ခေတ်ဟောင်းရောက် Foodie တစ်ယော...

By eithethmue

111K 14.7K 123

Traslation all credit to Original Author and E Translator uodate -mon.wed and Friday More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97

Chapter 70

805 129 0
By eithethmue


Chapter 70



နေရောင်က တိမ်မြုပ်နေ၏။ ကောင်းကင်ကြီးသည် ခမ်းနားထည်ဝါသော အရောင်များဖြင့် ပြည့်နေသည်။ လိမ္မော်ရောင်၊ အနီရောင်နှင့် ခရမ်းရောင်တို့သည် တစ်ခုနှင့်တစ်ခု ရောနှောကာ နွေးထွေးနူးညံ့သော တောက်ပမှုကို ပက်ဖြန်းသည်။ အရာအားလုံးကို နူးညံ့သောရောင်လျှံဖြင့် လွှမ်းခြုံထားသည်။

ရှုရှီက ကျန်းရှုယောင်၏ ညာဘက်ခြမ်းတွင် ထိုင်နေပြီး ကလေးနှစ်ယောက်က နေဝင်ချိန်ကို ကြည့်ရန် တိတ်တိတ်လေးသူတို့ပေါ်မှီထားကြ၏။ သူမ ငြိမ်းချမ်းအေးဆေးသောအဟုန်ဖြင့် ကူးစက်ခံလိုက်ရကာ ကျန်းရှုယောင်ဘက်သို့ ညင်သာစွာ လှည့်ပြီးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ညီမ"

ကျန်းရှုယောင် ရှုခင်းကို သဘောကျနေသော သူမ၏ အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူမကို ပဟေဠိဖြစ်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"အားကျောက် နဲ့ အားယောင် ဒီနေ့ အရမ်းပျော်နေတယ်... ငါ သူတို့မွေးနေ့တွေမှာ အရင်က ဒီလောက်အများကြီး မလုပ်ဖူးဘူး"

သူမက ကလေး၏ခေါင်းကို ပွတ်သပ်ကာ တုံ့ဆိုင်းနေပြီးနောက် သူမရင်ဘက်ထဲရှိနေသည်ကိုပြောလိုက်၏။

“ငါလည်း အရမ်းပျော်တယ်... ကျေးဇူးတင်ပါတယ်”

ရှုရှီ၏ ကျေးဇူးတင်သောအမူအရာကိုကြည့်ရင်း ကျန်းရှုယောင် နူးညံ့မှုကို ခံစားလိုက်ရကာ စိတ်ထဲခံစားသွားရသည်။

"ယောက်မ..."

သူမ ဘာမှပြန်မပြောရသေးခင် ကျိုးရှီက  ယရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီးဆို၏။

"ငါလည်း ရှဲ့မိသားစုထဲလက်ထပ်ဝင်ပြီးကတည်းက ဒါပထမဆုံးအကြိမ် ညစာက အရမ်းနွေးထွေးတယ်ဆိုတာ သိလိုက်ရတယ်... ငါ တကယ်ကိုပဲ နေကို နည်းနည်း ပိုနှေးပြီးဝင်စေချင်တယ်"

ကျန်းရှုယောင် ချဉ်စူးလာသလို ခံစားလာရပြီး ကျိုးရှီ၏လက်ဖမိုးပေါ်တွင် သူမလက်ကို တင်လိုက်သည်။

ကျိုးရှီက နူးညံ့သော အမူအရာဖြင့် သူမကို ပြုံးပြလိုက်သည်။ သူအထီးကျန်မှုကို ဖုံးကွယ်မထားတော့ဘဲ “ကျေးဇူးတင်ပါတယ်” ဟု လေးနက်စွာ ပြောခဲ့၏။

ကျန်းရှုယောင်က အမြန် မလိုပါဘူးဟုပြောလိုက်ပြီး သူမကို သနားကြင်နာစွာဖြင့် ကြည့်သည်။

