ငွေကြယ်ပွင့်လေး၏ခိုနားရာ

By moonpielay

79.8K 9.2K 375

ယူတို့ရဲ့ ချိုးချန်နဲ့ ပိုင်လန် More

XX
Explanation
Intro
(1) ဒစ်ဂျစ်တယ်နာရီ
(2) အနက်ရောင်ထီးကလေးတစ်ချောင်း
(3) ယုန်ဖြူလေး
(4) ယွမ်သိန်းငါးဆယ်
(5) စိန်စီထားသော လက်ပတ်နာရီ
(6) ခေါင်းစွပ်ဆွယ်တာအင်္ကျီ
(7) ဖန်သားပြင်ပေါ်က ညီအစ်ကို
(8) မကိုင်လိုက်ရတဲ့ ဖုန်းခေါ်သံ
(9) ကျန်းရှင်းချန်
(10) ပဲစိမ်းစွပ်ပြုတ်
(11) နောက်ယောင်ခံတဲ့ကား
(12) ဈေးဝယ်ခြင်းတောင်း
(13) လမုန့်ဂျတ်ဖာတစ်သေတ္တာ
(14) ချိုးရှောင်ဟိုင်
(15) ယုန်ကလေးပေါက်စီ
(16) ဆေးဘက်ဝင်စွပ်ပြုတ်
(17) တော်ဝင်ဝတ်စုံ
(18) ကိုယ်တိုင်း ပေကြိုး (Part 1)
(18) ကိုယ်တိုင်း ပေကြိုး (Part 2)
(19) နှစ်ဟောင်းကုန်ဧည့်ခံပွဲ
(20) မာတီနီ
(21) တရုတ်နံနံကင်းမွန်ဟင်း (Part 1)
(21) တရုတ်နံနံကင်းမွန်ဟင်း (Part 2)
(22) နေလောင်ခံလိမ်းအဆီ
(23) လေဆိပ်ထဲကဓါတ်ပုံတွေ
(24) ဘလက်ခ် ချယ်ရီ
(25) ဟုန်ယွိ (Part 2)
(26) ပိုင်ရှင်အသစ်
(27) မိသားစုသူငယ်ချင်း (Part 1)
(27) မိသားစုသူငယ်ချင်း (Part 2)
(28) ကင်မရာ ရှေ့နှင့်နောက်ကွယ်တွင်
(29) ပွဲဦးထွက်တင်ဆက်ခြင်း
Warning
(30) ပိုင်သခင်လေး
(31) ငယ်သူငယ်ချင်းများ
(32) နာမည်ကဒ်နှစ်ခု
(33) တက္ကသိုလ်ဆေးရုံ
(34) ဘီယာကြော်ငြာရိုက်ကွင်းမှာ
(35) စီးကရက်
(36) အရေးပေါ်အသက်ကယ်ဆေးဝါး
Hi, Hello
bl

(25) ဟုန်ယွိ (Part 1)

1.2K 205 3
By moonpielay

Unicode

(25) ဟုန်ယွိ (Part 1)

အစားအစာကိုယ်တိုင်ယူစနစ်ရဲ့ကောင်းကွက်ကိုပြော ဆိုရင်တော့ လွတ်လပ်ပြီးလွယ်ကူတာပဲ။ ပြီးတော့ စားမယ့်နေရာကိုလည်း ကန့်သတ်ချက်မရှိ လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တယ်လေ။

သူတို့တွေ ထိုင်ခုံမှာမထိုင်မီ ချိုးချန်က လူတွေကိုနှုတ်ဆက်ဖို့အတွက် ပိုင့်လန့်ကို ဟိုဟိုသည်သည်လျှောက်ခေါ်သွားသေးတယ်။ ထိုင်ပြီးစားသောက်နေတဲ့အခါမှာလည်း လူတွေအများကြီးက သူတို့နားလာပြီး စကားစမြည်ပြောကြသေးတာပဲ။ ချိုးချန်တစ်ယောက် ဒင်နာပွဲတွေတက်ပြီးတိုင်းမှာ အိမ်ပြန်လာပြီး သူချက်တဲ့ခေါက်ဆွဲတွေစားချင်နေသေးလဲဆိုတာ ပိုင်လန်အခုတော့ နားလည်သွားပါပြီ။

ဒီညမှာ ပိုင်လန်က အများကြီးစားဖို့ရည်ရွယ်ချက်မရှိဘူး။ နိုင်ငံခြားအပန်းဖြေခရီးကပြန်လာပြီး နောက်ထပ်တစွပ်စွပ်ထပ်စားနေမယ်ဆိုရင် ရုပ်ရှင်ကင်မရာထဲ ဖောင်းအစ်အစ်ကြီးဖြစ်နေတော့မှာ သေချာတယ်။ ဒါကြောင့် သူက အသီးနဲ့အရွက်လေးတွေကိုပဲ ချင့်ချင့်ချိန်ချိန်စားနေရတယ်။ ဒါပေမယ့် ချိုးချန်ရဲ့စားနိုင်သောက်နိုင်စွမ်းကတော့ သူနဲ့မတူဘူး၊ အတော့်ကိုကြီးမားတယ်။ သူက အသားတွေပြည့်လျှံနေတဲ့ ပန်းကန်ကြီးကို စားဖို့ကြိုးစားနေပမယ့်လည်း လာနှုတ်ဆက်သူတွေကြောင့် တစ်ဝက်ပဲစားလိုက်နိုင်ပြီး ကျန်တာတွေက အေးစက်ကုန်တယ်။ ဒါကြောင့် ပိုင်လန်လည်း မနေသာတော့ပဲ ထိုင်ခုံကထပြီး ချိုးချန်အတွက် စားစရာသွားယူပေးရတယ်။ သူက ပေါင်မုန့်နှစ်ခြမ်းရယ်၊ အရွက်အချို့ရယ်၊ ခရမ်းချဉ်းသီးသုံးလေးကွင်းနဲ့ အမဲသားကင်နည်းနည်းကို ယူလိုက်ပြီး အားလုံးကိုစုပေါင်းစပ်ပေါင်းထည့်ကာ ဟမ်ဘာဂါလုပ်ပေးတယ်။ ပြီးတော့ ချိုးချန်ခဏလေးစကားရပ်သွားတဲ့အချိန်မှာ ပေးလိုက်တယ်။

ချိုးချန်က သိပ်ကိုကျေနပ်နေတာပေါ့။ သူက ဟမ်ဘာဂါတစ်ခုလုံးကို သုံးကိုက်ထဲနဲ့ အကုန်စားလိုက်ပြီး နောက်ထပ်လည်း စားချင်နေသေးပုံပေါ်တယ်။ သူတို့စားပွဲမှာတော့ ရုန်စစ်ချီကတော့ အတွင်းကျကျထောင့်နေရာမှာ ထိုင်နေတာပါ။ သူ့ရှေ့မှာ ပိုင်လန်ပိတ်နေတာကြောင့်လည်း မနှောင့်ယှက်ချင်တော့ ထသွားထလာမလုပ်ဘူး။ သူက ချိုးချန်ရဲ့ကျေနပ်နေတဲ့အမူအရာကို မြင်လိုက်ရပြီး မျက်ဝန်းလေးတွေက အရောင်တောက်သွားတယ်။ ဒါကြောင့် ပိုင်လန်လည်း သူ့အတွက်ဟမ်ဘာဂါတစ်ခု လုပ်ပေးလိုက်ရတော့တာပေါ့။ ချိုးချန်လိုပဲ သူလည်း ဟမ်ဘာဂါရဲ့အရသာမှာ ပျော်ဝင်သွားပါတယ်။

ဗိုက်ပြည့်အောင် စားသောက်ပြီးတဲ့အခါ ရုန်စစ်ချီက သူ့မိသားစုလူကြီးတွေနဲ့ထွက်သွားတယ်။ ဘယ်သူ့သွားတွေ့တာလဲတော့ မသိဘူး။ ချိုးချန်ကလည်း ပိုင်လန့်ကိုဆွဲပြီး အခန်းကိုနောက်တစ်ပတ် ထပ်ပတ်ပြီးတဲ့အခါမှာတော့ အိမ်ပြန်ဖို့အချိန်ရောက်လာပါပြီ။

ဝိတ်တာတစ်ယောက်က ရှန်ပိန်ခွက်တွေကိုလာဖြည့်ပြီးသွားတဲ့အချိန်မှာ ချိုးချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် "နောက်ဆုံးလူတစ်ယောက်ကို သွားနှုတ်ဆက်ဖို့ကျန်သေးတယ်၊ ပြီးသွားရင် ကိုယ်တို့တွေပြန်လို့ရပြီ"

ပိုင်လန်ကခေါင်းညိတ်ပြီးသဘောတူပြလိုက်တယ်။ တစ်ညနေခင်းလုံးလည်း သူ့ခါးတွေတစ်ခုလုံး ညောင်းကိုက်နေပြီလေ။

ချိုးချန်က သူ့ကိုဘေးတိုက်ကြည့်လိုက်တယ် "ပင်ပန်းနေပြီလား?"

