"DANCIN' On to Your Heartbeat"

By lamin-pann-laung

16K 1.2K 177

မင်းရဲ့ရင်ခုန်သံစည်းချက်အတိုင်း ငါက ကခုန်မယ်။ သည်ခံစားချက်တွေက မင်းပါးချိုင့်ပါးပါးအောက်မှာ စီးဝင်သွားတာမျိုး... More

အပိုင်း-၁
အပိုင်း_၂
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၂၀
အပိုင်း-၂၁
ဇာတ်သိမ်းပိုင်း

အပိုင်း-၁၉

676 52 10
By lamin-pann-laung

Unicode

သည်​နေ့တင် Mid term ပြီးသွားသဖြင့် Mingyu တို့ ​ဆော်ဩထားတဲ့အတိုင်း ​ပျော်ပွဲရွှင်ပွဲစဖို့ပြင်သည်။ တစ်ချို့က​တော့ အပြင်​လျှောက်လည်ပြီး ရုပ်ရှင်ကြည့်ချင်ကြသည်။ တစ်ချို့ကလည်း တစ်​ယောက်​ယောက်အိမ်မှာ ဂိမ်း​ဆော့၊ မုန့်စားရင်း အမှတ်တရ ဖန်တီးချင်ကြသည်။ ဤသို့နှယ် မညီမျှမှု​တွေ​ကြောင့် ထုံးစံအတိုင်း မဲနှိုက် ​ရွေးချယ်ဖို့ပဲ ဆုံးဖြတ်လိုက်ရ​တော့၏။ ရုပ်ရှင်ကြည့်ချင်သည့် Hoshi က စည်း​ဖောက်စွာ မဲ​တွေအများကြီးကို ​ဘယ်သူမှ မမြင်ခင် ရေးထည့်လိုက်သည်။ ဒါကိုမြင်သွားသည့်သူမရှိဟု သူထင်မိ​ပေမဲ့Jihoon က Hoshi လှုပ်ရှားမှု​တွေကို အကုန်ဖမ်းမိလိုက်သည်။ အ​နေ​အေးသည့်သူပီပီ ဘာမှမ​ပြောဖို့ ဆုံးဖြတ်မိ​ပေမဲ့လည်း မသိစိတ်က Hoshi ဆီ သွားပြီး အသိ​ပေးဖို့ လှုံ့​ဆော်​နေသည်​ကြောင့် မဲခိုးဖို့ကြံ​နေသူဆီ Jihoon ​ရောက်သွားသည်။ 

"ငါမြင်လိုက်တယ်"

"ဘာလဲ ဘာလဲ"

"မင်းမဲလိပ်​တွေအများကြီးထည့်လိုက်...အွတ်!"

Jihoon စကားမဆုံး​သေး၊ ​ပြော​နေသည့်ပါးစပ်ကို Hoshi က လက်ဖဝါးနဲ့ ပိတ်အုပ်ပစ်သည်။ တကယ်တမ်း Jihoon ​လေသံမှာ မကျယ်​နေပါ။ သူတို့ကဲ့သို့ အာကျယ်၊ အာကျယ်ဖြင့်လည်း Jihoonမ​ပြောတတ်ပါ။ ရုတ်တရပ်ကြီး ပါးစပ်ကို လှမ်းရိုက်ခံရသကဲ့သို့ ဖြစ်သွားသည်​ကြောင့် အနည်းငယ်မျှ နာသွားသည်က အမှန်ပင်။ ထို့​ကြောင့် Hoshi ကိုဘာမှဆက်​ပြောမ​နေဘဲ တစ်ချက်မျှကြည့်ကာ Jihoon ထွက်သွားလိုက်မိသည်။ 

သူ့ကိုစိတ်ဆိုးသွားသလိုကြည့်ပြီး ထွက်သွားသည့် Jihoon ​ကြောင့် Hoshi အားနာသွားရသည်။ သူလက်ပါမိဖို့ မရည်ရွယ်ပါ၊ Seungkwan တို့ Seokmin တို့နဲ့ ​တစ်ဖန်ပေါင်းမိရင်း အကျင့်ပါသွားခြင်းဖြစ်သည်။ တကယ်တမ်းဆို Jihoon မှာ သူ့ကို ပညာပါရမီ ဖြည့်​ပေး​နေသူမဟုတ်ပါလား။ သူအခုလို ရိုင်းပျမိလို့ ​နောက်ခါ​တွေမှာ စာရှင်းမပြ​တော့ရင် နစ်နာရမည်မှာ သူကိုယ်တိုင်ပါပင်။ သူ အလျင်အမြန်ပင် Jihoon ​နောက်လိုက်သွားမိသည်။ သူ့စာသင်ခုံမှာလည်း မရှိ​တော့ဘဲ အပြင်ထွက်သွားတာ​ကြောင့် မမီမှာစိုး၍ ​ပြေးရင်းရှာမိသည်။ 

​တွေ့လိုက်ရပါပြီ၊ စာကြည့်တိုက်မှာ စာအုပ်​တွေ လှန်​လှောရှာ​နေသည့် အဖြူ​ပေါက်စ​လေး။

"Jihoon ရား "

Jihoon က သူ့ကို​ခေါ်သည့် အသံ​ကြောင့် လှည့်ကြည့်မိ​ပေမဲ့ Hoshi ကိုလည်း မြင်​တော့ အကြည့်ပြန်လွှဲလိုက်သည်။ 

"Jihoon မင်းနာသွားလား"

Jihoon က ​ခေါင်းခါသည်။ သို့​သော် စကား​တော့ ပြန်မ​ပြော။ Hoshi က Jihoon ပုံစံကို စိတ်တိုင်းမကျတာ​ကြောင့် ပုခုံးက​နေဆွဲပြီး သူ့ဘက်လှည့်​စေသည်။ ထို့​နောက်

"​အောက်နှုတ်ခမ်း နည်းနည်းရဲသွားတယ်၊ ​တောင်းပန်တယ်​နော်"

လက်တစ်ဖက်က ပုခုံးကို ဖက်ထားပြီး ​နောက်လက်တစ်ဖက်က Jihoon ရဲ့ နှုတ်ခမ်းလွှာ ပါးပါးဆီ ကူးချည်သန်းချည် အလုပ်များ​နေ​လေတယ်။ Hoshi ​ပြောသလိုပဲ Jihoon ၏ ​​အောက်နှုတ်ခမ်းက ရဲစွတ်​နေပါသည်။ အသားအလွန်ဖြူသူမို့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခု နီရဲလာလျှင် သိသာလှသည်။ Jihoon စိတ်လွတ်​နေချိန်မှာ Hoshi က သူ့ နှုတ်ခမ်းကို ကျူးကျူး​ကျော်​ကျော် ထိ​တွေ့​နေသည်။ သူတားလိုက်ဖို့ ​ခေါင်းထဲမ​ရောက်၊ သည်တိုင်း ငြိမ်​နေမိသည်။ မျက်ဝန်း​မှေး​မှေး​တွေက အနည်းငယ်ဝိုင်းစက်သွားရုံကလွဲ မျက်နှာ​သေ​လေးဖြင့် Hoshi ကိုကြည့်​နေသည်။

"ငါရုပ်ရှင်ကြည့်ချင်လို့ မဲအများကြီးထည့်လိုက်တာပါ။ မင်းမကြိုက်ရင် ငါမဲ​တွေ ပြန်ထုတ်လိုက်မယ်"

"..."

"အခု​ကော နာ​သေးလား"

"..."

"မင်း​ကော ရုပ်ရှင်မကြည့်ချင်ဘူးလား၊ တစ်ခါတ​လေ​တော့ အိမ်ထဲက အိမ်ပြင်ထွက်ပါအုံးကွာ"

"..."

"ကြည့်​နေ။ တကယ်လို့ တစ်​ယောက်​ယောက်အိမ်မှာ ​ပျော်ပွဲရွှင်ပွဲ လုပ်မယ်ဆို မင်းအိမ်မှာလုပ်ဖို့ ငါ​ပြောမှာ"

"မရ...!"

အ​နေ​အေးတဲ့Jihoon က သူ့အိမ်မှာ ဤကဲ့သို့ လူများ​နေမှာကို မလိုလားပါ။ ထို့​ကြောင့် ​ရှေ့က Hoshi တရား​ရေလွှတ် တွတ်တွတ်​ပြော​နေသည့် စကား​တွေကို ပြန်မတုံ့ပြန်မိဘဲ အခုမှ ​ပြောမိခြင်းဖြစ်သည်။ သို့​သော် သူ့နှုတ်ခမ်းဆီ လက်ညှိုးတင်လာသည့် Hoshi ​ကြောင့် စကားလုံး​တွေက ထိုနှုတ်ခမ်းလွှာက​နေ အန်ကျမလာ​တော့။ 

"ရှူး ငါက စတာပါ။ မင်း​နေရခက်​အောင် ငါလုပ်မလား"

​နေရခက်​အောင် လုပ်မလားဟု​ပြောပြီး လူကို နှုတ်ခမ်းထိလိုက်၊ နှာ​ခေါင်းထိလိုက်ဖြင့် ​နေရခက်​အောင် လုပ်​နေသူကို Jihoon တစ်ချက်မျှ ​စွေကြည့်လိုက်ရင်း

"ဖယ်"

ထိုတစ်လုံးတည်း​သော စကားကိုဆိုသည်။ Hoshi က ရယ်ကာ 

"မင်းက​လေ စာသင်​ပေးတုန်းကကျ ဒီ​လောက် ​အေးတိ​အေးစက်မဆန်ဘူး"

ဟုတ်ပါသည်။ Jihoon မှာ စာသင်ပြ​ပေးတတ်သူပီပီ စာ​လာ​မေးသည့်သူ​တွေကို စိတ်ရှည်၊ လက်ရှည် ရှင်းပြ​ပေးပါသည်။ အတန်းထဲကလူ​တွေ​ပြော​လေ့ရှိတာက "အတန်း​ခေါင်း​ဆောင်ကို စကားများများ ​ပြော​စေချင်ရင် စာသွား​မေး" တဲ့​လေ။ သို့​သော် တခြားအချိန်​တွေဆို သူလုပ်စရာရှိတာကိုသာ တည်ငြိမ်စွာ လုပ်​နေတတ်သူ။ သီချင်းညည်းမယ်၊ ဂစ်တာ​ခေါက်မယ်၊ သံစဥ်​တွေ စဥ်းစားမယ်၊ စာလိုက်မှတ်မယ်။ အယ် ပြီး​တော့...စကားများတဲ့ အုပ်စုတွေကိုလည်း နာမည်မှတ်တာရယ်​ပေါ့။ 

Jihoon က Hoshi ကို တွန်းဖယ်ကာ စာကြည့်တိုက်မှတဆင့် စာသင်​ခန်းဆီ ​လျှောက်သွားသည်။ ထို​ခြေလှမ်း​တွေက မပြေးရုံတမယ် မြန်ဆန်​နေ​လေသည်။ မသိလျှင် ​နောက်က ကျားလိုက်လာ​တော့မည့် ပုံစံဖြင့်။ သို့​သော် Hoshi မှာ လှစ်ခနဲ ထွက်​ပြေးသွားသည့် အဖြူရိပ်က​လေးကို လိုက်မဖမ်း​တော့ဘဲ အ​နောက်က​နေ ​ငေးရင်း ပြုံး​နေမိပါသည်။

//

"အပြင်​လျှောက်လည်၊ ရုပ်ရှင်ကြည့် တဲ့"

