Unicode
အမေနဲ့ စကားပြောကြည့်ဖို့ Cheol ကြိုးစားပေမဲ့ တမင်တကာ ရှောင်ဖယ်နေသူကြောင့် မဆိုသလောက် စိတ်ဆိုးမိရသည်။ ကြားထဲ Mid-term က မနက်ဖြန်ပင်။ သူတို့အထက်တန်း ဒုတိယနှစ်တွေအတွက် နှစ်လယ်စာမေးပွဲဟာ သိပ်ကိုအရေးပါလှပါသည်။ ကျောင်းသားတွေရဲ့ Mid-term အမှတ်တွေက တစ်နှစ်လုံးဂရိတ်တင်ကို ဆုံးဖြတ်ပေးသွားမှာမို့ လျော့တွက်လို့တော့မရ။ Cheol က အမေ့ကို စာမေးပွဲပြီးမှ စကားပြောကြည့်ရမလား စဉ်းစားပေမဲ့ နားရက်သိပ်မရတဲ့ အမေဖြစ်သူကြောင့် ထိုအတွေးကို ပယ်ဖျက်ခဲ့ရသည်။ Cheol အခု အမေ့ အခန်းတံခါးဝမှာ ရစ်သီရစ်သီဖြင့်။ တံခါးခေါက်ရမလား၊ လာရာလမ်းအတိုင်း လှည့်ပြန်ရမလား အတွေးတွေများနေခဲ့သည်။ သို့သော် စိတ်မြန်လက်မြန် Cheol က သက်ရှိုက်ပြင်းတစ်ခုချလိုက်ပြီး တံခါးကို နှစ်ဆင့်ခေါက်လိုက်သည်။ သူ လေပူတွေကို လွှတ်ထုတ်နေမိသည်။ ထိုနေ့ပြီးကတည်းက အမေနဲ့ စကားမပြောဖြစ်တာ သုံးရက်ရှိလေပြီ။ ခေတ္တအကြာ အခန်းတံခါးပွင့်လာပြီး Cheol မျက်နှာကိုမကြည့်ဘဲ အခန်းထဲပြန်ဝင်သွားသည်။ တံခါးကိုတော့ ဖွင့်လျက်သား ထားခဲ့သည်။ ဝင်လာချင် ဝင်လာလို့ ရသည် ဆိုသည့် အဓိပ္ပာယ်ဖြင့်။
"အမေ"
Cheol လေသံက အနည်းငယ်မျှ စိတ်ဆိုးဟန် ပေါက်နေပါလိမ့်မည်။ Choi Nam Ra က
"သား အခုပြောမဲ့အကြောင်းအတွက် အမေ့အနေနဲ့ တိတိပပပြောပြီးသားနော်"
Laptop ဆီသာ အကြည့်ရောက်နေသည့် Choi Nam Ra က သားဖြစ်သူကို ထိုသို့ဆိုလေသည်။ Cheol က ခေါင်းခါကာ အမေ့ဆီသွားလိုက်ရင်း
"အမေကလည်း ကျွန်တော့်ကိုရွေးချယ်ခွင့်ပေးသင့်တယ်မလား"
"အမေ့ဘက်ကလည်း လွတ်လပ်စွာ ငြင်းငယ်ခွင့်ရှိတယ်မလား"
သူ့လေသံအတိုင်း တစ်ထေရာတည်းပြောလာသည့် သူမ,ကို Cheol မယုံကြည်နိုင်စွာ ကြည့်မိသည်။ သူ အမေ့ကို နားမလည်ခြင်းမဟုတ်ပါ၊ နားလည်ပါသည်။ အမေရခဲ့သည့် ဒဏ်ရာတွေအတွက်လည်း အဖေဖြစ်သူကို နာကျည်းမိပါသည်။ သို့သော် အဖေနှင့် သူမှာ တူညီမနေသည့် လူသားနှစ်ယောက်။ အဖေဖြစ်သူက အမေ့နှလုံးသားကို ချနင်းပြီး ယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့သည် ဆိုတာ ခွင့်လွှတ်နိုင်ဖွယ် မရှိသည့် လုပ်ရပ်တစ်ခု။ သို့သော် Cheol မှာ သူ့နှလုံးသားတစ်ခုလုံးကို Jeonghan ဆီသာပေးအပ်ခဲ့တာ။ မည်သူ့ကိုမှ စိတ်ကစားဖူးတာမရှိသလို ရင်ခုန်ခြင်းတွေက Jeonghan ဆီမှာ မွေ့လျော်နေခြင်းသာ။ အမေ့အနေနဲ့ Jeonghan အပေါ်ထားတဲ့ Cheol ရဲ့ သစ္စာရှိမှုတွေကို မြင်ပေးစေချင်ပါသည်။ အဖေဖြစ်သူနဲ့ Cheol ဟာ မည်သည့်နေရာမှာမှ တူညီနေခြင်းမရှိတာကို အမေနားလည်ပေးစေချင်ပါသည်။
"ဆိုးလ်ကပြောင်းလာတာနဲ့ အထီးကျန်ခြင်းတွေအကုန်လုံးကို Jeonghan က ဖျောက်ဖျက်ပေးခဲ့တာ အမေ။ Jeonghan နဲ့ ကျွန်တော့်ကို အမေ့ဘက်က ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မဲ့နေ့ကို စောင့်ပါမယ်။ အမေယုံအောင်လည်း ကျွန်တော်တို့နှစ်ယောက် သက်သေပြပါ့မယ်။ ကျွန်တော် အမေ့စိတ်ကို သေချာပေါက်နားလည်ပါတယ်။ ဒါပေမဲ့လေ ကျွန်တော် အဖေ့ကို မြင်ဖူးခဲ့ခြင်းမရှိဘူး။ ကျွန်တော့် ငယ်ဘဝက အမေနဲ့ပဲ ဖြတ်သန်းခဲ့ဖူးတာမို့ အမေ့ကိုပဲ ကျွန်တော် ခိုကိုးရာတစ်ခုအနေနဲ့ မြင်တယ်"
"အဲ့တာတောင် အမေ့ကို စိတ်ထိခိုက်စေမဲ့ လမ်းကို သားရွေးမှာလား"
သူ့စကားမဆုံးခင် ဖြတ်ပြောလာသည့် အမေ့စကားလုံးတွေက Cheol ရင်ကို အရှင်လတ်လတ်ခွဲနေသလို။ သူ အမေ့ကို ချစ်ပါသည်။ ထုတ်မပြတတ်၍ ထုတ်မပြခဲ့ခြင်းသာ။ အမေ့မျက်လုံးထဲမှာ သူဟာ သားဆိုး တစ်ယောက်အနေနဲ့ ရှိနေခဲ့တာလား။ Cheol တွေးရင်း နာကျင်ရသည်။ သူနဲ့ အမေရဲ့ ဆက်ဆံရေးဟာ ဘယ်အချိန်များမှ ပြေလည်မှာပါလဲ။
"အမေ ကျွန်တော့်ကို မုန်းလား"
Choi Nam Ra က ဆိတ်ငြိမ်စွာဖြင့် ခေါင်းခါသည်။ ယင်းနောက်
" Cheol သားငယ်လေး၊ သားကို မုန်းမဲ့အစား အမေ့မီးတွင်းထဲပဲ ခုန်ချပစ်လိုက်မယ်။ တကယ်လို့ သားပျော်မယ်ဆို...အင်း ပျော်မယ်ဆို သားရွေးချယ်လိုက်ပါ"
အမေ့လေသံက ဖျော့တော့တော့နဲ့မို့ Cheol စိတ်တိုင်းမကျပေ။ အမေ့ဘက်က တစ်ထစ်လျော့ပေးလိုက်ပြီး လက်ခံပေးတာထက် လိုလိုလားလား လက်ခံပေးတာကို သူလိုချင်မိတာပါ။ လောဘကြီးမိတာသိပေမဲ့ အမေ့ရဲ့ အခုလိုစိတ်မျိုးနဲ့ Jeonghan ကို ပေးမတွေ့စေချင်။ အမေ့ရဲ့ မေတ္တာတစ်လုံးတစ်ဝကို သူကိုယ်၌ထက် Jeonghan ကိုသာ ရစေချင်တာ။ အမေ့ရဲ့ အချစ်တွေကို သူနဲ့ Jeonghan ပြိုင်လုရင်း ရယ်မောချင်မိတာ။ Cheol လိုချင်တာ သည်လို အခြေအမြစ်မရှိသည့် ဘဝမျိုးပါ။
"အမေ...စောင့်ကြည့်အုံးမယ်ဆိုလည်း ရပါတယ်"
"အင်း...အမေက သားတို့အရွယ်ကနေ ကြီးလာခဲ့တာဆိုတော့ သားတို့ရဲ့စိတ်ကိုသိပါတယ်။ စိတ်ကစားတယ်လို့ အမေမပြောချင်ပေမဲ့ ငယ်ရွယ်ကြသေးတာမို့ ကတောက်ကဆတွေဖြစ်တဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ အမေ စောင့်ကြည့်ချင်သေးတယ်။ အမေ လုံးလုံး လက်ခံတာမဟုတ်ဘူးသား၊ သားပျော်မဲ့လမ်းကို အမေလိုက်လျှောက်လှမ်းပေးတာ"
