Magic Hides My Man

By Nway_Nwayy

230K 13.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 22

3.8K 311 44
By Nway_Nwayy

Unicode

သမိုင်းလမ်းဆုံမီးပွိုင့်ကြောင့် တန်းစီကာ ခပ်ဖြည်းဖြည်းရွေ့လျားနေသော ကားတန်းကြီး ကြားထဲကနေ ဖြတ်ကာ၊ ကားမှတ်တိုင်ဆီ ဇာနည် လျှောက်သွားလိုက်သည်။ အရင်က‌တော့ အလုပ်ပြန်ချိန်ဆို ကိုခန့်နဲ့အတူပြန်နေကျ ဖြစ်သည်။ ကိုခန့်က သူအလုပ်စ၀င်ကတည်းက နားမလည်တာ၊ မသိတာတွေကို စိတ်ရှည်လက်ရှည် သင်ပြပေးကာ အမြဲတမ်း သူ့ကို ဖေးမ ခေါ်ခဲ့သူ။

အလုပ်မှာ အငယ်ဆုံးလည်းဖြစ်၊ နောက်ဆုံးမှ အလုပ်၀င်တဲ့သူလည်း ဖြစ်နေတာမို့ ကျန်အလုပ်သမားတွေက သူတို့ကိုယ်ရေးကိုယ်တာတွေကိုပါ ‌ရောနှောပြီး ခိုင်းချင်သည်။ ထိုအချိန်တိုင်းမှာ ကိုခန့်က သူ့ဘက်က အမြဲရှိပေးခဲ့သည်။ ကိုခန့် ဒီလိုမျိုး ပြဿနာတွေနဲ့ ကြုံလာချိန်မှာ ဘာမှ ပြန်မကူညီပေးနိုင်သော ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။ ရဲမြတ်ထွဋ်ခေါင် ဆိုသော လူကိုလည်း နားမလည်နိုင်။

ကား၀ပ်ရှော့က သာမန်အလုပ်သမားတွေအပေါ် အညှိုးတကြီးနဲ့ လိုက်ပြီး ပြဿနာရှာနေဖို့အထိ၊ ဒီလူဟာ အားနေမယ်လို့ မထင်မိခဲ့။ ဘာပြဿနာဖြစ်ခဲ့မှန်းတော့ သေချာမသိပေမယ့်လည်း ဟိုရက်က ဒီလူပြောတာတော့ ကိုခန့်တို့က သူ့အိမ်ရှေ့ကိုလာပြီး ပြဿနာစရှာတာဟု ပြောသည်။ အသေးစိတ်လည်း သိမနေချင်တော့။ ဒီလိုလူတွေနဲ့ ပြဿနာသွားမဖြစ်တာအကောင်းဆုံးဟုသာ မှတ်ထားလိုက်သည်။

ဒီလူ့ကိုပြောခဲ့သလို "ကျွန်တော် အလုပ်လိုတယ်" ဆိုတာတော့ တကယ်ပဲ ဖြစ်သည်။ သူ အလုပ်တစ်ခုတော့ ရှိနေမှကိုရမည့် အခြေအနေဟာ အမှန်တကယ်ပင်။ သူတို့မောင်နှမသုံးယောက်ကို မွေးစားခဲ့သော ဒေါ်လေးက အခုချိန်မှာ နေထိုင်မကောင်း ဖြစ်နေခဲ့ပြီ။ ထို့ကြောင့်ပဲ အစ်ကိုအကြီးဆုံးဖြစ်သော သူ့အပေါ်တွင်သာ အငယ်နှစ်ယောက်၏တာ၀န်ရော၊ ဒေါ်လေးအတွက်တာ၀န်ရော တိုက်ရိုက်ရောက်ရတော့သည်။

မှတ်တိုင်မှာ တစ်စီးပြီးတစ်စီး ထိုးရပ်လာသော ကားများထဲမှာ သူစောင့်နေသောကားက မလာသေး။ အခုနေ ကားလာရင်လည်း စုပြုံပြေးတက်ကြမည့် လူအုပ်ကြီးက မှတ်တိုင်မှာ အသင့်အနေအထားနှင့် ရပ်နေကြ၏။ ဇာနည်ကိုယ်တိုင်လည်း လွယ်ထားသော အိတ်ခပ်သေးသေးကို ရင်ဘတ်နှင့် ထိကပ်ထားရသည်။ ဒီလို ကားပေါ်လူပြည့်ကြပ်သောအချိန်ဟာ ခါးပိုက်နှိုက်တွေရဲ့ လုပ်ငန်းခွင် မဟုတ်လား။

ထိုစဉ်မှာ ကားမှတ်တိုင်ရှေ့သို့ ထိုးရပ်လိုက်သော အိမ်စီးကားအနက်ရောင်တစ်စီးကြောင့်၊ မှတ်တိုင်ရှိလူများ၏ အကြည့်က ထိုကားဆီသို့။ ဇာနည်လည်း ထိုလူတွေနဲ့အတူ ကြည့်မိတော့ အရှေ့ခန်းမှ ကားမှန်တစ်ဖက်က လျှောခနဲကျဆင်းလာသည်။

"ဟင် ..."