မဲနှိုက်ရလဒ်ကို Mingyu က ထုတ်​ပြော​တော့ ​ပျော်​တော့သူကလည်း​ပျော်၊ ဟာ ခနဲ ဖြစ်သွားတဲ့သူကလည်း ဖြစ်သွားနဲ့ အမျိုးစုံပါပဲ။ သည်လိုနဲ့ အားလုံး အားကြမဲ့ ည​နေပိုင်းမှာ ချိန်းဖို့ စီစဥ်ကြသည်။ လူစုရင် ဘတ်စ့်ကားဂိတ်မှာ စုဖို့နဲ့ အချိန်တိကျဖို့ပါ တစ်​ယောက်ကိုယ် တစ်​ယောက် အတန်တန်မှာ​နေကြသည်။ ကြည့်ချင်သည့် ရုပ်ရှင်​တွေကလည်း မတူညီကြသည်မလို့ အဖွဲ့သုံးဖွဲ့ ခွဲလိုက်ရသည်။ Hoshi က Barbie ကြည့်ချင်သည်။ Jeonghan က The Nun II ကြည့်ချင်သည်။ Seokmin က Disney က အသစ်ထွက်ထားတဲ့ Animation ကြည့်ချင်သည်။ ဦး​ဆောင် အစီအစဥ်ဆွဲသည့် Mingyu မှာ ​ခေါင်း​တွေ တဗြင်းဗြင်းကုတ်ရင်း ဦး​နှောက်​ခြောက်ရသည်။ တစ်​ယောက်တစ်​ပေါက်နှင့် ​ပြောဆိုငြင်းခုန်​နေသည်က နားမခံသာစရာ။ သုံးဖွဲ့ခွဲလိုက်​တော့လည်း အကုန်အကျများမှာ​ကြောင့် ဆုံးဖြတ်ရ ကြပ်​နေသည်။ 

သို့​သော် လူငယ်သဘာဝ သုံးဖြုန်းချင်ကြ၊ ဝတ်ချင်စားချင် ကြတာမလို့ ဤမျှ​လောက် အကုန်အကျကို စကားထဲ ထည့်မ​ပြောချင်ကြ။ ထိုသို့နှယ် အတန်း B-12 မှာ ဆူညံပူညံဖြစ်၍ ​နေသည်။

"အားလုံးမတ်တပ်ရပ်၊၊ ဆရာ့ကိုနှုတ်ဆက်"

"Jihoon ​နောက်​နေတာ၊ ငါတို့ ဆူ​ညံနေတာ ကြည့်မရလို့​နေမယ်"

အတန်း​ခေါင်း​ဆောင် Jihoon ၏ စကား​ကြောင့် အတန်းထဲကလူ​တွေ အံ့ဩသွား​ပေမဲ့ မယုံကြည်ကြ။ ​နောက်ဆုံးတန်းက Mingyu တို့မှာ အတန်း​ခေါင်း​ဆောင်ကို ဂရုပင်မစိုက်ဘဲ တစ်​ယောက်တစ်​ပေါက်ဖြင့် အာရုံများ​နေသည်။

"ကဲ မင်းတို့​ကောင်​တွေ မပြန်ကြ​သေးတာလား၊ အတန်း​စောဆင်းလို့ ဝမ်းနည်း​နေကြတယ်ထင်တယ်။ ကဲ ကဲ သင်္ချာစာအုပ်ထုတ်၊ စိတ်​ပြေလက်​​ပျောက် စာ​လေးသင်ကြရတာ​ပေါ့"

ဆရာ့အသံကြားမှ အားလုံးက ကိုယ့်ထိုင်ခုံနေရာဆီ ဝုန်းဒိုင်းကျဲ ​ပြေးထိုင်ကာ နှုတ်ဆက်ကြသည်။

"ဆရာ၊ ကျွန်​တော်တို့  ရုပ်ရှင်သွားကြည့်ဖို့ တိုင်ပင်​နေတာ။ ပါမလား"

"ရုပ်ရှင်မကြည့်ချင်ဘူး၊ စာပဲသင်ချင်တယ်။ စာအုပ်ထုတ်၊ စာအုပ်ထုတ်"

"ဟာ ဆရာကလဲ"

အလိုမကျသံ​တွေက အတန်းထဲ  ပြည့်လျှံသွားသည်။ ဆရာ့ စကားကို နာခံတာ အတန်း​ခေါင်း​ဆောင်ဖြစ်သူ Jihoon ပါပဲ။ စာအုပ်ထုတ်ကာ ဆရာစာရှင်းမည်ကို ​စောင့်​နေသည့် Jihoon ကို Hoshi က ထူးဆန်းသလိုကြည့်မိသည်။ ထို့​နောက် ဆရာက သူတို့တွေကို ဟက်ဟက်ပက်ပက်ရယ်ရင်း

"မင်းတို့တိုင်ပင်ပြီးကြရင်လည်း ပြန်ကြ​တော့၊ အရမ်း​နောက်မကျ​စေနဲ့ ကြားလား"

"ဟုတ်ဆရာ ​ကျေးဇူးပါဆရာ"

ထိုသို့​ပြောပြီး ဆရာကထွက်သွားသည်။ ဆရာ့စ​နောက်မှု​ကြောင့် တုန်လှုပ်သွားသည့် အဖွဲ့​တွေက ရင်ဘတ်​ပေါ် လက်က​လေး​တွေ တင်လို့။ တစ်​အောင့်အကြာ အလျိုလျို အတန်းထဲက​နေ ထွက်သွားကြသည်။ Jeonghan က စာ​မေးပွဲအချိန်အတွင်း အတန်း​ခေါင်း​ဆောင် သိမ်းထားသည့် ဖုန်းကို ​တောင်းသည်။ Mingyu တို့နဲ့ ငြင်းခုန်​နေရင်း အချစ်​လေးကို ​ခေတ္တမျှ ​မေ့​လျော့သွားသည်။ ဖုန်းဖွင့်ကြည့်​တော့ ထင်ထားသလို Cheol က စာ​တွေပို့လို့ထားသည်။ 

"လွမ်းတယ် လွမ်းတယ်၊ Yoon Jeonghan ကို လွမ်းလို့ ရူး​တော့မယ်"

"​သေဆုံးရသည့်အ​ကြောင်းအရင်း Yoon Jeonghan ပစ်ထားသဖြင့်"

 "Jeonghan ငါ​ကျောင်း​ရှေ့ ​ရောက်​နေပြီ"

"Jeonghan စာ​မေးပွဲ မပြီး​သေးတာလား၊ သူများ​တွေ​တော့ အတန်းထဲက ထွက်လာ​နေကြပြီ"

"Jeonghan ငါလွမ်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ၊ မင်းထွက်လာရင် ငါတင်း​နေ​အောင် ဖက်ထားမှာ မလွှတ်​တော့ဘူး"

စာ​တွေပို့ထားတာ များလှသည်မို့ အကုန်ပင် Jeonghan မဖတ်လိုက်မိပါ။ သည့်ထက်ပိုကြာရင် စိတ်​ကောက်အုံးမှာမို့ လွယ်အိတ်ကို ​ကောက်လွယ်ပြီး မ​မေ့မ​လျော့ Cheol ကို အသည်းစတစ်ကာ​လေးသာ ပို့ရင်း အတန်းထဲက ထွက်လာခဲ့သည်။

"Cheol !"

​ခေါင်းဖြူဖြူ​လေးက ​ကျောင်းဝန်း​ရှေ့ ထင်း​နေ​ရောပဲ။ သူ့ကိုလည်းမြင်​ရော ကြည်နူးစွာပြုံးလိုက်​ပေမဲ့ စိတ်​ကောက်ရမည်မှန်း သတိရသွားတာ​ကြောင့် မျက်​မှောင်ကြီးကို အသားကုန် ကုတ်ချပစ်လိုက်တဲ့ပုံများ အကြင်နာ​တွေ  ပုံ​ပေးချင်စရာအတိ။ 

"အချစ်ဆုံး​လေးက​လေ စိတ်​ကောက်​နေတာ​ပေါ့"

"အင်း ဟုတ်တယ်"

​ခေါင်းတဆတ်ဆတ်ညိတ်ပြီး အ​ဖြေ​ပေးသည်။ Jeonghan အသည်းယားစွာ နှာထိပ်လုံးလုံးက​လေးကို ဖျစ်ညှစ်လိုက်ပြီး

"တအားလွမ်းလို့ ဖက်ထားချင်ပါတယ်ဆို၊ ဖက်ထား​လေ။  Cheol ​နော် ​နောက်မှ သူများ​တွေကြည့်​နေလို့ ရှက်လို့ဆိုပြီး လွှတ်ရင် ငါက ပြန်စိတ်​ကောက်လိုက်...အင့်!"

စကားမဆုံး​သေးခင် ခါးက​နေ ဆွဲဖက်လာသည့် Cheol ​ကြောင့် အာ​မေဋိတ်ပြုမိရသည်။ ထို့​နောက် Jeonghan နားကို ​လေမှုတ်လိုက်ရင်း

"ငါ့ကိုကြည့်ကြပ် အလိုလိုက် Jeonghan၊ မင်းအခု ပုံစံနဲ့ လူကြားထဲလည်း ငါက နမ်းမိမှာ"

"နမ်း​လေ နမ်း​ပေါ့၊ ငါနစ်နာတာကျလို့"

"Jeonghan မင်းကွာ"

Cheol က အသည်းယားစွာ အံကြိတ်ရင်း​ပြော​တော့  Jeonghan က တခစ်ခစ်ရယ်သည်။ Jeonghan ​ခေါင်းကို ခပ်ဖွဖွပွတ်သပ်ရင်း

"အိမ်​ရောက်မှ အတိုးချပြီးနမ်းမယ်"

"ကိုယ့်စကားနဲ့ ကိုယ်​နော် Cheol "

"Jeonghan ငါ့ကို စိတ်မထိန်းနိုင်​အောင် မလုပ်နဲ့ကွာ၊ အခုတင် နှုတ်ခမ်း​တွေကို ​ပေါက်သွား​အောင် ကိုက်ပစ်ချင်​နေတာ"

Cheol စကားကိုလည်းကြား​တော့ Jeonghan က ရင်ခွင်ကျယ်ဆီက​နေ ​ပြေးထွက်ကာ လျှာထုတ်ရင်း ​ပြောင်ပြသည်။ Cheol မှာ Jeonghan ၏ အမူအယာ​လေး​ကြောင့် ​နေရာမှာတင် ရူးပစ်ဖို့ လုံ​လောက်သွားသည်။ Jeonghan  နဲ့  ပတ်သတ်ရင် Cheol  မှာ အ​ပေါဆုံးက မေတ္တာ​တွေမလို့ သည်​မေတ္တာ​တွေနဲ့ ​ထွေး​ပွေ့ရင်း လုံခြုံ​စေချင်တာ။ ​

ခြေဖဝါးနုနုကို ​သွေးခြည်​တောင်မဥ​စေချင်သည့် ချစ်ခြင်း​တွေက တစ်​နေ့ထက်တစ်​နေ့ ရင်ထဲ ကိန်းဝပ်လို့။ သာတူညီမျှတဲ့ သံ​ယောဇဥ်​တွေက တစ်ဆင့်ပြီးတစ့်ဆင့် တိုးပွားလာတဲ့အခါ ​ပျော်ရွှင်စရာ​တွေက ပိုလို့ သက်ဝင်ခဲ့ရတယ်။ သူ့​မေတ္တာ​​တွေကို Jeonghan ​ပျော်​ပျော်ကြီး ထုတ်ပိုးသိမ်းဆည်း​နေသလို သူကလည်း Jeonghan ရဲ့ ယုယခြင်း​တွေက တဆင့် ​ပျော်ရွှင်မှု​တွေ အလျှံပယ် ​သောက်သုံး​နေခဲ့တာ။ Jeonghan က သူ့ရဲ့ဖူးစာဖက်။ သူ​ရှေ့ဆက်မဲ့လမ်းမှာ အခက်အခဲမှန်သမျှ ရုန်းထွက်နိုင်​စေဖို့ အား​ဆေး​လေးတစ်ခု။ 

"Jeonghan သိပ်မ​ပြေးနဲ့ ​ချော်လဲမယ်"

"လိုက်ဖမ်း"

နှလုံးသား​လေးကို လိုက်ဖမ်း​နေရတာလဲ မလွယ်လှပါဘူး။ ​ခြေလှမ်း​တွေကို တမင်​နှေး​အောင် ​ပြေး​နေရ​တာမလို့ ပို​မောရသည်။ မြန်မြန်ဆန်ဆန်ဖမ်းမိသွားရင် မ​ကျေနပ်ဟန် နှာ​ခေါင်းရှုံ့မည့် Jeonghan ​ကြောင့် သူသိတတ်​ပေးလိုက်ပါသည်။ 

"Cheol ရုပ်ရှင်ကြည့်မယ်မလား"

​​​ပြေးရတာ မောသွားလို့ ထင်ပါရဲ့၊ ဆက်မ​ပြေး​တော့ဘဲ ​နောက်လှည့်ကာ ​မေးလာသည်။ 

"ဘာကားလဲ"

"သရဲကား"

"မကြည့်ချင်ဘူး"

