Magic Hides My Man

De Nway_Nwayy

227K 13.2K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ Mai multe

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 6

5K 366 16
De Nway_Nwayy

Unicode

တစ်ညလုံးခေါင်းခြောက်အောင် စဉ်းစားအပြီးမှာ သိလိုက်တာကတော့ *ငါ ရူးသွားပြီ ထင်တယ်* ဆိုတာပဲ ဖြစ်သည်။ ဖြည်းဖြည်းချင်း သေချာပြန်တွေးကြည့်တော့ အဲ့ညက Club မှာ ကိုရာဇာတို့နှစ်ယောက် လိုက်ရှုပ်နေလို့ တမင်ရစ်ပြီး ကားထွက်မောင်းမယ် လုပ်ခဲ့တာ။ မသွားခင် Toilet ခန၀င်ခဲ့သေးတယ် ထင်၏။ Toilet ထဲမှာ အိပ်ပျော်တော့မလိုတွေဖြစ်ပြီး ထင်ယောင်ထင်မှားတွေလည်း ဖြစ်ခဲ့သေးသည်။

"Obliviate"

ခပ်တိုးတိုးရွတ်မိသည်။ ဟုတ်တယ် .. ။ *အဲ့ဂါထာရွတ်လိုက်လို့ ငါ့ကိုတကယ်မေ့သွားကြရင်လည်း ကောင်းသား* ဆိုပြီး လျှောက်ပြောမိခဲ့သေးတယ် မဟုတ်လား။ အဲ့ဒါနဲ့ပဲ ‌ဗညားထွဋ်ခေါင် ဆိုတဲ့ သူ့ကို အားလုံးက တကယ်မေ့သွားကြတယ်ပေါ့။ မဖြစ်နိုင်တာ ..။ စိတ်ကူးယဉ်ဇာတ်ကားထဲကလို အပြင်မှာတကယ်ဖြစ်ရအောင် ဒါက မှော်လောကကြီးလည်း မဟုတ်။

"ရူးတော့မှာပဲကွာ .."

ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတယ်လို့တော့ အသေအချာ မပြောနိုင်သေးတာမို့ အိမ်ကိုနောက်တစ်ခေါက်သွားပြီး ထပ်စုံစမ်းရမည်။ ပြီးတော့ ဗညားထွဋ်ခေါင်တစ်ယောက်တည်း သီးသန့်နေတဲ့ ကွန်ဒိုကိုလည်း သွားကြည့်ရဦးမည်။ ထိုကွန်ဒိုမှာက တစ်ယောက်တည်းနေချင်တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် နေချင်တဲ့အချိန်တွေမှသာ နေတာဖြစ်သည်။

"နိုးနေပြီလား"

"ဟုတ်ကဲ့"

သဘက်တစ်ထည်ကို ပုခုံးပေါ်မှာ ခြုံကာ အခန်းထဲက ထွက်လာတဲ့ မမက လှမ်းမေးတာမို့ ပြန်ဖြေလိုက်သည်။ အမှန်တော့ တစ်ညလုံးကို သေချာ မအိပ်ရသေးတာ ဖြစ်သည်။ သဘက်တစ်ထည်ခြုံထားတဲ့ မမက ထဘီရင်လျားနဲ့မို့ ယဉ်ကျေးမှုအရ မျက်နှာလွှဲကာ နေလိုက်သည်။ အိမ်ရှေ့မှာ ရေစည်တစ်ခု ချထားတာမို့ အဲ့ဒီမှာ ရေချိုးကြတာ ဖြစ်မည်။ ရေချိုးခန်းထဲမှာ မဟုတ်ဘဲ အလုံကာထားတဲ့ ခြံ၀န်းလည်း မဟုတ်တာကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ ရေချိုးရတာ အဆင်ပြေရဲ့လားဟုလည်း တွေးမိသည်။ ဗညားထွဋ်ခေါင်တောင်မှ ယောက်ျားလေးဆိုပေမယ့် ရေကို အဲ့လို ချိုးတတ်မယ် မထင်။

ဗညားထွဋ်ခေါင်သာ လျှောက်တွေးနေပေမယ့် မမကတော့ ရေချိုးပြီးလို့ သဘက်ကို ပြန်ခြုံကာ အိမ်ပေါ်တက်ပြီး အခန်းထဲ ပြန်၀င်သွားပြီ ဖြစ်၏။ ခနနေတော့ ပိုင်ခန့်ကိုလည်း ထွက်လာပြီး ရေချိုးသည်။ သူ့ကိုတော့ တစ်ချက်သာလှည့်ကြည့်ပြီး ဘာမှမပြောပါ။

"မျက်နှာသစ်မယ်ဆို အိမ်ရှေ့မှာ သစ်လို့ရတယ် သိလား၊ ရေချိုးချင်ရင်လည်း ချိုးနော်"

ထမင်းချိုင့်တွေပါ ပြင်ဆင်ပြီး ထွက်လာတဲ့ မမက သွားပွတ်တံအသစ်တစ်ချောင်းကို လှမ်းပေးရင်း ပြောသည်။

"ဟုတ် ကျေးဇူးပါပဲ မမ"

မမက မနေ့တုန်းကအတိုင်း နွေးနွေးထွေးထွေးပဲ ပြုံးပြရင်း ...

