Unicode
Mid term က နှစ်ရက်ခွဲဖြေရသည်။ ပထမရက်မှာတော့ Jeonghan တို့ အုပ်စုဖြေနိုင်သည်ဟု ဆိုသည်။ ခုံတွေကို ရောကာ ခပ်ဝေးဝေးမှာ နေရာစီထားသည်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဖြေတိုက်ရန်မလွယ်။ စာမေးပွဲစောင့် ဆရာကလည်း အထူး စည်းကမ်းကြီးကာ ကြပ်မတ်သည်မို့ တစ်ခါငေါက်လျှင်ပင် ဒူးတုန်ရသည်။ အရင်နှစ်ကနဲ့မတူဘဲ Jeonghan တို့ သူငယ်ချင်းတွေ ကိုယ့်အားကိုယ်ကိုးကာ ဖြေသည်။
Hoshi က နောက်ကျမှ ရောက်လာသူမို့ စာတွေလိုက်မီအောင် မနည်းကြိုးစားရပေမဲ့ အတူတူထိုင်သည့် Jihoon က ကူညီဖေးမပေးသည်ကြောင့် အဆင်ပြေချောမွေ့နေသည်။ သူ့သူငယ်ချင်းတွေကို စာနဲ့ပတ်သတ်ပြီး မေးခွန်းမထုတ်ချင်၊ သည်သကောင့်သားတွေက စာကလွဲပြီး ကျန်တာအကုန် ခေါင်းထဲ ထိုးသိပ်ထားကြတာ။
Mingyu လည်းဘာထူးလဲ။ အရင်က စာမေးပွဲနီးမှ ဖင်ဘူးတောင်းထောင်ပြီး စာကုန်းကျက်သည့်သူက Wonwoo နဲ့မှ အချိုးပြောင်းကာ Equations တွေတောင် ဒတ်ခနဲ အလွတ်ဖြေနိုင်နေပြီ။ Mid term အမှတ်ကောင်းရင် ပထမဆုံးအနမ်းပေးမည် ဟု ကတိပေးထား၍လည်း စိတ်ခွန်အားတွေရပြီး တက်ကြွနေလေသည်။
Seungkwan မှာ သူတို့အားလုံးထက် စာရသူဟု ပြောလို့ရသည်။ သူမရသည့် ဘာသာမှာ English စာ။ ထို့ကြောင့်လည်း အားရင်အားသလို Vernon ဆီက လေ့လာမှတ်သားရသည်။ သူကလည်း Vernon မရသည့် ဘာသာရပ်တစ်ချို့ကို တတ်နိုင်သလောက် ကူညီပေးသည်။
Seokmin ကတော့ အတန်းထဲက သူငယ်ချင်းတွေ တစ်ယောက်ချင်းစီကို အားကိုးရင်း စာမှတ်သည်။ မနေ့ကတောင် စာစုလုပ်မည်ဟု အမေ့ကို ကြော်ငြာကာ သူ့အိမ်တွင် လူထောင်လိုက်သေးသည်။ တကယ်တမ်း အာလာပသလာပ ထိုင်ပြောနေကြသည်သာ။ Joshua နဲ့လည်း မတွေ့ရတာ ကြာပြီမလို့ အိမ်ခေါ်လိုက်ခြင်းဖြစ်သည်။ ခါတိုင်းထက် ပါးရိုးနားလေးက ချောင်ကျသွားတာကြောင့် နေများမကောင်းဘူးလား ဟု ဝတ္တရားအရမေးချင်ပေမဲ့ ဝတ္တရားဟု မထင်မှာစိုး၍ အသာလေးနေလိုက်ရသည်။
တစ်ချို့တွေက သဘောရိုးဖြင့် ဂရုစိုက်ပေးမိရင် ကိုယ့်ဆီက တစ်စုံတစ်ခု မျှော်လင့်တတ်ကြတာမို့ Seokmin အရင်ကလောက် Joshua အပေါ် မနီးစပ်ချင်တော့ပေ။ သူ့စိတ်ထဲ Joshua နဲ့ ပတ်သတ်လို့ လုံးဝ ဗလာကျင်းနေသည်ကို လိပ်ပြာသန့်စွာ ယုံသည်။ Joshua ကို တစ်ခါမှ မချစ်ခဲ့သလို မချစ်ချစ်တာကြောင့် စောင့်ကြည့်ပါမည်ဟုလည်း အဖြေမပေးတော့ဘဲ တန်းငြင်းခဲ့မိတာ။
အမှန်အတိုင်း ဝန်ခံရလျှင် သူ့အပေါ် Joshua နားလည်မည်ဟု Seokmin မထင်ပါ။ ဖွင့်ပြောလိုက်သည် ဆိုတာနဲ့ အနည်းနဲ့အများတော့ လက်ခံသည့်အဖြေကိုသာ လိုချင်ကြတာလေ။ သူရက်စက်ခြင်းမဟုတ်ပါ၊ ခံစားရသည်ကို မှန်ကန်စွာ ထုတ်ဖော်ခဲ့ခြင်းသာ။ Joshua ကို ဝမ်းနည်းအောင် မလုပ်ချင်သော်ငြား သူသည်လည်း လွတ်လပ်ခွင့်ရှိသည်လေ။ တကယ်တမ်း Joshua ဟာ သူနဲ့မတန်ပါ။ သူ့ကိုမချစ်ထိုက်ပါ။ Seokmin ဤသို့ တွေးမိရသည်မှာ Joshua အတွက် စာနာ၍ဖြစ်သည်။ Joshua လို နှလုံးသားလှသည့်သူက အကြင်နာအစစ်အမှန်ကိုသာ ခံစားခွင့်ရှိသင့်သည်လေ။ သူ့လိုလူတစ်ယောက်အတွက် အချိန်တွေကုန်နေခြင်းအပေါ် Seokmin အားနာရသည်။
မြတ်နိုးခြင်းပန်းတွေကို ငြင်းပယ်ခြင်းမုန်တိုင်းတွေနဲ့ တိုက်ထုတ်ဖယ်ရှားရတာ များလာတဲ့အခါ မုန်တိုင်းဘက်ကလည်း ထိုပန်းကလေး ညှိုးသွားမှာ စိုးရွံ့မိပါတယ်။
//
"ငါတော့ဖြေနိုင်တယ် ၃မှတ်တန်လေးတွေပဲ မှားမယ်ထင်တယ် ဟေးဟေး"
Mingyu ကတက်ကြွစွာပြောသော်လည်း Wonwoo က မျက်စောင်းတစ်ခု ပီပီပြင်ပြင် ထိုးကျွေးကာ
"၃မှတ်တန်လည်း မှန်ရမှာပေါ့"
"ဟာ Wonnu လေးကလည်း၊ နည်းနည်းပဲ မှားမှာပါ။ တကယ်နည်းနည်း"
အားလုံးက Wonwoo တစ်ခွန်းဆို တစ်ခွန်း ဖြစ်နေသည့် Mingyu ကို ဟားတိုက်လိုက်ကြသည်။ စာမေးပွဲပြီးသည်နှင့် Jeonghan က Cheol ကို စာတွေပို့မိသည်။ "သူတို့ကျောင်းကော စာမေးပွဲပြီးပြီလား၊ ဖြေနိုင်ရဲ့လား၊ မေးခွန်းတွေက မတူလောက်ဘူးနော်၊ ငါတို့ကျက်ထားတာတွေ ပါရဲ့လား" စသဖြင့်ပေါ့။ အတန်းထဲက လူတွေက စာတော်သည့် Jihoon, Minghao, Wonwoo တို့စီကို အဖြေတိုက်ဖို့ ရောက်လာကြသည်။ Mingyu ကတော့Wonwoo နားမှာ လူတွေများနေတာကြောင့် မကျေနပ်ဖြစ်ကာ အတန်းထဲလူတွေကို အိမ်ပြန်ကြဖို့ အော်ဟစ်လို့နေသည်။
