Magic Hides My Man

By Nway_Nwayy

229K 13.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 16

4K 327 14
By Nway_Nwayy

Unicode

"ဒါဆို သားက ပျောက်နေတာပေါ့"

ဦးထွဋ်ခေါင် သက်ပြင်းဖွဖွချရင်း တစ်ဖက်ကစကားကို တုန့်ပြန်ရန် ၀န်လေးနေမိသည်။ သူ့အုပ်ထိန်းမှုအောက်မှာ သားတစ်ခုခုဖြစ်သွားရင်ဆိုတာမျိုးက အတွေးထဲမှာတောင် တုန်လှုပ်ရသည်လေ။ ဘေးနားက ဖန်ခွက်ထဲရှိရေကို ‌ယူသောက်လိုက်ပြီး စက္ကန့်ပိုင်းလောက် စိတ်ကိုငြိမ်အောင်ထိန်းကာ ပြန်ဖြေရသည်။

"အခုထိမသေချာသေးဘူး မိုး"

"အခုထိမသေချာသေးဘူး ဟုတ်လား၊ တစ်လပြည့်တော့မယ် မဟုတ်ဘူးလား၊ ကျွန်မသား ပျောက်နေတာ တစ်လပြည့်တော့မယ်လေ"

"မဟုတ်ဘူး မိုး၊ မသေချာသေးဘူးဆိုတာက သားက စိတ်ဆိုးလို့ ထွက်သွားတာမျိုးလည်း ဖြစ်နိုင်တာ မို့လို့"

ဦးထွဋ်ခေါင် အသံကို တတ်နိုင်သလောက် ပေါ့ပါးအောင် ပြောလိုက်သည်။ ဒီဘက်မှာ အကြိမ်ကြိမ်သက်ပြင်းချနေရသည်ကိုဝောာ့ တစ်ဖက်က ဒေါ်မိုးမိုးခိုင် မြင်လိမ့်မည်မဟုတ်။

"အခုထိ ထင်ကြေးနဲ့ကောက်ချက်ချနေတဲ့အဆင့်ပဲ ရှိသေးတာလား၊ ရှင် နည်းနည်းလေးမှ စိတ်မပူဘူးလား၊ ကျွန်မရင်တွေ ပူနေပြီ၊ သားက ရှင်နဲ့စိတ်ဆိုးသွားတယ်ဆိုရင် ကျွန်မဆီကို ဆက်သွယ်လာရမှာပေါ့"

ထိုထင်မြင်ချက်တွေအားလုံးက သူ့ခေါင်းထဲ တွေးပြီးသားဆိုတာ ဦးထွဋ်ခေါင် ထုတ်မပြောဖြစ်လိုက်ပါ။ ဗညားက ဘယ် Credit Card ကမှ ငွေထုတ်သုံးတာလည်း မတွေ့ရသလို၊ ဖုန်းကလည်း တပ်ဆင်ထားခြင်းမရှိပါဆိုတာမျိုး ဖြစ်နေပြီး၊ ကားကလည်း အဲ့ဒီ Club အောက်က ကားပါကင်မှာ ဒီအတိုင်း ကျန်ခဲ့တာ ဖြစ်သည်။

"ထင်ကြေးနဲ့ ကောက်ချက်ချနေတာမဟုတ်ဘူး၊ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေအားလုံးကို ငါ လိုက်စုံစမ်းထားပြီးပါပြီ၊ လူပျောက်မတိုင်ထားရသေးတာပဲ ရှိတာ၊ အပြင်မှာ နီးစပ်ရာတွေကို အကူညီတောင်းထားတယ်၊ မလိုအပ်ဘဲ သတင်းတွေမပြန့်စေချင်လို့"

"သတင်းတွေပြန့်တော့ ဘာဖြစ်လဲ၊ မီဒီယာတွေမှာ ပါလာတော့ရော ဘာဖြစ်လဲ၊ ရှင့်ရှယ်ယာဈေးတွေကျသွားမှာ စိုးလို့လား၊ ဦးထွဋ်ခေါင်ဆိုတဲ့ နာမည်ကို ထိခိုက်မှာစိုးလို့လား"

"မင်း မဆိုင်တာတွေမပြောနဲ့ မိုး၊ မီဒီယာတွေ၊ သတင်းတွေမှာ ပါလာလို့ ငါ့သားကို ပြန်တွေ့မယ်ဆို အခုချက်ချင်း အဲ့ဒီမီယာတွေကို ငါခေါ်လိုက်မယ်၊ ဘာမှန်းမသိသေးတဲ့ကိစ္စနဲ့ ပေါက်ပန်းလေးဆယ်လျှောက်ပြောနေကြမှာတွေကို ဒီအချိန်မှာ ငါသည်းခံနိုင်စွမ်းမရှိဘူး"

"အဲ့ဒါဆို ဘယ်လိုလုပ်ရမှာလဲ၊ လူမသိသူမသိနဲ့ လိုက်စုံစမ်းနေမှာထက် လူတွေသိသွားရင် ပြန်တွေ့ဖို့ ရာခိုင်နှုန်းမများဘူးလား"

အဝေးမှာရောက်နေသူမို့ စိတ်မပူစေချင်၍ ဖြစ်ပျက်သမျှ မပြောဘဲ ထားပေမယ့်၊ ဒီအခြေအနေမှာတော့ သိသင့်သလောက် ပေးသိမှ ဖြစ်တော့မည်။

"သား သွားတတ်တဲ့နေရာတွေ၊ ပေါင်းတတ်တဲ့သူငယ်ချင်းတွေ အကုန်လိုက်စုံစမ်းကြည့်သလောက် သားက ရန်ကုန်မှာတောင် ရှိမနေလောက်ဘူး၊ ရန်ကုန်မှာသာဆို ဘယ်သူနဲ့မှ အဆက်သွယ်မလုပ်ဘဲ ဒီလောက်အကြာကြီး သူဘယ်မှာနေမလဲ"

"အဲ့ဒါဆို .."

"ငါ မြ၀တီဘက်ရော၊ ချင်းမိုင်ဘက်မှာရော စုံစမ်းခိုင်းထားတယ်"

"သားက အဲ့ဒီဘက်တွေရော သွားတတ်တယ်လား"

"သားနဲ့ ပြည့်စုံတို့ ဇေယျာတို့၊ သူတို့ယူနေကျ အဆက်တွေက အဲ့ဒီဘက်မှာလို့ပြောတယ်၊ ဗညားကိုယ်တိုင် လိုက်သွားဖို့က မဖြစ်နိုင်ဘူးဆိုပေမယ့် အခု စဉ်းစားစရာက အဲ့ဒါတစ်ခုပဲရှိတော့တယ်"

"အဆက်တွေ ဆိုတာက ..."

