"Hey guys"
"ဟ Phuwinရောက်လာပြီလား"
"အေးပေါ့ ဘာလဲ မမြင်ဘူးလား"
"အရိုင်းစိုင်းကောင်"
Pondက Phuwi ကို ခပ်ဖျော့ဖျော့ လှမ်းထိုးလိုက်သည်။ Phuwin ကပြန်ထိုးဖို့လှမ်းနေသည်။ မနက်စောစော စိတ်ညစ်ရသည်။
"သတ်မနေကြနဲ့ PondPhuwinဆိုပြီး နာမည်ကြီးတာကို မပြောနဲ့ သတ်နေတာ လင်မယားတွေကျနေတာပဲ"
ထိုသို့ပေးစားလျှင် သတ်တာရပ်သွားမည်ဟု ထင်သော်လဲ မဟုတ်ခဲ့၊ ညားများနေကြတာလား
"ငါကကောင်းကောင်းပြောတာလေ သူကရိုင်းစိုင်းနေတာ"
"ဟ မင်းက သောက်ပိုတွေလာမေးနေတာကို"
"အဲ့တာ နှုတ်ဆက်တာလေ လူလိုနားမလည်ဘူးလား မင်းကနွားလား၊ ခွေးလား"
"မင်းက မြင်နေရတာကို လာမေးနေတာလေ၊ သူများဖြေချင်လားမသိဘူး မဖြေချင်လားမသိနဲ့"
"မင်းက..."
"တော်တော့လို့ ပြောနေတယ်!!!!"
ထိုအခါ ကျတော့် နာရီလေးက အချက်မြည်လာသည် တစ်နည်းအားဖြင့် Phuwinပေးထားတဲ့ နာရီ...
" Alarm မြည်တာလား"
Pondကမေးသည်။ ဒါက နာရီ Alarm မြည်သံမှမဟုတ်တာ၊ ဘယ်နာရီက သရဲလိုလို ဘာလိုလို အသံထွက်လို့လဲ။ ကျတော်ပြောချင်တာက ဘယ်သူကအဲ့လို မိုက်ရူးရဲဆန်တာကို ထုတ်မှာတဲ့လဲ။ Alarm မြည်မှာကိုကြောက်နေအောင်လား...
"မင်း နာရီကမိုက်လှချီလားဟ ဘယ်လိုလုပ်ထားတာလဲ"
အယ် သူက၀ယ်ပေးပြီး သူကလာမေးနေသည်။ ကျတော်က သူ့ကိုမေးဖို့ပြင်တုန်းရှိသေး။
"မင်း၀ယ်ပေးထားတာလေ၊ ငါကဘယ်လိုသိမှာတုန်း"
"အယ် ငဖုက ဘယ်တုန်းက၀ယ်ပေးထားတာလဲ"
"မနေ့က..."
"ငါ့ကျ မပေးဘူး"
"ပေးစရာလား ဘာကျေးဇူးရှိလို့လဲ"
"အယ် အရိုင်းအစိုင်း..."
ထိုရန်ပွဲကြောင့် စကားလမ်းကြောင်းလွဲကာ ထိုနာရီအကြောင်းဆက်မပြောခဲ့ကြပါ။
______________
"အို ကလေးငယ်... မင်းအနားမှာရှိနေမဲ့ အရာတွေအကုန်လုံးကို ဖြေရှင်းပေးသွားမှာပါ"
ကျတော့် နေကြာပန်းလေး ညှိုးနေမှာကို မလိုလား။ သူ့ကို စိတ်ထိခိုက်စေတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျတော့် လက်နဲ့ ကိုယ်တိုင်သတ်မယ်
နှစ်ပေါင်း ၁၀၀ကျော် ကြာသွားသည့်တိုင်...
ချစ်နေခဲ့တယ် ပြီးတော့ ချစ်နေဆဲ...
တစ်ဖက်က Geminiရဲ့အတွေးက တစ်စုံတစ်ယောက်ရဲ့ နားထဲ ရိုက်ခိုက်နေခဲ့တယ် ၊ လုံးလုံးကြီးကြားနေရတာမျိုးမဟုတ်... တစ်ဖြတ်တစ်ဖြတ် ၀င်လာတဲ့ တိုးညင်းတဲ့အသံဟာ တစ်ဆတစ်ဆ
•••••••••••••••••••••••
Phuwinတို့နှင့် အတူ ဒီတစ်ပတ်ကိုကောင်းကောင်းဖြတ်သန်းခဲ့သည်။
"စနေနေ့ ငါတို့လာခဲ့မယ်နော်"
"အင်း ... မင်းက ဗုဒ္ဓဘာသာမဟုတ်လား pond"
"ဟုတ်တာတော့ဟုတ်တယ် ၊ ဒါပေမဲ့ ဒီတိုင်းလိုက်ခဲ့မှာလေ ရလောက်ပါတယ်"
ကျတော်တို့ စနေနေ့ကျ ဘုရားကျောင်းသွားဖို့ ချိန်းထားကြတာဖြစ်သည်။ pondက ဗုဒ္ဓဘာသာမို့ မေးရသည်။ Phuwin ကတော့ ဘာသာမဲ့ဟုပြောသည်။
မနက်ဖြန်သွားရမယ့် ဘုရားကျောင်းကဘာလို့ ရင်ခုန်ဖို့ ကောင်းနေသည်လဲလေ အပတ်တိုင်းသွားနေကျပဲကို။ သူငယ်ချင်းတွေနဲ့သွားရလို့ထင်တယ်။
Fourthတစ်ယောက် ၁၁နာရီ ညလယ်လောက်ရောက်တော့ ဗိုက်ကဆာလာသည်...
