Married To The Death Man

By Taria_Nattawat0408

11.7K 1K 130

မင်းမပြေးပါနဲ့ ငါကမင်းကို အစွန်းစုံထိဆွဲထားမှာ၊ ဒီဘ၀မပေါင်းရလဲ ဘာအကြောင်းလဲ။ နောက်ဘ၀ပေါ့..... #Gemini မင်းကိ... More

Introduction with Members
နေကြာပန်းနဲ့လူ 🌻 ¹
လက်ဆောင် 🎁²
လှို့ဝှက် ကင်မရာ 📷³
ခပ်နက်နက် မျက်၀န်း 👁️⁴
အတိတ်က ရင်ခုန်သံ 💔⁵
ကျိန်စာ🔥⁷
ပန်းချီကား🖼️⁸
စံအိမ်ကြီး🏰⁹
မြေအောက်ခန်း🚪¹⁰
ကြာပန်း🍀¹¹
ချစ်တယ် ...Wat❤️¹²
ကျေးဇူးတင်လွှာ 🙏
That Moment🚫¹³
မြို့စားမင်း 🧛🏻¹⁴
HIS EX ¹⁵
Little Bomb 💣 ¹⁶
24/7 🌋¹⁷
မောင်...🍷¹⁸
သမိုင်း...💫¹⁹
ဒိုင်ယာရီ 📖 ²⁰
ပြန်လည်ရှာ‌ဖွေ...🌫️²¹
စံအိမ်ထဲကနှလုံးသား⛓️²²
မြို့မကြီးလမ်း🛣️²³
လှည့်ကွက်⭕²⁴
လုပ်ကြံခြင်း 🛑²⁵
ပြန်လည်ခေါ်ယူ ❇️²⁶
ရောက်ရှိ💫²⁷
ကယ်တင်ခြင်း 🕯️²⁸
ချန်ခဲ့သူ 🌁²⁹
ကျန်ခဲ့သူ🏚️³⁰
The End of Death 🌸

အထင်လွဲမှားမှူ⚡⁶

450 44 0
By Taria_Nattawat0408

စနေနေ့၊ မနက်အစောပိုင်း ၇:၂၄

Phuwinကသူ့ကိုစောင့်ရန် ဖုန်းဆက်လာသဖြင့် စောင့်နေသည်။ Pondကတော့ သူ့အကိုနှင့်သွားနှင့်မည်ဟုဆိုသည်။

ကားသံကြားလိုက်သည်။ ငဖုက ကားနဲ့လာတာလား?၊ ကားဟွန်းသံပေးနေသဖြင့် ကျတော့်ထွက်သွားလိုက်သည်။

"တက်လေ၊ အဆင်သင့်ဖြစ်ပြီလား"

"ဘာကိုလဲ၊ ပြီးတော့ မင်းက ဘာလို့ကားကြီးမောင်းလာတာလဲ"

"အော် ငါကမင်းနောက်ကျမှာဆိုးလို့ပါ၊ စကားများမနေနဲ့ နောက်ကျနေမှာနော်"

"အေး...pondကအဲ့မှာစောင့်မယ်ပြောတယ်"

"သူလားရောက်ဦးမှာ ၊ ခါးပတ်ပတ်..."

"ရတယ် ငါ့ဘာသာလုပ်လိုက်မယ်"

ထိုသို့ဖြင့် ဘုရားကျောင်းသို့...

ဘုရားကျောင်းသို့သွားသောလမ်းတွင် ညက store ဆိုင်ကိုတွေ့လိုက်သည်။ ထိုဆိုင်ကိုတွေ့သည်နှင့် ပြန်မြင်ယောင်မိပါသော မျက်၀န်းခပ်နက်နက်၊

နောက်တစ်ကြိမ်များ အခွင့်အရေးဆိုတာရှိရင် ခင်ဗျားမျက်လုံးကို ဆိုက်ကြည့်ချင်သေးတယ်။

"Fot"

"ဟမ်...ဟမ်ဘာပြောလိုက်တာလဲ"

"မင်းဘယ်ကိုကြည့်နေတာလဲ၊ ငါ‌ခေါ်နေတာသေတော့မယ်"

"အော် ငါ...ငါ..ငါ့အိမ်က မီးဖိုပိတ်ခဲ့ရဲ့လားစဉ်းစားနေတာ"

"မသေချာရင် ပြန်သွားကြည့်ကြမလား၊ အချိန်ရပါသေးတယ်"

"ရတယ်၊ ပိတ်ခဲ့တယ်"

"အိုခေ..."