"Seokmin ဖြေနိုင်တယ်မလား"
Joshua က Seokmin ကို ခပ်တိုးတိုးလေး လှမ်းမေးသည်။ Seokmin ခေါင်းတဆတ်ဆတ်ညိတ်ကာ
"ဖြေနိုင်တယ် ထင်တာပဲ၊ မင်းကော"
"အင်း ငါအိုခေတယ်။ မနက်ဖြန်တော့ မသေချာဘူး"
Joshua ခပ်တွေတွေလေး စဥ်းစားဖြေတော့ Seokmin က ပြုံးလိုက်ကာ
"ဖိုက်တင်း"
လက်သီးဆုပ်လေးနှစ်ဖက်ဖြင့် ဖိုက်တင်းဟု ပြောလာတော့ Joshua ပြုံးရသည်။ ဘယ်လောက်ပဲ နှလုံးသားမှာ လစ်ဟာနေပါစေ သည်အပြုံးလေးတွေကို မြင်ရတိုင်း Joshua ပကတိပျော်ရသည်။ Seokmin ကြောင့် ဘယ်တုန်းကမှ မနာကျင်ခဲ့ရဘူးဆို ညာသလိုဖြစ်သွားပါလိမ့်မယ်။ သို့ပေတည်း သည်နာကျင်ခြင်းတွေက တစိမ့်စိမ့်နဲ့ ထွေးပိုက်ထားချင်စရာ။ Seokmin က သူ့အတွက် နှင်းဆီပန်းလေးလိုပဲ။ သိပ်မြတ်နိုးလွန်းလို့ ရူးရူးမူးမူး နမ်းရှိုက်ချင်ပေမဲ့ အဆူးလေးတွေက ရင်ကို ဝင်စူးလေတယ်။
ဒါပေမဲ့လေ နှင်းဆီဆူးဘယ်လောက်စူးကြောင်း ကဗျာတွေမဖွဲ့ဘဲ နှင်းဆီပွင့်ဖတ် ဘယ်လောက်လှကြောင်းပဲ ကဗျာတွေစာတွေ ဖွဲ့ချင်ပါတယ်။ နှလုံးသားရဲ့ မောက်မာမှုက အတင့်ရဲလွန်းပါရဲ့။ လက်မခံချင်သူလေးအနားမှာပဲ ဝေ့လည်ကြောင်ပတ်။ သူ့အနေနဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးမည်တဲ့ ဒုက္ခအရိယသစ္စာလေးကို မြတ်နိုးနေမိတာလေ။ ပေမ ဆိုတဲ့ ချစ်ခြင်းလောဘ နှောင်ကြိုးလေးက သိပ်ကိုချည်နှောင်လွန်းနေတော့ သွေဖြည်ဖို့ ခဲယဥ်းတယ်။ Joshua အဖြစ်က ဆုပ်လည်းစူးစားလည်းရူးပါ။ သည်ချည်နှောင်ကြိုးကိုမဖြတ်ရဲ၊ ဖြတ်လည်း သူဟာသေလူလိုပါပဲ။ သူသည်တိုင်းလေးပဲ စီးမျောသွားလိုက်ပါတော့မယ်။
သူ့ရဲ့ ချစ်ခြင်းမေတ္တာလေးကို လွတ်လပ်ခြင်းတွေပဲ ပိုင်ဆိုင်စေချင်တာပါ။ သူ့ရဲ့ သံယောဇဥ်ကြောင့် Seokmin ဘက်က စိတ်အနှောင့်အယှက် တစ်စုံတစ်ရာရှိခဲ့မည်ဆိုလျှင် Joshua ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည်မဟုတ်။ ချစ်တယ်လို့ ဖွင့်ဟပြောတာ တစ်ဖက်လူဘက်က ချစ်ပါတယ်ဆိုတဲ့ ခွန်းတုန့်ပြန်စကားကို လိုချင်တောင့်တလို့မဟုတ်တာ Seokmin သိရင် ဘယ်လောက်ကောင်းမလဲ။ ရင်ထဲက သိုသိပ်ခြင်းတွေအပြည့်နဲ့ မေတ္တာကို ထုတ်ပြခွင့်မရှိ ဟု စည်းတားလိုက်ပြီ။ သူလည်းနာကျင်ရတာပါပဲ၊ သို့သော် ဘယ်တတ်နိုင်မှာလဲ။ ပိုင်ဆိုင်ချင် သလားလို့မေးရင် ခေါင်းခါမိမှာ။
Seokmin ဘက်က လက်ခံခြင်းမရှိတဲ့ အခြေအနေမှာ သူ့အချစ်တွေဘယ်လောက်ပဲ စစ်မှန်နေပါစေ အတင်းဆွဲမခေါ်ရက်ပါဘူး။ ဒါလက်လျော့လိုက်တာမျိုးမဟုတ်ဘူး။ လက်ခံလာအောင်လည်း အတင်းမလုပ်ယူချင်ဘူး။ တစ်ချို့သောချစ်ခြင်းတွေဟာ သည်လိုပါပဲ။ စည်းတွေဘောင်တွေထဲမှာ ချစ်ခြင်းအလွှာတို့ကို ကန့်သတ်ထားလိုက်ရတဲ့သူတွေ ဒုနဲ့ဒေးပါ။ သူ့မေတ္တာတွေက ခပ်ဝေးဝေးမှာ ပြုံးနေသူကိုလည်း တွေ့ရလည်း ပေါက်ဖွားတတ်ပါတယ်။ အရှုံးပေးလက်မြှောက်လိုက်ခြင်း မဟုတ်ဘဲ ပျော်ရွှင်မှုကိုသာ ဆင်မြန်းပေးချင်တဲ့ စေတနာသန့်သန့်ပါ။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ပိုင်ဆိုင်လိုက်ရမှ အချစ်လို့ ခေါ်တွင်တာမဟုတ်ဘူးမလား။
ခန္ဓာထက် စိတ်ကို ပိုမက်တဲ့အခါ ချစ်ခြင်းတို့ စစ်မှန်ပြီး အတ္တကို ပယ်နုတ်လိုက်ရင်တော့ မေတ္တာကို ပိုင်ဆိုင်ပါလိမ့်မယ်။ သူသည်လို ဖြူဖြူစင်စင်လေးပဲ Seokmin ကိုတွယ်ငြိသွားပါတော့မယ်။
//
"Jisoo!"
အိမ်ပြန်လမ်းမှာ အနောက်ဘက်ကနေ Jeonghan ရဲ့အသံကြားတာကြောင့် နောက်လှည့်ကြမိသည်။
"ဟို...မင်းကိုမေးစရာရှိလို့၊ စိတ်မဆိုးရင်ပေါ့"
Jisoo က အဖျားပိုင်း တုန်ခါသွားသည့် Jeonghan လေသံကို မှန်းဆမိတာကြောင့် မျက်ဝန်းတို့ ဝိုင်းစက်သွားသည်။ ထို့နောက် ခေါင်းကို ခပ်ဖြည်းဖြည်းခါယမ်းကာ
"မဆိုးပါဘူး၊ မေးလေ"
"Seokmin နဲ့ မင်းရဲ့ အခြေအနေက..."
