user@all_of_mylove_for_you

By wren_babyyyn

11.6K 1.9K 839

STARTED DATE-16.11.23 More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
EXTRA

1

1.5K 110 40
By wren_babyyyn

ပုံပြင်​လေးတစ်ပုဒ်​ပြောပြမယ်။

ဟိုး​ရှေး​ရှေးတုန်းက အရပ်ရှည်ပြီး ခါးသွယ်သွယ်​​​လေးပိုင်ဆိုင်ထားတဲ့ ဥစ္စာ​ပေါ၊ရုပ်​ချော
နှင်းလိုစွတ်စွတ်ဖြူ​နေတဲ့ ဆံပင်အ​ရောင်နဲ့
မင်းသား​လေးတစ်​ယောက်က
ရည်းစားမရှိဘူးဆိုတာ ဖြစ်နိုင်လား?

မဖြစ်နိုင်ဘူး​လေ။မဟုတ်ပါဘူး။မဖြစ်သင့်ဘူး​လေ။
ဟုတ်တယ်မလား ရှန်ချွမ်း​ရွေ့ ဆိုတဲ့အ​နေထားနဲ့တင်
ရည်းစားတစ်​​ယောက်က​တော့ ​ဟောဒီလို၊​
ဟောဒီလို ရှာနိုင်ရမှာ​လေ။

အရွယ်​လေး​ရောက် အရပ်​လေးစထွက်ကတည်းက ​မားမားအသိအ​ဒေါ်ကြီး​တွေက သူ့ကို မြင်တိုင်း "သား​လေးက ​​ချောလာလိုက်တာ" ၊
"အရပ်ကြီးအရှည်ကြီးနဲ့ ​ချောလိုက်တာ"၊
ဆိုတဲ့ ချီးကျူးစကား​တွေကြားပြီး ကြီးလာတာ
အခုအရွယ်ထိပဲ။

အလယ်တန်းတုန်းက သူငယ်ချင်း​တွေနဲ့ ​တွေ့တိုင်း
"ငါ ​ကောင်မ​လေးက​လေ" ၊ "ငါ မမ က​လေ"၊
"မ​နေ့က​ စကားအတင်းလိုက်​ပြောတဲ့ ​ကောင်မ​လေးကို" စသည့် အဲလို စကား​တွေကြားတိုင်း
ချွမ်း​ရွေ့ဟာ မျက်လုံး သူငယ်၊နားသူငယ်​လေးနဲ့
ဟိုကြည့်ဒီကြည့် နား​ထောင်ခဲ့ရတာ။

သူငယ်ချင်းအချင်းချင်း မဖဲ့ချင်​ပေမဲ့ ဘယ်သူကမှ
သူ့​လောက်​တောင် ပုံမလာတဲ့ သူ​တွေကြီးပဲ။
ချွမ်း​ရွေ့ကမ္ဘာမှာ ချွမ်း​ရွေ့ဟာအ​ချောဆုံး။

"ချွမ်း​ရွေ့ မင်း​ရော ရည်းစား​ရ​နေပြီလား" ဆိုတဲ့
အ​မေးစကားကိုကြားတိုင်း မချိမသာ ပြုံးပြပြီး ​ခေါင်းခါငြင်းရင် ဟို​ကောင်​တွေက ထူးဆန်းသလိုလို၊ သူကပဲ ညံ့သလိုလို
စသည့် အကြည့်​တွေနဲ့ကြည့်​သေးတာ။

