ပဲရစ် မြို့လေးရဲ့ စည်းကားတဲ့ ကုန်တိုက် များစွာထဲက တစ်ခုသော အများသုံး အိမ်သာ အတွင်းတွင် ...
' ကိုကို လည်း ကျနော့်လို လူသား နဲ့ ရေသူမ က ညားပြီး မွေးလာတာလား ...။'
' မဟုတ်ပါဘူး။ ငါက ရေသူထီး နဲ့ ရေသူမ က ညားပြီး မွေးထားတဲ့ ရေသူထီး စစ်စစ် ...။ မင်း လို အမြီး မထွက်တဲ့ လူတစ်ပိုင်း ငါး တစ်ပိုင်း မဟုတ်ဘူး။'
ဟော်ရှင်း သူ့လက်က နာရီကို တစ်ချက်ကြည့်လိုက်ပြီးမှ သူ့လို ဘဝတူ ရေသူထီး နဲ့ တစ်ယောက်လို လက်ဆေးတဲ့ နေရာမှာ ကျောပေး မှီလိုက်ရင်း ...
' ဘယ်လိုဖြစ်ဖြစ် ကျနော့်လို ဘဝ တူတွေ အများကြီး ရှိနေသေးတာ သိရတော့ အရမ်းပျော်တယ်။ ပြီးတော့ ကျနော် ပင်လယ်အောက်ကို သွားကြည့်ချင်တယ်။'
' သွားကြည့်ချင်တာများ မင်း အမေကို ခေါ်သွားခိုင်းပေါ့။'
ဟော်ရှင်း အမေ ဆိုတဲ့ အသံကြားရတော့ မျက်နှာ တစ်ချက်ပျက်သွားခဲ့ပြီး ...
' ကျနော့် မှာ အမေ့ကို မမြင်ဖူးတာ လူမှန်း သိတတ် စ ကတည်းကပဲ ...။'
ရှောင်းကျန့် နားထောင်နေရင်းနဲ့ ခေါင်းထဲမှာ ဒီကောင်လေးက သူ့ ကျဲ ရဲ့ကလေးများ ဖြစ်နေမလား ဆိုတဲ့ အတွေး ဝင်လာသည်။
' နေအုံး ...။'
ဟော်ရှင်း သူ့ဘေးမှာ မှီရပ်နေရင်းကနေ ရုတ်တရက် သူ့ ရှေ့ရောက်လာပြီး သူ့ လက်ကို ဖမ်းဆုပ်ရင်း ပြောလာတဲ့ လူကြောင့် လန့်သွားခဲ့ရပြီး အသံကလည်း ထစ်ငေါ့စွာ ထွက်သွားရသည်။
' ဘာ ... ဘာလဲ ...။'
' မင်း အမေ က ရေသူမ လို့ ပြောတာမလား ...။'
ဟော်ရှင်း ခုထိ လက်လည်း မလွှတ်ပဲ တကယ်ကို အရေးတကြီး ပုံစံနဲ့ မေးနေတဲ့ လူကို ခေါင်းပဲ ညိတ်ပြလိုက်သည်။
' ပြီးတော့ မင်း အမေ က မင်း ကို မွေးပြီးတာနဲ့ မင်း အဖေ နဲ့ ကွဲသွားခဲ့တာ မလား။'
ဟော်ရှင်း သူ့ အမေ အကြောင်းကို သေချာကြီး မသိထားပေမယ့် သူ့ကို မွေးပြီးတာနဲ့ လူဆိုး တစ်စုကြောင့် သူ့ အဖေ နဲ့ အမေ လူချင်း ခွဲပြီး ထွက်ပြေးရတယ်ဆိုတာကိုတော့ လေးလေး က ပြောပြထားလို့ သိထားပြီး ဖြစ်တာကြောင့် အခု မေးခွန်း ကိုလည်း ခေါင်းပဲ ညိတ်ပြလိုက်ပြန်သည်။
ရှောင်းကျန့် ပြောရင်းနဲ့ သူ့ရဲ့ မြန်လာတဲ့ ရင်ခုန်သံကြောင့်ရော ဒီကလေးက သူ့ ကျဲ ရဲ့ ကလေး ဖြစ်မယ်ဆိုတာကိုရော ပိုပို သေချာလာသလို ခံစားရတာကြောင့် သူ့ အတွေး မှန်နေပြီဆိုတာ သိလိုက်သည်။
' ဒါဆို သေချာတယ်။ မင်း က ငါ့ ကျဲ ရဲ့ ကလေး၊ ငါ့ တူလေး ပဲ ဖြစ်ရမယ်။'
' ဗျာ !!!!!.'
~~~~~~~~~~
ရိပေါ် ဟင်းပွဲတွေ စုံနေပြီ ဖြစ်တဲ့ စားပွဲဝိုင်းမှာ ထိုင်နေရင်း သူ့ လက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။ ဟော်ရှင်း ထွက်သွားတာ ၁၅ မိနစ် ကျော်ရှိနေပြီ။
' ဆရာ ကျနော် လိုက်သွား လိုက်မယ်။'
' ရတယ် ...။'
ရိပေါ် ဟုန်လုံ ကို လက် ကာ ပြလိုက်ပြီး သူ ကိုယ်တိုင် Toilet သွားတဲ့ ဘက်ကို ထ လာလိုက်သည်။
~~~~~~~~~~
' ဘာ !!!!!!.'
ရှောင်းကျန့် သူ့ ခံစားချက်ကြောင့် ခုမှ မြင်တဲ့ ကလေးကို သူ့ တူ လို့ သတ်မှတ်ပြီး အခု အဲ့ကောင်လေး ဆီက ပြင်သစ်မှာ တစ်ယောက်တည်း နေ နေ ရတယ် ဆိုတဲ့ စကားလည်း ကြားရော မျက်လုံးတွေ ပြူးနေအောင် အော် လိုက်တော့သည်။
' မင်း ပြောတာက မင်းကို ငယ်ငယ်ကတည်းက ဦးလေး ဆိုတဲ့ လူက လူယုံနဲ့ပဲ ထား ထား တာပေါ့ ...။'
' ဟုတ်တယ်။ လေးလေး ပြောတာက ကျနော်က သာမန် မဟုတ်တော့ တရုတ်က ဖိုးဖိုးကြီးကို အသိပေးလို့ မရသေးဘူးတဲ့။ ပြီးတော့ ပါး နဲ့ မား နောက်ကို လိုက်နေတဲ့ လူတွေကလည်း ရှိတော့ ကျနော့်ကို သိုသို သိပ်သိပ်ပဲ နေခိုင်းတာ။'
ရှောင်းကျန့် နောက်က လိုက်တဲ့ လူတွေလည်း ရှိတော့ ဆိုတဲ့ စကား ကြားမှ မျက်နှာကြော နည်းနည်းလျော့ လိုက်သည်။ အကုန်တော့ မလျော့သေးပါ။ သာမန် လူ မဟုတ်တာနဲ့ပဲ မျိုးရိုးထဲ မသွင်းချင်တော့တာက မဟုတ်သေးဘူးလေ။
' အဲ့ဒါဆို အခု ငါ နဲ့ လိုက်ခဲ့တော့ ...။ မင်း က ငါ့ရဲ့ တူလေးပဲ။ မင်းကို မိသားစု အဖြစ် မသွင်းချင်တဲ့ မင်းရဲ့ ဦးလေး နား မနေနဲ့တော့။'
' လေးလေး က ကျနော့်ကို တကယ်ချစ်ပြီး ဂရုစိုက်ပါတယ်။ ကျနော့်ကို ခွဲပြီး ထားရတယ်ဆိုတာကလည်း အကြောင်းက ရှိပြီးသားပါ။ ပြီးတော့ ဒီတစ်ခေါက် ပေကျင်း ပြန်ရင်တောင် ကျနော့်ကို ခေါ်သွားတော့မယ် ပြောနေတာ။
ဟို ... ပြီးတော့ တရုတ်က ကျနော့် ဖိုးဖိုးကြီး နဲ့ တွေ့ချင်သေးတယ်။'
ရှောင်းကျန့် ဘာလုပ်ရမလဲ လက်သည်း ကိုက်ပြီး စဉ်းစားရင်း သူ့ဖုန်းကို ထုတ်ယူလိုက်သည်။
' ရော့ ... ငါ့ဖုန်းထဲ မင်း ဖုန်းနံပတ်ရိုက်ထည့်ထား။ မင်း ပေကျင်း ပြန်ရင် ငါ မင်းကို ထပ်လာတွေ့မယ်။'
' အခုလည်း ကျနော့် လေးလေး နဲ့ လိုက်တွေ့လို့ ရတာပဲ။'
' မတွေ့ပါဘူး။ ငါ့အကြောင်း ယွီ့ကျင်း တစ်ယောက်ပဲ သိတာနဲ့တင် နေရင်း ထိုင်ရင်း ယောကျာ်း ကောက်ရတော့မလို့ ...။'
ဟော်ရှင်း ဖုန်း ယူပြီး လုပ်စရာ ရှိတာ လုပ်ပြီးသွားတော့ ဖုန်းကို ပြန်ကမ်းပေးရင်း ...
' ဒါဆို ကျနော် ပြီးမှ ဆက်သွယ်လိုက်မယ်နော် ...။'
' နေအုံး ...။'
ရှောင်းကျန့် အပြင်ထွက်သွားတော့မယ့် ကလေးရဲ့ ပုခုံးကို လှမ်းဆွဲထားပြီး သေချာ ပြန်ဖက်လိုက်ရင်း ...
' အတူ သွားကြမယ်။ တော်ကြာ ခုနက ကောင်လေးတွေ မင်းကို ပြန်လာပြီး အနိုင်ကျင့်နေအုံးမယ်။'
' ဟုတ် ...။'
ဟော်ရှင်း သူလည်း ခုမှ သူ့လို လူနဲ့ တွေ့ရတာဖြစ်တာကြောင့် အဲ့ဒီ လူက သူ့ကို တူလေး လို့ ပြောပြော သူစိမ်းလို့ပဲ ပြောပြော အခုချိန်မှာ သူ တစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတဲ့ ခံစားချက်ကို ပျောက်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော လူ မို့ ယုံကြည် အားကိုးချင်စိတ် ဖြစ်နေပြီ။
~~~~~~~~~~~~
သူတို့ နှစ်ယောက် အိမ်သာ ထဲက ထွက်လာတော့ ...
' လေးလေး !!!!.'