နောက်ပိုင်းမှာ အမေးသံ စွက်သွားသည်ကြောင့် Joshua တစ်ချက်မျှပြုံးမိရင်း
"ပုံမှန်ပါပဲ...သူငယ်ချင်းပေါ့"
"Seokmin ကကွာ...ကျစ်"
မကျေမချမ်း အံကြိတ်နေသည့် Jeonghan ကို Jisoo လက်ခါပြမိသည်။ ဤသည်မှာ Seokmin အပြစ်မှ မဟုတ်ပါဘဲ၊ Seokmin ကို ဤသို့ အပြစ်ပုံချစရာအကြောင်းမရှိ။ မချစ်သည်ကို မချစ်ကြောင်း အမှန်အတိုင်း ဝန်ခံပေးတာနဲ့တင် Jisoo ကျေးဇူးတင်မိပါသည်။
"တကယ်တော့ Wonwoo မွေးနေ့မှာ ဖွင့်ပြောပြီးကတည်းက ငါကိုယ်တိုင် ဘာမှထပ်မပြောခဲ့တာ။ သူစိတ်ညစ်သွားမှာစိုးလို့။ Seokmin က ငါ့ကို အရမ်းခင်တာ ငါသိတယ်၊ ဒါကြောင့် သူ့ဖြူစင်တဲ့ ခင်မင်မှုလေးကို ငါအလွဲသုံးစားမလုပ်ချင်ဘူး။ သူငါ့ကိုအားနာနေမှာ ငါရိပ်မိပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ နေစေချင်တယ်"
Jeonghan က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ သူ့မှာ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့ ခံစားချက်ကိုလည်းနားလည်၊ Jisoo ရဲ့ အချစ်ကိုလည်း စာနာမိတာကြောင့် ဘယ်သူ့ဘက်ပါရမလဲ အတွေးကြပ်ရသည်။ Cheol ကတော့ Seokmin အတွေးတွေက သဘာဝကျသည်ဟု အသည်းနှလုံးမရှိစွာ ဆိုသည်။ မနေ့ညကပင် သူနှင့် Cheol ထိုကိစ္စကို ဆွေးနွေးရင်း စိတ်ဆိုး၊ စိတ်ကောက်ရသေးသည်။ Seokmin က ချစ်ကြည့်ဖို့ မကြိုးစားချင်တာ၊ သည်ကြားထဲ Jisoo က သူငယ်ချင်းဖြစ်ပြီးမှ ချစ်ကြောင်းဖွင့်ဟတော့ Seokmin က ခပ်နုံနုံနှင့် ဘယ်လိုမှ အဆင်မပြေ။ Jeonghan သက်ပြင်းတစ်ခု အကြီးအကျယ် ချမိတော့သည်။
"မင်းလေ သူ့ကို ဘယ်လိုသဘောကျသွားရတာလဲ၊ ငါစဥ်းစားလို့ကိုမရ"
Jeonghan ဤမေးခွန်းကို တကယ်မေးကြည့်ချင်ခဲ့သည်သာ။ သူ့သူငယ်ချင်းက ပေါတောတော၊ အာကျယ်အာကျယ်နှင့် Jisoo မှာ ခပ်အေးအေး၊ အကြည်ဓာတ်ကလေး။ ရုပ်ရည်ကြည့်မယ်ဆိုလည်း Jisoo က ပြစ်ချက်မရှိ၊ တခြားအတန်းက မိန်းကလေးတွေပါ ခိုးခိုးငေးရသည့် မျက်နှာမျိုး။ Seokmin ကတော့ ဟာသတစ်ခုမပြောလိုက်နှင့် ပြောလိုက်တာနဲ့ လက်ခုပ်လက်ဝါးတွေ တီးပြီး ဟက်ဟက်ပက်ပက်ရယ်တော့တာ။ သူ့သူငယ်ချင်းကို မချောဘူးဟု မပြောပါဘူး။ ပြင်ပြင်ဆင်ဆင်နေရင်တော့ ကြည့်ကောင်းမည်မှာ သေချာပေမဲ့ Jisoo လို သပ်သပ်ရပ်ရပ်နှင့် Smart ကျသည့် သူနဲ့ယှဥ်လျှင် ဖွဲနဲ့ စကွဲပင်။ သည်စကားတွေကို Seokmin ရှေ့မှာ မပြောရဲ၊ စိတ်ဆိုးပြီး Jeonghan ကို တစ်ပတ်လောက်မခေါ်ဘဲနေလိမ့်မည်။ ပြန်ချော့ရင်လည်း စုထားတဲ့ ပိုက်ဆံတွေကုန်အောင် မုန့်ဝယ်ကျွေးခိုင်းလိုက်ရမှ စိတ်ဆိုးပြေသည်။ တကယ့် နတ်ဆိုးကလေးပင်။
"သူ့စိတ်ကလေး"
"ဟင်"
ရုတ်တရပ်ဖြေလာသည့် Jisoo အဖြေကြောင့် Jeonghan ကြောင်မိပေမဲ့ စက္ကန့်ပိုင်းမျှကြာတော့ ထိုအဖြေကို အထ,အနကောက်နိုင်သွားပါသည်။
"Seokmin က သူ့ဘေးက လူတိုင်းကို အရိပ်အခြေကြည့်ပြီးနေတာ။ သူ့ဘေးက လူတိုင်း ပျော်နေတာကိုပဲ မြင်ချင်တာ။ ပူပင်စရာတွေကို သိပ်မတွေးဘဲ ဒီလောကကြီးကို ခပ်မြူးမြူးလေးပဲ ဖြတ်သန်းတာ။ တကယ်သိလား Seokmin က ငါ့အတွက် စံနမူနာယူချင်စရာပဲ။ ငါတို့တွေက ဘာမဟုတ်တဲ့အရာတွေကို လိုက်ပြီးခံစားပူဆွေးနေတဲ့အချိန် Seokmin က ဘာမဟုတ်တဲ့အရာလေးတွေမှာ ပျော်ရွှင်စရာလေးကို လိုက်ရှာတတ်တာ။ အင်းလေ...အဲ့လိုဖြူစင်လို့ပဲ ငါ့ဘက်က အရောင်စိုးရတာ လွယ်တာပေါ့ "
Jisoo ပြောနေတာတွေကို Jeonghan ငြိမ်ငြိမ်ကလေးပဲ နားထောင်နေမိသည်။ Seokmin ဟာ သည်လိုချစ်ခြင်းမေတ္တာမျိုးကို လက်လွှတ်ပစ်မှာလားဟု တွေးမိတော့ နှမျောတသဖြစ်ရသည်။
"Seokmin ငါ့ကိုပြောဖူးတာကလေ၊ မင်း အခုရှိနေတဲ့ ကမ္ဘာငယ်လေးအပြင်ဘက်မှာ ပိုပိုလှနေမဲ့ ကမ္ဘာကြီးလည်းရှိတာမမေ့ပါနဲ့ တဲ့။ အထီးကျန်အရိပ်တွေကို မွေးမြူမထားဘဲ မင်းကိုယ်မင်းလိုက်ရှာ၊ မင်းရဲ့ ကမ္ဘာငယ်လေးထဲက ရုန်းထွက်ကြည့်ပါ တဲ့လေ။ ငါလေ...ငါ့ကမ္ဘာငယ်လေးထဲက ရုန်းထွက်ကြည့်လိုက်တာ Seokmin ဆိုတဲ့ ကမ္ဘာကြီးထဲ လမ်းပျောက်သွားတယ်။ ငါလွတ်လမ်းကို မရှာနေတော့ဘူး။ လမ်းပျောက်နေတဲ့အတိုင်းလေးပဲ နေလိုက်တယ်။ ငါပျော်ရပါတယ်"