ထိတ်လန့်နေသော ရှုရှီတစ်ယောက် သူမနောက်တွင် တောင့်တင်းနေပုံရ၏။

"မင်းက ဟန်ဆောင်နေတာပဲ... ဆက်ပြီး ဟန်ဆောင်နေလိုက်" ဟုပြောနေသကဲ့သို့ သူမ၏မျက်လုံးများက ကျိုးရှီမျက်နှာပေါ် မီးရှူးမီးပန်းတစ်ခုလို စိုက်ကြည့်နေသည်။

ကျန်းရှုယောင်၏အာရုံကိုဖမ်းစားခဲ့သော ကျိုးရွှ ၏နှုတ်ခမ်းထောင့်က အောင်ပွဲခံသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူမ၏အကြည့်က ကျန်းရှုယောင်ကို ကျော်ဖြတ်ပြီး ရှုရှီ၏ မျက်နှာပေါ်ကျရောက်နေ၏။  ဟန်ဆောင်နေရုံပဲလေ... နင်ငါ့ကို ဘာလုပ်နိုင်လဲ...

မျက်လုံးနှစ်စုံက လေထဲမှာ စစ်ဖြစ်နေပြီး လုံးဝအခြေအနေအမှန်ကိုမသိသည့် ကျန်းရှုယောင်တစ်ယောက် သူမနောက်မှာ သိသိသာသာ အေးစက်သွားသလို ခံစားရသည်။

ဘဲကင်နံ့က ကြာရှည်ခံ၏။ ရှဲ့ရွှင်း အနံ့ရပြီး ခြံဝင်းထဲကို မျှော်လင့်တကြီး လှမ်းဝင်လာသောအခါ သူ အံ့အားသင့်သွားသည်။

နေရောင်ခြည်က လှပပြီး ခြံဝင်းအတွင်းရှိ ရှုခင်းများကို နွေးထွေးသောအလင်းရောင်ဖြင့် အရောင်ခြယ်ထားသည်။ ကျန်းရှုယောင်က အလယ်တွင် ထိုင်နေပြီး ချစ်စရာကလေးများက သူမဒူးပေါ်မှာလှဲလျောင်းနေကြသည်။ တစ်ဖက်က မိန်းမလှက ကျက်သရေရှိပြီး တခြားတစ်ဖက်ရှိ မိန်းမလှက နူးညံ့သိမ်မွေ့၏။

သူ မျက်တောင်ခတ်ပြီး တံခါးကနေ တိတ်တဆိတ်ထွက်ကာ ခြံဝင်းအမည်ကို လှမ်းကြည့်လိုက်သည်။

သူမှန်ပါသည်။ဤသည်က ဝါးစိမ်းခြံဝင်းဖြစ်၏။

"ဇနီးလှနဲ့ ကိုယ်လုပ်တော်များက ဘေး၌ဝယ်၊ သားသမီးငယ်များက ဒူးထက်မယ်"ဟူသော ပုံစံက အဘယ်နည်း???

သူ ခြံဝင်းထဲသို့ ဝင်သွားကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

ရှုရှီနှင့် ကျိုးရှီ၏ မျက်လုံးများက ရန်ဖြစ်ဆဲဖြစ်ပြီး ရုတ်တရက် မထင်မှတ်ထားသော ဧည့်သည် ဝင်လာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မျက်စိမှိတ်လိုက်ကြသည်။

ရှဲ့ရွှင်းက တောက်ပြောင်သော အရာရှိဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ပြီး ဖြောင့်စင်းကာ ကြော့ရှင်း ချောမောသည်။ သူ နေရောင်ခြည်၏ အရိပ်သို့ နင်းလိုက်သောအခါဝယ် ကျောက်တုံးများသည် ကျောက်စိမ်းကဲ့သို့ဖြစ်ပြီး ထင်းရှူးပင်များသည် မြတန်းတစ်သွယ်နှင့်တူသည်။ အလှတရားသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းပြီး သူ့လိုလူ ဒုတိယ မရှိပါချေ။

သူတို့မျက်နှာမှာ အပြုံးတွေရှိနေသေးပေမဲ့ သူတို့၏မျက်လုံးတွေက အရင်ကထက် အနည်းငယ်စူးရှလာသည်။

အခုပြန်လာပြီး ဘာလုပ်တာလဲ...စောသေးတယ်လေ...