ရှောင်းကျန့် ကောင်လေး နှုတ်က လေးလေး ဆိုတဲ့ အသံကြောင့် ကောင်လေး ကြည့်တဲ့ ဆီကို လိုက်ကြည့်လိုက်တော့ မျက်လုံးက ပြူးထွက်လာသည်။
*ဝမ်ရိပေါ် !!!!.*
ရှောင်းကျန့် အဝေးကနေ သူတို့ရှိတဲ့ ဘက်ကို လျှောက်လာတဲ့ ဝမ်ရိပေါ် ကို တွေ့တာနဲ့ အိမ်သာ ထဲ ပြန်ဝင်ပြေးပြီး နံရံ အကွယ်ကနေ ချောင်းနေလိုက်သည်။
' လေးလေး ...။'
' ဟော်ရှင်း ... ဘယ်လို ဖြစ်လို့ ကြာနေတာလဲ? တစ်ခုခု ဖြစ်နေတာလား ...။'
' မဖြစ် ... မဖြစ်ပါဘူး။'
ဟော်ရှင်း သူ အကြောင်း ရှိလို့ ထစ်နေတာကို လေးလေး ကို သံသယ မဝင်စေချင်တာကြောင့် သူ့ဘေးက လူ နဲ့ မိတ်ဆက်ပေးလိုက်မယ်လို့ တွေးရင်း ဘေးကို ကြည့်လိုက်တော့ ...
' ဟင်? ဘယ်ရောက်သွားတာလဲ ...။'
ရိပေါ် ဘေးကိုကြည့်လိုက်၊ ရှေ့ကို ကြည့်လိုက်၊ နောက်ကို ကြည့်လိုက် လုပ်နေတဲ့ ဟော်ရှင်းကြောင့် ...
' ဘာတွေ ရှာနေတာလဲ။ တစ်ခုခု ကျ ပျောက်နေလို့လား ...။'
' မပျောက် ... မပျောက်ပါဘူး။
ဒါနဲ့ ... လေးလေး Toilet ဝင်မလို့လား? ကျနော့် ကိုပဲ လိုက်ရှာတာလား ...။'
' ဝင်မှာ ...။'
အိမ်သာ နံရံ အကွယ်နားက ချောင်းနားထောင်နေတဲ့ ရှောင်းကျန့် ဝမ်ရိပေါ် အိမ်သာ ထဲ ဝင်မယ်ဆိုတာနဲ့ ခုန သူ ထွက်လာတဲ့ အိမ်သာ ထဲကို နောက်တစ်ခါ ထပ်ဝင်ပြေးလိုက်ရပြန်သည်။
အပြင်က ဟော်ရှင်းကလည်း လေးလေး အိမ်သာ ထဲ ဝင်သွားတာနဲ့ ခုန သူ နဲ့ အတူ လာတဲ့ လူ က အောက်များ ဆင်းသွားသလား ဆိုပြီး စင်တာ အပေါ်ထပ်က စတီး လက်ရန်း နား အပြေးသွားပြီး အောက်ကို ငုံ့ရှာလိုက်သည်။
ဒါပေမယ့် အရိပ်အယောင်မျှပင် ရှာမတွေ့တော့ပါ။
~~~~~~~~~
' တင်း တင် ... တင်း တင် ...။'
ယွီ့ကျင်း ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ ရှောင်း ...။
' ရှောင်း !!! နင် ဘယ်မှာလဲ? ပြောတော့ မုန့် ဆိုင်မှာ စောင့်နေမယ်ဆို...။ ငါတို့ အခု မုန့်ဆိုင်တွေ ရှိတဲ့ ဘက် ရောက်နေပြီ။'
' အဲ့ဒါတွေ နောက်မှ မေး ...။ အခု မင်း ဘယ်ရောက်နေနေ မျက်နှာကို တစ်ခုခု နဲ့ အရင် ကွယ်ထားလိုက်စမ်းပါ။'
' ဘာဖြစ်လို့လဲ ...။ ဘာလို့ ကွယ်ရမှာလဲ ...။'
ရှောင်းကျန့် အပြင်က ဝမ်ရိပေါ် အိမ်သာ ထဲက ထွက်သွားပြီလား မသွားသေးဘူးလားလည်း မသိတာကြောင့် အသံကိုလည်း ကျယ်ကျယ် မထွက်ရဲပါ။ မုယွီ့ကျင်းကလည်း အရေးထဲ လျှာက ရှည်နေသေးတယ်။
' ဘာလို့ ကွယ်ရမှာလဲ ဆိုရင်တော့ အခု စင်တာ ထဲမှာ မင်း ရဲ့ ယောကျာ်းလောင်းကြီး ဝမ်ရိပေါ် ရောက်နေလို့ပဲ။'
' ဘယ်လို !!!!.'
ရှဲန့်မု ယွီ့ကျင်းရဲ့ အသံကြောင့် မျက်နှာကို ကြည့်လိုက်ပြီး ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့ မေးဆတ်ရင်း မေးလိုက်သည်။
ယွီ့ကျင်း မင်းသမီး ကို လက် တစ်ဖက် ကာ ပြပြီးမှ နည်းနည်း လှမ်းတဲ့ နေရာကို သွားပြီး အသံ ခပ်နိမ့်နိမ့်နဲ့ ဖုန်း ဆက်ပြောလိုက်သည်။
' နင် မြင်တာ ဝမ်ရိပေါ် ဆိုတာ သေချာလို့လား။ ကမ္ဘာကြီးက အဲ့လောာက်တောင် ကျဉ်း သလား?.'
' ကျဉ်း သလား၊ ကျယ် သလား တော့ မသိဘူး။ ငါ အခု သိတာကတော့ ဝမ်ရိပေါ် ကို မြင်တာ ဆံပင်မွှေးတွေပါ ထောင်ချင်လာတာပဲ သိတယ်။
နိုင်ငံတွေ ဒီလောက် များတာ သူက ဘာလို့ ပြင်သစ် ကိုမှ ရွေးလာတာလဲ မသိဘူး။'
ယွီ့ကျင်း ရှောင်း ရဲ့ စကားကြောင့် ခုန ထိတ်သွားတဲ့ မျက်နှာမှ ပြုံးယောင်သမ်းတဲ့ မျက်နှာ ဖြစ်သွားပြီး အနားက ရပ်နေတဲ့ မင်းသမီး ဘက် တစ်ချက် လှမ်းကြည့်လိုက်ပြီး ...
' ဟဲ့ ... တစ်ချက် ခုတ်၊ နှစ်ချက် ပြတ် ...။ အခု ဝမ်ရိပေါ် ကို ခေါ်ပြီး နင့် ယောကျာ်း အနေနဲ့ မင်းသမီးကို ခေါ်ပြပြီး လိမ်လို့ ရတာပဲ။'
' တော်စမ်းပါ ...။'
ရှောင်းကျန့် ပြောရင်း တံခါးကို ဖြေးဖြေးလေး ဖွင့်ကြည့်တော့ ...။ တော်သေးတယ်။ ဝမ်ရိပေါ် မရှိတော့ဘူး။
စင်တာ ထဲက ယွီ့ကျင်း ကလည်း ဖုန်းပြောနေရင်းနဲ့ မင်းသမီး ရှိတဲ့ ဘက်ကို လှည့်လာတော့ သူ နဲ့ မင်းသမီး ရပ်နေတဲ့ဆီကို ဝမ်ရိပေါ် နဲ့ တူတဲ့ လူ လျှောက်လာနေတယ်လို့ ခံစားမိတာနဲ့ ဘာမှမစဉ်းစားတော့ပဲ မင်းသမီး ကို ဆွဲပြီး မျက်နှာချင်း ကပ်ပစ်လိုက်သည်။
ရှဲန့်မု သူ နဲ့ မထိပေမယ့်လည်း မျက်နှာ နား အရမ်းကို ကပ်လာတဲ့ ယွီ့ကျင်း ကြောင့် မနေတတ်ပဲ ခေါင်းကို ခွါပေမယ့် မရပါ။
နိုင်ငံခြား တိုင်းပြည်တွေ အတွက် လူမြင်ကွင်းမှာ ဖက်တာ နမ်းတာတွေက အထူးဆန်း မဟုတ်တော့ဘူး ဆိုပေမယ့် တစ်ခါတစ်လေတော့လည်း ချစ်သူ ရည်းစား မရှိတဲ့ သူ အဖို့တော့ ကြည့်ရတာ မျက်စိ ခပ်နောက်နောက် ဖြစ်နေတတ်ပါတယ်။
အဲ့ဒီထဲ ခုမှ လောလော လတ်လတ် အသဲကွဲသလို ဖြစ်နေတဲ့ ဝမ် သခင်လေးလည်း ပါသွားရတာပေါ့။
ရိပေါ် နည်းနည်း ဝေးဝေး ကတည်းက မြင်နေရပေမယ့် တစ်ခြား ဘက်ကနေလည်း သွားစရာ မရှိတာကြောင့် ခပ်မြန်မြန် ကျော်သွားအောင် ခြေလှမ်း ကျဲ ပစ်လိုက်သည်။
ဒါပေမယ့် အနား လျှောက်လာတော့မှ ယောကျာ်းလေးနဲ့မိန်းကလေး မဟုတ်ပဲ၊ မိန်းကလေး အချင်းချင်း ဖြစ်နေတာကြောင့် သေချာ မကြည့်မိတာတောင် မျက်နှာက ရဲခနဲ တက်လာပါသေးတယ်။
ရိပေါ် သာမန် မဟုတ်တဲ့ စုံတွဲကြောင့် သူ့လို မျက်နှာ မပူရအောင် စပ်စုချင်နေတဲ့ ဟော်ရှင်း ရဲ့ မျက်နှာ ကို သူ့လက်နဲ့ ကိုင်ပြီး ကွယ်ရင်း ခေါ်လာခဲ့လိုက်တော့သည်။
~~~~~~~~~
' ဖယ်စမ်း ...။'
ယွီ့ကျင်း မင်းသမီးရဲ့ အနားကနေ ခွါပေးလိုက်ပြီး စူပုပ်နေတဲ့ မင်းသမီး ရဲ့ မျက်နှာကို ကြည့်ရင်း ...
' ဆောရီး ...။ ခုန ငါ့ အသိ နဲ့ တူတဲ့ လူ လိုလို တွေ့လိုက်လို့။'
ရှဲန့်မု မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး ...
