ဆံမြိတ်ချ လှပါပေ့....🌻
အပိုင်း(၂)
ဒေါင် ဒေါင် ဒေါင်....
သစ်သားအုန်းမောင်းခေါက်သံကြောင့် ထူးသာသည် ဓမ္မာရုံအနောက်ဘက် ဦးဇင်းဝေဠု၏ ခြေတံရှည် သစ်သားကျောင်းဆောင်ထဲမှ နိုးလို့လာသည်။
ဆယ်နှစ်သားအရွယ် သာထူး မျက်လုံးများကိုဖိပွတ်၍ စောင်ခေါက် ခေါင်းအုံးပေါ်ခေါက်ထားသော စောင်ကိုတင်ကာ ဖျာထဲလိပ်ထည့်လိုက်ပြီး ဖျာလိပ်ကို ခေါင်းရင်း၌ကပ်ထားလိုက်သည်။
ထို့နောက် အခန်းထဲမှထွက်လာကာ အောက်သို့ လှေကားထစ်မှားပေါ် အိပ်မှုန်စုန်ဖွားဖြင့် ဆင်းကာ အနောက်ဘက်မှ ရေကန်ရှိရာလို့ သွားပြီးမျက်နှာသစ်သည်။
မျက်နှာ သစ်ပြီး အပေါ်ပြန်တက်ကာ အခန်းထဲဝင်၍ အခန်းခြေရင်းမှ အဝတ်အိတ်ထဲကနေ ချည်သား ဒူးကျဘောင်းဘီနှင့် စပို့ရှပ်ခရမ်းလေးယူဝက်သည်။
ထို့နောက် ဆွမ်းစာဆောင်ဘက်သွားကာ အိပ်ချင်မူးတူးဖြင့် ကိုရင်လေးများဖြင့် ကိုရင်ကြီးဦးဆောင်ညွှန်းကြားသည့်အတိုင်း ဆွမ်းစာရန်ပြင်ဆင်ရသည်။
ကပ္ပိယကြီး ဦးေသာင်းသည်လည်း ကျောင်းဝင်းအတွင်း တံမြက်စည်းရှည်ဖြင့် လိုက်လံလှည်းကျင်းနေလေသည်။
ဦးေသာင်းမှာ အသက်ငါးဆယ်တစ်နှစ်ရှိပြီးဖြစ်ကာ ဆရာတော်၏ အစ်ကိုဝမ်းကွဲဖြစ်ပြီးလူပျိုကြီးဖြစ်သည်။
စားပွဲဝိုင်းခင်း တစ်ပါးထိုင်နှီးချောဖျာလေးတွေ စားပွဲဝိုင်းဘေးပတ်ခင်းကာ စားပွဲအလည်၌ စတီး ပန်းကန် ခွက်ယောက်များကို မှောက်၍ စီကာ လက်ဆေးရေကော်ဇလုံများအား စားပွဲဝိုင် အောက်နား တစ်ခုစီလိုက်ချရသည်။
ထို့နောက် သပိတ်များအား ဝိုင်းကူ၍ဆေးကြောပေးကာ သစ်သားခုံရှည်မြင့်မြင့်ပေါ် မှောက်၍ စီတန်းကာရေစစ်ရသည်။
လေးနာရီခွဲချိန်တွင် နောက်ထပ် အုန်းမောင်းခေါက်သံကြားရကာ ကိုရင်ကြီးက ဦးဆောင်၍ ကိုရင်များဖြင့် ထူးသာပါ ဓမ္မာရုံရှိရာ တိုက်ကျောင်းဘက် ပါလို့သွားသည်။
ဓမ္မာရုံပေါ်၌ ဆရာတော်ဘုရားက ထိပ်ဆုံးတွင်ထိုင်ကာ တိုင်၍ ဘုရားရှိခိုးရန်ဆော်ဩသည်။
ဆရာတော့နောက်၌ ဦးဇင်းများစီတန်းထိုင်ကာ ဦးဇင်းအပါးနှစ်ဆယ်ကျော်နောက်၌ ကိုရင်ကြီး ရှစ်ပါး ထို့နောက် ကိုရင်လေးအပါးသုံးဆယ် စီတန်းထိုင်ကာ နောက်ဆုံး၌ ထူးသာနှင့် ကပ္ပိယကြီး ဦးေသာင်းတို့ထိုင်သည်။
ထူးသာက ကျောင်းပြန်ရင် ညဘက်ကိုရင်တွေနှင့်အတူ ပါဋိစာတွေသင်ရတာမို့ ဘုရားစာတွေအလွတ်ကျက်ထားရသည်။
ဓမ္မာရုံဘက် မှ ပရိတ်ကြီးဆယ့်တစ်သုတ် ရွတ်သံ ပဌာန်းပါဠိတော် အကျယ်ရွတ်ဖတ်သံ သက်တ္တဝါအားလုံးကိုမေတ္တာပို့အမျှဝေသံတို့က ထိုရပ်ကွက်လေးထဲ သံပြိုင်ညီ၍ ထွက်ပေါ်လာသည်။
.....
