Magic Hides My Man

By Nway_Nwayy

230K 13.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 15

4.1K 320 26
By Nway_Nwayy

Unicode

ညစာစားချိန်မှာ တိတ်ဆိတ်နေကြသော ဗညားထွဋ်ခေါင်နဲ့ ပိုင်ခန့်ကို ကို ကြည့်ကာ မမက *ဘာဖြစ်နေကြလဲ* ဟု မေးသည်။ နှစ်ယောက်လုံး ဘာမှ မပြောဘဲ ငြိမ်နေတော့ မျက်စောင်းထိုးကာ၊ ထပ်တော့မမေးတော့ချေ။ ထမင်းစားပြီးတော့ ပိုင်ခန့်ကိုက *ဆေးလိပ်သွားသောက်ဦးမယ်* ဟု ပြောကာ အရင်ဆုံး ထထွက်သွား၏။ ထိုအခါမှ မမက စကားစသည်။

"ရန်ဖြစ်ထားကြတာလား"

"မဟုတ်ပါဘူး"

ဗညားထွဋ်ခေါင် ငြင်းလိုက်တော့ မမ ခေါင်းခါသည်။

"မဟုတ်သေးပါဘူး၊ တစ်ခုခုတော့ ဖြစ်ထားကြပါတယ်"

မမကိုတော့ မပြောဘဲ မနေချင်တာကြောင့်၊ ပြောလိုက်ပါမယ် ဟု တွေးကာ -

"ကျွန်တော့်ကြောင့် အလုပ်မှာ ပိုင်ခန့် ပြဿနာဖြစ်သွားတယ် မမ"

"ဟယ် ... ဘယ်လိုဖြစ်ကြတာလဲ"

မနက်က အဖြစ်အပျက်ကို ပြောပြလိုက်တော့ မမက သက်ပြင်းချရင်း "ထင်သားပဲ" ဆိုသည့် အကြည့်နဲ့ကြည့်သည်။ ဗညားထွဋ်ခေါင်ကို အပြစ်မတင်ဘဲ ထုံးစံအတိုင်း ပြုံးကာ ပြော၏။

"မမပြောသားပဲ၊ ဗညား မလုပ်နိုင်လောက်ဘူးဆိုတာ"

မမစကားကို ခေါင်းပဲညိတ်ပြီး ထောက်ခံလိုက်ရင်း ထမင်းပန်းကန်တွေ ကူသိမ်းပေးဖို့ ပြင်တော့ *ရပါတယ်* ဟုဆိုကာ မမက ပန်းကန်တွေ ယူသိမ်းသည်။

"ကိုခန့်က သူ့အလုပ်မှာ ဘယ်လိုပြန်ဖြေရှင်းရမလဲဆိုတာ သိမှာပါ၊ ဘာမှ စိတ်မကောင်း ဖြစ်မနေပါနဲ့"

"ဟုတ်"

ဖြစ်တာကဖြစ်ပြီးပြီ ဆိုပေမယ့် ပိုင်ခန့်ကိုနဲ့မမ ကိုတော့ အားနာမိသည်။ အခုက သူလွန်တာတော့မဟုတ်ပေမယ့်လည်း၊ ပိုင်ခန့်ကို အလုပ်ထိခိုက်မှာမျိုးတော့ မဖြစ်စေချင်ပါ။

"အဲ့ဒါဆို ပိုင်ခန့်နောက်ကို ‌လိုက်သွားလိုက်ဦးမယ်နော်"

"အေး အေး"

အိမ်ရှေ့ကနေ လှမ်းကြည့်လိုက်တော့ ပိုင်ခန့်ကိုက လမ်းထိပ်အုတ်ခုံမှာထိုင်ကာ ဆေးလိပ်သောက်နေ၏။ အိမ်ဘက်ကို လှမ်းကြည့်မနေ။ အနားကို လျှောက်သွားလိုက်ပြီး ဘေးမှာ သွားထိုင်လိုက်တဲ့အထိလည်း လှည့်မကြည့်ပါ။

"ပိုင်ခန့် ..."

ဆေးလိပ်ငွေ့အချို့ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်တဲ့ ပိုင်ခန့်ကိုက ဒီဘက်ကိုတော့ လှည့်ကြည့်မလာချေ။ ဗညားထွဋ်ခေါင် သက်ပြင်းချမိသည်။ မီးမညှိရသေးသော စီးကရက်ကို လက်မှာ ပြန်ကိုင် ထားလိုက်ရင်း -

"ငါ ပြန်တောင်းပန်ပေးမယ်လေ"

ပိုင်ခန့်ကိုက လှည့်ကြည့်လာ၏။

"မင်း မှားတယ်လို့ ထင်လို့လား"

‌ပိုင်ခန့်ကိုစကားကြောင့် ခေါင်းခါပြလိုက်သည်။ တကယ်လည်း မှားတယ်လို့ မထင်ပါ။ မှောင်ရိပ်ကျနေသော အုတ်ခုံကြောင့် သိပ်တော့မသဲကွဲပေမယ့်၊ ပိုင်ခန့်ကို မျက်လုံးတွေက မျက်မှောင်ကြုံ့ထားမှာ သေချာသည်။

"ငါ့ကို ဇာနည် ပြောပြသွားတယ်"

"အဲ့ဒီတော့ ... ငါ အလုပ်ပြုတ်မှာစိုးလို့ တောင်းပန်ပေးမယ်ပေါ့"

အခု ပိုင်ခန့်ကိုက ဘာကို မကျေမနပ် ဖြစ်နေသေးတာလဲတော့ မသိ။ အဲ့ဒီလူကို ပြန်တောင်းပန်ပေးမယ် ဆိုတာနဲ့တင် သူ့ကို ကျေးဇူးတင်သင့်သည် မဟုတ်လား။

