မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
Oleh Moesattkha
137K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် Lebih Banyak
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (42.1)
1.3K 179 2
Oleh Moesattkha
( Unicode )
*****
မုရှင်းယုဟာ ပုံမှန်အတိုင်း ရိုက်ကူးနေခဲ့တယ်။ ဒါပေမယ့် W&W official Weibo က သူ့ပိုစ့်ကိုတင်ပြီးနောက်မှာ သူကချက်ချင်းဆိုသလို hot search ထဲကိုရောက်ရှိသွားတယ်။
W&W China Official Blog- [ ခန့်ညားကြော့ရှင်းမှုသည် အမြဲတစေ W&W ၏ ခိုင်မာတဲ့ဦးတည်ချက်ဖြစ်သည်။ သူက ငယ်ရွယ်ချောမောပြီး အမှတ်တံဆိပ်ရဲ့သဘာဝနဲ့ အပြည့်အဝကိုက်ညီတယ်။ W&W မိသားစု၏ global spokesperson အဖြစ် မုရှင်းယုကို ကြိုဆိုပါတယ် #W&WMuXingYu#] စာသားအောက်တွင် မုရှင်းယုရိုက်ကူးထားသော ပရိုမိုးရှင်းဓာတ်ပုံတွေကိုလည်း ထည့်သွင်းထားသည်။
တရားဝင်ဘလော့ဂ်က ဒီ Weibo ကိုတင်ပြီးနောက် တစ်ချိန်တည်းမှာပင်၊ ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများ၏ W&W Official Blog တွေကလည်း မုရှင်းယုသည် W&W ၏ global spokesperson ဖြစ်လာကြောင်း ဘာသာစကားအမျိုးမျိုးဖြင့် ပြန်တင်ခဲ့ကြသည်။
ဤကြုံတောင့်ကြုံခဲ ကြီးမားတဲ့ရိုက်ခက်မှုကို ရင်ဆိုင်လိုက်ရတော့ လူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။
Weibo တွင် #W&WMuXingYu# သည် သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်ဖြင့် နံပါတ်တစ် hot search သို့ ရောက်ရှိသွားခဲ့သည်။
Official Blog တွင် လူများစွာက မှတ်ချက်ပေးခဲ့ကြသည်-
[ ဝိုး! global spokesperson! ဖြစ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး ]
[ ပရိုမိုးရှင်းဓာတ်ပုံတွေက အရမ်းကိုကြော့ရှင်းနေတာဘဲ ချမ်းသာတဲ့မိသားစုရဲ့ သခင်ငယ်လေးဖြစ်ထိုက်ပါတယ် ]
[ ငါကြည့်လိုက်တော့ မတူညီတဲ့နိုင်ငံနဲ့ဒေသအသီးသီးမှာရှိတဲ့ W&W ရဲ့တရားဝင်ဘလော့ဂ်တွေ အကုန်လုံးက တရားဝင်ကြေငြာချက် ပိုစ့်တွေတင်ထားကြတယ်။ ဒီအခြေအနေကဘယ်လိုကြီးလဲ? ယခင်က ပြောရေး ဆိုခွင့်ရှိသူအဖြစ် ရွေးချယ်ခံရတဲ့ အော်စကာဆုရှင်တောင် ယခုလိုရင်ဆိုင်မှုမျိုးမရှိဘူး ]
[ ရှင်းရှင်းက ပြောရေးဆိုခွင့်ရှိသူဖြစ်လာမယ်လို့ မတွေးဝံ့ပေမယ့် ငါ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ မမျှော်လင့်ထားဘူး! ]
......
မုရှင်းယုကို လှောင်ပြောင်နေဆဲဖြစ်သော ကျန်းကျိတုန်၏ ပရိသတ်များသည် ချက်ချင်းပင် ထိတ်လန့်သွားကြတယ်။
သူတို့သည် မုရှင်းယု ပစ္စည်းအတုများ ၀တ်ဆင်ထားသည်ဟု လှောင်ပြောင်နေကြသော်လည်း မကြာမီပင် တရားဝင်ဘလော့ဂ်ထံမှ လျှင်​မြန်စွာ မျက်နှာကို ပါးရိုက်ခံရပြီး အားလုံး တုန်လှုပ်သွားကြသည်။
လန်ယင်သည် စတူဒီယို၏ တရားဝင် Weibo အကောင့်နှင့် မုရှင်းယု၏ ကိုယ်ပိုင် Weibo အကောင့်ကို ချက်ချင်းအသုံးပြုပြီး W&W ၏တရားဝင် Weibo တွင် " W&W မိသားစု ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါဝင်ရလို့ပျော်ရွှင်ရပါတယ် " ဟူသော စကားလုံးများဖြင့် ချက်ခြင်းပြန်တင်ခဲ့သည်။
ကြယ်မိုးမိုးများ အားလုံးက တက်ကြွလာကာ တရားဝင် ဘလော့ဂ်နှင့် မုရှင်းယု၏ Weibo တို့ကို တစ်ခုပြီးတစ်ခု ပြန်ရှယ်ခဲ့ကြသည်။
ပရိတ်သတ်များစွာသည်လည်း ကြယ်လေး၏အုပ်ထိန်းသူ Weibo သို့သွားခဲ့ပြီး [ အိုက်အိုက်ရေးးး ရှင်းရှင်းက ပြောရေးဆိုခွင့်ရှိသူဖြစ်လာမှာကို သိနေတာလာ? မြန်မြန်ပြော နင်ဘာသိထားသေးလဲ? ]
[ အိုက်အိုက် နင့်ရဲ့​ထင်မြင်ချက်​က တကယ်​မှန်​တယ်​၊ အနာဂတ်​မှာ နင့်ကို ငါ အမြဲအာရုံစိုက်​​တော့မယ် ]
[ ငါတို့ကို လှောင်ပြောင်နေတဲ့ ကျော်ကြားသူတွေရဲ့ ပရိတ်သတ်တွေ ဘယ်ပျောက်ကုန်လဲ? သူတို့မျက်နှာနီရဲနေပြီလာ? ]
