Magic Hides My Man

By Nway_Nwayy

230K 13.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 4

5.9K 382 20
By Nway_Nwayy

Unicode

အရက်ခွက်ကို မသောက်သေးဘဲ ရေခဲပျော်တဲ့အထိ လက်ထဲမှာ လှည့်နေရင်း ဖေဖေ့ရဲ့ သစ္စာတော်ခံနှစ်ယောက်ကို လှည့်ကြည့်လိုက်တော့ နှစ်ယောက်လုံးက ပုံမှန်အတိုင်းပဲ ထိုင်စောင့်နေကြဆဲ။ Club ထဲလာပြီး တစ်ယောက်တည်း အရက်ထိုင်သောက်နေရတာတော့ မဟုတ်သေးဘူး လို့တွေးရင်း ဒေါသဖြစ်လာပေမယ့်၊ ဘယ်သူနဲ့မှလည်း မတွေ့ချင်။ ဖေဖေ့ကို ‌အလျှော့ပေးပြီး အိမ်လည်း ပြန်မသွားချင်သေး။

လက်ထဲက နာရီကို ငုံ့ကြည့်ပြီး ကားထွက်မောင်းဖို့ စဉ်းစားလိုက်သည်။ ကားထွက်မောင်းတာမှ လိုက်ချင်လည်း လိုက်ခဲ့ကြပေါ့။ သူငယ်ချင်းသုံးယောက်ထဲမှာ ဗညားထွဋ်ခေါင်တစ်ယောက်သာ ဒီလိုပြဿနာတွေ ကြုံနေရတာ ဖြစ်သည်။ ပြည့်စုံမင်းရော၊ ဇေယျာဖြိုးရော နှစ်ယောက်လုံးကို သူတို့အိမ်တွေက လူကြီးအနေနဲ့ သတ်မှတ်ထားပြီး ဒီလောက်ထိ စည်းကမ်းတွေ၊ ထိန်းချုပ်တာတွေ လိုက်မလုပ်ကြပါ။

ငယ်ငယ်တည်းကနေ အခု အသက်နှစ်ဆယ်ကျော်လာတဲ့ အရွယ်အထိ၊ ဗညားထွဋ်ခေါင်တို့ သုံးယောက်လုံးက ဆိုးလည်း အတူတူ၊ သောင်းကျန်းလည်း အတူတူ၊ ပြဿနာတက်လည်း အတူတူကို ဖေဖေကတော့ ဗညားထွဋ်ခေါင် တစ်ယောက်သာ ပြဿနာအမြဲရှာနေတယ်ဟု ဘာလို့ထင်နေသလဲတော့ မသိပါ။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်း၀င် သူဌေးကြီး ဦးထွဋ်ခေါင်ရဲ့သား ဖြစ်နေခြင်းတစ်ခုကပဲ ဗညားထွဋ်ခေါင်ကို ဒီလို အသက်ရှူကြပ်စရာ မွန်းကြပ်မှုတွေ ပေးနေခြင်း ဖြစ်မည်။ မန္တလေးမြို့က ရပ်ကွက်တစ်ခုကို ဖျက်သိမ်းပြီး ဟိုတယ်ကြီးတစ်ခုအဖြစ် အသက်သွင်းခဲ့တုန်းက ဖေဖေ့နာမည်ဟာ
မီဒီယာတွေမှာ ဟိုဟိုဒီဒီ ပါလာခဲ့ဖူးသည်။ ခရိုနီဆိုတဲ့ အသုံးအနှုန်းကို ဖေဖေ့နာမည်နဲ့ တွဲပြီးပြောကြတဲ့အခါ ဗညားထွဋ်ခေါင် မခံမရပ်နိုင် ဖြစ်‌နေချိန် ဖေဖေကဝောာ့အေးအေးလူလူပင်။

လပိုင်းလောက်ကြာတော့ မန္တလေးမြို့ပေါ်မှာ ကျန်းမာရေးစင်တာအကြီးကြီးတစ်ခုကို ဖေဖေ့နာမည်နဲ့ တည်ဆောက်ပေးခဲ့သည်။ ထိုအချိန်မှာ ဝေဖန်ခဲ့တဲ့ မီဒီယာတွေဆီကနေပဲ ဖေဖေ့နာမည်ကို ကောင်းသောပြောခြင်းနဲ့ ပြောကြပြန်လေသည်။ မြန်မာနိုင်ငံရဲ့စီးပွားရေးလောကမှာ ဖေဖေ့နာမည်နဲ့အရှိန်အဝါဟာ အတော်လေးကြီးမားသည်။ တချို့သတင်းတွေမှာလည်း ဖေဖေက မြန်မာနိုင်ငံတစ်၀က်လောက်ကိုပင် ၀ယ်နိုင်သည် ဆိုသော စကားတွေ ကြားရသည်။

