Chapter 11 – အကြောင်းရင်းများ
ဒါရိုက်တာဝမ်ရဲ့မေးခွန်းကိုကြားလိုက်ရတော့ သူမမှာအခွင့်အရေးတစ်ခုပဲရှိကြောင်း လုရှသိလိုက်တာကြောင့် အချိန်ဖြုန်းမနေပဲ တိုက်ရိုက်ပြောလိုက်သည်။
" မင်္ဂလာပါ ဒါရိုက်တာဝမ် ကျွန်မနာမည်ကလုရှပါ ကျွန်မကမီးသီးစက်ရုံမှာခန့်လိုက်တဲ့ အလုပ်သမားတွေထဲကပါ"
" ဪ?"
ဒါရိုက်တာဝမ် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ စက်ရုံမှာဒီလုပ်သားအသစ်တွေအတွက် နေရာတွေအားလုံးသည်ကောင်းမွန်သော်ငြား တင်းကြပ်တဲ့လိုအပ်ချက်တွေရှိရာ သူ့တူမလေးပင်အလုပ်မရခဲ့ပေ။ သိပ်မကောင်းတဲ့အခြေအနေရှိပုံရတဲ့ ဒီမိန်းမငယ်လေးကရွေးချယ်ခံခဲ့ရမယ်လို့ သူမထင်ခဲ့မိပေ။
ဒါပေမဲ့ သူမရည်ရွယ်ချက်တွေနဲ့ပတ်သတ်ပြီး မရှင်းလင်းသေးပေမဲ့ သူကသူမကိုရင်းနှီးဖော်ရွေတဲ့အပြုံးတစ်ခုပေးလိုက်သည်။
" ရဲဘော်လု မင်္ဂလာပါ ဆိုတော့ မင်းမှာကျုပ်နဲ့သီးသန့်အလုပ်ကိစ္စတစ်ခုခုရှိလို့လား?"
လုရှသည်ဝေ့လည်ကြောင်ပတ်လုပ်မနေပဲ အသက်ပြင်းပြင်းရှူလိုက်ကာ " ဒါရိုက်တာဝမ်ရဲ့တူမလေးကအလုပ်မရှိသေးဘူးလို့ ကျွန်မကြားတယ် သူများဒီအလုပ်ကိုလိုချင်မလားလို့ သိချင်လို့ပါ"
" ဪ?"
သူမစကားတွေကနေ ဒါရိုက်တာဝမ်သည်သူမရည်ရွယ်ချက်ကိုသဘောပေါက်လိုက်သည်။
သူကမျက်ခုံးတစ်ဖက်ပင့်ပြီး တွေးကြည့်လိုက်သည်။ သူတို့ရဲ့မီးသီးစက်ရုံသည်စတီးစက်ရုံ၊ အဝတ်အထည်စက်ရုံတို့လောက် နာမည်မကြီးပေမဲ့ စက်ရုံကြီးတစ်ခုဖြစ်နေပါသေးသည်။ ထို့ပြင် ဒီအလုပ်ကရုံးအလုပ်ပဲ။ တစ်ယောက်ယောက်ကဒီလိုအလုပ်မျိုးကို မလုပ်ချင်ပဲနေလိမ့်မယ်လို့ သူ့မှာမတွေးကြည့်နိုင်ပေ။
ထို့ပြင် သူ့အရှေ့ကဒီမိန်းမငယ်လေးသည် သိပ်မကောင်းတဲ့အခြေအနေရှိပုံရတာကြောင့် ဒီလိုအလုပ်ကောင်းမျိုးကိုရရှိလို့ သူမကပျော်မြူးသင့်တာလေ။ သူမလက်လျှော့ရခြင်းအကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ?
