မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

166K 28.8K 917

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

001:ရှောင်ရှန်း(နတ်သမီးလေး)

3.8K 367 9
By XiaoManTou96

Unicode

ဟဲကျင့် သည် ဒုတိယမြောက် ကန်တင်းမှ ဝက်နံရိုးချိုချဉ် နှင့် ဂေါ်ဖီအသားအနှစ် ကို မှာယူခဲ့ပြီး နေ့လည်စာဘူး ကို ကိုင်ဆောင်ကာ အဆောင်ခန်း သို့ အေးအေးလူလူ လမ်းလျှောက်၍ ပြန်လာခဲ့သည်။

အိပ်ဆောင်သို့သွားရာလမ်းတစ်လျောက်တွင် ဂင်ဂို(ယပ်တောင်ပုံ) အပင်များစွာ ရှိနေပြီး နင်းလိုက် သောအခါတွင် အသံအနည်းငယ်ထွက်လာတတ် သော ရွှေရောင်ပန်ကာသဏ္ဍာန် ဝါညိုရောင် သစ်
ရွက်ခြောက်များစွာ ကြွေကျနေလေသည်။

[T/N:ဂင်ဂိုသစ်ရွက်ပုံပါ။]


သူ့ဘေးမှ လှပပြီး သပ်ရပ်တဲ့ ၀တ်စုံလေးများဖြင့် ရယ်မောပျော်ရွှင်နေသော မိန်းကလေးတစ်စု ဖြတ်သွားကြသည်။

သူတို့လက်ထဲမှာတော့ အားကစားသမားများကို အားပေးရာတွင် သုံးသော  ရောင်စုံအမွှေးဖွား မျိုးစုံကို ကိုင်ဆောင်ထားသည်။

သူတို့၏ စကားဝိုင်းတွင် "တင်းနစ်" နှင့် "ကျောင်းIdol" ဟူသော စကားလုံးများနှင့်ပြည့်နှက် နေသည်။

ထို့သို့သော စကားလုံးများကို ဆောင်းဉီးနှောင်းပိုင်း တွင် အေးမြသော အအေးဓာတ်ကို ပင် မမူ့ကာ စိတ်အားထက်သန်မူဖြင့် ပြောဆိုနေကြသည်။

ဒီလိုရာသီဉတုမှာ သူတို့ရဲ့ ခြေတံရှည်တွေကို ဖော်ပြထားသည်ကို ကြည့်ကာ ဟဲကျင့်သည် အေးသဖြင့် ကြက်သီးမထအောင်တောင်မတားဆီးနိုင်ခဲ့ပေ။

အရှေ့ရှိလမ်းသည်  ကျောင်း၏တင်းနစ်ကွင်းဆီသို့ သွားရာလမ်းဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ပြိုင်ပွဲကြီးတစ်ခုကျင်းပပုံရသည်။ ထို့အပြင် မိန်းကလေးများပြောနေကြသော "ကျောင်းIdol" လေးသည်ထိုပြိုင်ပွဲတွင်ပါ၀င်မည်ဟုကောလဟာလလည်း ရှိလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဤအရာများသည် ဟဲကျင့် အတွက် မထူးဆန်းပေ။ဤကျောင်းဝင်းတွင် နှစ်နှစ်ခွဲကြာ ကျင်လည်ပြီးနောက်တွင် တွေ့ကြုံရမည့် အရာများ အားလုံးကို သူတွေ့ကြုံခဲ့ပြီးဖြစ်သည်။

တတိယနှစ်အတန်းများ သည် အဓိက ဘာသာ ရပ်များအတွက် အလုပ်များသော နှစ်ဖြစ်သည်။အထူးသဖြင့် ဒုတိယနှစ်ဝက် စာသင်နှစ် စသည့် အချိန်တွင်ပင်။

စိတ်အေးလက်အေးနှင့် ထက်မြက်သော တက္ကသိုလ်ဘဝသည် ပျောက်ကွယ်သွားပုံရပြီး စိုးရိမ်ပူပန်မှုများနှင့် အနာဂတ်အတွက် တုံ့ဆိုင်းနေသည့် ခံစား
ချက်များကတဖြည်းဖြည်း ပျံ့နှံ့လာလေသည်။

ဟဲကျင့်သည် မနေ့ညက အိမ်ကဖုန်းခေါ်တာကို ပြန်သတိရသွားကာ သက်ပြင်းချလိုက်သည်။

သူ့အဖေက သူ့မွေးရပ်မြေမှာ အလုပ်ကောင်း
ကောင်း စီစဉ်ပေးထားတယ်လို့ ဖုန်းထဲက အမျိုးသမီးက ပြောခဲ့တယ်။ ၎င်းသည် လူသိများသော အဖွဲ့အစည်းတစ်ခုမှ အကြံပြုထားသော မြင့်မားသောလစာနှင့် အကျိုးခံစားခွင့်များစွာရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် နေရာတစ်ခုဖြစ်လေသည်။

ဘွဲ့ရပြီးတာနှင့် အလုပ်သွားလုပ်ရုံပင်...

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ဟဲကျင့်သည် အနည်းငယ်ပင်ပန်းသလိုပင် ခံစားလိုက်ရသည်။

အိပ်ဆောင်ကို ရောက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအချို့သည် အဆောက်အဦးထဲမှ ရုတ်တရက် ပြေးထွက်လာပြီး သူ့ရှိရာဖက်သို့ မဆင်မခြင် ပြေးလာကြသည်။

သူတို့သည် ထိုနေရာတွင် အရူးလိုမျိုး ထမင်းဘူးကိုင်ကာ ရပ်နေသော ဟဲကျင့်ကိုပင် တိုက်သွားကြတော့သည်။ဟဲကျင့်သည် သူ့ကို မတိုက်မိအောင် ရှောင်ရန်ကြိုးစားသော်လည်း နောက်ဆုံးတွင် အမျိုးသားတစ်ဦးမှ အင်အားအပြည့်ဖြင့် ဝင်တိုက် တော့သည်။

"ဘန်း" ဟူသော အသံ မကြာခင်မှာ ထွက်ပေါ်လာတော့သည်။ ဟဲကျင့်သည် ယိုင်သွားကာ သူ့ထမင်းဘူးသည်လည်းမြေပြင်ပေါ်သို့ပြုတ်ကျသွားတော့၏။

"တောင်းပန်ပါတယ်..."

လူက သူ့ကိုဆွဲလိုက်ပြီး သူ့အတွက် ထမင်းဘူးကို ကောက်ပေးရန် ရပ်လိုက်သည်။

"ကွဲသွားပြီလား?"

"အဆင်ပြေပါတယ်။ "

ဟဲကျင့်သည် ထမင်းဘူးကို ယူလိုက်သည်။

၎င်းသည် ကောအမာသား ဖြင့်ပြုလုပ်ထားသော နေ့လည်စာ ဘူးဖြစ် ကာ ကောင်းမွန်စွာ ပိတ်ထားသောကြောင့် ရိုက်ခွဲလိုက်သည့်တိုင် ကွဲသွားမည် မဟုတ်ပါ။ တွက်ကြည့်လိုက်လျှင် ဒီကံကောင်းတဲ့ ကောင်လေးက သူ့ဖက်မှ လျော်ကြေးပေးစရာ
တောင် မလိုချေ။

ဟဲကျင့်သည် မျက်လုံးလှန်ကြည့်လိုက်ရာ ပေါ့ပေါ့ပါးပါး နိုက်ကီ ဂျာကင်အင်္ကျီနှင့် အပြာနှင့် အဖြူရောင် ပိုလိုရှပ်အင်္ကျီ ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူသည် အရပ်ရှည်ပြီး လက်တံရှည်ကာ သပ်ရပ် သော ဆံပင်တိုနှင့် မျက်လုံးမှာ အနည်းငယ် ကျဉ်းမြောင်းကာ တင်းတင်းစေ့ထားသော နှုတ်ခမ်း
တစ်စုံရှိသောကြောင့် အနည်းငယ် အေးစက်သော ရုပ်ရည်ကို ပေးစွမ်းနေခဲ့သည်။

သူက တင်းနစ်အသင်းရဲ့ အဖွဲ့ဝင်ပဲ သူတို့က ပြိုင်ပွဲကို အပြေးအလွှားသွားနေကြတာလား?

ဟဲကျင့်သည် လက်ကို ဝှေ့ယမ်းကာဖြင့်တစ်ကယ် အဆင်ပြေကြောင်းပြသလိုက်သည်။ထို့နောက် ဘာမှပြန်မပြောဘဲ ထမင်းဘူးကို ကိုင်ကာ ထွက်သွားလေတော့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က အမျိုးသားကောလိပ် များနှင့် တက္ကသိုလ်များအသင်းမှ တက္ကသိုလ်များကို နိုင်ငံခြားမှ ဂုဏ်သိက္ခာရှိသော ကျောင်းများနှင့် ဆင်တူစေရန် ၎င်းတို့၏ လူနေမှုပတ်ဝန်းကျင်ကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။

ထို့နောက် အစိုးရသည် ကျောင်းဟောင်းများ ပြန်လည်တည်ဆောက်ရန်အတွက် အဓိက အဖွဲ့အစည်းများထံ ရန်ပုံငွေ ပေးအပ်ခဲ့သည်။

သူ၏ တက္ကသိုလ်သည် ရန်ပုံငွေခွဲဝေမှုတွင် ပါဝင်ခဲ့သည်။ ကျောင်းသားဟောင်းများ က "ဝက်အိပ် ဆောင်" ဟုခေါ်ဆိုခဲ့ သည့် မရေမတွက်နိုင်သော ကျောင်းအိပ်ဆောင်ဟောင်းများကို စွန့်ပစ်လိုက်ကာ လူနှစ်ယောက် တွဲခန်းအသစ်များ အဖြစ် ပြောင်းလဲကာ လူနှစ်ဦး သို့မဟုတ် လေးယောက်တိုင်း ဆွေးနွေးခန်းနှင့် ထမင်းစားခန်းကို မျှဝေပေးခဲ့သည်။

အခန်းတိုင်းတွင် ရေခဲသေတ္တာတစ်လုံး၊ မိုက်ခရိုဝေ့ဖ်တစ်ခု၊ လေအေးပေးစက်နှင့် အပူပေးစက်တို့ ပင် ပါရှိသည်။

အသွင်ပြောင်းပြီးနောက် အခြေအနေများ ကောင်းမွန်လွန်းသဖြင့် ပုဂ္ဂလိကကျောင်း၏ ကျောင်းသားအများအပြားပင် မနာလိုဖြစ်ခဲ့ကြသည်။

ဟဲကျင့် သည် သူ့အခန်းတံခါးကိုဖွင့်လိုက်သည့်အခါတွင်စားပွဲတွင် ထိုင်ပြီး စားဖို့ အသင့် စောင့်နေသော လူသုံးယောက်ကို တွေ့လိုက်ရသည်။