"မကြည့်ရဲတာမလား"

"ဘယ်ကသာ"

"ငါကြည့်ချင်လို့၊ ဒီည​နေ သူငယ်ချင်း​တွေနဲ့ ချိန်းထားတယ်။ အတူကြည့်မယ်​လေ​နော်၊ ရုံမှာ မုန့်ဝယ်​ကျွေး"

"အချစ်ကားကြည့်မယ်​လေ"

"သရဲကားကြည့်မှာ"

Cheol က အလိုမကျသလို နှုတ်ခမ်း​ထော်သွား​ပေမဲ့ ​​နောက်​တော့ ​ခေါင်းညိတ်ပြသည်။ သ​ဘော ဟု​ပြောရင်း ပုခုံးကို လှမ်းဖက်သည်။ နားသယ်စပ်က​လေးကို လူလစ်တုန်း ခပ်ဖွဖွ​လေး နမ်းလိုက်သည်။ Jeonghan တစ်ချက်မျှ တွန့်သွား​သော်လည်း ငြင်းဆန်ခြင်းမပြု၊ Cheol ရဲ့ ထိ​တွေ့ခြင်း​တွေအဖုံဖုံကို သူယစ်မူးမိတာ​လေ။ အလိုလိုက်ချင်မိတဲ့ စိတ်​တွေက Cheol ​ရှေ့​ရောက်ရင် ဖရိုဖရဲနဲ့ ပြိုကျကုန်တာ။

သည်လိုနဲ့ ည​နေ​ရောက်​တော့ ဘက်စ့်ကားဂိတ်မှာ လူစုကြသည်။ Dino ရဲ့ စကွက်​ကြောင့် တစ်ဖက်​ကျောင်းကပါ ​ရောက်လာကြသည်။ Minghao က ရုပ်ရှင်ကြည့်ဖို့ ဖွဲ့ထားသည့် အဖွဲ့သုံးဖွဲ့ရဲ့ ဇာတ်ကား​တွေ တစ်ကားမှ မကြည့်ချင်။ သူက Romance ကြည့်ချင်သူမလို့ Wonwoo ကို အ​ဖော်ညှိကြည့်​ပေမဲ့ Mingyu နဲ့ Animation ကြည့်ဖို့ ​ပြောထားပြီးသား တဲ့​လေ။ သူ Wonwoo ကို စိတ်ဆိုးမိသည်။ ​မွေး​နေ့တုန်းက​တော့ သူ့ Mingyu စိတ်​ကောက်​အောင် လူကိုခုတုံးလုပ်ပြီး နမ်းတုန်းကနမ်းသည်။ အခု​တော့ ဟိုးအ​ဝေးဆုံးကို ထွက်သွားတာများ၊ လိုက်ဖမ်းလို့​တောင်မရ​တော့။ ရည်းစား​နောက် တ​ကောက်​ကောက်ပါ​အောင် လိုက်​နေသည့် သူငယ်ချင်းဖြစ်သူကို စိတ်ထဲ တတွတ်တွတ် ကြိမ်း​မောင်းမိသည်။

ဘက်စ့်ကားဂိတ်မှာ လူလည်းစုံပြီဖြစ်လို ​စီးရမည့် ကားလည်း ​ရောက်လာပြီမို့ ကား​ပေါ်​ပြေးတက်လိုက်ကြသည်။ Mingyu က အားလုံးအတွက် ဘက်စ့်ကားခကို ဒကာခံရသည်။ ဤသို့ စီစဥ်သူမှာ Mingyu ဖြစ်​နေ၍ ဖြစ်သည်။ လက်တွဲ​ဖော်ရှိကြသည့်သူ​တွေက နှစ်​ယောက်တစ်တွဲထိုင်ချင်တာ​ကြောင့် ခုံလုကြသည်။ ထိုထဲတွင် Mingyu နဲ့ Cheol က ထိပ်ဆုံးကပင်။ 

"မင်းတို့နဲ့လည်း ငါတို့​တွေမထိုင်ချင်ဘူး၊ လုမ​နေနဲ့"

ဘက်စ့်ကားဂိတ်မှာထဲက စိတ်ဆိုး​နေသည့် Minghao က သူသိမ်းဆည်းထားသည်တို့ကို ​ဖြေချပစ်လိုက်​တော့ အားလုံးပွဲကျသွားသည်။ Jun က သူ့​ဘေးမှာ ခုံလွတ်​နေတာမို့ လာထိုင်ဖို့ ခုံကို ပုတ်ပြသည်။ ထိုအခါမှ Minghao လည်း Jun ကိုပြုံးပြရင်း ​ဘေးနားဝင်ထိုင်လိုက်သည်။ ဘက်စ့်ကားမှာ သူတို့​တွေနဲ့ချည်း ပြည့်​နေသည်။ ရုပ်ရှင်ရုံနဲ့က သိပ်မ​ဝေး၊ ​လေးမှတ်တိုင်​​လောက်ပဲ စီးရကြောင့် မတ်တပ်ရပ်​နေရသည့်သူ​တွေလည်း ခံသာ၍ရသည်။ တစ်​အောင့်​လောက်ကြာ​တော့ သူ​တို့​တွေရဲ့ ပန်းတိုင် ရုပ်ရှင်ရုံကို ​ရောက်​လေသည်။ အလာလမ်းမှာ Minghao က သူနဲ့ ရုပ်ရှင်ကြည့်ဖို့ Jun ကို အ​ဖော်ညှိကြည့်သည်။ Jun က အလွယ်တကူပင် အားရဝမ်းသာ လက်ခံသည်။

//

"အား ရှီးပါး!"

"Cheol ရဲ့ သူမ​ခြောက်​သေးပါဘူး"

"မကြည့်​တော့ဘူး ပြန်မယ်"

"အချစ်​လေး တိုးတိုး​နေ​လေ သူများ​တွေလည်း ကြည့်​နေတာကို"

"ဖက်ထား ဖက်ထား"

ရင်ခွင်ထဲ ဝင်ခိုလှုံ​လာတဲ့ Cheol ကို တင်း​နေ​အောင် ဖက်ထား​ပေးလိုက်ပြီး ​ခေါင်းပုတ်​ပေးမိသည်။ Cheol က Jeonghan နှုတ်ခမ်းကို လိုက်ကလူ​နေသည်။ လက်ညှိုးက​လေးဖြင့် ​အောက်နှုတ်ခမ်းကို ​ဆော့ကစား​နေသည်။ Jeonghan စိတ်​တွေ ရုပ်ရှင်ထဲလည်း မရှိ​တော့။ ဆံဖြူ​ကောင်​လေးက ဆိုးချင်တိုင်းကို ဆိုး​နေတာမလို့ လူကတွန့်တွန့်သွားရသည်။ နောက်ဆုံးတန်း ​ထောင့်စွန်းခုံမှာမလို့ လူမမြင်ရ​ပေမဲ့လည်း အများသူငါရှိ​နေတာ​တောင် အတင့်ရဲ​နေသူ။ သို့​သော်လည်း Jeonghan အပြစ်မမြင်မိ။ Cheol လက်ကို ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်လိုက်ရင် ရင်ခွင်ထဲက Cheol ပါးပြင်ကို တရှိုက်မက်မက် ငုံ့နမ်းမိသည်။ ထိုအခါကျမှ Cheol ထူထူ​ထောင်​ထောင်ဖြစ်လာပြီး ဖန်သားပြင်မှာ ​ပေါ်​နေသည့် Deomonic Nunကိုလည်း ဘာသိဘာသာ ဖြစ်သွားသည်။ Jeonghan ရင်ခွင်ထဲက ​ခေတ္တမျှ ရုန်းထွက်ကာ Jeonghan ကိုသာလျှင် သူ့ရင်ခွင်ထဲ အတင်းသွတ်ထည့်​နေသည်။ Jeonghan တစ်ချက်ရယ်လိုက်မိကာ ကြည်နူးမှု​တွေ အလီလီဖြင့် ရင်ခွင်ထဲ ခို​အောင်းလိုက်သည်။

Cheol က Jeonghan ​မေးစိကို သူ့နှုတ်ခမ်းနားထိ​ရောက်​အောင် ပင့်တင်လိုက်ပြီး ​တစ်ချက်မျှ စုပ်ယူနမ်းရှိုက်လိုက်သည်။ ရုပ်ရှင်က တဖြည်းဖြည်း ဇာတ်ရှိန်မြင့်လာတာကို အခွင့်​ကောင်းယူပြီး Cheol က Jeonghan နှုတ်ခမ်းကို ရူးမူးစွာ ကိုက်ဖြတ်​နေသည်။ ပူ​နွေးသည့် နှုတ်ခမ်းလွှာ​​လေးလွှာက တစ်ထပ်တည်းကျသွားဟန်ရှိသည်။ မြန်ဆန်လှသည့် Cheol ၏ နမ်းရှိုက်မှု​တွေကိုJeonghan ရုန်းဆန်ခြင်း ပြုမ​နေ​တော့။ ခံတွင်းထဲ ဖြည်းညင်းစွာဝင်ပြီး လျှာဖျားနဲ့ ကလူ​နေတာ​ကြောင့် တစ်ချက် တစ်ချက် တွန့်သွားရသည်။ ထို့​ကြောင့် Cheol က ဟန်ချက်မပျက်​စေရန် Jeonghan လက်နှစ်ဖက်ကို သူ့လည်ဂုတ်ဆီသို့ တစ်ဖက်တစ်ချက်ဆီ ချိတ်တွယ်​စေသည်။ ဘယ်​တော့များမှ ရပ်မလဲ ခန့်မှန်းလို့ မရတဲ့အထိကို Cheol အနမ်း​တွေက နတ်ဆိုးဆန်လှသည်။ သို့​သော်လည်း Jeonghan နစ်ဝင်မိသည်။ တလှိမ့်လှိမ့်တုန်ရီ​နေတဲ့ Jeonghan ရဲ့ ဝဲရင်အုံကို Cheol က တစ်ချက် ဆန်းစစ်ကြည့်ရင်း နှုတ်ခမ်းဆီက​နေ အနမ်းတို့ကို စွန့်ခွာလိုက်သည်။ 

Jeonghan မ​နေတတ်စွာ ကွဲထွက်သွားသည့် Cheol နှုတ်ခမ်း​တွေရဲ့ ဦးတည်ရာကို ​ငေး​နေမိသည်။ Cheol ကရယ်ရင်း Jeonghan ​မေးစိကို ​မော့​စေကာ ထင်းခနဲဖြစ်သွားသည့် လည်တိုင် ​ကျော့​ကျော့ကို ခပ်ဖွဖွနမ်းလိုက်သည်။ Cheol အ​နေနဲ့ Jeonghan လည်တိုင်ကို​တော့ တစ်ခါမှ မနမ်းရှိုက်ဖူးပါ၊ ထို့​ကြောင့်Jeonghan ထပ်တိုး၍ ရင်ဖိုရသည်။ လည်တိုင်ဖြူဖြူကိုသွားနဲ့ကုတ်ခြစ်​နေတာ​ကြောင့် တမဟုန်ချင်းနီရဲသွားသည်ကို ရုံထဲ ​မှောင်​နေတာ​တောင် အတိအလင်းမြင်နိုင်သည်။ Cheol က သူထုဆစ်ထားလို့ နီ​သွေး​ရောင်သမ်း​နေသည့် Jeonghan လည်တိုင်ကို သ​ဘောကျသလို ကြည့်ကာ မြင်​နေရသည့် ညှပ်ရိုး​လေး​တွေကိုပါ တတိတိကိုက်ဖြတ်​နေသည်။ လျှာထိပ်နဲ့ ညှပ်ရိုး​တွေကို ဘယ်ညာ ကူးသန်း​နေတာ​ကြောင့် Jeonghan မ​နေတတ်​တော့။

"Cheol ​တော်​တော့"

Jeonghan အခုမှ ရှက်သလိုလို ခံစားမိသည်​ကြောင့် တုန်ယင်စွာ တားလိုက်မိ​တော့ Cheol က ​ခေါင်း​ထောင်လာကာ

"အလိုလိုက်မယ်ဆို"

"အာ...အခုမဟုတ်ဘူး​လေ"

"ဘယ်​တော့လဲ"

"အိမ်ပြန်ရင်...အာ မဟုတ်ဘူး Cheol"

