သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.6K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-71+72

296 17 0
By Miracle_Phyu97


ဖေးချမ့် 71+72

အခန်း(၇၁) အထူးအသုံးစရိတ်များ

ဖေးချမ့်သည် ရုတ်တရက် နောက်ထပ်အကြံတစ်ခုကို စဥ်းစားလိုက်မိသည်။

"နေဦး။ ကျွန်တော် အကြံ နောက်တစ်ခု ရပြီ။ ကျွန်တော့်ရဲ့ ဝန်ထမ်းတိုင်းကို သုံးစွဲစရိတ် အကန့်အသတ် ပေးမယ်။ သူတို့ အချိန်တစ်ကန့်အတွင်းမှာ ရုံးသုံးပစ္စည်းတွေနဲ့ လိုအပ်တာတွေကို ပမာဏတစ်ခုအထိ သုံးလို့ရမယ်။ အတိအကျကတော့... အမ်..."

"အချိန်အကန့်အသတ်က သုံးလ တစ်ကြိမ်၊ ဝန်ထမ်းတိုင်းက သုံးစွဲစရိတ်အကန့်အသတ် ၃,၅၀၀ ယွမ် ရမယ်။"

ဖေးချမ့်က တကယ်စဥ်းစားနေခြင်း မဟုတ်ဘဲ စနစ်ကို စမ်းသပ်နေခြင်း ဖြစ်ပါသည်။

အချိန်အကန့်အသတ် ၃ လအောက်  နည်းပါးပြီး သုံးစွဲစရိတ်က ယွမ် ၃,၅၀၀ ထက် ပိုပါက စနစ်က ခွင့်ပြုမှာ မဟုတ်ပေ။

ရှင်းဟိုက်လူက ဒီအကြံကို အနည်းငယ် နားမလည်နိုင်ဘဲ ပြောလိုက်ပါသည်။ "ဘော့စ်ဖေး လက်ရှိမှာ ကျွန်မတို့ ဝန်ထမ်းတွေအတွက် သုံးစွဲစရိတ်တွေကို ကန့်သတ်မထားပါဘူး။ အချိန်ပို တက္ကစီခတွေ၊ လုပ်ငန်းခရီးစဥ်တွေ အပါအဝင် သူတို့ကို အပြည့်အဝ ပြန်ပေးထားပါတယ်။ ဒီ ယွမ် ၃,၅၀၀ က ဘယ်အတွက်ကို ရည်ညွှန်းတာလဲ မသိဘူး..."

ဖေးချမ့်က ရှင်းပြလိုက်ပါသည်။ "ဒါကို အထူးအသုံးစရိတ်လို့ခေါ်တယ်။ ဒီပိုက်ဆံတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့အရာတွေ ဘာမဆို ဝယ်နိုင်တယ်။"

"ဥပမာ ပေါင်ရှုက ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တယ်မဟုတ်လား။ ဒီပိုက်ဆံကို ကတ်တွေ ဒါမှမဟုတ် လက်နက်တွေဝယ်ဖို့ အသုံးပြုလို့ရတယ်။"

"ဒါမှမဟုတ် ဝန်ထမ်းတချို့က နားကြပ်ကောင်းကောင်း ရှိထားပေမယ့် ပိုကောင်းတဲ့ နားကြပ်နဲ့မှ ဂိမ်းရဲ့ အသံအရည်အသွေးကို ပိုကောင်းကောင်းကြားနိုင်ပြီး ဂိမ်းဖန်တီးမှုအတွက် ပိုပြီး အကျိုးကျေးဇူး ရှိစေလိမ့်မယ်လို့ ထင်ရင် အဲ့ဒီပိုက်ဆံနဲ့ ဂိမ်းနားကြပ်တွေ ဝယ်လို့ရတာပေါ့။"

ရှင်းဟိုက်လူက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကျွန်မနားလည်ပါပြီ ဘော့စ်ဖေး"

ဖေးချမ့်လည်း ဒါကို မကြာသေးခင်ကမှ တွေးမိခြင်း ဖြစ်ပါသည်။

တချို့အရာများကို အသုံးစရိတ်ဟု သတ်မှတ်နိုင်သော်လည်း မတူညီသော အရာများအတွက် စနစ်က မတူညီစွာ ကန့်သတ်ထားသည်။

မူလကုန်ကျစရိတ်များကို ပြန်လည်ပေးဆပ်ခြင်းသည် ဝန်ထမ်းအားလုံးအတွက် တသမတ်တည်း ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အချိန်ပိုအလုပ်လုပ်သည့် လူတိုင်း သူတို့၏ တက္ကစီခများကို အပြည့်အဝ တောင်းခံနိုင်သည်။ အားလုံးအတွက် အတူတူပဲဖြစ်၏။ လုပ်ငန်းသုံးကွန်ပျူတာအတွက် အားလုံးတွင် စက်ပိုင်းဆိုင်ရာ ကီးဘုတ်များနှင့် မော်နီတာနှစ်လုံး ရှိကြသည်။ အားလုံးကို အကောင်းဆုံးတွေချည်းသာ တပ်ဆင်ထား၏။

သို့သော်လည်း အချို့သော အထူးတောင်းဆိုချက်များအတွက်တော့ စနစ်က အသိအမှတ်ပြုမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဂိမ်းတစ်ခုနှင့် ၎င်းဂိမ်း၏ ဂိမ်းကစားပုံကို ခံစားဖို့အတွက် ပေါင်ရှုက ပိုက်ဆံပေးရမည်ဟုဆိုသည်။

စနစ်က ဒီပမာဏကို ပေးမည် မဟုတ်ပါ။

သို့မဟုတ် ဟွမ်းစစ်ပေါ်က ယွမ် ၂,၀၀၀ တန် ကီးဘုတ် သို့မဟုတ် ယွမ် ၃,၀၀၀ တန် ဂိမ်းနားကြပ်များကို လိုချင်သည်ဟု ဆိုပြီး သူဖန်တီးနေသည့်ဂိမ်းများကို ပိုပြီး ခံစားနိုင်စေလိမ့်မည်ဟုဆိုလျှင် စနစ်က ခွင့်ပြုနိုင်မလား။

စနစ်က ခွင့်ပြုမည် မဟုတ်ပါ။ ထိုကဲ့သို့ သဘာဝမကျသော အကြောင်းပြချက်များကို စနစ်က လက်ခံမည် မဟုတ်ပေ။ စနစ်က အားလုံး ၎င်းတို့၏ လုပ်ငန်းကို ပြီးမြောက်ဖို့အတွက် လိုအပ်သည့် လိုအပ်ချက်များကို ခြားနားစွာ စံနှုန်းသတ်မှတ်ထားသည်။

ဖေးချမ့်၏ ဘော့စ်တစ်ယောက်အနေဖြင့် စံနှုန်းများက အလွန်မြင့်မား၏။ အဆင့်မြင့်ဝတ်စုံတစ်ခုကို ဝယ်တာတောင် ခွင့်ပြုပေးထားသည်။ ဒါက ပိုင်ရှင်တစ်ယောက် သို့မဟုတ် ဘော့စ်တစ်ယောက်၏ အထူးခံစားခွင့်တစ်ခု ဖြစ်သည်။ ကန့်သတ်ချက်အနေနဲ့ကတော့ ဘော့စ်တစ်ယောက်က ကိုယ့်ကိုယ်ကို လစာပြန်ပေးလို့မရပါ။

တခြား ဝန်ထမ်းများအတွက်ကတော့ ၎င်းတို့၏ အလုပ်အတွက် လိုအပ်သည့် အရာများကိုသာ တောင်းဆိုနိုင်သည်။

ဒါကလည်း အလွန်အဓိပ္ပာယ်ရှိပါသည်။ စနစ်ကသာ 'ဂိမ်းတစ်ခုထဲ ငွေဖြည့်သွင်းရန်' သို့မဟုတ် 'ဂိမ်းကစားပုံကို ပိုကောင်းကောင်း ခံစားနိုင်ရန်အတွက် အဆင့်မြင့် နားကြပ်များ ဝယ်ယူရန်' စသည့် အသုံးစရိတ်များကိုသာ ခွင့်ပြုပေးလိုက်ပါက ဖေးချမ့် သူ့ဝန်ထမ်းအားလုံးကို Paywalls များရှိသည့် ပြည်တွင်းဂိမ်းများကို ကစားခိုင်းကာ ငွေများ ပစ်ပေးခြင်းဖြင့် အလွယ်တကူ ပိုက်ဆံဖြုန်းနိုင်ပါ့လိမ့်မည်။

စနစ်က ဒီလောက် မတုံးအပါ။

သို့သော်လည်း ဖေးချမ့်က ၎င်း၏ ကန့်သတ်ချက်များကို ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ စနစ်က 'မလိုအပ်သည့် အသုံးစရိတ်များ' အတွက်လည်း အကန့်အသတ်တစ်ခု ထားရှိကြောင်း သူနားလည်ခဲ့၏။ လိုအပ်ချက်ကတော့ အကန့်အသတ်မဲ့ မဖြစ်ရဘဲ ကန့်သတ်ချက်တစ်ခုတော့ ထားရမည်။ ထို့ကြောင့် အားလုံးကို တိကျသည့် ကန့်သတ်ချက်တစ်ခုအရ ပေးခြင်းဖြင့် ၎င်းတို့၏ ကုမ္ပဏီနှင့် အလုပ်နာမည်ကိုသုံးပြီး စနစ်ရန်ပုံငွေကို ပေါ်တင်သုံးစွဲနိုင်ပါသည်။

ဖေးချမ့်သည် သူ့လက်ချောင်းများကို သုံးပြီး ရေတွက်ကြည့်လိုက်သည်။

ကြည့်ရသလောက်တော့ ထို'အထူးအသုံးစရိတ်' ဆိုသည့် အကြောင်းပြချက်ဖြင့် နောက်ထပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ ယွမ်လောက် ထပ်တိုးနိုင်သေးသည်။ ထို့အပြင် ထိုပိုက်ဆံများက ထုတ်လုပ်ရေးနဲ့ သက်ဆိုင်မှာ မဟုတ်ပေ။ ဒါက ဝန်ထမ်းများကို ကုမ္ပဏီတစ်ခုက စည်းကမ်းများနဲ့အညီ ပေးအပ်သော အကျိုးခံစားခွင့်သာဖြစ်သည်။

ဆိုလိုရင်းက ငွေစာရင်းရှင်းမည့်နေ့ကို ရွှေ့ဆိုင်းခံရမည် မဟုတ်ပေ။

ဖေးချမ့်သည် စိတ်ထဲမှာ ပျော်သွားမိသည်။ သူ့ကိုယ်သူ ဉာဏ်ကောင်းလွန်းသည့်အတွက် ချီးကျူးမိပါသည်။

...ရုံးတွင်...