သူ့ကိုတွေ့တော့ သူတို့ထဲက တစ်ယောက်က "ကျင့်ကော မင်း ဘာလို့ဒီလောက် အရမ်းနှေးနေရတာလဲ?" ဟုအော်လေတော့သည်။

ထိုသူသည် ဟုန်တုန်ယွမ် ဟုခေါ်သော သူ့ အခန်းဖော် ဖြစ်သည်။သူက လူကောင်သေးသေး နှခေါင်းကြီးကြီး နားကားကားနှင့်ဖြစ်ကာ ထိုပုံက သူ့ကို မျောက်နှင့်တူစေသည်။ ထို့ကြောင့်သူ့ကို နာမည် ပြောင်ဖြင့် "ဟုန်" (မျောက်) ဟုလဲခေါ်သည်။

"ငါ ကန်တင်းမသွားခင် ကျောင်းတစ်ပတ်ပတ် နေရလို့ နောက်ကျသွားတာ။"

ဟဲကျင့် သည် ထိုင်ခုံအလွတ်တစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီး ထမင်းဘူးကိုဖွင့်ကြည့်လိုက်သောအခါ အံသြသွားတော့သည်။

အထဲမှာ သူ့နံရိုးနဲ့ ဂေါ်ဖီထုပ်တွေဟာ ခုနက ပြုတ် ကျမှုကြောင့် စေးကပ်တဲ့ အညစ်အကြေးတွေ ဖြစ်သွားတာကို သူမြင်လိုက်ရတော့သည်။

မူလက ကန်တင်းမှာရောင်းတဲ့ ဟင်းပွဲတွေက ကြည့်မကောင်းပေမယ့် အခုတော့ သူ့အနီနဲ့ အဖြူရောင်အနှစ် ပုံသဏ္ဍာန်က ပိုလို့တောင် ကြည့်လို့မကောင်းနေပေ။

"အမ် မင်း ဘယ်လို ရွံစရာကောင်းတဲ့ ဟင်းမျိုးကို စားနေတာလဲ"

ဟုန်တုန်ယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

ဟဲကျင့်: "..."

"ကျောင်းကိစ္စလား ? တစ်ခုခုနဲ့ အလုပ်ရှုပ်နေတာလား" နောက်တစ်ယောက်က မေးလာသည်။

ဟဲကျင့် သည် ငယ်စဉ်ကတည်းက ကျောင်းကော်မတီတွင် အမြဲပါဝင်ခဲ့ပြီး တက္ကသိုလ်ဝင်ပြီးနောက် ကျောင်းသားသမဂ္ဂတွင်လည်း ပါဝင်ခွင့်ရခြင်းသည် သဘာဝကျပါ၏။

လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုများတွင် များစွာ အားထုတ်ခဲ့သည်။

သူသည် အမြဲတမ်း သူ့အလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် လေ့လာရေးဌာန၏ ဝန်ကြီးအဖြစ် ရာထူးတိုးခံရသည်။

သို့သော် ယခုနှစ်အစပိုင်းမှစတင်၍ ဟဲကျင့်သည် စိတ်အားထက်သန်မှုမရှိတော့သည်မှာသိသာလှသည်။

မူလက လူတော်တော်များများက သူ့ကို ဒီစာသင်
နှစ်မှာ ဥက္ကဋ္ဌအဖြစ် အကြံပြုခဲ့ကြပြီး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအတွက်တောင် အရွေးခံခဲ့ရသည်။

သို့သော် တစ်နည်းနည်းဖြင့် သူ နှုတ်ထွက်သင့်သလို ခံစားလိုက်ရသည်။

"ဘာမှမဟုတ်ပါဘူး၊ မဲဆွယ်စည်းရုံးဖို့ ကမ်ပိန်းကိစ္စပါ။.."

ဟဲကျင့် က စားချင်စိတ် မရှိတော့သဖြင့် တူကို ဖယ်လိုက်တော့သည်။

———

နေ့လည် စာသင်ချိန်ပြီးသောအခါ ဟဲကျင့် သည် ခဏတာ အနားယူရန် အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။

သူနိုးလာသောအခါတွင် ဟုန်တုန်ယွမ် သည် သူ့ကွန် ပျူတာရှေ့တွင် ကုန်းလျက် ဂိမ်းဆော့နေသည်ကို တွေ့လိုက်ရသည်။

ရံဖန်ရံခါတွင် ထိုလူသည် အလွန်စိတ်လှုပ်ရှားနေ
ဟန်ဖြင့် ငြီးတွားသံ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထွက်လာတတ်သည်။

ထိုသူက ဂိမ်းစွဲလမ်းနေသူပင် Fresherအတန်းကနေ အခုအချိန်အထိ ဟဲကျင့်သည် သူ့ကွန်ပျူတာမှာ ဂိမ်းမဆော့တဲ့ ရက်တစ်ရက်မှကို မတွေ့ဖူးပေ။

ပြီးတော့ အတန်းတွေလစ်တာကို မပြောနဲ့ဉီး သူ့က လေ့လာမှုမှာ စိတ်အားထက်သန်မှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားပြီးတော့ သူ့ရလဒ်က အနိမ့်ဆုံးကနေ အလယ်အလတ်တန်းမှာ ရှိနေတာပါပဲ။

နောက်ဆုံးနှစ်နီးနေတဲ့ အခုအချိန်မှာတောင် ထိုသူက မပြောင်းလဲသေးပေ။

စက္ကန့်တိုင်း စားလိုက် အိပ်လိုက် ဂိမ်းဆော့လိုက်နှင့် ပင်။ ဟဲကျင့် သည် တခါတရံတွင် သူ့ကို တကယ်မနာလိုဖြစ်မိသည် ။

ဟုန်တုန်ယွမ် ၏ကွန်ပျူတာScreenပေါ်တွင် မရင်းနှီးသောပုံတစ်ပုံကို မြင်လိုက်ရသောအခါ ဟဲကျင့်သည်သူ့ ဘေးသို့ သွားလိုက်ကာ "ကစားနေတုန်းလား" ဟု မေးလိုက်သည်။

ဟုန်တုန်ယွမ် က သူ့နားကြပ်ကို ချွတ်လိုက်ကာ ရင်ဘတ်ကို ပုတ်လိုက်လိုက်ပြီး အော်လိုက်သည်။

"မင်းဘာလို့ ဒီလောက်တိတ်နေတာလဲ မင်းငါ့ကို လန့်အောင် လုပ်နေတာပဲ!"

"မင်းပဲ ငါခေါ်နေတာကို မကြားတာကွ"

ဟဲကျင့်သည် သူ့ကို ဖျတ်ခနဲ ကြည့်ကာ ကွန်ပျူတာကို ကြည့်ပြီး မေးလိုက်သည်။

"အဲ့ဒါ ဘာ ဂိမ်းလဲ"

မျက်နှာပြင် ပေါ်မှာ အဝေးက တောင်တန်းတွေ နဲ့ ပင်လယ်ပြင်ကျယ်ကြီးဖြင့် အလွန်ခမ်းနားလှတဲ့ ပုံပြင်ဆန်တဲ့ နောက်ခံကို သူမြင်နေရသည်။

ဟဲကျင့်သည် ထိုပုံကို တစ်ခါမှ မမြင်ဖူးပေ။

သူကြိုက်တဲ့အရာတစ်ခုအကြောင်းမေးတော့ ဟုန်တုန်ယွမ် က ချက်ချင်း စိတ်လှုပ်ရှားကာ ဖြေတော့သည်။

"ဒါက ပြည်တွင်း 3D ဂိမ်းတစ်ခုဖြစ်တဲ့ [Demon God] ဂိမ်းလေ တရားဝင်ဝဘ်ဆိုဒ်က မကြာခင်မှာ ဟိုလိုဂရပ်ဖစ် ဗားရှင်းကို ဖြန့်ချိတော့မယ်လို့ ကြေညာခဲ့တယ်လေ။

အခုလက်ရှိ ရေပန်းစားနေတဲ့ ခေါင်းစည်း ပဲ! "

"Demon God......?"

ဟဲကျင့် သည် ထိုနာမည်နှင့် အနည်းငယ်ရင်းနှီးသည်ဟု ခံစားမိသော်လည်း ဤခေတ်တွင် ဤစကားလုံးနှစ်လုံးကို ဂိမ်းအမည်များတွင် တွေ့ရလေ့ရှိသောကြောင့် Demon God ဟူသောအမည်သည် ထူးထူးခြားခြားမဟုတ်ပေ။

"ဒီဂိမ်းက အရင်က အရမ်းရေပန်းစားခဲ့သေးတယ်လေ မင်း အဲဒါကို မကြားဖူးဘူးလား"

ဟုန်တုန်ယွမ် က သူ့မောက်စ်ကို ဂိမ်းInterfaceကို ညွှန်ပြရင်း ပြောလိုက်သည်

"ဒါပေမယ့် နာမည်ပြောင်းသွားပြီ အရင်က [Spirit Fairy] လို့ ခေါ်တယ်။ ဒါကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကစားဖူးပေမယ့် ဥရောပနဲ့ အမေရိကက ဂိမ်းတွေနဲ့ ယှဉ်ရင် စိတ်ဝင်စားဖို့မကောင်းဘူးလို့ ခံစားမိတဲ့အတွက် စွန့်လွှတ်လိုက်တာ
ဒါပေမယ့် မကြာခင်က ငါ သေချာကစား ကြည့်တာ ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားခဲ့ဘူး!
ဒီဟာက ငါရဲ့ ပြည်တွင်းထုတ် ဂိမ်းတွေအပေါ် ထားတဲ့ အမြင်ကို လုံးဝ ပြောင်းလဲ‌စေလိုက်တာပဲ အဲ့ဂိမ်းရဲ့ လူကြိုက်များရတဲ့ အဓိက အချက်က အမေရိကန်ပြည်ထောင်စုရဲ့ [Beast Soul] နဲ့ [Magic Tower] ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် Holographic ဂိမ်းဖြစ်တဲ့ သူရဲ့ နောက်လာလာမဲ့ 'VR' ဗားရှင်းပဲကွ"

ထိုအကြောင်းကို ကြားတော့ ဟဲကျင့် လန့်သွားသည်။ "Holographic " ဖြစ်စဉ်ကြောင့်မဟုတ်ဘဲ ဂိမ်းရဲ့ ယခင်နာမည်ဖြစ်သည့် "Spirit Fairy" ကြောင့်ပင်။

၎င်းသည် အလယ်တန်းကျောင်းတက်စဉ်ကာလက အမှန်တကယ်နာမည်ကြီးခဲ့သော ဂိမ်းတစ်ခုဖြစ်ပြီး ဟဲကျင့် ကစားဖူးသည့်တစ်ခုတည်းသောအွန်လိုင်းဂိမ်းလည်းဖြစ်သည်။

ထိုအချိန်တွင် တရုတ် အင်တာနက်ဝတ္ထုများသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် ရေပန်းစားလာခဲ့သည်။

စိတ်ကူးယဉ်ဆန်ဆန်နှင့် ကျင့်ကြံခြင်းလောကအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်ကမ္ဘာ ထဲသို့ စုပ်ယူခံလိုက်ရသလိုခံစားရသည်ဟု အခိုင်အမာဆိုကြသော လူငယ်များကြားတွင် လူသိများလာခဲ့သည်။

ထိုအချိန်အတောအတွင်းတွင် Green Fox ကွန်ရက်သည် မရေမတွက်နိုင်သော လူငယ်ကစားသမားများကို ကစားရန် ဆွဲဆောင်နိုင်သည့် မသေနိုင် သော ရှင်သန်ခြင်းဆိုင်ရာ ဆောင်ပုဒ်ဖြင့် ကြီးမားသော 3D ကျင့်ကြံခြင်း ဆိုင်ရာ အွန်လိုင်းဂိမ်း "Spirit Fairy" ကို လွှင့်တင်ခဲ့သည်။

ဟဲကျင့်၏အတန်းဖော်အားလုံးနီးပါးသည် ထိုအချိန်က ထိုဂိမ်းကိုကစားခဲ့ကြသည်။

ကျောင်းဆင်းချိန်တိုင်း နေ့တိုင်း ဒီဂိမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောကြသည်။

အချို့သောလူများသည် ဤဂိမ်းအတွက် အတန်းဂရုကို ပင် ထောင်ထားသောကြောင့် ဟဲကျင့်ပါ မပါဝင်ရန် ပိုမိုခက်ခဲစေသည်။

"လွန်ခဲ့တဲ့ခြောက်လက [Magic Tower] ဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ ဆာဗာတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး လူအများရဲ့ ချီးကျူးမှုနဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်လေ!!!"