Jeonghan သူ့စကားမှားသွားမှန်း Cheol ၏ အသည်းစိမ့်ဖွယ် အကြည့်​ကြောင့် သတိထားမိသွားသည်။ ထို့​ကြောင့် အသည်းအသန်ငြင်းမိ​ပေမဲ့ Cheol က

"ထ ပြန်မယ်"

"ဟင့်အင်း"

"ပြန်မယ် ဒီကားကြည့်ချင်ရင် ​နောက်မှပြန်ကြည့်လို့ရတယ်"

"Cheol ကကွာ"

"ကိုယ့်စကားနဲ့ကိုယ်ပဲ Jeonghan၊ ထ "

Jeonghan မထဘဲ ခုံနဲ့ တင်ပါးကို တင်း​နေ​အောင် ပူးတွဲကပ်ထားသည်။ Cheol က Jeonghan ဒူးနှစ်ဖက်ကို ခုံ​ပေါ်တင်လိုက်ပြီး သ​ကောင့်ခွက်ထဲ လက်လျိုဝင်ကာ ခါးကို ကျစ်ကျစ်ပါ​အောင် ဖက်ထားလိုက်ပြီး မ,ချီလိုက်သည်။ ထိုအခါ Jeonghan ဘယ်လိုမှ ရုန်းမရ​တော့ဘဲ အလိုက်သင့်​လေး ပါသွားသည်။ သူတို့က ​နောက်ဆုံးတန်းဖြစ်​သော်ငြား ​ဘေးခုံကလူ​တွေမှာ အ​နှောင့်အယှက်ဖြစ်သွားမှာ စိုးတာ​ကြောင့်လည်း Jeonghan ငြိမ်ကုတ်​နေမိသည်။ ဒါ​တောင် သူတို့ ရုံထဲကထွက်သွား​တော့ လူ​တွေကွက်ကြည့်၊ ကွက်ကြည့်ဖြင့်။ Cheol က ဒါ​တွေ စိတ်မဝင်စားဘဲ Jeonghan ကိုသာ ရွှန်းရွှန်းစားစားကြည့်ရင်း လမ်း​လျှောက်​နေသည်။ ထို့​ကြောင့် ​ခြေလှမ်း​တွေ ခလုတ်တိုက်​နေတာ​ကြောင့် Jeonghan ထိုလူသန်​လေးရဲ့ ပုခုံးကို နှစ်ချက်ဆင့်ရိုက်လိုက်ပြီး

"Cheol ​သေချာကြည့်​လျှောက်စမ်း"

"အမိန့်​တော်အတိုင်းပါ ခင်ဗျား"

Cheol စကား​ကြောင့် Jeonghan ရယ်မိပြီး Cheol ရဲ့ ဂုတ်ပိုး​ဖွေး​ဖွေးကို အသည်းယားစွာ ကုတ်ဖဲ့​နေမိသည်။ ရုပ်ရှင်ရုံရဲ့Corridor နား​ရောက်မှ ချီထားရာမှ ပြန်ချ​ပေးသည်။ Cheol က Jeonghan လက်ကို ဆွဲကာ ဘက်စ့်ကားဂိတ်ဆီ အ​ပြေးသွားသည်။ အခု Cheol စိတ်ထဲ အိမ်အမြန်ပြန်​ရောက်ဖို့သာရှိသည်။ ကျန်တာဘာမှ ​ခေါင်းထဲမ​ရောက်။ ဆိုးလို့ရတိုင်း ဆိုး​နေသည့် သူ့ချစ်သူကို Jeonghan မတားနိုင်​တော့။ Cheol ဆွဲ​ခေါ်တဲ့​နောက် တ​​ကောက်​ကောက်ပါသွားသည်။ 

ဤသို့နှယ် အိမ်ပြန်​ရောက်​တော့ Cheol က Jeonghan အိမ်​ပေါ် တစ်ခါတည်း လိုက်သွားသည်။ Jeonghan အ​မေဖြစ်သူ Yoon Suriကို ခပ်မြန်မြန်ပဲ နှုတ်ဆက်လိုက်သည်။ Jeonghan က Cheol ဇပိုးကို တစ်ချက်​လောက် အုပ်​ပေးလိုက်သည်။ သူ့ဆံဖြူ​ကောင်​လေး ဘယ်တုန်းကများ လူကြီးသူမကို မရိုမ​သေဆက်ဆံတတ်သွားတာလဲ။ 

"​ဆော်ရီး အချစ်ရာ၊ ငါစိတ်​လော​နေတာ"

"ဘာကိုလဲ"

"မင်းကိုနမ်းဖို့"

"လူလည်​ကောင်"

Jeonghan အခန်းထဲ ​ရောက်တာနှင့် နှုတ်ခမ်းတို့ဆီ လျင်မြန်စွာ နယ်ချဲ့လာသည့် Cheol ​ကြောင့် အံ့ဩရသည်။ ဤမျှ​လောက် ရုတ်ချည်းဆန်စွာ လိုအပ်သလား။ ​သောက်​လေ ​သောက်​လေ ငတ်မ​ပြေသည့် Jeonghan နှုတ်ခမ်းလွှာ​တွေကို စိတ်တိုင်းကျ ချည်​နှောင်ကိုက်ဖြတ်​နေ​တော့တာ။ ယှက်သွယ်​နေတဲ့ နှုတ်ခမ်းလွှာ​တွေက တစ်ချက်တစ်ချက် ပွင့်အာသွားရင် ခံတွင်းထဲဝင်ကာ ချစ်ခြင်းတို့ကို ခံတွင်းထဲပါ ​ဆောင်ကြဥ်း​နေတာ။ လျှာဖျားနှစ်စုံ ပွတ်တိုက်မိတိုင်း Jeonghan ​သွေး​ကြော​တွေ ​ပြောင်းပြန်စီး​ဆင်း​နေသလို ကျဥ်တက်သွားရသည်။ Cheol က Jeonghan ​အောက်နှုတ်ခမ်းကို နာကျင်​စေရန် တမင် ကိုက်လိုက်သည်။ ​ပေါက်ထွက်သွားသည့် ​အောက်နှုတ်ခမ်းလွှာက စက္ကန့်ပိုင်းမျှကြာ​တော့ ​သွေး​တွေစို့လာသည်။ ထို​သွေးတန်းမျှင်တို့ကို Cheol ကို စုပ်လိုက်ကာ လျှာဖြင့် ယက်လိုက်ရင်း မျိုချလိုက်သည်။ Jeonghan မှာ​တော့ Cheol ရဲ့ ထိ​တွေ့မှု​တွေကို နှစ်မြို့စွာပဲ ငြိမ်ခံ​နေသည်ကလွဲလို့ တခြားဘာမှ မလှုပ်ရှားမိ။

နှုတ်ခမ်းက​နေ ​မေးစိ၊ ​မေးစိက​နေ တဖြည်းဖြည်း လည်တိုင်ကို ကျူး​ကျော်လာပြန်သည့် Cheol ​ကြောင့် Jeonghan ​နေရခက်စွာ လက်သည်း​တွေကို တတိတိခွာ​နေမိသည်။ Cheol က ဒါကိုသတိထားမိသဖြင့် Jeonghan လက်​တွေကို သူ့ဂုတ်ပိုး​ပေါ် သိုင်းဖက်​စေပြီး

"​နေရခက်ရင် ငါ့ဂုတ်ကို အားနဲ့ကုတ်ပစ်လိုက်၊ ကိုယ့်ကိုယ့်ကိုယ် နာ​အောင်မလုပ်နဲ့"

Jeonghan ​ခေါင်းညိတ်ပြမိသည်။ Cheol က တစ်ဖန် အနမ်းတို့ကို စတင်သည်။ Cheol က Jeonghan ကိုနမ်း​နေရင်း ခါးက​နေသိမ်းဖက်ကာ ကုတင်​ပေါ် ထိုင်ချလိုက်သည်။ Jeonghan ကိုလည်း သူ့​ပေါင်​ပေါ်သို့ မျက်နှာချင်းဆိုင် အ​နေအထားဖြင့် ထိုင်​စေသည်။ Jeonghan နှာဖူးကို မြတ်နိုးစွာ နမ်းလိုက်ပြီး သူ့ဂုတ်ပိုး​ပေါ်က လက်တစ်ဖက်ကို ဆွဲယူကာ လက်​ချောင်း​လေး​တွေကို တစ်​ချောင်းချင်း ​နေရာလွတ်မကျန် အနမ်းမိုး​တွေ ရွာသွန်း​လိုက်သည်။

ကျွီ! 

ထိုအချိန် ပွင့်သွားသည့်တံခါးနှင့်အညီ အခန်းထဲဝင်လာသူက အ​မေဖြစ်သူ Yoon Suri။ Jeonghan လန့်သွားရကာ Cheol ​ပေါင်​ပေါ်က ဆင်းလိုက်​ပေမဲ့ အချိန်မမီ​တော့​ကြောင်း အံ့အားသင့်​နေသည့် အ​မေ့မျက်လုံး​တွေက သက်​သေထူပါသည်။ Jeonghan ရင်​တွေ တထိတ်ထိတ်တုန်​နေရင်း Cheol နမ်းရှိုက်ခဲ့တဲ့ လက်​ချောင်း​လေး​တွေက အမှားလုပ်ထားသကဲ့သို့ တုန်ယင်လျက်...။

//

PL's Note 

အိုးမိုး ရှက်လိုက်တာ ಥ﹏ಥ ၊ ဒီအပိုင်းကို ပန်း​လောင်​ရေးတာမဟုတ်ဘူး​နော်။ အ​ကောင့်ဟက်ခံရတာ(ᴗ͈ˬᴗ͈)

10: 24 PM

Sat, 28 Oct 

Lamin Pann Laung

//

Zawgyi

သည္​ေန႔တင္ Mid term ၿပီးသြားသျဖင့္ Mingyu တို႔ ​ေဆာ္ဩထားတဲ့အတိုင္း ​ေပ်ာ္ပြဲ႐ႊင္ပြဲစဖို႔ျပင္သည္။ တစ္ခ်ိဳ႕က​ေတာ့ အျပင္​ေလွ်ာက္လည္ၿပီး ႐ုပ္ရွင္ၾကည့္ခ်င္ၾကသည္။ တစ္ခ်ိဳ႕ကလည္း တစ္​ေယာက္​ေယာက္အိမ္မွာ ဂိမ္း​ေဆာ့၊ မုန္႔စားရင္း အမွတ္တရ ဖန္တီးခ်င္ၾကသည္။ ဤသို႔ႏွယ္ မညီမွ်မႈ​ေတြ​ေၾကာင့္ ထုံးစံအတိုင္း မဲႏႈိက္ ​ေ႐ြးခ်ယ္ဖို႔ပဲ ဆုံးျဖတ္လိုက္ရ​ေတာ့၏။ ႐ုပ္ရွင္ၾကည့္ခ်င္သည့္ Hoshi က စည္း​ေဖာက္စြာ မဲ​ေတြအမ်ားႀကီးကို ​ဘယ္သူမွ မျမင္ခင္ ေရးထည့္လိုက္သည္။ ဒါကိုျမင္သြားသည့္သူမရွိဟု သူထင္မိ​ေပမဲ့Jihoon က Hoshi လႈပ္ရွားမႈ​ေတြကို အကုန္ဖမ္းမိလိုက္သည္။ အ​ေန​ေအးသည့္သူပီပီ ဘာမွမ​ေျပာဖို႔ ဆုံးျဖတ္မိ​ေပမဲ့လည္း မသိစိတ္က Hoshi ဆီ သြားၿပီး အသိ​ေပးဖို႔ လႈံ႕​ေဆာ္​ေနသည္​ေၾကာင့္ မဲခိုးဖို႔ႀကံ​ေနသူဆီ Jihoon ​ေရာက္သြားသည္။ 

"ငါျမင္လိုက္တယ္"

"ဘာလဲ ဘာလဲ"

"မင္းမဲလိပ္​ေတြအမ်ားႀကီးထည့္လိုက္...အြတ္!"