မေသင်းကြိုင်သည် ဦးနှောက်ခန္တာကိုယ် လှုပ်ရှားမှုနှေးကွေးသူဖြစ်၍ ကျောင်းတက်ရာမှ အတန်းဖော်များနှင့် စာသင်ရာ၌လိုက်မမှီခဲ့ပါ။
သူများက ကဗျာတစ်ပုဒ်ကို ဆရာမတိုင်ပေးလိုက်ရင် ချက်ချင်းစာလုံးပေါင်းဆိုပြနိုင်သော်လည်း မိကြိုင်မှာတော့ ကဗျာတစ်ကြောင်းကိုပဲ အချိန်ယူဖတိရသည့် ကလေးဖြစ်သည်။
ထို့ကြောင့် ဆရာမတောိတော်များများက စိတ်မရှည်ကာ မေသင်းကြိုင် တစ်ယောက်ကြောင့် သင်ခန်းစာတွေရှေ့မတက်နိုင်တော့ သူတို့သတ်မှတ်ထားသည့် တစ်လစာသင်ရိုးက ရှေ့မရောက်လာတဲ့အခါ တခြားကျောင်းသားမိဘတွေကလည်း ဆူပူလာကာ ကျောင်းအုပ်ကြီးဆီမှ ဆရာ ဆရာမတို့အဆူခံရတက်သည်။
"အစ်မ ကလေးကို ကျွန်မတို့လည်း ပညာတက်စေချင်ပါတယ် ဒါပေမယ့်အများနဲ့တစ်ယောက်ဆိုတော့ မေသင်းလေးကို ဦးစားပေးနေလို့မရဘူးလေ ကျွန်မတို့ ကလေးကိုဆက်မသင်ပေးနိုင်တာအားနာပါတယ်"
ကျောင်းအုပ်ကြီးမှ တိုင်တောတာတွေများလာချိန် ဒေါ်သင်းသင်းကိုခေါ်၍ ပြောလာသည်။
"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် ဒါပေမယ့်လေ ကျောင်းတော့ မထုတ်ပါနဲ့နော် သူအသက်ကြီးလာလို့ စာလိုက်နိုင်လာတဲ့အချိန် သူ့ကိုပညာတက်လေးဖြစ်စေချင်တယ် ကျွန်မ သမီးအတွက် အစွမ်းကုန်ကြိုးစားပေးမှာမို့ သူ့အတွက် ဒါလေးတော့ ကူညီပါနော် ဆရာမကြီး"
"ဟုတ်ကဲ့ ခုလိုကျောင်းတက်ဖို့အဆင်မပြေတဲ့ကလေးတွေက အပြင်ဘက်က သေချာသင်ပေးနိုင်မဲ့ဆရာဆရာမတွေနဲ့သင်ပြီး ဆယ်တန်းကိုအပြင်ဖြေနဲ့ပြန်ဖြေတာတွေရှိပါတယ် မေသင်းလေးအတွက် ကျွန်မလည်း စိတ်မကောင်းပါဘူး အစ်မပြောသလို မေသင်းလေးကို စာသင်ဖို့အဆင်ပြေလာခဲ့ရင် သူဘယ်ချိန် ပြန်တက်တက်ကျွန်မ အစွမ်းကုန်ကူညီမှာပါ "
"ကျေးဇူးတင်ပါတယ် ဆရာမကြီးရယ် "
ထို့သို့နှင့် မေသင်း နှစ်တန်းနှစ်တွင်ကျောင်းနားလိုက်ရသည်။
သို့သော စာနှင့်တော့ အဆက်အသွယ်မပြတ်ခဲ့ပါ ။
အဘယ်ကြောင့်ဆိုသော် ထူးသာသည် ကျောင်းကပြန်လာတိုင်း အမေသင်းအိမ်အရင်ဝင်ကာ မေသင်းကြိုင်ကိုစာပြန်ပြပေးသောကြောင့်ဖြစ်သည်။