[ ဟားဟား! အရမ်းရယ်ရတာဘဲတယ်၊ လူလိမ်လို့ပြောဦးလေ! မင်တို့ဘဲ လူလိမ်တွေ၊ ဟာဟာဟာ~~]
မားမားမုက ပရိသတ်တွေရဲ့ မက်ဆေ့ချ်တွေကို မြင်တဲ့အခါ ဝမ်းသာအားရနဲ့ မဲဖောက်ပေးမယ်လို့ ပိုစ့်အမြန်တင်ခဲ့တယ်။
[ ကြယ်လေးရဲ့တရားဝင်ထောက်ခံမှုကိုဂုဏ်ပြုဖို့အတွက် ငါ W&W နွေရာသီအတွက် အဆင်သင့်ဝတ်ဆင်နိုင်တဲ့ ပစ္စည်းဆယ်ခုကိုမဲဖောက်ဖို့ဆုံးဖြတ်လိုက်တယ်။ အခြေအနေက ဖော်ပြတဲ့အတိုင်းဘဲ - ရှင်းရှင်း၏ Weibo ကို အကြိမ် 100 ကျော် retweet လုပ်ပါ။ ကြယ်လေးကိုအားပေးပါ...] မကြာခင်မှာဘဲ မားမားမုရဲ့ Weibo ပိုစ့်ကို ဖန်အများအပြား လာရောက်ကြည့်ရှုခဲ့ကြတယ်။
[ ဝိုး! W&W ၏နွေရာသီအသင့်ဝတ်ဝတ်စုံ! အဲ့တာက အနည်းဆုံး ယွမ်၂သောင်းဘဲ! အိုက်အိုက်ကအမှန်တကယ်ကိုချမ်းသာတာဘဲ ]
[ အိုက်အိုက်ရဲ့ ရွှေပေါင်ကိုကိုင်ပြီး ယခုချိန်ကစပြီး အိုက်အိုက်နောက်လိုက်တော့မယ် ]
[ အိုက်အိုက် ငါက ပုံဆွဲတဲ့အခြေအနေနဲ့ ကိုက်ညီတယ်၊ ငါ့ကို ရွေး ငါ့ကိုရွေး! ငါ့ကိုရွေး! အရေးကြီးတာကို သုံးခါပြောရတယ် ]
...
အဖွဲ့တွင် လူအများအပြားသည် တရားဝင်ကြေငြာချက်သတင်းကို တွေ့ရှိခဲ့ကြပြီး ရုပ်ရှင်ရိုက်ကူးနေသော မုရှင်းယုကို အံ့အားသင့်သောအမူအရာများကို ပြသခဲ့ကြသည်။
ကျန်းကျိတုန်သည် မုရှင်းယုနှင့်တွဲကာ သရုပ်ဆောင်နေပြီး သူ့ပတ်ဝန်းကျင်မှလူများက တစ်စုံတစ်ခုအကြောင်းပြောဆိုနေကြသည်ကိုတွေ့လိုက်ရပြီး သူနှင့်မုရှင်းယု၏ အမူအရာများအလွန်ကွာခြားသည်ကို တွေ့လိုက်တော့ ထူးဆန်းမှုကိုခံစားခဲ့ရပြီး ရိုက်ကူး​ရေးအကျိုးသက်ရောက်မှုကိုပင် ထိခိုက်ခဲ့သည်။
" ကျိတုန်! မင်းဘာကိစ္စရှိလို့လဲ? ဒီအချိန်မှာ မင်းက ပြတ်သားတဲ့သဘောထားကိုပြသင့်တာ! " ဒါရိုက်တာကျန်းက မကျေမနပ်နဲ့ ပြောလိုက်တယ်။
အခုရိုက်ကူးနေတဲ့အရာကတော့ စုန်ချင်ဟယ်က ရှန်းကျန့်ကိုသတ်ဖို့ ဆုံးဖြတ်ပြီး အကျင့်ပျက်ချန်မင်းဆက်ကို ဖြုတ်ချဖို့အတွက် နောက်ဆုံးပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ကျန်းကျိတုန်းသည် ပတ်ဝန်းကျင်ကြောင့် ထိခိုက်ခဲ့ပြီး ရိုက်ကူမှုအပေါ် သက်ရောက်မှုရှိသော အခြေအနေရှိခဲ့သည်။
ဒါရိုက်တာကျန်သည် အလွန်စိတ်ပျက်သွားပြီး အားလုံးကို ဦးစွာ အနားယူခိုင်းကာ ငါးမိနစ်အတွင်း ဆက်လက်ရိုက်ကူးရန်ပြောခဲ့သည်။
မုရှင်းယု ထွက်လိုက်တာနဲ့ အဖွဲ့သားတစ်ယောက်ရောက်လာပြီး " ရှင်းယု မင်း W&W ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာမယ်လို့ ငါမထင်ထားဘူး။ တကယ်ကို အံ့သြစရာကောင်းတာဘဲ "
" ရှင်းယု မင်းက တကယ်ကောင်းတဲ့ အရာတွေကို တိတ်တိတ်လေးလုပ်နေတာဘဲ။ တရားဝင် ကြေငြာချက်ကမဟုတ်ရင် မင်း W&W ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာတာကို ငါတို့ သိမှာတောင် မဟုတ်ဘူး " ထိုအခါမှ မုရှင်းယုသည် W&W သည် သူ့ကိုပြောရေးဆိုခွင့်ရှိသူအဖြစ်
တရားဝင်ကြော်ငြာလိုက်ကြောင်း သိလိုက်ရသည်။
" မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ပြောရေးဆိုခွင့်ရှိသူဖြစ်ရတာ ကံကောင်းလို့ပါ " မုရှင်းယုကပြုံးလိုက်တယ်။
ကျန်ကျိတုန်သည် အဖွဲ့သားများ၏ စကားကိုကြားသောအခါ သူ့မျက်နှာသည် စိမ်းလာပြီးနောက် ဖြူဖျော့သွားကာ ရှုကျိုး၏လက်မှ မိုဘိုင်းလ်ဖုန်းကို ယူကာ W&W ၏ Weiboမှ ပြောရေးဆိုခွင့်ရှိသူအဖြစ် မုရှင်းယုကို ကြေငြာထားသည်ကို တွေ့လိုက်ရပြီး ချက်ချင်းပင် အံသြသွားခဲ့သည်။
" ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? " ကျန်းကျိတုန်က အရမ်းအံ့သြသွားတယ်။ သူ အကြိမ်ထောင်နဲ့ချီပြီး တွက်ချက်ခဲ့ပေမယ့် နောက်ဆုံး ပြောရေးဆိုခွင့်ရှိသူဖြစ်လာသူမှာ မုရှင်းယုလို့ မမှန်းဆမိခဲ့ဘူး။
Liu Yue ပြောတာကို သူထပ်တွေးမိသွားတယ်။ ပြောရေးဆိုခွင့်ရှိသူကို သူသိတယ်လာ? တကယ်တော့ သူတို့က အဖွဲ့သားတွေဘဲ!
