အလ်ိဳလ်ိဳေရာက္လာၾကတဲ့လူစုလူေဝးႀကီးက ဘုန္းႀကီး
ေက်ာင္းတစ္ခုလံုးမွာအျပည့္အႏွက္ႏွင့္ စကားသံအခ်ိဳ႕က
လည္း တြတ္စီတြတ္စီျဖင့္ ေဝစည္လ်က္။
ကိုယ္စီ၌အဝတ္တစ္ထည္ကိုယ္တစ္ခုႏွင့္အေရးႀကီးစာရြက္
စာတမ္းတခ်ိဳ႕သာယူလာၾကတာမို႔ တေဝါေဝါတိုက္ခတ္ေနတဲ့
ေလျပင္းနဲ႔မိုးေရစက္ေတြကို နားစိုက္ေထာင္ေနၾကရင္းမွ ရင္
တြင္းျဖစ္မ်ားကို တီးတိုးစကားဆိုလ်က္။
ထိုအခ်ိန္......။
လက္ကိုရဲရဲမလႊတ္တမ္း ဆုပ္ကိုင္လ်က္ တည္ၾကည္လြန္းစြာ
ဝင္လာတဲ့ အမိန္႔ေၾကာင့္ အားလံုးရဲ႕မ်က္ဝန္းအၾကည့္ေတြက
ထိုသူ႔ဆီမွာပံုလ်က္သား။
အမိန္႔ကေတာ့ ထိုမ်က္ဝန္းေပါင္းစံုရဲ႕အၾကည့္ေတြကိုပင္အာ
ရံုထဲမထားနိင္...သူစိတ္ဝင္စားဆံုးနဲ႔ယခုခ်ိန္ေကာ ထာဝရထိ
ကာကြယ္ေပးခ်င္တဲ့သူက သခြပ္႐ိုးမို႔ မ်က္ခံဳးမ်ားစုၾကံဳ
လ်က္ သခြပ္႐ိုးဘက္သို႔လွည့္၍ ပိုမိုစူးစိုက္ၾကည့္လိုက္ၿပီး
ေနာက္ ထိုလူအုပ္ၾကားထဲသို႔ ခပ္တင္းတင္းပင္တိုးဝင္လိုက္
ေလသည္။
အေနာက္ဘက္မွာေတာ့ အရီးေလးတို႔လင္မယားကရြာခံေတြ
မို႔ ဘုန္းႀကီးေက်ာင္းသို႔ေရာက္ႏွင့္ေနၿပီးသား မုန္တိုင္းဒဏ္မွ
လာခိုၾကတဲ့ ရြာသားေတြႏွင့္ စကားေကာင္းၿပီးက်န္ခဲ့ေလၿပီ။
ရြာသားေတြစိတ္အဝင္စားဆံုးကေတာ့ သခြပ္႐ိုးရဲ႕ေယာက်္ား
မင္းအမိန္႔စည္းပင္။
"ေမာင္"
"........"
စကားျပန္တုန္႔ျပန္႔ျခင္းမ႐ွိပဲ ေမာင္ကအလိုက္သင့္အေနျဖင့္
သူအားမ်က္ဝန္းအၾကည့္မွတဖန္ ေမးဆပ္၍ ဘာလဲဆိုတဲ့
အထာျဖင့္ အသိအမွတ္ျပဳပါ၏။
"ဟိုေထာင့္ေလးမွာ ေနရာလြတ္တယ္..႐ိုးတို႔သြားနားၾကရ
ေအာင္"
႐ိုးၫႊန္ျပတဲ့ေနရာကို ေမာင္ကၾကည့္ၿပီးအကဲခတ္ေနပါ၏။
မဆိုးပါဘူး...ဒီေလာက္တရြာလံုးနီးပါး မုန္တိုင္းဒဏ္ကေန
လာခိုၾကတဲ့ ဘုန္းႀကီးေက်ာင္းကအနည္းငယ္က်ယ္လို႔သာ
ေပါ့။ ျပည့္က်ပ္ေနတာမ်ိဳးလည္းမဟုတ္သလို က်ယ္ဝန္းေန
တာမ်ိဳးလည္းမဟုတ္ အေနေတာ္ျဖစ္သလို လူတေယာက္
ေက်ာတစ္ခင္းစာႏွင့္ ဟိုဘက္ဒီဘက္လွည့္အိပ္ရံုမ်ွေတာ့ရနိင္
ေသး၏။
အင္းးးဟုသံ႐ွည္ဆြဲၿပီးေခါင္းညိမ့္အျပမွာေတာ့ သခြပ္႐ိုးရဲ႕
ႏုနယ္ညင္သာတဲ့ စိုျပည္တဲ့အျပံဳးေလးက ထြက္ေပၚလာကာ
ေမာင္ကို အေ႐ွ႕မွ ဦးေဆာင္ၿပီး ေမာင့္လက္ကိုဆြဲလို႔ လြတ္
ေနေသးတဲ့ေနရာေထာင့္စြန္းေလးကိုေခၚလာခဲ့ေလသည္။
ပါလာတဲ့ အခင္းေလးကိုေသခ်ာျဖန္႔ခင္းကာ ေမာင့္ကိုထိုင္
ဖို႔ဖိတ္ေခၚလိုက္ေလေတာ့ ေမာင္ကအထြန္႔တတ္ျခင္းမ႐ွိေပမဲ့
သူအားမ်က္ေတာင္မခတ္စိုက္ၾကည့္ေနဆဲ။
ေမာင္ကြာ...မင္းကေလတကယ့္ကေလး။
အခ်ိန္ကားည 8နာရီ25မိနစ္ပဲ႐ွိေသးတာမို႔ေစာေသး၏။
မည္သူကိုမ်ွ စကားတစ္ခြန္းေျပာျခင္းမ႐ွိ၊ႏႈတ္ဆက္ေျပာေဖာ္
ပင္မရ...တခ်က္ေလးမွျပံဳးရယ္တာမ်ိဳးမ႐ွိေလတာမို႔ ရြာသား
ေတြမွာလည္း အမိန္႔ကိုမေခၚရဲမေျပာရဲၾက။
မာနႀကီးသည္ဟုပင္ထင္နိင္မည္။
"႐ိုးေလးတို႔က ဒီမွာေနရာယူထားၾကၿပီကိုး..အရီးေလးတို႔
လည္း ႐ိုးေလးတို႔နားပဲေနရာယူလိုက္ေတာ့မယ္...ဒီထပ္ၾကာ
ရင္ရြာသားေတြထပ္ေရာက္လာဦးမွာနဲ႔ ေနရာေတာင္မ႐ွိပဲေန
မယ္"
"႐ိုးက အရီးေလးတို႔ တျခားေနရာမွာေတာင္ညအိပ္မယ္
ထင္ေနတာ"
"မဟုတ္တာ...ဟိုမွာနင့္ဘေထြးကစကားေကာင္းေနတာနဲ႔
ခ်က္ခ်င္းလိုက္မလာနိင္တာ...အတူအိပ္ၾကတာေပါ့..ဟဲ့ညိဳျမ