ပိုင်လန်က ပုခုံးတွေကိုဖြည်းဖြည်းလေး ဟိုလှည့်သည်လှည့်လုပ်ရင်း အကျောဆန့်နေရတယ် "တစ်ညနေလုံး ဒီလိုတောင့်တောင့်ကြီးမတ်တပ်ရပ်နေရတာလေ၊ သရုပ်ဆောင်နေတဲ့အချိန်မှာတောင် လုပ်စရာမလိုဘူး"

"နောက်ကျရင် အကျင့်ဖြစ်သွားမှာပါ" ချိုးချန်ကပြုံးပြီး ရှန်ပိန်ခွက်ကိုမြှောက်လိုက်တယ် "ဒါပေမယ့် ဒီနေ့ည မင်း အရမ်းအရမ်းစမတ်ကျနေတယ် သိလား"

ပိုင်လန်က လီဖူအထူးစပါယ်ရှယ်ချုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ထားတာ။ ပုခုံးသားတွေက သေသပ်ချပ်ရပ်နေပြီး ခါးလိုင်းသားတွေကတော့ အပိုအလိုမရှိ ကွက်တိဖြစ်နေတယ်။ အောက်ပိုင်းရှုးသွားတဲ့ဘောင်းဘီလေးနဲ့ပါ ပေါင်းစပ်လိုက်တော့ ပိုင်လန်ရဲ့ပုံသဏ္ဍန်က ပိုပြီးရှည်သွယ်သယောင်ဖြစ်နေပြီး ထူးခြားလှပလို့နေတယ်။ ပြီးတော့ လီဖူသင်ပေးထားတဲ့ ကိုယ်နေဟန်ထားတွေနဲ့လည်း သူ့ကို ဆွေကြီးမျိုးကြီးအိမ်တော်က သခင်လေးပုံစံအတိုင်း ပြီးပြည့်စုံစေတယ်။

ပိုင်လန်က ဖျော်ရည်ဖန်ခွက်ကိုမြှောက်ပြီး ချိုးချန်နဲ့ ခွက်ချင်းတိုက်လိုက်တယ် "ကျေးဇူးပဲ၊ ဝတ်စုံတန်ဖိုးက ယွမ်တစ်သိန်းလောက်ရှိတာ၊ စမတ်မကျရင်လည်း လီဖူ ချုပ်ပေးရကျိုးမနပ်ဖြစ်သွားမှာပေါ့"

ချိုးချန်က အနားကပ်လာတယ်။ ပြီးတော့ ဖန်ခွက်မကိုင်ထားတဲ့ကျန်လက်တစ်ဖက်နဲ့ ပိုင်လန့်ကျောဘက်ကို တင်းတင်းဖက်ထားတယ် "အခုချိန်မှာဝန်ခံရရင် ကိုယ်လုပ်ချင်နေတာ မင်းရဲ့ဒီဝတ်စုံလေးကို ချွတ်ပစ်ချင်နေတာ"

ပိုင်လန်ကတော့ အေးဆေးပဲအဖြေပြန်ပေးလိုက်လေရဲ့ "ရှောင်ဟိုင့်ကိုအရင် နိုင်အောင်လုပ်လိုက်ပါဦး၊ အဲဒါဆို ချွတ်လို့ရမယ်"

ချိုးချန်လည်း သဘောပေါက်ပါတယ်။ သူက စိတ်ပျက်သလိုခံစားနေရတယ် "တောင့်တင်းနေတာတွေကိုဖြေဖျောက်ဖို့က ဒီထက်ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ပေးမှရမှာ"

သူတို့နှစ်ယောက် အိမ်ပြန်နောက်ကျတဲ့ရက်တွေတိုင်းမှာ ချိုးရှောင်ဟိုင်က ခါတိုင်းထက်ပိုပြီး သိသိသာသာကြီးကို တွယ်ကပ်နေလေ့ရှိတယ်။ မတိုင်မီမှာ ပိုင်လန်ကသူ့ကို အတူလိုက်အိပ်ပေးနေတာကြောင့် ချိုးရှောင်ဟိုင်တစ်ယောက် ဒီဖီလင်ကို သဘောကျသွားပုံရတယ်။ ဒီညနေလည်း အိမ်ပြန်နောက်ကျပြီး သူ့ကိုအဖော်လုပ်ပေးနိုင်မှာမဟုတ်တော့ ချိုးရှောင်ဟိုင်တစ်ယောက် သေချာတယ် မာစတာအိပ်ခန်းထဲမှာ သူတို့နဲ့အတူ အိပ်ချင်တယ်ဆိုပြီး ဂျီကျနေလိမ့်ဦးမှာ။

ပိုင်လန်ကတော့ ကျောကုန်းတစ်ခုလုံး ညောင်းညာကိုက်ခဲနေပြီလို့ ခံစားနေရတယ် "သွားမယ်လေ၊ နောက်ဆုံးနှုတ်ဆက်ရမှာ ဘယ်သူလဲ?"

ချိုးချန်ကပြုံးပါတယ်၊ ပြီးတော့ ဧည့်ခံပွဲရဲ့တစ်ဖက်ခြမ်းကိုညွှန်ပြတယ် "ပွဲမှာ မွေးနေ့ရှင်မဟုတ်ဘဲ လူအုံနေတဲ့နေရာပေါ့"

သူပြောတဲ့နေရာက စုချွမ်ရပ်နေတဲ့နေရာပါ။ ပြီးတော့လည်း ဘီတပ်ကုလားထိုင်ပေါ်ကလူကြီးရှိတဲ့နေရာလေ။

***

"မတွေ့ရတာကြာပြီနော်၊ အကြီးအကဲဟုန်ကိုကြည့်ရတာ ခန့်ညားနေဆဲပါပဲ" ချိုးချန်က ဟုန်ယွိဘေးနားကလူတွေ အတော်အတန်တိတ်ဆိတ်သွားမှ စတင်နှုတ်ဆက်လိုက်တယ်။

ဘေးနားကလူတွေက ချိုးချန်ကိုလမ်းဖယ်ပေးလိုက်ကြတယ်၊ ဒါမှပဲ ဝှီးချဲပေါ်ကဟုန်ယွိမြင်နိုင်မှာလေ။

ဒီလိုမျိုး သတင်းတွေထဲမှာပဲကြားခဲ့ဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ကို အပြင်ဘက်မှာရှင်းရှင်းလင်းလင်းမြင်ဖူးတာ ပိုင်လန့်အတွက် ပထမဦးဆုံးအကြိမ်ပါ။

ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ဟုန်ယွိက အသက်(၆၀)စွန်းစပြုနေပြီ။ လူပုံသဏ္ဍာန်က ပိန်ပိန်ပါးပါးနဲ့ သူ့ဆံပင်တွေကတော့ မီးခိုးရောင်ဘက်သန်းနေပြီ။ သူ့ကြည့်ရတာ အနည်းငယ်ပင်ပန်းနေပုံရပေမယ့် မျက်လုံးတွေကတော့ အလွန်တရာတောက်ပလို့နေတယ်။

ဟုန်ယွိ ဝှီးချဲပေါ်မှာထိုင်ရတဲ့အကြောင်းရင်းကို လူတွေအကုန်လုံးသိကြတာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကားအက်စီးဒန့်ဖြစ်ပြီး ခြေထောက်တွေပျက်စီးသွားခဲ့လို့ပါ။ ကားတိုက်မှုကိုလည်း တမင်သက်သက်လုပ်ကြံခဲ့တာလို့ သံသယရှိခဲ့ကြတယ်။ ဒီအချက်ကလွဲရင်တော့ ဟုန်ယွိက အသက်ကြီးလာပေမယ့် အတော်လေးစွဲမက်ဖွယ်ကောင်းတယ်လို့ ပြောလို့ရတယ်။

ဟုန်ယွိအကြောင်းပြောရမယ်ဆိုရင်တော့ ဟုန်မိသားစုက မြို့တော်မှာ နိုင်ငံရေးအသင်းအဖွဲ့ထူထောင်ထားတာထက်ကို ပိုပြီးထူးခြားပြောင်မြောက်တာက သူကိုယ်တိုင်ရဲ့အောင်မြင်မှုတွေကြောင့်ဖြစ်တယ်။