မကြာသေးခင်ကမှ ရုံးတစ်ခုလုံး ရူးသွပ်လောက်အောင် ပျော်ရွှင်နေကြပါသည်။

ဒီဇိုင်းအဖွဲ့က သမုဒ္ဒရာရဲတိုက်မှာ နာမည်ကြီးလာပြီး Bullet Hole ကိုကျော်လွန်သွားပြီဆိုတာကို မြင်လိုက်ရသောကြောင့် နေ့တိုင်းလိုလို လန်းဆန်းတက်ကြွနေကြပါသည်။ အားလုံးက Bullet Hole ၏ အချက်အလက် အတိအကျများကို မမြင်ရသော်လည်း တရားဝင်ဂိမ်းပလက်ဖောင်းနှင့် နောက်ဆက်တွဲ ညွှန်းဆိုချက်များကြောင့် ဒီတစ်ခေါက် Bullet Hole မှာဆိုးဆိုးရွားရွား ကျရှုံးနေပါသည်။

နေ့တိုင်း ပိုပိုဆိုးလာခဲ့၏။

Bullet Hole ၏ ငွေသုံးစွဲမှု ပုံစံက သမုဒ္ဒရာရဲတိုက်ထက် ပိုပြီး အဓိပ္ပာယ်ရှိသော်လည်း မည်သည့်သက်ရောက်မှုမှ မရှိပါ။

ဂိမ်းတစ်ခုသည် ငွေရှာနိုင်ရန်အတွက် ၎င်း၏ ငွေသုံးစွဲမှုပုံစံအပေါ် မမူတည်ပါ။ ဂိမ်မာအရေအတွက်ပေါ်တွင်သာ မူတည်သည်။ ဂိမ်းတစ်ခု၏ ငွေသုံးစွဲမှုပုံစံက အဓိပ္ပာယ်အရှိဆုံး ဖြစ်နေရင်တောင် ဂိမ်မာများက မကစားတော့ဘဲ ထွက်ပြေးသွားကြပါက ဘာအသုံးဝင်တော့မည်နည်း။

သမုဒ္ဒရာရဲတိုက်၏ အရည်အသွေးက Bullet Hole ကို အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သမုဒ္ဒရာရဲတိုက်က ဖိအားမျိုးစုံကိုပေးပြီး Bullet Hole ထံမှ ဂိမ်မာများကို ဆွဲဆောင်နိုင်ခဲ့သည်။  ကစားသမားများက ငွေသုံးပိုနည်းလာပြီး သမုဒ္ဒရာရဲတိုက်က ငွေပိုရလာလေလေ ထိခိုက်သည့်သူက Bullet Hole သာ ဖြစ်ပါသည်။

ဟွမ်းစစ်ပေါ်က ရင်ဖိုစွာ သက်ပြင်းချလိုက်ပါသည်။ ဘော့စ်ဖေးရဲ့ အမြော်အမြင်က တကယ်နက်နဲခဲ့တာပဲ။

ဧကန္တ ဆန်းစထရိုက်ခ်စတူဒီယိုမှာ သူ သွားလေ့လာပြီးကတည်းက ဒီလိုဖြစ်လာမှာကို ကြိုသိနေခဲ့တာလား။

သူ တမင်သက်သက် သမုဒ္ဒရာရဲတိုက်ကို Bullet Hole နဲ့ တစ်ချိန်တည်းမှာပဲ ဖြန့်ချီခဲ့သည်။ ဒါမှ သမုဒ္ဒရာရဲတိုက်အတွက် Bullet Hole က ကြော်ငြာပေးသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဒါက ရက်စက်သောလှုပ်ရှားမှုဖြစ်ခဲ့ပြီး Bullet Hole ကို နင်းခြေနိုင်ခဲ့သည်။

တကယ်တော့ အခုဆို ဆန်းစထရိုက်ခ်စတူဒီယိုမှာ ဘယ်လိုတွေဖြစ်နေမလဲ အားလုံး သိချင်နေကြပါသည်။ သို့သော်လည်း ဘယ်သူမှ မမေးရဲကြပါ။ အခုအချိန် မေးလိုက်ခြင်းက ကြွားဝါကဲ့ရဲ့ခြင်းလို ဖြစ်သွားပါလိမ့်မည်။ အမုန်းတရားများ ပေါ်လာကာ ချက်ချင်းဆိုသလို ရန်သူများ ဖြစ်သွားနိုင်ပါသည်။

သို့သော်လည်း နောက်ထပ် ရှုထောင့်တစ်ခုက စဥ်းစားကြည့်ပါက သူတို့ မေးမကြည့်ရင်တောင် အခုဆို ဆန်းစထရိုက်ခ်စတူဒီယိုက သူတို့အပေါ်ထားသည့် အမုန်းတရားမှာ တော်တော်လေး ကြီးမားနေလောက်ပါပြီ။

ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။

ပိုက်ဆံလည်း ရထားပြီးပြီဆိုတော့ ထိုအကြောင်းတွေကို စဥ်းစားဖို့ မလိုတော့ပါ။

ဟွမ်းစစ်ပေါ်က ထိုအကြောင်း စဥ်းစားနေတုန်း သူ့ဖုန်းသံမြည်လာခဲ့သည်။

သူကြည့်လိုက်သောအခါ သူ့လစာနှင့် ပတ်သက်သည့် မက်ဆေ့ချ်တစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရပါသည်။

"...ဘာ ဘာလို့ ဒီလောက်များနေရတာလဲ" ဟွမ်းစစ်ပေါ် ကြောင်သွားပါသည်။

ဒီလထဲ သူအချိန်ပိုမလုပ်ခဲ့ပါ။ ထို့ကြောင့် အချိန်ပိုလစာလည်း များများစားစား မရသင့်ပါ။

သို့သော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ကိန်းဂဏန်းများက သူ့ကို လန့်သွားစေသည်။

သူ့အခြေခံလစာက ယွမ် ၄,၀၀၀ ဖြစ်သည်။ ၆၀ ရာခိုင်နှုန်း တိုးပေးလိုက်သောအခါ အခုတော့ ယွမ် ၆,၄၀၀ ဖြစ်နေပါပြီ။

ပရောဂျက်ဘောနပ်စ်က သမုဒ္ဒရာရဲတိုက် အမြတ်ငွေ၏ ၁၅ ရာခိုင်နှုန်း ဖြစ်သောကြောင့် နှစ်ပတ်တာအတွက် ယွမ် ၁၃၀,၀၀၀ ဖြစ်ခဲ့သည်။ ပရောဂျက်အတွက် အစီအစဥ်ဆွဲသူချုပ် ဖြစ်သောကြောင့် ဟွမ်စစ်ပေါ်က တခြားသူများထက် အနည်းငယ်ပိုရပြီး ယွမ် ၈,၀၀၀ ဝန်းကျင်လောက် ရရှိခဲ့သည်။

ထို့ကြောင့် ဒီလအတွက် သူ့လစာက ၁၅,၀၀၀ ယွမ်အထိ ရောက်သွားခဲ့ပါသည်။

အမှန်ပင်။ အိမ်စရိတ်နှင့် အာာမခံစရိတ်များ၊ အခွန်များအတွက်တော့ လျှော့ချရဦးမည်ဖြစ်သည်။ ဒီလိုဆိုရင်တောင် ၂၀၁၀ ခုနှစ်အတွက် သူ့လစာက ယွမ် ၁၀,၀၀၀ ကျော်နေသဖြင့် သူအပြင်ထွက်ပြီး အေးအေးဆေးဆေး သုံးဖြုန်းနိုင်သော ပမာဏမျိုး ဖြစ်နေပါသည်။

ထို့အပြင် သမုဒ္ဒရာရဲတိုက်က ပိုမိုရေပန်းစားလာပြီး ဂိမ်း၏ ဝင်ငွေပိုပို တိုးလာတာနဲ့ ဟွမ်းစစ်ပေါ်၏ ဘောနပ်စ်လည်း ပိုများလာမည်ဖြစ်သည်။ ဒီတိုင်း တွက်ချက်ကြည့်လျှင် နောက်လအတွက် သူ့လစာက ပိုမြင့်မားလာဖို့သာ ရှိပါသည်။

သူ တာဝန်ယူသည့် ပရောဂျက်က အဆင်ပြေခဲ့ပြီး ဘော့စ်ဖေးကလည်း ဘောနပ်စ်များကို ရက်ရက်ရောရော ပေးနေပါသည်။

နှစ်ထပ်ကွမ်း ပျော်ရွှင်စရာ ဖြစ်ပါသည်။ သို့သော်လည်း ဒါအကုန် မဟုတ်သေးပါ။

ရှင်းဟိုက်လူက ရုံးထဲဝင်လာပြီး ရှော့ပင်းလက်ဆောင်ကတ်များကို စတင်ဝေပေးလေသည်။ အားလုံးတွင် ရွှေရောင်ဖျော့ဖျော့ ရှော့ပင်းလက်ဆောင်ကတ်လေးများရှိကာ ကျင်းကျိုးမြို့၏ အကြီးဆုံးရှော့ပင်းအဆောက်အဦး၏ တံဆိပ်လည်း ပါရှိသည်။ အားလုံးကို ဝေပေးပြီးသွားသောအခခါ ရှင်းဟိုက်လူက ရုံးခန်း၏ အလယ်ကိုလာကာ ခပ်ဖွဖွပြုံးလျက် ပြောလိုက်ပါသည်။

"လူတိုင်း ကိုယ့်လက်ထဲက လက်ဆောင်ကတ်တွေကို မပျောက်ပါစေနဲ့။ လတိုင်း အဲ့ဒီကတ်တွေထဲကို ယွမ် ၁,၀၀၀ စီ ဖြည့်ပေးသွားမှာပါ။ အဲ့ဒီရှော့ပင်းအဆောက်အအုံဆီသွားပြီး လိုအပ်တာတွေ ဝယ်ယူလို့ ရပါတယ်။"

"အဲ့ဒီအပြင် ဒီနေ့ကစပြီး ဘော့စ်ဖေးက 'အထူးအသုံးစရိတ်' စနစ်တစ်ခုကို သတ်မှတ်လိုက်တယ်။ ၃လတိုင်းမှာ ကုမ္ပဏီက အဲ့ဒီအထူးအသုံးစရိတ်တွေအတွက် ယွမ် ၃,၅၀၀ အထိ ခွင့်ပြုပေးသွားမှာပါ။ ပါဝင်တာတွေကတော့..."

လက်ထောက်ရှင်းက 'အထူးအသုံးစရိတ်'ဆိုတာ ဘာလဲ၊ ကန့်သတ်ချက်တွေ ဘယ်လိုရှိလဲ အားလုံး ရှင်းပြပေးလိုက်ပါသည်။ ဥပမာအာားဖြင့်... ဂိမ်းတစ်ဂိမ်းကစားဖို့ ငွေဖြည့်သွင်းတာကိုလည်း ထည့်တွက်ထားပါသည်။

အားလုံး သူမ၏ စကားကိုကြားကာ ကြက်သေ သေသွားကြသည်။ အထူးသဖြင့် ပေါင်ရှုဖြစ်၏။ အားလုံး မှင်သက်နေကြပါသည်။

ဒီလောက် ကောင်းတာမျိုး တကယ်ရှိတယ်လား။။

ဒါဆို အခုချိန်ကစပြီး ပေါင်ရှုဂိမ်းကစားတိုင်း သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ငွေဖြည့်သွင်းစရာ မလိုတော့ဘူးဆိုတဲ့သဘောလား။

အခန်း(၇၂) အခမဲ့ရှော့ပင်းခရီး

အကုန်လုံး အနည်းငယ် နေရခက်ကုန်ပါသည်။

ကုမ္ပဏီက အဆင့်မြင့်ကွန်ပျူတာများ ပြင်ဆင်ပေးထားသည်။ အချိန်ပိုလစာများလည်း ပေးသည်။ ပရောဂျက်ဘောနပ်စ်များ၊ မုန့်ပဲသရေစာများကိုပါ ချီးမြှင့်ထားသည်။ ၎င်းတို့၏ သာမန်အသုံးစရိတ်များမှာ လုံလောက်နေပြီ ဖြစ်ပါသည်။

အခုတော့ ဂိမ်းကစားဖို့ ငွေဖြည့်သွင်းဖို့ လိုအပ်လာပါက ကုမ္ပဏီ၏ အသုံးစရိတ်အဖြစ် ထည့်တွက်ရမည်တဲ့လား။

အားလုံး၏ အတွေးကို နားလည်နေသလိုဖြင့် ရှင်းဟိုက်လူက အနည်းငယ်ပြုံးကာ ဆက်ပြောသည်။

"အားလုံးပဲ စိတ်မသက်မသာဖြစ်ဖို့ မလိုပါဘူး။ ဒီနေ့လည်ခင်းကျရင် ဘော့စ်ဖေးက သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုကို အောင်ပွဲခံဖို့အတွက် ကျွန်မတို့ အားလုံးကို ရှော့ပင်းမောလ်တစ်ခုဆီ လိုက်ပို့ပေးမှာပါ။"

"အားလုံး အသင့်ပြင်ထားကြပါ။ နေ့လည်ခင်း ၃ နာရီမှာ ကျွန်မတို့ အလုပ်ဆင်းကြမယ်။ အောက်ထပ်မှာ ဘတ်စ်ကားတစ်စီးက စောင့်နေပါလိမ့်မယ်။"