ဟိုဘက္နည္းနည္းတိုးလို႔ရလား...ငါဒီမွာေျခေထာက္ထားဖို႔
ေနရာယူခ်င္လို႔"
"နည္းနည္းပဲတိုးလို႔ရမယ္အရီးေလး...အကုန္လံုးျပည့္က်ပ္
ေနၿပီဆိုေတာ့"
"ေအးေအးရတယ္...အဲ့ေလာက္ဆို"
အခုတင္ေတာင္ ဒီညအိပ္ဖို႔ေတာင္ေနရာကမနည္းလုေနရ၏။
ေတာ္ေသးသည္က ႐ိုးနဲ႔ေမာင္တို႔ ေထာင့္ေလးမွာေနရာရလို႔
သာေပါ့...မဟုတ္ရင္ ေမာင္အက်င့္နဲ႔သူ႔အသားကိုလူထိတာ
မႀကိဳက္တာနဲ႔တင္ ပြဲဆူေနေတာ့မွာ။
"ေမာင္ေထာင့္မွာအိပ္မယ္..ခင္ဗ်ားက ဒီဘက္မွာအိပ္"
"ေမာင့္သေဘာ"
ေမာင္ရဲ႕ငါးခူျပံဳးအျပံဳးကို ျမင္လိုက္တာေၾကာင့္ ႐ိုးေၾကာင္အ
အေလးျဖစ္မိေပမဲ့ ဘာမွေတာ့ေတြးမရ..ေမာင္ကေထာင့္ေလး
ကခင္းထားတဲ့အခင္းေပၚမွာ လွဲခ်ရင္းမွ သူကိုဆြဲခ်မယ္အျပဳ။
"ေမာင္...ေစာေသးတယ္ေလ..ေမာင္အိပ္ေတာ့မို႔လား"
"ေမာင္ နားခ်င္ၿပီ"
ေမာင္ကစကားနဲ႔ပင္မဟုတ္ သူကိုပါအတူအိပ္ဖို႔ဆြဲလြဲလုပ္ေန
ေခ်ၿပီ...ေဘးကရြာသားအခ်ိဳ႕ကလည္းေမာင္နဲ႔မိတ္ဆက္
ေပးေစခ်င္...ခက္ၿပီကြယ္။
မျဖစ္ေသးပါဘူး...သူလုပ္ခ်င္တာမလုပ္ရေလေတာ့ ေမာင့္
မ်က္ႏွာအမူအယာေတြက စိတ္တိုင္းမက်ျဖစ္လာေခ်၏။လက္
ေကာက္ဝတ္ကိုကိုင္ထားတဲ့ သန္မာတဲ့လက္ဖဝါးရဲ႕ဆုပ္ညႇစ္
မူကလည္း အားပိုစြာ။
"ေမာင္ခဏေနမွအိပ္ၾကမယ္ေလ..ေလအရမ္းတိုက္ေနတယ္
တခ်ိဳ႕ရြာသားေတြေတာင္ မအိပ္ၾကေသးဘူး"
"အဲ့ေတာ့ ေမာင္ကေခ်ာ့သိပ့္ရမွာလားသူတို႔ကို"
"မဟုဘူးေလေမာင္ရယ္...ဟင္း"
"ေျသာ္...ၿငိဳျငင္ၿပီေပါ့...အခုေတာ့ၿငိဳျငင္ၿပီေပါ့မလိုခ်င္ေတာ့
ဘူးေပါ့...ဟုတ္ပါတယ္ခင္ဗ်ားကေျပာအား႐ွိမွာေပါ့...ခင္
ဗ်ားက က်မဲ့လူ...အဲ မဟုတ္ပါဘူး...ခင္ဗ်ားကက်လူ၊က်ဳပ္
ကတတ္လူဆိုၿပီး ခင္ဗ်ားအစာဝေတာ့ ဌာနကိုျပန္မယ္ေပါ့"
"ေမာင့္ကို ဒါေတြဘယ္သူသင္ေပးတာလဲ"
ကဗ်ာလာဆန္ျပေနတဲ့ေမာင္က အပီအျပင္ကို ခနဲ႔ေနပါ
ေသာေၾကာင့္ ႐ိုး အံ့ျသေတြေဝသြားပါ၏။ေမာင္ကေတာ့
စိတ္ေကာက္ၿပီး နံရံဘက္ကိုမ်က္ႏွာမူလို႔ သူ႔ကိုေတာင္ေက်ာ
ခိုင္းသြားပါေခ်ၿပီ။
"ခင္ဗ်ားကိုခ်စ္လို႔ေလ"
"ဟင္...ဘာဆိုင္လို႔"
"ခ်စ္တဲ့သူတိုင္းက ကဗ်ာဆန္တယ္တဲ့ ခင္ဗ်ားမၾကားဖူးဘူး
လား"
"ေမာင္...ေမာင္လို႔"
"ေတာ္ၿပီကြာ...ေအးေဆးေနခ်င္တယ္"
တကယ္ႀကီး ေမာင္ကစိတ္ေကာက္သြားၿပီ။ၾကည့္ပါဦး မိုးထဲ
ေလထဲမွာ ေမာင္ကအေရးထဲ စိတ္ဆိုးစိတ္ေကာက္ေနေတာ့
မခက္ေခ်ဘူးလား၊ လက္ေမာင္းေလးကို ကိုင္ၿပီးညဴတူတူ
ေလး ခြၽဲလိုက္တာကိုေတာင္ ေမာင္ကမထီမဲ့ျမင္ျပဳတာခံလိုက္
ရတာမို႔ ႐ိုးေအာင့္သက္သက္ျဖစ္မိေပမဲ့ ေမာင္ရဲ႕စိတ္ကသူ႔
လုပ္ခ်င္တာပဲသိတဲ့ ဇြတ္တရြတ္ေလးမို႔ ဘာလုပ္ေပးရမလဲမ
သိေတာ့။
ကိုယ္ကလည္း အသက္နဲ႔အမ်ွခ်စ္ေနမိတယ္မဟုတ္လား။
"ဟဲ့ေကာင္မ နင္ေတြ႔လိုက္လား"
"ေတြ႔လိုက္တယ္...ေခ်ာလိုက္တာဟယ္...ကိုးရီးယားမင္း
သားေလးလိုပဲ..အမေလးေလး"
"နင္ဟိုတစ္ခါေျပာေတာ့ သခြပ္႐ိုးေယာက်္ားက မေခ်ာပါဘူး
ၾကည့္မေကာင္းပါဘူးဆို...အရက္သမားဦးစံေမာင္ကိုေတာင္
အျပစ္ဖို႔လိုက္ေသး"
"အဲ့ဒါကအဲ့ဒါေပါ့ေအ...အခုလိုမ်က္ျမင္ႀကီးေတြ႔ရေတာ့အမ
ေလးငုတ္တုတ္ေမ့မတတ္ပဲ"
လံုမနဲ႔ဂ်မ္းပံုတို႔ႏွစ္ေယာက္ အမိန္႔စည္းကိုေထာပဌာျပဳေနတဲ့
စကားဝိုင္းထဲသို႔ဝင္လာသူေတြကေတာ့ ရြာကစပ္စုစိန္အေဒၚ