သူ့အလုပ်က သိပ်ကိုရှုပ်ထွေးပွေလီလှပေမယ့် စာတစ်ကြောင်းနဲ့ဖော်ပြရမယ်ဆိုရင်တော့ သိပ်ကိုရိုးရှင်းတယ်။ ဒါက လူတွေကိုစကားပြောလာစေပြီး သဘောတူညီလာအောင် ကြားဝင်စေ့စပ်ညှိနှိုင်းပေးတာပဲ။ ဒါပေမယ့် သူလုပ်ပေးတဲ့လူတွေရဲ့သဘောတူညီချက်တွေကတော့ အမျိုးမျိုးသော နိုင်ငံရေးဂိုဏ်းအုပ်စုတွေကြားက ကွဲပြားခြားနားချက်တွေဖြစ်တယ်။

ပါတီအုပ်စုတွေကြားထဲမှာ စကားဟိုသယ်ဒီသယ်လုပ်ပြီး ကြားဝင်စေ့စပ်ပေးသူတွေက သာမန်ဆိုရင်တော့ ပါတီတွေအကုန်လုံးရဲ့ရွံမုန်းခြင်းကိုခံရတာ။ ဒါပေမယ့် ဟုန်မိသားစုက နဂိုနိုင်ငံရေးမိသားစုဖြစ်တာနဲ့အညီ မြို့တော်မှာ အတော်သြဇာရှိတယ်။ ပြီးတော့ ဟုန်ယွိကလည်း အရေးကြီးကြားဝင်ညှိနှိုင်းမှုများစွာကို လှလှပပလေးဖြေရှင်းထားတာကြောင့် သူ့အသိုင်းအဝိုင်းက ပိုပိုကြီးကျယ်လာပြီး သူကိုယ်တိုင်ကလည်း လျင်မြန်လျင်မြန်အာဏာကြီးလာတာပေါ့။ ဒါကြောင့် ရုန်မိသားစုရဲ့မွေးနေ့ပါတီမှာ မွေးနေ့ရှင်ရုန်အိုက်ကိုယ်တိုင်ကတောင် တစ်ခြားနည်းမရှိဘဲ သူ့ဆီသွားရောက် ဂရုတစိုက်နှုတ်ဆက်ရတာလေ။

ဟုန်ယွိက ချိုးချန်ရဲ့အသံကိုကြားပြီး ပြုံးပြတယ် "အိုး.. ချိုးသူဌေးပါလား၊ ခုဏက မင်းကိုလှမ်းတွေ့လိုက်တော့ စကားပြောဖို့အခွင့်အရေးရရင်ကောင်းမှာပဲလို့ တွေးနေတာ၊ ဒါပေမယ့် လူက လှုပ်ရှားဖို့အဆင်မပြေတော့ ချိုးသူဌေးရောက်လာတာကိုပဲ စောင့်နေရတယ် ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ"

ချိုးချန်က ရှေ့တက်လာပြီး ခါးညွှတ်ကွေးကာလက်ဆွဲနှုတ်ဆက်လိုက်တယ်။ သူက ပြုံးပြီးပြောပါတယ် "အကြီးအကဲဟုန့်ကို ဒုက္ခများစေပြီ၊ ဒီနေရာမှာ လူကြီးတွေအကုန်လုံးက အရေးကြီးကိစ္စတွေပြောဆိုနေကြမှာပဲဆိုပြီး ကျွန်တော်က စောစောလာမနှောင့်ယှက်ရဲတာပါ၊ အဲဒါကြောင့် နောက်ကျသွားပါတယ်"

"နောက်ကျတာတော့ သေချာတယ်ဟေ့" ဟုန်ယွိကပြုံးတယ်၊ သူ့မျက်လုံးတွေက ကွေးတက်သွားပြီးမှ နောက်ဆက်ပြောပြန်တယ် "ရှောင်စုက မင်းလာပြီးစကားပြောတာကို အစောကြီးကတည်းက စောင့်နေရှာတာ၊ သူ့ခမျာ တစ်ညလုံးလည်း ငါလိုအဘိုးကြီးကို အဖော်လုပ်ပေးနေရတာ အရမ်းပျင်းနေလောက်ပြီ"

ဒီအချိန်မှာ ဟုန်ယွိနောက်မှာ တစ်ချိန်လုံးမတ်တပ်ရပ်နေပြီး ဝှီးချဲနောက်မှီပေါ်လက်တင်ထားတဲ့ စုချွမ်က ချက်ချင်းပဲ ခါးကိုကုန်းပြီးပြောလာတယ်။ သူ့မျက်နှာပေါ်မှာ နူးညံ့တဲ့အရိပ်အယောင်လေးတွေရှိနေပြီး ခါတိုင်း အပြင်ဘက်အမူအရာတွေနဲ့ကွဲပြားနေပါတယ် "အဲ့လိုမဟုတ်ပါဘူး ဆရာ၊ စုချွမ်မပျင်းပါဘူး"

{T/N:ဆရာဆိုသည်မှာ စာသင်ပေးသောဆရာ မဟုတ်ပါ၊ သက်ကြီးဝါကြီးလေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်}

ဟုန်ယွိရဲ့အပြုံးတွေက လျော့မသွားဘူး။ သူက ခေါင်းကိုစောင်းပြီးပြောလိုက်တယ် "မင်းက ငါမသိဘူးလို့ထင်နေတာလား၊ တစ်ညလုံး ခါတိုင်းထက် တိတ်ဆိတ်နေပြီးတော့ မင်းဆရာကို စိတ်မချမ်းမသာဖြစ်အောင်လုပ်နေတယ်လေ၊ ချိုးသူဌေးက မင်းရဲ့သူဌေးဆိုတော့လည်း မင်းတို့နှစ်ယောက်လုံး ပြောစရာစကားတွေအများကြီးရှိမှာ သဘာဝပဲ၊ ငါ့ကို အားနာစရာမလိုဘူးနော်"

သူ့စကားတွေက သာမန်ပဲထင်ရပေမယ့် အတွင်းမှာတော့ အဓိပ္ဗါယ်အမျိုးမျိုးပြည့်နှက်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် ချိုးချန်က ပြောပါတယ် "တိုတယ်က မစ္စတာစုနဲ့စာချုပ်ချုပ်နိုင်တာ အကြီးအကဲဟုန်ရဲ့အကူအညီ အများကြီးပါပါတယ်၊ ကျွန်တော်တို့ မစ္စတာစုကို ကောင်းကောင်းစောင့်ရှောက်မှာပါ၊ အကြီးအကဲဟုန် စိတ်မပျက်စေရပါဘူး"

"ကောင်းတာပေါ့ ကောင်းတာပေါ့" ဟုန်ယွိကပိုလို့တောင် ပြုံးလာတယ်။ ဒါပေမယ့် ရုတ်တရက်ပြောချလိုက်တာက "ဒါဆို သူဌေးချိုးသဘောက ကုမ်ပဏီနဲ့မဆိုင်တဲ့ပြင်ပအလုပ်တွေဆိုရင်တော့ ကူညီမပေးနိုင်ဘူးပေါ့?"

ချိုးချန်က သဘာဝကျကျပဲရယ်လိုက်တယ် "ကျွန်တော်နဲ့ မစ္စတာစုတို့က တစ်မြို့တည်းသားချင်းတွေဆိုတာ အကြီးအကဲလည်း သိပြီးဖြစ်ပါလိမ့်မယ်၊ ကိုယ့်မွေးရပ်မြေသူငယ်ချင်းကို ကျွန်တော်အကောင်းဆုံးဂရုစိုက်ပေးမှာပါ"

ဟုန်ယွိက တပြုံးပြုံးနဲ့ခေါင်းညိတ်တယ်။ သူ့ကြည့်ရတာကျေနပ်သွားပုံရပါတယ်။ ဒါပေမယ့် မျက်လုံးတွေက တစ်ချက်လက်သွားရင်း ချိုးချန်ဘေးနားရပ်နေတဲ့ ပိုင်လန့်ဘက်ကိုကြည့်လာပြန်တယ် "သူဌေးချိုးနဲ့ပါလာတဲ့သူကို ရင်းနှီးနေသလိုပဲ၊ မိတ်ဆက်ပေးပါဦး"

ချိုးချန်က နောက်နည်းနည်းဆုတ်ရပ်လိုက်ပြီး ဘယ်ဘက်လက်နဲ့ ပိုင်လန့်ခါးကို ထိန်းမတ်ပေးထားတယ်။