ရဲမြတ်ထွဋ်ခေါင်က ... ထပ်ပြီး ဒီကို ဘာကိစ္စရှိရပြန်တာလဲ မသိပါ။

"လာလေ .. "

မသိရင်ဘဲ သူလာမှာကို ကြိုပြောထားသလို ဇာနည့်အား လှမ်းခေါ်၏။

"ဘာကိစ္စရှိလို့လဲ"

"ပြီးမှ မေးလေ၊ ကားပေါ် အရင်တက်၊ ဒီမှာ အကြာကြီး ရပ်လို့မရဘူး"

အနောက်မှာ ရပ်ဖို့စောင့်နေသော Bus ကားက ဟွန်းတီးနေပြီ။ မှတ်တိုင်မှ လူများကလည်း ဒီကားက ဘာလုပ်တာလဲ ဆိုသည့်သဘောနဲ့ တီးတိုးပြောနေကြပြီမို့၊ ဇာနည် ကားထဲ၀င်ထိုင်လိုက်ရသည်။

"ဘာကိစ္စလဲ"

ရဲမြတ်ထွဋ်ခေါင်က ဘာမှ မပြောသေးဘဲ ကားကို မောင်းထွက်သည်။

"ကျွန်တော့်ဆီလာတာတော့ မဟုတ်ဘူးမလား"

"ဟုတ်တယ် .."

လှည့်မကြည့်ဘဲ ပြန်ဖြေရင်း ကားကိုပဲ အာရုံစိုက်ကာ ဆက်မောင်းနေသည်မို့ ဇာနည် ဒေါသဖြစ်လာသည်။

"ကျွန်တော်နဲ့ ဘာကိစ္စရှိလို့လဲ၊ ဘာမှမပြောရင်လည်း ကားကိုရပ်လိုက်တော့၊ ကျွန်တော် အိမ်ပြန်ရဦးမှာ"

"ငါကရော မင်းကို ဘယ်ခေါ်သွားမယ်ထင်လို့လဲ၊ အိမ်ပဲပြန်ပို့ပေးမှာ"

"အိမ်ပြန်ပို့ပေးမလို့ လာခေါ်တာပေါ့ ဟုတ်လား"

ရဲမုတ်ထွဋ်ခေါင်က တစ်ချက်လှည့်ကြည့်ပြီး "ခဏလေး" ဟုပြောကာ ကားကို ဆက်မောင်းလာသည်။ လမ်း၀တံတားပေါ်ဖြတ်အပြီး စွယ်တော်လမ်းထဲ ကွေ့၀င်ကာ၊ ကားကို ဘေးကပ်ရပ်လိုက်၏။

"ငါ မင်းကို အလုပ်ပေးမလို့"

ဇာနည် အံ့ဩသွားရင်း ရဲမြတ်ထွဋ်ခေါင်အား ကြည့်လိုက်သည်။ ရဲမြတ်ထွဋ်ခေါင်ကတော့ ဘာမှ မဖြစ်သလိုပင်။ သူအလုပ်ပေးမယ်ပြောလိုက်လို့ ၀မ်းသာသွားလား ဆိုသော မျက်နှာမျိုးနှင့် ဇာနည့်အား ပြန်ကြည့်နေသည်။

"ကျွန်တော်က ခင်ဗျားတို့ဆီမှာ ဘာအလုပ်မှ လုပ်လို့မရဘူး၊ ကျွန်တော် ဆယ်တန်းတောင် အောင်တာ မဟုတ်ဘူး၊ ပြီးတော့ အခု လုပ်နေတဲ့ အလုပ်ကလည်း အဆင်ပြေတယ်"

ရဲမြတ်ထွဋ်ခေါင်က မျက်မှောင့်ကြုံ့ကာ ခေါင်းကိုခါယမ်းသည်။

"အဆင်ပြေတယ်ဆိုတာ သေချာလို့လား၊ တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ရပြီး ပိုက်ဆံတစ်သောင်းကျော်လောက်ရတာကို တန်တယ်ထင်လို့လား"

"မတန်တော့ ခင်ဗျားနဲ့ ဘာဆိုင်လဲ" ဟု ပြောပစ်ချင်စိတ်ကို ထိန်းကာ -

"ကျွန်တော် အဆင်ပြေတယ်၊ အလုပ်ပေးမယ်ပြောလို့ ကျေးဇူးတင်ပါတယ်၊ ဒီကနေပြန်မယ်ဆို နီးနေပြီ၊ သွားလိုက်ပါဦးမယ်"

"နေစမ်းပါဦး"

ပြောပြီး Seat Belt ကို ဖြုတ်ကာ ကားပေါ်ကဆင်းလာဖို့ လုပ်တော့၊ ဇာနည့်လက်အား လှမ်းဆွဲထားသည်။ မထင်မှတ်ထားသည့် အပြုအမူကြောင့် လက်ကို ပြန်ရုန်းလိုက်တော့ -

"ငါ မင်းကို ကူညီချင်လို့ အေးအေးဆေးဆေး မေးနေတာနော်"

"ကျွန်တော်မှ မလိုဘဲ"

ရဲမြတ်ထွဋ်ခေါင် မျက်နှာ ခပ်တည်တည် ဖြစ်သွားကာ၊ ကား Steering ပေါ် လက်တင်ရင်း ဇာနည့်ကို တစ်ချက်လှည့်ကြည့်သည်။

"မင်း အခုလက်ရှိလုပ်နေတဲ့ အလုပ် မရှိတော့ရင်ရော၊ ငါပေးတဲ့ အလုပ်ကို လိုမှာလား"

..........