ထိုသို့ဖြင့် တရွေ့ရွေ့သွားနေတဲ့ ကားလေး

ဘုရားကျောင်းသို့ရောက်တော့~~

"လာ ငဖု"

"အင်း"

၀င်သွားလိုက်ရင်ပဲ ထိုင်နေပါသော လူ‌တယောက်။ ဒီနေ့တော့ ငဖုပါလို့ထင်တယ် သိပ်ပြီးအထီးကျန်မဆန်ဘူး။

"ငါမပြောဘူးလား၊ အဲ့ကောင်ရောက် သေးမှာမဟုတ်ပါဘူးလို့၊ စောက်ပျင်း အိပ်ယာတောင်နိုးရဲ့လားမသိဘူး"

"သူနိုးနေပါပြီကွ၊ ငါ့ကိုဖုန်းဆက်လာတယ်လေ၊ သူရောက်တော့မှာပါ"

စကားပြောရင်း တဖြည်းဖြည်း ထိုင်နေတဲ့လူနေရာနှင့် နီးကပ်လာပြီ၊ ပိုလို့ပင် ရင်တုန်လာသည်၊ ကျောကုန်းတောင် အောင့်သက်သက်ဖြစ်ရသည်။

ထုံးစံအတိုင်း ထိုလူရဲ့ဆန့်ကျင်ဘက်ကိုသွားထိုင်တော့ ဖူ၀င်က ကျတော်နှင့်မလိုက်လာပဲ ထိုထိုင်နေတဲ့သူရဲ့ အနောက်တွင်နေရာယူလိုက်သည်။

"လာလေ ဒီကို" ဟုလက်ယက်ခေါ်တော့ ကျတော့်ကိုတယောက်တည်း ၀တ်ပြုရန်ပုံဖြင့်ပြန်ပြသည်။ အေးလေ သူကဒီတိုင်းလာထိုင်ကြည့်တာပဲဆိုတော့...

ကျတော်လဲ၀တ်ပြုနေလိုက်သည်။ထိုချိန်ထိ pondဆိုတာ အရိပ်လေးတောင်ပေါ်မလာသေး။

~
"ဟျောင့်...မင်းဒီမှာဘာလုပ်နေတာလဲ"

"ဟမ်...ဘာလုပ်နေတယ်ထင်လို့လဲ"

"မင်းအခုထိသူ့ကို ဒုက္ခပေးလို့မ၀သေးဘူးလား"

"ဒီမှာ... ၀ဋ်ဆိုတာလည်ရမယ်၊ မလည်ရင် ငါကိုယ်တိုင်လှည့်ပေးမယ်"

"မင်းသူ့ကို ဒုက္ခပေးရင် Gemini Norawit ကမင်းကိုခွင့်လွှတ်ပေးမယ်ထင်လား၊ ဟမ်"

"ငါကစောက်ဂရုစိုက်ပေးရမှာလား ၊ သူ့ကိုလည်း ငါကိုယ်တိုင်မကိုင်တွယ်လိုက်လို့ အခုထိ အမောက်ထောင်နိုင်နေတာ"

"ဒီမှာ Fourthက မင်းကိုတမင်ရည်ရွယ်ခဲ့တာမှမဟုတ်ပဲ... မင်းအဖေကိုရော မင်းအကို‌ကိုရော သူစောင့်ရှူခဲ့တာပဲ တော်ရောပေါ့၊ "

"မင်းဘာသိလဲ....ငါ့အဖေက သူသတ်လို့သေရတာ၊ သူကိုယ်လက်နဲ့သတ်ခဲ့တာ၊ သူကိုယ်တိုင် အဆိပ်ခပ်ခဲ့တာ"