"သူ့နာမည်က ပိုင်လန်လို့ခေါ်ပါတယ်၊ တိုတယ်ကအနုပညာရှင်တစ်ယောက်ပါပဲ၊ ဒီနေ့လေး ရှားရှားပါးပါးအခွင့်အရေးရတုန်း အတွေ့အကြုံယူရအောင် ခေါ်လာခဲ့လိုက်တာ"

ပိုင်လန်က ဟုန်ယွိနဲ့အကြည့်ချင်းစုံပြီး အမျိုးအမည်မသိခံစားနေရတယ်။ သူက ခေါင်းကိုညိတ်ပြီးနှုတ်ဆက်တယ် "ကျွန်တော်က ပိုင်လန်ပါခင်ဗျာ၊ မစ္စတာဟုန့်ကိုတွေ့ရတာ ဝမ်းသာပါတယ်"

ဟုန်ယွိက ပြုံးပြီးနှုတ်ဆက်မှုကိုခံယူတယ်။ ပြီးတော့မှာတော့ အကြည့်တွေပြန်ရွှေ့လိုက်ပြီး ပြောပြန်တယ် "သူဌေးချိုးကတော့ တကယ့်ကိုအမျှော်အမြင်ရှိတဲ့လုပ်ငန်းရှင်ပဲ၊ တင်ပေးသမျှလူတွေအကုန်လုံးက အစွမ်းထက်တဲ့လူငယ်တွေချည်းပဲ၊ ဒါပေမယ့် မင်းရဲ့အာရုံတွေကို အနုပညာလုပ်ငန်းမှာပဲ အာရုံစိုက်ထားမယ်ဆိုရင် နှမြောစရာကောင်းတယ်၊ မင်းရဲ့ထက်မြက်မှုနဲ့ဆိုရင် ဒီထက်ပိုပြီးလုပ်နိုင်မှာ၊ ဒါနဲ့.. ဒီနှစ် အသက်ဘယ်လောက်ရှိသွားပြီလဲ?" သူ့ရဲ့နောက်ဆုံးစကားတစ်ခွန်းက ရုတ်တရက်ကြီး ပိုင်လန့်ကိုရည်စူးပြီးမေးလိုက်တာပါ။

ပိုင်လန်က တစ်စက္ကန့်လောက်အံ့အားသင့်သွားပြီးမှ ဖြေလိုက်ရတယ် "(၂၄)နှစ်ပါခင်မျာ"

"(၂၄).." ဟုန်ယွိက နောက်ထပ်ပြုံးပြန်ရော "တော်တော်ငယ်သေးတာပဲ၊ မင်းလည်း အခွင့်အရေးရတုန်းလေး ကောင်းကောင်းဆုပ်ကိုင်ထားနိုင်ရမယ်နော်၊ အနုပညာလောကမှာ ငယ်ရွယ်မှုဆိုတာ တန်ဖိုးအရှိဆုံးအရင်းအမြစ်ပဲ၊ ရုပ်ရည်တွေဘာတွေ အသာထားဦး အသက်ချင်းလေးပဲယှဉ်လိုက် ဟောဒီကရုပ်ရှင်ဘုရင်ကြီးတောင် မင်းလိုဂျူနီယာလေးကိုမယှဉ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား?"

ဒီနေရာမှာ စုချွမ်လို့အမည်ရတဲ့လူက နောက်တစ်ကြိမ်ကုန်းလိုက်ပြန်ရင်း မျက်လွှာချပြီး ပြောလိုက်ပြန်တယ် "ဆရာပြောတာမှန်ပါတယ်"

စကားဝိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာတယ်လို့ ပိုင်လန်ခံစားနေရတယ်။ အရင် သူထင်ထားတာက ဟုန်ယွိနဲ့စုချွမ်တို့ ပတ်သက်မှုရှိတယ်လို့ (၉၀)% လောက် သေချာပြောနိုင်ပေမယ့် စကားတွေနားထောင်ပြီးမှ ဟုတ်ရောဟုတ်ရဲ့လားလို့ ဝေခွဲမရတွေ ဖြစ်ကုန်ပြီ။

ဒါပေမယ့် ချိုးချန်ကတော့ ဒီလိုစကားဝှက်တွေကို သည်းခံနိုင်ပုံမရဘူး။ သူက စကားလမ်းကြောင်းပြောင်းရင်း အစောက ဘာတွေဆွေးနွေးနေကြတာလဲလို့ ဟုန်ယွိကိုမေးနေတယ်။ ဆယ်မိနစ်ယောက် အဆက်အစပ်မရှိစကားတွေပြောပြီးနောက်မှာ သူက ပိုင်လန့်လက်ကိုဆွဲရင်း ပြန်ထွက်သွားပါတယ်။

သူတို့စကားဝိုင်းအလယ်မှာ အစောပိုင်းစကားနှစ်ခွန်းပြောတာကလွဲပြီး စုချွမ်က နောက်ထပ်ဘာမှထပ်မပြောဘူး။ ဒါပေမယ့် သူ့အကြည့်တွေကတော့ တစ်ချိန်လုံး ချိုးချန်ဆီမှာ တဝဲလည်လည်ဖြစ်နေတယ်။ သူက ဟုန်ယွိနောက်မှာမတ်တပ်ရပ်နေတာကြောင့်လည်း ဟုန်ယွိက သူ့အကြည့်တွေကို မမြင်နိုင်ဘူး။

ဒီအခြေအနေတွေက ပိုင်လန့်ကို စိတ်မသက်မသာဖြစ်စေတယ်။ ဒါပေမယ့် ချိုးချန်တုံ့ပြန်ပုံက ပိုလို့တောင် တဆိတ်ထူးဆန်းသေးတယ်။

သူက စုချွမ်ရဲ့အကြည့်တွေကို သတိမပြုမိသလို ဟန်ဆောင်နေပြီး ဟုန်ယွိကိုပဲ စကားတွေပြောနေတာလေ။

သာမန်အခြေအနေမျိုးမှာ စကားပြောနေချိန် သင့်ကိုတစ်စုံတစ်ယောက်ကငေးကြည့်နေမယ်ဆိုရင် ယဉ်ကျေးသမှုလေးနဲ့ပဲဖြစ်ဖြစ်တော့ အသိအမှတ်ပြုကြောင်း တစ်ချက်နှစ်ချက်ပြန်ကြည့်ပေးသင့်တယ်မလား။ ချိုးချန်ကလည်း လူမှုရေးမသိတတ်တဲ့လူ မဟုတ်ပါဘူး။ ဒီနေ့ညအတွေ့အကြုံအရဆိုရင် ချိုးချန်ကဆိုရှယ်ကောင်းတယ်လို့တောင် ပိုင်လန်မြင်မိသေးတယ်။ ဒါကြောင့် စုချွမ်အပေါ် သူ့တုန့်ပြန်ပုံတွေက တမင်သက်သက်ကြီးကို လျစ်လျူရှုနေသလိုပဲ။ အကြောင်းရင်းက ပိုင်လန့်ကို အထင်မလွဲစေချင်တာဆိုရင်တော့ ချိုးချန်နဲ့မတူသလို ကလေးဆန်ဆန်ပြုမူနေတာပဲ ဖြစ်ရမယ်။

ဒါကြောင့် သူတို့နှစ်ယောက် ကားပေါ်ရောက်တဲ့အချိန်မှာ ပိုင်လန့်အတွေးတွေက ယောက်ယက်ခတ်နေတာ ချိုးချန်က သူ့ကိုဆွဲဖက်ပြီး လက်မောင်းထဲထည့်ထားလိုက်တဲ့အထိပါပဲ။

*** 

Zawgyi

(25) ဟုန္ယြိ (Part 1)

အစားအစာကိုယ္တိုင္ယူစနစ္ရဲ့ေကာင္းကြက္ကိုေျပာ ဆိုရင္ေတာ့ လြတ္လပ္ျပီးလြယ္ကူတာပဲ။ ျပီးေတာ့ စားမယ့္ေနရာကိုလည္း ကန္႔သတ္ခ်က္မရွိ လြတ္လြတ္လပ္လပ္ေရြးခ်ယ္ႏိုင္တယ္ေလ။

