သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-33+34

742 54 0
By Miracle_Phyu97

အခန်း(၃၃) ရှားဝမ်ချွေ့ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး

ဒုတိယ ရေပန်းအစားဆုံး ရှာဖွေမှုက...

လင်းဖန်၊ ရှားဝမ်ချွေ့။

တတိယ ရေပန်းအစားဆုံး အကြောင်းအရာက [ရှားဝမ်ချွေ့၏ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး] ဖြစ်သည်။

စုစုပေါင်း ရေပန်းစားနေသည့် အကြောင်းအရာ ၃ ခုရှိပါသည်။ အားလုံးကလည်း စာရင်း၏ ထိပ်ဆုံးတွင် တန်းစီ တည်ရှိနေကြသည်။

အင်တာနက်အသုံးပြုသူများ၏ စွမ်းအားက ကြီးမားလွန်းသဖြင့် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အထက်တန်းကျောင်းတုန်းက ပုံတွေကိုတောင် ပြန်တူးဆွခဲ့သည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားများ၊ စကားရည် လုပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ဒုတိယနှစ် ကျောင်သားများ၏ ရှေးဟောင်း ကဗျာပြိုင်ပွဲများ၊ ရက်တစ်ရာ သစ္စာဆိုပွဲများ၊ ဘွဲ့နှင်းသဘင် အခမ်းအနားများ ရှိခဲ့သည်။ ထိုပွဲတော်ကြီးများမှတဆင့် အဖြစ်အပျက်တစ်ခုကို မြင်နိုင်ပါသည်။

အထက်တန်းကျောင်း လှုပ်ရှားမှုများတွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က အမြဲတမ်း ဓာတ်ပုံ အတူတူ ရိုက်ခဲ့ကြသည်။

အထက်တန်းကျောင်းက စပြီး နောက်ပိုင်းအထိ သူတို့နှစ်ယောက်က ချစ်သူအစစ်အမှန်များလိုပင်။

သူတို့အထက်တန်းကျောင်းတုန်းက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အဆင့်များက ကောင်းလွန်းသဖြင့် ဆရာ ဆရာမများက ဘာမှသိပ်မပြောခဲ့ကြပါ။

အထက်တန်းကျောင်းတက်စဥ်တုန်းက သူတို့နှစ်ယောက် အတူတူရှိနေတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် အခုတော့ တက္ကသိုလ်မှ ဘွဲ့ရပြီးတာ ၃ နှစ်ကြာပြီဖြစ်ပြိး ရှားဝမ်ချွေ့က လင်းဖန်၏ စားသောက်ဆိုင်တွင် ပေါ်လာကာ အဆက်အသွယ် ရှိနေကြဆဲဖြစ်သဖြင့် ပုံမှန် မဟုတ်တော့ပါ။

လင်းဖန်ရှိသည့် နေရာတိုင်း ရှားဝမ်ချွေ့ရှိသည်။

ရှားဝမ်ချွေ့ရှိသည့်နေရာတိုင်း လင်းဖန်ကို တွေ့ရသည်။

အဓိပ္ပာယ်က တစ်ခုတည်းသာ ဖြစ်နိုင်ပါသည်၊။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက သာမန် မဟုတ်ပါဘူး။

ဝေ့ပေါ်တွင် ဒီလို လူထု အထင်အမြင်မျိုးက ဆွဲငင်အားရှိသည်။

ထို့ကြောင့်ပဲ ရေပန်းစားသော ရှာဖွေမှု [ရှားဝမ်ချွေ့၏ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး] ပေါ်လာခဲ့ရပါသည်။

[ရှားဝမ်ချွေ့ လွန်ခဲ့တဲ့ သုံးနှစ်တာလုံး အကြင်နာပေးခန်း မရိုက်ခဲ့ရတဲ့ အကြောင်းအရင်းမှန်]

ရေပန်းစားသောအကြောင်းအရာတိုင်းက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ထံသို့ ဦးတည်နေပါသည်။

နာမည်ကြီးမှုက ပိုပို မြင့်တက်လာပြီး ၂ သန်း၊ ၃ သန်း၊ ၄ သန်းအထိ ရောက်လာခဲ့သည်။

ဒီလိုနာမည်ကြီးတာမျိုးကို ပထမဆုံးမြင်ဖူးတာဖြစ်ပါသည်။

ရှားဝမ်ချွေ့၏ နာမည်ကြီးမှုက မြင့်လွန်းသည်။ မရေမတွက်နိုင်လောက်အောင် များသော လူများက ရှားဝမ်ချွေ့ကို သဘောကျကြ၏။ ယခု ဒီလိုသတင်းမျိုး ထွက်လာသဖြင့် မရေမတွက်နိုင်အောင် များပြားသော လူများစွာ၏ အာရုံစိုက်မှုကို ခံရခဲ့ပါသည်။

ပိုစ့်တိုင်းတွင် ကောမန့် ၁၀၀,၀၀၀ ကျော်ရှိနေသည်။

"ဘုရားရေ ... ငါတို့ချွေ့ချွေ့လေးမှ ကောင်လေး ရှိနေတာလား။ ပြီးတော့ အရမ်းလည်း ချောတယ်တဲ့။"

"မဖြစ်နိုင်တာ။ ငါတို့ရဲ့ ချွေ့ချွေ့လေးမှာ ဘာလို့ ရည်းစားရှိရမှာလဲ။ အဲ့ဒီကောင်က အရမ်း ချောနေရင်တောင် မဖြစ်နိုင်ပါဘူးကွာ။"

"ဟားဟား ငါထင်သားပဲ။ ရှားဝမ်ချွေ့က ရေခဲလို သန့်စင်ပြီး ကျောက်စိမ်းလို အပြစ်ကင်းတယ်။ သူ အကြင်နာပေးခန်းတွေ မရိုက်ဘူးမလား။ သန့်ရှင်းစင်ကြယ်မှုနဲ့ ဣန္ဒြေရှိမှုတို့က မင်းတို့အတွက် ဖျော်ဖြေရေးလောကက ဖန်တီးထားတဲ့ စရိုက်တွေပါကွာ။ ကြည့်ပါဦး။ သူက အထက်တန်းကျောင်းမှာကတည်းက ရည်းစားရှိပြီးသားတဲ့။"

"ငါ မယုံနိုင်ဘူး။ ချွေ့ချွေ့က တကယ်ပဲ လင်းဖန်နဲ့ တွဲနေတာလား။"

"ခွေးသား လင်းဖန် ငါ့ချွေ့ချွေ့လေးကို ခိုးရဲတယ်ပေါ့ မင်းသေချင်နေပြီပဲ။"

ဝေ့ပေါ်အောက်တွင် ကောမန့်မျိုးစုံ ရှိနေခဲ့ပါသည်။

ရှားဝမ်ချွေ့ကို သဘောကျသူတိုင်းကော မုန်းသူတိုင်းကော ဝေ့ပေါ်ပေါ်က ဆွေးနွေးမှုများက ရေဆူမှတ်ကို ရောက်ရှိနေခဲ့ပါပြီ။

သို့သော်လည်း တချို့ ကောင်းမွန်သည့် ကောမန့်လေးများလည်း ရှိပါသေးသည်။

"မင်းတို့ကောင်တွေ ချွေ့ချွေ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို ဝင်မစွက်ဖက်လို့ မရဘူးလား။ ချွေ့ချွေ့ကို လွတ်လပ်ခွင့် ပေးလိုက်ပါဦး။"

"ကျေးဇူးပြုပြီး ရှားဝမ်ချွေ့ရဲ့ အလုပ်ကိုပဲ ပိုပြီး ဂရုစိုက်ပေးကြပါ။"

"အထက်တန်းကျောင်းမှာ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းမရှိတဲ့လူမျိုး ရှိလို့လားကွ။ သူတို့ ဓာတ်ပုံဘယ်နှပုံ တွဲရိုက်ထားတာမို့လို့လဲ။ မင်းတို့ သက်သေပြလို့ရလား။"

"ချွေ့ချွေ့ ကိုယ်တိုင် မဖွင့်ဟသရွေ့ ဒီလို ကိစ္စမျိုးတွေကို ငါကောလဟာလ မဖြန့်ဘူး။"

...

သတင်းများစွာကို မြင်ပြီးနောက် လင်းဖန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

သူ့ကြောင်မလေးကို ဒီလိုစကားမျိုးတွေ ပြောရဲတဲ့ ကြမ်းကြမ်းတမ်းတမ်း ပရိတ်သတ် တစ်စုတော့ ရှိနေပါသည်။

လင်းဖန်က သူလုပ်နိုင်တာ ဘာမှမရှိသဖြင့် ဒေါသထွက်ရ၏။

ရှားဝမ်ချွေ့က သူ့ပခုံးပေါ်တွင် မှီကာ အနားယူခဲ့ဖူးသည်။ ဒီလိုဓာတ်ပုံမျိုးကို ရှင်းပြဖို့ မဖြစ်နိုင်ပါ။

ဝေ့ပေါ်ထဲက လူများက သူ့ကို ဆဲဆိုတာ ကိစ္စမရှိပါဘူး။ သို့သော် တချို့က ရှားဝမ်ချွေ့ကို သိက္ခာချလျှင် လင်းဖန်၏ နှလုံးသား နာကျင်ရပါလိမ့်မည်။

ယခင်တုန်းက သူ စားသောက်ဆိုင်လေး ဖွင့်ခဲ့စဥ်တုန်းက ရှားဝမ်ချွေ့နှင့် အလွန် ဝေးကွာလွန်းသဖြင့် လူမသိသူမသိ ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။

သို့သော်လည်း အခုတော့ သူ့မှာ ဇိမ်ခံကားကြီးများ၊ ဗီလာနှင့် ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်ခု၏ ရှယ်ယာများကိုပါ ပိုင်ဆိုင်ထားခဲ့ပါပြီ။ ရှားဝမ်ချွေ့နှင့် အဆင့်အတန်းချင်း တူနေပြီဖြစ်ပြီး သူမ၏ ဘဝထဲ တဖြည်းဖြည်း ချဥ်းကပ်နိုင်လာပြီဖြစ်သည်။

ရှားဝမ်ချွေ့က အလွန်လှပ၏။ သို့သော် ဖျော်ဖြေရေး လုပ်ငန်းထဲမှာ အကြင်နာပေးသည့် အခန်းများလည်း မရိုက်ကူးသလို၊ ယောက်ျားလေး သရုပ်ဆောင်များနဲ့လည်း ခန္ဓာကိုယ်ချင်း ထိတွေ့မှု မရှိခဲ့ပါ။

လင်းဖန်က အလွန်ချော၏။ သူ့ကို သဘောကျသည့် ကောင်မလေးများစွာ ရှိသည်။ သို့သော် သူတို့ကြောင့် တစ်ခါမှ စိတ်မလှုပ်ရှားခဲ့ရပါ။

ဒီတစ်ခေါက်တော့ ဝေ့ပေါ်တွင် ရေပန်းစားနေသည့် အကြောင်းအရာတစ်ခုရှိနေပြီး လူထု၏ ထင်မြင်ချက်များစွာလည်း ရှိနေပါပြီ။

ထိုအချိန်တွင် လင်းဖန်က ရှားဝမ်ချွေ့ထံမှ သတင်းကို စောင့်မျှော်နေခဲ့သည်။

ရှာဝမ်ချွေ့ သူ့အပေါ်ထားသော ခံစားချက်ကို သူ သေချာမသိရသေးပါ။ သူ အလောတကြီး ဖွင့်ပြောလိုက်လျှင် သူငယ်ချင်းကောင်း တစ်ယောက်ကိုပင် ဆုံးရှုံးသွားရနိုင်သည်။

ရှားဝမ်ချွေကလည်း ဘာမှ မပြောခဲ့ပါ။

ရှားဝမ်ချွေ့က ရုံးထဲတွင်ရှိနေပြီး သူမ၏ ဖုန်းကို ကြည့်ကာ သူမလည်း လင်းဖန်ထံမှ သတင်းကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။

ဒီလူဆိုးကောင် လင်းဖန်က ဘာဖြစ်လို့ မက်ဆေ့ချ်ချ်တစ်စောင်မှ မပို့သေးတာလဲ။

လင်းဖန်က... သူမအပေါ် ဘာခံစားချက်မှ မရှိလို့များလား။

သူမက မိန်းကလေးဖြစ်သည်။ ထို့ကြောင့် ဣန္ဒြေထိန်းရမည်ဖြစ်ပြီး အရမ်းကြီး သွက်လက်နေလို့ မဖြစ်ပါဘူး။

ကုမ္ပဏီတွင် သူမက နံပါတစ် အမျိုးသမီး သရုပ်ဆောင်ဖြစ်ပြီး ကုမ္ပဏီက ပျိုးထောင်ပေးဖို့ အာရုံစိုက်ထားသည့် သရုပ်ဆောင် ဖြစ်တာကို သူမကိုယ်တိုင် နားလည်ပါသည်။ ဒီကိစ္စက ပြန့်သွားပါက ကုမ္ပဏီမှ သေချာပေါက် သူမကို ဖိအားပေးပါလိမ့်မည်။

