မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
Por XiaoManTou96
168K 29.2K 929
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Más
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
010: အိပ်မပျော်သောည
1.2K 212 9
Por XiaoManTou96
Unicode
ဟဲကျင့်က ကွန်ပြူတာကို ပိတ်လိုက်​တော့သည်။ နာရီကိုကြည့်လိုက်သည့် အချိန်မှာ အိပ်ချိန်နီးနေပြီဆိုတာပါ သိလိုက်ရ၏။
အငယ်တန်းအဆောင်တွင် 'မီးပိတ်ခြင်း' စည်းကမ်းမရှိသော်လည်း သူ့တွင် ပုံမှန်အချိန်ဇယားတစ်ခု အမြဲရှိခဲ့လေသည်။ နေ့တိုင်း ဆယ်နာရီလောက်ဆို အမြဲအိပ်ရာဝင်သည်။ ဤအကြောင်းကြောင့် ဟုန်တုန်ယွမ် သည် တက္ကသိုလ် ကျောင်းသားလေးမဟုတ်ဘဲ အဘိုးကြီးတစ်ယောက်လို နေထိုင်သည်ဟု မကြာခဏပြောလေ့ရှိသည်။
သို့သော် ဤညတွင် တော့ ဟဲကျင့် သည် အိပ်မပျော်နိုင်ဘဲ ဂိမ်းထဲမှ မှတ်ဥာဏ်သည် ရုပ်ရှင်ကဲ့သို့ပင် သူ့စိတ်ထဲမှာ စွဲမြဲနေခဲ့သည်။
ကောင်းကင်ပေါ်က မီးရဲ့ပုစံ မီးရဲ့သံလိုက်လိုအသံသူ့ကိုသတ်လိုက်တဲ့အခါ ပြုံးလိုက်တဲ့ မီးရဲ့အပြုံးအပြင် သူပို့လိုက်တဲ့ နောက်ဆုံးစာကြောင်း...
ဒီလို ဇာတ်လမ်းဆန်တဲ့ အရာတွေ ကြုံလာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ရှစ်နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရသော်လည်း လက်တွေ့တွင် မူ လူမည်မျှ ထိုသို့လုပ်နိုင်မည်နည်း?
တစ်ဖက်လူ၏အပြုအမူသည် ဟဲကျင့် ၏အတွင်း၌ နားမလည်နိုင်သော ခံစားချက်ကို နှိုးဆွပေးသော်လည်း ဤကဲ့သို့ ဆက်ဆံခံရခြင်းကြောင့် လဲ လည်း အနည်းငယ် ရင်ထဲထိသွားရသည်။
ဆန့်ကျင်ဘက်အနေနှင့် ဟဲကျင့်သည်တော့ အခွံထဲပုန်းအောင်နေသည့် လိပ်တစ်ကောင်လို ဖြစ် နေခဲ့ပြီး သူ့ကိုယ်သူသာ ပုန်းကွယ် ရန်ကြိုးစားနေမိသည်။
[ T/N: အခွံထဲတွင် ပုန်းနေသည့်လိပ် = အဖြစ်မှန်ကို ရင်ဆိုင်ရန် သို့မဟုတ် ပြဿနာတစ်ခုကို ရင်ဆိုင်ရန် ငြင်းဆန်သူ}
သူထွက်သွားပြီးနောက်  မီးက ဘယ်လိုခံစားခဲ့ရလဲလို့ သူသိချင်မိသည်။။ စိတ်ပျက်သွားတာ? ဒေါသလား? အလိုမကျတာ?
ဒါကို တွေးကြည့်မိလိုက်တဲ့အချိန်တိုင်း သူ့စိတ် အဆင်မပြေတော့ပေ။ဟဲကျင့် က တစ်ဖက်သို့ လှည့်ပြီး ခေါင်းကို စောင်နဲ့ အုပ်လိုက်တော့သည်။
ဆယ့်နှစ်နာရီထိုးခါနီးတွင် ဟုန်တုန်ယွမ် သည် သူ၏ကွန်ပြူတာအား ဖြည်းညှင်းစွာပိတ်ကာ အိပ်ဖို့ ပြင်တော့သည်။ အကုန် ပြီးသွားချိန် သူ လှည့်ကြည့်လိုက်တော့ ဟဲကျင့် နိုးနေသေးတာကို တွေ့ရတော့ အံ့အားသင့်သွားပြီးမေးလိုက်သည်။
"ဘာလို့ နိုးနေသေးလဲ အိပ်မပျော်ဘူးလား?"