"မင်းကဘာကိုပြောနေတာလဲ၊ Fotကတစ်ချိန်လုံး တစ်ချိန်လုံး ... ငါတို့ မျိုးနွယ်စုကိုတိုက်နေခဲ့တာ...ပြီးတော့ Fotကို ကိုယ်ရံတော်ကမြှားနဲ့ပစ်လိုက်တာ အဲ့တာကြောင့်သူသေသွားတာ"

"ကိုယ်ရံတော်က မြှားနဲ့ပစ်တယ်? ဟဟ မင်းတို့မှားနေပြီ"

"ဘာကိုလဲ၊ မပြောနဲ့..."

"ငါကိုယ်တိုင် သတ်ခဲ့တာ"

"ဘာ!!!"

"ငါကိုယ်တိုင် သူ့ရဲ့အဆိပ်နဲ့ သူ့ကိုပြန်သတ်ခဲ့တာ၊ မင်းတို့ကတော့ အပြစ်မရှိတဲ့ ကိုယ်ရံတော် ကို အပြစ်ပေးခဲ့ပေမဲ့ ငါသတ်လိုက်တာ"

"မင်း! "

"Fourth Nattawatက ငါ့အဖေကိုသတ်ခဲ့တာ၊ အဲ့နေ့က..."

Flash Back 🔙🔙

"သခင်လေး Fourth Nattawat ကြွချီလာပါပြီ"

"သခင်လေးWat"

"အားလုံး အပြင်ထွက်ကြ ၊ ငါအထိန်းတော်နဲ့ စကားပြောစရာရှိတယ်"

အားလုံးထွက်သွားတော့ ကျန်ခဲ့သူက သခင်လေးNattawatနဲ့ အထိန်းတော်မော့။

"ဒီမှာ မော့၊ မင်းအမှန်တိုင်းဖြေပါ"

"ဟုတ်...ဟုတ်ကဲ့ သခင်လေး"

"ငါသိတယ်၊ မင်းက သွေးစုတ်ကောင် "

"ခင်ဗျာ"

အတိအကျသိနေတဲ့သူက Fourth Nattawatမို့ ပြောင်ငြင်းလို့မရဘူး၊ သူကသိပ်ထက်တယ်

"ငါ့ကိုမငြင်းနဲ့၊ မင်းမျက်လုံးကိုကြည့်တာနဲ့သိတယ်၊ လပြည့်ညတိုင်း ပြုမူတတ်တဲ့မင်းအပြုအမူတွေကိုလဲသိတယ်"

"သခင်လေး ကျတော်မျိုးတောင်းပန်ပါတယ်"

"မင်းဘာလို့ဒီကိုရောက်နေတာလဲ"

"ကျတော်မျိုးကဒီတိုင်း ဒီဘက်မှာနေချင်ရုံပါပဲ"

"မင်းငါ့ကိုအမှန်တိုင်းဖြေသင့်တယ်လို့ မထင်ဘူးလား"

"ကျတော် ကျတော့်တို့သားအဖကို..."

"အဖေ! အဖေပြောလို့မဖြစ်ဘူးလေ"

မော့ရဲ့သားဖြစ်သူ မက်(mark)က အပြေး၀င်လာကာ အဖေဖြစ်သူကိုတားသည်။

"ဒီ‌မှာ မက် မင်းမှာတားပိုင်ခွင့်မရှိဘူး"

"သခင်လေး! ကျတော်မျိုးတို့က သစ္စာတရားကိုစောင့်ထိန်းရုံပဲ"

"မင်းတို့သားအဖကော ငါ့ဆီမှာ‌ သစ္စာမခံခဲ့ဘူးလား၊ ငါကြည့်ရှုခဲ့တာတွေက ဒီလိုမျိုးငါ့နောက်ကျော ဓားနဲ့ထိုးဖို့လား၊ သိပ်တရားပါပေတယ်"

"သား...အဖေတို့ပြော‌လိုက်လို့ ဘာမှမဖြစ်ပါဘူးကွာ၊ မပြောလိုက်မှ သခင်လေးWatတို့ထိခိုက်ကုန်မှာ"