သို့သော် ကျန်းကျိတုန်သည် အလွန်ဒေါသထွက်သွားတယ်။ မုရှင်းယုသည် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးသာဖြစ်သည်။ တကယ်လို့ W&W ၏ ကမ္ဘာလုံးဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူကို သူနှင့် အဆင့်တူသော မင်းသားတစ်ဦးအား ကြေငြာခဲ့ပါက သူလက်ခံနိုင်ပေသေးသည်။ ဒါပေမယ့် အခုက မုရှင်းယုဖြစ်နေတယ်။ သူက သရုပ်ဆောင်ပေါက်စလေးလေ။ သူဘယ်လိုမှလက်မခံနိုင်ဘူး။
" အစ်ကိုကျန်း သူ့ကိုနောက်ဆုံးပြောရေးဆိုခွင့်ရှိသူဖြစ်ဖို့ ကျွန်တော် မမျှော်လင့်ထားဘူး " ရှုကျိုးလည်း အံ့သြသွားတယ်။
" သူကဘာလို့! ပြောရေးဆိုခွင့်ရှိသူဖြစ်လာရတာလဲ! " ကျန်းကျိတုန်က အဖွဲ့သားတွေဝိုင်းထားတဲ့ မုရှင်းယုကိုကြည့်ရင်း သူ့မျက်နှာက အနည်းငယ်ရုပ်ဆိုးနေခဲ့တယ်။
" ငါက Liu Yueကို 8သန်းပေးခဲ့တယ်၊ သူက ပိုပေးခဲ့တာလား? " ကျန်းကျိတုန် အံသြရုံမှလွဲ မတတ်နိုင်ခဲ့ဘူး။
" အစ်ကိုကျန် မင်းရဲ့အသံကို လျှော့ဦး " ရှုကျိုးက အမြန်သတိပေးလိုက်သည်။
ကျန်းကျိတုန်က စကားမပြောတော့ဘဲ ရေသောက်ရန်ထိုင်လိုက်ပြီး ရေသောက်နေစဥ် ဝဘ်ဆိုဒ်ကို လှန်လှောကြည့်လိုက်သည်။ သူ၏ ပရိသတ်အချို့က သူသည် ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာမည်ဟု ထင်မြင်ခဲ့ကြသော်လည်း သူတို့ သတိမမူမိခင် မုရှင်းယုသည် သူ့ထောက်ခံချက်ကို လုယက်သွားသည်ဟု ပရိသတ်အများအပြားက ထင်ကြေးပေးခဲ့ကြသည်။
ကျန်းကျိတုန်က သူပြောရေး ဆိုခွင့်ရှိသူမဖြစ်နိုင်ဘူးဆိုတာ သိပေမယ့် သူ့မျက်နှာအတွက်ကြောင့် ထိုကိစ္စကို သူဘယ်တော့မှ ထုတ်မပြောခဲ့ပေ။
....
သတင်းအတုတွေ ပြန့်နှံ့လာတာနဲ့အမျှ ဒါဟာ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ တကယ့်သတင်းဖြစ်လာတာကြောင့် တရားဝင် Weibo က ပြောရေးဆိုခွင့်ရှိသူကို ထုတ်ပြန်လိုက်ပြီးနောက် ကျန်းကျိတုန်ရဲ့ ပရိသတ်တွေက ဒါကိုလက်မခံနိုင်ဘဲ မုရှင်းယုသည် ထောက်ခံချက်ကို ဖြတ်လုလိုက်သည်ဟု ဆိုးသွမ်းတဲ့ ထင်ကြေးတွေပေးလာကြတယ်။
ကျန်းကျိတုန်သည် Weibo ကို ကြည့်ရှုသောအခါတွင် သူသည် ဤအန္တရာယ်ရှိသော ထင်မြင်ချက်များကို အာရုံစိုက်ခဲ့ပြီး ထောက်ခံချက်ရရှိရန် မုရှင်းယုသည် ငွေသုံးစွဲကြောင်း သူ့စိတ်ထဲတွင် ပို၍ပို၍ ခံစားလာရသည်။
မုရှင်းယုသည် ပြောရေးဆိုခွင့်ရှိသူဖြစ်လာရန် မုမိသားစု၏ဘဏ္ဍာရေးအရင်းအမြစ်များကို မှီခိုနေရသည်ဟု ပရိသတ်တစ်ဦးမှပြောသည်ကိုမြင်လျှင် ကျန်းကျိတုန်သည် ကျိုးကြောင်းဆီလျော်သည်ဟုထင်ကာ ဤ Weibo ကို like ပေးမိသွားသည်။ သို့သော် ပြဿနာမဖြစ်အောင် သူသည် ထိုဟာကို အလျင်အမြန် ပယ်ဖျက်လိုက်သည်။
ဒါပေမယ့် ပရိသတ်တွေက
သူတို့အိုင်ဒေါတွေရဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကြတယ်။ ပရိတ်သတ်အချို့က သူသည် like ပေးပြီးခဲ့ပြီးမှ ၎င်းကို ပြန်ဖျက်လိုက်သည်ကိုမြင်တော့ မုရှင်းယုသည် ထောက်ခံအားပေးမှုကို ငွေဖြင့်ဝယ်ယူခဲ့ကြောင်း ပရိသတ်များက ပို၍ပင်ခံစားခဲ့ကြပြီး ၎င်းတို့၏ idol အတွက် တိုက်ပွဲစတင်ခဲ့ကြသည်။
