"မင်းသိပါတယ်၊ ငါမင်းကိုဘယ်လောက်ချစ်သလဲ"
"ငါသိတယ် Norawit၊ အဲ့ဒါ မင်းကသေချာပေါက်ငါ့ရန်သူပဲ"
"မင်းကိုဘယ်လိုလုပ်ပြမှ ယုံမှာလဲ ငါတကယ်ချစ်တာပါကွာ"
"မင်းတို့ သားဖနှစ်ယောက်က မဟုတ်တော့ဘူး၊ အဖေတုန်းကလဲ အမေဖြစ်သူကိုကြံတယ်၊ အခုသားလက်ထပ်ကျ သားဖြစ်သူကိုကပ်တယ်။ မင်းတို့ အဲ့လောက်တောင် ဆန်နဝီပြည်ကို စိုးမိုးချင်သလားဟေ"
"မင်းမှားနေပြီNattawat ၊ ငါဘာမှမလိုချင်ဘူး။ မင်းဆီက အချစ်ကလွဲရင်....ဘာမှထပ်မလိုတော့ဘူး"
"မင်းအဖေက ငါ့အမေကိုလဲ ဒီလိုစကားလုံးတွေနဲ့ချုပ်ခဲ့မှာပဲ၊ စိတ်မကောင်းစရာက ငါတို့က ရန်သူအပေါ် ချစ်စိတ်မွှန်မှာတော့မဟုတ်ဘူး"
"မင်းကသာ ရန်သူလို့ သတ်မှတ်နေတာ ၊ မင်းကပဲ ဆုံးဖြတ်နေတာWat။ ငါ့အဖေနဲ့ မင်းအမေဘာတွေဖြစ်ခဲ့ခဲ့ ငါဂရုမစိုက်ဘူး။ အဲ့တာကငါ့အတွက်အရေးလဲမပါဘူး Wat"
"မင်းငါ့အချစ်ကို အဲ့သလောက်တောင်မက်သလား"
"အဲ့ထက်ပိုပါတယ်ကွာ"
"ကျိန်ဆိုပါတယ်...~
မင်းကငါ့အချစ်ကိုလိုချင်ရင် ငါ့ဘယ်ဘက်ရင်အုံ မှာရှိတဲ့ နှလုံးသားကို ဓားနဲ့အကြိမ်ကြိမ်ထိုးနက်ပြီး ရလာတဲ့သွေးကို မင်းရဲ့လက် ကောက်၀တ် သွေးစိမ်းနဲ့ အတူပေါင်းပြီးသိမ်းရမယ် ၊ မင်းရဲ့ လက်ကောက်၀တ်ကို တစ်ပတ်တစ်ခါ လှီးပြီးအဲ့သွေးကိုယူရမယ်လို့ ငါကျိန်တယ်"
"Wat မင်းကျိန်နေတာတွေတော်ပါတော့"
"ဘာလဲ မင်းကကြောက်တာလား"
"ဟုတ်တယ် မင်းနဲ့ဝေးရမှာ သေလောက်အောင်ကြောက်တယ်"
"ဒါဆိုငါပြောသလိုလုပ်လေ ...ငါကျိန်သလိုမှမဟုတ်ရင် မင်းငါ့အချစ်ကို ဘယ်တော့မှရမှာမဟုတ်တော့ဘူး Norawit"
"Wat မင်းနဲ့ဒီဘ၀နီးချင်တယ် မင်းကိုမထိခိုက်ပဲ...၊ ငါ့ကိုလက်ခံပေးပါ"
"မင်းကိုလက်မခံနိုင်ဘူး.....မင်းဖြစ်နေလို့ကို လက်မခံတာ၊ ဒီဘ၀လဲမရဘူး။နောက်ဘ၀ဆိုတာမျိုးကဝေးသေး.. "
"Wat....!!!"
လျက်တစ်ဖြတ်ဖြစ်နေတဲ့ အဖြစ်အပျက် နှင့်အတူ ကောက်ထိုင်မိလိုက်သည်။ ဒါမျိုးတွေဘယ်ထိ ဆက်မက်နေဦးမှာလဲ!!!
အိမ်မက်ထဲတွင်.....
