What's wrong? ( Completed )

By NangKhaingNiTun

16.7K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 15

459 27 2
By NangKhaingNiTun

ပြင်သစ်မြို့၏ လိုဂို ဖြစ်တဲ့ အီဖယ် မျှော်စင် ကို လှမ်းကြည့်ရင် မြင်နိုင်တဲ့ နေရာကနေ ကောင်လေး တစ်ယောက် နဲ့ ကောင်မလေး နှစ်ယောက် အတူတူ ည ရှူခင်း ကြည့်ရင်း ညစာ စားနေကြသည်။

' ရှောင်း ... မှာ ထားနှင့်။ ငါ Toilet ခဏ သွားအုံးမယ်။'

' အင်း ...။'

ရှောင်းကျန့် ယွီ့ကျင်း ရဲ့ အမေးကို မီနူး ကြည့်ရင်း အဖြေ ပြန်ပေးလိုက်သည်။

' ရှဲန့်မု ... လိုက်မလား ...။'

' ဟင့်အင်း ...။'

' အိုခေ ...။'

ရှဲန့်မု ယွီ့ကျင်း ထွက်သွားတာနဲ့ သူ့အတွေးကို ချက်ချင်း အကောင်ထည် ဖော်ဖို့ ရှောင်း ထိုင်နေတဲ့ အနားမှာ သွားကပ်ထိုင်လိုက်သည်။

' ရှောင်း !!!!။'

' ဟင် ???.'

ရှဲန့်မု သူ ရှောင်း ကို တမင် အသိမပေး၊ ပြင်ဆင်ချိန် မပေးပဲ အနား ကပ်ထိုင်ပြီး ခေါ်လိုက်တာ ဖြစ်သည်။ ဒါပေမယ့် လှည့်ကြည့်လာတဲ့ ရှောင်း ရဲ့ မျက်နှာကို အနီးကပ် ကြည့်ပြီး မျက်ဝန်းကို စိုက်ကြည့်ပေမယ့် ခြေဖျား လက်ဖျားတွေ မအေးလာ၊ ရင်တွေလည်း သာမန်ထက် ပိုမခုန်လာခဲ့ပါ။

ရှဲန့်မု သူ့နေရာဘက်ကို ပြန်သွားထိုင်လိုက်ပြီး သူ့ နှလုံးသားနေရာကို လက်ဝါးနဲ့ အုပ်ထားလိုက်သည်။ ပြီးတော့မှ သေချာ သွားတာက သူ့ နှလုံးသားက ယွီ့ကျင်း ရဲ့ အနားမှာ နေမှ သာမန်ထက် ပိုခုန်နေတယ်ဆိုတာကိုပေါ့။

' မင်းသမီး ... ဘာဖြစ်လို့လဲ? တစ်ခုခု ဖြစ်နေတာလား ...။'

' ဟင့်အင်း ...။ ဘာမှ မဖြစ်ဘူး။'

' ဟုတ်ကဲ့ ...။'

ရှောင်းကျန့် ဘာမှမဖြစ်ဘူးဆိုတော့မှ ကြည့်လို့ မပြီးသေးတဲ့ သူ့ရဲ့ မီနူး ကို ဆက်ကြည့်လိုက်သည်။

ထိုစဉ် ...

' ဒီမှာ အတူထိုင်လို့ ရသေးလား ...။'

' မုလုံ !!!!.'

ရှောင်းကျန့် လည်း မင်းသမီး ဆီက မုလုံ ဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ မျက်နှာပဲ မြင်ရတဲ့ မီးရောင် ခပ်မှိန်မှိန်လေး အောက်မှာ သူတို့ရဲ့ စားပွဲဝိုင်း နားမှာ လာရပ်နေတာ တကယ်ပဲ သူတို့ရဲ့ ရေသူထီး မျိုးနွယ်ဝင် ဖြစ်တဲ့ မုလုံ ဖြစ်နေတယ်။ တစ်နည်းအားဖြင့် သူ နဲ့ မင်းသမီး ကို အမြဲတမ်း အထင်မြင်လွှဲနေပြီး မင်းသမီးကို တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်ပေါ့။

မုလုံ သူ့ကို မြင်တာနဲ့ အံ့ဩနေကြတဲ့ မင်းသမီး နဲ့ ရှောင်းကျန့် ကို အမြင်ကပ်စရာကောင်းတဲ့ အပြုံးမျိုး တစ်ချက် ပြုံးပြလိုက်ရင်း မင်းသမီး ထိုင်တဲ့ ဘက်မှာ ဝင်ထိုင်ဖို့ ပြင်သည်။

ထိုစဉ် မထင်မှတ်ထားတဲ့ လူ တစ်ယောက်က သူ့ထက် အရင် မင်းသမီး နားက နေရာမှာ ဝင်ထိုင်သွားခဲ့ပြီ။

' ဆောရီး ... ဒီနေရာက ငါ့ နေရာ။'

' မင်း က ????.'

ယွီ့ကျင်း သူ့ကို မျက်လုံးသေနဲ့ ကြည့်ရင်း မေးလာတဲ့ လူ ကို ပြုံးတယ်ဆိုရုံ ပြုံးပြလိုက်ပြီး ...