' အသိ တွေ့တာနဲ့ အဲ့လိုလုပ်တာ ဘာဆိုင်လဲ ...။ အသိမဟုတ်ပဲ အကြွေးရှင် ဖြစ်နေတာလားမှ မသိတာ။'
' အကြွေးရှင် ဖြစ်စရာလား ...။ ကျောင်းတက်တုန်းက ဆိုရင်တောင် ငါကသာ သူများကို ချေးပေးရတာပါ။'
' ဘယ်လိုဖြစ်ဖြစ် နောက်တစ်ခါ မပြောမဆိုနဲ့ ငါ့ကို လာမထိ မကိုင်နဲ့။'
ယွီ့ကျင်း ကြားလိုက်ရတဲ့ စကားကြောင့် တောက်ပ တဲ့ မျက်ဝန်း နဲ့ မင်းသမီး ကို စွေကြည့်လိုက်ပြီး ...
' ပြောဆိုပြီးမှ ကိုင်ရင် ရတယ်ပေါ့ ...။ အဲ့လိုလား ...။'
ရှဲန့်မု နှုတ်ခမ်း တစ်ချက်မဲ့ လိုက်ပြီး ...
' ရမလား မရဘူးလား သိချင်ရင် မပြောပဲ ထပ် လာထိကြည့်လေ ...။'
' အဟင်း ...။ စ တာပါ။ မထိနဲ့ မကိုင်နဲ့ဆို မထိ မကိုင်တော့ပါဘူး။'
ရှဲန့်မု ဟိုဟို ဒီဒီ တစ်ချက် ကြည့်လိုက်ပြီး ...
' မင်း ခုန ရှောင်း နဲ့ ဖုန်းပြောနေတာ မလား။ သူ ဘယ်မှာလဲ ...။'
' အိမ်သာ တဲ့ ...။'
' ဪ !!!!.'
ရှဲန့်မု မြင်နေရတဲ့ ရေခဲမုန့် ဆိုင်ကို ကြည့်လိုက်ပြီး ...
' ဒါဆို ငါတို့ မုန့်စားရင်း သူ့ကို စောင့်မလား။ ငါ ဗိုက်ဆာနေပြီ ...။'
ယွီ့ကျင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ...
' ကိုယ့်ရဲ့ မင်းသမီး က ဗိုက်ဆာနေပြီဆိုမှတော့ စားရမှာပေါ့ ...။ ကြွပါ ...။ အထုပ်တွေ ငါပဲ သယ်ခဲ့လိုက်မယ်။'
' မင်း မျက်နှာ မပြောင်နဲ့နော် ...။ ငါက မင်းရဲ့ စ နောက် စရာလား ...။'
' မ စ ပါဘူး။ အတည်ပြောတာပါ ...။ မင်းသမီးရဲ့ နှလုံးသားကလည်း ငါ အတည်ပြောနေတယ်ဆိုတာ ခံစားမိလောက်ပါတယ်။'
' မု ယွီ့ ကျင်း !!!!.'
' အဟီး !!!!.'
ယွီ့ကျင်း မျက်နှာတည်နေတဲ့ မင်းသမီး ကို တစ်ချက် ရယ်ပြလိုက်ပြီး ...
' ကဲပါ ... ငါ က စ နေတယ်လို့ပဲ သဘောထားလိုက်။ ဗိုက်ဆာနေပြီမလား ...။ သွား ... ဆိုင်ထဲ သွားတော့ ...။'
ရှဲန့်မု ဘာပြောပြော အနှောင့်သွား မလွှတ်တာက မလွှတ်တာပဲမို့ ဘာမှ ထပ်မပြောတော့ပဲ ခြေဆောင့်ရင်း မုန့်ဆိုင်ထဲကို ဝင်သွားလိုက်သည်။
ယွီ့ကျင်း အရှေ့က သွားလိုက်တဲ့ မင်းသမီးကို ကြည့်ပြီး ခေါင်းရမ်းရင်း ကြမ်းပြင်ပေါ် ချ ထားတဲ့ အထုပ်တွေ ဆွဲမလို့ လုပ်တုန်း ...
' ယွီ့ကျင်း !!!!.'
' ရှောင်း !!!!.'
' အေး ...။ ဝမ်ရိပေါ် ရော ... ဝမ်ရိပေါ် နဲ့ တိုးလိုက်သေးလား ...။'
ယွီ့ကျင်း ကြောက်နေတာလား? ရှာနေတာလား? မသဲကွဲတဲ့ မျက်နှာနဲ့ ရှောင်း ကို တစ်ချက် ကြည့်လိုက်ပြီး ...
' ဘာကို မေးတာလဲ ? တိုးစေချင်တာလား? မတွေ့စေချင်တာလား?'
ရှောင်းကျန့် ခေါင်းကို မူးချင်စရာကောင်းအောင် ဟိုဘက် လှည့်ကြည့်၊ ဒီဘက် လှည့်ကြည့် လုပ်လိုက်ပြီး ...
' တိုး မိသွားမှာ ကြောက်လို့လေ။ မဟုတ်ရင် အခု မင်းသမီး ပါ ရှိနေတာနဲ့ ငါတို့ အကြောင်းတွေ မပြောပဲ အကုန်ပေါ်သွားတော့မှာ။'
ယွီ့ကျင်း အဲ့တော့မှ ခုန ဝမ်ရိပေါ် သွားတဲ့ ဘက်ကို မေး တစ်ချက် ဆတ်ပြပေးလိုက်ပြီး ...
' ဟိုဘက်ကို သွားခဲ့ပြီ။'
ရှောင်းကျန့် ယွီ့ကျင်း မေးဆတ်ပြတဲ့ ဘက်ကို သေချာအောင် ထပ်ကြည့်လိုက်ပြီး ...
' အဲ့ဒါဆို ငါတို့ ပြန်ကြမယ်။ မင်းသမီးရော ... မင်းသမီး ဘယ်မှာလဲ ...။'
' ဘာလို့ ပြန်မှာလဲ။ မနက် ဟိုတယ်ကနေ မထွက်ခင်တုန်းက လည်ချင် ပတ်ချင်လို့ အသည်းအသန် ဖြစ်နေတာ ဘယ်သူလဲ ...။ အခု ဘာမှတောင် မလုပ်ရသေးဘူး ၊ ပြန်စရာလား? ပြီးတော့ မင်းသမီး က ဗိုက်ဆာနေတာ။'
' ဟာ ...။ အခု အစားက ဝမ်ရိပေါ် ငါတို့ကို ဒီမှာ တွေ့သွားမှာထက် အရေးကြီးလား ???.'
' အေး ... အရေးကြီးတယ်။'
ယွီ့ကျင်း ပါးစပ် ဟ ပြီး ထပ်ပြောလာမယ့် ရှောင်း ကို သူ ကပဲ အရင် ဖြတ်ပြောလိုက်သည်။
' ဘာမှ ထပ်မပြောနဲ့။ ဒီမှာ ချထားတဲ့ အထုပ်တွေ အကုန်သယ်ခဲ့လိုက်။ ငါ လည်း ဗိုက်ဆာ လို့ အရင် သွားစားလိုက်တော့မယ်။'
~~~~~~~~~
ရိပေါ် ဟော်ရှင်း ကို ဟင်းတွေ ခပ်ထည့်ပေးလိုက်ပြီး ...
' ဘာတွေ သဘောကျစရာ တွေ့လိုက်လို့လဲ ...။ ထမင်းစားနေတုန်း ကောင်းကောင်းစားလေ။'
' လေးလေး !!!!.'
' ထမင်း ကို အရင် စား ...။ ပြီးမှ ပြောစရာ ရှိတာ ပြော ...။'
ဟော်ရှင်း သူ့ရဲ့ တူ ကို ချလိုက်ပြီး ...
' ဟင့်အင်း ...။ အခုမှ မပြောရရင် ကျနော် ထမင်း ဆက်စားလို့ ရမှာ မဟုတ်ဘူး။'
ရိပေါ် ဟော်ရှင်း ရဲ့ စကားကြောင့် သူ ပါ တူ ကို ချ လိုက်ပြီး ...
' ဘာမို့လို့ လဲ ...။'
' တကယ်လို့ ကျနော့် လို လူ နဲ့ တွေ့ပြီး အဲ့ဒီလူ က ကျနော့် အမေ ရဲ့ မောင်လေး ဖြစ်နေမယ်ဆိုရင် လေးလေး ယုံမှာလား ???.'
' ဘာလဲ ... မင်း ကို သူ့ကိုယ်သူ မင်းရဲ့ ဦးလေး တော်တယ်ဆိုပြီး လာပြောတဲ့ လူ ရှိတာလား ...။'
ဟော်ရှင်း လေးလေး ရဲ့ စကားကြောင့် မျက်ဝန်းတွေ ပြူးလာပြီး ...
' ဟင်??? လေးလေး က ဘယ်လို သိတာလဲ ???.'
ရိပေါ် အခု သူက စကား ကို ဖမ်းပြီး ပြောလိုက်တာကို တကယ် သိလို့ ပြောတယ် ထင်နေတဲ့ သူ့ရဲ့ တူလေး ကို ကြည့်ပြီး ပြင်သစ် မှာ ထက်ထက် မြက်မြက် ဖြစ်အောင် အတော်ဆုံး ကျောင်းမှာ ထားပေးတာကို ဒီကောင်လေးရဲ့ ဦးနှောက်က မထက်မြက်လာဘူးလားလို့ တွေးမိသွားသည်။ ဒီပုံနဲ့ တစ်ခြား ကလေးတွေဆီက ဘယ်လောက်တောင် လိမ်စား ခံခဲ့ရပြီလည်း မသိဘူး။
' လေးလေး !!!!.'
' ဟင်????.'
' လေးလေး ဘယ်လို သိတာလဲလို့...။'
' မင်း ကို တကယ်ပဲ အဲ့လို လာပြောတဲ့ လူ ရှိတာလား ...။'
ဟော်ရှင်း Toilet ထဲ ဖြစ်ပျက်တဲ့ ကိစ္စကို အတိုချုံး ပြောပြလိုက်သည်။
' ဘယ်လို !!!! ကျောင်းမှာ မင်း ကို အနိုင်ကျင့်တဲ့ ကလေးတွေ ရှိနေတာလား ...။'
' မရှိပါဘူး။ ဒီကောင်တွေကလည်း ကျောင်းမှာ အခန်းတောင် မတူပါဘူး။ အခုကလည်း လမ်းကြုံလို့ ဖြစ်သွားတာပဲ ဖြစ်မှာပါ။'
' လမ်းကြုံ ပဲ ဖြစ်ဖြစ် မကြုံလို့ တမင် အနှောင့်ယှက် လာပေးတာပဲ ဖြစ်ဖြစ် အခန့်မသင့်ရင် မင်း အကြောင်း သူတို့ သိသွားနိုင်တယ်။ ဒီတစ်ခါ ကံကောင်းလို့ လွှတ်သွားတာ ...။ နောက်တစ်ခါ ဘယ်သူမှ မရှိရင် မင်း ဘယ်လိုလုပ်မလဲ ...။'
ဟော်ရှင်း တူ ကို ပြန်ကိုင်ပြီး ဟင်း တစ်တုံး ကို ခပ်စားရင်း ...