"အခုနောက်ပိုင်း သားက မူးယစ်ဆေးဝါးတွေ နဲနဲစမ်းလုပ်ကြည့်လာတယ်"

"ဘုရား .. ဘုရား"

ဦးထွဋ်ခေါင် မျက်လုံးစုံမှိတ်လိုက်ရင်း အားယူကာပြောပြလိုက်ချိန်မှာ တစ်ဖက်က ဘုရားတသံအပြင် ခနတော့ တိတ်ဆိတ်သွား၏။

"ငါနဲ့ ပြဿနာဖြစ်သွားတာလည်း အဲ့ဒါတွေပါတယ်၊ ငါ သူ့ကို ဆင်ခြင်ဖို့ တင်းတင်းကြပ်ကြပ် သတိပေးလိုက်တာ"

"အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ ကိုထွဋ်ခေါင်ရယ်၊ ကျွန်မသားလေး .. ကျွန်မသားလေးက အဲ့ဒီလိုနေရာတွေအထိရောက်သွားပြီး တစ်ခုခုသာဖြစ်သွားရင် ..."

တစ်ဖက်က ငိုရှိုက်သံနဲ့အတူ ပြောလာသောစကားတို့ကို နားထောင်ပေးရုံအပြင်မတတ်နိုင်ခဲ့။ ဒီအချိန်မှာ သူ့ရင်တွေလည်း ပူလောင်လွန်းနေသည် မဟုတ်လား။

"ဒါ .. ဒါမှ မဟုတ်၊ မပြောကောင်း မဆိုကောင်း၊ သားက အဖမ်းတွေဘာတွေ ခံနေရတာများလား.."

"အဲ့ဒါတော့ မဟုတ်ဘူး၊ ငါ အဲ့ဒီဘက်ကို စုံစမ်းပြီးပြီ မိုး"

"ရှင်က အဲ့ဒါတွေကို မသိခဲ့ဘူးလား၊ သားက ဒီလိုအခြေအနေထိဖြစ်အောင် ရှင်ဘယ်လိုထိန်းသိမ်းထားတာလဲ၊ ကျွန်မသားကို ထားခဲ့မိတာ မှားပြီထင်ပါတယ်"

မှားပြီ ထင်တယ် တဲ့လား။ သားကို သူနဲ့အတူထားခဲ့တာ မှားပြီလို့ ပြန်ပြောနေတယ်ပေါ့။

"မှားဝာာပေါ့၊ အထက်တန်းကျောင်းသားအရွယ်ကလေးတစ်ယောက်၊ မိဘနှစ်ပါးအုပ်ထိန်းမှုအောက်မှာ ရှိနေရမဲ့ကလေးတစ်ယောက်ကို၊ အလွယ်တကူ ထားပစ်ခဲ့တာ မင်းမှားတာပေါ့ မိုး"

ဒီလိုတုန့်ပြန်လာလိမ့်မယ်လို့ ထင်မှတ်မထား၍ ထင်သည်။ ဒေါ်မိုးမိုးခိုင် စကားတို့ တိတ်ဆိတ်သွားသည်။

"မင်းနဲ့အတူဘာလို့ထည့်မပေးလိုက်သလဲလို့တော့ မမေးနဲ့ မိုး၊ ငါ့သားကို ငါမပေးလိုက်နိုင်ဘူး၊ အဖေတစ်ယောက်အနေနဲ့ သားအပေါ်မှာ ငါ့အုပ်ထိန်းမှုတွေ လစ်လပ်သွားတာမျိုး၊ ပိုလျှံသွားတာမျိုး ရှိကောင်းရှိမယ်၊ သားအပေါ်မှာ မေတ္တာအပြည့်အ၀ပေးခဲ့တယ်"

"......"

"မင်း မလုပ်ပေးနိုင်ခဲ့တာတွေအတွက် ငါမင်းကို အပြစ်မတင်ချင်ဘူး၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အပြစ်မတင်ကြရအောင်၊ အခု သားကို ရှာဖို့ပဲ Target ထားကြတာပေါ့"

တစ်ဖက်က တုန့်ပြန်သံကို စောင့်မနေတော့ဘဲ ဖုန်းကိုချပစ်လိုက်သည်။ မိုးနဲ့ ဖုန်းပြောပြီးတိုင်းမှာ သူ့ဘက်က အရင်ဖုန်းချခြင်းဟာ ဒီတစ်တစ်ကြိမ် ပထမဆုံးဖြစ်လိမ့်မည် ထင်သည်။

..........

အောင်မင်္ဂလာအဝေးပြေး၀င်းထဲက လ္ဘက်ရည်ဆိုင်လေးထဲ ထိုင်နေရင်း လူက ရည်းစားနဲ့ First Date မှာတွေ့ဖို့စောင့်နေရသလို ရင်ခုန်နေ၏။ Parallel World ဆိုသည့်အကြောင်းတွေကို ပြည့်စုံမင်းအား ပြောပြချင်တယ် ဟု ပိုင်ခန့်ကို ကို ပြောသည့်အခါ၊ အစပိုင်းတော့မပြောစေချင်ပေမယ့် တားမရသည့်အဆုံး ပြည့်စုံမင်းနဲ့ တွေ့ရန် ချိန်းပေး၏။ ပြည့်စုံမင်းက ဒီမနက် အဝေးပြေးထဲလာစရာရှိတယ် ဟုပြောကာ တစ်ခါတည်းတွေ့ဖို့ပြောတာကြောင့် လာစောင့်နေကြခြင်း ဖြစ်သည်။

စိုးရိမ်မိတယ်ဆိုတာတော့ ပြည့်စုံမင်းက ပိုင်ခန့်ကိုလိုမျိုး ဗညားထွဋ်ခေါင်ပြောတာကို နားလည်ပြီး လက်ခံပါ့မလား ဆိုတာပဲဖြစ်သည်။ အဓိက သိချင်တာက ဟိုရက်က ဗညားထွဋ်ခေါင်ကို တွေ့တဲ့အချိန် ပြည့်စုံမင်း ဘယ်လိုခံစားရသလဲ ဆိုတာပဲ ဖြစ်သည်။ စာထဲမှာ ဖတ်ရတာတော့ တစ်ဖက်ကမ္ဘာမှာ ရင်းနှီးခဲ့ဖူးတဲ့သူတွေဟာ ဒီဘက်ကမ္ဘာမှာ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ဖူးသလို ခံစားချက်မျိုး ခံစားရသည် တဲ့။