မေသင်းမှာ ထူးသာသင်သမျှလိုက်မမှီသော်လည်း ထူးသာကိုခေါင်းခေါက်ကာ ဂျယ်လီပေတံဖြင့် လက်ဆစ်ခေါက်တာကိုလည်း ကြောက်ရတာမို့ သူမအမှီလိုက်လုပ်ရသည်။
ထို့ကြောင့် စာတခါ သင်လျှင် လေးနာရီကျောင်းဆင်းချိန်ကနေ ခြောက်နာရီထိ ပြီးလို့ထူးသာ ဘုန်းကြီးကျောင်းပြန်ကာ ရေမိုးချိုး ကျောင်းဝေယျာဝစ္စဝိုင်းလုပ် ဘုရားရှိခိုးပြီးချိန် ခုနှစ်နာရီတွင် တခါ မေသင်းကြိုင်ဆီထပ်သွားကာ စာကိုနှစ်ခါပြန်ပြရသည်။
ထိုအခါ ထူးသာမှာ ဉာဏ်ကောင်းသူဖြစ်သူ မေသင်းကိုစာလည်းပြ သူလည်း ခေါင်းထဲစွဲ၍မှတ်မိလွယ်သွားသည်။
ထို့ကြောင့် မေသင်းမှာလည်း ထူးသာကျေးဇူးဖြင့် စာဖတ်နိုင် ဆိုနိုင်လာတော့သည်။
ထူးသာမှာ ဘာ ဗီဇရယ်မသိ သူကိုယ်တိုင်လည်း ပညာတက်ကြီးဖြစ်ချင်သလို မေသင်းကြိုင်ကိုလည်း သူ့လိုပညာတက်ဖြစ်စေချင်သည်။
ထို့ကြောင့်ပဲ အမေသင်းက သူ့ကို ကျောင်းပြန်ရင် နည်းနည်းပါးပါးပြန်သင်ပေးဖို့ပြောပေမယ့် မေသင်းရဲ့ လိုက်နိုင်စွမ်းအတိုင်း နှစ်ခါပြန်သင်ပေးဖို့ သူကိုယ်တိုင် သင်ပေးသည်။
.....
ထူးသာသည် စာတော်သည် ။
ကျောင်းမတက်ခင်အရွယ်တည်းက ဘုန်းကြီးစာတွေသင်ခဲ့ကသူမို့ စာနှင့်အကျွမ်းတဝင်ရှိထားပြီးသားလည်းဖြစ်သည်။
ထို့ကြောင့်ကျောင်းတက်သည်အခါ စာရေးစာဖတ်တာအကျင့်ဖြစ်နေ၍ ထူးသာ စာသင်ရာတွင်စိတ်ပါဝင်စားသည်။
အမြဲတမ်းလည်း အတန်းထဲ၌အမှတ်ကောင်း အဆင့်ကောင်းသူမို့ ဆရာ ဆရာမတွေလည်းချစ်ကြသည်။
ထူးသာမှာလူကောင်ဖွံ့ဖွံ့ထွားထွားရှိကာ အသားဖြူဖြူနှင့် ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေပြေးလွှားလုပ်ရင်း ပေါ့ပါးတာမို့ ကျောင်းရှိ ဦးဇင်းကိုရင်တိုင်းက ချစ်ကာ ဆွမ်းခံရသည့် မုန့်တွေ ကျွေးတက်သည်။
ထို့ကြောင့် ထူးသာမှာ အလုပ်နှင့်မုန့်က ဒွန်တွဲလျက်အမြဲမပြတ်တက်သူမို့ ဝဝဖိုင်ဖိုင်လေးဖြစ်လို့နေသည်။
ဖြူတုတ်တုတ်လေးက အတန်းထဲတွင်လူကောင်အကြီးဆုံးနှင့် အဝဆုံးဖြစ်တာမို့ ဝဝဖီးဖီးနှင့်သူ့ကိုအတန်းဖော် ယောက်ျားလေးတွေက သူ့ကိုစတက်ကြသည်။
"ဖိုးသာထူး ဖိုးသာထူး
အလွန်ဝတဲ့ဖိုးသာထူး ဖိုးသာထူးက
ဗိုက်ပူပူ
ဖိုးဝကြီးနဲ့တူ
မတူသလား တူသလား
ဒီမှာကြည့်ပါလား
ဝါး ဟား...ဟား...."