တကယ်၀ယ်နိုင်သလား၊ မ၀ယ်နိုင်သလားဆိုတာတော့ ဖေဖေ့ကို တစ်ခါမှ မေးမကြည့်ဖူး၍ ဗညားထွဋ်ခေါင်လည်း မသိချေ။ ဒါပေမယ့် မြန်မာနိုင်ငံတစ်၀က်ကိုလည်း မလိုချင်ပါ။ အခုလို စိတ်ကျဉ်းကျပ်အောင် လိုက်မလုပ်ဘဲ သာမန်လူငယ်တွေကို လွတ်လွတ်လပ်လပ်နေခွင့်သာ လိုချင်သည်။ သူများမိသားစုတွေမှာလို အဖေနဲ့ အဆင်မပြေလို့ အမေကို အကူညီတောင်း၍လည်း မရ။ မေမေက အထူးကုဆရာ၀န်တစ်ဦးဖြစ်ပြီး Aussie မှာပဲ အပြီးနေထိုင်တာ ဖြစ်သည်။

ဖေဖေနဲ့မေမေက ကွာရှင်းပြီးသားလား၊ မကွာရှင်းရသေးဘူးလားဆိုတာတော့ သေချာမသိ။ ဗညားထွဋ်ခေါင် အလယ်တန်း အရွယ်လောက်ကတည်းက မေမေက England မှာ ဘွဲ့လွန်ထပ်ယူဖို့ ဆိုပြီး ထွက်သွားခဲ့ရာကနေ၊ အခုတော့ Aussie မှာပဲ အပြီးနေတော့မယ်ဆိုတာ သိရသည်။ မေမေနဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေခဲ့ပေမယ့် ဖေဖေနဲ့ရော အဆင်ပြေရဲ့လားလို့တော့ တစ်ခါမှ မမေးမိပါ။ ဗညားထွဋ်ခေါင်တို့ မိသားစုပုံစံက အဲ့ဒီအတိုင်းပဲ ဖြစ်သည်။ အဲ့ဒါနဲ့ပတ်သတ်ပြီးထွေထွေထူးထူးလည်း တစ်ခါမှ မခံစားရပါ။

တစ်ဦးတည်းသောသားဖြစ်တဲ့ ဗညားထွဋ်ခေါင်ကို အမြဲအလိုမကျဖြစ်နေတဲ့ ဖေဖေနဲ့ပဲ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ အတူနေရင်း အခု အရွယ်အထိလည်း ဒီအတိုင်းပင်။ တစ်ခါတစ်ခါ မွန်းကြပ်လာရတဲ့အထိ ဖေဖေဟာ စိတ်အနှောက်အယှက်ပေးတတ်သည်။ တစ်လနေလို့ တစ်ခါတောင် သားအဖချင်း ထမင်းလက်ဆုံမစားနိုင်ဘဲနဲ့၊ ဗညားထွဋ်ခေါင် ဒီလိုပဲနေထိုင်နေတာဟာ ဖေဖေ့ကို ဘာများထိခိုက်လို့လဲ မသိပါ။

ကျောင်းတက်နေတုန်းကလည်း ကျောင်းအထိ ဖေဖေ့ရဲ့လူတွေ သုံးလေးယောက်လောက်က အမြဲတကောက်ကောက်လိုက်နေတတ်သည်။ အခုချိန်ထိလည်း စိတ်မထင်ရင်မထင်သလို၊ ထိုလူတွေကို ဗညားထွဋ်ခေါင်နောက်ကို တကောက်ကောက်လိုက်ဖို့ ထည့်လိုက်ဆဲပင်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ သက်တော်စောင့်လိုလို၊ နောက်လိုက်အပေါင်းအပါတွေနဲ့ လျှောက်သွားနေရခြင်းက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။

"ဘယ်သွားမလို့လဲ အကိုလေး"

"ကားသွားမောင်းမလို့"

"ဟို ... ဆရာက "

"ဘာလဲ ... လိုက်မယ်ဆို ကိုယ့်ကားနဲ့ကိုယ် လိုက်လာနော်"

ပြောရင်းနဲ့ ထထွက်လာဖို့ပြင်တော့ ကိုရာဇာက အရှေ့ကနေ ပိတ်ရပ်ကာ တောင်းပန်သည်။

"ဟို .. ခနလေးပါ၊ ဆရာ့ဆီ ဖုန်းဆက်ပေးပါ့မယ်"

