မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

Por XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Más

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

008:စုံတွဲ တာဝန်များ

1.3K 224 5
Por XiaoManTou96

Unicode

မီး သည် ပန်းယီယီ နှင့် စကားစမြည်ပြောနေစဉ် ဟဲကျင့် သည် ဂိမ်း၏ ထိန်းချုပ်မှုပုံစံနှင့် ရင်းနှီးလာခဲ့သည်။

သို့သော်လည်း သူ့စိတ်ထဲမှာ နှလုံးသားမဲ့ မီး ပြောခဲ့သော စကားကို ပဲ ကြားယောင်နေမိသည်။

" မင်းက ငါ့မိန်းမမို့လို့..."

ဂိမ်းထဲမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် ခင်ပွန်းနဲ့ဇနီး ဆက်ဆံရေးမို့ တစ်ဖက်လူက သူ့ကို ဒီလိုပြောတာက ပုံမှန်ပဲဖြစ်သည်။

သို့သော် မီး သည် ထိုကဲ့သို့ ကလူမြူ၏ လေသံကို အသုံးပြုခဲ့ပြီး ၎င်းသည် ဟဲကျင့် ၏ နှလုံးသားထဲတွင် "ဂီတ"သံစဉ် တီးခတ်နေသကဲ့သို့ ခံစားချက်ကို အမြဲတမ်း ချန်ထားခဲ့သည်။

သူက ယောက်ျားလေးမို့ တခြားလူအတွက် ဒီလို ခံစားချက်မျိုး ရှိတယ်ဆိုတာက ဘယ်လိုပြောရမလဲ...စက်ဆုပ်တာမျိုး မရှိပေမယ့် နည်းနည်းတော့ ရှက်ပြီး လန့်တယ် ဒါက နည်းနည်းတော့ နာကျင်စရာ ကောင်းတယ် ရော (=_=)

အင်း ဖြစ်နိုင်တာကတော့ သူကယောကျ်ားလေး ဖြစ်ပြီး မိန်းကလေး အနေနဲ့ ကစားရတာကို အသားမကျလို့ ဖြစ်နိုင်ပါတယ်

ဒါပေမယ့် သူဘာလို့ ဒီအခန်းကဏ္ဍအတိုင်းလိုက်လုပ်ရမှာလဲလို့! (=_=)

ဟဲကျင့် စိတ်ရှုပ်ထွေး နေချိန်မှာပဲ သူရဲ့ အပြင်လူ မက်ဆေ့ခ်ျ ဘောက်စ် အောက်ခြေမှာ ရုတ်တရက် မက်ဆေ့ချ်အသစ်တစ်ခု ရောက်လာလေသည်။

〖သီးသန့်စကားပြောခန်း〗 'ပန်းယီယီ' : "မင်္ဂလာပါ~"

"Demon God" တွင် အဆင့်နိမ့်ကစားသမားများသည် အဆင့်မြင့်သူ ကစားသမားများကို မမြင်နိုင်သလို ၎င်းတို့၏အသံများကို လည်း မကြားနိုင်သောကြောင့်  တစ်ဦးနှင့် တစ်ဦး သူငယ်ချင်း အပ် ကာ ဒိုင်ယာလော့ဘောက်စ်ကို အသုံးပြု၍ ပြောခြင်း သိုမဟုတ် အပြင်လူ စကားပြောခန်းမှ သီးသန့်စကားပြောခန်းကို ရွေး၍ ဆက်သွယ်ခြင်းသာ လုပ်၍ ရသည်။

ပန်းယီယီ သည် ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။

[T/N ဒီမှာကလေ fb မှာလို သူငယ်ချင်းအပ်ပြီး စကားပြောတာနဲ့ သူငယ်ချင်း မဟုတ်ပဲ ပြောရင် message request မှာ စာဝင်သလို မျိုးပါပဲ ပန်းယီယီကမအပ်ပဲ စကားပဲလာပြောတာပါ။]

ဟဲကျင့် အံ့ဩသွားသည်။ သူက ဒီနာမည်နဲ့ နည်းနည်းရင်းနှီးသလို ခံစားလိုက်ရသည်။

နောက်မှ ထိပ်တန်း ကစားသူ စာရင်းမှာ မြင်ဖူးမှန်းသတိရသွားသည်။ သူပြန်ဖြေတော့မယ့်အချိန်မှာ သူ့ရဲ့ အပြင်လူ   မက်ဆေ့ခ်ျ ဘောက်စ် မှာ နောက်ထပ် မက်ဆေ့ခ်ျအသစ် ပေါ်လာတာကို တွေ့လိုက်ရသည်။

〖သီးသန့် စကားပြောခန်း 〗 'ပန်းယီယီ': "ဆရာရဲ့ ဇနီး~ o (∩ _ ∩) o ~"

ဟဲကျင့်: "....."

တစ်နည်းနည်းနဲ့ ရှက်ရွံ့နေသလို ဟဲကျင့် က နှလုံးသားမဲ့ မီး ကိုမေးလိုက်သည်။

"ပန်းယီယီ...က မင်းတပည့်လား?"

နှလုံးသားမဲ့ မီး- "ဟုတ်တယ်။"

နတ်သမီးလေးကျင့် : "ငါတို့ကြားက ဆက်ဆံရေးအကြောင်း မင်းသူ့ကို ပြောပြလိုက်တာလား?"

ပန်းယီယီ ရဲ့ နာမည်နဲ့ ချစ်စရာအမူအရာကြောင့် ဟဲကျင့် က ဒီတစ်ယောက်ဟာ မိန်းကလေးဖြစ်ရမယ်လို့ ခန့်မှန်းလိုက်သည်။

နှလုံးသားမဲ့ မီး: "ငါတို့နှစ်ယောက်ဆက်ဆံရေးက အလင်းရောင်ကို မမြင်နိုင်ဘူးလား?"

[ T/N:  အလင်းရောင်ကို မမြင်နိုင် = လျှို့ဝှက်ထားခြင်း]

ဟဲကျင့်: "....."

လျှို့ဝှက်ထားသည်ဖြစ်စေ မထားသည် ဖြစ်စေ ကိစ္စ မရှိပေ။

အဘယ်ကြောင့် ဆိုသော် နှစ်ပေါင်းများစွာ ကြာပြီနောက်မှာ မီး နှင့် သူ၏ဆက်ဆံရေးသည် "အမည်ခံသပ်သပ်သာ" ဖြစ်ခဲ့သည်မှာ ကြာလှပြီပင်။

အခုတော့ ခုခဏကပဲ သူ့ကို "မိန်းမ" လို့ ခေါ်တာခံရပြီး ကျွမ်းကျင်ကစားသမား စီကနေပါ "ဆရာရဲ့ဇနီး" လို့ပင်  အခေါ်ခံနေရပြန်သည်။

ဟဲကျင့် သည် ရုတ်တရက် ဝန်ထုပ်ဝန်ပိုးကို ခံစားလိုက် ရပြီး အဲ့တာက အရမ်းခက်ခဲလွန်းလှတယ်။ !

ဟဲကျင့်  သည် စိတ်မသက်မသာခံစားခဲ့ရသော်လည်း ယဉ်ကျေးစွာပင် ပန်းယီယီ ထံသို့ "Hello" ဟု စာ ပြန်ခဲ့သေးသည်။

ဟဲကျင့် က နှုတ်ဆက်စကားပြောနေစဉ် ချင်ယွီက နတ်သမီးလေးကျင့်ကို ခေါ်ကာ ထွက်ခွာရန် ပြင်နေပြီး တစ်ချိန်တည်းမှာပင် သူသည် ပန်းယီယီ ထံသို့ "ငါတို့အရင်သွားနှင့်ပြီ"  ဟု ပို့လိုက်လေသည်။

***

ပန်းယီယီ သည် သူမ၏ကွန်ပျူတာရှေ့တွင် တိတ် တဆိတ်ထိုင်နေကရှောင်ရှန်းကျင့်၏ သေးငယ် သော ပုံရိပ်လေးကို လက်မောင်းထဲ ထည့်ဖက်ကာ ထွက်သွားသော နှလုံးသားမဲ့ မီး ၏ ဇာတ်ကောင်ကို စိုက်ကြည့်နေလေသည်။

သူတို့ နှစ်ယောက်သည် နှလုံးသားမဲ့ မီး ထုတ်ပြီးစီး ခဲ သော သနားဖွယ်မီးလျှံ ပေါ် တွင် အတူတကွ ထိုင်နေကြသည်။
ထိုသားရဲသည် မီး မနှစ်က PK ပြိုင်ပွဲမှာ အနိုင်ရခဲ့သဖြင့် ရခဲ့သော ဆု ဖြစ်ပြီး တကယ့်ကို ထူးခြားတဲ့ နတ် သားရဲ တစ်ကောင် ပင်။

သူမသည်တော့  ထိုကဲ့သို့ ဆက်ဆံခြင်းမျိုး တစ်ခါမှ မခံရဖူးပေ။

အကြောင်းမှာသူတို့သည် နတ်ဆိုးများ ဖြစ်ပြီး အတောင်ပံများရှိသော ကြောင့်  တစ်နေရာသို့သွားလိုပါက ထိုနေရာသို့ တိုက်ရိုက်ပျံသန်းသွားမည်ဖြစ်သည်။

သူက အမြဲ သူ့မရှေ့မှပျံသန်းပြီး သူမကတော့နောက်ကနေ အနီးကပ်လိုက်ရသည်။

အရင်ကတော့ ဒီမြင်ကွင်းက ရင်ခုန်စရာကောင်းတယ်လို့ ခံစားမိပေမယ့် အခုချိန်မှာတော့ ဒါဟာ သူမရဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းသာဖြစ်ကြောင်း သိလိုက်ရတော့သည်။

သူမ၏ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ မက်ဆေ့ချ် ဘောက်စ်တွင် သူမပေးပို့ရန်အခွင့်အရေးမရရှိလိုက်သော စာကြောင်းတစ်ကြောင်းရှိနေသည်။