Jihoon စကားမဆုံး​ေသး၊ ​ေျပာ​ေနသည့္ပါးစပ္ကို Hoshi က လက္ဖဝါးနဲ႔ ပိတ္အုပ္ပစ္သည္။ တကယ္တမ္း Jihoon ​ေလသံမွာ မက်ယ္​ေနပါ။ သူတို႔ကဲ့သို႔ အာက်ယ္၊ အာက်ယ္ျဖင့္လည္း Jihoonမ​ေျပာတတ္ပါ။ ႐ုတ္တရပ္ႀကီး ပါးစပ္ကို လွမ္း႐ိုက္ခံရသကဲ့သို႔ ျဖစ္သြားသည္​ေၾကာင့္ အနည္းငယ္မွ် နာသြားသည္က အမွန္ပင္။ ထို႔​ေၾကာင့္ Hoshi ကိုဘာမွဆက္​ေျပာမ​ေနဘဲ တစ္ခ်က္မွ်ၾကည့္ကာ Jihoon ထြက္သြားလိုက္မိသည္။ 

သူ႔ကိုစိတ္ဆိုးသြားသလိုၾကည့္ၿပီး ထြက္သြားသည့္ Jihoon ​ေၾကာင့္ Hoshi အားနာသြားရသည္။ သူလက္ပါမိဖို႔ မရည္႐ြယ္ပါ၊ Seungkwan တို႔ Seokmin တို႔နဲ႔ ​တစ္ဖန္ေပါင္းမိရင္း အက်င့္ပါသြားျခင္းျဖစ္သည္။ တကယ္တမ္းဆို Jihoon မွာ သူ႔ကို ပညာပါရမီ ျဖည့္​ေပး​ေနသူမဟုတ္ပါလား။ သူအခုလို ႐ိုင္းပ်မိလို႔ ​ေနာက္ခါ​ေတြမွာ စာရွင္းမျပ​ေတာ့ရင္ နစ္နာရမည္မွာ သူကိုယ္တိုင္ပါပင္။ သူ အလ်င္အျမန္ပင္ Jihoon ​ေနာက္လိုက္သြားမိသည္။ သူ႔စာသင္ခုံမွာလည္း မရွိ​ေတာ့ဘဲ အျပင္ထြက္သြားတာ​ေၾကာင့္ မမီမွာစိုး၍ ​ေျပးရင္းရွာမိသည္။ 

​ေတြ႕လိုက္ရပါၿပီ၊ စာၾကည့္တိုက္မွာ စာအုပ္​ေတြ လွန္​ေလွာရွာ​ေနသည့္ အျဖဴ​ေပါက္စ​ေလး။

"Jihoon ရား "

Jihoon က သူ႔ကို​ေခၚသည့္ အသံ​ေၾကာင့္ လွည့္ၾကည့္မိ​ေပမဲ့ Hoshi ကိုလည္း ျမင္​ေတာ့ အၾကည့္ျပန္လႊဲလိုက္သည္။ 

"Jihoon မင္းနာသြားလား"

Jihoon က ​ေခါင္းခါသည္။ သို႔​ေသာ္ စကား​ေတာ့ ျပန္မ​ေျပာ။ Hoshi က Jihoon ပုံစံကို စိတ္တိုင္းမက်တာ​ေၾကာင့္ ပုခုံးက​ေနဆြဲၿပီး သူ႔ဘက္လွည့္​ေစသည္။ ထို႔​ေနာက္

"​ေအာက္ႏႈတ္ခမ္း နည္းနည္းရဲသြားတယ္၊ ​ေတာင္းပန္တယ္​ေနာ္"

လက္တစ္ဖက္က ပုခုံးကို ဖက္ထားၿပီး ​ေနာက္လက္တစ္ဖက္က Jihoon ရဲ႕ ႏႈတ္ခမ္းလႊာ ပါးပါးဆီ ကူးခ်ည္သန္းခ်ည္ အလုပ္မ်ား​ေန​ေလတယ္။ Hoshi ​ေျပာသလိုပဲ Jihoon ၏ ​​ေအာက္ႏႈတ္ခမ္းက ရဲစြတ္​ေနပါသည္။ အသားအလြန္ျဖဴသူမို႔ ခႏၶာကိုယ္အစိတ္အပိုင္း တစ္ခုခု နီရဲလာလွ်င္ သိသာလွသည္။ Jihoon စိတ္လြတ္​ေနခ်ိန္မွာ Hoshi က သူ႔ ႏႈတ္ခမ္းကို က်ဴးက်ဴး​ေက်ာ္​ေက်ာ္ ထိ​ေတြ႕​ေနသည္။ သူတားလိုက္ဖို႔ ​ေခါင္းထဲမ​ေရာက္၊ သည္တိုင္း ၿငိမ္​ေနမိသည္။ မ်က္ဝန္း​ေမွး​ေမွး​ေတြက အနည္းငယ္ဝိုင္းစက္သြား႐ုံကလြဲ မ်က္ႏွာ​ေသ​ေလးျဖင့္ Hoshi ကိုၾကည့္​ေနသည္။

"ငါ႐ုပ္ရွင္ၾကည့္ခ်င္လို႔ မဲအမ်ားႀကီးထည့္လိုက္တာပါ။ မင္းမႀကိဳက္ရင္ ငါမဲ​ေတြ ျပန္ထုတ္လိုက္မယ္"

"..."

"အခု​ေကာ နာ​ေသးလား"

"..."

"မင္း​ေကာ ႐ုပ္ရွင္မၾကည့္ခ်င္ဘူးလား၊ တစ္ခါတ​ေလ​ေတာ့ အိမ္ထဲက အိမ္ျပင္ထြက္ပါအုံးကြာ"

"..."

"ၾကည့္​ေန။ တကယ္လို႔ တစ္​ေယာက္​ေယာက္အိမ္မွာ ​ေပ်ာ္ပြဲ႐ႊင္ပြဲ လုပ္မယ္ဆို မင္းအိမ္မွာလုပ္ဖို႔ ငါ​ေျပာမွာ"

"မရ...!"

အ​ေန​ေအးတဲ့Jihoon က သူ႔အိမ္မွာ ဤကဲ့သို႔ လူမ်ား​ေနမွာကို မလိုလားပါ။ ထို႔​ေၾကာင့္ ​ေရွ႕က Hoshi တရား​ေရလႊတ္ တြတ္တြတ္​ေျပာ​ေနသည့္ စကား​ေတြကို ျပန္မတုံ႔ျပန္မိဘဲ အခုမွ ​ေျပာမိျခင္းျဖစ္သည္။ သို႔​ေသာ္ သူ႔ႏႈတ္ခမ္းဆီ လက္ညႇိဳးတင္လာသည့္ Hoshi ​ေၾကာင့္ စကားလုံး​ေတြက ထိုႏႈတ္ခမ္းလႊာက​ေန အန္က်မလာ​ေတာ့။ 

"ရႉး ငါက စတာပါ။ မင္း​ေနရခက္​ေအာင္ ငါလုပ္မလား"

​ေနရခက္​ေအာင္ လုပ္မလားဟု​ေျပာၿပီး လူကို ႏႈတ္ခမ္းထိလိုက္၊ ႏွာ​ေခါင္းထိလိုက္ျဖင့္ ​ေနရခက္​ေအာင္ လုပ္​ေနသူကို Jihoon တစ္ခ်က္မွ် ​ေစြၾကည့္လိုက္ရင္း

"ဖယ္"

ထိုတစ္လုံးတည္း​ေသာ စကားကိုဆိုသည္။ Hoshi က ရယ္ကာ 

"မင္းက​ေလ စာသင္​ေပးတုန္းကက် ဒီ​ေလာက္ ​ေအးတိ​ေအးစက္မဆန္ဘူး"

ဟုတ္ပါသည္။ Jihoon မွာ စာသင္ျပ​ေပးတတ္သူပီပီ စာ​လာ​ေမးသည့္သူ​ေတြကို စိတ္ရွည္၊ လက္ရွည္ ရွင္းျပ​ေပးပါသည္။ အတန္းထဲကလူ​ေတြ​ေျပာ​ေလ့ရွိတာက "အတန္း​ေခါင္း​ေဆာင္ကို စကားမ်ားမ်ား ​ေျပာ​ေစခ်င္ရင္ စာသြား​ေမး" တဲ့​ေလ။ သို႔​ေသာ္ တျခားအခ်ိန္​ေတြဆို သူလုပ္စရာရွိတာကိုသာ တည္ၿငိမ္စြာ လုပ္​ေနတတ္သူ။ သီခ်င္းညည္းမယ္၊ ဂစ္တာ​ေခါက္မယ္၊ သံစဥ္​ေတြ စဥ္းစားမယ္၊ စာလိုက္မွတ္မယ္။ အယ္ ၿပီး​ေတာ့...စကားမ်ားတဲ့ အုပ္စုေတြကိုလည္း နာမည္မွတ္တာရယ္​ေပါ့။ 

Jihoon က Hoshi ကို တြန္းဖယ္ကာ စာၾကည့္တိုက္မွတဆင့္ စာသင္​ခန္းဆီ ​ေလွ်ာက္သြားသည္။ ထို​ေျခလွမ္း​ေတြက မေျပး႐ုံတမယ္ ျမန္ဆန္​ေန​ေလသည္။ မသိလွ်င္ ​ေနာက္က က်ားလိုက္လာ​ေတာ့မည့္ ပုံစံျဖင့္။ သို႔​ေသာ္ Hoshi မွာ လွစ္ခနဲ ထြက္​ေျပးသြားသည့္ အျဖဴရိပ္က​ေလးကို လိုက္မဖမ္း​ေတာ့ဘဲ အ​ေနာက္က​ေန ​ေငးရင္း ၿပဳံး​ေနမိပါသည္။

//

"အျပင္​ေလွ်ာက္လည္၊ ႐ုပ္ရွင္ၾကည့္ တဲ့"

မဲႏႈိက္ရလဒ္ကို Mingyu က ထုတ္​ေျပာ​ေတာ့ ​ေပ်ာ္​ေတာ့သူကလည္း​ေပ်ာ္၊ ဟာ ခနဲ ျဖစ္သြားတဲ့သူကလည္း ျဖစ္သြားနဲ႔ အမ်ိဳးစုံပါပဲ။ သည္လိုနဲ႔ အားလုံး အားၾကမဲ့ ည​ေနပိုင္းမွာ ခ်ိန္းဖို႔ စီစဥ္ၾကသည္။ လူစုရင္ ဘတ္စ့္ကားဂိတ္မွာ စုဖို႔နဲ႔ အခ်ိန္တိက်ဖို႔ပါ တစ္​ေယာက္ကိုယ္ တစ္​ေယာက္ အတန္တန္မွာ​ေနၾကသည္။ ၾကည့္ခ်င္သည့္ ႐ုပ္ရွင္​ေတြကလည္း မတူညီၾကသည္မလို႔ အဖြဲ႕သုံးဖြဲ႕ ခြဲလိုက္ရသည္။ Hoshi က Barbie ၾကည့္ခ်င္သည္။ Jeonghan က The Nun II ၾကည့္ခ်င္သည္။ Seokmin က Disney က အသစ္ထြက္ထားတဲ့ Animation ၾကည့္ခ်င္သည္။ ဦး​ေဆာင္ အစီအစဥ္ဆြဲသည့္ Mingyu မွာ ​ေခါင္း​ေတြ တျဗင္းျဗင္းကုတ္ရင္း ဦး​ေႏွာက္​ေျခာက္ရသည္။ တစ္​ေယာက္တစ္​ေပါက္ႏွင့္ ​ေျပာဆိုျငင္းခုန္​ေနသည္က နားမခံသာစရာ။ သုံးဖြဲ႕ခြဲလိုက္​ေတာ့လည္း အကုန္အက်မ်ားမွာ​ေၾကာင့္ ဆုံးျဖတ္ရ ၾကပ္​ေနသည္။ 

သို႔​ေသာ္ လူငယ္သဘာဝ သုံးျဖဳန္းခ်င္ၾက၊ ဝတ္ခ်င္စားခ်င္ ၾကတာမလို႔ ဤမွ်​ေလာက္ အကုန္အက်ကို စကားထဲ ထည့္မ​ေျပာခ်င္ၾက။ ထိုသို႔ႏွယ္ အတန္း B-12 မွာ ဆူညံပူညံျဖစ္၍ ​ေနသည္။

"အားလုံးမတ္တပ္ရပ္၊၊ ဆရာ့ကိုႏႈတ္ဆက္"

"Jihoon ​ေနာက္​ေနတာ၊ ငါတို႔ ဆူ​ညံေနတာ ၾကည့္မရလို႔​ေနမယ္"

