ပြင်သစ် လမ်းမပေါ် မှာ သွားနေတဲ့ ကား တစ်စီးထဲတွင် ဟုန်လုံ တစ်ယောက် ကား ဒက်ရှ်ဘုတ် ပေါ်မှာ တင်ထားတဲ့ ဆေး ထုပ်ကို ကြည့်ရင်း ကား မောင်းပြီး အတွေးတွေ များနေသည်။
' ဆရာက ခေါင်း ကိုက်တာ မပျောက်သေးဘူး ဆိုပြီး ဆေး လည်း မသောက်ဘူး။
အဲ့ဒါထက် ကား ရှိလျက်နဲ့ တက်စီ စီးသွားနေတယ်။ ပြီးတော့ အဝတ်အစားကလည်း အလုံထုတ်နဲ့...။'
ဟုန်လုံ တွေးလိုက် ခေါင်းခါရမ်းလိုက် လုပ်ရင်း ...
' ဆရာ ဒီတစ်ခါ အသည်းကွဲတာ တကယ်ကြီး ထိ သွားတာများလား ...။'
~~~~~~~~
လမ်းမကြီးပေါ်မှာ လူ ၃ ယောက် တင်တဲ့ တက်စီ တစ်စီးရဲ့ နောက်ကို လူ ၁ ယောက်ပဲ တင်တဲ့ တက်စီ က မနီးမဝေးနဲ့ နောက်ကနေ လိုက်နေတယ်။
ရိပေါ် အဲ့ ၃ ယောက် နောက်ကို ဘာကြောင့် လိုက်နေတာလဲ ဆိုတာကတော့ သူ့ ကိုယ်သူတောင် သိပုံမရပါ။ သူ့ကို လှည့်စားလို့ လိုက်တာလား? သူနဲ့ ယောကျာ်းချင်း ပေးစားလို့ ရန်ရှာရအောင် လိုက်တာလား?
အရှေ့က တက်စီ ပေါ်မှာ သွားနေတဲ့ ၃ ယောက်ကတော့ သူတို့နောက်ကို လူ တစ်ယောက် လိုက်နေမှန်း မသိပဲ အပြင် ရှူခင်း တကြည့်ကြည့်၊ စကား တပြောပြောနဲ့ သွားနေကြတယ်။
ခဏ အကြာတော့ ကား နှစ်စီး ရှေ့ဆင့် နောက်ဆင့် နဲ့ ပန်းဥယျာဉ် ဝင်ပေါက် တစ်ခုရှေ့မှာ ရပ်သွားတယ်။
ရှောင်းကျန့် ကတော့ ဝင်ပေါက်မှာတင် ပန်း တွေ ရောင်စုံ စိုက်ထားပြီး ကာတွန်း အရုပ်အကြီး အသေး တွေနဲ့ အလှဆင် ထားတာ လှမ်းမြင်တာနဲ့ ကား ပေါ်က အမြန်ဆင်းပြီး အနား သွားလိုက်သည်။
ယွီ့ကျင်း ကား သမားကို ကား ခ ရှင်းပေးပြီး၊ ကား ပေါ်က အရင်ဆင်းပြီး ရှဲန့်မု ကို နောက်မှ ဆင်းစေလိုက်သည်။
' အထုပ်ကို ငါ့ကို ပေးထားမလား ...။'
ရှဲန့်မု သူ့ လက်နှစ်ဖက်ထဲက မုန့်ထုပ် ကိုင်ထားတဲ့ ဘက်ကို ယွီ့ကျင်း ကို ကမ်းပေးလိုက်သည်။
' ပန်ကာ ကတော့ ငါ ကိုင်ထားလိုက်မယ်။ ပြင်သစ် ကလည်း ပူ တာပဲ နော် ...။'
' အင်း ... ငါတို့ လာတာ နွေရာသီ ဖြစ်နေတာကိုး ...။'
ထိုစဉ် ခုန ကား ပေါ်က အမြန်ဆင်းသွားတဲ့ ရှောင်းကျန့် သူတို့ အနား ပြန်ရောက်လာသည်။
' ယွီ့ကျင်း ... မြန်မြန် လာပြီး ငါ့ကို ဒီ ဝင်ပေါက်မှာ ဓာတ်ပုံ ရိုက်ပေးစမ်းပါ။'
' နင်က ဒီရှေ့မှာတင် ရိုက်တော့မလို့လား။ အထဲမှာ ပိုလှတာတွေ အများကြီး ရှိသေးတယ်။'
' ဒီမှာလည်း ရိုက်၊ အထဲ ရောက်တော့လည်း ထပ်ရိုက်မှာပေါ့။'
ရှဲန့်မု သူကပဲ ရှောင်း ကမ်းပေးတဲ့ ကင်မရာ ကို လှမ်းယူလိုက်ပြီး ...
' ပေး ... ငါ ရိုက်ပေးမယ်။'
ရှောင်းကျန့် မင်းသမီး ကို ရယ်ပြရင်း အားနာနာ နဲ့ပဲ လက်ခံလိုက်သည်။
' အဟီး ... အဲ့လို လုပ်မလား ...။'
~~~~~~~
ရိပေါ် သူလည်း ကား ပေါ်က ဆင်းပြီး ဦးထုပ်ကို အောက်ကို နည်းနည်း ပိုငိုက်အောင် ဆွဲလိုက်ပြီး မတ်စ် ကိုလည်း ပိုလုံအောင် နှာခေါင်း အထက်နားကို နည်းနည်း ဆွဲလိုက်သည်။
သူ အထဲ ကို အရင် ဖြတ်လျှောက်ပြီး ကျော်သွားမယ် လုပ်တော့ ...
' ဟယ်လို ... တစ်ခုလောက် ကူညီပေးပါ ...။'
ရိပေါ် သူ့ရှေ့ ရောက်လာပြီး ပြင်သစ် လို ပြောလာတဲ့ ရှောင်း ဆိုတဲ့ နာမည်နဲ့ တစ်ယောက်ကြောင့် တစ်ချက်ကြည့်ပြီး မျက်နှာလွှဲရင်း ပြင်သစ် လိုပဲ ပြန်ပြောလိုက်သည်။
' ဘာကူညီပေးရမလဲ ...။'
ရှောင်းကျန့် သူ့လက်ထဲက ကင်မရာ ကို ထိုးပေးလိုက်ပြီး ...
' ကျနော်တို့ ၃ ယောက်ကို ပုံရိုက်ပေးလို့ ရမလား ...။'
' အိုခေ ...။'
' အိုခေ ...။ ကျေးဇူးတင်ပါတယ်။'
ရှောင်းကျန့် ကျေးဇူးတင်ပါတယ်လို့ ပြောရင်း ကင်မရာကိုလည်း ဟိုလူကို ပေးပြီး သူကတော့ ယွီ့ကျင်း နဲ့ မင်းသမီး နား အရင် ပြန်လာလိုက်သည်။
ရိပေါ် အနောက် က လိုက်သွားရင်း သူ့ လက်ထဲ ရောက်လာတဲ့ ကင်မရာ ကို နှိပ်ကြည့်လိုက်တော့ ပိုစ့် မျိုးစုံ၊ အဝတ်အစား မျိုးစုံနဲ့ ရှောင်း ရဲ့ ပုံ ကို တွေ့လိုက်ရသည်။
' ကင်မရာ မဲန်း ရလာပြီ။ လာ ... ငါတို့ ၃ ယောက် အမှတ်တရ ပုံ ရိုက်ရအောင် ...။'
ယွီ့ကျင်း ရှောင်း ခေါ်လာတဲ့ လူ ကို တစ်ချက် ကြည့်လိုက်ပြီး ...
' ဟဲ့ ... တွေ့ကရာ လူ ကို အဲ့လို ခေါ်လာ ရလား ...။'
ရှောင်းကျန့် ယွီ့ကျင်း ရဲ့ ခပ်တိုးတိုး တရုတ်စကားကြောင့် သူတို့ အနားတောင် ရောက်လာနေပြီ ဖြစ်တဲ့ လူ ကို ကြည့်လိုက်ပြီး ...
' ဘာဖြစ်လို့လဲ ...။'
' သူ့ပုံစံကိုလည်း ကြည့်အုံး...။ အလုံ ထုတ်ထားတာ။ မသိရင် အလစ်သုတ်တော့မယ့် အတိုင်းနဲ့ ...။'
ရှောင်းကျန့် ယွီ့ကျင်း ရဲ့ စကားကြောင့် ဟိုလူကို အားနာသွားရပြီး ယွီ့ကျင်း ကို တံတောင် နဲ့ တွက်လိုက်ရင်း ...
' မင်းကလည်း သူများ ငါတို့ စကား နားမလည်ဘူးဆိုပြီး အဲ့လို မပြောပါနဲ့။ အခုလည်း ဘာမှ မှ မဖြစ်တာ။'
ရှောင်းကျန့် ပြောရင်း နဲ့ ဟိုတစ်ယောက်ကို လက် ထောင်ပြလိုက်ပြီး ...
' ရိုက်ပေးလို့ ရပြီနော် ...။'
ရိပေါ် စကားထပ်မပြောချင်တာကြောင့် အိုခေ ပုံစံပဲ လက် ပြန်လုပ်ပြလိုက်သည်။
ပန်းဥယျာဉ် ဝင်ပေါက်မှာတင် ရှောင်းကျန့် တို့ ပုံစံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေ ရိုက်ကြသည်။
အချိန် တစ်ခုလောက် ကြာသွားသော် ...
' ကျေးဇူးတင်ပါတယ်၊ ပုံ ရိုက်ပေးတာ ...။'
ယွီ့ကျင်း နဲ့ ရှဲန့်မု ကတော့ ကင်မရာ ထဲက သူတို့ ပုံတွေကို ကြည့်ပြီး ကျေနပ်နေကြသည်။
မုယွီ့ကျင်း ဆိုလည်း ခုန အလစ်သုတ် သမား လို့ ပြောထားတာ သူ မဟုတ်သလို ပုံတွေ ကြည့်ရင်း သွား တဖြီးဖြီး ဖြစ်နေပြီ။
ရိပေါ် သူ့ကို ကျေးဇူးတင်စကား လာပြောတဲ့ ရှောင်း ကို မတ်စ် တပ်ထားတဲ့ အောက်ကနေ ကျေကျေနပ်နပ် ကြည့်နေရင်း ခေါင်းထဲ အတွေး တစ်ခု ဝင်လာသည်။
' ကိုယ် မင်းတို့နဲ့ လိုက်လို့ ရလား ...။'
' ဟမ် ????.'