"ခင်ဗျားတို့ နဲနဲတော့ လွန်ပြီနော်၊ ဖေဖေကရော ဘာတွေလိုက်လုပ်နေတာလဲ၊ ကျွန်တော် ဒီလိုပဲ တသက်လုံး သွားလာနေတာ၊ အခုကျမှ ဘာဖြစ်ရတာလဲ မေးလိုက်"

"ပြဿနာဖြစ်ထားတာလည်း မကြာသေးတော့လေ၊ ခနလေးပါ၊ မင်းထွန်း အခု ဆရာ့ဆီဖုန်းဆက်ပေးပါလိမ့်မယ်"

"ဆက် .. အခုဆက်လိုက်၊ ကျွန်တော် ပြောမယ် .. ပေး"

"ခနလေး စောင့်ပေးပါ အကိုလေး"

ကိုရာဇာက ဗညားထွဋ်ခေါင်ကို တောင်းပန်ပြီး ခုံမှာ အတင်းပြန်ထိုင်စေသည်။ ခုံမှာ ဝုန်းခနဲပြန်ထိုင်ချရင်း ထည့်ထားပြီးသား အရက်ခွက်ကို မော့သောက်လိုက်သည်။ ကိုမင်းထွန်းက ခပ်လှမ်းလှမ်းကို သွားကာ အသံတိုးတိုးဖြင့် ဖုန်းပြောနေလေသည်။

"အကိုလေး ... ဆရာက ကျွန်တော်တို့နှစ်ယောက်ပါ အတူ .."

"လိုက်ချင်ရင် ကိုယ့်ကားနဲ့ကိုယ်လိုက်ခဲ့ဖို့ ပြောပြီးပြီနော်"

ကိုမင်းထွန်းအင်္ကျီစကို ဆောင့်ဆွဲရင်း ပြောတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကိုရာဇာက ဗညားထွဋ်ခေါင်လက်ကို ဆွဲရင်း ဖြောင့်ဖြသည်။

"အကိုလေး အရမ်းမူးနေရင် ကားမောင်းဖို့အဆင်မပြေမှာစိုးလို့ပါ"

"ပြေတယ် .. "

"ဟုတ်ကဲ့ပါ၊ အဲ့ဒါဆို ကျွန်တော်တို့ ဘေးကပဲ လိုက်ခဲ့ပါ့မယ်"

ကိုမင်းထွန်းအင်္ကျီရင်ဘတ်ကို ဆောင့်တွန်းကာ လွှတ်ပေးခဲ့လိုက်ပြီး ကားသော့ကိုယူကာ ဆင်းခဲ့လိုက်သည်။ လှေကားက အဆင်းမှာတင် ကိုယ့်ကိုကိုယ် မဟန်လောက်တော့မှန်းသိပေမယ့် ဟန်ချက်မပျက်အောင် ထိန်းရင်း ဆင်းခဲ့၏။

"ကားပါကင်က ဒီဘက်မှာပါ"

"Toilet ၀င်မလို့"

ဘယ်သူလှမ်းသတိပေးလိုက်မှန်းမသဲကွဲပေမယ့် တချက်လှည့်ကြည့်ကာ အော်ခဲ့ရင်း ခပ်တည်တည်နဲ့ Toilet ထဲ ၀င်ခဲ့လိုက်သည်။ Toilet မှန်ထဲက မှုန်တေတေရုပ်နဲ့ကောင်ကို ကြည့်ရင်း လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်းက ဗညားထွဋ်ခေါင် ဖြစ်နေလို့ ဒီလိုတွေ အာရုံနောက်နေရတာ အဲ့ဒါသိလား၊ ဗညားပဲဖြစ်ပြီး အဲ့ဒီ ထွဋ်ခေါင်ဆိုတာကြီး မပါရင် ကောင်းမှာ"

မှော်အတတ်တွေဘာတွေ တတ်ရင်လည်းကောင်းသားဟု တွေးမိသည်။ Harry Potter ဇာတ်ကားထဲက Obliviate Spell သုံးပြီး ဖေဖေနဲ့ အဲ့ဒီသက်တော်စောင့်လိုလို လူတွေအားလုံး သူ့ကိုမေ့သွားအောင် လုပ်ပစ်လိုက်ချင်သည်။

"Obliviate"

မှန်ထဲကိုကြည့်ကာ ခပ်တိုးတိုးရွတ်လိုက်ရင်း ဗညားထွဋ်ခေါင် ကိုယ့်ကိုကိုယ် ရီချင်သွားသည်။ သူက အခု ဖေဖေ့ရဲ့ စိတ်ပျက်စရာလူတွေကြားမှာ စိတ်ရှုပ်ပြီး ရူးသွားတာများလား။