[ မိသားစုနောက်ခံကို အားကိုးပြီးအခြားသူရဲ့ ထောက်ခံမှုကို လုယူတာ မရှက်ဘူးလာ? ]
[ 18line လေးက W&W ၏ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာတယ်? အမှတ်တံဆိပ်က မျက်စိကန်းနေတာလား? ]
[ W&W China Official Blog မုရှင်းယုက နင်တို့ကို ဘယ်လောက်ပေးထားလဲ? ]
မားမားမုက ထို Weibo အကောင့်တွေကို မြင်တဲ့အခါ ဒေါသအရမ်းထွက်ပြီး စားပွဲကိုရိုက်ကာ Weibo ပေါ်က မုရှင်းယုရဲ့ anti အကောင့်တွေကို ကြိမ်းမောင်းခဲ့ပါတယ်။
ကြယ်လေးရဲ့အုပ်ထိန်းသူ: [ မင်းရဲ့ idol က ပြောရေးဆိုခွင့်ရှိသူ မဟုတ်ပါဘူး၊ ဒါပေမယ့် သူက ပြောရေးဆိုခွင့်ရှိသူဖြစ်ကြောင်း လျှို့ဝှက်စွာ ထုတ်ဖော်တယ်။ ဒီလို မျက်နှာပြောင်တဲ့ လူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး! ]
ကြယ်လေးရဲ့အုပ်ထိန်းသူ: [ သူ့ပုံရိပ်က W&W အမှတ်တံဆိပ်သဘာဝနဲ့လုံးဝကိုက်ညီမှုမရှိဘူး၊ အမှတ်တံဆိပ်က မကန်းလို့ သူ့ကိုမရွေးချယ်ခဲ့တာပေါ့ ]
မားမားမု Weibo အကောင့်သည် ကြယ်မိုးမိုးများကြားအလွန်နာမည်ကြီးနေသည်။ ကျန်းကျိတုန်၏ ပရိသတ်များသည် ချက်ချင်းဆိုသလိုပင် သူမကို အာရုံစိုက်လာကြသည်။
အချို့သော မနာလိုသောစကားများနှင့် ကျိန်ဆဲမှုများသည် မားမားမုကို အလွန်ဒေါသထွက်စေခဲ့ပြီး ကျန်းကျိတုန်၏ အစွန်းရောက်ပရိသတ်များကို ကြိမ်မောင်းရန် မကူညီနိုင်ခဲ့ပေ။
သူမ၏ ရက်ရောသော ကံစမ်းမဲဖောက်ခြင်းကြောင့် ကျန်းကျိတုန်၏ အစွန်းရောက်ပရိသတ်များက သူမသည် ရှင်းယုစတူဒီယိုမှ ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ မားမားမု၏ မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ရန်အတွက် ၎င်းတို့သည် မားမားမုကိုအရှက်ရစေခဲ့ကြသည်။
မုရှင်းယုသည် သတင်းရသောအခါ အချိန်နှောင်းသွားခဲ့ပြီး သူ့အမေ၏ အထောက်အထားကို ထုတ်ဖော်ပြီးသားဖြစ်နေပြီးဖြစ်သည်။
[ မင်း မုရှင်းယုကို ထောက်ခံတာ အံ့သြစရာ မဟုတ်တော့ဘူး မုရှင်းယုရဲ့ အမေဖြစ်နေတာကို ]
[ ဟီးဟီး၊ မုမိသားစုက ဒေဝါလီခံနေရလို့လား? မုရှင်းယုက သူ့အမေကိုတောင် ရေတပ် အတွက်ဖိတ်ခေါ်တယ်ဆိုတော့ ]
ကျန်းကျိတုန်၏ ပရိသတ်များသည် မားမားမုကို တယောက်ပြီး တယောက် ဆူပူကြိမ်းမောင်းရန် ထွက်လာခဲ့သော်လည်း မုရှင်းယု၏ ပရိသတ်များသည် " ကြယ်လေးရဲ့အုပ်ထိန်သူ " ၏ စစ်မှန်သော identityကို သိပြီးနောက် မားမားမုအကောင့်ထဲသို့ အရူးအမူး ဝင်လာကြသည်။
ကျန်းကျိတုန်၏ ပရိသတ်များအပေါ် ပြန်လည်တိုက်ခိုက်ရန် မားမားမုကို ကူညီရန်ရောက်လာကြသည်။
သို့သော်လည်း မစ်မု၏ အပြုအမူကို မြင်လိုသော ဖြတ်သန်းသွားသူ အများအပြားလည်း ရှိခဲ့သည်။
[ Wow၊ ဒါ ကျီနန်းဥက္ကဌရဲ့ဇနီးလာ? ချမ်းသာတဲ့မဒမ်က ကြယ်နောက်လိုက်မယ်လို့ မမျှော်လင့်ထားဘူး ]
[ ကြယ်နောက်လိုက်တာ ချဲ့ကားတာမဟုတ်ပါဘူး၊ မဒမ်မုက သူ့သားကိုပံ့ပိုးဖို့ကြယ်နောက်လိုက်တာဘဲ။ မဒမ်က တကယ်ကို ချစ်ဖို့ကောင်းတယ် ]
[ မစ်မုက ဒါရိုက်တာတွေရဲ့ Weibo အများအပြားကို Follow ထားတာကို ငါတွေ့ခဲ့တယ်။ သူမက မုရှင်းယုရဲ့ ဇာတ်လမ်းအသစ်အတွက် ဒါရိုက်တာရှာဖို့ ကူညီပေးချင်တာလား? ]
.....