"မင်းကမှ တကယ် မားမားဘွိုင်း​လေး" ဆိုပြီးလည်း ​ပြောကြ​သေး။ ဒီစကားကို​တော့ ချွမ်း​ရွေ့ မငြင်းမိ။ မားမားကို မချစ်တဲ့ သားဆိုတာ ရှိလို့လား။
ဒါ​ပေမဲ့ ဒီကိစ္စနဲ့ ချွမ်း​ရွေ့ ရည်းစားမရှိတာက မဆိုင်။
အမှန်​တော့ ရည်းစားက မရတာ ကိုယ့်​ပေါင်
ကိုယ်လှန်​ထောင်းတဲ့ အဖြစ်မ​ရောက်ချင်လို့
ချွမ်း​ရွေ့က ဘယ်သူဘာ​ပြော​ပြော ပြုံးပြပြီး
ဆိတ်ဆိတ်​နေလိုက်တာကြီးပဲ။
နည်းနည်း​တော့ ရည်းစား​လေး​တော့ လိုချင်တာ​ပေါ့။
****
"ရုပ်​ချောတဲ့ သူဖြစ်ရတာလည်း တစ်ချက်မ​ကောင်းဘူး။ငါကို ရည်းစားရှိတယ်ထင်ပြီး
လာမကြိုက်ကြဘူး"

"မင်းက အ​နေတည်လို့ပါ"
သူငယ်ချင်းက နှစ်သိမ့်​ပေးရှာသည်။

"တကယ်လို့သာ မင်းက ငါနဲ့ မသိတဲ့ မိန်းက​လေး
ဖြစ်​နေပြီးထား ငါကို စမြင်ရင် ဘယ်လို​တွေးမလဲ"

"​ရုပ်​ချောတဲ့​ကောင်​​လေး"
​ကျေနပ်အားရ​နေတဲ့ ချွမ်း​ရွေ့ မျက်နှာကို
မမြင်ချင်​​​ယောင်​ဆောင်ထားရသည်။
သူ့​ကျွေးတာစား​နေ​တော့လည်း သူစိတ်​ကျေနပ်တဲ့ အ​ဖြေ​ပေးရတာ​ပေါ့။

"အတန်း​ဖော်​တွေတစ်​ယောက်အ​နေနဲ့ဆိုရင်​ရော"

"​​ဆောက်ကြီး​ဆောက်ကျယ်နိုင်တဲ့​ကောင်"
ချွမ်း​ရွေ့သည် ပါးစပ်သုတ်ထားတဲ့ တစ်ရှူး​တွေနဲ့ ​ကောက်ပစ်လိုက်သည်။

"​ခွေး​ကောင် ​"

"မင်း​မေးလို့လည်း ငါ​ဖြေရ​သေးတယ်"
ဝူဟွန်း ​ဇက်​လေးပုကာ စားလက်စ ကိုဆက်စားသည်။​

တော်ကြာ စိတ်​ကောက်ပြီး ထပြန်သွားမှဖြင့်
သူ့စားတာ သူ​ရှင်း​နေရဦးမယ်။ ချွမ်း​ရွေ့၀ယ်​ကျွေးမယ်ဆိုလို့သာ လိုက်လာတာ လက်ထဲ ပိုက်ဆံပါတာမဟုတ်။

"မင်း ​မေးပြီးသွားရင် ငါ ​မေးရဦးမယ်"

ချွမ်း​ရွေ့သည် မျက်လုံးလှန်ကြည့်သည်။

"မမ ​​တွေကကွာ နှုတ်ခမ်းနီ နဲ့ ​ရေ​မွှေးဆို
ဘယ်ဟာပိုကြိုက််​လောက်လဲ"
ရှက်ရမ်းရမ်းပြီး အသံဟာ ဝိုးတိုးဝါးတား။

ချွမ်း​ရွေ့၏ မျက်နှာသည် ရှုံ့တွလာသည်။
ရည်းစားမရှိတဲ့ စင်ဂဲလ်သူငယ်ချင်းကို ဒါ​တွေ​မေး
သင့်လား မ​မေးသင့်လား​တောင် မသိတဲ့ သူငယ်ချင်းဖြစ်သူ​ကြောင့် ချွမ်း​ရွေ့သည် စိတ်​လေသွားသည်။

"မင်း ​ပေးမလို့လား"

"အင်း မမ နဲ့ ငါနဲ့တွဲတာ ၂လ ပြည့်သွားပြီ"

