What's wrong? ( Completed )

By NangKhaingNiTun

16.7K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 13

454 37 3
By NangKhaingNiTun

ပင်လယ် ရေအောက်၏ တစ်နေရာတွင် ...

' မင်းသမီး က တကယ်ပဲ ကုန်းပေါ် တက်သွားပြီး ဟိုကောင်နောက် လိုက်သွားတာလား ...။'

' ဟုတ်ကဲ့။ အပေါ်မှာ ရှိတဲ့ ကျနော်တို့လူ ဆီက အဲ့လို သတင်းရထားပါတယ်။ ပြီးတော့ ...။'

မုလုံ ဆက်မပြောပဲ ရပ်သွားတဲ့ သူ့ လူကို လှည့်ကြည့်တော့ ပြောရမလား၊ မပြောရဘူးလား ဆိုပြီး မဝံ့မရဲ ဖြစ်နေတာကြောင့် စကား ဆက်ပေးလိုက်သည်။

' ပြီးတော့ ဘာဖြစ်တာလဲ ...။'

' ဟို ... မင်းသမီး နဲ့ ရှောင်းကျန့် က အခု လူသား တစ်ယောက်နဲ့ နိုင်ငံခြားကို သွားခဲ့ပြီလို့ ပြောပါတယ်။'

' ဘယ်လို !!!!! နိုင်ငံခြားထိ ...။ ဘယ်နိုင်ငံ သွားတာလဲ ...။'

' ပြင်သစ် ပါ ...။'

မုလုံ နည်းနည်း ဝေးတဲ့ တစ်နေရာကို ခပ်ငေးငေး ကြည့်လိုက်ပြီး ...

' မင်းသမီး က ခြေလှမ်းတွေ အရမ်းသွက်နေပါလား ...။ ပြီးတော့ ဟိုကောင် ရှောင်းကျန့်ကရော ဘာလို့ ကုန်းပေါ် တက်သွားသလဲ ဆိုတဲ့ အကြောင်း သိရပြီလား။'

' မ ... မသိရသေးပါဘူး ...။'

' ဟုတ်ပြီ။ ဆက်စုံစမ်းထား ...။'

' ဟုတ်ကဲ့ ...။'

~~~~~~~~

ပြင်သစ် ...

ပေကျင်း ကနေ လာတဲ့ ၃ ယောက်က ဟိုတယ် ရောက်မှ ပြဿနာ တက်ပါတော့သည်။

' ဟာ ... သူနဲ့ အတူမနေချင်ဘူး။'

ယွီ့ကျင်း သူ့ကို ရွံရှာသလို နဲ့ ဖျတ်ဖျတ်လူးပြီး ပြောလာတဲ့ မင်းသမီး ဆိုတဲ့ တစ်ယောက် ကို ကြည့်ရင်း အမြင်ကပ်လာသည်။

ဒါပေမယ့် ကြည့်နေရင်းနဲ့ ညစ်ပတ်ချင်တဲ့ စိတ်က ပေါ်လာတာကြောင့် ဘာမှပြန်ခံမပြောတော့ပဲ လက်တွေ့လုပ်ဖို့ ဆုံးဖြတ်ရင်း သူ့ကို ရွံရှာသလို လုပ်ပြနေတဲ့ မင်းသမီး အနားကို သွားပြီး ပုခုံးပေါ် လက်တင်လိုက်သည်။

' ဘာလို့လဲ မင်းသမီးရဲ့ ...။ ငါနဲ့ မနေချင်တော့ ယောကျာ်းလေး ဖြစ်တဲ့ ရှောင်း နဲ့ အတူနေချင်တာလား ...။ မင်းသမီး ဖြစ်ပြီး နည်းနည်းပါးပါးတောင် မစဉ်းစားတတ်ဘူးလား။ ယောကျာ်းလေးနဲ့ မိန်းကလေး ဘယ်လို အတူနေလို့ သင့်တော်မလဲ ...။ ဟင် ?????.'

ရှဲန့်မု သူ့ကို လာဖက်ထားသလို ဖြစ်နေတာကို ရုန်းလိုက်သည်။ ဒါပေမယ့် သူ ရုန်းမှ သူ့ရဲ့ လက်မောင်းကိုပါ ပိုဖက်လာတဲ့ တစ်ယောက်ကြောင့် မျက်စောင်းထိုးလိုက်ပြီး ...

' နင့်ရဲ့ လက်ကို ဖယ်ပြီး ဝေးဝေးနေစမ်းပါ ...။'

' အဟင်း ...။'

ယွီ့ကျင်း မင်းသမီး က သည်းလေ ပိုပြီး စ ချင်လာလေ ဖြစ်တာကြောင့် ဖက်ထားတာကနေလည်း မဖယ်ပေးပဲ သွားဖြီးယုံ တမင် ရယ်ပြလိုက်ပြီး ...

' မဖယ်ပါဘူး။ မင်းသမီး က ဘာလို့ ငါနဲ့ အတူမနေချင်ဘူး ဆိုတာကို သိချင်လို့ ...။'

ရှောင်းကျန့် ကတော့ အဝတ်သေတ္တာကို တစ်ယောက်တည်း တွန်းလာရတာကြောင့် မောလည်း မော၊ အခု မိန်းကလေး နှစ်ယောက်ကလည်း ထပ်ပြီး ရင်မော စေတာကြောင့် ဘာစကားမှ ဝင်မစွက်ဖက်ခြင်းနဲ့ ဟိုတယ်မှာ ဧည့်သည်တွေ အတွက် ထား ထားပေးတဲ့ ခုံမှာ နားအေး ပါးအေး သွားထိုင်နေလိုက်သည်။

ဧည့်ကြို က ကောင်လေး ကလည်း ကောင်တာ ရှေ့မှာ လာပြီး ငြင်းခုံနေကြတဲ့ ဧည့်သည် နှစ်ယောက်ကြား ဝင်ပြီး ပြောချင်ပေမယ့် အခုချိန်မှာ ဖြတ်ဝင်နိုင်တဲ့ လမ်း မရှိအောင် ဧည့်သည် နှစ်ယောက်က သူ တစ်ခွန်း ငါ တစ်ခွန်း ပြောနေကြတာ ဖြစ်သည်။

ဧည့်ကြို ကောင်လေး ဧည့်သည် နှစ်ယောက်ကို ကြည့်ပြီး ဘယ်လိုလုပ်ရမလဲ ခေါင်းကုတ်ရင်း စဉ်းစားနေတုန်း ခေါင်းထဲမှာ သူ ကြည့်ထားမိတဲ့ ဟာသ တစ်ခုကို သတိရသွားသည်။

အဲ့ဒါကြောင့် သူ့လက်ကို မြှောက်လိုက်ပြီး ...

' ခဏလေး ပါ ...။ ခဏလေး ပါ ...။'

ယွီ့ကျင်းလည်း ကြားလိုက်ရတဲ့ အသံကြောင့် မင်းသမီး ပုခုံးပေါ် တင်ထားတဲ့ သူ့လက်ကို ရုတ်လိုက်ပြီး အသံ ထွက်လာတဲ့ ကောင်လေး ဆီကို ကြည့်လိုက်သည်။

ရှဲန့်မု လည်း ကောင်လေး ဘက်ကို လှည့်ကြည့်လိုက်သည်။

' အဟင်း ...။'

ကောင်လေး လည်း ဧည့်သည် စိတ်မကွက်ရလေအောင် အရင် ရယ်ပြလိုက်ပြီးမှ စကား ဆက်ပြောလိုက်သည်။

' ဒီလိုပါ ...။ ဒီက ဧည့်သည် တွေ လူချင်း မခွဲချင်ဘူးဆိုရင် ကျနော် တို့ ဟိုတယ်ရဲ့ ဇိမ်ခံ အခန်းကို အရင် ကြည့် ကြည့်မလား အကြံပေးချင်လို့ပါ။'

' မလိုဘူး ...၊ မလိုဘူး ...။'

ရှောင်းကျန့် ခုလို နိုင်ငံခြားထိ လာလည်ပြီးမှတော့ အေးအေး ဆေးဆေး နေချင်ပါသေးတယ်။ အဲ့ဒါကြောင့် ၃ ယောက် အတူနေရမယ့် အရေးကို အမြန်ဝင်ပြောလိုက်တာ ဖြစ်သည်။

' တစ်ယောက် တစ်ခန်းကိုမှ ကပ်ရပ် အခန်းတွေပဲ ပေးလိုက်ပါတော့ ...။ ငါ အရမ်း နားချင်နေပြီ။'

ယွီ့ကျင်း အနား ရောက်လာပြီး ဝင် လျှာရှည်လာတဲ့ ရှောင်း ကို တစ်ချက် စောင်းကြည့်ရင်း ...

' တစ်ယောက် ခန်းတွေ မရှိတော့လို့ ခုလောက်ထိ စကားပြောနေရတာလေ။ ရရင် စကတည်းက တစ်ယောက် တစ်ခန်း ယူပြီးနေပြီ။'

ရှောင်းကျန့် ကတော့ ၃ ယောက်ကို ဘယ်လိုမှ မနေချင်တာကြောင့် ယွီ့ကျင်း ပြောတာကို ချက်ချင်း ပြန်ပြောလိုက်သည်။

' အဲ့ဒါဆိုလည်း နှစ်ယောက်ခန်း နှစ်ခန်း ပေးလိုက်။ ငါ တစ်ခန်း နေမယ်။ မင်း နဲ့ မင်းသမီးက တစ်ခန်း နေလိုက်။'

ရှောင်းကျန့် သူ ပြောလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်ဘက်ကို ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ ဧည့်ကြိုကောင်လေး ကို သူ့ဘက် အာရုံရောက်အောင် အသံ နည်းနည်း မြှင့်ပြီး ဆက်ပြောလိုက်သည်။

' ကဲ ... အစ်ကို ပြောသလို လုပ်။ အခု အစ်ကို နေရမယ့် အခန်းကို သော့ အရင်ပေးလိုက် ...။'

' ဟုတ် ...။ ဟုတ်ကဲ့ ...။'

ရှောင်းကျန့် သူ့ကို သော့ ပေးလာတာနဲ့ သူ့ သေတ္တာကို ဆွဲပြီး အရင် ထွက်လာခဲ့လိုက်သည်။

~~~~~~~

ရှောင်းကျန့် သူ့ အခန်းထဲရောက်မှ အဝတ်သေတ္တာကို တွန်းပစ်ရင်း ရေချိုးခန်း ထဲ အရင် ဝင်သွားလိုက်သည်။

' အားးးးး !!!!!.'

' ဖျပ် ... ဖျပ် ...။'

ရှောင်းကျန့်  သူ့ရဲ့ အမြီးကို ရေကန်ထဲ တစ်ဖျပ်ဖျပ် ခတ်လိုက်ရင်း ...