"ဆရာရဲ့ဇနီးရေ အခွင့်အရေးရရင် နောက်မှအတူတူကစားရအောင်ကျွန်မ  အခုတော့ မနှောင့်ယှက်တော့ပါဘူး" ဟု ၍ဖြစ်လေသည်။

သူမသည် စကားလုံးတိုင်းကို ဖျက်လိုက်ကာ  သူမ၏ နှလုံးသားထဲတွင် လည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

—–

ပန်းယီယီ သည် မျှော်လင့်ချက်မဲ့နေသလို ခံစားနေရမှန်း ဟဲကျင့် ကတော့မသိပေ။

တစ်ဖက်သူက ဘာမှပြန်မပို့တော့သောကြောင့် သူလည်း ဂရုမစိုက်တော့ပေ။

နှလုံးသားမဲ့ မီး သည် သူ၏ အသံလုပ်ဆောင်ချက်ကို ပြန်ဖွင့်ပြီး ဟဲကျင့် ကို "အမှတ်တရများရှာဖွေရန်" အတွက် ဆက်လက်ခေါ်ဆောင်ခဲ့သည်။

နေရာတိုင်းတွင် သူသည် အတိတ်က အဖြစ်အပျက်လေးများကို ပြောရန် ရပ်တန့်နေလိမ့်မည်။

တောထဲ အတူတူ လမ်းပျောက်တာတွေ Fairy Island မှာ တခြားကစားသမားကို ပထမဆုံးအကြိမ် အတူတူသတ်ကြတာတွေ ဆောင်းရာသီ မြို့လေးမှာ ပထမဆုံး မီးရှူးမီးပန်း ကစားခဲ့တာတွေ စသည်ဖြင့် တစ်ခုချင်းစီ ပြောပြလေသည်။

မီး ၏ပြန်ပြောပြမူဖြင့် ဟဲကျင့် သည် ထိုအရာအများစုကို ပြန်သတိရရုံသာမက မီး နှင့် အတူကစားခဲ့တဲ့ အချိန်တုန်းက သူ့ခံစားချက်ကို ဖြည်းညှင်းစွာ ပြန်လည်ရရှိခဲ့သည်။

သူတို့ဟာ အရမ်းရင်းနှီးခဲ့ကြ ပြီး အချိန်တိုင်း အတူတူ ကစားခဲ့ ကြသည်။

ပိတ်ရက်တွေ ဟဲကျင့် မိဘတွေ အပြင်ထွက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် တိတ်တိတ်လေး စကားပြောကြသည်။

သို့သော် ဒီခံစားချက်က ယောက်ျားနဲ့မိန်းမကြားက ချစ်ခြင်းမေတ္တာမဟုတ်ပဲ ဖြူစင်တဲ့ ကစားဖော်တွေရဲ့ ခင်မင်မှုပေ။ဒါမှမဟုတ် အများစုက ညီရင်းအစ်ကိုလို ခံစားချက်မျိုးပေါ့!

သူ့မှတ်ဥာဏ်ထဲက မီး ဟာ အကာအကွယ်လိုအပ်တဲ့ ညီတစ်ယောက်လိုဖြစ်ပြီး ဟဲကျင့် က တော့ သူ့အစ်ကိုကြီး လိုပါပဲ။

"လက်ထပ်ခြင်း" ဆိုတာက တကယ်တော့ အရမ်းရိုးရှင်းလေသည်။ဟဲကျင့် အရင်က မှန်းဆထားသလို ပါပင်။Exp အမှတ်ရဖို့အတွက်နှင့် အဆင့် တင်ရတာ ပိုမိုလွယ်ကူအောင်ပင် ဖြစ်သည်။

ဂိမ်းတွင် ညီအကိုများ ကျမ်းသစ္စာကျိန်ဆိုခြင်း စနစ်ပါရှိသော်လည်း အကျိုးအမြတ်မှာ "လက်ထပ်ခြင်း" ထက် များစွာနည်းပါးသည်။

မီး သည် "mortal"ဖြစ်ပြီး သူ၏ လိင်အမျိုးအစားကို မပြောင်းလဲနိုင်တော့ဘဲ ဟဲကျင့် သည် လိင်မဲ့ "spirit " ဖြစ်ပြီး သူရဲ့လိင်အမျိုးအစား ကို ရွေးချယ်နိုင်ခဲ့သည်။

သူသည် အမျိုးသမီးအသွင်အပြင်ကို အသုံးပြုနေသမျှကာလပတ်လုံး သူနှင့် မီး သည် စုံတွဲတစ်တွဲဖြစ်နိုင်ပြီး လက်ထပ်ရန်ပင်ဖြစ်နိုင်သည်။

၎င်းသည် ဟဲကျင့် သည် ယခုအချိန်တွင် အပြာဝတ် ကလေးမလေး ဇာတ်ကောင် အသွင်အပြင်တွင်ရှိနေရခြင်း အကြောင်းအရင်းပင်။

ယောက်ျားလေးနဲ့လက်ထပ်ရတာမရှက်ဘူးလား ဟုတ်လား?

15 နှစ်အရွယ် မသိနားမလည် အရွယ်မရောက်သေးသူက ဒီအရာတွေကို ဘယ်လိုလုပ် ဂရုစိုက်မှာလဲလို့!!

သူ့အတွက် အလေးအနက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး သူ့အတွက်ကတော့ ပျော်ရွှင်စွာကစားနိုင်သရွေ့ ဘာမဆို အဆင်ပြေတယ်လေ!

ဒါပါပဲ။

သို့သော် ဟဲကျင့် သည် အချိန်အတော်ကြာ စွန့်ပစ်ထားခဲ့သော အမှတ်ရစရာများကို မီး ကြောင့် ပြန် သတိရမိမယ်လို့ မထင်ခဲ့ပေ။

မီးသည် အလွန်လွမ်းဆွတ်ဖွယ်ကောင်းသောအသေးစိတ်အချက်များစွာကို သူ့အားသတိရအောင်လုပ်ပေးခဲ့သည်။

သူ့ကိုမှတ်မိစေရန်အတွက် လုပ်ဆောင်ချက် အားလုံးပြီးသွားခဲ့သည်။

သူ့လေသံက ကြင်နာနွေးထွေးပြီး ချိုမြိန်တဲ့အရိပ်အမြွက်လေးတောင် ပါသေးတယ်?

သူ့ရဲ့မူရင်း သာမာန် ကစားဖော် ခင်မင်ရင်းနှီးမှု ခံစားချက် သည် လွန်ခဲ့သော ရှစ်နှစ်တာ ကာလအတွင်း တဖြည်းဖြည်း အနည်ထိုင် လာခဲ့ပြီး နောက်ဆုံး အစိုင်အခဲလေးတစ်ခု ပြောင်းသွားသည် အထိ စုစည်း လာခဲ့သည် ။

မီး အတွက် "စောင့်ဆိုင်းခြင်း" သည် အလေ့အကျင့်တစ်ခုဖြစ်လာပြီး "မကွာရှင်းခြင်း" သည် ပုံမှန် ကိစ္စရပ် သာဖြစ်သည်။

ဤအခိုက်အတန့်တွင် ဟဲကျင့် ၏ နှလုံးသားထဲတွင် အပြစ်ရှိစိတ်လေး အနည်းငယ် ပေါက်ဖွားလာသည်။
အကြောင်းမှာ မီး ၏ ခံစားချက်သည် အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လာသည်ကို သူသည် နှုတ်မဆက်ပဲ ပျောက်ကွယ်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။

ဟဲကျင့် သည် သူရဲ့ အပြစ်ရှိစိတ်လေးကို ဖုံးကွယ်ထားကာ မီး ကိုမေးခွန်းများစွာ မေးရန်ရှိသေး သဖြင့် စာများဆက်ပို့ လိုက်သည်။

နတ်သမီးလေးကျင့် : "မင်းက ဘယ်လိုလုပ် နတ်ဆိုးဖြစ်လာတာလဲ? အဆင့်မိတ်ဆက်ခြင်း ကို ကြည့်လိုက်တုန်းက soul ပဲ Demon အဖြစ် ကျင့်ကြံနိုင်တယ်လို့ ပြောထားတာရော mortal ဆိုရင် Divine God အဖြစ်ပဲ ကျင့်ကြံလို့ရတာ မဟုတ်ဘူးလား?

မီး က ရိုးရိုးရှင်းရှင်းပဲ သူ့ကို နတ်ဆိုးကျင့်ကြံခြင်း လမ်းစဉ်ထဲ ကျရောက် ခြင်း အကြောင်းကို ရှင်းပြခဲ့သည်။

ဟဲကျင့်သည် ထူးဆန်းတာကို ရှာတွေ့ခဲ့သည်။

"မင်းက အမြင့်ကို ရောက်နေပြီပဲကို ဘာလို့ အဲ့လမ်းစဉ်ထဲ ခုန်ဆင်းတာလဲ?"

နှလုံးသားမဲ့မီး: "Heavenly Beings ကစားသမားတွေများလွန်းတယ် ပြိုင်စရာလူမရှိဘူး"

နတ်သမီးလေးကျင့်: "...."

နှလုံးသားမဲ့ မီး က ဆက်ပြောသည်။

"Demon God ဖြစ်လာပြီး Divine God တွေကို သတ်ရတာ ပိုပျော်ဖို့ ကောင်းတယ်လေ

နတ်သမီးလေးကျင့် : "စွမ်းအားကြီးလွန်းတယ်..."

ရှစ်နှစ်ကြာ မတွေ့ရသည့် နောက်တွင် ဒီ သူ့နောက်လိုက် ငတုံး လေး က ပထမအဆင့် ဆရာကြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲလို့!