' နောက်တစ်ခါဆိုတာ မရှိတော့ပါဘူး။ ဘာလို့ဆို ... လေးလေး ကျနော့် ကို တရုတ်ကို ပြန်ခေါ်သွားတော့မှာ မလား ...။ ကျောင်းလည်း တရုတ်မှာပဲ တက်လိုက်တော့မယ်လေ ...။'
' မင်း ဘာလို့ စကားကို လွယ်လွယ် ပြောနေတာလဲ...။ ဘယ်မှာပဲ ဖြစ်ဖြစ် မင်း အကြောင်းကို သူများကို ပေးသိလို့ မဖြစ်တာ သိတယ်မလား ...။'
' ဒါဆို ကျနော်က ဘယ်မှာ မသွားရပဲ အိမ်ထဲမှာ ပုန်းနေရမှာလား ...။ ခုလို သူများနဲ့ မတူပဲ မွေးလာတာကို ကျနော် ကလည်း ဖြစ်ချင်တယ် ထင်လား ...။'
ရိပေါ် သူလည်း စကားပြော လောသွားတာ ဖြစ်တာကြောင့် လေသံကို နည်းနည်း ပြန်လျော့လိုက်ပြီး ...
' ငါ ပြောတာက ဘယ်မှ မသွားပဲ အိမ်ထဲမှာပဲ နေဖို့ ပြောတာ မဟုတ်ဘူး။ ဘယ်သွားသွား သတိထားဖို့ ပြောတာ။'
ရိပေါ် သူ က ပြန်လျော့ပြောပေးတာတောင် ထမင်း ပန်းကန်ထဲ တူ နဲ့ ဟိုထိုး ဒီထိုး လုပ်ပြီး မစားပဲ စူပုပ်နေသေးတဲ့ ဟော်ရှင်း ကြောင့် ...
' စား စရာ ရှိတာ စား ...။ တော်ကြာ ကစားကွင်းလည်း မရောက်ပဲ မိုးချုပ်သွားမယ်။'
' မသွားတော့ဘူး ...။'
' ဘာလဲ ... စိတ်ကောက် တာလား ...။'
' မဟုတ်ဘူး ...။ ကစားကွင်း မသွားတော့ဘူး။ ရုပ်ရှင်ပဲ ကြည့်ပြီး ပြန်မယ် ...။ Marvel ကား အသစ် တင်ထားတာ ...။'
' ဖြစ်ပြန်ပြီ ...။ အစက မင်း ပဲ ငါ့ကိုတောင် ကစားကွင်း သွားပြီး စိတ်လွှတ် ကိုယ်လွှတ်နဲ့ စိတ် ဖွင့်ခိုင်းတာ မလား ...။ အခုကျ ဘယ်လိုလုပ် ရုပ်ရှင်ပဲ ထိုင်ကြည့်ဖို့ ဖြစ်သွားတာလဲ ...။'
' အဟီး ... ခုန အိမ်သာ ဘက် သွားတော့ ရုပ်ရှင်ရုံမှာ မာဘယ် ဇာတ်ကားသစ် တင်ထားတာ တွေ့လိုက်လို့ ...။'
' သဘော ....။'
အဲ့ဒီနေ့က ရုပ်ရှင်ရုံ ၃ ရုံ ရှိတဲ့ အထဲ ဝမ်ရိပေါ် နဲ့ ဝမ်ဟော်ရှင်း က ရုံ ၂ မှာ မာဘယ် ဇာတ်ကား ကြည့်ပြီး၊
ရှောင်းကျန့်၊ မုယွီ့ကျင်း နဲ့ ရှဲန့်မု တို့ ၃ ယောက်က ရုံ ၃ မှာ သရဲကား ကြည့်ကြတယ်။
ကံမကောင်းတာက ဝမ် သခင်လေး သူ့ရဲ့ အသည်းတစ်ခြမ်းကို မတွေ့ရတာ ဖြစ်ပြီး ...
ကံကောင်းတာ က ရှောင်းကျန့် မတွေ့ချင်တဲ့ ဝမ်ရိပေါ် ကို ထပ်မတွေ့ရတော့တာ ...။
ရုပ်ရှင်ပြီးလို့ လူတွေ အလျှိုလျှို ထွက်လာတော့လည်း ရှောင်းကျန့် တို့က အရင် ထွက်လာတာ ဖြစ်နေသည်။
ထုံးစံ အတိုင်း ရှောင်းကျန့် ကတော့ ပွစိ ပွစိ နဲ့ပေါ့ ...။
' ငါ ပြောပါတယ် ... နိုင်ငံခြား ကား ကြည့်ကြမယ်ဆိုတာ ...။ အခု ဒီ ကိုးရီးယား သရဲကား က ပျင်းစရာကြီး ...၊ ငါ့မှာ ရုံထဲ အိပ်တောင် ပျော်တော့မယ် ...။'
ယွီ့ကျင်း နောက်ကနေ ပွစိ ပွစိ ပြောနေတဲ့ ရှောင်း ကို စောင့်ပြီး မျက်နှာကြည့်လိုက်ရင်း ...
' နင် အခု ပြောနေတာ ပါးစပ် လား ...။'
ရှောင်းကျန့် သူ့ အကြောင်း နဲ့ သူ ဖြစ်တာကြောင့် မျက်ဝန်း မလုံ မလဲ နဲ့ ...
' ဘာ ... ဘာဖြစ်လို့လဲ ...။'
' သရဲ ကား ကြည့်မယ်ဆိုပြီး ဇာတ်ကားတောင် မစသေးဘူး၊ မျက်လုံးတွေ ပိတ် ၊ နား တွေ ပိတ်ပြီး ခေါင်းကိုပါ ခေါင်းစွပ်ကို လုံအောင် ခြုံထားတာ ဘယ်သူလဲ ...။ အဲ့လောက် လုပ်နေမှတော့ အိပ်ပျော်မှာပေါ့ ...။'
ရှောင်းကျန့် သူ တကယ်လည်းပဲ အဲ့လို လုပ်လာခဲ့တာကြောင့် ခုန ဟန်လုပ်ပြီး ပြောထားတာကို အရှက်ပြေ ချောင်းဟန့် လိုက်သည်။
' အဟမ်း ... အဟမ်း ...။ အဲ ... အဲ့ဒါက ကြောက်လို့ မဟုတ်ဘူး။ သရဲကား က ပါးစပ်ကနေလည်း သွေး လား သွားရည် လား မသဲကွဲအောင် ကျ နေသေးလို့ ...။ ရွံလို့ မကြည့်တာ ...။'
ယွီ့ကျင်း ခုန ရုပ်ရှင်ရုံမှာကတည်းက မျက်မြင် ကိုယ်တွေ့ တွေ့လာတာ ဖြစ်တာကြောင့် အခု ရှောင်း ပြောတာကို နှုတ်ခမ်းပဲ မဲ့ ပြလိုက်သည်။
ရေသူ မင်းသမီး ကတော့ ရုပ်ရှင်ရုံထဲမှာ မုယွီ့ကျင်း ရဲ့ လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားပြီး ခုမှ ရှက်လို့ အရှေ့ကနေ တစ်ယောက်တည်း ခပ်မြန်မြန် လျှောက်သွားနေပါပြီ ...။
ရှောင်းကျန့် တို့ ၃ ယောက် စင်တာ အပြင်ရောက်ပြီး ကား ငှါးပြီး ပြန်တော့မှ ဝမ်ရိပေါ် တို့ တူဝရီး နှစ်ယောက် ရဲ့ ကား စင်တာထဲက ထွက်လာသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.26 ( Sun ) ခုတော့ လွှဲနေတုန်း ...။
Zawgyi
ပဲရစ္ ၿမိဳ႕ေလးရဲ႕ စည္းကားတဲ့ ကုန္တိုက္ မ်ားစြာထဲက တစ္ခုေသာ အမ်ားသုံး အိမ္သာ အတြင္းတြင္ ...
' ကိုကို လည္း က်ေနာ့္လို လူသား နဲ႔ ေရသူမ က ညားၿပီး ေမြးလာတာလား ...။'
' မဟုတ္ပါဘူး။ ငါက ေရသူထီး နဲ႔ ေရသူမ က ညားၿပီး ေမြးထားတဲ့ ေရသူထီး စစ္စစ္ ...။ မင္း လို အၿမီး မထြက္တဲ့ လူတစ္ပိုင္း ငါး တစ္ပိုင္း မဟုတ္ဘူး။'
ေဟာ္ရွင္း သူ႔လက္က နာရီကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ သူ႔လို ဘဝတူ ေရသူထီး နဲ႔ တစ္ေယာက္လို လက္ေဆးတဲ့ ေနရာမွာ ေက်ာေပး မွီလိုက္ရင္း ...
' ဘယ္လိုျဖစ္ျဖစ္ က်ေနာ့္လို ဘဝ တူေတြ အမ်ားႀကီး ရွိေနေသးတာ သိရေတာ့ အရမ္းေပ်ာ္တယ္။ ၿပီးေတာ့ က်ေနာ္ ပင္လယ္ေအာက္ကို သြားၾကည့္ခ်င္တယ္။'
' သြားၾကည့္ခ်င္တာမ်ား မင္း အေမကို ေခၚသြားခိုင္းေပါ့။'
ေဟာ္ရွင္း အေမ ဆိုတဲ့ အသံၾကားရေတာ့ မ်က္ႏွာ တစ္ခ်က္ပ်က္သြားခဲ့ၿပီး ...