' ဟို ... ဒီလိုပါ ... ကိုယ်ကလည်း ပြင်သစ် ကို လာလည်တဲ့ ခရီးသွားပဲ။ ပြင်သစ် လို ပြောတတ်တာက လေ့လာထားလို့ ...။'
' ဟို ... ဒါပေမယ့် ...။'
ထိုစဉ် ယွီ့ကျင်း နဲ့ ရှဲန့်မု အနား ရောက်လာသည်။
' ရှောင်း ... ဘာလို့လဲ ...။ နင့် ကို ပုံရိုက်ပေးရလို့ ဆိုပြီး ပိုက်ဆံ တောင်းနေတာလား ...။'
ရိပေါ် ကြားလိုက်ရတဲ့ စကားကြောင့် ဆံပင် ခပ်တိုတို ညှပ်ထားတဲ့ မုယွီ့ကျင်း ဆိုတဲ့ တစ်ယောက်ကို အမြင်ကပ်လာသည်။ တော်သေးတယ် ... မု အိမ်တော်နဲ့ စေ့စပ်ဖို့ ဖျက်လိုက်တာ ...။
' အာ ... မဟုတ်ပါဘူး။ သူက ငါတို့နဲ့ လိုက်ချင်တယ်တဲ့ ...။ သူလည်း ပြင်သစ် ကို ငါတို့လိုပဲ လာလည်တာ ...။'
ယွီ့ကျင်း သူ့ အရှေ့မှာ ရပ်နေတဲ့ တစ်ယောက်ကို ခြေဆုံး ခေါင်းဆုံး ကြည့်ပြီးမှ ရှောင်း ရဲ့ နား နား ကို ကပ်လိုက်ပြီး ...
' နင့် ကို ကြိုက်သွားတာ များလား ...။'
' ဟဲ့ ... လူ တိုင်းက မင်း လို ခုမြင် ခုကြိုက်တတ်တယ်များ ထင်နေလား ...။'
' မကြိုက်ရင် ခုမှ မြင်တဲ့ လူ နောက် ဘာလို့ လိုက်ချင်ရတာလဲ ...။'
' ဪ ... ကဲ ... သူ ပြောပြီးပြီလေ။ သူလည်း ခရီးသွား တစ်ယောက်ပဲ ဆိုတာ ...။ သူ တစ်ယောက်တည်း သွားရတာ ပျော်ဖို့ မကောင်းလို့ နေမှာပေါ့ ...။'
' ဒါဆို ပြောချင်တာက နင် သူ့ကို လိုက်ဖို့ ခွင့်ပြုမယ်ပေါ့ ...။'
' သနားပါတယ် ...။'
ယွီ့ကျင်း ကြားလိုက်ရတဲ့ စကားကြောင့် ရှောင်း ကတော့ လိုက်ဖို့ သဘောတူတော့မယ်ဆိုတာ အာရုံ ရနေပြီ ဖြစ်တာကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ ကင်မရာ ကို ရှောင်း ရဲ့ လက်ထဲ ထိုးထည့်ပေးပြီး ရှဲန့်မု ကို ခေါ်ရင်း အထဲကို ဝင်လာလိုက်သည်။
ရိပေါ် အထဲ ကို ဝင်သွားတဲ့ မုယွီ့ကျင်း ကို ကြည့်ရင်း ...
' မင်း သူငယ််ချင်း က ကိုယ့်ကို အတူ လိုက်စေချင်ပုံ မရဘူး။'
' အဟင်း !!!! စိတ်ထဲ မထားပါနဲ့ ...။ သူက အဲ့လိုပဲ အပေါက် ဆိုးတယ်။ စိတ်ရင်းတော့ ကောင်းပါတယ်။'
ရိပေါ် သူ အခု ရှောင်း ကို သူ့ကို ဘယ်သူမှန်း မသိစေချင်သေးတာကြောင့် အတူ လိုက်ဖို့ကို နောက်ဆုတ်ဖို့ တွေးရင်း ...
' ရပါတယ်။ ကိုယ် မင်းနဲ့မလိုက်တော့ပါဘူး။ အခုမှ သတိရတာ ကိုယ် အလုပ်ကိစ္စနဲ့ တစ်ခြား ကို အရင် သွားရမှာ ...။'
' ဟုတ်လား ...။ ဒါဆိုလည်း ဒီမှာပဲ နှုတ်ဆက်တာပေါ့။ စိတ်ရှည်ရှည် နဲ့ ဓာတ်ပုံ ရိုက်ပေးလို့ တကယ် ကျေးဇူးတင်ပါတယ် ...။'
' ရတယ် ... ကိစ္စ မရှိဘူး။ ဒါဆို ကိုယ်သွားပြီ။'
' အိုခေ ...။'
ရိပေါ် အပြင်ကို ပြန်ထွက်လာရင်း ဟုန်လုံ ကို ဆက်သွယ်ဖို့ ဖုန်း ထုတ်လိုက်သည်။
ရှောင်းကျန့် ခုန ထွက်သွားတဲ့ တစ်ယောက်က ဦးထုပ် ကို ချွတ်လိုက်တာ မြင်လိုက်တာကြောင့် သေချာ လိုက်ကြည့်ရင်း ...
' ဘာလို့ ဝမ်ရိပေါ် နဲ့ အရမ်းတူနေတာလဲ ...။'
ရှောင်းကျန့် သူ့ဘာသူ ပြောရင်း ယွီ့ကျင်း ရဲ့ တွေ့သမျှ လူ ကို ဝမ်ရိပေါ် အဖြစ် မြင်ခိုင်းတာ မဟုတ်ဘူး ဆိုတဲ့ စကားကို နားထဲ ပြန်ကြားယောင်လာတာကြောင့် အကြည့်နဲ့ အတွေးကို အမြန်ဖျက်ပြီး ပန်းဥယျာဉ်ထဲကို ဝင်လာလိုက်သည်။
~~~~~~~~~~
ညနေ ၄ နာရီ ကျောင်းဆင်းချိန်တွင် ပြင်သစ်မြို့က ကျောင်း တစ်ကျောင်းရှေ့မှာ ကား တစ်စီး ထိုးရပ်လာသည်။
မကြာဘူး ကျောင်းဝင်း တံခါး ပွင့်လာပြီး ကျောင်းသားတွေ အလျို လျို ထွက်လာကြသည်။
ဟော်ရှင်း သူ အခန်းထဲက ထွက်လာတော့ နံရံ အကွေ့နားကနေ ဟိုတစ်ခါ shopping mall ထဲက အများသုံး အိမ်သာမှာ သူ့ကို အနိုင်ကျင့်ဖို့ လာတဲ့ ၃ ယောက်ကို ထပ်ဆုံပြန်တယ်။
' မင်း တို့ !!!.'
၃ ယောက်ထဲက တစ်ယောက်က ရှေ့ထွက်ပြီး အနားကို တိုးလာတာကြောင့် ဟော်ရှင်း နောက်ကို ဆုတ်လိုက်တော့ ...
' ဒုတ် !!!!.'
အနောက်ကို ဆုတ်လိုက်မှ တစ်စုံ တစ်ယောက်နဲ့ ထပ်တိုက်မိပြန်တယ်။
ဟော်ရှင်း သူ တိုက်မိပြီး ခုထိ သူနဲ့ နီးကပ်နေတဲ့ တစ်ယောက်ကို နောက် လှည်ပြန်ကြည့်တော့ အတန်းထဲက အတန်းခေါင်းဆောင် တစ်ဖြစ်လဲ Knight လို့ နာမည်ပြောင် ခေါ်ကြတဲ့ ချီပါလီယာ ...
' Knight !!!!.'
Knight တရုတ် ကောင်ကို သူ့ အနောက်ကို ဆွဲပို့လိုက်ပြီး ...
' ဘာတွေ ဖြစ်ချင်နေတာလဲ ...။'
အဲ့အချိန် ခုန ရှေ့ကို ထွက်လာတဲ့ တစ်ယောက်က လက်ကို ရှေ့ကို ထုတ်လာပြီး ...
' ငါ ဝမ်ဟော်ရှင်း နဲ့ ငြိမ်းချမ်းရေး လာယူတာပါ။ အရင်က ဖြစ်ခဲ့တာတွေ မေ့ပြီး သူငယ်ချင်း လုပ်ရအောင် ...။'
' ဘုတ် !!!!.'
Knight ဟိုတစ်ယောက်ရဲ့ လက်ကို ပုတ်ထုတ် လိုက်ပြီး ...
' မင်းရဲ့ စကား ကို အခု ဟော်ရှင်း ကို ယုံခိုင်းစေချင်နေတာလား ...။'
အဲ့တစ်ယောက် သူ့ကို စကားပြောနေတဲ့ Knight ကို မကြည့်တော့ပဲ သူ့ကို လန့်နေတဲ့ ဟော်ရှင်း ကို တကယ့် စိတ်ရင်းနဲ့ ကြည့်လိုက်ပြီး ...