ဟုန်တုန်ယွမ်က ဆက်လက်ပြောနေဆဲဖြစ်သည်။

"ဟုတ်သားပဲ မကြာသေးခင် က ဂိမ်းရဲ့ တရားဝင် ဆိုက် က Eventတစ်ခုလည်း ထုတ်ပြန်ခဲ့သေးတယ် ဂိမ်းရဲ့ အရင်ဗားရှင်းဖြစ်တဲ့ [Spirit Fairy] မှာ စာရင်းသွင်းထားတဲ့ အကောင့်တွေက Demon God ရဲ့ Holographic Helmet တစ်လုံးကို ဆွတ်ခူးဖို့ အခွင့်အရေးရှိတယ်လို့ ပြောသေးတယ် အဲ့တာက ဒေါ်လာထောင်ပေါင်းများစွာတန်တယ်ကွ ဒါပေမယ့် [Spirit Fairy] ထွက်တဲ့ အချိန်တုန်းက ငါတို့ အလယ်တန်းကျောင်းတက်တုန်းပဲရှိသေးတာလေ အာ.. ငါ့အကောင့်ရဲ့ passwordကိုတောင် မေ့နေတာကြာပြီ။"

ဟုန်တုန်ယွမ် သည် သူနှင့်စကားပြောနေသောသူသည် ယခင်ကဂိမ်းတခါမှ မကစားဖူးသော ဟဲကျင့် ဖြစ်နေသည်ကို ရုတ်တရက် ရိပ်မိသွားခဲ့သည်။

ထိုအရာများကို ပြောပြခြင်းသည် ဘဲတစ်ကောင်နှင့် စကားပြောနေသည့် ကြက်နှင့်တူသည်။

[T/N: 鸡同鸭讲: တရုတ်စကားပုံတစ်ခုပါ။ ဘာသာစကားအခက်အခဲကြောင့် ဆက်သွယ်လို့မရသော လူနှစ်ဦးကို ဆိုလိုသည်။]

"ကောင်းပြီ၊ မင်း ဒီအရာတွေကို သေချာပေါက် စိတ်မဝင်စားတာကိုငါသိပါတယ်.."

ဟုန်တုန်ယွမ်က ထို့နောက် အချိန်ကို ကြည့်လိုက်သည်။ သူ့နားကြပ်ကို ဖြုတ်ပြီး ကန်တင်းမှာ ညစာစားဖို့ အခန်းဖော်တွေကို မေးတော့မဲ့ အချိန်မှာ သူ့ဘေးနားက "ဒီဂိမ်းအတွက် Install လုပ်ဖို့ Package ရှိလား" လို့ မေးတဲ့ အသံကို ကြားလိုက်ရပါတော့သည်။

ဟုန်တုန်ယွမ်: "..."

နေက အနောက်ကနေ ရုတ်တရက် ထွက်လာတာလား?

ညစာစားပြီးနောက် ဟဲကျင့် သည် သူ၏ကွန်ပျူတာတွင် ထည့်သွင်းထားသည့် "Demon God" icon ကို double click နှိပ်ကာဖြင့် လေးထောင့်ပုံသဏ္ဌာန် အကောင့် LogIn box တွင် ရင်းနှီးတဲ့ usernameနဲ့ passwordကို ထည့်သွင်းခဲ့သည်။

ဟုန်တုန်ယွမ် က သူ့ဘေးနားကို လှမ်းကြည့်ရင်း အံ့အားသင့်သွားကာ

"မထင်မှတ်ပဲ မင်းမှာ အကောင့် တစ်ခုရှိနေတာလား?"

ဟဲကျင့်: "ငါ အလယ်တန်းတုန်းက ကစားခဲ့တာ"

ဟုန်တုန်ယွမ်ရဲ့ မျက်လုံးတွေ ပိုကျယ်သွားတော့သည်။

"အကောင့်ရဲ့ password ကို မှတ်မိသေးလား?"

ဟဲကျင့် : "ငါ့ရဲ့ socialအကောင့် password တွေ အားလုံးက အတူတူပဲ မှားရင်တောင် ပင်နံပါတ်ပဲ ဖြစ်လိမ့်မယ်...."

"မဟုတ်လောက်ဘူး ငါတော့ မှန်တယ်လို့ထင်တယ်"

ဟုန်တုန်ယွမ်သည် screenကို ကြည့်၍ ပြောလိုက် သည်။

ဒီနေ့ တော့ ဟဲကျင့် က သူ့အတွက် တကယ်ကို မျက်စိကျယ်အောင် လုပ်ပေးသူပင်။

ဤလူကို နှစ်နှစ်ခွဲကြာ သိကျွမ်းခဲ့ပြီး နောက်မှာ သူသည် စာလေ့လာခြင်းနှင့် သာမာန်ကျောင်းသား အလုပ်များကို လုပ်ရုံမှတပါး မည်သည့်အရာကိုမျှ မမြင်ဖူးပေ။

သူသည် ဟဲကျင့် ကို ငကြောင်၊ အလုပ်ကို အရူးအမူးစွဲလမ်းခြင်း ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆို ချက် တစ်ခုလို့  ဟု အမြဲထင်နေခဲ့သည်။

အွန်လိုင်းဂိမ်းတွေလည်း ကစားတယ်လို့ ဘယ်တော့မှ မထင်မိခဲ့ပေ။

ယခုနှစ် ကွန်ရက်အမြန်နှုန်းသည် အမှန်တကယ် ပင်မြန်ဆန်ခဲ့ပြီး ဆာဗာသည် အလွန်ရေပန်းစားသောကြောင့် ဂိမ်းတွင် စောင့်ဆိုင်းရခြင်းမှာ မရှိသလောက်နည်းပါးခဲ့သည်။

ဟဲကျင့် သည်LogInကို နှိပ်ပြီးနောက် ခဏစောင့်ဆိုင်းရန် လိုအပ်ပြီး အကောင့်၏စကားဝှက်သည် မှန်ကန်ကြောင်း ညွှန်ပြပြီးနောက် ဂိမ်းစတင်နေပြီဖြစ်သည်။

ထို့နောက် သူ့Screenပေါ်တွင် System alert box တစ်ခု ပေါ်လာသည်

〖လေးစားရပါသော "နတ်သမီးလေးကျင့်"
[Spirit Fairy] မှ ကြိုဆိုပါတယ်။ ဂိမ်းကို လွန်ခဲ့သည့် ရှစ်နှစ်အတွင်း အဆင့်မြှင့်တင်ခဲ့ပြီး ယခုအခါ "Demon God" ဟုခေါ်ပါသည်။ သင့်အကောင့်သည် ကနဦးဗားရှင်း ID ဖြင့် မှတ်ပုံတင်ထားကြောင်း စနစ်က တွေ့ရှိသောကြောင့် သင်သည် "Demon God"Holographic ဦးထုပ် ရဲ့ ကံစမ်းမဲအစီအစဉ် ကို ဝင်ရောက်ရန် အခွင့်အရေးရရှိသည်!
ကံစမ်းမဲ ပေါက်နှုန်းသည် 5% အထိ ဖြစ်ပါသည်။
ကျေးဇူးပြု၍ အောက်ပါ websiteကို နှိပ်ပါ... 〗

"အာ အာ အာ ! မြန်မြန်လေး!"

ဟုန်တုန်ယွမ် က ဟဲကျင့် ရဲ့ ကုလားထိုင်နောက် ကျောကို ပုတ်လိုက်သည် ။

ဟဲကျင့် မျက်လုံးလှန်လိုက်သော်လည်း lottery page  ကို ဖွင့်ထားဆဲဖြစ်သည်။

အမည်ရင်း၊ မိုဘိုင်းလ်ဖုန်း၊ ဆက်သွယ်ရန်လိပ်စာနှင့် IDကတ်နံပါတ် အပါအဝင် မိမိနှင့်ပတ်သက်သည့် အချက်အလက်များစွာကို ဦးစွာဖြည့်စွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသော form pageတစ်ခုပေါ်ပေါက်လာခဲ့သည်။

"ဒါက တကယ်အဆင်ပြေရဲ့လား?"

သူအနည်းငယ်သတိထား၍ မေးလိုက်သည်။

ဟုန်တုန်ယွမ် က ရှင်းပြခဲ့သည်

"ဘရို ၊ အခုခေတ်မှာ ဘယ်ဂိမ်းမျိုးကိုမဆို ကစားဖို့ဆို ဒီအချက်အလက်စနစ်အမှန်ကို သုံးရတာပဲအကောင့်တစ်ခု မှတ်ပုံတင်ချင်ရင်ပိုတောင်ဆိုးသေး ဒါတွေကို အရင်ဖြည့်ရတယ် အဲ့ဒါက အမျိုးသားဂိမ်း လက်မှတ်ရေးမူဝါဒရှိပြီးသား Fox NET ရဲ့ ဂိမ်းဆိုရင်တော့ ပြောမနေနဲ့တော့
မင်းစိုးရိမ်ရင် ငါရဲ့ အချက်အလက်တွေကို ဖြည့်လိုက်လေ မင်း ရခဲ့ရင် မင်းဆီငါ ပြန်ပို့ပေးမယ်!"