ႀကီးမ်ားျဖစ္တဲ့....ေဒၚမိ၊ ေဒၚလွအံုး၊ ေဒၚေအးျမတို႔ပင္ျဖစ္
သည္။
ဒါတင္မကေသး အခုမွေသခ်ာျမင္ၾကရတဲ့ ရြာကလူအခ်ိဳ႕မွာ
လည္း အမိန္႔စည္းကို ကြက္ၾကည့္ကြက္ၾကည့္။
ေအးေလ အမိန္႔လိုအရပ္အေမာင္း႐ွည္ၿပီးျဖဴျဖဴေထာင္
ေထာင္ေမာင္းေမာင္းနဲ႔ခန္႔ညားေခ်ာေမာတဲ့သူကို မ်က္စီထဲ
ပဒသျဖစ္ေနမွာေပါ့။ လက္တဖက္ကတတ္တူးအျပည့္ထိုး
ထားေပမဲ့ အသားျဖဴလြန္းတဲ့အမိန္႔နဲ႔လိုက္ဖက္သလို အဆီပို
မ႐ွိပဲ က်စ္လ်စ္ေတာင့္ေျဖာင့္တဲ့ေဘာ္ဒီေၾကာင့္လည္းပါေလ
သည္။
"နာမည္ကလည္း မင္းအမိန္႔စည္းတဲ့ လန္ျပန္႔ထြက္ေနေကာ
ေအ...ၾကည့္ဦးေမး႐ိုးႀကီးေတြကထင္းလို႔ လႊတ္ကိုခန္႔ညား
တာဟယ္"
"ဟုတ္ပါ့အရီးေလးရယ္...သခြပ္႐ိုးတို႔မ်ား ရြာထိေခၚလိုက္
နိင္တာ ခ်ီးက်ဴးဖို႔ေကာင္းလိုက္တာ"
"တကယ့္ခန္႔ေခ်ာႀကီး"
"ဘယ္ကခန္႔ေခ်ာရမွာလဲ...ေသခ်ာၾကည့္ပါလား...ေယာက်္ား
ပီသတာ"
"ဟုတ္ပါ့ သခြပ္႐ိုးနဲ႔ေတာင္မတန္ဘူး"
"အရီးေလးေဒၚမိရဲ႕ စကားႀကီးကဘာလဲေတာ္"
"မဟုတ္ပါဘူးဟယ္...ငါကသေဘာ႐ိုးေျပာျပတာပါ...အံ့ျသ
လို႔...ဆြံအသြားလို႔ပါေအ...အုန္းျမတို႔လင္မယားေျပာတာ
အပိုလို႔ထင္တာ...လိုေတာင္လိုေနေသး"
"ဟင္း...ၾကည့္ၾကပ္ေျပာေနာ္...ဒီမွာတရြာလံုးနီးပါးဒီညမိုး
ခိုဖို႔ေျပးလာၾကတာ...အရီးေလးေျပာတဲ့စကားသာ သူ႔ေယာ
က်္ားၾကားၾကည့္ အရီးေလးေတာ့လြယ္မယ္မထင္နဲ႔ ၿမိဳ႕သား
ကဇေတာ့ေသးမွာမဟုတ္ဘူး"
"ေအးပါဟယ္...ညည္းတို႔မလည္း တကတည္း ဘယ္တည္း
ကေျပာခ်င္ေနလဲမသိဘူး...ဖိကိုေျပာေနေတာ့တာပဲ"
မိႈင္းဟင္ရြာေလးက ရြာသားေတြမွာေတာ့ ဘုန္းႀကီးေက်ာင္းမွာ
မိုးလာခိုရင္း ဒီညဒီမွာပဲအိပ္ဖို႔ျပင္ဆင္ေနၾကေလသည္။
ရြာက ဆရာေတာ္ဦးဇာတိကဥာဏ္ ကေတာ့ ဒကာရင္းေတြနဲ႔
လိုအပ္တာေတြကူညီဖို႔ မွာၾကားရင္း ခပ္ေစာေစာတိုက္ခတ္
လာတဲ့မုန္တိုင္းဒဏ္ေၾကာင့္ ညေနစာမစားလာရေသးတဲ့
ရြာသားေတြအတြက္...ထမင္းနဲ႔ ဟင္းအျဖစ္ ႏွမ္းဖတ္ခ်ဥ္
သုတ္...ငါးေျခာက္စပ္စပ္ေၾကာ္ေလးႏွင့္ ေကြၽးေမြးေလသည္။
ဆရာေတာ္က မနက္တည္းက ေရဒီယိုက မုန္တိုင္းသတင္း
ၾကားၿပီးတည္းက မိုးလာခိုၾကမဲ့ ရြာသားေတြအတြက္စားဖို႔
ေသာက္ဖို႔ထိျပင္ဆင္ထားတာတဲ့ေလ။
ကဲ...ဘယ္ေလာက္ေတာင္ ဆရာေတာ္က အကြက္ျမင္လိုက္
လဲ။
"ေမာင္...ဗိုက္ဆာေနမွာေပါ့...ညေနကအျမန္ေျပးလာရ၊သိမ္းဆည္းရနဲ႔မို႔ ညေနစာမစားရေသးဘူးမလား"
ၾကည့္ သူကိုအေရးပင္မစိုက္...မ်က္ႏွာႀကီးကလည္းဆူပုတ္
လို႔...အလိုမက်မူေတြနဲ႔ျပည့္သိပ့္ေနတဲ့မ်က္ႏွာႀကီး။
"ေမာင္....စားေနာ္...႐ိုး ခြံေကြၽးမယ္"
"ခင္ဗ်ားသာစားပါ...က်ဳပ္ဗိုက္မဆာေသးဘူး၊မဟုတ္ေသးဘူး
ဒီညစားခ်င္မွစားမယ္"
"ေမာင္မစားရင္ ဗိုက္ဆာေနမွာေပါ့...မုန္တိုင္းကဒီညဒီထက္
ပိုျပင္းမွာေမာင္ရဲ႕...အာ"
"က်စ္!...ဟင္း"
သခြပ္႐ိုးကို အျမင္မၾကည့္တဲ့ဘဝင္မက်တဲ့မ်က္ဝန္းေတြနဲ႔
စိတ္႐ႈပ္ဟန္ စုတ္သပ္ကာ ေမာင္က ပါးစပ္နားသို႔ေရာက္ေန
တဲ့ ထမင္းတစ္လုပ္ကိုစားလိုက္ေပမဲ့ မ်က္ႏွာေၾကာကမေလ်ာ့
ေသး။
သူစားခ်င္စားမယ္...မစားခ်င္မစားဘူး အဲ့အက်င့္ဆိုးေလး။
"႐ိုးတို႔ ထမင္းစားေနတာနဲ႔တူတယ္"
"ျမင္ေနသားနဲ႔ဘာလို႔ေမးေနတာလဲ...ဒီမွာထမင္း၊ဒီမွာဟင္း
ေဟာဒီမွာ စားတယ္စားတယ္...ဟုတ္ၿပီလား၊ကြၽန္ေတာ္မ်ိဳး