ရှဲ့ရွှင်းက သတိမထားမိဘဲ တူညီသောအပြုံးဖြင့် တလေးတစားဆိုလိုက်၏။

"အကြီးဆုံးမရီးနဲ့ ဒုတိယမရီး"

သူ့စကားမှာ အမှားအယွင်းမရှိပုံပေါ်သော်လည်း ကျိုးရှီ  နှင့် ရှုရှီ  သူ၏ မကျေနပ်မှုခံစားလိုက်ရသည်။

"တတိယမောင်ငယ်"

နှစ်ယောက်သား ထွက်သွားမည့် အရိပ်အယောင် မပြဘဲ ခေါင်းညိတ်ကြသည်။

လေထုသည် တိတ်ဆိတ်သွားသည်။

ငြိမ်းချမ်းသောလေထုထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သော ကျန်းရှုယောင် ရုတ်တရက် တုန်ယင်သွားသည်။

လာပြန်ပြီ...ဒီလိုထူးဆန်းတဲ့အသူရာကွင်းပြင်မျိုး ထပ်လာပြန်ပြီ... ဒီလို နားလည်ရခက်တဲ့ ခံစားချက်နဲ့ ဘာဖြစ်နေတာလဲ...



ရှုရှီ  နှင့် ကျိုးရှီ  ထွက်သွားပြီးနောက် ကျန်းရှုယောင် ကျန်ရှိသော ဘဲကင်များကို ယူလာရန် အစေခံများကို ခိုင်းလိုက်သည်။

ရှဲ့ရွှင်း ၎င်း၏အရာရှိဝတ်ရုံကို လဲပြီး အရှေ့တောင်ပံသို့ ပြန်လာခဲ့သည်။ စားပွဲပေါ်ရှိ ဘဲကင်ကိုတွေ့သောအခါ သူ့စိတ်တွေ ပူနွေးလာရ၏။

"ဒါ ငါ့အတွက်လား"

ကျန်းရှုယောင်က တခဏမျှ တုံ့ဆိုင်းသွားပြီး  "ဟုတ်တယ်" ဟု အပြစ်ရှိသောစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ မူလက ရှဲ့ရွှင်း အတွက် ဘဲတစ်ကောင်လုံးကို သိမ်းထားရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့သည် အစာစားချင်စိတ်ကြီးကြီးမားမားရှိခဲ့ကြပြီး ဘဲကင်တစ်ဝက်သာ ကျန်တော့သည်။

ရှဲ့ရွှင်း သူမ၏ခိုင်လုံသောအဖြေကိုကြားသောအခါ စိတ်သက်သာရာရပြီး တိိတ်တိတ်လေး သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် ခဏတာ အေးခဲသွားသည်။ပုံမှန်ပဲမဟုတ်ဘူးလား... ဒါကိုဘာလို့အရမ်းစိတ်ပူနေရတာလဲ...

သံသယများကို ဝမ်းသာအားရ လွှင့်ပစ်ရင်း ရဲဲရွှင်း ဘဲကင်နှင့် ကြာရွက်ဘန်းမုန့်များကို ဆော့စ်တွင်နှစ်ပြီး အမြန်ဖြေရှင်းလိုက်သည်။

ပုံမှန်အားဖြင့် သူသည် ညစာစားပြီးနောက် စာအုပ်ဖတ်ရန် စာကြည့်ခန်သို့သွားကာ အနားယူချိန်ရောက်သောအခါ အရှေ့တောင်ပံသို့ ပြန်သွားလေ့ရှိသည်။

သို့ပေမဲ့  ယနေ့ စာကြည့်ခန်းသွားမည့်အစား ကျန်းရှုယောင်နှင့် မီးဖိုချောင်ကို လိုက်သွားခဲ့၏။

ကျန်းရှုယောင်က မနက်ဖြန်အတွက် အစားအသောက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး သူ့ကို လျစ်လျူရှုထားသည်။

သူက အနည်းငယ် ချောင်းဟန့်ပြီး

"မရီးနဲ့ ဒုတိယမရီးတို့နဲ့ စားခဲ့တာလား"