' ငါက ရှောင်း နဲ့ ရှဲန့်မု အကြောင်းကို သိတဲ့ လူ လေ ...။'

မုလုံ အနားမှာ ရပ်နေတဲ့ သူ့လူ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့လူကလည်း သခင်က တစ်ချက် လှမ်းကြည့်တာနဲ့ ဘာပြောချင်တယ်ဆိုတာ နားလည်တာကြောင့် နား နားကပ်လာပြီး တိုးတိုးပြောလိုက်သည်။

' တရုတ်ပြည်က တော်ဝင် မျိုးနွယ်စု နှစ်စုပဲ ကျန်တဲ့ အထဲက မု မျိုးနွယ်ဝင်။ နာမည်က မုယွီ့ကျင်း ...။'

မုလုံ သူ့ကို မကြောက်ပဲ ခပ်တည်တည် မျက်နှာထားနဲ့ တစ်ယောက် ကို ထပ်စိုက်ကြည့်ပြီး သူ ထိုင်ချင်တဲ့ နေရာမှာ မထိုင်ရမှတော့ ကျန်တဲ့ ရှောင်းကျန့် ရဲ့ အနားမှာ ဝင်ထိုင်လိုက်သည်။

' တော်ဝင် မျိုးနွယ်တွေ ဘာတွေ ထားတော့ ...။ ဒါပေမယ့် မင်းသမီးရဲ့အကြောင်းကို တစ်ခြားလူတွေ သိသွားတာနဲ့ မင်း ကို စိတ်ဝင်စားလာရလိမ့်မယ်။'

' ယွီ့ကျင်း က အဲ့လို လူမျိုး မဟုတ်ဘူး။ သူ ပြောချင်ရင် ငါ သူ့အိမ်မှာ ပေါ်လာကတည်းက ပြောပြီးနေပြီ။ ပြီးတော့ သူ ဖိတ်ခေါ်တာ မဟုတ်ပဲ ငါ နဲ့ မင်းသမီး က သူ့အိမ်ကိုမှ ရွေးပြီး ပေါ်လာတာ။'

' ဟုတ်တယ်။ သူက မင်း ထင်နေသလို မဟုတ်ဘူး။ ပြီးတော့ မင်း က ကုန်းပေါ် ဘာလာလုပ်တာလဲ။ ပြီးတော့ ဘာလို့ ငါတို့ ရှိတဲ့ နေရာ လာရတာလဲ ...။'

ရှောင်းကျန့် နဲ့ မင်းသမီး က ကာကွယ်ပြီး မပြောပေးရင်တောင် သူ့ကို ကြောက်တဲ့ မျက်နှာ မတွေ့ရတဲ့ တစ်ယောက်ကို မုလုံ တစ်ချက် ထပ်ကြည့်ပြီး မင်းသမီးကို ပြန်ကြည့်ရင်း ...

' မင်းသမီး က ကျနော့်ကို ရှောင်ချင်လို့ ကုန်းပေါ်တက်လာတာလေ။ အဲ့ဒါ ... မင်းသမီး ကို မျက်စိအောက်က အပျောက်မခံချင်တဲ့ ကျနော်က လိုက်လာရပြီပေါ့။'

မုလုံ ရဲ့ စကားကြောင့် ရှဲန့်မု မျက်နှာတွေ နီ ပြီး ယွီ့ကျင်း ကို ဖျတ်ခနဲ လှည့်ကြည့်ရင်း ...

' ငါ ဒီတစ်ခေါက် ကုန်းပေါ် တက်လာတာ ရှောင်း ကို လာရှာတယ်ဆိုတာ ပါး လည်း သိတယ်။ မင်းဘာသာ ကုန်းပေါ် တက်လာချင်တာနဲ့ ငါ့ကို အကြောင်းပြချက် ရှာစရာ မလိုပါဘူး။'

' ကျနော် တစ်ခါမှ ကုန်းပေါ်မှာ အကြောင်းမရှိပဲ မတက်လာချင်ဖူးဘူး။ အခုလည်း မင်းသမီး ရှိတဲ့ နေရာ ရောက်လာတယ်ဆိုတာ မင်းသမီး ကို ကာကွယ်ပေးရအောင်လို့ပါ။'

ယွီ့ကျင်း သူ့ကိုယ်သူ ဘာဖြစ်ချင်နေမှန်း မသိပဲ စကားကြီး စကားကျယ် လာပြောနေတဲ့ တစ်ယောက်ကြောင့် နားထဲကို လက်သန်းနဲ့ ထိုးကလော် လိုက်ပြီး ...

' သူ့ကို ကာကွယ်ပေးချင်တယ်ဆိုရင် မင်း ရဲ့ အခုနည်းလမ်းကို အရင် ပြင်ရလိမ့်မယ် ...။'

ယွီ့ကျင်း ဘာလို့လဲ ဆိုတဲ့ အမေး မျက်နှာနဲ့ ဟိုတစ်ယောက်ကြောင့် ဆက်ပြောလိုက်သည်။

' ဘာလို့ဆို ... မင်းသမီး နဲ့ ရှောင်း က အခုဆို သာမန် လူပဲလေ။ မင်း ရောက်လာပြီး အနားကနေ ဘော်ဒီကတ် လာလုပ်မှ လူတွေ သတိထားမိလာကြမှာ။ အဲ့ကနေ မင်းတို့ အကြောင်းတွေ စိတ်ဝင်စားလာကြလိမ့်မယ် ...။'

မုလုံ လည်း လူသား မိန်းကလေးရဲ့ စကားကြောင့် မင်းသမီးကို ကြည့်လိုက်တော့ လူသား မိန်းကလေးရဲ့ စကားကို ထောက်ခံနေတဲ့ မျက်နှာ ဖြစ်နေသည်။

ရှောင်းကျန့် ကို လှည့်ကြည့်လည်း မင်းသမီး လို မျက်နှာနဲ့ လူသား မိန်းကလေး ရဲ့ စကားကို ထောက်ခံနေတယ်။

မုလုံ သူ့ဘက်မှာ ဘယ်သူမှ မရှိတာကြောင့် မျက်နှာတွေ နီပြီး အရှက်ရသွားသည်။

ဒါပေမယ့် သူများ စားပွဲဝိုင်းမှာ ဝင်ထိုင်ပြီးနေမှတော့ ဒီတိုင်းလည်း ပြန် ထ မသွားချင်ပါ။

' ဘယ်လို ဖြစ်ဖြစ်လေ ...။ မဟုတ်လည်း ကျနော်က မင်းသမီးကို ကာကွယ်ပေးရမယ့် တာဝန် က ရှိနေပြီးသားပဲ။'

ယွီ့ကျင်း လူ လို ပြောတာတောင် နားမလည်တဲ့ တစ်ယောက်ကို မျက်လုံး မှေးကြည့်ရင်း ...

