်ားကဲ့သို႔ မိုက္တဲ့ စြမ္းရည္ျဖစ္ၿပီး ထို႔ေနာက္ ႏွစ္ေယာက္စလုံး ေလထဲတြင္ အရိပ္မ်ား ထိပ္တိုက္ေတြ႕သလို ေ႐ြ႕လ်ားေပ်ာက္ကြယ္သြားၾကသည္။
ဟဲက်င့္သည္ ရွင္းျပခ်က္ကို နားေထာင္ရန္ ႀကိဳးစားေသာ္လည္း နားမလည္ႏိုင္ ေသးေသာ္လည္း သူတို႔၏ ေသြးအေျခအေနကို ၾကည့္ျခင္းျဖင့္ မီး က အနည္းငယ္ ပိုေကာင္းသည္ ဆိုတာကေတာ့ သူသိေလသည္။
ဟဲက်င့္ က ခဏေလာက္ၾကည့္ၿပီးေနာက္ ဝက္ဘ္စာမ်က္ႏွာကို တိတ္တဆိတ္ပိတ္လိုက္ေတာ့သည္။ သူ၏ဖန္သားျပင္သည္ ကြန္ျပဴတာ၏ မူလစာမ်က္ႏွာသို႔ ျပန္ေရာက္ၿပီးေနာက္ သူသည္ "Demon God" အိုင္ကြန္ကို ႏွစ္ခ်က္ႏွိပ္လိုက္ေတာ့သည္။
-မီး က အခု တိုက္႐ိုက္ထုတ္ လႊင့္ေနတာဆိုေတာ့ ငါ အြန္လိုင္းတက္လာတာ ကို ဂ႐ုမစိုက္သင့္ဘူးေလေနာ္ ဟုတ္တယ္မလား?
***
"အိုေက ဒါဆို ႏွလုံးသားမဲ့ မီး ရဲ႕ ရႈေထာင့္ကေနၿပီး သူ႔ရဲ႕ စေကး ေပါင္းစပ္မႈကို ၾကည့္လိုက္ရေအာင္..."
ဖင္းယြီေဟာင္ က ခ်င္ယြီ ၏ ဂိမ္းမ်က္ႏွာျပင္ကို ခ်ိတ္ဆက္ကာ ရွင္းျပခဲ့သည္။
ေလထဲတြင္ မီးေတာက္မ်ား ေတာက္ေလာင္ေနၿပီး ယခု ခ်င္ယြီက စကားမေျပာသျဖင့္ အမ်ိဳးသမီး ပရိသတ္မ်ား ေအာ္ဟစ္သံမ်ား နည္းပါးသြားခဲ့သည္။ ပရိသတ္အမ်ားစုကေတာ့ မီး က ဘယ္လိုအႏိုင္ရမလဲဆိုတာ ခြဲျခမ္းစိတ္ျဖာၿပီး သူဇာတ္ေကာင္ရဲ႕ ၾကည့္ေကာင္းမူကိုေတာ့ရံဖန္ ရံခါ ေျပာေလ့ရွိၾကသည္။
"ႀကီးျမတ္တဲ့ နတ္ဘုရားရဲ႕ စေကးေတြက အရမ္းသန႔္ရွင္းတယ္ သူ႔အရည္အခ်င္းေတြကို ဖုံးကြယ္ထားတုန္းပဲ..."
"ႏွလုံးသားမဲ့ မီး ရဲ႕ PvP ကစားတာကို ၾကည့္ရတာ အၿမဲတမ္းမိမိုက္ေနေရာ..."
" ဟိုလိုဂရပ္ဖစ္ ဗားရွင္းထြက္ၿပီးရင္ ဘယ္လုပ္ရမွန္းေတာင္ မသိဘူး။"
***
"ကြၽန္ေတာ္တို႔ဟာ အခု ဆိုရင္ ႏွလုံးသားမဲ့ မီးက "Red Flame Purgatory"စေကးကို အသုံးျပဳၿပီးေနာက္ "Thunder" ကိုအသုံးျပဳလိုက္တာ ကိုေတြ႕ရမွာပါ။ ေရခဲမုန္႔ ရဲ႕ ေသြးဘား ကေတာ့ သိသိသာသာပဲ က်ဆင္းသြားပါၿပီ!" ဖင္းယြီေဟာင္ က စိတ္လႈပ္ရွားစြာ ျဖင့္ ေအာ္လိုက္သည္။
ဤအခိုက္အတန႔္တြင္ ႏွလုံးသားမဲ့မီး ၏ဦးေခါင္းထက္တြင္ ေ႐ႊေရာင္စာတန္းတစ္ခု ႐ုတ္တရက္ေပၚလာသည္ကို ဖန္သားျပင္မွ တဆင့္ ေတြ႕လိုက္ၾကရေတာ့သည္။
〖System〗- သင့္ဇနီး "နတ္သမီးေလး က်င့္ " သည္ အြန္လိုင္းေပၚတြင္ ရွိေနသည္။
အသံလႊင့္ခန္းတစ္ခုလုံး ခ်က္ခ်င္း တိတ္ဆိတ္သြားသည္။ ထို႔ေနာက္ ခဏအၾကာတြင္ မီး သည္ ၎၏ လုပ္ရပ္အားလုံးကို ရပ္လိုက္ၿပီး ပရိသတ္အားလုံးကို တုန္လႈပ္သြားေစခဲ့သည္။
စကၠန႔္အနည္းငယ္ၾကာေအာင္ တိတ္ဆိတ္သြားၿပီးေနာက္ တိုက္႐ိုက္ထုတ္လႊင့္မူရဲ႕ မက္ေဆ့ခ်္ေဘာက္ သည္ ေပါက္ကြဲသြားကာ ပရိသတ္မ်ားက တစ္လုံးၿပီးတစ္လုံး ပြက္ေလာ႐ိုက္ေနသည့္ မက္ေဆ့ခ်္မ်ားကို စတင္ေျပာဆိုၾကသည္။
"ဘယ္လိုမွမျဖစ္ႏိုင္ဘူး! (#°д°)"
"ဘာေတြ႕တာလဲ! ငါဘာေတြ႕လိုက္တာလဲ!"