"စိတ်ချ၊ အမေ့ဘက်က မျက်စိမှိတ်ယုံနိုင်တဲ့အထိ သက်သေပြမယ်"
အပြုံးတစ်ခုနဲ့ ပြောလိုက်တော့ အမေက Cheol ပါးကို လှမ်းဆွဲကာ
"Jeonghan မိဘတွေကရော"
"အမေရယ် ဖြည်းဖြည်းချင်းသွားတာပေါ့နော့်"
Cheol စကားကိုလည်းကြားတော့ Choi Nam Ra က မျက်စောင်းတစ်ခုထိုးကာ ဆွဲထားသည့်ပါးကို နာနာလေး ထပ်၍ လိမ်ဆွဲပစ်လိုက်ရင်း
"ဒီအမေကိုကျ အလျင်တွေလိုပြီး ကျွန်တော့်ကို မုန်းလား ဘာလားနဲ့ ဒရာမာတွေခင်းနေတာ၊ အခုကျ ဖြည်းဖြည်းချင်းသွားမယ်တဲ့ တရားချက်ကြီးပါတော်"
"အ အမေ့ နာတယ်"
Cheol အော်ပြောတော့ အမေက ထပ်မဆွဲတော့။ အလုပ်လုပ်စရာရှိသေးလို့ သွားတော့ဖို့ ပြောသည်။ သူလည်း အမေ့ကို နှုတ်ဆက်ရင်း အခန်းထဲကထွက်လာလိုက်သည်။ Cheol ရင်ထဲ သိပ်ကိုမှ ပျော်နေပါသည်။ အမေ့ကို အတင်းအကြပ်ကြီး မချုပ်ကိုင်ချင်ပေမဲ့ သည်အမေ၏အကြောင်းကို သည်သားကပဲ ပိုလို့ သိတာမို့ အနည်းငယ်မျှ အကြောတင်းပေးလိုက်ခြင်းသာ။
အမေက သူ့ကိုပျော်ရွှင်စေ၍အလို့ငှာ စိတ်လျော့ပေးလိုက်မှန်း သိတာကြောင့် Cheol စိတ်ထဲမှ တိုးတိုးကလေး ကျေးဇူးတင်မိပါသည်။ သူ့ခြေလှမ်းတွေက ပေါ့ပါးနေကာ Jeonghan တို့အိမ်ဘက်ကို သွားဖို့ ပြင်လိုက်သည်။ သည်လို ပျော်ရွှင်ဖွယ် အကြောင်းအရာကို ချစ်သူလေးဆီ မျှဝေရမှာပေါ့။ Jeonghan သိရင် ဘယ်လောက်တောင် ကြည်နူးသွားလိမ့်မလဲ။ လွန်ခဲ့တဲ့ ရက်တွေက ငိုကြီးချက်မဖြင့် အန်တီများစိတ်ဆိုးသွားမလား၊ အန်တီလက်မခံရင် ဘယ်လိုလုပ်မလဲ နဲ့ Jeonghan တစ်ယောက် လျှောက်တွေးနေခဲ့တာ။ Cheol တွေးရင်း ပြုံးမိပါသည်။
//
တစ်ဖက်မှာလည်း Choi Nam Ra တစ်ယောက် အခန်းထဲမှ အပူလုံးကြီးကျသွားဟန် ထွက်သွားသည့် သားဖြစ်သူ နောက်ကျောကိုငေးရင်း သက်ပြင်းချမိပါသည်။ သားတို့ကျောင်းမှာ စာမေးပွဲလည်းနီးနေပြီဖြစ်တာမို့ သားဖြစ်သူကို စိတ်မဆင်းရဲစေချင်။ သည်ကိစ္စကို သူမ,အဆုံးထိ ငြင်းပယ်ဖို့ ဆုံးဖြတ်ထားပေမဲ့ သူမအပေါ် မျှော်လင့်ချက်ရောင်ခြည်လေးသန်းနေသည့် သားဖြစ်သူအား သူမ,မရက်စက်ချင်။ ဥစ္စာပစ္စည်းမှန်သမျှကို ဖြည့်ဆည်းနိုင်စွမ်းရှိပေမဲ့ သည်သားလေးအပြုံးတွေ တောက်ပဖို့ရာ သူမ,မမွန်းမံနိုင်ခဲ့။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမေတစ်ယောက်တာဝန်ကို ထမ်းဆောင်ရသည့် သူမအနေဖြင့် ကလေးတစ်ယောက်ကို သင်ကြားပဲ့ပြင်ပေးဖို့ရာ မတတ်သာခဲ့သည်မှာ အမှန်ပင်။ တစ်ဦးတည်းသောသားလေးရဲ့ အနာဂတ် ဖြောင့်ဖြူးဖို့အတွက်သာ အလုပ်တွေကြိုးစားလုပ်ခဲ့တာ။ ထို့ကြောင့်လည်း Cheol မှာ မိခင်မေတ္တာ ငတ်မွတ်နေသည်ကို မရိပ်မိခဲ့။ ရိပ်မိခဲ့သည့် အချိန်ရောက်တော့ သားဖြစ်သူက သူမလောင်းရိပ်ကနေ စွန့်ခွာခဲ့ချိန်။
တခြားသောတစ်ယောက်ဆီက ပျော်ရွှင်မှုတွေ တဆင့်သောက်သုံးနေသည့် သားဖြစ်သူအပေါ် သူမ အားနာရသည်။ အမေဖြစ်ရက်နဲ့ သားတစ်ယောက်လုံးလုံး ပျော်ရွှင်ကြည်နူးအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် အားမလိုအားမရ ဖြစ်ခဲ့သည်။ သူမ သိပါသည်၊ Cheol အဖေနဲ့ Cheol မှာ မည်သို့မျှ ပတ်သတ်ခြင်းမရှိသည်ကို။ ထို့ကြောင့်လည်း နာကျင်ခဲ့ရခြင်းတွေအပေါ် သားဖြစ်သူထံ ပုံမချရက်ခဲ့။ သည်ရက်တွေထဲ သူမ အတွေးများနေခဲ့ရသည်။ ငယ်ရွယ်သည့် ကလေးငယ်နှစ်ယောက်က လောကဓံ၏ တိုက်ခိုက်မှုအလီလီကို တွန်းလှန်နိုင်ပါ့မလား၊ ပတ်ဝန်းကျင်၏ ပါးစပ်ဖျားကို လျစ်လျူရှုနိုင်ပါ့မလား မေးခွန်းတွေများနေရသည်။ ထို့နောက် သားဖြစ်သူ၏ "အမေ့ကိုပဲ ကျွန်တော် ခိုကိုးရာတစ်ခုအနေနဲ့ မြင်တယ်" ဆိုသည့် စကားကြောင့် ရင်ထဲလှိုက်ဖိုကြည်နူးခဲ့ရတာ။ ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ သည်ကလေးရဲ့ ဆုံးဖြတ်ချက်ကို သူမ,မှ မဝန်းရံပေးရင် အမေတစ်ယောက်မှ ပီသပါ့မလား တွေးမိခဲ့သည်။
သည်ကလေးနှစ်ယောက်ဆီ ဘယ်လို အတိုက်အခိုက်တွေပဲ ရှိလာပါစေ၊ သူမအနေနဲ့ ရှေ့ဆုံးက ရပ်တည်ပေးမည်ဟု သန္နဌာန်ချမိသည်။ ဤသည်မှာ Cheol နှင့် Cheol ချစ်မြတ်နိုးသည့် ထိုကလေး တို့ အနာဂတ် ဝင်းပစေရန်ဖြစ်သည်။ မိခင်တစ်ယောက်အနေနဲ့ လုပ်ပေးနိုင်စွမ်းရှိသည်အထိ သူမ,လုပ်ပေးသွားပါမည်။ ကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းတွေသာ အမှန်ဆိုလျှင်ပေါ့...။
//
"Jeonghan ရေ Seungcheol လေး လာတယ်"
အောက်ထပ်မှ အမေ့အသံကြောင့် Jeonghan အလောတကြီး ပြေးဆင်းမိသည်။ တွေ့လိုက်ရပါပြီ၊ မျှော်လင့်နေတဲ့ ချစ်ခြင်းမေတ္တာလေး။ Yoon Suri က နောက်ဖေးသို့သွားကာ လုပ်လတ်စ ကင်မ်ချီသိပ်နေသည်။ Cheol က Jeonghan လက်ကို ဆွဲချကာ သူနဲ့တူတူထိုင်စေရင်း
"ပြောစရာရှိ Jeonghan"
"ပြော"
"အခန်းထဲသွားမယ်"
"မသွားခင် အမေက မင်းစားဖို့ဘာလုပ်ပေးနေလဲမသိဘူး၊ သွားပြောလိုက်အုံး"