"အမက အလုပ်သွားရ‌တော့မှာမလို့ သွားတော့မယ်၊ တစ်ခုခုလိုတာရှိရင် ကိုခန့်ကို ပြောလိုက်နော်၊ သူက အဲ့အတိုင်းပဲ အမြဲတမ်း စူပုတ်နေတာ"

မမကို ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာသစ်ဖို့ ထွက်ခဲ့လိုက်သည်။ အဲ့ဒီ အမြဲတမ်း စူပုတ်နေတာ ဆိုတဲ့ ကောင်နဲ့ ဘယ်လိုတွေ အချေအတင်ဖြစ်ရဦးမလဲတော့ မသိပါ။

.......…..........

"ငါအလုပ်သွားရင်းနဲ့ ပြန်ပို့ပေးမယ်၊ တစ်ခါတည်း လိုက်ခဲ့"

မော့ကြည့်ပြီး ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြသည်။ ကွန်ကရစ်လမ်းပေါ်လဲကျတုန်းက ခေါင်းတွေဘာတွေများ ထိလို့ လွတ်သွားတာလားဟု ပိုင်ခန့်ကို တွေးလိုက်မိ၏။ ကားရှေ့ကနေ မဖယ်ဘဲ ရိုက်ပေါက်လုပ်နေတုန်းကတော့ ဒီလို ကြောင်တောင်တောင်ပုံစံ မဟုတ်သေးပါ။ အဲ့လို တစ်ခုခုဖြစ်သွားတာမျိုးသာဆို ကျိန်းသေအမှုပတ်မှာမို့ မြန်မြန် ပြန်ခိုင်းမှ ရမည်။

အိတ်ကိုလွယ်ကာ သွားဖို့ပြင်ပြီးမှ ဗညားထွဋ်ခေါင်ဆိုတဲ့တစ်ယောက် ညကတည်းက ဘာမှ မစားရသေးတာ သတိရမိသည်။ တော်ကြာ အားပြတ်ပြီး လမ်းမှာ ထပ်မူးလဲရင် နောက်တစ်ခေါက်အိမ်ခေါ်လာနေရဦးမယ် ဟုတွေးကာ ...

"မင်း ဘာမှ မစားရသေးဘူးမလား၊ စားဖို့ တစ်ခုခုသွား၀ယ်ပေးမယ် ခနစောင့်"

ပြန်ပြောမှာကိုစောင့်မနေတော့ဘဲ လမ်းထိပ်ကို ထွက်ခဲ့လိုက်သည်။ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးတစ်ပွဲ၀ယ်ပြီး အိမ်ရောက်တော့ ပန်းကန်ထဲထည့်ပေးရပြန်သည်။ အိမ်ပြန်မပို့ရသေးခင်တော့ သည်းခံလိုက် ဟုတွေးကာ အိမ်ရှေ့က စားပွဲလေးပေါ် ပန်းကန်ကို တင်ပေးလိုက်သည်။

"ဒါ စားလိုက်ဦး၊ ပြီးရင် သွားကြမယ်"

အိမ်ရှေ့ကြမ်းပြင်မှာ ထိုင်နေရာကနေ ထလာပြီး မုန့်ထိုင်စားနေသော
ဗညားထွဋ်ခေါင်ကို ကြည့်ရင်း "အိမ်နဲ့ ဘာဖြစ်လာတာလဲ" လို့ မေးမလို့ပြင်ပြီးမှ ကိုယ်နဲ့မဆိုင်ဘဲ မေးမနေတော့ပါဘူးလို့ပဲ တွေးလိုက်သည်။

မုန့်စားပြီးလို့ နှစ်ယောက်အတူ ထွက်လာတဲ့အထိ ဘာစကားမှ မပြောပါ။ သူ့ဘာသူ တစ်ယောက်တည်း တစ်ခုခုစဉ်းစားနေသလို ငေးငိုင်နေသည်။ ပိုင်ခန့်ကိုလည်း ဘာစကားမှ စမနေတော့ဘဲ ဒီအတိုင်းသာငြိမ်နေလိုက်သည်။ သူ့ကိုပြန်ပို့ရမှာမို့ အလုပ်ချိန်ထက် စောထွက်လာခဲ့တာ ဖြစ်သည်။ မြောက်ဥက္ကလာကနေ ရန်ကင်းကို ကားကနှစ်ဆင့်စီးရမှာ၊ ပြီးရင် ၀ပ်ရှော့က သမိုင်းမှာမို့ သမိုင်းလမ်းဆုံကို ပြန်လာရဦးမည်။