' က်ေနာ့္ မွာ အေမ့ကို မျမင္ဖူးတာ လူမွန္း သိတတ္ စ ကတည္းကပဲ ...။'
ေရွာင္းက်န္႔ နားေထာင္ေနရင္းနဲ႔ ေခါင္းထဲမွာ ဒီေကာင္ေလးက သူ႔ က်ဲ ရဲ႕ကေလးမ်ား ျဖစ္ေနမလား ဆိုတဲ့ အေတြး ဝင္လာသည္။
' ေနအုံး ...။'
ေဟာ္ရွင္း သူ႔ေဘးမွာ မွီရပ္ေနရင္းကေန ႐ုတ္တရက္ သူ႔ ေရွ႕ေရာက္လာၿပီး သူ႔ လက္ကို ဖမ္းဆုပ္ရင္း ေျပာလာတဲ့ လူေၾကာင့္ လန္႔သြားခဲ့ရၿပီး အသံကလည္း ထစ္ေငါ့စြာ ထြက္သြားရသည္။
' ဘာ ... ဘာလဲ ...။'
' မင္း အေမ က ေရသူမ လို႔ ေျပာတာမလား ...။'
ေဟာ္ရွင္း ခုထိ လက္လည္း မလႊတ္ပဲ တကယ္ကို အေရးတႀကီး ပုံစံနဲ႔ ေမးေနတဲ့ လူကို ေခါင္းပဲ ညိတ္ျပလိုက္သည္။
' ၿပီးေတာ့ မင္း အေမ က မင္း ကို ေမြးၿပီးတာနဲ႔ မင္း အေဖ နဲ႔ ကြဲသြားခဲ့တာ မလား။'
ေဟာ္ရွင္း သူ႔ အေမ အေၾကာင္းကို ေသခ်ာႀကီး မသိထားေပမယ့္ သူ႔ကို ေမြးၿပီးတာနဲ႔ လူဆိုး တစ္စုေၾကာင့္ သူ႔ အေဖ နဲ႔ အေမ လူခ်င္း ခြဲၿပီး ထြက္ေျပးရတယ္ဆိုတာကိုေတာ့ ေလးေလး က ေျပာျပထားလို႔ သိထားၿပီး ျဖစ္တာေၾကာင့္ အခု ေမးခြန္း ကိုလည္း ေခါင္းပဲ ညိတ္ျပလိုက္ျပန္သည္။
ေရွာင္းက်န္႔ ေျပာရင္းနဲ႔ သူ႔ရဲ႕ ျမန္လာတဲ့ ရင္ခုန္သံေၾကာင့္ေရာ ဒီကေလးက သူ႔ က်ဲ ရဲ႕ ကေလး ျဖစ္မယ္ဆိုတာကိုေရာ ပိုပို ေသခ်ာလာသလို ခံစားရတာေၾကာင့္ သူ႔ အေတြး မွန္ေနၿပီဆိုတာ သိလိုက္သည္။
' ဒါဆို ေသခ်ာတယ္။ မင္း က ငါ့ က်ဲ ရဲ႕ ကေလး၊ ငါ့ တူေလး ပဲ ျဖစ္ရမယ္။'
' ဗ်ာ !!!!!.'
~~~~~~~~~~
ရိေပၚ ဟင္းပြဲေတြ စုံေနၿပီ ျဖစ္တဲ့ စားပြဲဝိုင္းမွာ ထိုင္ေနရင္း သူ႔ လက္က နာရီကို တစ္ခ်က္ၾကည့္လိုက္သည္။ ေဟာ္ရွင္း ထြက္သြားတာ ၁၅ မိနစ္ ေက်ာ္ရွိေနၿပီ။
' ဆရာ က်ေနာ္ လိုက္သြား လိုက္မယ္။'
' ရတယ္ ...။'
ရိေပၚ ဟုန္လုံ ကို လက္ ကာ ျပလိုက္ၿပီး သူ ကိုယ္တိုင္ Toilet သြားတဲ့ ဘက္ကို ထ လာလိုက္သည္။
~~~~~~~~~~
' ဘာ !!!!!!.'
ေရွာင္းက်န္႔ သူ႔ ခံစားခ်က္ေၾကာင့္ ခုမွ ျမင္တဲ့ ကေလးကို သူ႔ တူ လို႔ သတ္မွတ္ၿပီး အခု အဲ့ေကာင္ေလး ဆီက ျပင္သစ္မွာ တစ္ေယာက္တည္း ေန ေန ရတယ္ ဆိုတဲ့ စကားလည္း ၾကားေရာ မ်က္လုံးေတြ ျပဴးေနေအာင္ ေအာ္ လိုက္ေတာ့သည္။
' မင္း ေျပာတာက မင္းကို ငယ္ငယ္ကတည္းက ဦးေလး ဆိုတဲ့ လူက လူယုံနဲ႔ပဲ ထား ထား တာေပါ့ ...။'
' ဟုတ္တယ္။ ေလးေလး ေျပာတာက က်ေနာ္က သာမန္ မဟုတ္ေတာ့ တ႐ုတ္က ဖိုးဖိုးႀကီးကို အသိေပးလို႔ မရေသးဘူးတဲ့။ ၿပီးေတာ့ ပါး နဲ႔ မား ေနာက္ကို လိုက္ေနတဲ့ လူေတြကလည္း ရွိေတာ့ က်ေနာ့္ကို သိုသို သိပ္သိပ္ပဲ ေနခိုင္းတာ။'
ေရွာင္းက်န္႔ ေနာက္က လိုက္တဲ့ လူေတြလည္း ရွိေတာ့ ဆိုတဲ့ စကား ၾကားမွ မ်က္ႏွာေၾကာ နည္းနည္းေလ်ာ့ လိုက္သည္။ အကုန္ေတာ့ မေလ်ာ့ေသးပါ။ သာမန္ လူ မဟုတ္တာနဲ႔ပဲ မ်ိဳး႐ိုးထဲ မသြင္းခ်င္ေတာ့တာက မဟုတ္ေသးဘူးေလ။
' အဲ့ဒါဆို အခု ငါ နဲ႔ လိုက္ခဲ့ေတာ့ ...။ မင္း က ငါ့ရဲ႕ တူေလးပဲ။ မင္းကို မိသားစု အျဖစ္ မသြင္းခ်င္တဲ့ မင္းရဲ႕ ဦးေလး နား မေနနဲ႔ေတာ့။'
' ေလးေလး က က်ေနာ့္ကို တကယ္ခ်စ္ၿပီး ဂ႐ုစိုက္ပါတယ္။ က်ေနာ့္ကို ခြဲၿပီး ထားရတယ္ဆိုတာကလည္း အေၾကာင္းက ရွိၿပီးသားပါ။ ၿပီးေတာ့ ဒီတစ္ေခါက္ ေပက်င္း ျပန္ရင္ေတာင္ က်ေနာ့္ကို ေခၚသြားေတာ့မယ္ ေျပာေနတာ။
ဟို ... ၿပီးေတာ့ တ႐ုတ္က က်ေနာ့္ ဖိုးဖိုးႀကီး နဲ႔ ေတြ႕ခ်င္ေသးတယ္။'
ေရွာင္းက်န္႔ ဘာလုပ္ရမလဲ လက္သည္း ကိုက္ၿပီး စဥ္းစားရင္း သူ႔ဖုန္းကို ထုတ္ယူလိုက္သည္။
' ေရာ့ ... ငါ့ဖုန္းထဲ မင္း ဖုန္းနံပတ္႐ိုက္ထည့္ထား။ မင္း ေပက်င္း ျပန္ရင္ ငါ မင္းကို ထပ္လာေတြ႕မယ္။'
' အခုလည္း က်ေနာ့္ ေလးေလး နဲ႔ လိုက္ေတြ႕လို႔ ရတာပဲ။'
' မေတြ႕ပါဘူး။ ငါ့အေၾကာင္း ယြီ႕က်င္း တစ္ေယာက္ပဲ သိတာနဲ႔တင္ ေနရင္း ထိုင္ရင္း ေယာက်ာ္း ေကာက္ရေတာ့မလို႔ ...။'
ေဟာ္ရွင္း ဖုန္း ယူၿပီး လုပ္စရာ ရွိတာ လုပ္ၿပီးသြားေတာ့ ဖုန္းကို ျပန္ကမ္းေပးရင္း ...
' ဒါဆို က်ေနာ္ ၿပီးမွ ဆက္သြယ္လိုက္မယ္ေနာ္ ...။'
' ေနအုံး ...။'
ေရွာင္းက်န္႔ အျပင္ထြက္သြားေတာ့မယ့္ ကေလးရဲ႕ ပုခုံးကို လွမ္းဆြဲထားၿပီး ေသခ်ာ ျပန္ဖက္လိုက္ရင္း ...
' အတူ သြားၾကမယ္။ ေတာ္ၾကာ ခုနက ေကာင္ေလးေတြ မင္းကို ျပန္လာၿပီး အႏိုင္က်င့္ေနအုံးမယ္။'
' ဟုတ္ ...။'
ေဟာ္ရွင္း သူလည္း ခုမွ သူ႔လို လူနဲ႔ ေတြ႕ရတာျဖစ္တာေၾကာင့္ အဲ့ဒီ လူက သူ႔ကို တူေလး လို႔ ေျပာေျပာ သူစိမ္းလို႔ပဲ ေျပာေျပာ အခုခ်ိန္မွာ သူ တစ္ေယာက္တည္း မဟုတ္ေတာ့ဘူး ဆိုတဲ့ ခံစားခ်က္ကို ေပ်ာက္ေအာင္ လုပ္ေပးႏိုင္တဲ့ တစ္ဦးတည္းေသာ လူ မို႔ ယုံၾကည္ အားကိုးခ်င္စိတ္ ျဖစ္ေနၿပီ။
~~~~~~~~~~~~
သူတို႔ ႏွစ္ေယာက္ အိမ္သာ ထဲက ထြက္လာေတာ့ ...
' ေလးေလး !!!!.'
ေရွာင္းက်န္႔ ေကာင္ေလး ႏႈတ္က ေလးေလး ဆိုတဲ့ အသံေၾကာင့္ ေကာင္ေလး ၾကည့္တဲ့ ဆီကို လိုက္ၾကည့္လိုက္ေတာ့ မ်က္လုံးက ျပဴးထြက္လာသည္။
*ဝမ္ရိေပၚ !!!!.*
ေရွာင္းက်န္႔ အေဝးကေန သူတို႔ရွိတဲ့ ဘက္ကို ေလွ်ာက္လာတဲ့ ဝမ္ရိေပၚ ကို ေတြ႕တာနဲ႔ အိမ္သာ ထဲ ျပန္ဝင္ေျပးၿပီး နံရံ အကြယ္ကေန ေခ်ာင္းေနလိုက္သည္။
' ေလးေလး ...။'
' ေဟာ္ရွင္း ... ဘယ္လို ျဖစ္လို႔ ၾကာေနတာလဲ? တစ္ခုခု ျဖစ္ေနတာလား ...။'
' မျဖစ္ ... မျဖစ္ပါဘူး။'
ေဟာ္ရွင္း သူ အေၾကာင္း ရွိလို႔ ထစ္ေနတာကို ေလးေလး ကို သံသယ မဝင္ေစခ်င္တာေၾကာင့္ သူ႔ေဘးက လူ နဲ႔ မိတ္ဆက္ေပးလိုက္မယ္လို႔ ေတြးရင္း ေဘးကို ၾကည့္လိုက္ေတာ့ ...