ဟဲကျင့်က မေးလိုက်သည်။

"ထိပ်တန်းကစားသမား အဆင့်၁ ဖြစ်ရတာနဲ့ ပတ်သက်ပြီး မင်းဘယ်လိုခံစားရလဲ?"

မီး သည် ပြုံးကာ ပြောလိုက်သည်။

"မင်း စာမေးပွဲမှာ ပထမနေရာကို ရလိုက်တာနဲ့ အတူတူပဲ"

ဟဲကျင့် ဆွံအ သွားတော့သည် ......

မီးမင်းဘယ်လိုတောင် တွေးလိုက်တာလဲလို့ (>_<)

နှလုံးသားမဲ့ မီး : "မင်းမေးခွန်းတွေအရမ်းများတယ် ငါ လဲ မင်းကို တစ်ခုလောက် မေးပါရစေ။"

ဟဲကျင့် က "မေးလေ" လို့ ရက်ရက်ရောရော ပြန်ဖြေလေသည်။

နှလုံးသားမဲ့ မီး : "မင်း ဟွား တက္ကသိုလ်ဝင် ခွင့် စာမေးပွဲဖြေမယ်လို့ မင်းပြောခဲ့တာ မှတ်မိသေးတယ် ဝင်ခွင့်ရခဲ့လား?"

ဟဲကျင့် လန့်သွားသည်။

မီး က တကယ့်ဘဝအကြောင်းမေးမယ်လို့ မမျှော်လင့်ထားမိပေ။ ဒါပေမယ့် သူတို့နှစ်ယောက် က မစိမ်းတော့ တဲ့အတွက်ကြောင့် ဟဲကျင့် က အရမ်းကြီး ဖုံးဖိထားချင်စိတ် မရှိတော့ဘဲ သူ ရိုးရိုးသားသား ပြန်ဖြေခဲ့လေသည်။

"အင်း ဝင်ခွင့်ရခဲ့တယ်"

နှလုံးသားမဲ့ မီး : "ဟီးဟီး ဒါ ဆို မင်းဝင်ခွင့်ရခဲ့တာပေါ့ ကောင်းတာပေါ့"

ဟဲကျင့် : "....."

သူတို့သတိမထားမိဘဲ ဂိမ်းလောကသည် ညနေပိုင်းအချိန် သို့ ဝင်ရောက်လာခဲ့သည်။ မီးသည် ဟဲကျင့် ကို ရေကန်တစ်ခုသို့ ခေါ်ဆောင်သွားသည်။

နေဝင်ချိန် အောက်တွင် ခရမ်းရောင် အလင်းတန်းတွေက ရေကန်မျက်နှာပြင်ပေါ် တွင်လင်းလက်နေသည်မှာ သလင်းကျောက်တွေ အရောင်ဖြာထွက်နေသလိုပင်။ ထိုမြင်ကွင်း သည် အံ့ဖွယ် ကမ္ဘာထဲက အရာ တစ်ခုလိုပင် ခံစားစေရသည်။

ဟဲကျင့် သည် ဤနေရာသည် လင်းဟောင် ရေကန် မှန်း ရုတ်တရက် မှတ်မိလိုက်သည်။

လင်းဟောင် ရေကန် သည် ချွိုင်ဖုန် ကျွန်းဟုခေါ်သော ကျွန်းတစ်ကျွန်း၏အလယ်တွင် တည်ရှိသည်။ ရေကန်၏ထိပ်တွင် "ချဲ့ချောင်တံတား" ဟုခေါ်သော တံတားတစ်ခုရှိလေသည်။

[T/N ချဲ့ချောင် တံတားဆိုတာကလေ ယက်ကန်းမယ်နဲ့ နွားကျောင်းသား ဒဏ္ဍရီပုံပြင် ကနေဖြစ်ပေါ်လာတာပါ။ ကြားဖူးကြမယ်လို့ ထင်ပါတယ် ချစ်သူနှစ်ယောက်ဆုံတွေ့ဖို့အတွက်ကို သပိတ်လွယ် ငှက်လေးတွေက တံတားသဖွယ် လုပ်ပေးခြင်းကနေ ချဲ့ချောင်တံတားဖြစ်ပေါ်လာတာပါ။

သူတို့နှစ်ယောက်တွေ့ဆုံတဲ့နေ့ကို တော့ တရုတ်ချစ်သူများနေ့လို့ ခေါ်ပါတယ်။]

"Cowboy" ဟုခေါ်သော NPC သည် တံတား၏တစ်ဖက်တွင်ရပ်နေပြီး အခြားတစ်ဖက်တွင် "Vega" ဟုခေါ်သော အခြား NPC တစ်ယောက်ရပ်နေသည်။

မှန်ပါတယ် ဒါက စုံတွဲ မစ်ရှင်လုပ်ဖို့ နေရာတစ်ခုပင်ဖြစ်သည်။

Demon God ရှိ စုံတွဲများသည် နေ့စဉ်အိမ်ထောင်ရေး တာဝန်များကို လုပ်ဆောင်နိုင်ကြပြီး တာဝန် ပြီးမြောက်သောအခါတွင် Exp အမှတ်များစွာရရှိနိုင်ကြသည်။

တိကျသော ကစားနည်းမှာ အမျိုးသားနှင့် အမျိုးသမီး ကစားသမားများသည် Cowboy နှင့် Vega တို့၏ ရှေ့တွင် အသီးသီး ရပ်နေရမည်။

ထို့နောက် ၎င်းတို့သည် အချို့သောအကြောင်းအရာများကို မေးမြန်းကြပြီး ရည်ရွယ်ချက်မှာ အိမ်ထောင်ဖက်နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် ချိတ်ဆက်မှုရှိမရှိ စစ်ဆေးရန်ဖြစ်သည်။

သူတို့နှစ်ယောက် ဖြေသော အဖြေသာတူခဲ့ရင် Exp အမှတ်များ ရမည်ဖြစ်သည်။

မေးခွန်းအရေအတွက်က မများဘဲစုစုပေါင်း ၁၀ ခုရှိပြီး အခက်အခဲ အဆင့် တဖြည်းဖြည်း တိုးလာမည် ဖြစ်သည်။

ဟဲကျင့် ၏အဆင့်အရ ဆိုလျှင် မေးခွန်းအားလုံးကို မှန်ကန်စွာဖြေဆိုပါက သူ၏Exp အမှတ်သည် ဘားတစ်ဝက်အထိ တက်လာနိုင်သည်။

ဤတာဝန်သည် ရိုးရှင်းပုံပေါက်သော်လည်း မစ်ရှင်ဖွင့်သည်နှင့် ကစားသမားနှစ်ဦးကြားရှိ မည်သည့် မက်ဆေ့ချ် ဘောက်နှင့် အသံလုပ်ဆောင်ချက်များကိုမဆို စနစ်က ပိတ်ထားသောကြောင့် လုပ်ဆောင်ရန် မလွယ်ကူပေ။

မေးခွန်းတစ်ခုစီတွင် အချိန်ကန့်သတ်ချက် 10 စက္ကန့်သာရှိသည်။
အကယ်၍ သင်သည် "ဖြေဆိုရန်" စည်းမျဉ်းများကို လိုက်နာပါက မှားယွင်းဖြေဆိုသော ကစားသမားများသည် "သွေး" ဆုံးရှုံးမည်ဖြစ်သည်။

အကယ်၍ သင်သည် မေးခွန်းငါးခုမှားပါက တိုက်ရိုက် "အထုတ်ခံရမည်" ဖြစ်သည်။ တစ်ယောက် သေဆုံးသွားပါက မစ်ရှင်ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။

မစ်ရှစ် ကို ဆက်လက် မလုပ်ဆောင်နိုင်တော့ပါက တံတားကျိုးသွားကာ ကစားသမားနှစ်ဦးသည် ရေကန် ၏တစ်ဖက်တစ်ချက်စီတွင် ရောက်သွားမည် ဖြစ်ကာ ဆယ့်ငါးမိနစ်ကြာမျှ မလှုပ်ရှားနိုင်ဘဲ ရေကန်တစ်ဖက်တွင်သာ မတ်တပ်ရပ်နေနိုင်မည်ဖြစ်သည်။

သို့သော် ဂိမ်း၏စည်းမျဉ်းများနှင့်ရင်းနှီးသောကစားသမားများသည် လှည့်စားရန်နည်းလမ်းများကို အမြဲရှာဖွေနိုင်သည်။

taskကို လုပ်ဆောင်သူ နှစ်ဦးသည် တစ်ခန်းတည်းတွင် ရှိနေပါက ၎င်းတို့၏ အဖြေများကို အချင်းချင်း ပြောပြနိုင်သည် သို့မဟုတ် ၎င်းတို့၏ အဖြေများကို အချင်းချင်း ဖုန်းဖြင့် သတင်းပို့နိုင်သည်။ ထိုအခါတွင် တာဝန်ကို မြန်ဆန်တိကျစွာ ပြီးမြောက်နိုင်မည်ဖြစ်သည်။

ရင်းနှီးပြီးသား NPC နှစ်ယောက်သည် လွန်ခဲ့သော ရှစ်နှစ်ကကဲ့သို့ တူညီသော အနေအထားတွင် ရပ်နေသေးသည်ကို မြင်လိုက်ရသောအခါ ဟဲကျင့် သည် "Demon God" သည် ထိုစုံတွဲတာဝန်များ ဆက်လက်ထည့်သွင်း ထားမည်ဟု မှန်းဆခဲ့သည်။ ကစားနည်း စည်းကမ်းသည် အရင်အတိုင်းပဲ ရှိမရှိ မသိပေမယ့်ပေါ့လေ။

ဟဲကျင့် ရဲ့ အတွေးကို ကြားလိုက်ရသလိုမျိုး နှလုံးသားမဲ့ မီး က ရုတ်တရက် ထမေးလေသည်။

" မင်းကြည့်ချင်လား?"