ဟဲကျင့် သည် သူ၏ စောင်ထဲတွင် နစ်မြုပ်နေသောကြောင့် အိုက်စပ်စပ် ကြီးခံစားလာရကာ သူ့ခေါင်းကို  ထုတ်ကာ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် တွင်တော့ သူ့အတွေးကို သည်းမခံနိုင်တော့ဘဲ ဟုန်တုန်ယွမ်ကိုမေးလိုက်တော့သည်။
"မင်း လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က မင်းနဲ့ ဂိမ်းကစားခဲ့တဲ့ မင်းသူငယ်ချင်းတွေကို မှတ်မိသေးလား?"
ဟုန်တုန်ယွမ် သည် ခဏမျှ အံ့သြသွားကာ ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က? အလယ်တန်းကျောင်းတုန်းကလား? ဒီလောက်ကြာနေပြီကို ဘယ်သူကမှတ်မိမှာတုန်း။"
ဟဲကျင့် က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
"ဟုတ်တာပေါ့ ဘယ်သူကမှတ်မိမှာလဲ..."
ဟုန်တုန်ယွမ်: "ဂိမ်းထဲမှာ မင်းရဲ့သူငယ်ချင်းဟောင်းနဲ့တွေ့လို့လား?"
ဟဲကျင့် : "ဟုတ်​တယ်​ အဲ့လူက ငါ့​ကို မှတ်မိ​နေတုန်းပဲ"
"အိုးအံ့ဩစရာပဲ!" ဟုန်တုန်ယွမ် က အိပ်ရာထဲဝင်လိုက်ကာ အနည်းငယ် စိတ်လှုပ်ရှားနေပုံဖြင့် မေးလိုက်သည်။
"ဒါဆို ပြီးတော့ရော?"
ဟဲကျင့်:  "ငါတို့အရင် ဂိမ်းတူတူဆော့ခဲ့တုန်းက အဖြစ်အပျက်တွေအကြောင်း ပြောကြတာပေါ့... သူက ငါ့ကို မိန်းကလေးလို့ ထင်ပုံရတယ်။" (=_=)
နှစ်အတော်ကြာပြီးနောက်တွင်ပင် ဟဲကျင့် ကို မှတ်မိနေသေးပြီး ဟဲကျင့် ကို မိန်းကလေးဟုလည်း ထင်မြင်ခြင်းအပေါ် အခြေခံ၍ ဟဲကျင့်  အတွက် တစ်ဖက်လူ မည်ကဲ့သို့ ခံစားရမည်ကို ခန့်မှန်းရန် မခက်ခဲပေ။
ဒါကို မြန်မြန်ပဲ သဘောပေါက်သွားတဲ့ ဟုန်တုန်ယွမ် က သူ့ကို လှောင်ပြောင်လိုက်ပြီးပြောလိုက်သည်။
"ဘာလို့ ဒီလိုကိစ္စမျိုးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ခံစားနေရတာတုန်း?"
ဟဲကျင့် က သက်ပြင်းချရင်း... ဟုတ်ပါတယ် သူ အပြစ်ရှိသလို ခံစားရတယ်။
ဟုန်တုန်ယွမ် :  "ကျင့် ကောမင်းငါရဲ့  အကြံပေးတာကိုလိုချင်ရင်တော့ ငါ့အထင် မင်းဒီကိစ္စကို အရမ်းအလေးအနက်ထားနေတယ်လို့ ငါမြင်တယ် ဒါက ဂိမ်းတစ်ခုပဲလေ အွန်လိုင်းပေါ်မှာ ငါတို့က ဘယ်သူက ဘယ်သူဆိုတာတောင် မသိနိုင်ဘူးလေဒါကြောင့် အရမ်းမတွေးပါနဲ့ "
ဟဲကျင့် : "...."