(A/N - Obliviate Spell ဆိုတာ Harry Potter ဇာတ်ကားထဲမှာ Harmione က သူမရဲ့မိဘတွေ သူမကိုမေ့သွားစေဖို့ သုံးခဲ့တဲ့ Spell ပါ။ အဲ့ဒီ Spell သုံးလိုက်ရင် လောကကြီးမှာ ကိုယ်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ လူတစ်ယောက်လို ဖြစ်သွားမှာပါ။)

"အေး ... မင်းကမှော်ဆရာလည်း မဟုတ်ဘူး၊ မှော်အတတ်လည်း မတတ်ဘူး၊ မင်းက သူဌေးသားတဲ့၊ မြန်မာနိုင်ငံရဲ့တ၀က်လောက်ကို ၀ယ်လို့ရတဲ့သူဌေးသား တဲ့ သိပြီလား"

မှန်ထဲက အချိုးမပြေတဲ့ရုပ်နဲ့ကောင်ကို သေချာစိုက်ကြည့်ရင်း
ဗညားထွဋ်ခေါင် အမြင်တွေ ဝေဝါးလာသည်။ မဖြစ်သေး၊ ဒီနေရာမှာ မူးပြီး အိပ်ပျော်သွားလို့မဖြစ်သေးပါ။ မိုးမလင်းမချင်း အိမ်မပြန်ချင်သေးသလို ကားလည်း သွားမောင်းရဦးမည် မဟုတ်လား။ မျက်လုံးကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်ပေမယ့်လည်း အမြင်အာရုံက ဝေဝါးနေဆဲပင်။

မီးခိုးငွေ့လို့ အခိုးအငွေ့တွေက Toilet ထဲမှာ များလာသလိုလို။ မူးပြီးအိပ်ပျော်မယ်ဆိုရင်တောင် ဒီထဲမှာတော့ အိပ်မပျော်ချင်တာမို့ အပြင်ပြန်ထွက်ဖို့ လှည့်ထွက်လာခါနီး မှန်ထဲက မီးခိုးငွေ့တွေကြားမှာ ကားလမ်းမရဲ့ဘေးတစ်နေရာကို
မသဲမကွဲမြင်လာရသည်။

"What The Fuck .."

ဗညားထွဋ်ခေါင် ခပ်တိုးတိုးရေရွတ်ရင်း မှန်ထဲကိုအသေအချာ ထပ်ကြည့်ရသည်။ တကယ်ကို ကားလမ်းမတစ်ခုပဲ ..။ ကားလမ်းမကြီးရဲ့ဘေးနားမှာ ထိုင်နေတဲ့လူတစ်ယောက်ရဲ့ပုံရိပ်လည်း ပါသေးသည်။ အခုထိ အရက်တစ်မျိုးပဲသောက်ရသေးတာကို ဒီလောက် လစ်နေရလား လို့ ကိုယ့်ကိုကိုယ် ပြန်တွေးမိသည်။

သေချာအာရုံစိုက်ပြီး မှန်ထဲကို ကြည့်လိုက်ချိန်မှာ မီးခိုးငွေ့တွေက တဖြည်းဖြည်း ပြန်လျော့နည်းသွားပြီး ခေါင်းက ချာချာလည် မူးလာသည်။ ဘေစင်ကို လက်နှစ်ဖက်နဲ့ထိန်းကိုင်ရင်း လဲမကျအောင် အားတင်းထားလိုက်ပေမယ့်လည်း ....။

..........................................................................................

Zawgyi


အရက္ခြက္ကို မေသာက္ေသးဘဲ ေရခဲေပ်ာ္တဲ့အထိ လက္ထဲမွာ လွည့္ေနရင္း ေဖေဖ့ရဲ႕ သစၥာေတာ္ခံႏွစ္ေယာက္ကို လွည့္ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္လုံးက ပုံမွန္အတိုင္းပဲ ထိုင္ေစာင့္ေနၾကဆဲ။ Club ထဲလာၿပီး တစ္ေယာက္တည္း အရက္ထိုင္ေသာက္ေနရတာေတာ့ မဟုတ္ေသးဘူး လို႔ေတြးရင္း ေဒါသျဖစ္လာေပမယ့္၊ ဘယ္သူနဲ႔မွလည္း မေတြ႕ခ်င္။ ေဖေဖ့ကို ‌အေလွ်ာ့ေပးၿပီး အိမ္လည္း ျပန္မသြားခ်င္ေသး။

