မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

Od XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Více

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

007: သူမ မင်းကိုမမြင်နိုင်ဘူး

1.3K 221 6
Od XiaoManTou96

Unicode

နတ်သမီးလေးကျင့် : "မင်းငါ့ကိုသတ်လိုက်တုန်း က ငါက ဘာလို့ Exp point ရတာလဲ?"

မီး မှရှင်းပြသည်: "ဒီဂိမ်းမှာ အဆင့် မြင့်တဲ့ ကစားသမားတွေနဲ့ အဆင့် နိမ့်တဲ့ ကစားသမားတွေ ရဲ့ ကြားက ကွာဟချက်ကအရမ်းကြီးတယ် ဒါကြောင့်မလို့ ဂိမ်းက အဆင့်နိမ့်ကစားသမားတွေကို ကာကွယ်ပေးတဲ့ စနစ် ထည့်လိုက််တာ တကယ်လို့ မင်းက level 50နဲ့ အထက် မင်းထက် အဆင့်မြင့် တဲ့ သူ သတ်တာ ခံလိုက်ရရင်မင်းရဲ့ Exp point က မလျော့တဲ့ အပြင် ပိုတောင် ရဦးမယ်"

ဟဲကျင့် က အခုမှ သဘောပေါက်သွားလေသည်။

ဒါကြောင့်မလို့ World Channel ထဲက လူ တော်တော်များများက 'မီး ဆီက အသတ်ခံရဖို့ တောင်းဆိုတယ်' လို့ ကြွေးကြော်နေကြ အံ့သြစရာတော့ မရှိပေ။

ဒါပေမယ့်လည်း သူက နည်းနည်းတော့ ပဟေဋ္ဌိဖြစ်နေဆဲပင်။

"မင်းပြောသလိုဆို အဲဒီအဆင့်မြင့်ကစားသမားတွေက လူသစ်တွေကို သတ်ချင်သလို သတ်လို့ရနေမှာ မဟုတ်ဘူးလား?"

နှလုံးသားမဲ့ မီး :"မရဘူး သူတို့ကို သတ်တာက အဲဒီအဆင့်မြင့်ကစားသမားတွေအတွက် မကောင်းဘူး ဘာလို့လဲဆိုတော့ သူတို့ကို သတ်ရင် အဆင့်နိမ့်ကစားသမားတွေရထားတဲ့ Exp အမှတ် ပမာဏထက်ကို ဆယ်ဆလောက် အနှုတ်ခံရလိမ့်မယ် များများသတ်ရင် များများ အနှုတ်ခံရမှာပေါ့"

ဟဲကျင့် အံ့ဩသွားတော့သည်

" ဆယ်ဆ!?"

ဒီတော့ သူ့ ကို အမှတ်300 ပေါင်းလိုက်တယ်ဆိုတော့ မီး က 3000 တောင် အနုတ်ခံရတာလား?သူအွန်လိုင်းပေါ်ရောက်လာကတည်းက အခုအချိန်အထိ မီး ကြောင့် သုံးကြိမ်တိုင်တိုင် သတ်ခံခဲ့ရပြီး အရင်က လမ်းသွားလမ်းလာ နှစ်ယောက်ကို လည်း သတ်ခဲ့သေးတယ်လေ။

မီး ကဘယ်နေရာမှာသုံးရမှန်းမသိတဲ့ အထိ Exp အမှတ်တွေ အများကြီးရှိနေခဲ့တာလား?囧!

နှလုံးသားမဲ့ မီး သည် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

"အဆင့်မြင့်ကစားသမားတွေ အတွက် ဒီ Exp point တွေက ဘာမှမဟုတ်ဘူး အဓိက အချက်က...."

နတ်သမီးလေးကျင့် : "ဘာအချက်လဲ?"

နှလုံးသားမဲ့ မီး: "အဓိကအချက်က ကျွမ်းကျင်မှုမရှိသေးတဲ့ ဒီ အနံ့နံ နေတဲ့ လူသစ်လေးတွေကို သတ်ပစ်လို့လဲ သူတို့အတွက် ဆုတွေဘာတွေလဲ မရနေဘူးလေ အဲ့တာ ကြောင့် အဆင့်မြင့်တဲ့ ကစားသမားတွေက ဒီတိုင်း အဖတ် မလုပ်ရုံလေးပါပဲ"

တစ်ဖက်လူ၏ လေသံမှာ တည်ငြိမ်အေးဆေးပြီး အမှန်တွေ ပြောနေသော်လည်း...

အသတ်ခံလိုက်ရသော ဟဲကျင့် သည် အနည်းငယ် မပျော်မရွှင် ဖြစ်နေသေးသည် (¯_~ |||)

နှလုံးသားမဲ့ မီး သည် အလွန်အံ့ဩဖို့ကောင်းတယ်ဆိုကို သူလဲဝန်ခံပါတယ် ပြီးတော့ သူက အဆင့်တစ် နတ်ဘုရားလဲဖြစ်နေသေးတယ်လေ။

အဲဒီတုန်းက ဖြတ်သွားဖြတ်လာ နှစ်ယောက် အသတ်ခံရတဲ့ အချိန်မှာ ပျော်နေကြတာ အံဩစရာတော့မရှိတော့ပါဘူး  သူတို့က အစွမ်းတက်တဲ့ နတ်ဘုရား နဲ့ ကြုံတွေ့ ခဲ့ရတာကိုး!!

နှလုံးသားမဲ့ မီး : "နောက်တစ်ချက် က ကစားသမားတွေကြားမှာ အဆင့် က 50 နဲ့အထက် ကွာခြားနေရင် အဆင့်နိမ့်ကစားသမားတွေက အဆင့်မြင့် ကစားသမား တွေကို မြင်ရမှာမဟုတ်ဘူး အဲ့တာကြောင့် အဲ့ ကစားသမား နှစ်ယောက်လဲ ငါ့ကို မမြင်ရဘူး"

မီး ရဲ့အဆင့်က 100 ဆိုတော့ အဆင့် 50 အောက်လူတွေက သူ့ကို မမြင်နိုင် ဘူးလား?

ဟဲကျင့် သည် သူ၏ကိုယ်ပိုင်အဆင့်ကိုမြင်ရန် စခရင်၏ဘယ်ဘက်အပေါ်ကို တစ်ချက်ကြည့်လိုက်သည်။

Spirit Fairy (29) က သူ့ထက်အဆပေါင်းများစွာနိမ့်နေတာ မဟုတ်ဘူးလား!

"ဒါဆို ငါကျ မင်းကို ဘာလို မြင်ရတာလဲ?"

ဟဲကျင့် က ပဟေဋ္ဌိ ဖြစ်စွာ မေးလိုက်သည်။

မီး က တခစ်ခစ် ရယ်လိုက်ပြီး ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက ငါလောင်ဖောမလို့လေ"
မီး သည် ဤမှတ်ချက်ကိုပြောသည့်ပုံမှာ နှေးကွေးနေကာ အထူးသဖြင့် အဓိပ္ပယ် ပါပါ ဖြင့် ပြောလေသည်။

ဒီတစ်ခါတွင်တော့  ဟဲကျင့် က သူ့နားရွက်ကို အကိုက်ရသလို မခံစားလိုက်ရပေမယ့် အတွင်းအပြင်ကို အယက်ခံ လိုက်ရသလိုခံစားလိုက်ရလေ၏။

ဟဲကျင့် ၏ နားရွက်ဖျားလေး သည် တွန့်သွားပြီး ကြက်သီးပါ ထသွားတော့သည်။

သူသည် မက်ဆေ့ဘောက် တွင် "ဩ" ဟုတုံ့ဆိုင်းစွာ ပို့လိုက်ပြီး သူ့လက်ချောင်းများသည်လည်း အနည်းငယ် တုန်ရီနေသည်။

သူ ဘာလုပ်ရမှန်း မသိပဲ နေရခက်နေချိန်မှာပင် မီးက ရုတ်တရက်ပြောလာသည်။

"အားကျင့်  ဒီမှာ ခဏစောင့်"

***

ချင်ယွီသည် ဂျုံခင်းထဲတွင် ရပ်နေသော ခပ်ဝေးဝေးမှ အသွင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ပန်းယီယီ က ဟိုအဝေးက နေ သူတို့ကို ကြည့်နေသည် ။

ချင်ယွီ စကားပြောနေစဉ်က သူပြောသော နောက်ဆုံးစာကြောင်းနှစ်ကြောင်းကိုသူမ လည်း ကြားလိုက်ရသည်။

နှလုံးသားမဲ့ သည် လူများနှင့် စကားပြောခဲ သည်။ သူမကိုတောင်မပြောပေ။
ထို့ကြောင့် သူမသည် ဂိမ်းထဲတွင် သူ၏အသံကို နားထောင်ခွင့်ရခဲသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို သာကြည့်ရှုနိုင်သည်။

World ထဲရှိလူတိုင်းက သူ့ကို နှလုံးသားမဲ့ ဝန်းကျင်ရှိ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ချီးမွမ်းကြသော်လည်း သူမသည် တခြား မိန်းကလေးများနှင့် မကွာခြားကြောင်းကို သူမ သာလျှင် သိ၏။

နှလုံးသားမဲ့ မီး : "မင်းဘာလို့ဒီကိုလာတာလဲ။"

သူသည် သူ၏ အသံလုပ်ဆောင်ချက်ကို ဖွင့်ထားသသည် မှာ ရှင်းလင်း သော်လည်း သူမထံသို့ စာတိုတစ်ခုသာ ပေးပို့ခဲ့သည်။