***

Spirit Fairy- အတိတ် ※ (ခြောက်)

Spirit Fairy မှတရားဝင်ထုတ်ပြန်ထားသောဂိမ်း၏စည်းမျဉ်းအသစ်- မျိုးကွဲများအတူယဉ်တွဲနေထိုင်ခြင်း။

ဆိုလိုသည်မှာ... mortal များနှင့် spirit များသည် လက်ထပ်နိုင်သည်။ (≧▽≦)

System: ဤကစားနည်းကို လူသိများစေရန်အတွက် ဤလအတွင်း မကောင်းဆိုးဝါးများကို "သေမျိုး" နှင့် "ဝိညာဉ်" စုံတွဲများ အတူတကွ သတ်ဖြတ်ရန် လှုပ်ရှားမှုများ လုပ်ဆောင်ပါက Exp အမှတ် နှစ်ဆရနိုင်ပြီး ပိုမိုကောင်းမွန်သော Exp အမှတ်များရရှိရန် စုံတွဲများအတွက် ဒီဇိုင်းထုတ်ထားသည့် တာဝန်ကိုလည်း သင်လုပ်ဆောင်နိုင်သည် Oh ~!

ဟဲကျင့် ထိုသတင်းကိုသိပြီး ချက်ချင်းပဲ မီး ဆီ ကိုသွားပြီးပြောလိုက်လေသည်။

"လက်ထပ်ရအောင်!"

မီး : "....."

ချင်ယွီသည် ဖန်သားပြင်ကို စိုက်ကြည့်နေသည်။

အားကျင့် က သူ့ကို လက်ထပ်ချင်နေတာလား ? (O_O)

အား ကျင့် ...

သူက မိန်းကလေးဖြစ်နေခဲ့တာလား!
(O __ O)

အားကျင့် ဟာ ယောက်ျားလေးလို့ အမြဲထင်ခဲ့တဲ့ ချင်ယွီ က ရုတ်တရက် ရှက်သွားခဲ့လေသည် ~! (O////O)

အသက်ဆယ့်လေးနှစ်အရွယ် ချင်ယွီ သည် အပြင် မှာတင်မက ဂိမ်းထဲမှာတောင် ယောက်ျားတစ်ယောက်ဟာ မိန်းမနဲ့ သာ လက်ထပ်နိုင်တယ်လို့ ရိုးရိုးရှင်းရှင်းပဲ တွေးခဲ့သည်။

သူသည် mortal ယောကျ်ားလေး ဇတ်ကောင် ဖြစ်သောကြောင့်  သူ့ကိုလက်ထပ်ခွင့်တောင်းသော အားကျင့် သည် မိန်းကလေးဖြစ်သင့်သည်။

နတ်သမီးလေး ကျင့်: "ဟဲလို? မင်းရှိသေးလား?"

မီး: "ဒီမှာ..."

အရင်က ဖြစ်ပျက်ခဲ့တာတွေကို တွေးကြည့်ရင် ချင်ယွီဟာ ခဏအတွင်းမှာ ရှက်သွားလေသည်။
သူသည် မိန်းမများနှင့် လွန်စွာ ရင်းနှီးမှု မရှိခဲ့ဘဲ အားကျင့်  သည် သူ၏ သာမာန် ခံယူချက် ဖြစ်သောနူးညံ့ပြီး ချောမောလှပသော မိန်းကလေးများ နှင့်လဲ မတူပေ။

သို့ပေမယ့် သူကြိုက်ပုံရလေသည်။ (>////<)

နတ်သမီးလေးကျင့် : "ဘာဖြစ်တာလဲ? မင်းမလုပ်ချင်ဘူးလား?"

မီး : "လုပ်ချင်တယ်..."

နတ်သမီးလေးကျင့်  : "သွားရအောင်!"

မီး : "..."

မင်္ဂလာဆောင်တာကို နားလည်ပြီးသား ဟဲ့ကျင့် က မီး ကို ဆွဲခေါ်ကာ ပြေးလေတော့သည်။ သူသည် သူ၏အသွင်အပြင်ကို မိန်းကလေးငယ်၏အသွင်အပြင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး နောက်တွင် သူ့ကို ချစ်သူများကျွန်းသို့ ခေါ်သွားလေသည်။

ထို့နောက်တွင် တော့ "အချစ် နတ်သမီး" ရှေ့တွင် နှယောက်သား ရပ်လိုက်ကြတော့၏။

ချင်ယွီသည် အားကျင့် ၏နောက်သို့ ယောင်တောင်တောင်ဖြင့် လိုက်သွားကာ သူ့ဦးနှောက်က ပေါက်ထွက်လာတော့မလို ပင် ခံစားလိုက်ရသည်။

သူ့စခရင်မှာ စနစ်မှ အချက်ပြစာသားပေါ်လာသောအခါမှ သာ လက်တွေ့သို့ သူပြန်ရောက်လာတော့သည်။

System: လေးစားရပါသော 「မီး」, ကစားသမား 「 ရှောင်ရှန်း ကျင့်」မှ အချစ်နတ်သမီးစီသို့ သင်နှင့် သူ ၏ ဆက်ဆံရေးကို အသိအမှတ်ပြုပေးရန် တောင်းဆိုထားပါသည်။ကျေးဇူးပြု၍ "လက်ခံသည်" သို့မဟုတ် " ငြင်းပယ်သည်" ကို ရွေးပါ။

ချင်ယွီက လက်ခံသည် ကို ရွေးချယ်ခဲ့ပြီး သူ့နှလုံးသားသည် ဒရမ်ကဲ့သို့ ပြင်းထန်စွာ ခုန်နေခဲ့သည်။

ထို့နောက်တွင်တော့  သူ့တစ်ဝိုက်တွင် သာယာသောအသံတစ်ခုထွက်ပေါ်လာပြီး World ချန်နယ်တွင် မက်ဆေ့ချ် တစ်ခု ထွက်ပေါ်လာတော့သည်။

〖World〗:  ကစားသမား 「မီး」နှင့် ကစားသမား 「ရှောင်ရှန်းကျင့်」တို့ လက်ထပ်ပြီး အတွက်ဂုဏ်ယူပါသည်။ ဇနီးမောင်နှံသစ်ကို ထာဝရ ကောင်းချီးပေးပါစေ!!

ထိုစာသား ကို ကြည့်ကာ ချင်ယွီ မျက်နှာတစ်ခုလုံး ပူထူလာတော့သည် ။

သူသည် ထိုစာသားကို screenshot ရိုက်ပြီး တိတ်တိတ်လေး သိမ်းနေစဉ် တွင် ဦးနှောက်အဖျားတက်နေသာ ချင်ယွီသည်  ရုတ်တရက် တုံ့ပြန်ခဲ့သည်။

ယခုအချိန်မှစ၍ သူသည် အားကျင့် ၏ခင်ပွန်းဖြစ်သွားပြီဖြစ်သည်...... အာ နောက်ပိုင်းတွင် သူသည် ပို၍ အင်အားကြီးလာမှဖြစ်မယ် အားကျင့် ကို အခြားသူတွေ အနိုင်ကျင့်မှာကို လုံးဝ ခွင့်မပြုနိုင်ဘူး!

O( ̄ヘ ̄o)

အဲဒီနောက်မှာတော့ မီး ဟာ taskတွေကို ပိုပိုပြီး ကြိုးစားလုပ်လာပါတော့သည်။


Zawgyi

008:စုံတြဲ တာဝန္မ်ား

မီး သည္ ပန္းယီယီ ႏွင့္ စကားစျမည္ေျပာေနစဥ္ ဟဲက်င့္ သည္ ဂိမ္း၏ ထိန္းခ်ဳပ္မႈပုံစံႏွင့္ ရင္းႏွီးလာခဲ့သည္။

သို႔ေသာ္လည္း သူ႔စိတ္ထဲမွာ ႏွလုံးသားမဲ့ မီး ေျပာခဲ့ေသာ စကားကို ပဲ ၾကားေယာင္ေနမိသည္။

" မင္းက ငါ့မိန္းမမို႔လို႔..."

ဂိမ္းထဲမွာ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးသည္ ခင္ပြန္းနဲ႔ဇနီး ဆက္ဆံေရးမို႔ တစ္ဖက္လူက သူ႔ကို ဒီလိုေျပာတာက ပုံမွန္ပဲျဖစ္သည္။

သို႔ေသာ္ မီး သည္ ထိုကဲ့သို႔ ကလူျမဴ၏ ေလသံကို အသုံးျပဳခဲ့ၿပီး ၎သည္ ဟဲက်င့္ ၏ ႏွလုံးသားထဲတြင္ "ဂီတ"သံစဥ္ တီးခတ္ေနသကဲ့သို႔ ခံစားခ်က္ကို အၿမဲတမ္း ခ်န္ထားခဲ့သည္။

သူက ေယာက္်ားေလးမို႔ တျခားလူအတြက္ ဒီလို ခံစားခ်က္မ်ိဳး ရွိတယ္ဆိုတာက ဘယ္လိုေျပာရမလဲ...စက္ဆုပ္တာမ်ိဳး မရွိေပမယ့္ နည္းနည္းေတာ့ ရွက္ၿပီး လန္႔တယ္  ဒါက နည္းနည္းေတာ့ နာက်င္စရာ ေကာင္းတယ္ ေရာ (=_=)

အင္း ျဖစ္ႏိုင္တာကေတာ့ သူကေယာက်္ားေလး ျဖစ္ၿပီး မိန္းကေလး အေနနဲ႔ ကစားရတာကို အသားမက်လို႔ ျဖစ္ႏိုင္ပါတယ္

ဒါေပမယ့္ သူဘာလို႔ ဒီအခန္းက႑အတိုင္းလိုက္လုပ္ရမွာလဲလို႔! (=_=)

ဟဲက်င့္ စိတ္ရႈပ္ေထြး ေနခ်ိန္မွာပဲ သူရဲ႕ အျပင္လူ မက္ေဆ့ခ္် ေဘာက္စ္ ေအာက္ေျခမွာ ႐ုတ္တရက္ မက္ေဆ့ခ်္အသစ္တစ္ခု ေရာက္လာေလသည္။

