"ရွယ်မေ အစောကြီးပါလား"
ကျောင်း အ၀မှာ သူကိုစောင့်နေတယ်လို့ ထင်တယ်...
သူ ,သူငယ်ချင်းရွယ်မေက အရုပ်မလိုလေး ချစ်စရာကောင်းပါတယ် ...
ရုပ်ကလေးနဲ့မလိုက် အစားကရှယ်ပုတ်တာ
မှန်ကိုကြည့်ပြီး နှုတ်ခမ်းနီဆိုးနေတဲ့
ရွယ်မေက တကယ်ကို နှုတ်ခမ်းက ၀က်နှုတ်သီးလို ဖြစ်နေတယ်..ချစ်စရာကောင်းပါတယ်လို့ သွား မမြှောက်နဲ့ ပိုလုပ်ပြတဲ့
ဟာမလေး...
"ဟဲဟဲ ကျန့်ကျန့် ငါ ရိပေါ်ကို စောင့်နေတာ "
"ဘာ!!!"
"ဟဲဟဲ"
ရီကျဲကျဲနဲ့ ရီပြတဲ့ ရွယ်မေကို ရှောင်းကျန့် အမြင်ကပ်သွားပြီ ခုနက ချစ်စရာကောင်းတယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်...
ရုပ်ကိုက ကြည့် အိမ်မြှောင်တံခါးညှပ်နေတဲ့ရုပ်နဲ့ ...
အဲ့ဒီ မောင်...အဲ့ မှားလို့ ၀မ်ရိပေါ်က အမြင်ကပ်ဖို့ကောင်းတယ်...
ခုနက မောင်လို့ခေါ်မိတာ က အင်း
...နည်း နည်းလေး...နည်းနည်းလေးပါ ယောင်သွားတာ..
သူနှုတ်ခမ်းဆူသွားတာကို ရွယ်မေက မြင်တော့ ..
"ငါရဲ့ ကျန့်ကျန့်လေးက ချစ်စရာလေးဟယ် နှုတ်ခမ်းဆူတာလေးက အစ.."
"ဖယ်စမ်းပါ မင်း လက် ခုနက နှုတ်ခမ်းနီတွေကိုင်ထားတာ ငါကို ပေနေအုံးမယ်"
"အဟီးးကျန့်ကျန့်ကချစ်စရာကောင်းလိုက်တာ"
ခုနက ရွယ်မေက ဆူနေတဲ့နှုတ်ခမ်းလေးကို သူလက်နဲ့ မတော်တဆ သွားစမိလို့ နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းနီလေးတွေက ပေသွားတယ်
ကျန့်ကျန့်ကိုတော့မပြောရဲ...
"ဘာ ကိုချစ်စရာလေးလဲ ခန့်တာကွ ငါဆိုတဲ့ရှောင်းကျန့်က ခန့်တာ"
"မဟုတ်ပါဘူး လှတာ"
"ဟင် ! ရိ ရိပေါ်"
ရိပေါ်က သူအနောက်ကနေ ပြောတာကြောင် ပိတ်ကြည့်တော့။
ရိပေါ်က ချောလိုက်တာ ...
ရှောင်းကျန့် ရိပေါ်ကို ကြည့်နေတုန်း
ရွယ်မေက ရှောင်းကျန့် လည်ပင်းအနားကိုလက်ရောက်လာတာ သတိမထားမိလိုက်..
"ဟဲ့ ကျန့်ကျန့် နင်ဆွဲကြိုးလေးက လှလိုက်တာဟယ် ဘယ်ဆိုင်က ၀ယ်တာလဲ"
"ဟို ...ဟို "
ရှောင်းကျန့် တဟိုဟိုလုပ်တော့ ၀မ်ရိပေါ်က သူကိုကြည့်ကာ ပြုံးနေတာကြောင့်
ရှောင်းကျန့် မျက်စောင်းထိုးမိသွားတယ် ...
"တဟိုဟို နဲ့ ဒါဆို ဘယ်သူပေးတာလဲ"
"ဘာလုပ် ပြောပြရမှာလဲ"
ထိုစကားက ရိပေါ်ဆီက လာတာ ဖြစ်တယ်.
ရွယ်မေလည်း ကြောင်တောင်တောင်နဲ့ ရိပေါ်ကိုကြည့်လာတယ်..
ရှောင်းကျန့်ကတော့ ခေါင်းသာကုတ်မိသွားတယ်..