"ဟုတ်တယ်... ဘာကိစ္စရှိလို့လဲ"

ကျန်းရှုယောင်က သူမ၏လက်များကို  ဆက်လက်လုပ်ဆောင်နေသည်။

"အင်း.. ဘာမှမဖြစ်ပါဘူး...ဒီအတိုင်းမေးတာ "

ရှဲ့ရွှင်းက ဝေ့ဝေ့ဝါးဝါးဖြင့်ပြောသည်။

ကျန်းရှုယောင်က ဂရုမစိုက်ဘဲ သူမလုပ်နေတာတွေကို ဆက်လုပ်နေသည်။

ရှဲ့ရွှင်းက တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေပြီးနောက် ရုတ်တရက်ဆိုပြန်၏။

"အကြီးဆုံးမရီးက သူ့သားတွေကို ခဏခဏ ခေါ်လာတာလား"

ကျန်းရှုယောင်က သူမလက်တွေကို ရပ်တန့်လိုက်ပြီး ၎င်းတို့ကိုသုတ်ကာ မျက်မှောင်ကြုတ်၍ပြောသည်။

"ဟင့်အင်း ...ဘာလို့ ဒီကိစ္စကို မေးနေတာလဲ" အသံက ထူးဆန်းတယ်...

ရှဲ့ရွှင်း သူကိုယ်တိုင်လည်း ဘာ့ကြောင့် ယခုလိုမေးမိသလဲ နားမလည်သဖြင့် မသက်မသာပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး...မင်း ခြံထဲမှာ တစ်ချိန်လုံး ငြီးငွေ့နေပြီထင်လို့... လမ်းပတ်လျှောက်တာက အဆင်ပြေပါတယ်"

သူ့စကားတွေက ရိုးသားမှုရော မရိုးသားမှုပါ ပါသည်။

"အင်းပေါ့"

ကျန်းရှုယောင် မနက်ဖြန်တွင် သူမသုံးမည့် ပါဝင်ပစ္စည်းများကို သိမ်းပြီး နောက်လှည့်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

“ အထူးသဖြင့်  ဒုတိယယောက်မ...ဒုတိယယောက်မက...ရှင်သိပါတယ်... သူ့မှာ ကျွန်မအတွက် အသက်ကယ်ကျေးဇူးရှိတယ်...ကျွန်မသူ့ရဲ့ အတွေ့အကြုံကိုလည်း စာနာပြီး သူနဲ့ပိုတွဲပြီး သူ့ကို နှစ်သိမ့်ပေးချင်တယ်"

ရှဲ့ရွှင်း တိတ်ဆိတ်စွာ နားထောင်ရင်း သူမနောက်မှ လိုက်သွားခဲ့သည်။

ဤသည် ရှဲ့ရွှင်းကို ဒုတိယအိမ်တော်ခွဲ၏ ကိစ္စနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် အလေးအနက်အမူအရာဖြင့် ပြောခဲ့ခြင်းဖြစ်သည်။

"ရိုးရိုးသားသားပြောရရင် သူ အရမ်းဝမ်းနည်းနေတာ... ဒုတိယယောက်မက သူ ကျွန်မနဲ့ အတူရှိနေချိန်မှာ သူ့စိုးရိမ်မှုတွေကို မေ့ထားနိုင်တယ်ထင်တယ်... အစားအသောက်ကို ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်တယ်လေ...အဲဒါကအရမ်းကောင်းတယ်...အစားအသောက်ရဲ့အနှစ်သာရပဲမဟုတ်ဘူးလား"

ရှဲ့ရွှင်း ရှေ့မှာ သူ့အစ်ကိုအကြောင်း မကောင်းပြောရသည်က မကောင်းပေ။ ကျန်းရှုယောင်  စကားဆုံးပြီး စကားရပ်လိုက်ပြီးနောက် အနည်းငယ် ရှက်သွားသည်။

ရှဲ့ရွှင်း သူမ အရှေ့တောင်ပံသို့ ဝင်သွားသည်ကို ကြည့်ကာ ခြံထဲတွင် ခဏရပ်ကာ တိတ်ဆိတ်စွာ တွေးနေခဲ့သည်။