' ဝမ်ဟော်ရှင်း ငါ မင်း ကို တောင်းပန်တယ်။ အရင်က ဖြစ်ခဲ့တာကို မေ့ ပြီး ငါ့ကို သူငယ်ချင်း အဖြစ် အသိမှတ်ပြုပေးလို့ ရလား ...။'
ဟော်ရှင်း သူ့မှာက လူတိုင်းကို သူငယ်ချင်း အဖြစ် ပေါင်းချင်တိုင်း ပေါင်းလို့ မရတာကြောင့် အခု သူ့ကို တောင်းပန်နေတာကို လက်ခံတယ်လည်း မပြော၊ လက်မခံဘူးလို့လည်း မပြောပဲ တိတ်နေလိုက်သည်။
' ကဲ ... လစ်လိုက်ကြတော့။ သူက မင်း နဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးတဲ့ ...။'
' မင်း က ဘာလို့ သူ့ အစား ဆုံးဖြတ်ပေး၊ ရှေ့ထွက် ပြောပေးနေတာလဲ ...။'
' ဘာလို့ဆို ငါက အတန်းခေါင်းဆောင် မို့လို့။ ပြီးတော့ မင်းတို့ သူ့ကို အနိုင်ကျင့် ထားတဲ့ ကိစ္စ ကို သိနေတာမို့လို့ပဲ။'
' အဲ့ဒါကြောင့် ငါ အခု သူ့ကို တောင်းပန်နေတာပဲလေ။'
' သူကမှ လက်မခံချင်တာ ...။'
ဟော်ရှင်း သူ့ကို တကယ်လား ဆိုတဲ့ မျက်ဝန်း နဲ့ ကြည့်လာတဲ့ တစ်ယောက်ရဲ့ အကြည့်ကို ရှောင်လိုက်သည်။
ထိုစဉ် ...
' ဒူ ... ဒူ ... ဒူ ...။'
ဖုန်းမြည်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ လေးလေး ...
ဟော်ရှင်း ဒီ အခြေနေကနေ အမြန်လွှတ်ချင်တာကြောင့် ဖုန်း ကို အမြန်ကိုင်လိုက်သည်။
' လေးလေး ...။'
Knight ရော ဟို ၃ ယောက်ပါ ဟော်ရှင်း ဆီက သူတို့ နားမလည်တဲ့ စကား ထွက်လာတာကြောင့် ဘာလုပ်ရမှန်း မသိပဲ ထွက်သွားရမလို၊ ဆက်ပဲ နေရမလို ဖြစ်သွားကြသည်။
' ဟုတ် ... ကျနော် ခုပဲ ထွက်လာနေပြီ။'
ဟော်ရှင်း ဖုန်း ပြောရင်းနဲ့ပဲ မသိချင်ယောင်ဆောင်နဲ့ ဟို ၄ ယောက်ကို ထားပြီး ထွက်လာလိုက်သည်။
ခုန လာတောင်းပန်တဲ့ တစ်ယောက်ကလည်း သူ တောင်းပန်ချင်တဲ့ လူ မရှိတော့တာနဲ့ လှည့်ထွက်ဖို့ ပြင်သည်။
Knight သူ့ရှေ့က ထွက်သွားတော့မယ့် ကောင်ရဲ့ မျက်နှာရှေ့ကို လက် ဆန့်ထုတ် တားလိုက်ပြီး ...
' မင်း ဟော်ရှင်း အနား က ဝေးဝေး ရှောင် ...။'
လက် ဆန့်ထုတ်ပြီး တားခံရတဲ့ တစ်ယောက်ကလည်း မခေပါ။ သူ့ မျက်နှာရှေ့ ရောက်လာတဲ့ လက် ကို ဖယ်မထုတ်ပဲ ခပ်မိုက်မိုက် ပြန်ကြည့်ရင်း ...
' သူ့ အနား နေတော့ရော မင်း နဲ့ ဘာဆိုင်လို့လဲ ...။ မင်း နာမည်အတိုင်း သူရဲကောင်း မလုပ်ချင်စမ်းပါနဲ့။ အရင်လို အတန်းထဲက ငကြောင်တွေကိုပဲ ဆရာ လုပ်စမ်းပါ။'
Knight သူ့ လက်ကို ပြန်ရုတ်လိုက်ပြီး ...
' အိုခေလေ ...။ ပြီးမှ ငါ မင်း ကို သတိ မပေးဘူးလို့ မပြောနဲ့နော် ...။'
' ဟက် !!!! ဘာလဲ မင်းရဲ့ ဦးလေးက ကျောင်းပိုင် ဖြစ်နေတာနဲ့ပဲ ငါက ကြောက်ရမှာလား ...။ ဒီကျောင်းမှာ ငါ့အဖေ ရဲ့ ရှယ်ယာ ပါ ပါနေတာကို မမေ့နဲ့ ...။'
' အဲ့ဒါကြောင့်လဲ မင်း ဟော်ရှင်း ကို အနိုင်ကျင့်မှန်း သိတာတောင် ဒီတိုင်း ထား ထား နေတာပေါ့။ မဟုတ်ရင် ...။'
' မဟုတ်ရင် ... ဘာလဲ ...။'
ထိုစဉ် ...
' Knight !!!!.'
' ကိုကို !!!.'
Hero သူ့ညီလေးရဲ့ အနား ကို ဆက်လျှောက်လာလိုက်ပြီး ...
' မပြန်သေးဘူးလား ...။ ဒီမှာ ဘာလုပ်နေတာလဲ ...။'
' ပြန်မှာ ... ပြန်တော့မှာ ...။ အတန်းဖော် အချင်းချင်း နှုတ်ဆက်နေတာ ...။'
Knight ပြောလည်း ပြော King ရဲ့ ပုခုံးကို လှမ်းဖက်လိုက်ပြီး ဖျစ်ညစ်လိုက်ရင်း ...
' ဟုတ်တယ်နော် King ...'
King သူ ကြည့်တော့ သူ့ကို မျက်လုံး တစ်ဖက် မှိတ်ပြလာတဲ့ Knight ကို ကြည့်ပြီး Knight က သူ့ အစ်ကို ကို ကြောက်ရတယ် ဆိုတာ သိလိုက်သည်။
King လည်း အရှေ့ကို ပြန်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
' ဟုတ်ကဲ့ ...။ ကျနော် တို့ ခုပဲ ပြန်ကြတော့မှာ။'
' အိုခေ ...။ Knight အိမ်ကို တန်းပြန်နော် ...။ မာမီ မင်း ကို ပြောစရာ ရှိတယ်တဲ့ ...။'
' အင်း ...။'
Hero သူ့ညီကို ခေါင်း တစ်ချက် ဆတ်ပြရင်း ကျော်လာလိုက်သည်။
သူ့ အစ်ကို ကျော်သွားလို့ မျက်စိတစ်ဆုံး ဖြစ်တော့မယ် ခုထိ ပုခုံး ဖက်ထားတာ လက်ပြန်မချသေးတဲ့ Knight ကြောင့် King ... Knight ရဲ့ လက်ကို ဆွဲဖြုတ်လိုက်ပြီး ...
' ဟန်ဆောင် ရမယ့် အချိန် ကျော်သွားပြီ။'
အဲ့တော့မှ Knight ခုန သူ့ရဲ့ အပြုအမူကို သတိရသွားပြီး မျက်နှာက အို့တို့အမ်းတမ်း ဖြစ်သွားသည်။
~~~~~~~~
' လေးလေး ...။'
မထူးပဲ ကားရဲ့ အပြင်ကိုပဲ ငေးကြည့်ရင်း လက်မ ရဲ့ လက်သည်းကို ကိုက်နေတယ်။
' လေးလေး !!!!.'
' ဟင် !!!!.'
' လေးလေး ရဲ့ ခေါင်းကိုက်တာက ခုထိ မသက်သာ သေးဘူးလား ...။'
' မဟုတ်ပါဘူး ...။'
ရိပေါ် ဟော်ရှင်း ဘက်ကို သေချာ လှည့်ကြည့်ရင်း ...
' မင်းရဲ့ လေးလေး အသစ် ဆိုတဲ့ တစ်ယောက် နဲ့ ထပ်ပြီး ဆက်သွယ်သေးလား ...။'
' မဆက်သွယ်ဘူးလေ။ ဒီနေ့ ကျောင်းမှာ အားလပ်ချိန်ကို မရှိဘူး။'
' မင်း သူ့ အနား နေချင်လား ...။'
' ဗျာ ...။'
ရိပေါ် ဟော်ရှင်း ရဲ့ အာမေဋိတ်သံကြောင့် သူ့စကား မှားမှန်း သိပြီး အမြန်ပြန်ဖြေရှင်းလိုက်သည်။
' ဒီလိုလေ ... သူ သာ မင်းရဲ့ ဦးလေး အမှန်တကယ် ဖြစ်တယ်ဆိုရင် မင်း ကိုလည်း သူနဲ့ အတူ ခေါ်သွားချင်မှာပဲလေ။ ပြီးတော့ မင်း ကော ခုမှ တွေ့ရတဲ့ သူ့ကို မင်း နဲ့ အတူ မခေါ်ထားချင်ဘူးလား ...။'
ဟော်ရှင်း လေးလေး ဘာပြောချင်နေမှန်း မသိပေမယ့် ဟိုတစ်ခါ စ စ တွေ့ကတည်းက သူ့ လေးလေး အသစ် က သူ့ကို အတူခေါ်သွားချင်တာကို သတိရသွားသည်။
' သူ ပြောပါတယ် ကျနော့် ကို သူနဲ့ အတူ သွားနေဖို့ ...။'
ရိပေါ် စကား ပြောတာကို ဘာလို့ ဒီနေ့ကျမှ အချိန်ဆွဲပြီး ပြောနေမှန်း မသိတဲ့ ဟော်ရှင်း ကို စိတ်မရှည် ဖြစ်လာသည်။
' အဲဒီတော့ ????.'
' ကျနော် ပြန်ပြောလိုက်ပါတယ်။ တရုတ်က ဖိုးဖိုး နဲ့ တွေ့ချင်သေးတယ်လို့ ...။'
ရိပေါ် သူ့ဂွင်ထဲ ဝင်လာနေပြီဖြစ်တဲ့ ဟော်ရှင်း ရဲ့ စကားကြောင့် စိတ်အားထက်သန်စွာ စကားဆက်ပေးလိုက်သည်။
' အဲ့ဒါဆို သူ့ကို ခေါ်ထားလိုက်လို့ ရတာပဲ ...။'
ဟော်ရှင်း တက်ကြွနေတဲ့ လေးလေးရဲ့ လေသံကြောင့် စိတ်ထဲမှာ လေးလေး လည်း တကယ်ပဲ ယောကျာ်းလေးကို စိတ်ဝင်စားသွားတာလား ဆိုပြီး တွေးလိုက်ရင်း ...
' လေးလေး လည်း သူ့ကို ခေါ်ထားစေချင်တာလား ...။'
ရိပေါ် အဲ့တော့မှ ဟော်ရှင်း အနားတောင် ကပ်တော့မယ့် သူ့ ကိုယ်ကို ပြန်မတ်လိုက်ပြီး မျက်နှာထားကို ပြင်လိုက်ရင်း ...
