မောင့်အမိန့်စည်း (မောင့်အမိန်...
By XC5953
1M 54.4K 2.7K
Chapter...1
အမိန့်စည်း...သို့( အမိနျ့စညျး...သို့)
Chapter...2
Chapter...3
Chapter...4
Chapter...5
Chapter...6
Chapter...7
Chapter...8
Chapter...9
Chapter...10
Chapter...11
Chapter...12
Chapter...13
Chapter...14
Chapter...15
Chapter...16
Chapter...17
Chapter...18
Chapter...19
Chapter...20
Chapter...21
Chapter...22
Chapter...24
Chapter...25
Chapter...26
Chapter...27
Chapter...28
Chapter...29
Chapter...30
Chapter...31
Chapter...32
Chapter...33
Chapter...34
Chapter...35
Chapter...36
Chapter...37
Chapter...38
Chapter...39
Chapter...40
Chapter...41
Chapter...42
Chapter...43
Chapter...44
Chapter...45
Chapter...23
18K 958 15
By XC5953
ဟယ်...စိတ်ညစ်ပါ့"
"တူတူပါပဲအေ...ငါ့အဖေစိုက်တဲ့ ဖရုံခင်းတွေလည်း ဘာများ
ကောင်း"
တော့။
လိုက်နှင့်ပင်။
"သခွပ်ရိုး"
မောင့်ဆီအမြန်သွားချင်​နေပေမဲ့လည်း လမ်း၌ ငယ်ဘဝက
ရှိသေးတယ်မလား။
ပြီးပြန်လာရတယ်အေ"
စကားစဖြတ်ကာ မောင်ရှိတဲ့ လယ်ဆီသို့ ဒုန်းဆိုင်းပြေးရ
တော့၏။
"ဂျိမ်း!!!
ရလေသည်။
"မောင်! ...မောင်ရေ"
"အာ့...အမလေး!"
"ကျစ်!တွေ့လား...ခင်ဗျား"
ပေါ့...။
မြောက်နိင်ခဲ့။
"ထ...ထနိင်ပါတယ်မောင်"
မွန်လာနေရဲ့သားနဲ့ အနားနီးမှ ထဖောက်ရတယ်လို့။
နဲ့လို့ မှာခဲ့တယ်လေ"
ပြောရရင် အမိန့်ကိုယ့်ယောက်ျားအကြောင်းလည်းအသိဆုံး
တစ်ခုကတော့ မိုးလေဝသအခြေအ​နေကြောင့်ကို သူ့ကိုစိတ်
သေး၏။
"ရိုး အမှားပါမောင်"
ဟု လီယွန်က အသံပြုလေသည်။
"မင်း သေပြီထင်နေတာ"
"ဒီကောင်!"
အမိန့်ကတော့ လီယွန်ကို ရှိသည်ဟုပင်မထင်..ရိုးကို ဆွေခနဲ့
ဆွံအတဲ့ မျက်ဝန်းလေးဖြင့် ဘယ်ညာဝေ့ကြည့်ကာဖြင့် အမိန့်
"ခုနချော်လဲတာ နာသွားသေးလား"
"ဟင့်အင်း"
"မညာစမ်းပါနဲ့လား"
လေရဲ့။
နေရင်စားလေ"
ကျနိင်ဘူး"
"ယောက်ျားရမဲ့ အခွက်ကြီးကများ"
"အံမယ်အရူးကောင်ကများ"
ရိုး ခဏတာမျှ ကြောင်အမ်းအမ်းလေးဖြင့် ကလေးအရွယ်သ
ငယ်ငယ်က အပြစ်ကင်းစင်ပြီးစားဖို့အိပ်ဖို့ကစားဖို့ပဲသိတဲ့က
မလဲ။
စိတ်ပိုပူရ...မခက်ပေဘူးလား။
တစ်စတစ်စ ပိုမိုတိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် ရိုး
သာယာမူကိုမရှိ။
"မောင်"
"အင်း"
ကြောင့် နဖူးလေးကိုအသာငုံ့မွှေးလိုက်လေတော့ အံ့သြတ
ုပြန်လေသည်။
"ကဲ...ငါ့တူရေ"
"ဟုတ်...ပြောပါ"
"ဟင်...မောင်"
ယောက်ကြောင့် ပက်ပက်စက်စက်ကို စိတ်ညစ်နေရလေ၏။
လို့ပင်မရ။
ထူးဆန်းတဲ့ရင်ခုန်သံကလည်း အခုမှ...အခုမှ မည်သို့ဖြစ်
လာရသည့်မသိ။
အခါခါ။
"ခင်ဗျား ဘာလာလုပ်တာလဲ"
"မလာပါနဲ့"
"မျိုးကြီးသီချင်းလား"
"ခိုးဝင်လာမိလို့လား..."