သို့သော်လည်း လင်းဖန် သူမအတွက် ဘယ်လို ခံစားချက်ရှိသလဲဆိုတာ မသေချာသေးပါဘူး။

လင်းဖန်သာ... သူမကို မကြိုက်ရင် ဘယ်လို လုပ်မလဲ။ ရှားဝမ်ချွေ့၏ မျက်လုံးလေးများ အရောင်မှေးမှိန်သွားရသည်။

"မြောင် ~~ ငါကိုက်မှာ။ နင်က စိတ်တိုဖို့ ကောင်းလိုက်တာ။"

"ဟွန်း ငါလည်း နင့်ကို မက်ဆေ့ချ်မပို့ဘူး။ မက်ဆေ့ချ် အရင်ပို့တဲ့လူက ဝက်ဖြစ်မှာပဲ" ရှားဝမ်ချွေ့က ပျင်းကြောဆန့်လိုက်ပါသည်။ သူမ၏ ကောက်ကြောင်းများက လှပပြီး ဆွဲဆောင်မှုရှိသည်။

ရှားဝမ်ချွေ့က လင်းဖန်အကြောင်း စဥ်းစားလိုက်သည်။ သူမိသားစု နောက်ခံကိုလည်း သူမ ဂရုမစိုက်ပါ။

သို့သော် ရုတ်တရက် သူမနားလည်သွား၏။ လင်းဖန်၏ မိသားစုက ဆင်းရဲပြီး သူ့ဘဝက ရိုးရှင်းသည်။ သူမအတွက် ဘယ်လိုလုပ်ရပ်တည်ပေးပြီး ကုမ္ပဏီ၏ ဖိအားကို ဘယ်လို ရင်ဆိုင်နိုင်ပါ့မလဲ"

"ဘယ်သူဖြစ်ဖြစ် ငါ့ဝက်ပေါက်လေးကို အနိုင်ကျင့်လို့ မရဘူး" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်ပါသည်။ သူမတစ်ယောက်တည်း ကုမ္ပဏီရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာ လုံလောက်ပါပြီ။

....

ယွဲ့ဟွာ ဖျော်ဖြေရေးတွင် ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့လို အမျိုးသမီး သရုပ်ဆောင်များရှိသလို ရှုယန်လို ထိပ်တန်းအမျိုးသား သရုပ်ဆောင်များလည်း ရှိပါသည်။

ရှားဝမ်ချွေ့က ယွဲ့ဟွာ၏ ထိပ်တန်း အစ်မကြီး ဖြစ်ပါက ရှုယန်က ယွဲ့ဟွာ၏ ထိပ်တန်း အစ်ကိုကြီးလို ဖြစ်ပါသည်။

ရုံးခန်းထဲတွင် ရှုယန်၏ အမျိုးသမီးလက်ထောက်က တံခါးခေါက်လာ၏။

"ဝင်ခဲ့ပါ" ရှုယန်က ထိုင်ခုံတစ်ခုံတွင် ထိုင်နေပြီး ထူးဆန်းသည့် အရှိန်အဝါမျိုးကို ပေးစွမ်းနေ၏။ သူက အလွန်တည်ငြိမ်၊ ထက်မြက်ပြီး နက်နဲသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ကုမ္ပဏီထဲက လူတိုင်းက ရှုယန် ရှားဝမ်ချွေ့ကို သဘောကျနေမှန်း သိကြပါသည်။

ရှားဝမ်ချွေ့၏ ပုံစံက ယွဲ့ဟွာ ကုမ္ပဏီထဲတွင် ပြိုင်ဘက်ကင်းသည်။

ထို့အပြင် ရှားဝမ်ချွေ့က သန့်ရှင်းသော မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါသည်။

"ဆရာရှု"

"ဝေ့ပေါ်မှာ ဘာတွေဖြစ်နေလဲ ကြည့်ပါဦး..." လက်ထောက်က ပြောလိုက်ပါသည်။

"ပထမဆုံး သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး ဝမ်ချွေ့အတွက် ထိခိုက်နစ်နာစေတဲ့ ရေပန်းစားအကြောင်းအရာတွေကို ဖယ်ရှားလိုက်ချေ။"

"ဒုတိယအနေနဲ့ ဝမ်ချွေ့ကို မကောင်းသတင်း ပြောနေတဲ့ အကြောင်းအရာတွေကို စုံစမ်းပြီး အဲ့တာတွေရဲ့ နောက်ကွယ်က ကုမ္ပဏီနဲ့ အဖွဲ့တွေကိုပါ စုံစမ်းစစ်ဆေးပါ။"

"တတိယအနေနဲ့ ဝမ်ချွေ့ရဲ့ အချစ်အရေးအကြောင်း ကောလဟာလတွေကို ပြန်တုန့်ပြန်ဖို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါ။ ငါတို့ ဝမ်ချွေ့နဲ့ဆက်သွယ်ပြီး သူ့အပေါ် လူထုရဲ့ ထင်မြင်ချက်တွေကို လျှော့ချဖို့ လိုတယ်" ရှုယန်က ပြောလိုက်သည်။

"နားလည်ပါပြီ" လက်ထောက်က ခေါင်းငြိမ့်လိုက်၏။ သို့သော် သူက ထွက်မသွားသေးပေ။

"ဘာကျန်သေးလို့လဲ" ရှုရန်က သူ့လက်ထောက်ကို ကြည့်လိုက်ပါသည်။

"ဆရာရှု။ အချစ်ရေးက အတုအယောင် ဆိုပေမယ့် အစ်မဝမ်ရွှေ့ရဲ့ ဓာတ်ပုံတွေကတော့ အစစ်ပါရှင့်။"

"ဌာနမှာ သူ့ကို ဆရာ နှစ်တွေ အကြာကြီး ကူညီပေးခဲ့ပြီးပြီ။ ဒါပေမယ့် သူက..." လက်ထောက်က ပြောလိုက်ပါသည်။

"တော်တော့" ရှုယန်က လက်ကို ရမ်းလိုက်သည်။

"ဝမ်ချွေ့မှာ ကိုယ်ပိုင်စဥ်းစားဉာဏ်ရှိတယ်။ ပြီးတော့ သူက ငါတို့ကုမ္ပဏီကပဲ။ သူ့ရဲ့နောက်ကွယ်မှာ သူ့မကောင်းကြောင်းကို ထပ်ပြောခွင့် မပေးဘူး။"

"ပြီးတော့... မျှမျှတတ ကစားတာက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား။"

"ဆရာရှု ကျွန်မအမှားကို သိပါပြီ" လက်ထောက်က သူမ၏ ခေါင်းကို အမြန်ငုံ့ကာ တောင်းပန်လိုက်ပါသည်။

"ဟုတ်ပြီ၊ အလုပ်လုပ်လိုက်ကြစို့။"

"ပြီးတော့ မင်းကို ပြောစရာရှိသေးတယ်။ ဝမ်ချွေ့မှာ တကယ် အချစ်ရေးကိစ္စရှိနေရင်တောင် ကုမ္ပဏီက အမြဲတမ်း သူ့ဘက်မှာ ရှိနေပေးမှာပဲ။ ငါဆိုလိုတာကို နားလည်လား" ရှုယန်က သူ့လက်ထောက်ကို ကြည့်လိုက်ပါသည်။

လက်ထောက်က ခေါင်းငြိမ့်ကာ ထွက်သွားလေ၏။

"လင်းဖန်..." ရှုယန်၏ နက်ရှိုင်းသော မျက်လုံးများက သူ့ဖုန်းထဲက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဓာတ်ပုံကို ကြည့်နေသည်။ တခြားလက်တစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

သူက ကုမ္ပဏီထဲက ထိပ်တန်း အမျိုးသား သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ရှားဝမ်ချွေ့လောက် ပရိတ်သတ်တွေလည်း သူ့မှာ ရှိသည်။ မိသားစု နောက်ခံအရကော၊ ရုပ်ရည်အရကော၊ အကျင့်စရိုက်အရကော ဘယ်သူ့ကိုမှ သူ မရှုံးလောက်ဘူးဟု ရှုယန် ခံစားမိသည်။

သို့သော် ဒီနေ့တော့ လင်းဖန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို သူရှုံးနိမ့်ခဲ့ပါသည်။

အခန်း(၃၄) ပြေးတော့

"ဝမ်ချွေ့လေး၊ ဘာလို့ လင်းဖန်ရဲ့စားသောက်ဆိုင်မှာ ရှောင်းယွီနဲ့ အတူတူ သွားစားခဲ့တာလဲ။"

"အခု အထက်တန်းကျင်းတုန်းက ဖြစ်ခဲ့သမျှတွေ အကုန်ပေါ်ကုန်ပြီ။ နင်နဲ့ လင်းဖန်တို့ အခန်းတစ်ခန်းတည်း အတူတူ ရှိခဲ့ကြတာကိုသာ လူတွေသိသွားလို့ကတော့..." ယန်ချင်းသည် ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ လေးလေးနက်နက် ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့၏ မန်နေဂျာတစ်ယောက် အနေနဲ့ ဒီလိုကိစ္စမျိုး ဖြစ်လာပါက သေချာပေါက် ကုမ္ပဏီဘော့စ်၏ အပြစ်တင်တာကို ယန်ချင်း ခံရပါလိမ့်မည်။

ကံကောင်းစွာဖြင့် ပြဿနာများက ထိန်းသိမ်းနိုင်နေဆဲဖြစ်သည်။ ညဘက်ကြီး လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ တစ်ခန်းတည်း အတူတူ ရှိခဲ့ကြတာကိုသာ ပရိတ်သတ်တွေ သိသွားပါက ယန်ချင်း အလုပ်ပြုတ်သွားနိုင်ပါသည်။

"မြောင်မြောင် ကျွန်မ အဆင်ပြေပါတယ်" ရှားဝမ်ချွေ့က ချိုချိုသာသာ ပြုံးလိုက်ပြီး ချစ်ဖို့ကောင်းသော ခြေဟန်လက်ဟန်နှင့် မျက်နှာထားလေး လုပ်ပြလိုက်သည်။

"ဝမ်ချွေ့ ဒါက အရေးကြီးတဲ့ ကိစ္စနော်" ယန်ချင်း ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့က သူမ၏ လှပသော ကောက်ကြောင်းများ ပေါ်လွင်အောင် ထိုင်နေသည်။ သူမ ယန်ချင်းကိုကြည့်လိုက်ပြီး မေးလိုက်၏။ "စီအီးအိုလီက အစ်မကို တစ်ခုခု ပြောခိုင်းလိုက်လို့လား။"

စီအီးအိုလီမှာ ယွဲ့ဟွာဖျော်ဖြေရေး၏ အဓိက ဘော့စ်ဖြစ်ပါသည်။

ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် ကုမ္ပဏီ၏ ဘော့စ်က ရှားဝမ်ချွေ့ကို စကားမပြောတော့ပါ။ သူမ၏ မန်နေဂျာကိုသာ ခေါ်ခဲ့ပါသည်။

ရှားဝမ်ချွေ့က လှပြီး မကြာခဏ ချစ်ဖို့ကောင်းသော မျက်နှာထားမျိုးလုပ်တတ်သော်လည်း အလွန်ဉာဏ်ထက်မြက်ပါသည်။

သူမ ရင်ဆိုင်ရမှာကို ရင်ဆိုင်ရမည်။

ဒိလိုကိစ္စမျိုးဖြစ်လာပြီ ဖြစ်သဖြင့် ကုမ္ပဏီက ကန့်ကွက်မှုများ ရှိလိမ့်မည်။ သို့သော် ဘော့စ်ကိုယ်တိုင် ရှားဝမ်ချွေ့ကို ဝေဖန်လို့မရပါ။

ပွင့်ပွင့်လင်းလင်း ပြောလို့မရသည့် ကိစ္စတချို့ရှိနေ၏။ ဒီတစ်ခေါက် ယန်ချင်း သူမကို စကားလာပြောခြင်းက စီအီးအိုလီကိုယ်စား ဖြစ်ပါသည်။

"စီအီးအိုလီ ပြောလိုက်တာက နင့်အောင်မြင်မှုက အခုမှ တက်လာခါစရှိသေးပြီး ကုမ္ပဏီကလည်း နင့်ကို အစွမ်းကုန် ထောက်ပံ့ပေးမယ်တဲ့။ ဒီနေ့ ဝေ့ပေါ်ပေါ်မှာ ပို့စ်တင်ပြီး ထိခိုက်မှုတွေ အကုန်လုံးကို ရှင်းပေးဖို့ ငါမျှော်လင့်တယ်" ယန်ချင်းက ပြောလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အလွန်နီးစပ်ကြသည်ဟူသည့် ကောလဟာလတချို့ ထွက်နေပြီဖြစ်သည်။ သူတို့ အတူတူ နေနေကြသည်ဟုပင် ကောလဟာလလွှင့်သူ တချို့ပါ ရှိနေကြသည်။