တို႔လင္ႏွစ္ေယာက္ ထမင္းစားေနတာဟုတ္ပါတယ္ဗ်ာ"
ဟု ေျပာတဲ့ပိုင္႐ွင္ကေတာ့ မင္းအမိန္႔စည္း။
အမိန္႔အျမင္ကပ္တဲ့ စကားအခ်ိဳ႕ကလည္းအဲ့ဒါေတြ၊ အိမ္
ျပန္ေရာက္တာျမင္ရက္နဲ႔ျပန္ေရာက္ေနၿပီလားတို႔..ထမင္းစား
ေနတာျမင္ရက္ထမင္းစားေနတာလား...အိပ္ေနတာျမင္ရက္
အိပ္ၿပီလားေမးတာေတြ ေစာက္ရမ္းကိုအျမင္ကပ္တာ။
လူမူေရးအရလည္းမေျဖခ်င္...အလိုက္သိေပါ့မဟုတ္ဘူးလား
သူမ်ားလင္မယားခ်စ္တင္းေႏွာေနရင္ေတာင္ လုပ္ေနၾကတာ
လားဟုေမးရံုပဲ႐ွိေတာ့မယ္။
"သူက သခြပ္႐ိုးရဲ႕ေယာက်္ားမင္းအမိန္႔စည္းဆိုတာလား"
"ႁပြတ္"
"ေမာင္"
"ႁပြတ္...ႁပြတ္"
"ဟုတ္တယ္ဗ်...အခုေတာင္အနမ္းေတြအခ်စ္ေတြေပးေနတာ..ဟား"
တေယာက္ၿပီးတေယာက္လာလာေမးေနၾကတာၾကာေတာ့
အမိန္႔မေျဖခ်င္ေတာ့ ဟုတ္ပါတယ္ဆိုၿပီးေခါင္းၿငိမ့္ျပရတာ
လည္းေခါင္းျပဳတ္ေတာ့မယ္...ျပံဳးျပရလြန္းလို႔ သြားေတြ
လည္း ေလဆာနဲ႔3D ေၾကာျငာနင္လားငါလား။
"ခင္ဗ်ားတို႔ရြာကလူေတြ ေတာ္ေတာ္စပ္စုတယ္ေနာ္"
"အဲ့ဒါက ဟို...ဟိုေလ..ေမာင္ကိုမေတြ႔ဖူးေသးလို႔ပါ"
"ဟုတ္ပါတယ္ေျပာလည္း တေယာက္စကားတေယာက္ပါးစပ္
ကမ္းလိုက္ေပါ့ဗ်ာ...လူကိုဆပ္ကပ္ကေမ်ာက္ျဖစ္ေအာင္လုပ္
တယ္...ေဟာဟိုမွာတေယာက္လာျပန္ၿပီ"
"ဟို...ဒီတစ္ေယာက္က"
"Stop...ကြၽန္ေတာ္ကသခြပ္႐ိုးရဲ႕ေယာက်္ားျဖစ္သလို
က်ဳပ္ေခ်ာမွန္းက်ဳပ္သိတာမို႔ ေငးၾကည့္ေနတာေတြပါေလ်ာ့
လို႔ရမလား"
"ရ...ရပါတယ္"
"ရရင္သြားေတာ့"
"ဟို...အား...အားနာစရာႀကီး"
အားတံု႔အားနာမ်က္ႏွာငယ္ေလးနဲ႔ လင္ျဖစ္သူကိုလည္းမေျပာ
ရဲတာမို႔ သူ႔ခမ်ာ မ်က္ဝန္းငယ္ငယ္ေလးနဲ႔သာ စကားဆိုနိင္
ေလသည္။
"ခင္ဗ်ားကခင္ဗ်ားရြာကလူေတြက်အားနာတယ္..လိုက္ေလ်ာ
ခ်င္တယ္...က်ဳပ္ေခါင္းျပဳတ္ထြက္...ပါးစပ္အျမဳပ္ထြက္
လည္းရတယ္ေပါ့...ရပါတယ္ကြာ..ခင္ဗ်ားမွမခ်စ္တာ"
"ေမာင္ရယ္...စကားအထအနေကာက္ေနျပန္ပါၿပီ"
"အဟက္...အခုေတာ့က်ဳပ္စကားေတြက ေလသက္သက္
ေပါ့"
"ေမာင္လို႔"
"ေတာ္ၿပီဗ်ာ...အိပ္ၿပီ...ပင္ပန္းေနၿပီ"
ေမာင္က ဟိုဘက္လွည့္အိပ္သြားျပန္ေတာ့လည္း ႐ိုးမေန
့တတ္။ ရြာသားအခ်ိဳ႕နဲ႔ကေလးေတြကလည္း အိပ္ေနၾကၿပီမို႔
ေမာင္နဲ႔အတူအိပ္ဖို႔ အနားကပ္လိုက္၏။
"႐ိုးဘက္လွည့္အိပ္ေလ...ခ်မ္းတယ္"
ဒါေတာ့ ေမာင္ကျငင္းတာမ်ိဳးမ႐ွိပဲ ေမာင္ရဲဆြဲအခ်မွာတင္
ေမာင့္ရင္ခြင္ထဲ အၿပိဳၿပိဳအလဲလဲ။ ဒီတစ္ခါေတာ့ျငင္းပယ္မ
ေနခ်င္ေတာ့။ ေမာင္စိတ္ဆိုးတာက အဆမ်ားစြာ႐ိုးကိုစိတ္
ညစ္ေစေလသည္။
"ေမာင္"
"ၿငိမ္ၿငိမ္ေနစမ္းပါ...လူၾကားထဲ မုဒိန္းမက်င့္ပါဘူးခင္ဗ်ားရာ"
ေမာင့္ရဲ႕ ညာဘက္ေျခေထာက္တဖက္က သူ႔ကိုခါးလယ္က
ေနခြတင္လိုက္တာမို႔ ႐ိုးလန္႔သြား၏။အိမ္မွာဆိုတစ္မ်ိဳးေပမဲ့
အခုကလံုးဝတူတာမ်ိဳးမဟုတ္။
ေစာင္တစ္ထည္ကို ႏွစ္ေယာက္သား လံုျခံဳေအာင္ျခံဳရင္း
လူမသိေအာင္ေပးတဲ့ အနမ္းေတြခံယူရင္း အျပင္ကတေဝါေဝါ
တိုက္ခတ္ေနတဲ့ေလျပင္းေတြနဲ႔ မိုးသံေတြကိုနားဆင္ရင္းမွ
ေမာင့္ရင္ခြင္ထဲ ျမဳပ္မတတ္။
ေနေရာင္ျခည္ခပ္ေႏြးေႏြးထပ္ အဆေပါင္းမ်ားစြာေမာင့္ရင္ခြင္
ကပို၍ေႏြးေထြးလံႈျခံဳေစပါ၏။
ခ်စ္တယ္ေမာင္....။
✨✨✨✨✨✨
ေနာက္တပိုင္းupေပးမယိေနာ္အခုေတာ့အိပ္ငိုက္ေနလို႔
Uni...