ရင်ဘတ်ကို​မော့လျက် ​ခါးမတ်ကာ ​ပြောလာသည့် သူငယ်ချင်းသည် မသိရင် နိုင်ငံဂုဏ်​ဆောင်သည့် ကိစ္စကို ပြန်​ပြော​နေသလို။ အကဲပိုလှသည်။
သို့​သော် ချွမ်း​ရွေ့သည် ဘာမှ​တော့ ဆိုးဆိုးဝါးဝါး
မ​ပြောမိ။ ဘာလို့ဆို အရင်က ဒီ​ကောင်က တွဲတိုင်းပြတ်​လေ။ အခု​တောင် ကံ​ကောင်းလို့ ၂လ ခံတာ။

"မသိဘူး မိန်းက​လေး​တွေ ဘာကြိုက်တတ်မှန်း"

"အဲတာ​ကြောင့် ရည်းစားမရတာ"
ချွမ်း​ရွေ့က ဇွန်းနဲ့ ​ခေါက်ပစ်ဖို့ ရွယ်သည်။
ဝူဟျွန်းက လုပ်ရဲရင်လုပ်ဆိုသည့် ပုံစံနဲ့ မျက်နှာ
တိုး​​ပေးသည်။နှစ်​ယောက်သားက တကျတ်ကျတ်။

"မမရဲ့ သူငယ်ချင်း​တွေထဲက​နေ
မိတ်ဆက်​ပေးရမလား ငါ ​မမ ကို​ပြောလိုက်မယ်"

​​ဝူဟျွန်းဟာ ရည်းစားလိုချင်​နေသည့် သူငယ်ချင်း
ကို မကြည့်ရက်​တော့တာ တစ်၀က်၊ရည်းစား​လေးတစ်​ယောက်​တောင်မရှာနိုင်ရလားဆိုတဲ့
သ​ဘောနဲ့ နှိမ်ချင်တာ တစ်၀က်။
အဲလို တစ်၀က်၊တစ်၀က်စိတ်​လေးနဲ့ ချွမ်း​ရွေ့ကို ​မေးသည်။

"မလိုပါဘူး "

ချွမ်း​ရွေ့ကလည်း ခပ်ဆတ်ဆတ်ပြန်​ဖြေသည်။
အဲတာမျိုးက အလိုက်တသိ ချိတ်​ပေးရတာ ငါကို ​
မေး​နေစရာမလိုဘူးကွာ။ အလိုက်မသိတဲ့ ​ကောင်နဲ့
ချွမ်း​ရွေ့သည် ဆက်မ​ပေါင်းချင်​တော့။

"ပြီး​ရော"

ချွမ်း​ရွေ့သည် ဝူဟွန်း ဖင်ကို ပိတ်ကန်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ​နောက်တစ်ခွန်း​လောက် ထပ်​မေးရင် ငါက  အင်း လို့​ပြောမှာ​လေ။

***
ချီး​ပေဝူ

<ဓါတ်ပုံ>

/ဒီ app ကိုကြည့်ကြည့်။မင်း အတွက် ကွက်တိ/

​                                                   /ဘာapp လဲ/

/ဒိတ်တင်း app ​လေ၊အခုတ​လော ​​ရေပန်းစား​နေတာ
ငါ သုံးကြည့်တာ မဆိုးဘူး/

           /ဟုတ်လား။ ဒါနဲ့ မင်းက ဘာလို့သုံး​နေတာ. 
                         လဲ?မင်းမမ သိသွားရင် ကွိုင်​နော်/

/ပြတ်သွားပြီ ငါး​ကောင်ရာ ㅠㅠ/<👏>

                   /ငါတို့ မ​တွေ့တာ ပိတ်ရက်​လေး၂ရက်ပဲရှိ​သေးတာ ဘယ်လိုဖြစ်တာလဲ/

/နှုတ်ခမ်းနီဖိုးကုန်သွားတာပဲ အဖတ်တင်တယ်။
​စာ​မေးပွဲနီး​နေလို့ စာကို အာရုံစိုက်ချင်လို့်တဲ့ မင်းပဲ
စဥ်းစားကြည့်ကွာ စာ​မေးပွဲက ​ဖြေပြီးသွားတာ
၂ပတ်​ကျော်ပဲရှိ​သေးတယ် သူ က ဘယ်စာ​မေးပွဲထပ်​ဖြေတာလဲ/<😂>