' တာဝန် ရှိနေတယ်ဆိုလည်း ခပ်ဝေးဝေး ကနေပြီး ကာကွယ်ပေါ့။ ငါ့အိမ်မှာတော့ လူပို ထပ်ခေါ်လို့ မရဘူး။'

' ငါလည်း မင်း အိမ်မှာ မနေပါဘူး။'

ရှဲန့်မု ခန္ဓာကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်ပြီး မုလုံ ကို ဦးတည် ကြည့်လိုက်ရင်း ...

' နင် ငါ့ကို ရှောင်း ကြောင့်နဲ့ အနားမှာ လာနေပြီး စောင့်ကြည့်ချင်တယ်ဆိုရင်တော့ မလိုတော့ဘူး ...။'

ရှောင်းကျန့် လည်း ဒီစကားကိုတော့ စိတ်ဝင်စားတာကြောင့် မင်းသမီး ကို ကြည့်လိုက်သည်။

ရှဲန့်မု စားပွဲပေါ်က ချပေးထားတဲ့ ရေ ကရားထဲက ရေ ငှဲ့နေရင်း သူ ပြောမယ့် စကားကို နားစွင့်နေတဲ့ ယွီ့ကျင်း ကို တစ်ချက် စွေကြည့်ပြီးမှ ဆက်ပြောလိုက်သည်။

' ဘာလို့ဆို ... ငါ ရှောင်း ကို သဘောမကျတော့ဘူး။'

မုလုံ ကြားလိုက်ရတဲ့ စကားကြောင့် မျက်ဝန်းတွေ လက်လာသည်။

ဒါပေမယ့် မင်းသမီး က သူ့ရဲ့ မျှော်လင့်ချက် ရောင်ခြည်ကို ချက်ချင်းပဲ ပြန်ရိုက်ချိုးပါတယ်။

' ပြီးတော့ နင့်ကိုလည်း သဘောမကျဘူး။ ငါ့မှာ တကယ် ရင်ခုန်ပြီး သဘောကျရမယ့် လူ ရှိနေပြီ။'

မုလုံ ... ရှောင်းကျန့် ကို ကြည့်လိုက်ပြီး ...

' ရှောင်းကျန့် ပဲ မလား? ခုန သူ့ကို သဘောမကျဘူး ပြောတာ ကျနော့် ကို နောက်ဆုတ်စေချင်တာ မလား?.'

ထိုစဉ် ငြိမ်နေတဲ့ မုယွီ့ကျင်း ဆီက ခပ်ဆတ်ဆတ် အသံ ထွက်လာသည်။

' ရှောင်း မှာက ကုန်းပေါ်က ယောကျာ်း ရှိတယ် ...။'

' ဘာ !!!!!.'

' ယွီ့ကျင်း ...။'

ယွီ့ကျင်း သူ့ကို လုပ်ပြန်ပြီလား ဆိုတဲ့ မျက်နှာထားနဲ့ ခေါ်လာတဲ့ ရှောင်း ကို ဂရုမစိုက်ရင်း ထပ်ပြီး မင်းသမီး ရှဲန့်မု ဘက်ကိုပါ မေးဆတ်လိုက်ပြီး ...

' ယုံတာ မယုံတာတော့ မတတ်နိုင်ဘူး။ ရှောင်း မှာ ယောကျာ်း ရှိနေတာ မင်းရဲ့ မင်းသမီး တောင် သိတယ် ...။'

' ဟုတ်တယ် ...။ ဟုတ်တယ် ...။'

ရှဲန့်မု လည်း ခုချိန် မုလုံ ကို အနား မှာ မရှိစေချင်တာကြောင့် ယွီ့ကျင်း နောက်က အမြန်လိုက်ပြောလိုက်သည်။

ရှောင်းကျန့် ကတော့ ခုလို ရေသူထီး အချင်းချင်း ရှေ့မှာ ယောကျာ်းလေး တစ်ယောက်က တစ်ခြား ယောကျာ်း တစ်ယောက်ကို ယောကျာ်း တော် ထားရတယ်ဆိုတဲ့ ကိစ္စက ရှက်စရာ ဖြစ်တာကြောင့် မျက်နှာက အီးမှန်ထားသလို ဖြစ်နေရှာတယ်။

' မင်းတို့ရဲ့ ကုန်းပေါ်က အကြောင်းတွေ ငါ မသိဘူး ဆိုပြီး ငါ့ကို လာလိမ်မနေနဲ့။ ယောကျာ်းလေး အချင်းချင်း ဘယ်လိုလုပ် ယူလို့ ရမှာလဲ??...'

' ယုံချင် ယုံ မယုံချင်နေလို့ ပြောပြီးပြီလေ။'

မုလုံ အဲ့တော့မှ ရှောင်းကျန့် ဘက်ကို ကြည့်လိုက်ပြီး ...

' သူ့မှာ ယောကျာ်း ရှိတယ်ဆိုရင် ဘယ်မလဲ သူ့ ယောကျာ်း က ???...'

' သူ့ ယောကျာ်း တရုတ်မှာ ကျန်ခဲ့တယ် ...။'

' အဟက် !!!!.'

မုလုံ ခုန စိတ်ထဲ နည်းနည်း စိုးရိမ်သွားတာ သူ မဟုတ်တဲ့ အတိုင်း ပြန်ပြီး ဟက် ခနဲ ရယ်လိုက်ရင်း ...

