နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် စကားများနေတာကြကြောင့်လား ဒါမှမဟုတ် လုရီချန်က စားစရာတွေ အများကြီး ပြင်ဆင်ထားတာကြောင့်လား စုကျင်းယန်က အများကြီး စားလိုက်ပြီး အချိန်ကို လုံးလုံးမေ့သွားခဲ့တယ်။
စုကျင်းယန် နံရံပေါ်မှာ ချိတ်ထားတဲ့ လျှပ်စစ်နာရီကို သူကြည့်လိုက်တော့ နောက်ကျတော့မယ်ဆိုတာ သဘောပေါက်သွားပြီး သူ့မျက်လုံးတွေက ပြူးကျယ်လာပြီး သူအစာနင်လုနီးပါးဖြစ်သွားသည်။
လက်ရှိအချိန်သည် သူကျောင်းကိုပုံမှန်သွားသည့် အချိန်ထက် ခန့်မှန်းခြေ နာရီဝက်လောက်နောက်ကျနေပြီး ပိုပြီးလန့်စရာကောင်းတာက အခုချိန်မှာ သူကညအိတ်ဝတ်စုံကို ဝတ်ထားပြီး ခြေအိတ်တောင်မဝတ်ထားခဲ့ပေ။
သေစမ်း! ငါတော့သေပြီပဲ။
နောက်ဆုံးတွင် ရုတ်တရက် အလင်းသွားသကဲ့သို့ အကြံတစ်ခုက အလင်းကဲ့သို့ ရိုက်ခတ်လာပြီး စုကျင်းယန်က လုချီရန်ဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်တယ်။သူ့ကို အပြုံးတစ်ဝက်ဖြင့် မျှော်လင့်တကြီးနဲ့ ရှက်ရွံစွာ မေးလိုက်တယ် "မင်းစက်ဘီး စီးတတ်လား?"
စုကျင်းယန် ကျောင်သွား ကျောင်းပြန်ကို လမ်းလျှောက်ရတာကြိုက်ခြင်းမှာ နောက်ထပ်အကြောင်းရင်းကြံး တစ်ခုလည်းရှိသည်။သူဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောဖူးပေ ဘာလို့လဲဆိုတော့ အရမ်းရှက်စရာကောင်းတယ်လို့ ထင်လို့ဖြစ်သည်။
အဲ့ဒါက သူစက်ဘီးဘယ်လိုစီးရမလဲ မသင်ယူနိုင်ပေ။
နောက်ပိုင်း ပိုအိပ်နိုင်စေရန် စက်ဘီးဘယ်လိုစီးရမလဲ သင်ယူဖို့ သူတစ်ကြိမ် တွေးခဲ့ဖူးသော်လည်း သူ့ဟန်ချက် အာရုံမှာ အမှန်တကယ် ဆိုးရွားပြီး သူ့ခြေလက်တွေကလည်း အလွန်အမင်း အချိုးမပြေပေ။အဲ့ပေါ်မှာ သူထိုင်လိုက်ပြီး သူ့ခြေထောက်တွေကို မြေပြင်ပေါ်က ဖယ်လိုက်တာနဲ့ သူမြေကြီးပေါ် ပြင်းထန်စွာ လှဲကျသွားလိမ့်မည်။သူ့ခန္ဓာကိုယ်ပေါ်က အမှတ်တွေက ဒါကြောင့်ဖြစ်တာလို့တောင် ပြောလို့ရသည်။
သူနှစ်လနီးပါးလောက် သင်ဖို့ကြိုးစားခဲ့ပေမယ့် မစီးတတ်သေးတဲ့အတွက်ကြောင့် သူစက်ဘီးစီးသင်ဖို့ အကြံကို လုံးလုံး အလျော့ပေးလိုက်ရသည်။အဲ့အစား သူစိတ်ပါလက်ပါ မနက်စောစော ထပြီး ကျောင်းကို လမ်းလျှောက်သွားခဲ့သည်။
သူငွေအမြောက်အမြားနဲ့ ဝယ်ထားတဲ့ စက်ဘီးကို ခြံထဲမှာထားခဲ့ပြီး ဘယ်တော့မီ ထပ်အသုံးမပြုတော့ပေ။
လုရီချန်က စုကျင်းယန်ရဲ့ တောက်ပနေတဲ့ သမင်မျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာရှိနေတဲ့ စက်ဆုပ်စရာကောင်းသော အတွေးများသည် ထပ်ပြီးပေါက်ကွဲထွက်လာပြီး သူ့မျက်လုံးတွေကတောင် ချက်ချင်း ကျုံ့သွားခဲ့သည်။
ဟုတ်တယ်!အဲ့လို ဟုတ်တယ်!