/မင်း မမ သွား​မေး​လေ သူငယ်ချင်း/
<🥲>

/အဲဒီအ​ကြောင်းမ​ပြောပါနဲ့​တော့ကွာ ဒီapp ကို
သုံးကြည့် အချစ်ဆိုတာ အပူမီးပဲ တစ်​ယောက်တည်း​​လောင်ကျွမ်း​နေရတာ ခံစားရသိပ်ခက်တယ်
၊​မင်းလည်း အတူတူ​လောင်​တော့ နည်းနည်းသက်သာတာ​ပေါ့/

/မင်းရဲ့စိတ်ထား​လေး​ကိုသိရတာ၀မ်းသာတယ်။
စိတ်မပူနဲ့ ငါက မင်းလိုဖြစ်မှာမဟုတ်ဘူး/

/​ဒစ်စ​ကောင့်လို​ကောင်ကများ/

/sample ​ကောင်ကများ
​acc ဖွင့်ပြီးရင် လှမ်း​ပြောမယ်/

/မင်းက ဘယ်လိုပုံစံ​ကိုကြိုက်တာလဲ
ခန္ဓာကိုယ်လှလှ​လေးလား?စိတ်ထားလှလှ​လေးလား?/

/အရပ်ရှည်ရှည်၊မျက်နှာ​သေး​သေး
လက်ဖဝါးကြီးကြီး/
<😂>

/လက်ဖဝါးကြီးကြီး?? ပန်းကန်​ဆေးခိုင်းမလို့လား
ဖြစ်နိုင်တာ​ပြော​လေ ​ဟေ့​ကောင် / <😡>

/ငါနဲ့ပတ်သက်တာဆို အကုန်မှတ်မိ​နေပြီး၊
ငါကိုဆို လိုက်စ​နေတဲ့ သူမျိုး/
<👍>

/လစ်လိုက်​တော့ မရှိ​လောက်ဘူး/

/ချီးပဲ အကန်​တွေ​ပြောမ​နေနဲ့ acc
ဖွင့်လိုက်ဦးမယ်/

/follow လာမလုပ်နဲ့/<😂>

/follow လာမလုပ်နဲ့/
<😂>

တစ်ချိန်တည်း တစ်ပုံစံတည်း ၀င်လာတဲ့ စာတို
နှစ်​စောင်ကိုကြည့်ပြီး ချွမ်း​ရွေ့ အသံထွက်သည်အထိ ရယ်လိုက်မိသည်။ ​ပြောမနာ ဆိုမနာသူငယ်ချင်းရှိတာလည်း ဘုရား​​ပေးတဲ့လက်​ဆောင်တစ်ခုမှန်း
ချွမ်း​ရွေ့နားလည်သည်။
***

လုပ်ရမည့် အဆင့်​တွေအကုန်ပြီးသွားပြီး user name နဲ့ ဓါတ်ပုံထည့်ဖို့ပဲ ကျန်​​တော့သည်။
နာမည်အရင်းလည်း မသုံးချင်။
သူ acc မှန်းလည်း သူများ​တွေမသိ​စေရ။

ချွမ်း​ရွေ့ မူလတန်းတုန်းက
အတန်း​ဖော်​ကောင်မ​လေးကို. ချစ်တယ် ချစ်တယ်လို့ သွား​ပြောဖူး​သည်။ ဟိုက စဥ်း​တောင်မစဥ်းစားဘဲ
မချစ်ဘူး လို့တန်းငြင်းလိုက်ကတည်းက
Friend to lover ကို စိတ်နာလွန်းလို့
သူစိမ်း​​တွေနဲ့ပဲ တွဲမယ်လို့ ဆုံးဖြတ်ထားသည်။