၎င်းကိုစဉ်းစားပြီးနောက် ဟဲကျင့် သည် ဟုန်တုန်ယွမ် ၏အချက်အလက်များနှင့်အတူ ဖောင်ကိုဖြည့်ခဲ့သော်လည်း မမျှော်လင့်ဘဲ တင်ပြပြီးနောက် မကြာမီတွင် အမှားသတိပေးချက်တစ်ခုထွက်ပေါ်လာခဲ့သည်။

〖ဝမ်းနည်းပါတယ်၊ ဒီIDကတ်အချက်အလက်ကို အသုံးပြုပြီးပါပြီ။ Demon God သည် လူတစ်ဦးတစ်ယောက်ချင်း သီးသန့်ဝါဒကို ချမှတ်ထားသည်။ IDကတ်တစ်ခုစီ၏ အချက်အလက်များကို ဂိမ်းအကောင့်တစ်ခုတွင်သာ အသုံးပြုနိုင်ပါသည်။ 〗

ဟုန်တုန်ယွမ်: "..."

ဟဲကျင့် သည် ကူရာမဲ့စွာဖြင့်ကတ်အလက်များကို သူ့ကိုယ်ပိုင် ဒေတာ တွေသာ ထည့်သွင်းရတော့သည်။

Lotteryရလဒ်များကို "Demon God" holographic version ထွက်ပြီး တစ်လအကြာတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ဂိမ်းရဲ့pageသို့ပြန်သွားသောအခါ ဟဲကျင့် ၏ဇာတ်ကောင် ဖြစ်သည့် အပြာရောင်အဝတ်အစားဝတ်ထားသည့် မိန်းမပျိုလေးတစ်ဦးပေါ်လာသည်။

"ခွီ..."

ဟုန်တုန်ယွမ် က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ကျင့်ကော  မင်းက မိန်းကလေး ဇာတ်ကောင်အ
ဖြစ်ဆော့ခဲ့တာပဲ!"

ဟဲကျင့် မျက်နှာသည် အနည်းငယ်နီလာကာ ချောင်းဆိုးလိုက်ပြီး

"ဒီတိုင်း မျက်စိမှိတ်ပြီးရွေးလိုက်တာ!" ဟု ဆင်ခြေပေးလိုက်သည်။

သူ့ဇာတ်ကောင်က မိန်းကလေးတစ်ယောက်ဆိုတာကိုသူကိုယ်တိုင်လည်းမေ့နေတယ်။ (=_=)

သို့သော်လည်း ဂိမ်းများတွင် ယောက်ျားလေးများသည် အမျိုးသမီးဇာတ်ကောင်များ အဖြစ် ကစားလေ့ရှိကြသည်။

ယခုခေတ်တွင် ဂိမ်းများတွင် အမျိုးသမီး ဇာတ်ကောင် အများအပြားသည် ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းစေရန် ဒီဇိုင်းထုတ်ထားပြီး အမျိုးသား ကစားသမားများသည် ၎င်းတို့၏ မျက်လုံးအစာကျွေးရန် အတွက် အမျိုးသမီး ဇာတ်ကောင်များနှင့် ကစားလေ့ရှိကြသည်။

ဟုန်တုန်ယွမ် ၏ "Magic Tower" ဇာတ်ကောင်ကိုယ်တိုင်က ဆံပင်နီရောင် အမျိုးသမီး နတ်သူငယ် တစ်ယောက်ဖြစ်သည်။

ဟုန်တုန်ယွမ် သည် ဟဲကျင့် ရှိသည့်ဆာဗာကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်စွာ သက်ပြင်း
တစ်ချက်ချ၍ပြောလိုက်သည်။

"အာ ငါတို့က မတူညီတဲ့ ဆာဗာတွေမှာ ရှိနေတာပဲ!"

ဟဲကျင့် : "ငါက ဒီတိုင်း အကောင့် ဝင်ကြည့်တာ  ကစားဖို့ မဟုတ်ဘူး"

ဟဲကျင့် ပြောတာကိုကြားပြီးနောက် ဟုန်တုန်ယွမ်ကခေါင်းငြိမ့်ပြပြီး သူ့ကိုယ်ပိုင်အကောင့်ကို မဆော့ခင်မှာ

"ဒါဆို ဦးထုပ် ရခဲ့ရင် ငါ့ကို ပေးရမယ်နော်" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ဟဲကျင့်သည် ဂိမ်းထဲကို ချောချောမွေ့မွေ့ ဝင်ရောက်သွားသည်။

သူ့ဇာတ်ကောင်က သဲကန္တာရ ပန်းပွင့်ချိုင့်ဝှမ်းထဲမှာ ရပ်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် နေရောင်အောက်တွင် ရွှေဝါရောင်သန်းနေသော
အဖြူအဝါရောင် မြက်ပင်များဖြင့် ပြည့်နေသည်။

ရှုခင်းသည် အလွန်လှပသောကြောင့် ဟဲကျင့်ကို အနည်းငယ် အံ့သြသွားစေသည်။

သူ၏အပြာရောင်အဝတ်အစား ဇာတ်ကောင်၏ မြင်ကွင်း ကို ချိန်ညှိလိုက်ရာ ဟဲကျင့်  သည် ရှုခင်းအသစ်နှင့် ပြိုးပြိုးပြက်ပြက်ဖြစ်နေသောမြင်ကွင်းကို ကြည့်ကာ သူ့ရင်ထဲ၌ အထူးမသိကျွမ်းသောခံစားချက်များ ပေါက်ဖွားလာမှုကို မကူညီနိုင်ခဲ့ပါ။

မီးခိုးရောင်အမည်များဖြင့် ပြည့်နှက်နေသော သူ၏သူငယ်ချင်းစာရင်းကို စစ်ဆေးရန် လုပ်လိုက်ကာ ထိပ်တန်းနာမည်များစွာကို ဖတ်ကြည့်လိုက်သည်။ "ပျံသန်းနေတဲ့ အသားညှပ်ပါမုန့်, ဥကိုက် နေတဲ့ကြက်ဥလိပ်, လဲလျောင်းနေတဲ့သေနတ်ဖတ်ထုပ်များ ..."

အများစုမှာ ထိုအချိန်က သူ၏ အလယ်တန်းကျောင်းနေဖက်များဖြစ်သည်။ .

-ခဏလေး နှလုံးသားမဲ့ မီး?

သူ့သူငယ်ချင်းစာရင်းထဲက အစားအသောက်အခြေခံနာမည်တွေကြားထဲမှာ ဒီနာမည်ရောက်နေတာက နည်းနည်းလေးလွဲနေတယ်။

သို့သော် ဟဲကျင့် သည် ဤနာမည်နှင့်ဆိုင်သော မည်သူ့ကိုမျှ အတိအကျ မစဉ်းစားနိုင်သော်လည်း တစ်မျိုးတစ်ဖုံဖြင့် ၎င်းထံမှ အလွန်ရင်းနှီးသော ခံစားချက်ကို ရရှိခဲ့သည်။

ပြီးတော့  ဒီဂိမ်းကို သူနောက်ဆုံးကစားခဲ့တာ ရှစ်နှစ်ရှိပြီမို့ ဘယ်သူက ဘယ်သူလဲဆိုတာ သူ့ကို မှတ်မိဖို့ မဖြစ်နိုင်တော့ပေ။

ဒါကို သူတွေးနေရင်း နောက်တစက္ကန့်မှာ သူကြည့်နေတဲ့ နာမည်က ရုတ်တရက် တောက်ပလာပြီး Screenပေါ်မှာ ရွှေရောင်အက္ခရာ စာကြောင်းတစ်ကြောင်း ပေါ်လာတော့သည်။

〖System〗- သင့်ခင်ပွန်း "နှလုံးသားမဲ့ မီး" အွန်လိုင်းပေါ်တွင် ရှိနေသည်။

Zawgyi

ေရွာင္ရွန္း(နတ္သမီးေလး)

ဟဲက်င့္ သည္ ဒုတိယေျမာက္ ကန္တင္းမွ ဝက္နံ႐ိုးခ်ိဳခ်ဥ္ ႏွင့္ ေဂၚဖီအသားအႏွစ္ ကို မွာယူခဲ့ၿပီး ေန႔လည္စာဘူး ကို ကိုင္ေဆာင္ကာ အေဆာင္ခန္း သို႔ ေအးေအးလူလူ လမ္းေလွ်ာက္၍ ျပန္လာခဲ့သည္။

အိပ္ေဆာင္သို႔သြားရာလမ္းတစ္ေလ်ာက္တြင္ ဂင္ဂို(ယပ္ေတာင္ပုံ) အပင္မ်ားစြာ ရွိေနၿပီး နင္းလိုက္ ေသာအခါတြင္ အသံအနည္းငယ္ထြက္လာတတ္ ေသာ ေ႐ႊေရာင္ပန္ကာသ႑ာန္ ဝါညိဳေရာင္ သစ္
႐ြက္ေျခာက္မ်ားစြာ ေႂကြက်ေနေလသည္။

[T/N:ဂင္ဂိုသစ္႐ြက္ပုံပါ။]



သူ႔ေဘးမွ လွပၿပီး သပ္ရပ္တဲ့ ၀တ္စုံေလးမ်ားျဖင့္ ရယ္ေမာေပ်ာ္႐ႊင္ေနေသာ မိန္းကေလးတစ္စု ျဖတ္သြားၾကသည္။

သူတို႔လက္ထဲမွာေတာ့ အားကစားသမားမ်ားကို အားေပးရာတြင္ သုံးေသာ ေရာင္စုံအေမႊးဖြား မ်ိဳးစုံကို ကိုင္ေဆာင္ထားသည္။

သူတို႔၏ စကားဝိုင္းတြင္ "တင္းနစ္" ႏွင့္ "ေက်ာင္းIdol" ဟူေသာ စကားလုံးမ်ားႏွင့္ျပည့္ႏွက္ ေနသည္။

ထို႔သို႔ေသာ စကားလုံးမ်ားကို ေဆာင္းဉီးေႏွာင္းပိုင္း တြင္ ေအးျမေသာ အေအးဓာတ္ကို ပင္ မမူ႔ကာ စိတ္အားထက္သန္မူျဖင့္ ေျပာဆိုေနၾကသည္။

ဒီလိုရာသီဉတုမွာ သူတို႔ရဲ႕ ေျခတံရွည္ေတြကို ေဖာ္ျပထားသည္ကို ၾကည့္ကာ ဟဲက်င့္သည္ ေအးသျဖင့္ ၾကက္သီးမထေအာင္ေတာင္မတားဆီးႏိုင္ခဲ့ေပ။

အေရွ႕ရွိလမ္းသည္ ေက်ာင္း၏တင္းနစ္ကြင္းဆီသို႔ သြားရာလမ္းျဖစ္ၿပီး ယေန႔မြန္းလြဲပိုင္းတြင္ ၿပိဳင္ပြဲႀကီးတစ္ခုက်င္းပပုံရသည္။ ထို႔အျပင္ မိန္းကေလးမ်ားေျပာေနၾကေသာ "ေက်ာင္းIdol" ေလးသည္ထိုၿပိဳင္ပြဲတြင္ပါ၀င္မည္ဟုေကာလဟာလလည္း ရွိေလသည္။