ကျန်းရှုယောင်က သူ့ကို ရင်မဖွင့်ခဲ့လျှင်ပင် သူမစိုးရိမ်မှုတွေကို သူနားလည်နိုင်ပါ၏။ သူ၏ ဒုတိယအစ်ကို ကိုယ်လုပ်တော်များနှင့် ရှုပ်ယှက်ခတ်နေသည်ကို တွေးကာ သက်ပြင်းမချဘဲမနေနိုင်ပေ။

ဒုတိယအိမ်တော်ခွဲ၏ စံနမူနာအရ သူ ၎င်းကို မည်ကဲ့သို့ ရှောင်ချင်နေပါစေ သူနှင့် ဒုတိယအစ်ကိုက မတူညီကြောင်း သူမအားသက်သေပြရန်  ကြိုးစားအားထုတ်ရမည်ဖြစ်သည်။

ရှေ့ဆက်ရမယ့်လမ်းက ဘယ်လောက်ခက်ခဲလဲ၊ လုပ်နိုင်မလားဆိုသည်ကို သူမသိပေ။

ရှဲ့ရွှင်း လရောင်အောက်တွင် တွေးတောရင်း  လမ်းလျှောက်နေခဲ့ပြီး မသိလိုက်ဘာသာဖြင့် ချွီရွှေမဏ္ဍပ်သို့ လျှောက်သွားခဲ့သည်။ မျှော်ကြည့်လိုက်သောအခါ  သူ့အစ်ကိုနှစ်ယောက်ကို တွေ့ရပြန်၏။



သို့ပေမဲ့ ယနေ့မှာ သူတို့က စစ်တုရင်မကစားဘဲ လကြည့်ရင်း ပျော်ပျော်ရွှင်ရွှင်နှင့် အရက်သောက်နေကြသည်။

နှစ်ယောက်သား အိပ်မက်မက်နေသကဲ့သို့ စားပွဲပေါ်တွင် လဲလျောင်းရင်း အရက်မူးနေကြသည်။

သူ့အစ်ကိုနှစ်ယောက်အကြောင်းကို သူသိသည်။ မနက်ဖြန်ကပိတ်ရက်မဟုတ်ဘဲ နှစ်ယောက်လုံး အငမ်းမရသောက်ခဲ့ကြ၏။ အများဆုံးဖြစ်နိုင်သည်က သူတို့ ဝမ်းနည်းစရာရှိပြီး အခက်အခဲများ ကြုံနေရ၍ဖြစ်နိုင်သည်။

မျက်မှောင်ကြုတ်ကာ ဝိုးတဝါးရေရွတ်နေသော ရှဲ့လန်ဆီသို့ သူ့အကြည့်များ ရောက်သွားပြီးနောက် ဘေးနားတွင် ငိုက်မျဉ်းနေသော ရှဲ့လီကို ကြည့်လိုက်သည်။ သူ့အစ်ကိုအကြီးဆုံးက ဒုတိယအစ်ကို၏ သောက်ရန် ဆွဲခေါ်သွားခံရခြင်း ဖြစ်မည်။

သူလှည့်ထွက်သွားမည်အပြုတွင်

ရုတ်တရက် ကျယ်လောင်သော ဘုန်းခနဲအသံ ကြားလိုက်ရသည်။

ရှဲ့လန်က လုံးဝအရက်မူးနေပြီး စားပွဲပေါ်ရှိ ခေါင်းကို ကောင်းစွာနေရာ မချထားပေ။ သူက တရွေ့ရွေ့နှင့် ကျောက်စားပွဲပေါ်မှ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

မြေပြင်က အေးခဲပြီး မာကျောသည်။ ရှဲ့လန် နာကျင်စွာ ပင့်သက်ရှိုက်လိုက်သော်လည်း သက်သာရာမရခဲ့ပေ။ မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်နေပြီး ပြန်မထနိုင်သဖြင့် မြေကြီးပေါ်တွင်ပဲ လှဲနေလိုက်သည်။

ရှဲ့ရွှင်း ခေတ္တရပ်သွားသည်။

သူ့အစ်ကိုက မြေကြီးပေါ်ပြုတ်ကျသွား၏။သူ မည်သို့ အကြောင်းမဲ့သက်သက် ကြည့်နေနိုင်မည်နည်း။