သည်စကားကြောင့် Jisoo တော့မသိ၊ Jeonghan ကတော့ ဆိတ်ငြိမ်စွာပင် မျက်ရည်ဝဲရပါတယ်။ Seokmin က သူ့သူငယ်ချင်းတွေကို ဤသို့နှယ် စိတ်ပြေရာ ပြေကြောင်း စကားလုံးတွေနဲ့ ဖြေသိမ့်ပေးလေ့ရှိပါသည်။ Hoshi သူတို့ဆီကနေ Audition အတွက်နဲ့ ထွက်သွားရသည့် အချိန်တုန်းကလည်း Hoshi ကို ပြောခဲ့တဲ့စကားလေးက
"လေညှင်းနုနုကို ခံစားကြည့် Hoshi။ ပန်းနံ့တွေကို အသက်ပြင်းပြင်းရှူလိုက်ပြီး မွှေးကြည့်လိုက်။ မင်းဖြတ်သန်းရတော့မဲ့ သစ်လွင်တဲ့ ပတ်ဝန်းကျင်ကို မျက်စပြု။ ပျံသန်းနေတဲ့ ငှက်တွေလို လွတ်လပ်ကြည့်လိုက်။ နေရောင်ခြည်ရဲ့ မနက်ခင်းအနမ်းကို ဆောင်ယူ။ သိတယ်မလား Sun Kiss ပေါ့ကွာ။ အဲ့လိုဆို မင်းရဲ့ တစ်နေ့တာက စိုပြေသွားလိမ့်မယ်"
Seokmin က ဘဝကြီးကို ဤသို့ နေပျော်စွာပဲ ဖြတ်သန်းတတ်ပါတယ်။ သူလစ်ဟင်းနေသည်မှာ ချစ်တတ်လာအောင် သင်ယူဖို့ လိုအပ်နေသည့် နှလုံးသားပါပဲ။
//
"ဖြေနိုင်တယ်မလား ချစ်လေး"
အိမ်ပြန်တော့ Cheol တို့ကျောင်းရှေ့လမ်းကနေ ဖြတ်ပြန်ဖို့ တွေးလိုက်သည်။ Cheol နဲ့တူတူပြန်မလို့ပင်။ Jisoo နဲ့ စကားပြောကြည့်ပြီးသည်နှင့် ရင်ထဲမှာ တစ်ခုခုဆို့နင့်နေသည်။ သူတောင် သည်လောက် ခံစားရခက်နေတာ Jisoo သာ ဆိုလျှင် ဆိုသည့် အတွေးက သိပ်ကို စိုးမိုးလွန်းသည်။ ထို့ကြောင့် သူ့မြတ်နိုးရာ ဆံဖြူကောင်လေးကိုသာ အာရုံထားလိုက်တော့ လူကြားထဲ ချစ်လေး ဟုခေါ်ရင်း သူ့ဆီပြေးလာတဲ့ အရိပ်ကလေး။ လူကြားထဲပေမဲ့လည်း ရှက်ရကောင်းမှန်းမသိတော့ဘဲ ထိုပြေးလာသည့် ပုံရိပ်ကလေးကို လက်နှစ်ဖက်ဆန့်တန်းရင်း ကြိုဆိုမိသည်။ Cheol က သူ့ရင်ခွင်ထဲ အပြေးခိုလှုံသည်။ Cheol တို့ ကျောင်းက လူတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေပေမဲ့ လူစွာလေးကတော့ မျက်စောင်းတွေချည်း လှိမ့်ထိုးပစ်တာကြောင့် ခပ်လန့်လန့်နဲ့ ကိုယ့်လမ်းကိုယ် လျှောက်သွားကြတယ်။
Jeonghan လည်း အခုလို စွာတေးလန်နေသည့် Cheol ကို ခါတိုင်းကဲ့သို့ တားဆီးမနေတော့။ ဆိုးချင်သလောက် ဆိုး ဟု သာ လွှတ်ထားပေးချင်မိသည်။ သူဟာ Cheol မျက်မှောင်ကြုံ့ထားသည့် ပုံရိပ်ကလေးနဲ့ နှုတ်ခမ်းထော်ထော်လေးကို သိပ်တွယ်တာသည် မဟုတ်ပါလား။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးမလို့ Cheol နားနီးတော့ Cheol လိုပဲ Jeonghan လူဆိုးဖြစ်သွားပါသည်။
"ဖြေနိုင်လားမေးနေတာကို ပြန်မဖြေရအောင် စိတ်တွေဘယ်ရောက်နေလဲ"
ရင်ခွင်ထဲက အဖြူကောင်က စနောက်ဟန်ဖြင့် မေးလာသည်။ သူ့အကြောင်းပဲ တွေးစရာရှိတာကို သိရက်နဲ့ တမင်မေးသည့် Cheol က သိပ်ကိုမှ ဆိုးပါသည်။
"လမ်းထိပ်က 7 Eleven စီရောက်နေတာ"
တမင်လိမ်ပြောမိတော့ Cheol ကရယ်ကာ
"ဘာစားချင်လဲ"
"စာမေးပွဲဖြေလိုက်ရတာ ပင်ပန်းသွားပြီ၊ ရာသီဥတုကလည်း ပူတော့ ရေခဲမုန့်စားချင်"
"နမ်းရင် ဝယ်ကျွေးမယ်"
"အောင်မာ ရေခဲမုန့်လောက်တော့ ငါ့ပိုက်ဆံနဲ့ ငါ ဝယ်စားနိုင်ပါတယ် သူဌေးသားရယ်"
Cheol က ပါးချိုင့်တွေထင်းနေအောင် အော်ရယ်ပြီး Jeonghan လက်ကို သူ့လက်နဲ့ ချိတ်တွယ်လိုက်သည်။ လမ်းမှာ ခါတိုင်းလို တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်လိုက်၊ ဖက်တွယ်လိုက်နဲ့ ဝရုန်းသုန်းကားတွေ ဖြစ်လို့နေသည်။ စာမေးပွဲရက်မို့ စောဆင်းပေးတာကြောင့် နေ့ခင်းဘက် ဖြစ်၍နေကာ သူရိန်နေမင်းကြီးဟာ ပိုလို့ မာန်တွေချီလို့နေသည်။ သို့သော် သူရိန်နေမင်းကြီး ပေးသည့် ပူလောင်မှုဟာ ရင်ဘတ်အတွင်းထိတော့ မသက်ရောက်ပေ။ ဘေးက ဆံဖြူကောင်လေးက ရေခဲမုန့်ခွံ့ကျွေးနေသည်ကြောင့် အေးမြလန်းဆန်းလို့နေသည်။ Jeonghan ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိရင်း Cheol မျက်နှာလေးကို နေရာလွတ်မကျန် ငေးမိနေသည်။ သည်ညလည်း စာလုပ်သလိုလိုနဲ့ သူ့ကို အသားယူနမ်းအုံးမည့် လူဆိုးကောင်ကို ပုံဖော်မိတာကြောင့် ပါးချိုင့်တွေနဲ့ ပါးပြင်ကို ကိုက်ဖြတ်ချင်စိတ်တွေ ပေါ်လာရသည်။
အိမ်ပြန်လမ်းမှာ ခြေလှမ်းတိုင်းက ချစ်ခြင်းမေတ္တာတွေ အပြည့်...
//
PL's Note
Seoksoo တို့အတွဲမှာ အခါးတွေအများကြီး စားလိုက်ရလားဝေ့။ စိတ်ချ၊ နောက် Fic တစ်ခုခုမှာ အချိုလေးတွေနဲ့ ပြန်ချော့မယ်နော် ယုံတယ်မလား။ (˶ > ₃ < ˶)♡
စကားမဆက် GOM လေးကိုလည်း Stream နေကြတယ်မလား။ ဖိုက်တိုးဝေ့၊ ပန်းလောင်တော့ HipHop Unit ရဲ့ မွန်းစတားကို စွဲလန်းနေပြီ။ ယူတို့ကော'^'??