ဒီမနက်အထိ ကြီးကြီးမားမားထိခိုက်တာမျိုး မရှိတာကြောင့်၊ အရေးပေါ်ဆောင်ကနေ သီတာဆောင်ဘက်ကို ပြောင်းပေး၏။ ဒဏ်ရာရထားတဲ့ အရှိန်ကြောင့် အဖျားငွေ့ငွေ့ ရှိနေတာကလွဲလို့ တခြား‌စိုးရိမ်စရာတော့ မရှိတော့ချေ။ အိပ်ပျော်နေသော ဗညားထွဋ်ခေါင် ပါးနှစ်ဖက်ပေါ် လက်ဖြင့် တစ်လှည့်စီ စမ်းကြည့်ကာ၊ ပိုင်ခန့်ကို ကိုယ့်နဖူးကိုယ် ပြန်စမ်းကြည့်လိုက်သည်။ အပူရှိန်ကတော့ နည်းနည်းကွာနေသေးသည်မို့၊ အဖျားကရှိနေသေးသည်ပဲ။

မမက အလုပ်မသွားခင် ဆေးရုံမှာ လိုအပ်မည်ထင်တာလေးတွေ လာပို့ပေးသွား၏။ ကိုမင်းစိုးတို့အဖွဲ့ကလည်း "လိုတဲ့အချိန် ဖုန်းသာလှမ်းဆက်လိုက်" ဟု ပြောသည်။ ကုတင်ဘေးခုံမှာ ထိုင်ကာ ကုတင်ဘေးစွန်းနား ခေါင်းတင်မှီအိပ်လိုက်ရင်း တွေးမိသည်။ စတွေ့တဲ့ရက်တုန်းက ဗညားဆီကနေရတဲ့ ရေမွှေးရနံ့လို ရနံ့မျိုးလေးတောင် မရတော့ပါလား ဟု။ သိန်းငါးရာလောက်တန်တဲ့ လက်စွပ်ကို ၀တ်ထားသော ဗညားထွဋ်ခေါင်၏ ထိုရေမွှေးကရော ဈေး‌ဘယ်လောက်ရှိမလဲဟု နေရင်းထိုင်ရင်း လျှောက်ခန့်မှန်းနေမိသည်။

မနေ့ညက ဗညား တကယ်ကို စိတ်မကောင်းဖြစ်ပြီး ၀မ်းနည်းနေခဲ့တာ ဖြစ်သည်။ ညက ပြန်နိုးလာချိန်မှာ စကားတွေအများကြီးပြောကာ ငိုသည်။ အရာရာကို သူ့အမှားလို့ပဲ စိတ်လျှော့ကာတွေးထားပုံ ရသည်။ ဒီလိုထိခိုက်ဒဏ်ရာရချိန်မှာ သူ့အိမ်ကို ပိုပြီးတော့ လွမ်းမှာပေါ့။ ဗညားဟာ မိဘက ဘယ်လောက်တောင် ချစ်ပြီး အလိုလိုက်ခံထားရတဲ့ သားသမီးမျိုးလဲဆိုတာ၊ ကြည့်တာနဲ့ သိသာပါသည်။ ဒီကမ္ဘာကို ရောက်မလာခင်က ဗညားရဲ့ စိတ်အညစ်ရဆုံးကိစ္စဆိုတာ အပြင်ကို လွတ်လွတ်လပ်လပ်မသွားရတာတစ်ခုသာ ရှိခဲ့ပုံရသည်။

Ring .... Ring .... Ring

"Hello .."

"အေး ... ကိုခန့်၊ ငါ ဗညားသတင်းကို ကြားလို့"

"ဟုတ်ကဲ့ ..."

"အခုရော ... ဘယ်လိုနေသေးလဲ၊ ငါတကယ် စိတ်ရင်းနဲ့ မေးတာပါ"

ပိုင်ခန့်ကိုဘက်က ငြိမ်နေသည်မို့ ကိုမင်းသူက အတည်ပြုသလို ထပ်ပြော၏။

"ကျွန်တော် သိပါတယ် ဆရာ၊ အခု အဆင်ပြေပါတယ်၊ ချုပ်လိုက်ရတာများပေမယ့်၊ အတွင်းဒဏ်ရာမရှိဘူး"

"အေးပါကွာ၊ ဘယ်သူ့ကြောင့်ဆိုတာလည်း ငါသိသင့်သလောက်သိပါတယ်၊ ငါလည်း မင်းကို မျက်နှာပူတယ် ကိုခန့်ရာ"

"အာ ... ဘာဆိုင်လို့လဲဗျာ၊ ဆရာနဲ့ဖြစ်တဲ့ ပြဿနာမှ မဟုတ်တာ၊ ပြဿနာတွေအားလုံးက ကျွန်တော်တို့ဘက်က စလိုက်မိလို့၊ အခုတော့ အားလုံးပြီးသွားပြီလို့ပဲ မှတ်လိုက်ပါတယ်၊ သူ့ဘက်ကလည်း နောက်ထပ် ဘာမှ စည်းကျော်မလာလောက်တော့ဘူး ထင်ပါတယ်"

အိပ်ပျော်နေသော ဗညားကိုကြည့်ကာ ပြောလိုက်သည်။ ရဲမြတ်ထွဋ်ခေါင်ဆိုသောကောင် နောက်ထပ်တစ်ကြိမ် ဗညားကို ထပ်ပြီး ထိခိုက်လာမယ်ဆိုရင်တော့ သည်းခံနိုင်မည် မထင်တော့ပါ။

"အေးပါကွာ၊ သူ့ဘက်ကလည်း နောက်ထပ်တော့ ပြဿနာထပ်ရှာလာမယ်မထင်တော့ပါဘူး၊ ဒါနဲ့ ... ဇာနည်က အလုပ်ထွက်သွားတယ်ကွ"

"ဟုတ်လား ... ဘာဖြစ်လို့လဲ"