"မလိုပါဘူး၊ မင်းကိုယ်မင်း မမှားဘူးထင်ရင် တောင်းပန်စရာ မလိုဘူး"

"အဲ့ဒါဆိုလည်း ပြီးတာပဲ၊ ငါက မင်းအလုပ်ထိခိုက်မှာစိုးလို့ ပြောတာ"

ပိုင်ခန့်ကိုက အရှေ့တည့်တည့်ကို ကြည့်နေရာကနေ ဗညားထွဋ်ခေါင်ဘက်ကို သေသေချာချာကို လှည့်လာ၏။ လက်ထဲက စီးကရက်ကို အုတ်ခုံမှာ မီးသတ်ကာ မြေပေါ်ချလိုက်သည်။ ပိုင်ခန့်ကိုဆီ နောက်ဆုံးကျန်ခဲ့သော စီးကရက်အငွေ့တချို့က ဗညားထွဋ်ခေါင် မျက်နှာနား ဝေ့ဝဲသွားကြသည်။

"ဒီပြဿနာမှာ မင်းကိုယ်မင်း မှားတယ်လို့ မထင်ဘူးပေါ့"

ပြန်ဖြေဖို့ ပြင်ပြီးမှ ခေါင်းပဲ ခါပြလိုက်သည်။ အမှောင်ရိပ်ထဲ အနီးကပ် မသဲမကွဲမြင်နေရသော ပိုင်ခန့်ကို အကြည့်တွေကို မရှောင်လွှဲမိဘဲ ပြန်ကြည့်မိနေရင်း လူက အားနည်းသလို ခံစားလာရသည်။ အဲ့ဒီ နားမလည်နိုင်တဲ့ ခံစားချက်ကြီး ထပ်ဖြစ်ပြန်ပြီ။ အခု မှားတယ်လို့ ကိုယ့်ကိုယ်ကို တွေးမိနေပြန်ပြီလေ။

"ငါက .. ငါက ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို မှားတယ်လို့ မတွေးဖူးဘူး၊ မှားတယ်လို့ ထင်ရင်လည်း အစကတည်းက မလုပ်ဘူးလေ"

မသိမသာ လှုပ်ခတ်နေသော အသံကို ထိန်းကာ ပြောလိုက်သည်။

"အော် ... အဲ့ဒါဆို မင်းက တစ်ဘ၀လုံး တစ်ခါမှ မမှားခဲ့ဖူးဘူးပေါ့"

ဘာမှ ပြန်မပြောမိဘဲ ‌လက်ထဲကစီးကရက်ကို နှုတ်ခမ်းမှာတေ့ရင်း မီးညှိလိုက်သည်။ *အခု ဘာဖြစ်နေတာလဲ* ဟု ကိုယ့်ကိုယ်ကို မချင့်မရဲတွေးရင်း စီးကရက်ကိုသာ ဆက်တိုက် ရှိုက်နေမိသည်။

"ငါနဲ့ စတွေ့တဲ့ရက်ကတည်းက မင်းလုပ်ခဲ့သမျှတွေကို ပြန်တွေးကြည့်လိုက်ရင်၊ ငါ့အထင်တော့ အမှားတွေချည်းပဲ၊ ကားရှေ့ကနေ မဖယ်ဘဲ တမင်ပိတ်ထားတယ်၊ အိမ်ယာထဲမှာ အိမ်မှားပြီး ပြဿနာသွားရှာတယ်၊ တစ်ခါထဲလည်းမဟုတ်ဘူး၊ ပြီးတော့ အလုပ်မှာ ပြဿနာ ဖြစ်တယ်"

ပိုင်ခန့်ကိုအသံက စိတ်ဆိုးနေတဲ့ ပုံမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး ရှင်းပြနေသလိုမျိုး ဖြစ်သည်။ အပြစ်တင်ခံရခြင်းကို အင်မတန်မုန်းသော ဗညားထွဋ်ခေါင်က ထိုစကားသံတို့ကိုတော့ ငြိမ်ပြီး နားထောင်နေမိသည်။

"အဲ့ဒါတွေ အကုန်လုံးအတွက် ငါ့မှာ အကြောင်းပြချက် ရှိတယ်လေ"

ခပ်တိုးတိုး စောဒကတက်မိတော့ ပိုင်ခန့်ကိုက ဆက်ပြော၏။

"အကြောင်းပြချက်ရှိတယ် ဆိုတိုင်း၊ လုပ်ချင်ရာတွေ အကုန်လျှောက်လုပ်နေလို့ ဘယ်ဖြစ်မလဲ"

မသဲမကွဲမြင်နေရသော ပိုင်ခန့်ကို မျက်နှာအား ငေးကြည့်နေမိသည်။ တစ်ခုခုပြန်ပြောချင်ပေမယ့် တစ်စုံတစ်ခုက ဟန့်တားထားသလို ပြောစရာ စကားတို့ မဲ့နေ၏။

"မိသားစုစား၀တ်နေရေးအတွက်ဆိုပြီး ဓားပြတိုက်နေရင်လည်း အဲ့ဒါကပြစ်မှုမြောက်တာပဲ၊ ကိုယ့်ဘ၀မှာ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရှိတယ်ဆိုပေမယ့် သူတပါးကို မထိခိုက်ဖို့တော့ လို‌တာပေါ့"

ပိုင်ခန့်ကိုက စကားကိုခနရပ်လိုက်ပေမယ့် ဗညားထွဋ်ခေါင် ဘာမှ ပြန်မပြောတာကြောင့် ဆက်ပြောသည်။

"အကြောင်းပြချက်ကတော့ လူတိုင်းမှာ ရှိတာပေါ့၊ ဒါပေမယ့် အမှားအမှန်ကတော့ ကိုယ်လုပ်တဲ့အရာပေါ်မှာပဲ မူတည်တယ်၊ လူတစ်ယောက်က မှားလို့မရဘူး မဟုတ်ဘူး၊ မှားလို့ ရတယ်၊ ဒါပေမယ့် ကိုယ်အမှားလုပ်မိမှန်းတော့ ကိုယ်သိရတယ်"

"......"