သူ့မှာလည်း ဒီလို စိတ်မျိုးရှိတာပဲ အာ! (=_=)
ဟုန်တုန်ယွမ် က တစ်ခုခုကို သတိရသွားပြီး ဟဲကျင့်ကို ဝမ်းသာအားရနဲ့ပြောလေသည်။
"အင်း ငါ သိပ်မကြာခင်တုန်းက 'Dream Wonderland' မှာ ကစားခဲ့တာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ သူရဲ့ ဂိမ်းထဲက ဇနီးသည်က သူ့ကို ပစ္စည်းတွေနဲ့ လက်ဆောင်တွေ အမြဲတောင်းတယ် အားနွဲ့ပြီး ချစ်စရာကောင်းတဲ့ ပုံစံနဲ့ သရုပ်ဆောင်တယ်... နောက်တော့ ဘာဖြစ်သွားတယ်ထင်လဲ။ "
ဟဲကျင့်: "သူ့မိန်းမက လူလိမ်လား?"
ဟုန်တုန်ယွမ် : "လူလိမ်တော့မဟုတ်ပေမယ့် အယောင်ဆောင်တဲ့သူလေ အာ ~ မင်းနားလည်ပါတယ်! ဒါပေမယ့် သူငယ်ချင်းက သိသွားပေမယ့် မကွာရှင်းခဲ့ဘူးလေ သူက အခုထိ ပျော်ရွှင်စွာ ကစားနေတုန်းပဲ နေ့တိုင်း ယောက်ျားလေးတစ်ယောက် ကို အဖော်လုပ်နေပြီးတော့ အဲ့လူအတွက် သူ့ပိုက်ဆံတွေလည်း သုံးနေတုန်းပဲ"
[T/N : အယောင်ဆောင်သည့်လူ=တစ်ခါတစ်ရံတွင်  ဂိမ်းများတွင် မိန်းကလေး အဖြစ်ဟန်ဆောင်ကာ မိန်းကလေးဇာတ်ကောင်ကို  ကစားသည့် ယောက်ျားလေး]
ဟဲကျင့်: "..."
ဟုန်တုန်ယွမ်:  "ဒါကြောင့်မလို့ ဂိမ်းဆိုတာ ဒီတိုင်းကစားဖို့ပဲလေ ဘယ်သူမှ အရာရာကို အလေးနက်မထားနေဘူး မင်း စွပ်ကျယ်လေး ဝတ်ပြီး ဂိမ်းဆော့နေရင်တောင် ဘယ်သူသိမလဲ။ ကွန်ပြူတာတွေဟာ မင်းကိုစူးစမ်းနိုင်တဲ့ခွေးတွေမဟုတ်ဘူး... ကျင့်ကော မင်းလည်း သိပ်အလေးအနက်မထားပါနဲ့။ လက်တွေ့ဘဝမှာ ပင်ပန်းနေတာနဲ့ တင် လုံလောက်ပြီလေ အတုယောင် ဂိမ်းကမ္ဘာထဲက လူတွေကို ဘာလို့ ဝင် ပက်သက်ခွင့် ပေးနေဉီးမလဲ"
ဟဲကျင့် : "..." အဲဒါက နည်းနည်းတော့ အမှန်တရားဆန်ပုံရတယ်
ဟုန်တုန်ယွမ် ဆီမှ ဉာဏ်အလင်းရပြီးနောက် ဟဲကျင့် သည်လည်း အရူးတစ်ယောက်လို မခံစားရတော့ပေ။
ဟုန်တုန်ယွမ် က သမ်းဝေကာပြောလိုက်သည်။
"အင်း အဲဒါကို မစဉ်းစားနေနဲ့  ကောင်းသောညပါ~"
ခဏကြာတော့ ဘေးနားက ကုတင်ကနေ ဟောက်သံ ခပ်ပါးပါးလေး ကြားလိုက်ရသည်။ဟဲကျင့် သည် လည်း ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကိုမှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်  "အဆုတ်မရှိ နှလုံးမရှိ" တဲ့ လူသည် အမှန်တကယ်ပင် မနာလိုစရာကောင်းလေသည်။...
[ T/N : အဆုတ်မရှိ နှလုံးမရှိ သည် ရိုးရှင်းသောစိတ်ထား သို့မဟုတ် အလေးနက်မထားတဲ့သူအတွက် စကားအသုံးအနှုန်းတစ်ခုဖြစ်သည်။ ဒါကဟုန်တုန်ယွမ်ရဲ့ သဘောထားကို ရည်ညွှန်းပါတယ်။]
***
တူညီသော အဆောက်အဦးရှိ အခြားအခန်းတွင်လည်း အိပ်မပျော်သူ တစ်ခြားတစ်ယောက်လဲ ရှိနေပုံရသည်။
ထိုလူ၏ကွန်ပြူတာစခရင်တွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။
ကိုးခန်းမ အရှင်မင်းမြတ် :"မင်းကွာ နှလုံးသားမဲ့ မင်းရူးနေတာပဲ!"