သူတို႔ေတြ ထိုင္ခံုမွာမထိုင္မီ ခ်ိဳးခ်န္က လူေတြကိုႏႈတ္ဆက္ဖို႔အတြက္ ပိုင့္လန္႔ကို ဟိုဟိုသည္သည္ေလွ်ာက္ေခၚသြားေသးတယ္။ ထိုင္ျပီးစားေသာက္ေနတဲ့အခါမွာလည္း လူေတြအမ်ားၾကီးက သူတို႔နားလာျပီး စကားစျမည္ေျပာၾကေသးတာပဲ။ ခ်ိဳးခ်န္တစ္ေယာက္ ဒင္နာပြဲေတြတက္ျပီးတိုင္းမွာ အိမ္ျပန္လာျပီး သူခ်က္တဲ့ေခါက္ဆြဲေတြစားခ်င္ေနေသးလဲဆိုတာ ပိုင္လန္အခုေတာ့ နားလည္သြားပါျပီ။

ဒီညမွာ ပို္င္လန္က အမ်ားၾကီးစားဖို႔ရည္ရြယ္ခ်က္မရွိဘူး။ ႏိုင္ငံျခားအပန္းေျဖခရီးကျပန္လာျပီး ေနာက္ထပ္တစြပ္စြပ္ထပ္စားေနမယ္ဆိုရင္ ရုပ္ရွင္ကင္မရာထဲ ေဖာင္းအစ္အစ္ၾကီးျဖစ္ေနေတာ့မွာ ေသခ်ာတယ္။ ဒါေၾကာင့္ သူက အသီးနဲ႔အရြက္ေလးေတြကိုပဲ ခ်င့္ခ်င့္ခ်ိန္ခ်ိန္စားေနရတယ္။ ဒါေပမယ့္ ခ်ိဳးခ်န္ရဲ့စားႏိုင္ေသာက္ႏိုင္စြမ္းကေတာ့ သူနဲ႔မတူဘူး၊ အေတာ့္ကိုၾကီးမားတယ္။ သူက အသားေတြျပည့္လွ်ံေနတဲ့ ပန္းကန္ၾကီးကို စားဖို႔ၾကိဳးစားေနပမယ့္လည္း လာႏႈတ္ဆက္သူေတြေၾကာင့္ တစ္ဝက္ပဲစားလိုက္ႏုိင္ျပီး က်န္တာေတြက ေအးစက္ကုန္တယ္။ ဒါေၾကာင့္ ပိုင္လန္လည္း မေနသာေတာ့ပဲ ထုိင္ခံုကထျပီး ခ်ိဳးခ်န္အတြက္ စားစရာသြားယူေပးရတယ္။ သူက ေပါင္မုန္႔ႏွစ္ျခမ္းရယ္၊ အရြက္အခ်ိဳ႕ရယ္၊ ခရမ္းခ်ဥ္းသီးသံုးေလးကြင္းနဲ႔ အမဲသားကင္နည္းနည္းကို ယူလုိက္ျပီး အားလံုးကိုစုေပါင္းစပ္ေပါင္းထည့္ကာ ဟမ္ဘာဂါလုပ္ေပးတယ္။ ျပီးေတာ့ ခ်ိဳးခ်န္ခဏေလးစကားရပ္သြားတဲ့အခ်ိန္မွာ ေပးလုိက္တယ္။

ခ်ိဳးခ်န္က သိပ္ကိုေက်နပ္ေနတာေပါ့။ သူက ဟမ္ဘာဂါတစ္ခုလံုးကို သံုးကိုက္ထဲနဲ႔ အကုန္စားလုိက္ျပီး ေနာက္ထပ္လည္း စားခ်င္ေနေသးပံုေပၚတယ္။ သူတို႔စားပြဲမွာေတာ့ ရုန္စစ္ခ်ီကေတာ့ အတြင္းက်က်ေထာင့္ေနရာမွာ ထုိင္ေနတာပါ။ သူ႔ေရွ႕မွာ ပိုင္လန္ပိတ္ေနတာေၾကာင့္လည္း မေႏွာင့္ယွက္ခ်င္ေတာ့ ထသြားထလာမလုပ္ဘူး။ သူက ခ်ိဳးခ်န္ရဲ့ေက်နပ္ေနတဲ့အမူအရာကို ျမင္လိုက္ရျပီး မ်က္ဝန္းေလးေတြက အေရာင္ေတာက္သြားတယ္။ ဒါေၾကာင့္ ပိုင္လန္လည္း သူ႔အတြက္ဟမ္ဘာဂါတစ္ခု လုပ္ေပးလိုက္ရေတာ့တာေပါ့။ ခ်ိဳးခ်န္လိုပဲ သူလည္း ဟမ္ဘာဂါရဲ့အရသာမွာ ေပ်ာ္ဝင္သြားပါတယ္။

ဗိုက္ျပည့္ေအာင္ စားေသာက္ျပီးတဲ့အခါ ရုန္စစ္ခ်ီက သူ႔မိသားစုလူၾကီးေတြနဲ႔ထြက္သြားတယ္။ ဘယ္သူ႔သြားေတြ႔တာလဲေတာ့ မသိဘူး။ ခ်ိဳးခ်န္ကလည္း ပိုင္လန္႔ကိုဆြဲျပီး အခန္းကိုေနာက္တစ္ပတ္ ထပ္ပတ္ျပီးတဲ့အခါမွာေတာ့ အိမ္ျပန္ဖို႔အခ်ိန္ေရာက္လာပါျပီ။

ဝိတ္တာတစ္ေယာက္က ရွန္ပိန္ခြက္ေတြကိုလာျဖည့္ျပီးသြားတဲ့အခ်ိန္မွာ ခ်ိဳးခ်န္က ပတ္ဝန္းက်င္ကို ၾကည့္လုိက္တယ္ "ေနာက္ဆံုးလူတစ္ေယာက္ကို သြားႏႈတ္ဆက္ဖို႔က်န္ေသးတယ္၊ ျပီးသြားရင္ ကိုယ္တို႔ေတြျပန္လုိ႔ရျပီ"

ပိုင္လန္ကေခါင္းညိတ္ျပီးသေဘာတူျပလုိက္တယ္။ တစ္ညေနခင္းလံုးလည္း သူ႔ခါးေတြတစ္ခုလံုး ေညာင္းကိုက္ေနျပီေလ။

ခ်ိဳးခ်န္က သူ႔ကိုေဘးတုိက္ၾကည့္လိုက္တယ္ "ပင္ပန္းေနျပီလား?"

ပိုင္လန္က ပုခံုးေတြကိုျဖည္းျဖည္းေလး ဟိုလွည့္သည္လွည့္လုပ္ရင္း အေက်ာဆန္႔ေနရတယ္ "တစ္ညေနလံုး ဒီလိုေတာင့္ေတာင့္ၾကီးမတ္တပ္ရပ္ေနရတာေလ၊ သရုပ္ေဆာင္ေနတဲ့အခ်ိန္မွာေတာင္ လုပ္စရာမလိုဘူး"

"ေနာက္က်ရင္ အက်င့္ျဖစ္သြားမွာပါ" ခ်ိဳးခ်န္ကျပံဳးျပီး ရွန္ပိန္ခြက္ကိုေျမွာက္လုိက္တယ္ "ဒါေပမယ့္ ဒီေန႔ည မင္း အရမ္းအရမ္းစမတ္က်ေနတယ္ သိလား"

ပိုင္လန္က လီဖူအထူးစပါယ္ရွယ္ခ်ဳပ္ေပးထားတဲ့ဝတ္စံုေလးကိုဝတ္ထားတာ။ ပုခံုးသားေတြက ေသသပ္ခ်ပ္ရပ္ေနျပီး ခါးလိုင္းသားေတြကေတာ့ အပိုအလိုမရွိ ကြက္တိျဖစ္ေနတယ္။ ေအာက္ပိုင္းရႈးသြားတဲ့ေဘာင္းဘီေလးနဲ႔ပါ ေပါင္းစပ္လိုက္ေတာ့ ပိုင္လန္ရဲ့ပံုသ႑န္က ပိုျပီးရွည္သြယ္သေယာင္ျဖစ္ေနျပီး ထူးျခားလွပလို႔ေနတယ္။ ျပီးေတာ့ လီဖူသင္ေပးထားတဲ့ ကိုယ္ေနဟန္ထားေတြနဲ႔လည္း သူ႔ကို ေဆြၾကီးမ်ိဳးၾကီးအိမ္ေတာ္က သခင္ေလးပံုစံအတိုင္း ျပီးျပည့္စံုေစတယ္။