မားမားမုသည် ယခုအချိန်တွင် အံသြသွားကာ သူမ၏ identityကို သေချာမထိန်းသိမ်းနိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမ ဘာလုပ်ရမှန်းမသိခင် မုရှင်းယုထံမှ ဖုန်းဝင်လာသည်။
" ရှင်းယု " မားမားမုက အပြစ်မကင်းသောစိတ်ဖြင့်ခေါ်လိုက်သည်။
" မား မားရဲ့အကြောင်း ကျတော်သိပြီးပြီ။ စတူဒီယိုက ဒါကို ဖြေရှင်းပေးမှာမို့လို့ စိတ်မပူပါနဲ့ "
" ရှင်းယု ဒီလိုဖြစ်မယ်လို့ မားမမျှော်လင့်ထားဘူး။ သားကို ဒုက္ခပေးမိပြီးလား? "
" မဖြစ်ဘူး၊ စိတ်မပူပါနဲ့၊ မားရဲ့ Weibo အကောင့်နံပါတ်နဲ့ စကားဝှက်ကို ကျတော့်ဆီပို့ပေးပါ " မုရှင်းယုနှစ်သိမ့်ခဲ့သည်။
မူလက မုရှင်းယုသည် လန်ယင်ထံသို့ အကောင့်လျှို့ဝှက်နံပါတ်ကို ပေးပို့လိုသော်လည်း မားမားမုနှင့် စကားပြောပြီးသည်နှင့် လန်ယင်ကဖုန်ခေါ်လာကာ ပြဿနာပြေလည်သွားပြီဖြစ်ကြောင်းနှင့် မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်းပြောကြားခဲ့သည်။
သူက Weibo ကိုကြည့်ရန် လျင်မြန်စွာနှိပ်လိုက်ပြီး မားမားမု Weibo ကိုကြည့်ရှုရန်လာသော အင်တာနက်အသုံးပြုသူအများအပြားက မမျှော်လင့်ထားသောအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေသည်ကိုတွေ့ရှိခဲ့သည်။
[ ဝိုး! မဒမ်မုက ကြယ်နောက်လိုက်နေတာဘဲ။ လူချမ်းသာဇနီးမောင်နှံတွေက ကမ္ဘာတစ်ဝှမ်းက စျေးကြီးတဲ့ ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေကို လိုက်ဝယ်ကြသူတွေလို့ ငါထင်ခဲ့တာ ]
[ မစ်မုက မြင့်မြတ်ကြော့ရှင်းတယ်လို့ ငါတွေးခဲ့ဖူးပေမယ့် ငါ Antiဖန်တွေနဲ့ သူမ၏ Weibo တိုက်ပွဲကိုဖတ်ပြီးနောက်တော့ ဘယ်လိုကွာခြားမှုမျိုးလဲ! ဒါကချစ်ဖို့ကောင်တယ်! ]
[ ငါကလည် အမာခံဖန်တစ်ယောက်ပါ၊ မင်းကို မစ်မုတစ်ယောက်ဖြစ်ဖို့ ငါမမျှော်လင့်ထားခဲ့ဘူး ]
[ မုရှင်းယုက သူ့ကို အရမ်းချစ်တဲ့ အမေတစ်ယောက်ရှိလို့ အရမ်းပျော်နေမှာဘဲ ​​မနာလိုမျက်ရည်ကျမိတယ် :jpg ]
[ ကျီနန်းအိမ်ခြံမြေအစည်းဝေးက တင့်တယ်ကျော့ရှင်းတဲ့မဒမ်မုက Weiboမှာ တစ်နေ့ကို အကြိမ်ပေါင်းသုံးရာပြည့်တဲ့ fan war ကိုဆင်နွှဲပြီး၊ ကြယ်နောက်လိုက်သူတစ်ယောက်လို့ ဘယ်သူကထင်မှာလဲ? ]
...
အင်တာနက်ပေါ်က မားမားမုရဲ့ အပြောအဆို အပြုအမူတွေဟာ သတင်းမီဒီယာက ဖော်ပြထားတာနဲ့ လုံးဝကွဲပြားတယ်။ အင်တာနက် သုံးစွဲသူတွေက စက်ဆုပ်ခြင်းမရှိရုံတင်မကဘဲ မားမား၏ ချစ်စရာ ဆန့်ကျင်ဘက်အပြုအမူကိုလွန်စွာသဘောကျနေကြတယ်။
လန်ယင်သည် ဤလက္ခဏာကိုတွေ့ရှိသည်နှင့်တပြိုင်နက် သူမအား လမ်းပြောင်းပေးရန် လူထုဆက်ဆံရေးအဖွဲ့အား ချက်ချင်းတောင်းဆိုကာ အခြေအနေကို အမြန်နှိမ်နှင်းကာ ချမ်းသာကြွယ်ဝသောမဒမ်၏ ကြယ်နောက်လိုက်သော ချစ်စဖွယ်အသွင်အပြင်ကို လူတိုင်းအာရုံစိုက်စေခဲ့သည်။
နောက်ဆုံးမှာတော့ မားမားမုဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ခံခဲ့ရပြီး အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်လာခဲ့တယ်။
မုရှင်းယုသည် ခုမှသက်ပြင်းချနိုင်သော်လည်း နောင်တွင် Weibo တွင်စကားပြောသည့်အခါ သတိထားဖို့ သူ့အမေကိုဖုန်ခေါ်ရဆဲဖြစ်သည်။
ကျန်းကျိတုန်သည် မားမားမုသည် လုံခြုံပြီး အခြေနေကောင်းမွန်ကြောင်းကိုမြင်သောအခါ အလွန်ဒေါသထွက်ခဲ့ပြီး ၎င်းသည် မုမိသားစုက သူ့ဆီမှထောက်ခံမှုဖယ်ထုတ်လိုက်သောအဆုံးသတ်ဖြစ်ကြောင်း ခံစားခဲ့ရသည်။