အတင့်ရဲနေတာ"
ငါကတော့မကြောက်ဘူး.."
ဒီအချိန်အခါကျမှ"
လျက် အသားအရေလေးမှာ ဖြူနုဝင်းဝါလျက် မွှေးညှင်းလေး
ဝိုင်းစက်သောမျက်ဝန်းအစုံ..သေးသွယ်သလိုနှင့် ခပ်ထူထူ
ဟုတ်တယ်...
ကြီး။
သူကတော့ အကိုတွေကိုဘယ်ကြောက်လိမ့်မလဲ၊ တကယ့်
"ဂျိမ်း!...ဂျိမ်း!!!"
"အမလေး!..ဘုရား!!
မည်လေ။
ထည့်ပြောဦး...ငါ့ကိုအသားယူတယ်ဆိုတဲ့ မျက်လုံးအကြည့်
တွေလျှော့လိုက်"
"မင်း!!"
သွားမှရမယ်...အမြန်လာ"
"ညီလေး...အမြန်လာခဲ့...မိုးအရမ်းကြီးနေပြီ"
လိုက်မိလေသည်။
"ခင်ဗျား...ဒါဘာလုပ်တာလဲ...ဟမ်"
"ငါနဲ့လိုက်ခဲ့"
"ခင်ဗျားနဲ့ဘာဆိုင်လဲ...လူကမိုးလေကြီးနေလို့စိတ်ညစ်နေတာတစ်မျိုး...ခင်ဗျားကတစ်မျိုးလာမလုပ်နဲ့"
"မသိဘူးကွာ...ငါကာကွယ်ပေးမယ်..လာလိုက်ခဲ့"
မတပ်ကမည်လဲ။
✨✨✨✨✨
Uni...
"ဒီနှစ် ပဲတွေလည်းပိုးကျလို့ ကောင်းကောင်းကိုမဖြစ်ထွန်းဘူး
ဟယ်...စိတ်ညစ်ပါ့"
"တူတူပါပဲအေ...ငါ့အဖေစိုက်တဲ့ ဖရုံခင်းတွေလည်း ဘာမ်ား
ထူးလို့လဲ...ပိုးကျတာနဲ့..ရေမြုပ်တာနဲ့လုံးလည်ချာလည်လိုက်နေလို့ အဖေဆိုအိမ်မှာ ညည်းနေတာ"
"ကြီးဒေါ်ကကောဘာပြောလဲ"
"ဘာပြောရမလဲအေ...အမေဆိုအိမ်မှာပြောနေတာဒီနှစ်မိုးက
သီတင်းကျွတ်ပြီးတာတောင်ရွာချင်နေတုန်းတဲ့...ဟုတ်လည်း
ဟုတ်ပါ့ဟယ်...ရွာလိုက်တဲ့မိုးဆိုတာ စိတ်ပျက်ဖို့အရမ်း
ကောင်း"
လုံမနဲ့အေးသွယ်တို့နှစ်ယောက်မှာ စကားတစ်ပြောပြော..အ
ကြောင်းအရာအဆက်အစပ်မရှိ ဟိုရောက်လိုက်ဒီရောက်
လိုက်နှင့် ဒီကြားထဲ ညကကြည့်ရတဲ့ကိုရီးယားကားကနေ ဘာအိမ်မက်မက်တာလဲကအစ အဆုံးထိကိုပြောလို့မဆုံး
တော့။
အတင်းလေးကတုတ်လိုက်...ခေါင်းညိမ့်ခေါင်းခါ ထောက်ခံ
လိုက်နှင့်ပင်။
"သခွပ်ရိုး"
"သြော်...လုံမ တို့ဟုတ်တယ်မလား"
"ဟုတ်တာပေါ့..ရွာကိုပြန်ရောက်လာတယ်ကြားတုန်းကမမှတ်မိလောက်တော့ဘူးလို့တော့ထင်နေတာ..အခုလိုတန်းပြန်
နှုတ်ဆက်တော့ ဝမ်းသာတာပေါ့"
"ငါလည်း ဝမ်းသာပါတယ်...ငယ်ငယ်ကအတူဆော့ခဲ့ကြတာ
တွေဘယ်မေ့နိင်ပါ့မလဲ...အခုကော ဘယ်သွားကြမလို့လဲ"
ဟု သခွပ်ရိုးမှာ မောင့်နဲ့မောင့်သူငယ်ချင်းအတွက် လယ်ထဲကို
နေ့လည်စာ သွားပို့နေတုန်း လမ်းမှာ လုံမတို့နဲ့တွေ့တာမို့
စကားခဏ ရပ်ပြောနေခြင်းပင်။
မောင့်ဆီအမြန်သွားချင်နေပေမဲ့လည်း လမ်း၌ ငယ္ဘဝက
