မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

Por XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Más

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

009: ထွက်ပြေးရန်

1.2K 222 15
Por XiaoManTou96

Unicode

ဟဲကျင့်သည် အချိန်အတော်ကြာ မကစားခဲ့သော ကြောင့် သူသည် အနည်းငယ် တော့ စိတ်လှုပ်ရှားနေလေသည်။
သူ စီးတော် သားရဲစီမှ ဆင်းတော့မည့် အချိန်မှာပင် မီး က ခန လေး ဟု ဆို ကာ တားလာလေသည်။

နတ်သမိးလေးကျင့်: "အာ?"

နှလုံးသားမဲ့ မီး : "မင်း အဆင့် တက်နေတယ်။"

ဟဲကျင့် ကြည့်လိုက်တော့ အမှန်ပင် သူက အဆင့် 30 ရောက်ဖို့ Exp အမှတ် 500,600 လောက်ပဲ ကွာတော့တာ သိလိုက်ရလေသည်။

အဆင့် 30 ရဲ့ အဆင့်နာမည်က ဘာလဲ? San Xian?

နှလုံးသားမဲ့မီး :" 'Demon God' ကို ပြန်လည်ပြင်ဆင်ပြီးနောက်မှာ အဆင့် 30 ရှိ ဝိညာဉ်မျိုးနွယ်တွေက ရွေးလို့ရတဲ့လမ်း နှစ်ခုရှိတယ် ငါတို့ နောက်ထပ် တာဝန် အနည်းငယ် လုပ်ပြီးရင် မင်းရဲ့ လိုနေတဲ့ Exp အမှတ်ပြည့်သွားလိမ့်မယ် အဲ့ကျရင် ဒုတိယအသစ် ထည့်သွင်းထားတဲ့ လမ်း ကို ရွေးဖို့ မမေ့နဲ့နော်"

[T/N သူဂျင်းထည့်နေပြီ🤧]

"ကျွမ်းကျင်သူ" က အဆိုပြုတာကြောင့်ဟဲကျင့် သည် သူ့အား သံသယမရှိခဲ့သည့်အပြင် တစ်ဖက်လူကို အပြစ်ရှိစိတ်လေးကလဲ ရှိနေတာကြောင့် "ကောင်းပြီ" ဟုပြန်ဖြေခဲ့သည်။ ထို့နောက် ချဲ့ချောင်တံတား သို့ ပြေးကြတော့သည်။

ချဲ့ချောင်တံတား က အရမ်းရှည်လေသည်။ ဟဲကျင့် သည် Vega ၏ရှေ့တွင်ရပ်နေချိန်တွင် မီး သည် Cowboy ရှေ့တွင်ရပ်နေခဲ့သည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် အသံကြားနိုင်သည့်အကွာအဝေးကို ကျော်လွန်သွားသောကြောင့် စကားပြောနေသော်လည်း အချင်းချင်းကြားနိုင်မည်မဟုတ်ပေ။

ဟဲကျင့် သည် Vega ၏ အချက်ပြ စာသား ဘောက်စ်ပေါ်တွင် ညာဖက်ကလစ်နှိပ်လိုက်သည်။

〖စုံတွဲတွေရဲ့ နှလုံးသားထဲက မေးခွန်းဆယ်ခု- တာဝန်စလုပ်ရန် "စတင်သည်"ကိုနှိပ်ပါ။〗

〖သင်ရဲ့ခင်ပွန်း "နှလုံးသားမဲ့ မီး" အဆင်သင့်ဖြစ်ပါပြီ မေးခွန်းစတင်ပါပြီ〗

မေးခွန်း 1 : နှလုံးသားမဲ့ မီး ကို ဘယ်မှာ ပထမဆုံးတွေ့တာပါလဲ။

A, တောင်တန်းပေါ်မှာ B, လူသစ်ရွာမှာ C,လူသစ်ရွာရဲ့ တောင်ကမ်းပါးနားမှာ  D,အခြား (ကျေးဇူးပြု၍ ဤနေရာတွင် ဖြည့်ပါ ____)

စတင်ရေတွက်နေပါပြီ - ၁၀၊ ၉၊ ၈၊...

ဤမေးခွန်းသည် အလွန်ရိုးရှင်လေသည်။ ဟဲကျင့် သည် C ကို နှိပ်လိုက်သည်နှင့် မကြာမီ ဂုဏ်ပြုခေါင်းလောင်းသံ ကြားလိုက်ရပြီး သူတို့၏ အဖြေများ မှာ အတူတူ ဖြစ်ကြောင်း ဖော်ပြလာခဲ့သည်။ နတ်သမီးလေးကျင့် Exp အမှတ် 100 ရရှိခဲ့သည်။

မေးခွန်း 2 : သင် ရဲ့ အကြိုက်ဆုံး ဟင်း ကဘာလဲ?

A, အသင့်စား စားစရာ B, အမဲ ချိုချဉ်ကြော် C, နံရိုး ချိုချဉ်; D,အခြား (ကျေးဇူးပြု၍ ဤနေရာတွင် ဖြည့်ပါ ____)

အိုး မထင်မှတ်ပဲ ရွေးချယ်စရာ က သူ့အကြိုက်ဆုံး ဟင်းစာရင်းဖြစ်နေတယ်! ဟဲကျင့် က C ကို ရွေးလိုက်ပြီးတဲ့နောက် ဂုဏ်ပြုခေါင်းလောင်းသံကို ထပ်ကြားလိုက်ရသည်။နှလုံးသား မဲ့ မီး လည်း မှန်တယ်!

မေးခွန်း 3 : သင့်ရဲ့ အကြိုက်ဆုံးသီချင်းကဘာလဲ?

A,မင်းက ဆယ်ကျော်သက်ဖြစ်ဖူးတယ်။B, မပြည့်စုံသောကလေး C, မင်းတစ်ယောက်တည်းနေတဲ့အချိန်မှာ မင်းဘယ်သူ့ကိုစဉ်းစားမလဲ D,အခြား (ကျေးဇူးပြု၍ ဤနေရာတွင် ဖြည့်ပါ ____)

ဟဲကျင့် တွေးလိုက်မိသည်...
သူ့အကြောင်းတွေကို System က ဘာကြောင့် မေးနေရတာလဲ။ ရွေးချယ်မှုအားလုံးသည် သီချင်းဟောင်းများဖြစ်သည်။ ယခုတွင် လူကြိုက်များသောသီချင်းများ ရှိသော်လည်း ပိုမိုတိကျစေရန်အတွက် ဟဲကျင့် သည် ပထမရွေးချယ်မှုသုံးမျိုးထဲမှ တစ်ခုကို ရွေးချယ်ခဲ့သည်။

System〗 : အဖြေများကို တူညီစွာ ဖြေခဲ့ပါသည်! သင်သည် Exp အမှတ် 300 ကို ရရှိခဲ့သည်။

မကြာမီ ဖန်သားပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

System〗 : လေးစားရပါသော "နတ်သမီးလေးကျင့် " ဂုဏ်ယူပါတယ် မင်း အဆင့် 30 ကို တက်သွားပါပြီ။

တက်သွားပြီ ငါ အဆင့်တက်သွားပြီ ! !

မီး အရင်ကပြောခဲ့သလို System ထဲက ရွေးချယ်မှုပုံးတစ်ခု ထွက်ပေါ်လာလေသည်။ ဘယ်ဘက်တွင် လူသားသင်္ကေတတစ်ခု ရှိပြီး ညာဘက်တွင် သားရဲသင်္ကေတပါရှိသည်။
ဟဲကျင့်  သည် ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။

များမကြာမီတွင် သူ၏ အိမ်မွေးတိရစ္ဆာန် ကျင့်ကြံရေး စတင်ခြင်းအတွက် ဂုဏ်ပြုသည့် မက်ဆေ့ချ်တစ်ခုနှင့်အတူ သူ၏ဖန်သားပြင်သည် တောက်ပလာသည်။

နောက်မေးခွန်းတစ်ခုက မကြာခင်မှာပဲ စတင်လာသည့် အတွက်ကြောင့် အဲဒါကို သေသေချာချာကြည့်ဖို့ အချိန်မရှိလိုက်ပေ။

[T/N ဂျင်း မိသွားပါပြီ ဟီးဟီး]

မေးခွန်း 4: သင် ရဲ့အခြားတစ်ဝက်သည် သင့် ကိုချစ်တဲ့အချစ်ကို ဘယ်လိုပြသတယ်လို့ သင်ထင်ပါသလဲ?

A, သင်နှင့်အတူကစားပြီး B, သင် အဆင့်တက်ဖို့ကို ကူညီပေးပြီး  C, လက်ဆောင်ပေးပြီး D, ရှုခင်းကြည့်ဖို့ အတူလိုက်ပေးပြီး

အတူတူကစားပေးပြီး?

System〗 : အဖြေများကို တူညီစွာ ဖြေခဲ့ပါသည်! သင်သည် Exp အမှတ် 400 ကို ရရှိခဲ့သည်။

Exp အမှတ် ပိုရလာတဲ့အတွက် ဟဲကျင့်သည် အရမ်းပျော်သွားလေသည်။

မီး နဲ့ သူရဲ့ လိုက်ဖက်မှုက အတော်လေး မြင့်မားနေပုံပဲ...!!!

မေးခွန်း5 :  သင် ရဲ့အခြားတစ်ဝက်ဆီက ဘယ်လက်ဆောင်ကို အလိုချင်ဆုံးလဲ?