အတန်းတူ ယောက်ျားလေးတွေက သူခုံဘက်ကိုလက်ညှိုးဝိုင်းထိုးက ထိုကဗျာကိုအော်ဆို၍ တဝါးဝါးရယ်ကြသည်။
ထိုအခါ သူက ခဲတံကိုကျစ်နေအောင်ကိုင်ကာ ထရပ်လိုက်ပြီး မျက်နှာ စူပုတ်ပုတ်လေးဖြင့်
"ငါ့နာမည်ထူးသာ ဖိုးသာထူးမဟုတ်ဘူး"
ထိုသို့ပြန်အော်ပြောလျင် ခန့်မင်းမောင်ဆိုသည့် သင်္ချာဆရာမသားက သူ့ကိုယ်သူ လူကြီးပုံစံဖြင့် စာအုပ်ဖွင့်လျက် ဖိုးသာထူး ကဗျာမှ ပုံကို လက်ညှိုးထိုးပြကာ
"နင့်ရုပ်က ဒီထဲက ဝတုတ်နဲ့တူတူပဲ နင့်ဗိုက်ကကြည့်ပါလား ပူနေတာ ဟားဟား ဖိုးသာထူး ဗိုက်ပူပူ"
"နင်"
ခန့်မင်းမောင်က စလျင် ဘေးက ကောင်တွေကလည်း အားပါးတရဝိုင်းရယ်ကြပြန်သည်မို့ ထူးသာမျက်နှာလေးနီမြန်းကာ လက်သီးလေးကျစ်နေအောင်ဆုပ်ထား၍ အသက်ပြင်းပြင်းရှူကာဒေါသထွက်နေသည့် မျက်လုံးရဲရဲလေးများဖြင့် ရှေ့၌လာရပ်သော ခန့်မင်းမောင်းကိုစိုက်ကြည့်လေသည်။
ထိုအခါ ခန့်မင်းမောင်က လျှာထုတ်ပြောင်ပြနေလေသည်။
"ဝတုတ်ပြဲကောင် ဝက်ကြီး ပလက်ပလက်"
"မခေါ်နဲ့"
ထူးသာ ရှေ့က မျက်နှာပြောင်ကာလျှာထုတ်ပြနေသော ခန့်မင်းမောင်ကိုအားကုန်သုံးကာ ရင်ဘတ်ကို တွန်းချလိုက်သည်။
"အား မေမေရေ"
ခန့်မင်းမောင်မှာ သူ့နောက်မှ စာရေးစားပွဲပေါ် နောက်လှန်ကျကာ ထအော်တာမို့ သူတို့အနား ဆရာမတွေရောက်လာသည်။
"ဟယ် ဘာဖြစ်ကြတာလဲ သား ထ...ထ"
"ဖိုးထူးသာ မင်းသူငယ်ချင်းကို ဘာလုပ်လိုက်တာလဲ"
ဆရာမတစ်ယောက်ကခန့်မင်းမောင်ကို တွဲတူချိန် သူ့အမေ သင်္ချာဆရာမ ဒေါ်တင်တင်နွဲ့ ရောက်လာတာမို့ ထူးသာကို ခပ်စူးစူးကြည့်၍မေးသည်။
"သားကို သူက ဝက်ကြီးလို့ခေါ်တယ်ဆရာမ"
"အိုးအဲ့ဒါစကားနဲ့ပြောတာပဲ လက်ပါစရာလား လာ မေမေ့ဆီလာ"
"မေမေ သူ သားကို တွန်းတယ် အီး"
ခန့်မင်းမောင်မှ သူ့အမေခါးကိုဖက်ကာ အော်ငိုတော့သည်။
ဘေး၌ရှိနေသော ဆရာမတို့လည်း ထူးသာကိုချစ်ကြပေမယ့် သင်္ချာဆရာမကိုယ်တိုင် ဆူနေတာမို့ဘယ်သူဝင်ပြောရဲ။