ဆော့ဖော်ဆော့ဖက် လုံမတို့နှင့်ဆုံခိုက်မိတုန်းလေး စကား
ကြုံတုန်းပြောလိုက်လေသည်။ ကိုယ့်လူရင်းတွေသူငယ်ချင်း
အပေါင်းအသင်းဖြစ်တာကြောင့် မမြင်ချင်ယောင်ဆောင်ပြီး
ကျော်ခွသွားလို့မရပေ...ကိုယ့်ရွာသူရွာသားပေမို့ကလည်း
ရှိသေးတယ်မလား။
"လယ်ထဲက ပြန်လာတာ...ဒီနေ့တော့စောစောပြန်လာရ
တယ်...မနက်တည်းကမိုးက ဗျစ်တောက်ဗျစ်တောက်လုပ်
နေတာ...အခုလည်းမိုးတိမ်တွေတတ်လာတာမို့ သိမ်းဆည်း
ပြီးပြန်လာရတယ်အေ"
ဟု လုံမကမိုးလေဝသ အခြေအနေကိုပြောလိုက်ပေမဲ့ ရိုး
လည်းမနက်တည်းကစိတ်ပူနေမိတာ...မိုးကမိုးနှောင်းအနေနဲ့
ဆောင်းမကူးခင် အချီကြီးတစ်ချီတော့ချလိမ့်မည်ဟု စိတ်ထဲ
ထင့်နေတုန်းမှာပင် မိုးသားတိမ်အလိပ်လိပ်တွေရဲ့ ထပ်မံအုပ်
ဆိုင်းလာမူကြီးကို တွေ့မြင်ရချိန်မှာတော့ လုံမတို့ကိုမနည်း
စကားစျဖတ္ကာ မောင်ရှိတဲ့ လယ်ဆီသို့ ဒုန်းဆိုင်းပြေးရ
တော့၏။
မနက်တည်းက ဘထွေးရဲ့ တဂျစ်ဂျစ်မြည်တဲ့ရေဒီယိုလေးက
နေ မုန်တိုင်းကအနီအဆင့်သတ်မှတ်ပြီး ဒီတစ်ခါတော့ကျိန်း
သေ လေပြင်းပါတိုက်နိင်တယ်လို့ကြောငြာထားတာမို့ ရိုးမှာ
မောင်ကို လယ်ထဲလွှတ်ချင်တာမဟုတ်။
မောင်ကိုလည်းရိုးသိပ်ကိုသနားနေမိပြီ၊ မိုးလေဝသမကောင်း
တာတောင် သူမျိုးစေ့တွေပျိုးပင်တွေ ရေလွှမ်းကုန်လိမ့်မယ်
ဆိုပြီး ဇွတ်ကိုထွက်သွားလေတော့တာ။
"ဂျိမ်း!!!
မိုးခြိမ်းသံတစ်ချက်မှာတင် ရိုးရဲ့ဆံနွယ်လေးတွေ ခါခနဲ့ဝဲသွား
ရလောက်တဲ့အထိ မိုးကောင်းကင်ကိုမော့ကြည့်လို့ ငိုင်သွား
ရလေသည်။
"မောင်! ...မောင်ရေ"
"ဘာလို့လိုက်လာတာလဲ..ချော်လဲနေမယ်သတိထား"
"အာ့...အမေလး!"
"ကျစ်!တွေ့လား...ခင်ဗျား"
မောင့်ကိုစိုးရိမ်ပူပန်နေတဲ့ အပူလှိုင်းလေးက မောင်ကပြန်ပြီး
ရိုက်ခတ်လိုက်တာကြောင့် ရိုးမှာ မိုးရေကွက်တွေကြောင့်မြေ
သားပျော့နေတဲ့ လယ်ထဲကရွှံတွေမှာ ခြေချော်ပြီးထိုင်ရက်
လေး၊တော်သေးသည်က မောင်က အပြေးလေးလာပွေ့လို့သာ
ပေါ့...။
သို့သော်ငြား...မောင်ရဲ့ ဆူငေါက်မူကြီးကတော့ ရိုးမလွတ်
မြောက်နိင်ခဲ့။
"ခင်ဗျားကလေ..အမြဲတမ်းနမော်နမဲ့နဲ့...ထနိင်ရဲ့လား"
"ထ...ထနိင်ပါတယ်မောင်"
အမိန့်ရဲ့ ခပ်မာမာစကားကြောင့် သူလေးမှာလည်းခေါင်းပင်
မဖော်ရဲ၊ အမိန့်ကိုသာ သေအောင်ကြောက်တာ...လုပ်လိုက်
