Unicode
ထုန်ရွှမ် သည် ဟဲကျင့် ကို လျစ်လျူရှုလိုက်သည်။ဟဲကျင့် သည်လည်း မိန်းကလေးများ၏ အတင်းအဖျင်းစကားတွင် မပါဝင်နိုင်သောကြောင့် သူ့စိတ်သည် တဖြည်းဖြည်း သူ့ပြဿနာများကို တွေးတောလာသည်။
သူသည် ဤနှစ်များအတွင်း ပျင်းရိဖွယ်ကောင်းသော ကောလိပ်ကျောင်းသားဘဝအကြောင်းကို တွေးတောနေမိသည်။ မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာတောင်မပြောနဲ့ သူ့မှာ ခံစားချက်တွေ ကို ပြောပြနိုင်တဲ့ သူငယ်ချင်းတောင် မရှိခဲ့ပေ။ညဉ့်နက်တဲ့အထိ မကစားဖူးသလို အပြင်ထွက်ပြီး တခြားသူတွေလို လဲ မူးအောင် မသောက်တတ်ပေ။...
သူသည် ဟုန်တုန်ယွမ် ၏ ဂိမ်းကစားခြင်းကို နှစ်သက်ပုံ ကို အားကျသည်။ကျောက်ရှီပိုင်နှင့် သူ့ရည်းစား၏ ရန်ဖြစ်ခြင်းကို အားကျပြီး တင်းနစ်ကလပ်အဖွဲ့ဝင်များ ဖြစ်ကာ တက်ကြွတဲ့ လူငယ်လေးများဖြစ်သည့် ရှန် နှင့် ချင်ယွီ ကိုလဲ အားကျ၏။
သူ့ကိုယ်ပိုင်လွတ်လပ်မှု၏အဆုံးသတ်ကိုတွေးတောရင်း ဟဲကျင့် ၏နှလုံးသားထဲတွင် မလိုလားခြင်း နှင့် နောင်တများဖြင့် ပြည့်နှက်နေသည်။ ရိုးရိုးသားသားပြောရရင် သူက အပြင်လောကကို စူးစမ်းချင်စိတ်ရှိတုန်းပဲ အနားယူပြီး သူ့မျက်လုံးများနဲ့ ကိုယ်တိုင် ကြည့်ရှူ ချင်လေသည်။
ဒါပေမယ့် အဲဒီအမျိုးသမီးက ဘယ်တော့မှ သဘောတူမှာမဟုတ်ပေ။သူသည်လည်း သူ့အမေလက်နဲ့ သေဖို့ သတ္တိမရှိပေ။
ဟဲကျင့် သည် လေးလေးနက်နက်တွေးကာ အပြာရောင်ကောင်းကင်ကြီးကို မျှော်ကြည့်နေသည်မှာ သူ့အတွက် စီစဉ်ပေးထားသည့် သူ၏အနာဂတ်လမ်းကြောင်းကို ကြည့်နေသလို သူ့အမူအရာက မွဲခြောက်ခြောက်နှင့် အသက်မဲ့လှပေသည်။
နားမလည်နိုင်စွာပင် ဟဲကျင့် ၏စိတ်သည် မီး ဆီ သို့ပြန်လှည့်လာပြီး မီး သည် ရှစ်နှစ်ကြာအောင်စောင့်ဆိုင်းခဲ့ရကြောင်းကို တွေးလိုက်မိသည်။
၎င်းသည် အတုယောင် ကမ္ဘာတွင်သာဖြစ်ပွားခဲ့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ဟဲကျင့်၏သာမာန်အရာများဖြင့် ပြည့်နှက်နေသော နေ့များထဲတွင် ကြုံတွေ့ခဲ့ရသည့်တစ်ခုတည်းသောပုံမှန်မဟုတ်သောအရာလည်းဖြစ်သည်။
သူ့နှလုံးသားထဲတွင် မီးတောက်လေးတစ်ခု ထွန်းလင်းနေပြီး လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ ၎င်း၏ နွေးထွေးမှုသည် သူ့ရင်တွင်း၌ ဖြစ်ပေါ်နေသော ဤယုတ္တိမရှိသည့် ချစ်ခြင်းမေတ္တာကို စူးစမ်းရန် ဖိတ်ခေါ်နေလေသည်။
သို့သော်လည်း သူရဲ့လိင်အမျိုးအစား အစစ်မှန်ကို တစ်ဖက်လူစီ မဖော်ထုတ်ရသေးဘူးဆိုတဲ့ မလွယ်ကူခြင်းဟာ သူ့ကို ချုပ်နှောင်ထားခဲ့သည်။
"အေးနေလား?"
မီး၏အသံကို သူနှင့် နီးကပ်စွာကြားလိုက်ရသည့်အခါ ဟဲကျင့် သည် သူ့ရဲ့နေ့ခင်းအိပ်မက်ထဲက နေ ပြန်လည်ရောက်ရှိလာတော့သည် ။
သူကြည့်လိုက်သည့်အချိန်မှာ သူနဲ့စကားပြောနေတဲ့သူဟာ တကယ်တော့ ချင်ယွီဖြစ်ပြီး သူ့ဆံပင်နက်နက်အောက်ကနေ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရလေသည်။
သူ့အကြည့်များသည် ဟဲကျင့် ၏ စိတ်ထဲရှိ ချစ်ခြင်းမေတ္တာရဲ့ ပုံရိပ်ယောင် ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
"အာ...?" ဟဲကျင့် က စကားပြောဖို့ ကြိုးစားပေမယ့် သူ့အသံက တုန်နေကာ ရှက်ရွံ့ မူကြောင့် သူ့နားရွက်တွေနီရဲလာတော့သည်။
အမှန်အတိုင်းဆိုလျှင် ချင်ယွီသည် လမ်းကို ဒီတိုင်း ငေးနေခြင်းဖြစ်ပြီး ဟဲကျင့် ၏ သူ့လည်ပင်းကိုကျုံ့လိုက်သည်ကို မြင်လိုက်သောကြောင့် သူ ထိုမေးခွန်းကို အလိုလို မေးမိလိုက်သည်။
ဟဲကျင့် က သူ့ကိုယ်သူ ခပ်မြန်မြန် ပြန်မတ်လိုက်ပြီး ဖြေလာသည်။
"အင်း နည်းနည်း ဒီမနက် အပြင်ထွက်တုန်းက ဒီနေ့ ရာသီဥတုက ကောင်းတယ်လို့ ထင်လို ပေါ့ပေါ့ပါးပါး အဝတ်အစားပဲ ဝတ်လာတာ ရေကန်မှာ ဒီလောက်အေးမယ်လို့ မထင်ထားဘူး"
ချင်ယွီ သည် "အာ" ဆိုသည့် အသံကို ညင်သာစွာ ထုတ်လိုက်ပြီး ဟဲကျင့် ၏ ခေါင်းပေါ်က ကျော်ကြည့်လိုက်သည်။ ဆောင်းဦးနှောင်းပိုင်း၏ ရာသီဥတုသည် ဆောင်းရာသီထက် ပိုကောင်းနေသေးသော်လည်း ဤရေကန်၏ တောက်ပြောင်နေသောရေများသည် အေးစိမ့်သောခံစားမှုကို ပေးစွမ်းသည်။
ချင်ယွီက တကယ်တော့ အေးတယ်လို့ မခံစားရပေ။ သူ၏ အချိုးကျပြီး ကျန်းမာသော ခန္ဓာကိုယ်သည် တစ်နည်းနည်းဖြင့် သူ့အား ခုခံအားကို ပေးစွမ်းနိုင်ခဲ့သည်။
"မင်းခုဏက တစ်ခုခုစဉ်းစားနေတယ်" ချင်ယွီသည် ဟဲကျင့် ကိုမကြည့်ပဲ ဤစာကြောင်းကို တိုးတိုးလေးပြောလိုက်သည်။သူ့အသံက မေးခွန်းတစ်ခုမေးနေတာမျိုး မဟုတ်ပဲ အတည်ပြုချက်တစ်ခုသာဖြစ်သည်။
ဟဲကျင့်က အံ့သဩသွားသည်။ ပြီးတော့ချင်ယွီက မီး နဲ့ဆင်တူတဲ့ ရောင်ဝါကို ပေးနေတာကြောင့်ဒါမှမဟုတ် သူ့စိတ်က အာရုံပျံ့လွင့်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်သူ ပြန်ပြောလိုက်သည်။
"ဟုတ်တယ် ဘွဲ့ရပြီးရင် ငါဘာလုပ်ရမလဲ စဉ်းစားနေတာ"
ချင်ယွီ : "မင်းက တတိယနှစ် ပဲရှိသေးတာကို ဒါကိုစဉ်းစားနေပြီလား?"