Cheol ခေါင်းညိတ်ပြလိုက်ကာ နောက်ဖေးကို လိုက်သွားလိုက်သည်။ Yoon Suri က Cheol ကိုလည်းတွေ့ရော Kimbap လှီးကျွေးသည်။ Cheol တွေးမိပါသည်။ သူ့ကို သားအရင်းကဲ့သို့ ချစ်ခင်သည့် Jeonghan အမေကို သူတို့အကြောင်းသာ ပြောပြလိုက်လျှင် လွယ်လင့်တကူ လက်ခံပါ့မလားဟု။ သို့သော် ထိုသို့မကောင်းသည့် အတွေးကို ခေါင်းယမ်း၍ ဖျောက်ဖျက်လိုက်ပြီး Kimbap ပန်းကန်ကို ယူကာ Jeonghan အခန်းထဲ အပြေးသွားမိသည်။
"ဘာပြောမှာလဲ Cheol ၊ အန်တီနဲ့ စကားပြောကြည့်ပြီးပြီလား"
Jeonghan က သူသိလိုသည်ကို အလျင်စလိုမေးသည်။ Cheol က Jeonghan စိတ်ကိုမရှည်ရှည်အောင် စွလိုသည့်အတွက် ပါးစပ်ထဲက Kimbap ကို ဖြည်းညင်းစွာ ဝါးနေမိသည်။ ကုတင်ပေါ်က Jeonghan မှာ ချက်ချင်းပြေးဆင်းလာပြီး Cheol လက်မောင်းကို သုံးချက်ဆင့်ရိုက်လိုက်ရင်း
"မြန်မြန်ပြောကွာ"
"နမ်း"
Cheol က နှုတ်ခမ်းထော်ပြတော့ Jeonghan က မျက်နှာရှုံ့ကာ ထိုနှုတ်ခမ်းကို လက်ညှိုးထိုးပြလိုက်ရင်း
"မင်းပါးစပ်က ပေနေတာ မနမ်းချင်"
"ပြီးရောလေ၊ မနမ်းရင် မပြောဘူး"
"မင်းကွာ၊ တအားဆိုးတယ်ကွာ"
"နမ်းပါ၊ ငါ တအားလွမ်းနေတာ"
သနားစဖွယ်လေသံကို မသနားနိုင်ဘဲ ထိုနှုတ်ခမ်းဆူဆူကို ပြီး,ပြီးရော ထိသည်ဆိုရုံမျှ နမ်းလိုက်မိသည်။ Cheol က မနှစ်မြို့သလို မျက်မှောင်တွေကို ကြုံ့လိုက်ကာ Jeonghan ခါးသိမ်သိမ်ကို ကျစ်ကျစ်ပါအောင် တွယ်ဖက်လိုက်ပြီး နှုတ်ခမ်းတို့ဆီ နယ်ချဲ့လာသည်။ Jeonghan ကလည်း စနမ်းလာသည့် Cheol ရဲ့ ဆွဲဆောင်မှုကို မသွေဖြည်နိုင်ဘဲ Cheol ဂုတ်ပိုးဆီ လက်နှစ်ဖက် တွယ်ချိတ်မိသည်။ Cheol က Jeonghan အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်သည်။ Jeonghan မငြင်းလိုက်မိ။ Cheol ဘက်က ပေးလာတဲ့ ချစ်ခြင်းသင်္ကေတတွေကို သူကိုယ်၌က ပျော်မွေ့နေခဲ့သည်လေ။ ခပ်တင်းတင်း နမ်းရှိုက်မှုတွေက တဖြည်းဖြည်း မြန်ဆန်လာသည်။ သွေးကြောတွေကအစ တဒိတ်ဒိတ် ယမ်းခါလောက်အောင် Cheol က အန္တရာယ်များလှပါသည်။
"Cheol တော်ပြီ"
Jeonghan သာ ရပ်ဖို့ မပြောရင် အဓိကပြောရမည့် အကြောင်းအရာကိုတောင် Cheol တစ်ယောက် မေ့လျော့သွားနိုင်ပါသည်။
"အမေက"
Jeonghan မျက်ဝန်းတို့ ဝိုင်းစက်သွားကာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
"အင်း...အမေက"
Cheol လေသံအတိုင်း သံယောင်လိုက်မိတော့ Cheol က ခပ်ဟဟ ရယ်ကာ
"စောင့်ကြည့်မယ်တဲ့၊ တကယ်တမ်းအဲ့တာ လက်ခံတယ်လို့ပြောတာ"
"Cheol တကယ်ကြီးလား"
"အင်း တကယ်"
Jeonghan ဝမ်းသာလုံးဆို့သွားသည်။ လက်မခံနိုင်ဘူးဆိုတာထက် စောင့်ကြည့်မည်ဆိုသည့် အဖြေက ပိုလို့စိတ်ချရသည်မလား။ အပြုံးရိပ်တွေ သိသိသာသာ သမ်းနေသူကို Cheol မြတ်နိုးစွာကြည့်မိရင်း
"ငါမပြောခဲ့ဘူးလား၊ မင်းကိုငါ မရ,ရအောင် ယူမှာပါလို့"
Jeonghan ကိုခါးကနေ ပွေ့ချီရင်း Cheol ပြောမိသည်။Jeonghan ကရယ်ကာ Cheol နားရွက်ကို ဖွဖွကိုက်လိုက်ရင်း
"အန်တီနဲ့ စကားပြောကြည့်ရင်း ရန်တော့မများခဲ့ဘူးမလား"
Cheol က အားပါပါဖြင့် ခေါင်းယမ်းပြလိုက်မိသည်။
"မများခဲ့ဘူး အချစ်လေး စိတ်ချ"
"ငါလည်း အမေနဲ့အဖေ လက်ခံလာအောင် ကြိုးစားကြည့်ပါ့မယ်"
Jeonghan က Cheol လက်ဖဝါးကို အုပ်မိုးရင်း ခပ်တွေတွေကလေးဆိုသည်။ Cheol အနေနဲ့ Jeonghan ကို ကျဉ်းထဲကြပ်ထဲ မရောက်စေချင်ပါ။ ငါ့မိဘက ခွင့်ပြုတယ်၊ မင်းမိဘလည်း ခွင့်ပြုရမယ် ဆိုတဲ့ စိတ်မျိုး Cheol မှာ လုံးဝမရှိပေ။ Jeonghan ကို လွတ်လပ်စွာပဲ နေစေချင်ပါသည်။ ဤသို့နှယ် Jeonghan ရင်ထဲလေးလံနေလျှင် Cheol စိတ်မကောင်းဖြစ်ရလွန်းလို့ ရူးရချေလိမ့်မည်။ သူ့အတွက် Jeonghan က ပျော်ရွှင်စရာနဲ့ ကြည်နူးစရာတွေသာ ပေါင်းစပ်ထားတဲ့ အားဆေးတစ်ခွက်။ သည်အားဆေးလေး အားငယ်နေမှာ သူဘယ်ကြည့်ရက်မှာလဲ။ သေတစ်ဖန် သက်တစ်ဆုံး ရည်ရွယ်ထားတဲ့ ချစ်ခြင်းမှာ Jeonghan ကို အပြုံးတွေနဲ့ ထွေးပွေ့ထားချစ်တာပါ။
"Jeonghan ငါတို့ အချိန်ယူလို့ရတာပဲ"
"Cheol ငါလေ...အမေတို့ လက်မခံရင် ဆိုပြီး အမြဲတွေးမိတယ်။ စိတ်တော့မဆိုးနဲ့နော်၊ ငါမနေ့ညက မင်းကို လွမ်းလို့ရော၊ မရေရာတဲ့ အနာဂတ်အတွက်ကော တွေးရင်း ငိုမိတယ်"
" မင်းပြိုလဲချင်တဲ့အခါမျိုးမှာ ငါ့ဆီလာလို့ရရက်နဲ့။ တစ်ယောက်တည်း လျှောက်ပြီး မတွေးပါနဲ့ကွာ။ ငါတို့တွေဘက်ကလည်း မိဘတွေ ယုံအောင် သက်သေပြလိုက်ရတာပေါ့။ လူကြီးတွေက ငါတို့လူငယ်တွေ အချစ်ကို ပေါ့သေးသေးထင်နေတာ"
အစပိုင်းတော့ စကားလုံးတွေက အတည်ပေါက်ဖြစ်နေပြီး နောက်ဆုံးမှ ထပ်ဖောက်သည့် Cheol ကြောင့် Jeonghan ရယ်လိုက်မိသည်။ Cheol က ကုတင်ပေါ် တက်လှဲချင်ပေမဲ့ ပွလန်ကျဲထားသည့် စာအုပ်တွေကြောင့် မျက်မှောင်ကြုံ့မိကာ
"မင်းဒီလို စည်းကမ်းရှိပုံမျိုးနဲ့ စာတော့ရပါလိမ့်မယ် Jeonghan "
" Cheol နော် မင်းကျတော့ ဘယ်လောက်တော်နေလို့လဲ"