သူ အမြန်ပြေးပြီး ရှဲ့လန် ဆီသို့ လျှောက်သွားလိုက်သည်။ သူ့ဒုတိယအစ်ကိုက မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့မျက်နှာမှာ နာကျင်မှုတွေနှင့် ပြည့်နေ၏။ အသာအယာ ပြုတ်ကျသွားပုံမရပေ။ အကြာကြီးနေ၍ပင် နာကျင်နေတုန်းဖြစ်သည်။

နွေရာသီဆိုပေမဲ့ မြေပြင်မှာ အေးနေသေးသည်။ ထိုသို့ လှဲအိပ်နေသည်က မကောင်းပေ။ သူ မြန်မြန်ထမှရမည်။

ထို့ကြောင့် ရှဲ့ရွှင်း စိုးရိမ်တကြီးနှင့် ကြည့်ပြီး... သူ့ညာဖက်ခြေကို မြှောက်ကာ ရှဲ့လန်၏ခြေထောက်ကို ကန်လိုက်၏။

(ဟယ်)

ဟေ့...တုံ့ပြန်မှုမရှိဘူး...

ရှဲ့ရွှင်း လက်နှစ်ဖက်ကို ကျောတွင်ပစ်ရင်းပင် သူ့အစ်ကိုလက်မောင်း ဘယ်ခြေဖြင့် ကန်ခြင်းသို့ ပြောင်းလိုက်သည်။

တုံ့ပြန်မှု မရှိသေး... သူဘာလို့ဒီလောက်မူးနေတာလဲ...

တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး နောက်ကျောမှာ လက်နှစ်ဖက်ပစ်ရင်း လှည့်ထွက်သွားခဲ့၏။

ချွီရွှေမဏ္ဍပ်နှင့် သိပ်မဝေးသည့်နေရာတွင် သူ ဖြတ်သွားသည့် အစေခံတစ်ယောက်နှင့် တိုးလေသည်။ သူက တားပြီးပြောလိုက်၏။

"ပထမအိမ်တော်ခွဲကိုသွားပြီး အစ်ကိုကြီးက ချွီရွှေမဏ္ဍပ်မှာ အိပ်ပျော်သွားလို့ သူ့ကိုပြန်ခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါလို့သခင်မကို ပြောချေ"

အစေခံ လန့်ဖျပ်ကာ ပထမအိမ်တော်ခွဲသို့ သုတ်ချီတင်လေသည်။

သူ့ဒုတိယအစ်ကိုအတွက်ကမူ သူ့အိမ်ဝင်းထဲမှာ အရှုပ်အထွေးတွေနှင့် ဘယ်သူ့ကိုခေါ်ရမှန်းမသိပေ။ ထို့ကြောင့် အကြီးဆုံးမရီးက သူ့အစ်ကိုကြီးအတွက် တစ်စုံတစ်ယောက်ကို လွှတ်ပြီး တစ်လက်စတည်း သူ့ကိုပါခေါ်သွားမည်ကို စောင့်နေလိုက်သည်။ သို့သော်လည်း သူ့တို့အနေဖြင့် လူအင်အား ပိုတောင့်ရန်လိုအပ်လိမ့်မည်ဖြစ်ပြီး သူ့ကို မြေကြီးပေါ်မှာ ခဏလောက် လှဲခိုင်းထားရပေးမည်။

ရှဲ့ရွှင်း ၏နှလုံးသားသည် ပို၍သက်သာရာရလာပြီးနောက် သူပြန်လာသောအခါတွင် ပို၍သက်တောင့်သက်သာရှိလာသည်။

ညနေစောင်း သူ အိပ်ခန်းထဲ ရောက်သွားချိန်တွင် သူ့လေသံက ပိုစိတ်အေးလက်အေးရှိလာပြီး သူမနှင့်အတင်းတုပ်လိုက်၏။

"ယောက္ခမ ဘယ်လိုနေလဲ"