ပရီတ်သတ် ပိုများလေလေ မုန်းတီးသူတွေလည်း ပိုများလေလေ ဖြစ်ပါသည်။ ရှားဝမ်ချွေ့က အလွန်လှပ၏။ သို့သော်လည်း သူမကို ဒုက္ခပေးချင်သည့် တိုက်ခိုက်ရေးသမားများ နောက်ကွယ်က အဖွဲ့အစည်းများစွာလည်း ရှိနေပါသည်။

"ကျန်တာ ဘာမှ ပြောစရာမရှိတော့ဘူးလား" ရှားဝမ်ချွေ့က ထပ်မေးလိုက်သည်။ သူမ ယန်ချင်းကိုကြည့်လိုက်သည်။ တစ်ခုခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေပုံရ၏။

ယန်ချင်းက သက်ပြင်းချကာ ပြောလိုက်ပါသည်။ "ဝမ်ချွေ့ နင် သရုပ်မဆောင်တာ တစ်နှစ်နီးပါး ရှိနေပြီ။ နင်စိတ်ကျေနပ်တဲ့ ဇာတ်ညွှန်းကို အခုထိ ရှာလို့မတွေ့သေးဘူး။ ဒီခေတ်ကြီးမှာ နာမည်က ရွှေပဲ။ နင် သရုပ်မဆောင်ရင် ... "

ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်လုံးလေးများကို မော့လိုက်ပြီး ယန်ချင်းကို တည်တံ့စွာ ကြည့်လိုက်သည်။ "စီအီးအိုလီက ကုမ္ပဏီ ပိုက်ဆံပိုရအောင် ကျွန်မကို Show တွေ၊ Variety Showတွေ ထပ်ရိုက်စေချင်လို့လား။"

"မဟုတ်ဘူး မဟုတ်ဘူး" ယန်ချင်းက ခေါင်းခါလိုက်ပါသည်။

"ဝမ်ချွေ့ စီအီးအိုလီကလည်း နင့်အတွက် စဥ်းစားပေးနေတာပါ။ နင် အချစ်ဇာတ်လမ်းတစ်ခု ရိုက်ဖို့ စဥ်းစားပါလား။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားက အချစ်ဇာတ်လမ်းတွေက ရေပန်းပိုစားတယ်လေ။ 'The Journey of Flower' လိုပေါ့။"

"ပြောင်းလဲမှုအသစ်ကို ကြိုးစားကြည့်မယ်ဆိုရင် နင့်တိုးတက်မှုက အခုထက်တောင် ပိုပြီး မြင့်မားသွားမယ်လို့ စီအီးအိုလီက ယုံကြည်နေတယ်။" ယန်ချင်းက ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့က လှပစွာ ပြုံးလိုက်ပါသည်။

စီအီးအိုလီရဲ့ ရည်ရွယ်ချက် အစစ်က ဒီလိုဟုတ်လို့လား။

ဒီတစ်ခေါက် ကိစ္စကို အသုံးချပြီး သူမကို သတိပေးနေခြင်းဖြစ်ပါသည်။

သူမနှင့် လင်းဖန်တို့၏ အထက်တန်းကျောင်းတုန်းက ဓာတ်ပုံများ အွန်လိုင်းပေါ် တက်လာခဲ့သည်။ ဒါသူမ ကိစ္စဖြစ်သည်။

လင်းဖန်အတွက် သူမ အကြင်နာပေးခန်းများ မရိုက်ချင်တာ သူမ၏ သဘောဖြစ်သည်။

ကုမ္ပဏီဘော့စ်က သူမကို ပွင့်ပွင့်လင်းလင်း မပြောချင်လျှင် ဘာကြောင့် ယန်ချင်းကိုကျတော့ ပြောရတာလဲ။

"အစ်မယန် စီအီးအိုလီပြောတာကို ကျွန်မနားလည်တယ်။ ဒါပေမယ့် အစ်မက ကျွန်မရဲ့ မန်နေဂျာပါ။ စီအီးအိုလီရဲ့ မန်နေဂျာ မဟုတ်ဘူး" ရှားဝမ်ချွေ့က ယန်ချင်း၏ လက်ကို ကိုင်ရင်း တည်ကြည်စွာ ပြောလိုက်ပါသည်။

"ဝမ်ချွေ့ ငါတောင်းပန်ပါတယ်။ ငါနားလည်ပါပြီ။" ယန်ချင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။

သူမက ဝမ်ချွေ့၏ လက်အောက်ငယ်သားဖြစ်သည်။ စီအီးအိုလီနှင့်မဆိုင်ပါ။

ရှားဝမ်ချွေ့ အကြင်နာပေးခန်း မရိုက်ချင်ပါက ကုမ္ပဏီက သူမကို ဘာမှမပြောလောက်ပါ။

သို့သော်လည်း မန်နေဂျာတစ်ယောက်ဆိုတာ သရုပ်ဆောင်တစ်ယောက်အတွက် တိုက်ရိုက် တာဝန်ရှိသည်။ ရှားဝမ်ချွေ့သာ သဘောမကျပါက သူမ၏ မန်နေဂျာကို အချိန်မရွေး ပြောင်းလဲပစ်နိုင်ပါသည်။

ရှားဝမ်ချွေ့ ကုမ္ပဏီက ထွက်သွားရင်တောင် သူမ၏ တိုးတက်မှုက ပိုကောင်းနိုင်ပါသေးသည်။ ယန်ချင်းက သူမ၏ ဘော့စ်စကားကို နားထောင်ချင် နားထောင်မည်။ သို့သော် သူမက ခြွင်းချက်မရှိ ရှားဝမ်ချွေ့၏ လက်အောက် ငယ်သားသာ ဖြစ်သည်.

"မြောင် မြောင် ~ အစ်မယန်က အတော်ဆုံးဆိုတာ ကျွန်မသိပြီးသား။ အစ်မယန် အချိန်ရရင် ကျွန်မကို Variety Show တစ်ခု ကူရွေးပေးပါဦး။ကျွန်မ အလုပ်မလုပ်တာ ကြာပြီမို့လို့ မကြာခဏ အလုပ်လုပ်ပေးတာ ကောင်းတယ်" ရှားဝမ်ချွေ့က ယန်ချင်း၏ လက်မောင်းကို ကိုင်ရင်း ပြောလိုက်ပါသည်။

"Keep Running ဆိုရင် ဘယ်လိုသဘောရလဲ" ယန်ချင်း မျက်လုံးများ ဝန်းစက်သွားပါသည်။

"ကောင်းပြီ၊ ကျန်တာကို အစ်မပဲ တာဝန်ယူလိုက်နော်။" ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

ရှားဝမ်ချွေ့က အမြဲလိုလို အလွန်ချစ်ဖို့ကောင်းပါသည်။

သို့သော်လည်း အရာရာကို အလျှော့ပေးတတ်သည်ဟု မဆိုလိုပါ။

ယန်ချင်းထွက်သွားသောအခါ သူမ ချွေးစေးများ ပြန်လာခဲ့ပါသည်။

သူမ၏ ကိုယ်ပိုင်အစွမ်းအစကြောင့် ဒီနေရာအထိ တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

စကားလုံးအနည်းငယ်လောက်နဲ့ သူမ၏ သဘောထားကို ပြတ်ပြတ်သားသား ဖော်ပြပြီးပြီ ဖြစ်သည်။

သူမ ဘယ်တော့မှ အချစ်ဇာတ်လမ်း တစ်ခန်းကို ရိုက်မှာမဟုတ်ပါ။ အကြင်နာပေးခန်းဆို ပိုဆိုးပါသေးသည်။ ကုမ္ပဏီဘော့စ်၏ သဘောထားဆိုရင်တောင် ပြောင်းလဲသွားမည်မဟုတ်ပါ။

ယန်ချင်းသာ ဆက်ပြီး တောင်းဆိုရဲပါက ရှားဝမ်ချွေ့ သူမ၏ မန်နေဂျာကို ပြောင်းလဲပစ်လိုက်မည် ဖြစ်ပါသည်။

ရှားဝမ်ချွေ့၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ယန်ချင်းနားလည်သဖြင့် သူမ၏ သစ္စာရှိမှုကို ချက်ချင်း ပြသခဲ့ပါသည်။ ရှားဝမ်ချွေ့ကလည်း ယန်ချင်းကို ဂရုစိုက်ပုံပြသလိုက်ပါသည်။ သူမက Variety Show တချို့တွင် ပါဝင်ဖို့ စိတ်ကူးရှိပြီး "Keep Running" ကနာမည်ကြီးပါသည်။

ယန်ချင်း ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းသာချလိုက်မိပါတော့သည်။

သူမ သိချင်မိသည်။

လင်းဖန်ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။

ရှားဝမ်ချွေ့ကို ကုမ္ပဏီ၏ ဘော့စ်အား တိုက်ခိုက်ရဲစေရုံသာမက အကြင်နာပေးခန်း မရိုက်ဘူးဟူသည့် သူမ၏ သဘောထားအတိုင်း ဆက်လက် ကျင့်ကြံစေခဲ့သည်။

ယန်ချင်းက လင်းဖန်ကို ပိုပိုပြီး စိတ်ဝင်စားလာပါပြီ။

ရှားဝမ်ချွေ့ကို သဘောကျသွားအောင် လုပ်နိုင်သည့် တစ်ယောာက်တည်းသောသူမှာ လင်းဖန်သာ ဖြစ်ပါသည်။

"လင်းဖန်ကို မကြိုက်ဘူးဆိုတာ ဘာကိုပြောချင်တာလဲ။ ဒီလိုတောင်ဖြစ်နေမှတော့ လင်းဖန်ကို မကြိုက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ငါ့သာ အခွင့်အရေးရရင် အဲ့ဒီလင်းဖန်ကို တွေ့ပြီး ငါ့ဂေါ်ဖီထုပ်လေးကို ဘယ်လို အခွင့်ကောင်း ယူသွားလဲ ကြည့်ပါဦးမယ်" ယန်ချင်းက တစ်ယောက်တည်း တွေးလိုက်ပြီး ရှားဝမ်ချွေ့အတွက် အလုပ်များကို စတင်ပြင်ဆင်လိုက်ပါသည်။

...

ည ၁၀ နာရီတွင် စားသောက်ဆိုင်သို့ လင်းဖန်တစ်ယောက် တိတ်တိတ်လေး သွားခဲ့ပါသည်။

ဒီလို မလုပ်လို့မရပေ။ ယခု သူက ရေပန်းစားလွန်းနေပါပြီ။

ထို့အပြင် မရေမတွက်နိုင်သော ပရိတ်သတ်များ၏ ရင်ထဲတွင် အချစ်ပြိုင်ဘက်တစ်ယောက် ဖြစ်နေလေပြီ။

ဘာပဲဖြစ်ဖြစ် သူနဲ့ ရှားဝမ်ချွေ့၏ ဓာတ်ပုံက ကြမ်းတမ်းလွန်းပါသည်။

စားသောက်ဆိုင်သို့ လာရသသည့် အဓိကအကြောင်းအရင်းက ချွေ့ချွေ့တစ်ကောင် စားသောက်ဆိုင်ထဲတွင် ရှိနေဆဲဖြစ်ပြီး အိမ်ကို ပြန်ခေါ်သွားချင်လို့ဖြစ်ပါသည်။

လင်းဖန်က ဒီကြောင်ကို အစာကျွေးရမည်။ မဟုတ်ပါက ငတ်သေသွားပါလိမ့်မည်။

"မြောင်~" ကြောင်လေးက လင်းဖန်ကို တွေ့သောအခါ ဝမ်းနည်းသွားပုံပေါ်သည်။ သူ တစ်နေကုန် အစာမစားရသေးပါ။

"ဟုတ်ပါပြီ၊ ဘာမှမဖြစ်တော့ဘူး။" လင်းဖန်က ကြောင်လေးကို ဖက်လိုက်ပြီး ခေါင်းကို ပွတ်ပေးကာ ပြန်ဖို့ ပြင်လိုက်သည်။

သူပြန်ခါနီးဆဲဆဲတွင် ရင်းနှီးနေသော ကြောင်နားရွက် ဦးထုတ်လေး သူ့ဘေးတွင် ပေါ်လာတာကို လင်းဖန်မြင်လိုက်ရပါသည်။

ရှားဝမ်ချွေ့ဖြစ်နေပါသည်။

"နင် ဘာလို့ ဒီရောက်လာတာလဲ" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ဆွဲခေါ်လာလိုက်သည်။

"ငါချွေ့ချွေ့ကို လာတွေ့တာလေ။ နင်ကော..." ရှားဝမ်ချွေ့က လင်းဖန်၏ လက်ထဲက ကြောင်လေးကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

"ငါနင့်ကို စောင့်နေတာ" လင်းဖန်က ပြောလိုက်သည်။

"တကယ်လား" ရှားဝမ်ချွေ့က လင်းဖန်ကို စပ်စုစွာ ကြည့်လိုက်ပါသည်။ သူမ၏ မျက်နှာလှလှလေးက ရှက်သွေးဖြာနေသည်။