"ကိုခန့်ရေ ... စောင့်ရတာကြာသွားလား၊ ကျွန်တော် ဟိုမှာ စကားမပြတ်လို့ဗျာ"

ပြည့်စုံမင်းက ဆိုင်လေးထဲ၀င်လာပြီး ခွေးခြေခုံလေးတစ်ခုကို ယူကာ စားပွဲဝိုင်းမှာ ၀င်ထိုင်၏။ လှုပ်ရှားပုံ၊ စကားပြောပုံတွေအားလုံးကတော့ ပြည့်စုံမင်းအတိုင်းပင်။ ဒါလည်း ပြည့်စုံမင်း ပဲကိုး။

"အာ .. ရပါတယ် မကြာပါဘူး၊ ကိုပြည့်စုံမအားတဲ့ကြားက လာရလို့ အားတောင်နာနေတာ ကျွန်တော်က"

"ရပါတယ်ဗျာ၊ အခုအားသွားပြီ၊ လ္ဘက်ရည်လေးဘာလေးသောက်ပြီး အေးဆေးထိုင်ရတာပေါ့"

ပိုင်ခန့်ကိုက လ္ဘက်ရည်တစ်ခွက်မှာပေး၏။

"ကဲ ... ပြောပါဦး၊ ကျွန်တော့်ကိုတွေ့ချင်တဲ့ ကိစ္စလေး"

"အာ ... အဲ့ဒါက .."

ပိုင်ခန့်ကိုက ပြောရခက်သလို ဗညားထွဋ်ခေါင်အား လှည့်ကြည့်ပြီး -

"ဒါက ကျွန်တော့်သူငယ်ချင်း ဗညားထွဋ်ခေါင် တဲ့"

"အော် .. ဟုတ်ကဲ့၊ ဟိုတလောက ကိုခန့်နဲ့ပဲ တစ်ခေါက်ဆုံဖူးသေးတယ်နော်"

ပြည့်စုံမင်းက ဗညားထွဋ်ခေါင်ဘက်လှည့်ပြီး ရယ်ရယ်မောမော နှုတ်ဆက်သည်။ ပြည့်စုံမင်းကို ကျွန်‌တော်တွေဘာတွေနဲ့ သုံးနှုန်းပြီးပြောရမှာ တစ်မျိုးဖြစ်နေပေမယ့်လည်း။

"အဲ့ဒါ .. ကျွန်တော်သိချင်တာလေးတစ်ခုရှိလို့၊ ကိုပြည့်စုံ ကျွန်တော့်ကိုတွေ့တဲ့နေ့က စိတ်ထဲဘယ်လိုခံစားရလဲ လို့ပါ"

"ဗျာ .."

ဗညားထွဋ်ခေါင်စကားကြောင့် အံ့ဩသွားတဲ့ ပြည့်စုံမင်းက ပိုင်ခန့်ကိုထံ လှမ်းကြည့်သည်။ ပိုင်ခန့်ကိုက အားနာသလို ခေါင်းကုပ်ကာ မသိမသာ မျက်နှာလွှဲနေ၏။ မင်းဟာမင်းပြော ဆိုသည့်သဘော။

"ဒီလိုဗျာ၊ ကျွန်တော့်ကို အဲ့ဒီနေ့ကမှ စမြင်ဖူးတာမဟုတ်လား၊ အဲ့ဒီတုန်းက ကိုပြည့်စုံစိတ်ထဲ ကျွန်တော့်ကို မြင်ဖူးတယ်၊ ရင်းနှီးနေတယ် ဆိုတာမျိုး ခံစားရလားလို့ပါ"

"အာ ... ဟုတ်တယ်ဗျ၊ ကိုဗညားထွဋ်ခေါင်နော် .."

"ဗညားပဲ ခေါ်ပါ"

"ဟုတ်ပြီ၊ ဗညား ..၊ ဟုတ်တယ်ဗျ၊ ခင်ဗျားကိုစတွေ့တော့ တစ်နေရာရာမှာ မြင်ဖူးနေတယ်ဆိုပြီး တွေးနေတာ၊ ဘယ်လိုမှလည်း အစဖော်လို့မရဘူး၊ အမျိုးသမီးကိုတောင် မေးမိသေးတယ်၊ သူ့အသိတွေဘာတွေများလားပေါ့၊ သူကလည်း မသိဘူးတဲ့"

ပိုင်ခန့်ကိုနဲ့ ဗညားထွဋ်ခေါင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ပြည့်စုံမင်းက ပိုင်ခန့်ကိုထက်တောင် ဗညားထွဋ်ခေါင်အားပို၍ ရင်းရင်းနှီးနှီး စကားပြောနေသည်လေ။

"ကျွန်တော်နဲ့ တစ်နေရာရာမှာ ဆုံခဲ့တာများလား၊ မမှတ်မိတာတော့ စိတ်မရှိနဲ့ဗျာ၊ ကျွန်တော့်အလုပ်က လူပေါင်းစုံနဲ့ ပတ်သတ်နေရတော့၊ တချို့နာမည်နဲ့လူနဲ့ မတွဲမိတာမျိုးလည်း ရှိတယ်"

"မဟုတ်ပါဘူး၊ ကျွန်တော်တို့ အဲ့ဒီနေ့ကမှ မြင်ဖူးကြတာပါ"

"ဟုတ်လား ... ဒါဆို ကျွန်တော်အမှတ်မှားတာနေမှာပါ"

"မမှားဘူး ... ကျွန်တော်တို့ ဟိုဘက်ကမ္ဘာမှာ တော်တော်ရင်းနှီးကြတယ်လေ"

"ဗျာ ... ဘယ်မှာ .."