ဒါရိုက်တာဝမ်ရဲ့မူလအတွေးက သူမကသူ့ကိုလာနောက်နေတယ်လို့ပဲ။ ဒါပေမဲ့ အခုတော့ သူမမျက်လုံးတွေထဲကရိုးသားမှုကိုမြင်လိုက်ရတော့ သူမစိတ်ပိုင်းဖြတ်ထားတာပဲဖြစ်ရမယ်ဆိုတာ နားလည်သွားခဲ့သည်။ ထို့ကြောင့် သူအမှန်တကယ်စိတ်ပါဝင်စားလာသည်။
သူ့တူမလေးက သူတို့ဝမ်မိသားစုထဲမှာ တစ်ဦးတည်းသောသမီးမိန်းကလေးဖြစ်ပြီး မိသားစုထဲမှာအလုပ်လုပ်သူတွေအများအပြားရှိတာကြောင့် အလုပ်တစ်ခုရှာဖို့က ကရိကထမများပေ။ ဒါပေမဲ့ ရုံးအလုပ်တစ်ခုကိုရှာဖို့ကျအနည်းငယ်ခက်ခဲသည်။ နောက်ဆုံးမှာတော့ လက်ရှိအလုပ်ဈေးကွက်မှာ နေရာအများစုသည်မိဘတွေ၊ ဆွေမျိုးတွေကသူတို့ရဲ့နေရာမှာ သူတို့ကလေးတွေကိုအချင်းချင်းပြန်အစားထိုးထားတာနဲ့ ပြည့်နေပြီး အပြင်လူကိုနေရာတစ်ခုရောင်းချပေးတာက ရှားပါးသည်။
ထို့ကြောင့် သူကဆုံးဖြတ်ချက်တွေမချခင် အသေးစိတ်အကြောင်းရင်းတွေကိုမေးချင်တာဖြစ်သည်။ သူထရပ်ပြီး စကားပြောဖို့အတွက် လုရှကိုဧည့်ခန်းထဲကဆိုဖာဆီခေါ်သွားသည်။
ဒါရိုက်တာဝမ်သည်ရာထူးမြင့်မြင့်ရှိပြီး သူ့အိမ်သည်လုမိသားစုအိမ်ထက် အများကြီးပိုကြီးတာကြောင့် အခန်းသည်ကျယ်ကျယ်ဝန်းဝန်းရှိသည်။ ဆိုဖာနဲ့တောင်မှ ဧည့်ခန်းထဲမှာနေရာကျယ်နေသေးသည်။
ဒါပေမဲ့ ဒီအချိန်မှာ လုရှသည်ဒီအသေးစိတ်အချက်အလက်တွေကိုအာရုံမစိုက်နိုင်ပေ။ ဆိုဖာမှာထိုင်ပြီးနောက် ဒါရိုက်တညဝမ်ပြောတာကြားလိုက်ရသည်။
" ရဲဘော်လုကိုရောင်းချင်တဲ့အကြောင်းရင်းလေးမေးပါရစေ"
သူ့စကားနားထောင်ပြီးနောက် လုရှခေါင်းညိတ်လိုက်သည်။
" ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး ကျွန်မအလုပ်ရပြီးနောက်မှာ ကျွန်မမိသားစုကကျွန်မကိုစေလွှတ်ခံပညာတတ်လူငယ်ဖြစ်လာဖို့စာရင်းပေးခဲ့ကြတယ် ရက်အနည်းငယ်အတွင်းမှာ ကျွန်မကကျေးလက်ကိုသွားရတော့မှာ"
ဒါရိုပ်တာဝမ် အံ့အားသင့်စွာမျက်ခုံးပင့်လိုက်ပြီးမှ နားလည်သယောင်ရှိသွားသည်။ ဒီရဲဘော်ရဲ့မိသားစုအခြေအနေက ပိုရှုပ်ထွေးတဲ့သဘောရှိပုံပင်။ ဒါပေမဲ့ ဒါကသူ့အပူမဟုတ်ပါဘူး။ သူကအခြေအနေကိုအတည်ပြုဖို့ပဲလိုတာပါ။
သူကပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
" ဒါဆို ရဲဘော်လု ဒီအလုပ်အတွက်ဘယ်လောက်လိုချင်လဲ?"
လုရှလည်းသူမပြင်ဆင်ထားခဲ့တဲ့ဈေးကို ချက်ချင်းပြောပြလိုက်သည်။
" ယွမ်၈၀၀"
" ဟမ်?"
ဒါရိုက်တာဝမ် တစ်ဖန်မျက်ခုံးပင့်လိုက်မိသည်။
" ရဲဘော်လု အတည်ပြောနေတာလား? ဒါမှမဟုတ် ဈေးကွက်ကိုမင်းတကယ်မသိတာလား? မင်းက သာမာန်အလုပ်သမားတစ်ယောက်ထက် အများကြီးပိုရတဲ့ ရုံးအလုပ်တစ်ခုရထားတာနော်"
ထိုစကားကြားပြီးနောက် လုရှခါးသီးစွာသက်ပြင်းရှိုက်လိုက်သည်။ ဒါပေါ့ ဒါကမြို့တော်ဖြစ်ပြီး သာမာန်အလုပ်ရုံအလုပ်သမားတွေရဲ့အလုပ်သည် ယွမ်၈၀၀ထက် ပိုကုန်ကျနိုင်ပေမဲ့ သူမမှမတတ်နိုင်တော့တာ။
" ရိုးရိုးသားသားပြောရရင် ကျွန်မမိသားစုကဒီအလုပ်ကိုကျွန်မအစ်မဆီပေးစေချင်တာ ဒါကြောင့် ရှေ့လျှောက်အခက်အခဲနည်းနည်းရှိနိုင်တယ်...."