အစကတော့ ရေပန်းစားသော ရှာဖွေမှုထဲတွင် ပါဝင်နေသဖြင့် စားသောက်ဆိုင်တောင် ဖွင့်လို့ မရတော့သောကြောင့် လင်းဖန်အနည်းငယ် စိတ််ဆိုးနေခဲ့ပါသည်။ သို့သော် ရှားဝမ်ချွေ့ကို မြင်ပြီးနောက် လင်းဖန် စိတ်မဆိုးနိုင်တော့ပါ။

ရှားဝမ်ချွေေ့က သူ့ကို ညဘက်ကြီး လာတွေ့ခဲ့သည်။ အန္တရာယ်အလွန်များလွန််းပါသည်။ လင်းဖန်စဥ်းစားကြည့်လိုက်ပြီး စိတ်ဆိုးသင့်တယ်လို့ ခံစားသွားရပါသည်။

သူနဲ့ ရှားဝမ်ချွေ့တို့၏ ရေပန်းစားမှုက ၅ သန်းအထိပင် ရောက်နေပြီဖြစ်သည်။ ဒီအချိန်ကြီး သူတို့နှစ်ယောက်အတူတူရှိနေတာကိုသာ သူမ၏ ပရိတ်သတ်များ မြင်သွားပါက.... အကျိုးဆက်က စဥ်းစား၍မရနိုင်လောက်အောင် ရှိပါလိမ့်မည်။

ပတ်ဝန်းကျင်က မှောင်မှဲနေပြီး ရှားဝမ်ချွေ့က လင်းဖန်နှင့် နီးကပ်နေ၏။ သူမ၏ အသက်ရှူသံနှင့် ခန္ဓာကိုယ်အပူချိန်များကိုပင် လင်းဖန် ခံစားမိပါသည်။

ဒီအကျင့်မကောင်းတဲ့ ရှားဝမ်ချွေ့ကတော့။ လုံလုံခြုံခြုံမဝတ်ဘဲ အရမ်းလည်းလှနေသည်။ သူနဲ့လည်း အရမ်းနီးကပ်နေ၏။ သူစိတ်မထိန်းနိုင်တော့ပါ။

"နောက်ကို ညဘက် တစ်ယောက်တည်း လာခွင့်မပြုဘူး နားလည်လား" လင်းဖန်က စိတ်ဆိုးချင်ယောင်ဆောင်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ ရှားဝမ်ချွေ့သာ တစ်ခုခု ဖြစ်သွားလျှင် လင်းဖန် စိတ်အေးနိုင်မည် မဟုတ်ပေ။

"သိပါပြီ သိပါပြီ။ နင့်စကား နားထောင်ပါ့မယ်။" ရှားဝမ်ချွေ့က လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး အလွန်ဝမ်းနည်းပုံလုပ်ပြလိုက်သည်။ သူ့ကိုတွေ့ဖို့ပဲ လာခဲ့တာ မဟုတ်ဘူးလား။

"ငါတို့ ဒီကနေ အရင်ထွက်ရမယ်။ ဒီမှာ မလုံခြုံဘူး။ တစ်ယောက်ယောက်သာ တွေ့သွားရင်..." လင်းဖန်က ပြောလိုက်သည်။

"ငါတို့ကို တွေ့သွားတော့ ဘာဖြစ်လဲ" ရှားဝမ်ချွေ့က လင်းဖန်၏ တုန့်ပြန်မှုကို ကြည့်ရင်း ပြောလိုက်ပါသည်။

"မဟုတ်ဘူး နင်ဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ်" လင်းဖန်က အတည်ပေါက်ပြောလိုက်သည်။ အခု ရှားဝမ်ချွေ့၏ အောင်မြင်မှုကို သူမထိခိုက်စေလိုပါ။ သူမကိုယ်တိုင် အချစ်ရေးကိစ္စကို ဝန်ခံခြင်းနဲ့ တခြားသူများ ဓာတ်ပုံခိုးရိုက်တာနဲ့ မတူပေ။

"အင်းပါ" ရှားဝမ်ချွေ့က ခေါင်းကို နူးညံ့စွာ ငြိမ့်လိုက်ပါသည်။သူမ၏ အသံက ခြင်အော်သံလောက်သာ ရှိသည်။ သူမ၏ နှုတ်ခမ်းလေးက အနည်းငယ်ပြုံးသွားပြီး ရင်ခုန်သွားပါသည်။

သူက ဂရုစိုက်တယ်ပေါ့။

"နောက်ကျနေပြီ။ ငါအိမ်ပြန်လိုက်ပို့ပေးမယ်" လင်းဖန်က ပြောလိုက်သည်။ ရှားဝမ်ချွေ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့ပြီး အိမ်မပြန်ခိုင်းနိုင်ပါ။

"မဟုတ်ဘူး။ နင့်အိမ်ကို သွားကြမယ်လေ။ ဟိုမှာဆို ပရိတ်သတ်တွေ စောင့်နေကြလိမ့်မယ်။"

"နင့်အိမ်က သေးပေမယ့် ငါဂရုမစိုက်ပါဘူး။ ပြီးတော့လည်း နင့်အိမ်ကို ငါတစ်ခါမှ မရောက်ဖူးဘူးနော်" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။

"ငါက ဗီလာကြီးမှာ နေတာ။ အခန်းတွေကလည်း အကျယ်ကြီးပဲ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"နင်ပြောတာ ဝက်ပဲ ယုံမယ်။" ရှားဝမ်ချွေ့က လျှာထုတ်ပြလိုက်ပါသည်။

"လောင်းမလား" လင်းဖန်က မေးလိုက်သည်။

"ဘာကြေးလောင်းမှာလဲ" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။

"နင်ရှုံးရင် ငါ့ကို နမ်း။ ငါရှုံးရင် နင့်ကို နေ့တိုင်း ချက်ကျွေးမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

"အရူးကောင် လင်းဖန်။ နင့်ကို ဘယ်သူက နမ်းချင်လို့လဲ။ ဒါပေမယ့် ငါရှုံးမှာ မဟုတ်ပါဘူးလေ" ရှားဝမ်ချွေ့က မျက်နှာနီနီရဲရဲဖြင့် ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါသည်။

"နင် ငါးပေါင်း စားချင်လား" လင်းဖန်က သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း ပြုံးလိုက်ပါသည်။ သူ ဘယ်လောက် လောင်းလောင်း သူရှုံးမှာ မဟုတ်ပါ။ သူ့မိန်းမအတွက် နေ့တိုင်း ချက်မကျွေးသင့်ဘူးလား။

"..." ရှားဝမ်ချွေ့

ထိုအချိန်တွင် ဖြတ်သွားဖြတ်လာများ၏ အသံကို ကြားလာရသည်။ ရှားဝမ်ချွေ့၏ ပရိတ်သတ်များနှင့် သတင်းသမားတချို့ ဖြစ်ပုံရသည်။ မနက်ဖြန် ဆိုင်ဖွင့်လျှင် လင်းဖန်ကို အင်တာဗျူးချင်နေကြသည့်ပုံပင်။

"ရှူး.... တစ်ယောက်ယောက် ရှိတယ်" လင်းဖန်က တီးတိုးပြောလိုက်ပါသည်။

"အင်း..." ရှားဝမ်ချွေ့က ခေါင်းကို အမိန့်နာခံစွာ ငြိမ့်လိုက်သည်။ လင်းဖန်ကို သူမ၏ လှပသောမျက်လုံးလေးများဖြင့် ကြည့်ကာ ဘာလုပ်ရမလဲမေးလိုက်သည်။

"မြောင်~" ကြောင်လေးကလည်း လင်းဖန်၏ လက်ထဲတွင် အော်နေပါသည်။

အစကတော့ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ချောင်ပိုကျသော နေရာတစ်ခုတွင် ပုန်းအောင်းနေဆဲဖြစ်သည်။ သို့သော် ကြောင်လေး အော်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပဲ အာရုံစိုက်ခံရပါလိမ့်မည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သေပြီ။

သူတို့ကို လူမိတော့မယ်။

သူတို့ကို မီဒီယာက လက်ပူးလက်ကျပ်မိတော့မယ်။

ဆုံးဖြတ်ချက်တစ်ခု ချက်ချင်းချလိုက်ပြီး လင်းဖန် ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်ကာ လမ်းသွယ်လေးထံသို့ တဟုန်ထိုး ပြေးလေတော့သည်။

"ပြေးတော့"



Zawgyi


အခန္း(၃၃) ႐ွားဝမ္ေခြၽ႕ မဖြင့္ဟခဲ့တဲ့ အခ်စ္ဦးေလး

ဒုတိယ ေရပန္းအစားဆုံး ႐ွာေဖြမႈက...

လင္းဖန္၊ ႐ွားဝမ္ေခြၽ႕။

တတိယ ေရပန္းအစားဆုံး အေၾကာင္းအရာက [႐ွားဝမ္ေခြၽ႕၏ မဖြင့္ဟခဲ့တဲ့ အခ်စ္ဦးေလး] ျဖစ္သည္။

စုစုေပါင္း ေရပန္းစားေနသည့္ အေၾကာင္းအရာ ၃ ခု႐ွိပါသည္။ အားလုံးကလည္း စာရင္း၏ ထိပ္ဆုံးတြင္ တန္းစီ တည္႐ွိေနၾကသည္။

အင္တာနက္အသုံးျပဳသူမ်ား၏ စြမ္းအားက ႀကီးမားလြန္းသျဖင့္ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ အထက္တန္းေက်ာင္းတုန္းက ပုံေတြကိုေတာင္ ျပန္တူးဆြခဲ့သည္။

ေက်ာင္းဖြင့္ပြဲ အခမ္းအနားမ်ား၊ စကားရည္ လုပြဲမ်ား၊ သီခ်င္းဆိုၿပိဳင္ပြဲမ်ား၊ ဒုတိယႏွစ္ ေက်ာင္သားမ်ား၏ ေ႐ွးေဟာင္း ကဗ်ာၿပိဳင္ပြဲမ်ား၊ ရက္တစ္ရာ သစၥာဆိုပြဲမ်ား၊ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားမ်ား ႐ွိခဲ့သည္။ ထိုပြဲေတာ္ႀကီးမ်ားမွတဆင့္ အျဖစ္အပ်က္တစ္ခုကို ျမင္ႏိုင္ပါသည္။

အထက္တန္းေက်ာင္း လႈပ္႐ွားမႈမ်ားတြင္ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔က အၿမဲတမ္း ဓာတ္ပုံ အတူတူ ႐ိုက္ခဲ့ၾကသည္။

အထက္တန္းေက်ာင္းက စၿပီး ေနာက္ပိုင္းအထိ သူတို႔ႏွစ္ေယာက္က ခ်စ္သူအစစ္အမွန္မ်ားလိုပင္။

သူတို႔အထက္တန္းေက်ာင္းတုန္းက လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ အဆင့္မ်ားက ေကာင္းလြန္းသျဖင့္ ဆရာ ဆရာမမ်ားက ဘာမွသိပ္မေျပာခဲ့ၾကပါ။

အထက္တန္းေက်ာင္းတက္စဥ္တုန္းက သူတို႔ႏွစ္ေယာက္ အတူတူ႐ွိေနတာ ပုံမွန္ပဲျဖစ္သည္။ သို႔ေသာ္ အခုေတာ့ တကၠသိုလ္မွ ဘြဲ႕ရၿပီးတာ ၃ ႏွစ္ၾကာၿပီျဖစ္ၿပိး ႐ွားဝမ္ေခြၽ႕က လင္းဖန္၏ စားေသာက္ဆိုင္တြင္ ေပၚလာကာ အဆက္အသြယ္ ႐ွိေနၾကဆဲျဖစ္သျဖင့္ ပုံမွန္ မဟုတ္ေတာ့ပါ။

လင္းဖန္႐ွိသည့္ ေနရာတိုင္း ႐ွားဝမ္ေခြၽ႕႐ွိသည္။

႐ွားဝမ္ေခြၽ႕႐ွိသည့္ေနရာတိုင္း လင္းဖန္ကို ေတြ႕ရသည္။

အဓိပၸာယ္က တစ္ခုတည္းသာ ျဖစ္ႏိုင္ပါသည္၊။ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ ဆက္ဆံေရးက သာမန္ မဟုတ္ပါဘူး။

ေဝ့ေပၚတြင္ ဒီလို လူထု အထင္အျမင္မ်ိဳးက ဆြဲငင္အား႐ွိသည္။

ထို႔ေၾကာင့္ပဲ ေရပန္းစားေသာ ႐ွာေဖြမႈ [႐ွားဝမ္ေခြၽ႕၏ မဖြင့္ဟခဲ့တဲ့ အခ်စ္ဦးေလး] ေပၚလာခဲ့ရပါသည္။

[႐ွားဝမ္ေခြၽ႕ လြန္ခဲ့တဲ့ သုံးႏွစ္တာလုံး အၾကင္နာေပးခန္း မ႐ိုက္ခဲ့ရတဲ့ အေၾကာင္းအရင္းမွန္]

ေရပန္းစားေသာအေၾကာင္းအရာတိုင္းက လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ထံသို႔ ဦးတည္ေနပါသည္။