မနေ့တည်းကပြန်လိုက်ရင် ပြီးနေတာကို အလုပ်ရှုပ်အောင် လုပ်တဲ့ကောင်အား သိပ်မကြည်ပေမယ့်၊ ကိုယ့်အပြစ်ကလည်း မကင်းတာမို့ အဆုံးထိ လုပ်ပေးလိုက်ဖို့ပဲ စဉ်းစားထားလိုက်သည်။ မနက်ခင်း ရုံးချိန်မို့ ကားပေါ်မှာ လူတွေပြည့်ကျပ်တော့ မျက်စိမျက်နှာပျက်နေတဲ့ ဗညားထွဋ်ခေါင်ကို မသိချင်ယောင်ပဲ ဆောင်နေလိုက်သည်။ Bus ကားလေးတောင် တိုးမစီးနိုင်ဘူးဆိုရင် ဘာလို့များ အိမ်ပြေးလုပ်လာသေးလဲ မသိပါ။

"သေတော့မှာပဲ"

ကားပေါ်ကဆင်းပြီးတော့ သူ့လက်တွေကို သူများထိတာမကြိုက်သလို ပွတ်သတ်ရင်း ခပ်တိုးတိုး ညည်းနေတဲ့
ဗညားထွဋ်ခေါင်ကို ကြည့်ကာ ပိုင်ခန့်ကို ပြုံးမိသွားသည်။ ဒီကောင်က တကယ်ပဲ ဘယ်လိုကောင်မှန်းကို မသိတာပါ။

အိမ်ယာ၀န်းထဲ၀င်လာပြီး ခြံနံပါတ် ၉ ဆိုတာကို အနက်ရောင်ကနုတ်နဲ့ ပုံဖော်ထားသော ခြံ၀န်းကျယ်ကြီးရှေ့အရောက်မှာ ဗညားထွဋ်ခေါင်က "ခနလေး" ဟု ပြောကာ ထိုခြံကြီးအနား လျှောက်သွား၏။ ပိုင်ခန့်ကို မျက်ခုံးပင့်မိသည်။ ခြံကြီးက တော်တော်လေးကျယ်ပြီး အတွင်းက သုံးထပ်တိုက်ကြီးက ခမ်းခမ်းနားနား တည်ရှိနေသည်။ အပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းရှိနေတဲ့ ခြံ၀န်းကြီးထဲ ခြံအတွင်းပိုင်းကိုတော့ သေချာမမြင်ရပေမယ့်လည်း အတော်လေး ကျယ်၀န်းသည်။

အိမ်နဲ့ခြံကြီးကို ငေးမိနေတုန်း ခြံရှေ့မှာ ဗညားထွဋ်ခေါင်နဲ့ လူနှစ်ယောက် တွန်းလားထိုးလားဖြစ်နေတာမြင်မှ သတိ၀င်ကာ အနားကို ပြေးသွားရ၏။

"မင်း မနေ့ကရောက်လာတဲ့ကောင်ပဲ မလား"

"ဟုတ်တယ် ရာဇာ၊ ဒီကောင်ပဲ .. "

ခန္ဓာကိုယ်တောင့်တောင့်နဲ့ စတိုင်ပန်အနက်ကိုယ်စီ၀တ်ထားတဲ့ လူနှစ်ယောက်က သူတို့အချင်းချင်းပြောနေရာမှ ကတုံးဆံပင်နဲ့တစ်ယောက်က ဗညားထွဋ်ခေါင်ပုခုံးကို ဆောင့်တွန်းသည်။

"မင်းကို မနေ့ထဲက အိမ်မှားနေရင် အေးဆေးပြန်ဖို့ပြောပြီးပြီနော်၊ ဒီနေရာကို ဘာထင်နေလဲ"

"ဘာ .. ခင်ဗျား ဘယ်လိုလေသံနဲ့ပြောလိုက်တာလဲ"

ဗညားထွဋ်ခေါင်က ထိုလူ့ ရင်ဘတ် အင်္ကျီစကို ဆောင့်ဆွဲကာ ထိုးဖို့ပြင်ပေမယ့် ကိုယ်ခန္ဓာတောင့်တောင့်နဲ့ သန်မာပုံရတဲ့ ထိုလူကြောင့် ဗညားထွဋ်ခေါင်ကြိုးစားမှုက အရာမရောက်။ ထိုလူရဲ့ တစ်ချက်တွန်းလိုက်တဲ့ အားနဲ့ ဗညားထွဋ်ခေါင်တစ်ယောက် ပိုင်ခန့်ကို ဘေးနားထိ ယိုင်ကျလာသည်။ ဒေါသနဲ့ နောက်တစ်ကြိမ် အနားကိုပြန်သွားဖို့ ပြင်တဲ့ ဗညားထွဋ်ခေါင်ကို ပြန်ဆွဲထားလိုက်ရသည်။