Ricky

"အရင်တုန်းက အင်္ဂလိပ်​ကျောင်းတူတူ တက်ခဲ့တဲ့​ကောင်​တွေများ မြင်ရင် ငါမှန်းသိသွား​လောက်တယ်"

Kim Ricky

Done ဆိုတာကို နိုပ်ပြီး  ချွမ်း​ရွေ့ ​ကျေနပ်သွားသည်။

"မျိုးရိုး​တောင် ​ပြောင်းထားတာ ငါမှန်း ဘယ်သူမှ
မသိ​လောက်​တော့ဘူး"

သူဟာနဲ့ သူ​တော့ ဟုတ်​နေသည့် ရှန်ချွမ်း​ရွေ့ ရယ်ပါ။

Pf ကိုလည်း တစ်​ခေါက်က ​ကြောင်​လေးနဲ့ တူတူရိုက်ထားတဲ့ ပုံ​လေးကို​ရွေးတင်သည်။အဲဒီပုံတွင် ချွမ်း​ရွေ့
မျက်နှာမပါ ​ကြောင်​လေးနဲ့ သူ့ ကိုယ်တစ်ပိုင်းသာပါသည်။

မျက်နှာ​လေးမပါတာ​တောင် ​ချောတယ်ဆိုတဲ့ အရှိန်အဝါကို ဖုံးဖိထားလို့မရ ။ချွမ်း​ရွေ့ဟာ ဂုဏ်ယူလျက်။

***
ချီး​ပေဝူ
1 hour ago

<ဓါတ်ပုံ>

/​ငါ acc ဖွင့်ပြီးပြီ ဘာဆက်လုပ်ရမှာလဲ/

***
ပြန်စာကိုမ​​စောင့်​တော့ ညဥ့်နက်​နေပြီ ဖြစ်လို့ ချွမ်း​ရွေ့လည်း ဖုန်းအားသွင်းပြီး အိပ်ယာ၀င်ဖို့ ပြင်သည်။
အိပ်မက်ထဲမှာ​တော့ ရည်းစား​လေးနဲ့ ချွမ်း​ရွေ့ဟာ ​
ရေခဲ​ချောင်းတူတူစားလို့။

*Noti

@Vin followed your acc

-1-

_______

အရင်ကဆို အပိုင်း ၁ တင်ပြီး သိပ်မကြာ
အပိုင်း ၂ထပ်တင်တတ်တာ​လေ။
၁ပိုင်းတည်းဆို နားမလည်မှာ ဆိုးလို့ဆိုပြီး။
အခုက​တော့ ​ဖြေး​ဖြေးချင်းပဲ သွားကြတာ​ပေါ့ရှင်။
wren ကြိုရေးထားတာလည်းမရှိဘူးရယ်😭

Continue Reading

You'll Also Like

4K 525 9
แ€€แ€ญแ€ฏแ€šแ€บแ€ทแ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€œแ€ฑแ€ธแ€–แ€ผแ€…แ€บแ€œแ€ฌแ€แ€ฒแ€ทแ€กแ€แ€ซแ€€แ€ปแ€›แ€„แ€บ แ€’แ€ฎแ€œแ€ฑแ€ฌแ€€แ€บแ€‘แ€ญแ€แ€ปแ€ฑแ€ฌแ€™แ€ฑแ€ฌแ€™แ€”แ€ฑแ€–แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€ธแ€แ€ญแ€แ€บแ€แ€ญแ€แ€บแ€žแ€ฝแ€”แ€บแ€žแ€„แ€บแ€†แ€ฏแ€ถแ€ธแ€™แ€›แ€ฆแ€ธแ€™แ€šแ€บ
205K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
291K 8.7K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
16K 708 15
"T-That's my drink ! " "W-What ?!" In which a simple accident could make things weird between two classmates. GyulSun = Gyuri X Jisun , Fromis_9 Star...