"ကိုယ့်အမှားကိုယ်သိမှ ပြန်ပြင်လို့ရမှာလေ၊ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမှားဘူးလို့ ထင်နေသ၍၊ အဲ့ဒီလူက ဘယ်တော့မှ မှန်မှာ မဟုတ်တော့ဘူး၊ ကိုယ် မှား‌ကြောင်း ဘယ်သူ့ကိုမှ ၀န်မခံချင်တာက ပြဿနာ မဟုတ်ဘူး၊ ကိုယ့်အမှားကိုယ် လုံး၀မသိဘူးဆိုရင်တော့ ပြဿနာရှိတယ်"

အပြစ်တင်ခံရခြင်းကို ဒေါသဖြစ်ရမဲ့အစား စိတ်ထဲမှာ ၀မ်းနည်းသလိုသာ ခံစားနေရသည်။ ကိုယ့်စိတ်ကိုယ် နားမလည်နိုင်စွာ မချင့်မရဲ ဖြစ်မိရင်း မြေပေါ်ပစ်ချလိုက်သော စီးကရက်တို ကိုသာ အကြောင်းမဲ့ နင်းချေနေမိသည်။ အခု ဗညားထွဋ်ခေါင်ဆိုတဲ့ကောင်က သူများပြောလိုက်တဲ့စကားကြောင့် ၀မ်းနည်းပြီး ငြိမ်သက်နေတာတဲ့လား။

...….

ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ငြိမ်နေသော ဗညားထွဋ်ခေါင်ကို ကြည့်ကာ ပိုင်ခန့်ကို သက်ပြင်းချလိုက်မိသည်။ ပိုင်ခန့်ကို အလုပ်ထိခိုက်မှာစိုးတာကြောင့် သူ့ကိုအပြစ်ပြောနေတာ ဟုတော့ မထင်စေချင်ပါ။ ဘာမှပြန်မပြောပေမယ့် အဲ့လိုတွေးရင်လည်း တွေးနေလောက်သည်။

သူ့ကို မျက်လုံးနဲ့ကြည့်တာတောင် မကြိုက်တဲ့ ဗညားထွဋ်ခေါင်ဟာ ပိုင်ခန့်ကို စိတ်ဆိုးရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုပြောလိုက်ရင်‌ပဲဖြစ်ဖြစ် အတိုက်အခံသိပ်မလုပ်ဘဲ ငြိမ်သွားတတ်တာကို သတိထားမိပါသည်။ ဒါပေမယ့် ဗညားထွဋ်ခေါင်နဲ့ ပြဿနာက အမြဲယှဉ်တွဲနေတာကိုတော့ ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ချေ။

"ဘာပဲဖြစ်ဖြစ် ငါပြန်တောင်းပန်ပေးပါ့မယ်"

တောင်းပန်ပေးမယ်လို့သာ ပြောပေမယ့် အခုထိ သူမှားတယ်လို့ လက်ခံချင်ပုံမရ။ ပြီးတော့ တကယ်လည်း ပြန်မတောင်းပန်ချင်လောက်ဘူးဆိုတာ သိတာကြောင့်၊ အတင်းမလုပ်ခိုင်းချင်ပါ။ နောက်တော့ နားလည်အောင်ပြောပြရင် အမှန်၊အမှား ဆိုတာကို လက်ခံလာမည် ထင်ပါသည်။

"အဲ့ကိစ္စကို ထားလိုက်ပါတော့၊ အလုပ်မှာ ငါ့ဟာငါ ကြည့်ပြောလိုက်လို့ အဆင်ပြေပါတယ်"

"မင်းရော ငါ့ကို စိတ်ဆိုးနေသေးလား"

သက်ပြင်းချရင်း ခေါင်းသာခါပြလိုက်သည်။ စိတ်ဆိုးနေတော့လည်း ဘာထူးမှာ မို့လို့လဲလေ။

"ငါ မင်းကို ပြောပြစရာ တစ်ခုရှိတယ်"

"အင်း .. ပြောလေ"

ဘုမ္မာထိပ်မှာ ကိုပြည့်စုံမင်းနဲ့တွေ့ခဲ့တဲ့ အကြောင်းကိုပြန်ပြောတာကြောင့်၊ ဗညားထွဋ်ခေါင် ဘာပြောချင်တာမှန်းမသိသေး၍ ဒီတိုင်းသာ နားထောင်နေလိုက်သည်။ ဗညားထွဋ်ခေါင် ပြောပြတာတွေ နားထောင်အပြီးမှာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ ခန ကြောင်သွားမိသည်။

"အဲ့ဒါဆို ကိုပြည့်စုံက မင်းသူငယ်ချင်းပေါ့"

ပိုင်ခန့်ကို နားမလည်သလို ပြန်မေးတော့ ဗညားထွဋ်ခေါင်က အသေအချာပဲ ဆိုသည့် ပုံစံနဲ့ ခေါင်းညိတ်၏။ အခု ဗညားထွဋ်ခေါင်က သူဟာ ဒီကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာတစ်ခုက လာခဲ့တာလို့ ပြောနေတာ ဖြစ်သည်။

"မင်း လက်ခံဖို့ခက်မယ်ဆိုတာ ငါသိပါတယ်၊ ငါ့မှာလည်း သက်သေပြစရာမရှိဘူး၊ ငါလည်း ပြည့်စုံမင်းကို တွေ့လိုက်တော့မှ ဒီလိုဆိုတာ နားလည်လိုက်တာ၊ ဟိုဘက်ကမ္ဘာမှာ ငါနဲ့သိခဲ့တဲ့နောက်တစ်ယောက်လောက်ကို ဒီမှာ ထပ်တွေ့လိုက်ရရင် အတည်ပြုဖို့ ပိုသေချာသွားမှာ"