〖သီးသန႔္စကားေျပာခန္း〗 'ပန္းယီယီ' : "မဂၤလာပါ~"

"Demon God" တြင္ အဆင့္နိမ့္ကစားသမားမ်ားသည္ အဆင့္ျမင့္သူ ကစားသမားမ်ားကို မျမင္ႏိုင္သလို ၎တို႔၏အသံမ်ားကို လည္း မၾကားႏိုင္ေသာေၾကာင့္ တစ္ဦးႏွင့္ တစ္ဦး သူငယ္ခ်င္း အပ္ ကာ ဒိုင္ယာေလာ့ေဘာက္စ္ကို အသုံးျပဳ၍ ေျပာျခင္း သိုမဟုတ္ အျပင္လူ စကားေျပာခန္းမွ သီးသန္႔စကားေျပာခန္းကို ေ႐ြး၍ ဆက္သြယ္ျခင္းသာ လုပ္၍ ရသည္။

ပန္းယီယီ သည္ ဒုတိယတစ္ခုကို ေ႐ြးခ်ယ္ခဲ့သည္။

[T/N ဒီမွာကေလ fb မွာလို သူငယ္ခ်င္းအပ္ၿပီး စကားေျပာတာနဲ႔ သူငယ္ခ်င္း မဟုတ္ပဲ ေျပာရင္ message request မွာ စာဝင္သလို မ်ိဳးပါပဲ ပန္းယီယီကမအပ္ပဲ စကားပဲလာေျပာတာပါ။]

ဟဲက်င့္ အံ့ဩသြားသည္။ သူက ဒီနာမည္နဲ႔ နည္းနည္းရင္းႏွီးသလို ခံစားလိုက္ရသည္။

ေနာက္မွ  ထိပ္တန္း ကစားသူ စာရင္းမွာ ျမင္ဖူးမွန္းသတိရသြားသည္။ သူျပန္ေျဖေတာ့မယ့္အခ်ိန္မွာ သူ႔ရဲ႕ အျပင္လူ မက္ေဆ့ခ္် ေဘာက္စ္ မွာ ေနာက္ထပ္ မက္ေဆ့ခ္်အသစ္ ေပၚလာတာကို ေတြ႕လိုက္ရသည္။

〖သီးသန္႔ စကားေျပာခန္း 〗 'ပန္းယီယီ': "ဆရာရဲ႕ ဇနီး~ o (∩ _ ∩) o ~"

ဟဲက်င့္: "....."

တစ္နည္းနည္းနဲ႔ ရွက္႐ြံ႕ေနသလို  ဟဲက်င့္ က ႏွလုံးသားမဲ့ မီး ကိုေမးလိုက္သည္။

"ပန္း ယီယီ...က မင္းတပည့္လား?"

ႏွလုံးသားမဲ့ မီး- "ဟုတ္တယ္။"

နတ္သမီးေလးက်င့္ : "ငါတို႔ၾကားက ဆက္ဆံေရးအေၾကာင္း မင္းသူ႔ကို ေျပာျပလိုက္တာလား။"

ပန္းယီယီ ရဲ႕ နာမည္နဲ႔ ခ်စ္စရာအမူအရာေၾကာင့္ ဟဲက်င့္ က ဒီတစ္ေယာက္ဟာ မိန္းကေလးျဖစ္ရမယ္လို႔ ခန္႔မွန္းလိုက္သည္။

ႏွလုံးသားမဲ့ မီး: "ငါတို႔ႏွစ္ေယာက္ဆက္ဆံေရးက အလင္းေရာင္ကို မျမင္ႏိုင္ဘူးလား?"

[ T/N: အလင္းေရာင္ကို မျမင္ႏိုင္ = လွ်ိဳ႕ဝွက္ထားျခင္း]

ဟဲက်င့္: "....."

လွ်ိဳ႕ဝွက္ထားသည္ျဖစ္ေစ မထားသည္ ျဖစ္ေစ ကိစၥ မရွိေပ။

အဘယ္ေၾကာင့္ ဆိုေသာ္ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီေနာက္မွာ မီး ႏွင့္ သူ၏ဆက္ဆံေရးသည္ "အမည္ခံသပ္သပ္သာ" ျဖစ္ခဲ့သည္မွာ ၾကာလွၿပီပင္။

အခုေတာ့ ခုခဏကပဲ သူ႔ကို "မိန္းမ" လို႔ ေခၚတာခံရၿပီး ကြၽမ္းက်င္ကစားသမား စီကေနပါ "ဆရာရဲ႕ဇနီး" လို႔ပင္ အေခၚခံေနရျပန္သည္။

ဟဲက်င့္ သည္ ႐ုတ္တရက္ ဝန္ထုပ္ဝန္ပိုးကို ခံစားလိုက္ ရၿပီး အဲ့တာက အရမ္းခက္ခဲလြန္းလွတယ္။ !

ဟဲက်င့္ သည္ စိတ္မသက္မသာခံစားခဲ့ရေသာ္လည္း ယဥ္ေက်းစြာပင္ ပန္းယီယီ ထံသို႔ "Hello" ဟု စာ ျပန္ခဲ့ေသးသည္။

ဟဲက်င့္ က ႏႈတ္ဆက္စကားေျပာေနစဥ္ ခ်င္ယြီက နတ္သမီးေလးက်င့္ ကို ေခၚကာ ထြက္ခြာရန္ ျပင္ေနၿပီး တစ္ခ်ိန္တည္းမွာပင္ သူသည္ ပန္းယီယီ ထံသို႔  "ငါတို႔အရင္သြားႏွင့္ၿပီ" ဟု ပို႔လိုက္ေလသည္။

***

ပန္း ယီယီ သည္ သူမ၏ကြန္ျပဴတာေရွ႕တြင္ တိတ္တဆိတ္ထိုင္ေနကာ နတ္သမီးေလးက်င့္၏ ေသးငယ္ေသာ ပုံရိပ္ေလးကို လက္ေမာင္းထဲ ထည့္ဖက္ကာ ထြက္သြားေသာ ႏွလုံးသားမဲ့ မီး ၏ ဇာတ္ေကာင္ကို စိုက္ၾကည့္ေနေလသည္။

သူတို႔ ႏွစ္ေယာက္သည္ ႏွလုံးသားမဲ့ မီး ထုတ္ၿပီးစီး ခဲ ေသာ ဝမ္းနည္းမီးလွ်ံ ေပၚ တြင္ အတူတကြ ထိုင္ေနၾကသည္။

ထိုသားရဲသည္ မီး မႏွစ္က PK ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့သျဖင့္ ရခဲ့ေသာ ဆု ျဖစ္ၿပီး တကယ့္ကို ထူးျခားတဲ့ နတ္ သားရဲ တစ္ေကာင္ ပင္။

သူမသည္ေတာ့ ထိုကဲ့သို႔ ဆက္ဆံျခင္းမ်ိဳး တစ္ခါမွ မခံရဖူးေပ။

အေၾကာင္းမွာသူတို႔သည္ နတ္ဆိုးမ်ား ျဖစ္ၿပီး အေတာင္ပံမ်ားရွိေသာ ေၾကာင့္ တစ္ေနရာသို႔သြားလိုပါက ထိုေနရာသို႔ တိုက္႐ိုက္ပ်ံသန္းသြားမည္ျဖစ္သည္။

သူက အၿမဲ သူ႔မေရွ႕မွပ်ံသန္းၿပီး သူမကေတာ့ေနာက္ကေန အနီးကပ္လိုက္ရသည္။

အရင္ကေတာ့ ဒီျမင္ကြင္းက ရင္ခုန္စရာေကာင္းတယ္လို႔ ခံစားမိေပမယ့္ အခုခ်ိန္မွာေတာ့ ဒါဟာ သူမရဲ႕ ကိုယ့္ကိုယ္ကိုယ္ လွည့္စားျခင္းသာျဖစ္ေၾကာင္း သိလိုက္ရေတာ့သည္။

သူမ၏ကြန္ျပဴတာဖန္သားျပင္ေပၚရွိ မက္ေဆ့ခ်္ ေဘာက္စ္တြင္ သူမေပးပို႔ရန္အခြင့္အေရးမရရွိလိုက္ေသာ စာေၾကာင္းတစ္ေၾကာင္းရွိေနသည္။

"ဆရာရဲ႕ဇနီးေရ အခြင့္အေရးရရင္ ေနာက္မွအတူတူကစားရေအာင္ကြၽန္မ အခုေတာ့ မေႏွာင့္ယွက္ေတာ့ပါဘူး" ဟု ၍ျဖစ္ေလသည္။

သူမသည္ စကားလုံးတိုင္းကို ဖ်က္လိုက္ကာ သူမ၏ ႏွလုံးသားထဲတြင္ လည္း ႀကီးမားေသာ ဆုံးရႈံးမႈကို ခံစားခဲ့ရသည္။

—–

ပန္းယီယီ သည္ ေမွ်ာ္လင့္ခ်က္မဲ့ေနသလို ခံစားေနရမွန္း ဟဲက်င့္ ကေတာ့မသိေပ။

တစ္ဖက္သူက ဘာမွျပန္မပို႔ေတာ့ေသာေၾကာင့္ သူလည္း ဂ႐ုမစိုက္ေတာ့ေပ။

ႏွလုံးသားမဲ့ မီး သည္ သူ၏ အသံလုပ္ေဆာင္ခ်က္ကို ျပန္ဖြင့္ၿပီး ဟဲက်င့္ ကို "အမွတ္တရမ်ားရွာေဖြရန္" အတြက္ ဆက္လက္ေခၚေဆာင္ခဲ့သည္။