ပြည့်စုံမင်း တအံ့တဩဖြစ်နေပုံကိုကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ကျွန်တော်တွေ၊ ကိုပြည့်စုံတွေပြောနေရတာရော၊ အခုဖြစ်နေတဲ့ ပြည့်စုံမင်းရဲ့ မျက်နှာအမူအယာကြောင့်ရော ဗညားထွဋ်ခေါင် အတော်ကို ရယ်ချင်နေပြီ ဖြစ်သည်။ ပိုင်ခန့်ကိုက ‌*ပြောပြလိုက်လေ* ဆိုသည့် ပုံစံနဲ့ မျက်ခုံးပင့်ပြသည်။ ခေါင်းညိတ်ပြလိုက်ရင်း ပြောပြဖို့ အားယူရတော့သည်။

"ဟာ .. ကျွန်တော်သိတာပေါ့၊ အဲ့ဒါမျိုးကို အများကြီး ကြည့်ဖူး၊ ဖတ်ဖူးခဲ့တာပဲ၊ ကျွန်တော်လက်လည်း ခံတယ်၊ ခင်ဗျား အဲ့ဒီကနေလာခဲ့တာဆို မိုက်တာပေါ့"

အားလုံးနားထောင်အပြီးမှာ ပြည့်စုံမင်းက စားပွဲခုံကို လက်နဲ့ရိုက်ကာ အားရပါးရကို ထောက်ခံ၏။ ဒီလောက်ရှင်းပြရလွယ်မယ် မထင်ထားတာကြောင့် နှစ်ယောက်သား ပြိုင်တူ သက်ပြင်းချမိကြသည်။ ပိုင်ခန့်ကိုက အခုမှ စိတ်အေးသွားသလို ရေနွေးကြမ်းခွက်ကို ယူသောက်၏။

"သက်သေတော့ အတိအကျ မပြနိုင်ပေမယ့်၊ ကျွန်တော် စောစောကပြောတာတွေက အားလုံးအမှန်အတိုင်းပဲ"

"သက်သေကတော့ ပြနိုင်မှာ မဟုတ်ဘူးဗျ၊ သိပ္ပံပညာရှင်တွေတောင် Parallel World ဆိုတာ ရှိမရှိ လေ့လာဆဲအခြေအနေပဲရှိသေးတယ်၊ ကမ္ဘာတစ်ခုကနေတစ်ခုကို ဘာ Data အချက်အလက်မှ သယ်သွားလို့မရခြင်းက လေ့လာမှုအတွက် အခက်ခဲဆုံးအချက်ဖြစ်နေတာပဲလို့ ကျွန်တော်တော့ ထင်တယ်"

အဲ့ဒီအကြောင်း အများကြီးဖတ်ဖူးထားတယ်ဆိုတာ ဖြစ်နိုင်သည်။ ပိုင်ခန့်ကိုက ဗညားထွဋ်ခေါင်ပြောတာမို့လို့ ယုံပေးတယ် ဆိုပေမယ့်၊ ပြည့်စုံမင်းကတော့ တကယ်ကို စိတ်ပါ၀င်စားစွာ ဆွေးနွေးပေးနေတာ ဖြစ်သည်။ ပိုင်ခန့်ကိုကတော့ ဘေးနားက ခေါင်းတညိတ်ညိတ်နှင့်သာ။ ဘာမှတော့ ၀င်မပြောချေ။

"ကျွန်တော် ဖတ်ဖူးတာ တစ်ခုရှိတယ်၊ စိတ်ကူးယဉ်လို့ရရင် တကယ်ဖြစ်အောင်လည်း လုပ်လို့ရတယ်တဲ့၊ ဘယ် သိပ္ပံပညာရပ်မဆို Fact တစ်ခုဖြစ်မလာခင်အထိ စိတ်ကူးယဉ်တွေပဲ မို့လို့လေ၊ အလွယ်တကူ သက်သေပြနိုင်သွားပြီဆိုရင် ကျွန်တော်တို့က ဒီဘက်ကမ္ဘာ၊ ဟိုဘက်ကမ္ဘာ ကုန်‌တောင် ကူးနေကြမလားပဲ၊ လူကိုးဗျ .."

စကားအဆုံးမှာ တဟားဟားရယ်နေသော ပြည့်စုံမင်းနဲ့အတူ၊ ဗညားထွဋ်ခေါင်တို့နှစ်ယောက်ပါ အတူလိုက်ရယ်မိကြသည်။ ပြည့်စုံမင်းရဲ့ ကမ္ဘာနှစ်ခုလုံးမှာ တူညီတဲ့အချက်ကတော့ စကားပြောကောင်းတာပါပဲ။

"ပြောပါဦး ... ကျွန်တော်က ဟိုဘက်ကမ္ဘာမှာ ဘယ်လိုလူလဲဗျ .."

စကားဝိုင်းကို ပြည့်စုံမင်းကပဲ ဦးဆောင်ရင်း၊ ရေနွေးကြမ်းသောက်လိုက်၊ ရယ်မောလိုက်ကြနဲ့၊ ညနေ လေးနာရီထိုးခါနီးမှသာ အဝေးပြေးထဲကနေ ထပြန်လာဖြစ်ခဲ့ကြသည်။ သူဟာ တခြားကမ္ဘာတစ်ခုကနေရောက်လာခဲ့တယ်ဆိုတာ သေချာသွားပြီ ဖြစ်သည်။

အခု နောက်တစ်ဆင့် ထပ်ကြိုးစားရမှာကတော့ *သူ အိမ်ကို ဘယ်လိုပြန်မလဲ* ဆိုတာပဲ ဖြစ်၏။

.................................................................................

Zawgyi


"ဒါဆို သားက ေပ်ာက္ေနတာေပါ့"

ဦးထြဋ္ေခါင္ သက္ျပင္းဖြဖြခ်ရင္း တစ္ဖက္ကစကားကို တုန္႔ျပန္ရန္ ၀န္ေလးေနမိသည္။ သူ႕အုပ္ထိန္းမႈေအာက္မွာ သားတစ္ခုခုျဖစ္သြားရင္ဆိုတာမ်ိဳးက အေတြးထဲမွာေတာင္ တုန္လႈပ္ရသည္ေလ။ ေဘးနားက ဖန္ခြက္ထဲ႐ွိေရကို ‌ယူေသာက္လိုက္ၿပီး စကၠန္႔ပိုင္းေလာက္ စိတ္ကိုၿငိမ္ေအာင္ထိန္းကာ ျပန္ေျဖရသည္။

"အခုထိမေသခ်ာေသးဘူး မိုး"

"အခုထိမေသခ်ာေသးဘူး ဟုတ္လား၊ တစ္လျပည့္ေတာ့မယ္ မဟုတ္ဘူးလား၊ ကြၽန္မသား ေပ်ာက္ေနတာ တစ္လျပည့္ေတာ့မယ္ေလ"

"မဟုတ္ဘူး မိုး၊ မေသခ်ာေသးဘူးဆိုတာက သားက စိတ္ဆိုးလို႔ ထြက္သြားတာမ်ိဳးလည္း ျဖစ္ႏိုင္တာ မို႔လို႔"