"မင်းထက်စာရင်တော့ ငါစာပိုရပါတယ်နော်"
Cheol စကားက မှန်နေတာကြောင့် Jeonghan မျက်စောင်းထိုးရုံကလွဲ ဘာမှ ခွန်းတုံ့မပြန်နိုင်ခဲ့။ Cheol က ကုတင်ပေါ်က စာအုပ်တွေကို ရှင်းပေးနေသည်။ Jeonghan မတ်တပ်ကလေးပဲ ငေးနေမိပါသည်။ ဆယ်ကျော်သက်ဘဝ အချစ်ဆိုတာကို မရှာပါဘဲ သူတွေ့ရှိခဲ့ရတယ်။ သူ့မျက်စိရှေ့မှာ လှုပ်ရှားနေတဲ့ ပုံရိပ်ကလေးကို ရနိုင်သမျှ ရယူချင်မိပါရဲ့။ ပေးဆပ်နိုင်သမျှ ပေးဆပ်ချင်မိပါရဲ့။ Jeonghan ရဲ့ ယုံကြည်မှုတွေက Cheol နှုတ်ခမ်းဖျားကနေ မြစ်ဖျားခံတယ်။ Cheol ပြောသမျှကို ခေါင်းညိတ်မယ်၊ ထောက်ခံမယ်။ Cheol ခြေရာအတိုင်း လိုက်လျှောက်လှမ်းပါ့မယ်။ ပထမဆုံး ရင်ဝယ်ပိုက်ခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ ပျောက်ပျက်သွားခြင်းရှိမှာမဟုတ် ဟု တွေးရင်း သူ့မြတ်နိုးရတဲ့ ထိုပုံရိပ်ကလေးရဲ့ နောက်ကျောကို ဖက်တွယ်ရင်း မှီနေမိတယ်။
"Jeonghan"
"ဟင်"
"ဒီဘက်လာ"
နောက်ဘက်ကနေ ခါးကို သွယ်ဝိုက်ဖက်ထားသည့် Jeonghan လက်အား Cheol က ဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင်စေသည်။ ထို့နောက် ပါးချိုင့်တွေ ပေါ်အောင် နှစ်လိုဖွယ်ပြုံးရင်း
"မနက်ဖြန်စာမေးပွဲမှာ စာမကြည့်ချင်တော့ဘဲ မင်းကိုပဲ ကြည့်ချင်တော့တယ်"
"အင်း...ငါကလည်း မင်းကြည့်တာ ခံချင်တယ်"
Cheol က ဟက်ဟက်ပက်ပက်ရယ်ကာ
"အေး အဲ့မှာ နှစ်ယောက်လုံး စာမေးပွဲကျလို့၊ အမေက လက်မခံတော့မှ ဟုတ်ပေ့ ဖြစ်နေမယ်"
Cheol က စနောက်လိုက်ခြင်း သက်သက်သာဖြစ်သော်လည်း Jeonghan က ဝမ်းနည်းသွားကာ ချက်ချင်းပင် Bio engineering စာအုပ်က မှတ်စုတွေကို အလွတ်မှတ်နေသည်။ Cheol က သူစတာလွန်သွားမှန်း သိသော်လည်း အပျင်းထူသည့် Jeonghan က စာကျက်နေတာ မြင်ရတော့ သည်တိုင်းသာ လွှတ်ထားလိုက်ရင်း
"စာတူတူလုပ်ရအောင်"
Jeonghan က ခေါင်းညိတ်သည်။ ထိုသို့နှယ် စာလုပ်သည်လော၊ အချင်းချင်း ကလူကျီစယ်သည်လော မသဲကွဲသည့် အခြေအနေသို့ ရောက်သွားကြသည်။ Jeonghan ကတော့ ချစ်ရိပ်မွှန်နေသည်မို့ ဖုန်းထဲဝင်နေသည့် စာတွေကို ဂရုမစိုက်မိ။ သူ့ဖုန်းထဲဝင်နေသည့် စာတွေမှာ သူငယ်ချင်းတစ်သိုက်စီက ဖြစ်ကာ
"Seokmin အိမ်မှာ ငါတို့ စာစုကျက်မလို့၊ လာပါလား။ Seokmin အမေက BimBimBap (ထမင်းသုပ်) လုပ်ကျွေးတယ်ကွ"
"Jeonghan ငါ့အမေက မင်းကို မေးနေတာ လာပါလား"
"အိမ်မှာလူများနေတာ တစ်တန်းလုံး ရောက်ချလာလား အောင့်မေ့ရတယ်"
"မင်းလာမယ်ဆို မင်းချစ်ချစ်ပါ ခေါ်ခဲ့လေ ㅋㅋㅋ"
ဤသို့သော စာတွေကို Jeonghan တစ်ယောက် သတိမထားမိပါ။
//
မနေ့က Seokmin နဲ့ သူစကားပြောမိကြသည်။ Seokmin က Joshua ဘက်က အခုလိုငြိမ်ကုတ်နေခြင်းကို သဘောမကျဟု ဆိုသည်။ ထို့နောက် Joshua ဆန္ဒရှိပါက အရင်လို ပြန်နေလို့ ရပါသည်ဟု ထပ်၍ဆိုသည်။ Joshua ပျော်ရပါသည်။ ချစ်တဲ့သူ ကိုယ်၌က အနားမှာနေခွင့်ပေးနေသည်ကို Joshua မြတ်နိုးရပါ၏။ သို့သော် ယင်းမှာ သူငယ်ချင်းတစ်ယောက်လို နေရမည်မှန်းလည်း Joshua အတပ်သိပါသည်။ သို့ရာ Seokmin သူ့နာစမှာ မရှိသည့် အရင်နေ့ရက်တွေတုန်းက ခန္ဓာသာရှိပြီး စိတ်တွေ လွင့်မျောနေခဲ့တာ။ ထုတ်ပြခွင့်မရှိတဲ့ နာကျင်ခြင်းတွေအပေါ် အသားကျအောင် ကြိုးစားနေရပေမဲ့ အချည်းနှီး။ သူ့ဘဝရဲ့ ပျော်ရွှင်ခြင်း အသိုက်အမြုံက Seokmin ဆီသာ။ Seokmin သာ ပျော်နေရင် သူ့ဘက်က အရာအားလုံးအဆင်ပြေပါပြီ။ ခပ်ဝေးဝေးမှာ ချစ်နေရတာထက် အနားမှာရှိနေပြီး ဂရုစိုက်ပေးရသည်က ပိုလို့ ဝမ်းမြောက်ဖွယ် ကောင်းလှပါသည်။ Seokmin ဘက်က သူငယ်ချင်းသံယောဇဉ်ကလွဲ ဘာမှမပေးနိုင်ဘူးဆိုတာ အတိအကျပြောထားတာမို့ Joshua စောဒကမတက်တော့။ သည်တိုင်း တိတ်ဆိတ်စွာပဲ ချစ်ခြင်းနဲ့ မေတ္တာကို ရောစပ်ရင်း Seokmin ဆီ ပေးအပ်လိုက်တော့မည်သာ။
နှလုံးသားရဲ့ အပေါ်ယံ လူမြင်ကွင်း၌ သူငယ်ချင်းတစ်ယောက်လိုသာ ခင်မင်ပြီး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ချစ်ခြင်းတွေ ပြည့်နှက်ရင်းနဲ့ ထာဝရ နေသွားပါတော့မည်။
"Joshua ဒါရှင်းပြ"
Accounting ပုစ္ဆာတစ်ပုဒ်ကို မေးလာသည့် Seokmin အား ပြုံးပြရင်း စိတ်လိုလက်ရရှင်းပြမိသည်။ Seokmin အိမ်မှာ စာအတူကျက်ကြတဲ့ထဲ သူ့ကိုပါ အဖော်ညှိလာသည့် Seokmin က ယုယချင်စဖွယ်။
Joshua ရဲ့ ချစ်ခြင်းတွေကို မျက်ဝန်းထဲဝယ် အပြည့်တွေ့နိုင်ရက်နဲ့ တစ်စုံတစ်ယောက်ကတော့ လျစ်လျူရှုထားနိုင်တုန်းပါပဲ။ တစ်ချို့သော တစ်ဖက်သက် ချစ်ခြင်းတွေဟာ စစ်မှန်ရက်နဲ့ သတိထားခြင်း မခံခဲ့ရ။ ဤသည်မှာ Seokmin အပြစ်ဟုလည်း ဆိုနိုင်ဖွယ်မရှိ၊ သူ့ခံစားချက်ကို အမှန်အတိုင်း ဝန်ခံခဲ့ခြင်းအပေါ် ခပ်ငြိမ်ငြိမ်ကလေးသာ အားမလိုအားမရ ဖြစ်ရင်း Joshua ရဲ့ ငယ်ချစ်ပုံပြင်လေးကို သည်နေရာမှာပဲ ပိတ်ကားချလိုက်ပါတယ်။ ချစ်ခြင်းတို့ မှန်လျှင် ထာဝရ တည်မြဲပါစေ...