ဒီအထူးအသုံးစရိတ်ကို သုံးစွဲဖို့ လူတချို့က နေရခက်နေမည်ကို ဖေးချမ့် ခန့်မှန်းထားပြီးသားဖြစ်သည်။ သူတို့ အထူးအသုံးစရိတ် ၃,၅၀၀ ယွမ်ကို မသုံးစွဲချင်ကြမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူတို့အားလုံးကို ဒီနေ့ ရှော့ပင်းမောလ်တစ်ခုသို့ လိုက်ပို့ပေးမည်။ ဒါမှ ၎င်းတို့၏ လက်ဆောင်ကတ်ထဲက ပိုက်ဆံအားလုံးနှင့် အထူးအသုံးစရိတ်များကို သုံးစွဲကြလိမ့်မည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဖေးချမ့်က အခု ပိုက်ဆံဖြုန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီဖြစ်သည်။ စနစ်ရန်ပုံငွေက ငွေစာရင်းရှင်းခြင်း လုပ်ငန်းစဥ်ကို စတင်လိုက်တာနဲ့ သူ့ကို ပိုက်ဆံ ပိုပေးမည်ဖြစ်သည်။ အခု ရှိနေသည့် ပိုက်ဆံများကို မသုံးလျှင် နှမြောဖို့ ကောင်းပါသည်။

ဖေးချမ့်သည် အကြမ်းဖျင်း တွက်ချက်ထားပြီးသားဖြစ်၏။ စနစ်ရန်ပုံငွေထဲတွင် ၁,၁၀၀,၀၀၀ ယွမ်လောက် ရှိခဲ့သည်။ ဒီလအတွက် လစာနှင့် ဘောနပ်စ်များက ၄၀၀,၀၀၀ လောက် ကုန်ကျခဲ့ပြီး လက်ဆောင်ကတ်များအတွက် ယွမ် ၃၀,၀၀၀ ကုန်သည်။ အားလုံး အထူးအသုံးစရိတ်များကို သုံးလိုက်ကြသောအခါ နောက်ထပ် ၁၀၀,၀၀၀ ယွမ်လောက် ကုန်ကျသွားမည်ဖြစ်သည်။ ဖေးချမ့်က သူ့အတွက်သူ ပစ္စည်းတချို့ဝယ်ပြီး နောက်ထပ် ၁၀၀,၀၀၀ ယွမ်လောက် ထပ်ဖြုန်းနိုင်သည်။

ဒီလို တရားလွန် ဖြုန်းတီးပြီးသောအခါ အရှုံးပေါ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပါလိမ့်မည်။

ကံမကောင်းစွာဖြင့် ဒီလအစကတည်းက ငှားရမ်းခနှင့် အခြား အသုံးစရိတ်များကို ပေးဆောင်ထားပြီးသားဖြစ်သည်။ နောက်လအတွက်လည်း ကြိုပေးထားလို့မရပါ။

ဖေးချမ့်က တွက်ချက်ကြည့်လေလေ ပိုပျော်လာလေလေဖြစ်သည်။ ရှော့ပင်းမောလ်ထဲတွင် အားလုံးနဲ့အတူ ရှယ်ဖြုန်းတီးတော့မည်ဖြစ်သည်။

(အကုန်လုံး ၃,၅၀၀ ယွမ်ကို အပြောင်သုံးမှဖြစ်မယ်။ တစ်ပြားမှ ချန်ထားလို့မရဘူး။)

...

နေ့လည် ၃ နာရီထိုးသောအခါ အားလုံးက ဘတ်စ်ကားပေါ် တက်ခဲ့ကြပြီး ရှော့ပင်းမောလ်သို့ ရောက်လာခဲ့ကြသည်။

ကားပေါ်က ဆင်းပြီးသောအခါ ဖေးချမ့်က အားလုံး၏ အာရုံစိုက်မှုကို ရဖို့ လက်ခုပ် ခပ်ဖွဖွ တီးလိုက်သည်။

"သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုနဲ့ အားလုံးရဲ့ ကြိုးစားမှုတွေကို အောင်ပွဲခံဖို့အတွက် အားလုံးကို အခမဲ့ ရှော့ပင်းခရီးနဲ့ ကျွန်တော် ဆုချချင်ပါတယ်။ ယွမ် ၁,၀၀၀ ရှော့ပင်းလက်ဆောင်ကတ်ကို အသုံးပြုရပါမယ်။ အထူးအသုံးစရိတ်ထဲက ယွမ် ၃,၅၀၀ ကိုလည်း အသုံးပြုရပါမယ်။ အကုန်အစင် မသုံးရသေးသရွေ့ ဘယ်သူ့ကိုမှ ထွက်ခွင့်မပြုဘူးနော်။"

"ဟုတ်ပြီ သွားကြတော့။"

အားလုံး တစ်ယောက်ကိုတစ်ယောက် ခဏကြည့်လိုက်ကြပြီး ချက်ချင်းဆိုသလို ပျော်ရွှင်စွာဖြင့် အော်ဟစ်ကုန်ကြသည်။

"ဟုတ်ပြီကွ။"

"ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး"

ငယ်ရွယ်သည့် ဝန်ထမ်းတချို့က ချက်ချင်းဆိုသလိုပဲ ဧည့်ကြိုစားပွဲသို့ ပြေးသွားကြသည်။ အခမဲ့ရှော့ပင်းခရီးက ကောင်းမွန်လွန်းလှသည်။ ဒီလောက်ထိ ရက်ရောသည့် ကုမ္ပဏီမျိုးကို ဘယ်သူမှ တစ်ခါမှ မမြင်ဖူးကြပေ။ ဒီရှော့ပင်းမောလ်ကြီးက အလွန်ကြီးမား၏။ သူတို့ စိတ်ကြိုက် ဝယ်ယူနိုင်ကြသည်။ သူတို့၏ ရှော့ပင်းလက်ဆောင်ကတ်များနှင့် အထူးအသုံးစရိတ်များသာမကဘဲ သူတို့ လစာများကိုလည်း အသုံးပြုနိုင်ပါသည်။

အားလုံး၏ လစာများ တိုးမြှင့်ခံခဲ့ရပြီး ပရောဂျက်ဘောနပ်စ်များဖြင့် ပေါင်းလိုက်သောအခါ အားလုံးတွင် ငွေတော်တော်များများ ရှိနေပါပြီ။ သူတို့ ဝယ်ချင်သည့် အရာများ သေချာပေါက် ရှိပါလိမ့်မည်။

ဖေးချမ့်က သူ့ဝန်ထမ်းအားလုံး အုပ်စုများဖွဲ့ကာ ထွက်သွားကြသည်ကို မြင်လိုက်ရသည်။ အမြန်ဆုံး ထွက်သွားကြသည့်လူများက ရှော့ပင်းထွက်လိုစိတ်အများဆုံးလူများ ဖြစ်ကြသည်။ သူတို့ပိုက်ဆံ အပြောင်မသုံးမှာကို စိတ်ပူဖို့ မလိုပါ။

အနည်းငယ် တွန့်ဆုတ်ကာ မြင်သည့်ဆိုင်တိုင်းကို ဝင်ကြပြီး အနည်းငယ် သတိရှိနေသူများလည်း ရှိကြ၏။ သူတို့လည်း များများစားစား မကျန်လောက်ပါ။

နောက်ဆုံး အုပ်စုကတော့ အချိန်ဆွဲနေကြပြီး သိပ်ပြီး ရှော့ပင်းထွက်ချင်ကြပုံ မပေါ်ပေ။ ဖေးချမ့်က ဒီတစ်သုတ်ကို သေချာစောင့်ကြည့်ထားဖို့ လိုအပ်သည်ဟု ခံစားလိုက်မိ၏။

ဒီလူတွေက သူတို့ပိုက်ဆံကို အပြောင်မသုံးတာမျိုး ဖြစ်နိုင်သည်။

ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် မသုံးစွဲတတ်သည့် ဒီအကျင့်ကို ပြင်မှ ဖြစ်မည်။ ဟွမ်းစစ်ပေါ်၊ ရှောင်လု၊ လင်းဝမ်နှင့် မာယန်တို့က နောက်ဆုံးအုပ်စုထဲတွင် ပါသည်။ ဖေးချမ့်က ဒီလေးယောက်ကို အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်၏။ လင်းဝမ်ကလွဲပြီး ကျန်သုံးယောက်က ပိုက်ဆံဘယ်လိုသုံးရမလဲ မသိကာ လိုအပ်သည့် ပစ္စည်းများများစားစားလည်း မရှိသည့်ပုံပင်။ ထို့ကြောင့် သူတို့ ရှော့ပင်းထွက်ချင်စိတ် သိပ်မရှိကြပါ။

လင်းဝမ်ကတော့... သူမ လိုအပ်တာ ဘာမှမရှိဘူးဟု ထင်နေခြင်း ဖြစ်သည်။ သူမ တစ်ခုခုသာ လိုအပ်ပါက ဝယ်ခဲ့တာ ကြာပြီဖြစ်ပြီး အခုလိုချိန်ထိ စောင့်နေမည်မဟုတ်ပါ။ သူမအတွက် ပိုက်ဆံသုံးဖို့ထက် ဖေးချမ့်ကို လေ့လာခြင်းက ပိုအရေးကြီးပါသည်။

ဘော့စ်တစ်ယောက်အနေဖြင့် ဖေးချမ့်က တကယ် ထူးခြားလွန်းသည်ဟု လင်းဝမ်ထင်မိသည်။

အားလုံးကို ရှော့ပင်းလက်ဆောင်ကတ်များ၊ အထူးအသုံးစရိတ်များ ပေးခဲ့ရုံသာမကဘဲ အားလုံးကို တက်တက်ကြွကြွနဲ့ ရှော့ပင်းထွက်ဖို့ ခေါ်လာခဲ့တယ်တဲ့လား။

သူက အလွန်စေ့စပ်လွန်းပါသည်။

မဟုတ်မှလွဲရော သူက သမိုင်းဝင် ဟာသဉာဏ်ရွှင်၊ နွေးထွေးပြီး သဘောကောင်းကာ စေ့စပ်တိကျလွန်းသည့် ဘော့စ်တစ်ယောက်များ ဖြစ်နေမလား။

တချို့က ရှော့ပင်းမောလ်ထဲမှာ လျှောက်ကြည့်ကြရင်း ရှန်းဟွာဒစ်ဂျစ်တယ်အထူးဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ နိုင်ငံတော်ထဲက အကြီးမားဆုံး တယ်လီကွန်မြူနီကေးရှင်းနှင့် ဟာ့ဒ်ဝဲထုတ်လုပ်ရေးအဖြစ် ရှန်းဟွာကော်ပိုရေးရှင်းမှာ အိမ်ရာမြေနှင့် နည်းပညာလုပ်ငန်းများကို လုပ်ကိုင်သော်လည်း ရှန်းဟွာ၏ အဓိက စီးပွားရေးမှာ ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ နားကြပ် အစရှိသည့် ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်သည်။

ရှောင်လုက နောက်ဆုံးထွက် ဖုန်းမော်ဒယ်ကို ကိုင်မြှောက်ကြည့်လိုက်ပြီး ချက်ချင်း သဘောကျသွားပါသည်။ အရင်ဘဝတုန်းက ဒီလိုနှစ်က ဖုန်းမော်ဒယ်များနှင့် ယှဥ်လျှင် ဒီဘဝက ဖုန်း၏ ပုံသဏ္ဌာန်များက တော်တော်လေး ကောင်းမွန်လှပါသည်။

အရင်ဘဝတုန်းက ၂၀၀၉ ၊ ၂၀၁၀ တွင် စမတ်ဖုန်းများက ရေပန်းသိပ်မစားသေးပါ။ စျေးကွက်ထဲတွင် ဖုန်းမျိုးစုံရှိသည်။ အများစုကတော့ အခြေခံကီးဘုတ်များ၊ နံပါတ်ခလုတ်များ ပါဝင်သည်။ တချို့က ကီးဘုတ်အပြည့်အစုံပင် ပါသေးသည်။

ဒီကမ္ဘာမှာတော့ စမတ်ဖုန်းခေတ်က စောစော ရောက်လာခဲ့ပြီး ဒီနေရာတွင် ပြသထားသည့် ဖုန်းအများစုက Touchscreen ဖုန်းများ ဖြစ်ကြသည်။ အရင်ဘဝထက် ၂ နှစ် ၃ နှစ်လောက် ပိုစောနေသည်။ ရှောင်းမီ၏ စမ်းသပ်ကာလများနှင့် ဆင်တူပါသည်။

ရှောင်လုက အခု ရှန်းဟွာ G9 မော်ဒယ်ကို ကိုင်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ယခုစျေးကွက်ထဲတွင် မိုဘိုင်းဂိမ်းမင်းအတွက် အနည်းငယ် ပိုပြီး တိမ်းညွှတ်ထားသော ဖုန်းတစ်လုံးဖြစ်ကာ ၃,၉၉၉ ယွမ် ဖြစ်ပါသည်။

အကြာကြီး ခက်ခက်ခဲခဲကြည့်ပြီးခါမှ ရှောင်လု တိတ်ဆိတ်စွာဖြင့် ဖုန်းကို ပြန်ချထားလိုက်ပါသည်။

ဖေးချမ့် မပျော်တော့ပါ။

"ဘာဖြစ်လို့လဲ မင်းမကြိုက်ဘူးလား" ဖေးချမ့်က မေးလိုက်၏။

ရှောင်လုက အမြန်ပြန်ဖြေလိုက်ပါသည်။ "အာ မဟုတ်ပါဘူး။ ကျွန်တော် လက်ရှိကိုင်နေတဲ့ဖုန်းက တစ်နှစ်လောက် သုံးလို့ရသေးတယ်လို့ ထင်လို့ပါ။ ပြီးတော့... ဒီဖုန်းက နည်းနည်း စျေးကြီးနေလို့..."