2: 28 PM
Wed, 25 2023
Lamin Pann Laung
//
Zawgyi
Mid term က ႏွစ္ရက္ခြဲေျဖရသည္။ ပထမရက္မွာေတာ့ Jeonghan တို႔ အုပ္စုေျဖႏိုင္သည္ဟု ဆိုသည္။ ခုံေတြကို ေရာကာ ခပ္ေဝးေဝးမွာ ေနရာစီထားသည္ေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အေျဖတိုက္ရန္မလြယ္။ စာေမးပြဲေစာင့္ ဆရာကလည္း အထူး စည္းကမ္းႀကီးကာ ၾကပ္မတ္သည္မို႔ တစ္ခါေငါက္လွ်င္ပင္ ဒူးတုန္ရသည္။ အရင္ႏွစ္ကနဲ႔မတူဘဲ Jeonghan တို႔ သူငယ္ခ်င္းေတြ ကိုယ့္အားကိုယ္ကိုးကာ ေျဖသည္။
Hoshi က ေနာက္က်မွ ေရာက္လာသူမို႔ စာေတြလိုက္မီေအာင္ မနည္းႀကိဳးစားရေပမဲ့ အတူတူထိုင္သည့္ Jihoon က ကူညီေဖးမေပးသည္ေၾကာင့္ အဆင္ေျပေခ်ာေမြ႕ေနသည္။ သူ႔သူငယ္ခ်င္းေတြကို စာနဲ႔ပတ္သတ္ၿပီး ေမးခြန္းမထုတ္ခ်င္၊ သည္သေကာင့္သားေတြက စာကလြဲၿပီး က်န္တာအကုန္ ေခါင္းထဲ ထိုးသိပ္ထားၾကတာ။
Mingyu လည္းဘာထူးလဲ။ အရင္က စာေမးပြဲနီးမွ ဖင္ဘူးေတာင္းေထာင္ၿပီး စာကုန္းက်က္သည့္သူက Wonwoo နဲ႔မွ အခ်ိဳးေျပာင္းကာ Equations ေတြေတာင္ ဒတ္ခနဲ အလြတ္ေျဖႏိုင္ေနၿပီ။ Mid term အမွတ္ေကာင္းရင္ ပထမဆုံးအနမ္းေပးမည္ ဟု ကတိေပးထား၍လည္း စိတ္ခြန္အားေတြရၿပီး တက္ႂကြေနေလသည္။
Seungkwan မွာ သူတို႔အားလုံးထက္ စာရသူဟု ေျပာလို႔ရသည္။ သူမရသည့္ ဘာသာမွာ English စာ။ ထို႔ေၾကာင့္လည္း အားရင္အားသလို Vernon ဆီက ေလ့လာမွတ္သားရသည္။ သူကလည္း Vernon မရသည့္ ဘာသာရပ္တစ္ခ်ိဳ႕ကို တတ္ႏိုင္သေလာက္ ကူညီေပးသည္။
Seokmin ကေတာ့ အတန္းထဲက သူငယ္ခ်င္းေတြ တစ္ေယာက္ခ်င္းစီကို အားကိုးရင္း စာမွတ္သည္။ မေန႔ကေတာင္ စာစုလုပ္မည္ဟု အေမ့ကို ေၾကာ္ျငာကာ သူ႔အိမ္တြင္ လူေထာင္လိုက္ေသးသည္။ တကယ္တမ္း အာလာပသလာပ ထိုင္ေျပာေနၾကသည္သာ။ Joshua နဲ႔လည္း မေတြ႕ရတာ ၾကာၿပီမလို႔ အိမ္ေခၚလိုက္ျခင္းျဖစ္သည္။ ခါတိုင္းထက္ ပါး႐ိုးနားေလးက ေခ်ာင္က်သြားတာေၾကာင့္ ေနမ်ားမေကာင္းဘူးလား ဟု ဝတၱရားအရေမးခ်င္ေပမဲ့ ဝတၱရားဟု မထင္မွာစိုး၍ အသာေလးေနလိုက္ရသည္။
တစ္ခ်ိဳ႕ေတြက သေဘာ႐ိုးျဖင့္ ဂ႐ုစိုက္ေပးမိရင္ ကိုယ့္ဆီက တစ္စုံတစ္ခု ေမွ်ာ္လင့္တတ္ၾကတာမို႔ Seokmin အရင္ကေလာက္ Joshua အေပၚ မနီးစပ္ခ်င္ေတာ့ေပ။ သူ႔စိတ္ထဲ Joshua နဲ႔ ပတ္သတ္လို႔ လုံးဝ ဗလာက်င္းေနသည္ကို လိပ္ျပာသန္႔စြာ ယုံသည္။ Joshua ကို တစ္ခါမွ မခ်စ္ခဲ့သလို မခ်စ္ခ်စ္တာေၾကာင့္ ေစာင့္ၾကည့္ပါမည္ဟုလည္း အေျဖမေပးေတာ့ဘဲ တန္းျငင္းခဲ့မိတာ။
အမွန္အတိုင္း ဝန္ခံရလွ်င္ သူ႔အေပၚ Joshua နားလည္မည္ဟု Seokmin မထင္ပါ။ ဖြင့္ေျပာလိုက္သည္ ဆိုတာနဲ႔ အနည္းနဲ႔အမ်ားေတာ့ လက္ခံသည့္အေျဖကိုသာ လိုခ်င္ၾကတာေလ။ သူရက္စက္ျခင္းမဟုတ္ပါ၊ ခံစားရသည္ကို မွန္ကန္စြာ ထုတ္ေဖာ္ခဲ့ျခင္းသာ။ Joshua ကို ဝမ္းနည္းေအာင္ မလုပ္ခ်င္ေသာ္ျငား သူသည္လည္း လြတ္လပ္ခြင့္ရွိသည္ေလ။ တကယ္တမ္း Joshua ဟာ သူနဲ႔မတန္ပါ။ သူ႔ကိုမခ်စ္ထိုက္ပါ။ Seokmin ဤသို႔ ေတြးမိရသည္မွာ Joshua အတြက္ စာနာ၍ျဖစ္သည္။ Joshua လို ႏွလုံးသားလွသည့္သူက အၾကင္နာအစစ္အမွန္ကိုသာ ခံစားခြင့္ရွိသင့္သည္ေလ။ သူ႔လိုလူတစ္ေယာက္အတြက္ အခ်ိန္ေတြကုန္ေနျခင္းအေပၚ Seokmin အားနာရသည္။
ျမတ္ႏိုးျခင္းပန္းေတြကို ျငင္းပယ္ျခင္းမုန္တိုင္းေတြနဲ႔ တိုက္ထုတ္ဖယ္ရွားရတာ မ်ားလာတဲ့အခါ မုန္တိုင္းဘက္ကလည္း ထိုပန္းကေလး ညႇိဳးသြားမွာ စိုး႐ြံ႕မိပါတယ္။
//
"ငါေတာ့ေျဖႏိုင္တယ္ ၃မွတ္တန္ေလးေတြပဲ မွားမယ္ထင္တယ္ ေဟးေဟး"
Mingyu ကတက္ႂကြစြာေျပာေသာ္လည္း Wonwoo က မ်က္ေစာင္းတစ္ခု ပီပီျပင္ျပင္ ထိုးေကြၽးကာ
"၃မွတ္တန္လည္း မွန္ရမွာေပါ့"
"ဟာ Wonnu ေလးကလည္း၊ နည္းနည္းပဲ မွားမွာပါ။ တကယ္နည္းနည္း"