"ဘာေတြျဖစ္ေနတာလဲ ငါ့ကိုဘယ္သူေျပာျပႏိုင္မလဲ ႏွလုံးသားမဲ့ မီး က မတိုက္ခိုက္ေတာ့ဘူးလား" "
"ႏွလုံးသားမဲ့ ရဲ႕ ဇနီးလာၿပီ..."
"တကယ့္ ဇနီးအစစ္က တကယ္ လာၿပီ ဟ....."
〖သတိေပးခ်က္〗- အင္တာနက္သုံးစြဲသူ "လ" သည္ "မက္ေဆ့ခ်္ပူေဖာင္း" ကို ႏွလုံးသားမဲ့ မီးစီသို႔ ပို႔လာသည္။
"ငါငိုေနၿပီ ငါငိုေနၿပီလို႔......"
"ႏွလုံးသားမဲ့ ရဲ႕ မိန္းမ ? နတ္သမီးေလး က်င့္ ဘာလားဟ? "
"အား အား အား အား အား အား အား... "
〖သတိေပးခ်က္〗- အင္တာနက္သုံးစြဲသူ " မနက္ခင္း ျမဴႏွင္းဖယ္ရီ " မွ " "မက္ေဆ့ခ်္ပူေဖာင္း" ကို ႏွလုံးသားမဲ့ မီး စီသို႔ ပို႔လာသည္။
"မဟုတ္ေသးပါဘူး အာ အာ ... ေယာက်္ား ရွင့္မွာ တကယ္ မိန္းမရွိတယ္..."
***
ႏွလုံးသားမဲ့ မီး ၏ PK ၿပိဳင္ဘက္သည္ ယခုတစ္ႀကိမ္တြင္ ဒုတိယဆာဗာ မွ နံပါတ္ 1 ကစားသားျဖစ္သည့္ ေရခဲမုန္႔ ျဖစ္သည္။
ႏွလုံးသားမဲ့ မီး သည္ ဆယ္စကၠန႔္ေက်ာ္ၾကာေအာင္ ၿငိမ္သက္စြာရပ္ေနသည္ကို ျမင္ေသာအခါတြင္ တစ္စုံတစ္ခုမွားယြင္းေနေၾကာင္းကို စတင္သတိျပဳမိကာ သူပါ ရပ္တန္႔လိုက္သည္။ .
ေရခဲမုန္႔ - "ဘာျဖစ္ေနတာလဲ?"
ႏွလုံးသားမဲ့ မီး- "GG"
[T/N: GG =Good Game အရႈံးေပးလိုသည္ဟု ေျပာႏိုင္ေသာ ဂိမ္းတြင္း ေဝါဟာရတစ္ခု။]
ေရခဲမုန္႔ : "....."
ခ်င္ယြီက ေခ်ာင္းဟန္႔ၿပီး မိုက္က႐ိုဖုန္းမွ တစ္ဆင့္ ေျပာလိုက္သည္။
"ေရခဲမုန႔္ ငါ့မိန္းမ လာၿပီ ငါမတိုက္ေတာ့ဘူး ဒီတစ္ခါ မင္းအႏိုင္ရတယ္"
〖Demon God Arena #1〗- "ႏွလုံးသားမဲ့ မီး" ကစားသမား သည္ ကြင္းထဲ မွ ထြက္သြားသည္ ။
ေရခဲမုန္႔: "... Wtf! "
ေႏွးေကြးတဲ့ ဦးေႏွာက္လည္ပတ္မႈရွိေသာ ဖင္းယြီေဟာင္ သည္ ေနာက္ဆုံးတြင္မွ ဤအရာအားလုံးကိုသေဘာေပါက္သြားၿပီး ႐ုတ္တရက္ ေပါက္ကြဲထြက္လာသည္
"ငါ—-ဖာ့ခ္!"
[T/N ဒီမွာက ခ်င္ယြီ live လႊင့္တာကို ဖင္းယြီေဟာင္က တစ္ဆင့္ သူတို႔ရဲ႕ website home page မွာ ျပန္ၿပီး တင္ဆက္ေနတာေပါ့ေနာ္ အဲ့မွာ သူ႔မိန္းမ လိုင္းတက္လာကို ေတြ႕လိုက္ၾကေတာ့ live chatကေနေရာ ဂိမ္းထဲကေနပါ စာပို႔ၾကတာပါ။
သတိေပးခ်က္ ဆိုတဲ့ဟာ ေတြက ဂိမ္းထဲကေန ပို႔တာပါ။
မ်က္လုံးထဲ မျမင္မွာစိုးလို႔ ရွင္းျပတာပါ♥️]