လက္ထဲက နာရီကို ငုံ႔ၾကည့္ၿပီး ကားထြက္ေမာင္းဖို႔ စဥ္းစားလိုက္သည္။ ကားထြက္ေမာင္းတာမွ လိုက္ခ်င္လည္း လိုက္ခဲ့ၾကေပါ့။ သူငယ္ခ်င္းသုံးေယာက္ထဲမွာ ဗညားထြဋ္ေခါင္တစ္ေယာက္သာ ဒီလိုျပႆနာေတြ ၾကဳံေနရတာ ျဖစ္သည္။ ျပည့္စုံမင္းေရာ၊ ေဇယ်ာၿဖိဳးေရာ ႏွစ္ေယာက္လုံးကို သူတို႔အိမ္ေတြက လူႀကီးအေနနဲ႔ သတ္မွတ္ထားၿပီး ဒီေလာက္ထိ စည္းကမ္းေတြ၊ ထိန္းခ်ဳပ္တာေတြ လိုက္မလုပ္ၾကပါ။

ငယ္ငယ္တည္းကေန အခု အသက္ႏွစ္ဆယ္ေက်ာ္လာတဲ့ အ႐ြယ္အထိ၊ ဗညားထြဋ္ေခါင္တို႔ သုံးေယာက္လုံးက ဆိုးလည္း အတူတူ၊ ေသာင္းက်န္းလည္း အတူတူ၊ ျပႆနာတက္လည္း အတူတူကို ေဖေဖကေတာ့ ဗညားထြဋ္ေခါင္ တစ္ေယာက္သာ ျပႆနာအၿမဲ႐ွာေနတယ္ဟု ဘာလို႔ထင္ေနသလဲေတာ့ မသိပါ။

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းစာရင္း၀င္ သူေဌးႀကီး ဦးထြဋ္ေခါင္ရဲ႕သား ျဖစ္ေနျခင္းတစ္ခုကပဲ ဗညားထြဋ္ေခါင္ကို ဒီလို အသက္႐ွဴၾကပ္စရာ မြန္းၾကပ္မႈေတြ ေပးေနျခင္း ျဖစ္မည္။ မႏၲေလးၿမိဳ႕က ရပ္ကြက္တစ္ခုကို ဖ်က္သိမ္းၿပီး ဟိုတယ္ႀကီးတစ္ခုအျဖစ္ အသက္သြင္းခဲ့တုန္းက ေဖေဖ့နာမည္ဟာ
မီဒီယာေတြမွာ ဟိုဟိုဒီဒီ ပါလာခဲ့ဖူးသည္။ ခ႐ိုနီဆိုတဲ့ အသုံးအႏႈန္းကို ေဖေဖ့နာမည္နဲ႔ တြဲၿပီးေျပာၾကတဲ့အခါ ဗညားထြဋ္ေခါင္ မခံမရပ္ႏိုင္ ျဖစ္‌ေနခ်ိန္ ေဖေဖကေဝာာ့ေအးေအးလူလူပင္။

လပိုင္းေလာက္ၾကာေတာ့ မႏၲေလးၿမိဳ႕ေပၚမွာ က်န္းမာေရးစင္တာအႀကီးႀကီးတစ္ခုကို ေဖေဖ့နာမည္နဲ႔ တည္ေဆာက္ေပးခဲ့သည္။ ထိုအခ်ိန္မွာ ေဝဖန္ခဲ့တဲ့ မီဒီယာေတြဆီကေနပဲ ေဖေဖ့နာမည္ကို ေကာင္းေသာေျပာျခင္းနဲ႔ ေျပာၾကျပန္ေလသည္။ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးေလာကမွာ ေဖေဖ့နာမည္နဲ႔အ႐ွိန္အဝါဟာ အေတာ္ေလးႀကီးမားသည္။ တခ်ိဳ႕သတင္းေတြမွာလည္း ေဖေဖက ျမန္မာႏိုင္ငံတစ္၀က္ေလာက္ကိုပင္ ၀ယ္ႏိုင္သည္ ဆိုေသာ စကားေတြ ၾကားရသည္။

တကယ္၀ယ္ႏိုင္သလား၊ မ၀ယ္ႏိုင္သလားဆိုတာေတာ့ ေဖေဖ့ကို တစ္ခါမွ ေမးမၾကည့္ဖူး၍ ဗညားထြဋ္ေခါင္လည္း မသိေခ်။ ဒါေပမယ့္ ျမန္မာႏိုင္ငံတစ္၀က္ကိုလည္း မလိုခ်င္ပါ။ အခုလို စိတ္က်ဥ္းက်ပ္ေအာင္ လိုက္မလုပ္ဘဲ သာမန္လူငယ္ေတြကို လြတ္လြတ္လပ္လပ္ေနခြင့္သာ လိုခ်င္သည္။ သူမ်ားမိသားစုေတြမွာလို အေဖနဲ႔ အဆင္မေျပလို႔ အေမကို အကူညီေတာင္း၍လည္း မရ။ ေမေမက အထူးကုဆရာ၀န္တစ္ဦးျဖစ္ၿပီး Aussie မွာပဲ အၿပီးေနထိုင္တာ ျဖစ္သည္။