အနက် ရောင်၀တ်ဆုံနဲ့ လူတစ်ယောက်က တောင်းတောင်းပန်ပန်နဲ့ပြောနေရှာတဲ့ အချစ်စကား၊မျက်၀န်းထဲ ဝေ့နေတဲ့ မျက်ရည်စတွေ
တစ်ဖက်က အဖြူရောင်ပါဝါကိုလွှမ်းခြုံထားတဲ့လူကတော့ ခါးခါးသီးသီးကိုငြင်းဆန်နေတယ်။
နောက်ကျောအရိပ်သာမြင်ရတဲ့ အဖြူရောင်နဲ့လူက ခန္တာကိုယ်သေးသယောင် ၊ အနက်ရောင်နဲ့လူကတော့ ခပ်ထွားထွား။
သူတို့ကိုအိမ်မက်ထဲတွင် မကြာခဏ မြင်မြင်နေတတ်ပေမဲ့ အခုလို စကားအသံတော့ ပထမဆုံးကြားဖူးခြင်း၊ ဇာတ်လမ်းဆန်ဆန်မက်နေခဲ့တဲ့အိမ်မက်... ကျိန်ဆိုနေတဲ့အသံကိုထပ်ခါတလဲလဲကြားရောင်နေသည်။
နှလုံးသားတို့အောင့်လာသည်၊ ထို့အတူစွာ နောက်ကျောကလည်း နာလာသည်။ ကျတော်ထိုအရာတွေကို အဖွားမရှိပဲ ဘယ်လိုကျော်ဖြတ်ရမလဲဟင် အဖွား။
နာရီကြည့်မိတော့ မနက်ခင်း၅:၂၀ မိနစ်ရှိနှင့်ပြီ ။ ဆက်လဲ အိပ်မနေချင်တော့၍ စောစောထကာလမ်းထိပ်က Convenience store ကိုသွားနေသည်။
ချမ်းလိုက်တာ ထူးထူးဆန်းဆန်းတွေ
"အမေ့ ပလုတ်တုတ်"
အရှေ့က လူရဲ့ကျောကုန်းမမြင်ပဲ၀င်တိုက်မိတော့အရှေ့ကလူကလှည့်ကြည့်လာသည်။
မြင်လိုက်ရတဲ့ မျက်၀န်းက ရင်းနှီးနေသည်။
ခပ်နက်နက်မျက်၀န်းပိုင်ရှင်က ပြုံးစစကြည့်နေတော့
"Sorry မမြင်လိုက်လို့"
"ချေလှချီလား၊ Wat"
"ခင်ဗျား ဘယ်သူ့ကိုခေါ်နေတာလဲ အရှေ့ကဖယ်လေ ကြောင်တောင်တောင်နဲ့"
ထိုလူကဒေါက်ကိုမကျိုးဘူး ၊ ကိုယ်လဲ ခပ်သုတ်"ထွက်လာခဲ့တယ်။
စတိုးဆိုင်၀င်လိုက်တော့ ချစ် ကြည်နူးနေတဲ့ ဟိုနှစ်ယောက်
"အဟွန်းဟွန်း..."
ကျတော် ချောင်းဟန့်တော့ ယုန်ရုပ်နဲ့ဘဲက မျက်စောင်းလှမ်းထိုးသည်။ customer service ကောင်းလိုက်တာ။
ကျတော်လည်း လိုချင်တာတွေ၀ယ်လိုက်သည်။ ထို့နောက်
ဆိုင်ကိုတစ်ပတ်ပတ်ကာ လိုတာရှိသလားဟု ပတ်ရှာမိသည်။
"ဘာတွေရှာနေတာလဲ"
"ခင်ဗျား အပူလား"
"မင်းက မလွယ်ဘူးပဲ Wat"
တစ်ဝက်ထဲဝက်နေတဲ့ ဒီလူဖင်ကို ကန်ချင်လာသည်။ သို့သော် သူ့ရဲ့ Watဆိုတဲ့ အသံကိုရင်းရင်းနှီးနှီးကြားဖူးနေသည်။ ကြားမိတိုင်း နှလုံးသားက ကျင်တက်သလိုပင်။
"ခင်ဗျားကရော ဘာရှာနေလို့ ကျတော့်နောက် လိုက်နေတာလဲ"
"အိုးးး မင်းနောက်မလိုက်ရပါဘူး"
မုန့်တန်းတစ်ခုနဲ့ ကျတော့်ကို ပိတ်ကာအုပ်မိုးရင်းပြောလာသည်က
"ကိုယ် ဒီ နေကြာစေ့လေး လာ၀ယ်တာ"
နေကြာစေ့လာ၀ယ်တယ်ပဲပြောသွားတာသေချာပါတယ်။ ဒါကို နှလုံးသားက ဘာလို့ တခုခုပြောခဲ့သလို ခုန်မြူးနေရသလဲ။
"စိတ်ရှုပ်စရာကောင်းတဲ့လူကြီး"
ထို့နောက်ကောင်တာကို သွားခဲ့သည်။
ဝယ်ထားတာတွေ ငွေရှင်းနေသည်။
တီ*တီ*တီ
"ဂျောင်ဂု!!"
