Wang အိမ်တော် ၏ အိမ်ရှေ့မှာ မျက်နှာမကောင်းတဲ့ လူ နှစ်ယောက် ရယ်၊ ပျော်နေတာကို ဖုံးကွယ်ထားရတဲ့ မျက်နှာ နဲ့ နှစ်ယောက်ရယ်၊ ကိုယ့်အိမ်ကိုလည်း ပြန်ရမယ်၊ လွတ်လည်း လွတ်လပ်ရတော့မှာမို့ အပျော်လွန်နေတဲ့ နှစ်ယောက်ရယ်၊ ခံစားချက်တွေ ကိုယ်စီနဲ့ ရပ်နေကြတယ်။
ဝမ် သခင်ကြီး ပြုံးပျော်နေတဲ့ မျက်နှာနဲ့ မု အိမ်တော်က ကလေးမလေးကို ကြည့်လိုက်ပြီး သူပါ လိုက်ပြုံးရင်း ...
' သမီး က ဖိုးဖိုး ရဲ့ မြေးကို တကယ်ပဲ သဘောမကျတာပဲ။ ဖိုးဖိုး တို့ရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးပြီး အချင်းချင်း လက်ဆက်ပေးမိတော့မှာကို တောင်းပန်ပါတယ်ကွယ်။'
ရှောင်းကျန့် ကတော့ ခဏနေ သူ ဒီအိမ်ကနေ ထွက်သွားပြီးရင် လွတ်လပ်တော့မှာကို တွေးပြီး လူက ကောင်းကင် အလွှတ်ကိုပဲ မော့ကြည့်မိတာတောင် ပြုံးချင်ချင် ဖြစ်နေပါသည်။
ယွီ့ကျင်း သူ နဲ့ ရှောင်း က ခုထိ လူချင်း လဲ ထားတုန်း ဖြစ်တာကြောင့် အခု သခင်ကြီးရဲ့ စကားကို ရှောင်းကပဲ ဖြေရမှာ ဖြစ်သည်။ ဒါပေမယ့် သူ့ အနားက တစ်ယောက်က အပေါ်ကိုပဲ မော့ကြည့်နေတာကြောင့် ဘယ်သူမှ မမြင်ခင် မသိမသာ နဲ့ ခါး ကို တို့ပေးလိုက်ရသည်။
အဲ့ဒီအချိန် ခေါင်းထဲမှာ အပျော်တွေ ပြည့်နေတဲ့ ခံစားချက်နဲ့ ရှောင်းကျန့် ဆီက စကားသံ ထွက်လာတယ်။
' ပျော်တယ် ...။ အရမ်းကို ပျော်တယ်။'
' ဟင် !!!!.'
သခင်ကြီး ရော ဘေးမှာ ရပ်နေတဲ့ ရိပေါ် ရော မင်းသမီးရဲ့ စကားကို ကြားပြီး အာမေဋိတ်သံတောင် ထွက်လာကြသည်။
လိကွား ကတော့ မဲ့ရွဲ့ပြီး စိတ်ထဲ တွင်လည်း * အဲ့လောက် ပျော်နေတာ တစ်ခါတည်း ပြန်လိုက်ပါတော့လား လို့* ပြောနေပါသည်။
ယွီ့ကျင်း မျက်နှာတွေ ပျက်နေတဲ့ ဝမ်ရိပေါ် ကို အားနာသွားရသည်။ ခုထိ သူ့ကို ဘာပြောလို့ သူက ဘာပြန်ပြောလိုက်သလဲဆိုတာတောင် သူ့ကိုယ်သူ မသိသေးတဲ့ ရှောင်း ကို အနား ဆွဲခေါ်လိုက်ပြီး တိုးတိုး ကပ်ပြီး သတိပေးလိုက်သည်။
' ဟဲ့ ... သခင်ကြီး ပြောတာက လူငယ်တွေကို မမေးပဲ သူတို့ လူကြီးချင်း စီစဉ် လိုက်ရတာအတွက် စိတ်မကောင်းဘူးလို့ ပြောတာ။'
ရှောင်းကျန့် အဲ့တော့မှ သခင်ကြီးကို အားနာတဲ့ အပြုံး ပြုံးပြလိုက်ပြီး ...