ငါ့ကိုအဲ့လိုပဲကြည့်နေ!ငါ့ကိုပဲ ကြည့်နေ!
ဒါက ငါလိုချင်တာပဲ!
စုကျင်းယန်က လုရီချန်အဖြေကို အချိန်ကြာကြီး စောင့်ဆိုင်းနေရင်း စိုက်ကြည့်နေကာ သူနောက်ဆုံး ကောင်လေးက သူ့ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်တာကို တွေ့ရလိုက်တော့ သူစိတ်လှုပ်ရှားမှု့ကြောင့် ထခုန်လုနီပါးဖြစ်သွားသည်။
ထိုအချိန်မှစ၍ သူ့စိတ်ထဲတွင် လုရီချန်အပေါ် ထင်မြင်ချက်မှာ အရာအားလုံးကို ကိုင်တွယ်နိုင်ပြီး စွမ်းဆောင်နိုင်သော အနန္တစွမ်းအားရှင်ဖြစ်နိုင်သည်။
"ဒါဆို ငါအဝတ်တွေသွားလဲလိုက်အုန်းမယ် ငါ့ကိုစောင့်အုန်း။"
သူစကားပြောပြီးတာနဲ့ စုကျင်းယန် သူ့အခန်းကို ခုန်ပေါက်သွားပြီး တနေရာထဲတွင် ရပ်နေဆဲဖြစ်သော လုရီချန်ကို တစ်ယောက်ထဲ ထားခဲ့လိုက်သည်။
ကောင်လေး၏ မှုန်မှိုင်းနေသော မျက်လုံးများသည် တဖျပ်ဖျပ်လက်သွားပြီး သူ့အကြည့်တွေက စုကျင်းယန်၏ လှည့်ထွက်သွားသော နောက်ကျောကနေ စားပွဲပေါ်က မပြီးသေးသော မုန့်များစီကို ပြောင်းသွားခဲ့သည်။
စုကျင်းယန် တစ်ဝက်သာ ကိုက်ထားရသေးသော ကန်စွန်းဥပန်ကိတ် အပိုင်းအစကို သူကောက်ယူလိုက်သည်။
လုရီချန်က ကန်စွန်းဥပန်ကိတ်ပေါ်က သွားရာတွေကို ခဏလောက် စိုက်ကြည့်နေပြီး ထို့နောက်တွင် စွဲစွဲလမ်းလမ်း ပြုံးလိုက်သည်။
၎င်းပေါ်က သွားရာတွေနဲ့ဘက်ကို ချိန်လိုက်ပြီး သူတုံဆိုင်းခြင်းမရှိပဲ ကိုက်လိုက်သည်။
သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း ကျေနပ်အားရစွာ မှိတ်ထားလိုက်သည်။
သူ ဟက်ဟက်ပက်ပက် ရီလိုက်သည်။
ငါ့စီနီယာ စားထားတဲ့ ကန်စွန်းဥပန်ကိတ်...
စုကျင်းယန် သူ့အဝတ်စားတွေကို အလျင်အမြန် လဲလိုက်ပြီး အော်နေရင်း သူ့ပုခုံးပေါ်မှာ ကျောင်းလွယ်အိတ်ကိုသယ်ရင်း ပြေးထွက်လာခဲ့ပြီး "ရီချန် သွားရအောင်။"
ကောင်လေးက နေရာတွင် အေးခဲသွားပြီး ခေါင်းငုံ့ကာ စကားမပြောပေ။ပထမအကြည့်တွင် သူက အရမ်း
မှုန်မှိုင်းနေပုံပေါ်ပေမယ့် အနီးကပ် ကြည့်လိုက်ရင် သူ့ခန္ဓာကိုယ်က တကယ်တော့ မထိန်းချုပ်နိုင်အောင် တုန်ယင်နေတာကို တွေ့မြင်နိုင်သည်။
အဲ့ဒါက အကြောက်တရားကြောင့် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ပါဘူး အဲ့ဒါက လုံးဝစိတ်လှုပ်ရှားမှု့ကြောင့်ဖြစ်သည်။
သူ့မျက်လုံးနှစ်ခုလုံးက စိတ်လှုပ်ရှားမှု့ကြောင့် ပေါက်ထွက်လုနီးပါးဖြစ်နေပြီး သူ့လည်ပင်းကလည်း ထိန်းမနိုင်သိမ်းမနိုင် တွန့်ရီနေပြီး အရိုးများ အက်ကွဲသံကိုပြုလုပ်နေသည်။
စီနီယာ...