ပန်းယီယီ သည် တခဏမျှ တုံ့ဆိုင်းသွားပြီး သူ့အနားသို့ ဖြည်းညှင်းစွာ တိုးကပ်လာသည်။

သူမသည် လေထဲတွင် လွင့်နေသော မိတ်ကပ်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မှော်ရောင်ဝါများက သူမ ပတ်ပတ်လည်တွင် တဖျပ်ဖျပ် လွင့်နေကာ ခေါင်းနောက်ဘက်တွင် အနီရောင် သန်းနေသော ဆံပင်ရှည်များကိုဖြန့် ချထားကာ ခရမ်းရောင် ကျောက် ဆံထိုး သုံးခု ဖြင့် အလှဆင်ထားလေသည်။

သူမရဲ့ဇာတ်ကောင် က လုံးဝကို နူးညံ့ပြီး ကြည်နူးစရာ ကောင်းလေသည်။

ပန်းယီယီ : "ဆရာရဲ့ မိန်းမ လာပြီလေ သေချာတာပေါ့  ကျွန်မ တွေ့ချင်တယ်လေ
~o (∩ _ ∩)o ~"

သူမ သည် နှလုံးသားမဲ့ မီး နဲ့ ဘေးချင်းကပ်ရပ်နေတဲ့ နတ်သမီးလေးကျင့် ရဲ့  ရှေ့မှာ ရပ်လိုက်သည်။
မီးရဲ့ မှော်အတောင်ပံတွေက သူတို့နှစ်ယောက်နောက်မှာ လှုပ်ယမ်းနေလေသည်။

ထိုမြင်ကွင်းသည် ဒဏ္ဍာရီပုံပြင်နှင့် နှိုင်းယှဉ်ကြည့်လို့ရလေသည်။

ပန်းယီယီ - "အာ ဒါက ဒဏ္ဍာရီလာ 'ဇနီး' ပေါ့!"

အပြာ ဝတ် ဇာတ်ကောင်လေး ၏ အပြင်ပန်းသွင်ပြင်မှာ အလွန်ရိုးရှင်းပြီး ဟွားယီယီ၏ရှေ့တွင် သူမနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ မှုန်မှိုင်းနေတော့သည်။

နှလုံးသားမဲ့ မီး: "သူမ မင်းကို မမြင်ရဘူး"

ယီယီ : "... "

'Demon God' ဂိမ်းတွင် ကစားသမားများသည် အခြားသူများ၏ အိမ်ထောင်ရေး အခြေအနေကို စစ်ဆေးနိုင်သော်လည်း အမည်နှင့် အဆင့် အပါအဝင် ကစားသမားရဲ့ လက်တွဲဖော်၏ တိကျသော အချက်အလက်ကို မစစ်ဆေးနိုင်ပေ။

နှလုံးသားမဲ့ ရဲ့ ဇနီးကို "နတ်သမီးလေးကျင့်" ဟု ခေါ်ကြောင်း ပန်းယီယီ သိရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူမသည် ပရိုဖိုင်ကိုကြည့်ရန် တစ်ဖက်လူရဲ့ အမည်ကို clickနှိပ်လိုက်သည့် နောက်တွင် ဆွံအ သွားတော့သည်။

ထိုသူ သည် Spirit Fairy အဆင့် 29 သာ ရှိသေးသည်။

အကယ်၍ ၎င်းသည် "Spirit Fairy" ဂိမ်းခေတ်တွင်သာရှိနေပါက အဆင့် 29 သည် အမှန်တကယ်တော့ မနိမ့်လွန်းပေ။

သို့သော် "Demon God" တွင်တော့ ထိပ်တန်းအဆင့် သည် 100 ဖြစ်သဖြင့် အဆင့် 50 "Immortal " ကိုပင်နိမ့်သည်ဟု ယူဆနိုင်သည်။

ထို့ကြောင့် အဆင့် 29 သည် အတွေ့အကြုံမရှိသေးသော လူသစ် နှင့်ပင် ကွာခြားမှုမရှိပေ။

ထို့အပြင် ဤသူသည်အမှန်တကယ် "spirit " အဖြစ်ကစားခဲ့သည် ... ။

ဂိမ်းကို ပြုပြင်ပြီးနောက်ပိုင်းတွင် 'mortal' မျိုးနွယ်သည် Divine God ဖြစ်ရန် ကျင့်ကြံရမည်ဖြစ်ပြီး 'soul' မျိုးနွယ်သည် တော့ Demon ဖြစ်ရန် ကျင့်ကြံရမည်ဖြစ်သည်။ ၎င်းတို့တစ်ဦးစီတွင် ၎င်းတို့၏ကိုယ်ပိုင်နည်းလမ်းများရှိသည်။

သို့သော် "spirit "မျိုးနွယ် သည်တော့ လူသိနည်းလေသည်။၎င်း၏စွမ်းရည်အများစုသည် "mortal" များနှင့် ဆင်တူနေသောကြောင့် spirit မျိုးနွယ်သည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် တဖြည်းဖြည်းနှင့် ကစားသူ အနည်းငယ်သာကျန်တော့သည်။

ကစားသမားများသည် ဂိမ်း တရားဝင်ဆိုက်
က "spirit " မျိုးနွယ် အတွက် နတ်ဆိုးလမ်းကြောင်းသို့ ကျရောက်ရန် လမ်းဖွင့်ပေးမည်ဟု လျှို့ဝှက်စွာ ခန့်မှန်းခဲ့ကြသော်လည်း မထင်မှတ်ဘဲ ဂိမ်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် "spirit " အတွက် သီးခြားနည်းလမ်းကို မထုတ်ပြန်ခဲ့ပေ။

၎င်းတို့သည် ထို အစား "Pet" လမ်းကြောင်းကိုသာဖွင့်ပေးခဲ့သည်။

Pet လမ်းကြောင်းဆိုတာက တော့ ကစား သူ က pet ဖြစ်အောင်ကျင့်ကြံရမှာဖြစ်လေသည်။ (=_=)

ယခုတွင် တော့ "spirit " သည် အဆင့် 30 သို့တိုးလာသောအခါ Celestial God အဆင့်အထိ ဆက်လက်ကျင့်ကြံခြင်းအပြင် ၎င်းတို့သည် "Fairy Pet" ကျင့်ကြံခြင်းသို့ ကူးပြောင်းရန် ရွေးချယ်ခွင့်လည်းရှိသည်။

Petများသည် Mortals သို့မဟုတ် Demon တို့ နှင့် ပေါင်းသင်းဆက်ဆံနိုင်သည်။

အဲ့ဒါက တစ်ဦးချင်းစနစ် ဖြစ်သော အိမ်ထောင်ရေးစနစ် နှင့် ဆင်တူသည် ။

ဒီလမ်း ကြောင်း ထွက်လာတဲ့ အပေါ် ကစားသမား အများစုက မနှစ်သက်ကြပေ အထူးသဖြင့် ယောကျ်ားလေး ကစား သမားများပင်။

အဘယ်ကြောင့်ဆိုသော် petလေးတွေက ခွေးလိုအသံထွက်လို့ပင်။

သူတို့သည် လူသားများဖြစ်ပြီး "ခွေး" ကဲ့သို့ မကစားချင်ကြပေ။
အဲ့ဒါက ရှက်စရာကြီး!!

သို့သော် pet လမ်းကြောင်းကို မိန်းကလေးအနည်းစုက နှစ်သက်ခဲ့ကြသည်။

မိန်းကလေးအချို့သည် "သေးငယ်သောသတ္တဝါလေးများ"ရှိ၍ ရလာတဲ့ ပျော်ရွှင်မူကို နှစ်သက်ကြပြီး အဖော်လုပ်ပေးချင်ကြသည်။

ဒီထက် ပိုတာ ကတော့ spirit ရဲ့ ပုံစံငယ် အများစုသည် ယုန်များ မြေခွေးများနှင့် ရှားစောင်းလက်ပတ် များကဲ့သို့သော ချစ်စရာအသေးအဖွဲလေးများဖြစ်သည်။

Spirit Pet သည် အရွယ်ရောက်ပြီးသော လူသားပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲနိုင်ရုံသာမက ၎င်းတို့၏ ပုံစံငယ်ကိုလည်း ထိန်းသိမ်းထားနိုင်သည်။

ဂိမ်းကုမ္ပဏီသည် ဤချစ်စရာကောင်းသော သတ္တဝါလေးရုပ်ပုံများကို ကွက်ကွက်ကွင်းကွင်း ဖမ်းယူထားပြီး အပြန်အလှန် အနေနဲ့တော့ သူတို့က နှလုံးသားများကို ဖမ်းစားနိုင်ခဲ့သည်။

တစ်ဖန် "အိမ်မွေးတိရစ္ဆာန်များစနစ်" ဖြင့် တစ်စုံတစ်ဦးသည် နတ်သမီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ထိန်းချုပ်လိုက်သောအခါ ၎င်းတို့သည် ယခင်ကထက် ပိုမိုထက်မြက်ပြီး သွက်လက်သွက်လက်လာလေသည်။

ထိုကြောင့် Fairy Pet များ၏ ဝယ်လိုအားမှာ မြင့်မားလာခဲ့သည်။ ယခုတွင် လည်း ၎င်းတို့၏ ကိုယ်ပိုင် "Fairy Petများ" ရှိသူများသည် တဖြည်းဖြည်း လူသိများလာပြီး ကြွားဝါ ရာတွေလဲ ဆရာကြီးများ ဖြစ်လာတော့ ၏။