' ရ ... ရပါတယ်။ အခုလည်း ကျနော်တို့ကို ပြန်ပြီး လွတ်လပ်ခွင့် ပေးပြီပဲလေ။'
ရိပေါ် ပြန်တော့မှာကို သူ့ကိုတောင် တစ်ချက်မှ မကြည့်လာတဲ့ တစ်ယောက်သော သူကြောင့် မနေနိုင်တော့ပါ။
' မင်း ကိုယ့်ကို အဲ့လောက်ထိ လက်မထပ်ချင်တာလား ...။'
ရှောင်းကျန့် ဝမ် သခင်လေးက ခုလို အများရှေ့မှာ မေးလာတော့လည်း သူ လည်း ပြန်ပြောရတော့သည်။ ခဏ ခဏ ပြောထားတာတိုင်းလည်း အမှတ် မရှိဘူး။
' ကျနော် က ဝမ် သခင်လေးမှ မဟုတ်ပါဘူး။ အခုချိန်ဆိုရင် ဘယ်သူနဲ့မှကို လက်မထပ်ချင်တာပါ။'
သခင်ကြီး သူ့ မြေးရဲ့ စကားကြောင့်ရော ပြန်ဖြေလိုက်တဲ့ မင်းသမီး ရဲ့ စကားကြောင့်ရော ဘယ်သူမှ အနေမခက်အောင် ကြားထဲကနေ ဝင်ပြောလိုက်သည်။
' အခု ပြန်မှာကိုတော့ ရိပေါ် ကို လိုက်ပို့ခိုင်းမှ ရမယ် ထင်တယ်။ သမီးတို့ ကား မယူလာခဲ့ဘူး မလား။ ဒီကနေ ကား လမ်းမကြီးဆီ ရောက်ဖို့ တော်တော် ကြာမှာ။'
' ရတယ်။ ရတယ်။ လမ်းထိပ်မှာ အိမ်က ကား သမား ဦးလေး ရောက်နေပြီ။'
' အဲ့ဒါဆိုလည်း မင်းသမီး ကို ဒီထိပဲ လိုက်ပို့ကြတာပေါ့။ မင်းသမီး ကို ကြည့်ရတာ အရမ်းပြန်ချင်နေပြီ ထင်တယ်။'
' ဟုတ်တယ်။ အရမ်းကို ပြန်ချင်နေပြီ။ အသက် ဝ ဝ ရှူချင်လို့...။'
သခင်မကြီး သူ့ဘာသာ ပြောပြီး သူ့ကို ပြန်ခံပြောလာတော့လည်း သူပဲ ပြန်ပြီး မျက်နှာပျက်သွားရသည်။
ရိပေါ် ကတော့ သူ့ကို မမြင်ချင်တဲ့ သူ အတွက် ရှောင် ပေးဖို့ အိမ်ထဲကို ပြန်ဝင်လာလိုက်သည်။
ပြီးတော့ ဒီနေ့ ကုမ္မဏီ မသွားဖြစ်တော့မှာကို လက်ထောက်ကို ဖုန်း ဆက်ပြီး အိမ် အပေါ်ထပ်က သူ့အခန်းဆီကို ဆက်တက်လိုက်သည်။
ဒီနေ့မှာ သူ သဘောကျရတဲ့ လူ ပြန်တဲ့ လမ်းကို မသွားချင်ပါ။ ခဏလေးပဲ တွေ့ဆုံခဲ့ရတယ်ဆိုရင်တောင် နှုတ်ခမ်းအောက်နားမှာ မှဲ့လေးနဲ့ မျက်နှာကတော့ နှလုံးသားထဲထိ စွဲထင်နေခဲ့ပြီ။
~~~~~~~~~
လမ်းမကြီးပေါ် သွားနေတဲ့ ကား တစ်စီးပေါ်တွင်တော့ အရှေ့မှာ ကား မောင်းနေတဲ့ ကား သမား က နောက်ကြည့်မှန်ကနေ ကြည့် ကြည့် လာနေတာကြောင့် ရှောင်းကျန့် ကား အပြင်ကို ကြည့်ရမလို၊ ကား အရှေ့ကိုပဲ ကြည့်ရမလို ဖြစ်နေတယ်။
တောင်ကုန်းမြင့်မှာ ရှိတဲ့ အိမ်ကို ရောက်ပြီး အိမ်ထဲကို ရောက်ပြန်တော့လည်း အိမ်မှာ စောင့်နေတဲ့ အန်တီ ဆီက ကြည့်တာ ခံရပြန်တယ်။
ရှောင်းကျန့် သူ့ကို အသေလိုက်ကြည့်နေတဲ့ အန်တီ ကြောင့် ယွီ့ကျင်း ရဲ့ ကျောကို တံတောင်နဲ့ တွန်းပြီး သတိပေးလိုက်သည်။
' အဟမ်း ... သူက ရှောင်း တဲ့ ကျမ သူငယ်ချင်း။ ဝမိ အိမ်သွားတော့ သူ့ကိုပါ အတူ ခေါ်သွားတာ။ ဖွားလေး လည်း သိတယ်။'
ယွီ့ကျင်း သူ့ကို ထပ် အထွန့်တက်ပြီး မေးလာမှာ စိုးတာကြောင့် တစ်ခါတည်း ပိတ် ပြောထားလိုက်သည်။
' ကျမ အခန်း ထဲ သွားတော့မယ်။'
' မမလေး ...။'
ရှောင်းကျန့် နဲ့ ယွီ့ကျင်း လှေခါးပေါ် ခြေလှမ်းမလို့ ရှိသေး အန်တီ ရဲ့ အသံကြောင့် ခြေလှမ်းတွေ ရပ်သွားကြရသည်။
' သူ့ကို ကျမ အခန်း ပြင်ပေးရမလား ...။'
ယွီ့ကျင်း အဲ့တော့မှ မလုံမလဲ မျက်နှာ ဖြစ်နေရာကနေ ပြန်ပြင်ပြီး အန်တီ ဘက် ပြန်လှည့်လိုက်ရင်း ...
' ဟုတ် ...။ အဲ့လိုလည်း ကောင်းတာပဲ။'
' မမလေး ...။'
ယွီ့ကျင်း သူ ပြောပြီးလို့ ပြန်လှည့်ပြီး အပေါ်ထပ်တက်မလို့ ခြေလှမ်း ထပ်ပြင်ရုံ ရှိသေး ထပ်ခေါ်လာတဲ့ အန်တီကြောင့် ဒီတစ်ခါ ယွီ့ကျင်း မျက်နှာ ပုပ်သိုးလာတော့သည်။
' ဘာလဲ ... ဒီနေ့ကျမှ အန်တီ ဘာလို့ စကား တော်တော် ပြောနေတာလဲ ...။'
' ကျမ သူ့ကို အခုပဲ အခန်းပြင်ပေးတော့မှာပါ။ အဲ့ဒါ သူ့ကို အောက်မှာ စောင့်ခိုင်းလို့ ရပါတယ်။'
' ဘာမှ မဖြစ်ဘူး။ ဝမ် အိမ်တော်မှာတောင် ကျမ တို့ တစ်ခန်းတည်း အတူ နေလာတာ။'
' ဒါ ...။'
' ဘာမှ ဒါပေမမယ့် နဲ့တော့။ အန်တီ သူ့ အတွက်ပဲ အခန်း အမြန် သွားပြင်ပေးလိုက်။ မဟုတ်ရင် သူ့ကို ကျမ အခန်းမှာပဲ ထားလိုက်တော့မယ်။'
' ဟုတ်ကဲ့ ...။ ဟုတ်ကဲ့။ ကျမ အခုပဲ သွားပြင်ပေးလိုက်မယ်။'
ယွီ့ကျင်း အလျင်စလို ပြေးသွားတဲ့ အန်တီ ကို တစ်ချက် ကြည့်ရင်း အပေါ်ကို တက်လာခဲ့လိုက်သည်။
' ငါ ... တစ်ခြား နေရာ ပဲ သွားရှာနေတော့မယ်။'
ယွီ့ကျင်း လှေခါးကနေ တက်လာရင်း နောက်ကနေ ထွက်လာတဲ့ အသံကြောင့် ရပ်ပြီး လှေခါး လက်ရန်း မှာ မှီရင်း ရှောင်း ကို လှည့်ကြည့်လိုက်ပြီး ...