ထို့ပြင် ထူးသာကြောင့် ခန့်မင်းမောင်ငိုနေတာမို့ တစ်ခုခုဝင်ကာပြောပေးလို့လည်းမတက်သာ။
ထူးသာကတော့ ဆရာမ ဟောက်ထား၍ အံလေးကြိတ်ထားကာ လက်သီးကိုဆုပ်လို့ထားသည်။
"လာ သူများကို တွန်းထားတာ မင်းမှာအပြစ်ရှိတယ် "
သင်္ချာဆရာမက သူ့သားတအားကြီးငိုနေ၍ ထူးသာကိုမေကျနပ်ဘဲ လက်မောင်းမှဆောင့်ဆွဲကာ စာသင်ပုန်းနားခေါ်လာ၍ စားပွဲပေါ်မှ ကြိမ်လုံးကိုယူကာ ထူးသာကိုဘောင်းဘီမခိုင်းပြီး နောက်ဘက် ခြေတစ်လုံးကိုရွှန်းခနဲတစ်ချက် လွှဲရှိုက်လိုက်ပါသည်။
"အားလုံးကြည့်ထားနော် နောက်တခါ သူငယ်ချင်းကိုငိုအောင်လုပ်ရင် အပြစ်ပေးခံရမယ်"
ဒေါ်တင်တင်နွဲ့က သူတို့ကိုငြိမ်ကြည့်နေသော အတန်းထဲမှကလေးတွေကို ကြိမ်းကာ နောက်ထပ်တစ်ချက်ထပ်ရှိုက်ပါသည်။
ရွှန်း.....
နောက်ထပ်ရှိုက်ဖို့လက်ရွယ်ချိန် ဘေး၌ရှိနေသော ဆရာမတစ်ယောက်က မနေသာတော့ဘဲ ဒေါ်တင်တင်နွဲ့လက်ကိုဖမ်းဆွဲကာ
"ဆရာမတော်ပါတော့ ကလေးဆိုတော့ တခါတလေ နားမလည်လို့လုပ်မိတာပါ ခွင့်လွှတ်ပေးလိုက်ပါဆရာမရယ်"
ထိုဆရာမ မမူမှာ စကားကိုချင့်ချိန်ပြော၍ မျက်နှာငယ်လေးဖြင့်ဝင်တားသည်။
ဒေါ်တင်တင်နွဲ့ကတော့ သူ့သား နှာရည်တွေထွက်အောင်ငိုနေတာမို့ သုံးချက်လောက်ရှိုက်ချင်သော်လည်း ဘေး၌ ဆရာ ဆရာမတွေပါ ဝိုင်းကြည့်နေကြ၍ စိတ်လျော့လိုက်ကာ ဆုပ်ကိုင်ထားသော ထူးသာလက်ကို ဆောင့်လွှတ်၍
"သွားတော့ နောက်တခါ ဒါမျိုး မဖြစ်စေနဲ့"
ဆရာမလည်း ကြိမ်လုံးကို စားပွဲပေါ် ဗန်းခနဲပစ်တင်ကာ ငိုနေသည့်သားဖြစ်သူကိုသွားချော့နေသည်။
ထူးသာကတော့ တောင့်တောင့်လေးရပ်နေကာ ဆရာမ မမူမှာ ထူးသာ ခြေသလုံးက အနီအစင်းရာကိုကြည့်၍ စိတ်မကောင်းဖြစ်နေသည်။
"သား အရမ်းနာနေလားဟင် ခန ဆရာ်ဆေးလိမ်းပေးမယ်"
ဆရာမ မမူသည် နားနေခန်းဘက်ပြန်သွား၍ ဆရာခိုဗူးယူကာ ထူးသာကိုလိမ်းပေးသည်။
"ကျိ...."