ဘယ္လိုပဲျဖစ္ျဖစ္ ဤအရာမ်ားသည္ ဟဲက်င့္ အတြက္ မထူးဆန္းေပ။ဤေက်ာင္းဝင္းတြင္ ႏွစ္ႏွစ္ခြဲၾကာ က်င္လည္ၿပီးေနာက္တြင္ ေတြ႕ႀကဳံရမည့္ အရာမ်ား အားလုံးကို သူေတြ႕ႀကဳံခဲ့ၿပီးျဖစ္သည္။

တတိယႏွစ္အတန္းမ်ား သည္ အဓိက ဘာသာ ရပ္မ်ားအတြက္ အလုပ္မ်ားေသာ ႏွစ္ျဖစ္သည္။အထူးသျဖင့္ ဒုတိယႏွစ္ဝက္ စာသင္ႏွစ္ စသည့္ အခ်ိန္တြင္ပင္။

စိတ္ေအးလက္ေအးႏွင့္ ထက္ျမက္ေသာ တကၠသိုလ္ဘဝသည္ ေပ်ာက္ကြယ္သြားပုံရၿပီး စိုးရိမ္ပူပန္မႈမ်ားႏွင့္ အနာဂတ္အတြက္ တုံ႔ဆိုင္းေနသည့္ ခံစား
ခ်က္မ်ားကတျဖည္းျဖည္း ပ်ံ႕ႏွံ႔လာေလသည္။

ဟဲက်င့္သည္ မေန႔ညက အိမ္ကဖုန္းေခၚတာကို ျပန္သတိရသြားကာ သက္ျပင္းခ်လိုက္သည္။

သူ႔အေဖက သူ႔ေမြးရပ္ေျမမွာ အလုပ္ေကာင္း
ေကာင္း စီစဥ္ေပးထားတယ္လို႔ ဖုန္းထဲက အမ်ိဳးသမီးက ေျပာခဲ့တယ္။ ၎သည္ လူသိမ်ားေသာ အဖြဲ႕အစည္းတစ္ခုမွ အႀကံျပဳထားေသာ ျမင့္မားေသာလစာႏွင့္ အက်ိဳးခံစားခြင့္မ်ားစြာရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ေနရာတစ္ခုျဖစ္ေလသည္။

ဘြဲ႕ရၿပီးတာႏွင့္ အလုပ္သြားလုပ္႐ုံပင္...

ထိုအေၾကာင္းကို ေတြးလိုက္႐ုံျဖင့္ ဟဲက်င့္သည္ အနည္းငယ္ပင္ပန္းသလိုပင္ ခံစားလိုက္ရသည္။

အိပ္ေဆာင္ကို ေရာက္သည္ႏွင့္ တစ္ခ်ိန္တည္းမွာပင္ လူအခ်ိဳ႕သည္ အေဆာက္အဦးထဲမွ ႐ုတ္တရက္ ေျပးထြက္လာၿပီး သူ႔ရွိရာဖက္သို႔ မဆင္မျခင္ ေျပးလာၾကသည္။

သူတို႔သည္ ထိုေနရာတြင္ အ႐ူးလိုမ်ိဳး ထမင္းဘူးကိုင္ကာ ရပ္ေနေသာ ဟဲက်င့္ကိုပင္ တိုက္သြားၾကေတာ့သည္။ဟဲက်င့္သည္ သူ႔ကို မတိုက္မိေအာင္ ေရွာင္ရန္ႀကိဳးစားေသာ္လည္း ေနာက္ဆုံးတြင္ အမ်ိဳးသားတစ္ဦးမွ အင္အားအျပည့္ျဖင့္ ဝင္တိုက္ ေတာ့သည္။

"ဘန္း" ဟူေသာ အသံ မၾကာခင္မွာ ထြက္ေပၚလာေတာ့သည္။ ဟဲက်င့္သည္ ယိုင္သြားကာ သူ႔ထမင္းဘူးသည္လည္းေျမျပင္ေပၚသို႔ျပဳတ္က်သြားေတာ့၏။

"ေတာင္းပန္ပါတယ္..."

လူက သူ႔ကိုဆြဲလိုက္ၿပီး သူ႔အတြက္ ထမင္းဘူးကို ေကာက္ေပးရန္ ရပ္လိုက္သည္။

"ကြဲသြားၿပီလား"

"အဆင္ေျပပါတယ္။ " ဟဲက်င့္သည္ ထမင္းဘူးကို ယူလိုက္သည္။

၎သည္ ေကာအမာသား ျဖင့္ျပဳလုပ္ထားေသာ ေန႔လည္စာ ဘူးျဖစ္ ကာ ေကာင္းမြန္စြာ ပိတ္ထားေသာေၾကာင့္ ႐ိုက္ခြဲလိုက္သည့္တိုင္ ကြဲသြားမည္ မဟုတ္ပါ။ တြက္ၾကည့္လိုက္လွ်င္ ဒီကံေကာင္းတဲ့ ေကာင္ေလးက သူ႔ဖက္မွ ေလ်ာ္ေၾကးေပးစရာ
ေတာင္ မလိုေခ်။

ဟဲက်င့္သည္ မ်က္လုံးလွန္ၾကည့္လိုက္ရာ ေပါ့ေပါ့ပါးပါး ႏိုက္ကီ ဂ်ာကင္အက်ႌႏွင့္ အျပာႏွင့္ အျဖဴေရာင္ ပိုလိုရွပ္အက်ႌ ၀တ္ဆင္ထားသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႕လိုက္ရသည္။

ထိုလူသည္ အရပ္ရွည္ၿပီး လက္တံရွည္ကာ သပ္ရပ္ ေသာ ဆံပင္တိုႏွင့္ မ်က္လုံးမွာ အနည္းငယ္ က်ဥ္းေျမာင္းကာ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္း
တစ္စုံရွိေသာေၾကာင့္ အနည္းငယ္ ေအးစက္ေသာ ႐ုပ္ရည္ကို ေပးစြမ္းေနခဲ့သည္။

သူက တင္းနစ္အသင္းရဲ႕ အဖြဲ႕ဝင္ပဲ သူတို႔က ၿပိဳင္ပြဲကို အေျပးအလႊားသြားေနၾကတာလား?

ဟဲက်င့္သည္ လက္ကို ေဝွ႔ယမ္းကာျဖင့္တစ္ကယ္ အဆင္ေျပေၾကာင္းျပသလိုက္သည္။ထို႔ေနာက္ ဘာမွျပန္မေျပာဘဲ ထမင္းဘူးကို ကိုင္ကာ ထြက္သြားေလေတာ့သည္။

လြန္ခဲ့သည့္ႏွစ္အနည္းငယ္က အမ်ိဳးသားေကာလိပ္ မ်ားႏွင့္ တကၠသိုလ္မ်ားအသင္းမွ တကၠသိုလ္မ်ားကို ႏိုင္ငံျခားမွ ဂုဏ္သိကၡာရွိေသာ ေက်ာင္းမ်ားႏွင့္ ဆင္တူေစရန္ ၎တို႔၏ လူေနမႈပတ္ဝန္းက်င္ကို ျမႇင့္တင္ေပးရန္ ေတာင္းဆိုခဲ့သည္။

ထို႔ေနာက္ အစိုးရသည္ ေက်ာင္းေဟာင္းမ်ား ျပန္လည္တည္ေဆာက္ရန္အတြက္ အဓိက အဖြဲ႕အစည္းမ်ားထံ ရန္ပုံေငြ ေပးအပ္ခဲ့သည္။

သူ၏ တကၠသိုလ္သည္ ရန္ပုံေငြခြဲေဝမႈတြင္ ပါဝင္ခဲ့သည္။ ေက်ာင္းသားေဟာင္းမ်ား က "ဝက္အိပ္ ေဆာင္" ဟုေခၚဆိုခဲ့ သည့္ မေရမတြက္ႏိုင္ေသာ ေက်ာင္းအိပ္ေဆာင္ေဟာင္းမ်ားကို စြန႔္ပစ္လိုက္ကာ လူႏွစ္ေယာက္ တြဲခန္းအသစ္မ်ား အျဖစ္ ေျပာင္းလဲကာ လူႏွစ္ဦး သို႔မဟုတ္ ေလးေယာက္တိုင္း ေဆြးေႏြးခန္းႏွင့္ ထမင္းစားခန္းကို မွ်ေဝေပးခဲ့သည္။

အခန္းတိုင္းတြင္ ေရခဲေသတၱာတစ္လုံး၊ မိုက္ခ႐ိုေဝ့ဖ္တစ္ခု၊ ေလေအးေပးစက္ႏွင့္ အပူေပးစက္တို႔ ပင္ ပါရွိသည္။

အသြင္ေျပာင္းၿပီးေနာက္ အေျခအေနမ်ား ေကာင္းမြန္လြန္းသျဖင့္ ပုဂၢလိကေက်ာင္း၏ ေက်ာင္းသားအမ်ားအျပားပင္ မနာလိုျဖစ္ခဲ့ၾကသည္။

ဟဲက်င့္ သည္ သူ႔အခန္းတံခါးကိုဖြင့္လိုက္သည့္အခါတြင္စားပြဲတြင္ ထိုင္ၿပီး စားဖို႔ အသင့္ ေစာင့္ေနေသာ လူသုံးေယာက္ကို ေတြ႕လိုက္ရသည္။

သူ႔ကိုေတြ႕ေတာ့ သူတို႔ထဲက တစ္ေယာက္က "က်င့္ေကာ မင္း ဘာလို႔ဒီေလာက္ အရမ္းေႏွးေနရတာလဲ" ဟုေအာ္ေလေတာ့သည္။

ထိုသူသည္ ဟုန္တုန္ယြမ္ ဟုေခၚေသာ သူ႔ အခန္းေဖာ္ ျဖစ္သည္။သူက လူေကာင္ေသးေသး ႏွေခါင္းႀကီးႀကီး နားကားကားႏွင့္ျဖစ္ကာ ထိုပုံက သူ႔ကို ေမ်ာက္ႏွင့္တူေစသည္။ ထို႔ေၾကာင့္သူ႔ကို နာမည္ ေျပာင္ျဖင့္ "ဟုန္" (ေမ်ာက္) ဟုလဲေခၚသည္။

"ငါ ကန္တင္းမသြားခင္ ေက်ာင္းတစ္ပတ္ပတ္ ေနရလို႔ ေနာက္က်သြားတာ။"

ဟဲက်င့္ သည္ ထိုင္ခုံအလြတ္တစ္ခုေပၚတြင္ ထိုင္ခ်လိုက္ၿပီး ထမင္းဘူးကိုဖြင့္ၾကည့္လိုက္ေသာအခါ အံၾသသြားေတာ့သည္။

အထဲမွာ သူ႔နံ႐ိုးနဲ႔ ေဂၚဖီထုပ္ေတြဟာ ခုနက ျပဳတ္ က်မႈေၾကာင့္ ေစးကပ္တဲ့ အညစ္အေၾကးေတြ ျဖစ္သြားတာကို သူျမင္လိုက္ရေတာ့သည္။

မူလက ကန္တင္းမွာေရာင္းတဲ့ ဟင္းပြဲေတြက ၾကည့္မေကာင္းေပမယ့္ အခုေတာ့ သူ႔အနီနဲ႔ အျဖဴေရာင္အႏွစ္ ပုံသ႑ာန္က ပိုလို႔ေတာင္ ၾကည့္လို႔မေကာင္းေနေပ။

"အမ္ မင္း ဘယ္လို ႐ြံစရာေကာင္းတဲ့ ဟင္းမ်ိဳးကို စားေနတာလဲ"

ဟုန္တုန္ယြမ္က ျပတ္သားစြာ ေျပာလိုက္သည္။

ဟဲက်င့္: "..."