' ဘာလို့လဲ ... နင့် မှာ သွားစရာ ရှိလို့လား။'
ရှောင်းကျန့် ယွီ့ကျင်း ရပ်တဲ့ အထစ်မှာ သွားရပ်လိုက်ရင်း ...
' သွားစရာနေရာတော့ ရေရေ ရာရာ မရှိသေးပေမယ့် ငါ့မှာ အတိအကျ လုပ်စရာတော့ ရှိနေတယ်။ ငါ ကုန်းပေါ် တက်လာတာလည်း လုပ်ကို လုပ်ရမယ့် ကိစ္စ တစ်ခုကြောင့် ...။'
' အဲ့ဒါ ဘာလဲ ဆိုတာ ငါ သိလို့ ရလား ...။'
' ငါ့ အစ်မ ရဲ့ လူသား ယောကျာ်းလေးနဲ့ ရ ထားတဲ့ ကလေး ကို ရှာရမှာ။'
' ဘယ်လို !!!!'
' ဟုတ်တယ် ...။ ငါ့ အစ်မ လည်း ကုန်းပေါ် တက်လာဖူးတယ်။ အဲ့ကနေ လူသားနဲ့ တွေ့ရင်း ချစ်ကြိုက်ပြီး အတူတူ နေကြတဲ့ ထိ ဖြစ်သွားတာ။ ပြီးမှ ငါ့အစ်မ က ရေသူမ ဆိုတာ တစ်ခြား လူတွေ ဘယ်လို သိသွားသလဲ မသိဘူး။ သူ ကလေး မွေးပြီး မကြာဘူး လိုက်ဖမ်း ခံရတာ။ အဲ့ကနေ သူ့ကလေး နဲ့ သူ့ ယောကျာ်းနဲ့ ကွဲ သွားတာ ... ငါ့ အစ်မ ရေအောက် ပြန်လာပြီး ဆုံးသွားတဲ့ အထိ ပဲ။'
' ဟင် !!!!
နင့် အစ်မ က ဆုံးသွားပြီလား ...။'
' အင်း ...။ သူ လူသား တွေဆီက ဖမ်း ခံရပြီး နှိပ်စက် ခံရသေးတယ်။ အဲ့ကနေ လွှတ်လာတော့ သူ ရထားတဲ့ ဒဏ်ရာတွေက ကုလို့ မရတော့ဘူး။'
ယွီ့ကျင်း သူ့ကို ပြောပြနေရင်း မျက်ဝန်းတွေ နီ လာတဲ့ရှောင်း ကြောင့် သူပါ စိတ်မကောင်း ဖြစ်သွားရသည်။
အဲ့ဒါကြောင့် ရှောင်း ရဲ့ ပုခုံးကို ပုတ်ပေးလိုက်ပြီး ...
' ကဲပါ ... ငါ့အိမ်မှာပဲ နေပြီး နင့် တူ ကို ဆက်ရှာ။ ငါလည်း တတ်နိုင်သလောက် ကူရှာပေးမယ်။ ဒါပေမယ့် မမြင်ဖူးပဲနဲ့တော့ ဘယ်လို ရှာရမလဲ ...။'
ရှောင်းကျန့် လှေခါး ကနေ အပေါ် ဆက်တက်လာရင်း ယွီ့ကျင်း အမေး ကို ခေါင်းခါပြပြီး ...
' ငါလည်း မသိဘူး။ သူ့မျက်နှာက ငါ့အစ်မ နဲ့ တူပါစေလို့ ဆုတောင်းရမှာပဲ ...။'
' အမ် ...။ အဲ့လိုလည်း ရတာပဲလား ...။'
' ငါလည်း မြင်မှ မမြင်ဖူးတာလေ။ ပြီးတော့ ငါ့အစ်မက သူ့မှာ ကလေး ရှိတယ်ပဲ ပြောတာ... နာမည် တောင် သိတာ မဟုတ်ဘူး ...။'
ယွီ့ကျင်း ထပ်ကြားလိုက်ရတဲ့ စကားကြောင့် ခုန ကူရှာပေးမယ် လို့ ပြောထားတဲ့ စကားကို ပြန်ရုတ်သိမ်းလို့ မီရင် ပြန်ရုတ်သိမ်းလိုက်ချင်ပါသေးတယ်။
သူတို့ နှစ်ယောက် ပြောရင်း ဆိုရင်း နဲ့ အခန်းရှေ့ ရောက်လာသည်။
ရှောင်းကျန့် အခန်း တံခါးကို အရင် မဖွင့်ချင်တာကြောင့် ကိုယ်ကို အနည်းငယ် ရွှေ့ပေးလိုက်သည်။
!!!! ကလစ် !!!!