' ဘာလဲ ... တရုတ် မှာ ရှိနေတယ် ပြောရင် ငါ ရှာမတွေ့ဘူး ဆိုပြီး ပြောလိုက်တာလား ...။ သူ့မှာ ယောကျာ်း ရှိတယ်ဆို သူ့ ယောကျာ်းပုံ ငါ့ကို ပြ ...။'

ရှောင်းကျန့် နဲ့ ရှဲန့်မု နှစ်ယောက်သား ပြိုင်တူ ယွီ့ကျင်း ကို ကြည့်လိုက်ကြသည်။

ယွီ့ကျင်း ကတော့ မပိုင်ရင် ခြင်တောင် မရိုက်ဘူးဆိုတဲ့ မျက်နှာထား ဖြစ်နေတုန်း ...။

မုလုံ လှောင်ရယ်ချင်တဲ့ မျက်နှာထားနဲ့ ...

' ဘယ်လိုလဲ ... ပုံ ပြ ဆိုတော့ ငြိမ်သွားပါလား ...။'

' ဟွန်း !!! ပုံ များ ...။'

ရှောင်းကျန့် ကတော့ ဖုန်း ကိုင်ပြီး ဘာရှာနေမှန်း မသိတဲ့ ယွီ့ကျင်း ကို ကြည့်ပြီး ခြေဖျား လက်ဖျားတွေ အေးနေပြီ ဖြစ်သည်။ သူ့ကို ဘယ်သူ့ ပုံ ယူပြပြီး ယောကျာ်း တော်ခိုင်းမလဲ ဆိုတဲ့ စိုးရိမ် တစိတ် စိတ် နဲ့ပေါ့။