အတန္း​ေခါင္း​ေဆာင္ Jihoon ၏ စကား​ေၾကာင့္ အတန္းထဲကလူ​ေတြ အံ့ဩသြား​ေပမဲ့ မယုံၾကည္ၾက။ ​ေနာက္ဆုံးတန္းက Mingyu တို႔မွာ အတန္း​ေခါင္း​ေဆာင္ကို ဂ႐ုပင္မစိုက္ဘဲ တစ္​ေယာက္တစ္​ေပါက္ျဖင့္ အာ႐ုံမ်ား​ေနသည္။

"ကဲ မင္းတို႔​ေကာင္​ေတြ မျပန္ၾက​ေသးတာလား၊ အတန္း​ေစာဆင္းလို႔ ဝမ္းနည္း​ေနၾကတယ္ထင္တယ္။ ကဲ ကဲ သခ်ၤာစာအုပ္ထုတ္၊ စိတ္​ေျပလက္​​ေပ်ာက္ စာ​ေလးသင္ၾကရတာ​ေပါ့"

ဆရာ့အသံၾကားမွ အားလုံးက ကိုယ့္ထိုင္ခုံေနရာဆီ ဝုန္းဒိုင္းက်ဲ ​ေျပးထိုင္ကာ ႏႈတ္ဆက္ၾကသည္။

"ဆရာ၊ ကြၽန္​ေတာ္တို႔  ႐ုပ္ရွင္သြားၾကည့္ဖို႔ တိုင္ပင္​ေနတာ။ ပါမလား"

"႐ုပ္ရွင္မၾကည့္ခ်င္ဘူး၊ စာပဲသင္ခ်င္တယ္။ စာအုပ္ထုတ္၊ စာအုပ္ထုတ္"

"ဟာ ဆရာကလဲ"

အလိုမက်သံ​ေတြက အတန္းထဲ  ျပည့္လွ်ံသြားသည္။ ဆရာ့ စကားကို နာခံတာ အတန္း​ေခါင္း​ေဆာင္ျဖစ္သူ Jihoon ပါပဲ။ စာအုပ္ထုတ္ကာ ဆရာစာရွင္းမည္ကို ​ေစာင့္​ေနသည့္ Jihoon ကို Hoshi က ထူးဆန္းသလိုၾကည့္မိသည္။ ထို႔​ေနာက္ ဆရာက သူတို႔ေတြကို ဟက္ဟက္ပက္ပက္ရယ္ရင္း

"မင္းတို႔တိုင္ပင္ၿပီးၾကရင္လည္း ျပန္ၾက​ေတာ့၊ အရမ္း​ေနာက္မက်​ေစနဲ႔ ၾကားလား"

"ဟုတ္ဆရာ ​ေက်းဇူးပါဆရာ"

ထိုသို႔​ေျပာၿပီး ဆရာကထြက္သြားသည္။ ဆရာ့စ​ေနာက္မႈ​ေၾကာင့္ တုန္လႈပ္သြားသည့္ အဖြဲ႕​ေတြက ရင္ဘတ္​ေပၚ လက္က​ေလး​ေတြ တင္လို႔။ တစ္​ေအာင့္အၾကာ အလ်ိဳလ်ိဳ အတန္းထဲက​ေန ထြက္သြားၾကသည္။ Jeonghan က စာ​ေမးပြဲအခ်ိန္အတြင္း အတန္း​ေခါင္း​ေဆာင္ သိမ္းထားသည့္ ဖုန္းကို ​ေတာင္းသည္။ Mingyu တို႔နဲ႔ ျငင္းခုန္​ေနရင္း အခ်စ္​ေလးကို ​ေခတၱမွ် ​ေမ့​ေလ်ာ့သြားသည္။ ဖုန္းဖြင့္ၾကည့္​ေတာ့ ထင္ထားသလို Cheol က စာ​ေတြပို႔လို႔ထားသည္။ 

"လြမ္းတယ္ လြမ္းတယ္၊ Yoon Jeonghan ကို လြမ္းလို႔ ႐ူး​ေတာ့မယ္"

"​ေသဆုံးရသည့္အ​ေၾကာင္းအရင္း Yoon Jeonghan ပစ္ထားသျဖင့္"

 "Jeonghan ငါ​ေက်ာင္း​ေရွ႕ ​ေရာက္​ေနၿပီ"

"Jeonghan စာ​ေမးပြဲ မၿပီး​ေသးတာလား၊ သူမ်ား​ေတြ​ေတာ့ အတန္းထဲက ထြက္လာ​ေနၾကၿပီ"

"Jeonghan ငါလြမ္းလြန္းလို႔ ဘယ္လိုလုပ္ရမလဲ၊ မင္းထြက္လာရင္ ငါတင္း​ေန​ေအာင္ ဖက္ထားမွာ မလႊတ္​ေတာ့ဘူး"

စာ​ေတြပို႔ထားတာ မ်ားလွသည္မို႔ အကုန္ပင္ Jeonghan မဖတ္လိုက္မိပါ။ သည့္ထက္ပိုၾကာရင္ စိတ္​ေကာက္အုံးမွာမို႔ လြယ္အိတ္ကို ​ေကာက္လြယ္ၿပီး မ​ေမ့မ​ေလ်ာ့ Cheol ကို အသည္းစတစ္ကာ​ေလးသာ ပို႔ရင္း အတန္းထဲက ထြက္လာခဲ့သည္။

"Cheol !"

​ေခါင္းျဖဴျဖဴ​ေလးက ​ေက်ာင္းဝန္း​ေရွ႕ ထင္း​ေန​ေရာပဲ။ သူ႔ကိုလည္းျမင္​ေရာ ၾကည္ႏူးစြာၿပဳံးလိုက္​ေပမဲ့ စိတ္​ေကာက္ရမည္မွန္း သတိရသြားတာ​ေၾကာင့္ မ်က္​ေမွာင္ႀကီးကို အသားကုန္ ကုတ္ခ်ပစ္လိုက္တဲ့ပုံမ်ား အၾကင္နာ​ေတြ  ပုံ​ေပးခ်င္စရာအတိ။ 

"အခ်စ္ဆုံး​ေလးက​ေလ စိတ္​ေကာက္​ေနတာ​ေပါ့"

"အင္း ဟုတ္တယ္"

​ေခါင္းတဆတ္ဆတ္ညိတ္ၿပီး အ​ေျဖ​ေပးသည္။ Jeonghan အသည္းယားစြာ ႏွာထိပ္လုံးလုံးက​ေလးကို ဖ်စ္ညႇစ္လိုက္ၿပီး

"တအားလြမ္းလို႔ ဖက္ထားခ်င္ပါတယ္ဆို၊ ဖက္ထား​ေလ။  Cheol ​ေနာ္ ​ေနာက္မွ သူမ်ား​ေတြၾကည့္​ေနလို႔ ရွက္လို႔ဆိုၿပီး လႊတ္ရင္ ငါက ျပန္စိတ္​ေကာက္လိုက္...အင့္!"

စကားမဆုံး​ေသးခင္ ခါးက​ေန ဆြဲဖက္လာသည့္ Cheol ​ေၾကာင့္ အာ​ေမဋိတ္ျပဳမိရသည္။ ထို႔​ေနာက္ Jeonghan နားကို ​ေလမႈတ္လိုက္ရင္း

"ငါ့ကိုၾကည့္ၾကပ္ အလိုလိုက္ Jeonghan၊ မင္းအခု ပုံစံနဲ႔ လူၾကားထဲလည္း ငါက နမ္းမိမွာ"

"နမ္း​ေလ နမ္း​ေပါ့၊ ငါနစ္နာတာက်လို႔"

"Jeonghan မင္းကြာ"

Cheol က အသည္းယားစြာ အံႀကိတ္ရင္း​ေျပာ​ေတာ့  Jeonghan က တခစ္ခစ္ရယ္သည္။ Jeonghan ​ေခါင္းကို ခပ္ဖြဖြပြတ္သပ္ရင္း

"အိမ္​ေရာက္မွ အတိုးခ်ၿပီးနမ္းမယ္"

"ကိုယ့္စကားနဲ႔ ကိုယ္​ေနာ္ Cheol "

"Jeonghan ငါ့ကို စိတ္မထိန္းႏိုင္​ေအာင္ မလုပ္နဲ႔ကြာ၊ အခုတင္ ႏႈတ္ခမ္း​ေတြကို ​ေပါက္သြား​ေအာင္ ကိုက္ပစ္ခ်င္​ေနတာ"

Cheol စကားကိုလည္းၾကား​ေတာ့ Jeonghan က ရင္ခြင္က်ယ္ဆီက​ေန ​ေျပးထြက္ကာ လွ်ာထုတ္ရင္း ​ေျပာင္ျပသည္။ Cheol မွာ Jeonghan ၏ အမူအယာ​ေလး​ေၾကာင့္ ​ေနရာမွာတင္ ႐ူးပစ္ဖို႔ လုံ​ေလာက္သြားသည္။ Jeonghan  နဲ႔  ပတ္သတ္ရင္ Cheol  မွာ အ​ေပါဆုံးက ေမတၱာ​ေတြမလို႔ သည္​ေမတၱာ​ေတြနဲ႔ ​ေထြး​ေပြ႕ရင္း လုံၿခဳံ​ေစခ်င္တာ။ ​

ေျခဖဝါးႏုႏုကို ​ေသြးျခည္​ေတာင္မဥ​ေစခ်င္သည့္ ခ်စ္ျခင္း​ေတြက တစ္​ေန႔ထက္တစ္​ေန႔ ရင္ထဲ ကိန္းဝပ္လို႔။ သာတူညီမွ်တဲ့ သံ​ေယာဇဥ္​ေတြက တစ္ဆင့္ၿပီးတစ့္ဆင့္ တိုးပြားလာတဲ့အခါ ​ေပ်ာ္႐ႊင္စရာ​ေတြက ပိုလို႔ သက္ဝင္ခဲ့ရတယ္။ သူ႔​ေမတၱာ​​ေတြကို Jeonghan ​ေပ်ာ္​ေပ်ာ္ႀကီး ထုတ္ပိုးသိမ္းဆည္း​ေနသလို သူကလည္း Jeonghan ရဲ႕ ယုယျခင္း​ေတြက တဆင့္ ​ေပ်ာ္႐ႊင္မႈ​ေတြ အလွ်ံပယ္ ​ေသာက္သုံး​ေနခဲ့တာ။ Jeonghan က သူ႔ရဲ႕ဖူးစာဖက္။ သူ​ေရွ႕ဆက္မဲ့လမ္းမွာ အခက္အခဲမွန္သမွ် ႐ုန္းထြက္ႏိုင္​ေစဖို႔ အား​ေဆး​ေလးတစ္ခု။ 

"Jeonghan သိပ္မ​ေျပးနဲ႔ ​ေခ်ာ္လဲမယ္"

"လိုက္ဖမ္း"

ႏွလုံးသား​ေလးကို လိုက္ဖမ္း​ေနရတာလဲ မလြယ္လွပါဘူး။ ​ေျခလွမ္း​ေတြကို တမင္​ေႏွး​ေအာင္ ​ေျပး​ေနရ​တာမလို႔ ပို​ေမာရသည္။ ျမန္ျမန္ဆန္ဆန္ဖမ္းမိသြားရင္ မ​ေက်နပ္ဟန္ ႏွာ​ေခါင္းရႈံ႕မည့္ Jeonghan ​ေၾကာင့္ သူသိတတ္​ေပးလိုက္ပါသည္။ 

"Cheol ႐ုပ္ရွင္ၾကည့္မယ္မလား"

​​​ေျပးရတာ ေမာသြားလို႔ ထင္ပါရဲ႕၊ ဆက္မ​ေျပး​ေတာ့ဘဲ ​ေနာက္လွည့္ကာ ​ေမးလာသည္။ 

"ဘာကားလဲ"

"သရဲကား"

"မၾကည့္ခ်င္ဘူး"

"မၾကည့္ရဲတာမလား"

"ဘယ္ကသာ"

"ငါၾကည့္ခ်င္လို႔၊ ဒီည​ေန သူငယ္ခ်င္း​ေတြနဲ႔ ခ်ိန္းထားတယ္။ အတူၾကည့္မယ္​ေလ​ေနာ္၊ ႐ုံမွာ မုန္႔ဝယ္​ေကြၽး"

"အခ်စ္ကားၾကည့္မယ္​ေလ"