ယီယီ က အပြာဝတ် ဇာတ်ကောင် လေး ကို စူးစိုက် ကြည့်နေတုန်း နှလုံးသားမဲ့ မီး က စာပို့လာလေသည်။

"ငါတို့ချိန်း တွေ့နေတာ နောက်နေ့မှမိတ်ဆက်ပေးမယ်"

ရုတ်​တရက်​ သူမ မီးသီး တစ်လုံးလိုပင်  ခံစားလိုက်​ရသည်။

[ T/N- မီးသီးတစ်လုံးကဲ့သို့ဖြစ်ခြင်း = တတိယဘီးဖြစ်ခြင်း။]

ပန်းယီယီ: "နေ့ကို ရွေးလိုက် ကျွန်မ ရှိမယ်  မနှုတ်ဆက်ရင် ပို မယဉ်ကျေးရာ ကျလိမ့်မယ်~~"

***

Spirit Fairy-အတိတ် ※ (ငါး)

တစ်နေ့မှာတော့ ဟဲကျင့် နဲ့ မီး တို့ဟာ တောထဲတောင်ထဲမှာ taskတစ်ခုလုပ်ရင်း သူတို့ထက် အဆင့်မြင့်တဲ့ ကစားသမားတစ်ယောက်ရဲ့ အသတ်ခံလိုက်ရသည်။

ဟဲကျင့် သည် ဂိမ်းတွင် အခြားကစားသမား၏ အသတ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ခေါင်းကို မြှောက်လိုက်သည်နှင့် မထင်မှတ်ပဲ သူသည် ပြုတ်ကျသေဆုံးနေပြီဖြစ်သည်။ ပြီးတော့ သူ့ပိုက်ဆံတွေလည်း ပြုတ်ကျသွားတယ်!!!

ပိုက်ဆံလို့ ခေါ်တဲ့ဟာ က ဂိမ်းထဲမှာတော့ "ရွှေ" ပေါ့ ပြီးတော့ အဲ့ဒါက သူ့ဘာသူရှာလို့ရခဲ့တာလေ!!!

တစ်ခါတရံမှာ taskကနေ ဆုလာဘ်တစ်ခုရပြီး တစ်ခါတရံမှာ အပိုင်းအစရောင်းရငွေ (အပိုင်းအစဆိုသည် မကောင်းဆိုးဝါး တစ်ကောင် ကိုသတ်လိုက်ရင် တစ်ချို့အရာတွေ ရလာတတ်သည်။

ဥပမာ မျောက်များကို သတ်ခြင်း ဖြင့် မျောက် အမွှေးများ ရလာခြင်း ပင်။အဲ့ဒါတွေက သုံးစရာ နေရာ မရှိပေ။ ထိုကြောင့် ကစားသမားများသည် ထို အရာများကို စီးပွါးရေးသမား စီမှာ ပြန်ရောင်းကာ ရွှေဒင်္ဂါး တွေ စုကြသည်။

ပြီးတော့အဲ့ဒ့ါ တွေက စျေးပေါသည့် အတွက်ကြောင့် ကစား သမားတွေက အမှိုက် သိုမဟုတ် အိတ်ဆောင် ဟုခေါ်ကြသေး၏)...

နိဂုံးချုပ်အနေဖြင့် ရွှေဒင်္ဂါးပေါင်း 100 ကျော်ကို စုရန် ဟဲကျင့် အတွက် မလွယ်ကူခဲ့ပေ။ ယခု သူသေသွားတော့ အခါ တစ်ဒါဇင်ကျော် ပြုတ်ကျသွားလေသည်။

ဟဲကျင့် ရဲ့ စိတ်နှလုံးသည် သွေးအန်လုနီးနီးပင်။ ရွှေတွေ အများကြီးပဲ တောင်မျောက်ရဲ့ အမွေးနဲ့ ဗိုးရဲ့ အမြှီး ဘယ်နှခုတောင် ပြန်အစားထိုးရမှာလဲလို့အာ!! TAT

ဟဲကျင့် က မီး ကို ဒေါသတကြီးပြောလိုက်သည်။

"ပြန်သွားသတ်ရအောင်!"

မီး : "ကောင်းပြီ!"

စနစ်၏မှတ်တမ်းအရ ၎င်းတို့ကိုသတ်ခဲ့သူမှာ "ကြီးမြတ်သောနတ်ဘုရားယွီကျောင်" ဟုခေါ်သော လူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

Mortal level 31 Sanxian ဖြစ်နေပြီးသူတို့ထက် အများကြီးအဆင့်ပိုမြင့်လေသည်။

ဒါကို ဟဲကျင့် က မြင်တော့ ငြိမ်သက်သွားပြီး နည်းနည်းတော့ ချီတုံချတုံ ဖြစ်သွားတော့သည်။

ထိုအချိန်တွင် မီး က သူ့ကို စောင့်နေလေသည်။

"ငါတို့ သူ့ကို ဘယ်မှာသွားရှာကြမလဲ? ငါတို့ အခုသွားမှာလား?"

ဟဲကျင့် က  သတ္တိမွေးကာ ပြောလိုက်၏။

" နေရာပြ item က အခု သူ Fairy Island မှာ ရှိနေတယ်ဆိုပြီး ပြ​နေတယ် ငါတို့ အဲဒီကို သွားပြီးတော့ အခွင့်အလမ်းရှာကြည့်ကြမယ်"

[ T/N နေရာပြ အိုင်တမ်=ဂိမ်းတွင်း အခြားကစားသမားများ၏ တည်နေရာကို သိနိုင်ရန်အသုံးပြုနိုင်သည့်အိုင်တမ်]

အဆင့် 20 ကစားသမားနှစ်ဦးသည် Fairy Island သို့ အမြန်ပြေးသွားခဲ့သည်။

သို့သော် ဟဲကျင့် သည် ဤ ကြီးမြတ်သောနတ်ဘုရားယွီကျောင် ၏ သီးခြားတည်နေရာကို ရှာမတွေ့သောကြောင့် Fairly Island တွင် သူ့ကို မျက်စိစုံမှိတ်ရှာဖွေခဲ့ရသည်။

တကယ်လို့ သူတို့ထက် အဆင့်မြင့်တဲ့ monster တစ်ကောင်ကို တွေ့ခဲ့ရင်တော့ သူတို့ သေမှာ သေချာလေသည်။

ကြာလာတာနဲ့အမျှ ဟဲကျင့် သည် သူတို့၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည့် ဆုံးဖြတ်ချက် မဟုတ်ဟု ခံစားလာရသည်။

တိုက်ခိုက်တာ က ကောင်းတဲ့ အကြံမဟုတ်ဘူး ဟု တွေး မိပြီး မီး ကိုပြော လိုက်တော့သည်။

"ဒါက အရမ်းအန္တရာယ်များတယ် အခုတော့ မသွားရအောင် ငါတို့လက်စားချေချင်တဲ့ အချိန် ချေ လို့ ရပါတယ် အရမ်းအလျင်စလိုနေစရာမလိုပါဘူး!!
အဲ့ဒါကြောင့် နောက်တစ်ကြိမ်ငါတို့ သူ့ကို တွေ့မှ သတ်ရအောင်!"

"အာ?" မီး သည် အနည်းငယ် စိတ်ပျက်အားလျော့သွားသော်လည်း "ကောင်းပြီ..." ဟုသာ ပြောလိုက်ကာ ဟဲကျင့်ရဲ့ စကားကို နားထောင်နေဆဲဖြစ်သည်။

အဲဒီနောက်မှာတော့ monsterတစ်ချို့ကို သတ်ဖို့ ထွက်သွားကြတော့သည်။

သူတို့နှစ်ဦးသည် အပြင်းအထန်ကစားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။

သူတို့ရဲ့ ဒေါသတွေအားလုံးကို ဂိမ်းထဲက monster တွေ ပေါ်ကို စွန့်ထုတ်လိုက်ကြ၏။

ညနေပိုင်းတွင် ဟဲကျင့် သည် အော့ဖ်လိုင်းဖြစ်သွားသည်။

ရိုးရိုးသားသား ပြောရလျှင် သူသည် လက်စားချေခြင်းကို ဆက်မလုပ်ခဲ့တာကို စိတ်သက်သာရာရသွားသည်။

အမှန်တွင်တော့ အခြားကစားသမားများကို သတ်ပစ်ခြင်းသည် ဂိမ်းများတွင် လုပ်လေ့ရှိသော အရာဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ အသတ်ခံရလျှင်ပင် အများစုမှာ ယာယီအရှက်ကွဲခြင်းကိုသာ ခံစားရမည်ဖြစ်သည်။

ထိုအချိန်တွင်းတွင် တော့ ဟဲကျင့် အော့ဖ်လိုင်းဖြစ်ပြီးနောက် မီး သည် စျေးထဲတွင် နေရာပြ item တစ်ခုကိုဝယ်လိုက်ပြီး ကြီးမြတ်သောနတ်ဘုရားယွီကျောင် ကိုရှာရန် သူ့ဘာသာသူထွက်သွားတော့သည်။

"ချရအောင်!"