နာမည္ႀကီးမႈက ပိုပို ျမင့္တက္လာၿပီး ၂ သန္း၊ ၃ သန္း၊ ၄ သန္းအထိ ေရာက္လာခဲ့သည္။

ဒီလိုနာမည္ႀကီးတာမ်ိဳးကို ပထမဆုံးျမင္ဖူးတာျဖစ္ပါသည္။

႐ွားဝမ္ေခြၽ႕၏ နာမည္ႀကီးမႈက ျမင့္လြန္းသည္။ မေရမတြက္ႏိုင္ေလာက္ေအာင္ မ်ားေသာ လူမ်ားက ႐ွားဝမ္ေခြၽ႕ကို သေဘာက်ၾက၏။ ယခု ဒီလိုသတင္းမ်ိဳး ထြက္လာသျဖင့္ မေရမတြက္ႏိုင္ေအာင္ မ်ားျပားေသာ လူမ်ားစြာ၏ အာ႐ုံစိုက္မႈကို ခံရခဲ့ပါသည္။

ပိုစ့္တိုင္းတြင္ ေကာမန္႔ ၁၀၀,၀၀၀ ေက်ာ္႐ွိေနသည္။

"ဘုရားေရ ... ငါတို႔ေခြၽ႕ေခြၽ႕ေလးမွ ေကာင္ေလး ႐ွိေနတာလား။ ၿပီးေတာ့ အရမ္းလည္း ေခ်ာတယ္တဲ့။"

"မျဖစ္ႏိုင္တာ။ ငါတို႔ရဲ႕ ေခြၽ႕ေခြၽ႕ေလးမွာ ဘာလို႔ ရည္းစား႐ွိရမွာလဲ။ အဲ့ဒီေကာင္က အရမ္း ေခ်ာေနရင္ေတာင္ မျဖစ္ႏိုင္ပါဘူးကြာ။"

"ဟားဟား ငါထင္သားပဲ။ ႐ွားဝမ္ေခြၽ႕က ေရခဲလို သန္႔စင္ၿပီး ေက်ာက္စိမ္းလို အျပစ္ကင္းတယ္။ သူ အၾကင္နာေပးခန္းေတြ မ႐ိုက္ဘူးမလား။ သန္႔႐ွင္းစင္ၾကယ္မႈနဲ႔ ဣေႁႏၵ႐ွိမႈတို႔က မင္းတို႔အတြက္ ေဖ်ာ္ေျဖေရးေလာကက ဖန္တီးထားတဲ့ စ႐ိုက္ေတြပါကြာ။ ၾကည့္ပါဦး။ သူက အထက္တန္းေက်ာင္းမွာကတည္းက ရည္းစား႐ွိၿပီးသားတဲ့။"

"ငါ မယုံႏိုင္ဘူး။ ေခြၽ႕ေခြၽ႕က တကယ္ပဲ လင္းဖန္နဲ႔ တြဲေနတာလား။"

"ေခြးသား လင္းဖန္ ငါ့ေခြၽ႕ေခြၽ႕ေလးကို ခိုးရဲတယ္ေပါ့ မင္းေသခ်င္ေနၿပီပဲ။"

ေဝ့ေပၚေအာက္တြင္ ေကာမန္႔မ်ိဳးစုံ ႐ွိေနခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕ကို သေဘာက်သူတိုင္းေကာ မုန္းသူတိုင္းေကာ ေဝ့ေပၚေပၚက ေဆြးေႏြးမႈမ်ားက ေရဆူမွတ္ကို ေရာက္႐ွိေနခဲ့ပါၿပီ။

သို႔ေသာ္လည္း တခ်ိဳ႕ ေကာင္းမြန္သည့္ ေကာမန္႔ေလးမ်ားလည္း ႐ွိပါေသးသည္။

"မင္းတို႔ေကာင္ေတြ ေခြၽ႕ေခြၽ႕ရဲ႕ ကိုယ္ေရးကိုယ္တာ ဘဝကို ဝင္မစြက္ဖက္လို႔ မရဘူးလား။ ေခြၽ႕ေခြၽ႕ကို လြတ္လပ္ခြင့္ ေပးလိုက္ပါဦး။"

"ေက်းဇူးျပဳၿပီး ႐ွားဝမ္ေခြၽ႕ရဲ႕ အလုပ္ကိုပဲ ပိုၿပီး ဂ႐ုစိုက္ေပးၾကပါ။"

"အထက္တန္းေက်ာင္းမွာ ဆန္႔က်င္ဘက္လိင္ သူငယ္ခ်င္းမ႐ွိတဲ့လူမ်ိဳး ႐ွိလို႔လားကြ။ သူတို႔ ဓာတ္ပုံဘယ္ႏွပုံ တြဲ႐ိုက္ထားတာမို႔လို႔လဲ။ မင္းတို႔ သက္ေသျပလို႔ရလား။"

"ေခြၽ႕ေခြၽ႕ ကိုယ္တိုင္ မဖြင့္ဟသေ႐ြ႕ ဒီလို ကိစၥမ်ိဳးေတြကို ငါေကာလဟာလ မျဖန္႔ဘူး။"

...

သတင္းမ်ားစြာကို ျမင္ၿပီးေနာက္ လင္းဖန္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားခဲ့ပါသည္။

သူ႕ေၾကာင္မေလးကို ဒီလိုစကားမ်ိဳးေတြ ေျပာရဲတဲ့ ၾကမ္းၾကမ္းတမ္းတမ္း ပရိတ္သတ္ တစ္စုေတာ့ ႐ွိေနပါသည္။

လင္းဖန္က သူလုပ္ႏိုင္တာ ဘာမွမ႐ွိသျဖင့္ ေဒါသထြက္ရ၏။

႐ွားဝမ္ေခြၽ႕က သူ႕ပခုံးေပၚတြင္ မွီကာ အနားယူခဲ့ဖူးသည္။ ဒီလိုဓာတ္ပုံမ်ိဳးကို ႐ွင္းျပဖို႔ မျဖစ္ႏိုင္ပါ။

ေဝ့ေပၚထဲက လူမ်ားက သူ႕ကို ဆဲဆိုတာ ကိစၥမ႐ွိပါဘူး။ သို႔ေသာ္ တခ်ိဳ႕က ႐ွားဝမ္ေခြၽ႕ကို သိကၡာခ်လွ်င္ လင္းဖန္၏ ႏွလုံးသား နာက်င္ရပါလိမ့္မည္။

ယခင္တုန္းက သူ စားေသာက္ဆိုင္ေလး ဖြင့္ခဲ့စဥ္တုန္းက ႐ွားဝမ္ေခြၽ႕ႏွင့္ အလြန္ ေဝးကြာလြန္းသျဖင့္ လူမသိသူမသိ ေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့သည္။

သို႔ေသာ္လည္း အခုေတာ့ သူ႕မွာ ဇိမ္ခံကားႀကီးမ်ား၊ ဗီလာႏွင့္ ၾကယ္ငါးပြင့္ ဟိုတယ္ႀကီး တစ္ခု၏ ႐ွယ္ယာမ်ားကိုပါ ပိုင္ဆိုင္ထားခဲ့ပါၿပီ။ ႐ွားဝမ္ေခြၽ႕ႏွင့္ အဆင့္အတန္းခ်င္း တူေနၿပီျဖစ္ၿပီး သူမ၏ ဘဝထဲ တျဖည္းျဖည္း ခ်ဥ္းကပ္ႏိုင္လာၿပီျဖစ္သည္။

႐ွားဝမ္ေခြၽ႕က အလြန္လွပ၏။ သို႔ေသာ္ ေဖ်ာ္ေျဖေရး လုပ္ငန္းထဲမွာ အၾကင္နာေပးသည့္ အခန္းမ်ားလည္း မ႐ိုက္ကူးသလို၊ ေယာက်္ားေလး သ႐ုပ္ေဆာင္မ်ားနဲ႔လည္း ခႏၶာကိုယ္ခ်င္း ထိေတြ႕မႈ မ႐ွိခဲ့ပါ။

လင္းဖန္က အလြန္ေခ်ာ၏။ သူ႕ကို သေဘာက်သည့္ ေကာင္မေလးမ်ားစြာ ႐ွိသည္။ သို႔ေသာ္ သူတို႔ေၾကာင့္ တစ္ခါမွ စိတ္မလႈပ္႐ွားခဲ့ရပါ။

ဒီတစ္ေခါက္ေတာ့ ေဝ့ေပၚတြင္ ေရပန္းစားေနသည့္ အေၾကာင္းအရာတစ္ခု႐ွိေနၿပီး လူထု၏ ထင္ျမင္ခ်က္မ်ားစြာလည္း ႐ွိေနပါၿပီ။

ထိုအခ်ိန္တြင္ လင္းဖန္က ႐ွားဝမ္ေခြၽ႕ထံမွ သတင္းကို ေစာင့္ေမွ်ာ္ေနခဲ့သည္။

႐ွာဝမ္ေခြၽ႕ သူ႕အေပၚထားေသာ ခံစားခ်က္ကို သူ ေသခ်ာမသိရေသးပါ။ သူ အေလာတႀကီး ဖြင့္ေျပာလိုက္လွ်င္ သူငယ္ခ်င္းေကာင္း တစ္ေယာက္ကိုပင္ ဆုံး႐ႈံးသြားရႏိုင္သည္။

႐ွားဝမ္ေခြၽကလည္း ဘာမွ မေျပာခဲ့ပါ။

႐ွားဝမ္ေခြၽ႕က ႐ုံးထဲတြင္႐ွိေနၿပီး သူမ၏ ဖုန္းကို ၾကည့္ကာ သူမလည္း လင္းဖန္ထံမွ သတင္းကို ေစာင့္ေမွ်ာ္ေနျခင္း ျဖစ္ပါသည္။

ဒီလူဆိုးေကာင္ လင္းဖန္က ဘာျဖစ္လို႔ မက္ေဆ့ခ်္ခ်္တစ္ေစာင္မွ မပို႔ေသးတာလဲ။

လင္းဖန္က... သူမအေပၚ ဘာခံစားခ်က္မွ မ႐ွိလို႔မ်ားလား။

သူမက မိန္းကေလးျဖစ္သည္။ ထို႔ေၾကာင့္ ဣေႁႏၵထိန္းရမည္ျဖစ္ၿပီး အရမ္းႀကီး သြက္လက္ေနလို႔ မျဖစ္ပါဘူး။

ကုမၸဏီတြင္ သူမက နံပါတစ္ အမ်ိဳးသမီး သ႐ုပ္ေဆာင္ျဖစ္ၿပီး ကုမၸဏီက ပ်ိဳးေထာင္ေပးဖို႔ အာ႐ုံစိုက္ထားသည့္ သ႐ုပ္ေဆာင္ ျဖစ္တာကို သူမကိုယ္တိုင္ နားလည္ပါသည္။ ဒီကိစၥက ျပန္႔သြားပါက ကုမၸဏီမွ ေသခ်ာေပါက္ သူမကို ဖိအားေပးပါလိမ့္မည္။

သို႔ေသာ္လည္း လင္းဖန္ သူမအတြက္ ဘယ္လို ခံစားခ်က္႐ွိသလဲဆိုတာ မေသခ်ာေသးပါဘူး။

လင္းဖန္သာ... သူမကို မႀကိဳက္ရင္ ဘယ္လို လုပ္မလဲ။ ႐ွားဝမ္ေခြၽ႕၏ မ်က္လုံးေလးမ်ား အေရာင္ေမွးမွိန္သြားရသည္။

"ေျမာင္ ~~ ငါကိုက္မွာ။ နင္က စိတ္တိုဖို႔ ေကာင္းလိုက္တာ။"

"ဟြန္း ငါလည္း နင့္ကို မက္ေဆ့ခ်္မပို႔ဘူး။ မက္ေဆ့ခ်္ အရင္ပို႔တဲ့လူက ဝက္ျဖစ္မွာပဲ" ႐ွားဝမ္ေခြၽ႕က ပ်င္းေၾကာဆန္႔လိုက္ပါသည္။ သူမ၏ ေကာက္ေၾကာင္းမ်ားက လွပၿပီး ဆြဲေဆာင္မႈ႐ွိသည္။

႐ွားဝမ္ေခြၽ႕က လင္းဖန္အေၾကာင္း စဥ္းစားလိုက္သည္။ သူမိသားစု ေနာက္ခံကိုလည္း သူမ ဂ႐ုမစိုက္ပါ။

သို႔ေသာ္ ႐ုတ္တရက္ သူမနားလည္သြား၏။ လင္းဖန္၏ မိသားစုက ဆင္းရဲၿပီး သူ႕ဘဝက ႐ိုး႐ွင္းသည္။ သူမအတြက္ ဘယ္လိုလုပ္ရပ္တည္ေပးၿပီး ကုမၸဏီ၏ ဖိအားကို ဘယ္လို ရင္ဆိုင္ႏိုင္ပါ့မလဲ"

"ဘယ္သူျဖစ္ျဖစ္ ငါ့ဝက္ေပါက္ေလးကို အႏိုင္က်င့္လို႔ မရဘူး" ႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားကို ေမာ့ၾကည့္လိုက္ပါသည္။ သူမတစ္ေယာက္တည္း ကုမၸဏီရဲ႕ ဖိအားေတြကို ရင္ဆိုင္ေနရတာ လုံေလာက္ပါၿပီ။

....