ချင်ယွီ သည် ကိုးခန်းမ အရှင်မင်းမြတ် ၏အမည်ကို ထောက်ပြီး စစ်ကြေညာခဲ့သည်။
ကိုးခန်းမ သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် "မလာဘူး မင်းဒီနေ့ အရမ်းရက်စက်လွန်းတယ် မင်းအပေါ် ငါဘာမှ မမှားခဲ့ဘူး!"
နှလုံးသားမဲ့ မီး : "..."
Demon God Arena #6〗: ကစားသမား 「ရေသေ」 အခန်းထဲ ဝင်ရောက်လာသည်။
ကိုးခန်းမ အရှင်မင်းမြတ်: "အာ ~ ညီအစ်ကို မင်းလာပြီပဲ ~ ~ ~  မြန်မြန် လက်စားချေဖို့ ငါ့ကို  ကူညီစမ်းပါ ။ [😭]"
ရေသေ : "..."
ရေသေ: "ဘာဖြစ်တာလဲ"
ကိုးခန်းမ အရှင်မင်းမြတ် : "ဒီနေ့ နှလုံးသား မဲ့ ဆေးမှားစားထားတယ် ဒီမှာ လှည့်စားပြီး ငါ့ကို သတ်နေတာ ဆယ့်ရှစ်ကြိမ်  ဆယ့်ရှစ်ကြိမ် ငါ ဆယ့်ရှစ်ခါတောင်သေပြီလို့! [😭] [😭] [😭]"
ရေသေသည် သည် ကိုးခန်းမ အရှင်မင်းမြတ် ဆီသို့သွား၍ မေးလိုက်သည်။
"ဟမ်, မင်းသူ့ ဇနီးအကြောင်းပြောလိုက်လို့လား"
နှလုံးသားမဲ့ မီး : "..."
ကိုးခန်းမ အရှင်မင်းမြတ် : "ဟမ် ဘယ်က ဇနီးလဲ? နှလုံးသားမဲ့ မီး မှာ ဇနီး ရှိတာလားဟ"
ရေသေ : "မင်းမသိဘူးလား ခြောက်နှစ်ကြာအောင် စွန့်ပစ်ခဲ့တာလေသူ့ကို မဟုတ်ဘူး ခုနစ်နှစ်တောင်ရှိနေပြီ မဟုတ်သေးဘူးစောင့်နေရတာ ရှစ်နှစ်ရှိပြီထင်တယ်..."
Demon God Arena #6〗- ကစားသမား "နှလုံးသားမဲ့ မီး" သည် ကစားသမား "ရေသေ" ကို စစ်ကြေငြာသည်။
ကိုးခန်းမ အရှင်မင်းမြတ် : "..."
သုံးမိနစ်အကြာတွင်  ရေသေ သည် ကိုးခန်းမ နှင့်အတူ လမ်းပေါ်မှာ လဲနေပြီး မျက်ရည်နှစ်စက်ကျလာတော့သည်။
သူသည် ကိုးခန်းမ သို့ သီးသန့်မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်
"မင်းတွေ့လား..."
〖သီးသန့်စကားပြောခန်း ကိုးခန်းမ အရှင်မင်းမြတ်〗- "ငါမြင်တယ် ရေ  ညီအစ်ကို ဝမ်းနည်းစရာပဲ..."
〖သီးသန့်စကားပြောခန်း ရေသေ〗- "ငါ လက်မခံချင်ဘူး... (T_T)"
〖သီးသန့်စကားပြောခန်း ကိုးခန်းမ အရှင်မင်းမြတ် 〗: "နောက်တစ်ခါ ချကွာ ငါ မင်းနောက်မှာရှိတယ်!"
〖သီးသန့်စကားပြောခန်း ရေသေ〗 : "ဒီညတော့ မေ့လိုက်တော့ မင်းနဲ့အတူ သေချင်ယောင်ဆောင်နေမယ်..."