"နည်းနည်းစျေးကြီးနေတယ်ဟုတ်လား။ မင်းရဲ့ အထူးအသုံးစရိတ်ကို သုံးလေ။" ဖေးချမ့်က ပြောလိုက်ပါသည်။

"အမ် ဘော့စ်ဖေး ဒါကို အထူးအသုံးစရိတ်အနေနဲ့ ဝယ်လို့ရတယ်လား" ရှောင်လု အနည်းငယ် မှင်သက်သွားပါသည်။ "ဒီဖုန်းကို ဝယ်တာက အလုပ်နဲ့ ဘာဆိုင်လို့လဲ..."

ဖေးချမ့်က ခေါင်းခါလိုက်သည်။ "ဘာလို့ မဆိုင်ရမှာလဲ။ ငါတို့ နောက်ပိုင်း မိုဘိုင်းဂိမ်းတွေ မဖန်တီးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ငါတို့ တစ္ဆေစစ်သူကြီးအတွက် New Edition ကိုတောင် ဖန်တီးနိုင်တယ်လေ၊ ဟုတ်တယ်မလား။ ဂိမ်းမင်းဆဲလ်ဖုန်းတစ်ခုကို စမ်းဝယ်ကြည့်တာက ဘာဖြစ်လို့လဲ။"

"အာ..." ရှောင်လု ပြောစရာစကားမဲ့နေပါသည်။

"အထူးအသုံးစရိတ် အကန့်အသတ်က ယွမ် ၃,၅၀၀၊ ရှော့ပင်းလက်ဆောင်ကတ်ထဲက ၄၉၉ ယွမ်ကို သုံးလိုက်ရင် အဆင်ပြေတာပဲ မဟုတ်ဘူးလား။"

ရှောင်လုက မျက်တောင်ခတ်လိုက်ပါသည်။ "ဒါပေမယ့်..."

"ဘာတွေ တွန့်ဆုတ်စရာလိုလို့လဲကွ။ မင်းမလိုချင်ဘူးလား။ မင်းရဲ့ လက်ရှိ G6 က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မော်ဒယ် မဟုတ်လား။ စုတ်တောင် စုတ်တော့မယ်မလား။ အဲ့ဒီဖုန်းကို ဆက်သုံးနေတာက မင်းရဲ့အလုပ်လုပ်နိုင်စွမ်းကို နိမ့်ကျစေတယ်လို့ ငါတော့ထင်တယ်။"

"နောက်တစ်ခေါက် ငါမင်းကို တစ်ခုခုလုပ်ဖို့ ခေါ်ရင်း မင်းရဲ့ဖုန်းက ဟန်းနေရင် ငါတို့အလုပ်ကို အဟန့်အတား မဖြစ်စေဘူးလား။ မင်းရဲ့ အလုပ်အတွက် လဲလိုက်စမ်းပါကွာ။" ဖေးချမ့်က ခက်ထန်စွာ ပြောလိုက်ပါသည်။

ရှောင်လုက ခေါင်းသာငြိမ့်နိုင်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး"

စားပွဲပေါ်က မဖောက်ရသေးသည့် နောက်ဆု့းပေါ် ဖုန်းအသစ်တစ်လုံးကို ယူပြီး ငွေရှင်းလိုက်သောအခါ သူ အနည်းငယ် စိတ်ခံစားချက်ပြင်းပြနေပါသည်။

"မှတ်ထားနော်။ မင်းရဲ့ အကြွေးဝယ်ကတ်ထဲက ယွမ် ၃,၅၀၀ နဲ့ ရှော့ပင်းလက်ဆောင်ကတ်ထဲက ၄၉၉ ယွမ်ကိုပဲ သုံး။ ငွေအမ်းလွှာကို လက်ထောက်ရှင်းကို ပေးလိုက်။ သူက အသုံးစရိတ်အဖြစ် သတ်မှတ်ပေးလိမ့်မယ်။"

"ကိုယ့်လစာနဲ့ကိုယ် မသုံးနဲ့နော်။"

ရှောင်လု ငွေစာရင်းရှင်းဖို့ ထွက်သွားတာကို မြင်သောအခါ ဖေးချမ့် အနည်းငယ် စိတ်မကျေနပ်သေးပါ။ ဟွမ်းစစ်ပေါ်ကိုကြည့်ကာ မေးလိုက်သည်။ "မင်းရဲ့ဖုန်းကိုလည်း ပြောင်းဖို့ အချိန်ကျပြီထင်တယ်နော်။"

ဟွမ်းစစ်ပေါ်က အမြန်လက်ခါကာ ပြောလိုက်ပါသည်။ "မဟုတ်ပါဘူး ဘော့စ်ဖေး ကျွန်တော် လွန်ခဲ့တဲ့ ၂ လလောက်ကမှ ပြောင်းထားတာပါ..."

"ဒါပေမယ့် မင်းရဲ့ဖုန်းက Lite ဗားရှင်းကြီးကွ။ ဒစ်ဂျစ်တယ် အမှိုက်သရိုက်လိုပဲ သိလား" ဖေးချမ့်က ကြည့်လိုက်ပြီး ချက်ချင်း ဘာမော်ဒယ်လဲ မြင်သွားပါသည်။

"တကယ်မလိုပါဘူး ဘော့စ်ဖေးရယ်။ ကျွန်တော်ဝယ်ချင်တဲ့ တခြားပစ္စည်းတွေ ရှိပါတယ်။" ဟွမ်းစစ်ပေါ်က နောက်တစ်ခေါက် ထပ်ငြင်းလိုက်ပါသည်။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ ဟွမ်းစစ်ပေါ်က ဝယ်စရာတခြားပစ္စည်းများ ရှိသည်ဆိုသဖြင့် ဖေးချမ့် စောင့်ကြည့်ပါဦးမည်။ လင်းဝမ်ကို သူကြည့်လိုက်၏။ သို့သော်လည်း လင်းဝမ်က သူမဘယ်ဘက်လက်ကို မြှောက်ကာ သူမလက်ထဲက ရှန်းဟွာ M10  မော်ဒယ်ကို မြှောက်ပြလိုက်သည်။

ထိုဖုန်းက နောက်ဆုံးထွက် ကော်မာရှယ် flagship ဆဲလ်ဖုန်းတစ်လုံး ဖြစ်သည်။ စျေးအပေါဆုံးမော်ဒယ်ကတောင် ယွမ် ၅,၀၀၀ ကျော် ကုန်ကျ၏။ ထို့အပြင် လင်းဝမ်၏ လက်ရှိဆဲလ်ဖုန်းကလည်း ထူးခြားသည့်ပုံပေါ်သည်။ spec မြင့်သည့်ဖုန်း ဖြစ်နိုင်သည်။ လင်းဝမ်က ပြောလိုက်၏။ "ကျွန်မမှာ ဒီဆိုင်ထဲက ပစ္စည်းအကုန်လုံးရှိပါတယ် ဘော့စ်ဖေး"

ဖေးချမ့် : "..."

ဟူး... ဒုတိယမျိုးဆက်သူဌေးတွေကတော့ သူတို့ လုပ်ချင်တာ လုပ်လို့ရတာပဲ။ လင်းဝမ်ကတော့ တကယ် ထူးခြားပါသည်။

Zawgyi

ေဖးခ်မ့္ 71+72

အခန္း(၇၁) အထူးအသုံးစရိတ္မ်ား

ေဖးခ်မ့္သည္ ႐ုတ္တရက္ ေနာက္ထပ္အၾကံတစ္ခုကို စဥ္းစားလိုက္မိသည္။

"ေနဦး။ ကြၽန္ေတာ္ အၾကံ ေနာက္တစ္ခု ရၿပီ။ ကြၽန္ေတာ့္ရဲ႕ ဝန္ထမ္းတိုင္းကို သုံးစြဲစရိတ္ အကန္႔အသတ္ ေပးမယ္။ သူတို႔ အခ်ိန္တစ္ကန္႔အတြင္းမွာ ႐ုံးသုံးပစၥည္းေတြနဲ႔ လိုအပ္တာေတြကို ပမာဏတစ္ခုအထိ သုံးလို႔ရမယ္။ အတိအက်ကေတာ့... အမ္..."

"အခ်ိန္အကန္႔အသတ္က သုံးလ တစ္ႀကိမ္၊ ဝန္ထမ္းတိုင္းက သုံးစြဲစရိတ္အကန္႔အသတ္ ၃,၅၀၀ ယြမ္ ရမယ္။"

ေဖးခ်မ့္က တကယ္စဥ္းစားေနျခင္း မဟုတ္ဘဲ စနစ္ကို စမ္းသပ္ေနျခင္း ျဖစ္ပါသည္။

အခ်ိန္အကန္႔အသတ္ ၃ လေအာက္  နည္းပါးၿပီး သုံးစြဲစရိတ္က ယြမ္ ၃,၅၀၀ ထက္ ပိုပါက စနစ္က ခြင့္ျပဳမွာ မဟုတ္ေပ။

႐ွင္းဟိုက္လူက ဒီအၾကံကို အနည္းငယ္ နားမလည္ႏိုင္ဘဲ ေျပာလိုက္ပါသည္။ "ေဘာ့စ္ေဖး လက္႐ွိမွာ ကြၽန္မတို႔ ဝန္ထမ္းေတြအတြက္ သုံးစြဲစရိတ္ေတြကို ကန္႔သတ္မထားပါဘူး။ အခ်ိန္ပို တကၠစီခေတြ၊ လုပ္ငန္းခရီးစဥ္ေတြ အပါအဝင္ သူတို႔ကို အျပည့္အဝ ျပန္ေပးထားပါတယ္။ ဒီ ယြမ္ ၃,၅၀၀ က ဘယ္အတြက္ကို ရည္ၫႊန္းတာလဲ မသိဘူး..."