"ေက်ာင္းကိစၥလား ? တစ္ခုခုနဲ႔ အလုပ္ရႈပ္ေနတာလား" ေနာက္တစ္ေယာက္က ေမးလာသည္။

ဟဲက်င့္ သည္ ငယ္စဥ္ကတည္းက ေက်ာင္းေကာ္မတီတြင္ အၿမဲပါဝင္ခဲ့ၿပီး တကၠသိုလ္ဝင္ၿပီးေနာက္ ေက်ာင္းသားသမဂၢတြင္လည္း ပါဝင္ခြင့္ရျခင္းသည္ သဘာဝက်ပါ၏။

လြန္ခဲ့သည့္ ႏွစ္ႏွစ္အတြင္းတြင္ ေက်ာင္းသား သမဂၢ လႈပ္ရွားမႈမ်ားတြင္ မ်ားစြာ အားထုတ္ခဲ့သည္။

သူသည္ အၿမဲတမ္း သူ႔အလုပ္ကို ေကာင္းမြန္စြာ ထမ္းေဆာင္ခဲ့ေသာေၾကာင့္ ေလ့လာေရးဌာန၏ ဝန္ႀကီးအျဖစ္ ရာထူးတိုးခံရသည္။

သို႔ေသာ္ ယခုႏွစ္အစပိုင္းမွစတင္၍ ဟဲက်င့္သည္ စိတ္အားထက္သန္မႈမရွိေတာ့သည္မွာသိသာလွသည္။

မူလက လူေတာ္ေတာ္မ်ားမ်ားက သူ႔ကို ဒီစာသင္
ႏွစ္မွာ ဥကၠ႒အျဖစ္ အႀကံျပဳခဲ့ၾကၿပီး ေက်ာင္းသားသမဂၢ ဥကၠ႒အတြက္ေတာင္ အေ႐ြးခံခဲ့ရသည္။

သို႔ေသာ္ တစ္နည္းနည္းျဖင့္ သူ ႏႈတ္ထြက္သင့္သလို ခံစားလိုက္ရသည္။

"ဘာမွမဟုတ္ပါဘူး၊ မဲဆြယ္စည္း႐ုံးဖို႔ ကမ္ပိန္းကိစၥပါ။.."

ဟဲက်င့္ က စားခ်င္စိတ္ မရွိေတာ့သျဖင့္ တူကို ဖယ္လိုက္ေတာ့သည္။

———

ေန႔လည္ စာသင္ခ်ိန္ၿပီးေသာအခါ ဟဲက်င့္ သည္ ခဏတာ အနားယူရန္ အိပ္ေဆာင္သို႔ ျပန္သြားခဲ့သည္။

သူႏိုးလာေသာအခါတြင္ ဟုန္တုန္ယြမ္ သည္ သူ႔ကြန္ ပ်ဴတာေရွ႕တြင္ ကုန္းလ်က္ ဂိမ္းေဆာ့ေနသည္ကို ေတြ႕လိုက္ရသည္။

ရံဖန္ရံခါတြင္ ထိုလူသည္ အလြန္စိတ္လႈပ္ရွားေန
ဟန္ျဖင့္ ၿငီးတြားသံ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ ထြက္လာတတ္သည္။

ထိုသူက ဂိမ္းစြဲလမ္းေနသူပင္ Fresherအတန္းကေန အခုအခ်ိန္အထိ ဟဲက်င့္သည္ သူ႔ကြန္ပ်ဴတာမွာ ဂိမ္းမေဆာ့တဲ့ ရက္တစ္ရက္မွကို မေတြ႕ဖူးေပ။

ၿပီးေတာ့ အတန္းေတြလစ္တာကို မေျပာနဲ႔ဉီး သူ႔က ေလ့လာမႈမွာ စိတ္အားထက္သန္မႈ မရွိဘူးဆိုတာ ရွင္းရွင္းလင္းလင္း သိထားၿပီးေတာ့ သူ႔ရလဒ္က အနိမ့္ဆုံးကေန အလယ္အလတ္တန္းမွာ ရွိေနတာပါပဲ။

ေနာက္ဆုံးႏွစ္နီးေနတဲ့ အခုအခ်ိန္မွာေတာင္ ထိုသူက မေျပာင္းလဲေသးေပ။

စကၠန႔္တိုင္း စားလိုက္ အိပ္လိုက္ ဂိမ္းေဆာ့လိုက္ႏွင့္ ပင္။ ဟဲက်င့္ သည္ တခါတရံတြင္ သူ႔ကို တကယ္မနာလိုျဖစ္မိသည္ ။

ဟုန္တုန္ယြမ္ ၏ကြန္ပ်ဴတာScreenေပၚတြင္ မရင္းႏွီးေသာပုံတစ္ပုံကို ျမင္လိုက္ရေသာအခါ ဟဲက်င့္သည္သူ႔ ေဘးသို႔ သြားလိုက္ကာ "ကစားေနတုန္းလား" ဟု ေမးလိုက္သည္။

ဟုန္တုန္ယြမ္ က သူ႔နားၾကပ္ကို ခြၽတ္လိုက္ကာ ရင္ဘတ္ကို ပုတ္လိုက္လိုက္ၿပီး ေအာ္လိုက္သည္။

"မင္းဘာလို႔ ဒီေလာက္တိတ္ေနတာလဲ မင္းငါ့ကို လန႔္ေအာင္ လုပ္ေနတာပဲ!"

"မင္းပဲ ငါေခၚေနတာကို မၾကားတာကြ"

ဟဲက်င့္သည္ သူ႔ကို ဖ်တ္ခနဲ ၾကည့္ကာ ကြန္ပ်ဴတာကို ၾကည့္ၿပီး ေမးလိုက္သည္။

"အဲ့ဒါ ဘာ ဂိမ္းလဲ"

မ်က္ႏွာျပင္ ေပၚမွာ အေဝးက ေတာင္တန္းေတြ နဲ႔ ပင္လယ္ျပင္က်ယ္ႀကီးျဖင့္ အလြန္ခမ္းနားလွတဲ့ ပုံျပင္ဆန္တဲ့ ေနာက္ခံကို သူျမင္ေနရသည္။

ဟဲက်င့္သည္ ထိုပုံကို တစ္ခါမွ မျမင္ဖူးေပ။

သူႀကိဳက္တဲ့အရာတစ္ခုအေၾကာင္းေမးေတာ့ ဟုန္တုန္ယြမ္ က ခ်က္ခ်င္း စိတ္လႈပ္ရွားကာ ေျဖေတာ့သည္။

"ဒါက ျပည္တြင္း 3D ဂိမ္းတစ္ခုျဖစ္တဲ့ [Demon God] ဂိမ္းေလ တရားဝင္ဝဘ္ဆိုဒ္က မၾကာခင္မွာ ဟိုလိုဂရပ္ဖစ္ ဗားရွင္းကို ျဖန႔္ခ်ိေတာ့မယ္လို႔ ေၾကညာခဲ့တယ္ေလ။

အခုလက္ရွိ ေရပန္းစားေနတဲ့ ေခါင္းစည္း ပဲ! "

"Demon God......?"

ဟဲက်င့္ သည္ ထိုနာမည္ႏွင့္ အနည္းငယ္ရင္းႏွီးသည္ဟု ခံစားမိေသာ္လည္း ဤေခတ္တြင္ ဤစကားလုံးႏွစ္လုံးကို ဂိမ္းအမည္မ်ားတြင္ ေတြ႕ရေလ့ရွိေသာေၾကာင့္ Demon God ဟူေသာအမည္သည္ ထူးထူးျခားျခားမဟုတ္ေပ။

"ဒီဂိမ္းက အရင္က အရမ္းေရပန္းစားခဲ့ေသးတယ္ေလ မင္း အဲဒါကို မၾကားဖူးဘူးလား"

ဟုန္တုန္ယြမ္ က သူ႔ေမာက္စ္ကို ဂိမ္းInterfaceကို ၫႊန္ျပရင္း ေျပာလိုက္သည္

"ဒါေပမယ့္ နာမည္ေျပာင္းသြားၿပီ အရင္က [Spirit Fairy] လို႔ ေခၚတယ္။ ဒါကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ကစားဖူးေပမယ့္ ဥေရာပနဲ႔ အေမရိကက ဂိမ္းေတြနဲ႔ ယွဥ္ရင္ စိတ္ဝင္စားဖို႔မေကာင္းဘူးလို႔ ခံစားမိတဲ့အတြက္ စြန႔္လႊတ္လိုက္တာ
ဒါေပမယ့္ မၾကာခင္က ငါ ေသခ်ာကစား ၾကည့္တာ ဒီေလာက္ေကာင္းမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး!
ဒီဟာက ငါရဲ႕ ျပည္တြင္းထုတ္ ဂိမ္းေတြအေပၚ ထားတဲ့ အျမင္ကို လုံးဝ ေျပာင္းလဲ‌ေစလိုက္တာပဲ အဲ့ဂိမ္းရဲ႕ လူႀကိဳက္မ်ားရတဲ့ အဓိက အခ်က္က အေမရိကန္ျပည္ေထာင္စုရဲ႕ [Beast Soul] နဲ႔ [Magic Tower] ၿပီးရင္ ကမာၻေပၚမွာ တတိယေျမာက္ Holographic ဂိမ္းျဖစ္တဲ့ သူရဲ႕ ေနာက္လာလာမဲ့ 'VR' ဗားရွင္းပဲကြ"

ထိုအေၾကာင္းကို ၾကားေတာ့ ဟဲက်င့္ လန႔္သြားသည္။ "Holographic " ျဖစ္စဥ္ေၾကာင့္မဟုတ္ဘဲ ဂိမ္းရဲ႕ ယခင္နာမည္ျဖစ္သည့္ "Spirit Fairy" ေၾကာင့္ပင္။

၎သည္ အလယ္တန္းေက်ာင္းတက္စဥ္ကာလက အမွန္တကယ္နာမည္ႀကီးခဲ့ေသာ ဂိမ္းတစ္ခုျဖစ္ၿပီး ဟဲက်င့္ ကစားဖူးသည့္တစ္ခုတည္းေသာအြန္လိုင္းဂိမ္းလည္းျဖစ္သည္။

ထိုအခ်ိန္တြင္ တ႐ုတ္ အင္တာနက္ဝတၳဳမ်ားသည္ အထူးသျဖင့္ ကမာၻေပၚတြင္ ေရပန္းစားလာခဲ့သည္။