〖သီးသန့် စကားပြောခန်း ကိုးခန်းမ အရှင်မင်းမြတ်〗- "ညီအစ်ကို ဒါပေမယ့် မင်းက Heavenly Being အဆင့်၁ လေ အာ.. ဒါကမလုံလောက်ဘူးလား"
〖သီးသန့် စကားပြောခန်း ရေသေ〗 "မင်းက ငယ်သေးတယ် နားမလည်ဘူး အနိုင်ယူလို့မရတဲ့လမ်းက အထီးကျန်ဆန်တယ်..."
ရေသေသည် ထိပ်တန်းကစားသမား စာရင်းတွင် ဒုတိယနေရာတွင် ရှိနေပြီး နှလုံးသားမဲ့မီးနှင့် ကွာခြားတာဆိုလို့ PK တွင်သာအနည်းငယ်ကွာနေ ခြင်း ဖြစ်သည်။ ထိုကြောင့် သူတို့နှစ်ယောက်သည် ယှဉ်တိုက်နိုင်သည်။
ဒါပေမယ့် အခုတော့ နှလုံးသားမဲ့ မီး သည် သွေးတစ်ဝက်တောင် ရှိသေးတော့ကြောင့် ဒီနေ့သူဆက် ချဖို့ အစီအစဉ် မရှိတော့ပေ။သူသည် အကူအညီမဲ့နေကာ မပျော်နေတော့ဘူး
နှလုံးသားမဲ့ မီး: "ငါထွက်ပြီ"
စက္ကန့်အနည်းငယ်အကြာတွင် နှလုံးသားမဲ့မီး သည် ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
[T/N ဒီမှာကလေ ကစားမားအချင်းချင်းစိန်ခေါ်ပြီး ချလို့ရတဲ့ သီးသန့်ကွင်းရှိပါတယ် သူတို့က အဲ့ထဲမှာ ချနေကြတာပါ။]
ရေသေ သည် အလျင်အမြန်ထကာ အဖြူရောင်ဝတ်ထားပြီး ခေါက်ယပ်တောင် ကိုင်ထားသည်မှာ ခုနက မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်ကာ လဲနေသော အလောင်းသည် သူမဟုတ်သလိုပင်။
ရေသေ: "ကြည့်စမ်း..."
ကိုးခန်းမ အရှင် မင်းမြတ် :"မင်းအနိုင်ရ!"
***
ညနက်နက်တွင် ချင်ယွီသည် သူ အနည်းငယ်အေးလာသည်ကို ခံစားလိုက်ရသဖြင့် အိပ်ရာထကာ ကုတ်အင်္ကျီတစ်ထည်ကိုယူကာ ပုခုံးတင်ခြုံလိုက်သည်။
စာရွက်တစ်ရွက်ကိုယူကာ စက်ဝိုင်းပုံဆွဲနေရင်း  စားပွဲပေါ်ရှိ လက်ချောင်းများကို ခေါက်ကာ တွေးနေလေသည်။ခဏအကြာတွင် သူ၏စမတ်လက်ပတ်ပေါ်ရှိ ကင်မရာကို ကြည့်ကာပြောလိုက်သည်။
"ဖင်းယွီဟောင်ကိုခေါ်လိုက်။"
"တင်" ဟုအသံမြည်ပြီးနောက် စတုရန်အလင်းရောင် ကန့်လန့်ကာတစ်ခု ထွက်ပေါ်လာပြီး ရင်းနှီးနေသော မျက်နှာတစ်ခုကို ပြသလာသည်။ အရင်တစ်ခါက ထုတ်လွှင့်ဖို့ ချင်ယွီ ကို ခေါ်ခဲ့တဲ့ လူငယ်လေးဖြစ်ပြီး သူ့ရဲ့ ဖောင်းကားနေတဲ့ မျက်နှာက ကွန်ပြူတာ ဖန်သားပြင်မှာ ပိုလို့တောင် ဖောင်းကားနေပုံရ၏။
ဖင်းယွီဟောင် သည် ချင်ယွီ အတွက် Fly Tour Network မှ စီစဉ်ပေးထားသော လက်ထောက်တစ်ဦးဖြစ်သည်။ သူသည် ညဇီးကွက်တစ်ကောင်ဖြစ်ပြီး နေ့နှင့်ညမှားနေကာ ပုံမှန်အားဖြင့် သူသည် ညနေငါးနာရီမှ မနက်ကိုးနာရီအထိ နိုးနေတတ်သောကြောင့် ဤဖုန်းခေါ်ဆိုမှုသည် သူ့အတွက် အချိန်မတော် ဖုန်းခေါ်သည်ဟု မဆိုနိုင်ပေ။
"အိုး အကိုကြီး အရမ်းနောက်ကျနေပြီ ဒါပေမယ့် မင်းမအိပ်သေးဘူး?  အပြစ်ရှိတယ်လို့ ခံစားနေရလို့လား?"