"ရုတ်တရက်ကြီး ဗိုက်ဆာလာတယ်"
ထိုနောက် အိမ်ထဲ၌ကြွက်လိုရှာဖွေတော့သည်။ ရှာပုံတော် မင်းသားကိုရှာရတာမှတွေ့ဦးမယ်။ ဘာမှမတွေ့သဖြင့်
Convenience store 🏪သို့___
လမ်းသာလျှောက်လိုက်တော့သည်။ စက်ဘီးကြီးတကားကားနဲ့လုပ်မနေချင်တော့...
လျှောက်လာတဲ့ လမ်းတစ်လျှောက် တစ်ခုခုက ကြည့်နေသလို ခံစားရသည်။ စိတ်ထင်လို့ဖြစ်မှာပါ ၊ ထို့နောက် လမ်းကွေ့တစ်ခုမှ ဖြေးညင်းစွာ ထွက်လာတဲ့ ခြေသံ ....
တဖြည်းဖြည်းအနားကိုကပ်လာနေတယ်
Pov *ကြည့်ရတာ ခွေးတောင်မဟုတ်...အို ကျတော်က ဒီခြေသံ လောက်နှင့်မကြောက်တတ်ဘူး၊ ငယ်ငယ်ကဆို သရဲအိမ်... *
"အားးးးးး!!!!! "
အသေအော်ကာ ခြေကုန်သုတ်ပြေးလာခဲ့သည်။ကြောက်လို့မဟုတ်ဘူးနော် ဗိုက်ဆာလို့ မြန်မြန်ပြေးတာ...။
•လူလိင်•
အခုမှကြည့်မိတယ် ဆိုင်ကကျော်သွားပြီ။ ခပ်သွက်သွက် အနောက်ကိုပြန်လှည့်ကာ ဆိုင်ထဲသို့ အမော တကော၀င်သည်။
" မင်္ဂလာပါ Magic Shopမှကြိုဆိုပါတယ်"
ကောင်တာမှ အကိုကြီးက လေး ထောင့်ဆန်ဆန်အပြုံးနှင့် ကြိုဆိုသည်။
ညလယ်ကောင်ကြီးတောင် အနှုတ်အဆက်မပြတ်ပုံက ကျတော်ပြေးလာတာကိုသိပုံမပေါ်။ တော်သေးတယ် ကျတော်ပြေးလာတာဘယ်သူမှမသိလို့
ကျတော်လဲ စားကောင်းပြီး ဗိုက်ပြည့်မဲ့ဟာလေးတွေ ၀ယ်ခဲ့သည်။ ဘာရယ်မဟုတ် နေကြာပန်းအတုလေးပါတဲ့ ချောကလတ်လေးပါ ၀ယ်ခဲ့သည်၊ နောက်ဆုံးတစ်ခုမို့ ကျတော်အမြင်မြန်သွားသည်။
ထို့နောက်ကောင်တာကိုသယ်သွားလိုက်သည်။
*တီ *တီ
အကိုကြီးတစ်ယောက်မှထပြောသည်
"ဂျောင်ဂုရေ ဟို ပေါင်မုန့် code လေးကြည့်ပေးပါဦး"
"ထယ် ဒီတိုင်းဖြတ်ပေးလိုက် ၂၅၀၀"
"အိုခေ"
ထိုအကိုကြီးတွေ စကားပြောသံတွေအပြင် ဘာသံမှမကြားရ ၊ ဘယ်လိုအိမ်ပြန်ရမလဲ
"ညီလေး စုစုပေါင်း ၇၈၅၀ ကျပ် ကျသင့်ပါတယ်ဗျ"
"ဟုတ် ခဏ"
မွှေနှောက်ခါရှာနေသော်လည်း ရှာမတွေ့သည့်ပိုက်ဆံအိတ်၊ ကြည့်ရတာ ပြုတ်ကျခဲ့ပြီထင်တယ်။ ငါနော် စိတ်ညစ်လိုက်တာ
ဟိုဟိုဒီဒီ လုပ်နေသော ကျတော့်ကိုကြည့်ကာ ဂျောင်ဂုဆိုသော သူက မယုံသင်္ကာဖြင့် လက်ကိုလာကိုင်သည်။ထို့နောက်
"ဒီမှာ ညီ မင်းရုပ်လေးသနားကမားနဲ့ အထုတ်ဆွဲပြီးပြေးမလို့လား"
"မဟုတ်ပါဘူးဗျာ ကျတော် ပိုက်ဆံအိတ်ဘယ်မှာ ကျခဲ့လဲမသိဘူး သွားရှာကြည့်.."