ပိုင္လန္က ေဖ်ာ္ရည္ဖန္ခြက္ကိုေျမွာက္ျပီး ခ်ိဳးခ်န္နဲ႔ ခြက္ခ်င္းတုိက္လိုက္တယ္ "ေက်းဇူးပဲ၊ ဝတ္စံုတန္ဖိုးက ယြမ္တစ္သိန္းေလာက္ရွိတာ၊ စမတ္မက်ရင္လည္း လီဖူ ခ်ဳပ္ေပးရက်ိဳးမနပ္ျဖစ္သြားမွာေပါ့"

ခ်ိဳးခ်န္က အနားကပ္လာတယ္။ ျပီးေတာ့ ဖန္ခြက္မကိုင္ထားတဲ့က်န္လက္တစ္ဖက္နဲ႔ ပိုင္လန္႔ေက်ာဘက္ကို တင္းတင္းဖက္ထားတယ္ "အခုခ်ိန္မွာဝန္ခံရရင္ ကိုယ္လုပ္ခ်င္ေနတာ မင္းရဲ့ဒီဝတ္စံုေလးကို ခၽြတ္ပစ္ခ်င္ေနတာ"

ပိုင္လန္ကေတာ့ ေအးေဆးပဲအေျဖျပန္ေပးလုိက္ေလရဲ့ "ေရွာင္ဟိုင့္ကိုအရင္ ႏိုင္ေအာင္လုပ္လိုက္ပါဦး၊ အဲဒါဆို ခၽြတ္လို႔ရမယ္"

ခ်ိဳးခ်န္လည္း သေဘာေပါက္ပါတယ္။ သူက စိတ္ပ်က္သလိုခံစားေနရတယ္ "ေတာင့္တင္းေနတာေတြကိုေျဖေဖ်ာက္ဖို႔က ဒီထက္ပိုျပီး လႈပ္လႈပ္ရွားရွားလုပ္ေပးမွရမွာ"

သူတို႔ႏွစ္ေယာက္ အိမ္ျပန္ေနာက္က်တဲ့ရက္ေတြတိုင္းမွာ ခ်ိဳးေရွာင္ဟိုင္က ခါတိုင္းထက္ပိုျပီး သိသိသာသာၾကီးကို တြယ္ကပ္ေနေလ့ရွိတယ္။ မတိုင္မီမွာ ပိုင္လန္ကသူ႔ကို အတူလိုက္အိပ္ေပးေနတာေၾကာင့္ ခ်ိဳးေရွာင္ဟိုင္တစ္ေယာက္ ဒီဖီလင္ကို သေဘာက်သြားပံုရတယ္။ ဒီညေနလည္း အိမ္ျပန္ေနာက္က်ျပီး သူ႔ကိုအေဖာ္လုပ္ေပးႏိုင္မွာမဟုတ္ေတာ့ ခ်ိဳးေရွာင္ဟိုင္တစ္ေယာက္ ေသခ်ာတယ္ မာစတာအိပ္ခန္းထဲမွာ သူတို႔နဲ႔အတူ အိပ္ခ်င္တယ္ဆိုျပီး ဂ်ီက်ေနလိမ့္ဦးမွာ။

ပိုင္လန္ကေတာ့ ေက်ာကုန္းတစ္ခုလံုး ေညာင္းညာကိုက္ခဲေနျပီလို႔ ခံစားေနရတယ္ "သြားမယ္ေလ၊ ေနာက္ဆံုးႏႈတ္ဆက္ရမွာ ဘယ္သူလဲ?"

ခ်ိဳးခ်န္ကျပံဳးပါတယ္၊ ျပီးေတာ့ ဧည့္ခံပြဲရဲ့တစ္ဖက္ျခမ္းကုိညႊန္ျပတယ္ "ပြဲမွာ ေမြးေန႔ရွင္မဟုတ္ဘဲ လူအံုေနတဲ့ေနရာေပါ့"

သူေျပာတဲ့ေနရာက စုခၽြမ္ရပ္ေနတဲ့ေနရာပါ။ ျပီးေတာ့လည္း ဘီတပ္ကုလားထိုင္ေပၚကလူၾကီးရွိတဲ့ေနရာေလ။

***

"မေတြ႔ရတာၾကာျပီေနာ္၊ အၾကီးအကဲဟုန္ကိုၾကည့္ရတာ ခန္႔ညားေနဆဲပါပဲ" ခ်ိဳးခ်န္က ဟုန္ယြိေဘးနားကလူေတြ အေတာ္အတန္တိတ္ဆိတ္သြားမွ စတင္ႏႈတ္ဆက္လိုက္တယ္။

ေဘးနားကလူေတြက ခ်ိဳးခ်န္ကိုလမ္းဖယ္ေပးလိုက္ၾကတယ္၊ ဒါမွပဲ ဝွီးခ်ဲေပၚကဟုန္ယြိျမင္ႏုိင္မွာေလ။

ဒီလိုမ်ိဳး သတင္းေတြထဲမွာပဲၾကားခဲ့ဖူးတဲ့ နာမည္ေက်ာ္ပုဂိၢဳလ္တစ္ေယာက္ကို အျပင္ဘက္မွာရွင္းရွင္းလင္းလင္းျမင္ဖူးတာ ပိုင္လန္႔အတြက္ ပထမဦးဆံုးအၾကိမ္ပါ။

ဘီးတပ္ကုလားထိုင္ေပၚမွာထိုင္ေနတဲ့ဟုန္ယြိက အသက္(၆၀)စြန္းစျပဳေနျပီ။ လူပံုသ႑ာန္က ပိန္ပိန္ပါးပါးနဲ႔ သူ႔ဆံပင္ေတြကေတာ့ မီးခိုးေရာင္ဘက္သန္းေနျပီ။ သူ႔ၾကည့္ရတာ အနည္းငယ္ပင္ပန္းေနပံုရေပမယ့္ မ်က္လံုးေတြကေတာ့ အလြန္တရာေတာက္ပလို႔ေနတယ္။

ဟုန္ယြိ ဝွီးခ်ဲေပၚမွာထိုင္ရတဲ့အေၾကာင္းရင္းကို လူေတြအကုန္လံုးသိၾကတာက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ကားအက္စီးဒန္႔ျဖစ္ျပီး ေျခေထာက္ေတြပ်က္စီးသြားခဲ့လို႔ပါ။ ကားတိုက္မႈကိုလည္း တမင္သက္သက္လုပ္ၾကံခဲ့တာလို႔ သံသယရွိခဲ့ၾကတယ္။ ဒီအခ်က္ကလြဲရင္ေတာ့ ဟုန္ယြိက အသက္ၾကီးလာေပမယ့္ အေတာ္ေလးစြဲမက္ဖြယ္ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။

ဟုန္ယြိအေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ ဟုန္မိသားစုက ျမိဳ႕ေတာ္မွာ ႏိုင္ငံေရးအသင္းအဖြဲ႔ထူေထာင္ထားတာထက္ကို ပိုျပီးထူးျခားေျပာင္ေျမာက္တာက သူကိုယ္တိုင္ရဲ့ေအာင္ျမင္မႈေတြေၾကာင့္ျဖစ္တယ္။

သူ႔အလုပ္က သိပ္ကိုရႈပ္ေထြးေပြလီလွေပမယ့္ စာတစ္ေၾကာင္းနဲ႔ေဖာ္ျပရမယ္ဆိုရင္ေတာ့ သိပ္ကိုရိုးရွင္းတယ္။ ဒါက လူေတြကိုစကားေျပာလာေစျပီး သေဘာတူညီလာေအာင္ ၾကားဝင္ေစ့စပ္ညွိႏိႈင္းေပးတာပဲ။ ဒါေပမယ့္ သူလုပ္ေပးတဲ့လူေတြရဲ့သေဘာတူညီခ်က္ေတြကေတာ့ အမ်ိဳးမ်ိဳးေသာ ႏိုင္ငံေရးဂိုဏ္းအုပ္စုေတြၾကားက ကြဲျပားျခားနားခ်က္ေတြျဖစ္တယ္။