စိတ္ကူးယဥ္ဆန္ဆန္ႏွင့္ က်င့္ႀကံျခင္းေလာကအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ္ကူးယဥ္ကမာၻ ထဲသို႔ စုပ္ယူခံလိုက္ရသလိုခံစားရသည္ဟု အခိုင္အမာဆိုၾကေသာ လူငယ္မ်ားၾကားတြင္ လူသိမ်ားလာခဲ့သည္။

ထိုအခ်ိန္အေတာအတြင္းတြင္ Green Fox ကြန္ရက္သည္ မေရမတြက္ႏိုင္ေသာ လူငယ္ကစားသမားမ်ားကို ကစားရန္ ဆြဲေဆာင္ႏိုင္သည့္ မေသႏိုင္ ေသာ ရွင္သန္ျခင္းဆိုင္ရာ ေဆာင္ပုဒ္ျဖင့္ ႀကီးမားေသာ 3D က်င့္ႀကံျခင္း ဆိုင္ရာ အြန္လိုင္းဂိမ္း "Spirit Fairy" ကို လႊင့္တင္ခဲ့သည္။

ဟဲက်င့္၏အတန္းေဖာ္အားလုံးနီးပါးသည္ ထိုအခ်ိန္က ထိုဂိမ္းကိုကစားခဲ့ၾကသည္။

ေက်ာင္းဆင္းခ်ိန္တိုင္း ေန႔တိုင္း ဒီဂိမ္းနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ ေျပာၾကသည္။

အခ်ိဳ႕ေသာလူမ်ားသည္ ဤဂိမ္းအတြက္ အတန္းဂ႐ုကို ပင္ ေထာင္ထားေသာေၾကာင့္ ဟဲက်င့္ပါ မပါဝင္ရန္ ပိုမိုခက္ခဲေစသည္။

"လြန္ခဲ့တဲ့ေျခာက္လက [Magic Tower] ဟာ ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ဆာဗာတစ္ခုကိုလည္း ဖြင့္လွစ္ခဲ့ၿပီး လူအမ်ားရဲ႕ ခ်ီးက်ဴးမႈနဲ႔ အာ႐ုံစိုက္မႈကို ရရွိခဲ့တယ္ေလ!!!"

ဟုန္တုန္ယြမ္က ဆက္လက္ေျပာေနဆဲျဖစ္သည္။

"ဟုတ္သားပဲ မၾကာေသးခင္ က ဂိမ္းရဲ႕ တရားဝင္ ဆိုက္ က Eventတစ္ခုလည္း ထုတ္ျပန္ခဲ့ေသးတယ္ ဂိမ္းရဲ႕ အရင္ဗားရွင္းျဖစ္တဲ့ [Spirit Fairy] မွာ စာရင္းသြင္းထားတဲ့ အေကာင့္ေတြက Demon God ရဲ႕ Holographic Helmet တစ္လုံးကို ဆြတ္ခူးဖို႔ အခြင့္အေရးရွိတယ္လို႔ ေျပာေသးတယ္ အဲ့တာက ေဒၚလာေထာင္ေပါင္းမ်ားစြာတန္တယ္ကြ ဒါေပမယ့္ [Spirit Fairy] ထြက္တဲ့ အခ်ိန္တုန္းက ငါတို႔ အလယ္တန္းေက်ာင္းတက္တုန္းပဲရွိေသးတာေလ အာ.. ငါ့အေကာင့္ရဲ႕ passwordကိုေတာင္ ေမ့ေနတာၾကာၿပီ။"

ဟုန္တုန္ယြမ္ သည္ သူႏွင့္စကားေျပာေနေသာသူသည္ ယခင္ကဂိမ္းတခါမွ မကစားဖူးေသာ ဟဲက်င့္ ျဖစ္ေနသည္ကို ႐ုတ္တရက္ ရိပ္မိသြားခဲ့သည္။

ထိုအရာမ်ားကို ေျပာျပျခင္းသည္ ဘဲတစ္ေကာင္ႏွင့္ စကားေျပာေနသည့္ ၾကက္ႏွင့္တူသည္။

[T/N: 鸡同鸭讲: တ႐ုတ္စကားပုံတစ္ခုပါ။ ဘာသာစကားအခက္အခဲေၾကာင့္ ဆက္သြယ္လို႔မရေသာ လူႏွစ္ဦးကို ဆိုလိုသည္။]

"ေကာင္းၿပီ၊ မင္း ဒီအရာေတြကို ေသခ်ာေပါက္ စိတ္မဝင္စားတာကိုငါသိပါတယ္.."

ဟုန္တုန္ယြမ္က ထို႔ေနာက္ အခ်ိန္ကို ၾကည့္လိုက္သည္။ သူ႔နားၾကပ္ကို ျဖဳတ္ၿပီး ကန္တင္းမွာ ညစာစားဖို႔ အခန္းေဖာ္ေတြကို ေမးေတာ့မဲ့ အခ်ိန္မွာ သူ႔ေဘးနားက "ဒီဂိမ္းအတြက္ Install လုပ္ဖို႔ Package ရွိလား" လို႔ ေမးတဲ့ အသံကို ၾကားလိုက္ရပါေတာ့သည္။

ဟုန္တုန္ယြမ္: "..."

ေနက အေနာက္ကေန ႐ုတ္တရက္ ထြက္လာတာလား?

ညစာစားၿပီးေနာက္ ဟဲက်င့္ သည္ သူ၏ကြန္ပ်ဴတာတြင္ ထည့္သြင္းထားသည့္ "Demon God" icon ကို double click ႏွိပ္ကာျဖင့္ ေလးေထာင့္ပုံသဏၭာန္ အေကာင့္ LogIn box တြင္ ရင္းႏွီးတဲ့ usernameနဲ႔ passwordကို ထည့္သြင္းခဲ့သည္။

ဟုန္တုန္ယြမ္ က သူ႔ေဘးနားကို လွမ္းၾကည့္ရင္း အံ့အားသင့္သြားကာ

"မထင္မွတ္ပဲ မင္းမွာ အေကာင့္ တစ္ခုရွိေနတာလား?"

ဟဲက်င့္: "ငါ အလယ္တန္းတုန္းက ကစားခဲ့တာ"

ဟုန္တုန္ယြမ္ရဲ႕ မ်က္လုံးေတြ ပိုက်ယ္သြားေတာ့သည္။

"အေကာင့္ရဲ႕ password ကို မွတ္မိေသးလား?"

ဟဲက်င့္ : "ငါ့ရဲ႕ socialအေကာင့္ password ေတြ အားလုံးက အတူတူပဲ မွားရင္ေတာင္ ပင္နံပါတ္ပဲ ျဖစ္လိမ့္မယ္...."

"မဟုတ္ေလာက္ဘူး ငါေတာ့ မွန္တယ္လို႔ထင္တယ္"

ဟုန္တုန္ယြမ္သည္ screenကို ၾကည့္၍ ေျပာလိုက္ သည္။

ဒီေန႔ ေတာ့ ဟဲက်င့္ က သူ႔အတြက္ တကယ္ကို မ်က္စိက်ယ္ေအာင္ လုပ္ေပးသူပင္။

ဤလူကို ႏွစ္ႏွစ္ခြဲၾကာ သိကြၽမ္းခဲ့ၿပီး ေနာက္မွာ သူသည္ စာေလ့လာျခင္းႏွင့္ သာမာန္ေက်ာင္းသား အလုပ္မ်ားကို လုပ္႐ုံမွတပါး မည္သည့္အရာကိုမွ် မျမင္ဖူးေပ။

သူသည္ ဟဲက်င့္ ကို ငေၾကာင္၊ အလုပ္ကို အ႐ူးအမူးစြဲလမ္းျခင္း ဆိုသည့္ အဓိပၸာယ္ ဖြင့္ဆို ခ်က္ တစ္ခုလို႔  ဟု အၿမဲထင္ေနခဲ့သည္။

အြန္လိုင္းဂိမ္းေတြလည္း ကစားတယ္လို႔ ဘယ္ေတာ့မွ မထင္မိခဲ့ေပ။

ယခုႏွစ္ ကြန္ရက္အျမန္ႏႈန္းသည္ အမွန္တကယ္ ပင္ျမန္ဆန္ခဲ့ၿပီး ဆာဗာသည္ အလြန္ေရပန္းစားေသာေၾကာင့္ ဂိမ္းတြင္ ေစာင့္ဆိုင္းရျခင္းမွာ မရွိသေလာက္နည္းပါးခဲ့သည္။

ဟဲက်င့္ သည္LogInကို ႏွိပ္ၿပီးေနာက္ ခဏေစာင့္ဆိုင္းရန္ လိုအပ္ၿပီး အေကာင့္၏စကားဝွက္သည္ မွန္ကန္ေၾကာင္း ၫႊန္ျပၿပီးေနာက္ ဂိမ္းစတင္ေနၿပီျဖစ္သည္။

ထို႔ေနာက္ သူ႔Screenေပၚတြင္ System alert box တစ္ခု ေပၚလာသည္

〖ေလးစားရပါေသာ "ေရွာင္ရွန္းက်င့္"
[Spirit Fairy] မွ ႀကိဳဆိုပါတယ္။ ဂိမ္းကို လြန္ခဲ့သည့္ ရွစ္ႏွစ္အတြင္း အဆင့္ျမႇင့္တင္ခဲ့ၿပီး ယခုအခါ "Demon God" ဟုေခၚပါသည္။ သင့္အေကာင့္သည္ ကနဦးဗားရွင္း ID ျဖင့္ မွတ္ပုံတင္ထားေၾကာင္း စနစ္က ေတြ႕ရွိေသာေၾကာင့္ သင္သည္ "Demon God"Holographic Helmet ရဲ႕ ကံစမ္းမဲအစီအစဥ္ ကို ဝင္ေရာက္ရန္ အခြင့္အေရးရရွိသည္!
ကံစမ္းမဲ ေပါက္ႏႈန္းသည္ 5% အထိ ျဖစ္ပါသည္။
ေက်းဇူးျပဳ၍ ေအာက္ပါ websiteကို ႏွိပ္ပါ... 〗

"အာ အာ အာ ! ျမန္ျမန္ေလး!"

ဟုန္တုန္ယြမ္ က ဟဲက်င့္ ရဲ႕ ကုလားထိုင္ေနာက္ ေက်ာကို ပုတ္လိုက္သည္ ။

ဟဲက်င့္ မ်က္လုံးလွန္လိုက္ေသာ္လည္း lottery page ကို ဖြင့္ထားဆဲျဖစ္သည္။

အမည္ရင္း၊ မိုဘိုင္းလ္ဖုန္း၊ ဆက္သြယ္ရန္လိပ္စာႏွင့္ IDကတ္နံပါတ္ အပါအဝင္ မိမိႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားစြာကို ဦးစြာျဖည့္စြက္ရန္ လိုအပ္ေၾကာင္း ေဖာ္ျပထားေသာ form pageတစ္ခုေပၚေပါက္လာခဲ့သည္။

"ဒါက တကယ္အဆင္ေျပရဲ႕လား?"