//
12: 17 PM
Mon 23, Oct
Lamin Pann Laung
//
Zawgyi
အေမနဲ႔ စကားေျပာၾကည့္ဖို႔ Cheol ႀကိဳးစားေပမဲ့ တမင္တကာ ေရွာင္ဖယ္ေနသူေၾကာင့္ မဆိုသေလာက္ စိတ္ဆိုးမိရသည္။ ၾကားထဲ Mid-term က မနက္ျဖန္ပင္။ သူတို႔အထက္တန္း ဒုတိယႏွစ္ေတြအတြက္ ႏွစ္လယ္စာေမးပြဲဟာ သိပ္ကိုအေရးပါလွပါသည္။ ေက်ာင္းသားေတြရဲ႕ Mid-term အမွတ္ေတြက တစ္ႏွစ္လုံးဂရိတ္တင္ကို ဆုံးျဖတ္ေပးသြားမွာမို႔ ေလ်ာ့တြက္လို႔ေတာ့မရ။ Cheol က အေမ့ကို စာေမးပြဲၿပီးမွ စကားေျပာၾကည့္ရမလား စဥ္းစားေပမဲ့ နားရက္သိပ္မရတဲ့ အေမျဖစ္သူေၾကာင့္ ထိုအေတြးကို ပယ္ဖ်က္ခဲ့ရသည္။ Cheol အခု အေမ့ အခန္းတံခါးဝမွာ ရစ္သီရစ္သီျဖင့္။ တံခါးေခါက္ရမလား၊ လာရာလမ္းအတိုင္း လွည့္ျပန္ရမလား အေတြးေတြမ်ားေနခဲ့သည္။ သို႔ေသာ္ စိတ္ျမန္လက္ျမန္ Cheol က သက္ရႈိက္ျပင္းတစ္ခုခ်လိုက္ၿပီး တံခါးကို ႏွစ္ဆင့္ေခါက္လိုက္သည္။ သူ ေလပူေတြကို လႊတ္ထုတ္ေနမိသည္။ ထိုေန႔ၿပီးကတည္းက အေမနဲ႔ စကားမေျပာျဖစ္တာ သုံးရက္ရွိေလၿပီ။ ေခတၱအၾကာ အခန္းတံခါးပြင့္လာၿပီး Cheol မ်က္ႏွာကိုမၾကည့္ဘဲ အခန္းထဲျပန္ဝင္သြားသည္။ တံခါးကိုေတာ့ ဖြင့္လ်က္သား ထားခဲ့သည္။ ဝင္လာခ်င္ ဝင္လာလို႔ ရသည္ ဆိုသည့္ အဓိပၸာယ္ျဖင့္။
"အေမ"
Cheol ေလသံက အနည္းငယ္မွ် စိတ္ဆိုးဟန္ ေပါက္ေနပါလိမ့္မည္။ Choi Nam Ra က
"သား အခုေျပာမဲ့အေၾကာင္းအတြက္ အေမ့အေနနဲ႔ တိတိပပေျပာၿပီးသားေနာ္"
Laptop ဆီသာ အၾကည့္ေရာက္ေနသည့္ Choi Nam Ra က သားျဖစ္သူကို ထိုသို႔ဆိုေလသည္။ Cheol က ေခါင္းခါကာ အေမ့ဆီသြားလိုက္ရင္း
"အေမကလည္း ကြၽန္ေတာ့္ကိုေ႐ြးခ်ယ္ခြင့္ေပးသင့္တယ္မလား"
"အေမ့ဘက္ကလည္း လြတ္လပ္စြာ ျငင္းငယ္ခြင့္ရွိတယ္မလား"
သူ႔ေလသံအတိုင္း တစ္ေထရာတည္းေျပာလာသည့္ သူမ,ကို Cheol မယုံၾကည္ႏိုင္စြာ ၾကည့္မိသည္။ သူ အေမ့ကို နားမလည္ျခင္းမဟုတ္ပါ၊ နားလည္ပါသည္။ အေမရခဲ့သည့္ ဒဏ္ရာေတြအတြက္လည္း အေဖျဖစ္သူကို နာက်ည္းမိပါသည္။ သို႔ေသာ္ အေဖႏွင့္ သူမွာ တူညီမေနသည့္ လူသားႏွစ္ေယာက္။ အေဖျဖစ္သူက အေမ့ႏွလုံးသားကို ခ်နင္းၿပီး ေယာက်္ားတစ္ေယာက္နဲ႔ ေဖာက္ျပန္ခဲ့သည္ ဆိုတာ ခြင့္လႊတ္ႏိုင္ဖြယ္ မရွိသည့္ လုပ္ရပ္တစ္ခု။ သို႔ေသာ္ Cheol မွာ သူ႔ႏွလုံးသားတစ္ခုလုံးကို Jeonghan ဆီသာေပးအပ္ခဲ့တာ။ မည္သူ႔ကိုမွ စိတ္ကစားဖူးတာမရွိသလို ရင္ခုန္ျခင္းေတြက Jeonghan ဆီမွာ ေမြ႕ေလ်ာ္ေနျခင္းသာ။ အေမ့အေနနဲ႔ Jeonghan အေပၚထားတဲ့ Cheol ရဲ႕ သစၥာရွိမႈေတြကို ျမင္ေပးေစခ်င္ပါသည္။ အေဖျဖစ္သူနဲ႔ Cheol ဟာ မည္သည့္ေနရာမွာမွ တူညီေနျခင္းမရွိတာကို အေမနားလည္ေပးေစခ်င္ပါသည္။
"ဆိုးလ္ကေျပာင္းလာတာနဲ႔ အထီးက်န္ျခင္းေတြအကုန္လုံးကို Jeonghan က ေဖ်ာက္ဖ်က္ေပးခဲ့တာ အေမ။ Jeonghan နဲ႔ ကြၽန္ေတာ့္ကို အေမ့ဘက္က ၾကည္ၾကည္ျဖဴျဖဴ လက္ခံႏိုင္မဲ့ေန႔ကို ေစာင့္ပါမယ္။ အေမယုံေအာင္လည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ သက္ေသျပပါ့မယ္။ ကြၽန္ေတာ္ အေမ့စိတ္ကို ေသခ်ာေပါက္နားလည္ပါတယ္။ ဒါေပမဲ့ေလ ကြၽန္ေတာ္ အေဖ့ကို ျမင္ဖူးခဲ့ျခင္းမရွိဘူး။ ကြၽန္ေတာ့္ ငယ္ဘဝက အေမနဲ႔ပဲ ျဖတ္သန္းခဲ့ဖူးတာမို႔ အေမ့ကိုပဲ ကြၽန္ေတာ္ ခိုကိုးရာတစ္ခုအေနနဲ႔ ျမင္တယ္"
"အဲ့တာေတာင္ အေမ့ကို စိတ္ထိခိုက္ေစမဲ့ လမ္းကို သားေ႐ြးမွာလား"
သူ႔စကားမဆုံးခင္ ျဖတ္ေျပာလာသည့္ အေမ့စကားလုံးေတြက Cheol ရင္ကို အရွင္လတ္လတ္ခြဲေနသလို။ သူ အေမ့ကို ခ်စ္ပါသည္။ ထုတ္မျပတတ္၍ ထုတ္မျပခဲ့ျခင္းသာ။ အေမ့မ်က္လုံးထဲမွာ သူဟာ သားဆိုး တစ္ေယာက္အေနနဲ႔ ရွိေနခဲ့တာလား။ Cheol ေတြးရင္း နာက်င္ရသည္။ သူနဲ႔ အေမရဲ႕ ဆက္ဆံေရးဟာ ဘယ္အခ်ိန္မ်ားမွ ေျပလည္မွာပါလဲ။
"အေမ ကြၽန္ေတာ့္ကို မုန္းလား"
Choi Nam Ra က ဆိတ္ၿငိမ္စြာျဖင့္ ေခါင္းခါသည္။ ယင္းေနာက္
" Cheol သားငယ္ေလး၊ သားကို မုန္းမဲ့အစား အေမ့မီးတြင္းထဲပဲ ခုန္ခ်ပစ္လိုက္မယ္။ တကယ္လို႔ သားေပ်ာ္မယ္ဆို...အင္း ေပ်ာ္မယ္ဆို သားေ႐ြးခ်ယ္လိုက္ပါ"
အေမ့ေလသံက ေဖ်ာ့ေတာ့ေတာ့နဲ႔မို႔ Cheol စိတ္တိုင္းမက်ေပ။ အေမ့ဘက္က တစ္ထစ္ေလ်ာ့ေပးလိုက္ၿပီး လက္ခံေပးတာထက္ လိုလိုလားလား လက္ခံေပးတာကို သူလိုခ်င္မိတာပါ။ ေလာဘႀကီးမိတာသိေပမဲ့ အေမ့ရဲ႕ အခုလိုစိတ္မ်ိဳးနဲ႔ Jeonghan ကို ေပးမေတြ႕ေစခ်င္။ အေမ့ရဲ႕ ေမတၱာတစ္လုံးတစ္ဝကို သူကိုယ္၌ထက္ Jeonghan ကိုသာ ရေစခ်င္တာ။ အေမ့ရဲ႕ အခ်စ္ေတြကို သူနဲ႔ Jeonghan ၿပိဳင္လုရင္း ရယ္ေမာခ်င္မိတာ။ Cheol လိုခ်င္တာ သည္လို အေျခအျမစ္မရွိသည့္ ဘဝမ်ိဳးပါ။
"အေမ...ေစာင့္ၾကည့္အုံးမယ္ဆိုလည္း ရပါတယ္"
"အင္း...အေမက သားတို႔အ႐ြယ္ကေန ႀကီးလာခဲ့တာဆိုေတာ့ သားတို႔ရဲ႕စိတ္ကိုသိပါတယ္။ စိတ္ကစားတယ္လို႔ အေမမေျပာခ်င္ေပမဲ့ ငယ္႐ြယ္ၾကေသးတာမို႔ ကေတာက္ကဆေတြျဖစ္တဲ့အခါ ဘယ္လိုေျဖရွင္းၾကမလဲ အေမ ေစာင့္ၾကည့္ခ်င္ေသးတယ္။ အေမ လုံးလုံး လက္ခံတာမဟုတ္ဘူးသား၊ သားေပ်ာ္မဲ့လမ္းကို အေမလိုက္ေလွ်ာက္လွမ္းေပးတာ"