သူမထိုအကြောင်းပြောပြရင်း တုံ့ဆိုင်းသွားသည်။ အလုပ်တွေကပေါ့ပေါ့တန်တန်ဝယ်လို့ရောင်းလို့မရပေ။ များသောအားဖြင့် မိသားစုဝင်တွေ ဆွေမျိုးတွေကလွှဲပြောင်းယူလေ့ရှိကြသည်။ သူတို့အချင်းချင်းသိသည်ဖြစ်စေ မသိဖြစ်စေ အပေါ်ယံမှာအကြောင်းပြချက်တစ်ခုရှာရပေလိမ့်မည်။
ဒါပေမဲ့ အမေလုနဲ့လုချွမ်ကအလွယ်တကူအယုံသွင်းလို့ရမှာမဟုတ်လောက်ဘူး။ သူမအလုပ်ကိုရောင်းစားလိုက်တာ သူတို့သိသွားကြရင် စက်ရုံမှာပြဿနာလာရှာနိုင်သည်။ ထို့ကြောင့် သူမခံရမဲ့နောက်ဆက်တွဲတာဝန်တွေကမသေးပေ။
Zawgyi
Chapter 11 အေၾကာင္းရင္းမ်ား
ဒါရိုက္တာဝမ္ရဲ႕ေမးခြန္းကိုၾကားလိုက္ရေတာ့ သူမမွာအခြင့္အေရးတစ္ခုပဲရွိေၾကာင္း လုရွသိလိုက္တာေၾကာင့္ အခ်ိန္ျဖဳန္းမေနပဲ တိုက္ရိုက္ေျပာလိုက္သည္။
" မဂၤလာပါ ဒါရိုက္တာဝမ္ ကြၽန္မနာမည္ကလုရွပါ ကြၽန္မကမီးသီးစက္႐ုံမွာခန႔္လိုက္တဲ့ အလုပ္သမားေတြထဲကပါ"
" ဪ?"
ဒါရိုက္တာဝမ္ မ်က္ခုံးတစ္ဖက္ပင့္လိုက္သည္။ စက္႐ုံမွာဒီလုပ္သားအသစ္ေတြအတြက္ ေနရာေတြအားလုံးသည္ေကာင္းမြန္ေသာ္ျငား တင္းၾကပ္တဲ့လိုအပ္ခ်က္ေတြရွိရာ သူ႕တူမေလးပင္အလုပ္မရခဲ့ေပ။ သိပ္မေကာင္းတဲ့အေျခအေနရွိပုံရတဲ့ ဒီမိန္းမငယ္ေလးကေ႐ြးခ်ယ္ခံခဲ့ရမယ္လို႔ သူမထင္ခဲ့မိေပ။
ဒါေပမဲ့ သူမရည္႐ြယ္ခ်က္ေတြနဲ႕ပတ္သတ္ၿပီး မရွင္းလင္းေသးေပမဲ့ သူကသူမကိုရင္းႏွီးေဖာ္ေ႐ြတဲ့အၿပဳံးတစ္ခုေပးလိုက္သည္။
" ရဲေဘာ္လု မဂၤလာပါ ဆိုေတာ့ မင္းမွာက်ဳပ္နဲ႕သီးသန႔္အလုပ္ကိစၥတစ္ခုခုရွိလို႔လား?"
လုရွသည္ေဝ့လည္ေၾကာင္ပတ္လုပ္မေနပဲ အသက္ျပင္းျပင္းရႉလိုက္ကာ " ဒါရိုက္တာဝမ္ရဲ႕တူမေလးကအလုပ္မရွိေသးဘူးလို႔ ကြၽန္မၾကားတယ္ သူမ်ားဒီအလုပ္ကိုလိုခ်င္မလားလို႔ သိခ်င္လို႔ပါ"
" ဪ?"