' အခုမှပဲ နေသာ ထိုင်သာ ရှိသွားတော့တယ်။'

ရေကန် ဘောင်မှာ ခေါင်းတင်ပြီး မျက်လုံးတွေ မှိတ်ထားရင်း အတွေးထဲ သူ့ကျဲ မဆုံးခင်က မျက်နှာကို မြင်ယောင်လာသည်။ တစ်ပြိုင်နက် သူ့မှာ တူလေး ကို ရှာရမယ့် အဓိက ကိစ္စကို သတိရလာတယ်။

' ဟုတ်သား !!!! တူလေးကို ဘယ်ကနေ စ ရှာရမလဲ။ ကျဲ ကလည်း သူ့မှာ လူသားနဲ့ ရတဲ့ ကလေး ရှိပြီး ရှာခိုင်းတာကလွှဲပြီး ဘာမှ ထပ်မပြောသွားဘူး။'

ရှောင်းကျန့် ဘယ်ကနေ အစ ရှာရမလဲ စဉ်းစားရင်း ဘာမှ စဉ်းစား မရတာကြောင့် ရေကန်ထဲကို တဖြေးဖြေး လျှောဆင်းပြီး ခေါင်းကိုပါ နစ် ထားလိုက်သည်။

~~~~~~~

အခန်း တစ်ခန်းထဲတွင် ကောင်မလေး နှစ်ယောက် တစ်ခုပဲ ရှိတဲ့ ကုတင်ကို ကြည့်ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

ပြီးမှ ကုတင်ဘက်ကို ပြန်ကြည့်ပြီး တိုင်ပင်စရာ မလိုပဲ ကုတင်ဆီ ပြေးကြတယ်။

' အ !!!! မုယွီ့ကျင်း !!!!။'

ရှဲန့်မု သူ အရင် ဝင်လှဲပေမယ့် သူ့အပေါ်ကို ထပ်လှဲချလာတဲ့ မုယွီ့ကျင်းကြောင့် အသံထွက်သွားရသည်။

' ဖယ်စမ်း ... ငါ အရင် ရတာ ...။'

ယွီ့ကျင်း ဖိ ထားရာကနေ လက်နှစ်ဖက်ထောက်လိုက်သည်။ ဖယ်တော့ မဖယ်ပေးသေးပါ။

ရှဲန့်မု လည်း ရုန်းနေရာကနေ သူ့ကို အုပ်မိုးထားပြီး စိုက်ကြည့်နေတဲ့ မုယွီ့ကျင်းကို ကြောင်ကြည့်မိနေတယ်။

အဲ့ဒီအချိန် ခဏလေးမှာ နှစ်ယောက်တည်း ကမ္ဘာရှိတယ် ထင်ရလောက်အောက် တိတ်ဆိတ်သွားတယ်။ အသက်ရှူသံကလည်း ရင်ခုန်သံအောက်မှာ ငြိမ်ဝပ်ပိပြားလို့ပေါ့ ...။

!!! ဒုတ် ... ဒုတ် ...!!!

အခန်းထဲမှာ နှစ်ယောက်ရဲ့ အပြိုင်ရင်ခုန်သံကလွှဲလို့ ဘာဆို ဘာသံမှ မကြားရပါ။

အချိန် ဘယ်နှစ်စက္ကန့်လောက် ဖြတ်ကျော်သွားသည် မသိ ...

အရင် အသိဝင်လာသူက ရေသူ မင်းသမီးလေးပေါ့ ...။

ရှဲန့်မု မျက်တောင် တစ်ချက် နှစ်ချက် ခတ်လိုက်ပြီး သူ့ကို အုပ်မိုးပြီး စိုက်ကြည့်နေတဲ့ မုယွီ့ကျင်းကို တွန်းပစ်လိုက်သည်။

' ဖယ်စမ်းပါ ...။'

ယွီ့ကျင်းလည်း တွန်းခံရတာကို အခွင့်အရေး ယူပြီး မျက်နှာ နီရင်း လည်ပင်း ပွတ်လိုက်၊ ခေါင်းကို ဖွ လိုက်နဲ့ ရှက်နေတာကို ဖုံးကွယ်နေပါတယ်။

~~~~~~~~

ပြင်သစ် က အိမ်တစ်အိမ်တွင်လည်း ...

' နော် ... နော် ... လို့ ...။'

' ဟော်ရှင်း ... ဖယ်စမ်း!!! အဲ့လို နေရာ သွားရအောင် ငါက ကလေး လား ...။'

' လေးလေး ပဲ အသဲကွဲနေတယ်ဆို ...။ အဲ့ဒါကြောင့် ကစားကွင်း သွားပြီး ရေခဲမုန့် သွားဝယ်စား၊ ပြီးရင် လေးလေး ကြောက်တဲ့ ရဟတ် အမြင့်ကြီးကို စီးပစ်လိုက် ...။'

ရိပေါ် သူ့ကို ကလေး ကလား အလုပ်တွေ လုပ်ဖို့ ပြောနေတဲ့ ဟော်ရှင်း ကြောင့် မျက်မှောင် ကြုံ့၊ နှုတ်ခမ်းတွေ မဲ့ရွဲ့လိုက်ပြီး ...

' သွားချင်ရင် လိုက်ပို့မယ်။ ပြီးရင် ငါ ကား ထဲမှာပဲ စောင့်နေမယ်။ မင်း ဘာသာ ကြိုက်သလောက်သွားဆော့၊ ကြိုက်တာ သွားဝယ်စား။'

ဟော်ရှင်း လေးလေး အနား ထိုင်နေရင်းကနေ ဆိုဖာ လက်ရမ်းနားထိ တိုးထိုင်လိုက်ပြီး နှုတ်ခမ်းလည်း စူ ထားရင်း ...

' ကျနော် က အဲ့နေရာတွေ သွားဖူးနေပြီ။ လေးလေး ကို စိတ်သက်သာရာ ရစေချင်လို့ သွားစေချင်တာ...။ လေးလေး မသွားမှတော့ ကျနော် က ဘာသွားလုပ်ရမှာလဲ ...။'

' လူကြီး တစ်ယောက် အသဲကွဲတာကို ကလေး ကစားကွင်း သွားခိုင်းတာ မင်း တစ်ယောက်ဆီကပဲ ကြားဖူးသေးတယ်။'

' ကျနော် ဆိုလည်း တစ်ယောက်တည်း ပျင်းလာရင် ကစားကွင်း သွားပြီး ရဟတ် စီးပြီး အော်ဟစ် ပစ်လိုက်တာပဲ။'

ရိပေါ် ဒီတစ်ခါတော့ ဟော်ရှင်း ဘက်ကို သေချာပြန်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်သွားသည်။

သူ အရွယ်မရောက်သေးတဲ့ ကလေး တစ်ယောက်ကို စိတ်ဒဏ်ရာ ပေးနေမိပြီလား ...။

' ကဲ ... မနက်ဖြန် သွားကြမယ်။ ဟုတ်ပြီလား ...။'

ဟော်ရှင်း မျက်ဝန်းတွေ လက် သွားပြီး တစ်ခါ လေးလေး အနား ပြန်တိုးလာပြီး လက်မောင်း ကို ထပ်ဖက်ပြီး ပါး ပါ အပ်ထားလိုက်ရင်း ...

' လေးလေး တကယ် လိုက်မှာနော် ...။'

' ထပ်မေးရင် ငါ စိတ်ပြောင်းလိုက်မှာ ...။'

' အိုခေ ... အိုခေ ...။ မမေးတော့ဘူး ...။'

ရိပေါ် ပြုံးပျော်နေတဲ့ မျက်နှာလေးနဲ့ သူ့ပေါင်ပေါ် ခေါင်းတင်ရင်း ဘေးစောင်းပြီး TV ဘက် မျက်နှာမူသွားတဲ့ ဟော်ရှင်း ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးနေလိုက်သည်။

~~~~~~~~

နောက်တစ်နေ့ ရောက်သော် ...

ကုတင် တစ်ခုပေါ်မှာ တစ်ယောက်က ဘေးတစ်စောင်း အိပ်နေပြီး ဘေးစောင်းထားတဲ့ ပုခုံးပေါ်မှာတော့ လက်တစ်ဖက် တင်ထားခံနေရတယ်။

ရှဲန့်မု အိပ်နေရင်း ညောင်းသလို ဖြစ်လာတာကြောင့် ပက်လက် အနေထားမှာ ပြန်လှည့်ပြီး မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။

မျက်လုံး ဖွင့်ပြီးတာနဲ့ ရင်ဘတ်ပေါ်မှာ ခပ်လေးလေး တင်ထားတဲ့ အရာကို ဆွဲယူကြည့်တော့ လက် တစ်ဖက် ...

ကိုင်ထားတဲ့ လက် ကောက်ဝတ် က နေ ဖြေးဖြေးချင်း ကြည့်သွားတော့ သူ့ဘက်ကို ဘေးစောင်း အနေထားနဲ့ အိပ်ပျော်နေတဲ့ မုယွီ့ကျင်း ...

!!!! ဘုတ် !!!!.

ရှဲန့်မု ကိုင်ထားတဲ့ လက်ကို ပစ်ချပြီး ချက်ချင်း ထ ထိုင်လိုက်သည်။ မုယွီ့ကျင်း ကို ကြည့်တော့ မနှိုးလာသေးပါ။

ရှဲန့်မု သူ ဦးထားတဲ့ ကုတင်ပေါ်ကို ခွင့်ပြုချက် မရပဲ တက်လာအိပ်ရဲတဲ့ မုယွီ့ကျင်း ကို ညင်ညင်သာသာ မလုပ်ချင်တော့တာကြောင့် လက်နဲ့ တွန်းမချတော့ပဲ ခြေထောက် နဲ့ ကန်ချပစ်လိုက်တော့သည်။

!!!!! ဘုန်း !!!!!

!!!! အား ...!!!!

ယွီ့ကျင်း ဘာအမွေးပွမှ မခင်းထားတဲ့ ကြမ်းခင်းပေါ် ကျသွားတာ ဖြစ်တာကြောင့် ဖင် ကို ပွတ်ရင်း ညည်းညူလိုက်သည်။

' အား !!!! ကျွတ်ကျွတ် !!!! အိပ်နေရင်းနဲ့ ကုတင်ပေါ်ကနေ ပြုတ်မကျတာ ကြာပါပြီ။ ခုက ဘယ်လို ဖြစ်ရတာလဲ ...။'

ရှဲန့်မု ခုထိ အိပ်ချင်မူးတူးနဲ့ သူ့ အထုပ် သူ ဖြည်နေတဲ့ မုယွီ့ကျင်း ကို ဘာသံမှ မပေးသေးပဲ ကုတင်ပေါ်ကနေ ကျကျ နန ထိုင်ကြည့်နေရင်း စိတ်ထဲတွင်လည်း ဒီလိုမှန်းသိ ခပ်ပြင်းပြင်း ဆောင့်ကန် လိုက်ပါတယ် ... ဆိုပြီး နောင်တ တွေ ရနေပါတယ်။

~~~~~~~~~

!!!! ဖလုံး !!!!

!!!! ဘုန်း !!!!

' ဟင် !!!!!.'

ရှောင်းကျန့် အသံတွေ အကျယ်ကြီး ထွက်လာတော့မှ မျက်လုံးကို ဖွင့်ကြည့်တော့ ...

သူက မနေ့က အတိုင်း ရေချိုးကန်ထဲမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရသည်။

' ငါ ... ရေစိမ်နေရင်း အိပ်ပျော်သွားခဲ့တာလား ...။'

ရှောင်းကျန့် ရေချိုးခန်းရဲ့ မှန်ပြတင်းကနေ ကြည့်တော့ မနက်ရောက်နေတဲ့ အနေထားနဲ့ လုံလောက်တဲ့ အလင်းရောင်ကို မြင်နေရတာပြီ ဖြစ်တာကြောင့် အမြန် ထ ပြီး ရေချိုးကန်ထဲက ထွက်လိုက်သည်။

' ဟို နှစ်ယောက် အရင် မ ထ ပါစေနဲ့ !!!!.'