ဗညားထွဋ်ခေါင်ပြောနေပုံက တကယ်ကို အလေးအနက်ပဲမို့၊ အရင်ကလို *ခေါင်းထိထားလို့လား* ဆိုတာမျိုးတော့ မတွေးမိတော့ပါ။ လက်ခံဖို့တော့ ခက်ခဲပေမယ့်၊ ကိုယ်မကြုံဖူးတိုင်း မဖြစ်နိုင်ဘူးတော့ ပြောလို့မရဘူး မဟုတ်လား။

"အဲ့ဒီလိုမျိုး Parallel World ဆိုတာကို အရင်က ရုပ်ရှင်တွေထဲမှာတော့ မြင်ဖူးတယ်၊ ငါ အခု အဲ့ဒီအကြောင်းကိုလည်း ရှာပြီး ဖတ်ကြည့်ထားတယ်၊ အဲ့ဒီကမ္ဘာနှစ်ခုမှာ ရှိနေတဲ့ လူတွေက အတူတူပဲ၊ အခြေအနေတွေကတော့ တူချင်မှ တူကြမှာ တဲ့၊ ဥပမာ - ပြည့်စုံမင်းဆိုရင် ဟိုဘက်မှာ သူက စီးပွားရေးတော်တော်များများကို ဦးစီးနေတဲ့သူ၊ ဒီကမ္ဘာမှာကျတော့ သူများ Company ရဲ့ မန်နေဂျာ၊ အဲ့လိုမျိုးပေါ့"

ဗညားထွဋ်‌ခေါင်က ပြောရင်း ခနရပ်ကာ ပိုင်ခန့်ကိုအား အကဲခတ်သည်။ ပိုင်ခန့်ကို စိတ်၀င်တစားနားထောင်နေတာကို တွေ့မှ ကျေနပ်သွားသလို စကားကို ဆက်၏။

"အဲ့ဒီကမ္ဘာနှစ်ခုကို တစ်ခုကနေတစ်ခု ကူးပြောင်းဖို့ဆိုတာ၊ ဖြစ်နိုင်ချေ အရမ်းနည်းတယ် တဲ့၊ သိပ္ပံပညာရှင်တွေတောင် ကမ္ဘာနှစ်ခုရှိကြောင်း အတည်ပြုဖို့ ကြိုးစားနေကြတုန်း တဲ့လေ၊ ကမ္ဘာတစ်ခုကနေ တစ်ခုကို ကူးပြောင်းနိုင်ဖို့က ကြားထဲမှာ အလွှာလေးတစ်ခုပဲခြားတယ်တဲ့၊ ဒါ‌ပေမယ့် အဲ့ဒီအလွှာလေးက ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ ရှိနေမလဲဆိုတာလဲ မသေချာပြန်ဘူး၊ ငါက အဲ့ဒီအလွှာလေးကို ဖြတ်ခဲ့မိတယ် ထင်ပါတယ်"

"အဲ့ဒါဆို မင်းက System Bar ရဲ့ Toilet ထဲကနေ ဒီကို ရောက်လာခဲ့တာပေါ့"

ဗညားထွဋ်ခေါင်က ခေါင်းညိတ်သည်။ ထို့နောက် ပိုင်ခန့်ကိုအား စူးစမ်းသလို ကြည့်ကာ -

"ငါပြောတာတွေကို မင်း လက်ခံရဲ့လား"

"ဒါမျိုးက လက်ခံချင်စရာ ကိစ္စတော့မဟုတ်ဘူးပေါ့၊ ပြီးတော့ ငါက ကိုယ်တိုင် ကြုံခဲ့ရတာလည်း မဟုတ်ဘူး .. ဒါပေမယ့် .."

ဗညားထွဋ်ခေါင်က ပိုင်ခန့်ကို ဘာဆက်ပြောလာမလဲဟု မျှော်လင့်တကြီး စောင့်နေဟန် တူသည်။

"ဒါပေမယ့် ... ငါ မင်းကို ယုံပါတယ်"

..........................................................................................

Zawgyi

ညစာစားခ်ိန္မွာ တိတ္ဆိတ္ေနၾကေသာ ဗညားထြဋ္ေခါင္နဲ႔ ပိုင္ခန္႔ကို ကို ၾကည့္ကာ မမက *ဘာျဖစ္ေနၾကလဲ* ဟု ေမးသည္။ ႏွစ္ေယာက္လုံး ဘာမွ မေျပာဘဲ ၿငိမ္ေနေတာ့ မ်က္ေစာင္းထိုးကာ၊ ထပ္ေတာ့မေမးေတာ့ေခ်။ ထမင္းစားၿပီးေတာ့ ပိုင္ခန္႔ကိုက *ေဆးလိပ္သြားေသာက္ဦးမယ္* ဟု ေျပာကာ အရင္ဆုံး ထထြက္သြား၏။ ထိုအခါမွ မမက စကားစသည္။

"ရန္ျဖစ္ထားၾကတာလား"

"မဟုတ္ပါဘူး"

ဗညားထြဋ္ေခါင္ ျငင္းလိုက္ေတာ့ မမ ေခါင္းခါသည္။

"မဟုတ္ေသးပါဘူး၊ တစ္ခုခုေတာ့ ျဖစ္ထားၾကပါတယ္"

မမကိုေတာ့ မေျပာဘဲ မေနခ်င္တာေၾကာင့္၊ ေျပာလိုက္ပါမယ္ ဟု ေတြးကာ -

"ကြၽန္ေတာ့္ေၾကာင့္ အလုပ္မွာ ပိုင္ခန္႔ ျပႆနာျဖစ္သြားတယ္ မမ"