ကြီးမြတ်သောနတ်ဘုရားယွီကျောင် : "... "

အဆင့် 10 ကွာဟချက်ရှိသဖြင့် မကြာမီ မီး သေသွားခဲ့သည်။

မိနစ်ဝက်အကြာတွင် ပြန်ရှင်သန်ထမြောက်လာသော မီးသည် ကြီးမြတ်သောနတ်ဘုရားယွီကျောင် ထံ တစ်ဖန် ပြေးလာပြန်သည်။

"လာစမ်းပါ!"

ကြီးမြတ်သောနတ်ဘုရားယွီကျောင် : "... "

မီး ထပ်ပြီး သေဆုံးသွားပြန်သည်။

...

ထို့နောက် ကြီးမြတ်သောနတ်ဘုရားယွီကျောင် အော့ဖ်လိုင်းဖြစ်သွားသည်။

နောက်တစ်နေ့တွင် ကြီးမြတ်သောနတ်ဘုရားယွီကျောင် သည် အွန်လိုင်းတွင် တာဝန် တစ်ခုလုပ်နေသောအချိန်တွင် မီး သည် သူ့အနားတွင် ရောက်လာပြန်သည်။

"မင်းနောက်ဆုံးတော့ ရောက်လာပြီ"

ကြီးမြတ်သောနတ်ဘုရားယွီကျောင်: "ဘုရားသခင် ဘယ်လို ဖြစ်လို့ မင်း ဖြစ်နေပြန်ရတာလဲ!"

[T/N ချင်ယွီက အရမ်းချစ်ဖို့ ကောင်းတာပဲ လူတွေရယ်]
...

ရက်အနည်းငယ်ကြာပြီးနောက် ဟဲကျင့် သည် ဂိမ်းထဲသို့ ရောက်လာသောအခါ သူနဲ့ အဆင့်တူတူ ဖြစ်နေသော မီး သည် အဆင့်နှစ်ဆင့် လျော့နေသည်ကို သူမထင်မှတ်ပဲ တွေ့လိုက်ရသည့်အခါ သူ အံ့အားသင့်သွားတော့သည်။

သူ အချိန်တော်ကြာအောင် မေးမြန်း ခဲ့ ပြီး နောက်ဆုံးတွင်တော့ မီး သည် ကြီးမြတ်သောနတ်ဘုရားယွီကျောင် နှင့်တွေ့ပြီး အားကျင့် အတွက် လက်စားချေလိုသောကြောင့်သွားတိုက်ခဲ့ ကြောင်း ရလဒ် အနေဖြင့် ဥက ကျောက်တုံး ဖြင့် ရိုက်မိသလိုပင် သူ အကြိမ် ပေါင်း များစွာ အသတ်ခံရခြင်း ဖြင့် အဆုံးသတ်သွားခဲ့ကြောင်း တွေ ဝန်ခံလာတော့သည်။

ဟဲကျင့် : "အာ မင်း ဘယ်နှကြိမ် တောင် အသတ်ခံလိုက်ရတာလဲလို့ မင်းရဲ့အဆင့်က နှစ်ဆင့်တောင်ကျသွားပြီ!!"

မီး- "အင်း ခုနစ်ခါ ရှစ်ခါ... ကိုးခါ မဟုတ်ဘူး ဆယ်ခါ။"

ဟဲကျင့်သည် ဆွံအ သွားကာ ရင်ထဲလဲထိသွားတော့သည်။
ဤငတုံး သည် မမျှော်လင့်ဘဲ တောင်မျောက်များကို သတ်ရန်ကြိုးစားခဲ့တုန်းကလိုပင် သူ့အတွက် ထပ်ခါတလဲလဲ အသေခံခဲ့ပြန်သည်။

သူဘာပြောရမှန်းမသိပေမယ့် မီး ကိုကာကွယ်ဖို့သူမရှိတာကြောင့် ဟဲကျင့် လည်း အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။

"လက်စားချေခြင်း" ဟူသော သူ၏မူလအဆိုပြုချက်သည် မီး ကို ဒီလို ရူးမိုက်တဲ့ အဖြစ်ဆီသို့ ဦးတည်သွားစေသည်ဟု သူခံစားရသည်။

ဟဲကျင့် : "နောက်ဆို သေခြင်းတရားကို လိုက်မရှာမနေနဲ့တော့ ငါ နည်းလမ်းရှာပါ့မယ်။"

ကစားသမားတစ်ယောက် အသတ်ခံရတဲ့အခါ ရွှေ တွေကျလာမယ်လို့ ဟဲကျင့် က သိထားတာကြောင့် သူ့ပိုက်ဆံတစ်ဝက်ကို မီး ကို ပေးခဲ့ပြီး အဆင့်တက်ဖို့ ခေါ်သွားခဲ့တော့သည်။

ဟဲကျင့်: "သွားရအောင် မင်းကို အဆင့်ပြန်တက် ဖို့ ခေါ်သွားမယ်!"

မီး က သူ့ကို ကူပြီးတိုက်ချင်ပေမယ့် ဟဲကျင့် က သူ့ကို ခွင့်မပြုပေ။

"မလှုပ်နဲ့ အဲ့နားမှာနေ အဲဒီကနေ Exp အမှတ်တွေကို နေ စားလိုက်!"

နောက်တစ်နေ့မှာတော့ ဟဲကျင့် က သူ့အတန်းဖော်တွေကို ဂိမ်းထဲမှာ အသတ်ခံရကြောင်း ပြောပြလိုက်သည်။

ကျောင်းသားများ ထိုအကြောင်းကို သိပြီးနောက် သူတို့အားလုံး ဒေါသတကြီး ထွက်ခဲ့ကြပြီး ယခုတွင် ဘုံရန်သူ ရှိနေပြီဟု ဆုံးဖြတ်လိုက်သည်။

"ငါတို့ အတန်ခေါင်းဆောင်ကို အနိုင်ကျင့်ရဲတဲ့ ခွေးကောင် ငါတို့ မင်းကို သတ်မယ်! "

ခဏကြာပြီးနောက်တွင်တော့ World Channelတွင် ပေါ်လာသည့် တစ်စုံတစ်ဦးထံမှ မက်ဆေ့ချ်များ အမြဲရှိနေလိမ့်မည်။

World Channel 'ကြီးမြတ်သောနတ်ဘုရားယွီကျောင်': " ပျံသန်းနေတဲ့ အသားညှပ်ပါမုန့်,မြက်သိုက် မင်းတို့က ငါနဲ့ လာ ရှုပ်နေတာပဲ "

World Channel 'ကြီးမြတ်သောနတ်ဘုရားယွီကျောင်': "ကြက်ဥလိပ် ငါ မင်းကိုထပ်မတွေ့စေနဲ့!"

World Channel 'ကြီးမြတ်သောနတ်ဘုရားယွီကျောင်': "လဲလျောင်းနေသော သေနတ်ဖတ်ထုပ်များ မင်း စောင့်ကြည့်နေလိုက်"

Zawgyi

007: သူမ မင္းကိုမျမင္ႏိုင္ဘူး

နတ္သမီးေလး က်င့္ : "မင္းငါ့ကိုသတ္လိုက္တုန္း က ငါက ဘာလို႔ Exp အမွတ္ ရတာလဲ"

မီး မွရွင္းျပသည္: "ဒီဂိမ္းမွာ အဆင့္ ျမင့္တဲ့ ကစားသမားေတြနဲ႔ အဆင့္ နိမ့္တဲ့ ကစားသမားေတြ ရဲ႕ ၾကားက ကြာဟခ်က္ကအရမ္းႀကီးတယ္ ဒါေၾကာင့္မလို႔ ဂိမ္းက အဆင့္နိမ့္ကစားသမားေတြကို ကာကြယ္ေပးတဲ့ စနစ္ ထည့္လိုက္္တာ တကယ္လို႔ မင္းက level 50နဲ႔ အထက္ မင္းထက္ အဆင့္ျမင့္ တဲ့ သူ သတ္တာ ခံလိုက္ရရင္မင္းရဲ႕ Exp အမွတ္က မေလ်ာ့တဲ့ အျပင္ ပိုေတာင္ ရဦးမယ္"

ဟဲက်င့္ က အခုမွ သေဘာေပါက္သြားေလသည္။

ဒါေၾကာင့္မလို႔ World ခ်န္နယ္ထဲက လူေတာ္ေတာ္မ်ားမ်ားက 'မီး စီက အသတ္ခံရဖို႔ ေတာင္းဆိုတယ္' လို႔ ေႂကြးေၾကာ္ေနၾက အံ့ၾသစရာေတာ့ မရွိေပ။

ဒါေပမယ့္လည္း သူက နည္းနည္းေတာ့ ပေဟ႒ိျဖစ္ေနဆဲပင္။

"မင္းေျပာသလိုဆို အဲဒီအဆင့္ျမင့္ကစားသမားေတြက လူသစ္ေတြကို သတ္ခ်င္သလို သတ္လို႔ရေနမွာ မဟုတ္ဘူးလား?"

ႏွလုံးသားမဲ့ မီး :"မရဘူး သူတို႔ကို သတ္တာက အဲဒီအဆင့္ျမင့္ကစားသမားေတြအတြက္ မေကာင္းဘူး ဘာလို႔လဲဆိုေတာ့ သူတို႔ကို သတ္ရင္ အဆင့္နိမ့္ကစားသမားေတြရထားတဲ့ Exp အမွတ္ ပမာဏထက္ကို ဆယ္ဆေလာက္ အႏႈတ္ခံရလိမ့္မယ္ မ်ားမ်ားသတ္ရင္ မ်ားမ်ား အႏႈတ္ခံရမွာေပါ့"

ဟဲက်င့္ အံ့ဩသြားေတာ့သည္

" ဆယ္ဆ!?"