တံခါး ပွင့်သွားတာနဲ့ ရှောင်းကျန့် အရင် ဝင်လိုက်သည်။
ယွီ့ကျင်း တံခါး ပြန်ပိတ်ပြီး နောက်ကနေ လိုက်ဝင်လာတော့ နေရာ မရွှေ့ပဲ တောင့်တောင့်ကြီး ရပ်နေတဲ့ ရှောင်း ကြောင့် အနား ကို ကပ်သွားလိုက်တော့မှ သူ့ အခန်းထဲက ဆိုဖာမှာ သူ့ အဝတ်အစား ဝတ်ထားပြီး အိမ်ကြီး အရှင်သခင်လို လက်ပိုက်၊ ခြေချင်း ချိတ်ထိုင်ပြီး သူတို့ကို ကြည့်နေတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။
~~~~~~~~~~
ဝမ် အိမ်တော်တွင် ...
' ဒေါက် ... ဒေါက် ...။'
သခင်ကြီး သူ့မြေးရဲ့ အခန်းတံခါးကို ခေါက်ပေမယ့် အထဲက တုန့်ပြန်မှု မရှိပါ။ အဲ့ဒါကြောင့် အသံ ပေးလိုက်သည်။
' ဝမ်ဝမ် ... မြေးလေး ... ဖိုးဖိုး ပါ။'
ရိပေါ် အခန်းထဲကနေ ဖိုးဖိုး ရဲ့ အသံ ကြားပေမယ့် ထ ပြီး တံခါး သွားဖွင့်ပေးချင်စိတ် မရှိပါ။ သူ အခုချိန် ဘာမှကို လုပ်ချင်စိတ် မရှိတာ ဖြစ်သည်။
ခဏလေး တွေ့တဲ့ လူ ကို ဒီလောက်ထိ ဖြစ်ရအောင် ရူးနေလား လို့ မေးရင် ...
ဟုတ်တယ်။ ဆိုပြီး ခေါင်းညိတ်ပြရုံကလွှဲ ဘာမှ မတတ်နိုင်ပါ။
အနီးနားမှာ ရှိနေစဉ်တုန်းကတော့ သဘောကျပြီး လက်ခံနိုင်ရုံ ထင်ခဲ့ပေမယ့် အခုလို ဝေးသွားတော့မှ မျက်ဝန်းထဲမှာ ပြင်ဆင် ခြယ်သခြင်း မရှိတဲ့ မျက်နှာနဲ့ အရောင်မဆိုးထားတဲ့ နှုတ်ခမ်း ရယ် ၊ နှုတ်ခမ်းအောက်က မှဲ့လေးရယ် ၊ တစ်ခါတစ်လေ မကျေမနပ်ဖြစ်ရင် စေ့စေ့ ပြတတ်တဲ့ ရှေ့သွား ခပ်ကြီးကြီး တွေရယ်နဲ့ ပြည့်နေပြီး ၊ အတွေးထဲမှာ ကိုကို လို့ ဟန်လုပ် ခေါ်တဲ့ အသံတွေက စိုးမိုးနေတယ်။
ရိပေါ် တစ်ခုခု ကို စဉ်းစားမိတာကြောင့် ဆိုဖာမှာ လဲနေရာကနေ ထ ထိုင်ပြီး အခန်း တံခါး ကို အမြန်သွားဖွင့်ပေးလိုက်သည်။
!!!! ကလစ် !!!!
တံခါး ဖွင့်လိုက်တော့ ... တော်သေးတယ် ဖိုးဖိုး က ပြန်ထွက်သွားခါနီးနေပြီ။
' ဖိုးဖိုး !!!.'
' ဝမ်ဝမ် ...။'
' ကျနော် ဖိုးဖိုး ကို ပြောစရာ ရှိတယ်။'
သခင်ကြီး သူ့ မြေးဘက်ကို သေချာ ပြန်လှည့်ရပ်လိုက်ပြီး ...
' ပြောလေ ...။ ဖိုးဖိုး လည်း မြေးနဲ့ စကား ပြောရအောင် လာခဲ့တာပဲ။'
' ဒါဆို ကျနော်တို့ အပြင် ဝရံတာ မှာ သွားထိုင်ကြမလား ...။'
' အင်း ... သွားလေ။ ခုလို ညနေ ရောက်ပြီဆို အပြင်မှာလည်း နေလို့ ကောင်းနေပြီ။'
ရိပေါ် ဖိုးဖိုး ကို အရှေ့က အရင် သွားခိုင်းပြီး နောက်ကနေ လိုက်သွားလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.25 ( Wed ) သူတို့ နှစ်ယောက် ဘယ်လို ပြန်ဆုံကြမလဲ ...?
Zawgyi
Wang အိမ္ေတာ္ ၏ အိမ္ေရွ႕မွာ မ်က္ႏွာမေကာင္းတဲ့ လူ ႏွစ္ေယာက္ ရယ္၊ ေပ်ာ္ေနတာကို ဖုံးကြယ္ထားရတဲ့ မ်က္ႏွာ နဲ႔ ႏွစ္ေယာက္ရယ္၊ ကိုယ့္အိမ္ကိုလည္း ျပန္ရမယ္၊ လြတ္လည္း လြတ္လပ္ရေတာ့မွာမို႔ အေပ်ာ္လြန္ေနတဲ့ ႏွစ္ေယာက္ရယ္၊ ခံစားခ်က္ေတြ ကိုယ္စီနဲ႔ ရပ္ေနၾကတယ္။
ဝမ္ သခင္ႀကီး ၿပဳံးေပ်ာ္ေနတဲ့ မ်က္ႏွာနဲ႔ မု အိမ္ေတာ္က ကေလးမေလးကို ၾကည့္လိုက္ၿပီး သူပါ လိုက္ၿပဳံးရင္း ...