ယြဲ႕ဟြာ ေဖ်ာ္ေျဖေရးတြင္ ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔လို အမ်ိဳးသမီး သ႐ုပ္ေဆာင္မ်ား႐ွိသလို ႐ႈယန္လို ထိပ္တန္းအမ်ိဳးသား သ႐ုပ္ေဆာင္မ်ားလည္း ႐ွိပါသည္။

႐ွားဝမ္ေခြၽ႕က ယြဲ႕ဟြာ၏ ထိပ္တန္း အစ္မႀကီး ျဖစ္ပါက ႐ႈယန္က ယြဲ႕ဟြာ၏ ထိပ္တန္း အစ္ကိုႀကီးလို ျဖစ္ပါသည္။

႐ုံးခန္းထဲတြင္ ႐ႈယန္၏ အမ်ိဳးသမီးလက္ေထာက္က တံခါးေခါက္လာ၏။

"ဝင္ခဲ့ပါ" ႐ႈယန္က ထိုင္ခုံတစ္ခုံတြင္ ထိုင္ေနၿပီး ထူးဆန္းသည့္ အ႐ွိန္အဝါမ်ိဳးကို ေပးစြမ္းေန၏။ သူက အလြန္တည္ၿငိမ္၊ ထက္ျမက္ၿပီး နက္နဲေသာ ခံစားခ်က္တစ္ခုကို ေပးစြမ္းေနသည္။

ကုမၸဏီထဲက လူတိုင္းက ႐ႈယန္ ႐ွားဝမ္ေခြၽ႕ကို သေဘာက်ေနမွန္း သိၾကပါသည္။

႐ွားဝမ္ေခြၽ႕၏ ပုံစံက ယြဲ႕ဟြာ ကုမၸဏီထဲတြင္ ၿပိဳင္ဘက္ကင္းသည္။

ထို႔အျပင္ ႐ွားဝမ္ေခြၽ႕က သန္႔႐ွင္းေသာ မိန္းကေလးတစ္ေယာက္လည္း ျဖစ္ပါသည္။

"ဆရာ႐ႈ"

"ေဝ့ေပၚမွာ ဘာေတြျဖစ္ေနလဲ ၾကည့္ပါဦး..." လက္ေထာက္က ေျပာလိုက္ပါသည္။

"ပထမဆုံး သက္ဆိုင္ရာဌာနေတြကို ဆက္သြယ္ၿပီး ဝမ္ေခြၽ႕အတြက္ ထိခိုက္နစ္နာေစတဲ့ ေရပန္းစားအေၾကာင္းအရာေတြကို ဖယ္႐ွားလိုက္ေခ်။"

"ဒုတိယအေနနဲ႔ ဝမ္ေခြၽ႕ကို မေကာင္းသတင္း ေျပာေနတဲ့ အေၾကာင္းအရာေတြကို စုံစမ္းၿပီး အဲ့တာေတြရဲ႕ ေနာက္ကြယ္က ကုမၸဏီနဲ႔ အဖြဲ႕ေတြကိုပါ စုံစမ္းစစ္ေဆးပါ။"

"တတိယအေနနဲ႔ ဝမ္ေခြၽ႕ရဲ႕ အခ်စ္အေရးအေၾကာင္း ေကာလဟာလေတြကို ျပန္တုန္႔ျပန္ဖို႔ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါ။ ငါတို႔ ဝမ္ေခြၽ႕နဲ႔ဆက္သြယ္ၿပီး သူ႕အေပၚ လူထုရဲ႕ ထင္ျမင္ခ်က္ေတြကို ေလွ်ာ့ခ်ဖို႔ လိုတယ္" ႐ႈယန္က ေျပာလိုက္သည္။

"နားလည္ပါၿပီ" လက္ေထာက္က ေခါင္းၿငိမ့္လိုက္၏။ သို႔ေသာ္ သူက ထြက္မသြားေသးေပ။

"ဘာက်န္ေသးလို႔လဲ" ႐ႈရန္က သူ႕လက္ေထာက္ကို ၾကည့္လိုက္ပါသည္။

"ဆရာ႐ႈ။ အခ်စ္ေရးက အတုအေယာင္ ဆိုေပမယ့္ အစ္မဝမ္ေ႐ႊ႕ရဲ႕ ဓာတ္ပုံေတြကေတာ့ အစစ္ပါ႐ွင့္။"

"ဌာနမွာ သူ႕ကို ဆရာ ႏွစ္ေတြ အၾကာႀကီး ကူညီေပးခဲ့ၿပီးၿပီ။ ဒါေပမယ့္ သူက..." လက္ေထာက္က ေျပာလိုက္ပါသည္။

"ေတာ္ေတာ့" ႐ႈယန္က လက္ကို ရမ္းလိုက္သည္။

"ဝမ္ေခြၽ႕မွာ ကိုယ္ပိုင္စဥ္းစားဉာဏ္႐ွိတယ္။ ၿပီးေတာ့ သူက ငါတို႔ကုမၸဏီကပဲ။ သူ႕ရဲ႕ေနာက္ကြယ္မွာ သူ႕မေကာင္းေၾကာင္းကို ထပ္ေျပာခြင့္ မေပးဘူး။"

"ၿပီးေတာ့... မွ်မွ်တတ ကစားတာက ပိုၿပီး စိတ္ဝင္စားဖို႔ မေကာင္းဘူးလား။"

"ဆရာ႐ႈ ကြၽန္မအမွားကို သိပါၿပီ" လက္ေထာက္က သူမ၏ ေခါင္းကို အျမန္ငုံ႔ကာ ေတာင္းပန္လိုက္ပါသည္။

"ဟုတ္ၿပီ၊ အလုပ္လုပ္လိုက္ၾကစို႔။"

"ၿပီးေတာ့ မင္းကို ေျပာစရာ႐ွိေသးတယ္။ ဝမ္ေခြၽ႕မွာ တကယ္ အခ်စ္ေရးကိစၥ႐ွိေနရင္ေတာင္ ကုမၸဏီက အၿမဲတမ္း သူ႕ဘက္မွာ ႐ွိေနေပးမွာပဲ။ ငါဆိုလိုတာကို နားလည္လား" ႐ႈယန္က သူ႕လက္ေထာက္ကို ၾကည့္လိုက္ပါသည္။

လက္ေထာက္က ေခါင္းၿငိမ့္ကာ ထြက္သြားေလ၏။

"လင္းဖန္..." ႐ႈယန္၏ နက္႐ိႈင္းေသာ မ်က္လုံးမ်ားက သူ႕ဖုန္းထဲက လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ ဓာတ္ပုံကို ၾကည့္ေနသည္။ တျခားလက္တစ္ဖက္က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။

သူက ကုမၸဏီထဲက ထိပ္တန္း အမ်ိဳးသား သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္သည္။ ႐ွားဝမ္ေခြၽ႕ေလာက္ ပရိတ္သတ္ေတြလည္း သူ႕မွာ ႐ွိသည္။ မိသားစု ေနာက္ခံအရေကာ၊ ႐ုပ္ရည္အရေကာ၊ အက်င့္စ႐ိုက္အရေကာ ဘယ္သူ႕ကိုမွ သူ မ႐ႈံးေလာက္ဘူးဟု ႐ႈယန္ ခံစားမိသည္။

သို႔ေသာ္ ဒီေန႔ေတာ့ လင္းဖန္လို႔ ေခၚတဲ့ လူတစ္ေယာက္ကို သူ႐ႈံးနိမ့္ခဲ့ပါသည္။

အခန္း(၃၄) ေျပးေတာ့

"ဝမ္ေခြၽ႕ေလး၊ ဘာလို႔ လင္းဖန္ရဲ႕စားေသာက္ဆိုင္မွာ ေ႐ွာင္းယြီနဲ႔ အတူတူ သြားစားခဲ့တာလဲ။"

"အခု အထက္တန္းက်င္းတုန္းက ျဖစ္ခဲ့သမွ်ေတြ အကုန္ေပၚကုန္ၿပီ။ နင္နဲ႔ လင္းဖန္တို႔ အခန္းတစ္ခန္းတည္း အတူတူ ႐ွိခဲ့ၾကတာကိုသာ လူေတြသိသြားလို႔ကေတာ့..." ယန္ခ်င္းသည္ ႐ွားဝမ္ေခြၽ႕၏ လက္ကို ကိုင္ကာ ေလးေလးနက္နက္ ေျပာလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕၏ မန္ေနဂ်ာတစ္ေယာက္ အေနနဲ႔ ဒီလိုကိစၥမ်ိဳး ျဖစ္လာပါက ေသခ်ာေပါက္ ကုမၸဏီေဘာ့စ္၏ အျပစ္တင္တာကို ယန္ခ်င္း ခံရပါလိမ့္မည္။

ကံေကာင္းစြာျဖင့္ ျပႆနာမ်ားက ထိန္းသိမ္းႏိုင္ေနဆဲျဖစ္သည္။ ညဘက္ႀကီး လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ တစ္ခန္းတည္း အတူတူ ႐ွိခဲ့ၾကတာကိုသာ ပရိတ္သတ္ေတြ သိသြားပါက ယန္ခ်င္း အလုပ္ျပဳတ္သြားႏိုင္ပါသည္။

"ေျမာင္ေျမာင္ ကြၽန္မ အဆင္ေျပပါတယ္" ႐ွားဝမ္ေခြၽ႕က ခ်ိဳခ်ိဳသာသာ ျပဳံးလိုက္ၿပီး ခ်စ္ဖို႔ေကာင္းေသာ ေျခဟန္လက္ဟန္ႏွင့္ မ်က္ႏွာထားေလး လုပ္ျပလိုက္သည္။

"ဝမ္ေခြၽ႕ ဒါက အေရးႀကီးတဲ့ ကိစၥေနာ္" ယန္ခ်င္း ေျပာလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ ေကာက္ေၾကာင္းမ်ား ေပၚလြင္ေအာင္ ထိုင္ေနသည္။ သူမ ယန္ခ်င္းကိုၾကည့္လိုက္ၿပီး ေမးလိုက္၏။ "စီအီးအိုလီက အစ္မကို တစ္ခုခု ေျပာခိုင္းလိုက္လို႔လား။"

စီအီးအိုလီမွာ ယြဲ႕ဟြာေဖ်ာ္ေျဖေရး၏ အဓိက ေဘာ့စ္ျဖစ္ပါသည္။

ဒီအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ ကုမၸဏီ၏ ေဘာ့စ္က ႐ွားဝမ္ေခြၽ႕ကို စကားမေျပာေတာ့ပါ။ သူမ၏ မန္ေနဂ်ာကိုသာ ေခၚခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕က လွၿပီး မၾကာခဏ ခ်စ္ဖို႔ေကာင္းေသာ မ်က္ႏွာထားမ်ိဳးလုပ္တတ္ေသာ္လည္း အလြန္ဉာဏ္ထက္ျမက္ပါသည္။

သူမ ရင္ဆိုင္ရမွာကို ရင္ဆိုင္ရမည္။

ဒိလိုကိစၥမ်ိဳးျဖစ္လာၿပီ ျဖစ္သျဖင့္ ကုမၸဏီက ကန္႔ကြက္မႈမ်ား ႐ွိလိမ့္မည္။ သို႔ေသာ္ ေဘာ့စ္ကိုယ္တိုင္ ႐ွားဝမ္ေခြၽ႕ကို ေဝဖန္လို႔မရပါ။

ပြင့္ပြင့္လင္းလင္း ေျပာလို႔မရသည့္ ကိစၥတခ်ိဳ႕႐ွိေန၏။ ဒီတစ္ေခါက္ ယန္ခ်င္း သူမကို စကားလာေျပာျခင္းက စီအီးအိုလီကိုယ္စား ျဖစ္ပါသည္။

"စီအီးအိုလီ ေျပာလိုက္တာက နင့္ေအာင္ျမင္မႈက အခုမွ တက္လာခါစ႐ွိေသးၿပီး ကုမၸဏီကလည္း နင့္ကို အစြမ္းကုန္ ေထာက္ပံ့ေပးမယ္တဲ့။ ဒီေန႔ ေဝ့ေပၚေပၚမွာ ပို႔စ္တင္ၿပီး ထိခိုက္မႈေတြ အကုန္လုံးကို ႐ွင္းေပးဖို႔ ငါေမွ်ာ္လင့္တယ္" ယန္ခ်င္းက ေျပာလိုက္ပါသည္။

ဘာပဲျဖစ္ျဖစ္ အင္တာနက္ေပၚမွာ ႐ွားဝမ္ေခြၽ႕နဲ႔ လင္းဖန္တို႔ အလြန္နီးစပ္ၾကသည္ဟူသည့္ ေကာလဟာလတခ်ိဳ႕ ထြက္ေနၿပီျဖစ္သည္။ သူတို႔ အတူတူ ေနေနၾကသည္ဟုပင္ ေကာလဟာလလႊင့္သူ တခ်ိဳ႕ပါ ႐ွိေနၾကသည္။