ဒီေတာ့ သူ႔ ကို အမွတ္300 ေပါင္းလိုက္တယ္ဆိုေတာ့ မီး က 3000 ေတာင္ အႏုတ္ခံရတာလား?သူအြန္လိုင္းေပၚေရာက္လာကတည္းက အခုအခ်ိန္အထိ မီး ေၾကာင့္ သုံးႀကိမ္တိုင္တိုင္ သတ္ခံခဲ့ရၿပီး အရင္က လမ္းသြားလမ္းလာ ႏွစ္ေယာက္ကို လည္း သတ္ခဲ့ေသးတယ္ေလ။

မီး ကဘယ္ေနရာမွာသုံးရမွန္းမသိတဲ့ အထိ Exp အမွတ္ေတြ အမ်ားႀကီးရွိေနခဲ့တာလား?囧!

ႏွလုံးသားမဲ့ မီး သည္ ေပါ့ေပါ့ပါးပါးသာ ေျပာလိုက္သည္။

"အဆင့္ျမင့္ကစားသမားေတြ အတြက္ ဒီ Exp အမွတ္ ေတြက ဘာမွမဟုတ္ဘူး အဓိက အခ်က္က...."

နတ္သမီးေလးက်င့္ : "ဘာအခ်က္လဲ?"

ႏွလုံးသားမဲ့ မီး: "အဓိကအခ်က္က ကြၽမ္းက်င္မႈမရွိေသးတဲ့ ဒီ အနံ႔နံ ေနတဲ့ လူသစ္ေလးေတြကို သတ္ပစ္လို႔လဲ သူတို႔အတြက္ ဆုေတြဘာေတြလဲ မရေနဘူးေလ အဲ့တာ ေၾကာင့္ အဆင့္ျမင့္တဲ့ ကစားသမားေတြက ဒီတိုင္း အဖတ္ မလုပ္႐ုံေလးပါပဲ"

တစ္ဖက္လူ၏ ေလသံမွာ တည္ၿငိမ္ေအးေဆးၿပီး အမွန္ေတြ ေျပာေနေသာ္လည္း...

အသတ္ခံလိုက္ရေသာ ဟဲက်င့္ သည္ အနည္းငယ္ မေပ်ာ္မ႐ႊင္ ျဖစ္ေနေသးသည္ (¯_~ |||)

ႏွလုံးသားမဲ့ မီး သည္ အလြန္အံ့ဩဖို႔ေကာင္းတယ္ဆိုကို သူလဲဝန္ခံပါတယ္ ၿပီးေတာ့ သူက အဆင့္တစ္ နတ္ဘုရားလဲျဖစ္ေနေသးတယ္ေလ။

အဲဒီတုန္းက ျဖတ္သြားျဖတ္လာ ႏွစ္ေယာက္ အသတ္ခံရတဲ့ အခ်ိန္မွာ ေပ်ာ္ေနၾကတာ အံဩစရာေတာ့မရွိေတာ့ပါဘူး  သူတို႔က အစြမ္းတက္တဲ့ နတ္ဘုရား နဲ႔ ႀကဳံေတြ႕ ခဲ့ရတာကိုး!!

ႏွလုံးသားမဲ့ မီး : "ေနာက္တစ္ခ်က္ က ကစားသမားေတြၾကားမွာ အဆင့္ က 50 နဲ႔အထက္ ကြာျခားေနရင္ အဆင့္နိမ့္ကစားသမားေတြက အဆင့္ျမင့္ ကစားသမား ေတြကို ျမင္ရမွာမဟုတ္ဘူး အဲ့တာေၾကာင့္ အဲ့ ကစားသမား ႏွစ္ေယာက္လဲ ငါ့ကို မျမင္ရဘူး"

မီး ရဲ႕အဆင့္က 100 ဆိုေတာ့ အဆင့္ 50 ေအာက္လူေတြက သူ႔ကို မျမင္ႏိုင္ ဘူးလား?

ဟဲက်င့္ သည္ သူ၏ကိုယ္ပိုင္အဆင့္ကိုျမင္ရန္ စခရင္၏ဘယ္ဘက္အေပၚကို တစ္ခ်က္ၾကည့္လိုက္သည္။

Spirit Fairy (29) က သူ႔ထက္အဆေပါင္းမ်ားစြာနိမ့္ေနတာ မဟုတ္ဘူးလား!

"ဒါဆို ငါ က် မင္းကို ဘာလို ျမင္ရတာလဲ?"

ဟဲက်င့္ က ပေဟ႒ိ ျဖစ္စြာ ေမးလိုက္သည္။

မီး က တခစ္ခစ္ ရယ္လိုက္ၿပီး ေျပာလိုက္သည္။

"ဘာလို႔လဲဆိုေတာ့ မင္းက ငါ့မိန္းမမလို႔ေလ"
မီး သည္ ဤမွတ္ခ်က္ကိုေျပာသည့္ပုံမွာ ေႏွးေကြးေနကာ အထူးသျဖင့္ အဓိပၸယ္ ပါပါ ျဖင့္ ေျပာေလသည္။

ဒီတစ္ခါတြင္ေတာ့  ဟဲက်င့္ က သူ႔နား႐ြက္ကို အကိုက္ရသလို မခံစားလိုက္ရေပမယ့္ အတြင္းအျပင္ကို အယက္ခံ လိုက္ရသလိုခံစားလိုက္ရေလ၏။

ဟဲက်င့္ ၏ နား႐ြက္ဖ်ားေလး သည္ တြန္႔သြားၿပီး ၾကက္သီးပါ ထသြားေတာ့သည္။

သူသည္ မက္ေဆ့ေဘာက္ တြင္ "ဩ" ဟုတုံ႔ဆိုင္းစြာ ပို႔လိုက္ၿပီး သူ႔လက္ေခ်ာင္းမ်ားသည္လည္း အနည္းငယ္ တုန္ရီေနသည္။

သူ ဘာလုပ္ရမွန္း မသိပဲ ေနရခက္ေနခ်ိန္မွာပင္ မီးက ႐ုတ္တရက္ေျပာလာသည္။

"အားက်င့္  ဒီမွာ ခဏေစာင့္"

***

ခ်င္ယြီသည္ ဂ်ဳံခင္းထဲတြင္ ရပ္ေနေသာ ခပ္ေဝးေဝးမွ အသြင္ကို ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ပန္း ယီယီ က ဟိုအေဝးက ေန သူတို႔ကို ၾကည့္ေနသည္ ။

ခ်င္ယြီ စကားေျပာေနစဥ္က သူေျပာေသာ ေနာက္ဆုံးစာေၾကာင္းႏွစ္ေၾကာင္းကိုသူမ လည္း ၾကားလိုက္ရသည္။

ႏွလုံးသားမဲ့ သည္ လူမ်ားႏွင့္ စကားေျပာခဲ သည္။ သူမကိုေတာင္မေျပာေပ။
ထို႔ေၾကာင့္ သူမသည္ ဂိမ္းထဲတြင္ သူ၏အသံကို နားေထာင္ခြင့္ရခဲေသာေၾကာင့္ တိုက္႐ိုက္ထုတ္လႊင့္မႈတိုင္းကို သာၾကည့္ရႈႏိုင္သည္။

World ထဲရွိလူတိုင္းက သူ႔ကို ႏွလုံးသားမဲ့ ဝန္းက်င္ရွိ တစ္ဦးတည္းေသာ အမ်ိဳးသမီးအျဖစ္ ခ်ီးမြမ္းၾကေသာ္လည္း သူမသည္ တျခား မိန္းကေလးမ်ားႏွင့္ မကြာျခားေၾကာင္းကို သူမ သာလွ်င္ သိ၏။

ႏွလုံးသားမဲ့ မီး : "မင္းဘာလို႔ဒီကိုလာတာလဲ။"

သူသည္ သူ၏ အသံလုပ္ေဆာင္ခ်က္ကို ဖြင့္ထားသသည္ မွာ ရွင္းလင္း ေသာ္လည္း သူမထံသို႔ စာတိုတစ္ခုသာ ေပးပို႔ခဲ့သည္။

ပန္း ယီယီ သည္ တခဏမွ် တုံ႔ဆိုင္းသြားၿပီး သူ႔အနားသို႔ ျဖည္းညႇင္းစြာ တိုးကပ္လာသည္။

သူမသည္ ေလထဲတြင္ လြင့္ေနေသာ မိတ္ကပ္ေရာင္ ၀တ္စုံကို ၀တ္ဆင္ထားၿပီး ေမွာ္ေရာင္ဝါမ်ားက သူမ ပတ္ပတ္လည္တြင္ တဖ်ပ္ဖ်ပ္ လြင့္ေနကာ ေခါင္းေနာက္ဘက္တြင္ အနီေရာင္ သန္းေနေသာ ဆံပင္ရွည္မ်ားကိုျဖန္႔ ခ်ထားကာ ခရမ္းေရာင္ ေက်ာက္ ဆံထိုး သုံးခု ျဖင့္ အလွဆင္ထားေလသည္။

သူမရဲ႕ဇာတ္ေကာင္ က လုံးဝကို ႏူးညံ့ၿပီး ၾကည္ႏူးစရာ ေကာင္းေလသည္။

ပန္းယီယီ : "ဆရာရဲ႕ ဇနီး လာၿပီေလ ေသခ်ာတာေပါ့  ကြၽန္မ ေတြ႕ခ်င္တယ္ေလ ~o (∩ _ ∩)o ~"

သူမ သည္ ႏွလုံးသားမဲ့ မီး နဲ႔ ေဘးခ်င္းကပ္ရပ္ေနတဲ့ နတ္သမီးေလး က်င့္ ရဲ႕ ေရွ႕မွာ ရပ္လိုက္သည္။
မီးရဲ႕ ေမွာ္အေတာင္ပံေတြက သူတို႔ႏွစ္ေယာက္ေနာက္မွာ လႈပ္ယမ္းေနေလသည္။

ထိုျမင္ကြင္းသည္ ဒ႑ာရီပုံျပင္ႏွင့္ ႏႈိင္းယွဥ္ၾကည့္လို႔ရေလသည္။

ပန္းယီယီ - "အာ ဒါက ဒ႑ာရီလာ 'ဇနီး' ေပါ့!"