ေဖးခ်မ့္က ႐ွင္းျပလိုက္ပါသည္။ "ဒါကို အထူးအသုံးစရိတ္လို႔ေခၚတယ္။ ဒီပိုက္ဆံေတြကို အလုပ္နဲ႔ သက္ဆိုင္တဲ့အရာေတြ ဘာမဆို ဝယ္ႏိုင္တယ္။"

"ဥပမာ ေပါင္႐ႈက ဂိမ္းကစားရတာကို ႀကိဳက္ႏွစ္သက္တယ္မဟုတ္လား။ ဒီပိုက္ဆံကို ကတ္ေတြ ဒါမွမဟုတ္ လက္နက္ေတြဝယ္ဖို႔ အသုံးျပဳလို႔ရတယ္။"

"ဒါမွမဟုတ္ ဝန္ထမ္းတခ်ိဳ႕က နားၾကပ္ေကာင္းေကာင္း ႐ွိထားေပမယ့္ ပိုေကာင္းတဲ့ နားၾကပ္နဲ႔မွ ဂိမ္းရဲ႕ အသံအရည္အေသြးကို ပိုေကာင္းေကာင္းၾကားႏိုင္ၿပီး ဂိမ္းဖန္တီးမႈအတြက္ ပိုၿပီး အက်ိဳးေက်းဇူး ႐ွိေစလိမ့္မယ္လို႔ ထင္ရင္ အဲ့ဒီပိုက္ဆံနဲ႔ ဂိမ္းနားၾကပ္ေတြ ဝယ္လို႔ရတာေပါ့။"

႐ွင္းဟိုက္လူက ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ကြၽန္မနားလည္ပါၿပီ ေဘာ့စ္ေဖး"

ေဖးခ်မ့္လည္း ဒါကို မၾကာေသးခင္ကမွ ေတြးမိျခင္း ျဖစ္ပါသည္။

တခ်ိဳ႕အရာမ်ားကို အသုံးစရိတ္ဟု သတ္မွတ္ႏိုင္ေသာ္လည္း မတူညီေသာ အရာမ်ားအတြက္ စနစ္က မတူညီစြာ ကန္႔သတ္ထားသည္။

မူလကုန္က်စရိတ္မ်ားကို ျပန္လည္ေပးဆပ္ျခင္းသည္ ဝန္ထမ္းအားလုံးအတြက္ တသမတ္တည္း ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္သည္။ ဥပမာအားျဖင့္ အခ်ိန္ပိုအလုပ္လုပ္သည့္ လူတိုင္း သူတို႔၏ တကၠစီခမ်ားကို အျပည့္အဝ ေတာင္းခံႏိုင္သည္။ အားလုံးအတြက္ အတူတူပဲျဖစ္၏။ လုပ္ငန္းသုံးကြန္ပ်ဴတာအတြက္ အားလုံးတြင္ စက္ပိုင္းဆိုင္ရာ ကီးဘုတ္မ်ားႏွင့္ ေမာ္နီတာႏွစ္လုံး ႐ွိၾကသည္။ အားလုံးကို အေကာင္းဆုံးေတြခ်ည္းသာ တပ္ဆင္ထား၏။

သို႔ေသာ္လည္း အခ်ိဳ႕ေသာ အထူးေတာင္းဆိုခ်က္မ်ားအတြက္ေတာ့ စနစ္က အသိအမွတ္ျပဳမည္ မဟုတ္ေပ။ ဥပမာအားျဖင့္ ဂိမ္းတစ္ခုႏွင့္ ၎ဂိမ္း၏ ဂိမ္းကစားပုံကို ခံစားဖို႔အတြက္ ေပါင္႐ႈက ပိုက္ဆံေပးရမည္ဟုဆိုသည္။

စနစ္က ဒီပမာဏကို ေပးမည္ မဟုတ္ပါ။

သို႔မဟုတ္ ဟြမ္းစစ္ေပၚက ယြမ္ ၂,၀၀၀ တန္ ကီးဘုတ္ သို႔မဟုတ္ ယြမ္ ၃,၀၀၀ တန္ ဂိမ္းနားၾကပ္မ်ားကို လိုခ်င္သည္ဟု ဆိုၿပီး သူဖန္တီးေနသည့္ဂိမ္းမ်ားကို ပိုၿပီး ခံစားႏိုင္ေစလိမ့္မည္ဟုဆိုလွ်င္ စနစ္က ခြင့္ျပဳႏိုင္မလား။

စနစ္က ခြင့္ျပဳမည္ မဟုတ္ပါ။ ထိုကဲ့သို႔ သဘာဝမက်ေသာ အေၾကာင္းျပခ်က္မ်ားကို စနစ္က လက္ခံမည္ မဟုတ္ေပ။ စနစ္က အားလုံး ၎တို႔၏ လုပ္ငန္းကို ၿပီးေျမာက္ဖို႔အတြက္ လိုအပ္သည့္ လိုအပ္ခ်က္မ်ားကို ျခားနားစြာ စံႏႈန္းသတ္မွတ္ထားသည္။

ေဖးခ်မ့္၏ ေဘာ့စ္တစ္ေယာက္အေနျဖင့္ စံႏႈန္းမ်ားက အလြန္ျမင့္မား၏။ အဆင့္ျမင့္ဝတ္စုံတစ္ခုကို ဝယ္တာေတာင္ ခြင့္ျပဳေပးထားသည္။ ဒါက ပိုင္႐ွင္တစ္ေယာက္ သို႔မဟုတ္ ေဘာ့စ္တစ္ေယာက္၏ အထူးခံစားခြင့္တစ္ခု ျဖစ္သည္။ ကန္႔သတ္ခ်က္အေနနဲ႔ကေတာ့ ေဘာ့စ္တစ္ေယာက္က ကိုယ့္ကိုယ္ကို လစာျပန္ေပးလို႔မရပါ။

တျခား ဝန္ထမ္းမ်ားအတြက္ကေတာ့ ၎တို႔၏ အလုပ္အတြက္ လိုအပ္သည့္ အရာမ်ားကိုသာ ေတာင္းဆိုႏိုင္သည္။

ဒါကလည္း အလြန္အဓိပၸာယ္႐ွိပါသည္။ စနစ္ကသာ 'ဂိမ္းတစ္ခုထဲ ေငြျဖည့္သြင္းရန္' သို႔မဟုတ္ 'ဂိမ္းကစားပုံကို ပိုေကာင္းေကာင္း ခံစားႏိုင္ရန္အတြက္ အဆင့္ျမင့္ နားၾကပ္မ်ား ဝယ္ယူရန္' စသည့္ အသုံးစရိတ္မ်ားကိုသာ ခြင့္ျပဳေပးလိုက္ပါက ေဖးခ်မ့္ သူ႕ဝန္ထမ္းအားလုံးကို Paywalls မ်ား႐ွိသည့္ ျပည္တြင္းဂိမ္းမ်ားကို ကစားခိုင္းကာ ေငြမ်ား ပစ္ေပးျခင္းျဖင့္ အလြယ္တကူ ပိုက္ဆံျဖဳန္းႏိုင္ပါ့လိမ့္မည္။

စနစ္က ဒီေလာက္ မတုံးအပါ။

သို႔ေသာ္လည္း ေဖးခ်မ့္က ၎၏ ကန္႔သတ္ခ်က္မ်ားကို ပါးနပ္စြာ ေ႐ွာင္တိမ္းႏိုင္ခဲ့သည္။ စနစ္က 'မလိုအပ္သည့္ အသုံးစရိတ္မ်ား' အတြက္လည္း အကန္႔အသတ္တစ္ခု ထား႐ွိေၾကာင္း သူနားလည္ခဲ့၏။ လိုအပ္ခ်က္ကေတာ့ အကန္႔အသတ္မဲ့ မျဖစ္ရဘဲ ကန္႔သတ္ခ်က္တစ္ခုေတာ့ ထားရမည္။ ထို႔ေၾကာင့္ အားလုံးကို တိက်သည့္ ကန္႔သတ္ခ်က္တစ္ခုအရ ေပးျခင္းျဖင့္ ၎တို႔၏ ကုမၸဏီႏွင့္ အလုပ္နာမည္ကိုသုံးၿပီး စနစ္ရန္ပုံေငြကို ေပၚတင္သုံးစြဲႏိုင္ပါသည္။

ေဖးခ်မ့္သည္ သူ႕လက္ေခ်ာင္းမ်ားကို သုံးၿပီး ေရတြက္ၾကည့္လိုက္သည္။

ၾကည့္ရသေလာက္ေတာ့ ထို'အထူးအသုံးစရိတ္' ဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္ ေနာက္ထပ္ ၃၀,၀၀၀ မွ ၄၀,၀၀၀ ယြမ္ေလာက္ ထပ္တိုးႏိုင္ေသးသည္။ ထို႔အျပင္ ထိုပိုက္ဆံမ်ားက ထုတ္လုပ္ေရးနဲ႔ သက္ဆိုင္မွာ မဟုတ္ေပ။ ဒါက ဝန္ထမ္းမ်ားကို ကုမၸဏီတစ္ခုက စည္းကမ္းမ်ားနဲ႔အညီ ေပးအပ္ေသာ အက်ိဳးခံစားခြင့္သာျဖစ္သည္။

ဆိုလိုရင္းက ေငြစာရင္း႐ွင္းမည့္ေန႔ကို ေ႐ႊ႕ဆိုင္းခံရမည္ မဟုတ္ေပ။

ေဖးခ်မ့္သည္ စိတ္ထဲမွာ ေပ်ာ္သြားမိသည္။ သူ႕ကိုယ္သူ ဉာဏ္ေကာင္းလြန္းသည့္အတြက္ ခ်ီးက်ဴးမိပါသည္။

...႐ုံးတြင္...

မၾကာေသးခင္ကမွ ႐ုံးတစ္ခုလုံး ႐ူးသြပ္ေလာက္ေအာင္ ေပ်ာ္႐ႊင္ေနၾကပါသည္။

ဒီဇိုင္းအဖြဲ႕က သမုဒၵရာရဲတိုက္မွာ နာမည္ႀကီးလာၿပီး Bullet Hole ကိုေက်ာ္လြန္သြားၿပီဆိုတာကို ျမင္လိုက္ရေသာေၾကာင့္ ေန႔တိုင္းလိုလို လန္းဆန္းတက္ႂကြေနၾကပါသည္။ အားလုံးက Bullet Hole ၏ အခ်က္အလက္ အတိအက်မ်ားကို မျမင္ရေသာ္လည္း တရားဝင္ဂိမ္းပလက္ေဖာင္းႏွင့္ ေနာက္ဆက္တြဲ ၫႊန္းဆိုခ်က္မ်ားေၾကာင့္ ဒီတစ္ေခါက္ Bullet Hole မွာဆိုးဆိုး႐ြား႐ြား က်႐ႈံးေနပါသည္။

ေန႔တိုင္း ပိုပိုဆိုးလာခဲ့၏။

Bullet Hole ၏ ေငြသုံးစြဲမႈ ပုံစံက သမုဒၵရာရဲတိုက္ထက္ ပိုၿပီး အဓိပၸာယ္႐ွိေသာ္လည္း မည္သည့္သက္ေရာက္မႈမွ မ႐ွိပါ။

ဂိမ္းတစ္ခုသည္ ေငြ႐ွာႏိုင္ရန္အတြက္ ၎၏ ေငြသုံးစြဲမႈပုံစံအေပၚ မမူတည္ပါ။ ဂိမ္မာအေရအတြက္ေပၚတြင္သာ မူတည္သည္။ ဂိမ္းတစ္ခု၏ ေငြသုံးစြဲမႈပုံစံက အဓိပၸာယ္အ႐ွိဆုံး ျဖစ္ေနရင္ေတာင္ ဂိမ္မာမ်ားက မကစားေတာ့ဘဲ ထြက္ေျပးသြားၾကပါက ဘာအသုံးဝင္ေတာ့မည္နည္း။

သမုဒၵရာရဲတိုက္၏ အရည္အေသြးက Bullet Hole ကို အႏိုင္ယူႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ သမုဒၵရာရဲတိုက္က ဖိအားမ်ိဳးစုံကိုေပးၿပီး Bullet Hole ထံမွ ဂိမ္မာမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့သည္။  ကစားသမားမ်ားက ေငြသုံးပိုနည္းလာၿပီး သမုဒၵရာရဲတိုက္က ေငြပိုရလာေလေလ ထိခိုက္သည့္သူက Bullet Hole သာ ျဖစ္ပါသည္။

ဟြမ္းစစ္ေပၚက ရင္ဖိုစြာ သက္ျပင္းခ်လိုက္ပါသည္။ ေဘာ့စ္ေဖးရဲ႕ အေျမာ္အျမင္က တကယ္နက္နဲခဲ့တာပဲ။

ဧကႏၲ ဆန္းစထ႐ိုက္ခ္စတူဒီယိုမွာ သူ သြားေလ့လာၿပီးကတည္းက ဒီလိုျဖစ္လာမွာကို ႀကိဳသိေနခဲ့တာလား။

သူ တမင္သက္သက္ သမုဒၵရာရဲတိုက္ကို Bullet Hole နဲ႔ တစ္ခ်ိန္တည္းမွာပဲ ျဖန္႔ခ်ီခဲ့သည္။ ဒါမွ သမုဒၵရာရဲတိုက္အတြက္ Bullet Hole က ေၾကာ္ျငာေပးသလို ျဖစ္သြားလိမ့္မည္ မဟုတ္ပါလား။