ကျန်းရှုယောင်က ဤအကြောင်းအရာကို အလွန်စိတ်ပါဝင်စားနေသည်။

"သူက တခြားဆိပ်ကမ်းတွေမှာ စားသောက်ဆိုင်တချို့ဖွင့်ပြီး တစ်ခုပြီးတစ်ခုဖွင့်ဖို့ စီစဉ်နေတယ်လို့ အမေက ပြောတယ်... အမှတ်တံဆိပ်ကို ပိုကြီးစေချင်တယ်ထင်ပါတယ်"

"ကောင်းပါတယ်...စားသောက်ဆိုင်တစ်ဆိုင်တည်းဖွင့်တာက မင်းရဲ့ ချက်ပြုတ်နည်းတွေနဲ့ နည်းလမ်းတွေကို ဖြုန်းတီးပစ်လိုက်တာပဲ"

ကျန်းရှုယောင်က သက်ပြင်းချလိုက်ပြီး

"ဒီဆိုင်တွေက ဘယ်လိုဖြစ်မလဲမသိဘူး"

ရှဲ့ရွှင်းကဆို၏။

"မင်း သိချင်ရင်  ငါတို့သွားလို့ရမလား ကြည့်ရအောင်"

ကျန်းရှုယောင်က သူ့ကိုခေါင်းမော့ကြည့်လာသည်။

"တကယ်လား..."

"တကယ်ပေါ့... ငါတို့ ဒါကို အလေးအနက်ထားသင့်တယ်"

သူမ၏အသွင်အပြင်သည် ရှဲ့ရွှင်းကို သဘောကျစေသည်။

"ငါ မင်းကို လိုက်ပို့ပေးမယ်... မင်းလုပ်ချင်တာလုပ်"

ကျန်းရှုယောင် အနည်းငယ် မှင်သက်သွားသည်။

အခန်းထဲက အလင်းရောင်က မှိန်ဖျော့နေပြီး ရှဲ့ရွှင်းက သူမအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ 

"အနာဂတ်မှာ မင်းဘာဖြစ်ချင်လဲ၊ မင်းဘာတွေတွေးနေလဲ ငါ့ကို ပြောပြလို့ရတယ်... မင်းကို ကောင်းကောင်းဂရုစိုက်မယ်လို့ ကတိပေးထားတာမလို့ ငါကတိကို ဖျက်မှာမဟုတ်ဘူး"

အတိုင်းအတာတစ်ခုအထိ ကျန်းရှုယောင် ရှဲ့မိသားစုထဲလက်ထပ်ဝင်လာစဉ်က ကျိုးရှီနှင့် တူညီမှုတချို့ရှိသည်။ ရှဲ့လန်နှင် ကျိုးရှီတို့၏လက်ရှိဆက်ဆံရေးအကြောင်းကို တွေးပြီး ရှဲ့ရွှင်း ထပ်ဖြည့်ပြောလိုက်သည်။

"ငါ့ရှေ့မှာ သိပ်စိတ်မပူပါနဲ့...ထိန်းထိန်းသိမ်းသိမ်းလည်းမနေပါနဲ့... ငါ ... ငါမင်းကို  ဒုတိယမရီးလို ဖြစ်လာတာမမြင်ချင်ဘူး"

သူစကားပြောပြီးနောက် ကျန်းရှုယောင်၏ အဖြေကို သူ အချိန်အတော်ကြာသည့်တိုင်အောင် မကြားသဖြင့် သူမမဖြေတော့ဟု ထင်လိုက်သောအခါတွင် ရုတ်တရက် သူမက သူ့အနား တိုးကပ်လာသည်။

ကျန်းရှုယောင်က သူ့မျက်လုံးများထဲကို အလေးအနက် ကြည့်ကာ နူးညံ့စွာပြောလေသည်။

"ရှဲ့ပေါယွမ်...ရှင်ပြောတဲ့အတိုင်း လုပ်ရမယ်နော်"

သူမ၏ ပူနွေးသောဝင်သက်ထွက်သက်များက သူ့မျက်နှာပေါ်သို့ ရိုက်ခတ်တေကာ သူ့ပါးပြင်တစ်ဝက်ကို ထုံကျင်သွားစေပြီး သူ့စိတ်တွေ လွတ်ထွက်သွားသည်။ "ကောင်းပြီ" ဟူသော စကားကို ပြောရန် အချိန်အတော်ကြာခဲ့သည်။