အျပာ ဝတ္ ဇာတ္ေကာင္ေလး ၏ အျပင္ပန္းသြင္ျပင္မွာ အလြန္႐ိုးရွင္းၿပီး ပန္းယီယီ၏ေရွ႕တြင္ သူမႏွင့္ ဆန႔္က်င္ဘက္ျဖစ္ကာ မႈန္မႈိင္းေနေတာ့သည္။

ႏွလုံးသားမဲ့ မီး: "သူမ မင္းကို မျမင္ရဘူး"

ယီယီ : "... "

'Demon God' ဂိမ္းတြင္ ကစားသမားမ်ားသည္ အျခားသူမ်ား၏ အိမ္ေထာင္ေရး အေျခအေနကို စစ္ေဆးႏိုင္ေသာ္လည္း အမည္ႏွင့္ အဆင့္ အပါအဝင္ ကစားသမားရဲ႕ လက္တြဲေဖာ္၏ တိက်ေသာ အခ်က္အလက္ကို မစစ္ေဆးႏိုင္ေပ။

ႏွလုံးသားမဲ့ ရဲ႕ ဇနီးကို "နတ္သမီးေလး က်င့္" ဟုေခၚေၾကာင္း ပန္း ယီယီ သိရျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္သည္။

သူမသည္ ပ႐ိုဖိုင္ကိုၾကည့္ရန္ တစ္ဖက္လူရဲ႕ အမည္ကို ကလစ္ႏွိပ္လိုက္သည့္ ေနာက္တြင္ ဆြံအ သြားေတာ့သည္။

ထိုသူ သည္ Spirit Fairy အဆင့္ 29 သာ ရွိေသးသည္။

အကယ္၍ ၎သည္ "Spirit Fairy" ဂိမ္းေခတ္တြင္သာရွိေနပါက အဆင့္ 29 သည္ အမွန္တကယ္ေတာ့ မနိမ့္လြန္းေပ။

သို႔ေသာ္ "Demon God" တြင္ေတာ့ ထိပ္တန္းအဆင့္ သည္ 100 ျဖစ္သျဖင့္ အဆင့္ 50 "Immortal " ကိုပင္နိမ့္သည္ဟု ယူဆႏိုင္သည္။

ထို႔ေၾကာင့္ အဆင့္ 29 သည္ အေတြ႕အႀကဳံမရွိေသးေသာ လူသစ္ ႏွင့္ပင္ ကြာျခားမႈမရွိေပ။

ထို႔အျပင္ ဤသူသည္အမွန္တကယ္ "ဝိညာဥ္" အျဖစ္ကစားခဲ့သည္ ... ။

ဂိမ္းကို ျပဳျပင္ၿပီးေနာက္ပိုင္းတြင္ 'ေသမ်ိဳး' မ်ိဳးႏြယ္သည္ Divine God ျဖစ္ရန္ က်င့္ႀကံရမည္ျဖစ္ၿပီး 'တတိယဝိညာဥ္' မ်ိဳးႏြယ္သည္ ေတာ့ Demon ျဖစ္ရန္ က်င့္ႀကံရမည္ျဖစ္သည္။ ၎တို႔တစ္ဦးစီတြင္ ၎တို႔၏ကိုယ္ပိုင္နည္းလမ္းမ်ားရွိသည္။

သို႔ေသာ္ "ဝိညာဥ္"မ်ိဳးႏြယ္ သည္ေတာ့ လူသိနည္းေလသည္။၎၏စြမ္းရည္အမ်ားစုသည္ "ေသမ်ိဳး"မ်ားႏွင့္ ဆင္တူေနေသာေၾကာင့္ ဝိညာဥ္မ်ိဳးႏြယ္သည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ၎သည္ တျဖည္းျဖည္းႏွင့္ ကစားသူ အနည္းငယ္သာက်န္ေတာ့သည္။

ကစားသမားမ်ားသည္ ဂိမ္း တရားဝင္ဆိုက္
က "ဝိညာဥ္" မ်ိဳးႏြယ္ အတြက္ နတ္ဆိုးလမ္းေၾကာင္းသို႔ က်ေရာက္ရန္ လမ္းဖြင့္ေပးမည္ဟု လွ်ိဳ႕ဝွက္စြာ ခန႔္မွန္းခဲ့ၾကေသာ္လည္း မထင္မွတ္ဘဲ ဂိမ္းဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕သည္ "ဝိညာဥ္" အတြက္ သီးျခားနည္းလမ္းကို မထုတ္ျပန္ခဲ့ေပ။

၎တို႔သည္ ထို အစား "အိမ္ေမြးတိရစာၦန္" လမ္းေၾကာင္းကိုသာဖြင့္ေပးခဲ့သည္။

အိမ္ေမြး တိရစာၦန္ လမ္းေၾကာင္းဆိုတာက ေတာ့ ကစား သူ က အိမ္ေမြးတိရစာၦန္ ျဖစ္ေအာင္က်င့္ႀကံရမွာျဖစ္ေလသည္။ (=_=)

ယခုတြင္ ေတာ့ "ဝိညာဥ္" သည္ အဆင့္ 30 သို႔တိုးလာေသာအခါ Celestial God အဆင့္အထိ ဆက္လက္က်င့္ႀကံျခင္းအျပင္ ၎တို႔သည္ "Fairy Pet" က်င့္ႀကံျခင္းသို႔ ကူးေျပာင္းရန္ ေ႐ြးခ်ယ္ခြင့္လည္းရွိသည္။

အိမ္ေမြးတိရိစာၦန္မ်ားသည္ Mortals သို႔မဟုတ္ Demon တို႔ ႏွင့္ ေပါင္းသင္းဆက္ဆံႏိုင္သည္။

အဲ့ဒါက တစ္ဦးခ်င္းစနစ္ ျဖစ္ေသာ အိမ္ေထာင္ေရးစနစ္ ႏွင့္ ဆင္တူသည္ ။

ဒီလမ္း ေၾကာင္း ထြက္လာတဲ့ အေပၚ ကစားသမား အမ်ားစုက မႏွစ္သက္ၾကေပ အထူးသျဖင့္ ေယာက်္ားေလး ကစား သမားမ်ားပင္။

အဘယ္ေၾကာင့္ဆိုေသာ္ အိမ္ေမြးတိရစာၦန္ေလးေတြက ေခြးလိုအသံထြက္လို႔ပင္။

သူတို႔သည္ လူသားမ်ားျဖစ္ၿပီး "ေခြး" ကဲ့သို႔ မကစားခ်င္ၾကေပ။
အဲ့ဒါက ရွက္စရာႀကီး!!

သို႔ေသာ္ အိမ္ေမြး တိရစာၦန္ လမ္းေၾကာင္းကို မိန္းကေလးအနည္းစုက ႏွစ္သက္ခဲ့ၾကသည္။

မိန္းကေလးအခ်ိဳ႕သည္ "ေသးငယ္ေသာသတၱဝါေလးမ်ား"ရွိ၍ ရလာတဲ့ ေပ်ာ္႐ႊင္မူကို ႏွစ္သက္ၾကၿပီး အေဖာ္လုပ္ေပးခ်င္ၾကသည္။

ဒီထက္ ပိုတာ ကေတာ့ ဝိညာဥ္ရဲ႕ ပုံစံငယ္ အမ်ားစုသည္ ယုန္မ်ား ေျမေခြးမ်ားႏွင့္ ရွားေစာင္းလက္ပတ္မ်ားကဲ့သို႔ေသာ ခ်စ္စရာအေသးအဖြဲေလးမ်ားျဖစ္သည္။

Spirit Pet သည္ အ႐ြယ္ေရာက္ၿပီးေသာ လူသားပုံသ႑ာန္မ်ားအျဖစ္ ေျပာင္းလဲႏိုင္႐ုံသာမက ၎တို႔၏ ပုံစံငယ္ကိုလည္း ထိန္းသိမ္းထားႏိုင္သည္။

ဂိမ္းကုမၸဏီသည္ ဤခ်စ္စရာေကာင္းေသာ သတၱဝါေလး႐ုပ္ပုံမ်ားကို ကြက္ကြက္ကြင္းကြင္း ဖမ္းယူထားၿပီး အျပန္အလွန္ အေနနဲ႔ေတာ့ သူတို႔က ႏွလုံးသားမ်ားကို ဖမ္းစားႏိုင္ခဲ့သည္။