ငါ့ကို ရီချန်လို့ခေါ်တယ်...
ငါအရမ်းပျော်တာပဲ။
သို့သော်လည်း လုရီချန်က အလျင်အမြန် သူ့အခြေနေကို ပြန်ပြင်လိုက်တယ်။သူ ဖြည်ညင်းစွာ သူ့ခေါင်းကိုမော့လိုက်ပြီး သူ့ပုံမှန်အတိုင်း ခံစားချက်မရှိတဲ့ အမူရာကို ထိန်းသိမ်းထားပြီး ပြန်ဖြေလိုက်တယ် "အင်း။"
စုကျင်းယန်က လုရီချန်၏ အခုလေးက ထူးဆန်းနေမှု့ကို လုံးလုံး သတိမထားမိပဲ သူ့အမူအရာတွင် စိတ်လှုပ်ရှားမှု့ အနည်းငယ် ရှိနေသေးသည်။
စုကျင်းယန်က အပြင်မထွက်ခင် သူက သန့်ရှင်းနေတဲ့ စားပွဲကို ကြည့်လိုက်ပြီး မစဥ်းစားပဲမနေနိုင်ပေ....
သူ့မှာ စားလို့မပြီးသေးတဲ့ ကန်စွန်းဥပန်ကိတ် ရှိတယ်မဟုတ်ဘူးလား?
ဒါမှမဟုတ် သူပဲ မှားမှတ်မိတာလား?
သို့သော် ဒီကိစ္စကို သူ့အမြန် လျစ်လျူရှုလိုက်ပြီး ဒါကို နည်းနည်းလေးမှ စိတ်ထဲမထားတော့ပဲ သူက လုရီချန်က ရှင်းလိုက်တယ်လို့ပဲ တွေးလိုက်သည်။
လုရီချန်က စက်ဘီးရှေ့ခုံမှာ ထိုင်လိုက်ပြီး လက်ကိုင်ကိုကိုင်လိုက်တယ်။သူက စုကျင်းယန်ရဲ့ အရင်တုန်းက ယူနီဖောင်းကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ၎င်းသည် စုကျင်းယန်နှင့်သာ ကိုက်ညီသော်လည်း သူဝတ်လိုက်သောအခါတွင် သူ့နဲ့ အတော်လေး တိုလွန်းနေသဖြင့် ကြည့်ရတာ အတော်လေး မသင့်လျှော်ပေ။
မနေ့ညက စုကျင်းယန် တွေ့လိုက်ရတော့ အဝတ်အစားတွေက လုရီချန်ရဲ့ ခန္ဓာကိုယ်မှာ နည်းနည်း တိုတယ်လို့သာ ခံစားခဲ့ပြီး မနက်ကျရင် အဆင်ပြေသေးလားဆိုတာကို သူတွေ့ရမည်ဖြစ်သည်။စုကျင်းယန်သည် ယခုအခါ ဘောင်းဘီက ခွကြားသည် လုရီချန်၏ အောက်ပိုင်းတွင် အရမ်းကြပ်နေတာကို တွေ့လိုက်ရပြီး သူအပြင်လိုင်းတွေတောင် မြင်နိုင်နေပြီဖြစ်သည်။
စုကျင်းယန်၏ အမူအရာသည် အနည်းငယ် တောင့်တင်းလာခဲ့သည်။
လုရီချန်ရဲ့ ခွကြားက အဲ့လောက်တောင် ကြီးတယ်လား?