ရင်လည်းအမိန့်က ထိပ်ဆုံးကခေါင်းစီးနေရာကမလွဲ၊ ဘယ်
လိုဟာလေးမှန်းကိုမသိတာ၊အစကတော့ ကောင်းကောင်းမွန်
မွန်လာနေရဲ့သားနဲ့ အနားနီးမွ ထဖောက်ရတယ်လို့။
"အိမ်မှာမနေပဲ...ဘာလိုက်လုပ်တာလဲ၊ဒီနေ့ ထမင်းလာမပို့
နဲ့လို့ မှာခဲ့တယ်လေ"
"မောင်ဗိုက်ဆာနေမှာစိုးလို့ပါ"
"ကျုပ်ဆာတာအရေးမကြီးဘူး..ခင်ဗျားအကြောင်းသိလို့ကို
မလာခိုင်းတာ...ကျိန်းသေကို လွဲတော့မှာဆိုတာလေ"
ပြောရရင် အမိန့်ကိုယ့်ယောကျ်ားအကြောင်းလည်းအသိဆုံး
သူလေးက အမြဲတစ်ခုမဟုတ်တစ်ခုပေါ့ပေါ့ဆဆနှင့်မို့ အမိန့်
ဘယ်ကိစ္စမှ မျက်စီစုံမှိတ်ယုံရတာမဟုတ်၊ နောက်အကြောင်း
တစ္ခုကေတာ့ မိုးလေဝသအခြေအနေကြောင့်ကို သူ့ကိုစိတ်
ပူလို့ အိမ်မှာပဲနေခိုင်းချင်လို့ကပါ၏။
ဒါကို ရအောင်ကိုလာလေသည်၊ ပြောပြန်ရင်လည်း မျက်နှာ
လေးကမှိုင်ကျသွားကာ ပန်းနုရောင်လေးသန်းသွားတတ်
သေး၏။
မျက်တောင်ကော့ကော့တွေနှင့်မော့အကြည့်အပြီးမှာ..
"ရိုး အမှားပါမောင်"
တိုးညှင်းစွာသောအသံဖြင့် အရောင်ဖျော့ဖျော့ခပ်မှုန်မှုန်လေး
ဖြစ်နေဆဲ နှုတ်ခမ်းဖူးဖူးလေးက အသာဟထားဆဲမို့ အမိန့်
တစိုက်မတ်မတ်ငေးနေမိသည်။
"ငါရှိတယ်ဆိုတာလည်း သတိထားကြဦး"
ဟု လီယြန္က အသံပြုလေသည်။
"မင်း သေပြီထင်နေတာ"
"ဒီကောင်!"
အမိန့်ကတော့ လီယြန္ကို ရှိသည်ဟုပင်မထင်..ရိုးကို ဆွေခနဲ့
ကောက်မလိုက်တာများ ဌက်မွှေးလေးကျလို့..ရိုးမှာလည်း
ဆြံအတဲ့ မျက်ဝန်းလေးဖြင့် ဘယ်ညာဝေ့ကြည့်ကာဖြင့် အမိန့်
ကို တင်းမြဲစွာ ဖက်တွယ်ရင်းအမှီသဟဲ ပြုထားရလေသည်။
"ခုနေခ်ာ္လဲတာ နာသွားသေးလား"
"ဟင့်အင်း"
သူ ခေါင်းလေးအသာခါပြလိုက်ပေမဲ့ အမိန့်ရဲ့ ဆတ်ခနဲ့ပုခုံး
ကိုဆွဲလှည့်လိုက်တာကြောင့် အလန့်တကြားပြန်မော့ကြည့်
လိုက်စဉ်မှာပင်...ရိုးရဲ့ ရင်ခွင်နွေးထဲ ဖျတ်ခနဲ့ ဖျတ်ခနဲ့
လင်းလက်သွားသည်ဟုပင် ထင်ရလေသည်။
"မညာစမ်းပါနဲ့လား"
"မောင့်ကိုညာစရာလားကွယ်"
ရိုးမှာ နှုတ်ခမ်းလေးဆူပြပြီး အသာအယာခေါင်းလေးညိမ့်ပြ
လိုက်တော့ မောင်ကနှာခေါင်းလေးကို ခပ်ဖွဖွလာညှစ်လိုက်
လေရဲ့။
"မင်းတို့လုပ်နေတာနဲ့ ငါတောင်မျက်စီရှက်လာပြီအမိန့်"
"မျက်စီရှက်ရင်မှိတ်သာထားလိုက်တော့...မင်းအဲ့မှာဗိုက်ဆာ
နေရင်စားလေ"