ဦးထြဋ္ေခါင္ အသံကို တတ္ႏိုင္သေလာက္ ေပါ့ပါးေအာင္ ေျပာလိုက္သည္။ ဒီဘက္မွာ အႀကိမ္ႀကိမ္သက္ျပင္းခ်ေနရသည္ကိုေဝာာ့ တစ္ဖက္က ေဒၚမိုးမိုးခိုင္ ျမင္လိမ့္မည္မဟုတ္။

"အခုထိ ထင္ေၾကးနဲ႔ေကာက္ခ်က္ခ်ေနတဲ့အဆင့္ပဲ ႐ွိေသးတာလား၊ ႐ွင္ နည္းနည္းေလးမွ စိတ္မပူဘူးလား၊ ကြၽန္မရင္ေတြ ပူေနၿပီ၊ သားက ႐ွင္နဲ႔စိတ္ဆိုးသြားတယ္ဆိုရင္ ကြၽန္မဆီကို ဆက္သြယ္လာရမွာေပါ့"

ထိုထင္ျမင္ခ်က္ေတြအားလုံးက သူ႕ေခါင္းထဲ ေတြးၿပီးသားဆိုတာ ဦးထြဋ္ေခါင္ ထုတ္မေျပာျဖစ္လိုက္ပါ။ ဗညားက ဘယ္ Credit Card ကမွ ေငြထုတ္သုံးတာလည္း မေတြ႕ရသလို၊ ဖုန္းကလည္း တပ္ဆင္ထားျခင္းမ႐ွိပါဆိုတာမ်ိဳး ျဖစ္ေနၿပီး၊ ကားကလည္း အဲ့ဒီ Club ေအာက္က ကားပါကင္မွာ ဒီအတိုင္း က်န္ခဲ့တာ ျဖစ္သည္။

"ထင္ေၾကးနဲ႔ ေကာက္ခ်က္ခ်ေနတာမဟုတ္ဘူး၊ ျဖစ္ႏိုင္ေခ်႐ွိတဲ့ ေနရာေတြအားလုံးကို ငါ လိုက္စုံစမ္းထားၿပီးပါၿပီ၊ လူေပ်ာက္မတိုင္ထားရေသးတာပဲ ႐ွိတာ၊ အျပင္မွာ နီးစပ္ရာေတြကို အကူညီေတာင္းထားတယ္၊ မလိုအပ္ဘဲ သတင္းေတြမျပန္႔ေစခ်င္လို႔"

"သတင္းေတြျပန္႔ေတာ့ ဘာျဖစ္လဲ၊ မီဒီယာေတြမွာ ပါလာေတာ့ေရာ ဘာျဖစ္လဲ၊ ႐ွင့္႐ွယ္ယာေဈးေတြက်သြားမွာ စိုးလို႔လား၊ ဦးထြဋ္ေခါင္ဆိုတဲ့ နာမည္ကို ထိခိုက္မွာစိုးလို႔လား"

"မင္း မဆိုင္တာေတြမေျပာနဲ႔ မိုး၊ မီဒီယာေတြ၊ သတင္းေတြမွာ ပါလာလို႔ ငါ့သားကို ျပန္ေတြ႕မယ္ဆို အခုခ်က္ခ်င္း အဲ့ဒီမီယာေတြကို ငါေခၚလိုက္မယ္၊ ဘာမွန္းမသိေသးတဲ့ကိစၥနဲ႔ ေပါက္ပန္းေလးဆယ္ေလွ်ာက္ေျပာေနၾကမွာေတြကို ဒီအခ်ိန္မွာ ငါသည္းခံႏိုင္စြမ္းမ႐ွိဘူး"

"အဲ့ဒါဆို ဘယ္လိုလုပ္ရမွာလဲ၊ လူမသိသူမသိနဲ႔ လိုက္စုံစမ္းေနမွာထက္ လူေတြသိသြားရင္ ျပန္ေတြ႕ဖို႔ ရာခိုင္ႏႈန္းမမ်ားဘူးလား"

အေဝးမွာေရာက္ေနသူမို႔ စိတ္မပူေစခ်င္၍ ျဖစ္ပ်က္သမွ် မေျပာဘဲ ထားေပမယ့္၊ ဒီအေျခအေနမွာေတာ့ သိသင့္သေလာက္ ေပးသိမွ ျဖစ္ေတာ့မည္။

"သား သြားတတ္တဲ့ေနရာေတြ၊ ေပါင္းတတ္တဲ့သူငယ္ခ်င္းေတြ အကုန္လိုက္စုံစမ္းၾကည့္သေလာက္ သားက ရန္ကုန္မွာေတာင္ ႐ွိမေနေလာက္ဘူး၊ ရန္ကုန္မွာသာဆို ဘယ္သူနဲ႔မွ အဆက္သြယ္မလုပ္ဘဲ ဒီေလာက္အၾကာႀကီး သူဘယ္မွာေနမလဲ"

"အဲ့ဒါဆို .."

"ငါ ျမ၀တီဘက္ေရာ၊ ခ်င္းမိုင္ဘက္မွာေရာ စုံစမ္းခိုင္းထားတယ္"

"သားက အဲ့ဒီဘက္ေတြေရာ သြားတတ္တယ္လား"

"သားနဲ႔ ျပည့္စုံတို႔ ေဇယ်ာတို႔၊ သူတို႔ယူေနက် အဆက္ေတြက အဲ့ဒီဘက္မွာလို႔ေျပာတယ္၊ ဗညားကိုယ္တိုင္ လိုက္သြားဖို႔က မျဖစ္ႏိုင္ဘူးဆိုေပမယ့္ အခု စဥ္းစားစရာက အဲ့ဒါတစ္ခုပဲ႐ွိေတာ့တယ္"

"အဆက္ေတြ ဆိုတာက ..."