အလျိုလျိုရောက်လာကြတဲ့လူစုလူဝေးကြီးက ဘုန်းကြီး
ကျောင်းတစ်ခုလုံးမှာအပြည့်အနှက်နှင့် စကားသံအချို့က
လည်း တွတ်စီတွတ်စီဖြင့် ဝေစည်လျက်။
ကိုယ်စီ၌အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်အရေးကြီးစာရွက်
စာတမ်းတချို့သာယူလာကြတာမို့ တဝေါဝေါတိုက်ခတ်နေတဲ့
လေပြင်းနဲ့မိုးရေစက်တွေကို နားစိုက်ထောင်နေကြရင်းမှ ရင်
တွင်းဖြစ်များကို တီးတိုးစကားဆိုလျက်။
ထိုအချိန်......။
လက်ကိုရဲရဲမလွှတ်တမ်း ဆုပ်ကိုင်လျက် တည်ကြည်လွန်းစွာ
ဝင်လာတဲ့ အမိန့်ကြောင့် အားလုံးရဲ့မျက်ဝန်းအကြည့်တွေက
ထိုသူ့ဆီမှာပုံလျက်သား။
အမိန့်ကတော့ ထိုမျက်ဝန်းပေါင်းစုံရဲ့အကြည့်တွေကိုပင်အာ
ရုံထဲမထားနိင်...သူစိတ်ဝင်စားဆုံးနဲ့ယခုချိန်ကော ထာဝရထိ
ကာကွယ်ပေးချင်တဲ့သူက သခွပ်ရိုးမို့ မျက်ခုံးများစုကြုံ
လျက် သခွပ်ရိုးဘက်သို့လှည့်၍ ပိုမိုစူးစိုက်ကြည့်လိုက်ပြီး
နောက် ထိုလူအုပ်ကြားထဲသို့ ခပ်တင်းတင်းပင်တိုးဝင်လိုက်
လေသည်။
အနောက်ဘက်မှာတော့ အရီးလေးတို့လင်မယားကရွာခံတွေ
မို့ ဘုန်းကြီးကျောင်းသို့ရောက်နှင့်နေပြီးသား မုန်တိုင်းဒဏ်မှ
လာခိုကြတဲ့ ရွာသားတွေနှင့် စကားကောင်းပြီးကျန်ခဲ့လေပြီ။
ရွာသားတွေစိတ်အဝင်စားဆုံးကတော့ သခွပ်ရိုးရဲ့ယောကျ်ား
မင်းအမိန့်စည်းပင်။
"မောင်"
"........"
စကားပြန်တုန့်ပြန့်ခြင်းမရှိပဲ မောင်ကအလိုက်သင့်အနေဖြင့်
သူအားမျက်ဝန်းအကြည့်မှတဖန် မေးဆပ်၍ ဘာလဲဆိုတဲ့
အထာဖြင့် အသိအမှတ်ပြုပါ၏။
"ဟိုထောင့်လေးမှာ နေရာလွတ်တယ်..ရိုးတို့သွားနားကြရ
အောင်"
ရိုးညွှန်ပြတဲ့နေရာကို မောင်ကကြည့်ပြီးအကဲခတ်နေပါ၏။
မဆိုးပါဘူး...ဒီလောက်တရွာလုံးနီးပါး မုန်တိုင်းဒဏ်ကနေ
လာခိုကြတဲ့ ဘုန်းကြီးကျောင်းကအနည်းငယ်ကျယ်လို့သာ
ပေါ့။ ပြည့်ကျပ်နေတာမျိုးလည်းမဟုတ်သလို ကျယ်ဝန်းနေ
တာမျိုးလည်းမဟုတ် အနေတော်ဖြစ်သလို လူတယောက်
ကျောတစ်ခင်းစာနှင့် ဟိုဘက်ဒီဘက်လှည့်အိပ်ရုံမျှတော့ရနိင်
သေး၏။
အင်းးးဟုသံရှည်ဆွဲပြီးခေါင်းညိမ့်အပြမှာတော့ သခွပ်ရိုးရဲ့
နုနယ်ညင်သာတဲ့ စိုပြည်တဲ့အပြုံးလေးက ထွက်ပေါ်လာကာ
မောင်ကို အရှေ့မှ ဦးဆောင်ပြီး မောင့်လက်ကိုဆွဲလို့ လွတ်
နေသေးတဲ့နေရာထောင့်စွန်းလေးကိုခေါ်လာခဲ့လေသည်။
ပါလာတဲ့ အခင်းလေးကိုသေချာဖြန့်ခင်းကာ မောင့်ကိုထိုင်
ဖို့ဖိတ်ခေါ်လိုက်လေတော့ မောင်ကအထွန့်တတ်ခြင်းမရှိပေမဲ့
သူအားမျက်တောင်မခတ်စိုက်ကြည့်နေဆဲ။
မောင်ကွာ...မင်းကလေတကယ့်ကလေး။
အချိန်ကားည 8နာရီ25မိနစ်ပဲရှိသေးတာမို့စောသေး၏။
မည်သူကိုမျှ စကားတစ်ခွန်းပြောခြင်းမရှိ၊နှုတ်ဆက်ပြောဖော်
ပင်မရ...တချက်လေးမှပြုံးရယ်တာမျိုးမရှိလေတာမို့ ရွာသား
တွေမှာလည်း အမိန့်ကိုမခေါ်ရဲမပြောရဲကြ။
မာနကြီးသည်ဟုပင်ထင်နိင်မည်။
"ရိုးလေးတို့က ဒီမှာနေရာယူထားကြပြီကိုး..အရီးလေးတို့
လည်း ရိုးလေးတို့နားပဲနေရာယူလိုက်တော့မယ်...ဒီထပ်ကြာ
ရင်ရွာသားတွေထပ်ရောက်လာဦးမှာနဲ့ နေရာတောင်မရှိပဲနေ
မယ်"
"ရိုးက အရီးလေးတို့ တခြားနေရာမှာတောင်ညအိပ်မယ်
ထင်နေတာ"
"မဟုတ္တာ...ဟိုမှာနင့်ဘထွေးကစကားကောင်းနေတာနဲ့
ချက်ချင်းလိုက်မလာနိင်တာ...အတူအိပ်ကြတာပေါ့..ဟဲ့ညိုမြ