"အိမ်မှားတယ်ဆိုလည်း အေးဆေးပြောကြလေဗျာ"

"မင်းကောင်က စပြီး လက်ပါတာလေ၊ ပြဿနာမတက်ချင်ရင် ပြန်ခေါ်သွားလိုက်တော့"

တစ်ယောက်ချင်းထိုးကြမယ်ဆိုရင်တောင် မနိုင်လောက်တဲ့အနေအထားဖြစ်ရတဲ့အထဲ၊ သူများအိမ်ရှေ့ကြီးမှာ ဖြစ်နေတာကြောင့် ပိုင်ခန့်ကို ဘာမှ ဆက်မပြောတော့ဘဲ ဗညားထွဋ်ခေါင်ကိုသာ ပြန်ဖို့ ခေါ်ရတော့သည်။

"သူများအိမ်ရှေ့ကြီးမှာ ပြဿနာဖြစ်ရင်မကောင်းဘူး၊ လာ .. သွားရအောင်"

ဗညားထွဋ်ခေါင်က ဟိုလူနှစ်ယောက်ကို မကျေမနပ်ကြည့်ကာ ပိုင်ခန့်ကို ခေါ်တဲ့နောက်ကို ပါလာသည်။

"ဘာပြဿနာသွားရှာပြန်တာလဲ၊ မင်း အိမ်ကို မမှတ်မိဘူးလား"

"အဲ့ဒါ ငါ့အိမ်ပဲလေ"

"ဟာ .. မင်းအိမ်ဆို ဒီလိုတွေဖြစ်မလား၊ အိမ်မှားနေတယ်လို့ ဟိုလူတွေပြောနေတာ မင်းမကြားဘူးလား"

ဗညားထွဋ်ခေါင် တစ်ချက်ငြိမ်သွားပြီး လူသွားလမ်းဘေးက ပလက်ဖောင်းလိုလုပ်ထားတဲ့ ဘောင်ပေါ် ထိုင်ချလိုက်သည်။

"ငါ မင်းကို ဘယ်လို နား‌လည်အောင် ပြောပြရမလဲ မသိတော့ဘူး"

"အေး .. ငါ နားလည်း မလည်တော့ဘူး၊ အလုပ်လည်း နောက်ကျနေပြီ၊ မင်း အခု ဘာလုပ်မှာလဲ ပြော"

"ဘာလုပ်ရမှန်းကို မသိပါဘူးဆို၊ မင်းက တမျိုး"

"မင်းက ငါ့ကို ပြန်လာအော်နေသေးတာလား၊ ငါ အခု အလုပ်သွားရတော့မှာ အားနေတာမဟုတ်ဘူး၊ မင်း ဟာမင်း ဘာဖြစ်လို့ဖြစ်မှန်းလဲ မသိတာကို ငါ့ကြောင့်ဆိုပြီး အာရုံလိုက်နောက်နေတာပဲ"

"မင်းကမှ အာရုံနောက်နေတာ"

"အေး .. အဲ့ဒါဆိုလည်း မင်းဟာမင်းသာ နေခဲ့တော့"

ထိုင်နေရာကနေ တစ်ခွန်းမကျန်ပြန်အော်နေတဲ့ကောင်ကို ကြည့်ကာ ပိုင်ခန့်ကို လှည့်ထွက်လာခဲ့လိုက်သည်။ ဒီလောက်ထိ ပြန်လုပ်ပေးပြီးပြီပဲ။ တော်ပြီပေါ့။

.............................................................................................

Zawgyi

တစ္ညလုံးေခါင္းေျခာက္ေအာင္ စဥ္းစားအၿပီးမွာ သိလိုက္တာကေတာ့ *ငါ ႐ူးသြားၿပီ ထင္တယ္* ဆိုတာပဲ ျဖစ္သည္။ ျဖည္းျဖည္းခ်င္း ေသခ်ာျပန္ေတြးၾကည့္ေတာ့ အဲ့ညက Club မွာ ကိုရာဇာတို႔ႏွစ္ေယာက္ လိုက္႐ႈပ္ေနလို႔ တမင္ရစ္ၿပီး ကားထြက္ေမာင္းမယ္ လုပ္ခဲ့တာ။ မသြားခင္ Toilet ခန၀င္ခဲ့ေသးတယ္ ထင္၏။ Toilet ထဲမွာ အိပ္ေပ်ာ္ေတာ့မလိုေတြျဖစ္ၿပီး ထင္ေယာင္ထင္မွားေတြလည္း ျဖစ္ခဲ့ေသးသည္။

"Obliviate"