မုလုံ ကတော့ လက်ပိုက်ရင်း အနိုင်ရတဲ့ အပြုံးနဲ့ စောင့်နေတယ် ...။

~~~~~~~

' လေးလေး ... ကျနော် သွားအိပ်တော့မယ်။ မနက်ဖြန် အစောကြီး ကျောင်းသွားရမှာ ...။'

' အင်း ...။ အကိုက်ခဲ ပျောက်ဆေး တစ်လုံးလောက် သောက်ပြီး အိပ်လိုက်။ မင်း ဒီနေ့ တစ်နေကုန် စားချင်တာ လျှောက်စားထားတာ။ ပြီးတော့ အပြန်မှာ ကစားကွင်းမှာ ဝင် ကစားလာသေးတယ်။'

' ဟုတ်ကဲ့ပါ။ ကျနော် က လေးလေး မပြောလည်း သောက်ပြီးမှ အိပ်မလို့ တွေးထားပြီးသားပါ။'

' အိုခေ ...။ ဒါဆို သွားအိပ်တော့ ...။'

' Good night လေးလေး ...။'

' Good Night !!!.'

ရိပေါ် ဟော်ရှင်း ထွက်သွားတာနဲ့ အိမ်အတွင်းမှာတင် ဘား လို မျိုး လုပ်ထားတဲ့ နေရာကို ထ လာခဲ့သည်။

ဒီအိမ်က သူ ကျောင်းလာတက်ကတည်းက ဝယ်ထားတဲ့ အိမ် ဖြစ်တာကြောင့် သူ့ စိတ်ကြိုက် ဒီဇိုင်းပြင်ထားတာ ဖြစ်သည်။ အရက်ဘား လုပ်ထားတယ်ဆိုပေမယ့် အိမ်မှာ ဟော်ရှင်း ပါ ရှိနေတော့ ခပ်ကြီးကြီး လိုမျိုး ဒီဇိုင်းဆင်ထားတာ မဟုတ်ပါ။ မီးရောင် ခပ်မှိန်မှိန်နဲ့ တစ်ယောက်တည်း လွှင့်မျှောရင်း သောက်လို့ ကောင်းအောင် ပုံစံမျိုး ဖြစ်သည်။

ရိပေါ် ခွက်ထဲ အရက် နည်းနည်း ငှဲ့ထည့်ရင်း မသောက်ခင် ခွက်ကို အရင် လှုပ်ခတ်လိုက်သည်။ အရက်ခွက် လှုပ်ခတ်နေရင်း မျက်ဝန်းထဲမှာက မျက်ဝန်း အိမ် ကျယ်ကျယ်၊ ပုံမဖော်ထားတာတောင် ပုံကျနေတဲ့ မျက်ခုံး၊ နဖူး မကျဉ်း မကျယ်၊ နှုတ်ခမ်း ပါးပါး။ ပြီးတော့ နှုတ်ခမ်းအောက်က မှဲ့နက်လေး ...

ရိပေါ် ခွက်ထဲက အရက်တွေ ကုန်အောင် မော့သောက်လိုက်ပြီး မျက်လုံး ကို မှိတ်လိုက်ရင်း ...

' မင်း ကို မမေ့နိုင်တဲ့ အပြင် အရမ်းတောင် လွမ်းလာနေပါလားကွာ ...။'

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.30 ( Fri )

Zawgyi

ျပင္သစ္ၿမိဳ႕၏ လိုဂို ျဖစ္တဲ့ အီဖယ္ ေမွ်ာ္စင္ ကို လွမ္းၾကည့္ရင္ ျမင္ႏိုင္တဲ့ ေနရာကေန ေကာင္ေလး တစ္ေယာက္ နဲ႔ ေကာင္မေလး ႏွစ္ေယာက္ အတူတူ ည ရွဴခင္း ၾကည့္ရင္း ညစာ စားေနၾကသည္။

' ေရွာင္း ... မွာ ထားႏွင့္။ ငါ Toilet ခဏ သြားအုံးမယ္။'

' အင္း ...။'

ေရွာင္းက်န္႔ ယြီ႕က်င္း ရဲ႕ အေမးကို မီႏူး ၾကည့္ရင္း အေျဖ ျပန္ေပးလိုက္သည္။

' ရွဲန္႔မု ... လိုက္မလား ...။'

' ဟင့္အင္း ...။'

' အိုေခ ...။'

ရွဲန္႔မု ယြီ႕က်င္း ထြက္သြားတာနဲ႔ သူ႔အေတြးကို ခ်က္ခ်င္း အေကာင္ထည္ ေဖာ္ဖို႔ ေရွာင္း ထိုင္ေနတဲ့ အနားမွာ သြားကပ္ထိုင္လိုက္သည္။

' ေရွာင္း !!!!။'

' ဟင္ ???.'

ရွဲန္႔မု သူ ေရွာင္း ကို တမင္ အသိမေပး၊ ျပင္ဆင္ခ်ိန္ မေပးပဲ အနား ကပ္ထိုင္ၿပီး ေခၚလိုက္တာ ျဖစ္သည္။ ဒါေပမယ့္ လွည့္ၾကည့္လာတဲ့ ေရွာင္း ရဲ႕ မ်က္ႏွာကို အနီးကပ္ ၾကည့္ၿပီး မ်က္ဝန္းကို စိုက္ၾကည့္ေပမယ့္ ေျခဖ်ား လက္ဖ်ားေတြ မေအးလာ၊ ရင္ေတြလည္း သာမန္ထက္ ပိုမခုန္လာခဲ့ပါ။

ရွဲန္႔မု သူ႔ေနရာဘက္ကို ျပန္သြားထိုင္လိုက္ၿပီး သူ႔ ႏွလုံးသားေနရာကို လက္ဝါးနဲ႔ အုပ္ထားလိုက္သည္။ ၿပီးေတာ့မွ ေသခ်ာ သြားတာက သူ႔ ႏွလုံးသားက ယြီ႕က်င္း ရဲ႕ အနားမွာ ေနမွ သာမန္ထက္ ပိုခုန္ေနတယ္ဆိုတာကိုေပါ့။

' မင္းသမီး ... ဘာျဖစ္လို႔လဲ? တစ္ခုခု ျဖစ္ေနတာလား ...။'

' ဟင့္အင္း ...။ ဘာမွ မျဖစ္ဘူး။'

' ဟုတ္ကဲ့ ...။'

ေရွာင္းက်န္႔ ဘာမွမျဖစ္ဘူးဆိုေတာ့မွ ၾကည့္လို႔ မၿပီးေသးတဲ့ သူ႔ရဲ႕ မီႏူး ကို ဆက္ၾကည့္လိုက္သည္။

ထိုစဥ္ ...

' ဒီမွာ အတူထိုင္လို႔ ရေသးလား ...။'

' မုလုံ !!!!.'

ေရွာင္းက်န္႔ လည္း မင္းသမီး ဆီက မုလုံ ဆိုတဲ့ အသံၾကားတာနဲ႔ ခ်က္ခ်င္း လွမ္းၾကည့္လိုက္သည္။ မ်က္ႏွာပဲ ျမင္ရတဲ့ မီးေရာင္ ခပ္မွိန္မွိန္ေလး ေအာက္မွာ သူတို႔ရဲ႕ စားပြဲဝိုင္း နားမွာ လာရပ္ေနတာ တကယ္ပဲ သူတို႔ရဲ႕ ေရသူထီး မ်ိဳးႏြယ္ဝင္ ျဖစ္တဲ့ မုလုံ ျဖစ္ေနတယ္။ တစ္နည္းအားျဖင့္ သူ နဲ႔ မင္းသမီး ကို အၿမဲတမ္း အထင္ျမင္လႊဲေနၿပီး မင္းသမီးကို တစ္ဖက္သတ္ ႀကိဳက္ေနတဲ့ ေကာင္ေပါ့။