ဒါက ရက္စက္ေသာလႈပ္႐ွားမႈျဖစ္ခဲ့ၿပီး Bullet Hole ကို နင္းေျခႏိုင္ခဲ့သည္။

တကယ္ေတာ့ အခုဆို ဆန္းစထ႐ိုက္ခ္စတူဒီယိုမွာ ဘယ္လိုေတြျဖစ္ေနမလဲ အားလုံး သိခ်င္ေနၾကပါသည္။ သို႔ေသာ္လည္း ဘယ္သူမွ မေမးရဲၾကပါ။ အခုအခ်ိန္ ေမးလိုက္ျခင္းက ႂကြားဝါကဲ့ရဲ႕ျခင္းလို ျဖစ္သြားပါလိမ့္မည္။ အမုန္းတရားမ်ား ေပၚလာကာ ခ်က္ခ်င္းဆိုသလို ရန္သူမ်ား ျဖစ္သြားႏိုင္ပါသည္။

သို႔ေသာ္လည္း ေနာက္ထပ္ ႐ႈေထာင့္တစ္ခုက စဥ္းစားၾကည့္ပါက သူတို႔ ေမးမၾကည့္ရင္ေတာင္ အခုဆို ဆန္းစထ႐ိုက္ခ္စတူဒီယိုက သူတို႔အေပၚထားသည့္ အမုန္းတရားမွာ ေတာ္ေတာ္ေလး ႀကီးမားေနေလာက္ပါၿပီ။

ထားလိုက္ပါေတာ့၊ ထားလိုက္ပါေတာ့။

ပိုက္ဆံလည္း ရထားၿပီးၿပီဆိုေတာ့ ထိုအေၾကာင္းေတြကို စဥ္းစားဖို႔ မလိုေတာ့ပါ။

ဟြမ္းစစ္ေပၚက ထိုအေၾကာင္း စဥ္းစားေနတုန္း သူ႕ဖုန္းသံျမည္လာခဲ့သည္။

သူၾကည့္လိုက္ေသာအခါ သူ႕လစာႏွင့္ ပတ္သက္သည့္ မက္ေဆ့ခ်္တစ္ခု ျဖစ္ေနသည္ကို ျမင္လိုက္ရပါသည္။

"...ဘာ ဘာလို႔ ဒီေလာက္မ်ားေနရတာလဲ" ဟြမ္းစစ္ေပၚ ေၾကာင္သြားပါသည္။

ဒီလထဲ သူအခ်ိန္ပိုမလုပ္ခဲ့ပါ။ ထို႔ေၾကာင့္ အခ်ိန္ပိုလစာလည္း မ်ားမ်ားစားစား မရသင့္ပါ။

သို႔ေသာ္လည္း အနီးကပ္ၾကည့္လိုက္ေသာအခါ ကိန္းဂဏန္းမ်ားက သူ႕ကို လန္႔သြားေစသည္။

သူ႕အေျခခံလစာက ယြမ္ ၄,၀၀၀ ျဖစ္သည္။ ၆၀ ရာခိုင္ႏႈန္း တိုးေပးလိုက္ေသာအခါ အခုေတာ့ ယြမ္ ၆,၄၀၀ ျဖစ္ေနပါၿပီ။

ပေရာဂ်က္ေဘာနပ္စ္က သမုဒၵရာရဲတိုက္ အျမတ္ေငြ၏ ၁၅ ရာခိုင္ႏႈန္း ျဖစ္ေသာေၾကာင့္ ႏွစ္ပတ္တာအတြက္ ယြမ္ ၁၃၀,၀၀၀ ျဖစ္ခဲ့သည္။ ပေရာဂ်က္အတြက္ အစီအစဥ္ဆြဲသူခ်ဳပ္ ျဖစ္ေသာေၾကာင့္ ဟြမ္စစ္ေပၚက တျခားသူမ်ားထက္ အနည္းငယ္ပိုရၿပီး ယြမ္ ၈,၀၀၀ ဝန္းက်င္ေလာက္ ရ႐ွိခဲ့သည္။

ထို႔ေၾကာင့္ ဒီလအတြက္ သူ႕လစာက ၁၅,၀၀၀ ယြမ္အထိ ေရာက္သြားခဲ့ပါသည္။

အမွန္ပင္။ အိမ္စရိတ္ႏွင့္ အာာမခံစရိတ္မ်ား၊ အခြန္မ်ားအတြက္ေတာ့ ေလွ်ာ့ခ်ရဦးမည္ျဖစ္သည္။ ဒီလိုဆိုရင္ေတာင္ ၂၀၁၀ ခုႏွစ္အတြက္ သူ႕လစာက ယြမ္ ၁၀,၀၀၀ ေက်ာ္ေနသျဖင့္ သူအျပင္ထြက္ၿပီး ေအးေအးေဆးေဆး သုံးျဖဳန္းႏိုင္ေသာ ပမာဏမ်ိဳး ျဖစ္ေနပါသည္။

ထို႔အျပင္ သမုဒၵရာရဲတိုက္က ပိုမိုေရပန္းစားလာၿပီး ဂိမ္း၏ ဝင္ေငြပိုပို တိုးလာတာနဲ႔ ဟြမ္းစစ္ေပၚ၏ ေဘာနပ္စ္လည္း ပိုမ်ားလာမည္ျဖစ္သည္။ ဒီတိုင္း တြက္ခ်က္ၾကည့္လွ်င္ ေနာက္လအတြက္ သူ႕လစာက ပိုျမင့္မားလာဖို႔သာ ႐ွိပါသည္။

သူ တာဝန္ယူသည့္ ပေရာဂ်က္က အဆင္ေျပခဲ့ၿပီး ေဘာ့စ္ေဖးကလည္း ေဘာနပ္စ္မ်ားကို ရက္ရက္ေရာေရာ ေပးေနပါသည္။

ႏွစ္ထပ္ကြမ္း ေပ်ာ္႐ႊင္စရာ ျဖစ္ပါသည္။ သို႔ေသာ္လည္း ဒါအကုန္ မဟုတ္ေသးပါ။

႐ွင္းဟိုက္လူက ႐ုံးထဲဝင္လာၿပီး ေ႐ွာ့ပင္းလက္ေဆာင္ကတ္မ်ားကို စတင္ေဝေပးေလသည္။ အားလုံးတြင္ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ ေ႐ွာ့ပင္းလက္ေဆာင္ကတ္ေလးမ်ား႐ွိကာ က်င္းက်ိဳးၿမိဳ႕၏ အႀကီးဆုံးေ႐ွာ့ပင္းအေဆာက္အဦး၏ တံဆိပ္လည္း ပါ႐ွိသည္။ အားလုံးကို ေဝေပးၿပီးသြားေသာအခခါ ႐ွင္းဟိုက္လူက ႐ုံးခန္း၏ အလယ္ကိုလာကာ ခပ္ဖြဖြျပဳံးလ်က္ ေျပာလိုက္ပါသည္။

"လူတိုင္း ကိုယ့္လက္ထဲက လက္ေဆာင္ကတ္ေတြကို မေပ်ာက္ပါေစနဲ႔။ လတိုင္း အဲ့ဒီကတ္ေတြထဲကို ယြမ္ ၁,၀၀၀ စီ ျဖည့္ေပးသြားမွာပါ။ အဲ့ဒီေ႐ွာ့ပင္းအေဆာက္အအုံဆီသြားၿပီး လိုအပ္တာေတြ ဝယ္ယူလို႔ ရပါတယ္။"

"အဲ့ဒီအျပင္ ဒီေန႔ကစၿပီး ေဘာ့စ္ေဖးက 'အထူးအသုံးစရိတ္' စနစ္တစ္ခုကို သတ္မွတ္လိုက္တယ္။ ၃လတိုင္းမွာ ကုမၸဏီက အဲ့ဒီအထူးအသုံးစရိတ္ေတြအတြက္ ယြမ္ ၃,၅၀၀ အထိ ခြင့္ျပဳေပးသြားမွာပါ။ ပါဝင္တာေတြကေတာ့..."

လက္ေထာက္႐ွင္းက 'အထူးအသုံးစရိတ္'ဆိုတာ ဘာလဲ၊ ကန္႔သတ္ခ်က္ေတြ ဘယ္လို႐ွိလဲ အားလုံး ႐ွင္းျပေပးလိုက္ပါသည္။ ဥပမာအာားျဖင့္... ဂိမ္းတစ္ဂိမ္းကစားဖို႔ ေငြျဖည့္သြင္းတာကိုလည္း ထည့္တြက္ထားပါသည္။

အားလုံး သူမ၏ စကားကိုၾကားကာ ၾကက္ေသ ေသသြားၾကသည္။ အထူးသျဖင့္ ေပါင္႐ႈျဖစ္၏။ အားလုံး မွင္သက္ေနၾကပါသည္။

ဒီေလာက္ ေကာင္းတာမ်ိဳး တကယ္႐ွိတယ္လား။။

ဒါဆို အခုခ်ိန္ကစၿပီး ေပါင္႐ႈဂိမ္းကစားတိုင္း သူ႕ကိုယ္ပိုင္ပိုက္ဆံနဲ႔ ေငြျဖည့္သြင္းစရာ မလိုေတာ့ဘူးဆိုတဲ့သေဘာလား။

အခန္း(၇၂) အခမဲ့ေ႐ွာ့ပင္းခရီး

အကုန္လုံး အနည္းငယ္ ေနရခက္ကုန္ပါသည္။

ကုမၸဏီက အဆင့္ျမင့္ကြန္ပ်ဴတာမ်ား ျပင္ဆင္ေပးထားသည္။ အခ်ိန္ပိုလစာမ်ားလည္း ေပးသည္။ ပေရာဂ်က္ေဘာနပ္စ္မ်ား၊ မုန္႔ပဲသေရစာမ်ားကိုပါ ခ်ီးျမႇင့္ထားသည္။ ၎တို႔၏ သာမန္အသုံးစရိတ္မ်ားမွာ လုံေလာက္ေနၿပီ ျဖစ္ပါသည္။

အခုေတာ့ ဂိမ္းကစားဖို႔ ေငြျဖည့္သြင္းဖို႔ လိုအပ္လာပါက ကုမၸဏီ၏ အသုံးစရိတ္အျဖစ္ ထည့္တြက္ရမည္တဲ့လား။

အားလုံး၏ အေတြးကို နားလည္ေနသလိုျဖင့္ ႐ွင္းဟိုက္လူက အနည္းငယ္ျပဳံးကာ ဆက္ေျပာသည္။

"အားလုံးပဲ စိတ္မသက္မသာျဖစ္ဖို႔ မလိုပါဘူး။ ဒီေန႔လည္ခင္းက်ရင္ ေဘာ့စ္ေဖးက သမုဒၵရာရဲတိုက္ရဲ႕ ေအာင္ျမင္မႈကို ေအာင္ပြဲခံဖို႔အတြက္ ကြၽန္မတို႔ အားလုံးကို ေ႐ွာ့ပင္းေမာလ္တစ္ခုဆီ လိုက္ပို႔ေပးမွာပါ။"

"အားလုံး အသင့္ျပင္ထားၾကပါ။ ေန႔လည္ခင္း ၃ နာရီမွာ ကြၽန္မတို႔ အလုပ္ဆင္းၾကမယ္။ ေအာက္ထပ္မွာ ဘတ္စ္ကားတစ္စီးက ေစာင့္ေနပါလိမ့္မယ္။"