"ဟယ္ ... ဘယ္လိုျဖစ္ၾကတာလဲ"

မနက္က အျဖစ္အပ်က္ကို ေျပာျပလိုက္ေတာ့ မမက သက္ျပင္းခ်ရင္း "ထင္သားပဲ" ဆိုသည့္ အၾကည့္နဲ႔ၾကည့္သည္။ ဗညားထြဋ္ေခါင္ကို အျပစ္မတင္ဘဲ ထုံးစံအတိုင္း ျပဳံးကာ ေျပာ၏။

"မမေျပာသားပဲ၊ ဗညား မလုပ္ႏိုင္ေလာက္ဘူးဆိုတာ"

မမစကားကို ေခါင္းပဲညိတ္ၿပီး ေထာက္ခံလိုက္ရင္း ထမင္းပန္းကန္ေတြ ကူသိမ္းေပးဖို႔ ျပင္ေတာ့ *ရပါတယ္* ဟုဆိုကာ မမက ပန္းကန္ေတြ ယူသိမ္းသည္။

"ကိုခန္႔က သူ႕အလုပ္မွာ ဘယ္လိုျပန္ေျဖ႐ွင္းရမလဲဆိုတာ သိမွာပါ၊ ဘာမွ စိတ္မေကာင္း ျဖစ္မေနပါနဲ႔"

"ဟုတ္"

ျဖစ္တာကျဖစ္ၿပီးၿပီ ဆိုေပမယ့္ ပိုင္ခန္႔ကိုနဲ႔မမ ကိုေတာ့ အားနာမိသည္။ အခုက သူလြန္တာေတာ့မဟုတ္ေပမယ့္လည္း၊ ပိုင္ခန္႔ကို အလုပ္ထိခိုက္မွာမ်ိဳးေတာ့ မျဖစ္ေစခ်င္ပါ။

"အဲ့ဒါဆို ပိုင္ခန္႔ေနာက္ကို ‌လိုက္သြားလိုက္ဦးမယ္ေနာ္"

"ေအး ေအး"

အိမ္ေ႐ွ႕ကေန လွမ္းၾကည့္လိုက္ေတာ့ ပိုင္ခန္႔ကိုက လမ္းထိပ္အုတ္ခုံမွာထိုင္ကာ ေဆးလိပ္ေသာက္ေန၏။ အိမ္ဘက္ကို လွမ္းၾကည့္မေန။ အနားကို ေလွ်ာက္သြားလိုက္ၿပီး ေဘးမွာ သြားထိုင္လိုက္တဲ့အထိလည္း လွည့္မၾကည့္ပါ။

"ပိုင္ခန္႔ ..."

ေဆးလိပ္ေငြ႕အခ်ိဳ႕ကို ခပ္ဖြဖြ မႈတ္ထုတ္လိုက္တဲ့ ပိုင္ခန္႔ကိုက ဒီဘက္ကိုေတာ့ လွည့္ၾကည့္မလာေခ်။ ဗညားထြဋ္ေခါင္ သက္ျပင္းခ်မိသည္။ မီးမညႇိရေသးေသာ စီးကရက္ကို လက္မွာ ျပန္ကိုင္ ထားလိုက္ရင္း -

"ငါ ျပန္ေတာင္းပန္ေပးမယ္ေလ"

ပိုင္ခန္႔ကိုက လွည့္ၾကည့္လာ၏။

"မင္း မွားတယ္လို႔ ထင္လို႔လား"

‌ပိုင္ခန္႔ကိုစကားေၾကာင့္ ေခါင္းခါျပလိုက္သည္။ တကယ္လည္း မွားတယ္လို႔ မထင္ပါ။ ေမွာင္ရိပ္က်ေနေသာ အုတ္ခုံေၾကာင့္ သိပ္ေတာ့မသဲကြဲေပမယ့္၊ ပိုင္ခန္႔ကို မ်က္လုံးေတြက မ်က္ေမွာင္ၾကဳံ႕ထားမွာ ေသခ်ာသည္။

"ငါ့ကို ဇာနည္ ေျပာျပသြားတယ္"

"အဲ့ဒီေတာ့ ... ငါ အလုပ္ျပဳတ္မွာစိုးလို႔ ေတာင္းပန္ေပးမယ္ေပါ့"

အခု ပိုင္ခန္႔ကိုက ဘာကို မေက်မနပ္ ျဖစ္ေနေသးတာလဲေတာ့ မသိ။ အဲ့ဒီလူကို ျပန္ေတာင္းပန္ေပးမယ္ ဆိုတာနဲ႔တင္ သူ႕ကို ေက်းဇူးတင္သင့္သည္ မဟုတ္လား။

"မလိုပါဘူး၊ မင္းကိုယ္မင္း မမွားဘူးထင္ရင္ ေတာင္းပန္စရာ မလိုဘူး"

"အဲ့ဒါဆိုလည္း ၿပီးတာပဲ၊ ငါက မင္းအလုပ္ထိခိုက္မွာစိုးလို႔ ေျပာတာ"

ပိုင္ခန္႔ကိုက အေ႐ွ႕တည့္တည့္ကို ၾကည့္ေနရာကေန ဗညားထြဋ္ေခါင္ဘက္ကို ေသေသခ်ာခ်ာကို လွည့္လာ၏။ လက္ထဲက စီးကရက္ကို အုတ္ခုံမွာ မီးသတ္ကာ ေျမေပၚခ်လိုက္သည္။ ပိုင္ခန္႔ကိုဆီ ေနာက္ဆုံးက်န္ခဲ့ေသာ စီးကရက္အေငြ႕တခ်ိဳ႕က ဗညားထြဋ္ေခါင္ မ်က္ႏွာနား ေဝ့ဝဲသြားၾကသည္။