"အွန်း"
"ဒီမှာ ပိုးဟက်ကြီး လာဖယ်ပေးဦး"
ထို့နောက် အနောက်ခန်းထဲပြေး၀င်သွားသည်။တန်းနေရောပဲ
""ဟ""
တစ်ပြိုင်တည်းထွက်လာတဲ့ အသံက ဟိုမျက်၀န်းဘဲကြီးနှင့် ကျတော့်ဆီက
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ဘာလုပ်ဖို့လဲ"
"ပြောပါကွယ်၊ ကိုကိုကသိချင်လို့ပါ"
"စကားကိုဘယ်လိုတွေပြောနေတာလဲ"
"စတာပါ၊ မင်းကြည့်ရတာ ခရမ်းချဉ်သီးစားတာများတယ်ထင်တယ်"
"...."
"ရုပ်ကနီရဲတွတ်နေတာပဲ"
"ဟာာ! ခင်ဗျားစမနေတော့နဲ့။"
"နာမည်ပြောပြရင် ဒီနေကြာစေ့ကျွေးမယ်"
"ဘာလို့စားရမှာလဲ"
ထို့နောက် ဆိုင်နောက်မှထွက်လာတဲ့ ယုန်ရုပ်နဲ့ဘဲ
"စုစုပေါင်း ၁၂၅၀၀ ကျတယ်"
"ရော့"
"ခင်ဗျား ပေါနေလား"
ကျတော်ပြောလိုက်တော့ ပြုံးစစကြည့်ကာ ထွက်သွားတယ်
"ဒီလူ ဘာလဲဟ"
ထို့နောက် ကျတော်လဲ ပြန်ပေးရန်ပိုက်ဆံထုတ်ပြီး အနောက်ကလိုက်တော့ ထိုလူက ပျောက်ချင်းမလှ ပျောက်သွားတယ်။
"မြန်လိုက်တာ"
ကျတော်လဲ အိမ်ကိုတန်းတန်းမက်မက်ပြန်ကာ စားသောက်ခဲ့တယ်။ ထို့နောက် ၀င်လာတဲ့ဖုန်းက
"ဟလို"
*Fot...မင်းဒီနေ့အားလား*
"အားပါတယ်ကွ"
*မင်းအားရင် ဒီည boy night မလားလို့*
"ငါတော့မလာတော့ဘူး ငါမအားလို့။ pondတော့လာမှာပါကွ"
*သူလာမယ်လို့ ပြောတယ်၊ မင်းလဲလာလေကွာ*
"နေပါကွာ အိမ်မှာနေရတာပိုကောင်းတယ်"
*ဟျောင့် ငါကငါ့အိမ်ကို အလည်ခေါ်တာကိုငြင်းနေတာလား*
"အဲ့လိုတော့လဲ မဟုတ်ပါဘူး၊ ဒါပေမဲ့ငါဒီနေ့ အပြင်ထွက်ဖို့ moodမလာဘူး"
*မင်းတို့ introvert တွေက ကြီးကြီးကျယ်ကျယ်တွေ*
"ပြောလဲခံလိုက်မယ်၊ မလာတော့ဘူးနော် တာ့တာ"
*ဟျောင့် ..ဟ တီတီ*
ဖုန်းချကာ ပြန်လှဲနေလိုက်သည်။ ပျော်ပွဲတွေကျင်းပရတာကိုကြိုက်တာပေါ့ ကျတော်လဲ လူငယ်ပဲလေဗျာ။ ဒါပေမဲ့ ကျတော့် moodကလဲ ပျော်နေဦးမှလေ ကျတော် တွေဝေနေတယ်။ ကျတော်အိမ်မက်က လက်တွေ့ ဖြစ်ခဲ့တာဆိုရင်ရော ဘယ်လိုအဆုံးသတ်မလဲလေ
_________Married-To-Death-Man________
"အကို ဂျောင်ဂု .. "
"အေးပြော"
"ကျတော် ဒီနေ့ အိမ်ပြန်ရောက်ကျမယ်လို့"
"မင်းကဘယ်သွားဖို့လဲ"
"ဒီနေ့ Phuwin တို့က boy night လုပ်မယ်တဲ့၊ Fourthလဲပါတယ်လေ "
"ဟင် Fourth ကလိုက်ပါ့မလားကွ၊ သူကမင်းတို့လိုမဟုတ်တော့"
"အို...ကျတော်ပြောရင်ရမှာပါဗျာ"
"အင်းပါ အရမ်းတော့လဲ မူးရူးမနေနဲ့ဦးနော် ၊ ဘယ်မှာလုပ်မှာတဲ့လဲ"
"Phuwinက သူ့အိမ်မှာပဲတဲ့"
"အင်းအင်း ငါ့ကို အိမ်လိပ်စာပေးခဲ့"
"အကိုလိုက်ပို့လိုက်လေ ဒါဆို သိသွားတာပေါ့"
"အေး ခဏစောင့်"
ထို့နောက် ဂျောင်ဂုက တစ်နေရာရာကိုဖုန်းနေနေသည်။
"ဟလို..."