"စိတ္ခ်၊ အေမ့ဘက္က မ်က္စိမွိတ္ယုံႏိုင္တဲ့အထိ သက္ေသျပမယ္"
အၿပဳံးတစ္ခုနဲ႔ ေျပာလိုက္ေတာ့ အေမက Cheol ပါးကို လွမ္းဆြဲကာ
"Jeonghan မိဘေတြကေရာ"
"အေမရယ္ ျဖည္းျဖည္းခ်င္းသြားတာေပါ့ေနာ့္"
Cheol စကားကိုလည္းၾကားေတာ့ Choi Nam Ra က မ်က္ေစာင္းတစ္ခုထိုးကာ ဆြဲထားသည့္ပါးကို နာနာေလး ထပ္၍ လိမ္ဆြဲပစ္လိုက္ရင္း
"ဒီအေမကိုက် အလ်င္ေတြလိုၿပီး ကြၽန္ေတာ့္ကို မုန္းလား ဘာလားနဲ႔ ဒရာမာေတြခင္းေနတာ၊ အခုက် ျဖည္းျဖည္းခ်င္းသြားမယ္တဲ့ တရားခ်က္ႀကီးပါေတာ္"
"အ အေမ့ နာတယ္"
Cheol ေအာ္ေျပာေတာ့ အေမက ထပ္မဆြဲေတာ့။ အလုပ္လုပ္စရာရွိေသးလို႔ သြားေတာ့ဖို႔ ေျပာသည္။ သူလည္း အေမ့ကို ႏႈတ္ဆက္ရင္း အခန္းထဲကထြက္လာလိုက္သည္။ Cheol ရင္ထဲ သိပ္ကိုမွ ေပ်ာ္ေနပါသည္။ အေမ့ကို အတင္းအၾကပ္ႀကီး မခ်ဳပ္ကိုင္ခ်င္ေပမဲ့ သည္အေမ၏အေၾကာင္းကို သည္သားကပဲ ပိုလို႔ သိတာမို႔ အနည္းငယ္မွ် အေၾကာတင္းေပးလိုက္ျခင္းသာ။
အေမက သူ႔ကိုေပ်ာ္႐ႊင္ေစ၍အလို႔ငွာ စိတ္ေလ်ာ့ေပးလိုက္မွန္း သိတာေၾကာင့္ Cheol စိတ္ထဲမွ တိုးတိုးကေလး ေက်းဇူးတင္မိပါသည္။ သူ႔ေျခလွမ္းေတြက ေပါ့ပါးေနကာ Jeonghan တို႔အိမ္ဘက္ကို သြားဖို႔ ျပင္လိုက္သည္။ သည္လို ေပ်ာ္႐ႊင္ဖြယ္ အေၾကာင္းအရာကို ခ်စ္သူေလးဆီ မွ်ေဝရမွာေပါ့။ Jeonghan သိရင္ ဘယ္ေလာက္ေတာင္ ၾကည္ႏူးသြားလိမ့္မလဲ။ လြန္ခဲ့တဲ့ ရက္ေတြက ငိုႀကီးခ်က္မျဖင့္ အန္တီမ်ားစိတ္ဆိုးသြားမလား၊ အန္တီလက္မခံရင္ ဘယ္လိုလုပ္မလဲ နဲ႔ Jeonghan တစ္ေယာက္ ေလွ်ာက္ေတြးေနခဲ့တာ။ Cheol ေတြးရင္း ၿပဳံးမိပါသည္။
//
တစ္ဖက္မွာလည္း Choi Nam Ra တစ္ေယာက္ အခန္းထဲမွ အပူလုံးႀကီးက်သြားဟန္ ထြက္သြားသည့္ သားျဖစ္သူ ေနာက္ေက်ာကိုေငးရင္း သက္ျပင္းခ်မိပါသည္။ သားတို႔ေက်ာင္းမွာ စာေမးပြဲလည္းနီးေနၿပီျဖစ္တာမို႔ သားျဖစ္သူကို စိတ္မဆင္းရဲေစခ်င္။ သည္ကိစၥကို သူမ,အဆုံးထိ ျငင္းပယ္ဖို႔ ဆုံးျဖတ္ထားေပမဲ့ သူမအေပၚ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းေနသည့္ သားျဖစ္သူအား သူမ,မရက္စက္ခ်င္။ ဥစၥာပစၥည္းမွန္သမွ်ကို ျဖည့္ဆည္းႏိုင္စြမ္းရွိေပမဲ့ သည္သားေလးအၿပဳံးေတြ ေတာက္ပဖို႔ရာ သူမ,မမြန္းမံႏိုင္ခဲ့။ အသက္ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အေမတစ္ေယာက္တာဝန္ကို ထမ္းေဆာင္ရသည့္ သူမအေနျဖင့္ ကေလးတစ္ေယာက္ကို သင္ၾကားပဲ့ျပင္ေပးဖို႔ရာ မတတ္သာခဲ့သည္မွာ အမွန္ပင္။ တစ္ဦးတည္းေသာသားေလးရဲ႕ အနာဂတ္ ေျဖာင့္ျဖဴးဖို႔အတြက္သာ အလုပ္ေတြႀကိဳးစားလုပ္ခဲ့တာ။ ထို႔ေၾကာင့္လည္း Cheol မွာ မိခင္ေမတၱာ ငတ္မြတ္ေနသည္ကို မရိပ္မိခဲ့။ ရိပ္မိခဲ့သည့္ အခ်ိန္ေရာက္ေတာ့ သားျဖစ္သူက သူမေလာင္းရိပ္ကေန စြန႔္ခြာခဲ့ခ်ိန္။
တျခားေသာတစ္ေယာက္ဆီက ေပ်ာ္႐ႊင္မႈေတြ တဆင့္ေသာက္သုံးေနသည့္ သားျဖစ္သူအေပၚ သူမ အားနာရသည္။ အေမျဖစ္ရက္နဲ႔ သားတစ္ေယာက္လုံးလုံး ေပ်ာ္႐ႊင္ၾကည္ႏူးေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ျခင္းအတြက္ အားမလိုအားမရ ျဖစ္ခဲ့သည္။ သူမ သိပါသည္၊ Cheol အေဖနဲ႔ Cheol မွာ မည္သို႔မွ် ပတ္သတ္ျခင္းမရွိသည္ကို။ ထို႔ေၾကာင့္လည္း နာက်င္ခဲ့ရျခင္းေတြအေပၚ သားျဖစ္သူထံ ပုံမခ်ရက္ခဲ့။ သည္ရက္ေတြထဲ သူမ အေတြးမ်ားေနခဲ့ရသည္။ ငယ္႐ြယ္သည့္ ကေလးငယ္ႏွစ္ေယာက္က ေလာကဓံ၏ တိုက္ခိုက္မႈအလီလီကို တြန္းလွန္ႏိုင္ပါ့မလား၊ ပတ္ဝန္းက်င္၏ ပါးစပ္ဖ်ားကို လ်စ္လ်ဴရႈႏိုင္ပါ့မလား ေမးခြန္းေတြမ်ားေနရသည္။ ထို႔ေနာက္ သားျဖစ္သူ၏ "အေမ့ကိုပဲ ကြၽန္ေတာ္ ခိုကိုးရာတစ္ခုအေနနဲ႔ ျမင္တယ္" ဆိုသည့္ စကားေၾကာင့္ ရင္ထဲလႈိက္ဖိုၾကည္ႏူးခဲ့ရတာ။ ဝမ္းနဲ႔လြယ္ေမြးခဲ့ရတဲ့ သည္ကေလးရဲ႕ ဆုံးျဖတ္ခ်က္ကို သူမ,မွ မဝန္းရံေပးရင္ အေမတစ္ေယာက္မွ ပီသပါ့မလား ေတြးမိခဲ့သည္။
သည္ကေလးႏွစ္ေယာက္ဆီ ဘယ္လို အတိုက္အခိုက္ေတြပဲ ရွိလာပါေစ၊ သူမအေနနဲ႔ ေရွ႕ဆုံးက ရပ္တည္ေပးမည္ဟု သႏၷဌာန္ခ်မိသည္။ ဤသည္မွာ Cheol ႏွင့္ Cheol ခ်စ္ျမတ္ႏိုးသည့္ ထိုကေလး တို႔ အနာဂတ္ ဝင္းပေစရန္ျဖစ္သည္။ မိခင္တစ္ေယာက္အေနနဲ႔ လုပ္ေပးႏိုင္စြမ္းရွိသည္အထိ သူမ,လုပ္ေပးသြားပါမည္။ ကေလးႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေတြသာ အမွန္ဆိုလွ်င္ေပါ့...။
//
"Jeonghan ေရ Seungcheol ေလး လာတယ္"
ေအာက္ထပ္မွ အေမ့အသံေၾကာင့္ Jeonghan အေလာတႀကီး ေျပးဆင္းမိသည္။ ေတြ႕လိုက္ရပါၿပီ၊ ေမွ်ာ္လင့္ေနတဲ့ ခ်စ္ျခင္းေမတၱာေလး။ Yoon Suri က ေနာက္ေဖးသို႔သြားကာ လုပ္လတ္စ ကင္မ္ခ်ီသိပ္ေနသည္။ Cheol က Jeonghan လက္ကို ဆြဲခ်ကာ သူနဲ႔တူတူထိုင္ေစရင္း
"ေျပာစရာရွိ Jeonghan"
"ေျပာ"
"အခန္းထဲသြားမယ္"
"မသြားခင္ အေမက မင္းစားဖို႔ဘာလုပ္ေပးေနလဲမသိဘူး၊ သြားေျပာလိုက္အုံး"