"စားတာကစားလို့ရတယ်...အချစ်စမ်းနေကြတော့မြိုကိုမ
ကျနိင်ဘူး"
"မြိုကျအောင် မင်းလည်မျိုတတ်နင်းပေးရတာပေါ့"
"မလုပ်စမ်းပါနဲ့ကွာ...မိန်းမတောင်မရသေးဘူးလဒရ"
"ယောကျ်ားရမဲ့ အခွက်ကြီးကများ"
မောင်နဲ့မောင့်သူငယ်ချင်းကတော့ တစ်ယောက်တစ်ပေါက်
စကားနိင်လုရင်း ရိုး ယူလာတဲ့ထမင်းနဲ့ဟင်းကိုစားလိုက်ကြ
တာပြောင်လို့...ကြက်ဥနဲ့အာလူးဟင်းနဲ့မန်ကျဉ်းသီးထောင်း
လေးကိုမစပ်တစပ်လေးလုပ်ထားတာဆိုတော့ အစပ်ကြောက်
တဲ့မောင့်အတွက်တော့အကြိုက်လေပဲမလား။
စားသောက်ပြီးတာနှင့် မောင်ကခပ်မြန်မြန်ပြန်လွှတ်လို့ရိုးမှာ
မပြန်ချင်ပြန်ချင် ပြန်လာခဲ့ရ၏။မောင်စကားကို နားမထောင်
၍မရ...မောင်ကသူပြောတဲ့စကားကို လိုက်နာမှကြိုက်တာမျိုး
မဟုတ်ရင် မောင့်ရဲ့ဆူငေါက်မူကွန်ရက်က တော်တော်နဲ့
ရိုး ရုမ်းထွက်နိင်မည်မဟုတ်။
"ပုတ်သင်ညို...အပျိုလိုရင်ခေါင်းညိမ့်...ပုတ်သင်ညို အပျို
လိုရင်ခေါင်းညိမ့်...တွေ့တယ်မလား...ငါပြောတဲ့စကားကမှန်
မှာမလို့ ခေါင်းညိမ့်တာ"
"အံမယ်...ကြီးကြီးကျယ်ကျယ်...ငါကိုလည်းခေါင်းညိမ့်ပြပါ
တယ်နော်...ငါမင်းသားလေးနဲ့ညားမယ်ဆိုရင် ပုတ်သင်ညို
ခေါင်းညိမ့်...ခေါင်းညိမ့်"
"ဟားဟား...နင့်ကိုအဖတ်တောင်မလုပ်ဘူး...တွေ့တယ်မ
လား....အေးအဲ့ဒါနင့်စကားကမမှန်လို့အရူးမရဲ့"
"အံမယ်အရူးကောင်ကများ"
ရိုး ခဏတာမ်ွ ကြောင်အမ်းအမ်းလေးဖြင့် ကလေးအရွယ်သ
ဘာဝကိုငေးစိုက်ကြည့်နေမိလေသည်။
ငယ္ငယ္က အပြစ်ကင်းစင်ပြီးစားဖို့အိပ်ဖို့ကစားဖို့ပဲသိတဲ့က
လေးဘဝကသိပ်ကိုပျော်စရာကောင်းခဲ့တာ...မေမေတို့ဆူ
တာကိုခံရင်း ရင်တထိတ်ထိတ်နဲ့ အိမ်စောစောမပြန်ပဲဆော့
နေခဲ့တဲ့ အချိန်တွေကလေ နွေမိုးဆောင်း ရာသီဥတုတွေ
ပြောင်းသလို တဖန်ပြန်လာရင်း ဘယ်လောက်များပျော်ရွှင်ရ
မလဲ။
အဲ့ဒါဆို ရိုးလေ ရိုးရဲ့မိဘတွေရဲ့မျက်နှာကိုတစ်ဝကြည့်ရင်း
မေမေနဲ့ဖေဖေကိုအရမ်းချစ်တာလို့ တဖွဖွပြောနေခဲ့မှာ။
ညီမလေးကိုလည်း ရိုးသိပ်ကိုဂရုစိုက်ပေးခဲ့မှာပင်။
"ရိုးလေးရယ်...အရီးလေးလိုက်ရှာလိုက်ရတာ"
"ဟင်!ဘာလို့များလဲ...ရိုးက မောင့်ကိုထမင်းသွားပို့နေတာ"
"ဟိုလေ...နင့်ဘထွေးက ဒီညမုန်တိုင်းတိုင်မလားမသိတော့
ရွာထိပ်က ဘုန်းကြီးကျောင်းမှာ သွားမိုးခိုကြမလားတဲ့လေ..