မုလုံ သူ႔ကို ျမင္တာနဲ႔ အံ့ဩေနၾကတဲ့ မင္းသမီး နဲ႔ ေရွာင္းက်န္႔ ကို အျမင္ကပ္စရာေကာင္းတဲ့ အၿပဳံးမ်ိဳး တစ္ခ်က္ ၿပဳံးျပလိုက္ရင္း မင္းသမီး ထိုင္တဲ့ ဘက္မွာ ဝင္ထိုင္ဖို႔ ျပင္သည္။

ထိုစဥ္ မထင္မွတ္ထားတဲ့ လူ တစ္ေယာက္က သူ႔ထက္ အရင္ မင္းသမီး နားက ေနရာမွာ ဝင္ထိုင္သြားခဲ့ၿပီ။

' ေဆာရီး ... ဒီေနရာက ငါ့ ေနရာ။'

' မင္း က ????.'

ယြီ႕က်င္း သူ႔ကို မ်က္လုံးေသနဲ႔ ၾကည့္ရင္း ေမးလာတဲ့ လူ ကို ၿပဳံးတယ္ဆို႐ုံ ၿပဳံးျပလိုက္ၿပီး ...

' ငါက ေရွာင္း နဲ႔ ရွဲန္႔မု အေၾကာင္းကို သိတဲ့ လူ ေလ ...။'

မုလုံ အနားမွာ ရပ္ေနတဲ့ သူ႔လူ ကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။

သူ႔လူကလည္း သခင္က တစ္ခ်က္ လွမ္းၾကည့္တာနဲ႔ ဘာေျပာခ်င္တယ္ဆိုတာ နားလည္တာေၾကာင့္ နား နားကပ္လာၿပီး တိုးတိုးေျပာလိုက္သည္။

' တ႐ုတ္ျပည္က ေတာ္ဝင္ မ်ိဳးႏြယ္စု ႏွစ္စုပဲ က်န္တဲ့ အထဲက မု မ်ိဳးႏြယ္ဝင္။ နာမည္က မုယြီ႕က်င္း ...။'

မုလုံ သူ႔ကို မေၾကာက္ပဲ ခပ္တည္တည္ မ်က္ႏွာထားနဲ႔ တစ္ေယာက္ ကို ထပ္စိုက္ၾကည့္ၿပီး သူ ထိုင္ခ်င္တဲ့ ေနရာမွာ မထိုင္ရမွေတာ့ က်န္တဲ့ ေရွာင္းက်န္႔ ရဲ႕ အနားမွာ ဝင္ထိုင္လိုက္သည္။

' ေတာ္ဝင္ မ်ိဳးႏြယ္ေတြ ဘာေတြ ထားေတာ့ ...။ ဒါေပမယ့္ မင္းသမီးရဲ႕အေၾကာင္းကို တစ္ျခားလူေတြ သိသြားတာနဲ႔ မင္း ကို စိတ္ဝင္စားလာရလိမ့္မယ္။'

' ယြီ႕က်င္း က အဲ့လို လူမ်ိဳး မဟုတ္ဘူး။ သူ ေျပာခ်င္ရင္ ငါ သူ႔အိမ္မွာ ေပၚလာကတည္းက ေျပာၿပီးေနၿပီ။ ၿပီးေတာ့ သူ ဖိတ္ေခၚတာ မဟုတ္ပဲ ငါ နဲ႔ မင္းသမီး က သူ႔အိမ္ကိုမွ ေ႐ြးၿပီး ေပၚလာတာ။'

' ဟုတ္တယ္။ သူက မင္း ထင္ေနသလို မဟုတ္ဘူး။ ၿပီးေတာ့ မင္း က ကုန္းေပၚ ဘာလာလုပ္တာလဲ။ ၿပီးေတာ့ ဘာလို႔ ငါတို႔ ရွိတဲ့ ေနရာ လာရတာလဲ ...။'

ေရွာင္းက်န္႔ နဲ႔ မင္းသမီး က ကာကြယ္ၿပီး မေျပာေပးရင္ေတာင္ သူ႔ကို ေၾကာက္တဲ့ မ်က္ႏွာ မေတြ႕ရတဲ့ တစ္ေယာက္ကို မုလုံ တစ္ခ်က္ ထပ္ၾကည့္ၿပီး မင္းသမီးကို ျပန္ၾကည့္ရင္း ...

' မင္းသမီး က က်ေနာ့္ကို ေရွာင္ခ်င္လို႔ ကုန္းေပၚတက္လာတာေလ။ အဲ့ဒါ ... မင္းသမီး ကို မ်က္စိေအာက္က အေပ်ာက္မခံခ်င္တဲ့ က်ေနာ္က လိုက္လာရၿပီေပါ့။'

မုလုံ ရဲ႕ စကားေၾကာင့္ ရွဲန္႔မု မ်က္ႏွာေတြ နီ ၿပီး ယြီ႕က်င္း ကို ဖ်တ္ခနဲ လွည့္ၾကည့္ရင္း ...

' ငါ ဒီတစ္ေခါက္ ကုန္းေပၚ တက္လာတာ ေရွာင္း ကို လာရွာတယ္ဆိုတာ ပါး လည္း သိတယ္။ မင္းဘာသာ ကုန္းေပၚ တက္လာခ်င္တာနဲ႔ ငါ့ကို အေၾကာင္းျပခ်က္ ရွာစရာ မလိုပါဘူး။'

' က်ေနာ္ တစ္ခါမွ ကုန္းေပၚမွာ အေၾကာင္းမရွိပဲ မတက္လာခ်င္ဖူးဘူး။ အခုလည္း မင္းသမီး ရွိတဲ့ ေနရာ ေရာက္လာတယ္ဆိုတာ မင္းသမီး ကို ကာကြယ္ေပးရေအာင္လို႔ပါ။'

ယြီ႕က်င္း သူ႔ကိုယ္သူ ဘာျဖစ္ခ်င္ေနမွန္း မသိပဲ စကားႀကီး စကားက်ယ္ လာေျပာေနတဲ့ တစ္ေယာက္ေၾကာင့္ နားထဲကို လက္သန္းနဲ႔ ထိုးကေလာ္ လိုက္ၿပီး ...

' သူ႔ကို ကာကြယ္ေပးခ်င္တယ္ဆိုရင္ မင္း ရဲ႕ အခုနည္းလမ္းကို အရင္ ျပင္ရလိမ့္မယ္ ...။'

ယြီ႕က်င္း ဘာလို႔လဲ ဆိုတဲ့ အေမး မ်က္ႏွာနဲ႔ ဟိုတစ္ေယာက္ေၾကာင့္ ဆက္ေျပာလိုက္သည္။

' ဘာလို႔ဆို ... မင္းသမီး နဲ႔ ေရွာင္း က အခုဆို သာမန္ လူပဲေလ။ မင္း ေရာက္လာၿပီး အနားကေန ေဘာ္ဒီကတ္ လာလုပ္မွ လူေတြ သတိထားမိလာၾကမွာ။ အဲ့ကေန မင္းတို႔ အေၾကာင္းေတြ စိတ္ဝင္စားလာၾကလိမ့္မယ္ ...။'

မုလုံ လည္း လူသား မိန္းကေလးရဲ႕ စကားေၾကာင့္ မင္းသမီးကို ၾကည့္လိုက္ေတာ့ လူသား မိန္းကေလးရဲ႕ စကားကို ေထာက္ခံေနတဲ့ မ်က္ႏွာ ျဖစ္ေနသည္။

ေရွာင္းက်န္႔ ကို လွည့္ၾကည့္လည္း မင္းသမီး လို မ်က္ႏွာနဲ႔ လူသား မိန္းကေလး ရဲ႕ စကားကို ေထာက္ခံေနတယ္။

မုလုံ သူ႔ဘက္မွာ ဘယ္သူမွ မရွိတာေၾကာင့္ မ်က္ႏွာေတြ နီၿပီး အရွက္ရသြားသည္။

ဒါေပမယ့္ သူမ်ား စားပြဲဝိုင္းမွာ ဝင္ထိုင္ၿပီးေနမွေတာ့ ဒီတိုင္းလည္း ျပန္ ထ မသြားခ်င္ပါ။

' ဘယ္လို ျဖစ္ျဖစ္ေလ ...။ မဟုတ္လည္း က်ေနာ္က မင္းသမီးကို ကာကြယ္ေပးရမယ့္ တာဝန္ က ရွိေနၿပီးသားပဲ။'