' ငါ ... ငါ က မင်း များ မင်းရဲ့ ခုမှ တွေ့တဲ့ လေးလေး နဲ့ အတူ နေချင်မလား ဆိုတဲ့ စိတ်ပဲ ရှိတာ။ ကျန်တာ ဘာမှ မရှိဘူး ...။'
' အဟွန်း ... ကျနော် လည်း ဘာမှ မပြောရသေးပါဘူး။'
ရိပေါ် သူ့ကို ရယ်ချင်တဲ့ မျက်နှာနဲ့ ပြောနေတဲ့ ဟော်ရှင်း ကြောင့် မျက်နှာကို ကား ရဲ့ အပြင်ဘက်ကိုပဲ ငေးကြည့်ခိုင်းလိုက်တော့သည်။
ဟော်ရှင်း လေးလေး ရဲ့ ရှက်ကိုး ရှက်ကန်း အမူအရာ ကို ရှားရှား ပါးပါး ခုမှ မြင်ဖူးတာကြောင့် သဘောကျသွားပြီး လွယ်အိတ်ထဲက ဖုန်း ကို ထုတ်ယူလိုက်ပြီး တစ်စုံ တစ်ယောက်ကို ဆက်သွယ်ကြည့်လိုက်သည်။
~~~~~~~~
ပြင်သစ်မြို့ရဲ့ အမှတ်တံဆိပ်က မျှော်စင် ဆိုရင် ကုန်းမြင့်လေးမှာ ပုံစံတူ ကိုမှ ပြတင်းပေါက် သေးသေးလေးတွေနဲ့ ပုံဖော်ပြီး ဆောက်ထားတဲ့ ၇ ထပ် အမြင့်လောက် ရှိတဲ့ အိမ်လေးတွေကလည်း ပြင်သစ် မြို့ရဲ့အလှကို ပံ့ပိုးပေးတဲ့ တစ်စိတ် တစ်ပိုင်းပါပဲ။
အိမ်တွေရဲ့ နံရံတွေကို အဝါခြောက် သုတ်ထားပြီး မညီမညာတဲ့ လမ်းတွေကိုကျ ၄ လက်မ ပတ်လည် ရောင်စုံ ကျောက်စရစ်ခဲ ပုံစံ ကြွေပြားကို ကပ်ထားတာ ဖြစ်တာကြောင့် ခရီးသွားတွေ အတွက် မျက်စိကျပြီး ဓာတ်ပုံရိုက်ချင်စရာ ဖြစ်နေတယ်။
ခရီးသွားတွေ အများကြီးထဲမှာမှ နံရံမှာ ကိုယ်ကို မှီထားရင်း လက် တစ်ဖက်မှာလည်း ရေခဲမုန့် ကိုင်ထားသေးတဲ့ တရုတ်ကောင်လေးလည်း အပါ အဝင်ပေါ့။
' ရိုက်ပြီး ပြီလား ...။'
' ကင်မရာ ရဲ့ မမ်မိုရီကဒ်က နင့်ပုံတွေချည်းပဲ ပြည့်နေပြီ။ နင် မတော်နိုင်သေးဘူးလား ...။'
' ဪ ... လာလည်ပါတယ်ဆိုမှတော့ အမှတ်တရ ယူရမှာပေါ့။ အခု ရိုက်ပြီး ပြီလား ...။'
' ပြီးပြီ ...။'
ရှောင်းကျန့် ပြီးပြီ ဆိုခါမှ ယွီ့ကျင်း ရဲ့ အနား ကို ပြေးလာလိုက်ပြီး ...
' ပြ ကြည့် ... ငါ ချောလား ...။'
' ရော့ ... ယူ သွားပြီး ကြည့်လိုက်တော့ ...။ ငါ ခြေထောက်တွေ ညောင်းနေပြီ။ ခဏ သွားထိုင်ပါရစေ။'
ယွီ့ကျင်း ရှောင်း ရဲ့ လက်ထဲကို ကင်မရာ ထည့်ပေးပြီး ရှဲန့်မု ထိုင်နေတဲ့ အနားမှာ လာထိုင်ရင်း ပုခုံးမှာ ခေါင်းတင်ထားလိုက်သည်။
' ရေသောက်မလား ...။'
' ဟင့်အင်း ...။ ရေတောင် သောက်ဖို့ အား မရှိတော့ဘူး။'
ရှဲန့်မု ယွီ့ကျင်းရဲ့ စကားကြောင့် ပြုံးလိုက်ပြီး ခုထိ ကင်မရာ ထဲ မျက်လုံး ဝင်မတတ်ကြည့်နေတဲ့ ရှောင်း ဘက်ကို ကြည့်ရင်း ...
' ငါ ပြောပါတယ်။ ရှောင်း ကို ငါ ရိုက်ပေးလိုက်မယ်ဆိုတာ။'
' မပြောနဲ့တော့ ...။ ငါ ခဏ နားလိုက်အုံးမယ်။'
ရှောင်းကျန့် ကင်မရာ ထဲက သူ့ပုံတွေ ကြည့်နေတုန်း ...
' ဒူ ... ဒူ ... ဒူ ...။'
' ဒူ ... ဒူ ... ဒူ ...။'
ဖုန်း ကလည်း သူ ကင်မရာ ထဲက ပုံတွေ ကြည့်နေရတုန်းမို့ မကိုင်သေးတာကို ဆက်တိုက် မြည်နေတယ်။
ရှောင်းကျန့် ကင်မရာ ကြည့်တာ ခဏ ရပ်ပြီး လည်ပင်းမှာ ပြောင်းလွယ်လိုက်ရင်း ဖုန်း ကို ထုတ်ကြည့်တော့ ...
' ဟော်ရှင်း !!!!.'
ဟော်ရှင်း နာမည်ကို မြင်တာနဲ့ ဝမ်ရိပေါ် ကိုပါ တွဲမြင်လာတာကလည်း ဘယ်ဘဝ က ရေစက်မှန်း မသိ။
ရှောင်းကျန့် တုန်နေတဲ့ အစိမ်းရောင် အကွက်လေးကို နှိပ်လိုက်သည်။
' ဟလို !!!.'
' ဟလို ... လေးလေး ရှောင်း ...။'
' အင်း ... ဟော်ရှင်း ... ငါ အခု အပြင်မှာပဲ ရှိသေးတယ်။'
ရှောင်းကျန့် ဟော်ရှင်း လေကြော ရှည်နေမှာစိုးလို့ အပြင်မှာ ဆိုတာကို တမင် ထည့်ပြောလိုက်သည်။
တစ်ဖက်တွင်လည်း ဝမ်ရိပေါ် တစ်ယောက် ဟော်ရှင်း ဖုန်း ပြောတာကို နားစွင့်နေတယ်။
ဟော်ရှင်း လည်း သိနေတာကြောင့် ဖုန်း ကို စပီကာ ဖွင့်ပြောလိုက်သည်။
' လေးလေး ရှောင်း က လျှောက်လည်နေတာလား ...။'
' ဟုတ်တယ် ...။'
' ကျနော်လည်း ခုပဲ ကျောင်းဆင်းပြီး အိမ်ကို ပြန်မှာ။ လေးလေး ရှောင်း က ဘယ်နားမှာ ရှိနေတာလဲ? ကျနော် လာခဲ့မယ်လေ။ ပြီးတော့ လေးလေး ရှောင်း ကို ကျနော့် လေးလေး နဲ့ မိတ်ဆက်ပေးရင်းပေါ့ ...။'
' အမ် !!!.'
ရှောင်းကျန့် ဟော်ရှင်း က သူ့ဆီ လာပြီး ဝမ်ရိပေါ် နဲ့ပါ မိတ်ဆက်ပေးမယ် ဆိုတာနဲ့ စကားသံက ချက်ချင်း အဖြေပြန်မပေးနိုင်ပဲ ဆွံ့အ သွားရသည်။
တစ်ဖက်က ရိပေါ် ကလည်း ရှောင်း ဘယ်လို ပြန်ပြောမလဲ ဆိုတာ အရမ်းသိချင်နေပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.12.16 ( Sat )
Zawgyi
ျပင္သစ္ လမ္းမေပၚ မွာ သြားေနတဲ့ ကား တစ္စီးထဲတြင္ ဟုန္လုံ တစ္ေယာက္ ကား ဒက္ရွ္ဘုတ္ ေပၚမွာ တင္ထားတဲ့ ေဆး ထုပ္ကို ၾကည့္ရင္း ကား ေမာင္းၿပီး အေတြးေတြ မ်ားေနသည္။
' ဆရာက ေခါင္း ကိုက္တာ မေပ်ာက္ေသးဘူး ဆိုၿပီး ေဆး လည္း မေသာက္ဘူး။
အဲ့ဒါထက္ ကား ရွိလ်က္နဲ႔ တက္စီ စီးသြားေနတယ္။ ၿပီးေတာ့ အဝတ္အစားကလည္း အလုံထုတ္နဲ႔...။'
ဟုန္လုံ ေတြးလိုက္ ေခါင္းခါရမ္းလိုက္ လုပ္ရင္း ...
' ဆရာ ဒီတစ္ခါ အသည္းကြဲတာ တကယ္ႀကီး ထိ သြားတာမ်ားလား ...။'
~~~~~~~~
လမ္းမႀကီးေပၚမွာ လူ ၃ ေယာက္ တင္တဲ့ တက္စီ တစ္စီးရဲ႕ ေနာက္ကို လူ ၁ ေယာက္ပဲ တင္တဲ့ တက္စီ က မနီးမေဝးနဲ႔ ေနာက္ကေန လိုက္ေနတယ္။
ရိေပၚ အဲ့ ၃ ေယာက္ ေနာက္ကို ဘာေၾကာင့္ လိုက္ေနတာလဲ ဆိုတာကေတာ့ သူ႔ ကိုယ္သူေတာင္ သိပုံမရပါ။ သူ႔ကို လွည့္စားလို႔ လိုက္တာလား? သူနဲ႔ ေယာက်ာ္းခ်င္း ေပးစားလို႔ ရန္ရွာရေအာင္ လိုက္တာလား?