မြင်တဲ့အတိုင်း တဲအိမ်လေးတွေဆိုတော့"
"ဟင့်အင်း...မောင်လာမှသွားမယ်...မောင်ကစောစောပြန်
ခဲ့မယ်ပြောတယ်...ရိုးပြန်သွားခေါ်လိုက်မယ်"
"ရိုးရယ်ကြည့်ပါဦး...စိတ်ပူတတ်တာလွန်ကော..အခုလည်း
မဟုတ်ပါဘူး...လေတော်တော်တိုက်မှပါ"
ရိုးမှာ ခြေဖျားလက်ဖျားတွေပင် အေးစက်လို့ မောင့်နဲ့မောင်သူ
ငယ်ချင်းကိုစိတ်ပိုပူမိလေပြီ...အခုပဲ ပြန်လာတယ်..အခုပဲ
စိတ္ပိုပူရ...မခက်ပေဘူးလား။
လည်တမျှော်မျှော်နှင့် ခြံဝိုင်းပေါက်ကနေ ထွက်မျှော်နေရင်း
တစ္စတစ္စ ပိုမိုတိုက္ခတ္လာတဲ့ လေပြင်းတွေကြောင့် ရိုး
ရဲ့ဆံနွယ်တွေမှာ အထိန်းအကွပ်မဲ့စွာ။
လေညင်းခံနေရအောင်လည်း တိုက်ခတ်နေတဲ့လေညင်းက
သာယာမူကိုမရှိ။
"မောင်"
"အင်း"
"မောင်ကိုစိတ်ပူနေတာ...အရီးလေးကပြောတယ်သိလား"
သူ့ကိုတွေ့တာနဲ့ အမောတကောပြေးလာကာ သူ့လက်မောင်း
ကိုအားကိုးတကြီးဖက်ရင်းပြောလာသည့် အမူအရာလေး
ကြောင့် နဖူးလေးကိုအသာငုံ့မွှေးလိုက်လေတော့ အံ့ျသတ
ကြီးပြန်စိုက်ကြည့်ပြီးမှ ရှက်ပြုံးလေးပြုံးပြလေ၏။
ရင်ထဲဒိန်းခနဲ့ ချာလည်သွားအောင် မောင်ကပြုစားလွန်းနေ
ုပြန်လေသည်။
"ကဲ...ငါ့တူရေ"
"ဟုတ်...ပြောပါ"
"မိုးကတော့သိတဲ့အတိုင်းပဲ...အခြေအနေမကောင်းတော့
အရေးကြီးတာလေးတွေယူပြီး ဒီညဘုန်းကြီးကျောင်းမှာသွား
အိပ်ရမယ်...အဲ့မှာကလုံခြုံစိတ်ချသလို လေဒဏ်ခံနိင်တယ်
ငါ့တူတို့ကော လိုက်ခဲ့မယ်မလား"
"သွားကြတာပေါ့..ကိုကိုရေ!.
"ဟင်...မောင်"
"ညစာအမြန်စားပြီးတာနဲ့သွားရအောင်..စောင်နဲ့ခေါင်းအုံး
အရေးကြီးတာတွေမမေ့နဲ့"
"အင်းပါ...စိတ်ချနော်...ဟို...မောင့်သူငယ်ချင်းကော"
"ဟာ..ဒီခွေးကောင်..ဘယ်ရောက်သွားတာလဲ...ခုနဖြင့်ဒီမှာ
ရှိနေတာကို...ဒုက္ခပဲကွာ!"
တဖက်မှာတော့ ဗြုန်းစားကြီးရောက်လာတဲ့ တစ်စုံတစ်
ယောက်ကြောင့် ပက္ပက္စက္စက္ကို စိတ်ညစ်နေရလေ၏။
ဒုက္ခကလည်းရောက်လာရင် အဖော်နဲ့အသင်းနဲ့ မည်သိုမျှပြော
လို့ပင်မရ။
ထူးဆန်းတဲ့ရင်ခုန်သံကလည်း အခုမွ...အခုမွ မည်သို့ဖြစ်
လာရသည့်မသိ။
ချောမောလွန်းတဲ့အနောက်တိုင်းဆန်ဆန်မျက်နှာနှင့်မျက်ဝန်း
ပြာပြာတွေရဲ့အကြည့်က ကြယ်တံခွန်လိုစူးရှတောက်ပနေ
မှန်းသိပေမဲ့ မရဲတရဲလေး ခိုးကြည့်မိသည်က အကြိမ်ကြိမ်
အခါခါ။
သို့ပေမဲ့...အို...ဟင့်အင်း။
"ခင်ဗျား ဘာလာလုပ္တာလဲ"
"မင်းကိုညကျလာခဲ့မယ်ပြောသားပဲ"
"မလာပါနဲ့"
"မျိုးကြီးသီချင်းလား"
"ဘာတွေပြောနေတာလဲ...ခင်ဗျားကိုအိမ်ထိမလာပါနဲ့ပြောနေတာ...အကိုတွေသိရင်သတ်ခံရလိမ့်မယ်"
စိုးထိတ်နေတဲ့မျက်နှာမူဟန်လေးက အထင်းသား၊ကြောက်
နေတဲ့မျက်လုံးလေးတွေနဲ့သူကိုအတင်းနှင်လွှတ်ကာ အခန်း
ထဲသို့ ပြတင်းပေါက်ကနေ ကျော်ခွဝင်လာသည့် သူကိုလည်း
စိတ်ဆိုးမာန်ဆိုးနှင့် ဒေါသအမျက်သင့်နေတဲ့မျက်ဝန်းလေး
တွေနဲ့နှုတ်ခမ်းလေးကဆူရဲရဲ။
"ဘာလဲ...မင်းက ငါလာတာကိုမကြိုက်ဘူးပေါ့"
လီယွန် မေးသင့်တဲ့မေးခွန်းကိုမေးလိုက်၏။
"မကြိုက်တာထက် လုံးဝကိုမဖြစ်နိင်တာဆိုပိုမှန်မယ်..ခင်
ဗျားလက်ကိုကျုပ်အချိန်မှန်ဆေးပုံမှန်ထည့်ပေးမယ်..ဒါဆိုရ
ပြီမလား...နောက်ခါခင်ဗျားလုံးဝကို အိမ်ထဲမလာပါနဲ့..."