သူအနည္းငယ္သတိထား၍ ေမးလိုက္သည္။

ဟုန္တုန္ယြမ္ က ရွင္းျပခဲ့သည္

"ဘ႐ို ၊ အခုေခတ္မွာ ဘယ္ဂိမ္းမ်ိဳးကိုမဆို ကစားဖို႔ဆို ဒီအခ်က္အလက္စနစ္အမွန္ကို သုံးရတာပဲအေကာင့္တစ္ခု မွတ္ပုံတင္ခ်င္ရင္ပိုေတာင္ဆိုးေသး ဒါေတြကို အရင္ျဖည့္ရတယ္ အဲ့ဒါက အမ်ိဳးသားဂိမ္း လက္မွတ္ေရးမူဝါဒရွိၿပီးသား Fox NET ရဲ႕ ဂိမ္းဆိုရင္ေတာ့ ေျပာမေနနဲ႔ေတာ့
မင္းစိုးရိမ္ရင္ ငါရဲ႕ အခ်က္အလက္ေတြကို ျဖည့္လိုက္ေလ မင္း ရခဲ့ရင္ မင္းဆီငါ ျပန္ပို႔ေပးမယ္!"

၎ကိုစဥ္းစားၿပီးေနာက္ ဟဲက်င့္ သည္ ဟုန္တုန္ယြမ္ ၏အခ်က္အလက္မ်ားႏွင့္အတူ ေဖာင္ကိုျဖည့္ခဲ့ေသာ္လည္း မေမွ်ာ္လင့္ဘဲ တင္ျပၿပီးေနာက္ မၾကာမီတြင္ အမွားသတိေပးခ်က္တစ္ခုထြက္ေပၚလာခဲ့သည္။

〖ဝမ္းနည္းပါတယ္၊ ဒီIDကတ္အခ်က္အလက္ကို အသုံးျပဳၿပီးပါၿပီ။ Demon God သည္ လူတစ္ဦးတစ္ေယာက္ခ်င္း သီးသန႔္ဝါဒကို ခ်မွတ္ထားသည္။ IDကတ္တစ္ခုစီ၏ အခ်က္အလက္မ်ားကို ဂိမ္းအေကာင့္တစ္ခုတြင္သာ အသုံးျပဳႏိုင္ပါသည္။ 〗

ဟုန္တုန္ယြမ္: "..."

ဟဲက်င့္ သည္ ကူရာမဲ့စြာျဖင့္ကတ္အလက္မ်ားကို သူ႔ကိုယ္ပိုင္ ေဒတာ ေတြသာ ထည့္သြင္းရေတာ့သည္။

Lotteryရလဒ္မ်ားကို "Demon God" holographic version ထြက္ၿပီး တစ္လအၾကာတြင္ ထုတ္ျပန္ေၾကညာမည္ျဖစ္သည္။

ဂိမ္းရဲ႕pageသို႔ျပန္သြားေသာအခါ ဟဲက်င့္ ၏ဇာတ္ေကာင္ ျဖစ္သည့္ အျပာေရာင္အဝတ္အစားဝတ္ထားသည့္ မိန္းမပ်ိဳေလးတစ္ဦးေပၚလာသည္။

"ခြီ..."

ဟုန္တုန္ယြမ္ က က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး

"က်င့္ေကာ  မင္းက မိန္းကေလး ဇာတ္ေကာင္အ
ျဖစ္ေဆာ့ခဲ့တာပဲ!"

ဟဲက်င့္ မ်က္ႏွာသည္ အနည္းငယ္နီလာကာ ေခ်ာင္းဆိုးလိုက္ၿပီး

"ဒီတိုင္း မ်က္စိမွိတ္ၿပီးေ႐ြးလိုက္တာ!" ဟု ဆင္ေျခေပးလိုက္သည္။

သူ႔ဇာတ္ေကာင္က မိန္းကေလးတစ္ေယာက္ဆိုတာကိုသူကိုယ္တိုင္လည္းေမ့ေနတယ္။ (=_=)

သို႔ေသာ္လည္း ဂိမ္းမ်ားတြင္ ေယာက္်ားေလးမ်ားသည္ အမ်ိဳးသမီးဇာတ္ေကာင္မ်ား အျဖစ္ ကစားေလ့ရွိၾကသည္။

ယခုေခတ္တြင္ ဂိမ္းမ်ားတြင္ အမ်ိဳးသမီး ဇာတ္ေကာင္ အမ်ားအျပားသည္ ဆြဲေဆာင္မႈရွိၿပီး စြဲမက္ဖြယ္ေကာင္းေစရန္ ဒီဇိုင္းထုတ္ထားၿပီး အမ်ိဳးသား ကစားသမားမ်ားသည္ ၎တို႔၏ မ်က္လုံးအစာေကြၽးရန္ အတြက္ အမ်ိဳးသမီး ဇာတ္ေကာင္မ်ားႏွင့္ ကစားေလ့ရွိၾကသည္။

ဟုန္တုန္ယြမ္ ၏ "Magic Tower" ဇာတ္ေကာင္ကိုယ္တိုင္က ဆံပင္နီေရာင္ အမ်ိဳးသမီး နတ္သူငယ္ တစ္ေယာက္ျဖစ္သည္။

ဟုန္တုန္ယြမ္ သည္ ဟဲက်င့္ ရွိသည့္ဆာဗာကို တစ္ခ်က္ၾကည့္လိုက္ၿပီး စိတ္ပ်က္စြာ သက္ျပင္း
တစ္ခ်က္ခ်၍ေျပာလိုက္သည္။

"အာ ငါတို႔က မတူညီတဲ့ ဆာဗာေတြမွာ ရွိေနတာပဲ!"

ဟဲက်င့္ : "ငါက ဒီတိုင္း အေကာင့္ ဝင္ၾကည့္တာ  ကစားဖို႔ မဟုတ္ဘူး"

ဟဲက်င့္ ေျပာတာကိုၾကားၿပီးေနာက္ ဟုန္တုန္ယြမ္ကေခါင္းၿငိမ့္ျပၿပီး သူ႔ကိုယ္ပိုင္အေကာင့္ကို မေဆာ့ခင္မွာ

"ဒါဆိုhelmet ရခဲ့ရင္ ငါ့ကို ေပးရမယ္ေနာ္" ဟု ေနာက္ေျပာင္ေျပာဆိုခဲ့သည္။

ဟဲက်င့္သည္ ဂိမ္းထဲကို ေခ်ာေခ်ာေမြ႕ေမြ႕ ဝင္ေရာက္သြားသည္။

သူ႔ဇာတ္ေကာင္က သဲကႏၲာရ ပန္းပြင့္ခ်ိဳင့္ဝွမ္းထဲမွာ ရပ္ေနသည္။ သူ႔ပတ္ဝန္းက်င္ရွိ ေတာင္တန္းမ်ားသည္ ေနေရာင္ေအာက္တြင္ ေ႐ႊဝါေရာင္သန္းေနေသာ
အျဖဴအဝါေရာင္ ျမက္ပင္မ်ားျဖင့္ ျပည့္ေနသည္။

ရႈခင္းသည္ အလြန္လွပေသာေၾကာင့္ ဟဲက်င့္ကို အနည္းငယ္ အံ့ၾသသြားေစသည္။

သူ၏အျပာေရာင္အဝတ္အစား ဇာတ္ေကာင္၏ ျမင္ကြင္း ကို ခ်ိန္ညႇိလိုက္ရာ ဟဲက်င့္  သည္ ရႈခင္းအသစ္ႏွင့္ ၿပိဳးၿပိဳးျပက္ျပက္ျဖစ္ေနေသာျမင္ကြင္းကို ၾကည့္ကာ သူ႔ရင္ထဲ၌ အထူးမသိကြၽမ္းေသာခံစားခ်က္မ်ား ေပါက္ဖြားလာမႈကို မကူညီႏိုင္ခဲ့ပါ။

မီးခိုးေရာင္အမည္မ်ားျဖင့္ ျပည့္ႏွက္ေနေသာ သူ၏သူငယ္ခ်င္းစာရင္းကို စစ္ေဆးရန္ လုပ္လိုက္ကာ ထိပ္တန္းနာမည္မ်ားစြာကို ဖတ္ၾကည့္လိုက္သည္။ "ပ်ံသန္းေနတဲ့ အသားညႇပ္ပါမုန္႔, ဥကိုက္ ေနတဲ့ၾကက္ဥလိပ္, လဲေလ်ာင္းေနတဲ့ေသနတ္ဖတ္ထုပ္မ်ား ..."

အမ်ားစုမွာ ထိုအခ်ိန္က သူ၏ အလယ္တန္းေက်ာင္းေနဖက္မ်ားျဖစ္သည္။ .

-ခဏေလး ႏွလုံးသားမဲ့ မီး?

သူ႔သူငယ္ခ်င္းစာရင္းထဲက အစားအေသာက္အေျခခံနာမည္ေတြၾကားထဲမွာ ဒီနာမည္ေရာက္ေနတာက နည္းနည္းေလးလြဲေနတယ္။

သို႔ေသာ္ ဟဲက်င့္ သည္ ဤနာမည္ႏွင့္ဆိုင္ေသာ မည္သူ႔ကိုမွ် အတိအက် မစဥ္းစားႏိုင္ေသာ္လည္း တစ္မ်ိဳးတစ္ဖုံျဖင့္ ၎ထံမွ အလြန္ရင္းႏွီးေသာ ခံစားခ်က္ကို ရရွိခဲ့သည္။

ၿပီးေတာ့  ဒီဂိမ္းကို သူေနာက္ဆုံးကစားခဲ့တာ ရွစ္ႏွစ္ရွိၿပီမို႔ ဘယ္သူက ဘယ္သူလဲဆိုတာ သူ႔ကို မွတ္မိဖို႔ မျဖစ္ႏိုင္ေတာ့ေပ။

ဒါကို သူေတြးေနရင္း ေနာက္တစကၠန႔္မွာ သူၾကည့္ေနတဲ့ နာမည္က ႐ုတ္တရက္ ေတာက္ပလာၿပီး Screenေပၚမွာ ေ႐ႊေရာင္အကၡရာ စာေၾကာင္းတစ္ေၾကာင္း ေပၚလာေတာ့သည္။

〖System〗- သင့္ခင္ပြန္း "ႏွလုံးသားမဲ့ မီး" အြန္လိုင္းေပၚတြင္ ရွိေနသည္။

Continue Reading

You'll Also Like

2.9M 54.7K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
14.4K 1K 19
တစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပ...
125K 4K 28
She's a merely side character inside the story. So, as best as she can, she keep a low profile. When the male lead slash your boss would fell in love...
217K 37.4K 87
မြန်မာဘာသာပြန် Myanmar Translation (Retranslated from Mandarin Ducktales) Type- Web novel Genre- fantasy, romance, school life, slice of life, supern...