Cheol ေခါင္းညိတ္ျပလိုက္ကာ ေနာက္ေဖးကို လိုက္သြားလိုက္သည္။ Yoon Suri က Cheol ကိုလည္းေတြ႕ေရာ Kimbap လွီးေကြၽးသည္။ Cheol ေတြးမိပါသည္။ သူ႔ကို သားအရင္းကဲ့သို႔ ခ်စ္ခင္သည့္ Jeonghan အေမကို သူတို႔အေၾကာင္းသာ ေျပာျပလိုက္လွ်င္ လြယ္လင့္တကူ လက္ခံပါ့မလားဟု။ သို႔ေသာ္ ထိုသို႔မေကာင္းသည့္ အေတြးကို ေခါင္းယမ္း၍ ေဖ်ာက္ဖ်က္လိုက္ၿပီး Kimbap ပန္းကန္ကို ယူကာ Jeonghan အခန္းထဲ အေျပးသြားမိသည္။
"ဘာေျပာမွာလဲ Cheol ၊ အန္တီနဲ႔ စကားေျပာၾကည့္ၿပီးၿပီလား"
Jeonghan က သူသိလိုသည္ကို အလ်င္စလိုေမးသည္။ Cheol က Jeonghan စိတ္ကိုမရွည္ရွည္ေအာင္ စြလိုသည့္အတြက္ ပါးစပ္ထဲက Kimbap ကို ျဖည္းညင္းစြာ ဝါးေနမိသည္။ ကုတင္ေပၚက Jeonghan မွာ ခ်က္ခ်င္းေျပးဆင္းလာၿပီး Cheol လက္ေမာင္းကို သုံးခ်က္ဆင့္႐ိုက္လိုက္ရင္း
"ျမန္ျမန္ေျပာကြာ"
"နမ္း"
Cheol က ႏႈတ္ခမ္းေထာ္ျပေတာ့ Jeonghan က မ်က္ႏွာရႈံ႕ကာ ထိုႏႈတ္ခမ္းကို လက္ညႇိဳးထိုးျပလိုက္ရင္း
"မင္းပါးစပ္က ေပေနတာ မနမ္းခ်င္"
"ၿပီးေရာေလ၊ မနမ္းရင္ မေျပာဘူး"
"မင္းကြာ၊ တအားဆိုးတယ္ကြာ"
"နမ္းပါ၊ ငါ တအားလြမ္းေနတာ"
သနားစဖြယ္ေလသံကို မသနားႏိုင္ဘဲ ထိုႏႈတ္ခမ္းဆူဆူကို ၿပီး,ၿပီးေရာ ထိသည္ဆို႐ုံမွ် နမ္းလိုက္မိသည္။ Cheol က မႏွစ္ၿမိဳ႕သလို မ်က္ေမွာင္ေတြကို ႀကဳံ႕လိုက္ကာ Jeonghan ခါးသိမ္သိမ္ကို က်စ္က်စ္ပါေအာင္ တြယ္ဖက္လိုက္ၿပီး ႏႈတ္ခမ္းတို႔ဆီ နယ္ခ်ဲ႕လာသည္။ Jeonghan ကလည္း စနမ္းလာသည့္ Cheol ရဲ႕ ဆြဲေဆာင္မႈကို မေသြျဖည္ႏိုင္ဘဲ Cheol ဂုတ္ပိုးဆီ လက္ႏွစ္ဖက္ တြယ္ခ်ိတ္မိသည္။ Cheol က Jeonghan ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္လိုက္သည္။ Jeonghan မျငင္းလိုက္မိ။ Cheol ဘက္က ေပးလာတဲ့ ခ်စ္ျခင္းသေကၤတေတြကို သူကိုယ္၌က ေပ်ာ္ေမြ႕ေနခဲ့သည္ေလ။ ခပ္တင္းတင္း နမ္းရႈိက္မႈေတြက တျဖည္းျဖည္း ျမန္ဆန္လာသည္။ ေသြးေၾကာေတြကအစ တဒိတ္ဒိတ္ ယမ္းခါေလာက္ေအာင္ Cheol က အႏၲရာယ္မ်ားလွပါသည္။
"Cheol ေတာ္ၿပီ"
Jeonghan သာ ရပ္ဖို႔ မေျပာရင္ အဓိကေျပာရမည့္ အေၾကာင္းအရာကိုေတာင္ Cheol တစ္ေယာက္ ေမ့ေလ်ာ့သြားႏိုင္ပါသည္။
"အေမက"
Jeonghan မ်က္ဝန္းတို႔ ဝိုင္းစက္သြားကာ ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး
"အင္း...အေမက"
Cheol ေလသံအတိုင္း သံေယာင္လိုက္မိေတာ့ Cheol က ခပ္ဟဟ ရယ္ကာ
"ေစာင့္ၾကည့္မယ္တဲ့၊ တကယ္တမ္းအဲ့တာ လက္ခံတယ္လို႔ေျပာတာ"
"Cheol တကယ္ႀကီးလား"
"အင္း တကယ္"
Jeonghan ဝမ္းသာလုံးဆို႔သြားသည္။ လက္မခံႏိုင္ဘူးဆိုတာထက္ ေစာင့္ၾကည့္မည္ဆိုသည့္ အေျဖက ပိုလို႔စိတ္ခ်ရသည္မလား။ အၿပဳံးရိပ္ေတြ သိသိသာသာ သမ္းေနသူကို Cheol ျမတ္ႏိုးစြာၾကည့္မိရင္း
"ငါမေျပာခဲ့ဘူးလား၊ မင္းကိုငါ မရ,ရေအာင္ ယူမွာပါလို႔"
Jeonghan ကိုခါးကေန ေပြ႕ခ်ီရင္း Cheol ေျပာမိသည္။Jeonghan ကရယ္ကာ Cheol နား႐ြက္ကို ဖြဖြကိုက္လိုက္ရင္း
"အန္တီနဲ႔ စကားေျပာၾကည့္ရင္း ရန္ေတာ့မမ်ားခဲ့ဘူးမလား"
Cheol က အားပါပါျဖင့္ ေခါင္းယမ္းျပလိုက္မိသည္။
"မမ်ားခဲ့ဘူး အခ်စ္ေလး စိတ္ခ်"
"ငါလည္း အေမနဲ႔အေဖ လက္ခံလာေအာင္ ႀကိဳးစားၾကည့္ပါ့မယ္"
Jeonghan က Cheol လက္ဖဝါးကို အုပ္မိုးရင္း ခပ္ေတြေတြကေလးဆိုသည္။ Cheol အေနနဲ႔ Jeonghan ကို က်ဥ္းထဲၾကပ္ထဲ မေရာက္ေစခ်င္ပါ။ ငါ့မိဘက ခြင့္ျပဳတယ္၊ မင္းမိဘလည္း ခြင့္ျပဳရမယ္ ဆိုတဲ့ စိတ္မ်ိဳး Cheol မွာ လုံးဝမရွိေပ။ Jeonghan ကို လြတ္လပ္စြာပဲ ေနေစခ်င္ပါသည္။ ဤသို႔ႏွယ္ Jeonghan ရင္ထဲေလးလံေနလွ်င္ Cheol စိတ္မေကာင္းျဖစ္ရလြန္းလို႔ ႐ူးရေခ်လိမ့္မည္။ သူ႔အတြက္ Jeonghan က ေပ်ာ္႐ႊင္စရာနဲ႔ ၾကည္ႏူးစရာေတြသာ ေပါင္းစပ္ထားတဲ့ အားေဆးတစ္ခြက္။ သည္အားေဆးေလး အားငယ္ေနမွာ သူဘယ္ၾကည့္ရက္မွာလဲ။ ေသတစ္ဖန္ သက္တစ္ဆုံး ရည္႐ြယ္ထားတဲ့ ခ်စ္ျခင္းမွာ Jeonghan ကို အၿပဳံးေတြနဲ႔ ေထြးေပြ႕ထားခ်စ္တာပါ။
"Jeonghan ငါတို႔ အခ်ိန္ယူလို႔ရတာပဲ"
"Cheol ငါေလ...အေမတို႔ လက္မခံရင္ ဆိုၿပီး အၿမဲေတြးမိတယ္။ စိတ္ေတာ့မဆိုးနဲ႔ေနာ္၊ ငါမေန႔ညက မင္းကို လြမ္းလို႔ေရာ၊ မေရရာတဲ့ အနာဂတ္အတြက္ေကာ ေတြးရင္း ငိုမိတယ္"
" မင္းၿပိဳလဲခ်င္တဲ့အခါမ်ိဳးမွာ ငါ့ဆီလာလို႔ရရက္နဲ႔။ တစ္ေယာက္တည္း ေလွ်ာက္ၿပီး မေတြးပါနဲ႔ကြာ။ ငါတို႔ေတြဘက္ကလည္း မိဘေတြ ယုံေအာင္ သက္ေသျပလိုက္ရတာေပါ့။ လူႀကီးေတြက ငါတို႔လူငယ္ေတြ အခ်စ္ကို ေပါ့ေသးေသးထင္ေနတာ"
အစပိုင္းေတာ့ စကားလုံးေတြက အတည္ေပါက္ျဖစ္ေနၿပီး ေနာက္ဆုံးမွ ထပ္ေဖာက္သည့္ Cheol ေၾကာင့္ Jeonghan ရယ္လိုက္မိသည္။ Cheol က ကုတင္ေပၚ တက္လွဲခ်င္ေပမဲ့ ပြလန္က်ဲထားသည့္ စာအုပ္ေတြေၾကာင့္ မ်က္ေမွာင္ႀကဳံ႕မိကာ
"မင္းဒီလို စည္းကမ္းရွိပုံမ်ိဳးနဲ႔ စာေတာ့ရပါလိမ့္မယ္ Jeonghan "
" Cheol ေနာ္ မင္းက်ေတာ့ ဘယ္ေလာက္ေတာ္ေနလို႔လဲ"