သူ့စီတ်ထဲမှာ ဒီလိုမဖွယ်မရာတွေ ကိစ္စတွေကို တွေးနေမှနိး သဘောပေါက်လိုက်တော့ သူ့အရေးပြားပါးတဲ့ မျက်နှာက ချက်ချင်း အနည်းငယ် ရှက်သွေးဖြားလာခဲ့တယ်။
လုရီချန်က သူ့အကြည့်ကို သတိထားမိပြီး သူ့မျက်လုံးတွေက အနည်းငယ် ကျဥ်းမြောင်းလာခဲ့တယ်။
စုကျင်းယန်က စက်ဘီးရဲ့ နောက်ထိုင်ခုံပေါ်မှာ ဘေးတိုက်ထိုင်ပြီး အနည်းငယ် သတိထားပြီး ကို့ရို့ကားယားဖြစ်နေတယ်။
စက်ဘီးမှာ ထိုင်ခုံနောက်မှာ ထိုင်နေတဲ့ လူအတွက် ခြေထောက်တင်ဖို့ ဘာမှမရှိပေ။
စုကျင်းယန်က ခဏလောက် စဥ်းစားလိုက်ပြီး သူ့မျက်နှာက ပိုပြီးတော့ နီရဲနေကာ သူ့လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး လုရီချန်ရဲ့ ခါးတစ်ဝိုက်မှာ သူ့လက်တွေကို သိုင်းဖက်လိုက်ပြီး ပိုပြီးလုံခြုံအောင်နဲ့ ပိုပြီးသက်တောင့်သက်သာရှိအောင် လုပ်ဖို့ကြိုးစားနေတယ်။
ကောင်လေးရဲ့ ခန္ဓာကိုယ်က ခဏလောက် တောင့်တင်းသွားပြီးနောက် စက်ဘီးခြေနင်းပေါ် သူနင်းလိုက်ပြီး အဲ့ဒါကိုလုံးဝ ဂရုမစိုက်သကဲ့သို့ လေးလေးနက်နက်နဲ့ ထွက်ခွာလာခဲ့တယ်။
စုကျင်းယန်က သူရဲ့ရိုးရှင်းတဲ့ လုပ်ရပ်က သူ့ရှေ့ကလူကို အတွင်းစိတ်မှာ အံ့အားသင့်မှု့နဲ့ ဝရုန်းသုန်းကားဖြစ်သွားစေတယ်ဆိုတာ သူလုံးဝမသိပေ။
သူ့စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု့ကြောင့် ဖြစ်နိုင်ပေမယ့် စုကျင်းယန်သည် လုံးလုံးလျစ်လျုရှုခဲ့သည်။သိသာထင်ရှားစွာ ရှေ့ခုံအစွန်းကို သူ့ကိုယ်သူ အထောက်ကူပေးရန်အတွက် လှမ်းဆွဲနိုင်သည်။
လုရီချန်ရဲ့ ဆံပင်တွေက လေကြောင့် နောက်ကိုလှန်လသွားပြီး မကျန်းမာပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ မျက်နှာကို ပြသခဲ့ပြီး သူ့မျက်လုံးများထဲတွင် အနက်ရောင်ဝဲများဖြင့် သူ့မျက်နှာတစ်လျှောက်တွင် ဆုတ်ဖြဲထားသော အပြုံးဖြင့် လိုက်ပါလာခဲ့သည်။
မှတ်ထားပါ!
မင်းတစ်ခါကိုင်လိုက်တာနဲ့ မင်းလွတ်လို့မရတော့ဘူး!
မဟုတ်ရင် ငါမင်းကိုသတ်မယ်!
ကျနော့်စီနီယာ...