သူမစကားေတြကေန ဒါရိုက္တာဝမ္သည္သူမရည္႐ြယ္ခ်က္ကိုသေဘာေပါက္လိုက္သည္။
သူကမ်က္ခုံးတစ္ဖက္ပင့္ၿပီး ေတြးၾကည့္လိုက္သည္။ သူတို႔ရဲ႕မီးသီးစက္႐ုံသည္စတီးစက္႐ုံ၊ အဝတ္အထည္စက္႐ုံတို႔ေလာက္ နာမည္မႀကီးေပမဲ့ စက္႐ုံႀကီးတစ္ခုျဖစ္ေနပါေသးသည္။ ထို႔ျပင္ ဒီအလုပ္က႐ုံးအလုပ္ပဲ။ တစ္ေယာက္ေယာက္ကဒီလိုအလုပ္မ်ိဳးကို မလုပ္ခ်င္ပဲေနလိမ့္မယ္လို႔ သူ႕မွာမေတြးၾကည့္နိုင္ေပ။
ထို႔ျပင္ သူ႕အေရွ႕ကဒီမိန္းမငယ္ေလးသည္ သိပ္မေကာင္းတဲ့အေျခအေနရွိပုံရတာေၾကာင့္ ဒီလိုအလုပ္ေကာင္းမ်ိဳးကိုရရွိလို႔ သူမကေပ်ာ္ျမဴးသင့္တာေလ။ သူမလက္ေလွ်ာ့ရျခင္းအေၾကာင္းရင္းက ဘာမ်ားျဖစ္နိုင္မလဲ?
ဒါရိုက္တာဝမ္ရဲ႕မူလအေတြးက သူမကသူ႕ကိုလာေနာက္ေနတယ္လို႔ပဲ။ ဒါေပမဲ့ အခုေတာ့ သူမမ်က္လုံးေတြထဲကရိုးသားမႈကိုျမင္လိုက္ရေတာ့ သူမစိတ္ပိုင္းျဖတ္ထားတာပဲျဖစ္ရမယ္ဆိုတာ နားလည္သြားခဲ့သည္။ ထို႔ေၾကာင့္ သူအမွန္တကယ္စိတ္ပါဝင္စားလာသည္။
သူ႕တူမေလးက သူတို႔ဝမ္မိသားစုထဲမွာ တစ္ဦးတည္းေသာသမီးမိန္းကေလးျဖစ္ၿပီး မိသားစုထဲမွာအလုပ္လုပ္သူေတြအမ်ားအျပားရွိတာေၾကာင့္ အလုပ္တစ္ခုရွာဖို႔က ကရိကထမမ်ားေပ။ ဒါေပမဲ့ ႐ုံးအလုပ္တစ္ခုကိုရွာဖို႔က်အနည္းငယ္ခက္ခဲသည္။ ေနာက္ဆုံးမွာေတာ့ လက္ရွိအလုပ္ေဈးကြက္မွာ ေနရာအမ်ားစုသည္မိဘေတြ၊ ေဆြမ်ိဳးေတြကသူတို႔ရဲ႕ေနရာမွာ သူတို႔ကေလးေတြကိုအခ်င္းခ်င္းျပန္အစားထိုးထားတာနဲ႕ ျပည့္ေနၿပီး အျပင္လူကိုေနရာတစ္ခုေရာင္းခ်ေပးတာက ရွားပါးသည္။
ထို႔ေၾကာင့္ သူကဆုံးျဖတ္ခ်က္ေတြမခ်ခင္ အေသးစိတ္အေၾကာင္းရင္းေတြကိုေမးခ်င္တာျဖစ္သည္။ သူထရပ္ၿပီး စကားေျပာဖို႔အတြက္ လုရွကိုဧည့္ခန္းထဲကဆိုဖာဆီေခၚသြားသည္။
ဒါရိုက္တာဝမ္သည္ရာထူးျမင့္ျမင့္ရွိၿပီး သူ႕အိမ္သည္လုမိသားစုအိမ္ထက္ အမ်ားႀကီးပိုႀကီးတာေၾကာင့္ အခန္းသည္က်ယ္က်ယ္ဝန္းဝန္းရွိသည္။ ဆိုဖာနဲ႕ေတာင္မွ ဧည့္ခန္းထဲမွာေနရာက်ယ္ေနေသးသည္။
ဒါေပမဲ့ ဒီအခ်ိန္မွာ လုရွသည္ဒီအေသးစိတ္အခ်က္အလက္ေတြကိုအာ႐ုံမစိုက္နိုင္ေပ။ ဆိုဖာမွာထိုင္ၿပီးေနာက္ ဒါရိုက္တညဝမ္ေျပာတာၾကားလိုက္ရသည္။