ေနရာတိုင္းတြင္ သူသည္ အတိတ္က အျဖစ္အပ်က္ေလးမ်ားကို ေျပာရန္ ရပ္တန႔္ေနလိမ့္မည္။

ေတာထဲ အတူတူ လမ္းေပ်ာက္တာေတြ Fairy Island မွာ တျခားကစားသမားကို ပထမဆုံးအႀကိမ္ အတူတူသတ္ၾကတာေတြ ေဆာင္းရာသီ ၿမိဳ႕ေလးမွာ ပထမဆုံး မီးရႉးမီးပန္း ကစားခဲ့တာေတြ စသည္ျဖင့္ တစ္ခုခ်င္းစီ ေျပာျပေလသည္။

မီး ၏ျပန္ေျပာျပမူျဖင့္ ဟဲက်င့္  သည္ ထိုအရာအမ်ားစုကို ျပန္သတိရ႐ုံသာမက မီး ႏွင့္ အတူကစားခဲ့တဲ့ အခ်ိန္တုန္းက  သူ႔ခံစားခ်က္ကို ျဖည္းညႇင္းစြာ ျပန္လည္ရရွိခဲ့သည္။

သူတို႔ဟာ အရမ္းရင္းႏွီးခဲ့ၾက ၿပီး အခ်ိန္တိုင္း အတူတူ ကစားခဲ့ ၾကသည္။

ပိတ္ရက္ေတြ ဟဲက်င့္ မိဘေတြ အျပင္ထြက္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ တိတ္တိတ္ေလး စကားေျပာၾကသည္။

သို႔ေသာ္  ဒီခံစားခ်က္က ေယာက္်ားနဲ႔မိန္းမၾကားက ခ်စ္ျခင္းေမတၱာမဟုတ္ပဲ ျဖဴစင္တဲ့ ကစားေဖာ္ေတြရဲ႕ ခင္မင္မႈေပ။ဒါမွမဟုတ္ အမ်ားစုက ညီရင္းအစ္ကိုလို ခံစားခ်က္မ်ိဳးေပါ့!

သူ႔မွတ္ဥာဏ္ထဲက မီး ဟာ အကာအကြယ္လိုအပ္တဲ့ ညီတစ္ေယာက္လိုျဖစ္ၿပီး ဟဲက်င့္ က ေတာ့ သူ႔အစ္ကိုႀကီး လိုပါပဲ။

"လက္ထပ္ျခင္း" ဆိုတာက တကယ္ေတာ့ အရမ္း႐ိုးရွင္းေလသည္။ဟဲက်င့္ အရင္က မွန္းဆထားသလို ပါပင္။Exp အမွတ္ရဖို႔အတြက္ႏွင့္ အဆင့္ တင္ရတာ ပိုမိုလြယ္ကူေအာင္ပင္ ျဖစ္သည္။

ဂိမ္းတြင္ ညီအကိုမ်ား က်မ္းသစၥာက်ိန္ဆိုျခင္း စနစ္ပါရွိေသာ္လည္း အက်ိဳးအျမတ္မွာ "လက္ထပ္ျခင္း" ထက္ မ်ားစြာနည္းပါးသည္။

မီး သည္ "ေသမ်ိဳး"ျဖစ္ၿပီး သူ၏ လိင္အမ်ိဳးအစားကို မေျပာင္းလဲႏိုင္ေတာ့ဘဲ ဟဲက်င့္ သည္ လိင္မဲ့ "ဝိညာဥ္" ျဖစ္ၿပီး သူရဲ႕လိင္အမ်ိဳးအစား ကို ေ႐ြးခ်ယ္ႏိုင္ခဲ့သည္။

သူသည္ အမ်ိဳးသမီးအသြင္အျပင္ကို အသုံးျပဳေနသမွ်ကာလပတ္လုံး သူႏွင့္ မီး သည္ စုံတြဲတစ္တြဲျဖစ္ႏိုင္ၿပီး လက္ထပ္ရန္ပင္ျဖစ္ႏိုင္သည္။

၎သည္ ဟဲက်င့္ သည္ ယခုအခ်ိန္တြင္ အျပာဝတ္ ကေလးမေလး ဇာတ္ေကာင္ အသြင္အျပင္တြင္ရွိေနရျခင္း အေၾကာင္းအရင္းပင္။

ေယာက္်ားေလးနဲ႔လက္ထပ္ရတာမရွက္ဘူးလား ဟုတ္လား?

15 ႏွစ္အ႐ြယ္ မသိနားမလည္ အ႐ြယ္မေရာက္ေသးသူက ဒီအရာေတြကို  ဘယ္လိုလုပ္ ဂ႐ုစိုက္မွာလဲလို႔!!

သူ႔အတြက္ အေလးအနက္ထားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး သူ႔အတြက္ကေတာ့ ေပ်ာ္႐ႊင္စြာကစားႏိုင္သေ႐ြ႕ ဘာမဆို အဆင္ေျပတယ္ေလ!

ဒါပါပဲ။

သို႔ေသာ္ ဟဲက်င့္ သည္ အခ်ိန္အေတာ္ၾကာ စြန႔္ပစ္ထားခဲ့ေသာ အမွတ္ရစရာမ်ားကို မီး ေၾကာင့္ ျပန္ သတိရမိမယ္လို႔ မထင္ခဲ့ေပ။

မီးသည္ အလြန္လြမ္းဆြတ္ဖြယ္ေကာင္းေသာအေသးစိတ္အခ်က္မ်ားစြာကို သူ႔အားသတိရေအာင္လုပ္ေပးခဲ့သည္။

သူ႔ကိုမွတ္မိေစရန္အတြက္ လုပ္ေဆာင္ခ်က္ အားလုံးၿပီးသြားခဲ့သည္။

သူ႔ေလသံက ၾကင္နာေႏြးေထြးၿပီး ခ်ိဳၿမိန္တဲ့အရိပ္အႁမြက္ေလးေတာင္ ပါေသးတယ္?

သူ႔ရဲ႕မူရင္း သာမာန္ ကစားေဖာ္ ခင္မင္ရင္းႏွီးမႈ ခံစားခ်က္ သည္ လြန္ခဲ့ေသာ ရွစ္ႏွစ္တာ ကာလအတြင္း တျဖည္းျဖည္း အနည္ထိုင္ လာခဲ့ၿပီး ေနာက္ဆုံး အစိုင္အခဲေလးတစ္ခု ေျပာင္းသြားသည္ အထိ စုစည္း လာခဲ့သည္ ။

မီး အတြက္ "ေစာင့္ဆိုင္းျခင္း" သည္ အေလ့အက်င့္တစ္ခုျဖစ္လာၿပီး "မကြာရွင္းျခင္း" သည္ ပုံမွန္ ကိစၥရပ္ သာျဖစ္သည္။

ဤအခိုက္အတန႔္တြင္ ဟဲက်င့္  ၏ ႏွလုံးသားထဲတြင္ အျပစ္ရွိစိတ္ေလး အနည္းငယ္ ေပါက္ဖြားလာသည္။

အေၾကာင္းမွာ မီး ၏ ခံစားခ်က္သည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ျပင္းထန္လာသည္ကို သူသည္ ႏႈတ္မဆက္ပဲ ေပ်ာက္ကြယ္ခဲ့ျခင္းေၾကာင့္ျဖစ္ေလသည္။

ဟဲက်င့္ သည္ သူရဲ႕ အျပစ္ရွိစိတ္ေလးကို ဖုံးကြယ္ထားကာ မီး ကိုေမးခြန္းမ်ားစြာ ေမးရန္ရွိေသး သျဖင့္ စာမ်ားဆက္ပို႔ လိုက္သည္။

နတ္သမီးေလး က်င့္ : "မင္းက ဘယ္လိုလုပ္ နတ္ဆိုးျဖစ္လာတာလဲ? အဆင့္မိတ္ဆက္ျခင္း ကို ၾကည့္လိုက္တုန္းက တတိယမ်ိဳးႏြယ္ဝိဉာဥ္ပဲ Demon အျဖစ္ က်င့္ႀကံႏိုင္တယ္လို႔ ေျပာထားတာေရာ ေသမ်ိဳး ဆိုရင္ Divine God အျဖစ္ပဲ က်င့္ႀကံလို႔ရတာ မဟုတ္ဘူးလား?

မီး က ႐ိုး႐ိုးရွင္းရွင္းပဲ သူ႔ကို နတ္ဆိုးက်င့္ႀကံျခင္း လမ္းစဥ္ထဲ က်ေရာက္ ျခင္း အေၾကာင္းကို ရွင္းျပခဲ့သည္။

ဟဲက်င့္သည္ ထူးဆန္းတာကို ရွာေတြ႕ခဲ့သည္။

"မင္းက အျမင့္ကို ေရာက္ေနၿပီပဲကို ဘာလို႔ အဲ့လမ္းစဥ္ထဲ ခုန္ဆင္းတာလဲ?"

ႏွလုံးသားမဲ့မီး: "Heavenly Beings ကစားသမားေတြမ်ားလြန္းတယ္ ၿပိဳင္စရာလူမရွိဘူး"

နတ္သမီးေလး က်င့္: "...."

ႏွလုံးသားမဲ့ မီး က ဆက္ေျပာသည္။

"Demon God ျဖစ္လာၿပီး Divine God ေတြကို သတ္ရတာ ပိုေပ်ာ္ဖို႔ ေကာင္းတယ္ေလ

နတ္သမီးေလး က်င့္ : "စြမ္းအားႀကီးလြန္းတယ္..."

ရွစ္ႏွစ္ၾကာ မေတြ႕ရသည့္ ေနာက္တြင္  ဒီ သူ႔ေနာက္လိုက္ ငတုံး ေလး က ပထမအဆင့္ ဆရာႀကီး ျဖစ္လာလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲလို႔!

ဟဲက်င့္က ေမးလိုက္သည္။

"ထိပ္တန္းကစားသမား အဆင့္၁ ျဖစ္ရတာနဲ႔ ပတ္သက္ၿပီး မင္းဘယ္လိုခံစားရလဲ?"