"ဒီျပႆနာမွာ မင္းကိုယ္မင္း မွားတယ္လို႔ မထင္ဘူးေပါ့"

ျပန္ေျဖဖို႔ ျပင္ၿပီးမွ ေခါင္းပဲ ခါျပလိုက္သည္။ အေမွာင္ရိပ္ထဲ အနီးကပ္ မသဲမကြဲျမင္ေနရေသာ ပိုင္ခန္႔ကို အၾကည့္ေတြကို မေ႐ွာင္လႊဲမိဘဲ ျပန္ၾကည့္မိေနရင္း လူက အားနည္းသလို ခံစားလာရသည္။ အဲ့ဒီ နားမလည္ႏိုင္တဲ့ ခံစားခ်က္ႀကီး ထပ္ျဖစ္ျပန္ၿပီ။ အခု မွားတယ္လို႔ ကိုယ့္ကိုယ္ကို ေတြးမိေနျပန္ၿပီေလ။

"ငါက .. ငါက ဘယ္တုန္းကမွ ကိုယ့္ကိုယ္ကို မွားတယ္လို႔ မေတြးဖူးဘူး၊ မွားတယ္လို႔ ထင္ရင္လည္း အစကတည္းက မလုပ္ဘူးေလ"

မသိမသာ လႈပ္ခတ္ေနေသာ အသံကို ထိန္းကာ ေျပာလိုက္သည္။

"ေအာ္ ... အဲ့ဒါဆို မင္းက တစ္ဘ၀လုံး တစ္ခါမွ မမွားခဲ့ဖူးဘူးေပါ့"

ဘာမွ ျပန္မေျပာမိဘဲ ‌လက္ထဲကစီးကရက္ကို ႏႈတ္ခမ္းမွာေတ့ရင္း မီးညႇိလိုက္သည္။ *အခု ဘာျဖစ္ေနတာလဲ* ဟု ကိုယ့္ကိုယ္ကို မခ်င့္မရဲေတြးရင္း စီးကရက္ကိုသာ ဆက္တိုက္ ႐ိႈက္ေနမိသည္။

"ငါနဲ႔ စေတြ႕တဲ့ရက္ကတည္းက မင္းလုပ္ခဲ့သမွ်ေတြကို ျပန္ေတြးၾကည့္လိုက္ရင္၊ ငါ့အထင္ေတာ့ အမွားေတြခ်ည္းပဲ၊ ကားေ႐ွ႕ကေန မဖယ္ဘဲ တမင္ပိတ္ထားတယ္၊ အိမ္ယာထဲမွာ အိမ္မွားၿပီး ျပႆနာသြား႐ွာတယ္၊ တစ္ခါထဲလည္းမဟုတ္ဘူး၊ ၿပီးေတာ့ အလုပ္မွာ ျပႆနာ ျဖစ္တယ္"

ပိုင္ခန္႔ကိုအသံက စိတ္ဆိုးေနတဲ့ ပုံမ်ိဳးမဟုတ္ဘဲ ေအးေအးေဆးေဆး ႐ွင္းျပေနသလိုမ်ိဳး ျဖစ္သည္။ အျပစ္တင္ခံရျခင္းကို အင္မတန္မုန္းေသာ ဗညားထြဋ္ေခါင္က ထိုစကားသံတို႔ကိုေတာ့ ၿငိမ္ၿပီး နားေထာင္ေနမိသည္။

"အဲ့ဒါေတြ အကုန္လုံးအတြက္ ငါ့မွာ အေၾကာင္းျပခ်က္ ႐ွိတယ္ေလ"

ခပ္တိုးတိုး ေစာဒကတက္မိေတာ့ ပိုင္ခန္႔ကိုက ဆက္ေျပာ၏။

"အေၾကာင္းျပခ်က္႐ွိတယ္ ဆိုတိုင္း၊ လုပ္ခ်င္ရာေတြ အကုန္ေလွ်ာက္လုပ္ေနလို႔ ဘယ္ျဖစ္မလဲ"

မသဲမကြဲျမင္ေနရေသာ ပိုင္ခန္႔ကို မ်က္ႏွာအား ေငးၾကည့္ေနမိသည္။ တစ္ခုခုျပန္ေျပာခ်င္ေပမယ့္ တစ္စုံတစ္ခုက ဟန္႔တားထားသလို ေျပာစရာ စကားတို႔ မဲ့ေန၏။

"မိသားစုစား၀တ္ေနေရးအတြက္ဆိုၿပီး ဓားျပတိုက္ေနရင္လည္း အဲ့ဒါကျပစ္မႈေျမာက္တာပဲ၊ ကိုယ့္ဘ၀မွာ ကိုယ္လုပ္ခ်င္ရာ လုပ္ခြင့္႐ွိတယ္ဆိုေပမယ့္ သူတပါးကို မထိခိုက္ဖို႔ေတာ့ လို‌တာေပါ့"

ပိုင္ခန္႔ကိုက စကားကိုခနရပ္လိုက္ေပမယ့္ ဗညားထြဋ္ေခါင္ ဘာမွ ျပန္မေျပာတာေၾကာင့္ ဆက္ေျပာသည္။

"အေၾကာင္းျပခ်က္ကေတာ့ လူတိုင္းမွာ ႐ွိတာေပါ့၊ ဒါေပမယ့္ အမွားအမွန္ကေတာ့ ကိုယ္လုပ္တဲ့အရာေပၚမွာပဲ မူတည္တယ္၊ လူတစ္ေယာက္က မွားလို႔မရဘူး မဟုတ္ဘူး၊ မွားလို႔ ရတယ္၊ ဒါေပမယ့္ ကိုယ္အမွားလုပ္မိမွန္းေတာ့ ကိုယ္သိရတယ္"

"......"