အေရွ႕က တက္စီ ေပၚမွာ သြားေနတဲ့ ၃ ေယာက္ကေတာ့ သူတို႔ေနာက္ကို လူ တစ္ေယာက္ လိုက္ေနမွန္း မသိပဲ အျပင္ ရွဴခင္း တၾကည့္ၾကည့္၊ စကား တေျပာေျပာနဲ႔ သြားေနၾကတယ္။
ခဏ အၾကာေတာ့ ကား ႏွစ္စီး ေရွ႕ဆင့္ ေနာက္ဆင့္ နဲ႔ ပန္းဥယ်ာဥ္ ဝင္ေပါက္ တစ္ခုေရွ႕မွာ ရပ္သြားတယ္။
ေရွာင္းက်န္႔ ကေတာ့ ဝင္ေပါက္မွာတင္ ပန္း ေတြ ေရာင္စုံ စိုက္ထားၿပီး ကာတြန္း အ႐ုပ္အႀကီး အေသး ေတြနဲ႔ အလွဆင္ ထားတာ လွမ္းျမင္တာနဲ႔ ကား ေပၚက အျမန္ဆင္းၿပီး အနား သြားလိုက္သည္။
ယြီ႕က်င္း ကား သမားကို ကား ခ ရွင္းေပးၿပီး၊ ကား ေပၚက အရင္ဆင္းၿပီး ရွဲန္႔မု ကို ေနာက္မွ ဆင္းေစလိုက္သည္။
' အထုပ္ကို ငါ့ကို ေပးထားမလား ...။'
ရွဲန္႔မု သူ႔ လက္ႏွစ္ဖက္ထဲက မုန္႔ထုပ္ ကိုင္ထားတဲ့ ဘက္ကို ယြီ႕က်င္း ကို ကမ္းေပးလိုက္သည္။
' ပန္ကာ ကေတာ့ ငါ ကိုင္ထားလိုက္မယ္။ ျပင္သစ္ ကလည္း ပူ တာပဲ ေနာ္ ...။'
' အင္း ... ငါတို႔ လာတာ ေႏြရာသီ ျဖစ္ေနတာကိုး ...။'
ထိုစဥ္ ခုန ကား ေပၚက အျမန္ဆင္းသြားတဲ့ ေရွာင္းက်န္႔ သူတို႔ အနား ျပန္ေရာက္လာသည္။
' ယြီ႕က်င္း ... ျမန္ျမန္ လာၿပီး ငါ့ကို ဒီ ဝင္ေပါက္မွာ ဓာတ္ပုံ ႐ိုက္ေပးစမ္းပါ။'
' နင္က ဒီေရွ႕မွာတင္ ႐ိုက္ေတာ့မလို႔လား။ အထဲမွာ ပိုလွတာေတြ အမ်ားႀကီး ရွိေသးတယ္။'
' ဒီမွာလည္း ႐ိုက္၊ အထဲ ေရာက္ေတာ့လည္း ထပ္႐ိုက္မွာေပါ့။'
ရွဲန္႔မု သူကပဲ ေရွာင္း ကမ္းေပးတဲ့ ကင္မရာ ကို လွမ္းယူလိုက္ၿပီး ...
' ေပး ... ငါ ႐ိုက္ေပးမယ္။'
ေရွာင္းက်န္႔ မင္းသမီး ကို ရယ္ျပရင္း အားနာနာ နဲ႔ပဲ လက္ခံလိုက္သည္။
' အဟီး ... အဲ့လို လုပ္မလား ...။'
~~~~~~~
ရိေပၚ သူလည္း ကား ေပၚက ဆင္းၿပီး ဦးထုပ္ကို ေအာက္ကို နည္းနည္း ပိုငိုက္ေအာင္ ဆြဲလိုက္ၿပီး မတ္စ္ ကိုလည္း ပိုလုံေအာင္ ႏွာေခါင္း အထက္နားကို နည္းနည္း ဆြဲလိုက္သည္။
သူ အထဲ ကို အရင္ ျဖတ္ေလွ်ာက္ၿပီး ေက်ာ္သြားမယ္ လုပ္ေတာ့ ...
' ဟယ္လို ... တစ္ခုေလာက္ ကူညီေပးပါ ...။'
ရိေပၚ သူ႔ေရွ႕ ေရာက္လာၿပီး ျပင္သစ္ လို ေျပာလာတဲ့ ေရွာင္း ဆိုတဲ့ နာမည္နဲ႔ တစ္ေယာက္ေၾကာင့္ တစ္ခ်က္ၾကည့္ၿပီး မ်က္ႏွာလႊဲရင္း ျပင္သစ္ လိုပဲ ျပန္ေျပာလိုက္သည္။
' ဘာကူညီေပးရမလဲ ...။'
ေရွာင္းက်န္႔ သူ႔လက္ထဲက ကင္မရာ ကို ထိုးေပးလိုက္ၿပီး ...
' က်ေနာ္တို႔ ၃ ေယာက္ကို ပုံ႐ိုက္ေပးလို႔ ရမလား ...။'
' အိုေခ ...။'
' အိုေခ ...။ ေက်းဇူးတင္ပါတယ္။'
ေရွာင္းက်န္႔ ေက်းဇူးတင္ပါတယ္လို႔ ေျပာရင္း ကင္မရာကိုလည္း ဟိုလူကို ေပးၿပီး သူကေတာ့ ယြီ႕က်င္း နဲ႔ မင္းသမီး နား အရင္ ျပန္လာလိုက္သည္။
ရိေပၚ အေနာက္ က လိုက္သြားရင္း သူ႔ လက္ထဲ ေရာက္လာတဲ့ ကင္မရာ ကို ႏွိပ္ၾကည့္လိုက္ေတာ့ ပိုစ့္ မ်ိဳးစုံ၊ အဝတ္အစား မ်ိဳးစုံနဲ႔ ေရွာင္း ရဲ႕ ပုံ ကို ေတြ႕လိုက္ရသည္။
' ကင္မရာ မဲန္း ရလာၿပီ။ လာ ... ငါတို႔ ၃ ေယာက္ အမွတ္တရ ပုံ ႐ိုက္ရေအာင္ ...။'
ယြီ႕က်င္း ေရွာင္း ေခၚလာတဲ့ လူ ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ...
' ဟဲ့ ... ေတြ႕ကရာ လူ ကို အဲ့လို ေခၚလာ ရလား ...။'
ေရွာင္းက်န္႔ ယြီ႕က်င္း ရဲ႕ ခပ္တိုးတိုး တ႐ုတ္စကားေၾကာင့္ သူတို႔ အနားေတာင္ ေရာက္လာေနၿပီ ျဖစ္တဲ့ လူ ကို ၾကည့္လိုက္ၿပီး ...
' ဘာျဖစ္လို႔လဲ ...။'
' သူ႔ပုံစံကိုလည္း ၾကည့္အုံး...။ အလုံ ထုတ္ထားတာ။ မသိရင္ အလစ္သုတ္ေတာ့မယ့္ အတိုင္းနဲ႔ ...။'
ေရွာင္းက်န္႔ ယြီ႕က်င္း ရဲ႕ စကားေၾကာင့္ ဟိုလူကို အားနာသြားရၿပီး ယြီ႕က်င္း ကို တံေတာင္ နဲ႔ တြက္လိုက္ရင္း ...
' မင္းကလည္း သူမ်ား ငါတို႔ စကား နားမလည္ဘူးဆိုၿပီး အဲ့လို မေျပာပါနဲ႔။ အခုလည္း ဘာမွ မွ မျဖစ္တာ။'
ေရွာင္းက်န္႔ ေျပာရင္း နဲ႔ ဟိုတစ္ေယာက္ကို လက္ ေထာင္ျပလိုက္ၿပီး ...
' ႐ိုက္ေပးလို႔ ရၿပီေနာ္ ...။'
ရိေပၚ စကားထပ္မေျပာခ်င္တာေၾကာင့္ အိုေခ ပုံစံပဲ လက္ ျပန္လုပ္ျပလိုက္သည္။
ပန္းဥယ်ာဥ္ ဝင္ေပါက္မွာတင္ ေရွာင္းက်န္႔ တို႔ ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ဓာတ္ပုံေတြ ႐ိုက္ၾကသည္။
အခ်ိန္ တစ္ခုေလာက္ ၾကာသြားေသာ္ ...
' ေက်းဇူးတင္ပါတယ္၊ ပုံ ႐ိုက္ေပးတာ ...။'
ယြီ႕က်င္း နဲ႔ ရွဲန္႔မု ကေတာ့ ကင္မရာ ထဲက သူတို႔ ပုံေတြကို ၾကည့္ၿပီး ေက်နပ္ေနၾကသည္။
မုယြီ႕က်င္း ဆိုလည္း ခုန အလစ္သုတ္ သမား လို႔ ေျပာထားတာ သူ မဟုတ္သလို ပုံေတြ ၾကည့္ရင္း သြား တၿဖီးၿဖီး ျဖစ္ေနၿပီ။
ရိေပၚ သူ႔ကို ေက်းဇူးတင္စကား လာေျပာတဲ့ ေရွာင္း ကို မတ္စ္ တပ္ထားတဲ့ ေအာက္ကေန ေက်ေက်နပ္နပ္ ၾကည့္ေနရင္း ေခါင္းထဲ အေတြး တစ္ခု ဝင္လာသည္။
' ကိုယ္ မင္းတို႔နဲ႔ လိုက္လို႔ ရလား ...။'
' ဟမ္ ????.'