ဖင်းယွီဟောင် သည် ချင်ယွီ ထက် နှစ်အနည်းငယ် အသက်ကြီးသော်လည်း ဂိမ်းထဲရှိ ချင်ယွီ၏ အင်အားကြောင့် သူ့ကို လေးစားမှုပြသည့်အနေဖြင့် 'အစ်ကိုကြီး' ဟု ခေါ်သည်။
"ဒီည ပရိသတ်တွေကို ပစ်ထားခဲ့တဲ့ မင်းရဲ့လုပ်ရပ်က ငါ့ကို ပိုနစ်နာစေတယ်နော် ဆုံးရှံးမူက ဒေါ်လာ ရာဂဏန်းထက်မနည်းဘူး!"
ချင်ယွီက မျက်ခုံးပင့်လိုက်ပြီး  "PK?"
[PK နဲ့လိုက်ချိန်းခြောက်နေသူကြီး🥴]
ဖင်းယွီဟောင်ချက်ချင်း သနားကြင်နာမူကိုတောင်းခံတော့သည် : "ချင်ကော~ နောက်တာပါ!"
"ငါမင်းကိုမေးစရာရှိတယ်"
ချင်ယွီက သူနောက်ပြောင်နေတာကိုသိသည် သူလဲပြန်နောက်နေတာပင်။ သူသည် ဖင်းယွီဟောင် ကို နှစ်နှစ်ကြာ သိကျွမ်းခဲ့ပြီး တစ်ဖက်သူက  အနည်းငယ်ရှပ်ပြာနိုင်သော်လည်း သူ၏ စိတ်အားထက်သန်မှုနှင့် သစ္စာစောင့်သိမှုကိုတော့ ပြသခဲ့သည်။ သူရဲ့  ဂိမ်းကွန်ရက်ထဲရှိ အဆက်အသွယ်တွေ အရမ်းများတယ်ဆိုတာကိုတော့ ထည့်ပြောနေစရာကို မလိုပေ။
" 'Demon God' ဟိုလိုဂရပ်ဖစ် ဦးထုပ်ကံစမ်းမဲရဲ့ ကစားသမားအချက်အလက်ကို စုံစမ်းပေးနိုင်မလား?"
ဖင်းယွီဟောင် :"ဘာလို့ ဒါကို လိုချင်တာလဲ?"
ချင်ယွီ: "တစ်ယောက်ယောက်ကိုရှာဖို့"
ဖင်းယွီဟောင်: "ဘယ်လိုလူလဲ"
ချင်ယွီ :  "ငါနဲ့ ဆာဗာ အတူတူပဲ ဂိမ်း ID က နတ်သမီးလေးကျင့် ဝိညာဉ်မျိုးနွယ် လက်ရှိအဆင့်- 30 ငါနဲ့အသက်အရွယ်တူ မဟုတ်ရင် ငါထက် တစ်နှစ်ကြီးလောက်တယ် ပြီးတော့  ဟွားတက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်နိုင်တယ်"
ဖင်းယွီဟောင်: "ယောက်ျားလေးလား မိန်းကလေးလား?"
ချင်ယွီ: "ငါ မသိဘူး"
ဖင်းယွီဟောင်:  "မင်းမသိဘူးလား?"