' ဟင္? ဘယ္ေရာက္သြားတာလဲ ...။'
ရိေပၚ ေဘးကိုၾကည့္လိုက္၊ ေရွ႕ကို ၾကည့္လိုက္၊ ေနာက္ကို ၾကည့္လိုက္ လုပ္ေနတဲ့ ေဟာ္ရွင္းေၾကာင့္ ...
' ဘာေတြ ရွာေနတာလဲ။ တစ္ခုခု က် ေပ်ာက္ေနလို႔လား ...။'
' မေပ်ာက္ ... မေပ်ာက္ပါဘူး။
ဒါနဲ႔ ... ေလးေလး Toilet ဝင္မလို႔လား? က်ေနာ့္ ကိုပဲ လိုက္ရွာတာလား ...။'
' ဝင္မွာ ...။'
အိမ္သာ နံရံ အကြယ္နားက ေခ်ာင္းနားေထာင္ေနတဲ့ ေရွာင္းက်န္႔ ဝမ္ရိေပၚ အိမ္သာ ထဲ ဝင္မယ္ဆိုတာနဲ႔ ခုန သူ ထြက္လာတဲ့ အိမ္သာ ထဲကို ေနာက္တစ္ခါ ထပ္ဝင္ေျပးလိုက္ရျပန္သည္။
အျပင္က ေဟာ္ရွင္းကလည္း ေလးေလး အိမ္သာ ထဲ ဝင္သြားတာနဲ႔ ခုန သူ နဲ႔ အတူ လာတဲ့ လူ က ေအာက္မ်ား ဆင္းသြားသလား ဆိုၿပီး စင္တာ အေပၚထပ္က စတီး လက္ရန္း နား အေျပးသြားၿပီး ေအာက္ကို ငုံ႔ရွာလိုက္သည္။
ဒါေပမယ့္ အရိပ္အေယာင္မွ်ပင္ ရွာမေတြ႕ေတာ့ပါ။
~~~~~~~~~
' တင္း တင္ ... တင္း တင္ ...။'
ယြီ႕က်င္း ဖုန္း ျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ ေရွာင္း ...။
' ေရွာင္း !!! နင္ ဘယ္မွာလဲ? ေျပာေတာ့ မုန္႔ ဆိုင္မွာ ေစာင့္ေနမယ္ဆို...။ ငါတို႔ အခု မုန္႔ဆိုင္ေတြ ရွိတဲ့ ဘက္ ေရာက္ေနၿပီ။'
' အဲ့ဒါေတြ ေနာက္မွ ေမး ...။ အခု မင္း ဘယ္ေရာက္ေနေန မ်က္ႏွာကို တစ္ခုခု နဲ႔ အရင္ ကြယ္ထားလိုက္စမ္းပါ။'
' ဘာျဖစ္လို႔လဲ ...။ ဘာလို႔ ကြယ္ရမွာလဲ ...။'
ေရွာင္းက်န္႔ အျပင္က ဝမ္ရိေပၚ အိမ္သာ ထဲက ထြက္သြားၿပီလား မသြားေသးဘူးလားလည္း မသိတာေၾကာင့္ အသံကိုလည္း က်ယ္က်ယ္ မထြက္ရဲပါ။ မုယြီ႕က်င္းကလည္း အေရးထဲ လွ်ာက ရွည္ေနေသးတယ္။
' ဘာလို႔ ကြယ္ရမွာလဲ ဆိုရင္ေတာ့ အခု စင္တာ ထဲမွာ မင္း ရဲ႕ ေယာက်ာ္းေလာင္းႀကီး ဝမ္ရိေပၚ ေရာက္ေနလို႔ပဲ။'
' ဘယ္လို !!!!.'
ရွဲန္႔မု ယြီ႕က်င္းရဲ႕ အသံေၾကာင့္ မ်က္ႏွာကို ၾကည့္လိုက္ၿပီး ဘာျဖစ္တာလဲ ဆိုတဲ့ ပုံစံနဲ႔ ေမးဆတ္ရင္း ေမးလိုက္သည္။
ယြီ႕က်င္း မင္းသမီး ကို လက္ တစ္ဖက္ ကာ ျပၿပီးမွ နည္းနည္း လွမ္းတဲ့ ေနရာကို သြားၿပီး အသံ ခပ္နိမ့္နိမ့္နဲ႔ ဖုန္း ဆက္ေျပာလိုက္သည္။
' နင္ ျမင္တာ ဝမ္ရိေပၚ ဆိုတာ ေသခ်ာလို႔လား။ ကမာၻႀကီးက အဲ့ေလာာက္ေတာင္ က်ဥ္း သလား?.'
' က်ဥ္း သလား၊ က်ယ္ သလား ေတာ့ မသိဘူး။ ငါ အခု သိတာကေတာ့ ဝမ္ရိေပၚ ကို ျမင္တာ ဆံပင္ေမႊးေတြပါ ေထာင္ခ်င္လာတာပဲ သိတယ္။
ႏိုင္ငံေတြ ဒီေလာက္ မ်ားတာ သူက ဘာလို႔ ျပင္သစ္ ကိုမွ ေ႐ြးလာတာလဲ မသိဘူး။'
ယြီ႕က်င္း ေရွာင္း ရဲ႕ စကားေၾကာင့္ ခုန ထိတ္သြားတဲ့ မ်က္ႏွာမွ ၿပဳံးေယာင္သမ္းတဲ့ မ်က္ႏွာ ျဖစ္သြားၿပီး အနားက ရပ္ေနတဲ့ မင္းသမီး ဘက္ တစ္ခ်က္ လွမ္းၾကည့္လိုက္ၿပီး ...
' ဟဲ့ ... တစ္ခ်က္ ခုတ္၊ ႏွစ္ခ်က္ ျပတ္ ...။ အခု ဝမ္ရိေပၚ ကို ေခၚၿပီး နင့္ ေယာက်ာ္း အေနနဲ႔ မင္းသမီးကို ေခၚျပၿပီး လိမ္လို႔ ရတာပဲ။'
' ေတာ္စမ္းပါ ...။'
ေရွာင္းက်န္႔ ေျပာရင္း တံခါးကို ေျဖးေျဖးေလး ဖြင့္ၾကည့္ေတာ့ ...။ ေတာ္ေသးတယ္။ ဝမ္ရိေပၚ မရွိေတာ့ဘူး။
စင္တာ ထဲက ယြီ႕က်င္း ကလည္း ဖုန္းေျပာေနရင္းနဲ႔ မင္းသမီး ရွိတဲ့ ဘက္ကို လွည့္လာေတာ့ သူ နဲ႔ မင္းသမီး ရပ္ေနတဲ့ဆီကို ဝမ္ရိေပၚ နဲ႔ တူတဲ့ လူ ေလွ်ာက္လာေနတယ္လို႔ ခံစားမိတာနဲ႔ ဘာမွမစဥ္းစားေတာ့ပဲ မင္းသမီး ကို ဆြဲၿပီး မ်က္ႏွာခ်င္း ကပ္ပစ္လိုက္သည္။
ရွဲန္႔မု သူ နဲ႔ မထိေပမယ့္လည္း မ်က္ႏွာ နား အရမ္းကို ကပ္လာတဲ့ ယြီ႕က်င္း ေၾကာင့္ မေနတတ္ပဲ ေခါင္းကို ခြါေပမယ့္ မရပါ။
ႏိုင္ငံျခား တိုင္းျပည္ေတြ အတြက္ လူျမင္ကြင္းမွာ ဖက္တာ နမ္းတာေတြက အထူးဆန္း မဟုတ္ေတာ့ဘူး ဆိုေပမယ့္ တစ္ခါတစ္ေလေတာ့လည္း ခ်စ္သူ ရည္းစား မရွိတဲ့ သူ အဖို႔ေတာ့ ၾကည့္ရတာ မ်က္စိ ခပ္ေနာက္ေနာက္ ျဖစ္ေနတတ္ပါတယ္။
အဲ့ဒီထဲ ခုမွ ေလာေလာ လတ္လတ္ အသဲကြဲသလို ျဖစ္ေနတဲ့ ဝမ္ သခင္ေလးလည္း ပါသြားရတာေပါ့။
ရိေပၚ နည္းနည္း ေဝးေဝး ကတည္းက ျမင္ေနရေပမယ့္ တစ္ျခား ဘက္ကေနလည္း သြားစရာ မရွိတာေၾကာင့္ ခပ္ျမန္ျမန္ ေက်ာ္သြားေအာင္ ေျခလွမ္း က်ဲ ပစ္လိုက္သည္။
ဒါေပမယ့္ အနား ေလွ်ာက္လာေတာ့မွ ေယာက်ာ္းေလးနဲ႔မိန္းကေလး မဟုတ္ပဲ၊ မိန္းကေလး အခ်င္းခ်င္း ျဖစ္ေနတာေၾကာင့္ ေသခ်ာ မၾကည့္မိတာေတာင္ မ်က္ႏွာက ရဲခနဲ တက္လာပါေသးတယ္။
ရိေပၚ သာမန္ မဟုတ္တဲ့ စုံတြဲေၾကာင့္ သူ႔လို မ်က္ႏွာ မပူရေအာင္ စပ္စုခ်င္ေနတဲ့ ေဟာ္ရွင္း ရဲ႕ မ်က္ႏွာ ကို သူ႔လက္နဲ႔ ကိုင္ၿပီး ကြယ္ရင္း ေခၚလာခဲ့လိုက္ေတာ့သည္။
~~~~~~~~~
' ဖယ္စမ္း ...။'
ယြီ႕က်င္း မင္းသမီးရဲ႕ အနားကေန ခြါေပးလိုက္ၿပီး စူပုပ္ေနတဲ့ မင္းသမီး ရဲ႕ မ်က္ႏွာကို ၾကည့္ရင္း ...