' ဟို ... ဒီလိုပါ ... ကိုယ္ကလည္း ျပင္သစ္ ကို လာလည္တဲ့ ခရီးသြားပဲ။ ျပင္သစ္ လို ေျပာတတ္တာက ေလ့လာထားလို႔ ...။'
' ဟို ... ဒါေပမယ့္ ...။'
ထိုစဥ္ ယြီ႕က်င္း နဲ႔ ရွဲန္႔မု အနား ေရာက္လာသည္။
' ေရွာင္း ... ဘာလို႔လဲ ...။ နင့္ ကို ပုံ႐ိုက္ေပးရလို႔ ဆိုၿပီး ပိုက္ဆံ ေတာင္းေနတာလား ...။'
ရိေပၚ ၾကားလိုက္ရတဲ့ စကားေၾကာင့္ ဆံပင္ ခပ္တိုတို ညႇပ္ထားတဲ့ မုယြီ႕က်င္း ဆိုတဲ့ တစ္ေယာက္ကို အျမင္ကပ္လာသည္။ ေတာ္ေသးတယ္ ... မု အိမ္ေတာ္နဲ႔ ေစ့စပ္ဖို႔ ဖ်က္လိုက္တာ ...။
' အာ ... မဟုတ္ပါဘူး။ သူက ငါတို႔နဲ႔ လိုက္ခ်င္တယ္တဲ့ ...။ သူလည္း ျပင္သစ္ ကို ငါတို႔လိုပဲ လာလည္တာ ...။'
ယြီ႕က်င္း သူ႔ အေရွ႕မွာ ရပ္ေနတဲ့ တစ္ေယာက္ကို ေျခဆုံး ေခါင္းဆုံး ၾကည့္ၿပီးမွ ေရွာင္း ရဲ႕ နား နား ကို ကပ္လိုက္ၿပီး ...
' နင့္ ကို ႀကိဳက္သြားတာ မ်ားလား ...။'
' ဟဲ့ ... လူ တိုင္းက မင္း လို ခုျမင္ ခုႀကိဳက္တတ္တယ္မ်ား ထင္ေနလား ...။'
' မႀကိဳက္ရင္ ခုမွ ျမင္တဲ့ လူ ေနာက္ ဘာလို႔ လိုက္ခ်င္ရတာလဲ ...။'
' ဪ ... ကဲ ... သူ ေျပာၿပီးၿပီေလ။ သူလည္း ခရီးသြား တစ္ေယာက္ပဲ ဆိုတာ ...။ သူ တစ္ေယာက္တည္း သြားရတာ ေပ်ာ္ဖို႔ မေကာင္းလို႔ ေနမွာေပါ့ ...။'
' ဒါဆို ေျပာခ်င္တာက နင္ သူ႔ကို လိုက္ဖို႔ ခြင့္ျပဳမယ္ေပါ့ ...။'
' သနားပါတယ္ ...။'
ယြီ႕က်င္း ၾကားလိုက္ရတဲ့ စကားေၾကာင့္ ေရွာင္း ကေတာ့ လိုက္ဖို႔ သေဘာတူေတာ့မယ္ဆိုတာ အာ႐ုံ ရေနၿပီ ျဖစ္တာေၾကာင့္ လက္ထဲမွာ ကိုင္ထားတဲ့ ကင္မရာ ကို ေရွာင္း ရဲ႕ လက္ထဲ ထိုးထည့္ေပးၿပီး ရွဲန္႔မု ကို ေခၚရင္း အထဲကို ဝင္လာလိုက္သည္။
ရိေပၚ အထဲ ကို ဝင္သြားတဲ့ မုယြီ႕က်င္း ကို ၾကည့္ရင္း ...
' မင္း သူငယ္္ခ်င္း က ကိုယ့္ကို အတူ လိုက္ေစခ်င္ပုံ မရဘူး။'
' အဟင္း !!!! စိတ္ထဲ မထားပါနဲ႔ ...။ သူက အဲ့လိုပဲ အေပါက္ ဆိုးတယ္။ စိတ္ရင္းေတာ့ ေကာင္းပါတယ္။'
ရိေပၚ သူ အခု ေရွာင္း ကို သူ႔ကို ဘယ္သူမွန္း မသိေစခ်င္ေသးတာေၾကာင့္ အတူ လိုက္ဖို႔ကို ေနာက္ဆုတ္ဖို႔ ေတြးရင္း ...
' ရပါတယ္။ ကိုယ္ မင္းနဲ႔မလိုက္ေတာ့ပါဘူး။ အခုမွ သတိရတာ ကိုယ္ အလုပ္ကိစၥနဲ႔ တစ္ျခား ကို အရင္ သြားရမွာ ...။'
' ဟုတ္လား ...။ ဒါဆိုလည္း ဒီမွာပဲ ႏႈတ္ဆက္တာေပါ့။ စိတ္ရွည္ရွည္ နဲ႔ ဓာတ္ပုံ ႐ိုက္ေပးလို႔ တကယ္ ေက်းဇူးတင္ပါတယ္ ...။'
' ရတယ္ ... ကိစၥ မရွိဘူး။ ဒါဆို ကိုယ္သြားၿပီ။'
' အိုေခ ...။'
ရိေပၚ အျပင္ကို ျပန္ထြက္လာရင္း ဟုန္လုံ ကို ဆက္သြယ္ဖို႔ ဖုန္း ထုတ္လိုက္သည္။
ေရွာင္းက်န္႔ ခုန ထြက္သြားတဲ့ တစ္ေယာက္က ဦးထုပ္ ကို ခြၽတ္လိုက္တာ ျမင္လိုက္တာေၾကာင့္ ေသခ်ာ လိုက္ၾကည့္ရင္း ...
' ဘာလို႔ ဝမ္ရိေပၚ နဲ႔ အရမ္းတူေနတာလဲ ...။'
ေရွာင္းက်န္႔ သူ႔ဘာသူ ေျပာရင္း ယြီ႕က်င္း ရဲ႕ ေတြ႕သမွ် လူ ကို ဝမ္ရိေပၚ အျဖစ္ ျမင္ခိုင္းတာ မဟုတ္ဘူး ဆိုတဲ့ စကားကို နားထဲ ျပန္ၾကားေယာင္လာတာေၾကာင့္ အၾကည့္နဲ႔ အေတြးကို အျမန္ဖ်က္ၿပီး ပန္းဥယ်ာဥ္ထဲကို ဝင္လာလိုက္သည္။
~~~~~~~~~~
ညေန ၄ နာရီ ေက်ာင္းဆင္းခ်ိန္တြင္ ျပင္သစ္ၿမိဳ႕က ေက်ာင္း တစ္ေက်ာင္းေရွ႕မွာ ကား တစ္စီး ထိုးရပ္လာသည္။
မၾကာဘူး ေက်ာင္းဝင္း တံခါး ပြင့္လာၿပီး ေက်ာင္းသားေတြ အလ်ိဳ လ်ိဳ ထြက္လာၾကသည္။
ေဟာ္ရွင္း သူ အခန္းထဲက ထြက္လာေတာ့ နံရံ အေကြ႕နားကေန ဟိုတစ္ခါ shopping mall ထဲက အမ်ားသုံး အိမ္သာမွာ သူ႔ကို အႏိုင္က်င့္ဖို႔ လာတဲ့ ၃ ေယာက္ကို ထပ္ဆုံျပန္တယ္။
' မင္း တို႔ !!!.'
၃ ေယာက္ထဲက တစ္ေယာက္က ေရွ႕ထြက္ၿပီး အနားကို တိုးလာတာေၾကာင့္ ေဟာ္ရွင္း ေနာက္ကို ဆုတ္လိုက္ေတာ့ ...
' ဒုတ္ !!!!.'
အေနာက္ကို ဆုတ္လိုက္မွ တစ္စုံ တစ္ေယာက္နဲ႔ ထပ္တိုက္မိျပန္တယ္။
ေဟာ္ရွင္း သူ တိုက္မိၿပီး ခုထိ သူနဲ႔ နီးကပ္ေနတဲ့ တစ္ေယာက္ကို ေနာက္ လွည္ျပန္ၾကည့္ေတာ့ အတန္းထဲက အတန္းေခါင္းေဆာင္ တစ္ျဖစ္လဲ Knight လို႔ နာမည္ေျပာင္ ေခၚၾကတဲ့ ခ်ီပါလီယာ ...
' Knight !!!!.'
Knight တ႐ုတ္ ေကာင္ကို သူ႔ အေနာက္ကို ဆြဲပို႔လိုက္ၿပီး ...
' ဘာေတြ ျဖစ္ခ်င္ေနတာလဲ ...။'
အဲ့အခ်ိန္ ခုန ေရွ႕ကို ထြက္လာတဲ့ တစ္ေယာက္က လက္ကို ေရွ႕ကို ထုတ္လာၿပီး ...
' ငါ ဝမ္ေဟာ္ရွင္း နဲ႔ ၿငိမ္းခ်မ္းေရး လာယူတာပါ။ အရင္က ျဖစ္ခဲ့တာေတြ ေမ့ၿပီး သူငယ္ခ်င္း လုပ္ရေအာင္ ...။'
' ဘုတ္ !!!!.'
Knight ဟိုတစ္ေယာက္ရဲ႕ လက္ကို ပုတ္ထုတ္ လိုက္ၿပီး ...
' မင္းရဲ႕ စကား ကို အခု ေဟာ္ရွင္း ကို ယုံခိုင္းေစခ်င္ေနတာလား ...။'
အဲ့တစ္ေယာက္ သူ႔ကို စကားေျပာေနတဲ့ Knight ကို မၾကည့္ေတာ့ပဲ သူ႔ကို လန္႔ေနတဲ့ ေဟာ္ရွင္း ကို တကယ့္ စိတ္ရင္းနဲ႔ ၾကည့္လိုက္ၿပီး ...