ပရီတ္သတ္ ပိုမ်ားေလေလ မုန္းတီးသူေတြလည္း ပိုမ်ားေလေလ ျဖစ္ပါသည္။ ႐ွားဝမ္ေခြၽ႕က အလြန္လွပ၏။ သို႔ေသာ္လည္း သူမကို ဒုကၡေပးခ်င္သည့္ တိုက္ခိုက္ေရးသမားမ်ား ေနာက္ကြယ္က အဖြဲ႕အစည္းမ်ားစြာလည္း ႐ွိေနပါသည္။

"က်န္တာ ဘာမွ ေျပာစရာမ႐ွိေတာ့ဘူးလား" ႐ွားဝမ္ေခြၽ႕က ထပ္ေမးလိုက္သည္။ သူမ ယန္ခ်င္းကိုၾကည့္လိုက္သည္။ တစ္ခုခုကို ေျပာခ်င္ေသာ္လည္း တြန္႔ဆုတ္ေနပုံရ၏။

ယန္ခ်င္းက သက္ျပင္းခ်ကာ ေျပာလိုက္ပါသည္။ "ဝမ္ေခြၽ႕ နင္ သ႐ုပ္မေဆာင္တာ တစ္ႏွစ္နီးပါး ႐ွိေနၿပီ။ နင္စိတ္ေက်နပ္တဲ့ ဇာတ္ၫႊန္းကို အခုထိ ႐ွာလို႔မေတြ႕ေသးဘူး။ ဒီေခတ္ႀကီးမွာ နာမည္က ေ႐ႊပဲ။ နင္ သ႐ုပ္မေဆာင္ရင္ ... "

႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာမ်က္လုံးေလးမ်ားကို ေမာ့လိုက္ၿပီး ယန္ခ်င္းကို တည္တံ့စြာ ၾကည့္လိုက္သည္။ "စီအီးအိုလီက ကုမၸဏီ ပိုက္ဆံပိုရေအာင္ ကြၽန္မကို Show ေတြ၊ Variety Showေတြ ထပ္႐ိုက္ေစခ်င္လို႔လား။"

"မဟုတ္ဘူး မဟုတ္ဘူး" ယန္ခ်င္းက ေခါင္းခါလိုက္ပါသည္။

"ဝမ္ေခြၽ႕ စီအီးအိုလီကလည္း နင့္အတြက္ စဥ္းစားေပးေနတာပါ။ နင္ အခ်စ္ဇာတ္လမ္းတစ္ခု ႐ိုက္ဖို႔ စဥ္းစားပါလား။ ဘာပဲျဖစ္ျဖစ္ ေစ်းကြက္ထဲမွာ အမ်ိဳးသားဇာတ္လိုက္နဲ႔ အမ်ိဳးသမီးဇာတ္လိုက္ၾကားက အခ်စ္ဇာတ္လမ္းေတြက ေရပန္းပိုစားတယ္ေလ။ 'The Journey of Flower' လိုေပါ့။"

"ေျပာင္းလဲမႈအသစ္ကို ႀကိဳးစားၾကည့္မယ္ဆိုရင္ နင့္တိုးတက္မႈက အခုထက္ေတာင္ ပိုၿပီး ျမင့္မားသြားမယ္လို႔ စီအီးအိုလီက ယုံၾကည္ေနတယ္။" ယန္ခ်င္းက ေျပာလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က လွပစြာ ျပဳံးလိုက္ပါသည္။

စီအီးအိုလီရဲ႕ ရည္႐ြယ္ခ်က္ အစစ္က ဒီလိုဟုတ္လို႔လား။

ဒီတစ္ေခါက္ ကိစၥကို အသုံးခ်ၿပီး သူမကို သတိေပးေနျခင္းျဖစ္ပါသည္။

သူမႏွင့္ လင္းဖန္တို႔၏ အထက္တန္းေက်ာင္းတုန္းက ဓာတ္ပုံမ်ား အြန္လိုင္းေပၚ တက္လာခဲ့သည္။ ဒါသူမ ကိစၥျဖစ္သည္။

လင္းဖန္အတြက္ သူမ အၾကင္နာေပးခန္းမ်ား မ႐ိုက္ခ်င္တာ သူမ၏ သေဘာျဖစ္သည္။

ကုမၸဏီေဘာ့စ္က သူမကို ပြင့္ပြင့္လင္းလင္း မေျပာခ်င္လွ်င္ ဘာေၾကာင့္ ယန္ခ်င္းကိုက်ေတာ့ ေျပာရတာလဲ။

"အစ္မယန္ စီအီးအိုလီေျပာတာကို ကြၽန္မနားလည္တယ္။ ဒါေပမယ့္ အစ္မက ကြၽန္မရဲ႕ မန္ေနဂ်ာပါ။ စီအီးအိုလီရဲ႕ မန္ေနဂ်ာ မဟုတ္ဘူး" ႐ွားဝမ္ေခြၽ႕က ယန္ခ်င္း၏ လက္ကို ကိုင္ရင္း တည္ၾကည္စြာ ေျပာလိုက္ပါသည္။

"ဝမ္ေခြၽ႕ ငါေတာင္းပန္ပါတယ္။ ငါနားလည္ပါၿပီ။" ယန္ခ်င္းက ခ်က္ခ်င္း ေခါင္းၿငိမ့္လိုက္ပါသည္။

သူမက ဝမ္ေခြၽ႕၏ လက္ေအာက္ငယ္သားျဖစ္သည္။ စီအီးအိုလီႏွင့္မဆိုင္ပါ။

႐ွားဝမ္ေခြၽ႕ အၾကင္နာေပးခန္း မ႐ိုက္ခ်င္ပါက ကုမၸဏီက သူမကို ဘာမွမေျပာေလာက္ပါ။

သို႔ေသာ္လည္း မန္ေနဂ်ာတစ္ေယာက္ဆိုတာ သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ တိုက္႐ိုက္ တာဝန္႐ွိသည္။ ႐ွားဝမ္ေခြၽ႕သာ သေဘာမက်ပါက သူမ၏ မန္ေနဂ်ာကို အခ်ိန္မေ႐ြး ေျပာင္းလဲပစ္ႏိုင္ပါသည္။

႐ွားဝမ္ေခြၽ႕ ကုမၸဏီက ထြက္သြားရင္ေတာင္ သူမ၏ တိုးတက္မႈက ပိုေကာင္းႏိုင္ပါေသးသည္။ ယန္ခ်င္းက သူမ၏ ေဘာ့စ္စကားကို နားေထာင္ခ်င္ နားေထာင္မည္။ သို႔ေသာ္ သူမက ႁခြင္းခ်က္မ႐ွိ ႐ွားဝမ္ေခြၽ႕၏ လက္ေအာက္ ငယ္သားသာ ျဖစ္သည္.

"ေျမာင္ ေျမာင္ ~ အစ္မယန္က အေတာ္ဆုံးဆိုတာ ကြၽန္မသိၿပီးသား။ အစ္မယန္ အခ်ိန္ရရင္ ကြၽန္မကို Variety Show တစ္ခု ကူေ႐ြးေပးပါဦး။ကြၽန္မ အလုပ္မလုပ္တာ ၾကာၿပီမို႔လို႔ မၾကာခဏ အလုပ္လုပ္ေပးတာ ေကာင္းတယ္" ႐ွားဝမ္ေခြၽ႕က ယန္ခ်င္း၏ လက္ေမာင္းကို ကိုင္ရင္း ေျပာလိုက္ပါသည္။

"Keep Running ဆိုရင္ ဘယ္လိုသေဘာရလဲ" ယန္ခ်င္း မ်က္လုံးမ်ား ဝန္းစက္သြားပါသည္။

"ေကာင္းၿပီ၊ က်န္တာကို အစ္မပဲ တာဝန္ယူလိုက္ေနာ္။" ႐ွားဝမ္ေခြၽ႕က ခ်ိဳၿမိန္စြာ ျပဳံးလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က အၿမဲလိုလို အလြန္ခ်စ္ဖို႔ေကာင္းပါသည္။

သို႔ေသာ္လည္း အရာရာကို အေလွ်ာ့ေပးတတ္သည္ဟု မဆိုလိုပါ။

ယန္ခ်င္းထြက္သြားေသာအခါ သူမ ေခြၽးေစးမ်ား ျပန္လာခဲ့ပါသည္။

သူမ၏ ကိုယ္ပိုင္အစြမ္းအစေၾကာင့္ ဒီေနရာအထိ တက္လာႏိုင္ခဲ့ျခင္းျဖစ္သည္။

စကားလုံးအနည္းငယ္ေလာက္နဲ႔ သူမ၏ သေဘာထားကို ျပတ္ျပတ္သားသား ေဖာ္ျပၿပီးၿပီ ျဖစ္သည္။

သူမ ဘယ္ေတာ့မွ အခ်စ္ဇာတ္လမ္း တစ္ခန္းကို ႐ိုက္မွာမဟုတ္ပါ။ အၾကင္နာေပးခန္းဆို ပိုဆိုးပါေသးသည္။ ကုမၸဏီေဘာ့စ္၏ သေဘာထားဆိုရင္ေတာင္ ေျပာင္းလဲသြားမည္မဟုတ္ပါ။

ယန္ခ်င္းသာ ဆက္ၿပီး ေတာင္းဆိုရဲပါက ႐ွားဝမ္ေခြၽ႕ သူမ၏ မန္ေနဂ်ာကို ေျပာင္းလဲပစ္လိုက္မည္ ျဖစ္ပါသည္။

႐ွားဝမ္ေခြၽ႕၏ စကားေနာက္ကြယ္က အဓိပၸာယ္ကို ယန္ခ်င္းနားလည္သျဖင့္ သူမ၏ သစၥာ႐ွိမႈကို ခ်က္ခ်င္း ျပသခဲ့ပါသည္။ ႐ွားဝမ္ေခြၽ႕ကလည္း ယန္ခ်င္းကို ဂ႐ုစိုက္ပုံျပသလိုက္ပါသည္။ သူမက Variety Show တခ်ိဳ႕တြင္ ပါဝင္ဖို႔ စိတ္ကူး႐ွိၿပီး "Keep Running" ကနာမည္ႀကီးပါသည္။

ယန္ခ်င္း ဘာမွ မတတ္ႏိုင္ဘဲ သက္ျပင္းသာခ်လိုက္မိပါေတာ့သည္။

သူမ သိခ်င္မိသည္။

လင္းဖန္ဆိုတာ ဘယ္လိုလူမ်ိဳးမို႔လို႔လဲ။

႐ွားဝမ္ေခြၽ႕ကို ကုမၸဏီ၏ ေဘာ့စ္အား တိုက္ခိုက္ရဲေစ႐ုံသာမက အၾကင္နာေပးခန္း မ႐ိုက္ဘူးဟူသည့္ သူမ၏ သေဘာထားအတိုင္း ဆက္လက္ က်င့္ၾကံေစခဲ့သည္။

ယန္ခ်င္းက လင္းဖန္ကို ပိုပိုၿပီး စိတ္ဝင္စားလာပါၿပီ။

႐ွားဝမ္ေခြၽ႕ကို သေဘာက်သြားေအာင္ လုပ္ႏိုင္သည့္ တစ္ေယာာက္တည္းေသာသူမွာ လင္းဖန္သာ ျဖစ္ပါသည္။

"လင္းဖန္ကို မႀကိဳက္ဘူးဆိုတာ ဘာကိုေျပာခ်င္တာလဲ။ ဒီလိုေတာင္ျဖစ္ေနမွေတာ့ လင္းဖန္ကို မႀကိဳက္တာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

"ငါ့သာ အခြင့္အေရးရရင္ အဲ့ဒီလင္းဖန္ကို ေတြ႕ၿပီး ငါ့ေဂၚဖီထုပ္ေလးကို ဘယ္လို အခြင့္ေကာင္း ယူသြားလဲ ၾကည့္ပါဦးမယ္" ယန္ခ်င္းက တစ္ေယာက္တည္း ေတြးလိုက္ၿပီး ႐ွားဝမ္ေခြၽ႕အတြက္ အလုပ္မ်ားကို စတင္ျပင္ဆင္လိုက္ပါသည္။

...