ယြီ႕က်င္း လူ လို ေျပာတာေတာင္ နားမလည္တဲ့ တစ္ေယာက္ကို မ်က္လုံး ေမွးၾကည့္ရင္း ...

' တာဝန္ ရွိေနတယ္ဆိုလည္း ခပ္ေဝးေဝး ကေနၿပီး ကာကြယ္ေပါ့။ ငါ့အိမ္မွာေတာ့ လူပို ထပ္ေခၚလို႔ မရဘူး။'

' ငါလည္း မင္း အိမ္မွာ မေနပါဘူး။'

ရွဲန္႔မု ခႏၶာကိုယ္ကို မတ္မတ္ ျပင္ထိုင္လိုက္ၿပီး မုလုံ ကို ဦးတည္ ၾကည့္လိုက္ရင္း ...

' နင္ ငါ့ကို ေရွာင္း ေၾကာင့္နဲ႔ အနားမွာ လာေနၿပီး ေစာင့္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ မလိုေတာ့ဘူး ...။'

ေရွာင္းက်န္႔ လည္း ဒီစကားကိုေတာ့ စိတ္ဝင္စားတာေၾကာင့္ မင္းသမီး ကို ၾကည့္လိုက္သည္။

ရွဲန္႔မု စားပြဲေပၚက ခ်ေပးထားတဲ့ ေရ ကရားထဲက ေရ ငွဲ႔ေနရင္း သူ ေျပာမယ့္ စကားကို နားစြင့္ေနတဲ့ ယြီ႕က်င္း ကို တစ္ခ်က္ ေစြၾကည့္ၿပီးမွ ဆက္ေျပာလိုက္သည္။

' ဘာလို႔ဆို ... ငါ ေရွာင္း ကို သေဘာမက်ေတာ့ဘူး။'

မုလုံ ၾကားလိုက္ရတဲ့ စကားေၾကာင့္ မ်က္ဝန္းေတြ လက္လာသည္။

ဒါေပမယ့္ မင္းသမီး က သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ကို ခ်က္ခ်င္းပဲ ျပန္႐ိုက္ခ်ိဳးပါတယ္။

' ၿပီးေတာ့ နင့္ကိုလည္း သေဘာမက်ဘူး။ ငါ့မွာ တကယ္ ရင္ခုန္ၿပီး သေဘာက်ရမယ့္ လူ ရွိေနၿပီ။'

မုလုံ ... ေရွာင္းက်န္႔ ကို ၾကည့္လိုက္ၿပီး ...

' ေရွာင္းက်န္႔ ပဲ မလား? ခုန သူ႔ကို သေဘာမက်ဘူး ေျပာတာ က်ေနာ့္ ကို ေနာက္ဆုတ္ေစခ်င္တာ မလား?.'

ထိုစဥ္ ၿငိမ္ေနတဲ့ မုယြီ႕က်င္း ဆီက ခပ္ဆတ္ဆတ္ အသံ ထြက္လာသည္။

' ေရွာင္း မွာက ကုန္းေပၚက ေယာက်ာ္း ရွိတယ္ ...။'

' ဘာ !!!!!.'

' ယြီ႕က်င္း ...။'

ယြီ႕က်င္း သူ႔ကို လုပ္ျပန္ၿပီလား ဆိုတဲ့ မ်က္ႏွာထားနဲ႔ ေခၚလာတဲ့ ေရွာင္း ကို ဂ႐ုမစိုက္ရင္း ထပ္ၿပီး မင္းသမီး ရွဲန္႔မု ဘက္ကိုပါ ေမးဆတ္လိုက္ၿပီး ...

' ယုံတာ မယုံတာေတာ့ မတတ္ႏိုင္ဘူး။ ေရွာင္း မွာ ေယာက်ာ္း ရွိေနတာ မင္းရဲ႕ မင္းသမီး ေတာင္ သိတယ္ ...။'

' ဟုတ္တယ္ ...။ ဟုတ္တယ္ ...။'

ရွဲန္႔မု လည္း ခုခ်ိန္ မုလုံ ကို အနား မွာ မရွိေစခ်င္တာေၾကာင့္ ယြီ႕က်င္း ေနာက္က အျမန္လိုက္ေျပာလိုက္သည္။

ေရွာင္းက်န္႔ ကေတာ့ ခုလို ေရသူထီး အခ်င္းခ်င္း ေရွ႕မွာ ေယာက်ာ္းေလး တစ္ေယာက္က တစ္ျခား ေယာက်ာ္း တစ္ေယာက္ကို ေယာက်ာ္း ေတာ္ ထားရတယ္ဆိုတဲ့ ကိစၥက ရွက္စရာ ျဖစ္တာေၾကာင့္ မ်က္ႏွာက အီးမွန္ထားသလို ျဖစ္ေနရွာတယ္။

' မင္းတို႔ရဲ႕ ကုန္းေပၚက အေၾကာင္းေတြ ငါ မသိဘူး ဆိုၿပီး ငါ့ကို လာလိမ္မေနနဲ႔။ ေယာက်ာ္းေလး အခ်င္းခ်င္း ဘယ္လိုလုပ္ ယူလို႔ ရမွာလဲ??...'

' ယုံခ်င္ ယုံ မယုံခ်င္ေနလို႔ ေျပာၿပီးၿပီေလ။'

မုလုံ အဲ့ေတာ့မွ ေရွာင္းက်န္႔ ဘက္ကို ၾကည့္လိုက္ၿပီး ...

' သူ႔မွာ ေယာက်ာ္း ရွိတယ္ဆိုရင္ ဘယ္မလဲ သူ႔ ေယာက်ာ္း က ???...'

' သူ႔ ေယာက်ာ္း တ႐ုတ္မွာ က်န္ခဲ့တယ္ ...။'

' အဟက္ !!!!.'

မုလုံ ခုန စိတ္ထဲ နည္းနည္း စိုးရိမ္သြားတာ သူ မဟုတ္တဲ့ အတိုင္း ျပန္ၿပီး ဟက္ ခနဲ ရယ္လိုက္ရင္း ...

' ဘာလဲ ... တ႐ုတ္ မွာ ရွိေနတယ္ ေျပာရင္ ငါ ရွာမေတြ႕ဘူး ဆိုၿပီး ေျပာလိုက္တာလား ...။ သူ႔မွာ ေယာက်ာ္း ရွိတယ္ဆို သူ႔ ေယာက်ာ္းပုံ ငါ့ကို ျပ ...။'

ေရွာင္းက်န္႔ နဲ႔ ရွဲန္႔မု ႏွစ္ေယာက္သား ၿပိဳင္တူ ယြီ႕က်င္း ကို ၾကည့္လိုက္ၾကသည္။

ယြီ႕က်င္း ကေတာ့ မပိုင္ရင္ ျခင္ေတာင္ မ႐ိုက္ဘူးဆိုတဲ့ မ်က္ႏွာထား ျဖစ္ေနတုန္း ...။

မုလုံ ေလွာင္ရယ္ခ်င္တဲ့ မ်က္ႏွာထားနဲ႔ ...

' ဘယ္လိုလဲ ... ပုံ ျပ ဆိုေတာ့ ၿငိမ္သြားပါလား ...။'

' ဟြန္း !!! ပုံ မ်ား ...။'

ေရွာင္းက်န္႔ ကေတာ့ ဖုန္း ကိုင္ၿပီး ဘာရွာေနမွန္း မသိတဲ့ ယြီ႕က်င္း ကို ၾကည့္ၿပီး ေျခဖ်ား လက္ဖ်ားေတြ ေအးေနၿပီ ျဖစ္သည္။ သူ႔ကို ဘယ္သူ႔ ပုံ ယူျပၿပီး ေယာက်ာ္း ေတာ္ခိုင္းမလဲ ဆိုတဲ့ စိုးရိမ္ တစိတ္ စိတ္ နဲ႔ေပါ့။

မုလုံ ကေတာ့ လက္ပိုက္ရင္း အႏိုင္ရတဲ့ အၿပဳံးနဲ႔ ေစာင့္ေနတယ္ ...။