အဖေဖြစ်သူ‌ မော့ က သွေးသန့်မျိုးနွယ်တွေကို သစ္စာတည်တယ်၊ သားဖြစ်သူ မက် က သွေးသောက်မျိုးနွယ်တွေရဲ့ ဘက်သား။

မော့က သွေးသောက်ဖခင်နဲ့ သွေးသန့်မိခင်တို့ဖွားမြင်ထားတဲ့ သားပေမို့၊ သွေးရောဖြစ်နေရသည်။ သို့သော် သိပ်မွေ့လှတဲ့ မိခင်ဘက်ကိုသာ သဘောကျတယ်။

မက်က သွေးရောဖခင်နဲ့ သွေးသန့်မိခင်က ဖွားမြင်သော်လည်း သွေးသောက်မျိုးနွယ်ဘက်ကိုပါချင်နေသည်။

"ငါအချိန်ပေးမယ် မော့၊ မင်းတို့စဉ်းစားပေါ့ မဟုတ်ရင်တော့..."

လှည့်ထွက်သွားသည့် သခင်လေးကိုကြည့်ကာ မျက်ရည်လည်မိသည့်မော့၊

တစ်ဖက်က သွေးသောက်မျိုးနွယ်ကသခင်လေး Witက သခင်လေးWatကို စောင့်ကြည့်ရန် ခိုင်းဆိုခဲ့သည်။ သူတို့ပြောသလိုမလုပ်ရင် ကျတော့်သားကြီးကို သူတို့သတ်လိမ့်မယ်၊ ဒါကြောင့် ဒီလို ဒလန်လုပ်နေရတာ။

"အဖေ၊ ‌အဖေ‌စဉ်းစားနော်၊ အဖေပြောလိုက်ရင် အကိုကြီးသေသွားလိမ့်မယ် အဖေရဲ့"

"ငါသိပါတယ်သားရယ်၊ ဒါပေမဲ့ မပြောရင်လဲ သခင်လေးအတွက် အန္တရာယ်ရှိနိုင်တယ်လေ၊ တစ်ဖက်ကGemini Norawit က သခင်လေးWatကိုဘယ်လောက်မုန်းနေသလဲ။ မင်းသိတယ်"

"အဖေ သခင်လေးအသက်ထက် ကျတော့်အကိုအသက်ကို ကျတော်ပိုချစ်တယ်၊ "

"သား အဖေကလည်း အဖေ့သား‌ တွေကိုချစ်ပါတယ်၊ ဒါပေမဲ့ တစ်ယောက်အေးချမ်းဖို့၊ တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ကို စတေးရတာမျိူးက မတရားဘူးလေ"

"ဘာပဲဖြစ်ဖြစ်၊ အခုတော့ အဖေမပြောပါနဲ့ဦး ၊ကျတော် စဉ်းစားကြည့်ပါဦးမယ်ဗျာ နော်အဖေ"

"အေးပါသား၊ သခင်လေးမေးလာရင်တော့..."

အမှန်တော့သခင်လေး Witကသခင်လေးWatကိုချစ်လို့စောင့်ကြည့်ခိုင်းတာကို၊ အထင်မြင်မှားကြကာ အမှားတွေကျူးလွန်ခဲ့ကြသည်။

တစ်နေ့ မက်က သူတို့သားဖနေတဲ့ အဆောင်ကိုပြန်လာတော့

စီးနေတဲ့ ‌သွေးတစ်ချို့၊ မလှုပ်တော့တဲ့ ခြေထောက်၊ မခုန်တော့တဲ့နှလုံးသားနဲ့၊ ပွင့်မလာတော့တဲ့ မျက်လုံးတွေ

သွေးအိုင်ထဲလဲနေတဲ့အဖေမော့ဆီ အပြေးသွားရင်းအော်ခေါ်မိသည်၊ ရင်တွေကွဲရပါသည်။ အဖေမရှိရင်သားတစ်ယောက်ထဲဘယ်လိုလုပ်ရမလဲအဖေ။