ဟိုဘက်နည်းနည်းတိုးလို့ရလား...ငါဒီမှာခြေထောက်ထားဖို့
နေရာယူချင်လို့"
"နည်းနည်းပဲတိုးလို့ရမယ်အရီးလေး...အကုန်လုံးပြည့်ကျပ်
နေပြီဆိုတော့"
"အေးအေးရတယ်...အဲ့လောက်ဆို"
အခုတင်တောင် ဒီညအိပ်ဖို့တောင်နေရာကမနည်းလုနေရ၏။
တော်သေးသည်က ရိုးနဲ့မောင်တို့ ထောင့်လေးမှာနေရာရလို့
သာပေါ့...မဟုတ်ရင် မောင်အကျင့်နဲ့သူ့အသားကိုလူထိတာ
မကြိုက်တာနဲ့တင် ပွဲဆူနေတော့မှာ။
"မောင်ထောင့်မှာအိပ်မယ်..ခင်ဗျားက ဒီဘက်မှာအိပ်"
"မောင့်သဘော"
မောင်ရဲ့ငါးခူပြုံးအပြုံးကို မြင်လိုက်တာကြောင့် ရိုးကြောင်အ
အလေးဖြစ်မိပေမဲ့ ဘာမှတော့တွေးမရ..မောင်ကထောင့်လေး
ကခင်းထားတဲ့အခင်းပေါ်မှာ လှဲချရင်းမှ သူကိုဆွဲချမယ်အပြု။
"မောင်...စောသေးတယ်လေ..မောင်အိပ်တော့မို့လား"
"မောင် နားချင်ပြီ"
မောင်ကစကားနဲ့ပင်မဟုတ် သူကိုပါအတူအိပ်ဖို့ဆွဲလွဲလုပ်နေ
ချေပြီ...ဘေးကရွာသားအချို့ကလည်းမောင်နဲ့မိတ်ဆက်
ပေးစေချင်...ခက်ပြီကွယ်။
မဖြစ်သေးပါဘူး...သူလုပ်ချင်တာမလုပ်ရလေတော့ မောင့်
မျက်နှာအမူအယာတွေက စိတ်တိုင်းမကျဖြစ်လာချေ၏။လက်
ကောက်ဝတ်ကိုကိုင်ထားတဲ့ သန်မာတဲ့လက်ဖဝါးရဲ့ဆုပ်ညှစ်
မူကလည်း အားပိုစြာ။
"မောင်ခဏနေမှအိပ်ကြမယ်လေ..လေအရမ်းတိုက်နေတယ်
တချို့ရွာသားတွေတောင် မအိပ်ကြသေးဘူး"
"အဲ့တော့ မောင်ကချော့သိပ့်ရမှာလားသူတို့ကို"
"မဟုဘူးလေမောင်ရယ်...ဟင်း"
"သြော်...ငြိုငြင်ပြီပေါ့...အခုတော့ငြိုငြင်ပြီပေါ့မလိုချင်တော့
ဘူးပေါ့...ဟုတ်ပါတယ်ခင်ဗျားကပြောအားရှိမှာပေါ့...ခင်
ဗ်ားက က်မဲ့လူ...အဲ မဟုတ်ပါဘူး...ခင်ဗျားကကျလူ၊ကျုပ်
ကတတ်လူဆိုပြီး ခင်ဗျားအစာဝတော့ ဌာနကိုပြန်မယ်ပေါ့"
"မောင့်ကို ဒါတွေဘယ်သူသင်ပေးတာလဲ"
ကဗျာလာဆန်ပြနေတဲ့မောင်က အပီအပြင်ကို ခနဲ့နေပါ
သောကြောင့် ရိုး အံ့သြတွေဝေသွားပါ၏။မောင်ကတော့
စိတ်ကောက်ပြီး နံရံဘက်ကိုမျက်နှာမူလို့ သူ့ကိုတောင်ကျော
ခိုင်းသွားပါချေပြီ။
"ခင်ဗျားကိုချစ်လို့လေ"
"ဟင်...ဘာဆိုင်လို့"
"ချစ်တဲ့သူတိုင်းက ကဗျာဆန်တယ်တဲ့ ခင်ဗျားမကြားဖူးဘူး
လား"
"မောင်...မောင်လို့"
"တော်ပြီကွာ...အေးဆေးနေချင်တယ်"
တကယ်ကြီး မောင်ကစိတ်ကောက်သွားပြီ။ကြည့်ပါဦး မိုးထဲ
လေထဲမှာ မောင်ကအရေးထဲ စိတ်ဆိုးစိတ်ကောက်နေတော့
မခက်ချေဘူးလား၊ လက်မောင်းလေးကို ကိုင်ပြီးညူတူတူ
လေး ချွဲလိုက်တာကိုတောင် မောင်ကမထီမဲ့မြင်ပြုတာခံလိုက်
ရတာမို့ ရိုးအောင့်သက်သက်ဖြစ်မိပေမဲ့ မောင်ရဲ့စိတ်ကသူ့
လုပ်ချင်တာပဲသိတဲ့ ဇွတ်တရွတ်လေးမို့ ဘာလုပ်ပေးရမလဲမ
သိတော့။
ကိုယ်ကလည်း အသက်နဲ့အမျှချစ်နေမိတယ်မဟုတ်လား။
"ဟဲ့ကောင်မ နင်တွေ့လိုက်လား"
"တွေ့လိုက်တယ်...ချောလိုက်တာဟယ်...ကိုးရီးယားမင်း
သားလေးလိုပဲ..အမလေးလေး"
"နင်ဟိုတစ်ခါပြောတော့ သခွပ်ရိုးယောကျ်ားက မေခ်ာပါဘူး
ကြည့်မကောင်းပါဘူးဆို...အရက္သမားဦးစံမောင်ကိုတောင်
အပြစ်ဖို့လိုက်သေး"
"အဲ့ဒါကအဲ့ဒါပေါ့အေ...အခုလိုမျက်မြင်ကြီးတွေ့ရတော့အမ
လေးငုတ်တုတ်မေ့မတတ်ပဲ"
လုံမနဲ့ဂျမ်းပုံတို့နှစ်ယောက် အမိန့်စည်းကိုထောပဌာပြုနေတဲ့
စကားဝိုင်းထဲသို့ဝင်လာသူတွေကတော့ ရွာကစပ်စုစိန်အဒေါ်