ပါတီအုပ္စုေတြၾကားထဲမွာ စကားဟိုသယ္ဒီသယ္လုပ္ျပီး ၾကားဝင္ေစ့စပ္ေပးသူေတြက သာမန္ဆိုရင္ေတာ့ ပါတီေတြအကုန္လံုးရဲ့ရြံမုန္းျခင္းကိုခံရတာ။ ဒါေပမယ့္ ဟုန္မိသားစုက နဂိုႏိုင္ငံေရးမိသားစုျဖစ္တာနဲ႔အညီ ျမိဳ႕ေတာ္မွာ အေတာ္ၾသဇာရွိတယ္။ ျပီးေတာ့ ဟုန္ယြိကလည္း အေရးၾကီးၾကားဝင္ညွိႏိႈင္းမႈမ်ားစြာကို လွလွပပေလးေျဖရွင္းထားတာေၾကာင့္ သူ႔အသိုင္းအဝိုင္းက ပိုပိုၾကီးက်ယ္လာျပီး သူကိုယ္တိုင္ကလည္း လ်င္ျမန္လ်င္ျမန္အာဏာၾကီးလာတာေပါ့။ ဒါေၾကာင့္ ရုန္မိသားစုရဲ့ေမြးေန႔ပါတီမွာ ေမြးေန႔ရွင္ရုန္အိုက္ကိုယ္တိုင္ကေတာင္ တစ္ျခားနည္းမရွိဘဲ သူ႔ဆီသြားေရာက္ ဂရုတစိုက္ႏႈတ္ဆက္ရတာေလ။

ဟုန္ယြိက ခ်ိဳးခ်န္ရဲ့အသံကိုၾကားျပီး ျပံဳးျပတယ္ "အိုး.. ခ်ိဳးသူေဌးပါလား၊ ခုဏက မင္းကိုလွမ္းေတြ႔လိုက္ေတာ့ စကားေျပာဖို႔အခြင့္အေရးရရင္ေကာင္းမွာပဲလို႔ ေတြးေနတာ၊ ဒါေပမယ့္ လူက လႈပ္ရွားဖို႔အဆင္မေျပေတာ့ ခ်ဳိးသူေဌးေရာက္လာတာကိုပဲ ေစာင့္ေနရတယ္ ခြင့္လႊတ္ေပးပါ ခြင့္လႊတ္ေပးပါ"

ခ်ိဳးခ်န္က ေရွ႕တက္လာျပီး ခါးညႊတ္ေကြးကာလက္ဆြဲႏႈတ္ဆက္လိုက္တယ္။ သူက ျပံဳးျပီးေျပာပါတယ္ "အၾကီးအကဲဟုန္႔ကို ဒုကၡမ်ားေစျပီ၊ ဒီေနရာမွာ လူၾကီးေတြအကုန္လံုးက အေရးၾကီးကိစၥေတြေျပာဆိုေနၾကမွာပဲဆိုျပီး ကၽြန္ေတာ္က ေစာေစာလာမေႏွာင့္ယွက္ရဲတာပါ၊ အဲဒါေၾကာင့္ ေနာက္က်သြားပါတယ္"

"ေနာက္က်တာေတာ့ ေသခ်ာတယ္ေဟ့" ဟုန္ယြိကျပံဳးတယ္၊ သူ႔မ်က္လံုးေတြက ေကြးတက္သြားျပီးမွ ေနာက္ဆက္ေျပာျပန္တယ္ "ေရွာင္စုက မင္းလာျပီးစကားေျပာတာကို အေစာၾကီးကတည္းက ေစာင့္ေနရွာတာ၊ သူ႔ခမ်ာ တစ္ညလံုးလည္း ငါလိုအဘိုးၾကီးကို အေဖာ္လုပ္ေပးေနရတာ အရမ္းပ်င္းေနေလာက္ျပီ"

ဒီအခ်ိန္မွာ ဟုန္ယြိေနာက္မွာ တစ္ခ်ိန္လံုးမတ္တပ္ရပ္ေနျပီး ဝွီးခ်ဲေနာက္မွီေပၚလက္တင္ထားတဲ့ စုခၽြမ္က ခ်က္ခ်င္းပဲ ခါးကိုကုန္းျပီးေျပာလာတယ္။ သူ႔မ်က္ႏွာေပၚမွာ ႏူးညံ့တဲ့အရိပ္အေယာင္ေလးေတြရွိေနျပီး ခါတိုင္း အျပင္ဘက္အမူအရာေတြနဲ႔ကြဲျပားေနပါတယ္ "အဲ့လိုမဟုတ္ပါဘူး ဆရာ၊ စုခၽြမ္မပ်င္းပါဘူး"

{T/N:ဆရာဆိုသည္မွာ စာသင္ေပးေသာဆရာ မဟုတ္ပါ၊ သက္ၾကီးဝါၾကီးေလးစားသမႈျဖင့္ ေခၚျခင္းျဖစ္သည္}

ဟုန္ယြိရဲ့အျပံဳးေတြက ေလ်ာ့မသြားဘူး။ သူက ေခါင္းကိုေစာင္းျပီးေျပာလုိက္တယ္ "မင္းက ငါမသိဘူးလို႔ထင္ေနတာလား၊ တစ္ညလံုး ခါတိုင္းထက္ တိတ္ဆိတ္ေနျပီးေတာ့ မင္းဆရာကို စိတ္မခ်မ္းမသာျဖစ္ေအာင္လုပ္ေနတယ္ေလ၊ ခ်ိဳးသူေဌးက မင္းရဲ့သူေဌးဆုိေတာ့လည္း မင္းတို႔ႏွစ္ေယာက္လံုး ေျပာစရာစကားေတြအမ်ားၾကီးရွိမွာ သဘာဝပဲ၊ ငါ့ကို အားနာစရာမလိုဘူးေနာ္"

သူ႔စကားေတြက သာမန္ပဲထင္ရေပမယ့္ အတြင္းမွာေတာ့ အဓိပၺါယ္အမ်ိဳးမ်ိဳးျပည့္ႏွက္ေနတယ္လို႔ ထင္ရတယ္။ ဒါေၾကာင့္ ခ်ိဳးခ်န္က ေျပာပါတယ္ "တိုတယ္က မစၥတာစုနဲ႔စာခ်ဳပ္ခ်ဳပ္ႏိုင္တာ အၾကီးအကဲဟုန္ရဲ့အကူအညီ အမ်ားၾကီးပါပါတယ္၊ ကၽြန္ေတာ္တို႔ မစၥတာစုကို ေကာင္းေကာင္းေစာင့္ေရွာက္မွာပါ၊ အၾကီးအကဲဟုန္ စိတ္မပ်က္ေစရပါဘူး"

"ေကာင္းတာေပါ့ ေကာင္းတာေပါ့" ဟုန္ယြိကပိုလို႔ေတာင္ ျပံဳးလာတယ္။ ဒါေပမယ့္ ရုတ္တရက္ေျပာခ်လိုက္တာက "ဒါဆို သူေဌးခ်ိဳးသေဘာက ကုမ္ပဏီနဲ႔မဆိုင္တဲ့ျပင္ပအလုပ္ေတြဆိုရင္ေတာ့ ကူညီမေပးႏုိင္ဘူးေပါ့?"

ခ်ိဳးခ်န္က သဘာဝက်က်ပဲရယ္လိုက္တယ္ "ကၽြန္ေတာ္နဲ႔ မစၥတာစုတို႔က တစ္ျမိဳ႕တည္းသားခ်င္းေတြဆိုတာ အၾကီးအကဲလည္း သိျပီးျဖစ္ပါလိမ့္မယ္၊ ကိုယ့္ေမြးရပ္ေျမသူငယ္ခ်င္းကို ကၽြန္ေတာ္အေကာင္းဆံုးဂရုစိုက္ေပးမွာပါ"

ဟုန္ယြိက တျပံဳးျပံဳးနဲ႔ေခါင္းညိတ္တယ္။ သူ႔ၾကည့္ရတာေက်နပ္သြားပံုရပါတယ္။ ဒါေပမယ့္ မ်က္လံုးေတြက တစ္ခ်က္လက္သြားရင္း ခ်ိဳးခ်န္ေဘးနားရပ္ေနတဲ့ ပို္င္လန္႔ဘက္ကိုၾကည့္လာျပန္တယ္ "သူေဌးခ်ိဳးနဲ႔ပါလာတဲ့သူကို ရင္းႏွီးေနသလိုပဲ၊ မိတ္ဆက္ေပးပါဦး"

ခ်ိဳးခ်န္က ေနာက္နည္းနည္းဆုတ္ရပ္လိုက္ျပီး ဘယ္ဘက္လက္နဲ႔ ပိုင္လန္႔ခါးကို ထိန္းမတ္ေပးထားတယ္။

"သူ႔နာမည္က ပိုင္လန္လို႔ေခၚပါတယ္၊ တိုတယ္ကအႏုပညာရွင္တစ္ေယာက္ပါပဲ၊ ဒီေန႔ေလး ရွားရွားပါးပါးအခြင့္အေရးရတုန္း အေတြ႔အၾကံဳယူရေအာင္ ေခၚလာခဲ့လိုက္တာ"