ခပ္တိုးတိုး႐ြတ္မိသည္။ ဟုတ္တယ္ .. ။ *အဲ့ဂါထာ႐ြတ္လိုက္လို႔ ငါ့ကိုတကယ္ေမ့သြားၾကရင္လည္း ေကာင္းသား* ဆိုၿပီး ေလွ်ာက္ေျပာမိခဲ့ေသးတယ္ မဟုတ္လား။ အဲ့ဒါနဲ႔ပဲ ‌ဗညားထြဋ္ေခါင္ ဆိုတဲ့ သူ႕ကို အားလုံးက တကယ္ေမ့သြားၾကတယ္ေပါ့။ မျဖစ္ႏိုင္တာ ..။ စိတ္ကူးယဥ္ဇာတ္ကားထဲကလို အျပင္မွာတကယ္ျဖစ္ရေအာင္ ဒါက ေမွာ္ေလာကႀကီးလည္း မဟုတ္။

"႐ူးေတာ့မွာပဲကြာ .."

ဘာပဲျဖစ္ျဖစ္ အကုန္ေမ့သြားတယ္လို႔ေတာ့ အေသအခ်ာ မေျပာႏိုင္ေသးတာမို႔ အိမ္ကိုေနာက္တစ္ေခါက္သြားၿပီး ထပ္စုံစမ္းရမည္။ ၿပီးေတာ့ ဗညားထြဋ္ေခါင္တစ္ေယာက္တည္း သီးသန္႔ေနတဲ့ ကြန္ဒိုကိုလည္း သြားၾကည့္ရဦးမည္။ ထိုကြန္ဒိုမွာက တစ္ေယာက္တည္းေနခ်င္တဲ့အခ်ိန္၊ သူငယ္ခ်င္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ေနခ်င္တဲ့အခ်ိန္ေတြမွသာ ေနတာျဖစ္သည္။

"ႏိုးေနၿပီလား"

"ဟုတ္ကဲ့"

သဘက္တစ္ထည္ကို ပုခုံးေပၚမွာ ျခဳံကာ အခန္းထဲက ထြက္လာတဲ့ မမက လွမ္းေမးတာမို႔ ျပန္ေျဖလိုက္သည္။ အမွန္ေတာ့ တစ္ညလုံးကို ေသခ်ာ မအိပ္ရေသးတာ ျဖစ္သည္။ သဘက္တစ္ထည္ျခဳံထားတဲ့ မမက ထဘီရင္လ်ားနဲ႔မို႔ ယဥ္ေက်းမႈအရ မ်က္ႏွာလႊဲကာ ေနလိုက္သည္။ အိမ္ေ႐ွ႕မွာ ေရစည္တစ္ခု ခ်ထားတာမို႔ အဲ့ဒီမွာ ေရခ်ိဳးၾကတာ ျဖစ္မည္။ ေရခ်ိဳးခန္းထဲမွာ မဟုတ္ဘဲ အလုံကာထားတဲ့ ျခံ၀န္းလည္း မဟုတ္တာေၾကာင့္ မိန္းကေလးတစ္ေယာက္အေနနဲ႔ ေရခ်ိဳးရတာ အဆင္ေျပရဲ႕လားဟုလည္း ေတြးမိသည္။ ဗညားထြဋ္ေခါင္ေတာင္မွ ေယာက်္ားေလးဆိုေပမယ့္ ေရကို အဲ့လို ခ်ိဳးတတ္မယ္ မထင္။

ဗညားထြဋ္ေခါင္သာ ေလွ်ာက္ေတြးေနေပမယ့္ မမကေတာ့ ေရခ်ိဳးၿပီးလို႔ သဘက္ကို ျပန္ျခဳံကာ အိမ္ေပၚတက္ၿပီး အခန္းထဲ ျပန္၀င္သြားၿပီ ျဖစ္၏။ ခနေနေတာ့ ပိုင္ခန္႔ကိုလည္း ထြက္လာၿပီး ေရခ်ိဳးသည္။ သူ႕ကိုေတာ့ တစ္ခ်က္သာလွည့္ၾကည့္ၿပီး ဘာမွမေျပာပါ။

"မ်က္ႏွာသစ္မယ္ဆို အိမ္ေ႐ွ႕မွာ သစ္လို႔ရတယ္ သိလား၊ ေရခ်ိဳးခ်င္ရင္လည္း ခ်ိဳးေနာ္"

ထမင္းခ်ိဳင့္ေတြပါ ျပင္ဆင္ၿပီး ထြက္လာတဲ့ မမက သြားပြတ္တံအသစ္တစ္ေခ်ာင္းကို လွမ္းေပးရင္း ေျပာသည္။

"ဟုတ္ ေက်းဇူးပါပဲ မမ"

မမက မေန႔တုန္းကအတိုင္း ေႏြးေႏြးေထြးေထြးပဲ ျပဳံးျပရင္း ...