ကြီးများဖြစ်တဲ့....ဒေါ်မိ၊ ဒေါ်လှအုံး၊ ဒေါ်အေးမြတို့ပင်ဖြစ်
သည်။
ဒါတင်မကသေး အခုမှသေချာမြင်ကြရတဲ့ ရွာကလူအချို့မှာ
လည်း အမိန့်စည်းကို ကွက်ကြည့်ကွက်ကြည့်။
အေးလေ အမိန့်လိုအရပ်အမောင်းရှည်ပြီးဖြူဖြူထောင်
ထောင်မောင်းမောင်းနဲ့ခန့်ညားချောမောတဲ့သူကို မ်က္စီထဲ
ပဒသဖြစ်နေမှာပေါ့။ လက်တဖက်ကတတ်တူးအပြည့်ထိုး
ထားပေမဲ့ အသားဖြူလွန်းတဲ့အမိန့်နဲ့လိုက်ဖက်သလို အဆီပို
မရှိပဲ ကျစ်လျစ်တောင့်ဖြောင့်တဲ့ဘော်ဒီကြောင့်လည်းပါလေ
သည်။
"နာမည်ကလည်း မင်းအမိန့်စည်းတဲ့ လန်ပြန့်ထွက်နေကော
အေ...ကြည့်ဦးမေးရိုးကြီးတွေကထင်းလို့ လွှတ်ကိုခန့်ညား
တာဟယ်"
"ဟုတ်ပါ့အရီးလေးရယ်...သခွပ်ရိုးတို့များ ရွာထိခေါ်လိုက်
နိင်တာ ချီးကျူးဖို့ကောင်းလိုက်တာ"
"တကယ့်ခန့်ချောကြီး"
"ဘယ်ကခန့်ချောရမှာလဲ...သေချာကြည့်ပါလား...ယောကျ်ား
ပီသတာ"
"ဟုတ်ပါ့ သခွပ်ရိုးနဲ့တောင်မတန်ဘူး"
"အရီးလေးဒေါ်မိရဲ့ စကားကြီးကဘာလဲတော်"
"မဟုတ်ပါဘူးဟယ်...ငါကသဘောရိုးပြောပြတာပါ...အံ့ျသ
လို့...ဆွံအသွားလို့ပါအေ...အုန်းမြတို့လင်မယားပြောတာ
အပိုလို့ထင်တာ...လိုတောင်လိုနေသေး"
"ဟင်း...ကြည့်ကြပ်ပြောနော်...ဒီမှာတရွာလုံးနီးပါးဒီညမိုး
ခိုဖို့ပြေးလာကြတာ...အရီးလေးပြောတဲ့စကားသာ သူ့ယော
ကျ်ားကြားကြည့် အရီးလေးတော့လွယ်မယ်မထင်နဲ့ မြို့သား
ကဇတော့သေးမှာမဟုတ်ဘူး"
"အေးပါဟယ်...ညည်းတို့မလည်း တကတည်း ဘယ်တည်း
ကပြောချင်နေလဲမသိဘူး...ဖိကိုပြောနေတော့တာပဲ"
မှိုင်းဟင်ရွာလေးက ရွာသားတွေမှာတော့ ဘုန်းကြီးကျောင်းမှာ
မိုးလာခိုရင်း ဒီညဒီမှာပဲအိပ်ဖို့ပြင်ဆင်နေကြလေသည်။
ရွာက ဆရာတော်ဦးဇာတိကဉာဏ် ကေတာ့ ဒကာရင်းတွေနဲ့
လိုအပ်တာတွေကူညီဖို့ မှာကြားရင်း ခပ်စောစောတိုက်ခတ်
လာတဲ့မုန်တိုင်းဒဏ်ကြောင့် ညေနစာမစားလာရေသးတဲ့
ရွာသားတွေအတွက်...ထမင်းနဲ့ ဟင်းအဖြစ် နှမ်းဖတ်ချဉ်
သုတ်...ငါးခြောက်စပ်စပ်ကြော်လေးနှင့် ကျွေးမွေးလေသည်။
ဆရာတော်က မနက်တည်းက ရေဒီယိုက မုန်တိုင်းသတင်း
ကြားပြီးတည်းက မိုးလာခိုကြမဲ့ ရွာသားတွေအတွက်စားဖို့
သောက်ဖို့ထိပြင်ဆင်ထားတာတဲ့လေ။
ကဲ...ဘယ်လောက်တောင် ဆရာတော်က အကွက်မြင်လိုက်
လဲ။
"မောင်...ဗိုက်ဆာနေမှာပေါ့...ညနေကအမြန်ပြေးလာရ၊သိမ်းဆည်းရနဲ့မို့ ညေနစာမစားရေသးဘူးမလား"
ကြည့် သူကိုအရေးပင်မစိုက်...မျက်နှာကြီးကလည်းဆူပုတ်
လို့...အလိုမကျမူတွေနဲ့ပြည့်သိပ့်နေတဲ့မျက်နှာကြီး။
"မောင်....စားနော်...ရိုး ခွံကျွေးမယ်"
"ခင်ဗျားသာစားပါ...ကျုပ်ဗိုက်မဆာသေးဘူး၊မဟုတ်သေးဘူး
ဒီညစားချင်မှစားမယ်"
"မောင်မစားရင် ဗိုက်ဆာနေမှာပေါ့...မုန်တိုင်းကဒီညဒီထက်
ပိုပြင်းမှာမောင်ရဲ့...အာ"
"ကျစ်!...ဟင်း"
သခွပ်ရိုးကို အမြင်မကြည့်တဲ့ဘဝင်မကျတဲ့မျက်ဝန်းတွေနဲ့
စိတ်ရှုပ်ဟန် စုတ္သပ္ကာ မောင်က ပါးစပ်နားသို့ရောက်နေ
တဲ့ ထမင်းတစ်လုပ်ကိုစားလိုက်ပေမဲ့ မျက်နှာကြောကမလျော့
သေး။
သူစားချင်စားမယ်...မစားချင်မစားဘူး အဲ့အကျင့်ဆိုးလေး။
"ရိုးတို့ ထမင်းစားနေတာနဲ့တူတယ်"
"မြင်နေသားနဲ့ဘာလို့မေးနေတာလဲ...ဒီမှာထမင်း၊ဒီမှာဟင်း