' သမီး က ဖိုးဖိုး ရဲ႕ ေျမးကို တကယ္ပဲ သေဘာမက်တာပဲ။ ဖိုးဖိုး တို႔ရဲ႕ စိတ္ဆႏၵကိုပဲ ဦးစားေပးၿပီး အခ်င္းခ်င္း လက္ဆက္ေပးမိေတာ့မွာကို ေတာင္းပန္ပါတယ္ကြယ္။'
ေရွာင္းက်န္႔ ကေတာ့ ခဏေန သူ ဒီအိမ္ကေန ထြက္သြားၿပီးရင္ လြတ္လပ္ေတာ့မွာကို ေတြးၿပီး လူက ေကာင္းကင္ အလႊတ္ကိုပဲ ေမာ့ၾကည့္မိတာေတာင္ ၿပဳံးခ်င္ခ်င္ ျဖစ္ေနပါသည္။
ယြီ႕က်င္း သူ နဲ႔ ေရွာင္း က ခုထိ လူခ်င္း လဲ ထားတုန္း ျဖစ္တာေၾကာင့္ အခု သခင္ႀကီးရဲ႕ စကားကို ေရွာင္းကပဲ ေျဖရမွာ ျဖစ္သည္။ ဒါေပမယ့္ သူ႔ အနားက တစ္ေယာက္က အေပၚကိုပဲ ေမာ့ၾကည့္ေနတာေၾကာင့္ ဘယ္သူမွ မျမင္ခင္ မသိမသာ နဲ႔ ခါး ကို တို႔ေပးလိုက္ရသည္။
အဲ့ဒီအခ်ိန္ ေခါင္းထဲမွာ အေပ်ာ္ေတြ ျပည့္ေနတဲ့ ခံစားခ်က္နဲ႔ ေရွာင္းက်န္႔ ဆီက စကားသံ ထြက္လာတယ္။
' ေပ်ာ္တယ္ ...။ အရမ္းကို ေပ်ာ္တယ္။'
' ဟင္ !!!!.'
သခင္ႀကီး ေရာ ေဘးမွာ ရပ္ေနတဲ့ ရိေပၚ ေရာ မင္းသမီးရဲ႕ စကားကို ၾကားၿပီး အာေမဋိတ္သံေတာင္ ထြက္လာၾကသည္။
လိကြား ကေတာ့ မဲ့႐ြဲ႕ၿပီး စိတ္ထဲ တြင္လည္း * အဲ့ေလာက္ ေပ်ာ္ေနတာ တစ္ခါတည္း ျပန္လိုက္ပါေတာ့လား လို႔* ေျပာေနပါသည္။
ယြီ႕က်င္း မ်က္ႏွာေတြ ပ်က္ေနတဲ့ ဝမ္ရိေပၚ ကို အားနာသြားရသည္။ ခုထိ သူ႔ကို ဘာေျပာလို႔ သူက ဘာျပန္ေျပာလိုက္သလဲဆိုတာေတာင္ သူ႔ကိုယ္သူ မသိေသးတဲ့ ေရွာင္း ကို အနား ဆြဲေခၚလိုက္ၿပီး တိုးတိုး ကပ္ၿပီး သတိေပးလိုက္သည္။
' ဟဲ့ ... သခင္ႀကီး ေျပာတာက လူငယ္ေတြကို မေမးပဲ သူတို႔ လူႀကီးခ်င္း စီစဥ္ လိုက္ရတာအတြက္ စိတ္မေကာင္းဘူးလို႔ ေျပာတာ။'
ေရွာင္းက်န္႔ အဲ့ေတာ့မွ သခင္ႀကီးကို အားနာတဲ့ အၿပဳံး ၿပဳံးျပလိုက္ၿပီး ...
' ရ ... ရပါတယ္။ အခုလည္း က်ေနာ္တို႔ကို ျပန္ၿပီး လြတ္လပ္ခြင့္ ေပးၿပီပဲေလ။'
ရိေပၚ ျပန္ေတာ့မွာကို သူ႔ကိုေတာင္ တစ္ခ်က္မွ မၾကည့္လာတဲ့ တစ္ေယာက္ေသာ သူေၾကာင့္ မေနႏိုင္ေတာ့ပါ။
' မင္း ကိုယ့္ကို အဲ့ေလာက္ထိ လက္မထပ္ခ်င္တာလား ...။'
ေရွာင္းက်န္႔ ဝမ္ သခင္ေလးက ခုလို အမ်ားေရွ႕မွာ ေမးလာေတာ့လည္း သူ လည္း ျပန္ေျပာရေတာ့သည္။ ခဏ ခဏ ေျပာထားတာတိုင္းလည္း အမွတ္ မရွိဘူး။
' က်ေနာ္ က ဝမ္ သခင္ေလးမွ မဟုတ္ပါဘူး။ အခုခ်ိန္ဆိုရင္ ဘယ္သူနဲ႔မွကို လက္မထပ္ခ်င္တာပါ။'
သခင္ႀကီး သူ႔ ေျမးရဲ႕ စကားေၾကာင့္ေရာ ျပန္ေျဖလိုက္တဲ့ မင္းသမီး ရဲ႕ စကားေၾကာင့္ေရာ ဘယ္သူမွ အေနမခက္ေအာင္ ၾကားထဲကေန ဝင္ေျပာလိုက္သည္။