မီး သည္ ၿပဳံးကာ ေျပာလိုက္သည္။

"မင္း စာေမးပြဲမွာ ပထမေနရာကို ရလိုက္တာနဲ႔ အတူတူပဲ"

ဟဲက်င့္ ဆြံအ သြားေတာ့သည္ ......

မီးမင္းဘယ္လိုေတာင္ ေတြးလိုက္တာလဲလို႔ (>_<)

ႏွလုံးသားမဲ့ မီး : "မင္းေမးခြန္းေတြအရမ္းမ်ားတယ္  ငါ လဲ မင္းကို တစ္ခုေလာက္ ေမးပါရေစ။"

ဟဲက်င့္ က "ေမးေလ" လို႔ ရက္ရက္ေရာေရာ ျပန္ေျဖေလသည္။

ႏွလုံးသားမဲ့ မီး : "မင္း ဟြား တကၠသိုလ္ဝင္ ခြင့္ စာေမးပြဲေျဖမယ္လို႔ မင္းေျပာခဲ့တာ မွတ္မိေသးတယ္ ဝင္ခြင့္ရခဲ့လား?"

ဟဲက်င့္ လန႔္သြားသည္။

မီး က တကယ့္ဘဝအေၾကာင္းေမးမယ္လို႔ မေမွ်ာ္လင့္ထားမိေပ။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ က မစိမ္းေတာ့ တဲ့အတြက္ေၾကာင့္  ဟဲက်င့္ က အရမ္းႀကီး ဖုံးဖိထားခ်င္စိတ္ မရွိေတာ့ဘဲ  သူ ႐ိုး႐ိုးသားသား ျပန္ေျဖခဲ့ေလသည္။

"အင္း ဝင္ခြင့္ရခဲ့တယ္"

ႏွလုံးသားမဲ့ မီး : "ဟီးဟီး ဒါ ဆို မင္းဝင္ခြင့္ရခဲ့တာေပါ့ ေကာင္းတာေပါ့"

ဟဲက်င့္ : "....."

သူတို႔သတိမထားမိဘဲ ဂိမ္းေလာကသည္ ညေနပိုင္းအခ်ိန္ သို႔ ဝင္ေရာက္လာခဲ့သည္။ မီးသည္ ဟဲက်င့္ ကို ေရကန္တစ္ခုသို႔ ေခၚေဆာင္သြားသည္။

ေနဝင္ခ်ိန္ ေအာက္တြင္ ခရမ္းေရာင္ အလင္းတန္းေတြက ေရကန္မ်က္ႏွာျပင္ေပၚ တြင္လင္းလက္ေနသည္မွာ  သလင္းေက်ာက္ေတြ အေရာင္ျဖာထြက္ေနသလိုပင္။ ထိုျမင္ကြင္း သည္ အံ့ဖြယ္ ကမာၻထဲက အရာ တစ္ခုလိုပင္ ခံစားေစရသည္။

ဟဲက်င့္  သည္ ဤေနရာသည္  လင္းေဟာင္ ေရကန္ မွန္း  ႐ုတ္တရက္ မွတ္မိလိုက္သည္။

လင္းေဟာင္ ေရကန္ သည္ ခြၽိဳင္ဖုန္ ကြၽန္းဟုေခၚေသာ ကြၽန္းတစ္ကြၽန္း၏အလယ္တြင္ တည္ရွိသည္။ ေရကန္၏ထိပ္တြင္ "ခ်ဲ႕ေခ်ာင္တံတား" ဟုေခၚေသာ တံတားတစ္ခုရွိေလသည္။

[T/N ခ်ဲ႕ေခ်ာင္ တံတားဆိုတာကေလ ယက္ကန္းမယ္နဲ႔ ႏြားေက်ာင္းသား ဒ႑ရီပုံျပင္ ကေနျဖစ္ေပၚလာတာပါ။ ၾကားဖူးၾကမယ္လို႔ ထင္ပါတယ္ ခ်စ္သူႏွစ္ေယာက္ဆုံေတြ႕ဖို႔အတြက္ကို သပိတ္လြယ္ ငွက္ေလးေတြက တံတားသဖြယ္ လုပ္ေပးျခင္းကေန ခ်ဲ႕ေခ်ာင္တံတားျဖစ္ေပၚလာတာပါ။

သူတို႔ႏွစ္ေယာက္ေတြ႕ဆုံတဲ့ေန႔ကို ေတာ့ တ႐ုတ္ခ်စ္သူမ်ားေန႔လို႔ ေခၚပါတယ္။]

"Cowboy" ဟုေခၚေသာ NPC သည္ တံတား၏တစ္ဖက္တြင္ရပ္ေနၿပီး အျခားတစ္ဖက္တြင္ "Vega" ဟုေခၚေသာ အျခား NPC တစ္ေယာက္ရပ္ေနသည္။

မွန္ပါတယ္ ဒါက စုံတြဲ မစ္ရွင္လုပ္ဖို႔ ေနရာတစ္ခုပင္ျဖစ္သည္။

Demon God ရွိ စုံတြဲမ်ားသည္ ေန႔စဥ္အိမ္ေထာင္ေရး တာဝန္မ်ားကို လုပ္ေဆာင္ႏိုင္ၾကၿပီး တာဝန္ ၿပီးေျမာက္ေသာအခါတြင္ Exp အမွတ္မ်ားစြာရရွိႏိုင္ၾကသည္။

တိက်ေသာ ကစားနည္းမွာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ကစားသမားမ်ားသည္ Cowboy ႏွင့္ Vega တို႔၏ ေရွ႕တြင္ အသီးသီး ရပ္ေနရမည္။

ထို႔ေနာက္ ၎တို႔သည္ အခ်ိဳ႕ေသာအေၾကာင္းအရာမ်ားကို ေမးျမန္းၾကၿပီး ရည္႐ြယ္ခ်က္မွာ အိမ္ေထာင္ဖက္ႏွစ္ဦးစလုံး၏ ႏွလုံးသားထဲတြင္ ခ်ိတ္ဆက္မႈရွိမရွိ စစ္ေဆးရန္ျဖစ္သည္။

သူတို႔ႏွစ္ေယာက္ ေျဖေသာ အေျဖသာတူခဲ့ရင္ Exp အမွတ္မ်ား ရမည္ျဖစ္သည္။

ေမးခြန္းအေရအတြက္က မမ်ားဘဲစုစုေပါင္း ၁၀ ခုရွိၿပီး အခက္အခဲ အဆင့္ တျဖည္းျဖည္း တိုးလာမည္ ျဖစ္သည္။

ဟဲက်င့္  ၏အဆင့္အရ ဆိုလွ်င္ ေမးခြန္းအားလုံးကို မွန္ကန္စြာေျဖဆိုပါက သူ၏Exp အမွတ္သည္ ဘားတစ္ဝက္အထိ တက္လာႏိုင္သည္။

ဤတာဝန္သည္ ႐ိုးရွင္းပုံေပါက္ေသာ္လည္း မစ္ရွင္ဖြင့္သည္ႏွင့္ ကစားသမားႏွစ္ဦးၾကားရွိ မည္သည့္ မက္ေဆ့ခ်္ ေဘာက္ႏွင့္ အသံလုပ္ေဆာင္ခ်က္မ်ားကိုမဆို စနစ္က ပိတ္ထားေသာေၾကာင့္ လုပ္ေဆာင္ရန္ မလြယ္ကူေပ။

ေမးခြန္းတစ္ခုစီတြင္ အခ်ိန္ကန႔္သတ္ခ်က္ 10 စကၠန႔္သာရွိသည္။

အကယ္၍ သင္သည္ "ေျဖဆိုရန္" စည္းမ်ဥ္းမ်ားကို လိုက္နာပါက မွားယြင္းေျဖဆိုေသာ ကစားသမားမ်ားသည္ "ေသြး" ဆုံးရႈံးမည္ျဖစ္သည္။

အကယ္၍ သင္သည္ ေမးခြန္းငါးခုမွားပါက  တိုက္႐ိုက္ "အထုတ္ခံရမည္" ျဖစ္သည္။ တစ္ေယာက္ ေသဆုံးသြားပါက မစ္ရွင္ဆက္လက္မလုပ္ေဆာင္ႏိုင္ေတာ့ေပ။

မစ္ရွစ္ ကို ဆက္လက္ မလုပ္ေဆာင္ႏိုင္ေတာ့ပါက တံတားက်ိဳးသြားကာ ကစားသမားႏွစ္ဦးသည္ ေရကန္ ၏တစ္ဖက္တစ္ခ်က္စီတြင္ ေရာက္သြားမည္ ျဖစ္ကာ  ဆယ့္ငါးမိနစ္ၾကာမွ် မလႈပ္ရွားႏိုင္ဘဲ ေရကန္တစ္ဖက္တြင္သာ မတ္တပ္ရပ္ေနႏိုင္မည္ျဖစ္သည္။

သို႔ေသာ္ ဂိမ္း၏စည္းမ်ဥ္းမ်ားႏွင့္ရင္းႏွီးေသာကစားသမားမ်ားသည္ လွည့္စားရန္နည္းလမ္းမ်ားကို အၿမဲရွာေဖြႏိုင္သည္။

တာဝန္ကို လုပ္ေဆာင္သူ ႏွစ္ဦးသည္ တစ္ခန္းတည္းတြင္ ရွိေနပါက ၎တို႔၏ အေျဖမ်ားကို အခ်င္းခ်င္း ေျပာျပႏိုင္သည္ သို႔မဟုတ္ ၎တို႔၏ အေျဖမ်ားကို အခ်င္းခ်င္း ဖုန္းျဖင့္ သတင္းပို႔ႏိုင္သည္။ ထိုအခါတြင္ တာဝန္ကို ျမန္ဆန္တိက်စြာ ၿပီးေျမာက္ႏိုင္မည္ျဖစ္သည္။

ရင္းႏွီးၿပီးသား NPC ႏွစ္ေယာက္သည္ လြန္ခဲ့ေသာ ရွစ္ႏွစ္ကကဲ့သို႔ တူညီေသာ အေနအထားတြင္ ရပ္ေနေသးသည္ကို ျမင္လိုက္ရေသာအခါ ဟဲက်င့္ သည္ "Demon God" သည္ ထိုစုံတြဲတာဝန္မ်ား ဆက္လက္ထည့္သြင္း ထားမည္ဟု မွန္းဆခဲ့သည္။ ကစားနည္း စည္းကမ္းသည္ အရင္အတိုင္းပဲ ရွိမရွိ မသိေပမယ့္ေပါ့ေလ။

ဟဲက်င့္ ရဲ႕ အေတြးကို ၾကားလိုက္ရသလိုမ်ိဳး ႏွလုံးသားမဲ့ မီး က ႐ုတ္တရက္ ထေမးေလသည္။

" မင္းၾကည့္ခ်င္လား?"