ဟဲကျင့် က ပြုံးပြီး "အင်း မင်း ဒီကိစ္စကို နောက်ဆုံးနှစ် ဟထိ စောင့်နေရင် အရမ်းနောက်ကျသွားလိမ့်မယ် ဘွဲ့လွန်ကျောင်းတက်မလား ဒါမှမဟုတ် နိုင်ငံခြားသွားမလား ဆုံးဖြတ်ချက်အတွက် ပြင်ဆင်ဖို့ကလဲ အချိန်လိုတယ်လေ တကယ်တော့ ငါတို့ကျောင်းက ကျောင်းသားအများစုဟာ တက္ကသိုလ်တက်ထဲက ပြတ်သားတဲ့ရည်မှန်းချက်တွေ ရှိပြီးသားပါ..."
ချင်ယွီ: "မင်းကော ဘယ်လိုလဲ?ဆုံးဖြတ်ပြီးပြီလား?"
"ငါ့မိသားစုက ဘွဲ့ရပြီးတာနဲ့ အလုပ်လုပ်စေချင်တယ်" လို့ ဟဲကျင့် က ပြန်ဖြေလေသည်။
ချင်ယွီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်း ကတော့ မလုပ်ချင်ဘူးမလား"
ဟဲကျင့်် အေးခဲသွားသည်။ သူ့လေသံက ဘာမှ ထုတ်ဖော်မပြတာ သေချာပေမယ့် ချင်ယွီ က သူဘာတွေတွေးနေတယ်ဆိုတာကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့လေသည်။
သူသည် ညှင်သာစွာ ပြုံးလိုက်ကာ "အင်း" ဟု ဆိုလိုက်၏။
အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ကြား ခဏတာ တိတ်ဆိတ်မူကကြီးစိုးသွားသည်မှာ ချင်ယွီ၏ ငြီးငြူကာ ပြောလာသည့်အသံ မထွက်လာခင်ထိပင်။
ချင်ယွီ: "မင်းဘာပဲလုပ်ချင်လုပ်ချင် တတ်နိုင်သမျှမြန်မြန်လုပ်လိုက်။ မင်း ကြာကြာ တုံ့ဆိုင်းနေလေ လုပ်ရဲတဲ့သတ္တိနည်းလာလေလေပဲ အဲ့ဒီအခါကျရင် မင်း ဘယ်တော့မှ မလုပ်ဖြစ်တာနဲ့ ပဲ အဆုံးသတ်သွားလိမ့်မယ်။
ချင်ယွီထံမှ ထိုကဲ့သို့သော စကားများကို ကြားလိုက်ရတော့ ဟဲကျင့် သည် ထိုအရပ်မြင့်သော ယောက်ျားလေးက "မလုပ်ချင်ရင် မလုပ်နဲ့" ဆိုတဲ့ အဖြေကို ရိုးရိုးရှင်းရှင်းပဲ မပေးပဲ ပြီးပြည့်စုံသောခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုပါပေးလာသောကြောင့် ဟဲကျင့် သည် နောက်တစ်ကြိမ် အံ့သြ သွားရပြန်၏။
ဟဲကျင့် ၏ နှလုံးသားထဲမှ မီးတောက်သည် တစ်စုံတစ်ခု ဆွဲငင်သွားသလိုပင် အနည်းငယ် ပိုတောက်ပလာသည်။
***
ကမ်းနားသို့ရောက်ခါနီးတွင် ယခင်က ကောင်းကင်ပြာပြာသည် မမျှော်လင့်ဘဲ မီးခိုးရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းလာသည်။ သူတို့သည် မိုးဖွဲဖွဲလေး ကျလာသဖြင့် လှေပေါ်မှ အမြန်ဆင်းပြီး ခေါင်းကို အုပ်ကာ ပြေးကြသည်။
သူတို့သည် အစားအသောက်တန်း အပြင်ဘက်တွင် ရပ်ကာ အနီးဆုံးနေရာသို့ အမြန်ဝင်ခဲ့ကြသည်။ ကံကောင်းထောက်မစွာတော့ မိုးက နည်းနေသေးတဲ့အတွက် သူတို့ သိပ်မစိုခဲ့ပေ။
ကောင်မလေးတွေက "ဒီနေ့ ရာသီဥတု သာယာမယ်လို့ နင်ပြောခဲ့တယ်မဟုတ်ဘူးလား" လို့ ညည်းညူရင်း မျက်နှာကို သုတ်လိုက်သည်။
ထုန်ရွှမ်: "ညနေပိုင်း မိုးရွာမယ်လို့ မိုးလေဝသခန့်မှန်းချက်က ပြောတယ် ငါတို့နည်းနည်းစောသွားတယ်ဆိုရင် ပြဿနာမရှိဘူးလို့ ငါတွေးလိုက်တာ!"
ခဏအကြာတွင် ကျောက်ရှီပိုင်သည် ရုတ်တရက် နှာချေလိုက်သည်။အဲ့ဒါက ကုံးယုံ ကို စိတ်ဆင်းရဲစေ၏။ သူမက တစ်ရှူး ကို အမြန်ပေးလိုက်သည်။
"နင်တို့လည်း ကိုယ့်ကိုကိုယ် ခြောက်အောင် လုပ်ဖို့ မမေနဲ့ဦး မိုးရွာရင် အအေးမိဖို့ အရမ်းလွယ်တယ်။ အအေးဓာတ်ကနင်တို့ရဲ့ ဦးရေပြားထဲကို မ၀င်စေနဲ့နော်"
ဒီလိုပြောပြီး မကြာခင်မှာပဲ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးအသံက "တစိတ်လောက် မင်းတို့က ရှစ်ယောက်ပွဲလား" ဟု မေးလာသည်ကို ကြားလိုက်ရသည်။ ယူနီဖောင်းဝတ်ထားသော စားပွဲထိုးမလေးတစ်ယောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဘေးနားတွင် ရပ်ကာ "မင်းတို့ ဘောက်စ် မှာ ဒါမှမဟုတ် လော်ဘီ ထဲမှာထိုင်ကြမလား?"
'အိုး! ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ။'
သူတို့ အပြေးအလွှားဝင်သွားတဲ့ စားသောက်ဆိုင်က တကယ်ကို အလန်းစားကြီးမှန်း သူတို့နောက်မှသဘောပေါက် သွားလေသည်။
'အာ ဒီမှာ အရမ်းစျေးကြီးလောက်တယ်မဟုတ်ဘူးလား ?!'
မိန်းကလေးတွေက အစားအသောက်စျေးနှုန်းအတွက် စိုးရိမ်နေကြတုန်းမှာပဲကျောက်ရှီပိုင်က ရုတ်တရက်ပြောလာသည်။
"အထဲဝင်ရအောင် အခု အပြင်ထွက်ရင် ငါတို့ ပိုမျက်နှာပူရလိမ့်မယ်"
ကုံးယုံ က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောတော့သည်။
"နင်ကပဲ ပြောရတယ်ရှိသေး! စဉ်းစားကြည့်ဉီး ဒီမှာဈေးက ယွမ်လေးငါးရာလောက်ရှိရင်ငါတို့ အနည်းဆုံး တစ်လခွဲလောက် အငတ်နေရတော့မှာဟ!"
စားပွဲထိုးမလေးက ပါးစပ်ကို အုပ်ကာ ပြုံးလိုက်ပြီး "အဲ့လောက်ဈေးမကြီးပါဘူး တစ်ရာ နှစ်ရာအထိပါပဲ"
လူတိုင်း- "..." (= _ =)
သာမာန်ကျောင်းသားများအနေနှင့် ယွမ် တစ်ဆယ် သို့မဟုတ် နှစ်ဆယ် ထက်မပိုသော ကန်တင်း တွင်ရောင်းချသောဟင်းလျာများကိုသာစားလေ့ရှိသည်။ ထို့ကြောင့် အစားအစာ တစ်ရာ သို့မဟုတ် နှစ်ရာသည် သူတို့အတွက် သေစေဆဲပင်။
ချင်ယွီ မှလွဲ၍ ၎င်းတို့အားလုံး ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြသည်။ အရပ်ရှည်ရှည်ဖြင့် ကောင်လေးသည် "ဘောက်စ်" ဟု မပြောမီ စားပွဲထိုးမလေးကို တစ်ချက်ကြည့်လိုက်သေး၏။
အားလုံး လန့်ဖျပ်သွားသည်။ လူချောလေး မင်း ဘောက်စ် လို့ မပြောခင် နည်းနည်းလောက်စဉ်းစား ပါဉီးလားလို့။
"ဟုတ်ကဲ့ ပါ ကျေးဇူးပြုပြီး နောက်ကို လိုက်ခဲ့ပေးပါရှင့်!"