' အခု ျပန္မွာကိုေတာ့ ရိေပၚ ကို လိုက္ပို႔ခိုင္းမွ ရမယ္ ထင္တယ္။ သမီးတို႔ ကား မယူလာခဲ့ဘူး မလား။ ဒီကေန ကား လမ္းမႀကီးဆီ ေရာက္ဖို႔ ေတာ္ေတာ္ ၾကာမွာ။'
' ရတယ္။ ရတယ္။ လမ္းထိပ္မွာ အိမ္က ကား သမား ဦးေလး ေရာက္ေနၿပီ။'
' အဲ့ဒါဆိုလည္း မင္းသမီး ကို ဒီထိပဲ လိုက္ပို႔ၾကတာေပါ့။ မင္းသမီး ကို ၾကည့္ရတာ အရမ္းျပန္ခ်င္ေနၿပီ ထင္တယ္။'
' ဟုတ္တယ္။ အရမ္းကို ျပန္ခ်င္ေနၿပီ။ အသက္ ဝ ဝ ရွဴခ်င္လို႔...။'
သခင္မႀကီး သူ႔ဘာသာ ေျပာၿပီး သူ႔ကို ျပန္ခံေျပာလာေတာ့လည္း သူပဲ ျပန္ၿပီး မ်က္ႏွာပ်က္သြားရသည္။
ရိေပၚ ကေတာ့ သူ႔ကို မျမင္ခ်င္တဲ့ သူ အတြက္ ေရွာင္ ေပးဖို႔ အိမ္ထဲကို ျပန္ဝင္လာလိုက္သည္။
ၿပီးေတာ့ ဒီေန႔ ကုမၼဏီ မသြားျဖစ္ေတာ့မွာကို လက္ေထာက္ကို ဖုန္း ဆက္ၿပီး အိမ္ အေပၚထပ္က သူ႔အခန္းဆီကို ဆက္တက္လိုက္သည္။
ဒီေန႔မွာ သူ သေဘာက်ရတဲ့ လူ ျပန္တဲ့ လမ္းကို မသြားခ်င္ပါ။ ခဏေလးပဲ ေတြ႕ဆုံခဲ့ရတယ္ဆိုရင္ေတာင္ ႏႈတ္ခမ္းေအာက္နားမွာ မွဲ႔ေလးနဲ႔ မ်က္ႏွာကေတာ့ ႏွလုံးသားထဲထိ စြဲထင္ေနခဲ့ၿပီ။
~~~~~~~~~
လမ္းမႀကီးေပၚ သြားေနတဲ့ ကား တစ္စီးေပၚတြင္ေတာ့ အေရွ႕မွာ ကား ေမာင္းေနတဲ့ ကား သမား က ေနာက္ၾကည့္မွန္ကေန ၾကည့္ ၾကည့္ လာေနတာေၾကာင့္ ေရွာင္းက်န္႔ ကား အျပင္ကို ၾကည့္ရမလို၊ ကား အေရွ႕ကိုပဲ ၾကည့္ရမလို ျဖစ္ေနတယ္။
ေတာင္ကုန္းျမင့္မွာ ရွိတဲ့ အိမ္ကို ေရာက္ၿပီး အိမ္ထဲကို ေရာက္ျပန္ေတာ့လည္း အိမ္မွာ ေစာင့္ေနတဲ့ အန္တီ ဆီက ၾကည့္တာ ခံရျပန္တယ္။
ေရွာင္းက်န္႔ သူ႔ကို အေသလိုက္ၾကည့္ေနတဲ့ အန္တီ ေၾကာင့္ ယြီ႕က်င္း ရဲ႕ ေက်ာကို တံေတာင္နဲ႔ တြန္းၿပီး သတိေပးလိုက္သည္။
' အဟမ္း ... သူက ေရွာင္း တဲ့ က်မ သူငယ္ခ်င္း။ ဝမိ အိမ္သြားေတာ့ သူ႔ကိုပါ အတူ ေခၚသြားတာ။ ဖြားေလး လည္း သိတယ္။'
ယြီ႕က်င္း သူ႔ကို ထပ္ အထြန္႔တက္ၿပီး ေမးလာမွာ စိုးတာေၾကာင့္ တစ္ခါတည္း ပိတ္ ေျပာထားလိုက္သည္။
' က်မ အခန္း ထဲ သြားေတာ့မယ္။'
' မမေလး ...။'
ေရွာင္းက်န္႔ နဲ႔ ယြီ႕က်င္း ေလွခါးေပၚ ေျခလွမ္းမလို႔ ရွိေသး အန္တီ ရဲ႕ အသံေၾကာင့္ ေျခလွမ္းေတြ ရပ္သြားၾကရသည္။
' သူ႔ကို က်မ အခန္း ျပင္ေပးရမလား ...။'
ယြီ႕က်င္း အဲ့ေတာ့မွ မလုံမလဲ မ်က္ႏွာ ျဖစ္ေနရာကေန ျပန္ျပင္ၿပီး အန္တီ ဘက္ ျပန္လွည့္လိုက္ရင္း ...