အဖေ့ကိုအဆိပ်ခတ်ကြတာ၊ ဒါဟိုလူယုတ်မာ သခင်လေးဆိုတဲ့ ဂြိုလ်ဆိုးပဲနေမယ်။ စိတ်ချပါအဖေ သားသွေးကြွေးပြန်ဆက်ပေးမှာမို့၊ အဖေဖြောင့်ဖြောင့်သွားပါ။

Flash End ~'~

"အဲ့နေ့ကသူက ငါ့အဖေကိုသတ်ခဲ့တာ"

"မင်းမှာ အထောက်အထားမရှိဘူးလေ မက်"

"ဒါဆို သူမဟုတ်ရင် ဘယ်သူလဲ၊ သူ့ကိုအကြောင်းဆုံမပြောပြလို့ သူသတ်လိုက်တာရှင်းနေတာပဲလေ"

စကား‌ကြောမပြတ်ခင် Fourthက ထိုင်နေရာကထလာလို့ စကားကြောပြတ်သွားသည်။

"Fotပြီးပြီလား၊ လာသွားမယ်"

"အေး...ဟိုကောင်Pondကရောက်လဲမလာဘူး စောက်ပိုပြောတဲ့ကောင် အဲ့ကောင်က"

"ငါပြောသားပဲ၊ သူလာမှာမဟုတ်ပါဘူးလို့"

"ဒါနဲ့ စောနက မင်းရှေ့မှာထိုင်နေတဲ့လူက ဘယ်လိုမှန်းမသိဘူး၊ သူ့အကြည့်ကလေ ငါ့ထသတ်တော့မယ့်ပုံနဲ့"

"ဟေ...သူ့ကိုမင်းဘယ်တည်းက သတိထားမိတာလဲ"

"အရှေ့အပတ်က ဘုရားကျောင်းလာတော့ သူကအဲ့မှာရှိနေတာ၊ နေကြာပန်းကိုင်ပြီးထိုင်နေခဲ့တာ"

"သူမင်းကိုထိခိုက်သေးလား"

"အဲ့လိုတော့လဲ မထိခိုက်ပါဘူး၊ သူကငါ့ကိုတောင်သိပုံမပေါ်ဘူး"

"ဟုတ်ပါပြီ"

Pondကဖုန်းဆက်လာသည်။

"ဟယ်လို ပြောလူလိမ်ကောင်"

*အေး ဆောရီးပါကွာ၊ ငါ့အကိုကလာမခေါ်ဘူးဟ*

"အေး‌ပါ ဘာတတ်နိုင်မျာလဲ"

*အခုမင်းတို့အားလား၊ အားရင်အိမ်ကိုခဏလောက်လာကြပါလား ငါစောင့်နေမယ်နော်*

"အေး လာမယ် ဒါပဲ"

"ဘာတဲ့လဲ"

"အော် သူ့အိမ်ကိုလာခဲ့ကြပါတဲ့ မင်းရောလိုက်မယ်မလား"

"အေး အားနေတာနဲ့အတော်ပဲ သွားကြမယ်လေ"

ဒီလိုနဲ့ ကားလေးက ထပ်ရွေ့ပြန်သည်။

ထိုကားထဲကနှစ်ယောက်မသိတာက ထိုနေကြာပန်းနှင့်လူက သူတို့ကို အမြဲစောင့်ကြည့်နေတော့မှာဖြစ်သည်။

______Married_To_Death_Man__________

ကျတော် one side upပေးလိုက်ပြီနော်၊ ရှုပ်နေရင်လဲတောင်းပန်ပါတယ်ဗျာ၊ လာမေးလို့ရပါတယ်နော်။

ကျေးဇူးပါ✨

Continue Reading

You'll Also Like

951K 21.8K 49
In wich a one night stand turns out to be a lot more than that.
45.9K 2.7K 52
•Status : [ COMPLETED ] •Start Date: 05 November 2020 •End Date: 29 September 2021 Being in love with people from different kingdom is highly prohibi...
184K 20K 30
Leaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့
4.1K 89 13
when a girl gets a new dance teacher and they fall in love. but so does the teachers friends. started november 2019 ended november 2019 edited:✔(25/1...