~~~~~~~

' ေလးေလး ... က်ေနာ္ သြားအိပ္ေတာ့မယ္။ မနက္ျဖန္ အေစာႀကီး ေက်ာင္းသြားရမွာ ...။'

' အင္း ...။ အကိုက္ခဲ ေပ်ာက္ေဆး တစ္လုံးေလာက္ ေသာက္ၿပီး အိပ္လိုက္။ မင္း ဒီေန႔ တစ္ေနကုန္ စားခ်င္တာ ေလွ်ာက္စားထားတာ။ ၿပီးေတာ့ အျပန္မွာ ကစားကြင္းမွာ ဝင္ ကစားလာေသးတယ္။'

' ဟုတ္ကဲ့ပါ။ က်ေနာ္ က ေလးေလး မေျပာလည္း ေသာက္ၿပီးမွ အိပ္မလို႔ ေတြးထားၿပီးသားပါ။'

' အိုေခ ...။ ဒါဆို သြားအိပ္ေတာ့ ...။'

' Good night ေလးေလး ...။'

' Good Night !!!.'

ရိေပၚ ေဟာ္ရွင္း ထြက္သြားတာနဲ႔ အိမ္အတြင္းမွာတင္ ဘား လို မ်ိဳး လုပ္ထားတဲ့ ေနရာကို ထ လာခဲ့သည္။

ဒီအိမ္က သူ ေက်ာင္းလာတက္ကတည္းက ဝယ္ထားတဲ့ အိမ္ ျဖစ္တာေၾကာင့္ သူ႔ စိတ္ႀကိဳက္ ဒီဇိုင္းျပင္ထားတာ ျဖစ္သည္။ အရက္ဘား လုပ္ထားတယ္ဆိုေပမယ့္ အိမ္မွာ ေဟာ္ရွင္း ပါ ရွိေနေတာ့ ခပ္ႀကီးႀကီး လိုမ်ိဳး ဒီဇိုင္းဆင္ထားတာ မဟုတ္ပါ။ မီးေရာင္ ခပ္မွိန္မွိန္နဲ႔ တစ္ေယာက္တည္း လႊင့္ေမွ်ာရင္း ေသာက္လို႔ ေကာင္းေအာင္ ပုံစံမ်ိဳး ျဖစ္သည္။

ရိေပၚ ခြက္ထဲ အရက္ နည္းနည္း ငွဲ႔ထည့္ရင္း မေသာက္ခင္ ခြက္ကို အရင္ လႈပ္ခတ္လိုက္သည္။ အရက္ခြက္ လႈပ္ခတ္ေနရင္း မ်က္ဝန္းထဲမွာက မ်က္ဝန္း အိမ္ က်ယ္က်ယ္၊ ပုံမေဖာ္ထားတာေတာင္ ပုံက်ေနတဲ့ မ်က္ခုံး၊ နဖူး မက်ဥ္း မက်ယ္၊ ႏႈတ္ခမ္း ပါးပါး။ ၿပီးေတာ့ ႏႈတ္ခမ္းေအာက္က မွဲ႔နက္ေလး ...

ရိေပၚ ခြက္ထဲက အရက္ေတြ ကုန္ေအာင္ ေမာ့ေသာက္လိုက္ၿပီး မ်က္လုံး ကို မွိတ္လိုက္ရင္း ...

' မင္း ကို မေမ့ႏိုင္တဲ့ အျပင္ အရမ္းေတာင္ လြမ္းလာေနပါလားကြာ ...။'

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.30 ( Fri )

Continue Reading

You'll Also Like

54.2K 467 33
Dear Fellow Readers , this is love.
3.3K 75 21
Nick a boy who was a lonely stay at home and avoid people kind of person who had used beer to solve his loneliness with the feeling of bliss. he come...
267K 5.1K 32
#1 in couple 08/20/23 #3 in college 07/12/23 #3 in college romance 07/06/23 #2 in spicy 07/24/23 Emily Caldwell was a normal girl, living with her be...