စားပွဲထိုးမလေးက သူတို့ကို တက်ကြွစွာ ရှေ့မှ ဉီးဆောင်သွားကာ ပြောလိုက်သည်။
"ဘောက်စ် မှာ သာမန်နဲ့ ရေကန်မြင်ကွင်း ဆိုပြီး ရွေးစရာတွေ ရှိတယ် ဒါပေမယ့် အခု ဆိုင်မှာ လူသိပ်မရှိလို့ မင်းတို့ကို သာမာန် ရဲ့ဈေးအတိုင်း ရေကန်မြင်ကွင်း ကို စီစဉ်ပေးမယ်နော် "
လဲ့ယောင်ယောင် : "ဘောက်စ်မှာ စျေးနှုန်းအမျိုးမျိုးရှိသေးတာလား?"
စားပွဲထိုးက ပြုံးကာ "ဟုတ်တယ် ဒီမှာ ပျမ်းမျှအနိမ့်ဆုံး သုံးစွဲမှုက ယွမ် ၁၀၀၀။ မင်းတို့မှာ လူရှစ်ယောက်ရှိတယ်ဆိုတော့ အဆင်ပြေမှာပါ"
မိန်းကလေးများသည် ချက်ချင်းပင် ရင်ဘတ်ကို ဖိမိတော့သည်။ စျေးအသက်သာဆုံး ဟင်းလျာအချို့ကို မှာရမှာ !
ဒါပေမယ့်... ဒီဆုံးဖြတ်ချက်ကိုချခဲ့တဲ့သူက ကျောင်းidol လေးပဲ အဲဒီအစား ဈေးကြီးတဲ့ဟင်းလျာတွေကို မကြိုက်ဘူးလား သူက!
မကြာမီ သူတို့သည် ဘောက်စ် သို့ ရောက်ရှိလာပြီး သေချာသည်မှာ ၎င်းသည် ကွမ်းရေကန်ကို မျက်နှာမူနေသည်။ အခန်းသည် မှန်များ ဖြင့် ကာထားက အလယ်တွင် တန်ဖိုးကြီးသော မဟော်ဂနီစားပွဲဝိုင်းဖြင့် သပ်ရပ်စွာ အလှဆင်ထားသည်။
သူတို့သည် သတ္တိမွေးကာ ထိုင်ပြီး နောက် စားပွဲထိုးက မီနူးကို ပေးလာသည်။ အဖုံးတွင်" Kun Lake Ya Tong "ဟူသော စာလုံးလေးလုံးကို ကြေးနီဖြင့် အလှဆင်ထားသည်။
"ငါတို့ပြီးပြီ..." လဲ့ယောင်ယောင်က မီနူးကိုတောင် မဖွင့်ကြည့်ရဲပေ။
ဟဲကျင့် သည် ပထမစာမျက်နှာရှိ အအေးဟင်း မီနူးကို ကြည့်လိုက်ရာ အနည်းငယ် ဈေးကြီးသည်ကိုတွေ့လိုက်ရ၏။ တစ်ဖက်တွင် ကျောက်ရှီပိုင် သည် ပေါ့ပေါ့ဆဆ ပြုမူဆဲဖြစ်ပြီး
"ငါတို့ရောက်နေပြီးပြီပဲ မင်းတို့ စားချင်သမျှသာ မှာလိုက် အာ ပိုက်ဆံမလောက်မှာလဲ စိတ်မပူနဲ့ ငါတို့ကို ကူရှင်းပေးမဲ့ စီနီယာတွေရှိတယ်"
ပထမ စီနီယာ ဟဲကျင့်: "...."
ဒုတိယ စီနီယာ ရှန်: "...."
ချင်ယွီသည် မီနူးကိုဖွင့်လိုက်သည်။
"ဒီတိုင်းမှာလိုက် ငါပေးမယ်"
ဒါကိုကြားတော့ မိန်းကလေးတွေရဲ့ မျက်လုံးတွေက ပိုတောက်ပလာပေမယ့် သူတို့ရှက်ရွံ့နေသေးသည်။
"ကျွန်မတို့က ရှင့်ကို ဘယ်လိုလုပ် ပေးခိုင်း ရမှာလဲ အဲ့ဒါက ထမင်းတစ်နပ်ကို ယွမ် တစ်ထောင် ပေးရတာ အရမ်းစျေးကြီးတာကို"
ချင် ယွီ က ရှန် ကို တစ်ချက်ကြည့်လိုက်ပြီး "ငါက သူ့အတွက် ထမင်းတစ်နပ် ပေးစရာရှိနေလို့" ဆိုလိုတာက ရှန် ကြောင့် သူတို့ကို ဝယ်ကျွေးတာပင် အကယ်၍ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင်ရှန် ကို ကျေးဇူးတင်သင့်လေသည်။
ရှန် က ပြုံးပြီး မီနူးကို ကြည့်ကာ "သူ့ကိုပဲ ပေးခိုင်းလိုက် သူ့မှာ ပိုက်ဆံရှိတယ်"
မိန်းကလေးများ၏ မျက်နှာများသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ ပုံမှန်အားဖြင့် သာမာန်လိုသာနေသော ကျောင်း idol သည် အမှန်တကယ် ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သည်ကို မမျှော်လင့်ထားခဲ့ကြပေ။ ဤအချက်က သူ၏ ဆွဲဆောင်မှုတွင် အပိုအမှတ်များစွာကို ထည့်ပေးခဲ့သည်။
ကျောက်ရှီပိုင် ကလည်း "လူတစ်ယောက် ဟင်းတစ်ပွဲ စီ မှာကြ မြန်မြန်လေးလုပ်ကြ ငါ မနက်စာမစားရသေးဘူးဟ ဗိုက်ဆာနေပြီ"
နောက်ဆုံးတော့ လူအုပ်ကြီးက ဟင်းပွဲကုန်ကျစရိတ်ကို ငြင်းခုံမနေတော့ပေ။ဟဲကျင့် ရဲ့ အလှည့်ကျချိန်မှာတော့ ဝက်နံရိုး ချိုချဉ် ကို ခါတိုင်းလို ပဲ ရွေးလိုက်သည်။
ဤဟင်းအမည်ကိုကြားတော့ ချင်ယွီသည် မသိစိတ်က နေ မီနူးကို ကြည့်နေဆဲ ဖြစ်သော ဟဲကျင့် ကို စိုက်ကြည့်မိလိုက်သည်။ သူ့လက်ကဲ့သို့ပင်ဟဲကျင့် ၏ မျက်နှာသည် သာမာန်ကောင်လေးများထက် သေးငယ်သည်။ သူသည် သန့်ရှင်းပြီး သူ့နှင့် သက်တူရွယ်တူ အခြားသူများထက် ကလေးဆန်သည်။
"အားကျင့်" က ယောက်ျားလေးဆိုရင် ဒီလိုပုံစံရှိမှာလား။
ဒီလိုဖြစ်ရင်တော့ ဒါကို ငါကြိုက်ပုံရတယ်!!
ညစာစားနေစဉ်အတွင်း မိန်းကလေးများသည် ချင်ယွီအကြောင်း ဟိုဟိုဒီဒီပြောပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အများအားဖြင့် တောက်ပလွန်းသောကြောင့် သူ့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုရန် အခွင့်အရေး မရှိသလောက်ပင်။ ထို့ကြောင့် သူတို့သည် သူ့အကြောင်းပိုမိုလေ့လာရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားခဲ့ရသည်။
လဲ့ယောင် : "ရှန်ပိုင်ကျန်း , ချင်ယွီ နဲ့ ရှင့် ရဲ့ဆက်ဆံရေးက တကယ်ကောင်းတယ်မလား?