"မင္းထက္စာရင္ေတာ့ ငါစာပိုရပါတယ္ေနာ္"
Cheol စကားက မွန္ေနတာေၾကာင့္ Jeonghan မ်က္ေစာင္းထိုး႐ုံကလြဲ ဘာမွ ခြန္းတုံ႔မျပန္ႏိုင္ခဲ့။ Cheol က ကုတင္ေပၚက စာအုပ္ေတြကို ရွင္းေပးေနသည္။ Jeonghan မတ္တပ္ကေလးပဲ ေငးေနမိပါသည္။ ဆယ္ေက်ာ္သက္ဘဝ အခ်စ္ဆိုတာကို မရွာပါဘဲ သူေတြ႕ရွိခဲ့ရတယ္။ သူ႔မ်က္စိေရွ႕မွာ လႈပ္ရွားေနတဲ့ ပုံရိပ္ကေလးကို ရႏိုင္သမွ် ရယူခ်င္မိပါရဲ႕။ ေပးဆပ္ႏိုင္သမွ် ေပးဆပ္ခ်င္မိပါရဲ႕။ Jeonghan ရဲ႕ ယုံၾကည္မႈေတြက Cheol ႏႈတ္ခမ္းဖ်ားကေန ျမစ္ဖ်ားခံတယ္။ Cheol ေျပာသမွ်ကို ေခါင္းညိတ္မယ္၊ ေထာက္ခံမယ္။ Cheol ေျခရာအတိုင္း လိုက္ေလွ်ာက္လွမ္းပါ့မယ္။ ပထမဆုံး ရင္ဝယ္ပိုက္ခဲ့တဲ့ ခ်စ္ျခင္းေမတၱာဟာ ေပ်ာက္ပ်က္သြားျခင္းရွိမွာမဟုတ္ ဟု ေတြးရင္း သူ႔ျမတ္ႏိုးရတဲ့ ထိုပုံရိပ္ကေလးရဲ႕ ေနာက္ေက်ာကို ဖက္တြယ္ရင္း မွီေနမိတယ္။
"Jeonghan"
"ဟင္"
"ဒီဘက္လာ"
ေနာက္ဘက္ကေန ခါးကို သြယ္ဝိုက္ဖက္ထားသည့္ Jeonghan လက္အား Cheol က ဆြဲယူလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစသည္။ ထို႔ေနာက္ ပါးခ်ိဳင့္ေတြ ေပၚေအာင္ ႏွစ္လိုဖြယ္ၿပဳံးရင္း
"မနက္ျဖန္စာေမးပြဲမွာ စာမၾကည့္ခ်င္ေတာ့ဘဲ မင္းကိုပဲ ၾကည့္ခ်င္ေတာ့တယ္"
"အင္း...ငါကလည္း မင္းၾကည့္တာ ခံခ်င္တယ္"
Cheol က ဟက္ဟက္ပက္ပက္ရယ္ကာ
"ေအး အဲ့မွာ ႏွစ္ေယာက္လုံး စာေမးပြဲက်လို႔၊ အေမက လက္မခံေတာ့မွ ဟုတ္ေပ့ ျဖစ္ေနမယ္"
Cheol က စေနာက္လိုက္ျခင္း သက္သက္သာျဖစ္ေသာ္လည္း Jeonghan က ဝမ္းနည္းသြားကာ ခ်က္ခ်င္းပင္ Bio engineering စာအုပ္က မွတ္စုေတြကို အလြတ္မွတ္ေနသည္။ Cheol က သူစတာလြန္သြားမွန္း သိေသာ္လည္း အပ်င္းထူသည့္ Jeonghan က စာက်က္ေနတာ ျမင္ရေတာ့ သည္တိုင္းသာ လႊတ္ထားလိုက္ရင္း
"စာတူတူလုပ္ရေအာင္"
Jeonghan က ေခါင္းညိတ္သည္။ ထိုသို႔ႏွယ္ စာလုပ္သည္ေလာ၊ အခ်င္းခ်င္း ကလူက်ီစယ္သည္ေလာ မသဲကြဲသည့္ အေျခအေနသို႔ ေရာက္သြားၾကသည္။ Jeonghan ကေတာ့ ခ်စ္ရိပ္မႊန္ေနသည္မို႔ ဖုန္းထဲဝင္ေနသည့္ စာေတြကို ဂ႐ုမစိုက္မိ။ သူ႔ဖုန္းထဲဝင္ေနသည့္ စာေတြမွာ သူငယ္ခ်င္းတစ္သိုက္စီက ျဖစ္ကာ
"Seokmin အိမ္မွာ ငါတို႔ စာစုက်က္မလို႔၊ လာပါလား။ Seokmin အေမက BimBimBap (ထမင္းသုပ္) လုပ္ေကြၽးတယ္ကြ"
"Jeonghan ငါ့အေမက မင္းကို ေမးေနတာ လာပါလား"
"အိမ္မွာလူမ်ားေနတာ တစ္တန္းလုံး ေရာက္ခ်လာလား ေအာင့္ေမ့ရတယ္"
"မင္းလာမယ္ဆို မင္းခ်စ္ခ်စ္ပါ ေခၚခဲ့ေလ ㅋㅋㅋ"
ဤသို႔ေသာ စာေတြကို Jeonghan တစ္ေယာက္ သတိမထားမိပါ။
//
မေန႔က Seokmin နဲ႔ သူစကားေျပာမိၾကသည္။ Seokmin က Joshua ဘက္က အခုလိုၿငိမ္ကုတ္ေနျခင္းကို သေဘာမက်ဟု ဆိုသည္။ ထို႔ေနာက္ Joshua ဆႏၵရွိပါက အရင္လို ျပန္ေနလို႔ ရပါသည္ဟု ထပ္၍ဆိုသည္။ Joshua ေပ်ာ္ရပါသည္။ ခ်စ္တဲ့သူ ကိုယ္၌က အနားမွာေနခြင့္ေပးေနသည္ကို Joshua ျမတ္ႏိုးရပါ၏။ သို႔ေသာ္ ယင္းမွာ သူငယ္ခ်င္းတစ္ေယာက္လို ေနရမည္မွန္းလည္း Joshua အတပ္သိပါသည္။ သို႔ရာ Seokmin သူ႔နာစမွာ မရွိသည့္ အရင္ေန႔ရက္ေတြတုန္းက ခႏၶာသာရွိၿပီး စိတ္ေတြ လြင့္ေမ်ာေနခဲ့တာ။ ထုတ္ျပခြင့္မရွိတဲ့ နာက်င္ျခင္းေတြအေပၚ အသားက်ေအာင္ ႀကိဳးစားေနရေပမဲ့ အခ်ည္းႏွီး။ သူ႔ဘဝရဲ႕ ေပ်ာ္႐ႊင္ျခင္း အသိုက္အၿမဳံက Seokmin ဆီသာ။ Seokmin သာ ေပ်ာ္ေနရင္ သူ႔ဘက္က အရာအားလုံးအဆင္ေျပပါၿပီ။ ခပ္ေဝးေဝးမွာ ခ်စ္ေနရတာထက္ အနားမွာရွိေနၿပီး ဂ႐ုစိုက္ေပးရသည္က ပိုလို႔ ဝမ္းေျမာက္ဖြယ္ ေကာင္းလွပါသည္။ Seokmin ဘက္က သူငယ္ခ်င္းသံေယာဇဥ္ကလြဲ ဘာမွမေပးႏိုင္ဘူးဆိုတာ အတိအက်ေျပာထားတာမို႔ Joshua ေစာဒကမတက္ေတာ့။ သည္တိုင္း တိတ္ဆိတ္စြာပဲ ခ်စ္ျခင္းနဲ႔ ေမတၱာကို ေရာစပ္ရင္း Seokmin ဆီ ေပးအပ္လိုက္ေတာ့မည္သာ။
ႏွလုံးသားရဲ႕ အေပၚယံ လူျမင္ကြင္း၌ သူငယ္ခ်င္းတစ္ေယာက္လိုသာ ခင္မင္ၿပီး ႏွလုံးသားရဲ႕ အနက္ရႈိင္းဆုံးတစ္ေနရာမွာ ခ်စ္ျခင္းေတြ ျပည့္ႏွက္ရင္းနဲ႔ ထာဝရ ေနသြားပါေတာ့မည္။
"Joshua ဒါရွင္းျပ"
Accounting ပုစာၦတစ္ပုဒ္ကို ေမးလာသည့္ Seokmin အား ၿပဳံးျပရင္း စိတ္လိုလက္ရရွင္းျပမိသည္။ Seokmin အိမ္မွာ စာအတူက်က္ၾကတဲ့ထဲ သူ႔ကိုပါ အေဖာ္ညႇိလာသည့္ Seokmin က ယုယခ်င္စဖြယ္။
Joshua ရဲ႕ ခ်စ္ျခင္းေတြကို မ်က္ဝန္းထဲဝယ္ အျပည့္ေတြ႕ႏိုင္ရက္နဲ႔ တစ္စုံတစ္ေယာက္ကေတာ့ လ်စ္လ်ဴရႈထားႏိုင္တုန္းပါပဲ။ တစ္ခ်ိဳ႕ေသာ တစ္ဖက္သက္ ခ်စ္ျခင္းေတြဟာ စစ္မွန္ရက္နဲ႔ သတိထားျခင္း မခံခဲ့ရ။ ဤသည္မွာ Seokmin အျပစ္ဟုလည္း ဆိုႏိုင္ဖြယ္မရွိ၊ သူ႔ခံစားခ်က္ကို အမွန္အတိုင္း ဝန္ခံခဲ့ျခင္းအေပၚ ခပ္ၿငိမ္ၿငိမ္ကေလးသာ အားမလိုအားမရ ျဖစ္ရင္း Joshua ရဲ႕ ငယ္ခ်စ္ပုံျပင္ေလးကို သည္ေနရာမွာပဲ ပိတ္ကားခ်လိုက္ပါတယ္။ ခ်စ္ျခင္းတို႔ မွန္လွ်င္ ထာဝရ တည္ၿမဲပါေစ...
//
12: 17 PM
Mon 23, Oct
Lamin Pann Laung
//