ရှောင်းကျန့် တိုးတိုး ရေရွတ်ရင်း အဝတ်အစားတွေ အမြန်လဲလိုက်သည်။

~~~~~~~~

ရှောင်းကျန့် သူ ပြင်ဆင်ပြီး ထွက်လာတော့ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ၈ နာရီ ခွဲခါနီး ပြနေတယ်။

သူ့အခန်း တံခါးကို အရင် လာခေါက်ပုံ မရဘူးဆိုတော့ အဲ့နှစ်ယောက် သူ့ထက်တောင် အိပ်ယာထ နောက်ကျနေတယ် ဆိုတဲ့ သဘောပဲ မလား။

!!!! ဒေါက် ... ဒေါက် ...!!!!

ယွီ့ကျင်း သူက အဝတ်အစား လဲရုံနဲ့ ပြင်ဆင်တာ ပြီးသွားပြီဆိုတော့ သူပဲ တံခါး သွားဖွင့်လိုက်သည်။

' ရှောင်း !!!!.'

ရှောင်းကျန့် သူ့ကို မြင်ပြီး ခေါ်တဲ့ အသံက တစ်မျိုးကြီးလို့ ခံစားရတာကြောင့် ယွီ့ကျင်း ကို ကြည့်တော့ သူ့ကို အကြည့်မခံပဲ ရှောင်နေတယ်။ ပြီးတော့ နားရွက်တွေကပါ နီ နေတယ်။ မပြောနဲ့နော် ပြင်သစ် ရောက်မှ မုယွီ့ကျင်း ငါ့ကို ကြိုက်သွားတာလို့ ....။

အတွေးထဲမှာတောင် ကြောက်စရာ ကောင်းတာမို့ နှုတ်ကနေလည်း ချက်ချင်း ထုတ်ပြောလိုက်သည်။

' မုယွီ့ကျင်း မင်း အခု ငါ့ကို ရှက်နေတာ၊ ငါ့ကို ကြိုက်နေတာလား ...။'

' ရှက်နေတာက ကြိုက်နေတယ်လို့ ဆိုလိုတာလား ...။'

ရှောင်းကျန့် ခုကျလည်း သူ့ကို တည့်တည့်ကြည့်ရင်း မေးလာတဲ့ ယွီ့ကျင်းရဲ့ မျက်နှာက သူ့ကို ကြိုက်နေတဲ့ ပုံစံ မဟုတ်တာကြောင့် သူပဲ အတွေးများနေတာလားလို့ တွေးရင်း မသိဘူး ဆိုတဲ့ သဘောနဲ့ လက်တစ်ချက် ရမ်းလိုက်ပြီး ...

' မသိဘူး ...။ အခု မင်းတို့ကို လာနှိုးတာ ...။ မနက်စာ သွားစားကြမယ်။ ငါ ဗိုက်ဆာနေပြီ။'

ရှောင်းကျန့် သူ က အာပေါင် အာရင်းသန်သန် နဲ့ ပြောနေသလောက် အတွေးများနေတဲ့ ပုံစံနဲ့ ဘာမှပြန်မပြောပဲ ရပ်နေတဲ့ ယွီ့ကျင်း ကို စိတ်မရှည်စွာ ကြည့်ပြီးမှ အခန်း အတွင်းဘက်ကို ကျော်ကြည့်ရင်း ...

' မင်းသမီး ကော ... မင်းသမီး မနှိုးသေးဘူးလား ...။'

' မင်းသမီး !!!!'

ယွီ့ကျင်း မင်းသမီး ဆိုတဲ့ အသံ ကြားတာနဲ့ မျက်ဝန်းထဲ တစ်ချို့ပုံရိပ်တွေ ထင်ဟပ်လာပြန်သည်။

' မသိဘူး !!!!.'

' အမ် !!!!!.'

မသိဘူး ဆိုပြီး လက်သည်း ကိုက်ရင်း ထွက်သွားတဲ့ ယွီ့ကျင်း ကြောင့် ရှောင်းကျန့် ကြောင်ကြည့်ရုံသာ တတ်နိုင်သည်။

ထိုစဉ် ...

' ရှောင်း !!!!.'

' မင်း သ ...။'

ရှောင်းကျန့် သူတောင် စကား မဆုံးသေးဘူး၊ ခုန ယွီ့ကျင်း ဖြစ်သလို ပုံစံနဲ့ မင်းသမီးကလည်း သူ့ထက် အရင် ထွက်သွားပြန်တယ်။

' ဘာလဲ ဟ ...။ ဘာတွေ ဖြစ်နေကြတာလဲ ...။'

~~~~~~~

ပြင်သစ် မြို့ထဲက မီးပွိုင့် တစ်နေရာတွင် မီးနီ မိနေသော ကား တစ်စီးပေါ်မှာတော့ ...

' ဆရာ ... ကျနော် ဘယ်ကို အရင် မောင်းရမှာလဲ ...။'

' မနက်စာ အရင် စားမယ် ...။'

' ကျနော် ဗိုက်မဆာသေးဘူး။'

' မဆာလည်း စားရမယ်။ မင်း သွားဆော့တဲ့အခါကျလည်း စားဖြစ်မှာ မဟုတ်တော့ဘူး။'

' လေးလေး ကလည်း ...။'

ရိပေါ် သူ့တူ ကို မကြည့်ပဲ ကားမောင်းနေတဲ့ ဟုန်လုံ ကို ဦးတည် ကြည့်လိုက်ပြီး ...

' အရှေ့မှာ တွေ့တဲ့ဆိုင် အရင် ဝင်လိုက် ...။'

ဟော်ရှင်း စူပုပ်ပုပ် နဲ့ အရှေ့ကို ကြည့်လိုက်ပြီး ...

' အရှေ့မှာ Center ပဲ ရှိတယ်။ ဘာစားသောက်ဆိုင်မှ မရှိဘူး။'

' ဒါဆိုလည်း အဲ့ကို အရင်ဝင်လိုက် ...။'

ဟော်ရှင်း ခြေရာတွေတောင် ထပ်ချင်နေပြီဖြစ်တဲ့ စင်တာ ကို သွားရမှာဆိုတော့ စူပုပ်ပုပ်နဲ့ လက်ပိုက်ပြီး တစ်ဖက်ကို လှည့်ပစ်လိုက်သည်။

~~~~~~~

စင်တာ ထဲတွင် ...

ရှောင်းကျန့် ဘာမှကြည့်စရာ မရှိတဲ့ စင်တာ ထဲ ခေါ်လာတဲ့ ယွီ့ကျင်း ကို ခေါင်းခေါက်ပစ်ချင်စိတ် ပေါက်လာသည်။

' ပြင်သစ် လာတာ ခုလို စင်တာ ထဲ လာပတ်ဖို့လား ...။'

ယွီ့ကျင်း ဟိုကြည့် ဒီကြည့် ကြည့်နေရင်း ရှောင်း ရဲ့ စကားကြောင့် နောက်လှည့်ကြည့်ပြီး ...

' အမြန် လာရလို့ ပါ လာတဲ့ အဝတ်အစားတွေက ဖြစ်သလို ထည့်လာရတာတွေချည်းပဲလေ။ ပြီးတော့ လည်ပြီ ပတ်ပြီဆိုလည်း ပုံက ရိုက်တော့မှာ။ အဲ့ဒါကြောင့် အဝတ်အစားတွေ မထပ်ရအောင် ဒီကို အရင် လာတာ ဘာဖြစ်လဲ? ...။'

' ဘာဖြစ်ရမှာလဲ ??? မင်းတို့ မိန်းကလေးတွေ စင်တာ ပတ်နေတာ ကြည့်ကောင်းတယ်လေ ...။ ငါကျ ယောကျာ်းကြီး ဖြစ်ပြီး ဘာမှမဝယ်ပဲ လျှောက်ကြည့်နေတာ ကြောင်တောင်တောင် နဲ့ ...။'

' နင်လည်း ကြိုက်တာတွေ့ရင် ဝယ်ပေါ့ ...။ ဒါမှ မဟုတ် မုန့်ဆိုင် တစ်ဆိုင်ဆိုင်တွေ့ရင် ဝင်စားပြီး စောင့်နေလိုက် ...။'

ရှောင်းကျန့် မုန့်ဆိုင်ဆိုမှ ဟိုဟို ဒီဒီ ကြည့်လိုက်ပြီး ...

' ပြီးရော ...။ ဒါဆို ငါ မုန့်ဆိုင်မှာပဲ စောင့်လိုက်တော့မယ်။'

ရှဲန့်မု လျှောက်ကြည့်နေရင်းနဲ့ သတိရလို့ နောက်ကို လှည့်ကြည့်တော့ သူ့ဆီ တစ်ယောက်တည်း လျှောက်လာနေတဲ့ ယွီ့ကျင်းကိုပဲ တွေ့ရတာကြောင့် ...

' ရှောင်း ရော ...။'

' သူ ပတ်ကြည့်ရမှာ ပျင်းလို့တဲ့ ...။ အဲ့ဒါကြောင့် မုန့်ဆိုင်မှာပဲ စောင့်နေခိုင်းလိုက်တာ ...။'

' ဪ ...။'

' အင်း ...။'

နှစ်ယောက်သား ဪ ... အင်း နဲ့ ပြီးသွားတော့ တစ်ယောက် ကို တစ်ယောက် ကြည့်မိပြီးမှ မျက်ဝန်းတွေ အမြန်ပြန်လွှဲပြီး အရှေ့ကို အလုအယက် လျှောက်သွားနေကြတယ်။

~~~~~~~~

' လေးလေး ...'

' ဘာလဲ ... ထမင်းမစားဘူး မပြောနဲ့နော် ...။'

' မပြောပါဘူး ...။ ကျနော် Toilet အရင် သွားမယ်လို့ ပြောတာ ...။'

ရိပေါ် ခေါင်း တစ်ချက် ညိတ်ပြလိုက်ပြီး ...

' ဟုန်လုံ ကို လိုက်ပို့ခိုင်း ...။'

' လေးလေး ကလည်း ကျနော် ကလေး မဟုတ်တော့ပါဘူး။ ပြီးတော့ ဟိုနား ဒီနား ကို ဘာလို့ လိုက်ပို့ခိုင်းနေရအုံးမှာလဲ ...။'

ရိပေါ် သူ့တူကို တစ်ချက်ကြည့်လိုက်ပြီး ...

' ကဲ ... ကဲ ... သွားမယ်ဆိုလည်း သွား ...။ မင်း နှုတ်ခမ်းကြီးလည်း ငါ့ကို လာမှန်နေအုံးမယ် ...။'

' ဟွန့် !!!!.'