ရှန်: "အမ်? အဆင်ပြေပါတယ်။ "
ကုံးယုံ က ရုတ်တရက်ပြောလေသည်။
"စီနီယာတို့ ရှင် နဲ့ ချင်ယွီ က စုံတွဲတွေလို့ ကောလဟာလတွေ ပျံ့နေတာ သိလား?"
"ဖွီ..." ရှန်ပိုင်ကျန်း က ဟင်းချိုတစ်လုတ်သောက်နေရာ ထွေးထုတ်မိသွားတော့သည်။
"ဘာ?"
ချင်ယွီ လည်း သူ့ပန်းကန်ကို ကောက်ကိုင်တာကို ရပ်လိုက်ပြီး ကုံးယုံကို ကြည့်လိုက်ကာ သူမ ထပ်ရှင်းပြတာကိုစောင့်လိုက်သည် ။
ကုံးယုံ: "ချင်ယွီ က ကောင်မလေးတွေနဲ့ လဲ မတွဲဘူးလေ ပြီးတော့ သူက ရှင်နဲ့ ခဏခဏ တွဲသွားနေတော့ ကောင်မလေးတချို့က မင်းတို့နှစ်ယောက်စလုံး ဂေးတွေ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာ..."
*အဟွတ် အဟွတ်* ...ရှန်ပိုင်ကျန်း၏ မျက်နှာသည် နီရဲနေသည်။ သူသည် ပါးစပ်ကို မျက်နှာသုတ်ပုဝါသေးသေးလေးဖြင့် အမြန်သုတ်လိုက်ပြီး ညည်းညူလိုက်သည်။
"ဒါက ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာတုန်း..."
"ဝိုး ကောင်မလေးတွေ က အရမ်းမိုက်တာပဲ!" ကျောက်ရှီပိုင်က သူ့၏ရယ်မောခြင်းကို မထိန်းနိုင်ဘဲ ရှန် နှင့် ချင်ယွီကို တလှည့်စီကြည့်ကာ
"ဒါဆို သူတို့နှစ်ယောက်ကြားက ဘယ်သူက ဘယ်သူကိုတိုက်ခိုက်တာလဲ?"
လိင်တူဆက်ဆံခြင်းကို ယခုခေတ်တွင် လူအများက အပြည့်အဝလက်ခံခြင်းမရှိသေးသော်လည်း ယင်းအကြောင်းကို လူငယ်များကြား ပြောဆိုခြင်းသည်တော့ အလွန်သဘာဝကျပါသည်။
"ကျောက်ရှီပိုင် မင်း မင်းရည်းစား ရဲ့ လွှမ်းမိုးမှုကို အပြည့်အဝခံခဲ့နေရတာပဲ.."
ရှန်ပိုင်ကျန်းက ဒေါသတကြီးနဲ့ပြောလေသည်။
"ပြီးတော့ သေချာ တာပေါ့ ငါက တိုက်ခိုက်သူ!"
[T/N: တိုက်ခိုက်သူ = gong , တိုက်ခိုက်ခံရသူ=shou]
ဟဲကျင့် အပါအဝင် အားလုံးက ရယ်မောလိုက်ကြသည်။
ကုံးယုံ က သူမပါးစပ်ကို အုပ်ပြီး တခစ်ခစ်ရယ်ရင်း "ဟင့်အင်း လူတိုင်းက စီနီယာရှန်ကို ရှို့ လို့ ပြောကြတယ်!"
ရှန် : "..."
ကျောက်ရှီပိုင် က "အား" ဟုအော်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး
"တိုက်ခိုက်ခံရတဲ့ ဥက္ကဌကို ငါ စိတ်ကူးယဉ်လို့ မရဘူး! ဒါပေမယ့်လည်း ဥက္ကဌရှန်ရဲ့ အနာခံနိုင်ရည်ရှိမှုအပေါ် ငါ အမြဲတမ်း အံ့ဩနေခဲ့ရတာ အံ့သြစရာတော့ မဟုတ်တော့ဘူး"
ဟဲကျင့် : "...." (=_=)
ခွက်ထိုးခွက်လန် ရယ်ပြီးနောက် "အိုကေ အိုကေ ဒီအကြောင်းအရာကို ရပ်လိုက်ကြရအောင်" ဟု ထုန်ရွှမ်မှ အခြေအနေထိန်းရန် ပြောလာတော့သည်။
"ဒါပေမယ့်လဲ ချင်ယွီ ရှင်က ကောင်မလေးတွေကို သိပ်ပြီးစိတ်မ၀င်စားပုံရတယ်နော် ရှင်က အရမ်းအေးတာပဲ ဒါကြောင့် လူတွေက မင်းအကြောင်းတွေကို စနောက်ပြီးပြောနေကြတာ။"
လဲ့ယောင်ယောင် : "ဟုတ်တယ် ဒီအရွယ် သာမာန်ကောင်လေးတွေက များသောအားဖြင့် သူတို့ရဲ့အရောင်ကို ပြပြီးသားဖြစ်လိမ့်မယ်"
ချင်ယွီက နံရိုးတစ်ချောင်းကိုယူကာ "ဒါက ငါ့ရဲ့အရောင်အစစ်ကို မင်းမမြင်ဖူးသေးလို့လေ" ဟု လေးနက်စွာပြောခဲ့သည်။
လဲ့ယောင်ယောင်: "အိုး ဒါဆို မင်းရဲ့ 'အရောင်' ကို ဘယ်တော့ပြမှာလဲ" ဟု အကူညီမဲ့စွာဖြင့် မေးလိုက်တော့သည်။
[T/N အရောင်=သူရဲ့ ပုံစံအမှန်]
ချင်ယွီသည် သူမ ကို စွေကြည့်ကာ သူ့လျှာကို ဖြည်းညှင်းစွာ ထုတ်ကာ တူထိပ်ကို ယက် လျက် ပြောလိုက်သည်။
[T/N တူကို မယက်နဲ့ တို့ကိုလာယက်😚]
"သေချာတာပေါ့.. အဲဒါက ငါသဘောကျတဲ့ သူရဲ့ရှေ့မှာပဲလေ။ "
Zawgyi
014: ဘယ္သူက ဘယ္သူ႔ကို တိုက္ခိုက္တာလဲ
ထုန္႐ႊမ္ သည္ ဟဲက်င့္ ကို လ်စ္လ်ဴရႈလိုက္သည္။ဟဲက်င့္ သည္လည္း မိန္းကေလးမ်ား၏ အတင္းအဖ်င္းစကားတြင္ မပါဝင္ႏိုင္ေသာေၾကာင့္ သူ႔စိတ္သည္ တျဖည္းျဖည္း သူ႔ျပႆနာမ်ားကို ေတြးေတာလာသည္။
သူသည္ ဤႏွစ္မ်ားအတြင္း ပ်င္းရိဖြယ္ေကာင္းေသာ ေကာလိပ္ေက်ာင္းသားဘဝအေၾကာင္းကို ေတြးေတာေနမိသည္။ မြန္ျမတ္တဲ့ ခ်စ္ျခင္းေမတၱာေတာင္မေျပာနဲ႔ သူ႔မွာ ခံစားခ်က္ေတြ ကို ေျပာျပႏိုင္တဲ့ သူငယ္ခ်င္းေတာင္ မရွိခဲ့ေပ။ညဥ့္နက္တဲ့အထိ မကစားဖူးသလို အျပင္ထြက္ၿပီး တျခားသူေတြလို လဲ မူးေအာင္ မေသာက္တတ္ေပ။...