တစ္ဖန္ "အိမ္ေမြးတိရစာၦန္မ်ားစနစ္" ျဖင့္ တစ္စုံတစ္ဦးသည္ နတ္သမီး အိမ္ေမြးတိရစာၦန္တစ္ေကာင္ကို ထိန္းခ်ဳပ္လိုက္ေသာအခါ ၎တို႔သည္ ယခင္ကထက္ ပိုမိုထက္ျမက္ၿပီး သြက္လက္သြက္လက္လာေလသည္။

ထိုေၾကာင့္ နတ္သမီး အိမ္ေမြးတိရစာၦန္မ်ား၏ ဝယ္လိုအားမွာ ျမင့္မားလာခဲ့သည္။ ယခုတြင္ လည္း ၎တို႔၏ ကိုယ္ပိုင္ "နတ္သမီး အိမ္ေမြးတိရစာၦန္မ်ား" ရွိသူမ်ားသည္ တျဖည္းျဖည္း လူသိမ်ားလာၿပီး ႂကြားဝါ ရာေတြလဲ ဆရာႀကီးမ်ား ျဖစ္လာေတာ့ ၏။

ယီယီ က အျပာဝတ္ ဇာတ္ေကာင္ ေလး ကို စူးစိုက္ ၾကည့္ေနတုန္း ႏွလုံးသားမဲ့ မီး က စာပို႔လာေလသည္။

"ငါတို႔ခ်ိန္း ေတြ႕ေနတာ ေနာက္ေန႔မွမိတ္ဆက္ေပးမယ္"

႐ုတ္​တရက္​ သူမ မီးသီး တစ္လုံးလိုပင္  ခံစားလိုက္​ရသည္။

[ T/N- မီးသီးတစ္လုံးကဲ့သို႔ျဖစ္ျခင္း = တတိယဘီးျဖစ္ျခင္း။]

ပန္းယီယီ: "ေန႔ကို ေ႐ြးလိုက္ ကြၽန္မ ရွိမယ္  မႏႈတ္ဆက္ရင္ ပို မယဥ္ေက်းရာ က်လိမ့္မယ္~~"

***

※ Spirit Fairy-အတိတ္ ※ (ငါး)

တစ္ေန႔မွာေတာ့ ဟဲက်င့္ နဲ႔ မီး တို႔ဟာ ေတာထဲေတာင္ထဲမွာ တာဝန္တစ္ခုလုပ္ရင္း သူတို႔ထက္ အဆင့္ျမင့္တဲ့ ကစားသမားတစ္ေယာက္ရဲ႕ အသတ္ခံလိုက္ရသည္။

ဟဲက်င့္ သည္ ဂိမ္းတြင္ အျခားကစားသမား၏ အသတ္ခံရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။

ေခါင္းကို ေျမႇာက္လိုက္သည္ႏွင့္ မထင္မွတ္ပဲ သူသည္ ျပဳတ္က်ေသဆုံးေနၿပီျဖစ္သည္။ ၿပီးေတာ့ သူ႔ပိုက္ဆံေတြလည္း ျပဳတ္က်သြားတယ္!!!

ပိုက္ဆံလို႔ ေခၚတဲ့ဟာ က ဂိမ္းထဲမွာေတာ့ "ေ႐ႊ" ေပါ့ ၿပီးေတာ့ အဲ့ဒါက သူ႔ဘာသူရွာလို႔ရခဲ့တာေလ!!!

တစ္ခါတရံမွာ တာဝန္ကေန ဆုလာဘ္တစ္ခုရၿပီး တစ္ခါတရံမွာ အပိုင္းအစေရာင္းရေငြ (အပိုင္းအစဆိုသည္ မေကာင္းဆိုးဝါး တစ္ေကာင္ ကိုသတ္လိုက္ရင္ တစ္ခ်ိဳ႕အရာေတြ ရလာတတ္သည္။

ဥပမာ ေမ်ာက္မ်ားကို သတ္ျခင္း ျဖင့္ ေမ်ာက္ အေမႊးမ်ား ရလာျခင္း ပင္။အဲ့ဒါေတြက သုံးစရာ ေနရာ မရွိေပ။ ထိုေၾကာင့္ ကစားသမားမ်ားသည္ ထို အရာမ်ားကို စီးပြါးေရးသမား စီမွာ ျပန္ေရာင္းကာ ေ႐ႊဒဂၤါး ေတြ စုၾကသည္။

ၿပီးေတာ့အဲ့ဒ့ါ ေတြက ေစ်းေပါသည့္ အတြက္ေၾကာင့္ ကစား သမားေတြက အမႈိက္ သိုမဟုတ္ အိတ္ေဆာင္ ဟုေခၚၾကေသး၏)...

နိဂုံးခ်ဳပ္အေနျဖင့္ ေ႐ႊဒဂၤါးေပါင္း 100 ေက်ာ္ကို စုရန္ ဟဲက်င့္ အတြက္ မလြယ္ကူခဲ့ေပ။ ယခု သူေသသြားေတာ့ အခါ တစ္ဒါဇင္ေက်ာ္ ျပဳတ္က်သြားေလသည္။

ဟဲက်င့္ ရဲ႕ စိတ္ႏွလုံးသည္ ေသြးအန္လုနီးနီးပင္။ ေ႐ႊေတြ အမ်ားႀကီးပဲ ေတာင္ေမ်ာက္ရဲ႕ အေမြးနဲ႔ ဗိုးရဲ႕ အျမႇီး ဘယ္ႏွခုေတာင္ ျပန္အစားထိုးရမွာလဲလို႔အာ!! TAT

ဟဲက်င့္ က မီး ကို ေဒါသတႀကီးေျပာလိုက္သည္။

"ျပန္သြားသတ္ရေအာင္!"

မီး : "ေကာင္းၿပီ!"

စနစ္၏မွတ္တမ္းအရ ၎တို႔ကိုသတ္ခဲ့သူမွာ "ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္" ဟုေခၚေသာ လူတစ္ဦးျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။

ေသမ်ိဳး အဆင့္ 31 Sanxian ျဖစ္ေနၿပီးသူတို႔ထက္ အမ်ားႀကီးအဆင့္ပိုျမင့္ေလသည္။

ဒါကို ဟဲက်င့္ က ျမင္ေတာ့ ၿငိမ္သက္သြားၿပီး နည္းနည္းေတာ့ ခ်ီတုံခ်တုံ ျဖစ္သြားေတာ့သည္။

ထိုအခ်ိန္တြင္ မီး က သူ႔ကို ေစာင့္ေနေလသည္။

"ငါတို႔ သူ႔ကို ဘယ္မွာသြားရွာၾကမလဲ? ငါတို႔ အခုသြားမွာလား?"

ဟဲက်င့္ က  သတၱိေမြးကာ ေျပာလိုက္၏။

" ေနရာျပ အိုင္တမ္က အခု သူ Fairy Island မွာ ရွိေနတယ္ဆိုၿပီး ျပ​ေနတယ္ ငါတို႔ အဲဒီကို သြားၿပီးေတာ့ အခြင့္အလမ္းရွာၾကည့္ၾကမယ္"

[ T/N ေနရာျပ အိုင္တမ္=ဂိမ္းတြင္း အျခားကစားသမားမ်ား၏ တည္ေနရာကို သိႏိုင္ရန္အသုံးျပဳႏိုင္သည့္အိုင္တမ္]

အဆင့္ 20 ကစားသမားႏွစ္ဦးသည္ Fairy Island သို႔ အျမန္ေျပးသြားခဲ့သည္။

သို႔ေသာ္ ဟဲက်င့္ သည္ ဤ ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ ၏ သီးျခားတည္ေနရာကို ရွာမေတြ႕ေသာေၾကာင့္ Fairly Island တြင္ သူ႔ကို မ်က္စိစုံမွိတ္ရွာေဖြခဲ့ရသည္။

တကယ္လို႔ သူတို႔ထက္ အဆင့္ျမင့္တဲ့ မေကာင္းဆိုးဝါး တစ္ေကာင္ကို ေတြ႕ခဲ့ရင္ေတာ့ သူတို႔ ေသမွာ ေသခ်ာေလသည္။

ၾကာလာတာနဲ႔အမွ် ဟဲက်င့္ သည္ သူတို႔၏ ဆုံးျဖတ္ခ်က္သည္ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ မဟုတ္ဟု ခံစားလာရသည္။

တိုက္ခိုက္တာ က ေကာင္းတဲ့ အႀကံမဟုတ္ဘူး ဟု ေတြး မိၿပီး မီး ကိုေျပာ လိုက္ေတာ့သည္။

"ဒါက အရမ္းအႏၲရာယ္မ်ားတယ္ အခုေတာ့ မသြားရေအာင္ ငါတို႔လက္စားေခ်ခ်င္တဲ့ အခ်ိန္ ေခ် လို႔ ရပါတယ္ အရမ္းအလ်င္စလိုေနစရာမလိုပါဘူး!!
အဲ့ဒါေၾကာင့္ ေနာက္တစ္ႀကိမ္ငါတို႔ သူ႔ကို ေတြ႕မွ သတ္ရေအာင္!"