"ငါလည်း မသိဘူး၊ မနေ့ညက ငါ့ဆီဖုန်းဆက်တာပဲ၊ ဗြုန်းစားကြီးဆိုတော့ ဘာများပြဿနာရှိလည်း ငါမေးသေးတယ်၊ ဒီကောင်က ရေရေရာရာလည်း မပြောဘူး၊ သူတို့အိမ်တွင်းရေးကိစ္စပဲ ထင်ပြီး ငါလည်း အတင်း‌အကျပ်မေးမနေတော့တာ၊ ဒီရက်ထဲတော့ သူ ရစရာရှိတာတွေလာယူဖို့ ၀ပ်ရှော့ကိုတစ်ရက် ခေါ်ထားတယ်"

ဇာနည်က ရုတ်တရက် အလုပ်ထွက်သွားရအောင် ဘာကိစ္စတွေများ ဖြစ်လို့ပါလိမ့်။ မိုးပြိုရင်တောင် အလုပ်ကို ရောက်အောင်လာမည့် ကလေးမျိုးမို့လို့၊ ကိစ္စအထွေအထူးမရှိ‌ဘဲတော့ အလုပ်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်။ ဒီကောင်လေး ဘာပြဿနာတွေများ ဖြစ်နေတယ်မသိ။

"ကျွန်တော် လှမ်းမေးလိုက်ပါဦးမယ်"

"အေး မေးကြည့်စမ်းပါဦးကွာ၊ သူ ပြန်လာချင်လည်း လာလို့ရတယ်လို့ပြောလိုက်၊ ငါ့ကို ပြောရခက်နေမှာစိုးလို့"

ကိုမင်းသူက ‌ဇာနည့်ကိုတော့ ချစ်တာမို့၊ အလုပ်မှာလည်း ဂရုအစိုက်ဆုံး ဖြစ်သည်။

"ပြီးတော့ ငါ ကျော်စွာ့ကို လွှတ်လိုက်မယ် ကိုခန့်၊ ဆေးရုံမှာ လိုအပ်တာလေး သုံးဖို့ ထည့်ပေးလိုက်မယ်"

"ရပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်"

"ဒါတော့ လက်ခံလိုက်ပါ ကိုခန့်ရာ၊ သိပ်အများကြီးလည်း မဟုတ်ပါဘူး၊ ငါ မကူညီရရင် စိတ်ထဲမကောင်းဘူးဖြစ်နေမှာ"

"ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးပါပဲ"

ကိုမင်းသူ ဖုန်းချသွားတော့မှ၊ ဇာနည်အကြောင်းကို တွေးမိသည်။ ဇာနည် ဘာပြဿနာတွေများ ဖြစ်နေလဲ။ သူ့အိမ်မှာများ ပြဿနာတစ်ခုခုဖြစ်နေသလားမသိ။ ဒီကောင်လေးဟာ အရွယ်နဲ့မမျှတဲ့ တာ၀န်တွေကို ထမ်းထားရတဲ့ကလေး မဟုတ်လား။ တွေးရင်း ဇာနည့်ဆီ ဖုန်းခေါ်ကြည့်တော့ ဖုန်းက ၀င်ပေမယ့် မကိုင်ပါ။ သုံးခါလောက် ဆက်တိုက်ခေါ်ကြည့်လိုက်ပြီး၊ ဘယ်လိုမှ မကိုင်တဲ့အဆုံး ဆက်မခေါ်တော့။

ဒီကာလအပိုင်းအခြားဟာ ဘာတွေဘယ်လိုဖြစ်နေမှန်းကို နားမလည်နိုင်တော့ပါ။ ညက ဗညားပြောသလို "ငါရောက်လာလို့ မင်းပြဿနာတွေ ဖြစ်ရတာ" ဆိုတာမျိုးတော့ မဟုတ်သေး။ ပြဿနာတွေဟာ ဖြစ်ချိန်တန်ရင် သူ့အလိုလို ဖြစ်လာတာမျိုးပဲ ထင်သည်။ အိပ်ပျော်နေသော ဗညားကို ငေးကာ ကြည့်နေမိသည်။ ဗညားဟာလည်း သူ့ဆီကို ရုတ်တရက်ရောက်လာခဲ့ပြီး၊ တစ်ချိန်မှာ ရုတ်တရက် ပြန်ပျောက်သွားဦးမှာပဲ မဟုတ်လား။

ပြီးတော့လည်း အားလုံးပြီးဆုံးသွားပါလိမ့်မည်။

.................................................................................

Zawgyi


သမိုင္းလမ္းဆုံမီးပြိဳင့္ေၾကာင့္ တန္းစီကာ ခပ္ျဖည္းျဖည္းေ႐ြ႕လ်ားေနေသာ ကားတန္းႀကီး ၾကားထဲကေန ျဖတ္ကာ၊ ကားမွတ္တိုင္ဆီ ဇာနည္ ေလွ်ာက္သြားလိုက္သည္။ အရင္က‌ေတာ့ အလုပ္ျပန္ခ်ိန္ဆို ကိုခန္႔နဲ႔အတူျပန္ေနက် ျဖစ္သည္။ ကိုခန္႔က သူအလုပ္စ၀င္ကတည္းက နားမလည္တာ၊ မသိတာေတြကို စိတ္႐ွည္လက္႐ွည္ သင္ျပေပးကာ အၿမဲတမ္း သူ႕ကို ေဖးမ ေခၚခဲ့သူ။

အလုပ္မွာ အငယ္ဆုံးလည္းျဖစ္၊ ေနာက္ဆုံးမွ အလုပ္၀င္တဲ့သူလည္း ျဖစ္ေနတာမို႔ က်န္အလုပ္သမားေတြက သူတို႔ကိုယ္ေရးကိုယ္တာေတြကိုပါ ‌ေရာေႏွာၿပီး ခိုင္းခ်င္သည္။ ထိုအခ်ိန္တိုင္းမွာ ကိုခန္႔က သူ႕ဘက္က အၿမဲ႐ွိေပးခဲ့သည္။ ကိုခန္႔ ဒီလိုမ်ိဳး ျပႆနာေတြနဲ႔ ၾကဳံလာခ်ိန္မွာ ဘာမွ ျပန္မကူညီေပးႏိုင္ေသာ ကိုယ့္ကိုယ္ကို စိတ္ပ်က္မိသည္။ ရဲျမတ္ထြဋ္ေခါင္ ဆိုေသာ လူကိုလည္း နားမလည္ႏိုင္။