"အခုေနာက္ပိုင္း သားက မူးယစ္ေဆးဝါးေတြ နဲနဲစမ္းလုပ္ၾကည့္လာတယ္"

"ဘုရား .. ဘုရား"

ဦးထြဋ္ေခါင္ မ်က္လုံးစုံမွိတ္လိုက္ရင္း အားယူကာေျပာျပလိုက္ခ်ိန္မွာ တစ္ဖက္က ဘုရားတသံအျပင္ ခနေတာ့ တိတ္ဆိတ္သြား၏။

"ငါနဲ႔ ျပႆနာျဖစ္သြားတာလည္း အဲ့ဒါေတြပါတယ္၊ ငါ သူ႕ကို ဆင္ျခင္ဖို႔ တင္းတင္းၾကပ္ၾကပ္ သတိေပးလိုက္တာ"

"အဲ့ဒါ ဘယ္လိုလုပ္ၾကမလဲ ကိုထြဋ္ေခါင္ရယ္၊ ကြၽန္မသားေလး .. ကြၽန္မသားေလးက အဲ့ဒီလိုေနရာေတြအထိေရာက္သြားၿပီး တစ္ခုခုသာျဖစ္သြားရင္ ..."

တစ္ဖက္က ငို႐ိႈက္သံနဲ႔အတူ ေျပာလာေသာစကားတို႔ကို နားေထာင္ေပး႐ုံအျပင္မတတ္ႏိုင္ခဲ့။ ဒီအခ်ိန္မွာ သူ႕ရင္ေတြလည္း ပူေလာင္လြန္းေနသည္ မဟုတ္လား။

"ဒါ .. ဒါမွ မဟုတ္၊ မေျပာေကာင္း မဆိုေကာင္း၊ သားက အဖမ္းေတြဘာေတြ ခံေနရတာမ်ားလား.."

"အဲ့ဒါေတာ့ မဟုတ္ဘူး၊ ငါ အဲ့ဒီဘက္ကို စုံစမ္းၿပီးၿပီ မိုး"

"႐ွင္က အဲ့ဒါေတြကို မသိခဲ့ဘူးလား၊ သားက ဒီလိုအေျခအေနထိျဖစ္ေအာင္ ႐ွင္ဘယ္လိုထိန္းသိမ္းထားတာလဲ၊ ကြၽန္မသားကို ထားခဲ့မိတာ မွားၿပီထင္ပါတယ္"

မွားၿပီ ထင္တယ္ တဲ့လား။ သားကို သူနဲ႔အတူထားခဲ့တာ မွားၿပီလို႔ ျပန္ေျပာေနတယ္ေပါ့။

"မွားဝာာေပါ့၊ အထက္တန္းေက်ာင္းသားအ႐ြယ္ကေလးတစ္ေယာက္၊ မိဘႏွစ္ပါးအုပ္ထိန္းမႈေအာက္မွာ ႐ွိေနရမဲ့ကေလးတစ္ေယာက္ကို၊ အလြယ္တကူ ထားပစ္ခဲ့တာ မင္းမွားတာေပါ့ မိုး"

ဒီလိုတုန္႔ျပန္လာလိမ့္မယ္လို႔ ထင္မွတ္မထား၍ ထင္သည္။ ေဒၚမိုးမိုးခိုင္ စကားတို႔ တိတ္ဆိတ္သြားသည္။

"မင္းနဲ႔အတူဘာလို႔ထည့္မေပးလိုက္သလဲလို႔ေတာ့ မေမးနဲ႔ မိုး၊ ငါ့သားကို ငါမေပးလိုက္ႏိုင္ဘူး၊ အေဖတစ္ေယာက္အေနနဲ႔ သားအေပၚမွာ ငါ့အုပ္ထိန္းမႈေတြ လစ္လပ္သြားတာမ်ိဳး၊ ပိုလွ်ံသြားတာမ်ိဳး ႐ွိေကာင္း႐ွိမယ္၊ သားအေပၚမွာ ေမတၱာအျပည့္အ၀ေပးခဲ့တယ္"

"......"

"မင္း မလုပ္ေပးႏိုင္ခဲ့တာေတြအတြက္ ငါမင္းကို အျပစ္မတင္ခ်င္ဘူး၊ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္မတင္ၾကရေအာင္၊ အခု သားကို ႐ွာဖို႔ပဲ Target ထားၾကတာေပါ့"

တစ္ဖက္က တုန္႔ျပန္သံကို ေစာင့္မေနေတာ့ဘဲ ဖုန္းကိုခ်ပစ္လိုက္သည္။ မိုးနဲ႔ ဖုန္းေျပာၿပီးတိုင္းမွာ သူ႕ဘက္က အရင္ဖုန္းခ်ျခင္းဟာ ဒီတစ္တစ္ႀကိမ္ ပထမဆုံးျဖစ္လိမ့္မည္ ထင္သည္။

..........

ေအာင္မဂၤလာအေဝးေျပးဝင္းထဲက လၻက္ရည္ဆိုင္ေလးထဲ ထိုင္ေနရင္း လူက ရည္းစားနဲ႔ First Date မွာေတြ႕ဖို႔ေစာင့္ေနရသလို ရင္ခုန္ေန၏။ Parallel World ဆိုသည့္အေၾကာင္းေတြကို ျပည့္စုံမင္းအား ေျပာျပခ်င္တယ္ ဟု ပိုင္ခန္႔ကို ကို ေျပာသည့္အခါ၊ အစပိုင္းေတာ့မေျပာေစခ်င္ေပမယ့္ တားမရသည့္အဆုံး ျပည့္စုံမင္းနဲ႔ ေတြ႕ရန္ ခ်ိန္းေပး၏။ ျပည့္စုံမင္းက ဒီမနက္ အေဝးေျပးထဲလာစရာ႐ွိတယ္ ဟုေျပာကာ တစ္ခါတည္းေတြ႕ဖို႔ေျပာတာေၾကာင့္ လာေစာင့္ေနၾကျခင္း ျဖစ္သည္။

စိုးရိမ္မိတယ္ဆိုတာေတာ့ ျပည့္စုံမင္းက ပိုင္ခန္႔ကိုလိုမ်ိဳး ဗညားထြဋ္ေခါင္ေျပာတာကို နားလည္ၿပီး လက္ခံပါ့မလား ဆိုတာပဲျဖစ္သည္။ အဓိက သိခ်င္တာက ဟိုရက္က ဗညားထြဋ္ေခါင္ကို ေတြ႕တဲ့အခ်ိန္ ျပည့္စုံမင္း ဘယ္လိုခံစားရသလဲ ဆိုတာပဲ ျဖစ္သည္။ စာထဲမွာ ဖတ္ရတာေတာ့ တစ္ဖက္ကမ႓ာမွာ ရင္းႏွီးခဲ့ဖူးတဲ့သူေတြဟာ ဒီဘက္ကမ႓ာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သိကြၽမ္းခဲ့ဖူးသလို ခံစားခ်က္မ်ိဳး ခံစားရသည္ တဲ့။