ေဖေဖနဲ႔ေမေမက ကြာ႐ွင္းၿပီးသားလား၊ မကြာ႐ွင္းရေသးဘူးလားဆိုတာေတာ့ ေသခ်ာမသိ။ ဗညားထြဋ္ေခါင္ အလယ္တန္း အ႐ြယ္ေလာက္ကတည္းက ေမေမက England မွာ ဘြဲ႕လြန္ထပ္ယူဖို႔ ဆိုၿပီး ထြက္သြားခဲ့ရာကေန၊ အခုေတာ့ Aussie မွာပဲ အၿပီးေနေတာ့မယ္ဆိုတာ သိရသည္။ ေမေမနဲ႔ အၿမဲအဆက္အသြယ္မျပတ္႐ွိေနခဲ့ေပမယ့္ ေဖေဖနဲ႔ေရာ အဆင္ေျပရဲ႕လားလို႔ေတာ့ တစ္ခါမွ မေမးမိပါ။ ဗညားထြဋ္ေခါင္တို႔ မိသားစုပုံစံက အဲ့ဒီအတိုင္းပဲ ျဖစ္သည္။ အဲ့ဒါနဲ႔ပတ္သတ္ၿပီးေထြေထြထူးထူးလည္း တစ္ခါမွ မခံစားရပါ။

တစ္ဦးတည္းေသာသားျဖစ္တဲ့ ဗညားထြဋ္ေခါင္ကို အၿမဲအလိုမက်ျဖစ္ေနတဲ့ ေဖေဖနဲ႔ပဲ ရန္ျဖစ္လိုက္၊ ျပန္တည့္လိုက္နဲ႔ အတူေနရင္း အခု အ႐ြယ္အထိလည္း ဒီအတိုင္းပင္။ တစ္ခါတစ္ခါ မြန္းၾကပ္လာရတဲ့အထိ ေဖေဖဟာ စိတ္အေႏွာက္အယွက္ေပးတတ္သည္။ တစ္လေနလို႔ တစ္ခါေတာင္ သားအဖခ်င္း ထမင္းလက္ဆုံမစားႏိုင္ဘဲနဲ႔၊ ဗညားထြဋ္ေခါင္ ဒီလိုပဲေနထိုင္ေနတာဟာ ေဖေဖ့ကို ဘာမ်ားထိခိုက္လို႔လဲ မသိပါ။

ေက်ာင္းတက္ေနတုန္းကလည္း ေက်ာင္းအထိ ေဖေဖ့ရဲ႕လူေတြ သုံးေလးေယာက္ေလာက္က အၿမဲတေကာက္ေကာက္လိုက္ေနတတ္သည္။ အခုခ်ိန္ထိလည္း စိတ္မထင္ရင္မထင္သလို၊ ထိုလူေတြကို ဗညားထြဋ္ေခါင္ေနာက္ကို တေကာက္ေကာက္လိုက္ဖို႔ ထည့္လိုက္ဆဲပင္။ ျမန္မာႏိုင္ငံလို ႏိုင္ငံမ်ိဳးမွာ သက္ေတာ္ေစာင့္လိုလို၊ ေနာက္လိုက္အေပါင္းအပါေတြနဲ႔ ေလွ်ာက္သြားေနရျခင္းက ဘယ္ေလာက္ေတာင္ ႐ွက္စရာေကာင္းလိုက္သလဲ။

"ဘယ္သြားမလို႔လဲ အကိုေလး"

"ကားသြားေမာင္းမလို႔"

"ဟို ... ဆရာက "

"ဘာလဲ ... လိုက္မယ္ဆို ကိုယ့္ကားနဲ႔ကိုယ္ လိုက္လာေနာ္"

ေျပာရင္းနဲ႔ ထထြက္လာဖို႔ျပင္ေတာ့ ကိုရာဇာက အေ႐ွ႕ကေန ပိတ္ရပ္ကာ ေတာင္းပန္သည္။

"ဟို .. ခနေလးပါ၊ ဆရာ့ဆီ ဖုန္းဆက္ေပးပါ့မယ္"