ရိပေါ်လက်ဆောင်ပေးတာလို့ပြောရင်
ရွယ်မေ စိတ်စိုးသွားလောက်တယ် နောက်ပြီး ကြားလို့မကောင်းဘူးလေ သက်ဆိုင်သူရှိနေတဲ့ သူရဲ့ အရာရာကို တစ်ခန အတွင်း သဘောကျမိတော့..
ဟူးးးးရှောင်းကျန့်ဘ၀က ချစ်ရမဲ့ သူတွေ့တော့လည်း ပိုင်ရှင်နဲ့ သူ ငိုသာငိုပစ်ချင်တော့တယ်..
"ရိပေါ်က ဘာဖြစ်လို့ ၀င်ပြောပေးတာလဲ"
"အဲ့တာက ကိုယ်အကြောင်းနဲ့ကိုယ် .."
"အာ ..ရွယ်မေက ဆွဲကြိုးလေးကို သဘောကျလို့ ဘယ်ဆိုင်လဲ သိရင် သွား၀ယ်မလို့ပါ"
"မရှိတော့ဘူး"
"ဟမ် ရိပေါ်ပြောတာ မရှင်းဘူး"
"အဲ့ဆွဲကြိုး ပုံစံမရှိတော့ဘူး ဆွဲကြိုးက ပိုင်ရှင်အတွက် သီးသန့်လုပ်ထားတာမလို့"
"အမ်..."
ရွယ်မေ ခေါင်းပေါ်မှာ ကျီးကန်းတွေ ဖြတ်သွားတယ် ..
နောက်ပြီး ၀မ်ရိပေါ်က သူကို စကားအများကြီးပြောလိုက်တာပဲ..
၀မ်ရိပေါ်က ရှင်းပြလေ သူက နားမလည်လေ ဘာတဲ့ သီးသန့်တဲ့...ရိပေါ်က ဘာတွေပြောတာလဲ မဟုတ်မှ....
ရှောင်းကျန့်ကတော့ ရိပေါ်စကားကြောင့် မျက်နှာပူပူနဲ့သာ ဟိုဘက်လှည့်နေတယ်..
သူတို့နှစ်ယောက်ဘာတွေပြောနေတာလဲ နားမထောင်ချင်တော့..
ဒါကြောင့် သူတက်ရမဲ့ အတန်းကိုသာ သွားတော့တယ်...
လက်တစ်၀က်မှာ သူလက်ကို လာဆုပ်ကိုင်တဲ့
ရင်းနှီးဖူးတဲ့ လက်ဖဝါး...
"ရှောင်း "
"ရိပေါ်"
"စီးပွားရေးမေဂျာ မလား"
"ဟုတ်"
"ကိုယ်နဲ့မေဂျာတူတယ်အတူတူသွားမယ်လေ"
"ဟင်းအင်း ကျန့်ကျန့်၀မ်ရိပေါ်နဲ့ အတူတူမသွားနိုင်ပါဘူး"
"ဟောဗျာ ဘာလို့လဲ"
"ရွယ်မေမြင်ရင် တစ်မျိုးထင်နေမှာဆိုးလို့"
"ထင်ချင်သလိုထင်ကွာ ကိုယ်ဂရုမစိုက်ဘူး အခုကိုယ်ဂရုစိုက်တာက ကိုယ်အရှေ့က ရှောင်း ကို ပဲ"
"ရိပေါ် မင်း ငါကို ဘယ်လို သဘောထားတာလဲ"
"အင်း ပထမက ချစ်သူလို သဘောထားမလို့ပဲ ဒါပေမဲ့ မရတော့ဘူး ကိုယ်အိမ်သားလေးလိုပဲ သဘောထားမိသွားပြီ"
ရိပေါ်က သူမေးကို ပွတ်ကာ ခပ်ပြုံးပြုံးပြောနေတာကြောင့် ရှောင်းကျန့် ထုရိုက်ချင်စိတ် တဖွားဖွား
"ရိပေါ်"
"ဗျာ"
"တော်ပြီ မင်းနဲ့ စကားမပြောတော့ဘူး"
နှုတ်ခမ်းဆူ သွားပြီး ထွက်သွားတဲ့ ယုန်ဆိုးလေးနောက်ကို ရိပေါ်အမှီလိုက်ရတယ်...
ရိပေါ် သူနဲ့ရွယ်မေ ကိစ္စကို အမြန်ဖြတ်ပြီးမှ
သူယုန်ဆိုးလေးကို လွတ်လွတ်လက်လက်ချစ်မှ ရမယ်...
အခုယုန်ဆိုးလေးက သူနဲ့ရွယ်မေကို အမြင်မကြည်လေးဖြစ်နေတာ...
ပုံစံလေးကဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ..