"အမက အလုပ္သြားရ‌ေတာ့မွာမလို႔ သြားေတာ့မယ္၊ တစ္ခုခုလိုတာ႐ွိရင္ ကိုခန္႔ကို ေျပာလိုက္ေနာ္၊ သူက အဲ့အတိုင္းပဲ အၿမဲတမ္း စူပုတ္ေနတာ"

မမကို ေခါင္းညိတ္ျပလိုက္ၿပီး မ်က္ႏွာသစ္ဖို႔ ထြက္ခဲ့လိုက္သည္။ အဲ့ဒီ အၿမဲတမ္း စူပုတ္ေနတာ ဆိုတဲ့ ေကာင္နဲ႔ ဘယ္လိုေတြ အေခ်အတင္ျဖစ္ရဦးမလဲေတာ့ မသိပါ။

.......…..........

"ငါအလုပ္သြားရင္းနဲ႔ ျပန္ပို႔ေပးမယ္၊ တစ္ခါတည္း လိုက္ခဲ့"

ေမာ့ၾကည့္ၿပီး ဘာမွျပန္မေျပာဘဲ ေခါင္းသာညိတ္ျပသည္။ ကြန္ကရစ္လမ္းေပၚလဲက်တုန္းက ေခါင္းေတြဘာေတြမ်ား ထိလို႔ လြတ္သြားတာလားဟု ပိုင္ခန္႔ကို ေတြးလိုက္မိ၏။ ကားေ႐ွ႕ကေန မဖယ္ဘဲ ႐ိုက္ေပါက္လုပ္ေနတုန္းကေတာ့ ဒီလို ေၾကာင္ေတာင္ေတာင္ပုံစံ မဟုတ္ေသးပါ။ အဲ့လို တစ္ခုခုျဖစ္သြားတာမ်ိဳးသာဆို က်ိန္းေသအမႈပတ္မွာမို႔ ျမန္ျမန္ ျပန္ခိုင္းမွ ရမည္။

အိတ္ကိုလြယ္ကာ သြားဖို႔ျပင္ၿပီးမွ ဗညားထြဋ္ေခါင္ဆိုတဲ့တစ္ေယာက္ ညကတည္းက ဘာမွ မစားရေသးတာ သတိရမိသည္။ ေတာ္ၾကာ အားျပတ္ၿပီး လမ္းမွာ ထပ္မူးလဲရင္ ေနာက္တစ္ေခါက္အိမ္ေခၚလာေနရဦးမယ္ ဟုေတြးကာ ...

"မင္း ဘာမွ မစားရေသးဘူးမလား၊ စားဖို႔ တစ္ခုခုသြား၀ယ္ေပးမယ္ ခနေစာင့္"

ျပန္ေျပာမွာကိုေစာင့္မေနေတာ့ဘဲ လမ္းထိပ္ကို ထြက္ခဲ့လိုက္သည္။ လမ္းထိပ္က မုန္႔ဟင္းခါးဆိုင္မွာ မုန္႔ဟင္းခါးတစ္ပြဲ၀ယ္ၿပီး အိမ္ေရာက္ေတာ့ ပန္းကန္ထဲထည့္ေပးရျပန္သည္။ အိမ္ျပန္မပို႔ရေသးခင္ေတာ့ သည္းခံလိုက္ ဟုေတြးကာ အိမ္ေ႐ွ႕က စားပြဲေလးေပၚ ပန္းကန္ကို တင္ေပးလိုက္သည္။

"ဒါ စားလိုက္ဦး၊ ၿပီးရင္ သြားၾကမယ္"

အိမ္ေ႐ွ႕ၾကမ္းျပင္မွာ ထိုင္ေနရာကေန ထလာၿပီး မုန္႔ထိုင္စားေနေသာ
ဗညားထြဋ္ေခါင္ကို ၾကည့္ရင္း "အိမ္နဲ႔ ဘာျဖစ္လာတာလဲ" လို႔ ေမးမလို႔ျပင္ၿပီးမွ ကိုယ္နဲ႔မဆိုင္ဘဲ ေမးမေနေတာ့ပါဘူးလို႔ပဲ ေတြးလိုက္သည္။

မုန္႔စားၿပီးလို႔ ႏွစ္ေယာက္အတူ ထြက္လာတဲ့အထိ ဘာစကားမွ မေျပာပါ။ သူ႕ဘာသူ တစ္ေယာက္တည္း တစ္ခုခုစဥ္းစားေနသလို ေငးငိုင္ေနသည္။ ပိုင္ခန္႔ကိုလည္း ဘာစကားမွ စမေနေတာ့ဘဲ ဒီအတိုင္းသာၿငိမ္ေနလိုက္သည္။ သူ႕ကိုျပန္ပို႔ရမွာမို႔ အလုပ္ခ်ိန္ထက္ ေစာထြက္လာခဲ့တာ ျဖစ္သည္။ ေျမာက္ဥကၠလာကေန ရန္ကင္းကို ကားကႏွစ္ဆင့္စီးရမွာ၊ ၿပီးရင္ ၀ပ္ေ႐ွာ့က သမိုင္းမွာမို႔ သမိုင္းလမ္းဆုံကို ျပန္လာရဦးမည္။