"အာ?" မီး သည္ အနည္းငယ္ စိတ္ပ်က္အားေလ်ာ့သြားေသာ္လည္း "ေကာင္းၿပီ..." ဟုသာ ေျပာလိုက္ကာ ဟဲက်င့္ရဲ႕ စကားကို နားေထာင္ေနဆဲျဖစ္သည္။

အဲဒီေနာက္မွာေတာ့ မေကာင္းဆိုးဝါးတစ္ခ်ိဳ႕ကို သတ္ဖို႔ ထြက္သြားၾကေတာ့သည္။

သူတို႔ႏွစ္ဦးသည္ အျပင္းအထန္ကစားၿပီးေနာက္ ေနာက္ဆုံးတြင္ ရပ္တန႔္သြားေတာ့သည္။

သူတို႔ရဲ႕ ေဒါသေတြအားလုံးကို ဂိမ္းထဲက မေကာင္းဆိုးဝါးေတြ ေပၚကို စြန႔္ထုတ္လိုက္ၾက၏။

ညေနပိုင္းတြင္ ဟဲက်င့္ သည္ ေအာ့ဖ္လိုင္းျဖစ္သြားသည္။

႐ိုး႐ိုးသားသား ေျပာရလွ်င္ သူသည္ လက္စားေခ်ျခင္းကို ဆက္မလုပ္ခဲ့တာကို စိတ္သက္သာရာရသြားသည္။

အမွန္တြင္ေတာ့ အျခားကစားသမားမ်ားကို သတ္ပစ္ျခင္းသည္ ဂိမ္းမ်ားတြင္ လုပ္ေလ့ရွိေသာ အရာျဖစ္သည္။

ထို႔ေၾကာင့္ ၎တို႔ အသတ္ခံရလွ်င္ပင္ အမ်ားစုမွာ ယာယီအရွက္ကြဲျခင္းကိုသာ ခံစားရမည္ျဖစ္သည္။

ထိုအခ်ိန္တြင္းတြင္ ေတာ့ ဟဲက်င့္ ေအာ့ဖ္လိုင္းျဖစ္ၿပီးေနာက္ မီး သည္ ေစ်းထဲတြင္ ေနရာျပ အိုင္တမ္ တစ္ခုကိုဝယ္လိုက္ၿပီး ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ ကိုရွာရန္ သူ႔ဘာသာသူထြက္သြားေတာ့သည္။

"ခ်ရေအာင္!"

ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ : "... "

အဆင့္ 10 ကြာဟခ်က္ရွိသျဖင့္ မၾကာမီ မီး ေသသြားခဲ့သည္။

မိနစ္ဝက္အၾကာတြင္ ရွင္ျပန္ထေျမာက္လာေသာ မီးသည္ ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ ထံ တစ္ဖန္ ေျပးလာျပန္သည္။

"လာစမ္းပါ!"

ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ : "... "

မီး ထပ္ၿပီး ေသဆုံးသြားျပန္သည္။

...

ထို႔ေနာက္ ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ ေအာ့ဖ္လိုင္းျဖစ္သြားသည္။

ေနာက္တစ္ေန႔တြင္ ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ သည္ အြန္လိုင္းတြင္ တာဝန္ တစ္ခုလုပ္ေနေသာအခ်ိန္တြင္ မီး သည္ သူ႔အနားတြင္ ေရာက္လာျပန္သည္။

"မင္းေနာက္ဆုံးေတာ့ ေရာက္လာၿပီ"

ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္: "ဘုရားသခင္ ဘယ္လို ျဖစ္လို႔ မင္း ျဖစ္ေနျပန္ရတာလဲ!"

[T/N ခ်င္ယြီက အရမ္းခ်စ္ဖို႔ ေကာင္းတာပဲ လူေတြရယ္]
...

ရက္အနည္းငယ္ၾကာၿပီးေနာက္ ဟဲက်င့္ သည္ ဂိမ္းထဲသို႔ ေရာက္လာေသာအခါ သူနဲ႔ အဆင့္တူတူ ျဖစ္ေနေသာ မီး သည္ အဆင့္ႏွစ္ဆင့္ ေလ်ာ့ေနသည္ကို သူမထင္မွတ္ပဲ ေတြ႕လိုက္ရသည့္အခါ သူ အံ့အားသင့္သြားေတာ့သည္။

သူ အခ်ိန္ေတာ္ၾကာေအာင္ ေမးျမန္း ခဲ့ ၿပီး ေနာက္ဆုံးတြင္ေတာ့ မီး သည္ ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္ ႏွင့္ေတြ႕ၿပီး အားက်င့္ အတြက္ လက္စားေခ်လိုေသာေၾကာင့္သြားတိုက္ခဲ့ ေၾကာင္း ရလဒ္ အေနျဖင့္ ဥက ေက်ာက္တုံး ျဖင့္ ႐ိုက္မိသလိုပင္ သူ အႀကိမ္ ေပါင္း မ်ားစြာ အသတ္ခံရျခင္း ျဖင့္ အဆုံးသတ္သြားခဲ့ေၾကာင္း ေတြ ဝန္ခံလာေတာ့သည္။

ဟဲက်င့္ : "အာ မင္း ဘယ္ႏွႀကိမ္ ေတာင္ အသတ္ခံလိုက္ရတာလဲလို႔ မင္းရဲ႕အဆင့္က ႏွစ္ဆင့္ေတာင္က်သြားၿပီ!!"

မီး- "အင္း ခုနစ္ခါ ရွစ္ခါ... ကိုးခါ မဟုတ္ဘူး ဆယ္ခါ။"

ဟဲက်င့္သည္ ဆြံအ သြားကာ ရင္ထဲလဲထိသြားေတာ့သည္။
ဤငတုံး သည္ မေမွ်ာ္လင့္ဘဲ ေတာင္ေမ်ာက္မ်ားကို သတ္ရန္ႀကိဳးစားခဲ့တုန္းကလိုပင္ သူ႔အတြက္ ထပ္ခါတလဲလဲ အေသခံခဲ့ျပန္သည္။

သူဘာေျပာရမွန္းမသိေပမယ့္ မီး ကိုကာကြယ္ဖို႔သူမရွိတာေၾကာင့္ ဟဲက်င့္ လည္း အနည္းငယ္အျပစ္ရွိသလိုခံစားလိုက္ရသည္။

"လက္စားေခ်ျခင္း" ဟူေသာ သူ၏မူလအဆိုျပဳခ်က္သည္ မီး ကို ဒီလို ႐ူးမိုက္တဲ့ အျဖစ္ဆီသို႔ ဦးတည္သြားေစသည္ဟု သူခံစားရသည္။

ဟဲက်င့္ : "ေနာက္ဆို ေသျခင္းတရားကို လိုက္မရွာမေနနဲ႔ေတာ့ ငါ နည္းလမ္းရွာပါ့မယ္။"

ကစားသမားတစ္ေယာက္ အသတ္ခံရတဲ့အခါ ေ႐ႊ ေတြက်လာမယ္လို႔ ဟဲက်င့္ က သိထားတာေၾကာင့္ သူ႔ပိုက္ဆံတစ္ဝက္ကို မီး ကို ေပးခဲ့ၿပီး အဆင့္တက္ဖို႔ ေခၚသြားခဲ့ေတာ့သည္။

ဟဲက်င့္: "သြားရေအာင္ မင္းကို အဆင့္ျပန္တက္ ဖို႔ ေခၚသြားမယ္!"

မီး က သူ႔ကို ကူၿပီးတိုက္ခ်င္ေပမယ့္ ဟဲက်င့္ က သူ႔ကို ခြင့္မျပဳေပ။

"မလႈပ္နဲ႔ အဲ့နားမွာေန အဲဒီကေန Exp အမွတ္ေတြကို ေန စားလိုက္!"

ေနာက္တစ္ေန႔မွာေတာ့ ဟဲက်င့္ က သူ႔အတန္းေဖာ္ေတြကို ဂိမ္းထဲမွာ အသတ္ခံရေၾကာင္း ေျပာျပလိုက္သည္။

ေက်ာင္းသားမ်ား ထိုအေၾကာင္းကို သိၿပီးေနာက္ သူတို႔အားလုံး ေဒါသတႀကီး ထြက္ခဲ့ၾကၿပီး ယခုတြင္ ဘုံရန္သူ ရွိေနၿပီဟု ဆုံးျဖတ္လိုက္သည္။

"ငါတို႔ အတန္ေခါင္းေဆာင္ကို အႏိုင္က်င့္ရဲတဲ့ ေခြးေကာင္ ငါတို႔ မင္းကို သတ္မယ္! "

ခဏၾကာၿပီးေနာက္တြင္ေတာ့ World ခ်န္နယ္တြင္ ေပၚလာသည့္ တစ္စုံတစ္ဦးထံမွ မက္ေဆ့ခ်္မ်ား အၿမဲရွိေနလိမ့္မည္။

World Channel 'ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္': " ပ်ံသန္းေနတဲ့ အသားညႇပ္ပါမုန္႔,ျမက္သိုက္ မင္းတို႔က ငါနဲ႔ လာ ရႈပ္ေနတာပဲ "

World Channel 'ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္': "ၾကက္ဥလိပ္ ငါ မင္းကိုထပ္မေတြ႕ေစနဲ႔!"

World Channel 'ႀကီးျမတ္ေသာနတ္ဘုရားယြီေက်ာင္': "လဲေလ်ာင္းေနေသာ ေသနတ္ဖတ္ထုပ္မ်ား မင္း ေစာင့္ၾကည့္ေနလိုက္"

Pokračovat ve čtení

Mohlo by se ti líbit

1.5M 132K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
5.7K 155 9
Yn is a girl who is looking for a job even tho she is rich , her parents still wanted her to get a job . At her new job she meets Sunghoon the Mr. C...
734 81 4
original author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200
654K 14.4K 54
"Leave me. I want to go home" said Madhu with lot of fear in her eyes while watching a man coming near her. "I said you can't go anywhere.You are min...