"သရဲကားၾကည့္မွာ"

Cheol က အလိုမက်သလို ႏႈတ္ခမ္း​ေထာ္သြား​ေပမဲ့ ​​ေနာက္​ေတာ့ ​ေခါင္းညိတ္ျပသည္။ သ​ေဘာ ဟု​ေျပာရင္း ပုခုံးကို လွမ္းဖက္သည္။ နားသယ္စပ္က​ေလးကို လူလစ္တုန္း ခပ္ဖြဖြ​ေလး နမ္းလိုက္သည္။ Jeonghan တစ္ခ်က္မွ် တြန္႔သြား​ေသာ္လည္း ျငင္းဆန္ျခင္းမျပဳ၊ Cheol ရဲ႕ ထိ​ေတြ႕ျခင္း​ေတြအဖုံဖုံကို သူယစ္မူးမိတာ​ေလ။ အလိုလိုက္ခ်င္မိတဲ့ စိတ္​ေတြက Cheol ​ေရွ႕​ေရာက္ရင္ ဖ႐ိုဖရဲနဲ႔ ၿပိဳက်ကုန္တာ။

သည္လိုနဲ႔ ည​ေန​ေရာက္​ေတာ့ ဘက္စ့္ကားဂိတ္မွာ လူစုၾကသည္။ Dino ရဲ႕ စကြက္​ေၾကာင့္ တစ္ဖက္​ေက်ာင္းကပါ ​ေရာက္လာၾကသည္။ Minghao က ႐ုပ္ရွင္ၾကည့္ဖို႔ ဖြဲ႕ထားသည့္ အဖြဲ႕သုံးဖြဲ႕ရဲ႕ ဇာတ္ကား​ေတြ တစ္ကားမွ မၾကည့္ခ်င္။ သူက Romance ၾကည့္ခ်င္သူမလို႔ Wonwoo ကို အ​ေဖာ္ညႇိၾကည့္​ေပမဲ့ Mingyu နဲ႔ Animation ၾကည့္ဖို႔ ​ေျပာထားၿပီးသား တဲ့​ေလ။ သူ Wonwoo ကို စိတ္ဆိုးမိသည္။ ​ေမြး​ေန႔တုန္းက​ေတာ့ သူ႔ Mingyu စိတ္​ေကာက္​ေအာင္ လူကိုခုတုံးလုပ္ၿပီး နမ္းတုန္းကနမ္းသည္။ အခု​ေတာ့ ဟိုးအ​ေဝးဆုံးကို ထြက္သြားတာမ်ား၊ လိုက္ဖမ္းလို႔​ေတာင္မရ​ေတာ့။ ရည္းစား​ေနာက္ တ​ေကာက္​ေကာက္ပါ​ေအာင္ လိုက္​ေနသည့္ သူငယ္ခ်င္းျဖစ္သူကို စိတ္ထဲ တတြတ္တြတ္ ႀကိမ္း​ေမာင္းမိသည္။

ဘက္စ့္ကားဂိတ္မွာ လူလည္းစုံၿပီျဖစ္လို ​စီးရမည့္ ကားလည္း ​ေရာက္လာၿပီမို႔ ကား​ေပၚ​ေျပးတက္လိုက္ၾကသည္။ Mingyu က အားလုံးအတြက္ ဘက္စ့္ကားခကို ဒကာခံရသည္။ ဤသို႔ စီစဥ္သူမွာ Mingyu ျဖစ္​ေန၍ ျဖစ္သည္။ လက္တြဲ​ေဖာ္ရွိၾကသည့္သူ​ေတြက ႏွစ္​ေယာက္တစ္တြဲထိုင္ခ်င္တာ​ေၾကာင့္ ခုံလုၾကသည္။ ထိုထဲတြင္ Mingyu နဲ႔ Cheol က ထိပ္ဆုံးကပင္။ 

"မင္းတို႔နဲ႔လည္း ငါတို႔​ေတြမထိုင္ခ်င္ဘူး၊ လုမ​ေနနဲ႔"

ဘက္စ့္ကားဂိတ္မွာထဲက စိတ္ဆိုး​ေနသည့္ Minghao က သူသိမ္းဆည္းထားသည္တို႔ကို ​ေျဖခ်ပစ္လိုက္​ေတာ့ အားလုံးပြဲက်သြားသည္။ Jun က သူ႔​ေဘးမွာ ခုံလြတ္​ေနတာမို႔ လာထိုင္ဖို႔ ခုံကို ပုတ္ျပသည္။ ထိုအခါမွ Minghao လည္း Jun ကိုၿပဳံးျပရင္း ​ေဘးနားဝင္ထိုင္လိုက္သည္။ ဘက္စ့္ကားမွာ သူတို႔​ေတြနဲ႔ခ်ည္း ျပည့္​ေနသည္။ ႐ုပ္ရွင္႐ုံနဲ႔က သိပ္မ​ေဝး၊ ​ေလးမွတ္တိုင္​​ေလာက္ပဲ စီးရေၾကာင့္ မတ္တပ္ရပ္​ေနရသည့္သူ​ေတြလည္း ခံသာ၍ရသည္။ တစ္​ေအာင့္​ေလာက္ၾကာ​ေတာ့ သူ​တို႔​ေတြရဲ႕ ပန္းတိုင္ ႐ုပ္ရွင္႐ုံကို ​ေရာက္​ေလသည္။ အလာလမ္းမွာ Minghao က သူနဲ႔ ႐ုပ္ရွင္ၾကည့္ဖို႔ Jun ကို အ​ေဖာ္ညႇိၾကည့္သည္။ Jun က အလြယ္တကူပင္ အားရဝမ္းသာ လက္ခံသည္။

//

"အား ရွီးပါး!"

"Cheol ရဲ႕ သူမ​ေျခာက္​ေသးပါဘူး"

"မၾကည့္​ေတာ့ဘူး ျပန္မယ္"

"အခ်စ္​ေလး တိုးတိုး​ေန​ေလ သူမ်ား​ေတြလည္း ၾကည့္​ေနတာကို"

"ဖက္ထား ဖက္ထား"

ရင္ခြင္ထဲ ဝင္ခိုလႈံ​လာတဲ့ Cheol ကို တင္း​ေန​ေအာင္ ဖက္ထား​ေပးလိုက္ၿပီး ​ေခါင္းပုတ္​ေပးမိသည္။ Cheol က Jeonghan ႏႈတ္ခမ္းကို လိုက္ကလူ​ေနသည္။ လက္ညႇိဳးက​ေလးျဖင့္ ​ေအာက္ႏႈတ္ခမ္းကို ​ေဆာ့ကစား​ေနသည္။ Jeonghan စိတ္​ေတြ ႐ုပ္ရွင္ထဲလည္း မရွိ​ေတာ့။ ဆံျဖဴ​ေကာင္​ေလးက ဆိုးခ်င္တိုင္းကို ဆိုး​ေနတာမလို႔ လူကတြန္႔တြန္႔သြားရသည္။ ေနာက္ဆုံးတန္း ​ေထာင့္စြန္းခုံမွာမလို႔ လူမျမင္ရ​ေပမဲ့လည္း အမ်ားသူငါရွိ​ေနတာ​ေတာင္ အတင့္ရဲ​ေနသူ။ သို႔​ေသာ္လည္း Jeonghan အျပစ္မျမင္မိ။ Cheol လက္ကို က်စ္က်စ္ပါ​ေအာင္ ဆုပ္ကိုင္လိုက္ရင္ ရင္ခြင္ထဲက Cheol ပါးျပင္ကို တရႈိက္မက္မက္ ငုံ႔နမ္းမိသည္။ ထိုအခါက်မွ Cheol ထူထူ​ေထာင္​ေထာင္ျဖစ္လာၿပီး ဖန္သားျပင္မွာ ​ေပၚ​ေနသည့္ Deomonic Nunကိုလည္း ဘာသိဘာသာ ျဖစ္သြားသည္။ Jeonghan ရင္ခြင္ထဲက ​ေခတၱမွ် ႐ုန္းထြက္ကာ Jeonghan ကိုသာလွ်င္ သူ႔ရင္ခြင္ထဲ အတင္းသြတ္ထည့္​ေနသည္။ Jeonghan တစ္ခ်က္ရယ္လိုက္မိကာ ၾကည္ႏူးမႈ​ေတြ အလီလီျဖင့္ ရင္ခြင္ထဲ ခို​ေအာင္းလိုက္သည္။

Cheol က Jeonghan ​ေမးစိကို သူ႔ႏႈတ္ခမ္းနားထိ​ေရာက္​ေအာင္ ပင့္တင္လိုက္ၿပီး ​တစ္ခ်က္မွ် စုပ္ယူနမ္းရႈိက္လိုက္သည္။ ႐ုပ္ရွင္က တျဖည္းျဖည္း ဇာတ္ရွိန္ျမင့္လာတာကို အခြင့္​ေကာင္းယူၿပီး Cheol က Jeonghan ႏႈတ္ခမ္းကို ႐ူးမူးစြာ ကိုက္ျဖတ္​ေနသည္။ ပူ​ေႏြးသည့္ ႏႈတ္ခမ္းလႊာ​​ေလးလႊာက တစ္ထပ္တည္းက်သြားဟန္ရွိသည္။ ျမန္ဆန္လွသည့္ Cheol ၏ နမ္းရႈိက္မႈ​ေတြကိုJeonghan ႐ုန္းဆန္ျခင္း ျပဳမ​ေန​ေတာ့။ ခံတြင္းထဲ ျဖည္းညင္းစြာဝင္ၿပီး လွ်ာဖ်ားနဲ႔ ကလူ​ေနတာ​ေၾကာင့္ တစ္ခ်က္ တစ္ခ်က္ တြန္႔သြားရသည္။ ထို႔​ေၾကာင့္ Cheol က ဟန္ခ်က္မပ်က္​ေစရန္ Jeonghan လက္ႏွစ္ဖက္ကို သူ႔လည္ဂုတ္ဆီသို႔ တစ္ဖက္တစ္ခ်က္ဆီ ခ်ိတ္တြယ္​ေစသည္။ ဘယ္​ေတာ့မ်ားမွ ရပ္မလဲ ခန္႔မွန္းလို႔ မရတဲ့အထိကို Cheol အနမ္း​ေတြက နတ္ဆိုးဆန္လွသည္။ သို႔​ေသာ္လည္း Jeonghan နစ္ဝင္မိသည္။ တလွိမ့္လွိမ့္တုန္ရီ​ေနတဲ့ Jeonghan ရဲ႕ ဝဲရင္အုံကို Cheol က တစ္ခ်က္ ဆန္းစစ္ၾကည့္ရင္း ႏႈတ္ခမ္းဆီက​ေန အနမ္းတို႔ကို စြန္႔ခြာလိုက္သည္။ 

Jeonghan မ​ေနတတ္စြာ ကြဲထြက္သြားသည့္ Cheol ႏႈတ္ခမ္း​ေတြရဲ႕ ဦးတည္ရာကို ​ေငး​ေနမိသည္။ Cheol ကရယ္ရင္း Jeonghan ​ေမးစိကို ​ေမာ့​ေစကာ ထင္းခနဲျဖစ္သြားသည့္ လည္တိုင္ ​ေက်ာ့​ေက်ာ့ကို ခပ္ဖြဖြနမ္းလိုက္သည္။ Cheol အ​ေနနဲ႔ Jeonghan လည္တိုင္ကို​ေတာ့ တစ္ခါမွ မနမ္းရႈိက္ဖူးပါ၊ ထို႔​ေၾကာင့္Jeonghan ထပ္တိုး၍ ရင္ဖိုရသည္။ လည္တိုင္ျဖဴျဖဴကိုသြားနဲ႔ကုတ္ျခစ္​ေနတာ​ေၾကာင့္ တမဟုန္ခ်င္းနီရဲသြားသည္ကို ႐ုံထဲ ​ေမွာင္​ေနတာ​ေတာင္ အတိအလင္းျမင္ႏိုင္သည္။ Cheol က သူထုဆစ္ထားလို႔ နီ​ေသြး​ေရာင္သမ္း​ေနသည့္ Jeonghan လည္တိုင္ကို သ​ေဘာက်သလို ၾကည့္ကာ ျမင္​ေနရသည့္ ညႇပ္႐ိုး​ေလး​ေတြကိုပါ တတိတိကိုက္ျဖတ္​ေနသည္။ လွ်ာထိပ္နဲ႔ ညႇပ္႐ိုး​ေတြကို ဘယ္ညာ ကူးသန္း​ေနတာ​ေၾကာင့္ Jeonghan မ​ေနတတ္​ေတာ့။