*ပြောလေ ဂျောင်ဂု*
"မင်းအိမ်မှာလား ထယ်"
*အဲ့လိုမခေါ်စမ်းပါနဲ့ ကြက်သီးထတယ်*
"ပြော"
*ဟုတ်တယ် အိမ်မှာပဲ မင်းဘာလုပ်ဖို့လဲ*
"ငါ့အိမ်မှာ ဒီနေ့လာအိပ် ငါသရဲကြောက်လို့"
*ရူးနေလား၊ ဘယ်သရဲကြောက်နေတာလဲ မင်းဗလနဲ့*
"ငါလဲ နှလုံးသားနဲ့ ကြောက်တတ်ပါတယ်ကွ"
*မင်းဘာဖြစ်နေလဲ၊ ကိုယ့်ဘာသာ နေပါလား*
"မင်းကညိုညင်နေတာလား၊ ငါဒီညအိမ်မှာတစ်ယောက်တည်းလေ"
Pond"မဟုတ်ဘူး ကျတော်ဒီညပြန်လာမှာလေ အကိုက..."
Pondပါးစပ်ကိုအတင်းပိတ်ကာ တိုးတိုးနေရန်ဟန်လုပ်ပြနေသည်။ ထို့နောက် ခပ်တိုးတိုးပြောသည်က
"ဟျောင့် ဒီညမင်းပြန်မလာလဲရတယ် ဟိုကောင်လေးအိမ်မှာသာ အိပ် မဟုတ်လဲ သွားချင်တဲ့နေရာသာသွား"
"မဟုတ်ဘူးလေ"
ထို့နောက် Pondပြောတာကို ဆက်နားထောင်မနေတော့ပဲ...
"ထယ် မင်းလာခဲ့ပါနော်၊ ငါအရမ်းကြောက်နေပြီ"
*အပိုတွေပြောမနေနဲ့ ငါလာမယ် လာခေါ်*
"အွန်းပါ အခုလာပြီ"
"မဟုတ်ဘူး ကျတော့်ပို့ရဦးမယ်လေ"
"မင်းဘာသာ အဆင်ပြေသလိုသာသွားပေတော့ ငါတော့ သွားပြီ ပြီးတော့ ဒီညပြန်မလာနဲ့နော် ပြန်လာရင်ဘေလ်မကုန်ပဲကြည့်နေရမယ်"
"ဟ!"
ဘာမှဆက်မပြောနိုင်တော့တဲ့ အတူတူတော့ ငဖုသာ ဖုန်းဆက်လှမ်းခေါ်လိုက်သည်။
သူကလည်းလာမယ်တဲ့ ဒီညတော့ ညတာရှည်ဦးမယ်။ ကျတော်တို့ Fourth ကိုပါ သွားခေါ်ရဦးမည်လေ။
__________
လိုအပ်ချက်လေးတွေကိုလဲ ဖြည့်သာတွေးပေးစေချင်ပါတယ်ဗျာ။ အမြန်မြန် ရေးရတာဆိုတော့ မှားတာတွေရှိရင်လဲတောင်းပန်ပါတယ်ဗျ ။
List တွေထည့်ပေးတဲ့သူလေးတွေကိုလဲ ကျေးဇူးပါဗျာ။ ကျတော်တင်တိုင်း အမြဲ like ၀င်ပေးတဲ့သူလေးတွေလဲ ကျေးဇူးပါဗျ။
❤️❤️❤️