ရှောင်းကျန့်ဘေးခုံမှာ ရိပေါ်၀င်ထိုင်တော့..
ရိပေါ်လက်မောင်းကို သူလက်သွယ်သွယ်လေးနဲ့ တွန်းထုတ်တယ်..
"သွား .သွားရိပေါ် သွား ငါအနားမလာနဲ့ မင်းကိုမခေါ်ဘူး"
"ခေါ်ပါဗျာ ရှောင်းခေါ်မှ ကိုယ်မှာ စကားပြောဖော်ရှိမှာ "
"ဪ ဒါဆို မင်းက ငါကို စကားပြောဖော်လောက်ပဲ သဘောထားတာပေါ့"
"မဟုတ်ရပါဘူးဗျာ ကိုယ်ယောင်္ကျားလောက် အထိ သဘောထား ထားပေးထားတယ်လေ ဗျာ မသိဘူးလား"
"မသိဘူး လာမပြောနဲ့ "
"မသိတာကို သိအောင်ပြောရမှာက ကိုယ်တာ၀န်လေ"
"ရိပေါ် "
"ဗျာ "
"မင်းတိတ်တိတ်နေပေးလို့မရဘူးလား"
"ကိုယ်ပါးစပ်က တိတ်ပေမဲ့ ကိုယ်ရင်ခုန်သံက မတိတ်ဘူး ဖြစ်နေတယ် ရှောင်းရယ်"
"တိတ်သွားအောင် ငါ အဲ့နှလုံးကို ဓားနဲ့ ဖြတ်ပေးမယ်"
"မလုပ်ပါနဲ့ရှောင်းရယ် ရှောင်းမစားရပဲ
ငတ်နေအုံးမယ်"
"ဘာ!!!"
"ဟားဟား ရှောင်း စိတ်တိုနေတာလေးက ချစ်စရာလေး"
ရိပေါ် မတက်ရပ်နေတဲ့ ရှောင်းကိုယ်လုံးလေးကို သူအပေါ်ဆွဲချတော့ ပါလာတဲ့ ခန္ဓာကိုယ် သွယ်သွယ်လေး...
ခါးသွယ်သွယ်လေးကိုလက်နဲ့ဆုပ်ကိုင်ပြီး
လည်တိုင်ကျော့ကျော့လေးကို နမ်းတော့
သူခေါင်းကို တွန်းဖယ်တဲ့ လက်သွယ်သွယ်လေး.
နောက်ပြီးတိုးတိုးလေးလဲပြောသေးတယ်။
"ရိပေါ်အခန်းထဲမှာ လူတွေနဲ့တဲ့"
စာသင်ခန်းထဲ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ အသံတွေက ပြည့်နပ်နေပါတော့တယ်..
.
.
.
ရှောင်းကျန့်တို့ နေ့လည် စာ စားဖို့ကန်တင်းသွားတော့..
ခုံတစ်ခုံမှာ စားစရာမှာပြီး ထိုင်စောင့်နေတဲ့ ရွယ်မေက သူတို့နှစ်ယောက်လာတာမြငတော့ လက်လှမ်းပြတယ်
ဒီကိုလာ ဆိုတဲ့ အမူအယာပုံစံမျိုး .
ရိပေါ်နဲ့ရှောင်းကျန့် အနားရောက်တော့ ခုံဆွဲယူကာ ထိုင်လိုက်တယ်..
ရှောင်းကျန့်လည်း ဗိုက်အတော်ဆာနေပြီ ဖြစ်တာကြောင့်
စားပွဲထိုးလေးကို လှမ်းခေါ်ဖို့ လက်ကလေးလေပေါ်ကိုမြှောက်ရုံရှိသေး သူလက်ကို ထပ်ကိုင်တဲ့ ရိပေါ်
ရိပေါ်လွန်လာပြီ ဒီတစ်မနက် သူလက် တွေကိုတာ အခါ၂၀မကတော့ဘူး
"ဘာလို့လဲ ရိပေါ်ရာ ငါဗိုက်စာနေပြီ"
"ဒီက အစားအစာတွေ ရှောင်းက စားမလို့လား"
"အင်းလေ ဒါမစားလို့ ဘယ်ဟာသွားစားရမှာလဲ"
"မစားရဘူး"
"၀မ်ရိပေါ် ဒါကြီးကကြ လွန်သွားပြီ
မင်းကျန်တာ လုပ်ချင်သလိုလုပ်ရတယ် အစားအသောက်ဆိုရင် ဘာမချုပ်ချယ်နဲ့"
"တကယ်လား! ကျန်တာ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတာ တကယ်လား!"