ဟော်ရှင်း လေးလေး စကားကြောင့် မျက်စောင်း တစ်ချက်ထိုးပြီး ထွက်လာခဲ့လိုက်သည်။

~~~~~~~~

' ဟင်း !!!!!.'

ဟော်ရှင်း အိမ်သာ ထဲ ဝင်လာတော့ ဘယ်သူမှ မရှိဘူး ထင်နေတုန်း သက်ပြင်းချသံကြောင့် ပုခုံး တစ်ချက်တွန့်သွားပြီး ခေါင်းကလည်း ဟိုဟို ဒီဒီ လိုက်ရှာကြည့်လိုက်သည်။

' အ !!!!!။'

အသံက ထပ်ထွက်လာတာကြောင့် သူ့ ရပ်နေတဲ့ အနားက အခန်းထဲမှာ ဆိုတာ သိလိုက်ရသည်။

ကလေး ဆိုပေမယ့် ဒုက္ခရောက်နေတဲ့ လူ တွေ့ရင် ကူညီပေးချင်စိတ်လေး ရှိသူ ပီပီ အခုလည်း အိမ်သာထဲ လူ တစ်ခုခု ဖြစ်နေမယ် ထင်လိုက်တာနဲ့ လက် ကလည်း တံခါးကို ခေါက်ပြီးနေပြီ။

!!!! ဒေါက် ... ဒေါက် ...!!!!

ရှောင်းကျန့် ဗိုက် ရစ်နေလို့ အိမ်သာထဲ ကိုယ့်ဘာသာ ဒုက္ခများနေတုန်း တံခါး ခေါက်သံကြောင့် မျက်နှာ ရှုံ့မဲ့မဲ့ နဲ့ တံခါးကို မျက်စောင်းထိုးရင်း ကိုယ့်ကိစ္စကို ဆက်ရှင်းနေလိုက်သည်။

ထိုစဉ် ...

'!!!! ဒေါက် ... ဒေါက် ... အထဲက တစ်ခုခု ဖြစ်နေသလား ...။'

ဗိုက်ရစ်နေလို့ စိတ်ညစ်နေတာ တစ်မှောင့် ... အခုလည်း အိမ်သာထဲ လူ ရှိနေတာတောင် တံခါး လာခေါက်ပြီး မေးနေပြန်တဲ့ အပြင်က လူကြောင့် စိတ်က ပေါက်လာပါတော့သည်။

' လူ ရှိမှန်း သိနေရင်လည်း ဘာလို့ တံခါး ခေါက်နေသေးတာလဲ ...။'

ဟော်ရှင်း ပြင်သစ် လို ပြန်ပြောလာတဲ့ အထဲက လူရဲ့ လေသံက မာချင်ချင် ဖြစ်နေတာကို ခံစားမိတာကြောင့် ကိုယ့်ဘာသာ သွားစိရင်း ရယ်လိုက်ပြီး ...ဆောရီး ပြောလိုက်သည်။

' ဆောရီး ... ကျနော် က ခင်ဗျား တစ်ခုခု ဖြစ်နေတယ် ထင်လို့ပါ ...။'

ရှောင်းကျန့် လေကြော ထပ်ရှည်နေသေးတဲ့ အပြင်က အသံကြောင့် နှုတ်ခမ်း မဲ့လိုက်ပြီး ကိုယ့်ဘာသာ တရုတ်လို တိုးတိုး ပြောလိုက်သည်။

' ဗိုက် နာနေပါတယ်ဆိုမှ ပြင်သစ် မှာ အိမ်သာ တက်တာတောင် ကောင်းကောင်း မတက်ရဘူးလား ...။'

' အထဲက လူ ခင်ဗျားလည်း တရုတ် လား ???။ ကျနော် လည်း တရုတ် ပဲ။'

ရှောင်းကျန့် ဒီတစ်ခါတော့ တကယ် ပေါက်လာပြီ ပဲ ဖြစ်သည်။

' မင်း မသွားနိုင်သေးဘူးလား။ ငါ အိမ်သာ ကောင်းကောင်း တက်ပါရစေ။'

' အဟင်း ...။'

ဟော်ရှင်း အထဲက လူရဲ့ အသံကြောင့် သဘောကျသွားပြီး ရယ်လိုက်ရင်း ...

' ကျနော် က တရုတ် လူမျိုးနဲ့ တွေ့တော့ ဝမ်းသာသွားလို့ပါ။'

' ကဲ ... သွားပါတော့ ...။ အရမ်းဝမ်းသာနေရင်လည်း အပြင်မှာ စောင့်နေ။ တစ်နေကုန် စကားပြောချင်ရင်တောင် ထိုင်ပြောပေးမယ်။ အခုတော့ သွားပါတော့ ...။'

' အိုခေ ... အိုခေ ...။'

ထိုစဉ် ...

' ယို့ !!!! What's up!!! ဘယ်သူများလဲလို့ တရုတ် လူသားလေး ဝမ်ဟော်ရှင်း ပါလား ...။'

ဟော်ရှင်း ကြားလိုက်ရတဲ့ အသံကြောင့် အိမ်သာ ဝင်ပေါက်ကို ကြည့်လိုက်တော့ သူတို့ အတန်းထဲက ကျောင်းသားတွေ ...

သူ တောင် ခြေလှမ်းမရွှေ့ရသေးဘူး ၃ ယောက်က သူ့ အနား ရောက်လာသည်။

' မင်းက ကျောင်းမှာဆို လူတိုင်းကို မတူသလို မတန်သလိုနဲ့ အဖက်မလုပ်ပဲ အိမ်သာ ကျတော့လည်း အများသုံး အိမ်သာပဲ လာသုံးနေပါလား ...။'

ဟော်ရှင်း သူ့ရဲ့ တစ်ဖက် တစ်ချပ်မှာလည်း နှစ်ယောက်က ညှပ်နေပြီး အရှေ့မှာလည်း တစ်ယောက် ပိတ်ရပ်နေတာကြောင့် အိမ်သာ တံခါးရဲ့ နံရံမှာ ပြားကပ်နေရသည်။

အရှေ့မှာ ပိတ်ရပ်နေတဲ့ တစ်ယောက်က အခုထိ သူနဲ့ ထိမှာစိုးလို့ ကိုယ်ကို ကျုံ့ထားနေတဲ့ ဝမ်ဟော်ရှင်း ကို ကြည့်ပြီး သူ့ လူ နှစ်ယောက်ကို မျက်စ ပစ်လိုက်သည်။

ဘေးက နှစ်ယောက်ကလည်း ချုပ်ထားဖို့ ပြင်နေတုန်း ...

!!!!! ကလစ် !!!!!

!!!!! ဝှစ် !!!!!

!!!!! ဒုန်း !!!!!

ရုတ်တရက် အနောက်က အိမ်သာ တံခါး ပွင့်လာပြီး လက် ပဲ ဖျတ်ခနဲ မြင်ရပြီး ဝမ်ဟော်ရှင်း ကို ဆွဲသွင်းသွားတာကြောင့် ၃ ယောက်လုံး ကြောင်ကြည့်နေမိသည်။

ပြီးမှ ...

' ဘာလဲ ...။ ဘာဖြစ်သွားတာလဲ ...။'

ထိုအထဲမှ ခုန အရှေ့မှာ ပိတ်ရပ်နေတဲ့ တစ်ယောက်က ခုန စကားပြောတဲ့ တစ်ယောက်ကို တွန်းလိုက်ပြီး ...

' ဘာဖြစ်သွားတာလဲ လုပ်မနေနဲ့ ...။ တစ်ခုခု လုပ် ...။ အဲ့ ဖင်ခေါင်းကျယ်တဲ့ တရုတ်ကောင်ကို ဒီနေ့ ပညာပေးရမှ ကျေနပ်မယ် ...။'

အထဲက ရှောင်းကျန့် ကတော့ အပြင်က ကောင်တွေ ပြောနေတဲ့ အသံ ကြားတာနဲ့ မျက်စိ မျက်နှာပျက်နေတဲ့ ကောင်လေး ကို အေးဆေး ပါ ဆိုတဲ့ မျက်နှာပေးနဲ့ ခေါင်းတစ်ချက် ဆတ်ပြပြီး စိတ်အေးအေးထားဖို့ ပြောနေတယ်။

ခဏတာ အထိတော့ အပြင်က အသံကို မကြားရတာကြောင့် ရှောင်းကျန့် ဘယ်လိုလဲ သူ ပြောတဲ့ အတိုင်း အေးဆေး ပါ ဆိုတဲ့ မျက်နှာ အနေထားနဲ့ ထပ်ပြီး ခေါင်းဆတ်ပြလိုက်သည်။

ထိုစဉ် ...

!!!! ဗွမ်း !!!!

!!!! ဗွမ်း !!!!

' ဟား ... ဟား ... ဝမ်ဟော်ရှင်း မင်းက ပြေးတာကို အထဲကို ဝင်ပြေးချင်တာဆိုတော့ ခုလိုပဲ ရေချိုးပေးလိုက်တာပေါ့ကွ ...။'

' ဟား ... ဟား ... ဟား ...။'

ရှောင်းကျန့် သူ ကပါ အဆစ် ရေ လောင်းခံလိုက်ရတာကြောင့် အပြင်က ရယ်နေတဲ့ ကောင်ရဲ့ ပါးစပ်ထဲကို ခြေမ ဆို့ပေးချင်လာသည်။

' မင်း ကြွက်စုတ် ဖြစ်နေတာကို video ရိုက်ချင်ပေမယ့် အခု တစ်ခါတော့ လွှတ်ပေးလိုက်မယ် ...။'

!!!! ဗုန်း !!!!

!!!! ဗုန်း !!!!

' သွားပြီနော် ... တရုတ် ကြွက်စုတ်လေး...။'

အပြင်က ၃ ယောက် ရယ်လက်စ နဲ့ အိမ်သာ တံခါးကို လက်ဝါး တစ်ချက်ရိုက်လိုက်ပြီး ထွက်သွားလိုက်ကြသည်။

ရှောင်းကျန့် ရေကို ခေါင်းကနေ အလောင်း ခံလိုက်ရတာဖြစ်တာကြောင့် သူ့ မျက်နှာ ငါး အကြေးခွံ ထွက်လာပြီဆိုတာ သိလိုက်တာနဲ့ တစ်ချက် စမ်းကြည့်လိုက်ပြီး ကောင်လေး သူ့ကို လန့်သွားလေမလား ဆိုတဲ့ အသိနဲ့ ငုံ့ကြည့်တော့ ...

' ဟင် !!!! မင်း ????.'

ဟော်ရှင်း မထင်ထားတဲ့ ရေ လောင်းခံလိုက်ရတာဖြစ်တာကြောင့် အခု သူနဲ့ အတူ သူစိမ်း ရှိနေတာကို မေ့ပြီး ကြောင်နေတုန်း သူစိမ်း ဆီက အသံကြားတော့မှ သူ့ မျက်နှာ ကို အုပ်လိုက်သည်။

ဒါပေမယ့် မမီတော့ပါ ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.18 ( Sat ) တစ်ပိုင်း တစ်ပိုင်း အရမ်းကြာတဲ့ အတွက် တောင်းပန်ပါတယ်။ အခု အလုပ်ချိန်က မနက်ပိုင်း ကနေ ည ၁၀ နာရီထိ ဖြစ်တာကြောင့် ဘယ်လိုမှ ရေးလို့ အဆင်မပြေတော့တာ ...။

Zawgyi

ပင္လယ္ ေရေအာက္၏ တစ္ေနရာတြင္ ...

' မင္းသမီး က တကယ္ပဲ ကုန္းေပၚ တက္သြားၿပီး ဟိုေကာင္ေနာက္ လိုက္သြားတာလား ...။'

' ဟုတ္ကဲ့။ အေပၚမွာ ရွိတဲ့ က်ေနာ္တို႔လူ ဆီက အဲ့လို သတင္းရထားပါတယ္။ ၿပီးေတာ့ ...။'

မုလုံ ဆက္မေျပာပဲ ရပ္သြားတဲ့ သူ႔ လူကို လွည့္ၾကည့္ေတာ့ ေျပာရမလား၊ မေျပာရဘူးလား ဆိုၿပီး မဝံ့မရဲ ျဖစ္ေနတာေၾကာင့္ စကား ဆက္ေပးလိုက္သည္။

' ၿပီးေတာ့ ဘာျဖစ္တာလဲ ...။'

' ဟို ... မင္းသမီး နဲ႔ ေရွာင္းက်န္႔ က အခု လူသား တစ္ေယာက္နဲ႔ ႏိုင္ငံျခားကို သြားခဲ့ၿပီလို႔ ေျပာပါတယ္။'

' ဘယ္လို !!!!! ႏိုင္ငံျခားထိ ...။ ဘယ္ႏိုင္ငံ သြားတာလဲ ...။'

' ျပင္သစ္ ပါ ...။'

မုလုံ နည္းနည္း ေဝးတဲ့ တစ္ေနရာကို ခပ္ေငးေငး ၾကည့္လိုက္ၿပီး ...

' မင္းသမီး က ေျခလွမ္းေတြ အရမ္းသြက္ေနပါလား ...။ ၿပီးေတာ့ ဟိုေကာင္ ေရွာင္းက်န္႔ကေရာ ဘာလို႔ ကုန္းေပၚ တက္သြားသလဲ ဆိုတဲ့ အေၾကာင္း သိရၿပီလား။'

' မ ... မသိရေသးပါဘူး ...။'

' ဟုတ္ၿပီ။ ဆက္စုံစမ္းထား ...။'

' ဟုတ္ကဲ့ ...။'

~~~~~~~~

ျပင္သစ္ ...