' ဟုတ္ ...။ အဲ့လိုလည္း ေကာင္းတာပဲ။'
' မမေလး ...။'
ယြီ႕က်င္း သူ ေျပာၿပီးလို႔ ျပန္လွည့္ၿပီး အေပၚထပ္တက္မလို႔ ေျခလွမ္း ထပ္ျပင္႐ုံ ရွိေသး ထပ္ေခၚလာတဲ့ အန္တီေၾကာင့္ ဒီတစ္ခါ ယြီ႕က်င္း မ်က္ႏွာ ပုပ္သိုးလာေတာ့သည္။
' ဘာလဲ ... ဒီေန႔က်မွ အန္တီ ဘာလို႔ စကား ေတာ္ေတာ္ ေျပာေနတာလဲ ...။'
' က်မ သူ႔ကို အခုပဲ အခန္းျပင္ေပးေတာ့မွာပါ။ အဲ့ဒါ သူ႔ကို ေအာက္မွာ ေစာင့္ခိုင္းလို႔ ရပါတယ္။'
' ဘာမွ မျဖစ္ဘူး။ ဝမ္ အိမ္ေတာ္မွာေတာင္ က်မ တို႔ တစ္ခန္းတည္း အတူ ေနလာတာ။'
' ဒါ ...။'
' ဘာမွ ဒါေပမမယ့္ နဲ႔ေတာ့။ အန္တီ သူ႔ အတြက္ပဲ အခန္း အျမန္ သြားျပင္ေပးလိုက္။ မဟုတ္ရင္ သူ႔ကို က်မ အခန္းမွာပဲ ထားလိုက္ေတာ့မယ္။'
' ဟုတ္ကဲ့ ...။ ဟုတ္ကဲ့။ က်မ အခုပဲ သြားျပင္ေပးလိုက္မယ္။'
ယြီ႕က်င္း အလ်င္စလို ေျပးသြားတဲ့ အန္တီ ကို တစ္ခ်က္ ၾကည့္ရင္း အေပၚကို တက္လာခဲ့လိုက္သည္။
' ငါ ... တစ္ျခား ေနရာ ပဲ သြားရွာေနေတာ့မယ္။'
ယြီ႕က်င္း ေလွခါးကေန တက္လာရင္း ေနာက္ကေန ထြက္လာတဲ့ အသံေၾကာင့္ ရပ္ၿပီး ေလွခါး လက္ရန္း မွာ မွီရင္း ေရွာင္း ကို လွည့္ၾကည့္လိုက္ၿပီး ...
' ဘာလို႔လဲ ... နင့္ မွာ သြားစရာ ရွိလို႔လား။'
ေရွာင္းက်န္႔ ယြီ႕က်င္း ရပ္တဲ့ အထစ္မွာ သြားရပ္လိုက္ရင္း ...
' သြားစရာေနရာေတာ့ ေရေရ ရာရာ မရွိေသးေပမယ့္ ငါ့မွာ အတိအက် လုပ္စရာေတာ့ ရွိေနတယ္။ ငါ ကုန္းေပၚ တက္လာတာလည္း လုပ္ကို လုပ္ရမယ့္ ကိစၥ တစ္ခုေၾကာင့္ ...။'
' အဲ့ဒါ ဘာလဲ ဆိုတာ ငါ သိလို႔ ရလား ...။'
' ငါ့ အစ္မ ရဲ႕ လူသား ေယာက်ာ္းေလးနဲ႔ ရ ထားတဲ့ ကေလး ကို ရွာရမွာ။'
' ဘယ္လို !!!!'
' ဟုတ္တယ္ ...။ ငါ့ အစ္မ လည္း ကုန္းေပၚ တက္လာဖူးတယ္။ အဲ့ကေန လူသားနဲ႔ ေတြ႕ရင္း ခ်စ္ႀကိဳက္ၿပီး အတူတူ ေနၾကတဲ့ ထိ ျဖစ္သြားတာ။ ၿပီးမွ ငါ့အစ္မ က ေရသူမ ဆိုတာ တစ္ျခား လူေတြ ဘယ္လို သိသြားသလဲ မသိဘူး။ သူ ကေလး ေမြးၿပီး မၾကာဘူး လိုက္ဖမ္း ခံရတာ။ အဲ့ကေန သူ႔ကေလး နဲ႔ သူ႔ ေယာက်ာ္းနဲ႔ ကြဲ သြားတာ ... ငါ့ အစ္မ ေရေအာက္ ျပန္လာၿပီး ဆုံးသြားတဲ့ အထိ ပဲ။'
' ဟင္ !!!!
နင့္ အစ္မ က ဆုံးသြားၿပီလား ...။'
' အင္း ...။ သူ လူသား ေတြဆီက ဖမ္း ခံရၿပီး ႏွိပ္စက္ ခံရေသးတယ္။ အဲ့ကေန လႊတ္လာေတာ့ သူ ရထားတဲ့ ဒဏ္ရာေတြက ကုလို႔ မရေတာ့ဘူး။'
ယြီ႕က်င္း သူ႔ကို ေျပာျပေနရင္း မ်က္ဝန္းေတြ နီ လာတဲ့ေရွာင္း ေၾကာင့္ သူပါ စိတ္မေကာင္း ျဖစ္သြားရသည္။
အဲ့ဒါေၾကာင့္ ေရွာင္း ရဲ႕ ပုခုံးကို ပုတ္ေပးလိုက္ၿပီး ...
' ကဲပါ ... ငါ့အိမ္မွာပဲ ေနၿပီး နင့္ တူ ကို ဆက္ရွာ။ ငါလည္း တတ္ႏိုင္သေလာက္ ကူရွာေပးမယ္။ ဒါေပမယ့္ မျမင္ဖူးပဲနဲ႔ေတာ့ ဘယ္လို ရွာရမလဲ ...။'
ေရွာင္းက်န္႔ ေလွခါး ကေန အေပၚ ဆက္တက္လာရင္း ယြီ႕က်င္း အေမး ကို ေခါင္းခါျပၿပီး ...
' ငါလည္း မသိဘူး။ သူ႔မ်က္ႏွာက ငါ့အစ္မ နဲ႔ တူပါေစလို႔ ဆုေတာင္းရမွာပဲ ...။'
' အမ္ ...။ အဲ့လိုလည္း ရတာပဲလား ...။'
' ငါလည္း ျမင္မွ မျမင္ဖူးတာေလ။ ၿပီးေတာ့ ငါ့အစ္မက သူ႔မွာ ကေလး ရွိတယ္ပဲ ေျပာတာ... နာမည္ ေတာင္ သိတာ မဟုတ္ဘူး ...။'
ယြီ႕က်င္း ထပ္ၾကားလိုက္ရတဲ့ စကားေၾကာင့္ ခုန ကူရွာေပးမယ္ လို႔ ေျပာထားတဲ့ စကားကို ျပန္႐ုတ္သိမ္းလို႔ မီရင္ ျပန္႐ုတ္သိမ္းလိုက္ခ်င္ပါေသးတယ္။
သူတို႔ ႏွစ္ေယာက္ ေျပာရင္း ဆိုရင္း နဲ႔ အခန္းေရွ႕ ေရာက္လာသည္။
ေရွာင္းက်န္႔ အခန္း တံခါးကို အရင္ မဖြင့္ခ်င္တာေၾကာင့္ ကိုယ္ကို အနည္းငယ္ ေ႐ႊ႕ေပးလိုက္သည္။
!!!! ကလစ္ !!!!