"ကိုခန္႔ေရ ... ေစာင့္ရတာၾကာသြားလား၊ ကြၽန္ေတာ္ ဟိုမွာ စကားမျပတ္လို႔ဗ်ာ"

ျပည့္စုံမင္းက ဆိုင္ေလးထဲ၀င္လာၿပီး ေခြးေျခခုံေလးတစ္ခုကို ယူကာ စားပြဲဝိုင္းမွာ ၀င္ထိုင္၏။ လႈပ္႐ွားပုံ၊ စကားေျပာပုံေတြအားလုံးကေတာ့ ျပည့္စုံမင္းအတိုင္းပင္။ ဒါလည္း ျပည့္စုံမင္း ပဲကိုး။

"အာ .. ရပါတယ္ မၾကာပါဘူး၊ ကိုျပည့္စုံမအားတဲ့ၾကားက လာရလို႔ အားေတာင္နာေနတာ ကြၽန္ေတာ္က"

"ရပါတယ္ဗ်ာ၊ အခုအားသြားၿပီ၊ လၻက္ရည္ေလးဘာေလးေသာက္ၿပီး ေအးေဆးထိုင္ရတာေပါ့"

ပိုင္ခန္႔ကိုက လၻက္ရည္တစ္ခြက္မွာေပး၏။

"ကဲ ... ေျပာပါဦး၊ ကြၽန္ေတာ့္ကိုေတြ႕ခ်င္တဲ့ ကိစၥေလး"

"အာ ... အဲ့ဒါက .."

ပိုင္ခန္႔ကိုက ေျပာရခက္သလို ဗညားထြဋ္ေခါင္အား လွည့္ၾကည့္ၿပီး -

"ဒါက ကြၽန္ေတာ့္သူငယ္ခ်င္း ဗညားထြဋ္ေခါင္ တဲ့"

"ေအာ္ .. ဟုတ္ကဲ့၊ ဟိုတေလာက ကိုခန္႔နဲ႔ပဲ တစ္ေခါက္ဆုံဖူးေသးတယ္ေနာ္"

ျပည့္စုံမင္းက ဗညားထြဋ္ေခါင္ဘက္လွည့္ၿပီး ရယ္ရယ္ေမာေမာ ႏႈတ္ဆက္သည္။ ျပည့္စုံမင္းကို ကြၽန္‌ေတာ္ေတြဘာေတြနဲ႔ သုံးႏႈန္းၿပီးေျပာရမွာ တစ္မ်ိဳးျဖစ္ေနေပမယ့္လည္း။

"အဲ့ဒါ .. ကြၽန္ေတာ္သိခ်င္တာေလးတစ္ခု႐ွိလို႔၊ ကိုျပည့္စုံ ကြၽန္ေတာ့္ကိုေတြ႕တဲ့ေန႔က စိတ္ထဲဘယ္လိုခံစားရလဲ လို႔ပါ"

"ဗ်ာ .."

ဗညားထြဋ္ေခါင္စကားေၾကာင့္ အံ့ဩသြားတဲ့ ျပည့္စုံမင္းက ပိုင္ခန္႔ကိုထံ လွမ္းၾကည့္သည္။ ပိုင္ခန္႔ကိုက အားနာသလို ေခါင္းကုပ္ကာ မသိမသာ မ်က္ႏွာလႊဲေန၏။ မင္းဟာမင္းေျပာ ဆိုသည့္သေဘာ။

"ဒီလိုဗ်ာ၊ ကြၽန္ေတာ့္ကို အဲ့ဒီေန႔ကမွ စျမင္ဖူးတာမဟုတ္လား၊ အဲ့ဒီတုန္းက ကိုျပည့္စုံစိတ္ထဲ ကြၽန္ေတာ့္ကို ျမင္ဖူးတယ္၊ ရင္းႏွီးေနတယ္ ဆိုတာမ်ိဳး ခံစားရလားလို႔ပါ"

"အာ ... ဟုတ္တယ္ဗ်၊ ကိုဗညားထြဋ္ေခါင္ေနာ္ .."

"ဗညားပဲ ေခၚပါ"

"ဟုတ္ၿပီ၊ ဗညား ..၊ ဟုတ္တယ္ဗ်၊ ခင္ဗ်ားကိုစေတြ႕ေတာ့ တစ္ေနရာရာမွာ ျမင္ဖူးေနတယ္ဆိုၿပီး ေတြးေနတာ၊ ဘယ္လိုမွလည္း အစေဖာ္လို႔မရဘူး၊ အမ်ိဳးသမီးကိုေတာင္ ေမးမိေသးတယ္၊ သူ႕အသိေတြဘာေတြမ်ားလားေပါ့၊ သူကလည္း မသိဘူးတဲ့"

ပိုင္ခန္႔ကိုနဲ႔ ဗညားထြဋ္ေခါင္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မိၾကသည္။ ျပည့္စုံမင္းက ပိုင္ခန္႔ကိုထက္ေတာင္ ဗညားထြဋ္ေခါင္အားပို၍ ရင္းရင္းႏွီးႏွီး စကားေျပာေနသည္ေလ။

"ကြၽန္ေတာ္နဲ႔ တစ္ေနရာရာမွာ ဆုံခဲ့တာမ်ားလား၊ မမွတ္မိတာေတာ့ စိတ္မ႐ွိနဲ႔ဗ်ာ၊ ကြၽန္ေတာ့္အလုပ္က လူေပါင္းစုံနဲ႔ ပတ္သတ္ေနရေတာ့၊ တခ်ိဳ႕နာမည္နဲ႔လူနဲ႔ မတြဲမိတာမ်ိဳးလည္း ႐ွိတယ္"

"မဟုတ္ပါဘူး၊ ကြၽန္ေတာ္တို႔ အဲ့ဒီေန႔ကမွ ျမင္ဖူးၾကတာပါ"

"ဟုတ္လား ... ဒါဆို ကြၽန္ေတာ္အမွတ္မွားတာေနမွာပါ"

"မမွားဘူး ... ကြၽန္ေတာ္တို႔ ဟိုဘက္ကမ႓ာမွာ ေတာ္ေတာ္ရင္းႏွီးၾကတယ္ေလ"

"ဗ်ာ ... ဘယ္မွာ .."