"ခိုးဝင်လာမိလို့လား..."
"အို....ခိုး၍လည်းမလာနဲ့..ပေါ်တင်လည်းမလာနဲ့..ခင်ဗျား
ကကျုပ်အကိုတွေရဲ့ဒေါသကိုမှမမြင်မတွေ့မကြုံဖူးလို့ ဒီလို
အတင့်ရဲနေတာ"
"အဲ့လောက်တောင်ကြောက်တယ်ပေါ့...မင်းအကိုတွေကို..
ငါကတော့မကြောက်ဘူး.."
"ဒါတော့ခင်ဗျားရဲ့အကြောင်းကိစ္စ..ပြီးတော့မိုးလေဝသမ
ကောင်းလို့အမေတို့တောင်ဘုန်းကြီးကျောင်းပြေးဖို့လုပ်နေတာ
ဒီအချိန်အခါကျမှ"
နှုတ်ခမ်းချွန်ချွန်လေးနဲ့ ဒေါသရိပ်လေးကတရိပ်ရိပ်ပြေးနေ
လျက် အသားအေရေလးမွာ ဖြူနုဝင်းဝါလျက် မွှေးညှင်းလေး
များပေါက်ကာ မျက်နှာလေးမှာလည်း ဝိုင်းမယောင်နှင့်သွယ်
လေသည်။ကော့ရွှန်းသော မျက်တောင်အစုံက ဝန်းရံနေကာ
ဝိုင်းစက်သောမျက်ဝန်းအစုံ..သေးသွယ်သလိုနှင့် ခပ္ထူထူ
အောက်ပိုင်းနှုတ်ခမ်းသားလေးက တစ်စုံတစ်ခုကို မကျေနပ်
ဟန်ဖြင့် ခပ်တင်းတင်းစေ့ထားမိလေသည်။
ဟုတ်တယ်...
ပြောရရင် သူစိတ်ထဲမကျေနပ်မိသည်က ဒီနိင်ငံခြားရုပ်ပေါက်
နေတဲ့လူကိုပင်...။ဘယ်နှယ် မိုးကြီးနေပါတယ်ဆိုမှ အခန်း
ထဲခိုးဝင်လာလို့ သူမှာအကိုတွေနဲ့အမေအခန်းထဲဝင်လာမှာ
စိုးလို့ ရတတ်မအေးနိင်ဖြစ်နေမိပြီ။
ဒါတွေ ဒင်းကဘယ်သိလိမ့်မလဲ။
အကြွေး...အကြွေး...ခေါင်းထဲအာ့ပဲတွေးနေတာနေမှာပေါ့..
လက်တဖက်ကိုအကြောင်းပြပြီး မျောက်ပြဆန်တောင်းနေတာ
ကြီး။
သူကေတာ့ အကိုတွေကိုဘယ်ကြောက်လိမ့်မလဲ၊ တကယ့်
တကယ်ကြီးအဆူခံရမည့်လူ...ခေါင်းစဉ်တပ်ခံရမည်လူက
ဟော့ဒီကလူ၊ ပြီးရင် မပြီးနိင်မစီးနိင်ပြောဆိုခံရရုံတင်မက
အိမ်ပြင်တောင် တစ်ပတ်လောက်ပေးမထွက်ခိုင်းလျှင်ခက်ပြီ။
ပြန်ပါဆိုတော့လည်း ပေကပ်ပြီးနေတော့မခက်ဘူးလား..ကဲ။
"ဂျိမ်း!...ဂျိမ်း!!!"
"အမေလး!..ဘုရား!!