အားလုံးက Wonwoo တစ္ခြန္းဆို တစ္ခြန္း ျဖစ္ေနသည့္ Mingyu ကို ဟားတိုက္လိုက္ၾကသည္။ စာေမးပြဲၿပီးသည္ႏွင့္ Jeonghan က Cheol ကို စာေတြပို႔မိသည္။ "သူတို႔ေက်ာင္းေကာ စာေမးပြဲၿပီးၿပီလား၊ ေျဖႏိုင္ရဲ႕လား၊ ေမးခြန္းေတြက မတူေလာက္ဘူးေနာ္၊ ငါတို႔က်က္ထားတာေတြ ပါရဲ႕လား" စသျဖင့္ေပါ့။ အတန္းထဲက လူေတြက စာေတာ္သည့္ Jihoon, Minghao, Wonwoo တို႔စီကို အေျဖတိုက္ဖို႔ ေရာက္လာၾကသည္။ Mingyu ကေတာ့Wonwoo နားမွာ လူေတြမ်ားေနတာေၾကာင့္ မေက်နပ္ျဖစ္ကာ အတန္းထဲလူေတြကို အိမ္ျပန္ၾကဖို႔ ေအာ္ဟစ္လို႔ေနသည္။
"Seokmin ေျဖႏိုင္တယ္မလား"
Joshua က Seokmin ကို ခပ္တိုးတိုးေလး လွမ္းေမးသည္။ Seokmin ေခါင္းတဆတ္ဆတ္ညိတ္ကာ
"ေျဖႏိုင္တယ္ ထင္တာပဲ၊ မင္းေကာ"
"အင္း ငါအိုေခတယ္။ မနက္ျဖန္ေတာ့ မေသခ်ာဘူး"
Joshua ခပ္ေတြေတြေလး စဥ္းစားေျဖေတာ့ Seokmin က ၿပဳံးလိုက္ကာ
"ဖိုက္တင္း"
လက္သီးဆုပ္ေလးႏွစ္ဖက္ျဖင့္ ဖိုက္တင္းဟု ေျပာလာေတာ့ Joshua ၿပဳံးရသည္။ ဘယ္ေလာက္ပဲ ႏွလုံးသားမွာ လစ္ဟာေနပါေစ သည္အၿပဳံးေလးေတြကို ျမင္ရတိုင္း Joshua ပကတိေပ်ာ္ရသည္။ Seokmin ေၾကာင့္ ဘယ္တုန္းကမွ မနာက်င္ခဲ့ရဘူးဆို ညာသလိုျဖစ္သြားပါလိမ့္မယ္။ သို႔ေပတည္း သည္နာက်င္ျခင္းေတြက တစိမ့္စိမ့္နဲ႔ ေထြးပိုက္ထားခ်င္စရာ။ Seokmin က သူ႔အတြက္ ႏွင္းဆီပန္းေလးလိုပဲ။ သိပ္ျမတ္ႏိုးလြန္းလို႔ ႐ူး႐ူးမူးမူး နမ္းရႈိက္ခ်င္ေပမဲ့ အဆူးေလးေတြက ရင္ကို ဝင္စူးေလတယ္။
ဒါေပမဲ့ေလ ႏွင္းဆီဆူးဘယ္ေလာက္စူးေၾကာင္း ကဗ်ာေတြမဖြဲ႕ဘဲ ႏွင္းဆီပြင့္ဖတ္ ဘယ္ေလာက္လွေၾကာင္းပဲ ကဗ်ာေတြစာေတြ ဖြဲ႕ခ်င္ပါတယ္။ ႏွလုံးသားရဲ႕ ေမာက္မာမႈက အတင့္ရဲလြန္းပါရဲ႕။ လက္မခံခ်င္သူေလးအနားမွာပဲ ေဝ့လည္ေၾကာင္ပတ္။ သူ႔အေနနဲ႔ ဥပါဒါနကၡႏၶာ ငါးပါးမည္တဲ့ ဒုကၡအရိယသစၥာေလးကို ျမတ္ႏိုးေနမိတာေလ။ ေပမ ဆိုတဲ့ ခ်စ္ျခင္းေလာဘ ေႏွာင္ႀကိဳးေလးက သိပ္ကိုခ်ည္ေႏွာင္လြန္းေနေတာ့ ေသြျဖည္ဖို႔ ခဲယဥ္းတယ္။ Joshua အျဖစ္က ဆုပ္လည္းစူးစားလည္း႐ူးပါ။ သည္ခ်ည္ေႏွာင္ႀကိဳးကိုမျဖတ္ရဲ၊ ျဖတ္လည္း သူဟာေသလူလိုပါပဲ။ သူသည္တိုင္းေလးပဲ စီးေမ်ာသြားလိုက္ပါေတာ့မယ္။
သူ႔ရဲ႕ ခ်စ္ျခင္းေမတၱာေလးကို လြတ္လပ္ျခင္းေတြပဲ ပိုင္ဆိုင္ေစခ်င္တာပါ။ သူ႔ရဲ႕ သံေယာဇဥ္ေၾကာင့္ Seokmin ဘက္က စိတ္အေႏွာင့္အယွက္ တစ္စုံတစ္ရာရွိခဲ့မည္ဆိုလွ်င္ Joshua ကိုယ့္ကိုယ္ကိုယ္ ခြင့္လႊတ္ႏိုင္မည္မဟုတ္။ ခ်စ္တယ္လို႔ ဖြင့္ဟေျပာတာ တစ္ဖက္လူဘက္က ခ်စ္ပါတယ္ဆိုတဲ့ ခြန္းတုန႔္ျပန္စကားကို လိုခ်င္ေတာင့္တလို႔မဟုတ္တာ Seokmin သိရင္ ဘယ္ေလာက္ေကာင္းမလဲ။ ရင္ထဲက သိုသိပ္ျခင္းေတြအျပည့္နဲ႔ ေမတၱာကို ထုတ္ျပခြင့္မရွိ ဟု စည္းတားလိုက္ၿပီ။ သူလည္းနာက်င္ရတာပါပဲ၊ သို႔ေသာ္ ဘယ္တတ္ႏိုင္မွာလဲ။ ပိုင္ဆိုင္ခ်င္ သလားလို႔ေမးရင္ ေခါင္းခါမိမွာ။
Seokmin ဘက္က လက္ခံျခင္းမရွိတဲ့ အေျခအေနမွာ သူ႔အခ်စ္ေတြဘယ္ေလာက္ပဲ စစ္မွန္ေနပါေစ အတင္းဆြဲမေခၚရက္ပါဘူး။ ဒါလက္ေလ်ာ့လိုက္တာမ်ိဳးမဟုတ္ဘူး။ လက္ခံလာေအာင္လည္း အတင္းမလုပ္ယူခ်င္ဘူး။ တစ္ခ်ိဳ႕ေသာခ်စ္ျခင္းေတြဟာ သည္လိုပါပဲ။ စည္းေတြေဘာင္ေတြထဲမွာ ခ်စ္ျခင္းအလႊာတို႔ကို ကန႔္သတ္ထားလိုက္ရတဲ့သူေတြ ဒုနဲ႔ေဒးပါ။ သူ႔ေမတၱာေတြက ခပ္ေဝးေဝးမွာ ၿပဳံးေနသူကိုလည္း ေတြ႕ရလည္း ေပါက္ဖြားတတ္ပါတယ္။ အရႈံးေပးလက္ေျမႇာက္လိုက္ျခင္း မဟုတ္ဘဲ ေပ်ာ္႐ႊင္မႈကိုသာ ဆင္ျမန္းေပးခ်င္တဲ့ ေစတနာသန႔္သန႔္ပါ။ ကိုယ္၊ စိတ္၊ ႏွလုံး သုံးပါးစလုံး ပိုင္ဆိုင္လိုက္ရမွ အခ်စ္လို႔ ေခၚတြင္တာမဟုတ္ဘူးမလား။
ခႏၶာထက္ စိတ္ကို ပိုမက္တဲ့အခါ ခ်စ္ျခင္းတို႔ စစ္မွန္ၿပီး အတၱကို ပယ္ႏုတ္လိုက္ရင္ေတာ့ ေမတၱာကို ပိုင္ဆိုင္ပါလိမ့္မယ္။ သူသည္လို ျဖဴျဖဴစင္စင္ေလးပဲ Seokmin ကိုတြယ္ၿငိသြားပါေတာ့မယ္။
//
"Jisoo!"
အိမ္ျပန္လမ္းမွာ အေနာက္ဘက္ကေန Jeonghan ရဲ႕အသံၾကားတာေၾကာင့္ ေနာက္လွည့္ၾကမိသည္။
"ဟို...မင္းကိုေမးစရာရွိလို႔၊ စိတ္မဆိုးရင္ေပါ့"
Jisoo က အဖ်ားပိုင္း တုန္ခါသြားသည့္ Jeonghan ေလသံကို မွန္းဆမိတာေၾကာင့္ မ်က္ဝန္းတို႔ ဝိုင္းစက္သြားသည္။ ထို႔ေနာက္ ေခါင္းကို ခပ္ျဖည္းျဖည္းခါယမ္းကာ
"မဆိုးပါဘူး၊ ေမးေလ"
"Seokmin နဲ႔ မင္းရဲ႕ အေျခအေနက..."