သူသည္ ဟုန္တုန္ယြမ္ ၏ ဂိမ္းကစားျခင္းကို ႏွစ္သက္ပုံ ကို အားက်သည္။ေက်ာက္ရွီပိုင္ႏွင့္ သူ႔ရည္းစား၏ ရန္ျဖစ္ျခင္းကို အားက်ၿပီး တင္းနစ္ကလပ္အဖြဲ႕ဝင္မ်ား ျဖစ္ကာ တက္ႂကြတဲ့ လူငယ္ေလးမ်ားျဖစ္သည့္ ရွန္ ႏွင့္ ခ်င္ယြီ ကိုလဲ အားက်၏။
သူ႔ကိုယ္ပိုင္လြတ္လပ္မႈ၏အဆုံးသတ္ကိုေတြးေတာရင္း ဟဲက်င့္ ၏ႏွလုံးသားထဲတြင္ မလိုလားျခင္း ႏွင့္ ေနာင္တမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ႐ိုး႐ိုးသားသားေျပာရရင္ သူက အျပင္ေလာကကို စူးစမ္းခ်င္စိတ္ရွိတုန္းပဲ အနားယူၿပီး သူ႔မ်က္လုံးမ်ားနဲ႔ ကိုယ္တိုင္ ၾကည့္ရႉ ခ်င္ေလသည္။
ဒါေပမယ့္ အဲဒီအမ်ိဳးသမီးက ဘယ္ေတာ့မွ သေဘာတူမွာမဟုတ္ေပ။သူသည္လည္း သူ႔အေမလက္နဲ႔ ေသဖို႔ သတၱိမရွိေပ။
ဟဲက်င့္ သည္ ေလးေလးနက္နက္ေတြးကာ အျပာေရာင္ေကာင္းကင္ႀကီးကို ေမွ်ာ္ၾကည့္ေနသည္မွာ သူ႔အတြက္ စီစဥ္ေပးထားသည့္ သူ၏အနာဂတ္လမ္းေၾကာင္းကို ၾကည့္ေနသလို သူ႔အမူအရာက မြဲေျခာက္ေျခာက္ႏွင့္ အသက္မဲ့လွေပသည္။
နားမလည္ႏိုင္စြာပင္ ဟဲက်င့္ ၏စိတ္သည္ မီး ဆီ သို႔ျပန္လွည့္လာၿပီး မီး သည္ ရွစ္ႏွစ္ၾကာေအာင္ေစာင့္ဆိုင္းခဲ့ရေၾကာင္းကို ေတြးလိုက္မိသည္။
၎သည္ အတုေယာင္ ကမာၻတြင္သာျဖစ္ပြားခဲ့ေသာ္လည္း လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က ဟဲက်င့္၏သာမာန္အရာမ်ားျဖင့္ ျပည့္ႏွက္ေနေသာ ေန႔မ်ားထဲတြင္ ႀကဳံေတြ႕ခဲ့ရသည့္တစ္ခုတည္းေသာပုံမွန္မဟုတ္ေသာအရာလည္းျဖစ္သည္။
သူ႔ႏွလုံးသားထဲတြင္ မီးေတာက္ေလးတစ္ခု ထြန္းလင္းေနၿပီး လ်စ္လ်ဴရႈရန္ မျဖစ္ႏိုင္ေပ။ ၎၏ ေႏြးေထြးမႈသည္ သူ႔ရင္တြင္း၌ ျဖစ္ေပၚေနေသာ ဤယုတၱိမရွိသည့္ ခ်စ္ျခင္းေမတၱာကို စူးစမ္းရန္ ဖိတ္ေခၚေနေလသည္။
သို႔ေသာ္လည္း သူရဲ႕လိင္အမ်ိဳးအစား အစစ္မွန္ကို တစ္ဖက္လူစီ မေဖာ္ထုတ္ရေသးဘူးဆိုတဲ့ မလြယ္ကူျခင္းဟာ သူ႔ကို ခ်ဳပ္ေႏွာင္ထားခဲ့သည္။
"ေအးေနလား?"
မီး၏အသံကို သူႏွင့္ နီးကပ္စြာၾကားလိုက္ရသည့္အခါ ဟဲက်င့္ သည္ သူ႔ရဲ႕ေန႔ခင္းအိပ္မက္ထဲက ေန ျပန္လည္ေရာက္ရွိလာေတာ့သည္ ။
သူၾကည့္လိုက္သည့္အခ်ိန္မွာ သူနဲ႔စကားေျပာေနတဲ့သူဟာ တကယ္ေတာ့ ခ်င္ယြီျဖစ္ၿပီး သူ႔ဆံပင္နက္နက္ေအာက္ကေန သူ႔ကို စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရေလသည္။
သူ႔အၾကည့္မ်ားသည္ ဟဲက်င့္ ၏ စိတ္ထဲရွိ ခ်စ္ျခင္းေမတၱာရဲ႕ ပုံရိပ္ေယာင္ ကို ထင္ေယာင္ထင္မွားျဖစ္ေစခဲ့သည္။
"အာ...?" ဟဲက်င့္ က စကားေျပာဖို႔ ႀကိဳးစားေပမယ့္ သူ႔အသံက တုန္ေနကာ ရွက္႐ြံ႕ မူေၾကာင့္ သူ႔နား႐ြက္ေတြနီရဲလာေတာ့သည္။
အမွန္အတိုင္းဆိုလွ်င္ ခ်င္ယြီသည္ လမ္းကို ဒီတိုင္း ေငးေနျခင္းျဖစ္ၿပီး ဟဲက်င့္ ၏ သူ႔လည္ပင္းကိုက်ဳံ႕လိုက္သည္ကို ျမင္လိုက္ေသာေၾကာင့္ သူ ထိုေမးခြန္းကို အလိုလို ေမးမိလိုက္သည္။
ဟဲက်င့္ က သူ႔ကိုယ္သူ ခပ္ျမန္ျမန္ ျပန္မတ္လိုက္ၿပီး ေျဖလာသည္။
"အင္း နည္းနည္း ဒီမနက္ အျပင္ထြက္တုန္းက ဒီေန႔ ရာသီဥတုက ေကာင္းတယ္လို႔ ထင္လို ေပါ့ေပါ့ပါးပါး အဝတ္အစားပဲ ဝတ္လာတာ ေရကန္မွာ ဒီေလာက္ေအးမယ္လို႔ မထင္ထားဘူး"
ခ်င္ယြီ သည္ "အာ" ဆိုသည့္ အသံကို ညင္သာစြာ ထုတ္လိုက္ၿပီး ဟဲက်င့္ ၏ ေခါင္းေပၚက ေက်ာ္ၾကည့္လိုက္သည္။ ေဆာင္းဦးေႏွာင္းပိုင္း၏ ရာသီဥတုသည္ ေဆာင္းရာသီထက္ ပိုေကာင္းေနေသးေသာ္လည္း ဤေရကန္၏ ေတာက္ေျပာင္ေနေသာေရမ်ားသည္ ေအးစိမ့္ေသာခံစားမႈကို ေပးစြမ္းသည္။
ခ်င္ယြီက တကယ္ေတာ့ ေအးတယ္လို႔ မခံစားရေပ။ သူ၏ အခ်ိဳးက်ၿပီး က်န္းမာေသာ ခႏၶာကိုယ္သည္ တစ္နည္းနည္းျဖင့္ သူ႔အား ခုခံအားကို ေပးစြမ္းႏိုင္ခဲ့သည္။
"မင္းခုဏက တစ္ခုခုစဥ္းစားေနတယ္" ခ်င္ယြီသည္ ဟဲက်င့္ ကိုမၾကည့္ပဲ ဤစာေၾကာင္းကို တိုးတိုးေလးေျပာလိုက္သည္။သူ႔အသံက ေမးခြန္းတစ္ခုေမးေနတာမ်ိဳး မဟုတ္ပဲ အတည္ျပဳခ်က္တစ္ခုသာျဖစ္သည္။
ဟဲက်င့္က အံ့သဩသြားသည္။ ၿပီးေတာ့ခ်င္ယြီက မီး နဲ႔ဆင္တူတဲ့ ေရာင္ဝါကို ေပးေနတာေၾကာင့္ဒါမွမဟုတ္ သူ႔စိတ္က အာ႐ုံပ်ံ႕လြင့္ေနတာေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္သူ ျပန္ေျပာလိုက္သည္။
"ဟုတ္တယ္ ဘြဲ႕ရၿပီးရင္ ငါဘာလုပ္ရမလဲ စဥ္းစားေနတာ"
ခ်င္ယြီ : "မင္းက တတိယႏွစ္ ပဲရွိေသးတာကို ဒါကိုစဥ္းစားေနၿပီလား?"
ဟဲက်င့္ က ၿပဳံးၿပီး "အင္း မင္း ဒီကိစၥကို ေနာက္ဆုံးႏွစ္ ဟထိ ေစာင့္ေနရင္ အရမ္းေနာက္က်သြားလိမ့္မယ္ ဘြဲ႕လြန္ေက်ာင္းတက္မလား ဒါမွမဟုတ္ ႏိုင္ငံျခားသြားမလား ဆုံးျဖတ္ခ်က္အတြက္ ျပင္ဆင္ဖို႔ကလဲ အခ်ိန္လိုတယ္ေလ တကယ္ေတာ့ ငါတို႔ေက်ာင္းက ေက်ာင္းသားအမ်ားစုဟာ တကၠသိုလ္တက္ထဲက ျပတ္သားတဲ့ရည္မွန္းခ်က္ေတြ ရွိၿပီးသားပါ..."