ကျစ်။
လုရီချန်၏ စက်ဘီးစီတဲ့ စကေးသည် အလွန်တည်ငြိမ်ပြီး အထူးသဖြင့် စုကျင်းယန်၏ နည်းလမ်းဖြစ်တဲ့ စက်ဝိုင်းပုံသွားပြီး မြေပြင်ပေါ်လဲကျသွားတာနဲ့ နှိုင်းယှဥ်ရင် အဲ့ဒါက ရိုးရှင်းစွာ ထိပ်တန်းဖြစ်သည်။
စုကျင်းယန်က နောက်ခုံမှာထိုင်နေပြီး သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲမသိပံ အချစ်မှာကျရှုံးနေတဲ့ ကောင်လးလိုမျိုး ရံဖန်ရံခါ ရှက်ရွံစွာပြုံးပြနေသည်။
သူတို့ ကျီယွမ်အထက်တန်းကျောင်းတံခါးကို နီးကပ်လာတဲ့အခါ လမ်းပေါ်မှာ သူဖြတ်သွားနေတဲ့ လူတွေအားလုံးက ကျီယွမ်အထက်တန်းကျောင်းသားများ ဖြစ်လာခဲ့သည်။
သူတို့ စက်ဘီးပေါ်က လူတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ သူတို့မနေနိုင်ပဲ သူတို့မျက်လုံးတွေပြူးသွားကာ သူတို့ပါးစပ်တွေ ပွင့်သွားခဲ့တယ်။
**!
မယုံနိုင်စရာပဲ!
သူတို့ကျောင်းက petလေးကို တစ်ယောက်ယောက်က ဘယ်လိုတောင် ထိရဲတာလဲ။
စက်ဘီးနင်းနေတဲ့ လုရီချန်က ပတ်ဝန်းကျင်က မယုံကြည်နိုင်တဲ့ အကြည့်တွေကို ဆက်တိုက်ရရှိနေခဲ့တယ်။
သူ့နောက်ကလူက နည်းနည်း တောင့်တင်းသွားတယ်လို့ သူခံစားလိုက်ရပြီး သူ့ခါးပေါ်က လက်တွေကလဲ ပြေလျော့သွားခဲ့တယ်။
လုရီချန်မျက်လုံးတွေက ပြောင်းလဲသွားပြီး အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။
စီနီယာ၊ မင်းနောင်တမရဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?
စုကျင်းယန်က သူ့အပေါ် လူတိုင်းရဲ့မျက်လုံးတွေကြောင့် ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်က ပျော့ပျောင်းလာပြီး သူ့လက်တွေက လုရီချန်ရဲ့ခါးကို လွတ်လိုက်ပေမယ့် မကြာခင်တွင် သူကပိုပြီးတော့ တင်းကြပ်အောင် ဖက်လိုက်ပြီး လုရီချန်က သုအားကိုးနိုင်တဲ့ တစ်ခုတည်းသော အရာအဖြစ် သူ့ခေါင်းကို တစ်ဖက်လူရဲ့နောက်ကျောမှာရှက်ရွံစွာ မြုပ်ထားခဲ့တယ်။
သူအားကိုးနိုင်တဲ့ တစ်ခုတည်းသောအရာ...
ဒါကိုစဥ်းစားတာနဲ့ လုရီချန်က မပြုံးပဲမနေနိုင်ပဲ သူ့မှုန်မှိုင်းနေတဲ့ အမူအရာတောင် မှိန်ဖျော့သွားခဲ့တယ်။
စီနီယာ...
အရမ်းနာခံမှု့ရှိတာပဲ!
သေချာပေါက် ကမ္ဘာပေါ်မှာ ငါစီနီယာကိုအချစ်ဆုံးပဲ။
ကျစ်။
"အားးးး ငါတော့သေပါပြီ! ခဲယင်၊ စီနီယာကျင်းယန်က ဒီနေ့ ကောင်လေးတစ်ယောက်ရဲ့ စက်ဘီးနောက်မှာ သူ့ခါးကိုဖက်ပြီး ထိုင်လိုက်လာတယ်။"
အဲ့ဒါက စုန့်ခဲယင်ရဲ့ အချစ်ဆုံးသူငယ်ချင်း စိတ်ဆိုးစွာ အော်ဟစ်နေတဲ့ ချူးယန်ယန်ဖြစ်သည်။သူမ စုန့်ခဲယင် ဝင်လာတာကိုမြင်တော့ သူမက အပြစ်တင်ဖို့ပြေးသွားလိုက်တယ်။
သူတို့ ဆုံးရှုံးသွားတဲ့ အချစ်အတွက် သူတို့နှစ်ယောက် အတူတကွ ငိုကြွေးပါစေ။