ေနာက္ပိုင္းမွာ အေမးသံ စြက္သြားသည္ေၾကာင့္ Joshua တစ္ခ်က္မွ်ၿပဳံးမိရင္း
"ပုံမွန္ပါပဲ...သူငယ္ခ်င္းေပါ့"
"Seokmin ကကြာ...က်စ္"
မေက်မခ်မ္း အံႀကိတ္ေနသည့္ Jeonghan ကို Jisoo လက္ခါျပမိသည္။ ဤသည္မွာ Seokmin အျပစ္မွ မဟုတ္ပါဘဲ၊ Seokmin ကို ဤသို႔ အျပစ္ပုံခ်စရာအေၾကာင္းမရွိ။ မခ်စ္သည္ကို မခ်စ္ေၾကာင္း အမွန္အတိုင္း ဝန္ခံေပးတာနဲ႔တင္ Jisoo ေက်းဇူးတင္မိပါသည္။
"တကယ္ေတာ့ Wonwoo ေမြးေန႔မွာ ဖြင့္ေျပာၿပီးကတည္းက ငါကိုယ္တိုင္ ဘာမွထပ္မေျပာခဲ့တာ။ သူစိတ္ညစ္သြားမွာစိုးလို႔။ Seokmin က ငါ့ကို အရမ္းခင္တာ ငါသိတယ္၊ ဒါေၾကာင့္ သူ႔ျဖဴစင္တဲ့ ခင္မင္မႈေလးကို ငါအလြဲသုံးစားမလုပ္ခ်င္ဘူး။ သူငါ့ကိုအားနာေနမွာ ငါရိပ္မိပါတယ္။ ေပါ့ေပါ့ပါးပါးေလးပဲ ေနေစခ်င္တယ္"
Jeonghan က ေခါင္းတဆတ္ဆတ္ညိတ္တယ္။ သူ႔မွာ သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးရဲ႕ ခံစားခ်က္ကိုလည္းနားလည္၊ Jisoo ရဲ႕ အခ်စ္ကိုလည္း စာနာမိတာေၾကာင့္ ဘယ္သူ႔ဘက္ပါရမလဲ အေတြးၾကပ္ရသည္။ Cheol ကေတာ့ Seokmin အေတြးေတြက သဘာဝက်သည္ဟု အသည္းႏွလုံးမရွိစြာ ဆိုသည္။ မေန႔ညကပင္ သူႏွင့္ Cheol ထိုကိစၥကို ေဆြးေႏြးရင္း စိတ္ဆိုး၊ စိတ္ေကာက္ရေသးသည္။ Seokmin က ခ်စ္ၾကည့္ဖို႔ မႀကိဳးစားခ်င္တာ၊ သည္ၾကားထဲ Jisoo က သူငယ္ခ်င္းျဖစ္ၿပီးမွ ခ်စ္ေၾကာင္းဖြင့္ဟေတာ့ Seokmin က ခပ္ႏုံႏုံႏွင့္ ဘယ္လိုမွ အဆင္မေျပ။ Jeonghan သက္ျပင္းတစ္ခု အႀကီးအက်ယ္ ခ်မိေတာ့သည္။
"မင္းေလ သူ႔ကို ဘယ္လိုသေဘာက်သြားရတာလဲ၊ ငါစဥ္းစားလို႔ကိုမရ"
Jeonghan ဤေမးခြန္းကို တကယ္ေမးၾကည့္ခ်င္ခဲ့သည္သာ။ သူ႔သူငယ္ခ်င္းက ေပါေတာေတာ၊ အာက်ယ္အာက်ယ္ႏွင့္ Jisoo မွာ ခပ္ေအးေအး၊ အၾကည္ဓာတ္ကေလး။ ႐ုပ္ရည္ၾကည့္မယ္ဆိုလည္း Jisoo က ျပစ္ခ်က္မရွိ၊ တျခားအတန္းက မိန္းကေလးေတြပါ ခိုးခိုးေငးရသည့္ မ်က္ႏွာမ်ိဳး။ Seokmin ကေတာ့ ဟာသတစ္ခုမေျပာလိုက္ႏွင့္ ေျပာလိုက္တာနဲ႔ လက္ခုပ္လက္ဝါးေတြ တီးၿပီး ဟက္ဟက္ပက္ပက္ရယ္ေတာ့တာ။ သူ႔သူငယ္ခ်င္းကို မေခ်ာဘူးဟု မေျပာပါဘူး။ ျပင္ျပင္ဆင္ဆင္ေနရင္ေတာ့ ၾကည့္ေကာင္းမည္မွာ ေသခ်ာေပမဲ့ Jisoo လို သပ္သပ္ရပ္ရပ္ႏွင့္ Smart က်သည့္ သူနဲ႔ယွဥ္လွ်င္ ဖြဲနဲ႔ စကြဲပင္။ သည္စကားေတြကို Seokmin ေရွ႕မွာ မေျပာရဲ၊ စိတ္ဆိုးၿပီး Jeonghan ကို တစ္ပတ္ေလာက္မေခၚဘဲေနလိမ့္မည္။ ျပန္ေခ်ာ့ရင္လည္း စုထားတဲ့ ပိုက္ဆံေတြကုန္ေအာင္ မုန႔္ဝယ္ေကြၽးခိုင္းလိုက္ရမွ စိတ္ဆိုးေျပသည္။ တကယ့္ နတ္ဆိုးကေလးပင္။
"သူ႔စိတ္ကေလး"
"ဟင္"
႐ုတ္တရပ္ေျဖလာသည့္ Jisoo အေျဖေၾကာင့္ Jeonghan ေၾကာင္မိေပမဲ့ စကၠန႔္ပိုင္းမွ်ၾကာေတာ့ ထိုအေျဖကို အထ,အနေကာက္ႏိုင္သြားပါသည္။
"Seokmin က သူ႔ေဘးက လူတိုင္းကို အရိပ္အေျခၾကည့္ၿပီးေနတာ။ သူ႔ေဘးက လူတိုင္း ေပ်ာ္ေနတာကိုပဲ ျမင္ခ်င္တာ။ ပူပင္စရာေတြကို သိပ္မေတြးဘဲ ဒီေလာကႀကီးကို ခပ္ျမဴးျမဴးေလးပဲ ျဖတ္သန္းတာ။ တကယ္သိလား Seokmin က ငါ့အတြက္ စံနမူနာယူခ်င္စရာပဲ။ ငါတို႔ေတြက ဘာမဟုတ္တဲ့အရာေတြကို လိုက္ၿပီးခံစားပူေဆြးေနတဲ့အခ်ိန္ Seokmin က ဘာမဟုတ္တဲ့အရာေလးေတြမွာ ေပ်ာ္႐ႊင္စရာေလးကို လိုက္ရွာတတ္တာ။ အင္းေလ...အဲ့လိုျဖဴစင္လို႔ပဲ ငါ့ဘက္က အေရာင္စိုးရတာ လြယ္တာေပါ့ "
Jisoo ေျပာေနတာေတြကို Jeonghan ၿငိမ္ၿငိမ္ကေလးပဲ နားေထာင္ေနမိသည္။ Seokmin ဟာ သည္လိုခ်စ္ျခင္းေမတၱာမ်ိဳးကို လက္လႊတ္ပစ္မွာလားဟု ေတြးမိေတာ့ ႏွေမ်ာတသျဖစ္ရသည္။
"Seokmin ငါ့ကိုေျပာဖူးတာကေလ၊ မင္း အခုရွိေနတဲ့ ကမာၻငယ္ေလးအျပင္ဘက္မွာ ပိုပိုလွေနမဲ့ ကမာၻႀကီးလည္းရွိတာမေမ့ပါနဲ႔ တဲ့။ အထီးက်န္အရိပ္ေတြကို ေမြးျမဴမထားဘဲ မင္းကိုယ္မင္းလိုက္ရွာ၊ မင္းရဲ႕ ကမာၻငယ္ေလးထဲက ႐ုန္းထြက္ၾကည့္ပါ တဲ့ေလ။ ငါေလ...ငါ့ကမာၻငယ္ေလးထဲက ႐ုန္းထြက္ၾကည့္လိုက္တာ Seokmin ဆိုတဲ့ ကမာၻႀကီးထဲ လမ္းေပ်ာက္သြားတယ္။ ငါလြတ္လမ္းကို မရွာေနေတာ့ဘူး။ လမ္းေပ်ာက္ေနတဲ့အတိုင္းေလးပဲ ေနလိုက္တယ္။ ငါေပ်ာ္ရပါတယ္"
သည္စကားေၾကာင့္ Jisoo ေတာ့မသိ၊ Jeonghan ကေတာ့ ဆိတ္ၿငိမ္စြာပင္ မ်က္ရည္ဝဲရပါတယ္။ Seokmin က သူ႔သူငယ္ခ်င္းေတြကို ဤသို႔ႏွယ္ စိတ္ေျပရာ ေျပေၾကာင္း စကားလုံးေတြနဲ႔ ေျဖသိမ့္ေပးေလ့ရွိပါသည္။ Hoshi သူတို႔ဆီကေန Audition အတြက္နဲ႔ ထြက္သြားရသည့္ အခ်ိန္တုန္းကလည္း Hoshi ကို ေျပာခဲ့တဲ့စကားေလးက