တံခါး ပြင့္သြားတာနဲ႔ ေရွာင္းက်န္႔ အရင္ ဝင္လိုက္သည္။
ယြီ႕က်င္း တံခါး ျပန္ပိတ္ၿပီး ေနာက္ကေန လိုက္ဝင္လာေတာ့ ေနရာ မေ႐ႊ႕ပဲ ေတာင့္ေတာင့္ႀကီး ရပ္ေနတဲ့ ေရွာင္း ေၾကာင့္ အနား ကို ကပ္သြားလိုက္ေတာ့မွ သူ႔ အခန္းထဲက ဆိုဖာမွာ သူ႔ အဝတ္အစား ဝတ္ထားၿပီး အိမ္ႀကီး အရွင္သခင္လို လက္ပိုက္၊ ေျခခ်င္း ခ်ိတ္ထိုင္ၿပီး သူတို႔ကို ၾကည့္ေနတဲ့ မိန္းကေလး တစ္ေယာက္ကို ေတြ႕လိုက္ရသည္။
~~~~~~~~~~
ဝမ္ အိမ္ေတာ္တြင္ ...
' ေဒါက္ ... ေဒါက္ ...။'
သခင္ႀကီး သူ႔ေျမးရဲ႕ အခန္းတံခါးကို ေခါက္ေပမယ့္ အထဲက တုန္႔ျပန္မႈ မရွိပါ။ အဲ့ဒါေၾကာင့္ အသံ ေပးလိုက္သည္။
' ဝမ္ဝမ္ ... ေျမးေလး ... ဖိုးဖိုး ပါ။'
ရိေပၚ အခန္းထဲကေန ဖိုးဖိုး ရဲ႕ အသံ ၾကားေပမယ့္ ထ ၿပီး တံခါး သြားဖြင့္ေပးခ်င္စိတ္ မရွိပါ။ သူ အခုခ်ိန္ ဘာမွကို လုပ္ခ်င္စိတ္ မရွိတာ ျဖစ္သည္။
ခဏေလး ေတြ႕တဲ့ လူ ကို ဒီေလာက္ထိ ျဖစ္ရေအာင္ ႐ူးေနလား လို႔ ေမးရင္ ...
ဟုတ္တယ္။ ဆိုၿပီး ေခါင္းညိတ္ျပ႐ုံကလႊဲ ဘာမွ မတတ္ႏိုင္ပါ။
အနီးနားမွာ ရွိေနစဥ္တုန္းကေတာ့ သေဘာက်ၿပီး လက္ခံႏိုင္႐ုံ ထင္ခဲ့ေပမယ့္ အခုလို ေဝးသြားေတာ့မွ မ်က္ဝန္းထဲမွာ ျပင္ဆင္ ျခယ္သျခင္း မရွိတဲ့ မ်က္ႏွာနဲ႔ အေရာင္မဆိုးထားတဲ့ ႏႈတ္ခမ္း ရယ္ ၊ ႏႈတ္ခမ္းေအာက္က မွဲ႔ေလးရယ္ ၊ တစ္ခါတစ္ေလ မေက်မနပ္ျဖစ္ရင္ ေစ့ေစ့ ျပတတ္တဲ့ ေရွ႕သြား ခပ္ႀကီးႀကီး ေတြရယ္နဲ႔ ျပည့္ေနၿပီး ၊ အေတြးထဲမွာ ကိုကို လို႔ ဟန္လုပ္ ေခၚတဲ့ အသံေတြက စိုးမိုးေနတယ္။
ရိေပၚ တစ္ခုခု ကို စဥ္းစားမိတာေၾကာင့္ ဆိုဖာမွာ လဲေနရာကေန ထ ထိုင္ၿပီး အခန္း တံခါး ကို အျမန္သြားဖြင့္ေပးလိုက္သည္။
!!!! ကလစ္ !!!!
တံခါး ဖြင့္လိုက္ေတာ့ ... ေတာ္ေသးတယ္ ဖိုးဖိုး က ျပန္ထြက္သြားခါနီးေနၿပီ။
' ဖိုးဖိုး !!!.'
' ဝမ္ဝမ္ ...။'
' က်ေနာ္ ဖိုးဖိုး ကို ေျပာစရာ ရွိတယ္။'
သခင္ႀကီး သူ႔ ေျမးဘက္ကို ေသခ်ာ ျပန္လွည့္ရပ္လိုက္ၿပီး ...
' ေျပာေလ ...။ ဖိုးဖိုး လည္း ေျမးနဲ႔ စကား ေျပာရေအာင္ လာခဲ့တာပဲ။'
' ဒါဆို က်ေနာ္တို႔ အျပင္ ဝရံတာ မွာ သြားထိုင္ၾကမလား ...။'
' အင္း ... သြားေလ။ ခုလို ညေန ေရာက္ၿပီဆို အျပင္မွာလည္း ေနလို႔ ေကာင္းေနၿပီ။'
ရိေပၚ ဖိုးဖိုး ကို အေရွ႕က အရင္ သြားခိုင္းၿပီး ေနာက္ကေန လိုက္သြားလိုက္သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.25 ( Wed ) သူတို႔ ႏွစ္ေယာက္ ဘယ္လို ျပန္ဆုံၾကမလဲ ...?