A, အဆင်တန်ဆာ; B, ရွှေ; C, နှင်းဆီ; D,အခြား (

ရိုးရိုးသားသားပြောရလျှင် သူသည် မည်သည့်လက်ဆောင်ကိုမျှ မလိုချင်သောကြောင့် ထိုရွေးချယ်ခွင့်သုံးခုက သူ့အတွက် ဆွဲဆောင်မှုမလုံလောက်ခဲ့ပေ။
သူရွေးရမယ်ဆိုရင်... ဟဲကျင့် သည်  နှလုံးသား မဲ့ မီး ရဲ့ သားရဲ က တော်တော်မိုက်တယ်လို့ ခံစားရလေသည်။

ထိုအတွေးသည် ခေတ္တမျှသာ သူ့စိတ်ကို ဖြတ်ကျော်သွားကာ သူမည်သို့သော အတွေး တွေးလဲဆိုတာ မည်သူသိမည်နည်း သို့သော် He Jin သည် အမှန်တကယ်ပင် D other ကိုရွေးကာ "သနားဖွယ် မီးလျှံ" ဟု ဖြည့်ခဲ့လေသည်။

သူခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် တော့ အချိန်ရေတွက်ခြင်း စတာနဲ့ တင်သွင်းမှုရွေးချယ်ခွင့်ကို နှိပ်လိုက်တော့သည်။

အဲဒါကိုလုပ်ပြီးနောက် သူ့လုပ်ရပ်က နည်းနည်းတော့ခန့်မှန်းရခက်နိုင်တယ်လို့  ရုတ်တရက် သဘောပေါက်လိုက်သောအခါ ဒီတစ်ခါ မီး ရဲ့ အဖြေက သူ့နဲ့ မတူဘူးနိုင်ဘူးဆိုတာ သေချာ သလောက်ပင်။

မမျှော်လင့်ဘဲ System အဖြေများကို တူညီစွာ ဖြေခဲ့ပါသည်! ဟု ကြေညာလာလေသည်။

ဟဲကျင့် အံ့အားသင့်သွားခဲ့သည်။

သူသည် မီး လည်း "သနားဖွယ် မီးလျှံ" ဟု သူ့အဖြေကို ရေးမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

အာ လိုက်ဖက်ညီမှုအဆင့်က လုံးဝကို အံ့ဩဖို့ကောင်းတာပဲ!!!

သူ ထိတ်လန့်နေတုန်းမှာ ပင် နောက်မေးခွန်းတစ်ခု ထွက်လာလေသည်။

မေးခွန်း 6: "နှလုံးသားမဲ့ မီး" ရဲ့ အကြိုက်ဆုံးအရောင်က ဘာပါလဲ?

A, အနက် B, အပြာ C,အနီရောင် D, အခြား (ကျေးဇူးပြု၍ ဤနေရာတွင် ____ ဖြည့်ပါ)

ဟဲကျင့်သည်  ဤမေးခွန်းကိုမြင်သောအခါ ခဏတာ အံ့သြသွားသည်။
နောက်ဆုံးတော့ မီး အကြောင်း တစ်ခုခုမေးလာ ပြီပဲ!

ဒါပေမယ့်...သူအကြိုက်ဆုံးအရောင်ကဘာလဲ?(=_=)

ဟဲကျင့် သည် မီး ရဲ့ တောင်ပံများနှင့် သားရဲ ကို မှတ်မိသွားသည်။နှစ်ခုလုံးက မီးလျှံတွေနဲ့ ဝန်းရံထားလေသည်။

သူ့အဝတ်အစားတွေလဲ အတူတူပဲ မီးပုံစံလေးတွေပါနေတာ ဒီတော့ အဖြေက အနီရောင်လား?

ဒါပေမယ့်လည်း သူက အနက်ရောင် အကျီကို ၀တ်ထားသေးတယ်ရော  အဆုံးသတ်လိုက်ရင်  A သို့မဟုတ် C လား? C ဖြစ်ကောင်းဖြစ်နိုင်တယ် ဟုတ်တယ်မလား?

System〗 : အဖြေမှားပါသည်။  "နှလုံးသားမဲ့ မီး" ရဲ့ အကြိုက်ဆုံးအရောင် - B,အပြာ

ဖန်သားပြင်ပေါ်တွင် အပြာဝတ် ဇာတ်ကောင်လေး သည် သွေးများထွက်နေပြီး သူမ၏သွေးများ သည် ငါးပုံ တစ်ပုံ ကျဆင်းသွားသည်။

ဟဲကျင့် : "...."

မေးခွန်း 7 :  အောက်ပါဖော်ပြချက်များအနက်မှ မည်သည့် အချက်သည် နှလုံးသားမဲ့ မီး ဇာတ်ကောင်နှင့် အကိုက်ညီဆုံးဖြစ်သည် ဟု သင် ထင်မြင်ပါသနည်း?

A, ရင့်ကျက်တည်ငြိမ်သူ; B, အပြစ်ကင်းပြီး စိတ်အားထက်သန်သူ C, ရိုးရှင်းပြီးတော့ ရိုးသားသူ D,ဝမ်းတွင်းမည်း သူ

ဟဲကျင့် : မီး အပြစ်ကင်းပြီး စိတ်အားထက်သန်သူ?

System〗 : အဖြေမှားပါသည်။ "နှလုံးသားမဲ့ မီး" က သူနဲ့ အကိုက်ညီဆုံးက  D,ဝမ်းတွင်းမည်း သူ ဟု ယူဆပါသည်။

[ T/N : ဝမ်းတွင်းမည်း= အလွန်အလွန် ဆိုးသွမ်းပြီး အနိုင်ကျင့်တတ်သူ]

ဟဲကျင့် : " အဲ့ဒါက အမှန်လား အမှားလား!" (=_=)

အပြာဝတ် ဇာတ်ကောင်လေး သည် တစ်ဖန် သွေးထွက်တော့သည်။
သူမ၏ သွေးသည် နောက်ထပ် ငါးပုံ တစ်ပုံ ကျဆင်းသွားသည်။

မေးခွန်း8:  "နှလုံးသားမဲ့ မီး" က သူ့ကို ဘယ်လိုခေါ်စေချင်ဆုံးလဲ?

A, မီး; B, နတ်ဘုရား; C, ယောကျ်ား; D,အခြား (ကျေးဇူးပြု၍ ဤနေရာတွင် ဖြည့်ပါ ____)

တတိယရွေးချယ်မှုကို ကြည့်လိုက်တော့ ဟဲကျင့် ၏ မျက်နှာပူလာပြီး A ကို အမြန်ရွေးချယ်လိုက်သည်။

သေချာသလောက်ပင်  Systemက "အဖြေမှားပါသည်! နှလုံးသားမဲ့ မီး ကသူ့ကို C ,ယောကျ်ား ဟု ခေါ်စေချင်ပါသည်။" ဟု ပြလာတော့သည်။

ဟဲကျင့်: "...."

မေးခွန်း 9  သင်နှင့် နှလုံးသားမဲ့ မီးသည် စုံတွဲ ဆက်ဆံရေးကို လက်တွေ့တွင် ဖော်ဆောင်မလား?

A, ဖော်ဆောင်မည် B , မဆောင်ပါ ; C ကြည့်ပြီးမှပြော D, အပြင်မှာလဲ တကယ့်စုံတွဲပါ

ဟဲကျင့် : ကျစ် ငါတို့ က သေချာပေါက် ဖော်ဆောင်မှာမဟုတ်ဘူး...

System〗 : အဖြေမှားပါသည်! "နှလုံးသားမဲ့ မီး" ၏ရွေးချယ်မှုမှာ A, ဖော်ဆောင်မည် ဖြစ်သည်။

ဟဲ့ကျင့် : "..."

ငါ့သွေးရဲ့ ငါးပုံတစ်ပုံပဲ ကျန်တော့တယ်! အာ နောက်ဆုံးမေးခွန်းကတော့ လုံးဝမှားလို့မဖြစ်ဘူး
မေးခွန်းက  ဘယ်လိုပဲဖြစ်ဖြစ် မီးရဲ့အဖြေနဲ့ အတူတူပဲ ရွေးမှဖြစ်မယ်!

မေးခွန်း 10 : သင့်ထံမှရရှိရန် "နှလုံးသားမဲ့ မီး" အမျှော်လင့်ဆုံး လက်ဆောင်က ဘာပါလဲ?

A, သနားဖွယ် မီးလျှံ; B, ရွှေဒင်္ဂါးပြား; C, နှင်းဆီ; D၊ အခြား (ကျေးဇူးပြုပြီး ဤနေရာတွင် ဖြည့်ပါ ____)

ဟမ့် ငါအရင်ဖြေခဲ့တဲ့ တတိယမေးခွန်းနဲ့ အတူတူပဲမဟုတ်ဘူးလား! ဒီမေးခွန်းတွေအားလုံးရဲ့ အဖြေတွေကို သူတို့ ဘယ်လိုသိကြတာလဲ!

ဒီစနစ်မှာ မှတ်ဉာဏ် တွေကို သယ်လာတဲ့ လုပ်ဆောင်ချက်များ ပါနေတာလား?

ဘယ်ဟာ ကိုရွေးရမလဲ ...

မီးသည် ရွှေကြွယ်ဝမှုစာရင်းတွင် ပထမအဆင့်ရှိသောကြောင့် သူ ငွေမလိုလောက်​ဘူး
နှင်းဆီကျတော့လဲ  မီး က  မိန်းမ မှ မဟုတ်တာ အဲ့ဒါကြောင့် သူကြိုက်မှာ မဟုတ်ဘူး ဒါဆို တခြား ရွေးချယ်စရာ?ဒါ​ပေမယ့်​ဘာဖြည့်​ရမှန်းမသိဘူးလို့!

ဒါမှမဟုတ် A ရွေးရမလား?

"စိတ်၏တိုက်ဆိုင်မူ" ဥပဒေအရ မီး က တူညီတဲ့ အဖြေ A ကိုရွေးနိုင်တာပဲလေ... ဒါပေမယ့် မီး မှာက သနားဖွယ် မီးလျှံ ရှိပြီးသားလေ  အာ!

ရေတွက်ခြင်း ၄၊ ၃၊ ၂၊ ...

အချိန်ပြည့်လေပြီ ဟဲကျင့် သည် ထပ်တွေးနေဖို့ အချိန် မရှိတော့ပေ။ ထို့ကြောင့်  ဟဲကျင့် သည် ကြုံရာကျပန်း A ကို ရွေးလိုက်တော့လေသည်။

System〗 : အဖြေမှားပါသည်! "နှလုံးသားမဲ့ မီး" ၏ရွေးချယ်မှုမှာ D,အခြား (သင်ကိုယ်တိုင်) ဖြစ်ပါသည်။

System〗 : သင်သေသွားပါပြီ မစ်ရှင်ကျရှုံးပါသည်။

System〗 : ဒီတာဝန်မှာ သင်ရဲ့အဖြေမှန်က 5 ခု မှားဖြေသည်မှာ 5 ခု လိုက်ဖက်ညီ မူ အဆင့် 0 တိုးလာပါသည်။

ဟဲကျင့်: "..."

ထို့နောက် အပြာ ဝတ်ဇာတ်ကောင်လေး သည် သွေးထွက်လွန်ပြီး မြေပြင်ပေါ်တွင် ကူကယ်ရာမဲ့ ကာ သူမ၏ နဂိုပုံစံသို့ ပြောင်းလဲသွားသည်။

ဖန်သားပြင်သည် မီးခိုးရောင်ဖြစ်လာကာ "ချဲ့ချောင်"တံတား ကျိုးကျကာ ရေကန်ထဲသို့ အပျက်အစီးများ ပြုတ်ကျသွားပြီး ရေမျက်နှာပြင်ပေါ်တွင် လှိုင်းများထသွားတော့သည်...

ဟဲကျင့် ၏ဖန်သားပြင်၏ဘယ်ဘက်အပေါ်ထောင့်တွင် သူတို့ ၏ လှုပ်ရှားမူကို တားမြစ်သော အချိန်  15 မိနစ်ကို ရေတွက် နေသည့် သင်္ကေတကိုပြသထားသည်။

ထို့ကြောင့် ဟဲကျင့် ၏ဇာတ်ကောင်သည် "ချွိုင်ဖုန်" ကျွန်းတွင် ပိတ်မိနေခဲ့ပြီး နောက် 15 မိနစ်ကြာအောင် မလှုပ်ရှားနိုင်တော့ပေ။

ဒီအချိန်အတွင်းမှာ ဘာမှ မကြားရတော့ဘဲ ရေကန်ရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ နှလုံးသားမဲ့ မီး ရဲ့ ဇာတ်ကောင်ကို မြင်လိုက်ရလေသည်။

သူသည် ဟဲကျင့် ရှိရာဖက်သို့ မျက်နှာမူကာ  သူကဲ့သို့ပင် ရပ်နေပုံရသည်။

မေးခွန်းဆယ်ခုနှင့် အဖြေဆယ်ခုအားလုံးသည် ၎င်းတို့နှင့်ပတ်သက်သည်။ မီး က သူ့အကြောင်း မေးသမျှကို မှန်ကန်စွာဖြေနိုင်ခဲ့သည်။

သူဘာစားချင်လဲဘယ်သီချင်းကို နားထောင်ချင်လဲ... သူသာ အဲဒါတွေမှန်တယ်ဆိုရင် ဟဲကျင့် က ကံကောင်းသွာတယ်လို့ပဲ သတ်မှတ်လို့ရလေသည်။

ဒါပေမယ့် သူလိုချင်တဲ့ 'လက်ဆောင်' နဲ့ပတ်သက်တဲ့ ဒီမေးခွန်းက... "ကံ" ကြောင့်လို့ဆိုပြီး ရှင်းပြဖို့ နည်းလမ်းမရှိနေဘူး!

သူခန့်မှန်းနိုင်သည်မှာ အရင်က သူတို့ ဒီတာဝန်ကို ပြီးခဲ့တာဖြစ်ပြီးတော့ စနစ်က သူတို့ရဲ့အဖြေတွေကို မှတ်မိကာ မီး လည်း မှတ်မိနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဟူ၍ပင်။

အရမ်း အံ့အားသင့်စရာတော့မဟုတ်ပေ။

အဲ့ဒါတွေ အပြင်  မီး သည် ဟဲကျင့် နှင့်ပတ်သက်သည့် ရိုးရှင်းသောအချက်များဖြစ်သည့် အတန်းတွင်ပထမနေရာရရှိခဲ့ခြင်း  သို့မဟုတ် ဟွားတက္ကသိုလ် သို့သွားလိုသည့်အကြောင်းတို့ကိုလည်း မှတ်မိနေသေးသည်။ မီး သည် ရှစ်နှစ်ကြာပြီးနောက်တွင်ပင် အဆိုပါအသေးစိတ်အချက်အလက်များကို မှတ်မိနေခဲ့သည်။

တစ်ဖက်တွင်မူ  မီး နှင့်ပတ်သက်သည့် မေးခွန်းများကို ဟဲကျင့် က တစ်ခုတောင်ပင် မှန်ကန်စွာ မဖြေနိုင်ခဲ့ပေ...

သူ့နှလုံးသားထဲတွင်  ခံစားချက်တွေ ရောထွေးလို့နေလေသည်။

ဒါကို သူတွေးနေချိန်တွင် သူ့သူငယ်ချင်းမက်ဆေ့ချ် ဘောက်မှ က မီး က မက်ဆေ့ခ်ျတစ်ခု ပို့လာလေသည်။

ဟဲကျင့်က မဖွင့်ကြည့်ခင် ခဏတုံ့ဆိုင်းနေခဲ့သည်။

နှလုံးသားမဲ့ မီး:  "အားကျင့် ငါ ၈ နှစ်လုံးလုံး မင်း အွန်လိုင်းဖြစ်မှာကို အမြဲစောင့်နေခဲ့တာပါ။"

[T/N ချင်ယွီရယ် ☹️☹️]

ဟဲကျင့်: "....."

အခြားဝန်ခံခြင်း သို့မဟုတ် ရှင်းပြချက်မရှိပေ။

ထိုသည်မှာရိုးရှင်းသောဝါကျလေးတစ်ကြောင်းပင် ငါမင်းအွန်လိုင်းတက်မှာကိုစောင့်နေမယ်။

သို့သော်  ထိုရိုးရှင်းတဲ့စာကြောင်းသည် ဟဲကျင့်  ရဲ့တစ်ကိုယ်လုံးကို ဓာတ်လိုက်ခံရသလိုမျိုး တုန်လှုပ်ခြောက်ခြားသွားစေသလို ကီးဘုတ်ပေါ်မှာရှိတဲ့ သူ့လက်ချောင်းထိပ်လေးတွေလဲ တုန်ရီနေခဲ့လေသည်။

ဒါဆိုရင် ဒါကတကယ်ပေါ့ ဒီအချိန်တိုင်း မီး က သူ့ကို တကယ်စောင့်နေခဲ့တာ ပြီးတော့ သူနဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေးကိုလည်း ထူထောင်ချင်ခဲ့တယ်!

'ဒါပေမယ့် ငါက ယောက်ျားလေးလေ' ငါတို့က ဂိမ်းပဲဆော့တာလေ  မင်းကဘာအရမ်းလေးနက်လွန်းနေရတာလဲ အာ?

ရှစ်နှစ်ကြာအောင် စောင့်မျှော်နေခဲ့တဲ့ ဒီလူရဲ့ရှေ့မှာ ထူးဆန်းပြီး ချစ်ရည်ရွှန်းလဲ့နေတဲ့ ဒီလူရဲ့ရှေ့မှာ... ဟဲကျင့် ရဲ့လည်ချောင်းသည်  မမြင်ရတဲ့လက်တစ်စုံက ညှစ်နေသလို ခံစားနေရသည်မှာ အသံပင်မထွက်နိုင်ပေ။

ထိုသူက ဟာသလုပ်ဖို့ ကြိုးစားနေတယ်လို့ မထင်မိတော့သလို သူ့ဦးနှောက်ကို ပျက်နေတယ် လို့ မတော်တဆ စော်ကားတာမျိုးလည်း မဖြစ်စေချင်ပေ။

ဒါပေမယ့် ဒါတွေအားလုံးထက် သူ မလုပ်ချင်ဆုံးအရာက သူတို့ပြန်ဆုံတဲ့အခိုက်အတန့်မှာ ရေအေးနဲ့လောင်းတာ မျိုးလဲမလုပ်ချင်ပေ။

အဲ့ဒါကြောင့် ဘယ်လိုလုပ်ရမလဲလို့!

ဟဲကျင့်သည် တိတ်တဆိတ်သာနေလိုက်ပြီး မီး သည် လည်း သူ့ဆီ စာမပို့တော့ပေ။ ဟဲကျင့် သည် သူ့ဖန်သားပြင်ပေါ်ရှိ သော့ခတ်ထားသော လှုပ်ရှားမှုကို ကြည့် နေရင်း အေးစက်နေသော ချွေးတစ်စက် ပါ  စီးကျလာတော့သည်။

ဆယ့်ငါးမိနစ်က မကြာမီ ကုန်ဆုံးသွားကာ "ချဲ့ချောင်"  တံတားသည်လည်း ပြန်ပေါ်လာလေသည်။

ရေကန်ရဲ့ တစ်ဖက်ခြမ်းကနေ မီး က ပျံ လာလေသည်။

ဟုတ်ပါသည်။ သူသည် တံတားပေါ်မှ  မလျှောက်ဘဲ သူ အတောင်ပံတွေကို ထုတ်ကာ ပျံသန်းလာနေခြင်းပင်...

သူ့ရဲ့ မှော်အတောင်ပံတွေက ခရမ်းရောင် တောက်နေပြီး မီးတောက် တချို့ က လှည့်ပတ်နေကာ သူ့လှုပ်ရှားမူ အတိုင်း သူ့နောက်ကလိုက်ပါနေလေသည်။

ထိုသူ သည် ဟဲကျင့် ၏မှတ်ဉာဏ်ထဲမှ နောက်လိုက်ငယ်လေး မီးမဟုတ်တော့ ပဲ ပထမအဆင့် Demon God ကစားသမားဖြစ်လေသည်။

ဖန်သားပြင်ကို ကြည့်နေရင်း နှလုံးသားမဲ့ မီး ရဲ့  အသွင်က ပိုနီးကပ်လာလေလေ  ဟဲကျင့် ရဲ့ လက်တွေ တုန်လာလေလေ ပင်။

သူအရမ်းကို ကြောက်ရွံ့ထိတ်လန့်နေသလို ပင် ခံစားနေရေသာ ကြောင့် သူ ဂိမ်းက ထွက်လိုက်တော့သည်။

ထို့နောက်တွင်တော့ အော့ဖ်လိုင်း ဖြစ်သွားတော့၏။

[T/N ဒီအပိုင်းမှာ ကိုယ် ဟဲကျင့်ကို ပိစိလေးစိတ်ဆိုးပါတယ်! ကလေးက အကုန်မှတ်မိပြီး သူကဘာမှလဲမှတ်မိဘူး☹️]

***

Spirit Fairy-အတိတ် ※ (၇)

အိမ်ထောင်ကျပြီးနောက်တွင် ဟဲကျင့်သည် သည် သူ့ အနားရှိ မီး သည် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။

"ဒီနေ့ဘာလို့ဒီလောက်ငြိမ်နေတာလဲ?မင်းမှာ အရင်တုန်းကဆို ပြောစရာတွေ မကုန်နိုင်မခမ်းနိုင် အမြဲရှိနေပြီးတော့"

ချင်ယွီ: "အမ်... ဟုတ်လား?"

ဟဲကျင့်: "မဟုတ်လို့လား?"

ချင်ယွီ: "..."

မည်သို့ပင်ဆိုစေ ဟဲကျင့် က သူ့ကို ခင်ပွန်းနဲ့ ဇနီး တာဝန်လုပ်ရန်ဆွဲခေါ်ခဲ့လေသည်။

သူတို့သည် ဂိမ်းကို လူလည်ကျပြီးဆော့ရန် အတွက်ပြင်ပဆော့ဖ်ဝဲလ်တစ်ခုဖြင့် စကားပြော ကြမည် ဖြစ်သောကြောင့် ဂိမ်းထဲကအသံလုပ်ဆောင်ချက် ပိတ်ထားလဲ ကိစ္စ မရှိပေ။

ဤမေးခွန်းနှင့် အဖြေဂိမ်းကို ပထမဆုံးအကြိမ် ပြုလုပ်ရခြင်းမှာ ဟဲကျင့် အတွက် အလွန် အသစ်အဆန်းဖြစ်ပြီး လန်းဆန်းနေဆဲဖြစ်သည်။

သေချာတာပေါ့ သူတို့ "လှည့်စားခြင်း" ကိရိယာကိုဖွင့်သောကြောင့် ဆိုးရွားစွာဖြေမိ မည်ကို မကြောက်ပေ။

၎င်းတို့၏ အစီအစဉ်မှာ ရိုးရှင်းသည်။

တာဝန် ကို စတင်ပြီးနောက် တစ်ယောက်က မေးခွန်းမေးမည်ဖြစ်ပြီး ကျန်တစ်ယောက်က ၎င်းတို့၏အဖြေကို ပြောမည်ဖြစ်သောကြောင့် တူညီသောအဖြေကို ရွေးချယ်နိုင်မည်ဖြစ်သည်။

ဟဲကျင့် အလိုချင်ဆုံးအရာက ဘာလဲဆိုသည့် မေးခွန်း အလှည့်ရောက်လာလေသည်။
ရွှေ၊ အဝတ်အစား၊ နှင်းဆီပန်း နှင့် Like ဟုရွေးချယ်စရာပေးထားသည်။

ဟဲကျင့် သည် ထိုအရာများကို စိတ်မဝင်စားပေ။

အိုး မှားလို့ သူရွှေကို နည်းနည်း စိတ်ဝင်စားတယ် ဒါပေမယ့် လည်း မီး က အရမ်း ဆင်းရဲ တဲ့ ကစားသမား မို့ အဲ့ဒါတောင်းလို့ကလဲ အဆင်မပြေဘူး ။

ဟဲကျင့်: "စီးတော် သားရဲက ပိုကောင်းမယ်ထင်တယ် ဒါပေမယ့် စာရိုက်ရတာ အရမ်းအလုပ်ရှုပ်တယ် ဒါမှမဟုတ် ငါတို့က ကြုံရာ တစ်ခု ရွေးလိုက်မယ်လေ A ကော ဘယ်လိုလဲ။"

ချင်ယွီ : "အိုး... အားကျင့် မင်းက နှင်းဆီပန်းတွေကို မကြိုက်ဘူးလား?"

ဂိမ်းထဲက နှင်းဆီပန်းတွေသည် ယွမ်ငွေနဲ့ ဝယ်ရတာဖြစ်သည်။

နှင်းဆီပန်းများရရှိပြီးသည်နှင့် လက်ခံသူအမည်သည် "World Channel " တွင် ပေါ်လာမည်ဖြစ်သည်။ နေ့စဉ် နှင်းဆီပန်း ရရှိသည့် ကစားသမားများ စာရင်းလည်း ရှိသည်။ အမျိုးသမီးကစားသမားများကြားတွင် ဈေးတိုက်ပွဲ၏သင်္ကေတဖြစ်လာသည်။

[T/N  ML ထဲမှာဆိုရင် စိန်နဲ့ profile gift ပေးတဲ့ ပုံစံမျိုးပါပဲ ]

ဟဲကျင့်: "ပန်းတွေကဘာလုပ်ဖို့တုန်း အာ ငါကမြင်းတွေ သားရဲတွေ ပိုကြိုက်တယ်!"

ချင်ယွီ: "..."

တကယ်ပဲ အားကျင့်က ကွာခြားလွန်းတယ်!
o (¯ ¯ ¯ ¯ o)

နောက်ထပ်မေးခွန်းတစ်ခုက တော့ မီး သည်  ဟဲကျင့် စီက ဘယ်လိုအခေါ်ခံချင် လဲ မေးနေတာပင်...

ဟဲကျင့် သည် ရွေးချယ်စရာများကို ထပ်မံဖတ်ပြသည်။

"မီးလား? ကြီးမြတ်သောနတ်ဘုရား? အချောလေး? ယောကျ်ား?"

"ယောကျ်ား" ဟူသော စကားကိုကြားတော့ ချင်ယွီ၏ မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ ချက်ချင်းပင် နီရဲလာသည်။

ဟဲကျင့် : "မင်းဘယ်ဟာကြိုက်လဲ"

Qin Yu: "အဲဒါ......"

He Jin : " ဘာလဲဟင် "

အချိန်အတော်ကြာအောင် ရှက်ရွံ့စွာနဲ့ ချင်ယွီက ပျော့ညံ့စွာဖြင့်ပြောလေသည်။

"ကြီးမြတ်သော နတ်ဘုရား..."

ဟဲကျင့် : "သြော် ဒါပြီးရင် ငါ မင်းကို နတ်ဘုရားလို့ခေါ်ပေးမယ် "

ချင်ယွီ: "..."

အမှန်တော့ အားကျင့် က သူ့ကို "ယောကျ်ား" လို့ ခေါ်တာကို သူတကယ်ကြားချင်ခဲ့တာ ~ (T////T)


Zawgyi

009: ထြက္ေျပးရန္

ဟဲက်င့္သည္ အခ်ိန္အေတာ္ၾကာ မကစားခဲ့ေသာ ေၾကာင့္ သူသည္ အနည္းငယ္ ေတာ့ စိတ္လႈပ္ရွားေနေလသည္။

သူ စီးေတာ္ သားရဲစီမွ ဆင္းေတာ့မည့္ အခ်ိန္မွာပင္ မီး က ခန ေလး ဟု ဆို ကာ တားလာေလသည္။

နတ္သမီးေလးက်င့္: "အာ?"

ႏွလုံးသားမဲ့ မီး : "မင္း အဆင့္ တက္ေနတယ္။"

ဟဲက်င့္ ၾကည့္လိုက္ေတာ့ အမွန္ပင္ သူက အဆင့္ 30 ေရာက္ဖို႔ Exp အမွတ္ 500,600 ေလာက္ပဲ ကြာေတာ့တာ သိလိုက္ရေလသည္။

အဆင့္ 30 ရဲ႕ အဆင့္နာမည္က ဘာလဲ? San Xian?

ႏွလုံးသားမဲ့မီး :" 'Demon God' ကို ျပန္လည္ျပင္ဆင္ၿပီးေနာက္မွာ အဆင့္ 30 ရွိ ဝိညာဥ္မ်ိဳးႏြယ္ေတြက ေ႐ြးလို႔ရတဲ့လမ္း ႏွစ္ခုရွိတယ္ ငါတို႔ ေနာက္ထပ္ တာဝန္ အနည္းငယ္ လုပ္ၿပီးရင္ မင္းရဲ႕ လိုေနတဲ့ Exp အမွတ္ျပည့္သြားလိမ့္မယ္ အဲ့က်ရင္ ဒုတိယအသစ္ ထည့္သြင္းထားတဲ့ လမ္း ကို ေ႐ြးဖို႔ မေမ့နဲ႔ေနာ္"

[T/N သူဂ်င္းထည့္ေနၿပီ🤧]

"ကြၽမ္းက်င္သူ" က အဆိုျပဳတာေၾကာင့္ဟဲက်င့္ သည္ သူ႔အား သံသယမရွိခဲ့သည့္အျပင္ တစ္ဖက္လူကို အျပစ္ရွိစိတ္ေလးကလဲ ရွိေနတာေၾကာင့္ "ေကာင္းၿပီ" ဟုျပန္ေျဖခဲ့သည္။ ထို႔ေနာက္ ခ်ဲ႕ေခ်ာင္တံတား သို႔ ေျပးၾကေတာ့သည္။

ခ်ဲ႕ေခ်ာင္တံတား က အရမ္းရွည္ေလသည္။ ဟဲက်င့္ သည္ Vega ၏ေရွ႕တြင္ရပ္ေနခ်ိန္တြင္ မီး သည္ Cowboy ေရွ႕တြင္ရပ္ေနခဲ့သည္။ သူတို႔ႏွစ္ဦးၾကားရွိ အကြာအေဝးသည္ အသံၾကားႏိုင္သည့္အကြာအေဝးကို ေက်ာ္လြန္သြားေသာေၾကာင့္ စကားေျပာေနေသာ္လည္း အခ်င္းခ်င္းၾကားႏိုင္မည္မဟုတ္ေပ။

ဟဲက်င့္ သည္ Vega ၏ အခ်က္ျပ စာသား ေဘာက္စ္ေပၚတြင္ ညာဖက္ကလစ္ႏွိပ္လိုက္သည္။

〖စုံတြဲေတြရဲ႕ ႏွလုံးသားထဲက ေမးခြန္းဆယ္ခု- တာဝန္စလုပ္ရန္ "စတင္သည္"ကိုႏွိပ္ပါ။〗

〖သင္ရဲ႕ခင္ပြန္း "ႏွလုံးသားမဲ့ မီး" အဆင္သင့္ျဖစ္ပါၿပီ ေမးခြန္းစတင္ပါၿပီ〗

ေမးခြန္း 1 : ႏွလုံးသားမဲ့ မီး ကို ဘယ္မွာ ပထမဆုံးေတြ႕တာပါလဲ။

A, ေတာင္တန္းေပၚမွာ B, လူသစ္႐ြာမွာ C,လူသစ္႐ြာရဲ႕ ေတာင္ကမ္းပါးနားမွာ D,အျခား (ေက်းဇူးျပဳ၍ ဤေနရာတြင္ ျဖည့္ပါ ____)

စတင္ေရတြက္ေနပါၿပီ - ၁၀၊ ၉၊ ၈၊...

ဤေမးခြန္းသည္ အလြန္႐ိုးရွင္ေလသည္။ ဟဲက်င့္ သည္ C ကို ႏွိပ္လိုက္သည္ႏွင့္ မၾကာမီ ဂုဏ္ျပဳေခါင္းေလာင္းသံ ၾကားလိုက္ရၿပီး သူတို႔၏ အေျဖမ်ား မွာ အတူတူ ျဖစ္ေၾကာင္း ေဖာ္ျပလာခဲ့သည္။ နတ္သမီးေလးက်င့္ Exp အမွတ္ 100 ရရွိခဲ့သည္။

ေမးခြန္း 2 : သင္ ရဲ႕ အႀကိဳက္ဆုံး ဟင္း ကဘာလဲ?

A, အသင့္စား စားစရာ B, အမဲ ခ်ိဳခ်ဥ္ေၾကာ္ C, နံ႐ိုး ခ်ိဳခ်ဥ္; D,အျခား (ေက်းဇူးျပဳ၍ ဤေနရာတြင္ ျဖည့္ပါ ____)

အိုး မထင္မွတ္ပဲ ေ႐ြးခ်ယ္စရာ က သူ႔အႀကိဳက္ဆုံး ဟင္းစာရင္းျဖစ္ေနတယ္! ဟဲက်င့္ က C ကို ေ႐ြးလိုက္ၿပီးတဲ့ေနာက္ ဂုဏ္ျပဳေခါင္းေလာင္းသံကို ထပ္ၾကားလိုက္ရသည္။ႏွလုံးသား မဲ့ မီး လည္း မွန္တယ္!

ေမးခြန္း 3 : သင့္ရဲ႕ အႀကိဳက္ဆုံးသီခ်င္းကဘာလဲ?

A,မင္းက ဆယ္ေက်ာ္သက္ျဖစ္ဖူးတယ္။B, မျပည့္စုံေသာကေလး C, မင္းတစ္ေယာက္တည္းေနတဲ့အခ်ိန္မွာ မင္းဘယ္သူ႔ကိုစဥ္းစားမလဲ D,အျခား (ေက်းဇူးျပဳ၍ ဤေနရာတြင္ ျဖည့္ပါ ____)

ဟဲက်င့္ ေတြးလိုက္မိသည္...

သူ႔အေၾကာင္းေတြကို System က ဘာေၾကာင့္ ေမးေနရတာလဲ။ ေ႐ြးခ်ယ္မႈအားလုံးသည္ သီခ်င္းေဟာင္းမ်ားျဖစ္သည္။ ယခုတြင္ လူႀကိဳက္မ်ားေသာသီခ်င္းမ်ား ရွိေသာ္လည္း ပိုမိုတိက်ေစရန္အတြက္ ဟဲက်င့္ သည္ ပထမေ႐ြးခ်ယ္မႈသုံးမ်ိဳးထဲမွ တစ္ခုကို ေ႐ြးခ်ယ္ခဲ့သည္။

〖System〗 : အေျဖမ်ားကို တူညီစြာ ေျဖခဲ့ပါသည္! သင္သည္ Exp အမွတ္ 300 ကို ရရွိခဲ့သည္။

မၾကာမီ ဖန္သားျပင္ေပၚတြင္ ေ႐ႊေရာင္အလင္းတန္းတစ္ခု ေပၚလာသည္။

〖System〗 : ေလးစားရပါေသာ "နတ္သမီးေလးက်င့္ " ဂုဏ္ယူပါတယ္ မင္း အဆင့္ 30 ကို တက္သြားပါၿပီ။

တက္သြားၿပီ ငါ အဆင့္တက္သြားၿပီ ! !

မီး အရင္ကေျပာခဲ့သလို System ထဲက ေ႐ြးခ်ယ္မႈပုံးတစ္ခု ထြက္ေပၚလာေလသည္။ ဘယ္ဘက္တြင္ လူသားသေကၤတတစ္ခု ရွိၿပီး ညာဘက္တြင္ သားရဲသေကၤတပါရွိသည္။

ဟဲက်င့္ သည္ ဒုတိယေ႐ြးခ်ယ္မႈကို ေ႐ြးခ်ယ္ခဲ့သည္။

မ်ားမၾကာမီတြင္ သူ၏ အိမ္ေမြးတိရစာၦန္ က်င့္ႀကံေရး စတင္ျခင္းအတြက္ ဂုဏ္ျပဳသည့္ မက္ေဆ့ခ်္တစ္ခုႏွင့္အတူ သူ၏ဖန္သားျပင္သည္ ေတာက္ပလာသည္။

ေနာက္ေမးခြန္းတစ္ခုက မၾကာခင္မွာပဲ စတင္လာသည့္ အတြက္ေၾကာင့္ အဲဒါကို ေသေသခ်ာခ်ာၾကည့္ဖို႔ အခ်ိန္မရွိလိုက္ေပ။

[T/N ဂ်င္း မိသြားပါၿပီ ဟီးဟီး]

ေမးခြန္း 4: သင္ ရဲ႕အျခားတစ္ဝက္သည္ သင့္ ကိုခ်စ္တဲ့အခ်စ္ကို ဘယ္လိုျပသတယ္လို႔ သင္ထင္ပါသလဲ?

A, သင္ႏွင့္အတူကစားၿပီး B, သင္ အဆင့္တက္ဖို႔ကို ကူညီေပးၿပီး C, လက္ေဆာင္ေပးၿပီး D, ရႈခင္းၾကည့္ဖို႔ အတူလိုက္ေပးၿပီး

အတူတူကစားေပးၿပီး?

〖System〗 : အေျဖမ်ားကို တူညီစြာ ေျဖခဲ့ပါသည္! သင္သည္ Exp အမွတ္ 400 ကို ရရွိခဲ့သည္။

Exp အမွတ္ ပိုရလာတဲ့အတြက္ ဟဲက်င့္သည္ အရမ္းေပ်ာ္သြားေလသည္။

မီး နဲ႔ သူရဲ႕ လိုက္ဖက္မႈက အေတာ္ေလး ျမင့္မားေနပုံပဲ...!!!

ေမးခြန္း5 : သင္ ရဲ႕အျခားတစ္ဝက္ဆီက ဘယ္လက္ေဆာင္ကို အလိုခ်င္ဆုံးလဲ?

A, အဆင္တန္ဆာ; B, ေ႐ႊ; C, ႏွင္းဆီ; D,အျခား (

႐ိုး႐ိုးသားသားေျပာရလွ်င္ သူသည္ မည္သည့္လက္ေဆာင္ကိုမွ် မလိုခ်င္ေသာေၾကာင့္ ထိုေ႐ြးခ်ယ္ခြင့္သုံးခုက သူ႔အတြက္ ဆြဲေဆာင္မႈမလုံေလာက္ခဲ့ေပ။

သူေ႐ြးရမယ္ဆိုရင္... ဟဲက်င့္ သည္ ႏွလုံးသား မဲ့ မီး ရဲ႕ သားရဲ က ေတာ္ေတာ္မိုက္တယ္လို႔ ခံစားရေလသည္။

ထိုအေတြးသည္ ေခတၱမွ်သာ သူ႔စိတ္ကို ျဖတ္ေက်ာ္သြားကာ သူမည္သို႔ေသာ အေတြး ေတြးလဲဆိုတာ မည္သူသိမည္နည္း သို႔ေသာ္ He Jin သည္ အမွန္တကယ္ပင္ D other ကိုေ႐ြးကာ "သနားဖြယ္ မီးလွ်ံ" ဟု ျဖည့္ခဲ့ေလသည္။

သူခဏတာ တုံ႔ဆိုင္းသြားေသာ္လည္း ေနာက္ဆုံးတြင္ ေတာ့ အခ်ိန္ေရတြက္ျခင္း စတာနဲ႔ တင္သြင္းမႈေ႐ြးခ်ယ္ခြင့္ကို ႏွိပ္လိုက္ေတာ့သည္။

အဲဒါကိုလုပ္ၿပီးေနာက္ သူ႔လုပ္ရပ္က နည္းနည္းေတာ့ခန္႔မွန္းရခက္ႏိုင္တယ္လို႔ ႐ုတ္တရက္ သေဘာေပါက္လိုက္ေသာအခါ ဒီတစ္ခါ မီး ရဲ႕ အေျဖက သူ႔နဲ႔ မတူဘူးႏိုင္ဘူးဆိုတာ ေသခ်ာ သေလာက္ပင္။

မေမွ်ာ္လင့္ဘဲ System အေျဖမ်ားကို တူညီစြာ ေျဖခဲ့ပါသည္! ဟု ေၾကညာလာေလသည္။

ဟဲက်င့္ အံ့အားသင့္သြားခဲ့သည္။

သူသည္ မီး လည္း "သနားဖြယ္ မီးလွ်ံ" ဟု သူ႔အေျဖကို ေရးမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။

အာ လိုက္ဖက္ညီမႈအဆင့္က လုံးဝကို အံ့ဩဖို႔ေကာင္းတာပဲ!!!

သူ ထိတ္လန႔္ေနတုန္းမွာ ပင္ ေနာက္ေမးခြန္းတစ္ခု ထြက္လာေလသည္။

ေမးခြန္း 6: "ႏွလုံးသားမဲ့ မီး" ရဲ႕ အႀကိဳက္ဆုံးအေရာင္က ဘာပါလဲ?

A, အနက္ B, အျပာ C,အနီေရာင္ D, အျခား (ေက်းဇူးျပဳ၍ ဤေနရာတြင္ ____ ျဖည့္ပါ)

ဟဲက်င့္သည္ ဤေမးခြန္းကိုျမင္ေသာအခါ ခဏတာ အံ့ၾသသြားသည္။

ေနာက္ဆုံးေတာ့ မီး အေၾကာင္း တစ္ခုခုေမးလာ ၿပီပဲ!

ဒါေပမယ့္...သူအႀကိဳက္ဆုံးအေရာင္ကဘာလဲ?(=_=)

ဟဲက်င့္ သည္ မီး ရဲ႕ ေတာင္ပံမ်ားႏွင့္ သားရဲ ကို မွတ္မိသြားသည္။ႏွစ္ခုလုံးက မီးလွ်ံေတြနဲ႔ ဝန္းရံထားေလသည္။

သူ႔အဝတ္အစားေတြလဲ အတူတူပဲ မီးပုံစံေလးေတြပါေနတာ ဒီေတာ့ အေျဖက အနီေရာင္လား?

ဒါေပမယ့္လည္း သူက အနက္ေရာင္ အက်ီကို ၀တ္ထားေသးတယ္ေရာ အဆုံးသတ္လိုက္ရင္ A သို႔မဟုတ္ C လား? C ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ ဟုတ္တယ္မလား?

〖System〗 : အေျဖမွားပါသည္။ "ႏွလုံးသားမဲ့ မီး" ရဲ႕ အႀကိဳက္ဆုံးအေရာင္ - B,အျပာ

ဖန္သားျပင္ေပၚတြင္ အျပာဝတ္ ဇာတ္ေကာင္ေလး သည္ ေသြးမ်ားထြက္ေနၿပီး သူမ၏ေသြးမ်ား သည္ ငါးပုံ တစ္ပုံ က်ဆင္းသြားသည္။

ဟဲက်င့္ : "...."

ေမးခြန္း 7 : ေအာက္ပါေဖာ္ျပခ်က္မ်ားအနက္မွ မည္သည့္ အခ်က္သည္ ႏွလုံးသားမဲ့ မီး ဇာတ္ေကာင္ႏွင့္ အကိုက္ညီဆုံးျဖစ္သည္ ဟု သင္ ထင္ျမင္ပါသနည္း?

A, ရင့္က်က္တည္ၿငိမ္သူ; B, အျပစ္ကင္းၿပီး စိတ္အားထက္သန္သူ C, ႐ိုးရွင္းၿပီးေတာ့ ႐ိုးသားသူ D,ဝမ္းတြင္းမည္း သူ

ဟဲက်င့္ : မီး အျပစ္ကင္းၿပီး စိတ္အားထက္သန္သူ?

〖System〗 : အေျဖမွားပါသည္။ "ႏွလုံးသားမဲ့ မီး" က သူနဲ႔ အကိုက္ညီဆုံးက D,ဝမ္းတြင္းမည္း သူ ဟု ယူဆပါသည္။

[ T/N : ဝမ္းတြင္းမည္း= အလြန္အလြန္ ဆိုးသြမ္းၿပီး အႏိုင္က်င့္တတ္သူ]

ဟဲက်င့္ : " အဲ့ဒါက အမွန္လား အမွားလား!" (=_=)

အျပာဝတ္ ဇာတ္ေကာင္ေလး သည္ တစ္ဖန္ ေသြးထြက္ေတာ့သည္။

သူမ၏ ေသြးသည္ ေနာက္ထပ္ ငါးပုံ တစ္ပုံ က်ဆင္းသြားသည္။

ေမးခြန္း8: "ႏွလုံးသားမဲ့ မီး" က သူ႔ကို ဘယ္လိုေခၚေစခ်င္ဆုံးလဲ?

A, မီး; B, နတ္ဘုရား; C, ေယာက်္ား; D,အျခား (ေက်းဇူးျပဳ၍ ဤေနရာတြင္ ျဖည့္ပါ ____)

တတိယေ႐ြးခ်ယ္မႈကို ၾကည့္လိုက္ေတာ့ ဟဲက်င့္ ၏ မ်က္ႏွာပူလာၿပီး A ကို အျမန္ေ႐ြးခ်ယ္လိုက္သည္။

ေသခ်ာသေလာက္ပင္ Systemက "အေျဖမွားပါသည္! ႏွလုံးသားမဲ့ မီး ကသူ႔ကို C ,ေယာက်္ား ဟု ေခၚေစခ်င္ပါသည္။" ဟု ျပလာေတာ့သည္။

ဟဲက်င့္: "...."

ေမးခြန္း 9 သင္ႏွင့္ ႏွလုံးသားမဲ့ မီးသည္ စုံတြဲ ဆက္ဆံေရးကို လက္ေတြ႕တြင္ ေဖာ္ေဆာင္မလား?

A, ေဖာ္ေဆာင္မည္ B , မေဆာင္ပါ ; C ၾကည့္ၿပီးမွေျပာ D, အျပင္မွာလဲ တကယ့္စုံတြဲပါ

ဟဲက်င့္ : က်စ္ ငါတို႔ က ေသခ်ာေပါက္ ေဖာ္ေဆာင္မွာမဟုတ္ဘူး...

〖System〗 : အေျဖမွားပါသည္! "ႏွလုံးသားမဲ့ မီး" ၏ေ႐ြးခ်ယ္မႈမွာ A, ေဖာ္ေဆာင္မည္ ျဖစ္သည္။

ဟဲ့က်င့္ : "..."

ငါ့ေသြးရဲ႕ ငါးပုံတစ္ပုံပဲ က်န္ေတာ့တယ္! အာ ေနာက္ဆုံးေမးခြန္းကေတာ့ လုံးဝမွားလို႔မျဖစ္ဘူး

ေမးခြန္းက ဘယ္လိုပဲျဖစ္ျဖစ္ မီးရဲ႕အေျဖနဲ႔ အတူတူပဲ ေ႐ြးမွျဖစ္မယ္!

ေမးခြန္း 10 : သင့္ထံမွရရွိရန္ "ႏွလုံးသားမဲ့ မီး" အေမွ်ာ္လင့္ဆုံး လက္ေဆာင္က ဘာပါလဲ?

A, သနားဖြယ္ မီးလွ်ံ; B, ေ႐ႊဒဂၤါးျပား; C, ႏွင္းဆီ; D၊ အျခား (ေက်းဇူးျပဳၿပီး ဤေနရာတြင္ ျဖည့္ပါ ____)

ဟမ့္ ငါအရင္ေျဖခဲ့တဲ့ တတိယေမးခြန္းနဲ႔ အတူတူပဲမဟုတ္ဘူးလား! ဒီေမးခြန္းေတြအားလုံးရဲ႕ အေျဖေတြကို သူတို႔ ဘယ္လိုသိၾကတာလဲ!

ဒီစနစ္မွာ မွတ္ဉာဏ္ ေတြကို သယ္လာတဲ့ လုပ္ေဆာင္ခ်က္မ်ား ပါေနတာလား?

ဘယ္ဟာ ကိုေ႐ြးရမလဲ ...

မီးသည္ ေ႐ႊႂကြယ္ဝမႈစာရင္းတြင္ ပထမအဆင့္ရွိေသာေၾကာင့္ သူ ေငြမလိုေလာက္​ဘူး

ႏွင္းဆီက်ေတာ့လဲ မီး က မိန္းမ မွ မဟုတ္တာ အဲ့ဒါေၾကာင့္ သူႀကိဳက္မွာ မဟုတ္ဘူး ဒါဆို တျခား ေ႐ြးခ်ယ္စရာ?ဒါ​ေပမယ့္​ဘာျဖည့္​ရမွန္းမသိဘူးလို႔!

ဒါမွမဟုတ္ A ေ႐ြးရမလား?

"စိတ္၏တိုက္ဆိုင္မူ" ဥပေဒအရ မီး က တူညီတဲ့ အေျဖ A ကိုေ႐ြးႏိုင္တာပဲေလ... ဒါေပမယ့္ မီး မွာက သနားဖြယ္ မီးလွ်ံ ရွိၿပီးသားေလ အာ!

ေရတြက္ျခင္း ၄၊ ၃၊ ၂၊ ...

အခ်ိန္ျပည့္ေလၿပီ ဟဲက်င့္ သည္ ထပ္ေတြးေနဖို႔ အခ်ိန္ မရွိေတာ့ေပ။ ထို႔ေၾကာင့္ ဟဲက်င့္ သည္ ႀကဳံရာက်ပန္း A ကို ေ႐ြးလိုက္ေတာ့ေလသည္။

〖System〗 : အေျဖမွားပါသည္! "ႏွလုံးသားမဲ့ မီး" ၏ေ႐ြးခ်ယ္မႈမွာ D,အျခား (သင္ကိုယ္တိုင္) ျဖစ္ပါသည္။

〖System〗 : သင္ေသသြားပါၿပီ မစ္ရွင္က်ရႈံးပါသည္။

〖System〗 : ဒီတာဝန္မွာ သင္ရဲ႕အေျဖမွန္က 5 ခု မွားေျဖသည္မွာ 5 ခု လိုက္ဖက္ညီ မူ အဆင့္ 0 တိုးလာပါသည္။

ဟဲက်င့္: "..."

ထို႔ေနာက္ အျပာ ဝတ္ဇာတ္ေကာင္ေလး သည္ ေသြးထြက္လြန္ၿပီး ေျမျပင္ေပၚတြင္ ကူကယ္ရာမဲ့ ကာ သူမ၏ နဂိုပုံစံသို႔ ေျပာင္းလဲသြားသည္။

ဖန္သားျပင္သည္ မီးခိုးေရာင္ျဖစ္လာကာ "ခ်ဲ႕ေခ်ာင္"တံတား က်ိဳးက်ကာ ေရကန္ထဲသို႔ အပ်က္အစီးမ်ား ျပဳတ္က်သြားၿပီး ေရမ်က္ႏွာျပင္ေပၚတြင္ လႈိင္းမ်ားထသြားေတာ့သည္...

ဟဲက်င့္ ၏ဖန္သားျပင္၏ဘယ္ဘက္အေပၚေထာင့္တြင္ သူတို႔ ၏ လႈပ္ရွားမူကို တားျမစ္ေသာ အခ်ိန္ 15 မိနစ္ကို ေရတြက္ ေနသည့္ သေကၤတကိုျပသထားသည္။

ထို႔ေၾကာင့္ ဟဲက်င့္ ၏ဇာတ္ေကာင္သည္ "ခြၽိဳင္ဖုန္" ကြၽန္းတြင္ ပိတ္မိေနခဲ့ၿပီး ေနာက္ 15 မိနစ္ၾကာေအာင္ မလႈပ္ရွားႏိုင္ေတာ့ေပ။

ဒီအခ်ိန္အတြင္းမွာ ဘာမွ မၾကားရေတာ့ဘဲ ေရကန္ရဲ႕ တစ္ဖက္ျခမ္းမွာ ရပ္ေနတဲ့ ႏွလုံးသားမဲ့ မီး ရဲ႕ ဇာတ္ေကာင္ကို ျမင္လိုက္ရေလသည္။

သူသည္ ဟဲက်င့္ ရွိရာဖက္သို႔ မ်က္ႏွာမူကာ သူကဲ့သို႔ပင္ ရပ္ေနပုံရသည္။

ေမးခြန္းဆယ္ခုႏွင့္ အေျဖဆယ္ခုအားလုံးသည္ ၎တို႔ႏွင့္ပတ္သက္သည္။ မီး က သူ႔အေၾကာင္း ေမးသမွ်ကို မွန္ကန္စြာေျဖႏိုင္ခဲ့သည္။

သူဘာစားခ်င္လဲဘယ္သီခ်င္းကို နားေထာင္ခ်င္လဲ... သူသာ အဲဒါေတြမွန္တယ္ဆိုရင္ ဟဲက်င့္ က ကံေကာင္းသြာတယ္လို႔ပဲ သတ္မွတ္လို႔ရေလသည္။

ဒါေပမယ့္ သူလိုခ်င္တဲ့ 'လက္ေဆာင္' နဲ႔ပတ္သက္တဲ့ ဒီေမးခြန္းက... "ကံ" ေၾကာင့္လို႔ဆိုၿပီး ရွင္းျပဖို႔ နည္းလမ္းမရွိေနဘူး!

သူခန္႔မွန္းႏိုင္သည္မွာ အရင္က သူတို႔ ဒီတာဝန္ကို ၿပီးခဲ့တာျဖစ္ၿပီးေတာ့ စနစ္က သူတို႔ရဲ႕အေျဖေတြကို မွတ္မိကာ မီး လည္း မွတ္မိေနတာ ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္ ဟူ၍ပင္။

အရမ္း အံ့အားသင့္စရာေတာ့မဟုတ္ေပ။

အဲ့ဒါေတြ အျပင္ မီး သည္ ဟဲက်င့္ ႏွင့္ပတ္သက္သည့္ ႐ိုးရွင္းေသာအခ်က္မ်ားျဖစ္သည့္ အတန္းတြင္ပထမေနရာရရွိခဲ့ျခင္း သို႔မဟုတ္ ဟြားတကၠသိုလ္ သို႔သြားလိုသည့္အေၾကာင္းတို႔ကိုလည္း မွတ္မိေနေသးသည္။ မီး သည္ ရွစ္ႏွစ္ၾကာၿပီးေနာက္တြင္ပင္ အဆိုပါအေသးစိတ္အခ်က္အလက္မ်ားကို မွတ္မိေနခဲ့သည္။

တစ္ဖက္တြင္မူ မီး ႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို ဟဲက်င့္ က တစ္ခုေတာင္ပင္ မွန္ကန္စြာ မေျဖႏိုင္ခဲ့ေပ...

သူ႔ႏွလုံးသားထဲတြင္ ခံစားခ်က္ေတြ ေရာေထြးလို႔ေနေလသည္။

ဒါကို သူေတြးေနခ်ိန္တြင္ သူ႔သူငယ္ခ်င္းမက္ေဆ့ခ်္ ေဘာက္မွ က မီး က မက္ေဆ့ခ္်တစ္ခု ပို႔လာေလသည္။

ဟဲက်င့္က မဖြင့္ၾကည့္ခင္ ခဏတုံ႔ဆိုင္းေနခဲ့သည္။

ႏွလုံးသားမဲ့ မီး: "အားက်င့္ ငါ ၈ ႏွစ္လုံးလုံး မင္း အြန္လိုင္းျဖစ္မွာကို အၿမဲေစာင့္ေနခဲ့တာပါ။"

[T/N ခ်င္ယြီရယ္ ☹️☹️]

ဟဲက်င့္: "....."

အျခားဝန္ခံျခင္း သို႔မဟုတ္ ရွင္းျပခ်က္မရွိေပ။

ထိုသည္မွာ႐ိုးရွင္းေသာဝါက်ေလးတစ္ေၾကာင္းပင္ ငါမင္းအြန္လိုင္းတက္မွာကိုေစာင့္ေနမယ္။

သို႔ေသာ္ ထို႐ိုးရွင္းတဲ့စာေၾကာင္းသည္ ဟဲက်င့္ ရဲ႕တစ္ကိုယ္လုံးကို ဓာတ္လိုက္ခံရသလိုမ်ိဳး တုန္လႈပ္ေျခာက္ျခားသြားေစသလို ကီးဘုတ္ေပၚမွာရွိတဲ့ သူ႔လက္ေခ်ာင္းထိပ္ေလးေတြလဲ တုန္ရီေနခဲ့ေလသည္။

ဒါဆိုရင္ ဒါကတကယ္ေပါ့ ဒီအခ်ိန္တိုင္း မီး က သူ႔ကို တကယ္ေစာင့္ေနခဲ့တာ ၿပီးေတာ့ သူနဲ႔ လက္ေတြ႕က်တဲ့ ဆက္ဆံေရးကိုလည္း ထူေထာင္ခ်င္ခဲ့တယ္!

'ဒါေပမယ့္ ငါက ေယာက္်ားေလးေလ' ငါတို႔က ဂိမ္းပဲေဆာ့တာေလ မင္းကဘာအရမ္းေလးနက္လြန္းေနရတာလဲ အာ?

ရွစ္ႏွစ္ၾကာေအာင္ ေစာင့္ေမွ်ာ္ေနခဲ့တဲ့ ဒီလူရဲ႕ေရွ႕မွာ ထူးဆန္းၿပီး ခ်စ္ရည္႐ႊန္းလဲ့ေနတဲ့ ဒီလူရဲ႕ေရွ႕မွာ... ဟဲက်င့္ ရဲ႕လည္ေခ်ာင္းသည္ မျမင္ရတဲ့လက္တစ္စုံက ညႇစ္ေနသလို ခံစားေနရသည္မွာ အသံပင္မထြက္ႏိုင္ေပ။

ထိုသူက ဟာသလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ မထင္မိေတာ့သလို သူ႔ဦးေႏွာက္ကို ပ်က္ေနတယ္ လို႔ မေတာ္တဆ ေစာ္ကားတာမ်ိဳးလည္း မျဖစ္ေစခ်င္ေပ။

ဒါေပမယ့္ ဒါေတြအားလုံးထက္ သူ မလုပ္ခ်င္ဆုံးအရာက သူတို႔ျပန္ဆုံတဲ့အခိုက္အတန႔္မွာ ေရေအးနဲ႔ေလာင္းတာ မ်ိဳးလဲမလုပ္ခ်င္ေပ။

အဲ့ဒါေၾကာင့္ ဘယ္လိုလုပ္ရမလဲလို႔!

ဟဲက်င့္သည္ တိတ္တဆိတ္သာေနလိုက္ၿပီး မီး သည္ လည္း သူ႔ဆီ စာမပို႔ေတာ့ေပ။ ဟဲက်င့္ သည္ သူ႔ဖန္သားျပင္ေပၚရွိ ေသာ့ခတ္ထားေသာ လႈပ္ရွားမႈကို ၾကည့္ ေနရင္း ေအးစက္ေနေသာ ေခြၽးတစ္စက္ ပါ စီးက်လာေတာ့သည္။

ဆယ့္ငါးမိနစ္က မၾကာမီ ကုန္ဆုံးသြားကာ "ခ်ဲ႕ေခ်ာင္" တံတားသည္လည္း ျပန္ေပၚလာေလသည္။

ေရကန္ရဲ႕ တစ္ဖက္ျခမ္းကေန မီး က ပ်ံ လာေလသည္။

ဟုတ္ပါသည္။ သူသည္ တံတားေပၚမွ မေလွ်ာက္ဘဲ သူ အေတာင္ပံေတြကို ထုတ္ကာ ပ်ံသန္းလာေနျခင္းပင္...

သူ႔ရဲ႕ ေမွာ္အေတာင္ပံေတြက ခရမ္းေရာင္ ေတာက္ေနၿပီး မီးေတာက္ တခ်ိဳ႕ က လွည့္ပတ္ေနကာ သူ႔လႈပ္ရွားမူ အတိုင္း သူ႔ေနာက္ကလိုက္ပါေနေလသည္။

ထိုသူ သည္ ဟဲက်င့္ ၏မွတ္ဉာဏ္ထဲမွ ေနာက္လိုက္ငယ္ေလး မီးမဟုတ္ေတာ့ ပဲ ပထမအဆင့္ Demon God ကစားသမားျဖစ္ေလသည္။

ဖန္သားျပင္ကို ၾကည့္ေနရင္း ႏွလုံးသားမဲ့ မီး ရဲ႕ အသြင္က ပိုနီးကပ္လာေလေလ ဟဲက်င့္ ရဲ႕ လက္ေတြ တုန္လာေလေလ ပင္။

သူအရမ္းကို ေၾကာက္႐ြံ႕ထိတ္လန႔္ေနသလို ပင္ ခံစားေနေရသာ ေၾကာင့္ သူ ဂိမ္းက ထြက္လိုက္ေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ ေအာ့ဖ္လိုင္း ျဖစ္သြားေတာ့၏။

[T/N ဒီအပိုင္းမွာ ကိုယ္ ဟဲက်င့္ကို ပိစိေလးစိတ္ဆိုးပါတယ္! ကေလးက အကုန္မွတ္မိၿပီး သူကဘာမွလဲမွတ္မိဘူး☹️]

***

※ Spirit Fairy-အတိတ္ ※ (၇)

အိမ္ေထာင္က်ၿပီးေနာက္တြင္ ဟဲက်င့္သည္ သည္ သူ႔ အနားရွိ မီး သည္ အနည္းငယ္ထူးဆန္းေနသည္ဟု ခံစားခဲ့ရသည္။

"ဒီေန႔ဘာလို႔ဒီေလာက္ၿငိမ္ေနတာလဲ?မင္းမွာ အရင္တုန္းကဆို ေျပာစရာေတြ မကုန္ႏိုင္မခမ္းႏိုင္ အၿမဲရွိေနၿပီးေတာ့"

ခ်င္ယြီ: "အမ္... ဟုတ္လား?"

ဟဲက်င့္: "မဟုတ္လို႔လား?"

ခ်င္ယြီ: "..."

မည္သို႔ပင္ဆိုေစ ဟဲက်င့္ က သူ႔ကို ခင္ပြန္းနဲ႔ ဇနီး တာဝန္လုပ္ရန္ဆြဲေခၚခဲ့ေလသည္။

သူတို႔သည္ ဂိမ္းကို လူလည္က်ၿပီးေဆာ့ရန္ အတြက္ျပင္ပေဆာ့ဖ္ဝဲလ္တစ္ခုျဖင့္ စကားေျပာ ၾကမည္ ျဖစ္ေသာေၾကာင့္ ဂိမ္းထဲကအသံလုပ္ေဆာင္ခ်က္ ပိတ္ထားလဲ ကိစၥ မရွိေပ။

ဤေမးခြန္းႏွင့္ အေျဖဂိမ္းကို ပထမဆုံးအႀကိမ္ ျပဳလုပ္ရျခင္းမွာ ဟဲက်င့္ အတြက္ အလြန္ အသစ္အဆန္းျဖစ္ၿပီး လန္းဆန္းေနဆဲျဖစ္သည္။

ေသခ်ာတာေပါ့ သူတို႔ "လွည့္စားျခင္း" ကိရိယာကိုဖြင့္ေသာေၾကာင့္ ဆိုး႐ြားစြာေျဖမိ မည္ကို မေၾကာက္ေပ။

၎တို႔၏ အစီအစဥ္မွာ ႐ိုးရွင္းသည္။

တာဝန္ ကို စတင္ၿပီးေနာက္ တစ္ေယာက္က ေမးခြန္းေမးမည္ျဖစ္ၿပီး က်န္တစ္ေယာက္က ၎တို႔၏အေျဖကို ေျပာမည္ျဖစ္ေသာေၾကာင့္ တူညီေသာအေျဖကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။

ဟဲက်င့္ အလိုခ်င္ဆုံးအရာက ဘာလဲဆိုသည့္ ေမးခြန္း အလွည့္ေရာက္လာေလသည္။

ေ႐ႊ၊ အဝတ္အစား၊ ႏွင္းဆီပန္း ႏွင့္ Like ဟုေ႐ြးခ်ယ္စရာေပးထားသည္။

ဟဲက်င့္ သည္ ထိုအရာမ်ားကို စိတ္မဝင္စားေပ။

အိုး မွားလို႔ သူေ႐ႊကို နည္းနည္း စိတ္ဝင္စားတယ္ ဒါေပမယ့္ လည္း မီး က အရမ္း ဆင္းရဲ တဲ့ ကစားသမား မို႔ အဲ့ဒါေတာင္းလို႔ကလဲ အဆင္မေျပဘူး ။

ဟဲက်င့္: "စီးေတာ္ သားရဲက ပိုေကာင္းမယ္ထင္တယ္ ဒါေပမယ့္ စာ႐ိုက္ရတာ အရမ္းအလုပ္ရႈပ္တယ္ ဒါမွမဟုတ္ ငါတို႔က ႀကဳံရာ တစ္ခု ေ႐ြးလိုက္မယ္ေလ A ေကာ ဘယ္လိုလဲ။"

ခ်င္ယြီ : "အိုး... အားက်င့္ မင္းက ႏွင္းဆီပန္းေတြကို မႀကိဳက္ဘူးလား?"

ဂိမ္းထဲက ႏွင္းဆီပန္းေတြသည္ ယြမ္ေငြနဲ႔ ဝယ္ရတာျဖစ္သည္။

ႏွင္းဆီပန္းမ်ားရရွိၿပီးသည္ႏွင့္ လက္ခံသူအမည္သည္ "World Channel " တြင္ ေပၚလာမည္ျဖစ္သည္။ ေန႔စဥ္ ႏွင္းဆီပန္း ရရွိသည့္ ကစားသမားမ်ား စာရင္းလည္း ရွိသည္။ အမ်ိဳးသမီးကစားသမားမ်ားၾကားတြင္ ေဈးတိုက္ပြဲ၏သေကၤတျဖစ္လာသည္။

[T/N ML ထဲမွာဆိုရင္ စိန္နဲ႔ profile gift ေပးတဲ့ ပုံစံမ်ိဳးပါပဲ ]

ဟဲက်င့္: "ပန္းေတြကဘာလုပ္ဖို႔တုန္း အာ ငါကျမင္းေတြ သားရဲေတြ ပိုႀကိဳက္တယ္!"

ခ်င္ယြီ: "..."

တကယ္ပဲ အားက်င့္က ကြာျခားလြန္းတယ္!

o (¯ ¯ ¯ ¯ o)

ေနာက္ထပ္ေမးခြန္းတစ္ခုက ေတာ့ မီး သည္ ဟဲက်င့္ စီက ဘယ္လိုအေခၚခံခ်င္ လဲ ေမးေနတာပင္...

ဟဲက်င့္ သည္ ေ႐ြးခ်ယ္စရာမ်ားကို ထပ္မံဖတ္ျပသည္။

"မီးလား? ႀကီးျမတ္ေသာနတ္ဘုရား? အေခ်ာေလး? ေယာက်္ား?"

"ေယာက်္ား" ဟူေသာ စကားကိုၾကားေတာ့ ခ်င္ယြီ၏ မ်က္ႏွာသည္ ခရမ္းခ်ဥ္သီးကဲ့သို႔ ခ်က္ခ်င္းပင္ နီရဲလာသည္။

ဟဲက်င့္ : "မင္းဘယ္ဟာႀကိဳက္လဲ"

Qin Yu: "အဲဒါ......"

He Jin : " ဘာလဲဟင္ "

အခ်ိန္အေတာ္ၾကာေအာင္ ရွက္႐ြံ႕စြာနဲ႔ ခ်င္ယြီက ေပ်ာ့ညံ့စြာျဖင့္ေျပာေလသည္။

"ႀကီးျမတ္ေသာ နတ္ဘုရား..."

ဟဲက်င့္ : "ေၾသာ္ ဒါၿပီးရင္ ငါ မင္းကို နတ္ဘုရားလို႔ေခၚေပးမယ္ "

ခ်င္ယြီ: "..."

အမွန္ေတာ့ အားက်င့္ က သူ႔ကို "ေယာက်္ား" လို႔ ေခၚတာကို သူတကယ္ၾကားခ်င္ခဲ့တာ ~ (T////T)

Seguir leyendo

También te gustarán

3.8K 373 4
Title - 我把暗恋的人拉黑之后 Author - 古今 Total Chapters - 28 chapters + 1 extra Genre - school life, comedy, shounen ai Start Date - 10 06 2023 End Date - ▪︎T...
1.5M 112K 43
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
14.8K 1K 19
တစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပ...
734 81 4
original author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200