"ခင္ဗ်ားတို႔ နဲနဲေတာ့ လြန္ၿပီေနာ္၊ ေဖေဖကေရာ ဘာေတြလိုက္လုပ္ေနတာလဲ၊ ကြၽန္ေတာ္ ဒီလိုပဲ တသက္လုံး သြားလာေနတာ၊ အခုက်မွ ဘာျဖစ္ရတာလဲ ေမးလိုက္"

"ျပႆနာျဖစ္ထားတာလည္း မၾကာေသးေတာ့ေလ၊ ခနေလးပါ၊ မင္းထြန္း အခု ဆရာ့ဆီဖုန္းဆက္ေပးပါလိမ့္မယ္"

"ဆက္ .. အခုဆက္လိုက္၊ ကြၽန္ေတာ္ ေျပာမယ္ .. ေပး"

"ခနေလး ေစာင့္ေပးပါ အကိုေလး"

ကိုရာဇာက ဗညားထြဋ္ေခါင္ကို ေတာင္းပန္ၿပီး ခုံမွာ အတင္းျပန္ထိုင္ေစသည္။ ခုံမွာ ဝုန္းခနဲျပန္ထိုင္ခ်ရင္း ထည့္ထားၿပီးသား အရက္ခြက္ကို ေမာ့ေသာက္လိုက္သည္။ ကိုမင္းထြန္းက ခပ္လွမ္းလွမ္းကို သြားကာ အသံတိုးတိုးျဖင့္ ဖုန္းေျပာေနေလသည္။

"အကိုေလး ... ဆရာက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပါ အတူ .."

"လိုက္ခ်င္ရင္ ကိုယ့္ကားနဲ႔ကိုယ္လိုက္ခဲ့ဖို႔ ေျပာၿပီးၿပီေနာ္"

ကိုမင္းထြန္းအက်ႌစကို ေဆာင့္ဆြဲရင္း ေျပာေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ကိုရာဇာက ဗညားထြဋ္ေခါင္လက္ကို ဆြဲရင္း ေျဖာင့္ျဖသည္။

"အကိုေလး အရမ္းမူးေနရင္ ကားေမာင္းဖို႔အဆင္မေျပမွာစိုးလို႔ပါ"

"ေျပတယ္ .. "

"ဟုတ္ကဲ့ပါ၊ အဲ့ဒါဆို ကြၽန္ေတာ္တို႔ ေဘးကပဲ လိုက္ခဲ့ပါ့မယ္"

ကိုမင္းထြန္းအက်ႌရင္ဘတ္ကို ေဆာင့္တြန္းကာ လႊတ္ေပးခဲ့လိုက္ၿပီး ကားေသာ့ကိုယူကာ ဆင္းခဲ့လိုက္သည္။ ေလွကားက အဆင္းမွာတင္ ကိုယ့္ကိုကိုယ္ မဟန္ေလာက္ေတာ့မွန္းသိေပမယ့္ ဟန္ခ်က္မပ်က္ေအာင္ ထိန္းရင္း ဆင္းခဲ့၏။

"ကားပါကင္က ဒီဘက္မွာပါ"

"Toilet ၀င္မလို႔"

ဘယ္သူလွမ္းသတိေပးလိုက္မွန္းမသဲကြဲေပမယ့္ တခ်က္လွည့္ၾကည့္ကာ ေအာ္ခဲ့ရင္း ခပ္တည္တည္နဲ႔ Toilet ထဲ ၀င္ခဲ့လိုက္သည္။ Toilet မွန္ထဲက မႈန္ေတေတ႐ုပ္နဲ႔ေကာင္ကို ၾကည့္ရင္း လက္ညိႇဳးထိုးကာ ေျပာလိုက္သည္။

"မင္းက ဗညားထြဋ္ေခါင္ ျဖစ္ေနလို႔ ဒီလိုေတြ အာ႐ုံေနာက္ေနရတာ အဲ့ဒါသိလား၊ ဗညားပဲျဖစ္ၿပီး အဲ့ဒီ ထြဋ္ေခါင္ဆိုတာႀကီး မပါရင္ ေကာင္းမွာ"

ေမွာ္အတတ္ေတြဘာေတြ တတ္ရင္လည္းေကာင္းသားဟု ေတြးမိသည္။ Harry Potter ဇာတ္ကားထဲက Obliviate Spell သုံးၿပီး ေဖေဖနဲ႔ အဲ့ဒီသက္ေတာ္ေစာင့္လိုလို လူေတြအားလုံး သူ႕ကိုေမ့သြားေအာင္ လုပ္ပစ္လိုက္ခ်င္သည္။

"Obliviate"