' ေဆာရီး ...။ ခုန ငါ့ အသိ နဲ႔ တူတဲ့ လူ လိုလို ေတြ႕လိုက္လို႔။'
ရွဲန္႔မု မ်က္ေစာင္း တစ္ခ်က္ ထိုးလိုက္ၿပီး ...
' အသိ ေတြ႕တာနဲ႔ အဲ့လိုလုပ္တာ ဘာဆိုင္လဲ ...။ အသိမဟုတ္ပဲ အေႂကြးရွင္ ျဖစ္ေနတာလားမွ မသိတာ။'
' အေႂကြးရွင္ ျဖစ္စရာလား ...။ ေက်ာင္းတက္တုန္းက ဆိုရင္ေတာင္ ငါကသာ သူမ်ားကို ေခ်းေပးရတာပါ။'
' ဘယ္လိုျဖစ္ျဖစ္ ေနာက္တစ္ခါ မေျပာမဆိုနဲ႔ ငါ့ကို လာမထိ မကိုင္နဲ႔။'
ယြီ႕က်င္း ၾကားလိုက္ရတဲ့ စကားေၾကာင့္ ေတာက္ပ တဲ့ မ်က္ဝန္း နဲ႔ မင္းသမီး ကို ေစြၾကည့္လိုက္ၿပီး ...
' ေျပာဆိုၿပီးမွ ကိုင္ရင္ ရတယ္ေပါ့ ...။ အဲ့လိုလား ...။'
ရွဲန္႔မု ႏႈတ္ခမ္း တစ္ခ်က္မဲ့ လိုက္ၿပီး ...
' ရမလား မရဘူးလား သိခ်င္ရင္ မေျပာပဲ ထပ္ လာထိၾကည့္ေလ ...။'
' အဟင္း ...။ စ တာပါ။ မထိနဲ႔ မကိုင္နဲ႔ဆို မထိ မကိုင္ေတာ့ပါဘူး။'
ရွဲန္႔မု ဟိုဟို ဒီဒီ တစ္ခ်က္ ၾကည့္လိုက္ၿပီး ...
' မင္း ခုန ေရွာင္း နဲ႔ ဖုန္းေျပာေနတာ မလား။ သူ ဘယ္မွာလဲ ...။'
' အိမ္သာ တဲ့ ...။'
' ဪ !!!!.'
ရွဲန္႔မု ျမင္ေနရတဲ့ ေရခဲမုန္႔ ဆိုင္ကို ၾကည့္လိုက္ၿပီး ...
' ဒါဆို ငါတို႔ မုန္႔စားရင္း သူ႔ကို ေစာင့္မလား။ ငါ ဗိုက္ဆာေနၿပီ ...။'
ယြီ႕က်င္း ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ၿပီး ...
' ကိုယ့္ရဲ႕ မင္းသမီး က ဗိုက္ဆာေနၿပီဆိုမွေတာ့ စားရမွာေပါ့ ...။ ႂကြပါ ...။ အထုပ္ေတြ ငါပဲ သယ္ခဲ့လိုက္မယ္။'
' မင္း မ်က္ႏွာ မေျပာင္နဲ႔ေနာ္ ...။ ငါက မင္းရဲ႕ စ ေနာက္ စရာလား ...။'
' မ စ ပါဘူး။ အတည္ေျပာတာပါ ...။ မင္းသမီးရဲ႕ ႏွလုံးသားကလည္း ငါ အတည္ေျပာေနတယ္ဆိုတာ ခံစားမိေလာက္ပါတယ္။'
' မု ယြီ႕ က်င္း !!!!.'
' အဟီး !!!!.'
ယြီ႕က်င္း မ်က္ႏွာတည္ေနတဲ့ မင္းသမီး ကို တစ္ခ်က္ ရယ္ျပလိုက္ၿပီး ...
' ကဲပါ ... ငါ က စ ေနတယ္လို႔ပဲ သေဘာထားလိုက္။ ဗိုက္ဆာေနၿပီမလား ...။ သြား ... ဆိုင္ထဲ သြားေတာ့ ...။'
ရွဲန္႔မု ဘာေျပာေျပာ အေႏွာင့္သြား မလႊတ္တာက မလႊတ္တာပဲမို႔ ဘာမွ ထပ္မေျပာေတာ့ပဲ ေျခေဆာင့္ရင္း မုန္႔ဆိုင္ထဲကို ဝင္သြားလိုက္သည္။
ယြီ႕က်င္း အေရွ႕က သြားလိုက္တဲ့ မင္းသမီးကို ၾကည့္ၿပီး ေခါင္းရမ္းရင္း ၾကမ္းျပင္ေပၚ ခ် ထားတဲ့ အထုပ္ေတြ ဆြဲမလို႔ လုပ္တုန္း ...
' ယြီ႕က်င္း !!!!.'
' ေရွာင္း !!!!.'
' ေအး ...။ ဝမ္ရိေပၚ ေရာ ... ဝမ္ရိေပၚ နဲ႔ တိုးလိုက္ေသးလား ...။'
ယြီ႕က်င္း ေၾကာက္ေနတာလား? ရွာေနတာလား? မသဲကြဲတဲ့ မ်က္ႏွာနဲ႔ ေရွာင္း ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ...
' ဘာကို ေမးတာလဲ ? တိုးေစခ်င္တာလား? မေတြ႕ေစခ်င္တာလား?'
ေရွာင္းက်န္႔ ေခါင္းကို မူးခ်င္စရာေကာင္းေအာင္ ဟိုဘက္ လွည့္ၾကည့္၊ ဒီဘက္ လွည့္ၾကည့္ လုပ္လိုက္ၿပီး ...
' တိုး မိသြားမွာ ေၾကာက္လို႔ေလ။ မဟုတ္ရင္ အခု မင္းသမီး ပါ ရွိေနတာနဲ႔ ငါတို႔ အေၾကာင္းေတြ မေျပာပဲ အကုန္ေပၚသြားေတာ့မွာ။'
ယြီ႕က်င္း အဲ့ေတာ့မွ ခုန ဝမ္ရိေပၚ သြားတဲ့ ဘက္ကို ေမး တစ္ခ်က္ ဆတ္ျပေပးလိုက္ၿပီး ...
' ဟိုဘက္ကို သြားခဲ့ၿပီ။'
ေရွာင္းက်န္႔ ယြီ႕က်င္း ေမးဆတ္ျပတဲ့ ဘက္ကို ေသခ်ာေအာင္ ထပ္ၾကည့္လိုက္ၿပီး ...
' အဲ့ဒါဆို ငါတို႔ ျပန္ၾကမယ္။ မင္းသမီးေရာ ... မင္းသမီး ဘယ္မွာလဲ ...။'
' ဘာလို႔ ျပန္မွာလဲ။ မနက္ ဟိုတယ္ကေန မထြက္ခင္တုန္းက လည္ခ်င္ ပတ္ခ်င္လို႔ အသည္းအသန္ ျဖစ္ေနတာ ဘယ္သူလဲ ...။ အခု ဘာမွေတာင္ မလုပ္ရေသးဘူး ၊ ျပန္စရာလား? ၿပီးေတာ့ မင္းသမီး က ဗိုက္ဆာေနတာ။'
' ဟာ ...။ အခု အစားက ဝမ္ရိေပၚ ငါတို႔ကို ဒီမွာ ေတြ႕သြားမွာထက္ အေရးႀကီးလား ???.'
' ေအး ... အေရးႀကီးတယ္။'
ယြီ႕က်င္း ပါးစပ္ ဟ ၿပီး ထပ္ေျပာလာမယ့္ ေရွာင္း ကို သူ ကပဲ အရင္ ျဖတ္ေျပာလိုက္သည္။
' ဘာမွ ထပ္မေျပာနဲ႔။ ဒီမွာ ခ်ထားတဲ့ အထုပ္ေတြ အကုန္သယ္ခဲ့လိုက္။ ငါ လည္း ဗိုက္ဆာ လို႔ အရင္ သြားစားလိုက္ေတာ့မယ္။'
~~~~~~~~~
ရိေပၚ ေဟာ္ရွင္း ကို ဟင္းေတြ ခပ္ထည့္ေပးလိုက္ၿပီး ...
' ဘာေတြ သေဘာက်စရာ ေတြ႕လိုက္လို႔လဲ ...။ ထမင္းစားေနတုန္း ေကာင္းေကာင္းစားေလ။'
' ေလးေလး !!!!.'
' ထမင္း ကို အရင္ စား ...။ ၿပီးမွ ေျပာစရာ ရွိတာ ေျပာ ...။'
ေဟာ္ရွင္း သူ႔ရဲ႕ တူ ကို ခ်လိုက္ၿပီး ...
' ဟင့္အင္း ...။ အခုမွ မေျပာရရင္ က်ေနာ္ ထမင္း ဆက္စားလို႔ ရမွာ မဟုတ္ဘူး။'
ရိေပၚ ေဟာ္ရွင္း ရဲ႕ စကားေၾကာင့္ သူ ပါ တူ ကို ခ် လိုက္ၿပီး ...
' ဘာမို႔လို႔ လဲ ...။'
' တကယ္လို႔ က်ေနာ့္ လို လူ နဲ႔ ေတြ႕ၿပီး အဲ့ဒီလူ က က်ေနာ့္ အေမ ရဲ႕ ေမာင္ေလး ျဖစ္ေနမယ္ဆိုရင္ ေလးေလး ယုံမွာလား ???.'
' ဘာလဲ ... မင္း ကို သူ႔ကိုယ္သူ မင္းရဲ႕ ဦးေလး ေတာ္တယ္ဆိုၿပီး လာေျပာတဲ့ လူ ရွိတာလား ...။'
ေဟာ္ရွင္း ေလးေလး ရဲ႕ စကားေၾကာင့္ မ်က္ဝန္းေတြ ျပဴးလာၿပီး ...
' ဟင္??? ေလးေလး က ဘယ္လို သိတာလဲ ???.'
ရိေပၚ အခု သူက စကား ကို ဖမ္းၿပီး ေျပာလိုက္တာကို တကယ္ သိလို႔ ေျပာတယ္ ထင္ေနတဲ့ သူ႔ရဲ႕ တူေလး ကို ၾကည့္ၿပီး ျပင္သစ္ မွာ ထက္ထက္ ျမက္ျမက္ ျဖစ္ေအာင္ အေတာ္ဆုံး ေက်ာင္းမွာ ထားေပးတာကို ဒီေကာင္ေလးရဲ႕ ဦးေႏွာက္က မထက္ျမက္လာဘူးလားလို႔ ေတြးမိသြားသည္။ ဒီပုံနဲ႔ တစ္ျခား ကေလးေတြဆီက ဘယ္ေလာက္ေတာင္ လိမ္စား ခံခဲ့ရၿပီလည္း မသိဘူး။
' ေလးေလး !!!!.'