ခ်င္ယြီ: "မင္းေကာ ဘယ္လိုလဲ?ဆုံးျဖတ္ၿပီးၿပီလား?"
"ငါ့မိသားစုက ဘြဲ႕ရၿပီးတာနဲ႔ အလုပ္လုပ္ေစခ်င္တယ္" လို႔ ဟဲက်င့္ က ျပန္ေျဖေလသည္။
ခ်င္ယြီ က သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္း ကေတာ့ မလုပ္ခ်င္ဘူးမလား"
ဟဲက်င့္္ ေအးခဲသြားသည္။ သူ႔ေလသံက ဘာမွ ထုတ္ေဖာ္မျပတာ ေသခ်ာေပမယ့္ ခ်င္ယြီ က သူဘာေတြေတြးေနတယ္ဆိုတာကို မွန္ကန္စြာ ခန႔္မွန္းႏိုင္ခဲ့ေလသည္။
သူသည္ ညႇင္သာစြာ ၿပဳံးလိုက္ကာ "အင္း" ဟု ဆိုလိုက္၏။
အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ၾကား ခဏတာ တိတ္ဆိတ္မူကႀကီးစိုးသြားသည္မွာ ခ်င္ယြီ၏ ၿငီးျငဴကာ ေျပာလာသည့္အသံ မထြက္လာခင္ထိပင္။
ခ်င္ယြီ: "မင္းဘာပဲလုပ္ခ်င္လုပ္ခ်င္ တတ္ႏိုင္သမွ်ျမန္ျမန္လုပ္လိုက္။ မင္း ၾကာၾကာ တုံ႔ဆိုင္းေနေလ လုပ္ရဲတဲ့သတၱိနည္းလာေလေလပဲ အဲ့ဒီအခါက်ရင္ မင္း ဘယ္ေတာ့မွ မလုပ္ျဖစ္တာနဲ႔ ပဲ အဆုံးသတ္သြားလိမ့္မယ္။
ခ်င္ယြီထံမွ ထိုကဲ့သို႔ေသာ စကားမ်ားကို ၾကားလိုက္ရေတာ့ ဟဲက်င့္ သည္ ထိုအရပ္ျမင့္ေသာ ေယာက္်ားေလးက "မလုပ္ခ်င္ရင္ မလုပ္နဲ႔" ဆိုတဲ့ အေျဖကို ႐ိုး႐ိုးရွင္းရွင္းပဲ မေပးပဲ ၿပီးျပည့္စုံေသာခိုင္လုံတဲ့ အေၾကာင္းျပခ်က္တစ္ခုပါေပးလာေသာေၾကာင့္ ဟဲက်င့္ သည္ ေနာက္တစ္ႀကိမ္ အံ့ၾသ သြားရျပန္၏။
ဟဲက်င့္ ၏ ႏွလုံးသားထဲမွ မီးေတာက္သည္ တစ္စုံတစ္ခု ဆြဲငင္သြားသလိုပင္ အနည္းငယ္ ပိုေတာက္ပလာသည္။
***
ကမ္းနားသို႔ေရာက္ခါနီးတြင္ ယခင္က ေကာင္းကင္ျပာျပာသည္ မေမွ်ာ္လင့္ဘဲ မီးခိုးေရာင္တိမ္တိုက္မ်ားျဖင့္ ဖုံးလႊမ္းလာသည္။ သူတို႔သည္ မိုးဖြဲဖြဲေလး က်လာသျဖင့္ ေလွေပၚမွ အျမန္ဆင္းၿပီး ေခါင္းကို အုပ္ကာ ေျပးၾကသည္။
သူတို႔သည္ အစားအေသာက္တန္း အျပင္ဘက္တြင္ ရပ္ကာ အနီးဆုံးေနရာသို႔ အျမန္ဝင္ခဲ့ၾကသည္။ ကံေကာင္းေထာက္မစြာေတာ့ မိုးက နည္းေနေသးတဲ့အတြက္ သူတို႔ သိပ္မစိုခဲ့ေပ။
ေကာင္မေလးေတြက "ဒီေန႔ ရာသီဥတု သာယာမယ္လို႔ နင္ေျပာခဲ့တယ္မဟုတ္ဘူးလား" လို႔ ညည္းညဴရင္း မ်က္ႏွာကို သုတ္လိုက္သည္။
ထုန္႐ႊမ္: "ညေနပိုင္း မိုး႐ြာမယ္လို႔ မိုးေလဝသခန႔္မွန္းခ်က္က ေျပာတယ္ ငါတို႔နည္းနည္းေစာသြားတယ္ဆိုရင္ ျပႆနာမရွိဘူးလို႔ ငါေတြးလိုက္တာ!"
ခဏအၾကာတြင္ ေက်ာက္ရွီပိုင္သည္ ႐ုတ္တရက္ ႏွာေခ်လိုက္သည္။အဲ့ဒါက ကုံးယုံ ကို စိတ္ဆင္းရဲေစ၏။ သူမက တစ္ရႉး ကို အျမန္ေပးလိုက္သည္။
"နင္တို႔လည္း ကိုယ့္ကိုကိုယ္ ေျခာက္ေအာင္ လုပ္ဖို႔ မေမနဲ႔ဦး မိုး႐ြာရင္ အေအးမိဖို႔ အရမ္းလြယ္တယ္။ အေအးဓာတ္ကနင္တို႔ရဲ႕ ဦးေရျပားထဲကို မ၀င္ေစနဲ႔ေနာ္"
ဒီလိုေျပာၿပီး မၾကာခင္မွာပဲ ႏူးညံ့သိမ္ေမြ႕တဲ့ အမ်ိဳးသမီးအသံက "တစိတ္ေလာက္ မင္းတို႔က ရွစ္ေယာက္ပြဲလား" ဟု ေမးလာသည္ကို ၾကားလိုက္ရသည္။ ယူနီေဖာင္းဝတ္ထားေသာ စားပြဲထိုးမေလးတစ္ေယာက္က ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ေဘးနားတြင္ ရပ္ကာ "မင္းတို႔ ေဘာက္စ္ မွာ ဒါမွမဟုတ္ ေလာ္ဘီ ထဲမွာထိုင္ၾကမလား?"
'အိုး! ငါတို႔ ဒီမွာ ဘာလုပ္ေနတာလဲ။'
သူတို႔ အေျပးအလႊားဝင္သြားတဲ့ စားေသာက္ဆိုင္က တကယ္ကို အလန္းစားႀကီးမွန္း သူတို႔ေနာက္မွသေဘာေပါက္ သြားေလသည္။
'အာ ဒီမွာ အရမ္းေစ်းႀကီးေလာက္တယ္မဟုတ္ဘူးလား ?!'
မိန္းကေလးေတြက အစားအေသာက္ေစ်းႏႈန္းအတြက္ စိုးရိမ္ေနၾကတုန္းမွာပဲေက်ာက္ရွီပိုင္က ႐ုတ္တရက္ေျပာလာသည္။
"အထဲဝင္ရေအာင္ အခု အျပင္ထြက္ရင္ ငါတို႔ ပိုမ်က္ႏွာပူရလိမ့္မယ္"
ကုံးယုံ က သူ႔ကို စူးစူးရဲရဲ စိုက္ၾကည့္ရင္း ေျပာေတာ့သည္။
"နင္ကပဲ ေျပာရတယ္ရွိေသး! စဥ္းစားၾကည့္ဉီး ဒီမွာေဈးက ယြမ္ေလးငါးရာေလာက္ရွိရင္ငါတို႔ အနည္းဆုံး တစ္လခြဲေလာက္ အငတ္ေနရေတာ့မွာဟ!"