ထို့ပြင် Steve သည်လည်း Weibo တွင် ' ကိုယ်စားလှယ်လောင်းများစွာနှင့် တွေ့ဆုံခဲ့ရသော်လည်း မုရှင်းယုနှင့် မတွေ့ဆုံမီအထိ မည်သူကမျှ သူ့ကျေနပ်မှုကိုမရရှိကြောင်း' ပြောကြားထားတယ်။
ဒါက သူ့ကို ပိုလို့တောင် ဒေါသထွက်စေတယ်။ ပထမအချက်အနေနဲ့ သူမျက်နှာပျက်ရတယ်လို့ ခံစားရပြီး ဒုတိယအနေနဲ့ Steve က မုမိသားစုဆီက လာဘ်ငွေတွေကို လက်ခံထားတယ်လို့ ခံစားရတယ်။
နောက်တစ်နေ့ ရိုက်ကူးရေးမှာ ကျန်းကျိတုန်ဟာ ​​ရိုက်ကူးရေးအကြောင်းအရာကို ရုတ်တရက်မြင်လိုက်တော့ စိတ်ထဲမှာ အစီအစဉ်တစ်ခုပေါ်လာခဲ့တယ်။
ဇာတ်လိုက်အဖြစ် စုန်ချင်းဟယ်သည် သူ့တွင်သဘာဝအတိုင်း ပြိုင်ဘက်များရှိပြီး ၎င်းတို့ထဲတွင် ဗိုလ်ချုပ်လျို့၏ လက်အောက်ခံ ဗိုလ်ချုပ်ဖန်ချူးလည်း ပါဝင်သည်။ ဗိုလ်ချုပ်ချူးသည် လျို့ချီကို ငယ်စဉ်ကတည်းကသဘောကျခဲ့သူဖြစ်သည်။ သို့သော် လျို့ချီသည် စုန်ချင်းဟယ်ကိုနှစ်သက်ပြီး စုန်ချင်ဟယ်၏ ပြောင်မြောက်သောစွမ်းဆောင်ရည်များသည် ဖန်ချူးကို မနာလိုဖြစ်စေသောကြောင့် စုန်ချင်ဟယ်ကို လုပ်ကြံရန် လူသတ်သမားတစ်ဦးကို ဌားရမ်းခဲ့သည်။
ထိုအချိန်တွင် မြို့တော်မှ လွတ်မြောက်လာသော ရှန်းကျန့်သည် စုန်ချင်ဟယ်ကို ကယ်တင်ခဲ့ပြီး လျို့ချီနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ၎င်းတို့ သုံးဦးသည် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုမျ တိုးပွားလာခဲ့သည်။
လူသတ်သမားသည် စုန်ချင်ဟယ်ကို လုပ်ကြံလိုက်သော အခါ ရှန်းကျန့်သည် ဒဏ်ရာရနေသော စုန်ချင်ဟယ်ကို အသည်းအသန် ကူညီကယ်ဆယ်ခဲ့ပြီး စုန်ချင်ဟယ်သည် သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ ဤ ဇာတ်လမ်းတွင် ဒရမ်မာအများကြီးပါရှိသည်။
မုရှင်းယုနှင့် ကျန်းကျိတုန်တို့သည် ယခင်က တိုက်ခိုက်ရေး ဇာတ်ကွက်များ ရိုက်ကူးပြီးစီးခဲ့ပြီး ယနေ့တွင် ၎င်းတို့၏ ဇာတ်ဝင်ခန်းများကို အဓိကထား ရိုက်ကူးလျက်ရှိသည်။
ထုံးစံအတိုင်း မုရှင်းယုသည် ဝူကျိ၏ တောင်းဆိုချက်အရ အဖွဲ့လိုက်လုပ်ကြံသူများနှင့် တိုက်ခိုက်ခဲ့သည်။ ယခင်က တိုက်ခိုက်ရေးပြကွက်များစွာ လေ့ကျင့်ပြီးနောက်၊ သူ၏ ကိုယ်ခံပညာပြကွက်များသည် ပိုမိုချောမွေ့လာပြီး ဆရာဝူကျိ၏ ထပ်ခါတလဲလဲ ချီးကျူးခြင်းကိုပင်ခံခဲ့ရသည်။
ပြောသည့်အတိုင်း မုရှင်းယုသည် အနက်ရောင်ဝတ်လူသတ်သမားကို တိုက်ခိုက်နေစဉ် ဒဏ်ရာရနေသော ကျန်းကျိတုန်ထံ ချဉ်းကပ်ခဲ့သည်။ မုရှင်းယုသည် တိုက်ပွဲဇာတ်ဝင်ခန်းကို ပြီးခါနီးတွင် ကျန်းကျိတုန်သည် ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးတစ်ခြမ်းထောက်ကာ တစ်ဖက်တစ်လမ်းမှ ကောင်းမွန်သော ရိုက်ကူးမှုကို အနှောင့်အယှက်ပေးခဲ့သည်။
ဝူကျိသည် ကျန်းကျိတုန်ဒဏ်ရာရသွားသည်ဟုထင်သောကြောင့် အလျင်အမြန်စစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် ကျန်းကျိတုန်အဆင်ပြေကြောင်းကို အတည်ပြုခဲ့သည်။
" အားလုံးကိုစိတ်ပူစေမိပြီး ကျွန်တော့်ခြေထောက်တွေ အားနည်းသွားလို့ပါ ပြန်ရိုက်ကြရအောင် " ကျန်းကျိတုန်က လူတိုင်းကို တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ရိုက်ကူးရေး အဆင်မပြေပါက သူတို့ပြန်လည်ရိုက်ကူးရမည်ဖြစ်သည်။ဒါရိုက်တာကျန်းက လူတိုင်းကို ငါးမိနစ်လောက် အနားယူခိုင်းပြီးပြန်ရိုက်ကူးခိုင်းတယ်။
မုရှင်းယုသည် ထပ်မံသိုင်းပညာမြင်ကွင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဇာတ်ညွှန်းအရ ကျန်းကျိတုန်သည် ယခုအချိန်တွင် ဒဏ်ရာရခဲ့ပြီး လူသတ်သမား၏ တိုက်ခိုက်မှုကိုရှောင်ရှားရန် ဓားကိုကိုင်ထားရန်သာ လိုအပ်သော်လည်း သူသည် လက်ကိုဖြေလျော့လိုက်ပြီး ဓားသည် မြေပြင်ပေါ်သို့ကျသွားသည်။
ဤအခြေအနေသည် ဝူကျိ၏ လိုအပ်ချက်များနှင့် လုံးဝကွဲပြားနေသည်။ လူသတ်သမား၏ အခန်းကဏ္ဍတွင် ပါဝင်သည့် ဖြတ်လျောက်သရုပ်ဆောင်သည် ခဏတာမျှ မတုံ့ပြန်နိုင်ဖြစ်သွားပြီး သရုပ်ဆောင်မှု၏ စည်းချက်အား အနှောင့် အယှက်ဖြစ်စေခဲ့သည်။
" ရပ်တော့ ရပ်လိုက်! " ဒါရိုက်တာကျန်းက ချက်ခြင်းရပ်လိုက်သည်။
ကျန်းကျိတုန်က အလျင်အမြန် တောင်းပန်တယ် " ဒါရိုက်တာကျန် ကျတော့်လက်တွေ နည်းနည်းထုံနေလို့ ဓားကိုသေချာမကိုင်ထားမိဘူး "
ဒါရိုက်တာကျန်းက ရိုက်ကူးမှုကို ရပ်ဆိုင်းလိုက်ပြီး ကျန်းကျိတုန်က သူ့လက်ခြေတွေကို မြန်မြန်ရွှေ့လိုက်တယ်။
မုရှင်းယုသည် မြေပြင်ပေါ်သို့ကျလာပြီး သူ့လက်နှစ်ဖက်နှင့် ခါးများ နာကျင်လာသည်။ သူကထိုင်လိုက်ပြီး ကျန်ကျိတုန်ကိုကြည့်လိုက်တယ်။ ကုလားထိုင်ပေါ်ရှိ လက်ထောက်က နှိပ်နယ်ပေးနေသည့် ကျန်းကျိတုန်သည် သူ့မျက်လုံးများတွင် မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့် ကြည့်နေသည်။
ကျန်းကျိတုန်နဲ့ ရိုက်ကူးခဲ့တုန်းက NG အရေအတွက်က အရမ်းနည်းတဲ့အတွက် ရိုက်ကူးရေးတိုးတက်မှုက အရမ်းမြန်တယ်။
ယခုမူ ကျန်းကျိတုန်၏ အမှားနှစ်ခုသည် ရုတ်ခြည်းဖြစ်ပြီး အတွေ့အကြုံရှိ သရုပ်ဆောင်တစ်ဦးလုပ်သင့်သည့် အမှားတစ်ခုလိုမဟုတ်ဟု သူခံစားမိသည်။ တတိယအကြိမ် ပြန်လည်ရိုက်ကူးပြီးနောက် ကျန်းကျိတုန်က အမှားလုပ်မိနေသေးသောအခါ၊ မုရှင်းယုသည် ကျန်းကျိတုန်က သူ့ကို တမင်တကာ ပစ်မှတ်ထားနေကြောင်း သေချာသွားသည်။
ရာသီဥတုသည် ပူလောင်းခြင်မရှိသော်လည်း တစ်နာရီနီးပါး ထပ်ခါတစ်လဲရိုက်ကူးပြီးနောက် ဖိအားများအောက်တွင် သူ၀တ်စုံသည် အလွန်ပါးလွှာပြီး ချွေးထွက်များကာ ချွေးသည် အရေပြားပေါ်တွင် စွန်းထင်းနေကာနာကျင်ပြီး အဆင်မပြေဖြစ်နေသည်။
ကျန်းကျိတုန်သည် ရှောင်ဝမ်း ထားပေးတဲ့ ကုလားထိုင်ပေါ်တွင် ထိုင်နေသောမုရှင်းယုကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
" အစ်ကိုရှင်းယု၊ မနက်ဖြန်မှ ဒီဇာတ်ဝင်ခန်းကို ရိုက်ဖို့ ဒါရိုက်တာနဲ့စကားပြောကြည့်မလာ? "
" မလိုဘူး " မုရှင်းယုက အရမ်းပင်ပန်းနေပေမယ့် ခေါင်းခါလိုက်တယ်။ ဝိညာဉ်ရည်ကြောင့် သူ့ရုပ်ပိုင်ဆိုင်ရာပြဿနာများအတွက် စိတ်ပူစရာ မလိုဘူး။
ထိုအချိန်တွင် သူ့ထံသို့ မရောက်တာကြာပြီဖြစ်သော ကျိုးရုရွှမ်သည် " ရှင်းယု တိုက်ပွဲဇာတ်ကွက်ကို ရိုက်ပြီးရင် အဆင်မပြေဖြစ်မှာ သေချာတယ်။ ငါ့မှာ ဆေးဖက်ဝင်ဝိုင်ရှိတယ်၊ သက်ရောက်မှုက အရမ်းကောင်းတယ်၊ မင်းသုံးလို့ရတယ် "
" အစ်မရွှမ် အစ်မရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျတော်ဒါကို မလိုပါဘူး "
" အကျိုးသက်ရောက်မှုက တကယ်ကောင်းတာ မင်းကို ဘာလို့ မစမ်းကြည့်တာလဲ? " ကျိုးရုရွှမ်က ပုလင်းအဖုံးကို ဝက်အူမဖြင့်ဖြုတ်ပြီး မုရှင်းယုကို ဆေးဖက်ဝင်ဝိုင် ကျွေးရန် စီစဉ်ခဲ့သည်။
မုရှင်းယုက ကမန်းကတန်း ရှောင်ထွက်သွားတော့ သူမရဲ့နူးညံ့တဲ့မျက်နှာက ရုတ်တရက် လေးနက်လာတယ် " အစ်မရွှမ် နောက်ဆုံးပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်ဘူးထင်တယ်၊ အစ်မ လူတွေကို သူတို့ရိုက်ထားတဲ့ ဓါတ်ပုံအားလုံးကို ရှင်းခိုင်းလိုက်ပါ၊ မဟုတ်ရင် အစ်မရဲ့ထောက်ခံ​ချက်​ အားလုံးအဆုံးသတ်​ဖို့ အချိန်ရောက်လာလိမ့်မယ် "