" ရဲေဘာ္လုကိုေရာင္းခ်င္တဲ့အေၾကာင္းရင္းေလးေမးပါရေစ"
သူ႕စကားနားေထာင္ၿပီးေနာက္ လုရွေခါင္းညိတ္လိုက္သည္။
" ဘာမွဖုံးကြယ္ထားစရာမရွိပါဘူး ကြၽန္မအလုပ္ရၿပီးေနာက္မွာ ကြၽန္မမိသားစုကကြၽန္မကိုေစလႊတ္ခံပညာတတ္လူငယ္ျဖစ္လာဖို႔စာရင္းေပးခဲ့ၾကတယ္ ရက္အနည္းငယ္အတြင္းမွာ ကြၽန္မကေက်းလက္ကိုသြားရေတာ့မွာ"
ဒါရိုပ္တာဝမ္ အံ့အားသင့္စြာမ်က္ခုံးပင့္လိုက္ၿပီးမွ နားလည္သေယာင္ရွိသြားသည္။ ဒီရဲေဘာ္ရဲ႕မိသားစုအေျခအေနက ပိုရႈပ္ေထြးတဲ့သေဘာရွိပုံပင္။ ဒါေပမဲ့ ဒါကသူ႕အပူမဟုတ္ပါဘူး။ သူကအေျခအေနကိုအတည္ျပဳဖို႔ပဲလိုတာပါ။
သူကပြင့္ပြင့္လင္းလင္းေမးလိုက္သည္။
" ဒါဆို ရဲေဘာ္လု ဒီအလုပ္အတြက္ဘယ္ေလာက္လိုခ်င္လဲ?"
လုရွလည္းသူမျပင္ဆင္ထားခဲ့တဲ့ေဈးကို ခ်က္ခ်င္းေျပာျပလိုက္သည္။
" ယြမ္၈၀၀"
" ဟမ္?"
ဒါရိုက္တာဝမ္ တစ္ဖန္မ်က္ခုံးပင့္လိုက္မိသည္။
" ရဲေဘာ္လု အတည္ေျပာေနတာလား? ဒါမွမဟုတ္ ေဈးကြက္ကိုမင္းတကယ္မသိတာလား? မင္းက သာမာန္အလုပ္သမားတစ္ေယာက္ထက္ အမ်ားႀကီးပိုရတဲ့ ႐ုံးအလုပ္တစ္ခုရထားတာေနာ္"
ထိုစကားၾကားၿပီးေနာက္ လုရွခါးသီးစြာသက္ျပင္းရွိုက္လိုက္သည္။ ဒါေပါ့ ဒါကၿမိဳ႕ေတာ္ျဖစ္ၿပီး သာမာန္အလုပ္႐ုံအလုပ္သမားေတြရဲ႕အလုပ္သည္ ယြမ္၈၀၀ထက္ ပိုကုန္က်နိဳင္ေပမဲ့ သူမမွမတတ္နိုင္ေတာ့တာ။
" ရိုးရိုးသားသားေျပာရရင္ ကြၽန္မမိသားစုကဒီအလုပ္ကိုကြၽန္မအစ္မဆီေပးေစခ်င္တာ ဒါေၾကာင့္ ေရွ႕ေလွ်ာက္အခက္အခဲနည္းနည္းရွိနိုင္တယ္...."
သူမထိုအေၾကာင္းေျပာျပရင္း တုံ႕ဆိုင္းသြားသည္။ အလုပ္ေတြကေပါ့ေပါ့တန္တန္ဝယ္လို႔ေရာင္းလို႔မရေပ။ မ်ားေသာအားျဖင့္ မိသားစုဝင္ေတြ ေဆြမ်ိဳးေတြကလႊဲေျပာင္းယူေလ့ရွိၾကသည္။ သူတို႔အခ်င္းခ်င္းသိသည္ျဖစ္ေစ မသိျဖစ္ေစ အေပၚယံမွာအေၾကာင္းျပခ်က္တစ္ခုရွာရေပလိမ့္မည္။
ဒါေပမဲ့ အေမလုနဲ႕လုခြၽမ္ကအလြယ္တကူအယုံသြင္းလို႔ရမွာမဟုတ္ေလာက္ဘူး။ သူမအလုပ္ကိုေရာင္းစားလိုက္တာ သူတို႔သိသြားၾကရင္ စက္႐ုံမွာျပႆနာလာရွာနိုင္သည္။ ထို႔ေၾကာင့္ သူမခံရမဲ့ေနာက္ဆက္တြဲတာဝန္ေတြကမေသးေပ။