ချင်ယွီက ခဏလောက်စဉ်းစားပြီး "ဟုတ်တယ် မသိဘူး" ဟုဖြေလာသည်။
ဖင်းယွီဟောင်သည် အချက်အလက်ကို မှတ်တမ်းတင်ထားပြီး ရေတစ်ခွက်ကို သောက်လျက် မျက်မှောင်ကြုတ်ကာ  ပြောလာသည်။
"ဒါက ဘယ်သူလဲ ဒီအဆင့်နိမ့်လေးကို မင်းကိုယ် တိုင် ရှာရလောက်အောင်လေ  တော်ရုံ လူတွေဆို  ဂိမ်းမှာ တိုက်ရိုက် တွေ့ခဲ့ ရင်တောင် မင်းနာမည် ကိုမြင်တာနဲ့ ဘာမှလုပ်ရဲကြမှာ မဟုတ်ဘူး"
ချင်ယွီ: "အဲ့ဒါ ငါ့မိန်းမ။"
"ဖူး..." ဖင်းယွီ ဟောင် သည် ကွန်ပြူတာဖန်သားပြင်ပေါ်သို့ ရေများ မှုတ်ထုတ် မိတော့သည်။
ချင်ယွီ : "ဂိမ်းထဲမှာ။"
ဘယ်လိုမှမဖြစ်နိုင်ဘူး! ဖင်းယွီဟောင် သည် ဒါက ဂိမ်းထဲမှာ မှန်း သိပေမယ့် သူသိချင်စွာမေးလိုက်သည်။
"မင်းက ဂိမ်းထဲမှာ ဇနီးရှိတာလား?"
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တွင် "နှလုံးသားမဲ့ မီး" သည် ခံစားချက်များအကြောင်းပြောရန် မကြိုက်ကြောင်း ဂိမ်းရှိလူများအားလုံး သိခဲ့ကြသော်လည်း အများစုမှာ သူ့တွင် "ဇနီး" ရှိသည်ကို မေ့သွားကြသည်။
ချင်ယွီ: "လျှောက်မပြောနဲ့တော့ မင်းရနိုင်တယ်ဆိုရင် ငါ့ကိုပြော"
ဖင်းယွီဟောင် က နှစ်ကြိမ် ချောင်းဆိုးပြီး ရှင်းပြတော့သည်။
"ဒါကို ငါ အာမမခံနိုင်ဘူး လုံခြုံရေး အချက်အလက် ဒေတာဘေ့စ်က သေချာပေါက် ကြည့်ချင်သလိုကြည့်လို့မရဘူးလေ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ပြသတာ က ဉပဒေအရတရားစွဲ လို့ရတယ်ဟ အဲ့ကြောင့်  ဂိမ်းရဲ့ တာဝန်ရှိသူတွေက သတိထားကြတယ်  ပြီးတော့ အဲဒီ 'Demon God' ထီ ပါဝင်သူတွေက သောင်းဂဏန်းထက် မနည်းဘူးလေ
အဲဒီ့လူကိုရှာဖို့ ဆို  ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကို ရှာနေသလိုပဲ ဖြစ်နေမှာ ဒါပေမယ့် ငါ့မှာ နည်းလမ်းတစ်ခု ရှိပါသေးတယ် အတွင်းလူကို ငါသိတယ် ဒီID နဲ့ ကစားသမား ထီပေါက်အောင်လို့ ဒေတာကို ကစားလို့ရတယ်
ဂိမ်းကုမ္ပဏီက ကံစမ်းမဲပေါက်တဲ့ သူရဲ့  တယ်လီဖုန်းနဲ့ လိပ်စာအချက်အလက်တွေကို ယူထားပြီး အနိုင်ရရှိသူစာရင်းကို ထုတ်ပြန်မှာပဲလေ အဲ့ကျ ငါတို့ရှာလို့ရပြီ။ "
ချင်ယွီ:  "ဉီးထုပ် ထီရလဒ်ကို စောင့်ရမှာက ... တစ်လအတွင်း မလား?"
ဖင်းယွီဟောင် : "အနည်းဆုံး တစ်လ!"
ချင်ယွီ ခေတ္တရပ်ကာ  မျက်လုံးများကို မှိတ်ထားကာ ပြောလိုက်သည်။ "ကောင်းပြီ"
သူစောင့်ခဲ့တာ ရှစ်နှစ်ရှိပြီ နောက်ထပ်တစ်လစောင့်ရတာက ဘာမှမဟုတ်ဘူး
ချင်ယွီ ၏ လေးနက်သောလေသံကို ခံစားလိုက်ရသဖြင့် ဖင်းယွီးဟောင် သည် က အတင်းအဖျင်းပြောချင်သည့် ပုံသို့ ပြောင်းသွားသည်။
"သူမက မင်းဆီက ပိုက်ဆံကို လိမ်ခဲ့တာလား?ဒါမှမဟုတ် သူမ မင်းကို လုယက်ခဲ့တာလား? ...သူမရဲ့ အချက်အလက်အစစ်အမှန်ကို ရှာတွေ့ဖို့ အရမ်းအလျင်လိုရင် ရဲကိုတိုင်လိုက်လေ အာ!"