စားပြဲထိုးမေလးက ပါးစပ္ကို အုပ္ကာ ၿပဳံးလိုက္ၿပီး "အဲ့ေလာက္ေဈးမႀကီးပါဘူး တစ္ရာ ႏွစ္ရာအထိပါပဲ"
လူတိုင္း- "..." (= _ =)
သာမာန္ေက်ာင္းသားမ်ားအေနႏွင့္ ယြမ္ တစ္ဆယ္ သို႔မဟုတ္ ႏွစ္ဆယ္ ထက္မပိုေသာ ကန္တင္း တြင္ေရာင္းခ်ေသာဟင္းလ်ာမ်ားကိုသာစားေလ့ရွိသည္။ ထို႔ေၾကာင့္ အစားအစာ တစ္ရာ သို႔မဟုတ္ ႏွစ္ရာသည္ သူတို႔အတြက္ ေသေစဆဲပင္။
ခ်င္ယြီ မွလြဲ၍ ၎တို႔အားလုံး ဆိုးဆိုး႐ြား႐ြား တုံ႔ျပန္ခဲ့ၾကသည္။ အရပ္ရွည္ရွည္ျဖင့္ ေကာင္ေလးသည္ "ေဘာက္စ္" ဟု မေျပာမီ စားပြဲထိုးမေလးကို တစ္ခ်က္ၾကည့္လိုက္ေသး၏။
အားလုံး လန႔္ဖ်ပ္သြားသည္။ လူေခ်ာေလး မင္း ေဘာက္စ္ လို႔ မေျပာခင္ နည္းနည္းေလာက္စဥ္းစား ပါဉီးလားလို႔။
"ဟုတ္ကဲ့ ပါ ေက်းဇူးျပဳၿပီး ေနာက္ကို လိုက္ခဲ့ေပးပါရွင့္!"
စားပြဲထိုးမေလးက သူတို႔ကို တက္ႂကြစြာ ေရွ႕မွ ဉီးေဆာင္သြားကာ ေျပာလိုက္သည္။
"ေဘာက္စ္ မွာ သာမန္နဲ႔ ေရကန္ျမင္ကြင္း ဆိုၿပီး ေ႐ြးစရာေတြ ရွိတယ္ ဒါေပမယ့္ အခု ဆိုင္မွာ လူသိပ္မရွိလို႔ မင္းတို႔ကို သာမာန္ ရဲ႕ေဈးအတိုင္း ေရကန္ျမင္ကြင္း ကို စီစဥ္ေပးမယ္ေနာ္ "
လဲ့ေယာင္ေယာင္ : "ေဘာက္စ္မွာ ေစ်းႏႈန္းအမ်ိဳးမ်ိဳးရွိေသးတာလား?"
စားပြဲထိုးက ၿပဳံးကာ "ဟုတ္တယ္ ဒီမွာ ပ်မ္းမွ်အနိမ့္ဆုံး သုံးစြဲမႈက ယြမ္ ၁၀၀၀။ မင္းတို႔မွာ လူရွစ္ေယာက္ရွိတယ္ဆိုေတာ့ အဆင္ေျပမွာပါ"
မိန္းကေလးမ်ားသည္ ခ်က္ခ်င္းပင္ ရင္ဘတ္ကို ဖိမိေတာ့သည္။ ေစ်းအသက္သာဆုံး ဟင္းလ်ာအခ်ိဳ႕ကို မွာရမွာ !
ဒါေပမယ့္... ဒီဆုံးျဖတ္ခ်က္ကိုခ်ခဲ့တဲ့သူက ေက်ာင္းidol ေလးပဲ အဲဒီအစား ေဈးႀကီးတဲ့ဟင္းလ်ာေတြကို မႀကိဳက္ဘူးလား သူက!
မၾကာမီ သူတို႔သည္ ေဘာက္စ္ သို႔ ေရာက္ရွိလာၿပီး ေသခ်ာသည္မွာ ၎သည္ ကြမ္းေရကန္ကို မ်က္ႏွာမူေနသည္။ အခန္းသည္ မွန္မ်ား ျဖင့္ ကာထားက အလယ္တြင္ တန္ဖိုးႀကီးေသာ မေဟာ္ဂနီစားပြဲဝိုင္းျဖင့္ သပ္ရပ္စြာ အလွဆင္ထားသည္။
သူတို႔သည္ သတၱိေမြးကာ ထိုင္ၿပီး ေနာက္ စားပြဲထိုးက မီႏူးကို ေပးလာသည္။ အဖုံးတြင္" Kun Lake Ya Tong "ဟူေသာ စာလုံးေလးလုံးကို ေၾကးနီျဖင့္ အလွဆင္ထားသည္။
"ငါတို႔ၿပီးၿပီ..." လဲ့ေယာင္ေယာင္က မီႏူးကိုေတာင္ မဖြင့္ၾကည့္ရဲေပ။
ဟဲက်င့္ သည္ ပထမစာမ်က္ႏွာရွိ အေအးဟင္း မီႏူးကို ၾကည့္လိုက္ရာ အနည္းငယ္ ေဈးႀကီးသည္ကိုေတြ႕လိုက္ရ၏။ တစ္ဖက္တြင္ ေက်ာက္ရွီပိုင္ သည္ ေပါ့ေပါ့ဆဆ ျပဳမူဆဲျဖစ္ၿပီး
"ငါတို႔ေရာက္ေနၿပီးၿပီပဲ မင္းတို႔ စားခ်င္သမွ်သာ မွာလိုက္ အာ ပိုက္ဆံမေလာက္မွာလဲ စိတ္မပူနဲ႔ ငါတို႔ကို ကူရွင္းေပးမဲ့ စီနီယာေတြရွိတယ္"
ပထမ စီနီယာ ဟဲက်င့္: "...."
ဒုတိယ စီနီယာ ရွန္: "...."
ခ်င္ယြီသည္ မီႏူးကိုဖြင့္လိုက္သည္။
"ဒီတိုင္းမွာလိုက္ ငါေပးမယ္"
ဒါကိုၾကားေတာ့ မိန္းကေလးေတြရဲ႕ မ်က္လုံးေတြက ပိုေတာက္ပလာေပမယ့္ သူတို႔ရွက္႐ြံ႕ေနေသးသည္။
"ကြၽန္မတို႔က ရွင့္ကို ဘယ္လိုလုပ္ ေပးခိုင္း ရမွာလဲ အဲ့ဒါက ထမင္းတစ္နပ္ကို ယြမ္ တစ္ေထာင္ ေပးရတာ အရမ္းေစ်းႀကီးတာကို"
ခ်င္ ယြီ က ရွန္ ကို တစ္ခ်က္ၾကည့္လိုက္ၿပီး "ငါက သူ႔အတြက္ ထမင္းတစ္နပ္ ေပးစရာရွိေနလို႔" ဆိုလိုတာက ရွန္ ေၾကာင့္ သူတို႔ကို ဝယ္ေကြၽးတာပင္ အကယ္၍ တစ္ေယာက္ေယာက္ကို ေက်းဇူးတင္ခ်င္ရင္ရွန္ ကို ေက်းဇူးတင္သင့္ေလသည္။
ရွန္ က ၿပဳံးၿပီး မီႏူးကို ၾကည့္ကာ "သူ႔ကိုပဲ ေပးခိုင္းလိုက္ သူ႔မွာ ပိုက္ဆံရွိတယ္"
မိန္းကေလးမ်ား၏ မ်က္ႏွာမ်ားသည္ ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားလာကာ ပုံမွန္အားျဖင့္ သာမာန္လိုသာေနေသာ ေက်ာင္း idol သည္ အမွန္တကယ္ ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ျဖစ္သည္ကို မေမွ်ာ္လင့္ထားခဲ့ၾကေပ။ ဤအခ်က္က သူ၏ ဆြဲေဆာင္မႈတြင္ အပိုအမွတ္မ်ားစြာကို ထည့္ေပးခဲ့သည္။
ေက်ာက္ရွီပိုင္ ကလည္း "လူတစ္ေယာက္ ဟင္းတစ္ပြဲ စီ မွာၾက ျမန္ျမန္ေလးလုပ္ၾက ငါ မနက္စာမစားရေသးဘူးဟ ဗိုက္ဆာေနၿပီ"
ေနာက္ဆုံးေတာ့ လူအုပ္ႀကီးက ဟင္းပြဲကုန္က်စရိတ္ကို ျငင္းခုံမေနေတာ့ေပ။ဟဲက်င့္ ရဲ႕ အလွည့္က်ခ်ိန္မွာေတာ့ ဝက္နံ႐ိုး ခ်ိဳခ်ဥ္ ကို ခါတိုင္းလို ပဲ ေ႐ြးလိုက္သည္။
ဤဟင္းအမည္ကိုၾကားေတာ့ ခ်င္ယြီသည္ မသိစိတ္က ေန မီႏူးကို ၾကည့္ေနဆဲ ျဖစ္ေသာ ဟဲက်င့္ ကို စိုက္ၾကည့္မိလိုက္သည္။ သူ႔လက္ကဲ့သို႔ပင္ဟဲက်င့္ ၏ မ်က္ႏွာသည္ သာမာန္ေကာင္ေလးမ်ားထက္ ေသးငယ္သည္။ သူသည္ သန႔္ရွင္းၿပီး သူ႔ႏွင့္ သက္တူ႐ြယ္တူ အျခားသူမ်ားထက္ ကေလးဆန္သည္။
"အားက်င့္" က ေယာက္်ားေလးဆိုရင္ ဒီလိုပုံစံရွိမွာလား။
ဒီလိုျဖစ္ရင္ေတာ့ ဒါကို ငါႀကိဳက္ပုံရတယ္!!