"ကိုယ့္အမွားကိုယ္သိမွ ျပန္ျပင္လို႔ရမွာေလ၊ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မမွားဘူးလို႔ ထင္ေနသ၍၊ အဲ့ဒီလူက ဘယ္ေတာ့မွ မွန္မွာ မဟုတ္ေတာ့ဘူး၊ ကိုယ္ မွား‌ေၾကာင္း ဘယ္သူ႕ကိုမွ ၀န္မခံခ်င္တာက ျပႆနာ မဟုတ္ဘူး၊ ကိုယ့္အမွားကိုယ္ လုံး၀မသိဘူးဆိုရင္ေတာ့ ျပႆနာ႐ွိတယ္"

အျပစ္တင္ခံရျခင္းကို ေဒါသျဖစ္ရမဲ့အစား စိတ္ထဲမွာ ၀မ္းနည္းသလိုသာ ခံစားေနရသည္။ ကိုယ့္စိတ္ကိုယ္ နားမလည္ႏိုင္စြာ မခ်င့္မရဲ ျဖစ္မိရင္း ေျမေပၚပစ္ခ်လိုက္ေသာ စီးကရက္တို ကိုသာ အေၾကာင္းမဲ့ နင္းေခ်ေနမိသည္။ အခု ဗညားထြဋ္ေခါင္ဆိုတဲ့ေကာင္က သူမ်ားေျပာလိုက္တဲ့စကားေၾကာင့္ ၀မ္းနည္းၿပီး ၿငိမ္သက္ေနတာတဲ့လား။

...….

ဘာမွျပန္မေျပာဘဲ ေခါင္းငုံ႔ကာ ၿငိမ္ေနေသာ ဗညားထြဋ္ေခါင္ကို ၾကည့္ကာ ပိုင္ခန္႔ကို သက္ျပင္းခ်လိုက္မိသည္။ ပိုင္ခန္႔ကို အလုပ္ထိခိုက္မွာစိုးတာေၾကာင့္ သူ႕ကိုအျပစ္ေျပာေနတာ ဟုေတာ့ မထင္ေစခ်င္ပါ။ ဘာမွျပန္မေျပာေပမယ့္ အဲ့လိုေတြးရင္လည္း ေတြးေနေလာက္သည္။

သူ႕ကို မ်က္လုံးနဲ႔ၾကည့္တာေတာင္ မႀကိဳက္တဲ့ ဗညားထြဋ္ေခါင္ဟာ ပိုင္ခန္႔ကို စိတ္ဆိုးရင္ပဲျဖစ္ျဖစ္၊ တစ္ခုခုေျပာလိုက္ရင္‌ပဲျဖစ္ျဖစ္ အတိုက္အခံသိပ္မလုပ္ဘဲ ၿငိမ္သြားတတ္တာကို သတိထားမိပါသည္။ ဒါေပမယ့္ ဗညားထြဋ္ေခါင္နဲ႔ ျပႆနာက အၿမဲယွဥ္တြဲေနတာကိုေတာ့ ဘယ္လိုေျပာရမယ္မွန္းေတာင္ မသိေတာ့ေခ်။

"ဘာပဲျဖစ္ျဖစ္ ငါျပန္ေတာင္းပန္ေပးပါ့မယ္"

ေတာင္းပန္ေပးမယ္လို႔သာ ေျပာေပမယ့္ အခုထိ သူမွားတယ္လို႔ လက္ခံခ်င္ပုံမရ။ ၿပီးေတာ့ တကယ္လည္း ျပန္မေတာင္းပန္ခ်င္ေလာက္ဘူးဆိုတာ သိတာေၾကာင့္၊ အတင္းမလုပ္ခိုင္းခ်င္ပါ။ ေနာက္ေတာ့ နားလည္ေအာင္ေျပာျပရင္ အမွန္၊အမွား ဆိုတာကို လက္ခံလာမည္ ထင္ပါသည္။

"အဲ့ကိစၥကို ထားလိုက္ပါေတာ့၊ အလုပ္မွာ ငါ့ဟာငါ ၾကည့္ေျပာလိုက္လို႔ အဆင္ေျပပါတယ္"

"မင္းေရာ ငါ့ကို စိတ္ဆိုးေနေသးလား"

သက္ျပင္းခ်ရင္း ေခါင္းသာခါျပလိုက္သည္။ စိတ္ဆိုးေနေတာ့လည္း ဘာထူးမွာ မို႔လို႔လဲေလ။

"ငါ မင္းကို ေျပာျပစရာ တစ္ခု႐ွိတယ္"

"အင္း .. ေျပာေလ"

ဘုမၼာထိပ္မွာ ကိုျပည့္စုံမင္းနဲ႔ေတြ႕ခဲ့တဲ့ အေၾကာင္းကိုျပန္ေျပာတာေၾကာင့္၊ ဗညားထြဋ္ေခါင္ ဘာေျပာခ်င္တာမွန္းမသိေသး၍ ဒီတိုင္းသာ နားေထာင္ေနလိုက္သည္။ ဗညားထြဋ္ေခါင္ ေျပာျပတာေတြ နားေထာင္အၿပီးမွာ ႐ုတ္တရက္ ဘာျပန္ေျပာရမွန္းမသိ။ ခန ေၾကာင္သြားမိသည္။

"အဲ့ဒါဆို ကိုျပည့္စုံက မင္းသူငယ္ခ်င္းေပါ့"

ပိုင္ခန္႔ကို နားမလည္သလို ျပန္ေမးေတာ့ ဗညားထြဋ္ေခါင္က အေသအခ်ာပဲ ဆိုသည့္ ပုံစံနဲ႔ ေခါင္းညိတ္၏။ အခု ဗညားထြဋ္ေခါင္က သူဟာ ဒီကမ႓ာမဟုတ္တဲ့ တျခားကမ႓ာတစ္ခုက လာခဲ့တာလို႔ ေျပာေနတာ ျဖစ္သည္။