ဝေါခနဲ့ အုပ်စုလိုက်ကျဆင်းလာတဲ့မိုးရေစက်တွေရဲ့မိုးပေါက်
တွေကကြီးမားလွန်းလေစွ။ အစပိုင်းက လေပြင်းပဲတိုက်ခတ်
လို့ မိုးပေါက်လေးတွေပဲကျနေပေမဲ့ ယခုတော့မိုးပါချတော့
မည်လေ။
"လန့်လိုက်တာ...လွှတ်..ဘာလို့ဖက်ထားတာလဲ"
"အံမယ်...မင်းသာငါ့ရင်ခွင်ထဲ အတင်းပြေးဝင်လာတာ
ထည့်ပြောဦး...ငါ့ကိုအသားယူတယ္ဆိုတဲ့ မျက်လုံးအကြည့်
တွေလျှော့လိုက်"
"ကျုပ်က ယောင်ပြီးလန့်လို့ပြေးဝင်လာတယ်ပဲထား..ခင်ဗျား
ကအလိုက်သင့်ဖက်စရာလား..."
"မင်း!!"
"ကံကောင်းလေး...သားရေ...အမေတို့ဘုန်းကြီးကျောင်းကို
သွားမှရမယ်...အျမန္လာ"
"ညီလေး...အျမန္လာခဲ့...မိုးအရမ်းကြီးနေပြီ"
ဖိုးကံကောင်းမှာ သက်ပြင်းချပြီး နေရာမှကုန်းထလိုက်ပေမဲ့
အင့်ခနဲ့ပြန်ဆွဲချခံလိုက်ရတာမို့ ကြောက်အားလန့်အားရုမ်း
လိုက်မိလေသည်။
ကြည့်စမ်းပါဦး...ဒါကဘယ်လိုအပြုအမူမျိုးလဲ။
"ခင်ဗျား...ဒါဘာလုပ္တာလဲ...ဟမ်"
"ငါနဲ့လိုက်ခဲ့"
"ရူးနေလို့လား...ဟိုမှာမေမေတို့ခေါ်နေပြီ...ခင်ဗျားနောက်ကို
ဘာလိုက်လုပ်ရမှာ...လွှတ်အခု"
"မင်းအမေနဲ့အကိုတို့တောင် မိုးလေတွေကြားမနည်းပြေးရမှာ
မင်းကိုဟိုတစ်ခါလို ထားခဲ့ရင်ဘယ်လိုလုပ်မလဲ"
"ခင်ဗျားနဲ့ဘာဆိုင်လဲ...လူကမိုးလေကြီးနေလို့စိတ်ညစ်နေတာတစ်မျိုး...ခင်ဗျားကတစ်မျိူးလာမလုပ်နဲ့"
"မသိဘူးကြာ...ငါကာကွယ်ပေးမယ်..လာလိုက်ခဲ့"
လူကိုအကြမ်းပတမ်းဆွဲခေါ်သွားတာများ အိမ်ရှေ့ကအမေ
တို့ကိုလှမ်းခေါ်ပေမဲ့ မိုးလေသံတွေကြောင့်မကြား...အမေနဲ့
အကိုတို့မှာလည်းအရေးကြီးသိမ်းစရာရှိတာတွေ သိမ်းနေတာ
ဆိုတော့ သူဂွင်ကိုတည့်သွားပါလေရော။
ဖျတ်ခနဲ့ လျင်မြန်စွာဆွဲယူသိမ်းပွေ့လိုက်ကာ သူ့မှာရုမ်းချိန်ပင်
မရ...ဒါကြီးက ဘယ်လိုအခြေအနေမျိုးကြီးလဲဟုအမည်နာ
မတပ်ကမည်လဲ။
အို..သေချာသည်က သူ့ရဲ့ရင်ခွင်နွေးနွေးကြီးနှင့် ဖြူဖြူ
ထောင်းထောင်းမောင်းမောင်းခန္ဓာကိုယ်ကြီးကတော့ သိပ်
ကြည့်ကောင်းတယ်ဆိုတာ မငြင်းရက်နိင်ပေ။
✨✨✨✨✨✨
upတာကြာသွားတယ်နော်...ကိုယ့်ရောဂါအခြေအနေကြောင့်ဆေးသောက်နေရတော့ဆေးရှိန်ကောအလုပ်ပင်ပန်းတာ
ကောအရမ်းအိပ်ချင်နေတာမို့ပါ...။
Continue Reading
You'll Also Like
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
8.3K 224 8
'ချစ်သည်' ... နှစ်လုံးထက်မပိုသော စကားလေးက ဘဝကြီးတစ်ခုလုံးကို ဖန်ဆင်းပေးနိုင်သလို ဖျက်လည်းဖျက်ဆီးပစ်နိုင်ရာ၏။ ရှင်သန်စေနိုင်သလို သေလည်းသေဆုံးစေနိုင်ရာ...
144K 18.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 45.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd