"အဲ့ဒါက နာလား?"စုကျင်းယန်၏ မျက်လုံးများသည် နီရဲနေပြီး ကောင်လေး၏ ခေါင်းအနောက်ရှိ သွေးခဲကိုမြင်ပြီး စိုးရိမ်ပူပန်နေကာ စိုးရိမ်စိတ်ဖြင့် သူ့နှလုံးခုန်သံများ ကျော်သွားခဲ့သည်။
လုရီချန်၏ဒဏ်ရာသည် သူထက်ထားတာထက် ပိုပြင်းထန်သည်။
"ဆေးရုံသွားရအောင်!မင်းဦးခေါင်းခွံမှာ စိုက်နေတဲ့ ဖန်ကွဲစတွေရှိနေရင် ဘယ်လိုလုပ်မလဲ?" စုကျင်းယန် သူ့လက်ထဲက ဆေးသေတ္တာကို အောက်ချလိုက်သည်။
ဒါက သူအိမ်မှာ အမြဲအသုံးပြုတဲ့ ဆေးသေတ္တာဖြစ်သည်။
လုရီချန် သူ့ခေါင်းကိုမော့လိုက်ပြီး သူ့မျက်လုံးများထဲကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး စုကျင်းယန်၏ မျက်လုံးများထဲတွင် ပြသနေသော သူ့ကိုယ်သူအတွက် ဖုံးကွယ်မထားတဲ့ စိုးရိမ်ပူပန်မှု့များကို ပြင်းထန်စွာ ကြည့်နေကြီး သူ့မှာရှိနေတဲ့ ဖောက်ပြန်တဲ့ ဆန္ဒကိုကာကွယ်ရန်ဖြစ်သည်။
စီနီယာမျက်လုံးတွေက အရမ်းလှတာပဲ!အာ။
သူ့စီနီယာက ငိုတော့မယ်ဆိုတာကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သူ့သွေးဆာနေတဲ့ သဘာဝကိုဖိနှိပ်လိုက်ပြီး ကြမ်းရှတဲ့အသံနဲ့ ပြောလိုက်တယ် "မလိုပါဘူး ဒဏ်ရာက ကြည်ရတာသာ ကြောက်ဖို့ကောင်းတာပါ အရမ်းမပြင်းထန်ပါဘူး။ဆေးရုံသွားဖို့ မလိုအပ်ပါဘူး။"
စကားပြောပြီးနောက်တွင် မမြင်ရသော တစ်စုံတစ်ခု သည် သူ့မျက်လုံးများကို ငုံ့ထားရင်း တစ်ဖျပ်ဖျပ်လှုပ်ရှားသွားပြီး အဲ့အစား ပတ်ပတ်လည် ပတ်ဝန်းကျင်တစ်ဝိုက်ကို ဖြည်းညင်းစွာ ကြည့်နေသည် "စီနီယာ ကျနော့်ကို ပတ်တီးဆက်ပတ်ပေးပါလား။"
စုကျင်းယန် တခုခုပြောချင်နေသေးပေမယ့်လည်း သု့ရှေ့က ဆိုဖာပေါ်မှာ တောင့်တောင့်ကြီး ထိုင်နေတဲ့ ကောင်လေးကို ကြည့်လိုက်ပြီး စိုရွဲနေကာ တုန်ရီနေပြီး သူငြင်းဆိုမယ့်စကားတွေကို မပြောနိုင်တော့ပေ။
နှလုံးသားက ချဥ်စူးနေပြီး မှုန်မှိုင်းနေသည်။
သူ့မှာရွေးချယ်စရာမရှိတော့ပဲ ကောင်လေး၏ ခေါင်းပေါ်က ဒဏ်ရာကို ကိုရို့ကားယား ဆက်ကုနေရသည်။
သူတို့နှစ်ယောက်ကြားက အကာအဝေးက အရမ်းနီးကပ်နေပြီး လုရီချန် သူ့ဒဏ်ရာအပေါ် မှုတ်ထုတ်လိုက်တဲ့ သူ့စီနီယာ၏ အသက်ရှုသံကိုတောင် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
အဲ့ဒါက သူ့ဦးရေပြားကို စပ်ဖျဥ်းဖျဥ်းခံစားရစေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အမင်း ပိုပြီးစိတ်လှုပ်ရှားလာခဲ့သည်။
အနည်းငယ် ရှင်းမပြနိုင်သော မရေမရာနဲ့ ခေါင်းပေါ်မှာ အလင်းရောင် သူကနှစ်ယောက်အပေါ် လင်းလက်နေသည်။
စုကျင်းယန်က အရမ်းကြီးမစဥ်းစားပဲ လုရီချန်၏ ဒဏ်ရာကို စိတ်သောကရောက်နေသော မျက်နှာဖြင့်သာ ကုသပေးနေသည်။
သူ့အတွက်ကြောင့်သာမဟုတ်ရင် လုရီချန်က ဒီလိုမျိူး ဘယ်လိုလို့ဖြစ်လာနိုင်မှာလဲ?
ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်က ပိုဆိုးဝါးသည်။
ဒါပေမယ့် သူ လုရီချန်ကို အဲအချိန် အဲ့နေရာမှာ ဘာလို့ပေါ်လာတာလဲနဲ့ သူ့ကိုကာကွယ်ဖို့ ဘာလို့ သူအဲ့လောက် လျှင်မြန်စွာ ပြေးထွက်လာတာလဲ မေးဖို့မေ့သွားသည်။
အမှန်တော့ စုကျင်းယန် သူ့ဦးနှောက်ကို နည်းနည်းလေးပဲ သုံးပြီး ဂရုတစိုက် စဥ်းစားကြည့်တာနဲ့ သူ့ကျောရိုးတစ်လျှောက် အေးစက်မှု့ စီးဆင်းလိမ့်မယ် ဒါပေမယ့် သူမစဥ်းစားခဲ့ပါဘူး။
ကောင်လေး၏ စိုစွတ်နေဆဲသော အဝတ်များကိုမြင်တော့ စုကျင်းယန် မျက်မှောက်ကျုံ့သွားခဲ့သည်။
"ခနစောင့် မင်းဝတ်ဖို့ ငါ့အဝတ်တချို့ သွားယူပေးမယ်။မင်း ဒီစောင်ကို အရင်ခြုံထားလိုက်အုန်း အဲ့ဒါဆို မင်းအအေးမမိတော့ဘူး။"
စကားပြောပြီးနောက် စုကျင်းယန် သူ့အခန်းကို အလျင်မြန် ပြေးသွားလိုက်တယ်။
လုရီချန် အမှောင်ထုထဲမှာ သူ့ခေါင်းကို တိတ်တဆိတ် မော့လိုက်ကာ စုကျင်းယန်ရဲ့ နောက်ပြန်လှည့်သွားတဲ့ နောက်ကျောကို လောဘတကြီး ကြည့်ပြီး ထို့နောက် သူ့ခန္ဓာကိုယ် တစ်ဝိုက်က စောင်ပေါ်က စွဲထင်နေတဲ့ အနံ့ကို ထင်ယောင်ထင်မှားဖြစ်စွာ ရှုရှိုက်လိုက်တယ်။
ဒါက စီနီယာရဲ့ ကိုယ်သင်းနံ့ပဲ။
အရသာရှိတယ်။
အာ။
သူတစ်ခန်းလုံးရဲ့ အလှဆင်ထားတာကို ဆိုဖာ၊ စားပွဲခုံနဲ့ထိုင်ခုံ၊ နံရံဆေးရေးပန်းချီ၊ စာအုပ်တွေ၊ အရာအာလုံးကို လှည့်ပတ်ကြည့်လိုက်တယ်.....
သူ့နှလုံးသားထဲမှာ ဒါတွေအားလုံးကို ဖုံးကွယ်ဖို့ ကင်မရာလို ပုံရိပ်တွေကို ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ရှိရင်ကောင်းမယ်လို့ ဆုံတောင်းခဲ့တယ်။
ဒါတွေက.....
စီနီယာ အရင်တုန်းက ထိတွေ့ခဲ့တဲ့ အရာတွေအားလုံးလာ .....
သူဘာမှမလုပ်နိုင်ခင် စုကျင်းယန် ပြန်ပြေးလာခဲ့တယ်။သူက မောနေပြီး သူ့လက်ထဲမှာ အဝတ်သုံးထည်ကိုင်ထားတယ်။တခုက မီးခိုရောင် ကုတ်အင်္ကျီဖြစ်ပြီး တခြားဟာတွေက စုကျင်းယန်၏ ကိုယ်ပိုင် ကျောင်းယူနီဖောင်းဖြစ်သည်။
လုရီချန်က ကျောင်းယူနီဖောင်း ဝတ်ထားပြီးသားဖြစ်ပေမယ့် အခု အဲ့ဒါက သွေးတွေနဲ့ အားလုံးစွန်းနေပြီး လျှော်ဖို့ အရမ်းခက်နေလိမ့်မည်။အဲ့ဒါကြောင့် လုရီချန်ကို သူ့ကိုယ်ပိုင် ကျောင်းယူနီဖောင်း ပေးဖို့စဥ်းစားလိုက်သည်။နောက်ဆုံးမှာတော့ သူက အခုအထက်တန်း စီနီယာဖြစ်နေပြီး သူ့မှာ အစုံတော်တော်များများရှိသည်။
"သွားပြီးတော့လဲလိုက်။"စုကျင်းယန်က လုရီချန်ကို အဝတ်တွေ ကမ်းပေးလိုက်ပြီးနောက် ဦးတည်ရာတစ်ခု ညွှန်ပြလိုက်ပြတယ် "ရေချိုးခန်းက အဲ့ဘက်မှာ အရင်ဆုံး ရေနွေးနွေးလေးချိုးလိုက် အဲ့ဘက်အတိုင်း မင်းလျှောက်သွားရင် မင်းရေချိုးခန်းကို တွေ့လိမ့်မယ်။"
လုရီချန်၏ မှောင်မှိက်သော မျက်လုံးများ တဖျပ်ဖျပ်ခတ်သွားပြီး သူ့ဦးနှောက် ထပ်ပြီးစိတ်လှုပ်ရှားလာခဲ့ကာ သူ့ဦးရေပြားတွေက ထုံထိုင်းနေပြီး သူ့မျက်နှာက ကြွက်သားတွေက အနည်းငယ် တုန်နေသည်။
စီနီယာရေချိုးတဲ့ နေရာ....
ဟီးဟီး။
လုရီချန် ရေချိုးခန်း တံခါးကို ဖွင့်လိုက်ပြီး သူ့အဝတ်စားတွေကို ချွတ်မဲ့အစား နေရာကို တည်ငြိမ်တဲ့အမူရာနဲ့ စူးစမ်းလိုက်တယ်။
သူရေချိုးကန် နံရံတွေကိုထိလိုက်ပြီး သူ့မျက်လုံးတွေက ထပ်ပြီးတဖျပ်ဖျပ်တောက်လာခဲ့တယ်။
စီနီယာ....
မင်းဒီနေရာမှာ အမြဲလှဲပြီး နေ့တိုင်းရေချိုးတာလား?
ရေချိူးခန်း မျက်နှာကြပ်ကိုကြည့်ဖို့ သူ့ခေါင်းကိုမော့လိုက်တယ်။သူ့နှုတ်ခမ်းတွေကိုဖိလိုက်ပြီး သူ့အိတ်ကပ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်ပြီး သင့်တော်တဲ့ ရှု့ထောင့်ကိုရှာနေသလိုမျိူး သူ့မျက်လုံးတွေကို ကျဥ်းလိုက်တယ်။
နောက်ဆုံးမှာ ရေချိုးကန်ကို မျက်နှာမူထားတဲ့ နံရံပေါ်မှာ တစ်စုံတစ်ခုကို ကပ်လိုက်ပြီး ဂရုတစိုက် ကြည့်လိုက်ပေမယ့် ဒီကနေ သူဘာမှမမြင်ရပေ။
ကျစ်။
မှန်ကိုမျက်နှာမူပြီး လုရီချန် သူ့အဝတ်တွေကို တစ်လွှာပြီးတစ်လွှာ ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်။
သူ့ကိုယ်သူ မှန်ထဲမှာကြည့်ပြီး ရွံရှာမှု့ဖြင့် မျက်မှောင်ကြုံလိုက်တယ်။
မှန်ထဲကကောင်လေးမှာ အနီရင့်ရောင့်နဲ့ ခရမ်းရင့်ရောင် အညိုအမဲများ သူ့ခန္ဓာကိုယ်အနှံ့ရှိနေပြီး တချို့မှာ အစင်းကြောင်းများနှင့် တချို့မှာ အဖုများဖြစ်နေပြီးဖြစ်သည်။
ဒီလိုအမှတ်မျိုးသည် တစ်ယောက်ယောက်၏ ရိုက်နှက်ခံရခြင်းမှ မဟုတ်ပဲ ထိုးကျိတ်တိုက်ခိုက်ခြင်းကဲ့သို့ အံ့သြစရာကောင်းသည်။အရောင်သည် ရင့်လဲမရင့် ဖျော့လဲမဖျော့သော်လည်း ၎င်းသည် ခန္ဓာကိုယ်အနှံ့ရှိနေပြီး လျစ်လျှုရှုရန် ခက်ခဲသည်။
ဒီမြင်ကွင်းကို ဆေးကျောင်းသား တစ်ယောက်ယောက်သာမြင်သွားခဲ့ပါက သူတို့တွေက ကြောက်လန့်လွန်းလို့လို့ သူ့တို့ခြေထောက်တွေတောင် ပျော့ခွေ့သွားလောက်တယ်။
ဘာလို့လဲဆိုတော့ ဒီလမ်းကြောင်းများသည် ရှင်းလင်းစွာ Livor mortisဖြစ်သည်။အနီရောင်အမှတ်များသည် သေဆုံးပြီးနောက်မှသာ ပေါ်လာနိုင်သည်။
[Livor mortis ဆေးပညာအသုံးအနှုန်းပါ။ဆွဲငင်အားကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများက သွေးကြောထဲမှာ သွေးတွေစုပုံလာပြီး အရေပြားအရောင်ပြောင်းကာ ပန်းရောင်မှ ခရမ်းရင့်ရောင်ဖြစ်လာတာပါ။]
လုရီချန် သူ့မျက်လုံးတွေကို မှေးလိုက်ပြီး သူ့လက်ဖဝါးနဲ့ သူ့ခန္ဓာကိုယ်ပေါ်က နေရာအချို့ကို ဖြည်းညင်းစွာ ပွတ်ချလိုက်တယ်။
အလွန်အံ့သြဖွယ်ကောင်းစွာ နောက်အခိုက်တန့်မှာ အဲ့ဒီအနီရောင် အမှတ်တွေက ဘယ်တုန်းမှ မတည်ရှိခဲ့သလိုမျိုး ခြေရာမကျန်ပဲ ပျောက်ကွယ်သွားခဲ့တယ်။
သူရေချိုးကန်ထဲမှာ ရေပူမဖွင့်လိုက်ပေမယ့် အဲ့အထဲမှာ အဝတ်မပါပဲ လဲလျောင်းလိုက်တယ်။
လုရီချန် သူ့မျက်လုံးတွေကို မှိတ်လိုက်ကာ အဲ့ဒါက သူက တရားထိုင်နေပုံပေါ်တယ်။
ဒီမြင်ကွင်းက ပိုပြီးကြောက်စရာကောင်းကာ အေးစက်နေတဲ့ ခန္ဓာကိုယ်က အသတ်ခံလိုက်ရပြီး ရေချိုးကန်ထဲမှာ ထားခဲ့သလိုမျိုးနှင့်တူသည်။
စီနီယာလည်း ဒီလိုမျိုး လှဲနေရင်း ရေချိုးတာပဲ။
လုရီချန် ဘေးက ရေချိုးဆပ်ပြာကို ကောက်ယူလိုက်ပြီး အဖြူရောင်လိုးရှင်း အနည်းငယ်ကို ညစ်လိုက်ပြီး သူ့နှာခေါင်းနားကို ယူလိုက်ပြီး အနံ့ခံလိုက်တယ်။
အာ။
ဒါက စီနီယာရဲ့ အနံ့ပဲ။
လုရီချန် မျက်လုံးတွေက အာရုံမစိုက်နိုင်ပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သူနောက်ဆုံး ထုတ်လွှတ်လိုက်သလို တုန်ရီနေတယ်။
ဒီအနံ့....
အရမ်းမွှေးတယ်။
[ဝေဖန်ချက်ရေးသူ ကျေးဇူးပြုပြီး ငါ့ကိုလွတ်ပေးပါ။]
စုကျင်းယန် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး အနည်းငယ် မအီမသာ ခံစားနေရဆဲဖြစ်ပြီး သူ့စိတ်က အနည်းငယ် အာရုံပျံ့လွင့်နေကာ ထိတ်လန့်မှု့၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည်။
လုရီချန်ကြောင့်သာမဟုတ်ပါက အဲ့အချိန်တုန်းက သူဘာဖြစ်သွားမလဲ သူတကယ် မတွေးရဲပေ။
ဒါကိုတွေးမိတော့ သူတစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။
အဲ့ချိန်မှသာ သူ့အဝတ်တွေကလည်း စိုနေတာကို သတိပြုမိလိုက်တယ်။
စုကျင်းယန် သူ့ခေါင်းကိုပုတ်လိုက်ပြီး သူ့အခန်းထဲကို လျှောက်သွားလိုက်တယ်။
ရေချိုးခန်းထဲက လူက ရပ်တန့်သွားခဲ့ကာ သူ့နားရွက်တွေက အနည်းငယ် လှုပ်နေပြီး သူ့မျက်လုံးတွေက ကျဥ်းမြောင်းနေကာ သူဘာတွေးနေလဲဆိုတာ မသေချာပေ။
လုရီချန် သူ့လောကကြီးကို စိတ်ကုန်နေတဲ့ မျက်နှာကိုမော့ပြီး ဆပ်ကပ်ထဲက လူရွှင်တော်လို ပြုံးလိုက်ပြီး သူ့တစ်ကိုယ်လုံးက စတင်တုန်ယင်လာခဲ့တယ်။
စီနီယာ....
သူလည်း အဝတ်တွေ လဲနေတယ်။
စုကျင်းယန် ဗီရိုထဲက အဝတ်တွေက သိပ်မများပေမယ့် အရေအတွက်ကလည်း သေချာပေါက် သိပ်မသေးပေ။အရောင်တွေက အားလုံး အခြေခံဖြစ်ပြီး အနက်၊မီးခိုး၊ အညိုနဲ့ တခြားအရောင့်ရင့် ကာလာတွေဖြစ်တယ်။
သူက တောက်ပြောင်တဲ့အဝတ်တွေ ဝတ်ရတာမကြိုက်ပေမယ့် သူ့ခန္ဓာကိုယ် အချိုးအစားတွေက တကယ်ကောင်းမွန်တယ်။သူဘယ်လိုပဲဖြစ်ဖြစ် ဘာအဝတ်အစားပဲဝတ်ဝတ် သူ့မှာ အမြဲတမ်း ချောမောတဲ့ ပင်ကိုစရိုက်နဲ့ အသွင်အပြင်ရှိတယ်။
စုကျင်းယန်ရဲ့ ဝတ်စားဆင်ယင်မှု့နဲ့ တစ်ခုတည်းသော စွဲလမ်းမှု့က ဖိနပ်တွေဖြစ်နိုင်တယ်။သူက အထူးသဖြင့် တံဆိပ်အမျိုးမျိုးရဲ့ အကန့်သတ်ထုတ်တွေကို စုဆောင်းရတာကို ကြိုက်တယ် ဥပမာ Doctor Martens , Converse နဲ့ တခြား ဝတ်ဆင်မှု့ဖိနပ်တွေ။
ဟီးဟီး။
စီနီယာရဲ့ နောက်ကျောက တကယ်လှတာပဲ။
စီနီယာရဲ့ တစ်ကိုယ်လုံးက မျှော်လင့်ထားတဲ့အတိုင်း နေရာတိုင်းက တောက်ပစွာ လှပတယ်။
ငါတကယ်ပဲ အဲ့ဒါကို ဖွက်ထားလိုက်ချင်တယ်။
အဲ့ဒါကို ငါပိုင်နေသရွေ့တော့ အဆင်ပြေတယ်။
ဟုတ်တယ်၊ အဲ့ဒါဟုတ်တယ်။
အဲ့ဒါ မင်းငါ့ကိုဘယ်လိုခေါ်သင့်လဲဆိုတာပဲ။
ကျနော့်စီနီယာ။
မင်းတကယ်ပဲ ကျနော့်ကို ထွက်သွားစေချင်တာလား?
ကျနော့် စီနီယာ။
အဲ့ဒီစောက်ကျိုးနည်း လူနှစ်ယောက်က ဘာပဲဖြစ်ဖြစ် သေပြီပဲ...
ဘာလို့ဝမ်းနည်းနေရမှာလဲ?
ဟဟ။
စုကျင်းယန် တစ်ဖက်လူက တိတ်ဆိတ်နေသေးတာကို တွေ့တော့ သူကခံစားချက်မကောင်းဘူးလို့
စီနီယာ....
အရမ်းချစ်ဖို့ကောင်းတယ်။
ငါသေချာပေါက် မင်းကိုသတ်ချင်တာကနေ ထိန်းထားမယ်။
ဟဟ။
ငါနေကိုမမြင်ဖူးခဲ့ရင် အမှောင်ထုကို ကြံကြံခံနိုင်တယ်
ဒါပေမယ့် နေက ငါရဲ့အထီးကျန်နေတဲ့ နှလုံးသားကို စိတ်ဆင်းရဲမှု့ အသစ်ဖြစ်လာစေခဲ့တယ်။
— အမ်မလီ ဒစ်ကင်ဆန်