ေပက်င္း ကေန လာတဲ့ ၃ ေယာက္က ဟိုတယ္ ေရာက္မွ ျပႆနာ တက္ပါေတာ့သည္။

' ဟာ ... သူနဲ႔ အတူမေနခ်င္ဘူး။'

ယြီ႕က်င္း သူ႔ကို ႐ြံရွာသလို နဲ႔ ဖ်တ္ဖ်တ္လူးၿပီး ေျပာလာတဲ့ မင္းသမီး ဆိုတဲ့ တစ္ေယာက္ ကို ၾကည့္ရင္း အျမင္ကပ္လာသည္။

ဒါေပမယ့္ ၾကည့္ေနရင္းနဲ႔ ညစ္ပတ္ခ်င္တဲ့ စိတ္က ေပၚလာတာေၾကာင့္ ဘာမွျပန္ခံမေျပာေတာ့ပဲ လက္ေတြ႕လုပ္ဖို႔ ဆုံးျဖတ္ရင္း သူ႔ကို ႐ြံရွာသလို လုပ္ျပေနတဲ့ မင္းသမီး အနားကို သြားၿပီး ပုခုံးေပၚ လက္တင္လိုက္သည္။

' ဘာလို႔လဲ မင္းသမီးရဲ႕ ...။ ငါနဲ႔ မေနခ်င္ေတာ့ ေယာက်ာ္းေလး ျဖစ္တဲ့ ေရွာင္း နဲ႔ အတူေနခ်င္တာလား ...။ မင္းသမီး ျဖစ္ၿပီး နည္းနည္းပါးပါးေတာင္ မစဥ္းစားတတ္ဘူးလား။ ေယာက်ာ္းေလးနဲ႔ မိန္းကေလး ဘယ္လို အတူေနလို႔ သင့္ေတာ္မလဲ ...။ ဟင္ ?????.'

ရွဲန္႔မု သူ႔ကို လာဖက္ထားသလို ျဖစ္ေနတာကို ႐ုန္းလိုက္သည္။ ဒါေပမယ့္ သူ ႐ုန္းမွ သူ႔ရဲ႕ လက္ေမာင္းကိုပါ ပိုဖက္လာတဲ့ တစ္ေယာက္ေၾကာင့္ မ်က္ေစာင္းထိုးလိုက္ၿပီး ...

' နင့္ရဲ႕ လက္ကို ဖယ္ၿပီး ေဝးေဝးေနစမ္းပါ ...။'

' အဟင္း ...။'

ယြီ႕က်င္း မင္းသမီး က သည္းေလ ပိုၿပီး စ ခ်င္လာေလ ျဖစ္တာေၾကာင့္ ဖက္ထားတာကေနလည္း မဖယ္ေပးပဲ သြားၿဖီးယုံ တမင္ ရယ္ျပလိုက္ၿပီး ...

' မဖယ္ပါဘူး။ မင္းသမီး က ဘာလို႔ ငါနဲ႔ အတူမေနခ်င္ဘူး ဆိုတာကို သိခ်င္လို႔ ...။'

ေရွာင္းက်န္႔ ကေတာ့ အဝတ္ေသတၱာကို တစ္ေယာက္တည္း တြန္းလာရတာေၾကာင့္ ေမာလည္း ေမာ၊ အခု မိန္းကေလး ႏွစ္ေယာက္ကလည္း ထပ္ၿပီး ရင္ေမာ ေစတာေၾကာင့္ ဘာစကားမွ ဝင္မစြက္ဖက္ျခင္းနဲ႔ ဟိုတယ္မွာ ဧည့္သည္ေတြ အတြက္ ထား ထားေပးတဲ့ ခုံမွာ နားေအး ပါးေအး သြားထိုင္ေနလိုက္သည္။

ဧည့္ႀကိဳ က ေကာင္ေလး ကလည္း ေကာင္တာ ေရွ႕မွာ လာၿပီး ျငင္းခုံေနၾကတဲ့ ဧည့္သည္ ႏွစ္ေယာက္ၾကား ဝင္ၿပီး ေျပာခ်င္ေပမယ့္ အခုခ်ိန္မွာ ျဖတ္ဝင္ႏိုင္တဲ့ လမ္း မရွိေအာင္ ဧည့္သည္ ႏွစ္ေယာက္က သူ တစ္ခြန္း ငါ တစ္ခြန္း ေျပာေနၾကတာ ျဖစ္သည္။

ဧည့္ႀကိဳ ေကာင္ေလး ဧည့္သည္ ႏွစ္ေယာက္ကို ၾကည့္ၿပီး ဘယ္လိုလုပ္ရမလဲ ေခါင္းကုတ္ရင္း စဥ္းစားေနတုန္း ေခါင္းထဲမွာ သူ ၾကည့္ထားမိတဲ့ ဟာသ တစ္ခုကို သတိရသြားသည္။

အဲ့ဒါေၾကာင့္ သူ႔လက္ကို ေျမႇာက္လိုက္ၿပီး ...

' ခဏေလး ပါ ...။ ခဏေလး ပါ ...။'

ယြီ႕က်င္းလည္း ၾကားလိုက္ရတဲ့ အသံေၾကာင့္ မင္းသမီး ပုခုံးေပၚ တင္ထားတဲ့ သူ႔လက္ကို ႐ုတ္လိုက္ၿပီး အသံ ထြက္လာတဲ့ ေကာင္ေလး ဆီကို ၾကည့္လိုက္သည္။

ရွဲန္႔မု လည္း ေကာင္ေလး ဘက္ကို လွည့္ၾကည့္လိုက္သည္။

' အဟင္း ...။'

ေကာင္ေလး လည္း ဧည့္သည္ စိတ္မကြက္ရေလေအာင္ အရင္ ရယ္ျပလိုက္ၿပီးမွ စကား ဆက္ေျပာလိုက္သည္။

' ဒီလိုပါ ...။ ဒီက ဧည့္သည္ ေတြ လူခ်င္း မခြဲခ်င္ဘူးဆိုရင္ က်ေနာ္ တို႔ ဟိုတယ္ရဲ႕ ဇိမ္ခံ အခန္းကို အရင္ ၾကည့္ ၾကည့္မလား အႀကံေပးခ်င္လို႔ပါ။'

' မလိုဘူး ...၊ မလိုဘူး ...။'

ေရွာင္းက်န္႔ ခုလို ႏိုင္ငံျခားထိ လာလည္ၿပီးမွေတာ့ ေအးေအး ေဆးေဆး ေနခ်င္ပါေသးတယ္။ အဲ့ဒါေၾကာင့္ ၃ ေယာက္ အတူေနရမယ့္ အေရးကို အျမန္ဝင္ေျပာလိုက္တာ ျဖစ္သည္။

' တစ္ေယာက္ တစ္ခန္းကိုမွ ကပ္ရပ္ အခန္းေတြပဲ ေပးလိုက္ပါေတာ့ ...။ ငါ အရမ္း နားခ်င္ေနၿပီ။'

ယြီ႕က်င္း အနား ေရာက္လာၿပီး ဝင္ လွ်ာရွည္လာတဲ့ ေရွာင္း ကို တစ္ခ်က္ ေစာင္းၾကည့္ရင္း ...

' တစ္ေယာက္ ခန္းေတြ မရွိေတာ့လို႔ ခုေလာက္ထိ စကားေျပာေနရတာေလ။ ရရင္ စကတည္းက တစ္ေယာက္ တစ္ခန္း ယူၿပီးေနၿပီ။'

ေရွာင္းက်န္႔ ကေတာ့ ၃ ေယာက္ကို ဘယ္လိုမွ မေနခ်င္တာေၾကာင့္ ယြီ႕က်င္း ေျပာတာကို ခ်က္ခ်င္း ျပန္ေျပာလိုက္သည္။

' အဲ့ဒါဆိုလည္း ႏွစ္ေယာက္ခန္း ႏွစ္ခန္း ေပးလိုက္။ ငါ တစ္ခန္း ေနမယ္။ မင္း နဲ႔ မင္းသမီးက တစ္ခန္း ေနလိုက္။'

ေရွာင္းက်န္႔ သူ ေျပာလိုက္တာနဲ႔ မိန္းကေလး ႏွစ္ေယာက္ဘက္ကို ဟိုၾကည့္ ဒီၾကည့္ လုပ္ေနတဲ့ ဧည့္ႀကိဳေကာင္ေလး ကို သူ႔ဘက္ အာ႐ုံေရာက္ေအာင္ အသံ နည္းနည္း ျမႇင့္ၿပီး ဆက္ေျပာလိုက္သည္။

' ကဲ ... အစ္ကို ေျပာသလို လုပ္။ အခု အစ္ကို ေနရမယ့္ အခန္းကို ေသာ့ အရင္ေပးလိုက္ ...။'

' ဟုတ္ ...။ ဟုတ္ကဲ့ ...။'

ေရွာင္းက်န္႔ သူ႔ကို ေသာ့ ေပးလာတာနဲ႔ သူ႔ ေသတၱာကို ဆြဲၿပီး အရင္ ထြက္လာခဲ့လိုက္သည္။

~~~~~~~

ေရွာင္းက်န္႔ သူ႔ အခန္းထဲေရာက္မွ အဝတ္ေသတၱာကို တြန္းပစ္ရင္း ေရခ်ိဳးခန္း ထဲ အရင္ ဝင္သြားလိုက္သည္။

' အားးးးး !!!!!.'

' ဖ်ပ္ ... ဖ်ပ္ ...။'

ေရွာင္းက်န္႔  သူ႔ရဲ႕ အၿမီးကို ေရကန္ထဲ တစ္ဖ်ပ္ဖ်ပ္ ခတ္လိုက္ရင္း ...

' အခုမွပဲ ေနသာ ထိုင္သာ ရွိသြားေတာ့တယ္။'

ေရကန္ ေဘာင္မွာ ေခါင္းတင္ၿပီး မ်က္လုံးေတြ မွိတ္ထားရင္း အေတြးထဲ သူ႔က်ဲ မဆုံးခင္က မ်က္ႏွာကို ျမင္ေယာင္လာသည္။ တစ္ၿပိဳင္နက္ သူ႔မွာ တူေလး ကို ရွာရမယ့္ အဓိက ကိစၥကို သတိရလာတယ္။

' ဟုတ္သား !!!! တူေလးကို ဘယ္ကေန စ ရွာရမလဲ။ က်ဲ ကလည္း သူ႔မွာ လူသားနဲ႔ ရတဲ့ ကေလး ရွိၿပီး ရွာခိုင္းတာကလႊဲၿပီး ဘာမွ ထပ္မေျပာသြားဘူး။'

ေရွာင္းက်န္႔ ဘယ္ကေန အစ ရွာရမလဲ စဥ္းစားရင္း ဘာမွ စဥ္းစား မရတာေၾကာင့္ ေရကန္ထဲကို တေျဖးေျဖး ေလွ်ာဆင္းၿပီး ေခါင္းကိုပါ နစ္ ထားလိုက္သည္။

~~~~~~~

အခန္း တစ္ခန္းထဲတြင္ ေကာင္မေလး ႏွစ္ေယာက္ တစ္ခုပဲ ရွိတဲ့ ကုတင္ကို ၾကည့္ၿပီး တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ျပန္ၾကည့္လိုက္ၾကသည္။

ၿပီးမွ ကုတင္ဘက္ကို ျပန္ၾကည့္ၿပီး တိုင္ပင္စရာ မလိုပဲ ကုတင္ဆီ ေျပးၾကတယ္။

' အ !!!! မုယြီ႕က်င္း !!!!။'

ရွဲန္႔မု သူ အရင္ ဝင္လွဲေပမယ့္ သူ႔အေပၚကို ထပ္လွဲခ်လာတဲ့ မုယြီ႕က်င္းေၾကာင့္ အသံထြက္သြားရသည္။

' ဖယ္စမ္း ... ငါ အရင္ ရတာ ...။'

ယြီ႕က်င္း ဖိ ထားရာကေန လက္ႏွစ္ဖက္ေထာက္လိုက္သည္။ ဖယ္ေတာ့ မဖယ္ေပးေသးပါ။

ရွဲန္႔မု လည္း ႐ုန္းေနရာကေန သူ႔ကို အုပ္မိုးထားၿပီး စိုက္ၾကည့္ေနတဲ့ မုယြီ႕က်င္းကို ေၾကာင္ၾကည့္မိေနတယ္။

အဲ့ဒီအခ်ိန္ ခဏေလးမွာ ႏွစ္ေယာက္တည္း ကမာၻရွိတယ္ ထင္ရေလာက္ေအာက္ တိတ္ဆိတ္သြားတယ္။ အသက္ရွဴသံကလည္း ရင္ခုန္သံေအာက္မွာ ၿငိမ္ဝပ္ပိျပားလို႔ေပါ့ ...။

!!! ဒုတ္ ... ဒုတ္ ...!!!