မေန႔တည္းကျပန္လိုက္ရင္ ၿပီးေနတာကို အလုပ္႐ႈပ္ေအာင္ လုပ္တဲ့ေကာင္အား သိပ္မၾကည္ေပမယ့္၊ ကိုယ့္အျပစ္ကလည္း မကင္းတာမို႔ အဆုံးထိ လုပ္ေပးလိုက္ဖို႔ပဲ စဥ္းစားထားလိုက္သည္။ မနက္ခင္း ႐ုံးခ်ိန္မို႔ ကားေပၚမွာ လူေတြျပည့္က်ပ္ေတာ့ မ်က္စိမ်က္ႏွာပ်က္ေနတဲ့ ဗညားထြဋ္ေခါင္ကို မသိခ်င္ေယာင္ပဲ ေဆာင္ေနလိုက္သည္။ Bus ကားေလးေတာင္ တိုးမစီးႏိုင္ဘူးဆိုရင္ ဘာလို႔မ်ား အိမ္ေျပးလုပ္လာေသးလဲ မသိပါ။

"ေသေတာ့မွာပဲ"

ကားေပၚကဆင္းၿပီးေတာ့ သူ႕လက္ေတြကို သူမ်ားထိတာမႀကိဳက္သလို ပြတ္သတ္ရင္း ခပ္တိုးတိုး ညည္းေနတဲ့
ဗညားထြဋ္ေခါင္ကို ၾကည့္ကာ ပိုင္ခန္႔ကို ျပဳံးမိသြားသည္။ ဒီေကာင္က တကယ္ပဲ ဘယ္လိုေကာင္မွန္းကို မသိတာပါ။

အိမ္ယာ၀န္းထဲ၀င္လာၿပီး ျခံနံပါတ္ ၉ ဆိုတာကို အနက္ေရာင္ကႏုတ္နဲ႔ ပုံေဖာ္ထားေသာ ျခံ၀န္းက်ယ္ႀကီးေ႐ွ႕အေရာက္မွာ ဗညားထြဋ္ေခါင္က "ခနေလး" ဟု ေျပာကာ ထိုျခံႀကီးအနား ေလွ်ာက္သြား၏။ ပိုင္ခန္႔ကို မ်က္ခုံးပင့္မိသည္။ ျခံႀကီးက ေတာ္ေတာ္ေလးက်ယ္ၿပီး အတြင္းက သုံးထပ္တိုက္ႀကီးက ခမ္းခမ္းနားနား တည္႐ွိေနသည္။ အပင္ေတြ အုံ႔အုံ႔ဆိုင္းဆိုင္း႐ွိေနတဲ့ ျခံ၀န္းႀကီးထဲ ျခံအတြင္းပိုင္းကိုေတာ့ ေသခ်ာမျမင္ရေပမယ့္လည္း အေတာ္ေလး က်ယ္၀န္းသည္။

အိမ္နဲ႔ျခံႀကီးကို ေငးမိေနတုန္း ျခံေ႐ွ႕မွာ ဗညားထြဋ္ေခါင္နဲ႔ လူႏွစ္ေယာက္ တြန္းလားထိုးလားျဖစ္ေနတာျမင္မွ သတိ၀င္ကာ အနားကို ေျပးသြားရ၏။

"မင္း မေန႔ကေရာက္လာတဲ့ေကာင္ပဲ မလား"

"ဟုတ္တယ္ ရာဇာ၊ ဒီေကာင္ပဲ .. "

ခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔ စတိုင္ပန္အနက္ကိုယ္စီ၀တ္ထားတဲ့ လူႏွစ္ေယာက္က သူတို႔အခ်င္းခ်င္းေျပာေနရာမွ ကတုံးဆံပင္နဲ႔တစ္ေယာက္က ဗညားထြဋ္ေခါင္ပုခုံးကို ေဆာင့္တြန္းသည္။

"မင္းကို မေန႔ထဲက အိမ္မွားေနရင္ ေအးေဆးျပန္ဖို႔ေျပာၿပီးၿပီေနာ္၊ ဒီေနရာကို ဘာထင္ေနလဲ"

"ဘာ .. ခင္ဗ်ား ဘယ္လိုေလသံနဲ႔ေျပာလိုက္တာလဲ"