ကား၀ပ္ေ႐ွာ့က သာမန္အလုပ္သမားေတြအေပၚ အညိႇဳးတႀကီးနဲ႔ လိုက္ၿပီး ျပႆနာ႐ွာေနဖို႔အထိ၊ ဒီလူဟာ အားေနမယ္လို႔ မထင္မိခဲ့။ ဘာျပႆနာျဖစ္ခဲ့မွန္းေတာ့ ေသခ်ာမသိေပမယ့္လည္း ဟိုရက္က ဒီလူေျပာတာေတာ့ ကိုခန္႔တို႔က သူ႕အိမ္ေ႐ွ႕ကိုလာၿပီး ျပႆနာစ႐ွာတာဟု ေျပာသည္။ အေသးစိတ္လည္း သိမေနခ်င္ေတာ့။ ဒီလိုလူေတြနဲ႔ ျပႆနာသြားမျဖစ္တာအေကာင္းဆုံးဟုသာ မွတ္ထားလိုက္သည္။

ဒီလူ႕ကိုေျပာခဲ့သလို "ကြၽန္ေတာ္ အလုပ္လိုတယ္" ဆိုတာေတာ့ တကယ္ပဲ ျဖစ္သည္။ သူ အလုပ္တစ္ခုေတာ့ ႐ွိေနမွကိုရမည့္ အေျခအေနဟာ အမွန္တကယ္ပင္။ သူတို႔ေမာင္ႏွမသုံးေယာက္ကို ေမြးစားခဲ့ေသာ ေဒၚေလးက အခုခ်ိန္မွာ ေနထိုင္မေကာင္း ျဖစ္ေနခဲ့ၿပီ။ ထို႔ေၾကာင့္ပဲ အစ္ကိုအႀကီးဆုံးျဖစ္ေသာ သူ႕အေပၚတြင္သာ အငယ္ႏွစ္ေယာက္၏တာ၀န္ေရာ၊ ေဒၚေလးအတြက္တာ၀န္ေရာ တိုက္႐ိုက္ေရာက္ရေတာ့သည္။

မွတ္တိုင္မွာ တစ္စီးၿပီးတစ္စီး ထိုးရပ္လာေသာ ကားမ်ားထဲမွာ သူေစာင့္ေနေသာကားက မလာေသး။ အခုေန ကားလာရင္လည္း စုျပဳံေျပးတက္ၾကမည့္ လူအုပ္ႀကီးက မွတ္တိုင္မွာ အသင့္အေနအထားႏွင့္ ရပ္ေနၾက၏။ ဇာနည္ကိုယ္တိုင္လည္း လြယ္ထားေသာ အိတ္ခပ္ေသးေသးကို ရင္ဘတ္ႏွင့္ ထိကပ္ထားရသည္။ ဒီလို ကားေပၚလူျပည့္ၾကပ္ေသာအခ်ိန္ဟာ ခါးပိုက္ႏိႈက္ေတြရဲ႕ လုပ္ငန္းခြင္ မဟုတ္လား။

ထိုစဥ္မွာ ကားမွတ္တိုင္ေ႐ွ႕သို႔ ထိုးရပ္လိုက္ေသာ အိမ္စီးကားအနက္ေရာင္တစ္စီးေၾကာင့္၊ မွတ္တိုင္႐ွိလူမ်ား၏ အၾကည့္က ထိုကားဆီသို႔။ ဇာနည္လည္း ထိုလူေတြနဲ႔အတူ ၾကည့္မိေတာ့ အေ႐ွ႕ခန္းမွ ကားမွန္တစ္ဖက္က ေလွ်ာခနဲက်ဆင္းလာသည္။

"ဟင္ ..."

ရဲျမတ္ထြဋ္ေခါင္က ... ထပ္ၿပီး ဒီကို ဘာကိစၥ႐ွိရျပန္တာလဲ မသိပါ။

"လာေလ .. "

မသိရင္ဘဲ သူလာမွာကို ႀကိဳေျပာထားသလို ဇာနည့္အား လွမ္းေခၚ၏။

"ဘာကိစၥ႐ွိလို႔လဲ"

"ၿပီးမွ ေမးေလ၊ ကားေပၚ အရင္တက္၊ ဒီမွာ အၾကာႀကီး ရပ္လို႔မရဘူး"

အေနာက္မွာ ရပ္ဖို႔ေစာင့္ေနေသာ Bus ကားက ဟြန္းတီးေနၿပီ။ မွတ္တိုင္မွ လူမ်ားကလည္း ဒီကားက ဘာလုပ္တာလဲ ဆိုသည့္သေဘာနဲ႔ တီးတိုးေျပာေနၾကၿပီမို႔၊ ဇာနည္ ကားထဲ၀င္ထိုင္လိုက္ရသည္။

"ဘာကိစၥလဲ"

ရဲျမတ္ထြဋ္ေခါင္က ဘာမွ မေျပာေသးဘဲ ကားကို ေမာင္းထြက္သည္။

"ကြၽန္ေတာ့္ဆီလာတာေတာ့ မဟုတ္ဘူးမလား"

"ဟုတ္တယ္ .."