"ဟေ့ ဟေ့ ရိုးနေပြီ။ ဒါမျိုးလာမလုပ်နဲ့ ဆွဲညှစ်လိုက်ရင် ဗျစ်ခနဲဖြစ်သွားမယ်နော်"
"ဂျောင်ဂုရာ နေပါဦး...."
"လွှတ်လိုက် သူ့ကို"
ကျတော်တို့သုံးယောက်သတ်နေကြစဉ် ခပ်ဟိန်းဟိန်းထွက်လာသည့် အသံကြီး၊ ဖိနပ်သံ တစ်ဒေါက်ဒေါက်အောက်မှာ ဒူးထောက်ချင်စရာမျက်လုံးနှင့် ကျတော့်ကိုကြည့်နေသည်။
"ရော့ ပြန်မအမ်းနဲ့"
"ဂျမ်..."
(အလိုလိုရွတ်လိုက်မိတဲ့ နာမ်စား)
၁၀၀၀၀တန် ၅ရွက်လောက်ကို ကောင်တာပေါ်ပစ်တင်ကာ ကျတော့်ကို သူ့အနားဆွဲယူလိုက်သည်။ ဒါက ဘယ်လိုရင်းနှီးမှုမျိုးမှမရှိတဲ့ သူကို အစိမ်းသက်သက်ခံစားနေရမဲ့အစား လုံခြုံသွားသလို။
"ရပါတယ် ကျတော် ပိုက်ဆံအိတ်က ပျောက်သွားရုံပဲ ကျတော်ပဲပေးလိုက်မယ် ခင်ဗျားပိုက်ဆံ မလိုဘူး ကျတော်...."
"ဖြေးဖြေးပြောပါ ချာတိတ်ရယ်"
အဲ့ခင်ဗျားဆိုတဲ့သူက အရပ်ပိုမြင့်လေတော့ ကျတော့်ကို အုပ်မိုးထားသလို၊ မျက်လုံးခပ်နက်နက်နှင့်စိုက်ကြည့်နေသည်။
"ခင်ဗျား လက်ကိုဖယ်စမ်းပါ၊ ပြန်မယူလဲနေတော့"
"ဒီမှာ ကျေးဇူးမတင်တော့ဘူးလား"
"ကျေးဇူး"
ကျတော်လဲ ခပ်သွက်သွက်ပင် ပြေးလာခဲ့သည်။ ခုနကခြေသံထက်တောင် ကြောက်စရာကောင်းတဲ့သူ့မျက်၀န်း ။
ထယ် "ဒီမှာ ဒီမှာ"
ဂျမ် "ဘာလဲ"
ထယ် "အောင်မာ ရင့်လိုက်တာ "
ဂုဂု "ရော့ မင်းပိုက်ဆံ မင်းပြန်ယူသွား၊ အားအားယားယား လာဖြုန်းမနေနဲ့"
"ဂျောင်ဂု အကုန်ပြန်မပေးနဲ့လေ တစ်ရွက်ယူထားဦး ဟိုအကောင်လေး မ သွားတာ မရှင်းရသေးဘူး"
"အော် အေး"
"ပိုတာကိုယူထား အဲ့ကောင်လေးထပ်လာလို့ ပိုက်ဆံအိတ်ထပ်မပါရင် အဲ့တာနဲ့ချေလိုက်"
အရှေ့မှာ သတ်နေတဲ့ နှစ်ကောင်ကိုကြည့်ရတာမျက်လုံးနောက်လှပြီ၊ မသိချင်ယောင်ဆောင်ကာ ထွက်လာခဲ့သည်။
°°°°°°°°°°°°°°°°°°°°°
ကျတော့်ကို voteလေးတွေပေးလာတဲ့ GeminiFourth Mommy လေးတို့ကို ကျတော် ကျေးဇူးအများကြီးတင်တယ်ဗျ။
ကျတော် taekookေလးလဲ အပါခေါ်ထားတယ်ဗျ၊ ARMYလေးတွေလဲရှိမယ်မျှော်လင့်လို့ပါဗျ။
ကျတော့်ကို အားပေးချင်ရင်တော့ voting လေးနဲ့အားပေးနိုင်ပါတယ်ဗျ။
Voteတွေများလာတော့ ရေးမှဖြစ်မယ်ဆိုတဲ့ စိတ်လေးတွေဖြစ်မိတယ်ဗျ။
ကျေးဇူးတင်ပါတယ်နော်