ဆရာမက အစင်းရာပေါ် ဆေးတင်ကာ ပွတ်လိုက်ချိန် စပ်လွန်းတာမို့ အံကြိတ်နေရာမှ သွားကြိတ်သံထွက်လို့လာသည်။
"သား နာလို့လား အေအေ နောက်ကောင်းသွားမယ်"
ဆရာမက သူ့ကိုစိုးရိမ်တကြီးမေးချိန် သူခေါင်းညိတ်ပြ၍ အံကြိတ်ထားသည်။
မူထားလည်း အံကြိတ်ကာ နီရဲနေသည့် အစင်းရာနှင့် ဘယ်လောက်တောင်စပ်ပြီးနာနေလိမ့်မလဲဟုတွေးကာ မျက်ရည်ဝဲမိသည်။
မူထားသည့် ဒီနှစ်မှ အလုပ်သင်တာဝန်ကျတာမို့ ထူးသာတို့အတန်းတွင် စာဝင်ပြရသည်။
ဒီအတန်းကိုစာသင်ရတည်းက ထူးသာမှာ ဖြူဖြူစွတ်စွတ်လေးနှင့် ဝဝကစ်ကစ်လေးမို့ မျက်မှန်းတန်းမိကာ ပါးဖောင်းဖောင်းလေးတွေနှင့် ချစ်ဖို့ကောင်းသည်။
ထို့ပြင်သာလည်းတောတာမို့ သူမသတိထားမိကာ သူဌေးကလေးလေးနေမှာပါဟုတွေးမိသေးသည်။
သို့သော် ကျောင်းကဆရာမတွေပြောလို့ ထူးသာဟာဘုန်းကြီးကျောင်းသားလေးဖြစ်ကာ မိဘမဲ့လေးမှန်းသိလိုက်ရသည်။
ဒီလိုသူဌေးသားရုပ်လေးနှင့် စာတော်သည့်ကလေး၏ဘဝကိုသိလိုက်ရချိန် ဂရုဏာသက်မိကာသနားချစ်ချစ်ပေးမိသည်။
ထူးသာဘက်က တွန်းလိုက်တာ မှားသော်လည်း ကလေးချင်ဖြစ်တာ ခုလောက်ထိ အစင်းရာထင်အောင်မရိုက်သင့်ဘူးဟုထင်သည်။
သို့သော် ဆရာမတင်တင်နွဲ့ယောက်ျားက စစ်ဗိုလ်မို့
ကျောင်းကိစ္စမှန်သမျှ ဆရာမတင်တင်နွဲ့စိတ်တိုင်းကျ အရာရာကို ဆရာကြီးဝင်လုပ်တက်ပေ့မယ့် ဘယ်ဆရာ ဆရာမမှ သူမကို ကန့်လန့်မတိုက်ရဲကြ
ခုလည်း ဘေးကဆရာဆရာမတွေလည်း ဝင်မဆွဲရဲဘဲ ငြိမ်နေကျကာ သူမကလည်း အသစ်မို့ ချက်ချင်းဝင်တာရဲ
သို့သော် ထိုဆရာမ အားဖြင့် အသံမြည်အောင့် လွှဲလွှဲပြီးရိုက်နေတာမို့ သူမ မကြည့်ရက်တော့ပဲ တဖက်မှာလည်း ဆရာဝင်လုပ်တယ် မဖြစ်အောင် မျက်နှာငယ်နှင့်ဝင်ဖြောင်းဖြရသည်။
ေဆးလိမ်းပေးနေရင်း သွေးစစို့စို့လေးထွက်နေတာကိုကြည့်မိကာ ရင်ထဲမကောင်းစွာ ထူးသာကိုမော့ကြည့်လိုက်တော့ ဒီကလေးက အံကိုအတင်းကြိတ်ထား၍ မျက်နှာလေးမဲ့နေကာ ဘေးဘီကိုင်ထားသည့် လက်နှစ်ဖက်ကိုလည်း ကိုယ်၌ တင်း၍ ပူးကပ်ထားသည်။
ဒီလောက်နာနေတာတောင် မငိုအောင် အံကြိတ်ထားသည့် ထူးသာကိုကြည့်ကာ ဒေါ်တင်တင်နွဲ့ သားခေါင်းကိုပွတ်နေကာ နှုတ်ခမ်းမဲ့မိကာ တော်တော်အကြောတင်းတဲ့ ကောင်လေးဟုတွေးမိသည်။
.......
🌻🌻🌻
ဝင်ရောက်ဖတ်ရှု့ပေးတဲ့စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါသည်။💛
🪄
ကြွယ်