ဒီအထူးအသုံးစရိတ္ကို သုံးစြဲဖို႔ လူတခ်ိဳ႕က ေနရခက္ေနမည္ကို ေဖးခ်မ့္ ခန္႔မွန္းထားၿပီးသားျဖစ္သည္။ သူတို႔ အထူးအသုံးစရိတ္ ၃,၅၀၀ ယြမ္ကို မသုံးစြဲခ်င္ၾကမည္ကို စိုးရိမ္ေနသည္။ ထို႔ေၾကာင့္ သူတို႔အားလုံးကို ဒီေန႔ ေ႐ွာ့ပင္းေမာလ္တစ္ခုသို႔ လိုက္ပို႔ေပးမည္။ ဒါမွ ၎တို႔၏ လက္ေဆာင္ကတ္ထဲက ပိုက္ဆံအားလုံးႏွင့္ အထူးအသုံးစရိတ္မ်ားကို သုံးစြဲၾကလိမ့္မည္ျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ ေဖးခ်မ့္က အခု ပိုက္ဆံျဖဳန္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားေနၿပီျဖစ္သည္။ စနစ္ရန္ပုံေငြက ေငြစာရင္း႐ွင္းျခင္း လုပ္ငန္းစဥ္ကို စတင္လိုက္တာနဲ႔ သူ႕ကို ပိုက္ဆံ ပိုေပးမည္ျဖစ္သည္။ အခု ႐ွိေနသည့္ ပိုက္ဆံမ်ားကို မသုံးလွ်င္ ႏွေျမာဖို႔ ေကာင္းပါသည္။

ေဖးခ်မ့္သည္ အၾကမ္းဖ်င္း တြက္ခ်က္ထားၿပီးသားျဖစ္၏။ စနစ္ရန္ပုံေငြထဲတြင္ ၁,၁၀၀,၀၀၀ ယြမ္ေလာက္ ႐ွိခဲ့သည္။ ဒီလအတြက္ လစာႏွင့္ ေဘာနပ္စ္မ်ားက ၄၀၀,၀၀၀ ေလာက္ ကုန္က်ခဲ့ၿပီး လက္ေဆာင္ကတ္မ်ားအတြက္ ယြမ္ ၃၀,၀၀၀ ကုန္သည္။ အားလုံး အထူးအသုံးစရိတ္မ်ားကို သုံးလိုက္ၾကေသာအခါ ေနာက္ထပ္ ၁၀၀,၀၀၀ ယြမ္ေလာက္ ကုန္က်သြားမည္ျဖစ္သည္။ ေဖးခ်မ့္က သူ႕အတြက္သူ ပစၥည္းတခ်ိဳ႕ဝယ္ၿပီး ေနာက္ထပ္ ၁၀၀,၀၀၀ ယြမ္ေလာက္ ထပ္ျဖဳန္းႏိုင္သည္။

ဒီလို တရားလြန္ ျဖဳန္းတီးၿပီးေသာအခါ အ႐ႈံးေပၚႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ႐ွိလာပါလိမ့္မည္။

ကံမေကာင္းစြာျဖင့္ ဒီလအစကတည္းက ငွားရမ္းခႏွင့္ အျခား အသုံးစရိတ္မ်ားကို ေပးေဆာင္ထားၿပီးသားျဖစ္သည္။ ေနာက္လအတြက္လည္း ႀကိဳေပးထားလို႔မရပါ။

ေဖးခ်မ့္က တြက္ခ်က္ၾကည့္ေလေလ ပိုေပ်ာ္လာေလေလျဖစ္သည္။ ေ႐ွာ့ပင္းေမာလ္ထဲတြင္ အားလုံးနဲ႔အတူ ႐ွယ္ျဖဳန္းတီးေတာ့မည္ျဖစ္သည္။

(အကုန္လုံး ၃,၅၀၀ ယြမ္ကို အေျပာင္သုံးမွျဖစ္မယ္။ တစ္ျပားမွ ခ်န္ထားလို႔မရဘူး။)

...

ေန႔လည္ ၃ နာရီထိုးေသာအခါ အားလုံးက ဘတ္စ္ကားေပၚ တက္ခဲ့ၾကၿပီး ေ႐ွာ့ပင္းေမာလ္သို႔ ေရာက္လာခဲ့ၾကသည္။

ကားေပၚက ဆင္းၿပီးေသာအခါ ေဖးခ်မ့္က အားလုံး၏ အာ႐ုံစိုက္မႈကို ရဖို႔ လက္ခုပ္ ခပ္ဖြဖြ တီးလိုက္သည္။

"သမုဒၵရာရဲတိုက္ရဲ႕ ေအာင္ျမင္မႈနဲ႔ အားလုံးရဲ႕ ႀကိဳးစားမႈေတြကို ေအာင္ပြဲခံဖို႔အတြက္ အားလုံးကို အခမဲ့ ေ႐ွာ့ပင္းခရီးနဲ႔ ကြၽန္ေတာ္ ဆုခ်ခ်င္ပါတယ္။ ယြမ္ ၁,၀၀၀ ေ႐ွာ့ပင္းလက္ေဆာင္ကတ္ကို အသုံးျပဳရပါမယ္။ အထူးအသုံးစရိတ္ထဲက ယြမ္ ၃,၅၀၀ ကိုလည္း အသုံးျပဳရပါမယ္။ အကုန္အစင္ မသုံးရေသးသေ႐ြ႕ ဘယ္သူ႕ကိုမွ ထြက္ခြင့္မျပဳဘူးေနာ္။"

"ဟုတ္ၿပီ သြားၾကေတာ့။"

အားလုံး တစ္ေယာက္ကိုတစ္ေယာက္ ခဏၾကည့္လိုက္ၾကၿပီး ခ်က္ခ်င္းဆိုသလို ေပ်ာ္႐ႊင္စြာျဖင့္ ေအာ္ဟစ္ကုန္ၾကသည္။

"ဟုတ္ၿပီကြ။"

"ေက်းဇူးတင္ပါတယ္ ေဘာ့စ္ေဖး"

ငယ္႐ြယ္သည့္ ဝန္ထမ္းတခ်ိဳ႕က ခ်က္ခ်င္းဆိုသလိုပဲ ဧည့္ႀကိဳစားပြဲသို႔ ေျပးသြားၾကသည္။ အခမဲ့ေ႐ွာ့ပင္းခရီးက ေကာင္းမြန္လြန္းလွသည္။ ဒီေလာက္ထိ ရက္ေရာသည့္ ကုမၸဏီမ်ိဳးကို ဘယ္သူမွ တစ္ခါမွ မျမင္ဖူးၾကေပ။ ဒီေ႐ွာ့ပင္းေမာလ္ႀကီးက အလြန္ႀကီးမား၏။ သူတို႔ စိတ္ႀကိဳက္ ဝယ္ယူႏိုင္ၾကသည္။ သူတို႔၏ ေ႐ွာ့ပင္းလက္ေဆာင္ကတ္မ်ားႏွင့္ အထူးအသုံးစရိတ္မ်ားသာမကဘဲ သူတို႔ လစာမ်ားကိုလည္း အသုံးျပဳႏိုင္ပါသည္။

အားလုံး၏ လစာမ်ား တိုးျမႇင့္ခံခဲ့ရၿပီး ပေရာဂ်က္ေဘာနပ္စ္မ်ားျဖင့္ ေပါင္းလိုက္ေသာအခါ အားလုံးတြင္ ေငြေတာ္ေတာ္မ်ားမ်ား ႐ွိေနပါၿပီ။ သူတို႔ ဝယ္ခ်င္သည့္ အရာမ်ား ေသခ်ာေပါက္ ႐ွိပါလိမ့္မည္။

ေဖးခ်မ့္က သူ႕ဝန္ထမ္းအားလုံး အုပ္စုမ်ားဖြဲ႕ကာ ထြက္သြားၾကသည္ကို ျမင္လိုက္ရသည္။ အျမန္ဆုံး ထြက္သြားၾကသည့္လူမ်ားက ေ႐ွာ့ပင္းထြက္လိုစိတ္အမ်ားဆုံးလူမ်ား ျဖစ္ၾကသည္။ သူတို႔ပိုက္ဆံ အေျပာင္မသုံးမွာကို စိတ္ပူဖို႔ မလိုပါ။

အနည္းငယ္ တြန္႔ဆုတ္ကာ ျမင္သည့္ဆိုင္တိုင္းကို ဝင္ၾကၿပီး အနည္းငယ္ သတိ႐ွိေနသူမ်ားလည္း ႐ွိၾက၏။ သူတို႔လည္း မ်ားမ်ားစားစား မက်န္ေလာက္ပါ။

ေနာက္ဆုံး အုပ္စုကေတာ့ အခ်ိန္ဆြဲေနၾကၿပီး သိပ္ၿပီး ေ႐ွာ့ပင္းထြက္ခ်င္ၾကပုံ မေပၚေပ။ ေဖးခ်မ့္က ဒီတစ္သုတ္ကို ေသခ်ာေစာင့္ၾကည့္ထားဖို႔ လိုအပ္သည္ဟု ခံစားလိုက္မိ၏။

ဒီလူေတြက သူတို႔ပိုက္ဆံကို အေျပာင္မသုံးတာမ်ိဳး ျဖစ္ႏိုင္သည္။

ဆုံးျဖတ္ခ်က္ျပတ္သားစြာျဖင့္ မသုံးစြဲတတ္သည့္ ဒီအက်င့္ကို ျပင္မွ ျဖစ္မည္။ ဟြမ္းစစ္ေပၚ၊ ေ႐ွာင္လု၊ လင္းဝမ္ႏွင့္ မာယန္တို႔က ေနာက္ဆုံးအုပ္စုထဲတြင္ ပါသည္။ ေဖးခ်မ့္က ဒီေလးေယာက္ကို အာ႐ုံစိုက္ထားဖို႔ ဆုံးျဖတ္လိုက္၏။ လင္းဝမ္ကလြဲၿပီး က်န္သုံးေယာက္က ပိုက္ဆံဘယ္လိုသုံးရမလဲ မသိကာ လိုအပ္သည့္ ပစၥည္းမ်ားမ်ားစားစားလည္း မ႐ွိသည့္ပုံပင္။ ထို႔ေၾကာင့္ သူတို႔ ေ႐ွာ့ပင္းထြက္ခ်င္စိတ္ သိပ္မ႐ွိၾကပါ။

လင္းဝမ္ကေတာ့... သူမ လိုအပ္တာ ဘာမွမ႐ွိဘူးဟု ထင္ေနျခင္း ျဖစ္သည္။ သူမ တစ္ခုခုသာ လိုအပ္ပါက ဝယ္ခဲ့တာ ၾကာၿပီျဖစ္ၿပီး အခုလိုခ်ိန္ထိ ေစာင့္ေနမည္မဟုတ္ပါ။ သူမအတြက္ ပိုက္ဆံသုံးဖို႔ထက္ ေဖးခ်မ့္ကို ေလ့လာျခင္းက ပိုအေရးႀကီးပါသည္။

ေဘာ့စ္တစ္ေယာက္အေနျဖင့္ ေဖးခ်မ့္က တကယ္ ထူးျခားလြန္းသည္ဟု လင္းဝမ္ထင္မိသည္။

အားလုံးကို ေ႐ွာ့ပင္းလက္ေဆာင္ကတ္မ်ား၊ အထူးအသုံးစရိတ္မ်ား ေပးခဲ့႐ုံသာမကဘဲ အားလုံးကို တက္တက္ႂကြႂကြနဲ႔ ေ႐ွာ့ပင္းထြက္ဖို႔ ေခၚလာခဲ့တယ္တဲ့လား။

သူက အလြန္ေစ့စပ္လြန္းပါသည္။

မဟုတ္မွလြဲေရာ သူက သမိုင္းဝင္ ဟာသဉာဏ္႐ႊင္၊ ေႏြးေထြးၿပီး သေဘာေကာင္းကာ ေစ့စပ္တိက်လြန္းသည့္ ေဘာ့စ္တစ္ေယာက္မ်ား ျဖစ္ေနမလား။

တခ်ိဳ႕က ေ႐ွာ့ပင္းေမာလ္ထဲမွာ ေလွ်ာက္ၾကည့္ၾကရင္း ႐ွန္းဟြာဒစ္ဂ်စ္တယ္အထူးဆိုင္တစ္ဆိုင္သို႔ ေရာက္လာခဲ့သည္။ ႏိုင္ငံေတာ္ထဲက အႀကီးမားဆုံး တယ္လီကြန္ျမဴနီေကး႐ွင္းႏွင့္ ဟာ့ဒ္ဝဲထုတ္လုပ္ေရးအျဖစ္ ႐ွန္းဟြာေကာ္ပိုေရး႐ွင္းမွာ အိမ္ရာေျမႏွင့္ နည္းပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ေသာ္လည္း ႐ွန္းဟြာ၏ အဓိက စီးပြားေရးမွာ ကြန္ပ်ဴတာ၊ ဆဲလ္ဖုန္း၊ နားၾကပ္ အစ႐ွိသည့္ ဒစ္ဂ်စ္တယ္ပစၥည္းမ်ားျဖစ္သည္။