လွည့္မၾကည့္ဘဲ ျပန္ေျဖရင္း ကားကိုပဲ အာ႐ုံစိုက္ကာ ဆက္ေမာင္းေနသည္မို႔ ဇာနည္ ေဒါသျဖစ္လာသည္။

"ကြၽန္ေတာ္နဲ႔ ဘာကိစၥ႐ွိလို႔လဲ၊ ဘာမွမေျပာရင္လည္း ကားကိုရပ္လိုက္ေတာ့၊ ကြၽန္ေတာ္ အိမ္ျပန္ရဦးမွာ"

"ငါကေရာ မင္းကို ဘယ္ေခၚသြားမယ္ထင္လို႔လဲ၊ အိမ္ပဲျပန္ပို႔ေပးမွာ"

"အိမ္ျပန္ပို႔ေပးမလို႔ လာေခၚတာေပါ့ ဟုတ္လား"

ရဲမုတ္ထြဋ္ေခါင္က တစ္ခ်က္လွည့္ၾကည့္ၿပီး "ခဏေလး" ဟုေျပာကာ ကားကို ဆက္ေမာင္းလာသည္။ လမ္း၀တံတားေပၚျဖတ္အၿပီး စြယ္ေတာ္လမ္းထဲ ေကြ႕၀င္ကာ၊ ကားကို ေဘးကပ္ရပ္လိုက္၏။

"ငါ မင္းကို အလုပ္ေပးမလို႔"

ဇာနည္ အံ့ဩသြားရင္း ရဲျမတ္ထြဋ္ေခါင္အား ၾကည့္လိုက္သည္။ ရဲျမတ္ထြဋ္ေခါင္ကေတာ့ ဘာမွ မျဖစ္သလိုပင္။ သူအလုပ္ေပးမယ္ေျပာလိုက္လို႔ ၀မ္းသာသြားလား ဆိုေသာ မ်က္ႏွာမ်ိဳးႏွင့္ ဇာနည့္အား ျပန္ၾကည့္ေနသည္။

"ကြၽန္ေတာ္က ခင္ဗ်ားတို႔ဆီမွာ ဘာအလုပ္မွ လုပ္လို႔မရဘူး၊ ကြၽန္ေတာ္ ဆယ္တန္းေတာင္ ေအာင္တာ မဟုတ္ဘူး၊ ၿပီးေတာ့ အခု လုပ္ေနတဲ့ အလုပ္ကလည္း အဆင္ေျပတယ္"

ရဲျမတ္ထြဋ္ေခါင္က မ်က္ေမွာင့္ၾကဳံ႕ကာ ေခါင္းကိုခါယမ္းသည္။

"အဆင္ေျပတယ္ဆိုတာ ေသခ်ာလို႔လား၊ တစ္ေနကုန္ ပင္ပင္ပန္းပန္းလုပ္ရၿပီး ပိုက္ဆံတစ္ေသာင္းေက်ာ္ေလာက္ရတာကို တန္တယ္ထင္လို႔လား"

"မတန္ေတာ့ ခင္ဗ်ားနဲ႔ ဘာဆိုင္လဲ" ဟု ေျပာပစ္ခ်င္စိတ္ကို ထိန္းကာ -

"ကြၽန္ေတာ္ အဆင္ေျပတယ္၊ အလုပ္ေပးမယ္ေျပာလို႔ ေက်းဇူးတင္ပါတယ္၊ ဒီကေနျပန္မယ္ဆို နီးေနၿပီ၊ သြားလိုက္ပါဦးမယ္"

"ေနစမ္းပါဦး"

ေျပာၿပီး Seat Belt ကို ျဖဳတ္ကာ ကားေပၚကဆင္းလာဖို႔ လုပ္ေတာ့၊ ဇာနည့္လက္အား လွမ္းဆြဲထားသည္။ မထင္မွတ္ထားသည့္ အျပဳအမူေၾကာင့္ လက္ကို ျပန္႐ုန္းလိုက္ေတာ့ -

"ငါ မင္းကို ကူညီခ်င္လို႔ ေအးေအးေဆးေဆး ေမးေနတာေနာ္"

"ကြၽန္ေတာ္မွ မလိုဘဲ"

ရဲျမတ္ထြဋ္ေခါင္ မ်က္ႏွာ ခပ္တည္တည္ ျဖစ္သြားကာ၊ ကား Steering ေပၚ လက္တင္ရင္း ဇာနည့္ကို တစ္ခ်က္လွည့္ၾကည့္သည္။

"မင္း အခုလက္႐ွိလုပ္ေနတဲ့ အလုပ္ မ႐ွိေတာ့ရင္ေရာ၊ ငါေပးတဲ့ အလုပ္ကို လိုမွာလား"

..........

ဒီမနက္အထိ ႀကီးႀကီးမားမားထိခိုက္တာမ်ိဳး မ႐ွိတာေၾကာင့္၊ အေရးေပၚေဆာင္ကေန သီတာေဆာင္ဘက္ကို ေျပာင္းေပး၏။ ဒဏ္ရာရထားတဲ့ အ႐ွိန္ေၾကာင့္ အဖ်ားေငြ႕ေငြ႕ ႐ွိေနတာကလြဲလို႔ တျခား‌စိုးရိမ္စရာေတာ့ မ႐ွိေတာ့ေခ်။ အိပ္ေပ်ာ္ေနေသာ ဗညားထြဋ္ေခါင္ ပါးႏွစ္ဖက္ေပၚ လက္ျဖင့္ တစ္လွည့္စီ စမ္းၾကည့္ကာ၊ ပိုင္ခန္႔ကို ကိုယ့္နဖူးကိုယ္ ျပန္စမ္းၾကည့္လိုက္သည္။ အပူ႐ွိန္ကေတာ့ နည္းနည္းကြာေနေသးသည္မို႔၊ အဖ်ားက႐ွိေနေသးသည္ပဲ။