' ဝမ္ေဟာ္ရွင္း ငါ မင္း ကို ေတာင္းပန္တယ္။ အရင္က ျဖစ္ခဲ့တာကို ေမ့ ၿပီး ငါ့ကို သူငယ္ခ်င္း အျဖစ္ အသိမွတ္ျပဳေပးလို႔ ရလား ...။'
ေဟာ္ရွင္း သူ႔မွာက လူတိုင္းကို သူငယ္ခ်င္း အျဖစ္ ေပါင္းခ်င္တိုင္း ေပါင္းလို႔ မရတာေၾကာင့္ အခု သူ႔ကို ေတာင္းပန္ေနတာကို လက္ခံတယ္လည္း မေျပာ၊ လက္မခံဘူးလို႔လည္း မေျပာပဲ တိတ္ေနလိုက္သည္။
' ကဲ ... လစ္လိုက္ၾကေတာ့။ သူက မင္း နဲ႔ သူငယ္ခ်င္း မျဖစ္ခ်င္ဘူးတဲ့ ...။'
' မင္း က ဘာလို႔ သူ႔ အစား ဆုံးျဖတ္ေပး၊ ေရွ႕ထြက္ ေျပာေပးေနတာလဲ ...။'
' ဘာလို႔ဆို ငါက အတန္းေခါင္းေဆာင္ မို႔လို႔။ ၿပီးေတာ့ မင္းတို႔ သူ႔ကို အႏိုင္က်င့္ ထားတဲ့ ကိစၥ ကို သိေနတာမို႔လို႔ပဲ။'
' အဲ့ဒါေၾကာင့္ ငါ အခု သူ႔ကို ေတာင္းပန္ေနတာပဲေလ။'
' သူကမွ လက္မခံခ်င္တာ ...။'
ေဟာ္ရွင္း သူ႔ကို တကယ္လား ဆိုတဲ့ မ်က္ဝန္း နဲ႔ ၾကည့္လာတဲ့ တစ္ေယာက္ရဲ႕ အၾကည့္ကို ေရွာင္လိုက္သည္။
ထိုစဥ္ ...
' ဒူ ... ဒူ ... ဒူ ...။'
ဖုန္းျမည္လာတာေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့ ေလးေလး ...
ေဟာ္ရွင္း ဒီ အေျခေနကေန အျမန္လႊတ္ခ်င္တာေၾကာင့္ ဖုန္း ကို အျမန္ကိုင္လိုက္သည္။
' ေလးေလး ...။'
Knight ေရာ ဟို ၃ ေယာက္ပါ ေဟာ္ရွင္း ဆီက သူတို႔ နားမလည္တဲ့ စကား ထြက္လာတာေၾကာင့္ ဘာလုပ္ရမွန္း မသိပဲ ထြက္သြားရမလို၊ ဆက္ပဲ ေနရမလို ျဖစ္သြားၾကသည္။
' ဟုတ္ ... က်ေနာ္ ခုပဲ ထြက္လာေနၿပီ။'
ေဟာ္ရွင္း ဖုန္း ေျပာရင္းနဲ႔ပဲ မသိခ်င္ေယာင္ေဆာင္နဲ႔ ဟို ၄ ေယာက္ကို ထားၿပီး ထြက္လာလိုက္သည္။
ခုန လာေတာင္းပန္တဲ့ တစ္ေယာက္ကလည္း သူ ေတာင္းပန္ခ်င္တဲ့ လူ မရွိေတာ့တာနဲ႔ လွည့္ထြက္ဖို႔ ျပင္သည္။
Knight သူ႔ေရွ႕က ထြက္သြားေတာ့မယ့္ ေကာင္ရဲ႕ မ်က္ႏွာေရွ႕ကို လက္ ဆန္႔ထုတ္ တားလိုက္ၿပီး ...
' မင္း ေဟာ္ရွင္း အနား က ေဝးေဝး ေရွာင္ ...။'
လက္ ဆန္႔ထုတ္ၿပီး တားခံရတဲ့ တစ္ေယာက္ကလည္း မေခပါ။ သူ႔ မ်က္ႏွာေရွ႕ ေရာက္လာတဲ့ လက္ ကို ဖယ္မထုတ္ပဲ ခပ္မိုက္မိုက္ ျပန္ၾကည့္ရင္း ...
' သူ႔ အနား ေနေတာ့ေရာ မင္း နဲ႔ ဘာဆိုင္လို႔လဲ ...။ မင္း နာမည္အတိုင္း သူရဲေကာင္း မလုပ္ခ်င္စမ္းပါနဲ႔။ အရင္လို အတန္းထဲက ငေၾကာင္ေတြကိုပဲ ဆရာ လုပ္စမ္းပါ။'
Knight သူ႔ လက္ကို ျပန္႐ုတ္လိုက္ၿပီး ...
' အိုေခေလ ...။ ၿပီးမွ ငါ မင္း ကို သတိ မေပးဘူးလို႔ မေျပာနဲ႔ေနာ္ ...။'
' ဟက္ !!!! ဘာလဲ မင္းရဲ႕ ဦးေလးက ေက်ာင္းပိုင္ ျဖစ္ေနတာနဲ႔ပဲ ငါက ေၾကာက္ရမွာလား ...။ ဒီေက်ာင္းမွာ ငါ့အေဖ ရဲ႕ ရွယ္ယာ ပါ ပါေနတာကို မေမ့နဲ႔ ...။'
' အဲ့ဒါေၾကာင့္လဲ မင္း ေဟာ္ရွင္း ကို အႏိုင္က်င့္မွန္း သိတာေတာင္ ဒီတိုင္း ထား ထား ေနတာေပါ့။ မဟုတ္ရင္ ...။'
' မဟုတ္ရင္ ... ဘာလဲ ...။'
ထိုစဥ္ ...
' Knight !!!!.'
' ကိုကို !!!.'
Hero သူ႔ညီေလးရဲ႕ အနား ကို ဆက္ေလွ်ာက္လာလိုက္ၿပီး ...
' မျပန္ေသးဘူးလား ...။ ဒီမွာ ဘာလုပ္ေနတာလဲ ...။'
' ျပန္မွာ ... ျပန္ေတာ့မွာ ...။ အတန္းေဖာ္ အခ်င္းခ်င္း ႏႈတ္ဆက္ေနတာ ...။'
Knight ေျပာလည္း ေျပာ King ရဲ႕ ပုခုံးကို လွမ္းဖက္လိုက္ၿပီး ဖ်စ္ညစ္လိုက္ရင္း ...
' ဟုတ္တယ္ေနာ္ King ...'
King သူ ၾကည့္ေတာ့ သူ႔ကို မ်က္လုံး တစ္ဖက္ မွိတ္ျပလာတဲ့ Knight ကို ၾကည့္ၿပီး Knight က သူ႔ အစ္ကို ကို ေၾကာက္ရတယ္ ဆိုတာ သိလိုက္သည္။
King လည္း အေရွ႕ကို ျပန္ၾကည့္ရင္း ေခါင္းညိတ္ျပလိုက္သည္။
' ဟုတ္ကဲ့ ...။ က်ေနာ္ တို႔ ခုပဲ ျပန္ၾကေတာ့မွာ။'
' အိုေခ ...။ Knight အိမ္ကို တန္းျပန္ေနာ္ ...။ မာမီ မင္း ကို ေျပာစရာ ရွိတယ္တဲ့ ...။'
' အင္း ...။'
Hero သူ႔ညီကို ေခါင္း တစ္ခ်က္ ဆတ္ျပရင္း ေက်ာ္လာလိုက္သည္။
သူ႔ အစ္ကို ေက်ာ္သြားလို႔ မ်က္စိတစ္ဆုံး ျဖစ္ေတာ့မယ္ ခုထိ ပုခုံး ဖက္ထားတာ လက္ျပန္မခ်ေသးတဲ့ Knight ေၾကာင့္ King ... Knight ရဲ႕ လက္ကို ဆြဲျဖဳတ္လိုက္ၿပီး ...
' ဟန္ေဆာင္ ရမယ့္ အခ်ိန္ ေက်ာ္သြားၿပီ။'
အဲ့ေတာ့မွ Knight ခုန သူ႔ရဲ႕ အျပဳအမူကို သတိရသြားၿပီး မ်က္ႏွာက အို႔တို႔အမ္းတမ္း ျဖစ္သြားသည္။
~~~~~~~~
' ေလးေလး ...။'
မထူးပဲ ကားရဲ႕ အျပင္ကိုပဲ ေငးၾကည့္ရင္း လက္မ ရဲ႕ လက္သည္းကို ကိုက္ေနတယ္။
' ေလးေလး !!!!.'
' ဟင္ !!!!.'
' ေလးေလး ရဲ႕ ေခါင္းကိုက္တာက ခုထိ မသက္သာ ေသးဘူးလား ...။'
' မဟုတ္ပါဘူး ...။'
ရိေပၚ ေဟာ္ရွင္း ဘက္ကို ေသခ်ာ လွည့္ၾကည့္ရင္း ...
' မင္းရဲ႕ ေလးေလး အသစ္ ဆိုတဲ့ တစ္ေယာက္ နဲ႔ ထပ္ၿပီး ဆက္သြယ္ေသးလား ...။'
' မဆက္သြယ္ဘူးေလ။ ဒီေန႔ ေက်ာင္းမွာ အားလပ္ခ်ိန္ကို မရွိဘူး။'
' မင္း သူ႔ အနား ေနခ်င္လား ...။'
' ဗ်ာ ...။'
ရိေပၚ ေဟာ္ရွင္း ရဲ႕ အာေမဋိတ္သံေၾကာင့္ သူ႔စကား မွားမွန္း သိၿပီး အျမန္ျပန္ေျဖရွင္းလိုက္သည္။
' ဒီလိုေလ ... သူ သာ မင္းရဲ႕ ဦးေလး အမွန္တကယ္ ျဖစ္တယ္ဆိုရင္ မင္း ကိုလည္း သူနဲ႔ အတူ ေခၚသြားခ်င္မွာပဲေလ။ ၿပီးေတာ့ မင္း ေကာ ခုမွ ေတြ႕ရတဲ့ သူ႔ကို မင္း နဲ႔ အတူ မေခၚထားခ်င္ဘူးလား ...။'
ေဟာ္ရွင္း ေလးေလး ဘာေျပာခ်င္ေနမွန္း မသိေပမယ့္ ဟိုတစ္ခါ စ စ ေတြ႕ကတည္းက သူ႔ ေလးေလး အသစ္ က သူ႔ကို အတူေခၚသြားခ်င္တာကို သတိရသြားသည္။
' သူ ေျပာပါတယ္ က်ေနာ့္ ကို သူနဲ႔ အတူ သြားေနဖို႔ ...။'
ရိေပၚ စကား ေျပာတာကို ဘာလို႔ ဒီေန႔က်မွ အခ်ိန္ဆြဲၿပီး ေျပာေနမွန္း မသိတဲ့ ေဟာ္ရွင္း ကို စိတ္မရွည္ ျဖစ္လာသည္။
' အဲဒီေတာ့ ????.'