ေ႐ွာင္လုက ေနာက္ဆုံးထြက္ ဖုန္းေမာ္ဒယ္ကို ကိုင္ေျမႇာက္ၾကည့္လိုက္ၿပီး ခ်က္ခ်င္း သေဘာက်သြားပါသည္။ အရင္ဘဝတုန္းက ဒီလိုႏွစ္က ဖုန္းေမာ္ဒယ္မ်ားႏွင့္ ယွဥ္လွ်င္ ဒီဘဝက ဖုန္း၏ ပုံသဏၭာန္မ်ားက ေတာ္ေတာ္ေလး ေကာင္းမြန္လွပါသည္။

အရင္ဘဝတုန္းက ၂၀၀၉ ၊ ၂၀၁၀ တြင္ စမတ္ဖုန္းမ်ားက ေရပန္းသိပ္မစားေသးပါ။ ေစ်းကြက္ထဲတြင္ ဖုန္းမ်ိဳးစုံ႐ွိသည္။ အမ်ားစုကေတာ့ အေျခခံကီးဘုတ္မ်ား၊ နံပါတ္ခလုတ္မ်ား ပါဝင္သည္။ တခ်ိဳ႕က ကီးဘုတ္အျပည့္အစုံပင္ ပါေသးသည္။

ဒီကမ႓ာမွာေတာ့ စမတ္ဖုန္းေခတ္က ေစာေစာ ေရာက္လာခဲ့ၿပီး ဒီေနရာတြင္ ျပသထားသည့္ ဖုန္းအမ်ားစုက Touchscreen ဖုန္းမ်ား ျဖစ္ၾကသည္။ အရင္ဘဝထက္ ၂ ႏွစ္ ၃ ႏွစ္ေလာက္ ပိုေစာေနသည္။ ေ႐ွာင္းမီ၏ စမ္းသပ္ကာလမ်ားႏွင့္ ဆင္တူပါသည္။

ေ႐ွာင္လုက အခု ႐ွန္းဟြာ G9 ေမာ္ဒယ္ကို ကိုင္ထားျခင္း ျဖစ္သည္။ ၎မွာ ယခုေစ်းကြက္ထဲတြင္ မိုဘိုင္းဂိမ္းမင္းအတြက္ အနည္းငယ္ ပိုၿပီး တိမ္းၫႊတ္ထားေသာ ဖုန္းတစ္လုံးျဖစ္ကာ ၃,၉၉၉ ယြမ္ ျဖစ္ပါသည္။

အၾကာႀကီး ခက္ခက္ခဲခဲၾကည့္ၿပီးခါမွ ေ႐ွာင္လု တိတ္ဆိတ္စြာျဖင့္ ဖုန္းကို ျပန္ခ်ထားလိုက္ပါသည္။

ေဖးခ်မ့္ မေပ်ာ္ေတာ့ပါ။

"ဘာျဖစ္လို႔လဲ မင္းမႀကိဳက္ဘူးလား" ေဖးခ်မ့္က ေမးလိုက္၏။

ေ႐ွာင္လုက အျမန္ျပန္ေျဖလိုက္ပါသည္။ "အာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ လက္႐ွိကိုင္ေနတဲ့ဖုန္းက တစ္ႏွစ္ေလာက္ သုံးလို႔ရေသးတယ္လို႔ ထင္လို႔ပါ။ ၿပီးေတာ့... ဒီဖုန္းက နည္းနည္း ေစ်းႀကီးေနလို႔..."

"နည္းနည္းေစ်းႀကီးေနတယ္ဟုတ္လား။ မင္းရဲ႕ အထူးအသုံးစရိတ္ကို သုံးေလ။" ေဖးခ်မ့္က ေျပာလိုက္ပါသည္။

"အမ္ ေဘာ့စ္ေဖး ဒါကို အထူးအသုံးစရိတ္အေနနဲ႔ ဝယ္လို႔ရတယ္လား" ေ႐ွာင္လု အနည္းငယ္ မွင္သက္သြားပါသည္။ "ဒီဖုန္းကို ဝယ္တာက အလုပ္နဲ႔ ဘာဆိုင္လို႔လဲ..."

ေဖးခ်မ့္က ေခါင္းခါလိုက္သည္။ "ဘာလို႔ မဆိုင္ရမွာလဲ။ ငါတို႔ ေနာက္ပိုင္း မိုဘိုင္းဂိမ္းေတြ မဖန္တီးႏိုင္ဘူးလို႔ ဘယ္သူေျပာႏိုင္မလဲ။ ငါတို႔ တေစၧစစ္သူႀကီးအတြက္ New Edition ကိုေတာင္ ဖန္တီးႏိုင္တယ္ေလ၊ ဟုတ္တယ္မလား။ ဂိမ္းမင္းဆဲလ္ဖုန္းတစ္ခုကို စမ္းဝယ္ၾကည့္တာက ဘာျဖစ္လို႔လဲ။"

"အာ..." ေ႐ွာင္လု ေျပာစရာစကားမဲ့ေနပါသည္။

"အထူးအသုံးစရိတ္ အကန္႔အသတ္က ယြမ္ ၃,၅၀၀၊ ေ႐ွာ့ပင္းလက္ေဆာင္ကတ္ထဲက ၄၉၉ ယြမ္ကို သုံးလိုက္ရင္ အဆင္ေျပတာပဲ မဟုတ္ဘူးလား။"

ေ႐ွာင္လုက မ်က္ေတာင္ခတ္လိုက္ပါသည္။ "ဒါေပမယ့္..."

"ဘာေတြ တြန္႔ဆုတ္စရာလိုလို႔လဲကြ။ မင္းမလိုခ်င္ဘူးလား။ မင္းရဲ႕ လက္႐ွိ G6 က လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ေမာ္ဒယ္ မဟုတ္လား။ စုတ္ေတာင္ စုတ္ေတာ့မယ္မလား။ အဲ့ဒီဖုန္းကို ဆက္သုံးေနတာက မင္းရဲ႕အလုပ္လုပ္ႏိုင္စြမ္းကို နိမ့္က်ေစတယ္လို႔ ငါေတာ့ထင္တယ္။"

"ေနာက္တစ္ေခါက္ ငါမင္းကို တစ္ခုခုလုပ္ဖို႔ ေခၚရင္း မင္းရဲ႕ဖုန္းက ဟန္းေနရင္ ငါတို႔အလုပ္ကို အဟန္႔အတား မျဖစ္ေစဘူးလား။ မင္းရဲ႕ အလုပ္အတြက္ လဲလိုက္စမ္းပါကြာ။" ေဖးခ်မ့္က ခက္ထန္စြာ ေျပာလိုက္ပါသည္။

ေ႐ွာင္လုက ေခါင္းသာၿငိမ့္ႏိုင္ၿပီး ေျပာလိုက္ပါသည္။ "ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး"

စားပြဲေပၚက မေဖာက္ရေသးသည့္ ေနာက္ဆု႔းေပၚ ဖုန္းအသစ္တစ္လုံးကို ယူၿပီး ေငြ႐ွင္းလိုက္ေသာအခါ သူ အနည္းငယ္ စိတ္ခံစားခ်က္ျပင္းျပေနပါသည္။

"မွတ္ထားေနာ္။ မင္းရဲ႕ အေႂကြးဝယ္ကတ္ထဲက ယြမ္ ၃,၅၀၀ နဲ႔ ေ႐ွာ့ပင္းလက္ေဆာင္ကတ္ထဲက ၄၉၉ ယြမ္ကိုပဲ သုံး။ ေငြအမ္းလႊာကို လက္ေထာက္႐ွင္းကို ေပးလိုက္။ သူက အသုံးစရိတ္အျဖစ္ သတ္မွတ္ေပးလိမ့္မယ္။"

"ကိုယ့္လစာနဲ႔ကိုယ္ မသုံးနဲ႔ေနာ္။"

ေ႐ွာင္လု ေငြစာရင္း႐ွင္းဖို႔ ထြက္သြားတာကို ျမင္ေသာအခါ ေဖးခ်မ့္ အနည္းငယ္ စိတ္မေက်နပ္ေသးပါ။ ဟြမ္းစစ္ေပၚကိုၾကည့္ကာ ေမးလိုက္သည္။ "မင္းရဲ႕ဖုန္းကိုလည္း ေျပာင္းဖို႔ အခ်ိန္က်ၿပီထင္တယ္ေနာ္။"

ဟြမ္းစစ္ေပၚက အျမန္လက္ခါကာ ေျပာလိုက္ပါသည္။ "မဟုတ္ပါဘူး ေဘာ့စ္ေဖး ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၂ လေလာက္ကမွ ေျပာင္းထားတာပါ..."

"ဒါေပမယ့္ မင္းရဲ႕ဖုန္းက Lite ဗား႐ွင္းႀကီးကြ။ ဒစ္ဂ်စ္တယ္ အမိႈက္သ႐ိုက္လိုပဲ သိလား" ေဖးခ်မ့္က ၾကည့္လိုက္ၿပီး ခ်က္ခ်င္း ဘာေမာ္ဒယ္လဲ ျမင္သြားပါသည္။

"တကယ္မလိုပါဘူး ေဘာ့စ္ေဖးရယ္။ ကြၽန္ေတာ္ဝယ္ခ်င္တဲ့ တျခားပစၥည္းေတြ ႐ွိပါတယ္။" ဟြမ္းစစ္ေပၚက ေနာက္တစ္ေခါက္ ထပ္ျငင္းလိုက္ပါသည္။

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္သည္။ ဟြမ္းစစ္ေပၚက ဝယ္စရာတျခားပစၥည္းမ်ား ႐ွိသည္ဆိုသျဖင့္ ေဖးခ်မ့္ ေစာင့္ၾကည့္ပါဦးမည္။ လင္းဝမ္ကို သူၾကည့္လိုက္၏။ သို႔ေသာ္လည္း လင္းဝမ္က သူမဘယ္ဘက္လက္ကို ေျမႇာက္ကာ သူမလက္ထဲက ႐ွန္းဟြာ M10  ေမာ္ဒယ္ကို ေျမႇာက္ျပလိုက္သည္။

ထိုဖုန္းက ေနာက္ဆုံးထြက္ ေကာ္မာ႐ွယ္ flagship ဆဲလ္ဖုန္းတစ္လုံး ျဖစ္သည္။ ေစ်းအေပါဆုံးေမာ္ဒယ္ကေတာင္ ယြမ္ ၅,၀၀၀ ေက်ာ္ ကုန္က်၏။ ထို႔အျပင္ လင္းဝမ္၏ လက္႐ွိဆဲလ္ဖုန္းကလည္း ထူးျခားသည့္ပုံေပၚသည္။ spec ျမင့္သည့္ဖုန္း ျဖစ္ႏိုင္သည္။ လင္းဝမ္က ေျပာလိုက္၏။ "ကြၽန္မမွာ ဒီဆိုင္ထဲက ပစၥည္းအကုန္လုံး႐ွိပါတယ္ ေဘာ့စ္ေဖး"

ေဖးခ်မ့္ : "..."

ဟူး... ဒုတိယမ်ိဳးဆက္သူေဌးေတြကေတာ့ သူတို႔ လုပ္ခ်င္တာ လုပ္လို႔ရတာပဲ။ လင္းဝမ္ကေတာ့ တကယ္ ထူးျခားပါသည္။

Continue Reading

You'll Also Like

15.8K 1.3K 101
ဖော်ပြချက် ကလေးတွေ အသက်ပြည့်တဲ့အချိန်မှာ ငါးဖမ်းစစ်ဆေးပွဲကို ကျော်ဖြတ်ရတဲ့ တသီးတခြား တည်ရှိနေသော လူသားများ နေထိုင်ရာ လောကတစ်ခု။ပါရမီရှိတဲ့လူတွေက မဟာ...
17.3M 543K 37
"It's like he's a different breed of werewolf. Something... beyond us." • • • Adrienne Gage has spent her entire life being shunned and punished for...
398K 77.6K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...