မမက အလုပ္မသြားခင္ ေဆး႐ုံမွာ လိုအပ္မည္ထင္တာေလးေတြ လာပို႔ေပးသြား၏။ ကိုမင္းစိုးတို႔အဖြဲ႕ကလည္း "လိုတဲ့အခ်ိန္ ဖုန္းသာလွမ္းဆက္လိုက္" ဟု ေျပာသည္။ ကုတင္ေဘးခုံမွာ ထိုင္ကာ ကုတင္ေဘးစြန္းနား ေခါင္းတင္မွီအိပ္လိုက္ရင္း ေတြးမိသည္။ စေတြ႕တဲ့ရက္တုန္းက ဗညားဆီကေနရတဲ့ ေရေမႊးရနံ႔လို ရနံ႔မ်ိဳးေလးေတာင္ မရေတာ့ပါလား ဟု။ သိန္းငါးရာေလာက္တန္တဲ့ လက္စြပ္ကို ၀တ္ထားေသာ ဗညားထြဋ္ေခါင္၏ ထိုေရေမႊးကေရာ ေဈး‌ဘယ္ေလာက္႐ွိမလဲဟု ေနရင္းထိုင္ရင္း ေလွ်ာက္ခန္႔မွန္းေနမိသည္။

မေန႔ညက ဗညား တကယ္ကို စိတ္မေကာင္းျဖစ္ၿပီး ၀မ္းနည္းေနခဲ့တာ ျဖစ္သည္။ ညက ျပန္ႏိုးလာခ်ိန္မွာ စကားေတြအမ်ားႀကီးေျပာကာ ငိုသည္။ အရာရာကို သူ႕အမွားလို႔ပဲ စိတ္ေလွ်ာ့ကာေတြးထားပုံ ရသည္။ ဒီလိုထိခိုက္ဒဏ္ရာရခ်ိန္မွာ သူ႕အိမ္ကို ပိုၿပီးေတာ့ လြမ္းမွာေပါ့။ ဗညားဟာ မိဘက ဘယ္ေလာက္ေတာင္ ခ်စ္ၿပီး အလိုလိုက္ခံထားရတဲ့ သားသမီးမ်ိဳးလဲဆိုတာ၊ ၾကည့္တာနဲ႔ သိသာပါသည္။ ဒီကမ႓ာကို ေရာက္မလာခင္က ဗညားရဲ႕ စိတ္အညစ္ရဆုံးကိစၥဆိုတာ အျပင္ကို လြတ္လြတ္လပ္လပ္မသြားရတာတစ္ခုသာ ႐ွိခဲ့ပုံရသည္။

Ring .... Ring .... Ring

"Hello .."

"ေအး ... ကိုခန္႔၊ ငါ ဗညားသတင္းကို ၾကားလို႔"

"ဟုတ္ကဲ့ ..."

"အခုေရာ ... ဘယ္လိုေနေသးလဲ၊ ငါတကယ္ စိတ္ရင္းနဲ႔ ေမးတာပါ"

ပိုင္ခန္႔ကိုဘက္က ၿငိမ္ေနသည္မို႔ ကိုမင္းသူက အတည္ျပဳသလို ထပ္ေျပာ၏။

"ကြၽန္ေတာ္ သိပါတယ္ ဆရာ၊ အခု အဆင္ေျပပါတယ္၊ ခ်ဳပ္လိုက္ရတာမ်ားေပမယ့္၊ အတြင္းဒဏ္ရာမ႐ွိဘူး"

"ေအးပါကြာ၊ ဘယ္သူ႕ေၾကာင့္ဆိုတာလည္း ငါသိသင့္သေလာက္သိပါတယ္၊ ငါလည္း မင္းကို မ်က္ႏွာပူတယ္ ကိုခန္႔ရာ"

"အာ ... ဘာဆိုင္လို႔လဲဗ်ာ၊ ဆရာနဲ႔ျဖစ္တဲ့ ျပႆနာမွ မဟုတ္တာ၊ ျပႆနာေတြအားလုံးက ကြၽန္ေတာ္တို႔ဘက္က စလိုက္မိလို႔၊ အခုေတာ့ အားလုံးၿပီးသြားၿပီလို႔ပဲ မွတ္လိုက္ပါတယ္၊ သူ႕ဘက္ကလည္း ေနာက္ထပ္ ဘာမွ စည္းေက်ာ္မလာေလာက္ေတာ့ဘူး ထင္ပါတယ္"

အိပ္ေပ်ာ္ေနေသာ ဗညားကိုၾကည့္ကာ ေျပာလိုက္သည္။ ရဲျမတ္ထြဋ္ေခါင္ဆိုေသာေကာင္ ေနာက္ထပ္တစ္ႀကိမ္ ဗညားကို ထပ္ၿပီး ထိခိုက္လာမယ္ဆိုရင္ေတာ့ သည္းခံႏိုင္မည္ မထင္ေတာ့ပါ။

"ေအးပါကြာ၊ သူ႕ဘက္ကလည္း ေနာက္ထပ္ေတာ့ ျပႆနာထပ္႐ွာလာမယ္မထင္ေတာ့ပါဘူး၊ ဒါနဲ႔ ... ဇာနည္က အလုပ္ထြက္သြားတယ္ကြ"

"ဟုတ္လား ... ဘာျဖစ္လို႔လဲ"