ညစာစားေနစဥ္အတြင္း မိန္းကေလးမ်ားသည္ ခ်င္ယြီအေၾကာင္း ဟိုဟိုဒီဒီေျပာျပန္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ အမ်ားအားျဖင့္ ေတာက္ပလြန္းေသာေၾကာင့္ သူ႔ကို ပြင့္ပြင့္လင္းလင္း ေျပာဆိုရန္ အခြင့္အေရး မရွိသေလာက္ပင္။ ထို႔ေၾကာင့္ သူတို႔သည္ သူ႔အေၾကာင္းပိုမိုေလ့လာရန္ ဤအခြင့္အေရးကို ဆုပ္ကိုင္ထားခဲ့ရသည္။
လဲ့ေယာင္ : "ရွန္ပိုင္က်န္း , ခ်င္ယြီ နဲ႔ ရွင့္ ရဲ႕ဆက္ဆံေရးက တကယ္ေကာင္းတယ္မလား?
ရွန္: "အမ္? အဆင္ေျပပါတယ္။ "
ကုံးယုံ က ႐ုတ္တရက္ေျပာေလသည္။
"စီနီယာတို႔ ရွင္ နဲ႔ ခ်င္ယြီ က စုံတြဲေတြလို႔ ေကာလဟာလေတြ ပ်ံ႕ေနတာ သိလား?"
"ဖြီ..." ရွန္ပိုင္က်န္း က ဟင္းခ်ိဳတစ္လုတ္ေသာက္ေနရာ ေထြးထုတ္မိသြားေတာ့သည္။
"ဘာ?"
ခ်င္ယြီ လည္း သူ႔ပန္းကန္ကို ေကာက္ကိုင္တာကို ရပ္လိုက္ၿပီး ကုံးယုံကို ၾကည့္လိုက္ကာ သူမ ထပ္ရွင္းျပတာကိုေစာင့္လိုက္သည္ ။
ကုံးယုံ: "ခ်င္ယြီ က ေကာင္မေလးေတြနဲ႔ လဲ မတြဲဘူးေလ ၿပီးေတာ့ သူက ရွင္နဲ႔ ခဏခဏ တြဲသြားေနေတာ့ ေကာင္မေလးတခ်ိဳ႕က မင္းတို႔ႏွစ္ေယာက္စလုံး ေဂးေတြ ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကတာ..."
*အဟြတ္ အဟြတ္* ...ရွန္ပိုင္က်န္း၏ မ်က္ႏွာသည္ နီရဲေနသည္။ သူသည္ ပါးစပ္ကို မ်က္ႏွာသုတ္ပုဝါေသးေသးေလးျဖင့္ အျမန္သုတ္လိုက္ၿပီး ညည္းညဴလိုက္သည္။
"ဒါက ဘယ္လိုေတာင္ အဓိပၸာယ္ မရွိတာတုန္း..."
"ဝိုး ေကာင္မေလးေတြ က အရမ္းမိုက္တာပဲ!" ေက်ာက္ရွီပိုင္က သူ႔၏ရယ္ေမာျခင္းကို မထိန္းႏိုင္ဘဲ ရွန္ ႏွင့္ ခ်င္ယြီကို တလွည့္စီၾကည့္ကာ
"ဒါဆို သူတို႔ႏွစ္ေယာက္ၾကားက ဘယ္သူက ဘယ္သူကိုတိုက္ခိုက္တာလဲ?"
လိင္တူဆက္ဆံျခင္းကို ယခုေခတ္တြင္ လူအမ်ားက အျပည့္အဝလက္ခံျခင္းမရွိေသးေသာ္လည္း ယင္းအေၾကာင္းကို လူငယ္မ်ားၾကား ေျပာဆိုျခင္းသည္ေတာ့ အလြန္သဘာဝက်ပါသည္။
"ေက်ာက္ရွီပိုင္ မင္း မင္းရည္းစား ရဲ႕ လႊမ္းမိုးမႈကို အျပည့္အဝခံခဲ့ေနရတာပဲ.."
ရွန္ပိုင္က်န္းက ေဒါသတႀကီးနဲ႔ေျပာေလသည္။
"ၿပီးေတာ့ ေသခ်ာ တာေပါ့ ငါက တိုက္ခိုက္သူ!"
[T/N: တိုက္ခိုက္သူ = gong , တိုက္ခိုက္ခံရသူ=shou]
ဟဲက်င့္ အပါအဝင္ အားလုံးက ရယ္ေမာလိုက္ၾကသည္။
ကုံးယုံ က သူမပါးစပ္ကို အုပ္ၿပီး တခစ္ခစ္ရယ္ရင္း "ဟင့္အင္း လူတိုင္းက စီနီယာရွန္ကို ရႈိ႕ လို႔ ေျပာၾကတယ္!"
ရွန္ : "..."
ေက်ာက္ရွီပိုင္ က "အား" ဟုေအာ္ကာ မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး
"တိုက္ခိုက္ခံရတဲ့ ဥကၠဌကို ငါ စိတ္ကူးယဥ္လို႔ မရဘူး! ဒါေပမယ့္လည္း ဥကၠဌရွန္ရဲ႕ အနာခံႏိုင္ရည္ရွိမႈအေပၚ ငါ အၿမဲတမ္း အံ့ဩေနခဲ့ရတာ အံ့ၾသစရာေတာ့ မဟုတ္ေတာ့ဘူး"
ဟဲက်င့္ : "...." (=_=)
ခြက္ထိုးခြက္လန္ ရယ္ၿပီးေနာက္ "အိုေက အိုေက ဒီအေၾကာင္းအရာကို ရပ္လိုက္ၾကရေအာင္" ဟု ထုန္႐ႊမ္မွ အေျခအေနထိန္းရန္ ေျပာလာေတာ့သည္။
"ဒါေပမယ့္လဲ ခ်င္ယြီ ရွင္က ေကာင္မေလးေတြကို သိပ္ၿပီးစိတ္မ၀င္စားပုံရတယ္ေနာ္ ရွင္က အရမ္းေအးတာပဲ ဒါေၾကာင့္ လူေတြက မင္းအေၾကာင္းေတြကို စေနာက္ၿပီးေျပာေနၾကတာ။"
လဲ့ေယာင္ေယာင္ : "ဟုတ္တယ္ ဒီအ႐ြယ္ သာမာန္ေကာင္ေလးေတြက မ်ားေသာအားျဖင့္ သူတို႔ရဲ႕အေရာင္ကို ျပၿပီးသားျဖစ္လိမ့္မယ္"
ခ်င္ယြီက နံ႐ိုးတစ္ေခ်ာင္းကိုယူကာ "ဒါက ငါ့ရဲ႕အေရာင္အစစ္ကို မင္းမျမင္ဖူးေသးလို႔ေလ" ဟု ေလးနက္စြာေျပာခဲ့သည္။
လဲ့ေယာင္ေယာင္: "အိုး ဒါဆို မင္းရဲ႕ 'အေရာင္' ကို ဘယ္ေတာ့ျပမွာလဲ" ဟု အကူညီမဲ့စြာျဖင့္ ေမးလိုက္ေတာ့သည္။
[T/N အေရာင္=သူရဲ႕ ပုံစံအမွန္]
ခ်င္ယြီသည္ သူမ ကို ေစြၾကည့္ကာ သူ႔လွ်ာကို ျဖည္းညႇင္းစြာ ထုတ္ကာ တူထိပ္ကို ယက္ လ်က္ ေျပာလိုက္သည္။
[T/N တူကို မယက္နဲ႔ တို႔ကိုလာယက္😚]
"ေသခ်ာတာေပါ့.. အဲဒါက ငါသေဘာက်တဲ့ သူရဲ႕ေရွ႕မွာပဲေလ။ "