အခန္းထဲမွာ ႏွစ္ေယာက္ရဲ႕ အၿပိဳင္ရင္ခုန္သံကလႊဲလို႔ ဘာဆို ဘာသံမွ မၾကားရပါ။

အခ်ိန္ ဘယ္ႏွစ္စကၠန္႔ေလာက္ ျဖတ္ေက်ာ္သြားသည္ မသိ ...

အရင္ အသိဝင္လာသူက ေရသူ မင္းသမီးေလးေပါ့ ...။

ရွဲန္႔မု မ်က္ေတာင္ တစ္ခ်က္ ႏွစ္ခ်က္ ခတ္လိုက္ၿပီး သူ႔ကို အုပ္မိုးၿပီး စိုက္ၾကည့္ေနတဲ့ မုယြီ႕က်င္းကို တြန္းပစ္လိုက္သည္။

' ဖယ္စမ္းပါ ...။'

ယြီ႕က်င္းလည္း တြန္းခံရတာကို အခြင့္အေရး ယူၿပီး မ်က္ႏွာ နီရင္း လည္ပင္း ပြတ္လိုက္၊ ေခါင္းကို ဖြ လိုက္နဲ႔ ရွက္ေနတာကို ဖုံးကြယ္ေနပါတယ္။

~~~~~~~~

ျပင္သစ္ က အိမ္တစ္အိမ္တြင္လည္း ...

' ေနာ္ ... ေနာ္ ... လို႔ ...။'

' ေဟာ္ရွင္း ... ဖယ္စမ္း!!! အဲ့လို ေနရာ သြားရေအာင္ ငါက ကေလး လား ...။'

' ေလးေလး ပဲ အသဲကြဲေနတယ္ဆို ...။ အဲ့ဒါေၾကာင့္ ကစားကြင္း သြားၿပီး ေရခဲမုန္႔ သြားဝယ္စား၊ ၿပီးရင္ ေလးေလး ေၾကာက္တဲ့ ရဟတ္ အျမင့္ႀကီးကို စီးပစ္လိုက္ ...။'

ရိေပၚ သူ႔ကို ကေလး ကလား အလုပ္ေတြ လုပ္ဖို႔ ေျပာေနတဲ့ ေဟာ္ရွင္း ေၾကာင့္ မ်က္ေမွာင္ ႀကဳံ႔၊ ႏႈတ္ခမ္းေတြ မဲ့႐ြဲ႕လိုက္ၿပီး ...

' သြားခ်င္ရင္ လိုက္ပို႔မယ္။ ၿပီးရင္ ငါ ကား ထဲမွာပဲ ေစာင့္ေနမယ္။ မင္း ဘာသာ ႀကိဳက္သေလာက္သြားေဆာ့၊ ႀကိဳက္တာ သြားဝယ္စား။'

ေဟာ္ရွင္း ေလးေလး အနား ထိုင္ေနရင္းကေန ဆိုဖာ လက္ရမ္းနားထိ တိုးထိုင္လိုက္ၿပီး ႏႈတ္ခမ္းလည္း စူ ထားရင္း ...

' က်ေနာ္ က အဲ့ေနရာေတြ သြားဖူးေနၿပီ။ ေလးေလး ကို စိတ္သက္သာရာ ရေစခ်င္လို႔ သြားေစခ်င္တာ...။ ေလးေလး မသြားမွေတာ့ က်ေနာ္ က ဘာသြားလုပ္ရမွာလဲ ...။'

' လူႀကီး တစ္ေယာက္ အသဲကြဲတာကို ကေလး ကစားကြင္း သြားခိုင္းတာ မင္း တစ္ေယာက္ဆီကပဲ ၾကားဖူးေသးတယ္။'

' က်ေနာ္ ဆိုလည္း တစ္ေယာက္တည္း ပ်င္းလာရင္ ကစားကြင္း သြားၿပီး ရဟတ္ စီးၿပီး ေအာ္ဟစ္ ပစ္လိုက္တာပဲ။'

ရိေပၚ ဒီတစ္ခါေတာ့ ေဟာ္ရွင္း ဘက္ကို ေသခ်ာျပန္ၾကည့္ၿပီး စိတ္မေကာင္းလည္း ျဖစ္သြားသည္။

သူ အ႐ြယ္မေရာက္ေသးတဲ့ ကေလး တစ္ေယာက္ကို စိတ္ဒဏ္ရာ ေပးေနမိၿပီလား ...။

' ကဲ ... မနက္ျဖန္ သြားၾကမယ္။ ဟုတ္ၿပီလား ...။'

ေဟာ္ရွင္း မ်က္ဝန္းေတြ လက္ သြားၿပီး တစ္ခါ ေလးေလး အနား ျပန္တိုးလာၿပီး လက္ေမာင္း ကို ထပ္ဖက္ၿပီး ပါး ပါ အပ္ထားလိုက္ရင္း ...

' ေလးေလး တကယ္ လိုက္မွာေနာ္ ...။'

' ထပ္ေမးရင္ ငါ စိတ္ေျပာင္းလိုက္မွာ ...။'

' အိုေခ ... အိုေခ ...။ မေမးေတာ့ဘူး ...။'

ရိေပၚ ၿပဳံးေပ်ာ္ေနတဲ့ မ်က္ႏွာေလးနဲ႔ သူ႔ေပါင္ေပၚ ေခါင္းတင္ရင္း ေဘးေစာင္းၿပီး TV ဘက္ မ်က္ႏွာမူသြားတဲ့ ေဟာ္ရွင္း ရဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးေနလိုက္သည္။

~~~~~~~~

ေနာက္တစ္ေန႔ ေရာက္ေသာ္ ...

ကုတင္ တစ္ခုေပၚမွာ တစ္ေယာက္က ေဘးတစ္ေစာင္း အိပ္ေနၿပီး ေဘးေစာင္းထားတဲ့ ပုခုံးေပၚမွာေတာ့ လက္တစ္ဖက္ တင္ထားခံေနရတယ္။

ရွဲန္႔မု အိပ္ေနရင္း ေညာင္းသလို ျဖစ္လာတာေၾကာင့္ ပက္လက္ အေနထားမွာ ျပန္လွည့္ၿပီး မ်က္လုံးကို ေျဖးေျဖးခ်င္း ဖြင့္လိုက္သည္။

မ်က္လုံး ဖြင့္ၿပီးတာနဲ႔ ရင္ဘတ္ေပၚမွာ ခပ္ေလးေလး တင္ထားတဲ့ အရာကို ဆြဲယူၾကည့္ေတာ့ လက္ တစ္ဖက္ ...

ကိုင္ထားတဲ့ လက္ ေကာက္ဝတ္ က ေန ေျဖးေျဖးခ်င္း ၾကည့္သြားေတာ့ သူ႔ဘက္ကို ေဘးေစာင္း အေနထားနဲ႔ အိပ္ေပ်ာ္ေနတဲ့ မုယြီ႕က်င္း ...

!!!! ဘုတ္ !!!!.

ရွဲန္႔မု ကိုင္ထားတဲ့ လက္ကို ပစ္ခ်ၿပီး ခ်က္ခ်င္း ထ ထိုင္လိုက္သည္။ မုယြီ႕က်င္း ကို ၾကည့္ေတာ့ မႏႈိးလာေသးပါ။

ရွဲန္႔မု သူ ဦးထားတဲ့ ကုတင္ေပၚကို ခြင့္ျပဳခ်က္ မရပဲ တက္လာအိပ္ရဲတဲ့ မုယြီ႕က်င္း ကို ညင္ညင္သာသာ မလုပ္ခ်င္ေတာ့တာေၾကာင့္ လက္နဲ႔ တြန္းမခ်ေတာ့ပဲ ေျခေထာက္ နဲ႔ ကန္ခ်ပစ္လိုက္ေတာ့သည္။

!!!!! ဘုန္း !!!!!

!!!! အား ...!!!!

ယြီ႕က်င္း ဘာအေမြးပြမွ မခင္းထားတဲ့ ၾကမ္းခင္းေပၚ က်သြားတာ ျဖစ္တာေၾကာင့္ ဖင္ ကို ပြတ္ရင္း ညည္းညဴလိုက္သည္။

' အား !!!! ကြၽတ္ကြၽတ္ !!!! အိပ္ေနရင္းနဲ႔ ကုတင္ေပၚကေန ျပဳတ္မက်တာ ၾကာပါၿပီ။ ခုက ဘယ္လို ျဖစ္ရတာလဲ ...။'

ရွဲန္႔မု ခုထိ အိပ္ခ်င္မူးတူးနဲ႔ သူ႔ အထုပ္ သူ ျဖည္ေနတဲ့ မုယြီ႕က်င္း ကို ဘာသံမွ မေပးေသးပဲ ကုတင္ေပၚကေန က်က် နန ထိုင္ၾကည့္ေနရင္း စိတ္ထဲတြင္လည္း ဒီလိုမွန္းသိ ခပ္ျပင္းျပင္း ေဆာင့္ကန္ လိုက္ပါတယ္ ... ဆိုၿပီး ေနာင္တ ေတြ ရေနပါတယ္။

~~~~~~~~~

!!!! ဖလုံး !!!!

!!!! ဘုန္း !!!!

' ဟင္ !!!!!.'

ေရွာင္းက်န္႔ အသံေတြ အက်ယ္ႀကီး ထြက္လာေတာ့မွ မ်က္လုံးကို ဖြင့္ၾကည့္ေတာ့ ...

သူက မေန႔က အတိုင္း ေရခ်ိဳးကန္ထဲမွာပဲ ရွိေနေသးတာကို ေတြ႕လိုက္ရသည္။

' ငါ ... ေရစိမ္ေနရင္း အိပ္ေပ်ာ္သြားခဲ့တာလား ...။'

ေရွာင္းက်န္႔ ေရခ်ိဳးခန္းရဲ႕ မွန္ျပတင္းကေန ၾကည့္ေတာ့ မနက္ေရာက္ေနတဲ့ အေနထားနဲ႔ လုံေလာက္တဲ့ အလင္းေရာင္ကို ျမင္ေနရတာၿပီ ျဖစ္တာေၾကာင့္ အျမန္ ထ ၿပီး ေရခ်ိဳးကန္ထဲက ထြက္လိုက္သည္။

' ဟို ႏွစ္ေယာက္ အရင္ မ ထ ပါေစနဲ႔ !!!!.'

ေရွာင္းက်န္႔ တိုးတိုး ေရ႐ြတ္ရင္း အဝတ္အစားေတြ အျမန္လဲလိုက္သည္။

~~~~~~~~

ေရွာင္းက်န္႔ သူ ျပင္ဆင္ၿပီး ထြက္လာေတာ့ ဖုန္းကို တစ္ခ်က္ၾကည့္လိုက္သည္။ ၈ နာရီ ခြဲခါနီး ျပေနတယ္။

သူ႔အခန္း တံခါးကို အရင္ လာေခါက္ပုံ မရဘူးဆိုေတာ့ အဲ့ႏွစ္ေယာက္ သူ႔ထက္ေတာင္ အိပ္ယာထ ေနာက္က်ေနတယ္ ဆိုတဲ့ သေဘာပဲ မလား။

!!!! ေဒါက္ ... ေဒါက္ ...!!!!

ယြီ႕က်င္း သူက အဝတ္အစား လဲ႐ုံနဲ႔ ျပင္ဆင္တာ ၿပီးသြားၿပီဆိုေတာ့ သူပဲ တံခါး သြားဖြင့္လိုက္သည္။

' ေရွာင္း !!!!.'