မွန္ထဲကိုၾကည့္ကာ ခပ္တိုးတိုး႐ြတ္လိုက္ရင္း ဗညားထြဋ္ေခါင္ ကိုယ့္ကိုကိုယ္ ရီခ်င္သြားသည္။ သူက အခု ေဖေဖ့ရဲ႕ စိတ္ပ်က္စရာလူေတြၾကားမွာ စိတ္႐ႈပ္ၿပီး ႐ူးသြားတာမ်ားလား။

(A/N - Obliviate Spell ဆိုတာ Harry Potter ဇာတ္ကားထဲမွာ Harmione က သူမရဲ႕မိဘေတြ သူမကိုေမ့သြားေစဖို႔ သုံးခဲ့တဲ့ Spell ပါ။ အဲ့ဒီ Spell သုံးလိုက္ရင္ ေလာကႀကီးမွာ ကိုယ္က တစ္ခါမွ မ႐ွိခဲ့ဖူးတဲ့ လူတစ္ေယာက္လို ျဖစ္သြားမွာပါ။)

"ေအး ... မင္းကေမွာ္ဆရာလည္း မဟုတ္ဘူး၊ ေမွာ္အတတ္လည္း မတတ္ဘူး၊ မင္းက သူေဌးသားတဲ့၊ ျမန္မာႏိုင္ငံရဲ႕တ၀က္ေလာက္ကို ၀ယ္လို႔ရတဲ့သူေဌးသား တဲ့ သိၿပီလား"

မွန္ထဲက အခ်ိဳးမေျပတဲ့႐ုပ္နဲ႔ေကာင္ကို ေသခ်ာစိုက္ၾကည့္ရင္း
ဗညားထြဋ္ေခါင္ အျမင္ေတြ ေဝဝါးလာသည္။ မျဖစ္ေသး၊ ဒီေနရာမွာ မူးၿပီး အိပ္ေပ်ာ္သြားလို႔မျဖစ္ေသးပါ။ မိုးမလင္းမခ်င္း အိမ္မျပန္ခ်င္ေသးသလို ကားလည္း သြားေမာင္းရဦးမည္ မဟုတ္လား။ မ်က္လုံးကို လက္ႏွစ္ဖက္နဲ႔ ပြတ္လိုက္ေပမယ့္လည္း အျမင္အာ႐ုံက ေဝဝါးေနဆဲပင္။

မီးခိုးေငြ႕လို႔ အခိုးအေငြ႕ေတြက Toilet ထဲမွာ မ်ားလာသလိုလို။ မူးၿပီးအိပ္ေပ်ာ္မယ္ဆိုရင္ေတာင္ ဒီထဲမွာေတာ့ အိပ္မေပ်ာ္ခ်င္တာမို႔ အျပင္ျပန္ထြက္ဖို႔ လွည့္ထြက္လာခါနီး မွန္ထဲက မီးခိုးေငြ႕ေတြၾကားမွာ ကားလမ္းမရဲ႕ေဘးတစ္ေနရာကို
မသဲမကြဲျမင္လာရသည္။

"What The Fuck .."

ဗညားထြဋ္ေခါင္ ခပ္တိုးတိုးေရ႐ြတ္ရင္း မွန္ထဲကိုအေသအခ်ာ ထပ္ၾကည့္ရသည္။ တကယ္ကို ကားလမ္းမတစ္ခုပဲ ..။ ကားလမ္းမႀကီးရဲ႕ေဘးနားမွာ ထိုင္ေနတဲ့လူတစ္ေယာက္ရဲ႕ပုံရိပ္လည္း ပါေသးသည္။ အခုထိ အရက္တစ္မ်ိဳးပဲေသာက္ရေသးတာကို ဒီေလာက္ လစ္ေနရလား လို႔ ကိုယ့္ကိုကိုယ္ ျပန္ေတြးမိသည္။

ေသခ်ာအာ႐ုံစိုက္ၿပီး မွန္ထဲကို ၾကည့္လိုက္ခ်ိန္မွာ မီးခိုးေငြ႕ေတြက တျဖည္းျဖည္း ျပန္ေလ်ာ့နည္းသြားၿပီး ေခါင္းက ခ်ာခ်ာလည္ မူးလာသည္။ ေဘစင္ကို လက္ႏွစ္ဖက္နဲ႔ထိန္းကိုင္ရင္း လဲမက်ေအာင္ အားတင္းထားလိုက္ေပမယ့္လည္း ....။

..........................................................................................

Continue Reading

You'll Also Like

473K 6.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
115K 1K 37
-Warning: sensitive topics and swearing.- Romantic and sometimes platonic oneshots with all your favourite Disney characters ✨ 💖 💕 Please note that...