"မင္း လက္ခံဖို႔ခက္မယ္ဆိုတာ ငါသိပါတယ္၊ ငါ့မွာလည္း သက္ေသျပစရာမ႐ွိဘူး၊ ငါလည္း ျပည့္စုံမင္းကို ေတြ႕လိုက္ေတာ့မွ ဒီလိုဆိုတာ နားလည္လိုက္တာ၊ ဟိုဘက္ကမ႓ာမွာ ငါနဲ႔သိခဲ့တဲ့ေနာက္တစ္ေယာက္ေလာက္ကို ဒီမွာ ထပ္ေတြ႕လိုက္ရရင္ အတည္ျပဳဖို႔ ပိုေသခ်ာသြားမွာ"

ဗညားထြဋ္ေခါင္ေျပာေနပုံက တကယ္ကို အေလးအနက္ပဲမို႔၊ အရင္ကလို *ေခါင္းထိထားလို႔လား* ဆိုတာမ်ိဳးေတာ့ မေတြးမိေတာ့ပါ။ လက္ခံဖို႔ေတာ့ ခက္ခဲေပမယ့္၊ ကိုယ္မၾကဳံဖူးတိုင္း မျဖစ္ႏိုင္ဘူးေတာ့ ေျပာလို႔မရဘူး မဟုတ္လား။

"အဲ့ဒီလိုမ်ိဳး Parallel World ဆိုတာကို အရင္က ႐ုပ္႐ွင္ေတြထဲမွာေတာ့ ျမင္ဖူးတယ္၊ ငါ အခု အဲ့ဒီအေၾကာင္းကိုလည္း ႐ွာၿပီး ဖတ္ၾကည့္ထားတယ္၊ အဲ့ဒီကမ႓ာႏွစ္ခုမွာ ႐ွိေနတဲ့ လူေတြက အတူတူပဲ၊ အေျခအေနေတြကေတာ့ တူခ်င္မွ တူၾကမွာ တဲ့၊ ဥပမာ - ျပည့္စုံမင္းဆိုရင္ ဟိုဘက္မွာ သူက စီးပြားေရးေတာ္ေတာ္မ်ားမ်ားကို ဦးစီးေနတဲ့သူ၊ ဒီကမ႓ာမွာက်ေတာ့ သူမ်ား Company ရဲ႕ မန္ေနဂ်ာ၊ အဲ့လိုမ်ိဳးေပါ့"

ဗညားထြဋ္‌ေခါင္က ေျပာရင္း ခနရပ္ကာ ပိုင္ခန္႔ကိုအား အကဲခတ္သည္။ ပိုင္ခန္႔ကို စိတ္၀င္တစားနားေထာင္ေနတာကို ေတြ႕မွ ေက်နပ္သြားသလို စကားကို ဆက္၏။

"အဲ့ဒီကမ႓ာႏွစ္ခုကို တစ္ခုကေနတစ္ခု ကူးေျပာင္းဖို႔ဆိုတာ၊ ျဖစ္ႏိုင္ေခ် အရမ္းနည္းတယ္ တဲ့၊ သိပၸံပညာ႐ွင္ေတြေတာင္ ကမ႓ာႏွစ္ခု႐ွိေၾကာင္း အတည္ျပဳဖို႔ ႀကိဳးစားေနၾကတုန္း တဲ့ေလ၊ ကမ႓ာတစ္ခုကေန တစ္ခုကို ကူးေျပာင္းႏိုင္ဖို႔က ၾကားထဲမွာ အလႊာေလးတစ္ခုပဲျခားတယ္တဲ့၊ ဒါ‌ေပမယ့္ အဲ့ဒီအလႊာေလးက ဘယ္ေနရာမွာ၊ ဘယ္အခ်ိန္မွာ ႐ွိေနမလဲဆိုတာလဲ မေသခ်ာျပန္ဘူး၊ ငါက အဲ့ဒီအလႊာေလးကို ျဖတ္ခဲ့မိတယ္ ထင္ပါတယ္"

"အဲ့ဒါဆို မင္းက System Bar ရဲ႕ Toilet ထဲကေန ဒီကို ေရာက္လာခဲ့တာေပါ့"

ဗညားထြဋ္ေခါင္က ေခါင္းညိတ္သည္။ ထို႔ေနာက္ ပိုင္ခန္႔ကိုအား စူးစမ္းသလို ၾကည့္ကာ -

"ငါေျပာတာေတြကို မင္း လက္ခံရဲ႕လား"

"ဒါမ်ိဳးက လက္ခံခ်င္စရာ ကိစၥေတာ့မဟုတ္ဘူးေပါ့၊ ၿပီးေတာ့ ငါက ကိုယ္တိုင္ ၾကဳံခဲ့ရတာလည္း မဟုတ္ဘူး .. ဒါေပမယ့္ .."

ဗညားထြဋ္ေခါင္က ပိုင္ခန္႔ကို ဘာဆက္ေျပာလာမလဲဟု ေမွ်ာ္လင့္တႀကီး ေစာင့္ေနဟန္ တူသည္။

"ဒါေပမယ့္ ... ငါ မင္းကို ယုံပါတယ္"

..........................................................................................





















Continue Reading

You'll Also Like

32.5K 2.4K 20
ကိုကို .. ခင်ဗျားသာ ချစ်တယ်ဆို ဗုဒ္ဓကိုလည်း ကျွန်တော် ချစ်ပေးနိုင်ပါတယ်။ - အန်ဒရီရာ မာရစ်စတယ်လီယို - အန်ဒရီ x လွမ်းနွေ
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.3K 270 7
I'm yours You're mines We're each others soulmates Lovers Book Two *SLOW UPDATES*
1.2M 62.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...