' ဟင္????.'
' ေလးေလး ဘယ္လို သိတာလဲလို႔...။'
' မင္း ကို တကယ္ပဲ အဲ့လို လာေျပာတဲ့ လူ ရွိတာလား ...။'
ေဟာ္ရွင္း Toilet ထဲ ျဖစ္ပ်က္တဲ့ ကိစၥကို အတိုခ်ဳံး ေျပာျပလိုက္သည္။
' ဘယ္လို !!!! ေက်ာင္းမွာ မင္း ကို အႏိုင္က်င့္တဲ့ ကေလးေတြ ရွိေနတာလား ...။'
' မရွိပါဘူး။ ဒီေကာင္ေတြကလည္း ေက်ာင္းမွာ အခန္းေတာင္ မတူပါဘူး။ အခုကလည္း လမ္းႀကဳံလို႔ ျဖစ္သြားတာပဲ ျဖစ္မွာပါ။'
' လမ္းႀကဳံ ပဲ ျဖစ္ျဖစ္ မႀကဳံလို႔ တမင္ အေႏွာင့္ယွက္ လာေပးတာပဲ ျဖစ္ျဖစ္ အခန္႔မသင့္ရင္ မင္း အေၾကာင္း သူတို႔ သိသြားႏိုင္တယ္။ ဒီတစ္ခါ ကံေကာင္းလို႔ လႊတ္သြားတာ ...။ ေနာက္တစ္ခါ ဘယ္သူမွ မရွိရင္ မင္း ဘယ္လိုလုပ္မလဲ ...။'
ေဟာ္ရွင္း တူ ကို ျပန္ကိုင္ၿပီး ဟင္း တစ္တုံး ကို ခပ္စားရင္း ...
' ေနာက္တစ္ခါဆိုတာ မရွိေတာ့ပါဘူး။ ဘာလို႔ဆို ... ေလးေလး က်ေနာ့္ ကို တ႐ုတ္ကို ျပန္ေခၚသြားေတာ့မွာ မလား ...။ ေက်ာင္းလည္း တ႐ုတ္မွာပဲ တက္လိုက္ေတာ့မယ္ေလ ...။'
' မင္း ဘာလို႔ စကားကို လြယ္လြယ္ ေျပာေနတာလဲ...။ ဘယ္မွာပဲ ျဖစ္ျဖစ္ မင္း အေၾကာင္းကို သူမ်ားကို ေပးသိလို႔ မျဖစ္တာ သိတယ္မလား ...။'
' ဒါဆို က်ေနာ္က ဘယ္မွာ မသြားရပဲ အိမ္ထဲမွာ ပုန္းေနရမွာလား ...။ ခုလို သူမ်ားနဲ႔ မတူပဲ ေမြးလာတာကို က်ေနာ္ ကလည္း ျဖစ္ခ်င္တယ္ ထင္လား ...။'
ရိေပၚ သူလည္း စကားေျပာ ေလာသြားတာ ျဖစ္တာေၾကာင့္ ေလသံကို နည္းနည္း ျပန္ေလ်ာ့လိုက္ၿပီး ...
' ငါ ေျပာတာက ဘယ္မွ မသြားပဲ အိမ္ထဲမွာပဲ ေနဖို႔ ေျပာတာ မဟုတ္ဘူး။ ဘယ္သြားသြား သတိထားဖို႔ ေျပာတာ။'
ရိေပၚ သူ က ျပန္ေလ်ာ့ေျပာေပးတာေတာင္ ထမင္း ပန္းကန္ထဲ တူ နဲ႔ ဟိုထိုး ဒီထိုး လုပ္ၿပီး မစားပဲ စူပုပ္ေနေသးတဲ့ ေဟာ္ရွင္း ေၾကာင့္ ...
' စား စရာ ရွိတာ စား ...။ ေတာ္ၾကာ ကစားကြင္းလည္း မေရာက္ပဲ မိုးခ်ဳပ္သြားမယ္။'
' မသြားေတာ့ဘူး ...။'
' ဘာလဲ ... စိတ္ေကာက္ တာလား ...။'
' မဟုတ္ဘူး ...။ ကစားကြင္း မသြားေတာ့ဘူး။ ႐ုပ္ရွင္ပဲ ၾကည့္ၿပီး ျပန္မယ္ ...။ Marvel ကား အသစ္ တင္ထားတာ ...။'
' ျဖစ္ျပန္ၿပီ ...။ အစက မင္း ပဲ ငါ့ကိုေတာင္ ကစားကြင္း သြားၿပီး စိတ္လႊတ္ ကိုယ္လႊတ္နဲ႔ စိတ္ ဖြင့္ခိုင္းတာ မလား ...။ အခုက် ဘယ္လိုလုပ္ ႐ုပ္ရွင္ပဲ ထိုင္ၾကည့္ဖို႔ ျဖစ္သြားတာလဲ ...။'
' အဟီး ... ခုန အိမ္သာ ဘက္ သြားေတာ့ ႐ုပ္ရွင္႐ုံမွာ မာဘယ္ ဇာတ္ကားသစ္ တင္ထားတာ ေတြ႕လိုက္လို႔ ...။'
' သေဘာ ....။'
အဲ့ဒီေန႔က ႐ုပ္ရွင္႐ုံ ၃ ႐ုံ ရွိတဲ့ အထဲ ဝမ္ရိေပၚ နဲ႔ ဝမ္ေဟာ္ရွင္း က ႐ုံ ၂ မွာ မာဘယ္ ဇာတ္ကား ၾကည့္ၿပီး၊
ေရွာင္းက်န္႔၊ မုယြီ႕က်င္း နဲ႔ ရွဲန္႔မု တို႔ ၃ ေယာက္က ႐ုံ ၃ မွာ သရဲကား ၾကည့္ၾကတယ္။
ကံမေကာင္းတာက ဝမ္ သခင္ေလး သူ႔ရဲ႕ အသည္းတစ္ျခမ္းကို မေတြ႕ရတာ ျဖစ္ၿပီး ...
ကံေကာင္းတာ က ေရွာင္းက်န္႔ မေတြ႕ခ်င္တဲ့ ဝမ္ရိေပၚ ကို ထပ္မေတြ႕ရေတာ့တာ ...။
႐ုပ္ရွင္ၿပီးလို႔ လူေတြ အလွ်ိဳလွ်ိဳ ထြက္လာေတာ့လည္း ေရွာင္းက်န္႔ တို႔က အရင္ ထြက္လာတာ ျဖစ္ေနသည္။
ထုံးစံ အတိုင္း ေရွာင္းက်န္႔ ကေတာ့ ပြစိ ပြစိ နဲ႔ေပါ့ ...။
' ငါ ေျပာပါတယ္ ... ႏိုင္ငံျခား ကား ၾကည့္ၾကမယ္ဆိုတာ ...။ အခု ဒီ ကိုးရီးယား သရဲကား က ပ်င္းစရာႀကီး ...၊ ငါ့မွာ ႐ုံထဲ အိပ္ေတာင္ ေပ်ာ္ေတာ့မယ္ ...။'
ယြီ႕က်င္း ေနာက္ကေန ပြစိ ပြစိ ေျပာေနတဲ့ ေရွာင္း ကို ေစာင့္ၿပီး မ်က္ႏွာၾကည့္လိုက္ရင္း ...
' နင္ အခု ေျပာေနတာ ပါးစပ္ လား ...။'
ေရွာင္းက်န္႔ သူ႔ အေၾကာင္း နဲ႔ သူ ျဖစ္တာေၾကာင့္ မ်က္ဝန္း မလုံ မလဲ နဲ႔ ...
' ဘာ ... ဘာျဖစ္လို႔လဲ ...။'
' သရဲ ကား ၾကည့္မယ္ဆိုၿပီး ဇာတ္ကားေတာင္ မစေသးဘူး၊ မ်က္လုံးေတြ ပိတ္ ၊ နား ေတြ ပိတ္ၿပီး ေခါင္းကိုပါ ေခါင္းစြပ္ကို လုံေအာင္ ၿခဳံထားတာ ဘယ္သူလဲ ...။ အဲ့ေလာက္ လုပ္ေနမွေတာ့ အိပ္ေပ်ာ္မွာေပါ့ ...။'
ေရွာင္းက်န္႔ သူ တကယ္လည္းပဲ အဲ့လို လုပ္လာခဲ့တာေၾကာင့္ ခုန ဟန္လုပ္ၿပီး ေျပာထားတာကို အရွက္ေျပ ေခ်ာင္းဟန္႔ လိုက္သည္။
' အဟမ္း ... အဟမ္း ...။ အဲ ... အဲ့ဒါက ေၾကာက္လို႔ မဟုတ္ဘူး။ သရဲကား က ပါးစပ္ကေနလည္း ေသြး လား သြားရည္ လား မသဲကြဲေအာင္ က် ေနေသးလို႔ ...။ ႐ြံလို႔ မၾကည့္တာ ...။'
ယြီ႕က်င္း ခုန ႐ုပ္ရွင္႐ုံမွာကတည္းက မ်က္ျမင္ ကိုယ္ေတြ႕ ေတြ႕လာတာ ျဖစ္တာေၾကာင့္ အခု ေရွာင္း ေျပာတာကို ႏႈတ္ခမ္းပဲ မဲ့ ျပလိုက္သည္။
ေရသူ မင္းသမီး ကေတာ့ ႐ုပ္ရွင္႐ုံထဲမွာ မုယြီ႕က်င္း ရဲ႕ လက္ကို တစ္ခ်ိန္လုံး ဆုပ္ကိုင္ထားၿပီး ခုမွ ရွက္လို႔ အေရွ႕ကေန တစ္ေယာက္တည္း ခပ္ျမန္ျမန္ ေလွ်ာက္သြားေနပါၿပီ ...။
ေရွာင္းက်န္႔ တို႔ ၃ ေယာက္ စင္တာ အျပင္ေရာက္ၿပီး ကား ငွါးၿပီး ျပန္ေတာ့မွ ဝမ္ရိေပၚ တို႔ တူဝရီး ႏွစ္ေယာက္ ရဲ႕ ကား စင္တာထဲက ထြက္လာသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.26 ( Sun ) ခုေတာ့ လႊဲေနတုန္း ...။