"Cheol ​ေတာ္​ေတာ့"

Jeonghan အခုမွ ရွက္သလိုလို ခံစားမိသည္​ေၾကာင့္ တုန္ယင္စြာ တားလိုက္မိ​ေတာ့ Cheol က ​ေခါင္း​ေထာင္လာကာ

"အလိုလိုက္မယ္ဆို"

"အာ...အခုမဟုတ္ဘူး​ေလ"

"ဘယ္​ေတာ့လဲ"

"အိမ္ျပန္ရင္...အာ မဟုတ္ဘူး Cheol"

Jeonghan သူ႔စကားမွားသြားမွန္း Cheol ၏ အသည္းစိမ့္ဖြယ္ အၾကည့္​ေၾကာင့္ သတိထားမိသြားသည္။ ထို႔​ေၾကာင့္ အသည္းအသန္ျငင္းမိ​ေပမဲ့ Cheol က

"ထ ျပန္မယ္"

"ဟင့္အင္း"

"ျပန္မယ္ ဒီကားၾကည့္ခ်င္ရင္ ​ေနာက္မွျပန္ၾကည့္လို႔ရတယ္"

"Cheol ကကြာ"

"ကိုယ့္စကားနဲ႔ကိုယ္ပဲ Jeonghan၊ ထ "

Jeonghan မထဘဲ ခုံနဲ႔ တင္ပါးကို တင္း​ေန​ေအာင္ ပူးတြဲကပ္ထားသည္။ Cheol က Jeonghan ဒူးႏွစ္ဖက္ကို ခုံ​ေပၚတင္လိုက္ၿပီး သ​ေကာင့္ခြက္ထဲ လက္လ်ိဳဝင္ကာ ခါးကို က်စ္က်စ္ပါ​ေအာင္ ဖက္ထားလိုက္ၿပီး မ,ခ်ီလိုက္သည္။ ထိုအခါ Jeonghan ဘယ္လိုမွ ႐ုန္းမရ​ေတာ့ဘဲ အလိုက္သင့္​ေလး ပါသြားသည္။ သူတို႔က ​ေနာက္ဆုံးတန္းျဖစ္​ေသာ္ျငား ​ေဘးခုံကလူ​ေတြမွာ အ​ေႏွာင့္အယွက္ျဖစ္သြားမွာ စိုးတာ​ေၾကာင့္လည္း Jeonghan ၿငိမ္ကုတ္​ေနမိသည္။ ဒါ​ေတာင္ သူတို႔ ႐ုံထဲကထြက္သြား​ေတာ့ လူ​ေတြကြက္ၾကည့္၊ ကြက္ၾကည့္ျဖင့္။ Cheol က ဒါ​ေတြ စိတ္မဝင္စားဘဲ Jeonghan ကိုသာ ႐ႊန္း႐ႊန္းစားစားၾကည့္ရင္း လမ္း​ေလွ်ာက္​ေနသည္။ ထို႔​ေၾကာင့္ ​ေျခလွမ္း​ေတြ ခလုတ္တိုက္​ေနတာ​ေၾကာင့္ Jeonghan ထိုလူသန္​ေလးရဲ႕ ပုခုံးကို ႏွစ္ခ်က္ဆင့္႐ိုက္လိုက္ၿပီး

"Cheol ​ေသခ်ာၾကည့္​ေလွ်ာက္စမ္း"

"အမိန္႔​ေတာ္အတိုင္းပါ ခင္ဗ်ား"

Cheol စကား​ေၾကာင့္ Jeonghan ရယ္မိၿပီး Cheol ရဲ႕ ဂုတ္ပိုး​ေဖြး​ေဖြးကို အသည္းယားစြာ ကုတ္ဖဲ့​ေနမိသည္။ ႐ုပ္ရွင္႐ုံရဲ႕Corridor နား​ေရာက္မွ ခ်ီထားရာမွ ျပန္ခ်​ေပးသည္။ Cheol က Jeonghan လက္ကို ဆြဲကာ ဘက္စ့္ကားဂိတ္ဆီ အ​ေျပးသြားသည္။ အခု Cheol စိတ္ထဲ အိမ္အျမန္ျပန္​ေရာက္ဖို႔သာရွိသည္။ က်န္တာဘာမွ ​ေခါင္းထဲမ​ေရာက္။ ဆိုးလို႔ရတိုင္း ဆိုး​ေနသည့္ သူ႔ခ်စ္သူကို Jeonghan မတားႏိုင္​ေတာ့။ Cheol ဆြဲ​ေခၚတဲ့​ေနာက္ တ​​ေကာက္​ေကာက္ပါသြားသည္။ 

ဤသို႔ႏွယ္ အိမ္ျပန္​ေရာက္​ေတာ့ Cheol က Jeonghan အိမ္​ေပၚ တစ္ခါတည္း လိုက္သြားသည္။ Jeonghan အ​ေမျဖစ္သူ Yoon Suriကို ခပ္ျမန္ျမန္ပဲ ႏႈတ္ဆက္လိုက္သည္။ Jeonghan က Cheol ဇပိုးကို တစ္ခ်က္​ေလာက္ အုပ္​ေပးလိုက္သည္။ သူ႔ဆံျဖဴ​ေကာင္​ေလး ဘယ္တုန္းကမ်ား လူႀကီးသူမကို မ႐ိုမ​ေသဆက္ဆံတတ္သြားတာလဲ။ 

"​ေဆာ္ရီး အခ်စ္ရာ၊ ငါစိတ္​ေလာ​ေနတာ"

"ဘာကိုလဲ"

"မင္းကိုနမ္းဖို႔"

"လူလည္​ေကာင္"

Jeonghan အခန္းထဲ ​ေရာက္တာႏွင့္ ႏႈတ္ခမ္းတို႔ဆီ လ်င္ျမန္စြာ နယ္ခ်ဲ႕လာသည့္ Cheol ​ေၾကာင့္ အံ့ဩရသည္။ ဤမွ်​ေလာက္ ႐ုတ္ခ်ည္းဆန္စြာ လိုအပ္သလား။ ​ေသာက္​ေလ ​ေသာက္​ေလ ငတ္မ​ေျပသည့္ Jeonghan ႏႈတ္ခမ္းလႊာ​ေတြကို စိတ္တိုင္းက် ခ်ည္​ေႏွာင္ကိုက္ျဖတ္​ေန​ေတာ့တာ။ ယွက္သြယ္​ေနတဲ့ ႏႈတ္ခမ္းလႊာ​ေတြက တစ္ခ်က္တစ္ခ်က္ ပြင့္အာသြားရင္ ခံတြင္းထဲဝင္ကာ ခ်စ္ျခင္းတို႔ကို ခံတြင္းထဲပါ ​ေဆာင္ၾကဥ္း​ေနတာ။ လွ်ာဖ်ားႏွစ္စုံ ပြတ္တိုက္မိတိုင္း Jeonghan ​ေသြး​ေၾကာ​ေတြ ​ေျပာင္းျပန္စီး​ဆင္း​ေနသလို က်ဥ္တက္သြားရသည္။ Cheol က Jeonghan ​ေအာက္ႏႈတ္ခမ္းကို နာက်င္​ေစရန္ တမင္ ကိုက္လိုက္သည္။ ​ေပါက္ထြက္သြားသည့္ ​ေအာက္ႏႈတ္ခမ္းလႊာက စကၠန္႔ပိုင္းမွ်ၾကာ​ေတာ့ ​ေသြး​ေတြစို႔လာသည္။ ထို​ေသြးတန္းမွ်င္တို႔ကို Cheol ကို စုပ္လိုက္ကာ လွ်ာျဖင့္ ယက္လိုက္ရင္း မ်ိဳခ်လိုက္သည္။ Jeonghan မွာ​ေတာ့ Cheol ရဲ႕ ထိ​ေတြ႕မႈ​ေတြကို ႏွစ္ၿမိဳ႕စြာပဲ ၿငိမ္ခံ​ေနသည္ကလြဲလို႔ တျခားဘာမွ မလႈပ္ရွားမိ။

ႏႈတ္ခမ္းက​ေန ​ေမးစိ၊ ​ေမးစိက​ေန တျဖည္းျဖည္း လည္တိုင္ကို က်ဴး​ေက်ာ္လာျပန္သည့္ Cheol ​ေၾကာင့္ Jeonghan ​ေနရခက္စြာ လက္သည္း​ေတြကို တတိတိခြာ​ေနမိသည္။ Cheol က ဒါကိုသတိထားမိသျဖင့္ Jeonghan လက္​ေတြကို သူ႔ဂုတ္ပိုး​ေပၚ သိုင္းဖက္​ေစၿပီး

"​ေနရခက္ရင္ ငါ့ဂုတ္ကို အားနဲ႔ကုတ္ပစ္လိုက္၊ ကိုယ့္ကိုယ့္ကိုယ္ နာ​ေအာင္မလုပ္နဲ႔"

Jeonghan ​ေခါင္းညိတ္ျပမိသည္။ Cheol က တစ္ဖန္ အနမ္းတို႔ကို စတင္သည္။ Cheol က Jeonghan ကိုနမ္း​ေနရင္း ခါးက​ေနသိမ္းဖက္ကာ ကုတင္​ေပၚ ထိုင္ခ်လိုက္သည္။ Jeonghan ကိုလည္း သူ႔​ေပါင္​ေပၚသို႔ မ်က္ႏွာခ်င္းဆိုင္ အ​ေနအထားျဖင့္ ထိုင္​ေစသည္။ Jeonghan ႏွာဖူးကို ျမတ္ႏိုးစြာ နမ္းလိုက္ၿပီး သူ႔ဂုတ္ပိုး​ေပၚက လက္တစ္ဖက္ကို ဆြဲယူကာ လက္​ေခ်ာင္း​ေလး​ေတြကို တစ္​ေခ်ာင္းခ်င္း ​ေနရာလြတ္မက်န္ အနမ္းမိုး​ေတြ ႐ြာသြန္း​လိုက္သည္။

ကြၽီ! 

ထိုအခ်ိန္ ပြင့္သြားသည့္တံခါးႏွင့္အညီ အခန္းထဲဝင္လာသူက အ​ေမျဖစ္သူ Yoon Suri။ Jeonghan လန္႔သြားရကာ Cheol ​ေပါင္​ေပၚက ဆင္းလိုက္​ေပမဲ့ အခ်ိန္မမီ​ေတာ့ေျကာင္း အံ့အားသင့္​ေနသည့္ အ​ေမ့မ်က္လုံး​ေတြက သက္​ေသထူပါသည္။ Jeonghan ရင္​ေတြ တထိတ္ထိတ္တုန္​ေနရင္း Cheol နမ္းရႈိက္ခဲ့တဲ့ လက္​ေခ်ာင္း​ေလး​ေတြက အမွားလုပ္ထားသကဲ့သို႔ တုန္ယင္လ်က္...။

//

PL's Note 

အိုးမိုး ရွက္လိုက္တာ ಥ﹏ಥ ၊ ဒီအပိုင္းကို ပန္း​ေလာင္​ေရးတာမဟုတ္ဘူး​ေနာ္။ အ​ေကာင့္ဟက္ခံရတာ(ᴗ͈ˬᴗ͈)

10: 24 PM

Sat, 28 Oct 

Lamin Pann Laung

//






Continue Reading

You'll Also Like

1.5K 103 6
this is a one sided love story based on moran... where karan is married to another girl mand monami becomes a cold heartless girl but monami feels th...
14.4K 352 200
Volume #2!!!! If you haven't seen Volume #1 of our memes, I highly recommend that you do as the memes are just as good as the ones in this book. Once...
3.2K 171 3
{Zhanyi version❗❗❗💖} 1. မတော်တဆချစ်မိသွားပြီ "လူနှစ်ဦးကြားက အချစ်ဟာစစ်မှန်ပြီး ဖူးစာမှန်ရင်မတော်တဆချစ်မိသွားနိုင်တယ်" ______________________...
28.7K 877 38
Tom Riddle's daughter Lilith is attending her sixth year at Hogwarts School of Witchcraft and Wizardry. On her first night back, she ends up sleep wa...