"အဟွတ် ...အဟွတ် "
ဟင်းရည်သောက်နေတဲ့ ရွယ်မေကသူတို့နှစ်ယောက်စကားကြောင့် သီးသွားတယ်.
ဒီနှစ်ယောက်ကြောင့် ငါ လူကြားမကောင်းပဲသေနေမှဖြင့်...
"မင်း မင်းနော်"
"2မိနစ်စောင့် အိမ်မှာ မားကို ချက်ခိုင်းထားတဲ့ ထမင်းဘူး အိမ်ကားနဲ့ လာပို့နေပြီ "
"ဘယ် လို!"
"ရှောင်းကို အခုလို အများအစားအစာတွေကို မစားစေချင်ဘူး"
"ဘာမှမဖြစ်ဘူး အရင်နှစ်ကလည်း စာနေကျ"
"အဲ့အချိန်က ကိုယ်ရှောင်းဘေးမှာမရှိလို့ ထင်တိုင်းကျဲခဲ့တာလေ"
"ရိရိ ပေါ်"
"ရှောင်းကို ကိုယ်မားရဲ့ လက်ရာကိုရော အိမ်ထမင်းရော စားစေချင်လို့"
"ရိပေါ် ဒါဆို ရွယ်မေ အတွက်ကရော"
"စားချင်ရင် ကိုယ်အိမ်ကိုယ်ပြန်စား"
!ငင့်!
------
ကဲ့ ပြန်ပေါ်လာပြီ မျော်နေကြလား ရွယ်မေအတွက်ကတော့ စိတ်မကောင်းစရာ😆
------
"ရွယ်မေ အစောကြီးပါလား"
ဟာမလေး...
"ဘာ!!!"
"ဟဲဟဲ"
ရီကျဲကျဲနဲ့ ရီပြတဲ့ ရွယ်မေကို ရှောင်းပျန့် အမြင်ကပ်သွားပြီ ခုနက ချစ်စရာကောင်းတယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်...
"မဟုတ်ပါဘူး လှတာ"
"ဟင် ! ရိ ရိပေါ်"
ရိပေါ်က ချောလိုက်တာ ...
"ဟို ...ဟို "
"ဘာလုပ် ပြောပြရမှာလဲ"
ရွယ်မေ စိတ်စိုးသွားလောက်တယ် နောက်ပြီး ကြားလို့မကောင်းဘူးလေ သက်ဆိုင်သူရှိနေတဲ့ သူရဲ့ အရာရာကို တခန အတွင်း သဘောကျမိတော့..
ဟူးးးးရှောင်းကျန့်ဘ၀က ချစ်ရမဲ့ သူတွေ့တော့လည်း ပိုင်ရှင်နဲ့ သူ ငိုသာငိုပစ်ချင်နော့တယ်..
"ရိပေါ်က ဘာပြုလို့ ၀င်ပြောပေးတာလဲ"
"မရှိတော့ဘူး"
"အမ်..."
"ရှောင်း "
"ရိပေါ်"
"စီးပွားရေးမေဂျာ မလား"
"ဟုတ်"
"ဟောဗျာ ဘာလို့လဲ"
"ရိပေါ်"
"ဗျာ"
"မသိဘူး လာမပြောနဲ့ "
"ရိပေါ် "
"ဗျာ "
"ဘာ!!!"
ရိပေါ် မတက်ရပ်တေတဲ့ ရှောင်းကိုယ်လုံးလေးကို သူအပေါ်ဆွဲချတော့ ပါလာတဲ့ ခန္ဓာကိုယ် သွယ်သွယ်လေး...
သူခေါင်းကို တွန်းဖယ်တဲ့ လကါသွယ်သွယ်လေး.
.
.
.
"ဘာလို့လဲ ရိပေ့်ရာ ငါဗိုက်စာနေပြီ"
"မစားရဘူး"
"၀မ်ရိပေါ် ဒါကြီးကကြ လွန်သွားပြီ မင်းကျန်တာ လုပ်ချင်သလိုလုပ်ရတယ် အစားအသောက်ဆိုရင် ဘာမချုပ်ချယ်နဲါ"
"အဟွတ် ...အဟွတ် "
ဒီနှစ်ယောက်ကြောင့် ငါ လူကြားမကောင်းပဲသေနေမြှဖင့်...
"မင်း မင်းနော်"
"ဘယ် လို!"
"ဘာမှမပြုဘူး အရင်နှစ်ကလည်း စာနေကျ"
"ရိရိ ပေါ်"
!ငင့်!
------