ဟောဒီမှာ စားတယ်စားတယ်...ဟုတ်ပြီလား၊ကျွန်တော်မျိုး
တို့လင်နှစ်ယောက် ထမင်းစားနေတာဟုတ်ပါတယ်ဗျာ"
ဟု ပြောတဲ့ပိုင်ရှင်ကတော့ မင်းအမိန့်စည်း။
အမိန့်အမြင်ကပ်တဲ့ စကားအချို့ကလည်းအဲ့ဒါတွေ၊ အိမ်
ပြန်ရောက်တာမြင်ရက်နဲ့ပြန်ရောက်နေပြီလားတို့..ထမင်းစား
နေတာမြင်ရက်ထမင်းစားနေတာလား...အိပ်နေတာမြင်ရက်
အိပ်ပြီလားမေးတာတွေ စောက်ရမ်းကိုအမြင်ကပ်တာ။
လူမူရေးအရလည်းမဖြေချင်...အလိုက်သိပေါ့မဟုတ်ဘူးလား
သူများလင်မယားချစ်တင်းနှောနေရင်တောင် လုပ်နေကြတာ
လားဟုမေးရုံပဲရှိတော့မယ်။
"သူက သခွပ်ရိုးရဲ့ယောကျ်ားမင်းအမိန့်စည်းဆိုတာလား"
"ပြွတ်"
"မောင်"
"ပြွတ်...ပြွတ်"
"ဟုတ္တယ္ဗ်...အခုတောင်အနမ်းတွေအချစ်တွေပေးနေတာ..ဟား"
တယောက်ပြီးတယောက်လာလာမေးနေကြတာကြာတော့
အမိန့်မဖြေချင်တော့ ဟုတ်ပါတယ်ဆိုပြီးခေါင်းငြိမ့်ပြရတာ
လည်းခေါင်းပြုတ်တော့မယ်...ပြုံးပြရလွန်းလို့ သွားတွေ
လည်း လေဆာနဲ့3D ကြောငြာနင်လားငါလား။
"ခင်ဗျားတို့ရွာကလူတွေ တော်တော်စပ်စုတယ်နော်"
"အဲ့ဒါက ဟို...ဟိုလေ..မောင်ကိုမတွေ့ဖူးသေးလို့ပါ"
"ဟုတ်ပါတယ်ပြောလည်း တယောက်စကားတယောက်ပါးစပ်
ကမ်းလိုက်ပေါ့ဗျာ...လူကိုဆပ်ကပ်ကမျောက်ဖြစ်အောင်လုပ်
တယ်...ဟောဟိုမှာတယောက်လာပြန်ပြီ"
"ဟို...ဒီတစ်ယောက်က"
"Stop...ကျွန်တော်ကသခွပ်ရိုးရဲ့ယောကျ်ားဖြစ်သလို
ကျုပ်ချောမှန်းကျုပ်သိတာမို့ ငေးကြည့်နေတာတွေပါလျော့
လို့ရမလား"
"ရ...ရပါတယ်"
"ရရင်သွားတော့"
"ဟို...အား...အားနာစရာကြီး"
အားတုံ့အားနာမျက်နှာငယ်လေးနဲ့ လင်ဖြစ်သူကိုလည်းမပြော
ရဲတာမို့ သူ့ခမျာ မျက်ဝန်းငယ်ငယ်လေးနဲ့သာ စကားဆိုနိင်
လေသည်။
"ခင်ဗျားကခင်ဗျားရွာကလူတွေကျအားနာတယ်..လိုက်လျော
ချင်တယ်...ကျုပ်ခေါင်းပြုတ်ထွက်...ပါးစပ်အမြုပ်ထွက်
လည်းရတယ်ပေါ့...ရပါတယ္ကြာ..ခင်ဗျားမှမချစ်တာ"
"မောင်ရယ်...စကားအထအနကောက်နေပြန်ပါပြီ"
"အဟက်...အခုတော့ကျုပ်စကားတွေက လေသက်သက်
ပေါ့"
"မောင်လို့"
"တော်ပြီဗျာ...အိပ်ပြီ...ပင်ပန်းနေပြီ"
မောင်က ဟိုဘက်လှည့်အိပ်သွားပြန်တော့လည်း ရိုးမနေ
့တတ်။ ရွာသားအချို့နဲ့ကလေးတွေကလည်း အိပ်နေကြပြီမို့
မောင်နဲ့အတူအိပ်ဖို့ အနားကပ်လိုက်၏။
"ရိုးဘက်လှည့်အိပ်လေ...ချမ်းတယ်"
ဒါတော့ မောင်ကငြင်းတာမျိုးမရှိပဲ မောင်ရဲဆွဲအချမှာတင်
မောင့်ရင်ခွင်ထဲ အပြိုပြိုအလဲလဲ။ ဒီတစ်ခါတော့ငြင်းပယ်မ
နေချင်တော့။ မောင်စိတ်ဆိုးတာက အဆများစွာရိုးကိုစိတ်
ညစ်စေလေသည်။
"မောင်"
"ငြိမ်ငြိမ်နေစမ်းပါ...လူကြားထဲ မုဒိန်းမကျင့်ပါဘူးခင်ဗျားရာ"
မောင့်ရဲ့ ညာဘက်ခြေထောက်တဖက်က သူ့ကိုခါးလယ်က
နေခွတင်လိုက်တာမို့ ရိုးလန့်သွား၏။အိမ်မှာဆိုတစ်မျိုးပေမဲ့
အခုကလုံးဝတူတာမျိုးမဟုတ်။
စောင်တစ်ထည်ကို နှစ်ယောက်သား လုံခြုံအောင်ခြုံရင်း
လူမသိအောင်ပေးတဲ့ အနမ်းတွေခံယူရင်း အပြင်ကတဝေါဝေါ
တိုက်ခတ်နေတဲ့လေပြင်းတွေနဲ့ မိုးသံတွေကိုနားဆင်ရင်းမှ
မောင့်ရင်ခွင်ထဲ မြုပ်မတတ်။
နေရောင်ခြည်ခပ်နွေးနွေးထပ် အဆပေါင်းများစွာမောင့်ရင်ခွင်
ကပို၍နွေးထွေးလံှုခြုံစေပါ၏။
ချစ်တယ်မောင်....။
✨✨✨✨✨✨
နောက်တပိုင်းupပေးမယိနော်အခုတော့အိပ်ငိုက်နေလို့