"ငါလည္း မသိဘူး၊ မေန႔ညက ငါ့ဆီဖုန္းဆက္တာပဲ၊ ျဗဳန္းစားႀကီးဆိုေတာ့ ဘာမ်ားျပႆနာ႐ွိလည္း ငါေမးေသးတယ္၊ ဒီေကာင္က ေရေရရာရာလည္း မေျပာဘူး၊ သူတို႔အိမ္တြင္းေရးကိစၥပဲ ထင္ၿပီး ငါလည္း အတင္း‌အက်ပ္ေမးမေနေတာ့တာ၊ ဒီရက္ထဲေတာ့ သူ ရစရာ႐ွိတာေတြလာယူဖို႔ ၀ပ္ေ႐ွာ့ကိုတစ္ရက္ ေခၚထားတယ္"

ဇာနည္က ႐ုတ္တရက္ အလုပ္ထြက္သြားရေအာင္ ဘာကိစၥေတြမ်ား ျဖစ္လို႔ပါလိမ့္။ မိုးၿပိဳရင္ေတာင္ အလုပ္ကို ေရာက္ေအာင္လာမည့္ ကေလးမ်ိဳးမို႔လို႔၊ ကိစၥအေထြအထူးမ႐ွိ‌ဘဲေတာ့ အလုပ္ထြက္သြားဖို႔ဆိုတာ မျဖစ္ႏိုင္။ ဒီေကာင္ေလး ဘာျပႆနာေတြမ်ား ျဖစ္ေနတယ္မသိ။

"ကြၽန္ေတာ္ လွမ္းေမးလိုက္ပါဦးမယ္"

"ေအး ေမးၾကည့္စမ္းပါဦးကြာ၊ သူ ျပန္လာခ်င္လည္း လာလို႔ရတယ္လို႔ေျပာလိုက္၊ ငါ့ကို ေျပာရခက္ေနမွာစိုးလို႔"

ကိုမင္းသူက ‌ဇာနည့္ကိုေတာ့ ခ်စ္တာမို႔၊ အလုပ္မွာလည္း ဂ႐ုအစိုက္ဆုံး ျဖစ္သည္။

"ၿပီးေတာ့ ငါ ေက်ာ္စြာ့ကို လႊတ္လိုက္မယ္ ကိုခန္႔၊ ေဆး႐ုံမွာ လိုအပ္တာေလး သုံးဖို႔ ထည့္ေပးလိုက္မယ္"

"ရပါတယ္၊ ကြၽန္ေတာ္ အဆင္ေျပပါတယ္"

"ဒါေတာ့ လက္ခံလိုက္ပါ ကိုခန္႔ရာ၊ သိပ္အမ်ားႀကီးလည္း မဟုတ္ပါဘူး၊ ငါ မကူညီရရင္ စိတ္ထဲမေကာင္းဘူးျဖစ္ေနမွာ"

"ဟုတ္ကဲ့ပါ ဆရာ၊ ေက်းဇူးပါပဲ"

ကိုမင္းသူ ဖုန္းခ်သြားေတာ့မွ၊ ဇာနည္အေၾကာင္းကို ေတြးမိသည္။ ဇာနည္ ဘာျပႆနာေတြမ်ား ျဖစ္ေနလဲ။ သူ႕အိမ္မွာမ်ား ျပႆနာတစ္ခုခုျဖစ္ေနသလားမသိ။ ဒီေကာင္ေလးဟာ အ႐ြယ္နဲ႔မမွ်တဲ့ တာ၀န္ေတြကို ထမ္းထားရတဲ့ကေလး မဟုတ္လား။ ေတြးရင္း ဇာနည့္ဆီ ဖုန္းေခၚၾကည့္ေတာ့ ဖုန္းက ၀င္ေပမယ့္ မကိုင္ပါ။ သုံးခါေလာက္ ဆက္တိုက္ေခၚၾကည့္လိုက္ၿပီး၊ ဘယ္လိုမွ မကိုင္တဲ့အဆုံး ဆက္မေခၚေတာ့။

ဒီကာလအပိုင္းအျခားဟာ ဘာေတြဘယ္လိုျဖစ္ေနမွန္းကို နားမလည္ႏိုင္ေတာ့ပါ။ ညက ဗညားေျပာသလို "ငါေရာက္လာလို႔ မင္းျပႆနာေတြ ျဖစ္ရတာ" ဆိုတာမ်ိဳးေတာ့ မဟုတ္ေသး။ ျပႆနာေတြဟာ ျဖစ္ခ်ိန္တန္ရင္ သူ႕အလိုလို ျဖစ္လာတာမ်ိဳးပဲ ထင္သည္။ အိပ္ေပ်ာ္ေနေသာ ဗညားကို ေငးကာ ၾကည့္ေနမိသည္။ ဗညားဟာလည္း သူ႕ဆီကို ႐ုတ္တရက္ေရာက္လာခဲ့ၿပီး၊ တစ္ခ်ိန္မွာ ႐ုတ္တရက္ ျပန္ေပ်ာက္သြားဦးမွာပဲ မဟုတ္လား။

ၿပီးေတာ့လည္း အားလုံးၿပီးဆုံးသြားပါလိမ့္မည္။

.................................................................................







Continue Reading

You'll Also Like

32.5K 2.4K 20
ကိုကို .. ခင်ဗျားသာ ချစ်တယ်ဆို ဗုဒ္ဓကိုလည်း ကျွန်တော် ချစ်ပေးနိုင်ပါတယ်။ - အန်ဒရီရာ မာရစ်စတယ်လီယို - အန်ဒရီ x လွမ်းနွေ
5.3K 270 7
I'm yours You're mines We're each others soulmates Lovers Book Two *SLOW UPDATES*
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
20.9K 1K 151
With the rising tide of steam power and machinery, who can come close to being a Beyonder? Shrouded in the fog of history and darkness, who or what i...