"ဘာပြောလိုက်တယ်?"စုန့်ခဲယင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့မျက်လုံးအောက်က အိတ်တွေက အနက်ရောင် ဒဏ်ရာများနဲ့ အရောင်တူပြီး သူမမျက်နှာက ဆိုးဆိုးရွားရွား ဖြူဖျော့နေကာ သူမက လူသေကောင် လမ်းလျှောက်နေတာတူသည်။
ချူးယန်ယန်က သူမအချစ်ကို ဆုံးရှုံးသွားတဲ့ နာကျင်မှု့ကြောင့် မူးယစ်နေတာကြောင့်ဖြစ်နိုင်တယ် စုန့်ခဲယင်ရဲ့ စိတ်အခြေအနေက အလွန်မှားယွင်းနေတယ်ဆိုတာတောင် သူမသတိမထားမိခဲ့ပေ။
သူမက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တယ် "အခုပဲ ကျောင်းကို ပုံမှန်လမ်းလျှောက်လာတဲ့ စီနီယာစုကျင်းယန်က တစ်ယောက်ယောက်ရဲ့ စက်ဘီး နောက်ခုံမှာ ထိုင်လိုက်လာတယ်။တစ်ကျောင်းလုံးရဲ့ သုံးပုံတစ်ပုံက ဒီမြင်ကွင်းကို မြင်ခဲ့တယ်လို့ ခန့်မှန်းလို့ရတယ်။ရူးစရာပဲ အတင်းအဖျင်းတွေပြန့်တာ အရမ်းမမြန်တယ် ဝိုး ဝိုး ဝိုး။"
စုန့်ခဲယင်ပ သူမထိုင်ခုံမှာထိုင်လိုက်ပြီး ဖြူဖျော့နေတဲ့ အသားရည်နဲ့ မထိန်းချုပ်နိုင်အောင် တစ်ကိုယ်လုံး တုန်လှုပ်နေတယ်။
ဘာဖြစ်သွားတာလဲ?
ငါဘာလို့ စီနီယာ ကျောင်းကို တစ်ယောက်ယောက်စက်ဘီးပေါ်မှာ လိုက်လာတာကို မမှတ်မိရတာလဲ?
ငါ့ပြန်လည်မွေးဖွားမှု့ကြောင့် လိပ်ပြာတောင်ပံသက်ရောက်မှု့ ဖြစ်နိုင်လား?
ချူးယန်ယန်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး သူမရူးသွပ်မှု့ကို ဖော်ပြဖို့ လက်ကိုင်ပဝါကို ကိုင်ချင်နေပြီး ရက်စက်စွာ ပြောလိုက်တယ် "ငါဆုံးဖြတ်လိုက်ပြီ။ဘယ်အတန်းရဲ့ မိန်းမပျက်က ငါတို့ကျောင်းရဲ့ petလေးကို တကယ် လုယူရဲလဲဆိုတာ ငါသွားပြီး စုံစမ်းတော့မယ်။"
စုန့်ခဲယင်က သူ့မခေါင်းကိုမော့လိုက်ပြီး သူ့မမျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်အချို့ ဖျပ်ခနဲ့ လက်သွားပြီး သူမ အလျင်အမြန် ပြန်ဖြေလိုက်တယ် "ငါလဲနင်နဲ့လိုက်မယ်။"
သူလိုက်မှဖြစ်မယ်။
စီနီယာကို ကာကွယ်ရမယ်။
"အမ်း။"စုကျင်းယန်က သူ့လက်သည်းတွေကို အနည်းငယ် ကို့ရို့ကားယားနဲ့ ကုတ်ခြစ်လိုက်ပြီး သူ့ရှေ့က စကားနည်းနဲ့ ကောင်လေးကိုစိုက်ကြည့်နေပြီး နောက်ဆုံးမှာ သူဖိတ်ခေါ်မှု့ကို ပို့လိုက်တယ် "ဒီနေ့ နေ့လည် တောအုပ်ထဲမှာ အတူတူ နေ့လည်စာ စားရအောင် ကူးလုနဲ့အတူတူ။"
လုရီချန်ရဲ့ မှုန်မှိုင်းတဲ့ မျက်လုံးတွေက သမင်မျက်လုံးတစ်စုံကို စိုက်ကြည့်နေပြီး သူတို့က လင်းလက်လုနီးပါး အရမ်းတောက်ပနေသည်။
သူ့စိတ်ထဲက ငုတ်ရှိုးနေတဲ့ စိတ်ဆန္ဒတွေက ပိုပိုပြီးနက်ရှိုင်းလာပြီး တဖြည်းဖြည်း မှောင်မိုက်လာတဲ့ အနက်ရောင်တွင်းလိုပါပဲ။
မလုံလောက်ဘူး၊ လုံလောက်တာထက် ဝေးသေးတယ်!