***

※ Spirit Fairy- အတိတ္ ※ (ေျခာက္)

Spirit Fairy မွတရားဝင္ထုတ္ျပန္ထားေသာဂိမ္း၏စည္းမ်ဥ္းအသစ္- မ်ိဳးကြဲမ်ားအတူယဥ္တြဲေနထိုင္ျခင္း။

ဆိုလိုသည္မွာ... ေသမ်ိဳးမ်ားႏွင့္ ဝိညာဥ္မ်ားသည္ လက္ထပ္ႏိုင္သည္။ (≧▽≦)

System: ဤကစားနည္းကို လူသိမ်ားေစရန္အတြက္ ဤလအတြင္း မေကာင္းဆိုးဝါးမ်ားကို "ေသမ်ိဳး" ႏွင့္ "ဝိညာဥ္" စုံတြဲမ်ား အတူတကြ သတ္ျဖတ္ရန္ လႈပ္ရွားမႈမ်ား လုပ္ေဆာင္ပါက Exp အမွတ္ ႏွစ္ဆရႏိုင္ၿပီး ပိုမိုေကာင္းမြန္ေသာ Exp အမွတ္မ်ားရရွိရန္ စုံတြဲမ်ားအတြက္ ဒီဇိုင္းထုတ္ထားသည့္ တာဝန္ကိုလည္း သင္လုပ္ေဆာင္ႏိုင္သည္ Oh ~!

ဟဲက်င့္ ထိုသတင္းကိုသိၿပီး ခ်က္ခ်င္းပဲ မီး စီ ကိုသြားၿပီးေျပာလိုက္ေလသည္။

"လက္ထပ္ရေအာင္!"

မီး : "....."

ခ်င္ယြီသည္ ဖန္သားျပင္ကို စိုက္ၾကည့္ေနသည္။

အားက်င့္ က သူ႔ကို လက္ထပ္ခ်င္ေနတာလား ? (O_O)

အား က်င့္ ...

သူက မိန္းကေလးျဖစ္ေနခဲ့တာလား!

(O __ O)

အားက်င့္ ဟာ ေယာက္်ားေလးလို႔ အၿမဲထင္ခဲ့တဲ့ ခ်င္ယြီ က ႐ုတ္တရက္ ရွက္သြားခဲ့ေလသည္ ~! (O////O)

အသက္ဆယ့္ေလးႏွစ္အ႐ြယ္ ခ်င္ယြီ သည္ အျပင္မွာတင္မက ဂိမ္းထဲမွာေတာင္ ေယာက္်ားတစ္ေယာက္ဟာ မိန္းမနဲ႔ သာ လက္ထပ္ႏိုင္တယ္လို႔ ႐ိုး႐ိုးရွင္းရွင္းပဲ ေတြးခဲ့သည္။

သူသည္ ေသမ်ိဳး ေယာက်္ားေလး ဇတ္ေကာင္ ျဖစ္ေသာေၾကာင့္ သူ႔ကိုလက္ထပ္ခြင့္ေတာင္းေသာ အားက်င့္ သည္ မိန္းကေလးျဖစ္သင့္သည္။

နတ္သမီးေလး က်င့္: "ဟဲလို? မင္းရွိေသးလား?"

မီး: "ဒီမွာ..."

အရင္က ျဖစ္ပ်က္ခဲ့တာေတြကို ေတြးၾကည့္ရင္ ခ်င္ယြီဟာ ခဏအတြင္းမွာ ရွက္သြားေလသည္။

သူသည္ မိန္းမမ်ားႏွင့္ လြန္စြာ ရင္းႏွီးမႈ မရွိခဲ့ဘဲ အားက်င့္ သည္ သူ၏ သာမာန္ ခံယူခ်က္ ျဖစ္ေသာႏူးညံ့ၿပီး ေခ်ာေမာလွပေသာ မိန္းကေလးမ်ား ႏွင့္လဲ မတူေပ။

သို႔ေပမယ့္ သူႀကိဳက္ပုံရေလသည္။ (>////<)

နတ္သမီးေလးက်င့္ : "ဘာျဖစ္တာလဲ? မင္းမလုပ္ခ်င္ဘူးလား?"

မီး : "လုပ္ခ်င္တယ္..."

နတ္သမီးေလးက်င့္ : "သြားရေအာင္!"

မီး : "..."

မဂၤလာေဆာင္တာကို နားလည္ၿပီးသား ဟဲ့က်င့္ က မီး ကို ဆြဲေခၚကာ ေျပးေလေတာ့သည္။ သူသည္ သူ၏အသြင္အျပင္ကို မိန္းကေလးငယ္၏အသြင္အျပင္အျဖစ္သို႔ ေျပာင္းလဲခဲ့ၿပီး ေနာက္တြင္ သူ႔ကို ခ်စ္သူမ်ားကြၽန္းသို႔ ေခၚသြားေလသည္။

ထို႔ေနာက္တြင္ ေတာ့ "အခ်စ္ နတ္သမီး" ေရွ႕တြင္ ႏွေယာက္သား ရပ္လိုက္ၾကေတာ့၏။

ခ်င္ယြီသည္ အားက်င့္ ၏ေနာက္သို႔ ေယာင္ေတာင္ေတာင္ျဖင့္ လိုက္သြားကာ သူ႔ဦးေႏွာက္က ေပါက္ထြက္လာေတာ့မလို ပင္ ခံစားလိုက္ရသည္။

သူ႔စခရင္မွာ စနစ္မွ အခ်က္ျပစာသားေပၚလာေသာအခါမွ သာ လက္ေတြ႕သို႔ သူျပန္ေရာက္လာေတာ့သည္။

System: ေလးစားရပါေသာ 「မီး」, ကစားသမား 「 နတ္သမီးေလး က်င့္」မွ အခ်စ္နတ္သမီးစီသို႔ သင္ႏွင့္ သူ ၏ ဆက္ဆံေရးကို အသိအမွတ္ျပဳေပးရန္ ေတာင္းဆိုထားပါသည္။ေက်းဇူးျပဳ၍ "လက္ခံသည္" သို႔မဟုတ္ " ျငင္းပယ္သည္" ကို ေ႐ြးပါ။

ခ်င္ယြီက လက္ခံသည္ ကို ေ႐ြးခ်ယ္ခဲ့ၿပီး သူ႔ႏွလုံးသားသည္ ဒရမ္ကဲ့သို႔ ျပင္းထန္စြာ ခုန္ေနခဲ့သည္။

ထို႔ေနာက္တြင္ေတာ့ သူ႔တစ္ဝိုက္တြင္ သာယာေသာအသံတစ္ခုထြက္ေပၚလာၿပီး World ခ်န္နယ္တြင္ မက္ေဆ့ခ်္ တစ္ခု ထြက္ေပၚလာေတာ့သည္။

〖World〗: ကစားသမား 「မီး」ႏွင့္ ကစားသမား 「နတ္သမီးေလးက်င့္」တို႔ လက္ထပ္ၿပီး အတြက္ဂုဏ္ယူပါသည္။ ဇနီးေမာင္ႏွံသစ္ကို ထာဝရ ေကာင္းခ်ီးေပးပါေစ!!

ထိုစာသား ကို ၾကည့္ကာ ခ်င္ယြီ မ်က္ႏွာတစ္ခုလုံး ပူထူလာေတာ့သည္ ။

သူသည္ ထိုစာသားကို စခရင္ေရွာ့ ႐ိုက္ၿပီး တိတ္တိတ္ေလး သိမ္းေနစဥ္ တြင္ ဦးေႏွာက္အဖ်ားတက္ေနသာ ခ်င္ယြီသည္ ႐ုတ္တရက္ တုံ႔ျပန္ခဲ့သည္။

ယခုအခ်ိန္မွစ၍ သူသည္ အားက်င့္ ၏ခင္ပြန္းျဖစ္သြားၿပီျဖစ္သည္...... အာ ေနာက္ပိုင္းတြင္ သူသည္ ပို၍ အင္အားႀကီးလာမွျဖစ္မယ္ အားက်င့္ ကို အျခားသူေတြ အႏိုင္က်င့္မွာကို လုံးဝ ခြင့္မျပဳႏိုင္ဘူး!

O( ̄ヘ ̄o)

အဲဒီေနာက္မွာေတာ့ မီး ဟာ တာဝန္ေတြကို ပိုပိုၿပီး ႀကိဳးစားလုပ္လာပါေတာ့သည္။

Seguir leyendo

También te gustarán

1.5M 133K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
5.7K 798 8
Book 1ကဘယ်လိုမှ ဝင်မရတော့လို့ Book 2ခွဲလိုက်ရပါတယ် ...နောက်အပိုင်းတွေကို ဒီကပဲဆက်ဖတ်ပေးကြပါနော်
654K 14.4K 54
"Leave me. I want to go home" said Madhu with lot of fear in her eyes while watching a man coming near her. "I said you can't go anywhere.You are min...
1.4M 34.9K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...