"ေလညႇင္းႏုႏုကို ခံစားၾကည့္ Hoshi။ ပန္းနံ႔ေတြကို အသက္ျပင္းျပင္းရႉလိုက္ၿပီး ေမႊးၾကည့္လိုက္။ မင္းျဖတ္သန္းရေတာ့မဲ့ သစ္လြင္တဲ့ ပတ္ဝန္းက်င္ကို မ်က္စျပဳ။ ပ်ံသန္းေနတဲ့ ငွက္ေတြလို လြတ္လပ္ၾကည့္လိုက္။ ေနေရာင္ျခည္ရဲ႕ မနက္ခင္းအနမ္းကို ေဆာင္ယူ။ သိတယ္မလား Sun Kiss ေပါ့ကြာ။ အဲ့လိုဆို မင္းရဲ႕ တစ္ေန႔တာက စိုေျပသြားလိမ့္မယ္"
Seokmin က ဘဝႀကီးကို ဤသို႔ ေနေပ်ာ္စြာပဲ ျဖတ္သန္းတတ္ပါတယ္။ သူလစ္ဟင္းေနသည္မွာ ခ်စ္တတ္လာေအာင္ သင္ယူဖို႔ လိုအပ္ေနသည့္ ႏွလုံးသားပါပဲ။
//
"ေျဖႏိုင္တယ္မလား ခ်စ္ေလး"
အိမ္ျပန္ေတာ့ Cheol တို႔ေက်ာင္းေရွ႕လမ္းကေန ျဖတ္ျပန္ဖို႔ ေတြးလိုက္သည္။ Cheol နဲ႔တူတူျပန္မလို႔ပင္။ Jisoo နဲ႔ စကားေျပာၾကည့္ၿပီးသည္ႏွင့္ ရင္ထဲမွာ တစ္ခုခုဆို႔နင့္ေနသည္။ သူေတာင္ သည္ေလာက္ ခံစားရခက္ေနတာ Jisoo သာ ဆိုလွ်င္ ဆိုသည့္ အေတြးက သိပ္ကို စိုးမိုးလြန္းသည္။ ထို႔ေၾကာင့္ သူ႔ျမတ္ႏိုးရာ ဆံျဖဴေကာင္ေလးကိုသာ အာ႐ုံထားလိုက္ေတာ့ လူၾကားထဲ ခ်စ္ေလး ဟုေခၚရင္း သူ႔ဆီေျပးလာတဲ့ အရိပ္ကေလး။ လူၾကားထဲေပမဲ့လည္း ရွက္ရေကာင္းမွန္းမသိေတာ့ဘဲ ထိုေျပးလာသည့္ ပုံရိပ္ကေလးကို လက္ႏွစ္ဖက္ဆန႔္တန္းရင္း ႀကိဳဆိုမိသည္။ Cheol က သူ႔ရင္ခြင္ထဲ အေျပးခိုလႈံသည္။ Cheol တို႔ ေက်ာင္းက လူေတြက သူတို႔ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနေပမဲ့ လူစြာေလးကေတာ့ မ်က္ေစာင္းေတြခ်ည္း လွိမ့္ထိုးပစ္တာေၾကာင့္ ခပ္လန႔္လန႔္နဲ႔ ကိုယ့္လမ္းကိုယ္ ေလွ်ာက္သြားၾကတယ္။
Jeonghan လည္း အခုလို စြာေတးလန္ေနသည့္ Cheol ကို ခါတိုင္းကဲ့သို႔ တားဆီးမေနေတာ့။ ဆိုးခ်င္သေလာက္ ဆိုး ဟု သာ လႊတ္ထားေပးခ်င္မိသည္။ သူဟာ Cheol မ်က္ေမွာင္ႀကဳံ႕ထားသည့္ ပုံရိပ္ကေလးနဲ႔ ႏႈတ္ခမ္းေထာ္ေထာ္ေလးကို သိပ္တြယ္တာသည္ မဟုတ္ပါလား။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးမလို႔ Cheol နားနီးေတာ့ Cheol လိုပဲ Jeonghan လူဆိုးျဖစ္သြားပါသည္။
"ေျဖႏိုင္လားေမးေနတာကို ျပန္မေျဖရေအာင္ စိတ္ေတြဘယ္ေရာက္ေနလဲ"
ရင္ခြင္ထဲက အျဖဴေကာင္က စေနာက္ဟန္ျဖင့္ ေမးလာသည္။ သူ႔အေၾကာင္းပဲ ေတြးစရာရွိတာကို သိရက္နဲ႔ တမင္ေမးသည့္ Cheol က သိပ္ကိုမွ ဆိုးပါသည္။
"လမ္းထိပ္က 7 Eleven စီေရာက္ေနတာ"
တမင္လိမ္ေျပာမိေတာ့ Cheol ကရယ္ကာ
"ဘာစားခ်င္လဲ"
"စာေမးပြဲေျဖလိုက္ရတာ ပင္ပန္းသြားၿပီ၊ ရာသီဥတုကလည္း ပူေတာ့ ေရခဲမုန႔္စားခ်င္"
"နမ္းရင္ ဝယ္ေကြၽးမယ္"
"ေအာင္မာ ေရခဲမုန႔္ေလာက္ေတာ့ ငါ့ပိုက္ဆံနဲ႔ ငါ ဝယ္စားႏိုင္ပါတယ္ သူေဌးသားရယ္"
Cheol က ပါးခ်ိဳင့္ေတြထင္းေနေအာင္ ေအာ္ရယ္ၿပီး Jeonghan လက္ကို သူ႔လက္နဲ႔ ခ်ိတ္တြယ္လိုက္သည္။ လမ္းမွာ ခါတိုင္းလို တစ္ေယာက္နဲ႔ တစ္ေယာက္ တြန္းတိုက္လိုက္၊ ဖက္တြယ္လိုက္နဲ႔ ဝ႐ုန္းသုန္းကားေတြ ျဖစ္လို႔ေနသည္။ စာေမးပြဲရက္မို႔ ေစာဆင္းေပးတာေၾကာင့္ ေန႔ခင္းဘက္ ျဖစ္၍ေနကာ သူရိန္ေနမင္းႀကီးဟာ ပိုလို႔ မာန္ေတြခ်ီလို႔ေနသည္။ သို႔ေသာ္ သူရိန္ေနမင္းႀကီး ေပးသည့္ ပူေလာင္မႈဟာ ရင္ဘတ္အတြင္းထိေတာ့ မသက္ေရာက္ေပ။ ေဘးက ဆံျဖဴေကာင္ေလးက ေရခဲမုန႔္ခြံ႕ေကြၽးေနသည္ေၾကာင့္ ေအးျမလန္းဆန္းလို႔ေနသည္။ Jeonghan ကိုယ့္အေတြးနဲ႔ကိုယ္ ၿပဳံးမိရင္း Cheol မ်က္ႏွာေလးကို ေနရာလြတ္မက်န္ ေငးမိေနသည္။ သည္ညလည္း စာလုပ္သလိုလိုနဲ႔ သူ႔ကို အသားယူနမ္းအုံးမည့္ လူဆိုးေကာင္ကို ပုံေဖာ္မိတာေၾကာင့္ ပါးခ်ိဳင့္ေတြနဲ႔ ပါးျပင္ကို ကိုက္ျဖတ္ခ်င္စိတ္ေတြ ေပၚလာရသည္။
အိမ္ျပန္လမ္းမွာ ေျခလွမ္းတိုင္းက ခ်စ္ျခင္းေမတၱာေတြ အျပည့္...
//
PL's Note
Seoksoo တို႔အတြဲမွာ အခါးေတြအမ်ားႀကီး စားလိုက္ရလားေဝ့။ စိတ္ခ်၊ ေနာက္ Fic တစ္ခုခုမွာ အခ်ိဳေလးေတြနဲ႔ ျပန္ေခ်ာ့မယ္ေနာ္ ယုံတယ္မလား။ (˶ > ₃ < ˶)♡
စကားမဆက္ GOM ေလးကိုလည္း Stream ေနၾကတယ္မလား။ ဖိုက္တိုးေဝ့၊ ပန္းေလာင္ေတာ့ HipHop Unit ရဲ႕ မြန္းစတားကို စြဲလန္းေနၿပီ။ ယူတို႔ေကာ'^'??
2: 28 PM
Wed, 25 2023
Lamin Pann Laung
//