ပိုင္လန္က ဟုန္ယြိနဲ႔အၾကည့္ခ်င္းစံုျပီး အမ်ိဳးအမည္မသိခံစားေနရတယ္။ သူက ေခါင္းကိုညိတ္ျပီးႏႈတ္ဆက္တယ္ "ကၽြန္ေတာ္က ပိုင္လန္ပါခင္ဗ်ာ၊ မစၥတာဟုန္႔ကိုေတြ႔ရတာ ဝမ္းသာပါတယ္"

ဟုန္ယြိက ျပံဳးျပီးႏႈတ္ဆက္မႈကိုခံယူတယ္။ ျပီးေတာ့မွာေတာ့ အၾကည့္ေတြျပန္ေရႊ႕လိုက္ျပီး ေျပာျပန္တယ္ "သူေဌးခ်ိဳးကေတာ့ တကယ့္ကိုအေမွ်ာ္အျမင္ရွိတဲ့လုပ္ငန္းရွင္ပဲ၊ တင္ေပးသမွ်လူေတြအကုန္လံုးက အစြမ္းထက္တဲ့လူငယ္ေတြခ်ည္းပဲ၊ ဒါေပမယ့္ မင္းရဲ့အာရံုေတြကို အနုပညာလုပ္ငန္းမွာပဲ အာရံုစိုက္ထားမယ္ဆိုရင္ ႏွေျမာစရာေကာင္းတယ္၊ မင္းရဲ့ထက္ျမက္မႈနဲ႔ဆိုရင္ ဒီထက္ပိုျပီးလုပ္ႏိုင္မွာ၊ ဒါနဲ႔.. ဒီႏွစ္ အသက္ဘယ္ေလာက္ရွိသြားျပီလဲ?" သူ႔ရဲ့ေနာက္ဆံုးစကားတစ္ခြန္းက ရုတ္တရက္ၾကီး ပိုင္လန္႔ကိုရည္စူးျပီးေမးလိုက္တာပါ။

ပိုင္လန္က တစ္စကၠန္႔ေလာက္အံ့အားသင့္သြားျပီးမွ ေျဖလုိက္ရတယ္ "(၂၄)ႏွစ္ပါခင္မ်ာ"

"(၂၄).." ဟုန္ယြိက ေနာက္ထပ္ျပံဳးျပန္ေရာ "ေတာ္ေတာ္ငယ္ေသးတာပဲ၊ မင္းလည္း အခြင့္အေရးရတုန္းေလး ေကာင္းေကာင္းဆုပ္ကိုင္ထားႏိုင္ရမယ္ေနာ္၊ အႏုပညာေလာကမွာ ငယ္ရြယ္မႈဆုိတာ တန္ဖိုးအရွိဆံုးအရင္းအျမစ္ပဲ၊ ရုပ္ရည္ေတြဘာေတြ အသာထားဦး အသက္ခ်င္းေလးပဲယွဥ္လိုက္ ေဟာဒီကရုပ္ရွင္ဘုရင္ၾကီးေတာင္ မင္းလိုဂ်ဴနီယာေလးကိုမယွဥ္ႏိုင္ဘူး၊ ဟုတ္တယ္မဟုတ္လား?"

ဒီေနရာမွာ စုခၽြမ္လို႔အမည္ရတဲ့လူက ေနာက္တစ္ၾကိမ္ကုန္းလိုက္ျပန္ရင္း မ်က္လႊာခ်ျပီး ေျပာလိုက္ျပန္တယ္ "ဆရာေျပာတာမွန္ပါတယ္"

စကားဝိုင္းက ထူးဆန္းျပီးရင္းထူးဆန္းလာတယ္လို႔ ပိုင္လန္ခံစားေနရတယ္။ အရင္ သူထင္ထားတာက ဟုန္ယြိနဲ႔စုခၽြမ္တို႔ ပတ္သက္မႈရွိတယ္လို႔ (၉၀)% ေလာက္ ေသခ်ာေျပာႏိုင္ေပမယ့္ စကားေတြနားေထာင္ျပီးမွ ဟုတ္ေရာဟုတ္ရဲ့လားလို႔ ေဝခြဲမရေတြ ျဖစ္ကုန္ျပီ။

ဒါေပမယ့္ ခ်ိဳးခ်န္ကေတာ့ ဒီလိုစကားဝွက္ေတြကို သည္းခံႏုိင္ပံုမရဘူး။ သူက စကားလမ္းေၾကာင္းေျပာင္းရင္း အေစာက ဘာေတြေဆြးေႏြးေနၾကတာလဲလို႔ ဟုန္ယြိကိုေမးေနတယ္။ ဆယ္မိနစ္ေယာက္ အဆက္အစပ္မရွိစကားေတြေျပာျပီးေနာက္မွာ သူက ပိုင္လန္႔လက္ကိုဆြဲရင္း ျပန္ထြက္သြားပါတယ္။

သူတို႔စကားဝိုင္းအလယ္မွာ အေစာပိုင္းစကားႏွစ္ခြန္းေျပာတာကလြဲျပီး စုခၽြမ္က ေနာက္ထပ္ဘာမွထပ္မေျပာဘူး။ ဒါေပမယ့္ သူ႔အၾကည့္ေတြကေတာ့ တစ္ခ်ိန္လံုး ခ်ိဳးခ်န္ဆီမွာ တဝဲလည္လည္ျဖစ္ေနတယ္။ သူက ဟုန္ယြိေနာက္မွာမတ္တပ္ရပ္ေနတာေၾကာင့္လည္း ဟုန္ယြိက သူ႔အၾကည့္ေတြကို မျမင္ႏိုင္ဘူး။

ဒီအေျခအေနေတြက ပိုင္လန္႔ကို စိတ္မသက္မသာျဖစ္ေစတယ္။ ဒါေပမယ့္ ခ်ိဳးခ်န္တံု႔ျပန္ပံုက ပိုလို႔ေတာင္ တဆိတ္ထူးဆန္းေသးတယ္။

သူက စုခၽြမ္ရဲ့အၾကည့္ေတြကို သတိမျပဳမိသလို ဟန္ေဆာင္ေနျပီး ဟုန္ယြိကုိပဲ စကားေတြေျပာေနတာေလ။

သာမန္အေျခအေနမိ်ဳးမွာ စကားေျပာေနခ်ိန္ သင့္ကိုတစ္စံုတစ္ေယာက္ကေငးၾကည့္ေနမယ္ဆိုရင္ ယဥ္ေက်းသမႈေလးနဲ႔ပဲျဖစ္ျဖစ္ေတာ့ အသိအမွတ္ျပဳေၾကာင္း တစ္ခ်က္ႏွစ္ခ်က္ျပန္ၾကည့္ေပးသင့္တယ္မလား။ ခ်ိဳးခ်န္ကလည္း လူမႈေရးမသိတတ္တဲ့လူ မဟုတ္ပါဘူး။ ဒီေန႔ညအေတြ႔အၾကံဳအရဆိုရင္ ခ်ိဳးခ်န္ကဆိုရွယ္ေကာင္းတယ္လို႔ေတာင္ ပိုင္လန္ျမင္မိေသးတယ္။ ဒါေၾကာင့္ စုခၽြမ္အေပၚ သူ႔တုန္႔ျပန္ပံုေတြက တမင္သက္သက္ၾကီးကို လ်စ္လ်ဴရႈေနသလိုပဲ။ အေၾကာင္းရင္းက ပိုင္လန္႔ကို အထင္မလြဲေစခ်င္တာဆိုရင္ေတာ့ ခ်ိဳးခ်န္နဲ႔မတူသလို ကေလးဆန္ဆန္ျပဳမူေနတာပဲ ျဖစ္ရမယ္။

ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ ကားေပၚေရာက္တဲ့အခ်ိန္မွာ ပိုင္လန္႔အေတြးေတြက ေယာက္ယက္ခတ္ေနတာ ခ်ိဳးခ်န္က သူ႔ကိုဆြဲဖက္ျပီး လက္ေမာင္းထဲထည့္ထားလိုက္တဲ့အထိပါပဲ။

*** 

Continue Reading

You'll Also Like

35.7K 866 28
─────── you got me down on my knees it's getting harder to breathe out . . . ──────────────── 𝑰𝑵 𝑾𝑯𝑰𝑪𝑯 . . . 𝐜𝐡𝐫𝐢𝐬 𝐬𝐭𝐮𝐫𝐧𝐢𝐨𝐥𝐨 ha...
392K 15.6K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
41.3K 2K 47
The Rajputs well known as the most powerful and devil's for the people who tries to messed up with them people got goosebumps just by listening to th...
Alina By ihidethisapp

General Fiction

1.5M 37.7K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...