' က်ေနာ္ ျပန္ေျပာလိုက္ပါတယ္။ တ႐ုတ္က ဖိုးဖိုး နဲ႔ ေတြ႕ခ်င္ေသးတယ္လို႔ ...။'
ရိေပၚ သူ႔ဂြင္ထဲ ဝင္လာေနၿပီျဖစ္တဲ့ ေဟာ္ရွင္း ရဲ႕ စကားေၾကာင့္ စိတ္အားထက္သန္စြာ စကားဆက္ေပးလိုက္သည္။
' အဲ့ဒါဆို သူ႔ကို ေခၚထားလိုက္လို႔ ရတာပဲ ...။'
ေဟာ္ရွင္း တက္ႂကြေနတဲ့ ေလးေလးရဲ႕ ေလသံေၾကာင့္ စိတ္ထဲမွာ ေလးေလး လည္း တကယ္ပဲ ေယာက်ာ္းေလးကို စိတ္ဝင္စားသြားတာလား ဆိုၿပီး ေတြးလိုက္ရင္း ...
' ေလးေလး လည္း သူ႔ကို ေခၚထားေစခ်င္တာလား ...။'
ရိေပၚ အဲ့ေတာ့မွ ေဟာ္ရွင္း အနားေတာင္ ကပ္ေတာ့မယ့္ သူ႔ ကိုယ္ကို ျပန္မတ္လိုက္ၿပီး မ်က္ႏွာထားကို ျပင္လိုက္ရင္း ...
' ငါ ... ငါ က မင္း မ်ား မင္းရဲ႕ ခုမွ ေတြ႕တဲ့ ေလးေလး နဲ႔ အတူ ေနခ်င္မလား ဆိုတဲ့ စိတ္ပဲ ရွိတာ။ က်န္တာ ဘာမွ မရွိဘူး ...။'
' အဟြန္း ... က်ေနာ္ လည္း ဘာမွ မေျပာရေသးပါဘူး။'
ရိေပၚ သူ႔ကို ရယ္ခ်င္တဲ့ မ်က္ႏွာနဲ႔ ေျပာေနတဲ့ ေဟာ္ရွင္း ေၾကာင့္ မ်က္ႏွာကို ကား ရဲ႕ အျပင္ဘက္ကိုပဲ ေငးၾကည့္ခိုင္းလိုက္ေတာ့သည္။
ေဟာ္ရွင္း ေလးေလး ရဲ႕ ရွက္ကိုး ရွက္ကန္း အမူအရာ ကို ရွားရွား ပါးပါး ခုမွ ျမင္ဖူးတာေၾကာင့္ သေဘာက်သြားၿပီး လြယ္အိတ္ထဲက ဖုန္း ကို ထုတ္ယူလိုက္ၿပီး တစ္စုံ တစ္ေယာက္ကို ဆက္သြယ္ၾကည့္လိုက္သည္။
~~~~~~~~
ျပင္သစ္ၿမိဳ႕ရဲ႕ အမွတ္တံဆိပ္က ေမွ်ာ္စင္ ဆိုရင္ ကုန္းျမင့္ေလးမွာ ပုံစံတူ ကိုမွ ျပတင္းေပါက္ ေသးေသးေလးေတြနဲ႔ ပုံေဖာ္ၿပီး ေဆာက္ထားတဲ့ ၇ ထပ္ အျမင့္ေလာက္ ရွိတဲ့ အိမ္ေလးေတြကလည္း ျပင္သစ္ ၿမိဳ႕ရဲ႕အလွကို ပံ့ပိုးေပးတဲ့ တစ္စိတ္ တစ္ပိုင္းပါပဲ။
အိမ္ေတြရဲ႕ နံရံေတြကို အဝါေျခာက္ သုတ္ထားၿပီး မညီမညာတဲ့ လမ္းေတြကိုက် ၄ လက္မ ပတ္လည္ ေရာင္စုံ ေက်ာက္စရစ္ခဲ ပုံစံ ေႂကြျပားကို ကပ္ထားတာ ျဖစ္တာေၾကာင့္ ခရီးသြားေတြ အတြက္ မ်က္စိက်ၿပီး ဓာတ္ပုံ႐ိုက္ခ်င္စရာ ျဖစ္ေနတယ္။
ခရီးသြားေတြ အမ်ားႀကီးထဲမွာမွ နံရံမွာ ကိုယ္ကို မွီထားရင္း လက္ တစ္ဖက္မွာလည္း ေရခဲမုန္႔ ကိုင္ထားေသးတဲ့ တ႐ုတ္ေကာင္ေလးလည္း အပါ အဝင္ေပါ့။
' ႐ိုက္ၿပီး ၿပီလား ...။'
' ကင္မရာ ရဲ႕ မမ္မိုရီကဒ္က နင့္ပုံေတြခ်ည္းပဲ ျပည့္ေနၿပီ။ နင္ မေတာ္ႏိုင္ေသးဘူးလား ...။'
' ဪ ... လာလည္ပါတယ္ဆိုမွေတာ့ အမွတ္တရ ယူရမွာေပါ့။ အခု ႐ိုက္ၿပီး ၿပီလား ...။'
' ၿပီးၿပီ ...။'
ေရွာင္းက်န္႔ ၿပီးၿပီ ဆိုခါမွ ယြီ႕က်င္း ရဲ႕ အနား ကို ေျပးလာလိုက္ၿပီး ...
' ျပ ၾကည့္ ... ငါ ေခ်ာလား ...။'
' ေရာ့ ... ယူ သြားၿပီး ၾကည့္လိုက္ေတာ့ ...။ ငါ ေျခေထာက္ေတြ ေညာင္းေနၿပီ။ ခဏ သြားထိုင္ပါရေစ။'
ယြီ႕က်င္း ေရွာင္း ရဲ႕ လက္ထဲကို ကင္မရာ ထည့္ေပးၿပီး ရွဲန္႔မု ထိုင္ေနတဲ့ အနားမွာ လာထိုင္ရင္း ပုခုံးမွာ ေခါင္းတင္ထားလိုက္သည္။
' ေရေသာက္မလား ...။'
' ဟင့္အင္း ...။ ေရေတာင္ ေသာက္ဖို႔ အား မရွိေတာ့ဘူး။'
ရွဲန္႔မု ယြီ႕က်င္းရဲ႕ စကားေၾကာင့္ ၿပဳံးလိုက္ၿပီး ခုထိ ကင္မရာ ထဲ မ်က္လုံး ဝင္မတတ္ၾကည့္ေနတဲ့ ေရွာင္း ဘက္ကို ၾကည့္ရင္း ...
' ငါ ေျပာပါတယ္။ ေရွာင္း ကို ငါ ႐ိုက္ေပးလိုက္မယ္ဆိုတာ။'
' မေျပာနဲ႔ေတာ့ ...။ ငါ ခဏ နားလိုက္အုံးမယ္။'
ေရွာင္းက်န္႔ ကင္မရာ ထဲက သူ႔ပုံေတြ ၾကည့္ေနတုန္း ...
' ဒူ ... ဒူ ... ဒူ ...။'
' ဒူ ... ဒူ ... ဒူ ...။'
ဖုန္း ကလည္း သူ ကင္မရာ ထဲက ပုံေတြ ၾကည့္ေနရတုန္းမို႔ မကိုင္ေသးတာကို ဆက္တိုက္ ျမည္ေနတယ္။
ေရွာင္းက်န္႔ ကင္မရာ ၾကည့္တာ ခဏ ရပ္ၿပီး လည္ပင္းမွာ ေျပာင္းလြယ္လိုက္ရင္း ဖုန္း ကို ထုတ္ၾကည့္ေတာ့ ...
' ေဟာ္ရွင္း !!!!.'
ေဟာ္ရွင္း နာမည္ကို ျမင္တာနဲ႔ ဝမ္ရိေပၚ ကိုပါ တြဲျမင္လာတာကလည္း ဘယ္ဘဝ က ေရစက္မွန္း မသိ။
ေရွာင္းက်န္႔ တုန္ေနတဲ့ အစိမ္းေရာင္ အကြက္ေလးကို ႏွိပ္လိုက္သည္။
' ဟလို !!!.'
' ဟလို ... ေလးေလး ေရွာင္း ...။'
' အင္း ... ေဟာ္ရွင္း ... ငါ အခု အျပင္မွာပဲ ရွိေသးတယ္။'
ေရွာင္းက်န္႔ ေဟာ္ရွင္း ေလေၾကာ ရွည္ေနမွာစိုးလို႔ အျပင္မွာ ဆိုတာကို တမင္ ထည့္ေျပာလိုက္သည္။
တစ္ဖက္တြင္လည္း ဝမ္ရိေပၚ တစ္ေယာက္ ေဟာ္ရွင္း ဖုန္း ေျပာတာကို နားစြင့္ေနတယ္။
ေဟာ္ရွင္း လည္း သိေနတာေၾကာင့္ ဖုန္း ကို စပီကာ ဖြင့္ေျပာလိုက္သည္။
' ေလးေလး ေရွာင္း က ေလွ်ာက္လည္ေနတာလား ...။'
' ဟုတ္တယ္ ...။'
' က်ေနာ္လည္း ခုပဲ ေက်ာင္းဆင္းၿပီး အိမ္ကို ျပန္မွာ။ ေလးေလး ေရွာင္း က ဘယ္နားမွာ ရွိေနတာလဲ? က်ေနာ္ လာခဲ့မယ္ေလ။ ၿပီးေတာ့ ေလးေလး ေရွာင္း ကို က်ေနာ့္ ေလးေလး နဲ႔ မိတ္ဆက္ေပးရင္းေပါ့ ...။'
' အမ္ !!!.'
ေရွာင္းက်န္႔ ေဟာ္ရွင္း က သူ႔ဆီ လာၿပီး ဝမ္ရိေပၚ နဲ႔ပါ မိတ္ဆက္ေပးမယ္ ဆိုတာနဲ႔ စကားသံက ခ်က္ခ်င္း အေျဖျပန္မေပးႏိုင္ပဲ ဆြံ႕အ သြားရသည္။
တစ္ဖက္က ရိေပၚ ကလည္း ေရွာင္း ဘယ္လို ျပန္ေျပာမလဲ ဆိုတာ အရမ္းသိခ်င္ေနပါၿပီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.12.16 ( Sat )