ကျိုးရုရွှမ်၏ လှုပ်ရှားမှုသည် တောင့်တင်းသွားပြီး သူမ၏မျက်​နှာသည်​ အနည်းငယ်​ဖြူဖျော့သွားကာ သူမ​ရှေ့တွင်​ ခက်ထန်​​သောလူသည်​ မုရှင်းယုဖြစ်အစစ်အမှန်​ဖြစ်သည်ကို သူမ မယုံနိုင်လောက်အောင်ဖြစ်​သွားသည်​။
မကြာသေးမီက မုရှင်းယုသည် ကျိုးရုရွှမ်နှင့် ခပ်ဝေးဝေးတွင်နေပြီး ကျိုးရုရွှမ်းသည် ကျန်းကျိတုန်ကို အာရုံစိုက်ပြီးနောက်တွင် စကားသိပ်မပြောဖြစ်တော့ပေ။
ကျိုးရုရွှမ်နှင့် ခပ်ဝေးဝေးနေလိုသောကြောင့် ကျိုးရုရွှမ်၏ အရာများကို ငြင်းဆိုသော်လည်း တစ်စုံတစ်ယောက်သည် သူ့ကို ဓာတ်ပုံရိုက်နေသည်ဟု ခံစားလိုက်ရပြီး ကြည့်လိုက်သောအခါ ကျိုးရုရွှမ်၏ လက်ထောက်ဖြစ်သည်ကိုတွေ့လိုက်ရသောကြောင့် သူ့မျက်နှာသည် ရုတ်တရက် ရုပ်ဆိုးလာသည်။
" ဒါက နောက်ဆုံးအကြိမ်ပဲ၊ အစ်မစိတ်ထဲမှာ ဘာပဲရှိနေပါစေ အဲဒါကို နာခံမှုရှိရှိ ဖယ်ထားလိုက်ပါ " မုရှင်းယုသည် အလွန်အေးစက်သော အမူအရာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဧည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ကျိုးရုရွှမ်းသည် သူမရှိနေသည့်နေရာတွင် နေခဲ့ပြီး အချိန်အတော်ကြာအောင် ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။
ထောက်ခံမှု ဆုံးရှုံးရခြင်းသည် မုမိသားစု၏လုပ်ရပ်ဟု သူမ မယုံခဲ့ပေ။ သူမက မုမိသားစုသည် ဖျော်ဖြေရေးနယ်ပယ်တွင် ဤမျှကြီးမားသော စွမ်းအင်မရှိနိုင်ဟု ခံစားခဲ့ရသော်လည်း မုရှင်းယု၏ ပြောင်လဲသွားသောမျက်နှာကြောင့် သူမမှားသွားကြောင်သိလိုက်ရသည်။
တစ်ဖက်မှာ အနားယူနေတဲ့ ကျန်းကျိတုန်ဟာ ​​ကျိုးရုရွှမ်းက မုရှင်းယုကိုလာရှာသောအခါ မနာလိုဝန်တိုမှုကို ခံစားခဲ့ရတယ်။
ကျိုးရုရွှမ်ကို သူ မကြိုက်ပေမယ့် သူ့အပေါ် အမြဲတမ်း ကြင်နာတဲ့သူတစ်ယောက်က တခြားလူကို သဘောကျဖို့ လှည့်သွားတဲ့အခါ သူက သဘာဝအတိုင်းစိတ်မပျော်တော့ပေ။
ဒါပေမယ့် မကြာခင်မှာပဲ မုရှင်းယုနဲ့ ကျိုးရုရွှမ်တို့ဟာ စကားစမြည်ပြောဆိုခြင်းမရှိတာကို သူတွေ့ရှိခဲ့တယ်။ မုရှင်းယုထွက်သွားပြီးနောက် ကျိုးရုရွှမ်ဟာ ရီစရာကောင်းတဲ့ မျက်နှာထားနဲ့ ကျန်ရစ်ခဲ့တောကိုတွေ့ပြီး သူမရယ်ဘဲမနေနိုင်တော့ဘူး။
ပြန်ရိုက်ကူးပြီး မကြာခင်မှာပဲ ကျန်းကျိတုန်ဟာ ​​သူ့ရဲ့ လှည့်ကွက်ဟောင်းတွေကို ထပ်ခါတလဲလဲ လုပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ မတော်တဆမှုတစ်ခုမှ မရှိခဲ့ပေမယ့် အဖွဲ့လိုက်ရိုက်ကူးသူတွေကို နေရာလွဲမှားမှုဖြစ်စေပြီး ပြန်လည်ရိုက်ကူးခဲ့ရပါတယ်။
သို့သော် သူ့ကို အံ့အားသင့်စေသည့်အရာမှာ အချိန်အကြာကြီး အတင်ဖိအားပေးခံရပြီးနောက် မည်သူမဆို မောပန်းနွမ်းနယ်နေမည်ဖြစ်သော်လည်း မုရှင်းယုသည် ကောင်းမွန်နေပုံရပြီး သူ၏လှုပ်ရှားမှုများသည် အစပိုင်းတွင်ကဲ့သို့ ချောမွေ့နေခြင်းဖြစ်သည်။
*********
ဒါက မူရင်းကိုက နှစ်ပိုင်းခွဲထားတာပါ။
*****
( Zawgyi )
*****
......
မားမားမုက ပရိသတ်တွေရဲ့ မက်ဆေ့ခ်ျတွေကို မြင်တဲ့အခါ ဝမ်းသာအားရနဲ့ မဲဖောက်ပေးမယ်လို့ ပိုစ့်အမြန်တင်ခဲ့တယ်။
[ ဝိုး! W&W ၏နွရောသီအသင့်ဝတ်ဝတ်စုံ! အဲ့တာက အနည်းဆုံး ယွမ်၂သောင်းဘဲ! အိုက်အိုက်ကအမှန်တကယ်ကိုချမ်းသာတာဘဲ ]
...
....
ဒါပေမယ့် ပရိသတ်တွေက
.....
...