သူအဲ့ထက်ပိုပြီး လိုချင်တယ်။
မလုံလောက်ဘူး!
စုကျင်းယန်က သူ့ကိုမျှော်လင့်တကြီး ကြည့်နေပြီး လုရီချန်ရဲ့ နူးညံ့စွာ ပြန်ဖြေတဲ့အသံကိုသာ ကြားလိုက်တယ် "အင်း။"
စုကျင်းယန်က ပျော်ရွှင်သွားပြီး စီနီယာနှစ်အတွက် သင်ကြားရေးဆောင်ကို သွားဖို့ပြင်ဆင်လိုက်တယ်။
ရုတ်တရက် သူက အရေးကြီးတဲ့ပြသာနာကို သတိထားမိလိုက်သလိုမျိုး သူကရပ်တန့်သွားပြီး နောက်လှည့်လိုက်ကာ လုရီချန်က အဲ့ဒီနေရာမှာ မလှုပ်ရှားပဲ ရပ်နေဆဲဆိုတာ တွေ့လိုက်ရတယ်။
သူက အော်ပြီးတော့ မေးလိုက်တယ် "မင်းက ဘယ်အတန်းမှာလဲ။"
စကားပြောပြီးတော့ စုကျင်းယန်ရဲ့ ပါးတွေက ထပ်ပြီးတော့ အနီရောင်ကို ပြောင်းသွားတယ်။
ရိုးရိုးသားသားပြောရရင် တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာအောင် သိပြီးနောက် ငါတစ်ဖက်လူက အသက်ဘယ်လောက် ဘယ်အတန်းကလဲဆိုတာ မေးဖို့မေ့သွားတယ်။
လုရီချန်ရဲ့ မျက်လုံးတွေက တဖျပ်ဖျပ်လက်သွားပြီး အကြာကြီးတိတ်ဆိတ်နေပြီးနောက် သူကပြန်ဖြေလိုက်တယ် "ကျနော်က အတန်းလေး ပထမနှစ်။"
စုကျင်းယန်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး စီနီယာအဆောက်အအုံဆီကို စလျှောက်သွားတော့သည်။ရုတ်တရက် သူ တစ်ခုခုထပ်ပြီးစဥ်းစားမိလိက်ပုံရပြီး ထပ်ပြီးရပ်လိုက်တယ်။
သူနောက်လှည့်လိုက်တော့ လုရီချန်က အဲ့နေရာမှာ ရပ်နေဆဲဖြစ်ပြီး သူထွက်သွားတာကို ကြည့်နေတယ်။
စုကျင်းယန် ရပ်သွားပြီး သူ့အမူအရာက အနည်းငယ် အသက်ရှုကြပ်သွားတယ်။
အဲ့ဒီခံစားချက်က အရမ်းသိမ့်မွေ့ပြီး သူဘယ်လောက်ဝေးဝေးသွားသွား သူဘယ်ကိုပဲသွားသွား လုရီချန်က အဲ့မှာရပ်နေဆဲဖြစ်ပြီး သူပြန်လှည့်လာတာကို စောင့်နေခဲ့သည်။
စုကျင်းယန်ရဲ့ နှလုံးသားက ထိရှသွားပြီး သူအော်လိုက်တယ် "လုရီချန် နေ့လည်ကျမှတွေ့မယ်။"
ထို့နောက် မကောင်းတာတခုခုလုပ်ခဲ့သော ကလေးလေးလိုမျိုး သူအလျင်အမြန် ထွက်ပြေးသွားပြီး မြင်ကွင်းကနေ ထွက်ခွာသွားခဲ့တယ်။
စုကျင်းယန်ရဲ့ နောက်ကျောက လုံးလုံးပျောက်ကွယ်သွားတဲ့အခါ တနေရာထဲမှာရှိနေတဲ့ လုရီချန်ကလည်း ပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားခဲ့တယ်။
စီနီယာ...