ဗညားထြဋ္ေခါင္က ထိုလူ႕ ရင္ဘတ္ အက်ႌစကို ေဆာင့္ဆြဲကာ ထိုးဖို႔ျပင္ေပမယ့္ ကိုယ္ခႏၶာေတာင့္ေတာင့္နဲ႔ သန္မာပုံရတဲ့ ထိုလူေၾကာင့္ ဗညားထြဋ္ေခါင္ႀကိဳးစားမႈက အရာမေရာက္။ ထိုလူရဲ႕ တစ္ခ်က္တြန္းလိုက္တဲ့ အားနဲ႔ ဗညားထြဋ္ေခါင္တစ္ေယာက္ ပိုင္ခန္႔ကို ေဘးနားထိ ယိုင္က်လာသည္။ ေဒါသနဲ႔ ေနာက္တစ္ႀကိမ္ အနားကိုျပန္သြားဖို႔ ျပင္တဲ့ ဗညားထြဋ္ေခါင္ကို ျပန္ဆြဲထားလိုက္ရသည္။

"အိမ္မွားတယ္ဆိုလည္း ေအးေဆးေျပာၾကေလဗ်ာ"

"မင္းေကာင္က စၿပီး လက္ပါတာေလ၊ ျပႆနာမတက္ခ်င္ရင္ ျပန္ေခၚသြားလိုက္ေတာ့"

တစ္ေယာက္ခ်င္းထိုးၾကမယ္ဆိုရင္ေတာင္ မႏိုင္ေလာက္တဲ့အေနအထားျဖစ္ရတဲ့အထဲ၊ သူမ်ားအိမ္ေ႐ွ႕ႀကီးမွာ ျဖစ္ေနတာေၾကာင့္ ပိုင္ခန္႔ကို ဘာမွ ဆက္မေျပာေတာ့ဘဲ ဗညားထြဋ္ေခါင္ကိုသာ ျပန္ဖို႔ ေခၚရေတာ့သည္။

"သူမ်ားအိမ္ေ႐ွ႕ႀကီးမွာ ျပႆနာျဖစ္ရင္မေကာင္းဘူး၊ လာ .. သြားရေအာင္"

ဗညားထြဋ္ေခါင္က ဟိုလူႏွစ္ေယာက္ကို မေက်မနပ္ၾကည့္ကာ ပိုင္ခန္႔ကို ေခၚတဲ့ေနာက္ကို ပါလာသည္။

"ဘာျပႆနာသြား႐ွာျပန္တာလဲ၊ မင္း အိမ္ကို မမွတ္မိဘူးလား"

"အဲ့ဒါ ငါ့အိမ္ပဲေလ"

"ဟာ .. မင္းအိမ္ဆို ဒီလိုေတြျဖစ္မလား၊ အိမ္မွားေနတယ္လို႔ ဟိုလူေတြေျပာေနတာ မင္းမၾကားဘူးလား"

ဗညားထြဋ္ေခါင္ တစ္ခ်က္ၿငိမ္သြားၿပီး လူသြားလမ္းေဘးက ပလက္ေဖာင္းလိုလုပ္ထားတဲ့ ေဘာင္ေပၚ ထိုင္ခ်လိုက္သည္။

"ငါ မင္းကို ဘယ္လို နား‌လည္ေအာင္ ေျပာျပရမလဲ မသိေတာ့ဘူး"

"ေအး .. ငါ နားလည္း မလည္ေတာ့ဘူး၊ အလုပ္လည္း ေနာက္က်ေနၿပီ၊ မင္း အခု ဘာလုပ္မွာလဲ ေျပာ"

"ဘာလုပ္ရမွန္းကို မသိပါဘူးဆို၊ မင္းက တမ်ိဳး"

"မင္းက ငါ့ကို ျပန္လာေအာ္ေနေသးတာလား၊ ငါ အခု အလုပ္သြားရေတာ့မွာ အားေနတာမဟုတ္ဘူး၊ မင္း ဟာမင္း ဘာျဖစ္လို႔ျဖစ္မွန္းလဲ မသိတာကို ငါ့ေၾကာင့္ဆိုၿပီး အာ႐ုံလိုက္ေနာက္ေနတာပဲ"

"မင္းကမွ အာ႐ုံေနာက္ေနတာ"

"ေအး .. အဲ့ဒါဆိုလည္း မင္းဟာမင္းသာ ေနခဲ့ေတာ့"

ထိုင္ေနရာကေန တစ္ခြန္းမက်န္ျပန္ေအာ္ေနတဲ့ေကာင္ကို ၾကည့္ကာ ပိုင္ခန္႔ကို လွည့္ထြက္လာခဲ့လိုက္သည္။ ဒီေလာက္ထိ ျပန္လုပ္ေပးၿပီးၿပီပဲ။ ေတာ္ၿပီေပါ့။

.............................................................................................






Continuă lectura

O să-ți placă și

1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
42.5K 2.1K 24
အချစ်သည် ရွက်ကြွေနှောင်းဟုအမည်ရသည့်ရွာငယ်လေးမှအစတည်၍...
576K 31K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.1M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...