ျပည့္စုံမင္း တအံ့တဩျဖစ္ေနပုံကိုၾကည့္ကာ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္။ ကြၽန္ေတာ္ေတြ၊ ကိုျပည့္စုံေတြေျပာေနရတာေရာ၊ အခုျဖစ္ေနတဲ့ ျပည့္စုံမင္းရဲ႕ မ်က္ႏွာအမူအယာေၾကာင့္ေရာ ဗညားထြဋ္ေခါင္ အေတာ္ကို ရယ္ခ်င္ေနၿပီ ျဖစ္သည္။ ပိုင္ခန္႔ကိုက ‌*ေျပာျပလိုက္ေလ* ဆိုသည့္ ပုံစံနဲ႔ မ်က္ခုံးပင့္ျပသည္။ ေခါင္းညိတ္ျပလိုက္ရင္း ေျပာျပဖို႔ အားယူရေတာ့သည္။

"ဟာ .. ကြၽန္ေတာ္သိတာေပါ့၊ အဲ့ဒါမ်ိဳးကို အမ်ားႀကီး ၾကည့္ဖူး၊ ဖတ္ဖူးခဲ့တာပဲ၊ ကြၽန္ေတာ္လက္လည္း ခံတယ္၊ ခင္ဗ်ား အဲ့ဒီကေနလာခဲ့တာဆို မိုက္တာေပါ့"

အားလုံးနားေထာင္အၿပီးမွာ ျပည့္စုံမင္းက စားပြဲခုံကို လက္နဲ႔႐ိုက္ကာ အားရပါးရကို ေထာက္ခံ၏။ ဒီေလာက္႐ွင္းျပရလြယ္မယ္ မထင္ထားတာေၾကာင့္ ႏွစ္ေယာက္သား ၿပိဳင္တူ သက္ျပင္းခ်မိၾကသည္။ ပိုင္ခန္႔ကိုက အခုမွ စိတ္ေအးသြားသလို ေရေႏြးၾကမ္းခြက္ကို ယူေသာက္၏။

"သက္ေသေတာ့ အတိအက် မျပႏိုင္ေပမယ့္၊ ကြၽန္ေတာ္ ေစာေစာကေျပာတာေတြက အားလုံးအမွန္အတိုင္းပဲ"

"သက္ေသကေတာ့ ျပႏိုင္မွာ မဟုတ္ဘူးဗ်၊ သိပၸံပညာ႐ွင္ေတြေတာင္ Parallel World ဆိုတာ ႐ွိမ႐ွိ ေလ့လာဆဲအေျခအေနပဲ႐ွိေသးတယ္၊ ကမ႓ာတစ္ခုကေနတစ္ခုကို ဘာ Data အခ်က္အလက္မွ သယ္သြားလို႔မရျခင္းက ေလ့လာမႈအတြက္ အခက္ခဲဆုံးအခ်က္ျဖစ္ေနတာပဲလို႔ ကြၽန္ေတာ္ေတာ့ ထင္တယ္"

အဲ့ဒီအေၾကာင္း အမ်ားႀကီးဖတ္ဖူးထားတယ္ဆိုတာ ျဖစ္ႏိုင္သည္။ ပိုင္ခန္႔ကိုက ဗညားထြဋ္ေခါင္ေျပာတာမို႔လို႔ ယုံေပးတယ္ ဆိုေပမယ့္၊ ျပည့္စုံမင္းကေတာ့ တကယ္ကို စိတ္ပါ၀င္စားစြာ ေဆြးေႏြးေပးေနတာ ျဖစ္သည္။ ပိုင္ခန္႔ကိုကေတာ့ ေဘးနားက ေခါင္းတညိတ္ညိတ္ႏွင့္သာ။ ဘာမွေတာ့ ၀င္မေျပာေခ်။

"ကြၽန္ေတာ္ ဖတ္ဖူးတာ တစ္ခု႐ွိတယ္၊ စိတ္ကူးယဥ္လို႔ရရင္ တကယ္ျဖစ္ေအာင္လည္း လုပ္လို႔ရတယ္တဲ့၊ ဘယ္ သိပၸံပညာရပ္မဆို Fact တစ္ခုျဖစ္မလာခင္အထိ စိတ္ကူးယဥ္ေတြပဲ မို႔လို႔ေလ၊ အလြယ္တကူ သက္ေသျပႏိုင္သြားၿပီဆိုရင္ ကြၽန္ေတာ္တို႔က ဒီဘက္ကမ႓ာ၊ ဟိုဘက္ကမ႓ာ ကုန္‌ေတာင္ ကူးေနၾကမလားပဲ၊ လူကိုးဗ် .."

စကားအဆုံးမွာ တဟားဟားရယ္ေနေသာ ျပည့္စုံမင္းနဲ႔အတူ၊ ဗညားထြဋ္ေခါင္တို႔ႏွစ္ေယာက္ပါ အတူလိုက္ရယ္မိၾကသည္။ ျပည့္စုံမင္းရဲ႕ ကမ႓ာႏွစ္ခုလုံးမွာ တူညီတဲ့အခ်က္ကေတာ့ စကားေျပာေကာင္းတာပါပဲ။

"ေျပာပါဦး ... ကြၽန္ေတာ္က ဟိုဘက္ကမ႓ာမွာ ဘယ္လိုလူလဲဗ် .."

စကားဝိုင္းကို ျပည့္စုံမင္းကပဲ ဦးေဆာင္ရင္း၊ ေရေႏြးၾကမ္းေသာက္လိုက္၊ ရယ္ေမာလိုက္ၾကနဲ႔၊ ညေန ေလးနာရီထိုးခါနီးမွသာ အေဝးေျပးထဲကေန ထျပန္လာျဖစ္ခဲ့ၾကသည္။ သူဟာ တျခားကမ႓ာတစ္ခုကေနေရာက္လာခဲ့တယ္ဆိုတာ ေသခ်ာသြားၿပီ ျဖစ္သည္။

အခု ေနာက္တစ္ဆင့္ ထပ္ႀကိဳးစားရမွာကေတာ့ *သူ အိမ္ကို ဘယ္လိုျပန္မလဲ* ဆိုတာပဲ ျဖစ္၏။

.................................................................................















Continue Reading

You'll Also Like

15K 469 21
ကိုယ့္အပိုင္ေလးျဖစ္ခ်င္ရဲ႕လား baby ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား baby (19.3.2024- 6.5.2024 )
8.8K 123 7
A cruel queen rules over the land with fear. However, her daughter, Princess Jamie, wants to rule the land with kindness and love. When she notices h...
2.4M 142K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
23.4K 1K 12
Justice for Chloe Bourgeois in my fanfic. Since the author is mad enough to think about killing her in season 6. Read the chapter to know more. Also...