ချင်ယွီ: "ပေါက်ကရ လျှောက်မပြောနဲ့"
ဖင်းယွီဟောင်: "သူ ကံစမ်းမဲထဲမှာ ပါဝင်ထားတာ သေချာလား?"
ချင်ယွီ : "သေချာတယ်  ဒီည သူ အွန်လိုင်းမှာ ရှိနေတုန်းက ငါမေးလိုက်တာ  သူကံစမ်းထားတယ်လို့ ပြောတယ်"
ဖင်းယွီဟောင်: "ငါလုပ်ပေးမယ် ဒါနဲ့ မင်းမိန်းမကြောင့် ဒီည ထုတ်လွှင့်တာကို ဖျက်လိုက်တာလို့တော့ မပြောနဲ့နော်?"
ချင်ယွီ: "ဟုတ်တယ်။"
ဖင်းယွီဟောင်သည်  ကုလားထိုင်ပေါ်မှပြုတ်ကျလုနီးပါးဖြစ်ပြီး သူ၏ အတင်းအဖျင်းအင်တင်နာသည် လျင်မြန်စွာ လှည့်ပတ်လာသည်။
ဘုရားရေ သူက ချင်ယွီကို ဘယ်တုန်းက မှ "နှလုံးသားမဲ့" နေတယ်လို့မ ထင်ခဲ့ဘူး ဒါပေမယ့် သူက"အရူးအမူး" ဖြစ်နေတာပဲ အာ... ပြီးတော့ အဲဒီလူက ဟွားတက္ကသိုလ်မှာရှိနေတာလား? အဲ့ဒါက ချင်ကောရဲ့ကျောင်းမဟုတ်ဘူးလား?
သို့သော် သူသည် ယောက်ျားလေး ဟုတ်မဟုတ် မသိသောကြောင့် ဖင်းယွီဟောင်အနည်းငယ် စိတ်ပူသွားသည်။ တကယ်လို့ ထိုသူသာယောက်ျားလေးဖြစ်နေခဲ့ရင်ရော ချင်ကော ဘယ်လိုဖြစ်သွားမလဲ?
ချင်ယွီ: "အိုကေ ငါအိပ်တော့မယ် ဦးထုပ်ကိစ္စကတော့ ကုန်ကျစရိတ်ကို ငါ့ဆီ တိုက်ရိုက်ပို့ပေးလိုက်"
ဖင်းယွီဟောင် : "ဟေ့ စောင့်ပါဉီး နောက်တစ်ကြိမ်တွေ့ရင် ကျေးဇူးပြုပြီး မှတ်ထားနော်..."
စကားပြောလို့ မပြီးခင်မှာတင် အဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်သည်။
Zawgyi
010: အိပ်မပျော်သောည
"ဒါဆို ပြီးတော့ရော?"
ဟဲကျင့် : "...."
ဟဲကျင့်: "..."
***
ထိုလူ၏ကွန်ပြူတာစခရင်တွင် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်။
နှလုံးသားမဲ့ မီး : "..."
ရေသေ : "..."
ရေသေ: "ဘာဖြစ်တာလဲ"
နှလုံးသားမဲ့ မီး : "..."
သူသည် ကိုးခန်းမ သို့ သီးသန့်မက်ဆေ့ခ်ျတစ်ခု ပေးပို့ခဲ့သည်
"မင်းတွေ့လား..."
ရေသေ: "ကြည့်စမ်း..."
***
ချင်ယွီ: "ငါ မသိဘူး"
ချင်ယွီ : "ဂိမ်းထဲမှာ။"
ချင်ယွီ: "ဟုတ်တယ်။"
Seguir leyendo
También te gustarán
1.4M 34.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
44.5K 1.3K 24
Gensokyo, a land that's home to anything that has been lost to time and forgotten. In this strange world called Gensokyo lives vampire who has lived...
10.5K 1.9K 17
Title: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)
24.6K 3.3K 11
Title - The embarrassing days of accidentally wearing the same clothes as the campus prince (和校草撞衫的日子) Author - 迟小爷 (Master Chi) Status in COO - 10...