ည ၁၀ နာရီတြင္ စားေသာက္ဆိုင္သို႔ လင္းဖန္တစ္ေယာက္ တိတ္တိတ္ေလး သြားခဲ့ပါသည္။

ဒီလို မလုပ္လို႔မရေပ။ ယခု သူက ေရပန္းစားလြန္းေနပါၿပီ။

ထို႔အျပင္ မေရမတြက္ႏိုင္ေသာ ပရိတ္သတ္မ်ား၏ ရင္ထဲတြင္ အခ်စ္ၿပိဳင္ဘက္တစ္ေယာက္ ျဖစ္ေနေလၿပီ။

ဘာပဲျဖစ္ျဖစ္ သူနဲ႔ ႐ွားဝမ္ေခြၽ႕၏ ဓာတ္ပုံက ၾကမ္းတမ္းလြန္းပါသည္။

စားေသာက္ဆိုင္သို႔ လာရသသည့္ အဓိကအေၾကာင္းအရင္းက ေခြၽ႕ေခြၽ႕တစ္ေကာင္ စားေသာက္ဆိုင္ထဲတြင္ ႐ွိေနဆဲျဖစ္ၿပီး အိမ္ကို ျပန္ေခၚသြားခ်င္လို႔ျဖစ္ပါသည္။

လင္းဖန္က ဒီေၾကာင္ကို အစာေကြၽးရမည္။ မဟုတ္ပါက ငတ္ေသသြားပါလိမ့္မည္။

"ေျမာင္~" ေၾကာင္ေလးက လင္းဖန္ကို ေတြ႕ေသာအခါ ဝမ္းနည္းသြားပုံေပၚသည္။ သူ တစ္ေနကုန္ အစာမစားရေသးပါ။

"ဟုတ္ပါၿပီ၊ ဘာမွမျဖစ္ေတာ့ဘူး။" လင္းဖန္က ေၾကာင္ေလးကို ဖက္လိုက္ၿပီး ေခါင္းကို ပြတ္ေပးကာ ျပန္ဖို႔ ျပင္လိုက္သည္။

သူျပန္ခါနီးဆဲဆဲတြင္ ရင္းႏွီးေနေသာ ေၾကာင္နား႐ြက္ ဦးထုတ္ေလး သူ႕ေဘးတြင္ ေပၚလာတာကို လင္းဖန္ျမင္လိုက္ရပါသည္။

႐ွားဝမ္ေခြၽ႕ျဖစ္ေနပါသည္။

"နင္ ဘာလို႔ ဒီေရာက္လာတာလဲ" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ၿပီး ဆြဲေခၚလာလိုက္သည္။

"ငါေခြၽ႕ေခြၽ႕ကို လာေတြ႕တာေလ။ နင္ေကာ..." ႐ွားဝမ္ေခြၽ႕က လင္းဖန္၏ လက္ထဲက ေၾကာင္ေလးကို ၾကည့္ကာ ခ်ိဳၿမိန္စြာ ျပဳံးလိုက္ပါသည္။

"ငါနင့္ကို ေစာင့္ေနတာ" လင္းဖန္က ေျပာလိုက္သည္။

"တကယ္လား" ႐ွားဝမ္ေခြၽ႕က လင္းဖန္ကို စပ္စုစြာ ၾကည့္လိုက္ပါသည္။ သူမ၏ မ်က္ႏွာလွလွေလးက ႐ွက္ေသြးျဖာေနသည္။

အစကေတာ့ ေရပန္းစားေသာ ႐ွာေဖြမႈထဲတြင္ ပါဝင္ေနသျဖင့္ စားေသာက္ဆိုင္ေတာင္ ဖြင့္လို႔ မရေတာ့ေသာေၾကာင့္ လင္းဖန္အနည္းငယ္ စိတ္္ဆိုးေနခဲ့ပါသည္။ သို႔ေသာ္ ႐ွားဝမ္ေခြၽ႕ကို ျမင္ၿပီးေနာက္ လင္းဖန္ စိတ္မဆိုးႏိုင္ေတာ့ပါ။

႐ွားဝမ္ေခြၽေ႕က သူ႕ကို ညဘက္ႀကီး လာေတြ႕ခဲ့သည္။ အႏၲရာယ္အလြန္မ်ားလြန္္းပါသည္။ လင္းဖန္စဥ္းစားၾကည့္လိုက္ၿပီး စိတ္ဆိုးသင့္တယ္လို႔ ခံစားသြားရပါသည္။

သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ေရပန္းစားမႈက ၅ သန္းအထိပင္ ေရာက္ေနၿပီျဖစ္သည္။ ဒီအခ်ိန္ႀကီး သူတို႔ႏွစ္ေယာက္အတူတူ႐ွိေနတာကိုသာ သူမ၏ ပရိတ္သတ္မ်ား ျမင္သြားပါက.... အက်ိဳးဆက္က စဥ္းစား၍မရႏိုင္ေလာက္ေအာင္ ႐ွိပါလိမ့္မည္။

ပတ္ဝန္းက်င္က ေမွာင္မွဲေနၿပီး ႐ွားဝမ္ေခြၽ႕က လင္းဖန္ႏွင့္ နီးကပ္ေန၏။ သူမ၏ အသက္႐ွဴသံႏွင့္ ခႏၶာကိုယ္အပူခ်ိန္မ်ားကိုပင္ လင္းဖန္ ခံစားမိပါသည္။

ဒီအက်င့္မေကာင္းတဲ့ ႐ွားဝမ္ေခြၽ႕ကေတာ့။ လုံလုံျခဳံျခဳံမဝတ္ဘဲ အရမ္းလည္းလွေနသည္။ သူနဲ႔လည္း အရမ္းနီးကပ္ေန၏။ သူစိတ္မထိန္းႏိုင္ေတာ့ပါ။

"ေနာက္ကို ညဘက္ တစ္ေယာက္တည္း လာခြင့္မျပဳဘူး နားလည္လား" လင္းဖန္က စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီး ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ပါသည္။ ႐ွားဝမ္ေခြၽ႕သာ တစ္ခုခု ျဖစ္သြားလွ်င္ လင္းဖန္ စိတ္ေအးႏိုင္မည္ မဟုတ္ေပ။

"သိပါၿပီ သိပါၿပီ။ နင့္စကား နားေထာင္ပါ့မယ္။" ႐ွားဝမ္ေခြၽ႕က လက္ႏွစ္ဖက္ကို ေ႐ွ႕ထုတ္ၿပီး အလြန္ဝမ္းနည္းပုံလုပ္ျပလိုက္သည္။ သူ႕ကိုေတြ႕ဖို႔ပဲ လာခဲ့တာ မဟုတ္ဘူးလား။

"ငါတို႔ ဒီကေန အရင္ထြက္ရမယ္။ ဒီမွာ မလုံျခဳံဘူး။ တစ္ေယာက္ေယာက္သာ ေတြ႕သြားရင္..." လင္းဖန္က ေျပာလိုက္သည္။

"ငါတို႔ကို ေတြ႕သြားေတာ့ ဘာျဖစ္လဲ" ႐ွားဝမ္ေခြၽ႕က လင္းဖန္၏ တုန္႔ျပန္မႈကို ၾကည့္ရင္း ေျပာလိုက္ပါသည္။

"မဟုတ္ဘူး နင္ဂ႐ုမစိုက္ေပမယ့္ ငါဂ႐ုစိုက္တယ္" လင္းဖန္က အတည္ေပါက္ေျပာလိုက္သည္။ အခု ႐ွားဝမ္ေခြၽ႕၏ ေအာင္ျမင္မႈကို သူမထိခိုက္ေစလိုပါ။ သူမကိုယ္တိုင္ အခ်စ္ေရးကိစၥကို ဝန္ခံျခင္းနဲ႔ တျခားသူမ်ား ဓာတ္ပုံခိုး႐ိုက္တာနဲ႔ မတူေပ။

"အင္းပါ" ႐ွားဝမ္ေခြၽ႕က ေခါင္းကို ႏူးညံ့စြာ ၿငိမ့္လိုက္ပါသည္။သူမ၏ အသံက ျခင္ေအာ္သံေလာက္သာ ႐ွိသည္။ သူမ၏ ႏႈတ္ခမ္းေလးက အနည္းငယ္ျပဳံးသြားၿပီး ရင္ခုန္သြားပါသည္။

သူက ဂ႐ုစိုက္တယ္ေပါ့။

"ေနာက္က်ေနၿပီ။ ငါအိမ္ျပန္လိုက္ပို႔ေပးမယ္" လင္းဖန္က ေျပာလိုက္သည္။ ႐ွားဝမ္ေခြၽ႕ကို ဒီမွာတစ္ေယာက္တည္းထားခဲ့ၿပီး အိမ္မျပန္ခိုင္းႏိုင္ပါ။

"မဟုတ္ဘူး။ နင့္အိမ္ကို သြားၾကမယ္ေလ။ ဟိုမွာဆို ပရိတ္သတ္ေတြ ေစာင့္ေနၾကလိမ့္မယ္။"

"နင့္အိမ္က ေသးေပမယ့္ ငါဂ႐ုမစိုက္ပါဘူး။ ၿပီးေတာ့လည္း နင့္အိမ္ကို ငါတစ္ခါမွ မေရာက္ဖူးဘူးေနာ္" ႐ွားဝမ္ေခြၽ႕က ႏူးညံ့စြာ ေျပာလိုက္ပါသည္။

"ငါက ဗီလာႀကီးမွာ ေနတာ။ အခန္းေတြကလည္း အက်ယ္ႀကီးပဲ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

"နင္ေျပာတာ ဝက္ပဲ ယုံမယ္။" ႐ွားဝမ္ေခြၽ႕က လွ်ာထုတ္ျပလိုက္ပါသည္။

"ေလာင္းမလား" လင္းဖန္က ေမးလိုက္သည္။

"ဘာေၾကးေလာင္းမွာလဲ" ႐ွားဝမ္ေခြၽ႕က လင္းဖန္ကို ၾကည့္လိုက္ပါသည္။

"နင္႐ႈံးရင္ ငါ့ကို နမ္း။ ငါ႐ႈံးရင္ နင့္ကို ေန႔တိုင္း ခ်က္ေကြၽးမယ္" လင္းဖန္က ျပဳံးကာ ေျပာလိုက္သည္။

"အ႐ူးေကာင္ လင္းဖန္။ နင့္ကို ဘယ္သူက နမ္းခ်င္လို႔လဲ။ ဒါေပမယ့္ ငါ႐ႈံးမွာ မဟုတ္ပါဘူးေလ" ႐ွားဝမ္ေခြၽ႕က မ်က္ႏွာနီနီရဲရဲျဖင့္ ယုံၾကည္ခ်က္႐ွိစြာ ေျပာလိုက္ပါသည္။

"နင္ ငါးေပါင္း စားခ်င္လား" လင္းဖန္က သူ႕ေ႐ွ႕က ေကာင္မေလးကို ၾကည့္ရင္း ျပဳံးလိုက္ပါသည္။ သူ ဘယ္ေလာက္ ေလာင္းေလာင္း သူ႐ႈံးမွာ မဟုတ္ပါ။ သူ႕မိန္းမအတြက္ ေန႔တိုင္း ခ်က္မေကြၽးသင့္ဘူးလား။

"..." ႐ွားဝမ္ေခြၽ႕

ထိုအခ်ိန္တြင္ ျဖတ္သြားျဖတ္လာမ်ား၏ အသံကို ၾကားလာရသည္။ ႐ွားဝမ္ေခြၽ႕၏ ပရိတ္သတ္မ်ားႏွင့္ သတင္းသမားတခ်ိဳ႕ ျဖစ္ပုံရသည္။ မနက္ျဖန္ ဆိုင္ဖြင့္လွ်င္ လင္းဖန္ကို အင္တာဗ်ဴးခ်င္ေနၾကသည့္ပုံပင္။

"႐ွဴး.... တစ္ေယာက္ေယာက္ ႐ွိတယ္" လင္းဖန္က တီးတိုးေျပာလိုက္ပါသည္။

"အင္း..." ႐ွားဝမ္ေခြၽ႕က ေခါင္းကို အမိန္႔နာခံစြာ ၿငိမ့္လိုက္သည္။ လင္းဖန္ကို သူမ၏ လွပေသာမ်က္လုံးေလးမ်ားျဖင့္ ၾကည့္ကာ ဘာလုပ္ရမလဲေမးလိုက္သည္။

"ေျမာင္~" ေၾကာင္ေလးကလည္း လင္းဖန္၏ လက္ထဲတြင္ ေအာ္ေနပါသည္။

အစကေတာ့ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ ေခ်ာင္ပိုက်ေသာ ေနရာတစ္ခုတြင္ ပုန္းေအာင္းေနဆဲျဖစ္သည္။ သို႔ေသာ္ ေၾကာင္ေလး ေအာ္လိုက္တာနဲ႔ ခ်က္ခ်င္းဆိုသလိုပဲ အာ႐ုံစိုက္ခံရပါလိမ့္မည္။

လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ အၾကည့္ခ်င္း ဖလွယ္လိုက္ၾကသည္။

ေသၿပီ။

သူတို႔ကို လူမိေတာ့မယ္။

သူတို႔ကို မီဒီယာက လက္ပူးလက္က်ပ္မိေတာ့မယ္။

ဆုံးျဖတ္ခ်က္တစ္ခု ခ်က္ခ်င္းခ်လိုက္ၿပီး လင္းဖန္ ႐ွားဝမ္ေခြၽ႕၏ လက္ကို ဆုပ္ကိုင္ကာ လမ္းသြယ္ေလးထံသို႔ တဟုန္ထိုး ေျပးေလေတာ့သည္။

"ေျပးေတာ့"


Continue Reading

You'll Also Like

256K 24.8K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
730K 41.4K 26
Jk - Possessive type #Warning Cv_ Pinterest
1.7M 94.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...