ေရွာင္းက်န္႔ သူ႔ကို ျမင္ၿပီး ေခၚတဲ့ အသံက တစ္မ်ိဳးႀကီးလို႔ ခံစားရတာေၾကာင့္ ယြီ႕က်င္း ကို ၾကည့္ေတာ့ သူ႔ကို အၾကည့္မခံပဲ ေရွာင္ေနတယ္။ ၿပီးေတာ့ နား႐ြက္ေတြကပါ နီ ေနတယ္။ မေျပာနဲ႔ေနာ္ ျပင္သစ္ ေရာက္မွ မုယြီ႕က်င္း ငါ့ကို ႀကိဳက္သြားတာလို႔ ....။

အေတြးထဲမွာေတာင္ ေၾကာက္စရာ ေကာင္းတာမို႔ ႏႈတ္ကေနလည္း ခ်က္ခ်င္း ထုတ္ေျပာလိုက္သည္။

' မုယြီ႕က်င္း မင္း အခု ငါ့ကို ရွက္ေနတာ၊ ငါ့ကို ႀကိဳက္ေနတာလား ...။'

' ရွက္ေနတာက ႀကိဳက္ေနတယ္လို႔ ဆိုလိုတာလား ...။'

ေရွာင္းက်န္႔ ခုက်လည္း သူ႔ကို တည့္တည့္ၾကည့္ရင္း ေမးလာတဲ့ ယြီ႕က်င္းရဲ႕ မ်က္ႏွာက သူ႔ကို ႀကိဳက္ေနတဲ့ ပုံစံ မဟုတ္တာေၾကာင့္ သူပဲ အေတြးမ်ားေနတာလားလို႔ ေတြးရင္း မသိဘူး ဆိုတဲ့ သေဘာနဲ႔ လက္တစ္ခ်က္ ရမ္းလိုက္ၿပီး ...

' မသိဘူး ...။ အခု မင္းတို႔ကို လာႏႈိးတာ ...။ မနက္စာ သြားစားၾကမယ္။ ငါ ဗိုက္ဆာေနၿပီ။'

ေရွာင္းက်န္႔ သူ က အာေပါင္ အာရင္းသန္သန္ နဲ႔ ေျပာေနသေလာက္ အေတြးမ်ားေနတဲ့ ပုံစံနဲ႔ ဘာမွျပန္မေျပာပဲ ရပ္ေနတဲ့ ယြီ႕က်င္း ကို စိတ္မရွည္စြာ ၾကည့္ၿပီးမွ အခန္း အတြင္းဘက္ကို ေက်ာ္ၾကည့္ရင္း ...

' မင္းသမီး ေကာ ... မင္းသမီး မႏႈိးေသးဘူးလား ...။'

' မင္းသမီး !!!!'

ယြီ႕က်င္း မင္းသမီး ဆိုတဲ့ အသံ ၾကားတာနဲ႔ မ်က္ဝန္းထဲ တစ္ခ်ိဳ႕ပုံရိပ္ေတြ ထင္ဟပ္လာျပန္သည္။

' မသိဘူး !!!!.'

' အမ္ !!!!!.'

မသိဘူး ဆိုၿပီး လက္သည္း ကိုက္ရင္း ထြက္သြားတဲ့ ယြီ႕က်င္း ေၾကာင့္ ေရွာင္းက်န္႔ ေၾကာင္ၾကည့္႐ုံသာ တတ္ႏိုင္သည္။

ထိုစဥ္ ...

' ေရွာင္း !!!!.'

' မင္း သ ...။'

ေရွာင္းက်န္႔ သူေတာင္ စကား မဆုံးေသးဘူး၊ ခုန ယြီ႕က်င္း ျဖစ္သလို ပုံစံနဲ႔ မင္းသမီးကလည္း သူ႔ထက္ အရင္ ထြက္သြားျပန္တယ္။

' ဘာလဲ ဟ ...။ ဘာေတြ ျဖစ္ေနၾကတာလဲ ...။'

~~~~~~~

ျပင္သစ္ ၿမိဳ႕ထဲက မီးပြိဳင့္ တစ္ေနရာတြင္ မီးနီ မိေနေသာ ကား တစ္စီးေပၚမွာေတာ့ ...

' ဆရာ ... က်ေနာ္ ဘယ္ကို အရင္ ေမာင္းရမွာလဲ ...။'

' မနက္စာ အရင္ စားမယ္ ...။'

' က်ေနာ္ ဗိုက္မဆာေသးဘူး။'

' မဆာလည္း စားရမယ္။ မင္း သြားေဆာ့တဲ့အခါက်လည္း စားျဖစ္မွာ မဟုတ္ေတာ့ဘူး။'

' ေလးေလး ကလည္း ...။'

ရိေပၚ သူ႔တူ ကို မၾကည့္ပဲ ကားေမာင္းေနတဲ့ ဟုန္လုံ ကို ဦးတည္ ၾကည့္လိုက္ၿပီး ...

' အေရွ႕မွာ ေတြ႕တဲ့ဆိုင္ အရင္ ဝင္လိုက္ ...။'

ေဟာ္ရွင္း စူပုပ္ပုပ္ နဲ႔ အေရွ႕ကို ၾကည့္လိုက္ၿပီး ...

' အေရွ႕မွာ Center ပဲ ရွိတယ္။ ဘာစားေသာက္ဆိုင္မွ မရွိဘူး။'

' ဒါဆိုလည္း အဲ့ကို အရင္ဝင္လိုက္ ...။'

ေဟာ္ရွင္း ေျခရာေတြေတာင္ ထပ္ခ်င္ေနၿပီျဖစ္တဲ့ စင္တာ ကို သြားရမွာဆိုေတာ့ စူပုပ္ပုပ္နဲ႔ လက္ပိုက္ၿပီး တစ္ဖက္ကို လွည့္ပစ္လိုက္သည္။

~~~~~~~

စင္တာ ထဲတြင္ ...

ေရွာင္းက်န္႔ ဘာမွၾကည့္စရာ မရွိတဲ့ စင္တာ ထဲ ေခၚလာတဲ့ ယြီ႕က်င္း ကို ေခါင္းေခါက္ပစ္ခ်င္စိတ္ ေပါက္လာသည္။

' ျပင္သစ္ လာတာ ခုလို စင္တာ ထဲ လာပတ္ဖို႔လား ...။'

ယြီ႕က်င္း ဟိုၾကည့္ ဒီၾကည့္ ၾကည့္ေနရင္း ေရွာင္း ရဲ႕ စကားေၾကာင့္ ေနာက္လွည့္ၾကည့္ၿပီး ...

' အျမန္ လာရလို႔ ပါ လာတဲ့ အဝတ္အစားေတြက ျဖစ္သလို ထည့္လာရတာေတြခ်ည္းပဲေလ။ ၿပီးေတာ့ လည္ၿပီ ပတ္ၿပီဆိုလည္း ပုံက ႐ိုက္ေတာ့မွာ။ အဲ့ဒါေၾကာင့္ အဝတ္အစားေတြ မထပ္ရေအာင္ ဒီကို အရင္ လာတာ ဘာျဖစ္လဲ? ...။'

' ဘာျဖစ္ရမွာလဲ ??? မင္းတို႔ မိန္းကေလးေတြ စင္တာ ပတ္ေနတာ ၾကည့္ေကာင္းတယ္ေလ ...။ ငါက် ေယာက်ာ္းႀကီး ျဖစ္ၿပီး ဘာမွမဝယ္ပဲ ေလွ်ာက္ၾကည့္ေနတာ ေၾကာင္ေတာင္ေတာင္ နဲ႔ ...။'

' နင္လည္း ႀကိဳက္တာေတြ႕ရင္ ဝယ္ေပါ့ ...။ ဒါမွ မဟုတ္ မုန္႔ဆိုင္ တစ္ဆိုင္ဆိုင္ေတြ႕ရင္ ဝင္စားၿပီး ေစာင့္ေနလိုက္ ...။'

ေရွာင္းက်န္႔ မုန္႔ဆိုင္ဆိုမွ ဟိုဟို ဒီဒီ ၾကည့္လိုက္ၿပီး ...

' ၿပီးေရာ ...။ ဒါဆို ငါ မုန္႔ဆိုင္မွာပဲ ေစာင့္လိုက္ေတာ့မယ္။'

ရွဲန္႔မု ေလွ်ာက္ၾကည့္ေနရင္းနဲ႔ သတိရလို႔ ေနာက္ကို လွည့္ၾကည့္ေတာ့ သူ႔ဆီ တစ္ေယာက္တည္း ေလွ်ာက္လာေနတဲ့ ယြီ႕က်င္းကိုပဲ ေတြ႕ရတာေၾကာင့္ ...

' ေရွာင္း ေရာ ...။'

' သူ ပတ္ၾကည့္ရမွာ ပ်င္းလို႔တဲ့ ...။ အဲ့ဒါေၾကာင့္ မုန္႔ဆိုင္မွာပဲ ေစာင့္ေနခိုင္းလိုက္တာ ...။'

' ဪ ...။'

' အင္း ...။'

ႏွစ္ေယာက္သား ဪ ... အင္း နဲ႔ ၿပီးသြားေတာ့ တစ္ေယာက္ ကို တစ္ေယာက္ ၾကည့္မိၿပီးမွ မ်က္ဝန္းေတြ အျမန္ျပန္လႊဲၿပီး အေရွ႕ကို အလုအယက္ ေလွ်ာက္သြားေနၾကတယ္။

~~~~~~~~

' ေလးေလး ...'

' ဘာလဲ ... ထမင္းမစားဘူး မေျပာနဲ႔ေနာ္ ...။'

' မေျပာပါဘူး ...။ က်ေနာ္ Toilet အရင္ သြားမယ္လို႔ ေျပာတာ ...။'

ရိေပၚ ေခါင္း တစ္ခ်က္ ညိတ္ျပလိုက္ၿပီး ...

' ဟုန္လုံ ကို လိုက္ပို႔ခိုင္း ...။'

' ေလးေလး ကလည္း က်ေနာ္ ကေလး မဟုတ္ေတာ့ပါဘူး။ ၿပီးေတာ့ ဟိုနား ဒီနား ကို ဘာလို႔ လိုက္ပို႔ခိုင္းေနရအုံးမွာလဲ ...။'

ရိေပၚ သူ႔တူကို တစ္ခ်က္ၾကည့္လိုက္ၿပီး ...

' ကဲ ... ကဲ ... သြားမယ္ဆိုလည္း သြား ...။ မင္း ႏႈတ္ခမ္းႀကီးလည္း ငါ့ကို လာမွန္ေနအုံးမယ္ ...။'

' ဟြန္႔ !!!!.'

ေဟာ္ရွင္း ေလးေလး စကားေၾကာင့္ မ်က္ေစာင္း တစ္ခ်က္ထိုးၿပီး ထြက္လာခဲ့လိုက္သည္။

~~~~~~~~

' ဟင္း !!!!!.'

ေဟာ္ရွင္း အိမ္သာ ထဲ ဝင္လာေတာ့ ဘယ္သူမွ မရွိဘူး ထင္ေနတုန္း သက္ျပင္းခ်သံေၾကာင့္ ပုခုံး တစ္ခ်က္တြန္႔သြားၿပီး ေခါင္းကလည္း ဟိုဟို ဒီဒီ လိုက္ရွာၾကည့္လိုက္သည္။

' အ !!!!!။'

အသံက ထပ္ထြက္လာတာေၾကာင့္ သူ႔ ရပ္ေနတဲ့ အနားက အခန္းထဲမွာ ဆိုတာ သိလိုက္ရသည္။

ကေလး ဆိုေပမယ့္ ဒုကၡေရာက္ေနတဲ့ လူ ေတြ႕ရင္ ကူညီေပးခ်င္စိတ္ေလး ရွိသူ ပီပီ အခုလည္း အိမ္သာထဲ လူ တစ္ခုခု ျဖစ္ေနမယ္ ထင္လိုက္တာနဲ႔ လက္ ကလည္း တံခါးကို ေခါက္ၿပီးေနၿပီ။

!!!! ေဒါက္ ... ေဒါက္ ...!!!!