အသံထွက်ကျသွားသည်နှင့် တပြိုင်နက် တံခါးအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နှစ်ယောက်သား၏ မရှင်းမလင်း လေထုကို ဖြိုခွင်းလိုက်သည်။

"သခင်မ...စတုတ္ထသခင်ငယ်လေးရဲ့ အစာအိမ်ပြဿနာရှိနေပါတယ်... ပထမအိမ်တော်ခွဲက သမားတော်ပင့်ခိုင်းပြီး သခင်မကြီး အထိတ်တလန့်ဖြစ်သွားပါတယ်"

ကျန်းရှုယောင် လန့်သွားပြီး ကုတင်ပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်၏။

ရှဲ့ရွှင်းလည်း လန့်သွားသည်။ သူ အမြန်ထကာ ၀တ်ရုံကို ဝတ်ပြီးနောက် ပိုင်ကျီကို ဝင်ခွင့်ပြုရန် တံခါးကို ဖွင့်လိုက်သည်။

ပိုင်ကျီက  ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်းပြောပြ၏။

ရှဲ့ယောင်၏ ခန္ဓာကိုယ်က အားနည်းသည်။ သူ့အတွက် တစ်ညတွင် နှစ်ကြိမ် အန်ခြင်းသည် ဆိုးရွားသော ကိစ္စဖြစ်သည်။ ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းတို့ စိုးရိမ်တကြီးဖြင့် ပထမအိမ်တော်ခွဲသို့ ပြေးသွားကြသည်။

ပထမအိမ်တော်ခွဲကိုရောက်သောအခါ သခင်မကြီးက ထိုနေရာတွင်ရှိတေပြီး ရှုရှီကို  တည်ငြိမ်သောမျက်နှာဖြင့် မေးနေသည်။

ကျန်းရှုယောင် လာနေသည်ကိုမြင်သောအခါ ကို ချက်ချင်းပဲ ကျန်းရှုယောင်ဘက်ကိုမြှားခေါင်းလှည့်လိုက်၏။မည်သို့ပင်ဖြစ်စေ ရှဲ့ယောင်က သူမ၏နေရာတွင် ဗိုက်မကောင်းဖြစ်ခဲ့ခြင်းဖြစ်သည်။

သူမ စစချင်း သမားတော်က ထွက်လာ၏။

သခင်မကြီးက  ချက်ချင်း ပါးစပ်ပိတ်ပြီး သမားတော်ကို စိုးရိမ်တကြီးနှင့် ကြည့်သည်။

“သူ အစားများသွားရုံပါ... ညစာက နည်းနည်း အဆီများတယ် ထင်ပါတယ်...ကလေးက ဗိုက်ထဲမှာ မသက်မသာ ခံစားရတာကြောင့် အန်ထုတ်ပစ်လိုက်တာ"

ထိုသည်က မှားယွင်းသည့် နိုး ဖြစ်ပြီး လူတိုင်း သက်သာရာရသွားကြသည်။

သို့ရာတွင် သခင်မကြီးက  ရှိနေလေရာ ရှဲ့ယောင်မှာ ပြဿနာကြီးကြီးမားမားမရှိသည့်အတွက်နှင့် ဤကိစ္စကို ပေါ့ပေါ့တန်တန် လွှတ်ပေးလိုက်၍မရပါချေ။



Xxxx

Continue Reading

You'll Also Like

459K 88.4K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
71.4K 4.1K 16
"មកពីអូនស្រលាញ់ទើបប្រចណ្ឌបង..ហ្ហឹក! បងធុញអូនណាស់មែនទេបើបងធ្វើចរឹកត្រឹមត្រូវអូនក៏មិនទៅរករឿងបងដែរ ..ថ្ងៃណាមួួយអូននឹងលែងបង្ហាញមុខនៅចំពោះមុខបងលែងប្រចណ្ឌប...
32.5K 2.5K 72
ဖတ်ကြည့်နော်😉😉
472K 65K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...