ေရွာင္းက်န္႔ ဗိုက္ ရစ္ေနလို႔ အိမ္သာထဲ ကိုယ့္ဘာသာ ဒုကၡမ်ားေနတုန္း တံခါး ေခါက္သံေၾကာင့္ မ်က္ႏွာ ရႈံ႕မဲ့မဲ့ နဲ႔ တံခါးကို မ်က္ေစာင္းထိုးရင္း ကိုယ့္ကိစၥကို ဆက္ရွင္းေနလိုက္သည္။

ထိုစဥ္ ...

'!!!! ေဒါက္ ... ေဒါက္ ... အထဲက တစ္ခုခု ျဖစ္ေနသလား ...။'

ဗိုက္ရစ္ေနလို႔ စိတ္ညစ္ေနတာ တစ္ေမွာင့္ ... အခုလည္း အိမ္သာထဲ လူ ရွိေနတာေတာင္ တံခါး လာေခါက္ၿပီး ေမးေနျပန္တဲ့ အျပင္က လူေၾကာင့္ စိတ္က ေပါက္လာပါေတာ့သည္။

' လူ ရွိမွန္း သိေနရင္လည္း ဘာလို႔ တံခါး ေခါက္ေနေသးတာလဲ ...။'

ေဟာ္ရွင္း ျပင္သစ္ လို ျပန္ေျပာလာတဲ့ အထဲက လူရဲ႕ ေလသံက မာခ်င္ခ်င္ ျဖစ္ေနတာကို ခံစားမိတာေၾကာင့္ ကိုယ့္ဘာသာ သြားစိရင္း ရယ္လိုက္ၿပီး ...ေဆာရီး ေျပာလိုက္သည္။

' ေဆာရီး ... က်ေနာ္ က ခင္ဗ်ား တစ္ခုခု ျဖစ္ေနတယ္ ထင္လို႔ပါ ...။'

ေရွာင္းက်န္႔ ေလေၾကာ ထပ္ရွည္ေနေသးတဲ့ အျပင္က အသံေၾကာင့္ ႏႈတ္ခမ္း မဲ့လိုက္ၿပီး ကိုယ့္ဘာသာ တ႐ုတ္လို တိုးတိုး ေျပာလိုက္သည္။

' ဗိုက္ နာေနပါတယ္ဆိုမွ ျပင္သစ္ မွာ အိမ္သာ တက္တာေတာင္ ေကာင္းေကာင္း မတက္ရဘူးလား ...။'

' အထဲက လူ ခင္ဗ်ားလည္း တ႐ုတ္ လား ???။ က်ေနာ္ လည္း တ႐ုတ္ ပဲ။'

ေရွာင္းက်န္႔ ဒီတစ္ခါေတာ့ တကယ္ ေပါက္လာၿပီ ပဲ ျဖစ္သည္။

' မင္း မသြားႏိုင္ေသးဘူးလား။ ငါ အိမ္သာ ေကာင္းေကာင္း တက္ပါရေစ။'

' အဟင္း ...။'

ေဟာ္ရွင္း အထဲက လူရဲ႕ အသံေၾကာင့္ သေဘာက်သြားၿပီး ရယ္လိုက္ရင္း ...

' က်ေနာ္ က တ႐ုတ္ လူမ်ိဳးနဲ႔ ေတြ႕ေတာ့ ဝမ္းသာသြားလို႔ပါ။'

' ကဲ ... သြားပါေတာ့ ...။ အရမ္းဝမ္းသာေနရင္လည္း အျပင္မွာ ေစာင့္ေန။ တစ္ေနကုန္ စကားေျပာခ်င္ရင္ေတာင္ ထိုင္ေျပာေပးမယ္။ အခုေတာ့ သြားပါေတာ့ ...။'

' အိုေခ ... အိုေခ ...။'

ထိုစဥ္ ...

' ယို႔ !!!! What's up!!! ဘယ္သူမ်ားလဲလို႔ တ႐ုတ္ လူသားေလး ဝမ္ေဟာ္ရွင္း ပါလား ...။'

ေဟာ္ရွင္း ၾကားလိုက္ရတဲ့ အသံေၾကာင့္ အိမ္သာ ဝင္ေပါက္ကို ၾကည့္လိုက္ေတာ့ သူတို႔ အတန္းထဲက ေက်ာင္းသားေတြ ...

သူ ေတာင္ ေျခလွမ္းမေ႐ႊ႕ရေသးဘူး ၃ ေယာက္က သူ႔ အနား ေရာက္လာသည္။

' မင္းက ေက်ာင္းမွာဆို လူတိုင္းကို မတူသလို မတန္သလိုနဲ႔ အဖက္မလုပ္ပဲ အိမ္သာ က်ေတာ့လည္း အမ်ားသုံး အိမ္သာပဲ လာသုံးေနပါလား ...။'

ေဟာ္ရွင္း သူ႔ရဲ႕ တစ္ဖက္ တစ္ခ်ပ္မွာလည္း ႏွစ္ေယာက္က ညႇပ္ေနၿပီး အေရွ႕မွာလည္း တစ္ေယာက္ ပိတ္ရပ္ေနတာေၾကာင့္ အိမ္သာ တံခါးရဲ႕ နံရံမွာ ျပားကပ္ေနရသည္။

အေရွ႕မွာ ပိတ္ရပ္ေနတဲ့ တစ္ေယာက္က အခုထိ သူနဲ႔ ထိမွာစိုးလို႔ ကိုယ္ကို က်ဳံ႔ထားေနတဲ့ ဝမ္ေဟာ္ရွင္း ကို ၾကည့္ၿပီး သူ႔ လူ ႏွစ္ေယာက္ကို မ်က္စ ပစ္လိုက္သည္။

ေဘးက ႏွစ္ေယာက္ကလည္း ခ်ဳပ္ထားဖို႔ ျပင္ေနတုန္း ...

!!!!! ကလစ္ !!!!!

!!!!! ဝွစ္ !!!!!

!!!!! ဒုန္း !!!!!

႐ုတ္တရက္ အေနာက္က အိမ္သာ တံခါး ပြင့္လာၿပီး လက္ ပဲ ဖ်တ္ခနဲ ျမင္ရၿပီး ဝမ္ေဟာ္ရွင္း ကို ဆြဲသြင္းသြားတာေၾကာင့္ ၃ ေယာက္လုံး ေၾကာင္ၾကည့္ေနမိသည္။

ၿပီးမွ ...

' ဘာလဲ ...။ ဘာျဖစ္သြားတာလဲ ...။'

ထိုအထဲမွ ခုန အေရွ႕မွာ ပိတ္ရပ္ေနတဲ့ တစ္ေယာက္က ခုန စကားေျပာတဲ့ တစ္ေယာက္ကို တြန္းလိုက္ၿပီး ...

' ဘာျဖစ္သြားတာလဲ လုပ္မေနနဲ႔ ...။ တစ္ခုခု လုပ္ ...။ အဲ့ ဖင္ေခါင္းက်ယ္တဲ့ တ႐ုတ္ေကာင္ကို ဒီေန႔ ပညာေပးရမွ ေက်နပ္မယ္ ...။'

အထဲက ေရွာင္းက်န္႔ ကေတာ့ အျပင္က ေကာင္ေတြ ေျပာေနတဲ့ အသံ ၾကားတာနဲ႔ မ်က္စိ မ်က္ႏွာပ်က္ေနတဲ့ ေကာင္ေလး ကို ေအးေဆး ပါ ဆိုတဲ့ မ်က္ႏွာေပးနဲ႔ ေခါင္းတစ္ခ်က္ ဆတ္ျပၿပီး စိတ္ေအးေအးထားဖို႔ ေျပာေနတယ္။

ခဏတာ အထိေတာ့ အျပင္က အသံကို မၾကားရတာေၾကာင့္ ေရွာင္းက်န္႔ ဘယ္လိုလဲ သူ ေျပာတဲ့ အတိုင္း ေအးေဆး ပါ ဆိုတဲ့ မ်က္ႏွာ အေနထားနဲ႔ ထပ္ၿပီး ေခါင္းဆတ္ျပလိုက္သည္။

ထိုစဥ္ ...

!!!! ဗြမ္း !!!!

!!!! ဗြမ္း !!!!

' ဟား ... ဟား ... ဝမ္ေဟာ္ရွင္း မင္းက ေျပးတာကို အထဲကို ဝင္ေျပးခ်င္တာဆိုေတာ့ ခုလိုပဲ ေရခ်ိဳးေပးလိုက္တာေပါ့ကြ ...။'

' ဟား ... ဟား ... ဟား ...။'

ေရွာင္းက်န္႔ သူ ကပါ အဆစ္ ေရ ေလာင္းခံလိုက္ရတာေၾကာင့္ အျပင္က ရယ္ေနတဲ့ ေကာင္ရဲ႕ ပါးစပ္ထဲကို ေျခမ ဆို႔ေပးခ်င္လာသည္။

' မင္း ႂကြက္စုတ္ ျဖစ္ေနတာကို video ႐ိုက္ခ်င္ေပမယ့္ အခု တစ္ခါေတာ့ လႊတ္ေပးလိုက္မယ္ ...။'

!!!! ဗုန္း !!!!

!!!! ဗုန္း !!!!

' သြားၿပီေနာ္ ... တ႐ုတ္ ႂကြက္စုတ္ေလး...။'

အျပင္က ၃ ေယာက္ ရယ္လက္စ နဲ႔ အိမ္သာ တံခါးကို လက္ဝါး တစ္ခ်က္႐ိုက္လိုက္ၿပီး ထြက္သြားလိုက္ၾကသည္။

ေရွာင္းက်န္႔ ေရကို ေခါင္းကေန အေလာင္း ခံလိုက္ရတာျဖစ္တာေၾကာင့္ သူ႔ မ်က္ႏွာ ငါး အေၾကးခြံ ထြက္လာၿပီဆိုတာ သိလိုက္တာနဲ႔ တစ္ခ်က္ စမ္းၾကည့္လိုက္ၿပီး ေကာင္ေလး သူ႔ကို လန္႔သြားေလမလား ဆိုတဲ့ အသိနဲ႔ ငုံ႔ၾကည့္ေတာ့ ...

' ဟင္ !!!! မင္း ????.'

ေဟာ္ရွင္း မထင္ထားတဲ့ ေရ ေလာင္းခံလိုက္ရတာျဖစ္တာေၾကာင့္ အခု သူနဲ႔ အတူ သူစိမ္း ရွိေနတာကို ေမ့ၿပီး ေၾကာင္ေနတုန္း သူစိမ္း ဆီက အသံၾကားေတာ့မွ သူ႔ မ်က္ႏွာ ကို အုပ္လိုက္သည္။

ဒါေပမယ့္ မမီေတာ့ပါ ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.11.18 ( Sat ) တစ္ပိုင္း တစ္ပိုင္း အရမ္းၾကာတဲ့ အတြက္ ေတာင္းပန္ပါတယ္။ အခု အလုပ္ခ်ိန္က မနက္ပိုင္း ကေန ည ၁၀ နာရီထိ ျဖစ္တာေၾကာင့္ ဘယ္လိုမွ ေရးလို႔ အဆင္မေျပေတာ့တာ ...။

Continue Reading

You'll Also Like

54.3K 467 33
Dear Fellow Readers , this is love.
444K 24.5K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
14.3K 1.3K 16
ကျုပ် မင်းကိုမြတ်နိုးတယ် မင်းဆရာဝမ်။
56.4K 969 18
Kristoff x reader. Y/n is okay with people near her but if they get near her hands, well that's a different story. In the book's present time: Elsa...